မိုင်းတုံတွင် တရုတ်ကျားဖြန့် လုပ်ငန်းများကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်က လာဘ်ငွေယူ အကာအကွယ် ပေးထားပြီး လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လုပ်ငန်းများစွာကို ဆက်ကြေးယူ ခွင့်ပြုထား
ရန်ကုန်၊ မေ ၂
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ နယ်စပ်မြို့ဖြစ်သည့် မိုင်းတုံမြို့နယ်တွင် တရုတ်ကျားဖြန့်လုပ်ငန်းများ အခြေချလာနေပြီး ယင်းလုပ် ငန်းများကို မိုင်းတုံအခြေစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင် ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့များက အကာအကွယ်ပေးထားကြောင်း မိုင်းတုံတပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ နှိမ်နင်းခံရသော အွန်လိုင်းငွေလိမ်လည်သည့် တရုတ်ကျားဖြန့်ဂိုဏ်းများနှင့် လုပ်ကိုင်သူများ သည် မိုင်းတုံမြို့နယ်အတွင်းသို့ ပုံစံမျိုးဖြင့် ဝင်ရောက်လာကြောင်း၊ ယင်းသို့ဝင်ရောက်လာသော ကျားဖြန့် လုပ်ငန်းလုပ်ကိုင်သူများသည် မိုင်းတုံအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်ထံသို့ တိုက်ရိုက်ချိတ်ဆက်ကာ လိုင်းကြေးပေးခြင်း၊ လာဘ်ငွေပေးခြင်းများဖြင့် လုပ်ငန်းများ တရားဝင် စတင်ထူထောင်နေကြကြောင်း သိရှိရသည်။
"ရှမ်းမြောက်က ကျားဖြန့် တရုတ်တွေရော ဗမာတွေရော ထိုင်းနဲ့ ဗီယက်နမ်တွေလည်းပါတယ်။ မိုင်းတုံဘက်ကိုဝင်လာကြတာ။ ကျားဖြန့်တွေက အဓိက မိုင်းတုံမြို့က စီးပွားရေးသမားတွေနဲ့ ချိတ်ဆက်ပြီးမှ ဝင်တယ်။ မိုင်းတုံမြို့ခံ စီးပွားရေးသမားတွေက ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်ဆီ ဝင်တယ်။ ကျော်ထင်ကနေ သူရဲ့ တပည့် ဗိုလ်ကြီး သက်မြတ်စိုးကနေတစ်ဆင့် လိုအပ်တာတွေ လုပ်ပေးခိုင်းတယ်။ ဆရာတပည့် အတွဲညီညီ စီးပွားဖြစ်နေကြတာ" ဟု တပ်တွင်းသတင်းရင်းမြစ်က ရှင်းပြသည်။
ထို့ပြင် မိုင်းတုံမြို့တွင် မူးယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်သည့် ဂိုဏ်းများ၊ လောင်းကစားများ၊ ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်များလည်းရှိနေပြီး ယင်းပြည်သူ့စစ်အဖွဲ့များကလည်း မိုင်းတုံဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်ထံသို့ တရားမဝင် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန်အတွက် လစဉ် ဆက်ကြေးပေးပို့ရကြောင်း သိရှိရသည်။
" မိုင်းတုံမှာလည်း တပ်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေအများကြီးပဲ။ ပြည်သူ့စစ်တွေက မူးယစ်ဆေးဝါးရောင်းတယ်၊ ဖြန့်တယ်။ လောင်းကစားရုံတွေလုပ်တယ်။ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်တယ်။ အဲဒါတွေကို တပ်က ခွင့်ပြုထားတယ်။ ပြည်သူ့စစ်တွေကလည်း ဗျူဟာမှူးအတွက် လစဉ် ဂါ၀ရကြေးဆိုပြီး တပ်ထိပ်ပိုင်းတွေဆီကို ဆက်ကြေးပေးနေတယ်"ဟု တပ်တွင်းသတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
