Khit Thit Media
576K subscribers
165K photos
1.25K videos
12 files
3.53K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
မြန်မာ့ရွှေစျေး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၃ သိန်းဝန်းကျင်ရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄၂၃၀ ကျပ်ဝန်းကျင် စျေးပေါက်နေကာ စစ်တပ်၏ ဖမ်းဆီးခြိမ်းခြောက်မှုများကြောင့် အရောင်းအဝယ် ဆက်လက် ရပ်ဆိုင်း

ရန်ကုန်၊ ဇွန် ၇

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် မြန်မာ့ရွှေစျေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၃ သိန်းကျင်ဝန်းကျင်ရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄၂၃၀ ကျပ်ဝန်းကျင် ပေါက်စျေးရှိနေကြောင်း ရန်ကုန်ရွှေစျေးကွက်နှင့် ငွေလဲစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီက သတ်မှတ်သောစျေးကွက်နှင့် ပြင်ပကုန်သည်များက စျေးကွက်ဟူ၍ နှစ်မျိုးဖြစ်ပေါ်နေပြီး စျေးကွက် ၂ ခုစလုံးတွင် အရောင်းအဝယ်များ ရပ်ဆိုင်းနေကြောင်း ၊ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်သော ရွှေစျေးနှင့် စစ်ကောင်စီက သတ်မှတ်နေသော ဒေါ်လာစျေးနှုန်းမှာမူ အပြသာဖြစ်ပြီး မည်သူကမှ အဆိုပါစျေးနှုန်းများဖြင့် ရောင်းချနိုင်ခြင်းမရှိကြောင်း၊ စစ်ကောင်စီ၏ ဖျက်ဆီးမှုကြောင့် စျေးကွက် မှာလည်း ပျက်စီးနေကြောင်း ပြောဆိုနေကြသည်။

"အခု ကမ္ဘာ့ရွှေစျေးကတော့ နည်းနည်းပြန်တက်တယ်။ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၅၄ အထိ ရှိတယ်။ မြန်မာ့ရွှေစျေးက မီးလင်းရွှေတစ်ကျပ်သားကို ၅၃ သိန်းရှိတယ်။ ရန်ကုန်ရွှေအသင်းကတော့ ၄၈ သိန်းဝန်းကျင် သတ် မှတ်တယ်။ သူတို့က စျေးသာ သတ်မှတ်တာသာ သတ်မှတ်တာလေ။ ရွှေလည်း ထုတ်မရောင်းနိုင်ဘူး။ သူတို့သမှတ်တဲ့စျေးနဲ့ ရမယ်ဆိုရင် ရွှေပိဿာလိုက်တောင် လိုချင်ပါသေးတယ်" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားတွင်မူ အမေရိကန်တစ်ဒေါ်လာလျှင် ၄၂၃၀ ကျပ်မှ ၄၃၀၀ ကျပ်အကြား ရောင်းစျေး၊ ဝယ်စျေး ကွာခြားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ရွှေကုန်သည်များနှင့် ရွှေဆိုင်ပိုင်ရှင်များ၊ ဟွန်ဒီနှင့်နိုင်ငံခြားငွေလဲလှယ်သူများကို ဖမ်းဆီးခြင်းဖြင့် ရွှေစျေးနှုန်းနှင့် ငွေစျေးနှုန်းကို ထိန်းသိမ်းရန် ကြိုးပမ်းနေသဖြင့် လတ်တလော ပြည်တွင်း ပြင်ပစျေးကွက်မှာ ရပ်ဆိုင်းလျက်ရှိကြောင်း သိရှိရသည်။

(ရန်ကုန်ခေတ်သစ်သတင်းဌာနက နေ့စဉ် စျေးကွက်ပေါက်စျေး ရွှေစျေးနှင့်နိုင်ငံခြားငွေလဲလှယ်စျေးနှုန်းများကို အများပြည်သူ သိရှိ စံထား အရောင်း အဝယ်ပြုလုပ်နိုင်ရန် သတင်းရေးသားဖော်ပြသွားပါမည်။)
နွားထိုးကြီး၊ ခံစပ်ကုန်းရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ဘုန်းကြီး ၁ ပါးအပါအဝင် ၃ ဦးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းပျက်စီး

ရန်ကုန်၊ ဇွန် ၇

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ ဘုန်းကြီး ၁ ပါးအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ဘုန်း ကြီးကျောင်းပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။

