Khit Thit Media
576K subscribers
165K photos
1.25K videos
12 files
3.53K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
မုံရွာ -ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော စစ်တပ်နှင့် ကြေးနီသယ် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အ ကြမ်းဖက်စစ်ကြောင်းနှင့် ကြေးနီသယ်စစ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း People's Defense Force - South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ချောင်းဦးမြို့နယ်၊ ဂွေးပင်တော ဘုန်းကြီးကျောင်းမှ ထွက်လာပြီး ရေပိုးစားကန်အနီး လမ်းမပေါ်တွင် လမ်းသွား၊ လမ်းလာ ခရီးသည်တင်ကားများကို တားဆီး စစ်ဆေးနေသည့် အကြမ်းဖက်စစ်သားများကို လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၁ ဦးနေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ယနေ့ နံနက်ပိုင်း အဆိုပါ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသော စစ်သားများအနက်မှ စစ်သား ၂ ဦးထပ်မံ သေဆုံးသွားကြောင်း သိရသည်။

“ဝင်ပစ်တဲ့ခဲ့သတင်းက မနေ့က ဖြစ်ဖြစ်ချင်း ၁ ဦးသေတယ်။ ဒီနေ့မနက် ၂ ဦးထပ်သေတယ်လို့ သိရပါတယ်။ အလောင်းတွေက ဒီမနက်အထိတော့ ရေပိုးစာဘုန်းကြီးကျောင်းထဲမှာပဲ ရှိသေးတယ်။ ဘယ်ကို ဆက်သယ်မယ်ဆိုတာ သတင်းမရသေးဘူး။ မနေ့က တိုက်ခိုက်ခံရပြီးတော့ အင်အား ထပ် တိုးထားတယ်လို့ သိရပါတယ်။ လက်ရှိရေပိုးစားမှာ အင်အားက ၃၀ ကျော်ရှိနေပါတယ်။” ဟု People's Defense Force - South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူ Daung Karyan က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း - People's Defense Force - South Monywa တပ်ခွဲ ၂ Black Hunter People's Task Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နွေဦး လူငယ် People's Defense Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သား များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် မုံရွာမြို့ဘက်မှ ချောင်းဦးမြို့ဘက်သို့ ကြေးနီများတင်ဆောင်ပြီး ထွက်ခွာလာသော အကြမ်းဖက်စစ်ယာဉ်တန်းကို ချောင်းဦးမြို့နယ်၊ နတ် ရေကန်ကျေးရွာနှင့် ငါးယှန်ကျေးရွာအရောက် ပဒေသာမိုင်း ၅ လုံးတွဲ တစ်တွဲ ၊ ၃ လုံးတွဲ ၁ တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၈ နာရီ ၅၅ မိနစ်တွင် ဝမ်ပေါင်ကုမ္ပဏီမှ တင်နီများတင်ဆောင်ပြီး မုံရွာမြို့ဘက်မှ ချောင်းဦးမြို့ဘက်သို့ ထပ်မံထွက်ခွာလာသော ကြေးနီကား ၈ စီး နှင့် Jammer ကားတစ်စီးပါယာဥ် တန်း အနက် ၈ စီးမြောက်လိုက်ပါလာသော Jammer ကားကို မုံရွာ-ချောင်းဦးလမ်းပိုင်း၌ ထန်းလုံး မိုင်း အကြီး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာကြောင်း သိရသည်။

“ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီကနေ ထွက်လာတဲ့ ကြေးနီးတင်ကားတွေနဲ့ လုံခြုံရေး ယူပေးတဲ့ စစ်ခွေးယာဉ်တန်းကို မိုင်းဆွဲခဲ့ ၂ နေရာပါ။ နောက်ဆက်တွဲသတင်းက စုံစမ်းနေတုန်းပဲ၊ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်မှုရှိခဲ့ပေမယ့် ကျနော်တို့ရဲဘောတွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။” ဟု People's Defense Force - South Monywa တပ်ဖွဲ့မှ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People's Defense Force - South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ တပ်စု ၂ Youth Vigor Revolution Force နှင့် တောသား ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီပဲယင်းမြိုနယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊မေ ၂

ဒီပဲယင်းမြို့နယ်တွင် ပြည်သူများ စုပေါင်း၍ စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်တပ်ကို အလိုမရှိဆန့်ကျင်ကြောင်း၊ ပြည်သူ့အစိုးရ NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုသာ ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် သပိတ်ချီတက်ခဲ့ကြသည်။
စစ်တပ် ထုတ်ကုန် မြန်မာဘီယာ ဝယ်ယူသောက်သုံးခဲ့ကြသော TNLA ရဲဘော်များကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနှင့် လူမှုရေးပြစ်ဒဏ်များချမှတ် အရေးယူဟုဆို

ရန်ကုန်၊ မေ ၂

စစ်တပ် ထုတ်ကုန် မြန်မာဘီယာကို သောက်သုံးခဲ့ကြသော TNLA ရဲဘော်များကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနှင့် လူမှုရေးပြစ်ဒဏ်များချမှတ် အပြစ်ပေးလိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

မွေးနေ့ပွဲပါတီတစ်ခုတွင် TNLA က တားမြစ်ကန့်သတ်ထားသော မြန်မာဘီယာကို ‌သောက်သုံးခဲ့သည့် တပ်ဖွဲ့ဝင်ရဲဘော်များကို အပြစ်ပေးအရေးယူခဲ့ကြောင်း၊ မေလ ၂ ရက်နေ့တွင် တားမြစ်ထုတ်ကုန် မြန်မာဘီယာ သောက်သုံးနေသော TNLA ရဲဘော်များကို ကြိမ်ဒဏ် ၁၀ ချက်၊ အလုပ်ကြမ်း ၁ လ နှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့ကြောင်း TNLA ကဆိုသည်။

၂၀၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအမြစ်ပျက်ကျဆုံးရန် စစ်ကောင်စီ၏ အရေးပါသော စီးပွားရေးမဏ္ဏိုင်ပြိုလှဲရန် နှင့် စစ်ကောင်စီ ဝင်ငွေလမ်းကြောင်း ပိတ်ပင်ရန် ရည်ရွယ်ပြီး PSLF/TNLAမှ စစ်ကောင်စီ ထုတ်ကုန်များ ရောင်းဝယ်စားသုံးခြင်း မပြုလုပ်ရန် ထုတ်ကုန်များအား ပိတ်ပင်တားမြစ်ခဲ့ကြောင်း၊ ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် PSLF/TNLA က စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း၀ယ်စားသုံးခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါအမိန့်ထုတ်ပြန်ချက်အတိုင်း တားမြစ်ကုန်ထုတ်ပစ္စည်း ရောင်းဝယ်သူများကို တွေ့ရှိပါက အကြိမ်ကြိမ် သတိပေးပြုလုပ်ပြီးမှ ထုတ်ကုန်များကို ရောင်းသူဆိုင်ရှင် အများးရှေ့မှောက်တွင် ဖျက်ဆီးခဲ့ကြောင်း TNLAက ဆိုသည်။

TNLA က သိမ်းပိုက်ထားသော အုပ်ချုပ်နယ်မြေ မြို ၇ မြို့တွင် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း‌ဝယ်စားသုံးနေသာ သူများ တွေ့ရှိပါက ထုတ်ပြန်ချက်ပါ အမိန့်အတိုင်း အရေးယူ ဆောင် ရွက်သွားမည် ဟု TNLA က ထုတ်ပြန်ထားသည်။
အမျိုးသားများနှင့်သက်ဆိုင်သည့် ပြည်ပအလုပ်ခေါ်စာများအားလုံး စစ်ကောင်စီက ယာယီပိတ်ပင်လိုက်ပြီး ပြန်လည်ခွင့်ပြုမည့်အချိန် မသိဟု အလုပ်သမားဝန်ကြီးဌာနက ပြော

■ ပြည်ပအလုပ်ခေါ်စာခွင့်ပြုချက်ရရှိထားပြီးသူ ၁၀၀၀ ကျော်ရှိပြီး ပြည်ပ အလုပ်ထွက်လုပ်ရန်စီစဉ်နေသူ လူငယ်သောင်းချီ ပိတ်မိ

