Khit Thit Media
567K subscribers
161K photos
1.24K videos
12 files
3.42K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
နွားထိုးကြီးမြို့နယ်တွင် အိမ်စီးကားများဖြင့် ခိုးဝှက်သွားလာနေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ ညအချိန် ခရီးသွားလာခြင်း မပြုလုပ်ရန် PDF တပ်ဖွဲ့က အသိပေး

ရန်ကုန်၊ ဇွန် ၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အိမ်စီးကားများဖြင့် ခိုးဝှက်သွားလာနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ ညအချိန် ခရီးသွားလာခြင်း မပြုလုပ်ရန် နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ နွားထိုးကြီးမြို့နယ်ရှိ မြင်းခြံ -မြစ်သားလမ်းလမ်းပိုင်း၊ နွားထိုးကြီး -မြို့သာလမ်းပိုင်း၊ နွားထိုး ကြီး -တောင်သာလမ်းပိုင်း၊ နွားထိုးကြီး -မလှိုင်လမ်းပိုင်းတို့ကို ည ၉ နာရီမှ နံနက် ၄ နာရီ အထိ ပိတ်ပင်ထားကြောင်း သိရသည်။

“ခရီးသည်ကား ၊ အိမ်စီးကား၊ ကုန်ကားတွေနဲ့ စစ်အုပ်စုက ခိုးလိုက်နေတာမို့ မတိုက်ခိုက်လိုက်ရဘဲ လွတ်သွားတာတွေရှိတယ်။ ပြည်သူတွေ ကား ထင်ပြီး မတိုက်ခိုက်ဘဲ လွှတ်ပေးလိုက်ရတာ အဲဒါကြောင့် သတ်မှတ်ချိန်က မှောင်တဲ့အချိန် ဆိုတော့ အလိုလိုလာတဲ့ ကားတွေကို တိုက်ခိုက်မှာမို့ပါ” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

မောင်းနှင်ရမည့် သတ်မှတ်ချိန် ည ၉ နာရီမှ နံနက် ၄ နာရီခန့် အထိမောင်းနှင်ကြသော ကုန်ကားများ အနေဖြင့်လည်း မိုးကာ မအုပ်ပဲ မောင်းနှင်ကြရန်၊ ကျန်ကားများ အားလုံး မှန်ချမောင်းနှင်ပေးကြ ရန်နှင့် ညပိုင်း မီးဖွင့်မောင်းနှင် ပေးကြရန် အသိပေးထားသည်။
အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၆

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇွန်လ ၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရှိရသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၆

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၆ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
တပ်မ ၇၇ လက်အောက်ခံ ဆက်သွယ်ရေးတပ်ခွဲမှ အကြပ်နှင့်စစ်သည် ၇ ဦး၏ ဇနီးများက ၎င်းတို့၏ခင်ပွန်းများ ကို စွန့်ခွာသွားမှု တပ်တွင်း ဟိုးလေးတကျော်ကျော်ဖြစ်

■ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၏ ကိုယ်ရေးအရာရှိ အိမ်ထောင်သည် ဗိုလ်ကြီးက အရာရှိတစ်ဦး၏ ဇနီးလောင်းနှင့် အိမ် ထောင်ရေး၊ လူမှုရေး ဖောက်ပြန်

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်ကြောင်းထိုး တာဝန်ကျနေသော တပ်မ ၇၇ လက်အောက်ခံ ဆက်သွယ်ရေးတပ်ခွဲ (တပ်မ ၇၇ ဆက်သွယ်ရေးတပ်ခွဲ) မှ အကြပ်နှင့်စစ်သည် ၇ ဦး၏ ဇနီးများက ၎င်းတို့၏ ခင်ပွန်းများကို စွန့်ခွာသွားမှုက စစ်ကောင်စီတပ်အတွင်း ဟိုးလေးတကျော်ကျော်​ဖြစ်နေကြောင်း လေတပ်သတင်းရင်းမြစ် Operation Spitfire နှင့် တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တပ်မ ၇၇ ဆက်သွယ်ရေးတပ်ခွဲမှ အကြပ်နှင့် စစ်သည် ၇ ဦးတို့၏ ဇနီး ၇ ဦးမှာ နောက်တန်းတွင် ၎င်းတို့၏ ခင်ပွန်းများကို စွန့်ခွာသွားခြင်း၊ နောက်ထပ် အိမ်ထောင်ပြုခြင်း၊ အခြားသော အမျိုးသားများနှင့် လိုက်ပြေးသွားခြင်းတို့ဖြင့် ရှေ့တန်းရောက်နေသော ၎င်းတို့ ခင်ပွန်းများကို စွန့်ပစ်သွားကြကြောင်း ၊ အဆိုပါ စွန့်ခွာသွားမှု သတင်းသည် အကြပ်နှင့်စစ်သည် ၇ ဦးလုံး၏ ဇနီးမယားများက ရှေ့ဆင့် နောက်ဆင့်ဆိုသလို ဖြစ်ပေါ်ခြင်းဖြစ်၍ စစ်ကောင်စီတပ်အတွင်း ယင်းဖြစ်စဉ်မှာ လူပြောများသည့် ကိစ္စဖြစ်လာကြောင်း သိရှိရသည်။

