ထိုင်းနိုင်ငံမှ ကွန်ဒိုများကို ပွဲစားလုပ်ရောင်းချသူ ၂ ဦးနှင့် ကွန်ဒိုဝယ်သူယူ ၃ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ပြန်၊ ကွန်ဒိုဝယ်ယူသူများကို ထိုင်းနိုင်ငံတွင် ဘဏ်ငွေစာရင်းဖွင့်လှစ်ပြီး ဟွန်ဒီငွေလွှဲပြောင်းမှုဖြင့် ပုဒ်မတပ်
ရန်ကုန်၊ ဇွန် ၃
ရန်ကုန်မြို့တွင် ထိုင်းနိုင်ငံမှ ကွန်ဒိုများကို အရောင်းပြပွဲဖြင့် ရောင်းချသူ ၂ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်လိုက်ပြီး ကွန်ဒိုဝယ်ယူထားသူ ၃ ဦးကိုလည်း ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီက ယနေ့ညပိုင်း တရားဝင်သတင်းထုတ်ပြန်သည်။
ပုဇွန်တောင်မြို့နယ်တွင် ဖွင့်လှစ်ထားသော မင်းသူကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ မင်းသူကျော်တို့ကို ထိုင်းနိုင်ငံမှ ကွန်ဒိုများကို ပြည်တွင်းတွင် ရောင်းချပွဲများ ပြုလုပ်ပြီး ဆီဒိုနားဟိုတယ်တွင် အရောင်းပြပွဲ ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ဒါရိုက်တာဦးအောင်ကျော်ထွန်းကို ဖမ်းဆီးရရှိခဲ့ပြီး အထွေထွေမန်နေဂျာ ဦးမင်းသူကျော်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း စစ်ကောင်စီက ဆိုသည်။
ထို့ပြင် ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူထားသူ ၃ ဦးကိုလည်း တရားမဝင် ပြည်ပတွင် ငွေစာရင်းဖွင့်လှစ်၍ ငွေလွှဲပြောင်းမှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်လာသည်။
မြန်မာနှင့်အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူထားသူများ၏ နောက် ကြောင်း ရာဇဝင်၊ ဝင်ငွေရလမ်းနှင့် အခွန်ဆောင်ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) က လုပ်ဆောင်နေကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။
ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ပထမ ၄ လပတ်အတွင်း မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် ထိုင်းဘတ်ငွေ ၂ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၃၉၂ ခန်း ဝယ်ယူခဲ့ပြီး ထိုင်းကွန်ဒိုများကို ဝယ်ယူသည့် နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသားများက ဒုတိယအများဆုံး ကွန်ဒိုဝယ်သူများ ဖြစ်လာသည်ဟု ထိုင်းသတင်းမီဒီယာများက ဖော်ပြခဲ့ကြောင်း၊ ထိုသို့ မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် ဒုတိယအများဆုံး ကွန်ဒိုအခန်းဝယ်ယူသူများဖြစ်လာမှုအပေါ် စုံစမ်းစစ်ဆေးရန် တွေ့ရှိချက်များကို တင်ပြရန် ပြည်ထဲရေးဝန်ကြီးဌာနက စသုံးလုံးကို ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရေစကြိုတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး
ရန်ကုန်၊ ဇွန် ၃
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွက်ကြီးကျေးရွာနှင့် အလယ်သောင်ကျေးရွာကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၂ ရက် ညနေ ၄ နာရီ မိနစ် ၄၀ အချိန်ခန့်က ပခုက္ကူတပ်မ ၁၀၁ ၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူစောထီးကျေးရွာနှင့် ဂွေးချိုပျူစောထီးကျေးရွာမှ အကြမ်းဖက်စစ်သား ၊ ပျူစောထီးများ ပူးပေါင်းပြီး အင်အား ၄၀ ခန့်ဖြင့် ခြေလျင်ထွက်လာသော စစ်သားများကို ဂွက်ကြီးကျေးရွာနှင့် အလယ်သောင်ကျေးရွာကြားအရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ ကြောင်း သိရှိရသည်။