ယမန်နေ့ ဇွန်လ ၆ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ဝန်းကျင် နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းအရှေ့ ဘုန်း ကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုါ် ၄ လုံးကျဲချတိုက် ခိုက်ခဲ့ရာ ဘုန်း ကြီးကျောင်းလုံးဝပျက်စီးသွားပြီး ဘုန်းကြီးတစ်ပါး ဆီးခုံတွင် ဗုံးစထိမှန်ဒဏ်ရာနှင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျဲသွားတာ ၄ လုံးကျဲသွားတာ၊မပေါက်ကွဲတဲ့ တစ်လုံးလည်း ကျန်နေသေးတယ်။ ဘုန်းကြီး ကျောင်း ကိုပဲ ကျဲချသွားတာ။ ဘုန်းကြီးက ပျံလွန်တယ်လို့ ကြားပေမယ့် အတည်ပြုလို့မရသေးဘူး။ ဆီးခုံထိသွားတယ်ဆိုတာတော့ သေချာတယ်။ ဘာတိုက်ပွဲမှာ မဖြစ်ဘဲနဲ့ ကျဲသွားတာ။ မကျဲခင် အရင် ရက်တွေကတော တိုက်ပွဲတွေဖြစ်တာရှိတာပေါ့” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိတွင် စစ်ကောင်စီက နွားထိုးကြီးမြို့နယ်တွင် စစ်ကြောင်းထိုးပြီး ကျေး ရွာ များကို ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ - စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက ကျေးရွာများကို မီးရှို့ ဖျက်ဆီးနေစဉ်။
Khit Thit သတင်းဌာန၏ ဇွန် ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကြောင်းထိုးဖို့ တာဝန်ကျနေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ (တပ်မ ၇၇ ဆက်သွယ်ရေးတပ်ခွဲ)က အကြပ် နဲ့ စစ်သည် ၇ ဦးရဲ့ ဇနီးသည် ၇ ဦးလုံးဟာ သူတို့ရဲ့ ခင်ပွန်းတွေကို စွန့်ခွာသွားကြတဲ့အမှုဟာ တပ်ထဲမှာ ဟိုးလေးတကြော်ကြော် ဖြစ်နေတယ်လို့ လေတပ်သတင်းရင်းမြစ် Operation Spitfire နဲ့ တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- မွန်ပြည်နယ်က ရေးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ - ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကို တော်လှန်ရေးတပ်တွေက သတင်းအရ ကြိုတင် စောင့်ဆိုင်း ဖမ်းဆီးတဲ့အချိန် ခုခံမှု မရှိဘဲ အသာတကြည် လက်နက်နဲ့အတူ အဖမ်းခံခဲ့တယ်လို့ ရေးပြောက်ကျားတပ်ရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို‌ ပြောပါတယ်။

- ရခိုင်ပြည်နယ် ၊ စစ်တွေမြို့က ဗျိုင်းဖြူကျေးရွာမှာ အပြစ်မဲ့ ပြည်သူ ၇၆ ဦးကို အကြမ်းဖက် စစ်ကောင်စီနဲ့ လက်အောက်ခံတွေက မတရားနှိပ်စက် ညှင်းပန်း သတ်ဖြတ်မှုကို TNLA နဲ့ MNDAA က အ ပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး ၊ ရခိုင်ပြည်တွင်သာမက မြန်မာ တစ်နိုင်ငံလုံးမှာ ဒီလိုလုပ်ရပ် တွေကို နောက်ထပ် မလုပ်ပဲ အမြန်ဆုံး ချက်ချင်း ရပ်တန့်ရန်၊ စစ်ကောင်စီကို ညီနောင် မဟာမိတ် TNLA နဲ့ MNDAA ၂ ဖွဲ့က သတိပေးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




https://www.youtube.com/watch?v=zE9DQNtQIy8
ရေဖြူမြို့နယ်၊ ခမရ ၄၀၈ တပ်ရင်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး အဆောက်အဦး တချို့ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဇွန် ၇