ထို့ပြင် မိုင်းတုံဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်၏ တပည့်ဖြစ်သူ ဗိုလ်ကြီးသက်မြတ်စိုးက တရားမဝင် သတ္တုတူးဖော်ရေး လုပ်ငန်းများကို လုပ်ခွင့်ပေးခြင်း၊ စီးပွားရေးသမားများနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်ခြင်း၊ မြို့အဝင်မြို့အထွက်ဂိတ်များတွင် ကုန်ကားများကို တပ်ရန်ပုံတွေအတွက် ငွေကြေးတောင်းခံခြင်း သံလွင်မြစ်တွင် တရားမဝင် ရွှေတူးဖော်သည့် ဖောင်များကို ငွေကြေးရယူ၍ ခွင့်ပြုပေးခြင်းများကိုလည်း လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

ကျိုက်ထို၊ မရမ်းချောင် အကျဉ်းဦးစီး လက်ထောက်ညွန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း စင်းအောင်(ခ)ဝင်းအောင် မယားငယ်၏နေအိမ်ရှေ့တွင် ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတိုသေနတ်တစ်လက်သိမ်းဆည်းရရှိ
ရန်ကုန်၊ မေ ၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွန်ကြား ရေးမှူး ဗိုလ်ကြီးဟောင်း စင်းအောင်(ခ)ဝင်းအောင်ကို ၎င်း၏မယားငယ်နေအိမ်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွား ပြီး ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု - KRF က သတင်းထုတ်ပြန်သည်။
ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၉ မိနစ်အချိန် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်း ဦးစီး ဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး စင်းအောင်(ခ)ဝင်းအောင်ကို ဘီးလင်းမြို့နယ်၊ ယက္ကန်း သည်မကျေးရွာကျေးရွာရှိ ၎င်း၏ မယားငယ်နေအိမ်ရှေ့တွင် ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ ပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ စင်းအောင်(ခ) ဝင်းအောင်မှာ စစ်မှုထမ်းဟောင်း ဗိုလ်ကြီးတစ်ဦးဖြစ်ပြီး လက်နက်လည်း ကိုင်ဆောင်ထားကာ တော်လှန်ရေးအဖွဲ့များ၏ သတင်းများကို ကိုယ်တိုင် စုံစမ်း၍ စစ်တပ်နှင့် ရဲကို သတင်းပေးခြင်း၊ တော်လှန်ရေးလုပ်ငန်းများကို နှောင့်ယှက်ခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်း ဖြစ် ကျိုက်ထိုတော်လှန်ရေး အင်အားစု - KRF က အသိပေးထားသည်။
ထိုသို့ ပစ်ခတ်ရှင်းပြီးနောက် ၎င်းထံမှ သက်သေခံ ပစ္စတို သေနတ်တစ်လက် နှင့် ဝန်ထမ်းကတ် များ ကို သိမ်း ဆည်း ရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ ကြောင်း သိရသည်။
ကျိုက်ထိုတော်လှန်ရေး အင်အားစု - KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှဉ်းမရှိပါကြောင်း ထုတ်ပြန်ထားသည်။

မြ၀တီမြို့သိမ်းတိုက်ပွဲတွင် BGF ခေါင်းဆောင် စောချစ်သူက စစ်ကောင်စီနှင့် KNU နှစ်ဖက်စလုံးကို ကစားခဲ့ကာ အကျိုး အမြတ်ထုတ်
■ ရွှေက္ကိုလ်အပါအဝင် တစ်ကမ္ဘာလုံးရှိ ကျားဖြန့်လုပ်ငန်းများက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ အထိ အကျိုးအမြတ်ရှိ
ရန်ကုန်၊ မေ ၂
