Khit Thit Media
557K subscribers
153K photos
1.18K videos
11 files
3.2K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
ဆက်သွယ်ရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ Mascots ကုမ္ပဏီပိုင်ရှင် ဒေါက်တာဝင်းကျော်၊ တရုတ်နည်းပညာရှင်များအဖွဲ့။
ညောင်လေးပင်တွင် လယ်မြေသိမ်းမှုများ လုပ်ဆောင်နေသော ရဲအုပ် ကေသီခိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၄

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့တွင် လယ်မြေသိမ်းမှုများ လုပ်ဆောင်နေသော ရဲအုပ် ကေသီခိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း 9 Stars UG Bagoမှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၃ ရက်နေ့ ၊ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် ပဲခူးတိုင်း ညောင်လေး ပင်ခရိုင် ညောင်လေးပင်မြို့မှ ရဲအုပ် ကေသီခိုင်ကို ပြွန်တန်ဆာမြို့အနောက်ဘက် သမကျေးရွာ ရွာချင်းဆက်လမ်း အေးရွာအနီးမြေနီလမ်းပေါ်တွင် ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

"9 mm ကျည် ၃ တောင့်နဲ့ ပစ်ခတ်ရာမှာ နောက်ကျော နှစ်ချက် ၊ ခေါင်းတစ်ချက် ထိမှန် သေဆုံးပါတယ်" ဟု 9 Stars UG Bagoမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သေဆုံးသွားသော ရဲအုပ်ကေသီခိုင်သည် ညောင်လေးပင်ရဲစခန်းတွင် တာဝန်ကျနေပြီး ၎င်း၏ ခင်ပွန်းဖြစ်သူသည် ဒိုက်ဦးမြို့နယ်ရဲစခန်းတွင် တာဝန်ကျနေသော ရဲတစ်ဦးဖြစ်ကြောင်း၊ ရဲအုပ်ကေသီခိုင်သည် အထက်အရာရှိများနှင့်ပူးပေါင်းပြီး ပြွန်တန်ဆာမြို့ ဂျို့ပင် ကျေးရွားနှင့် သမကျေးရွာမှ ပြည်သူများကို စီးပွားရှာအမြတ်ထုတ်နေသူဖြစ်ကြောင်း၊ ရဲအုပ်ကေသီခိုင်၏ ဖခင်ဖြစ်သူ ဌေးလွင်မှာ လယ်ယာမြေများသိမ်းဆည်းမှုများဖြင့် ပြည်သူများကို အနိုင်ကျင့် လုပ်ဆောင်နေကြောင်း၊ ပြည်သူများ၏ တိုင်တန်းချက်အရ ရဲအုပ် ကေသီခိုင်ကို ရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

" ရဲအုပ်ကေသီခိုင်တို့ သားအဖက လယ်ယာမြေ ဧ​က ၅၀၀ ကျော်ကိုအထက် လူကြီးနဲ့ပေါင်း မတရားသိမ်းဆည်းပြီးပြန်လည်ရောင်းစားနေတာလို့ သိရတယ်။ သူ့ဖခင် ဌေးလွင်ကို သေနတ် ပေးထားပြီး ဘေးပတ်ဝန်းကျင် ရွာတွေကို အနိုင်ကျင့်စေခိုင်းနေသူပါ။ စစ်ကောင်စီခန့် အုပ်ကြီး လည်း မဟုတ်၊ ရာအိမ်မှူးလည်း မဟုတ်ဘဲ ဋ္ဌေးလွင်ကလည်း အဲဒီ ပတ်ဝန်းကျင်မှာသမီးအရှိန်အဝါနဲ့ ထင်တိုင်းကြဲတန်ခိုးထွားနေသူပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ပြည်သူက မခံနိုင်လို့တိုင်ပါများရင်တော့ မိန်းမယောကျာ်းခွဲခြားနေမှာမဟုတ်ပါဘူး။ အပြစ်ရှိတဲ့ သူကိုတော့ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသားပဲ အပြစ်ပေးမှာပါ။ အခုလည်း မဆိုင်တဲ့ပြည်သူတွေကို ပြဿနာရှာ နေတယ်လို့ကြားရတယ်" ဟု 9 Stars UG Bagoမှ တာဝန်ရှိသူက ရှင်းပြသည်။