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ခမရ ၄၀၈ တပ်ရင်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး အဆောက်အဦး တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထားဝယ်အမှတ် ၈ ပြည်ထောင်စု လမ်းမကြီး၌ နယ်မြေလုံခြုံရေးအတွက် ခရီးသွားယာဉ်များကို စစ်ဆေးရေး ဆောင်ရွက်နေစဉ် အကြမ်းဖက် စစ်တပ်၏ ခမရ ၄၀၈ တပ်ရင်းက လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ယင်းနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ခမရ ၄၀၈ တပ်ရင်းဝင်း အတွင်းကို ၄၀ မမ ၄ လုံး၊ လက်နက်ငယ်များ စသည် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ခမရ ၄၀၈ တပ်ရင်း ဝင်းအတွင်းမှ အဆောက်အဦး တချို့ ထိခိုက်ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးကာ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက် ရေး တပ်တော် (DNLA) ၊ ကော်သူးလေ အာမီ (KTLA) ၊ ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (S.B.L) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စစ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် စစ်ရေး သတိဖြင့် သွားလာနေထိုင်ကြရန် ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
NUG ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ၊ တောင်ဩစတြေးလျ ပြည်နယ်လွှတ်တော်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေး

ရန်ကုန်၊ ဇွန် ၇

တောင်သြစတြေးလျ ပြည်နယ်လွှတ်တော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် တောင်သြစတြေးလျပြည်နယ်အစိုးရ ရိုးရာယဉ်ကျေးမှုရေးရာနှင့် ခရီးသွားလာရေးဝန်ကြီး H.E Zoe Bettison၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် the Honourable Tung Ngo MLC နှင့် the Honourable John Fulbrook တို့နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ထူထောင်ရေး ချမှတ်ထားသည့် အစီအမံများကို အသိပေး ဆွေးနွေးခဲ့ကြကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇွန်လ ၆ ရက်နေ့တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့်ပတ်သက်ပြီး ခြုံငုံသုံးသပ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် နိုင်ငံတကာက ပိုမိုနားလည်ကာ ထိရောက်သည့် ပံ့ပိုးကူညီမှုများရရှိရေးနှင့် မြန်မာပြည်သူများ၏ အရေးတကြီးလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာများ အကောင်အထည်ဖော်နေမှုကိုလည်း အလေးပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီ လိုလားချက်များကို ထောက်ခံကြောင်း The Honourable Tung Ngo MLC နှင့် the honourable John Fulbrook ပြောကြားခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် တောင်သြစတြေးလျပြည်နယ်အစိုးရ၊ ရိုးရာယဉ်ကျေးမှုရေးရာနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး H.E. Zoe Bettison က တောင်သြစတြေးလျပြည်နယ်၏ ရိုးရာယဉ်ကျေးမှုစနစ်၊ အကောင်အထည်ဖော်မှုဆိုင်ရာများနှင့်ပတ်သက်၍ သူ၏ အတွေ့အကြုံများကို ဒေါ်ဇင်မာအောင်နှင့် အဖွဲ့ကို မျှဝေခဲ့ကာ ယဉ်ကျေးမှုပေါင်းစုံစနစ်ကို တောင်ဩစတြေးလျ လူ့အဖွဲ့အစည်းအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နေသည့် အတွေ့အကြုံများက အနာဂတ်တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးဖြစ်ထွန်းစေနိုင်မည့် အတွေးအခေါ်ကောင်းများ ရရှိနိုင်မည်ဟုလည်း H.E. Zoe Bettison က ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့သည် တောင်သြစတြေးလျပါလီမန်ကျင်းပချိန်တွင် ပါလီမန် ကျင်းပနေပုံနှင့် လုပ်ထုံးလုပ်နည်းများအား လေ့လာခဲ့ကြကာ တောင်သြစတြေးလျ ပါလီမန်၊ အောက်လွှတ်တော် သဘာပတိ the Honourable Leon Bignell က ကြိုဆိုခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီခရီးလမ်းကို ပံ့ပိုးရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုနှင့် ဒီမိုကရေစီ မဟာမိတ်များ၏ အခန်းကဏ္ဍကို အလေးပေး ပြောကြားခဲ့ပြီး တောင်သြစတြေးလျပြည်နယ်ပါလီမန်က နွေးထွေးစွာ ဧည့်ခံခဲ့ခြင်းနှင့် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဓနုဖြူ၊ ပန်းတနော်၊ မြန်အောင်၊ ညောင်လေးပင်၊ အောင်လံ၊ သာယာ၀တီနှင့် ကျောက်ပန်းတောင်းတို့တွင် စစ်တပ် က တပ်သားသစ်အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ၊ ငွေကြေး ခြိမ်းခြောက် တောင်းခံမှုများဖြစ်ပွားနေ