ကရင်ပြည်နယ်၊ မြ၀တီမြို့သိမ်းတိုက်ပွဲတွင် အမှန်တကယ် အနိုင်ရ အကျိုး အမြတ်ဖြစ်ထွန်းခဲ့သူမှာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဖြစ်ပြီး ကရင်ပြည်နယ်၏ တရားဥပဒေစိုးမိုးမှု၊ ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားနှင့် လူ့အခွင့်အရေးများကို ကင်ဆာရောဂါကဲ့သို့ BGF က ဖျက်ဆီးလိမ့်မည်ဟု နိုင်ငံတကာကျွမ်းကျင်ပညာရှင်တချို့က AlJazeera သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဧပြီလအတွင်း ဖြစ်ပွားခဲ့သော မြ၀တီမြို့သိမ်းတိုက်ပွဲအခြေအနေများတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ စစ်တပ်နှင့် KNU နှစ်ဖက်စလုံးကို ၎င်း၏ အကျိုးအမြတ်အတွက် ဦးတည်ကစားခဲ့ကြောင်း၊ အမှန်တကယ် အကျိုးအမြတ်ထွက်ခဲ့သူမှာ BGF ခေါင်းဆောင် စောချစ်သူဖြစ်ကြောင်း အမေရိကန်အခြေစိုက် USIP (United States Institute of Peace) မှ ဒါရိုက်တာ Jason Tower က ပြောဆိုသည်။
"အခုဆိုရင် သိသာထင်ရှားလာတာက BGF က နှစ်ဖက်စလုံးကို ကစားသွားပြီးတော့ နောက်ဆုံးမှာ စစ်တပ်ကို ၂၇၅ တပ်မှာ အလံတင်နိုင်အောင် နဲ့ စစ်အာဏာရှင်ကို ကူညီခဲ့တာဖြစ်တယ်။ တကယ်တမ်း အနိုင်ရသွားတဲ့သူက BGF ပါပဲ။ ဒီလို အနိုင်ရသွားတဲ့အတွက်ကြောင့်လည်း တရားမဝင် ရာဇဝတ်ဂိုဏ်းတွေအတွက် BGF ရဲ့ ထိန်းချုပ်နယ်မြေတွေက ပိုပြီးတော့ ကျယ်ပြန့်လာမှာဖြစ်ပါတယ်" ဟု USIPမှ ဒါရိုက်တာ Jason Tower က ဆိုသည်။
လက်ရှိတွင် တရုတ်အွန်လိုင်းငွေလိမ်လည်သည့် ကျားဖြန့်ဂိုဏ်းများ အပါအဝင် ရာဇဝတ်ဂိုဏ်းများကို အကာအကွယ်ပေးမှုမှ BGF အနေဖြင့် အကျိုးအမြတ်ရရရှိမည်ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျားဖြန့်လုပ်ငန်းများက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ အထိ အကျိုးအမြတ်များ ရှိကြောင်း USIP ကဆိုသည်။
မြန်မာ့အရေးလေ့လာသူ Kim Jollifeကမူ လက်ရှိတွင် မြ၀တီသည် BGF လက်ထဲတွင်သာရှိနေပြီး မြန်မာစစ်တပ်အနေဖြင့် မြ၀တီကို လုံး၀ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း၊ အမှန်တကယ် လက်တွေ့ ဘာတွေဖြစ်ခဲသလဲဆိုသည်ကို အတိအကျ မသိရှိရကြောင်း၊ စောချစ်သူက နှစ်ဖက်စလုံးကို ကစားခြင်းမှ အကျိုးအမြတ် ထုတ်သွားခြင်း ဖြစ်နိုင်သကဲ့သို့ BGF အတွင်းတွင်လည်း စစ်တပ် ထောက်ခံသူနှင့် KNU ထံသို့ ပူးပေါင်းလိုသူ ကွဲပြားနေမှုများလည်း ရှိနိုင်ကြောင်း၊ စောချစ်သူ မည်သည့် ဘက်ကို လိုက်မလဲဆိုသည်မှာလည်း မကွဲပြားသေးကြောင်း သုံးသပ်သည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ၏ ဘန်ကောက်အခြေစိုက် အာရှရေးရာ လက်ထောက်ဒါရိုက်တာ Phil Robertsonကမူ စောချစ်သူသည် ကရင်ပြည်နယ်ကို ကင်ဆာရောဂါကဲ့သို့ ဖျက်ဆီးမှုကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ကိုယ်တွယ်ရလိမ့်မည်ဟု သုံးသပ်သည်။
