Khit Thit Media
576K subscribers
165K photos
1.25K videos
12 files
3.53K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
"မြို့ပြရှိူးဂမ်း"ကမ်ပိန်းကနေ တိုက်ခိုက်ရေးရဲဘော်တွေအတွက် တပ်ဆင်ပေးသွားမယ့် ကျည်ကာပြား၊ Vest နဲ့ ကျည်ကာဦးထုပ်တွေရဲ့ ဈေးနှုန်းများကို နိုင်ငံအလိုက် ဖော်ပြပေးလိုက်ပါတယ်။
သေနတ်လက်နက်ငယ်တွေနဲ့ ကျည်ဖိုးတွေ ထောက်ပို့ရမှာ အဆင်မပြေနိုင်တဲ့ ထောက်ပို့လေးတွေအနေနဲ့ ဒီလို ရဲဘော်အသက်တွေအကာအကွယ်ပေးတဲ့ Protection Gears တွေ ဝယ်ယူဖို့ အားဖြည့်ပေးနိုင်ပါပြီရှင်။
_________________________
📣 နိုင်ငံစုံကနေ 'Urban Shoguns Burma - မြို့ပြရှိုးဂမ်း' ကမ်ပိန်းကို မေတ္တာပြ ဝန်းရံပေးဖို့ နိုင်ငံတကာမှ FR များ list
https://www.facebook.com/share/ENuzrZZ1rZUQZCFs/?mibextid=WC7FNe
ကမ်ပိန်းအတွက် ကြိုက်နှစ်သက်ရာပမာဏအလိုက် ပါဝင်အားဖြည့် ထောက်ပို့နိုင်ပါပြီ
#မြို့ပြခေါ်သံShogunsအပြန် #UrbanShoguns #URF #မိုးဗြဲ #ဖယ်ခုံ #မြို့ပြ #whatshappeninginmyanmar #operation1111 #၁လေးလုံးစစ်ဆင်ရေး
မတ္တရာမြို့နယ်တွင် အိမ်စီးကားဖြင့် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးသေဆုံး၊ ချောင်းဦးမြို့တွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၁

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှ အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ထံမှ သိရသည်။

ဧပြီလ ၂၉ ရက်နေ့က မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှ အကြမ်းဖက်စစ်သား ၁၀ ဦးသည် Alphard အမျိုးအစား ကားလေး ၁ စီးဖြင့် ကျောက်တံတားရွာသစ်မြောက်ဘက် သို့ထွက်လာစဉ် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမှာ တိမ်းမှောက်သွားကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ ဗိုလ်တစ်ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ ယင်းဒဏ်ရာ ရရှိသူများလည်း ထပ်မံသေဆုံးနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပ.က.ဖ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ဘောလုံးကွင်း အနီးတပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့ ခြေစိုက် BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ချောင်းဦးမြို့ ဘောလုံးကွင်း မြောက်ဘက် သုံးထက်တိုက်ပေါ်တွင် တပ်စွဲနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါ စစ်ခွေး ၃ ကောင်ထိတယ်။ ၁ ကောင် သေဆုံးပြီး ၂ ကောင်ကတော့ ဒဏ်ရာပြင်းထန်ရရှိတယ်။ ချောင်းဦးဆေးရုံမှာ ဆေးကုသမှူခံယူနေတယ်။ လက်နက်ငယ်တွေနဲ့လည်း ရမ်သမ်းပစ်ခတ်နေပြီး အော်ဟစ်နေတယ်" ဟု ချောင်းဦးမြို့ ခြေစိုက် BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့ ခြေစိုက် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့၊ မုံရွာ ခရိုင် တပ်ရင်း ၈ ခရိုင် တပ်ရင်း ၁၂ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့ ရှငေါ်ကျေးရွာတွင် စစ်တပ်က စခန်းချ လမ်းပိတ်ထား၍ ခရီးသွားပြည်သူများ အခက်ကြုံနေရ

ရန်ကုန်၊ မေ ၁

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရှငေါ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်က စခန်းချကာ လမ်းပိတ်၍ ခရီးသွား ပြည်သူများ ဒုက္ခကြုံနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

