Khit Thit Media
540K subscribers
148K photos
1.13K videos
11 files
3.12K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
ရေးမြို့နယ်၊ ခံသင်းတံတား တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်၊ မတ် ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခံသင်းတံတား တပ်စခန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး စစ်တပ်က ထောင်ထားသည့် မိုင်းကြောင့် ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း ရေဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောကြားသည်။

မတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ခံသင်းတံတားတပ်စခန်းကို ရေးဘီလူး အဖွဲ့က သိမ်းပိုက်ရန် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီနေ့ ခံသင်းတံတားဂိတ်စခန်းကို ဝင်တိုက်တာ။ စခန်းကိုက ရနေပြီ။ ရန်သူ့အင်အားလည်းများတယ်။ စခန်းထဲရောက်ချိန် ရန်သူ့ထောင်တဲ့ မိုင်းကြောင့် ကျွန်တော့် ရဲဘော် ၂ ယောက်ကျတယ် လက်နက်တွေ ဆုံးသွားတယ်။ ၂ ယောက် မစိုးရိမ်ရဒဏ်ရာရတယ်။ ရန်သူ့ ဘက်ကတော့ ၅ ကောင်ကျတယ်။ ဒဏ်ရာရတဲ့ လူတွေလည်း ရှိတယ်"ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

ခံသင်းတံတား တပ်စခန်းကို သိမ်းပိုက်ရာတွင်ရဲဘော်များ ထိခိုက် ကျဆုံးမှုရှိခဲ့သည့်အတွက် ရေးဘီးလူးအဖွဲ့အနေနှင့် ရဲဘော်များ ပြန်လည် သယ်ယူရေးကိုသာ အဓိက ဦးစားပေးသည့်အတွက် စခန်းသိမ်းခြင်း မလုပ်ဆောင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်ကာ ဆက်လက်ပြောဆိုသည်။
မုံရွာမြို့နယ်ရှိကျေးရွာတစ်ရွာတွင် တော်လှန်ရုပ်ရှင်ပြသခြင်းနှင့် လေယာဥ်ဆီဖြတ်တောက်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊မတ် ၂၅

မုံရွာမြို့နယ်အတွင်း ကျေးရွာတစ်ရွာတွင် ပြည်သူများကို တော်လှန်ရေးရုပ်ရှင်ပြသခြင်းနှင့် လေယာဥ်ဆီ ဖြတ်တောက်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်၊ မတ် ၂၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းဖြင့် ယင်းမာပင်မြို့နယ်ထဲမှ ဆားလင်းကြီးမြို့နယ်ထဲကို ဝင်ရောက်လာသောကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

"စစ်ရှောင်ရွာ ၈ ရွာကျော်တယ်လို့ကြားသိရတယ်ဗျ။ ထွက်ပြေးတိမ်းရှောင်နေရတာ ပြည်သူ ၅ထောင်ကျော်မယ်"ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် စစ်ဘေးရှောင်နေရသည့် ပြည်သူများကို ကူညီပံ့ပိုးပေးနေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ မတ်လ ၂၅ ရက်နေ့တွင် အရေးပေါ် စစ်ရှောင် ပြည်သူ ၅၀၀ ကျော်ကို ထမင်းနှင့် ဟင်းများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။