“ပခုက္ကူတပ်မ ၁၀၁ ကလည်းပါတယ်။ ဆင်ချောင်းနဲ့ ဂွေးချိုပျူရွာက ကောင်တွေလည်းပါတယ်။ အားလုံး ၄၀ လောက်စစ်ကြောင်းတက်လာတာပေါ့၊ အဲဒါကို အသင့်စောင့်ဆိုင်းပြီးတိုက်ခိုက်ခဲ့တာ။ တစ်ကောင်ကတော့ မျက်မြင်သေဆုံးတယ်။ တိုက်ပွဲထဲမှာ ခွေးတစ်ကောင်ဆွဲတာ မျက်မြင်ပဲတွေ့ခဲ့ ရတာ။ ခွေးစစ်ကြောင်းကတော့ ရှေ့ဆက်ထွက်သွားတာ။” ဟု ရေစကြိပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာကို နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်သားများ အသုံးပြုသော G3 ကျည် ဘောက် ၁ ခု၊ G3 ကျည် ၁၀ တောင့်နှင့်အီကွေ့မင့်တစ်ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၃
မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၃ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

မြန်မာနိုင်ငံတွင် VPN ဖြင့် Facebook အသုံးပြုမှုကို မေလ ၃၀ ရက်နေ့မှစတင် ပိတ်ပင်လိုက်ပြီး စီမံချက်ကို ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ကာ ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက် ၊ Mascots ကုမ္ပဏီမှ ဒေါက်တာဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့က ပူးပေါင်းဆောင် ရွက်
By ရန်ကုန်ခေတ်သစ်
မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်ကို VPN အသုံးပြု၍ မသုံးနိုင်ရေး စတင်ပိတ်ပင်လိုက်ပြီး အဆိုပါ VPN ပိတ်ပင်ရေး စီမံချက်ကို ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ကာ ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက်မှ အရာရှိများ၊ Mascots ကုမ္ပဏီမှ ဒေါက်တာဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရသည်။
မေလ ၃၀ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှုကို ပိတ်ပင်နိုင်ရေးအတွက် VPN များအားလုံးကို Secure Web Gateway (SWG) များ ဖွင့်၍ စတင်ပိတ်ပင်လိုက်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းတွင် လူသုံးများသော VPN များ အသုံးပြုမရတော့ခြင်းဖြစ်ပြီး စစ်ကောင်စီက ပထမဆုံးအကြိမ် အဖြစ် ထိထိရောက်ရောက် စတင် ပိတ်ပင်နိုင်ခြင်းဖြစ်ကြောင်း၊ VPN များ ပိတ်ပင်ရေး SWG Project ကို ဆက်သွယ်ရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်က တိုက်ရိုက်ကိုင်တွယ်ခြင်းဖြစ်ပြီး ITCS (information technology and cybersecurity department)မှ ဗိုလ်ကြီးရဲနိုင်မိုးနှင့် ဗိုလ်သင်တန်းအပတ်စဉ် ၄၆ ကျောင်းဆင်း ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက်ဌာနမှ ဗိုလ်မှူးများက ပူးပေါင်းပါဝင်ကြကြောင်း သိရှိရသည်။
VPN ပိတ်ပင်ရေး ဦးဆောင်နေသော Mascots Technologies & Telecommunication ကုမ္ပဏီ
---------------------------------------------------------------------