"အိမ်ထောင်တွေရဲ့ အကောင်းမွန်ဆုံး အချိန် ခင်ပွန်းဖြစ်တဲ့သူတွေက ရှေ့တန်းမှာ ဘယ်နှစ်နှစ်ကြာမှ ပြန်ရောက်မယ်မှန်း အာမခံချက်မရှိ၊ အသက်ရှင်လျက် ပြန်လာမလားလည်း အာမခံချက် မရှိတာကြောင့် ဘဝရှေ့ရေးအ တွက် တချို့လည်း နောက်ယောင်္ကျားယူတယ်။ တချို့လည်း တပ်ထဲမှာ လှောင်ပိတ်မနေနိုင်လို့ ခင်ပွန်းကို မပေါင်းတော့ဘဲ စွန့်ခွာသွားကြတာ။ သားသမီးပါ တစ်ခါတည်း ခေါ်သွားတဲ့သူတွေ ရှိသလို တချို့ကတော့ ကလေးမရကြသေးတော့ လက်ရှိခင်ပွန်း အလာမစောင့်တော့ဘဲ ထွက်သွားကြတာ" ဟု လေတပ်သတင်းရင်းမြစ် Operation Spitfire က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် လတ်တလော စစ်ကောင်စီတပ်အတွင်း အရာရှိနှင့်စစ်သည်များမှာ ရှေ့တန်းတွင် နှစ်ချီ၍ စစ်တိုက်နေရပြီး နောက်တန်းမပြန်ရသဖြင့် နောက်တန်းတွင် လူမှုရေး ဖောက်ပြန်မှုများစွာ ဖြစ်ပေါ်နေကြောင်း၊ ခင်ပွန်းဖြစ်သူ ရှေ့တန်း သို့ နှစ်ချီ၍ ရောက်ရှိနေချိန် လင်ကောင်မပေါ်ဘဲ ဗိုက်ကြီးကိုယ်ဝန်ရှိနေသည့် အမှုများ၊ စစ်တပ်အတွင်း လူမှုရေး ပြဿနာများဖြင့် တိုင်တန်းမှုများ အများဆုံးရှိနေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၏ ကိုယ်ရေးအရာရှိ အိမ်ထောင် သည် ဗိုလ်ကြီး ဇေယျာဝင်းက ဒကစ (စစ်တွေ)မှ တာဝန်ကျ တပ်ကြပ်ကြီးစာရေးမ ခင်ကြည်ဖြူနှင့် အိမ်ထောင်ရေး၊ လူမှုရေး ဖောက်ပြန်နေကြောင်း၊ ဗိုလ်ကြီးဇေယျာဝင်း ၏ ဇနီးမှာ စစ်တွေတွင် လိုက်ပါ နေထိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ဗိုလ်ကြီးဇေယျာဝင်းက တပ်ကြပ်ကြီး စာရေးမ ခင်ကြည်ဖြူနှင့် လူမှုရေး ဖောက် ပြန်ခဲ့ကြောင်း၊ တပ်ကြပ်ကြီးစာရေးမ ခင်ကြည်ဖြူမှာ ဒကစ(စစ်တွေ)မှ ရိပ်သာတာ၀န်ခံ အရာရှိ ဗိုလ်ကြီး ရန်နောင်စိုးနှင့် လက်ထပ်ခွင့် တင်ထားကြောင်း သိရှိရသည်။

"စစ်တပ်ထဲမှာက လူမှုရေး အရှုပ်အရှင်းတွေကတော့ အရမ်းများပါတယ်။ ထင်သာမြင်သာဆိုရင်တော့ နပခ တိုင်းမှူး ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဇေယျာဝင်းက အိမ်ထောင်သည်ပါ။ အဲဒါကို စကခ ၉ ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းကိုရဲ့ တူမ တပ်ကြပ်ကြီးစာရေးမ ခင်ကြည်ဖြူနဲ့ ဖောက်ပြန်တယ်။ နပခ တိုင်းမှူးမှာ ဒကစ(စစ်တွေ) ရုံးဌာနချုပ်မှာ အခြေပြု၍တိုက်ပွဲတွေ ကွပ်ကဲနေချိန်မှာ တိုင်း မှူးရဲ့ PSO နဲ့ တပ်ကြပ်ကြီး စာရေးမတို့ အိမ်ထောင်ရေး ဖောက်ပြန်ကြတာ။ အဲဒီတပ်ကြပ်ကြီး စာရေးမ ခင်ကြည်ဖြူကလည်း ဒကစ(စစ်တွေ) ရိပ်သာတာ၀န်ခံ အရာရှိ ဗိုလ်ကြီး ရန်နောင်စိုးနဲ့ လက်ထပ်ဖို့အထိ ခွင့်တင်ထားတာ။တွဲနေကြတာ။ တိုင်းမှူး PSO ဖြစ်တော့ တိုင်လည်း မတိုင်ရဲ အဲဒီလိုတွေဖြစ်နေတာ" ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ရှေ့တန်းထွက်ကြမည့် အကြမ်းဖက်စစ်တပ်မှ အရာရှိနှင့်စစ်သည်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)
မြန်မာအပါအဝင် အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင် အလုပ်လုပ်ခွင့် ပန်းရောင်ဘတ်လုပ်ပေးရန် ထိုင်းအစိုးရ ခွင့်ပြု