ရန်ကုန်၊ ဇွန် ၇

ဧရာ၀တီတိုင်း၊ ဓနုဖြူမြို့နယ်၊ ပန်းတနော်မြို့နယ်၊ မြန်အောင်မြို့နယ်တို့တွင် စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊ ငွေကြေးအဓမ္မတောင်းခံမှုများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇွန်လ ၅ ရက်နေ့ ဧရာ၀တီတိုင်း၊ ကျုံပျော်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာမှ လူငယ် ၁၀ ဦးကို စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးသွားသည့် လူငယ်များကို စစ်တပ်အတွင်းသို့ ထည့်သွင်းမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက မိဘများကို အကြောင်းကြား လာကြောင်း သိရှိရသည်။

ထို့အတူ ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ် ဆင်ဂေါင်းရွာ ကျေးရွာအုပ်ချုပ်‌ရေးမှူး အောင်၀င်းက ကျေးရွာမှ လူငယ်များကို စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းရန် လက်မှတ်ထိုးခိုင်းပြီး တစ်ဦးလျှင် ငွေကျပ် ၅ သောင်း တောင်းကြောင်း၊ လူငယ် ၄၀ လက်မှတ်ထိုးရကြောင်း၊ လူငယ်များ မရှိသော အိမ်များကိုလည်း တစ်အိမ်လျှင် ငွေကျပ် ၂ သောင်းတောင်းယူကြောင်း သိရှိရသည်။

"ရွာကလူတွေကလည်း ကြောက်ကြတော့ အားလုံးပဲ အုပ်ချုပ်ရေးမှူး အောင်ဝင်း တောင်းသလောက် ပေးကြတယ်။ အုပ်ချုပ်ရေးမှူးကတော်ကလည်း တော်တော်လေး ဆိုးတယ်။ အုပ်ချုပ်ရေးမှူးနဲ့အတူ ဖိုးသွယ်ဆိုတဲ့ လူလည်း ပါတယ်။ ရွာကို နှိပ်စက် ငွေကြေးခြိမ်းခြောက်တောင်းနေတာ" ဟု ဆင်ဂေါင်းကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ် သပြေကုန်းရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ရဲတပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်သူ ကျော်မင်းထက်က ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းပြီး အဓမ္မမြေသိမ်းခြင်း၊ လူငယ်များကို အတင်းအကျပ် စစ်သားသစ်စုဆောင်းခြင်း၊ ၎င်းနှင့် မတည့်သူများကို စစ်တပ် ဆန့်ကျင်သည် ၊ နိုင်ငံရေးလုပ်သည်ဟုဆိုကာ ခြိမ်းခြောက် ငွေညှစ်ခြင်းများ၊ လက်နက်ကိုင်အဖွဲ့များဖြင့် လူမိုက်ဂိုဏ်းသဖွယ် ပြည်သူများကို နှိပ်စက် အနိုင်ကျင့်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် နေ့စဉ် ညတိုင်း လူငယ်များကို ဧည့်စာရင်းစစ်ခြင်း၊ မှတ်ပုံတင်စစ်၍ အကြောင်းမျိုးပြ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း၊ ဖမ်းဆီးရရှိသော လူငယ်များကို တပ်သားသစ်အဖြစ် စစ်တပ်က ခေါ်ဆောင် သွားကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်၊ ကွက်သစ်ရပ်ကွက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး လှအေးက လူငယ်များကို စစ်မှုထမ်းရန်နှင့် စစ်မှုမထမ်းလိုပါက ငွေပေးရမည်ဟုဆိုကာ အတင်းအဓမ္မငွေကြေးတောင်းခံမှုများ လုပ် ဆောင်နေကြောင်း သိရှိရသည်။

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် လှည်းဆိပ်ကျေးရွာအုပ်စု အောင်ကြီးကျေးရွာမှ ဒိုင်နယ်ဥက္ကဌ အောင် သန်းဝင်း က လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းနေပြီး လူငယ်မှန်သမျှ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းလျှင် ထောင်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက် အဓမ္မ ခေါ်ဆောင် ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ သာယာကုန်း ကျေးရွာတွင် အမဲသတ်ရုံမှ အလုပ်သမား ၉ ဦးကိုလည်း စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ အောင်လံမြို့နယ် ၊ စခမ်းကြီးကျေးရွာမှ မိဘမဲ့ လူငယ် ဇင်သီဟကျော်ကို တပ်သားသစ်အဖြစ် စစ်တပ်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးသွား ကြောင်း သိရှိရသည်။