စစ်တပ်က စခန်းချ လမ်းပိတ်ဆို့ထားသော ရှငေါ်ကျေးရွာသည် မြစ်ကြီးနား -ဝိုင်းမော်မြို့မှ ချိီဖွေမြို့၊ဆော့လော်မြို့၊ပန်ဝါမြို့သို့ သွားရာလမ်းတွင်ရှိပြီး အကြမ်းဖက်စစ်တပ်က လမ်းပိတ်ထား၍ နေရပ်ပြန်မည့် ပြည်သူများ အခက်ကြုံနေရကြောင်း၊ အကြမ်းဖက်စစ်တပ်က ဧပြီလ ၂၉ ရက်နေ့မှစတင်၍ လမ်းပိတ်ထားသည်မှာ ၃ ရက်ခန့်ကြာသည့်တိုင် ဖွင့်ပေးခြင်း မရှိကြောင်း၊ ထို့ကြောင့် ခရီးသွ​ြး ပြည်သူများမှာ လမ်းခုလတ်တွင် ပိတ်မိနေပြီး လမ်းဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေကြရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ လမ်းပိတ်မှုကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများတွင် ကျန်းမာရေးမကောင်း၍ ဆေးရုံတက်ရာမှ နေရပ်သို့ ပြန်မည့်သူများ၊ ကျောင်းတက်ရန် နေရပ်ပြန်သည့် ကျောင်းသူကျောင်းသားနှင့်ကလေးသူငယ်များလည်းပါဝင်ကြောင်း သိရှိရသည်။

"ဘာသဘောနဲ့ လမ်းပိတ်ထားလဲတော့မသိပါဘူး။ အခု ပိတ်မိနေတဲ့ ပြည်သူတွေက အတော်ကို ဒုက္ခရောက်နေကြတယ်။ ကလေးတွေရော၊ လူနာတွေရော၊ ကျောင်းသားတွေရော ဘာမှ လုပ်မရဘူး။ လမ်းပေါ်မှာပဲ လမ်းပြန်ဖွင့်မယ့်အချိန် အိပ်စောင့်နေရတယ်။ ဘေးနားပတ်ဝန်းကျင်က ပြည်သူတွေက ကူညီနေလို့သာ အဆင်ပြေနေတာ" ဟု ပိတ်မိနေသည့် ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ကညွတ်ကွင်း-‌ညောင်ပင်သာ ရထားလမ်း မိုင်းခွဲခံရပြီး ကုန်ရထား ၁ စီး လမ်းချော်၊ မလွှကုန်း မီးရထားစက်ရုံမှ Non CDM ဦးဝင်းကိုကို ကို စစ်တပ်က ပုဒ်မ ၅၀၅ ဖြင့် တရားဆွဲပြီး ဖမ်းဝရမ်းထုတ်ထား

ရန်ကုန်၊ မေ ၁

ပဲခူးတိုင်း၊ ကညွတ်ကွင်း-‌ညောင်ပင်သာ ရထားလမ်း မိုင်းခွဲခံရပြီး ကုန်ရထား ၁ စီး လမ်းချော်ခဲ့ကြောင်း မြန်မာ့ မီးရထားနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် ကညွတ်ကွင်း-‌ညောင်ပင်သာ ရထားလမ်း မိုင်းခွဲခံရပြီး ကုန်ရထား ၁ စီး လမ်းချော်ခဲ့ကြောင်း၊ အဆိုပါ ကုန်ရထား လမ်းချော်မှုကြောင့် အမှတ် ၁၁ အဆန် အမြန်ရထား ကျောက်တန်းမှ နောက်ပြန်လှန့်ခဲ့ရပြီး အမှတ် ၁၂ အဆန် အမြန်ရထားလည်း မြစ်သားမှ နောက်ပြန်လှန့်ကာ ရထားခရီးစဉ် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ယင်း လမ်းချော်သွားသော ရထားကို ပြန်လည် သယ်ယူရန် မလွှကုန်းစက်ရုံမှ T-60 ကရိန်းဖြင့် ရန်ကုန်ဘူတာ မှ ယနေ့ နံနက် ၇ နာရီခန့် တွင် ထွက်ခွာသွားကြောင်း သိရှိရသည်။

"901 UP ကုန်ရထား ဒီနေ့ နံနက် ၅ နာရီ ၁၅ ကညွတ်ကွင်း-‌ ညောင်ပင်သာ အကြား မိုင်းခွဲထားသည့် နေရာမှာ စက်ခေါင်းအပါအအဝင် တွဲ ၄ တွဲ လမ်းချော်ကျခဲ့တယ်။ အဲဖြစ်စဉ်ကြောင့် အမှတ် ၁၁ အဆန် အမြန်ရထား ကျောက်တန်းကန‌ေ နောက်ပြန်လှန့်ခဲ့ရတယ်။ နောက်ပြီး အမှတ် ၁၂ အဆန် အမြန်ရထားလည်း မြစ်သားကနေ နောက်ပြန် လှန့်ပြီး ရထားခရီးစဉ် ဖျက်သိမ်းခဲ့ရတယ်။ မိုင်ခွဲထားတဲ့ ရထားလမ်းကို ဖြတ်မောင်းတာဖြစ်နိုင်တယ်။ မိုင်းထိရင် စက်ခေါင်း ပါ ဘေး ရောက်သွားနိုင်တယ်" ဟု မြန်မာ့မီးရထားနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ထို့ပြင် မလွှကုန်း မီးရထားစက်ရုံမှ Non CDM ဦးဝင်းကိုကို စက်ခေါင်းမောင်း ၃ ကို နေပြည်တော်ရုံးချုပ်ကနေ ပုဒ်မ ၅၀၅ နဲ့ တရားဆွဲပြီး ဖမ်းဝရမ်းထုတ်ထားကာ အဆိုပါ ဝန်ထမ်းသည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