ရန်ကုန်၊ မေ ၂

မြန်မာနိုင်ငံမှ အမျိုးသားများနှင့်သက်ဆိုင်သည့် ပြည်ပအလုပ်ခေါ်စာများအားလုံး စစ်ကောင်စီက ယာယီပိတ်ပင်လိုက်ပြီး ပြန်လည်ခွင့်ပြုမည့်အချိန် မသိသေးဟု အလုပ်သမားဝန်ကြီးဌာနက အကြောင်းပြန်ကြားလာကြောင်း ရွှေမြန်မာ့ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

"အမျိုးသားတွေနဲ့ပတ်သက်တဲ့ ပြည်ပ အလုပ်ခေါ်စာ Demand တွေ တင်မရတော့ဘူး။ ဘယ်တော့ ပြန်ခွင့်ပြုမလဲဆိုတာလည်း မသိဘူးလို့ အလုပ်သမားဝန်ကြီးဌာနဘက်က​ ပြောတယ်။ ရှေ့မှာ Demand အလုပ်ခေါ်စာ ကျထားပြီးသားကလည်း ၁၀၀၀ ကျော်ရှိတယ်။ ဒါက ကျနော်တို့ သိတာပဲရှိသေးတာ။ ကျနော်တို့မသိတဲ့ အလုပ်ခေါ်စာတွေဆိုရင်လည်း ထောင်ချီရှိနိုင်တယ်။ အခုက မလေးရှား၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ UAE ထွက်ဖို့ လုပ်နေတဲ့ လူငယ်တွေက ထောင်သောင်းချီရှိတယ်။ ကိုရီးယားဘာသာစကား၊ ဂျပန်ဘာသာစကား စာ မေးပွဲဖြေဖို့ လျှောက်လွှာ တင်ထားတာ လူငယ် ၁ သိန်းကျော်ပါတယ်။ လူငယ်တွေ အကုန်လုံးပိတ်မိသွားပြီလို့ ပြောလို့ရတယ်" ဟု ရွှေမြန်မာ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူက ရှင်းပြသည်။

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာများ မေလ ၁ ရက်နေ့မှ စတင် ဆိုင်းငံ့ထားမှုကို တရားဝင် အမိန့်ထုတ်ပြန်ခြင်းမရှိဘဲ နှုတ်အားဖြင့်သာ ပြည်ပအလုပ်အကိုင်အေဂျင်စီများကို အသိပေးကြောင်း၊ လက်ရှိတွင် ဧပြီလ ၃၀ ရက်နေ့အထိ အလုပ်ခေါ်စာများကိုသာ စစ်ကောင်စီက ခွင့်ပြုချက် ချထားပေးနေကြောင်း သိရှိရသည်။

“အကြောင်းကြားစာတို့၊ ရုံးစာအနေနဲ့တို့ကတော့ အလုပ်သမားဝန်ကြီးဌာန Page တို့ Telegram Channel တို့တွေ ကနေ စောင့်ကြည့်ရတာ။လက်ရှိအချိန်တော့ ထွက်ခွင့် ပိတ်တာအပေါ် တရားဝင်စာတော့ ထုတ်ပေးတာ မရှိသေးဘူး။ သတင်းတွေကတော့ အဲလိုမျိုးထွက်တာတော့ ရှိတယ်။ တရားဝင်စာထွက်တာမျိုးတော့ မရှိသေးလို့ စောင့်ကြည့်နေတယ်။” ဟု Global F.O.R Co, Ltd ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြော ကြာားသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ကလည်း အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများ ပြည်ပအလုပ်အကိုင်ပိတ်သိမ်းမှုအပေါ် နှုတ်မိန့်ဖြင့် နီးစပ်ရာ အသိပေးလာကြောင်း ပြောဆိုသည်။