မြန်မာနိုင်ငံတွင် VPN ပိတ်ပင်ရေး ပရောဂျက်ကို Mascots Technologies & Telecommunication ကုမ္ပဏီက ရရှိခဲ့ပြီး အဆို ပါ ကုမ္ပဏီကို ဒေါက်တာဝင်းကျော်က ဦးဆောင်သည်။ Mascot company ပိုင်ရှင်ဒေါက်တာဝင်းကျော်သည် Burbrit Beer ပူးတွဲတည်ထောင်သူဖြစ်သည့်အပြင် ဆောက်လုပ်ရေးကုမ္ပဏီ၊ ဆေးပစ္စည်းသွင်းသောကုမ္ပဏီ များထူထောင်ထားသူဖြစ်ပြီး မင်းအောင်လှိုင်မိသားစုနှင့်နီးစပ်သော စီးပွားရေးသမားတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။
Mascots Technologies & Telecommunication ကုမ္ပဏီသည် VPN ပိတ်ပင်ရေး ပရောဂျက် (SWG project) ကို ရရှိခဲ့ပြီး ရန်ကုန် မြို့ ၌ Mynet အမည်ဖြင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိထားသည်။ Mascots Technologies & Telecommunication ကုမ္ပဏီသည် ယခင် Media Tree ကုမ္ပဏီအမည်ဖြင့် လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။
“VPN ပိတ်ပင်ရေး ပရောဂျက်အတွက် လိုအပ်တဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ဝယ်ယူရေးနဲ့တပ်ဆင်ရေးကို Mascot ကုမ္ပဏီ ပိုင်ရှင် ဒေါက်တာဝင်းကျော်က တာဝန်ယူပြီးလုပ်နေပါတယ်။ ဆက်သွယ်ရေး ဒုဝန်ကြီးဗိုလ်မှူးချုပ် လူမွန် ဦးဆောင်တဲ့ ပရောဂျက် ဖြစ်တဲ့အတွက် ဆညန ညွှန်မှုးက လိုင်စင်ယူထားတဲ့သူတွေကို စာတွေထုတ်ပေးပါတယ်။ မလိုက်နာရင် ဆက်သွယ်ရေးဥပဒေ အခန်း ၅ ပုဒ်မ ၁၅ (က) နဲ့ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေ အပိုဒ် ၃၉ (က) (၂) အရ ဒဏ်ရိုက်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကောင်စီက VPN များကို အသုံးပြုမှု ပိတ်ဆို့ရခြင်းရည်ရွယ်ချက်မှာ မြန်မာ နိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်နေသော Facebook ကို ပိတ်ပင်ရန်ဖြစ်ပြီး Facebook နှင့် ဆက်စပ်သည့် Application များဖြစ်သည့် Instagram, WhatsApp အပါအဝင် Twitter@ X စသည့် လူမှုကွန်ရက်များအားလုံးကို မကြာမီ အပြည့်အ၀ ပိတ်ပင်နိုင်ရန် ရည်ရွယ်ထားသည်။
တရုတ်နည်းပညာအဖွဲ့ ပူးပေါင်းပါဝင်နေခြင်း
---------------------------------------------------
မြန်မာနိုင်ငံတွင် VPN များ ပိတ်ပင်နိုင်ရေးအတွက် အဓိက နည်းပညာ ကူညီသူမှာ တရုတ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံမှ နည်းပညာရှင်အဖွဲ့တစ်ဖွဲ့ကို Mascots Technologies & Telecommunication ကုမ္ပဏီက ခေါ်ယူခဲ့သည်။ အဆိုပါ တရုတ်နည်းပညာအဖွဲ့တွင် ပညာရှင်နှင့် အင်ဂျင်နီယာ ၁၃ ဦးပါဝင်သည်။

VPN ပိတ်ပင်မှုကို အစောဆုံး စတင်ရန် တရုတ်နည်းပညာအဖွဲ့က ကြိုးပမ်းခဲ့သော်လည်း မေလ ၃၀ ရက်နေ့တွင်မှ စတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ VPN ပိတ်ပင်မယ့် ဒီ Secure Web Gateway ကို သူတို့က install လုပ်ထားတာက မတ်လကတည်းလောက်က စလုပ်နေတာ။ တကယ် သူတို့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖွင့်ဖို့လုပ်တာ။ အဲဒီမှာ သူတို့ ပစ္စည်းတွေ မရောက်လို့ နောက်ဆုံးတပ်မတော်နေ့မတ်လ ၂၇ ရက်နေ့ မှာ မီအောင်ဖွင့်မယ်ဆိုတာ တပ်မတော်နေ့လည်း မမီဘူး။ မမီဘဲနဲ့ နည်းနည်းကျော်သွားတယ် ကျော်သွားပြီးတော့ တကယ်စတာ မေလ ၃၀ ရက်နေ့ ကြာသပတေးနေ့ နံနက် ၁၁ နာရီခွဲ စပြီးတော့ သူတို့ အဲဒါကို On လိုက်တာ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိ မြန်မာနိုင်ငံသို့ အင်တာနက်လာသည့် လမ်းကြောင်းကို ကြားဖြတ်၍ VPN ကြားဖြတ် ဖြတ်တောက်သည့် စနစ်များ တပ်ဆင်လိုက်ခြင်းဖြစ်ပြီး မေလ ၃၀ ရက်နေ့တွင် စ၍ တစ်ပြိုင်နက်တည်း စနစ်စတင်လိုက်သည့်အတွက် လူသုံးများသည့် VPN များ အသုံးပြု၍ မရတော့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အာဏာစပြီး သိမ်းကတည်းက VPN ကို ပိတ်ပင်ဖို့ စစ်ကောင်စီက ညွှန်ကြားတယ်။ အဲဒီမှာ စစ်ကောင်စီက ပိတ်ခိုင်းတာက 1.1.1.1 VPN တို့ Potato တို့ အဲဒီ VPN တွေ တောက် လျှောက်ပိတ်ခိုင်းတာ။ ကျွန်တော်တို့က ပိတ်ဖို့ မနိုင်ပါဘူး မနိုင်ပါဘူး ပြောလို့ တရုတ်ဘက်က ပညာရှင်တွေနဲ့ စက်တွေ၊ ဆော့ဝဲလ်တွေ၊ စနစ်တွေကို အကောင်အထည်ဖော်တာ” ဟု မြန်မာ့ဆက်သွယ်ရေး သတင်းရင်းမြစ်က ဆိုသည်။
လတ်တလောတွင် VPN များပိတ်ပင်မှု အခြေအနေမှာ စမ်းသပ် လုပ်ကိုင်နေဆဲဖြစ်၍ လုံး၀ အပြည့်အ၀ မပိတ်ပင်နိုင်သေးသော်လည်း တဖြည်းဖြည်း ကျွမ်း ကျင်လာသည်နှင့်အမျှ မြန်မာပြည်သူများအနေဖြင့် VPN များ အသုံးပြုရန် ခက်ခဲလာမည်ဖြစ်ကြောင်း သိရှိရသည်။
Facebook ကို အစားထိုးမည့် စစ်ကောင်စီ၏ Myspace
-------------------------------------------------------------
စစ်ကောင်စီက VPN များကို လုံး၀ ပိတ်ပင်ပြီးပါက Facebook ကိုအစာထိုးသုံးနိုင်မည့် လူမှုကွန်ရက် Application ကို တစ်ခုကို ရေးဆွဲထားကြောင်း၊ အဆိုပါ Application မှာ စစ်ကောင်စီက ပုဂ္ဂလိကကုမ္ပဏီနှင့် တရုတ်နည်းပညာအဖွဲ့သို့ ချထားပေးသည့် ပရောဂျက်တစ်ခုဖြစ်ပြီး VPN များ လုံး၀ ပိတ်ပင်နိုင်ချိန်တွင် Facebook အစားထိုးအဖြစ် အသုံးပြု မိတ်ဆက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်သွယ်ရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ Mascots ကုမ္ပဏီပိုင်ရှင် ဒေါက်တာဝင်းကျော်၊ တရုတ်နည်းပညာရှင်များအဖွဲ့။
ညောင်လေးပင်တွင် လယ်မြေသိမ်းမှုများ လုပ်ဆောင်နေသော ရဲအုပ် ကေသီခိုင် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇွန် ၄
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့တွင် လယ်မြေသိမ်းမှုများ လုပ်ဆောင်နေသော ရဲအုပ် ကေသီခိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း 9 Stars UG Bagoမှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၃ ရက်နေ့ ၊ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် ပဲခူးတိုင်း ညောင်လေး ပင်ခရိုင် ညောင်လေးပင်မြို့မှ ရဲအုပ် ကေသီခိုင်ကို ပြွန်တန်ဆာမြို့အနောက်ဘက် သမကျေးရွာ ရွာချင်းဆက်လမ်း အေးရွာအနီးမြေနီလမ်းပေါ်တွင် ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
"9 mm ကျည် ၃ တောင့်နဲ့ ပစ်ခတ်ရာမှာ နောက်ကျော နှစ်ချက် ၊ ခေါင်းတစ်ချက် ထိမှန် သေဆုံးပါတယ်" ဟု 9 Stars UG Bagoမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သေဆုံးသွားသော ရဲအုပ်ကေသီခိုင်သည် ညောင်လေးပင်ရဲစခန်းတွင် တာဝန်ကျနေပြီး ၎င်း၏ ခင်ပွန်းဖြစ်သူသည် ဒိုက်ဦးမြို့နယ်ရဲစခန်းတွင် တာဝန်ကျနေသော ရဲတစ်ဦးဖြစ်ကြောင်း၊ ရဲအုပ်ကေသီခိုင်သည် အထက်အရာရှိများနှင့်ပူးပေါင်းပြီး ပြွန်တန်ဆာမြို့ ဂျို့ပင် ကျေးရွားနှင့် သမကျေးရွာမှ ပြည်သူများကို စီးပွားရှာအမြတ်ထုတ်နေသူဖြစ်ကြောင်း၊ ရဲအုပ်ကေသီခိုင်၏ ဖခင်ဖြစ်သူ ဌေးလွင်မှာ လယ်ယာမြေများသိမ်းဆည်းမှုများဖြင့် ပြည်သူများကို အနိုင်ကျင့် လုပ်ဆောင်နေကြောင်း၊ ပြည်သူများ၏ တိုင်တန်းချက်အရ ရဲအုပ် ကေသီခိုင်ကို ရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