9 Stars UG Bago က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ပျူစောထီးများနှင့် သတင်းပေးများကို ဆက်လက် တိုက်ခိုက်ရှင်းလင်းမည်ဖြစ် ကြောင်း ကြေညာထားသည်။
မင်းကင်း၊ မတောကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု သေဆုံးသူပြည်သူ အရေအတွက် ၃၀ ဦးအထိတိုးလာ

ရန်ကုန်၊ ဇွန် ၄

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သားသေဆုံးမှု တိုးလာပြီး သေဆုံးသူအရေအတွက် ၃၀ ဦး အထိရှိလာပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ ဇွန်လ ၃ ရက်နေ့ နံနက်ခင်း ၈နာရီခွဲအချိန် မတောကျေးရွာတွင် မနှင်းဆီ၏ မင်္ဂလာဆောင် ကျင်းပနေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးသည် မင်္ဂလာဆောင်အိမ်နှင့် ထမင်းကျွေးသည့် အဆောင်အကြား ကျရောက်သွားပြီး ဗုံးပေါက်ကွဲမှုကြောင့် နေရာတွင်ပင် ၂၂ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနောက် ဒဏ်ရာရသူများလည်း ထပ်မံ သေဆုံးရာမှ သေဆုံးသူ ၃၀ ဦးအထိ တိုးလာကြောင်း သိရှိရသည်။

"ပစ်ခတ်တာက ပအဖအဖွဲ့ဝင် မနှင်းဆီ ရဲ့ မင်္ဂလာဆောင်ကို လာပစ်တာ။ ပစ်တဲ့နေရာက မင်္ဂလာဆောင်အိမ်နဲ့ ထမင်း ကျွေးရုံ ကြားကို ပစ်သွားတာ။ ပြောရရင် ပွဲလူများတဲ့ နေရာကိုပစ်တာသွားတာ။ သေဆုံးမှုကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးတာက ၂၂ လောင်းပေါ့ဗျာ။ ဒါက ရုပ်‌‌အ လောင်းပီသတဲ့ အလောင်းပေါ့။ တစ်ပိုင်းတစ်စစီဖြစ်တဲ့အ လောင်း တွေလည်း ရှိတယ်။စာရင်းအတိကျတော့ စာရင်းမပြုစုရ သေးဘူး။ ဒဏ်ရာရတဲ့ သူတွေထဲလည်း သေဆုံးတာ တွေရှိတယ်ဗျ။အခုသေဆုံးသူ ၃၀ အထိရှိနေပြီ။ဒဏ်ရာရသူ ၂၆ ဦးရှိတယ်။ပြင်းထန်ဒဏ်ရရထားသူတွေလည်း ရှိတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည် ။

မင်းကင်းမြို့နယ်အတွင်းတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး စစ်ကောင်စီက စစ်ကြောင်းထိုး ထပ်မံ လာရောက်မည်ဆိုသောသတင်းနှင့် လေယာဉ်ဖြင့် ဗုံးထပ်မံ ကျဲမည်ဆိုသော သတင်းများကြောင့် မတောကျေးရွာမှ ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။
စစ်ကောင်စီက ဖမ်းဆီး ၊ ၀ရမ်းထုတ်ထားသော နိုင်ငံခြားငွေဝယ်ရောင်း ပွဲစား ၂၅ ဦးတွင် ငွေလဲလုပ်ငန်း မလုပ်ကိုင်တော့သူများကိုပါ ကျော်စောဖြင့် ရမ်းသမ်း ဖမ်းဆီးထား

ရန်ကုန်၊ ဇွန် ၄

စစ်ကောင်စီက ဖမ်းဆီး ၊ ၀ရမ်းထုတ်ထားသော နိုင်ငံခြားငွေလဲပွဲစား ၂၅ ဦးတွင် ငွေလဲလုပ်ငန်း မလုပ်ကိုင်တော့သူများကိုပါ ကျော်စောဖြင့် ရမ်းသမ်း ဖမ်းဆီးထားခြင်းဖြစ်ကြောင်း နိုင်ငံခြားငွေလဲလုပ်ကိုင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းငွေလဲစျေးကွက်တွင် ငွေလဲနှုန်းမတည်မငြိမ်ဖြစ်အောင် လုပ်သည်ဟုဆိုကာ ဟွန်ဒီနှင့် ငွေလွှဲ လုပ်ငန်းလုပ်ကိုင်သူ ၁၄ ဦးကို ကနဦး ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဖမ်းဆီးသူ ၁၄ ဦး၏ ထွက်ဆိုချက်ဟုဆိုကာ ထပ်မံ၍ ငွေလွှဲနှင့် ငွေလဲဒိုင်လုပ်သူ ၁၁ ဦးကို ထပ်မံ ဖမ်း၀ရမ်းထုတ်ခဲ့ကြောင်း သိရှိရသည်။

"ကျနော်ပြောမယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာစျေး ထိုးတက်အောင် အနုတ်အသိမ်းလုပ်နိုင်တာ စစ်တပ်နဲ့ပတ်သက်တဲ့ စီး ပွားရေးသမားတွေပဲ လုပ်နိုင်တယ်။ အခု ဖမ်းထား ဆီးထားတွေက စျေးကွက်ထဲ ငွေလဲလုပ်ပြီး ငွေလဲလှယ်မှုအပေါ်နဲ့ ဟွန်ဒီအပေါ်မှာ ရာခိုင်နှုန်းစားတဲ့သူ ။ လက်သေးတွေဗျာ။အဲဒါတွေကို မသိရင် တိုင်းပြည်ဖျက်သူလိုလို ပုဒ်မတွေတပ်ဖမ်းဆီးတာဖြစ်တယ်။ တကယ် ဒေါ်လာ ဆွဲတင် အောင် လုပ်နိုင်တာ ခရိုနီနဲ့ ပုဂ္ဂလိကဘဏ်တွေပဲဗျ။ နောက်တစ်ခါ အခု ဖမ်းဆီးထားတဲ့ ၁၄ ဦးမှာ ငွေလဲမလုပ်တာအင်မတန်ကိုမှ ကြာနေတဲ့သူတွေကိုပါ ကျော်စောဆိုပြီး ဖမ်းသွားတာ။ မည်းမည်းမြင်ရာ ဖမ်းတဲ့သဘောပါပဲ။ နာမည်တွေ ထုတ်မပြောချင်တာက ဖမ်းခံထားရသူတွေ ထိခိုက်မှာစိုးလို့ပါ" ဟု ရန်ကုန်မှ နိုင်ငံခြားငွေလဲဒိုင်က ဆိုသည်။

အမေရိကန်ဒေါ်လာစျေးကို ဆွဲတင်နိုင်သည့် ပမာဏကြီးကြီးများများ ဝယ်နိုင် ရောင်းနိုင်သူများတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံအတွက် စီးပွားရေးလုပ်ပေးနေသော မောင်မောင်နိုင်ကဲ့သို့သော စီးပွားရေးသမားများ ပါဝင်ကြောင်း ရန်ကုန်နိုင်ငံခြားငွေလဲအသိုင်းအ၀ိုင်း က ပြောဆိုကြသည်။

လက်ရှိတွင် စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီး ၀ရမ်းထုတ်ခြင်း၊ ဒေါ်လာဝယ်ရောင်းများကို ဖမ်းဆီး ၀ရမ်းထုတ်ခြင်းဖြင့် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်မှုနှင့် ရွှေစျေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။
Khit Thit သတင်းဌာန၏ ဇွန် ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စစ်ကောင်စီက မြန်မာကျပ်ငွေ ၃၀၀၀၀ ဘီလီယံနီးပါး ရိုက်ထုတ်ခဲ့မှုက ကျပ်ငွေတန်ဖိုးထိုးကျမှုရဲ့ အဓိကအကြောင်းအရင်းမှာ ပါဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဦးတင်ထွန်းနိုင်က ပြောဆိုလိုက်ပါတယ်။

- ရန်ကုန်မြို့မှာ ထိုင်းနိုင်ငံက ကွန်ဒိုတွေကို အရောင်းပြပွဲတွေ ပြုလုပ်ပြီး ရောင်းချသူ ၂ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်လိုက်ပြီး ကွန်ဒိုဝယ်ယူထားသူ ၃ ဦးကိုလည်း ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

- စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ တပ်ရင်းမှူး ၁ ဦးနဲ့ တပ်သား ၁ ဦးကို တော်လှန်ရေး ရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။



https://www.youtube.com/watch?v=wP30_agoevw
ထိုင်းတွင် ကွန်ဒိုဝယ်ယူခြင်း၊ ထိုင်းဘဏ်အကောင့်ဖွင့်လှစ်၍ ဖမ်းဆီးအရေးယူမည်ဆိုလျှင် ကွန်ဒိုခန်း ဝယ်ထားသည့် မင်းအောင်လှိုင် သားအောင်ပြည့်စုံနှင့် ထိုင်းဘဏ်စာရင်း ဖွင့်ထားသော ခင်သီရိသက်မွန်ကို အရေးယူရမည်

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူထားသူ မြန်မာပြည်သူ ၃ ဦးကို ကွန်ဒိုဝယ်ယူမှု၊ ထိုင်းဘဏ်စာရင်း ဖွင့်လှစ်မှုများဖြင့် အရေးယူရန် ပြင်ဆင်လျက်ရှိကြောင်း ယမန်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီသတင်းထုတ်ပြန်မှုက စျေးကွက်စီးပွားရေးစနစ်နဲ့ မိမိပိုင် ငွေကြေးကို လွတ်လပ်စွာ သုံးစွဲပိုင်ခွင့် မပြုတော့တဲ့ စစ်အာ ဏာရှင်ရဲ့လုပ်ရပ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒါပေမယ့်လည်း ထူးခြားနေတာက အဲဒီလို ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူခဲ့တာနဲ့ ထိုင်းမှာ ဘဏ်ငွေစာရင်း ဖွင့်လှစ်ခဲ့သူတွေထဲမှာ အစောဆုံးက မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုနဲ့ သမီး ခင်သီရိသက်မွန် တို့ကို ဘာဖြစ်လို့ အရေးမယူခဲ့တာပါလဲ။

ထိုင်းမှာ ကွန်ဒိုဝယ်ရင်၊ ဘဏ်စာရင်းဖွင့်လို့ အရေးယူမယ်ဆိုရင် အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်ကို မဖြစ်မနေကို အရေးယူရမှာဖြစ်ပါတယ်။

မင်းအောင်လှိုင်၏သား အောင်ပြည့်စုံက ထိုင်းဘတ် ၃၃ သန်းတန် ဘန်ကောက် Belle Grand Rama 9 ကွန်ဒိုဝယ်ယူခြင်း
--------------------------------------------------------------------------
မူးယစ်ရာဇာ စီးပွားရေးသမား ထွန်းမင်းလတ်ကို ထိုင်းရဲတွေက ၂၀၂၂ ခုနှစ်မှာ ဖမ်းဆီးခဲ့စဉ် သူ့လက်ဝယ် လက်ပူးလက်ကြပ် သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေ မှာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ဝယ်ယူထားတဲ့ ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုအခန်းပါဝင်ပါတယ်။ အောင်ပြည်စုံက Belle Grand Rama 9 ကွန်ဒိုအိမ်ရာမှာ အိပ်ခန်း ၄ ခန်းပါ ဇိမ်ခံကွန်ဒိုအခန်းကို ဝယ်ယူထားခဲ့တာဖြစ်ပါတယ်။ အဲဒီ ကွန်ဒိုပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို ထိုင်းရဲတွေက သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံက အဲဒီ ဘန်ကောက်ကွန်ဒိုအခန်းကို ၂၀၁၇ ခုနှစ်ကဝယ်ယူခဲ့တာဖြစ်ပြီး အဲဒီအချိန်ဟာ အောင် ပြည်စုံ ရဲ့ဖခင်မင်းအောင်လှိုင်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့ ရာဇဝတ် မှုတွေ ကျူးလွန်နေတဲ့ချိန်ဖြစ်ပါတယ်။