"မလွှကုန်း စက်ရုံက Non CDM ဦးဝင်းကိုကို စက်ခေါင်းမောင်း ၃ ကို နေပြည်တော်ရုံးချုပ်ကနေပြီး ပုဒ်မ ၅၀၅ နဲ့ တရားဆွဲပြီးဖမ်းဝရမ်းထုတ်ထားပါတယ်။ ဆက်သွယ်ရေး ပုဒ်မနဲ့ လို့ သိရတယ်။ သူလည် ထွက် ပြေးနေရတယ်။ ဖြစ်စဉ် အတိအကျတော့ မသိရသေးဘူး" ဟု မြန်မာ့ မီးရထားနှင့် နီးစပ်သူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
စစ်ကောင်စီက စစ်တပ်အတွင်း ဒရုန်းတပ်ဖွဲ့များ စတင်ဖွဲ့စည်းလိုက်ပြီး ဖောင်ကြီး အမှတ် ၅ လေကြောင်းရန်ကာကွယ်ရေးတပ်တွင် ရုရှားစစ်သားများက ဒရုန်းသင်တန်း ပို့ချနေ

ရန်ကုန်၊ မေ ၁

အကြမ်းဖက်စစ်ကောင်စီက ဒရုန်းတပ်ဖွဲ့ဟူသော အမည်ဖြင့် တပ်ဖွဲ့အသစ်များကို တည်ထောင်ဖွဲ့စည်းလိုက်ပြီး ရန်ကုန်တိုင်း၊ ဖောင်ကြီးရှိ အမှတ် ၅ လေ ကြောင်းရန်ကာကွယ်ရေးတပ်တွင် ရုရှားပညာရှင် စစ်သားများက ဒရုန်းသင်တန်းပို့ချပေးနေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက နည်းပညာစစ်ပွဲ ဆင်နွှဲရမည်ဆိုသော ကြွေးကြော်မှုဖြင့် ဒရုန်းတပ်ဖွဲ့သစ်များကို တပ်များတွင် စတင်ဖွဲ့စည်းနေကြောင်း၊ ရန်ကုန်ဖောင်ကြီးရှိ အမျတ် ၅ လေကြောင်းရန်ကာကွယ်ရေးတပ်တွင် ၅၀၆ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းကာ ရုရှားမှ ပညာရှင်တပ်အရာရှိများက ဒရုန်းသင်တန်းများ အနီးကပ်ပို့ချနေကြောင်း၊ တရုတ်နည်းပညာရှင်တချို့ကလည်း ဒရုန်းတပ်ဖွဲ့အတွက် ကူညီလုပ်ကိုင်ပေးနေမှုများရှိကြောင်း သိရှိရသည်။

"ဒရုန်းဆိုတာက စစ်တပ်မှာ အရင်တုန်းက ကျယ်ကျယ်ပြန့်ပြန့်မသုံးနိုင်ဘူး။ လေကြောင်းရန်တို့ဘာတို့က ဒရုန်းကို သင်တန်းတက်ထားတဲ့သူမှ သုံးနိုင်တာ။ ခြေလျင် ခြေမြန်တပ်ကကောင်တွေက ဒရုန်းမသုံးနိုင်ဘူး။ အခုနောက်ပိုင်း ဒရုန်းတွေ သုံးလာတာက ခြေလျင် ခြေမြန်တို့မှာ ဒရုန်းတပ်ဖွဲ့တွေ ဒရုန်းသင်ကြားထားတဲ့ကောင်တွေကို တွဲပြီးသုံးတယ်လို့ ယူဆရတယ်။ အဲဒီလို နည်းပညာကလည်း စစ်တပ်ရဲ့ နည်းပညာမဟုတ်ဘဲနဲ့ ရုရှားနဲ့တရုတ်တို့ရဲ့ နည်းပညာတွေက ဖြစ်နိုင်ခြေ ပိုများပါတယ်" ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်က ရုရှးနိုင်ငံသို့ ဧပြီ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ အထိ သွားရောက်ပြီး ၁၂ ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် စတုတ္ထအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲ (Working Breakfast) သို့ တက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် ဒရုန်းများကို အသေးစိတ်လေ့လာမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ရုရှားနိုင်ငံတွင် ဒရုန်းများကို သွားရောက်လေ့လာနေသည့် အကြမ်း ဖက်စစ်ကောင်စီ အကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင်။