"တရုတ်ရာဇဝတ်ကောင်တွေရဲ့ ဆန္ဒကို အကောင်အထည်ဖော် လည်ပတ်နေတဲ့ ရွှေက္ကိုလ်ဟာ ကျားဖြန့် လိမ်လည်မှု၊ လူကုန်ကူးမှု၊ လောင်းကစားနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေရဲ့ ဒုစရိုက်မြို့တော်အဖြစ် စောချစ်သူရဲ့ နယ်ခြားစောင့်တပ်တွေက အဓိက ကာကွယ်မှာပဲ။ စောချစ်သူက ကရင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ လူ့အခွင့်အရေးတွေကို ဆုံးရှုံးစေမယ့် ကင်ဆာရောဂါဖြစ်ပြီး နောက်ဆုံးမှာတော့ တစ်နည်းမဟုတ်တစ်နည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုပါလိမ့်မယ်" ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ၏ ဘန်ကောက်အခြေစိုက် အာရှရေးရာ လက်ထောက်ဒါရိုက်တာ Phil Robertson ကပြောဆိုသည်။

စစ်တပ်နှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက် ပြင်သစ်တွင် ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိဟုဆို
ရန်ကုန်၊ မေ ၂
စစ်တပ်နှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက် ပြင်သစ်တွင် ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိကြောင်း Justice For Myanmar က ပြင်သစ်သတင်းစာ Le Monde ကို ကိုးကား၍ သတင်းထုတ်ပြန်သည်။
သိမ့်ဝင်းထက်သည် မြန်မာစစ်တပ်ဆက်နွှယ် ခရိုနီစီးပွားရေးလုပ်ငန်းစုကြီး ရွှေဗျိုင်းဖြူအုပ်စုကို တည် ထောင်သည့် မိသားစု၏ မိသားစုဝင်တစ်ဦးဖြစ်ပြီး၊ ၎င်းအား အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ် ဆို့မှု ချမှတ်ထားကြောင်း၊ ပြင်ငသစ်နိုင်ငံ HEC Paris တွင် ကျောင်းတက်ရောက်လျက်ရှိရာ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းမှ အကျိုးအမြတ် ရရှိနေသည့် ၎င်း၏မိသားစုစီးပွားရေးမှ ငွေးကြေးထောက်ပံ့မှု ရရှိနေကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ပြင်သစ်ရှေ့နေများဖြစ်ကြသည့် William Bourdon နှင့် Lily Ravon တို့က Justice For Myanmar ၏ အကျိုးဆောင်ရှေ့နေများအဖြစ် ဆောင်ရွက်၍ သိမ့်ဝင်းထက်အား ပြင်သစ်အာဏာပိုင်များထံ တိုင်ကြားခဲ့ကြောင်း၊ Le Monde သတင်းဌာန၏ ရေးသားချက်အရ သိမ့်ဝင်းထက်၏ ပြင်သစ်နိုင်ငံအတွင်း နေထိုင်ခွင့် ဗီဇာကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် သက်တမ်းတိုးရတော့မည် ဖြစ်ကြောင်း၊ သို့ရာတွင် သူမ၏ ကျောင်းပညာသင်ကာလသည် အနည်းဆုံး ၂၀၂၄ ခုနှစ်အထိ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက “အကယ်၍ ဥရောပသမဂ္ဂ ဒါမှမဟုတ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိနေခဲ့မယ်ဆိုရင် ဗီဇာထုတ်ပေးမှာ မဟုတ်ပါဘူး။ အဆိုပါမိန်းကလေးအနေနဲ့ ဗီဇာသက်တမ်းတိုး လျှောက်လာပြီဆိုရင် ဒါက ပြဿနာတစ်ရပ် ဖြစ်လာမှာပါ” ဟု Le Monde သတင်းစာသို့ ပြောဆိုထားသည်။
တစ်ချိန်တည်းတွင် HEC Paris က ၎င်းတို့အနေဖြင့် ရှေ့နေတစ်ဦးဖြင့် စုံစမ်းမေးမြန်းမှုများ လုပ်ဆောင် လျက်ရှိပြီး် “ကျောင်း၏ ကျင့်ဝတ်ဆိုင်ရာ ကတိကဝတ်များနှင့် ဆန့်ကျင်နေသည့် အခြေအနေ သို့မဟုတ် လုပ်ရပ်ရှိကြောင်း အသိပေးတင်ပြမှုမှန်သမျှကို အလွန်အလေးအနက်ထား ဆောင်ရွက်ပါကြောင်း” Le Monde က သတင်းဖော်ပြထားသည်။