“ကျနော်တို့ဆီတော့ တိကျသေချာတဲ့ အကြောင်းကြားမှု မရောက်သေးပါဘူး။ ကျနော်တို့လည်း ကြားတော့ ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီကို သေချာတဲ့ ညွှန်ကြားချက်မျိုး မရသေးပါဘူး။ ကုမ္ပဏီကတော့ ပုံမှန်အတိုင်းပဲ ဆက်လက်လုပ်ကိုင်လည်ပတ်နေတုန်းပဲ။” ဟု Yumeyuki ပြည်ပအလုပ် အကိုင် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက အသက်သွင်းကြောင်း ကြေညာပြီးနောက် ယနေ့အထိ ၃ လနီးပါး ကာလအတွင်း ပြည်တွင်းမှ အမျိုးသား ၈ သောင်းကျော် ပြည်ပအလုပ်ထွက်လုပ်ရန် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ အလုပ်ခေါ်စာများ တင်ပြလာခြင်းများရှိကြောင်း စစ်ကောင်စီ၏ ကိန်းဂဏန်းအချက်အလက်များအရ သိရှိရသည်။

ဓာတ်ပုံ- မတ်လအတွင်း ပြည်ပထွက်သူများဖြင့် စုပြုံတိုးနေသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်။
Khit Thit သတင်းဌာန၏ မေ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ကရင်ပြည်နယ်က မြ၀တီမြို့သိမ်းတိုက်ပွဲမှာ အမှန်တကယ် အကျိုး အမြတ်ရသွားတာက စစ်တပ် လက်အောက်ခံ နယ်ခြားစောင့် BGF ခေါင်းဆောင် စောချစ်သူ ဖြစ်ပြီး ကရင်ပြည်နယ်ရဲ့ တရား ဥပဒေစိုးမိုးမှု၊ အုပ်ချုပ်ရေးယန္တရားနဲ့ လူ့အခွင့်အရေးတွေကိုပါ ကင်ဆာရောဂါလို BGF က ဖျက်ဆီးလိမ့်မယ်လို့ နိုင်ငံတကာကျွမ်းကျင်ပညာရှင်တချို့က AlJazeera သတင်းဌာနကို ပြောဆိုလိုက်ကြပါတယ်။

- အကြမ်းဖက် စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်ရဲ့ သမီး သိမ့်ဝင်းထက် ဆိုသူကို ပြင်သစ်မှာ ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိဘူးလို့ Justice For Myanmar က ပြင်သစ်သတင်းစာ Le Monde ကို ကိုးကားပြီးတော့ သတင်းထုတ်ပြန်ထားပါတယ်။

- ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သတင်းတု၊ သတင်းအမှားနဲ့ အမုန်းစကားတွေ ပြန့် ပွားနေပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နဲ့ တင်းမာမှုတွေ ပိုမိုတိုးပွားနေတဲ့အတွက် ကုလသမဂ္ဂ က စိုးရိမ်နေတယ်လို့ ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။


https://www.youtube.com/watch?v=WKiKypI5g8s
သံတောင်ကြီး၊ မုံရွာနှင့် ဖားကန့် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ

ရန်ကုန်၊ မေ ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ပျားစခန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သံတောင် ၁၃ မိုင်စခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပျားစခန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁ လုံးထိမှန်ကာ အသက် ၁၄ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၇၀ အရွယ် အဖွားအို ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"သံတောင်ကြီး ပျားစခန်ရွာထဲ စစ်တပ်က ပစ်တဲ့ လက်နက်ကြီး ကျလို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၁ လုံး ပျက်စီးသွားတယ်။ ဒဏ်ရာရသူတွေကို တောင်ငူဘက် ဆေးရုံပို့ထားတယ်။ အမျိုးသား ၁ ဦးကတော့ စိုးရိမ်ရတယ်။ သံတောင် ၁၃ မိုင် စစ်တပ် စခန်းကပစ်တာ" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လယ်ဇင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၁ ရက်နေ့ ညပိုင်းတွင် မုံရွာ- မန္တလေး လမ်းပိုင်းရှိ မအူစစ်ဆေးရေးဂိတ်မှ အကြမ်းဖက် စစ်ကောင်စီတပ်သားများက လယ်ဇင်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူ အသက် ၆၀ ကျော်အရွယ် ဒေါ်ကွင့်နှင့် အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသမီး ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၁ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးသည် ဆိပ်မူကျေးရွာရှိ စမ်းသီတာကုန်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၁ လုံး ထိမှန်ကာ အသက် ၃၅ နှစ် အရွယ် မအိမာနှင့် အမည်မသိ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရကာ ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။