ရန်ကုန်| ဇွန် ၆

မြန်မာအပါအဝင် ထိုင်းရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ပေးရန် အလုပ်သမားဝန်ကြီးဌာနက အတည်ပြု ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းအစိုးရက ယနေ့ ဇွန်လ ၆ရက်တွင် ကြေညာသည်။

ဇွန်လ ၅ ရက်နေ့က ပြုလုပ်သော နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲရေးအစည်းအဝေးတွင် အချက်သုံးချက်ကို အတည်ပြုလိုက်ခြင်းဖြစ်သည်။

ပထမအချက်က ထိုင်းတွင် တရားမဝင် ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့်လက်မှတ် အသစ်ပြုလုပ်ပေးရန် ဖြစ်ကြောင်း၊ ၎င်းတို့သည် ထိုင်းနိုင်ငံသို့ ရောက်နှင့်ပြီးသားဖြစ်ရမည်ဖြစ်ပြီး အလုပ်ရှင်ထံတွင် အလုပ်လုပ်နေရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် သက်တမ်းတိုးရန် မမီလိုက်သူများ၊ အလုပ်ရှင်ပြောင်းရန် အချိန်မလုံလောက်သဖြင့် တရားမဝင်ဖြစ်သွားသူများလည်း အကျုံးဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကြေညာချက်တွင် ပန်းရောင်ဘတ်လုပ်ပေးရန် အတည်ပြုပေးခြင်းဖြစ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ရာတွင် လုပ်ဆောင်ရမည့် အသေးစိတ်အစီအစဉ်များ၊ အမည်စာရင်းတင်သွင်းရန် အချိန်များ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုက ထိုင်းအစိုးရက ဘတ် (ပန်းရောင်ကတ်) ဖွင့်ပေးဖို့ကို အတည်ပြုပေးတဲ့သဘော။ နောက်မှ ကြေညာချက်တွေ ထုတ်ပြီး အသေးစိတ်တွေ ထပ်ထုတ်ပြန်ပေးမယ်ပေါ့” ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူတစ်ဦးက ဆိုသည်။

အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) နှင့် ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) ကိုယ်စားလှယ်များကလည်း ပန်းရောက်ဘတ်အသစ်ကို အမြန်ဆုံးဖွင့်ပေးရန် ယနေ့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် တွေ့ဆုံ၍ တောင်းဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်း ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းဖြင့် အလုံးအရင်း ဝင်ရောက်လာနေသည်ကိုလည်း တွေ့မြင်နေရကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုတိယအချက်က လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းအလုပ်သမားများကို သက်တမ်းတိုး လုပ်ဆောင်ပေးရန်ဖြစ်သည်။

သက်တမ်းတိုးလုပ်ဆောင်ပေးရမည့် အလုပ်သမားအရေအတွက် ၂ သန်းခန့်ရှိကြောင်း၊ တတိယအချက်မှာ နယ်စပ်ဒေသများတွင် ရာသီလုပ်သားများ လုပ်ငန်းခွင် အဆင်ပြေရေးဖြစ်ကြောင်း သိရှိရသည်။

စိုက်ပျိုးရေးကဲ့သို့သော ရာသီအလိုက် အလုပ်သမားများကိုလည်း သက်တမ်း ၃ လမှ ၆ လအထိရှိသော အလုပ်လုပ်ခွင့်လက်မှတ်များဖြင့် လုပ်ကိုင်နိုင်စေရန် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာပြည်တွင်း စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှု များပြားလာခဲ့သလို လမ်းခရီးတွင်လည်း ဖမ်းဆီးခံရမှုများ ဆက်တိုက် မြင့်တက်လာနေခဲ့သည်ကို ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ - ကိုဗစ်ကာလ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ပြန်ခဲ့ကြသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ။ (ပုံအဟောင်း ဖြစ်ပါသည်။)