ပြင်သစ်အာဏာပိုင်များအနေဖြင့် သိမ့်ဝင်းထက်၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသင့်ပြီး၊ သူမ၏ ဗီဇာ ကိုလည်း ပြန်လည်ရုပ်သိမ်းသင့်ကြောင်း၊ ရွှေဗျိုင်းဖြူသည် မြန်မာစစ်တပ်နှင့် အရေးပါထင်ရှားသည့်ဆက်နွှယ်မှုရှိသော အဓိကခရိုနီလုပ်ငန်းစုကြီးတစ်ခု ဖြစ်သည်။ ထင်ရှားသည့်ဆက်နွှယ်မှုများတွင် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်) နှင့် ရေနံတင်ပို့ရန် မိတ်ဖက်ဆောင်ရွက်မှုတစ်ခုလည်း ပါဝင်ကြောင်း၊ ရွှေဗျိုင်းဖြူ ဥက္ကဌ သိန်းဝင်းဇော်သည် မြန်မာစစ်တပ်နှင့် ကာလကြာရှည် အကျိုးအမြတ်ရှာ ဆက်ဆံရေး တစ်ရပ် ရှိထားသူဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများတွင် အားပေးကူညီခြင်းအားဖြင့် သိန်းဝင်းဇော်သည် သစ်ထုတ်လုပ်ရေး၊ ကျောက်စိမ်း၊ သတ္တုတူးဖော်ရေးနှင့် အခြားမသမာစီးပွားရေး လုပ်ငန်းများတွင် အကျိုးအမြတ်ကြီးသော လုပ်ပိုင်ခွင့်စာချုပ်များ ရရှိခဲ့ကြောင်း သိရှိရသည်။
သိမ့်ဝင်းထက်သည် ရွှေဗျိုင်းဖြူက တယ်လီနောမြန်မာကို ဝယ်ယူစဉ် အတွင်း တည်ထောင်ခဲ့သည့် One Telecom Company Limited တွင် ရှယ်ယာရှင်နှင့် ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် သိမ့်ဝင်းထက်သည် ATOM Myanmar တွင် ဘဏ္ဍာရေးလေ့လာဆန်းစစ်သူအဖြစ် အလုပ်သင် ဆင်းခဲ့ကြောင်း သိရှိရသည်။
သိမ့်ဝင်းထက်သည် “မြန်မာ-ရုရှားမိတ်ဖက် ဆောင်ရွက်မှု ခိုင်မာစေရေး ရုရှားနိုင်ငံမှ ယုံကြည်နိုင်သော အရောင်းကိုယ်စား လှယ်များ ရှာဖွေရန်” အတွက် စုဖွဲ့တည်ထောင်ခဲ့သော လုပ်ငန်းစုကြီးတစ်ခုတွင် ပါဝင်သည့် မြန်မာရေနံကုမ္ပဏီ Min Shwe Myine Enterprise Limited တွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။
JFM ကိုယ်စားပြု ပြင်သစ်ရှေ့နေများဖြစ်သော William Bourdon နှင့် Lily Ravon တို့က မကြာ သေးမီက သိမ့်ဝင်းထက်အား ပြင်သစ်အာဏာပိုင်များထံ တိုင်ကြားခဲ့ပြီး၊ ပြင်သစ်အချုပ်အခြာနယ်မြေ အတွင်းရှိ သူမ၏ ပိုင်ဆိုင်မှုများအား သိမ်းဆည်းရန်နှင့် ပြင်သစ်နိုင်ငံအတွင်းမှ နှင်ထုတ်ရေး စဉ်းစားရန် တောင်းဆိုထားသည်။

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှ ကျေးရွာချင်းဆက်လမ်းများကို စစ်ကောင်စီက မြေကော်စက်များဖြင့် ဖျက်ဆီး၍ ပြည်သူများ အခက်တွေ့နေရ
ရန်ကုန်၊ မေ ၂
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှ ကျေးရွာချင်းဆက်လမ်းများကို စစ်ကောင်စီက မြေကော်စက်များဖြင့် ဖျက်ဆီး၍ ပြည်သူများ အခက်တွေ့နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၉ ရက်နေ့မှစတင်၍ စစ်တပ်က တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှ ဇာဒီ-ခေါင်ပြန်လမ်း၏ နေရာ ၂ ခုထက်မနည်းတွင် စစ်တပ်က မြေကော်စက်များဖြင့် လာရောက် ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း၊ ယင်းလမ်းသည် ကံပေါက်ဒေသနှင့် နဘုလယ်ဒေသတို့ကို ဆက်သွယ်သည့် လမ်းဖြစ်ပြီး လမ်းပိုင်း ဖြတ်ခံရသည့် ဇာဒီကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ အရေးပေါ်ကျန်းမာရေး၊ စားသောက်ကုန်များ ဝယ်ယူရေးတွင် လမ်းဖျက်ဆီးခံရ၍ သွားလာ၍ မရတော့ကြောင်း ဒေသပြည်သူများက ဆိုကြသည်။