" ရဲအုပ်ကေသီခိုင်တို့ သားအဖက လယ်ယာမြေ ဧက ၅၀၀ ကျော်ကိုအထက် လူကြီးနဲ့ပေါင်း မတရားသိမ်းဆည်းပြီးပြန်လည်ရောင်းစားနေတာလို့ သိရတယ်။ သူ့ဖခင် ဌေးလွင်ကို သေနတ် ပေးထားပြီး ဘေးပတ်ဝန်းကျင် ရွာတွေကို အနိုင်ကျင့်စေခိုင်းနေသူပါ။ စစ်ကောင်စီခန့် အုပ်ကြီး လည်း မဟုတ်၊ ရာအိမ်မှူးလည်း မဟုတ်ဘဲ ဋ္ဌေးလွင်ကလည်း အဲဒီ ပတ်ဝန်းကျင်မှာသမီးအရှိန်အဝါနဲ့ ထင်တိုင်းကြဲတန်ခိုးထွားနေသူပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ပြည်သူက မခံနိုင်လို့တိုင်ပါများရင်တော့ မိန်းမယောကျာ်းခွဲခြားနေမှာမဟုတ်ပါဘူး။ အပြစ်ရှိတဲ့ သူကိုတော့ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသားပဲ အပြစ်ပေးမှာပါ။ အခုလည်း မဆိုင်တဲ့ပြည်သူတွေကို ပြဿနာရှာ နေတယ်လို့ကြားရတယ်" ဟု 9 Stars UG Bagoမှ တာဝန်ရှိသူက ရှင်းပြသည်။
9 Stars UG Bago က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ပျူစောထီးများနှင့် သတင်းပေးများကို ဆက်လက် တိုက်ခိုက်ရှင်းလင်းမည်ဖြစ် ကြောင်း ကြေညာထားသည်။

မင်းကင်း၊ မတောကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု သေဆုံးသူပြည်သူ အရေအတွက် ၃၀ ဦးအထိတိုးလာ
ရန်ကုန်၊ ဇွန် ၄
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သားသေဆုံးမှု တိုးလာပြီး သေဆုံးသူအရေအတွက် ၃၀ ဦး အထိရှိလာပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုကြသည်။
ယမန်နေ့ ဇွန်လ ၃ ရက်နေ့ နံနက်ခင်း ၈နာရီခွဲအချိန် မတောကျေးရွာတွင် မနှင်းဆီ၏ မင်္ဂလာဆောင် ကျင်းပနေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးသည် မင်္ဂလာဆောင်အိမ်နှင့် ထမင်းကျွေးသည့် အဆောင်အကြား ကျရောက်သွားပြီး ဗုံးပေါက်ကွဲမှုကြောင့် နေရာတွင်ပင် ၂၂ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနောက် ဒဏ်ရာရသူများလည်း ထပ်မံ သေဆုံးရာမှ သေဆုံးသူ ၃၀ ဦးအထိ တိုးလာကြောင်း သိရှိရသည်။
"ပစ်ခတ်တာက ပအဖအဖွဲ့ဝင် မနှင်းဆီ ရဲ့ မင်္ဂလာဆောင်ကို လာပစ်တာ။ ပစ်တဲ့နေရာက မင်္ဂလာဆောင်အိမ်နဲ့ ထမင်း ကျွေးရုံ ကြားကို ပစ်သွားတာ။ ပြောရရင် ပွဲလူများတဲ့ နေရာကိုပစ်တာသွားတာ။ သေဆုံးမှုကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးတာက ၂၂ လောင်းပေါ့ဗျာ။ ဒါက ရုပ်အ လောင်းပီသတဲ့ အလောင်းပေါ့။ တစ်ပိုင်းတစ်စစီဖြစ်တဲ့အ လောင်း တွေလည်း ရှိတယ်။စာရင်းအတိကျတော့ စာရင်းမပြုစုရ သေးဘူး။ ဒဏ်ရာရတဲ့ သူတွေထဲလည်း သေဆုံးတာ တွေရှိတယ်ဗျ။အခုသေဆုံးသူ ၃၀ အထိရှိနေပြီ။ဒဏ်ရာရသူ ၂၆ ဦးရှိတယ်။ပြင်းထန်ဒဏ်ရရထားသူတွေလည်း ရှိတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည် ။
မင်းကင်းမြို့နယ်အတွင်းတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး စစ်ကောင်စီက စစ်ကြောင်းထိုး ထပ်မံ လာရောက်မည်ဆိုသောသတင်းနှင့် လေယာဉ်ဖြင့် ဗုံးထပ်မံ ကျဲမည်ဆိုသော သတင်းများကြောင့် မတောကျေးရွာမှ ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။