အောင်ပြည့်စုံ ဝယ်ယူထားတဲ့ အိပ်ခန်းလေးခန်းပါ ကွန်ဒိုခန်းတွေရဲ့ တန်ဖိုးကို လက်ရှိကာလ ပေါက် စျေး ဘတ် ၃၃ သန်းဝန်းကျင်လောက်ရှိပြီး အဲ့ဒီတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁ သန်းနီးပါး ဖြစ်ပါတယ်။ Belle Grand Rama 9 ကွန်ဒိုဟာ ထွန်း မင်း လတ်ကို ဖမ်းဆီးရမိခဲ့တဲ့ ကွန်ဒိုမီနီယံဖြစ်ပြီး အဲဒီကွန်ဒိုမှာ ထွန်းမင်း လတ် က သူ့ရဲ့နာမည်နဲ့ရော ဇနီးဖြစ်တဲ့ ဝင်းမင်းစိုး နာမည်နဲ့ တွဲလျက်ပါ အခန်း ၃ ခန်း ကို ပိုင်ဆိုင်ထားပါတယ်။

မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်က ထိုင်း Siam Commercial Bank ငွေစုဘဏ်စာအုပ် ၂ အုပ်ဖွင့်လှစ်ထားခြင်း
--------------------------------------------------------------------------
ဒါအ့ပြင် မင်းအောင်လှိုင်ရဲ့ သမီးခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Siam Commercial Bank ငွေစုဘဏ်စာအုပ်နှစ်အုပ်ကိုလည်း ထွန်းမင်းလတ်ကို ဖမ်းဆီးခဲ့စဉ်က ထိုင်းရဲတွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ခင်သီရိသက်မွန်နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ Siam Commercial Bank ဘဏ်အကောင့်တွေဟာ ဘန်ကောက်မြို့ရဲ့ အထင်ကရ ရုံးအဆောက်အုံဖြစ်တဲ့ Q House Lumphini မှာ ဖွင့်လှစ်ထားတဲ့ Siam Commercial Bank ဘဏ်ခွဲမှာ ငွေစာရင်း ဖွင့်လှစ်ထားတာလည်းဖြစ်ပါတယ်။

မြန်မာပြည်သူတွေကို ထိုင်းမှာ ကွန်ဒိုဝယ်လို့ ၊ ထိုင်းဘဏ်ငွေစာရင်းဖွင့်လို့ အရေးယူမယ်ဆိုရင် အရင်ဆုံးနဲ့ သေချာပေါက် အရေးယူရမှာက မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံနဲ့ မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်တို့ကို မဖြစ်မနေ အရေးယူရမှာ အသေအချာဖြစ်ပါတယ်။
မုံရွာမြို့၊ စက်မှုဇုန်အတွင်း ပြည်သူကို ငွေညှစ်နေသော စစ်တပ်ကို ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိ

ရန်ကုန်၊ ဇွန် ၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ထဲတွင် ပြည်သူကို ငွေညှစ်တောင်းခံလေ့ရှိသော အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး‌ သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်း -Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန်ခန့်က မုံရွာမြို့၊ စက်မှုဇုန်၊ သမစိတ္တလမ်းဆုံ အနီးသို့ နေ့စဉ်ကင်းပတ်ကာ ဖြတ်သန်းသွားလာသော ပြည်သူများကို အမြဲတမ်းငွေညှစ်တေင်းခံလေ့ ရှိသော အကြမ်းဖက်စစ်သားများကို အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ ပြီး MA 11 သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည် ၁၇ တောင့်၊ ကာဘိုင် သေနတ် တစ်လက် ၊ ကာဘိုင် ကျည် ၂၅ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း သေဆုံးအကြမ်းဖက်စစ်သားများထံမှ လက်နက်တက်ကောက်သည့် ရဲဘော်တစ်ဦးကို ကျန်ရှိနေသော အကြမ်းဖက်စစ်သား ၁ ဦးက ခုခံပစ်ခတ်ခဲ့ရာ ဦးခေါင်းကျည် ထိမှန် စိုးရိမ်ရ ရရှိခဲ့ပြီး အကြမ်းဖက်စစ်ကားမှာလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ ၏ အထူးကွန်မန်ဒို တပ်ဖွဲ့ ( Monywa The Boys) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၄

ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇွန်လ ၄ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။