"ရေဖြူမြို့နယ် ၊ကံပေါက် ဒေသ ဇာဒီရွာပတ်ဝန်းကျင်မှာရှိတဲ့ လမ်းတွေကို ဘက်ဖိုးတွေနဲ့ လာထိုးပြီး ဖျက်ဆီးတာ။ လမ်းတွေကို မြေတွင်းကြီးတူးပြီး ဖြတ်ထားတား။ ကား၊ ဆိုင်ကယ် လုံး၀ သွားမရဘူး။ စစ်တပ်က ဖျက်ဆီးသွားတာဆိုတော့ ဒေသပြည်သူတွေလည်း မပြင်ရဲဘူး" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
လမ်းများကို ဖျက်ဆီးထားသည့်အတွက် မြို့ဘက်သို့ သွား၍ စျေးအရောင်းအဝယ် လုပ်မရသည့်အပြင် နယ်မြေအေးချမ်းမှု အာမခံချက် မရှိတော့သကဲ့သို့ဖြစ်နေကြောင်း၊ စစ်တပ်က ယင်းကျေးရွာများသို့ အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်သဖြင့် တချို့ပြည်သူများမှာ ပစ္စည်းများ နိုင်သမျှ သယ်ယူ၍ ပြောင်းရွှေ့နေကြကြောင်း သိရှိရသည်။
"လမ်းတွေ လာဖြတ်ထားတာက အမည်းရောင် နယ်မြေဆိုတဲ့သဘောဖြစ်တော့ ဒေသပြည်သူတွေ အတော်ကို ဒုက္ခရောက်ကြတယ်။ လုပ်စားလို့လည်းမရ။ ပညာရေး ကျန်းမာရေး လူမှုရေး စီးပွားရေး အကုန်ထိခိုက်တယ်။ တချို့လည်း နိုင်ရာပစ္စည်း ယူပြီး ပြောင်းပြေးကြတယ်။ တိုက်ပွဲတွေ ဖြစ်လာမှာစိုးရိမ်ကြတာ"ဟု ဇာဒီကျေးရွာမှ ယာခင်းလုပ်ကိုင်သူက ရှင်းပြသည်။
ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားမှုရှိပြီး စစ်ရေးတင်းမာနေသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။

Khit Thit သတင်းဌာန၏ မေ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာတစ်နိုင်ငံလုံးမှာ ဓာတ်အားလိုင်းနဲ့တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံရလို့ တစ်နိုင်ငံလုံး မီးပြတ်နေရတာဆိုပြီး အကြမ်းဖက် စစ်ကောင်စီက အကြောင်းပြတဲ့အနေနဲ့ သတင်းထုတ်ပြန် လာပါတယ်။
- ရှမ်းပြည်နယ် အရှေ့ပိုင်းက မိုင်းတုံမြို့မှာ တရုတ်ကျားဖြန့် လုပ်ငန်းတွေကို အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင် ဆိုတဲ့သူက လာဘ်ငွေယူ အကာအကွယ် ပေးထားပြီး လောင်း ကစား၊ မူးယစ်ဆေးဝါး နဲ့ တရားမဝင်လုပ်ငန်းများစွာကို ဆက်ကြေးယူ ခွင့်ပြုထားတယ်လို့ မိုင်းတုံ တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မြောင်းတကာစံပြရွာမှာ စစ်မှုထမ်းဖို့ ကင်းလွတ်ခွင့်ပေးမယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က လူငယ်တစ်ဦးကို ငွေကျပ် ၁၀၀၀၀ နှုန်း ကောက်ခံနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/watch?v=7Dj-xCshrsk

YouTube
Khit Thit သတင်းဌာန၏ မေ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit သတင်းဌာန၏ မေ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာတစ်နိုင်ငံလုံးမှာ ဓာတ်အားလိုင်းနဲ့တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံရလို့ တစ်နိုင်ငံလုံး မီးပြတ်နေရတာဆိုပြီး အကြမ်းဖက်…