Channel H
627K subscribers
119 photos
92 links
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

@khanthtookyaw2001
Download Telegram
T_h-e N_i-g_h-t O_w-l ( 2023 )

အလင်းထဲမှာဆိုမမြင်ရဘဲ အမှောင်ထဲမှာပဲမြင်နိုင်တဲ့ ရောဂါကိုခံစားနေရတဲ့ မျက်မမြင် ဂယောင်းဆူ (Ryu Joon Yeol) က နန်းတွင်းသမားတော်အဖြစ်ရွေးချယ်ခံရပြီး နန်းတော်ထဲရောက်ရှိလာခဲ့ပါတယ်။မကြာခင်မှာပဲ  ချင်နိုင်ငံကနေ ပြန်လာတဲ့ အိမ်ရှေ့စံမင်းသား (Kim Sung Cheol) က ပြန်ရောက်ပြီးရက်အနည်းငယ်အတွင်းမှာ အသ!တ်ခံလိုက်ရပါတဲ့အခါ...မင်းသားရဲ့သေဆုံးမှုကိုတွေ့လိုက်ရတဲ့ဂယောင်းဆူက အဖြစ်မှန်ကိုဖော်ထုတ်ဖို့ကြိုးစားရာကနေ
ဘယ်လိုအမှန်တရားတွေပေါ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းက ကိုရီးယားရဲ့ သမိုင်းကြောင်းအဖြစ်မှန်ကိုအခြေခံပြီး ပြန်လည် ဇာတ်လမ်းတည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်သလို ပြသချိန်မှာလည်း good reviews တွေအများကြီးရထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်တာမလို့ အခုပဲ ကြည့်ရအောင်နော်..

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw13/4054
Please open Telegram to view this post
VIEW IN TELEGRAM
To*mb Ra*id*er (2018)

လာရာခရော့ဖ်ဟာ ဖခင် ရစ်ချက် ပျောက်ဆုံးသွားပြီးတာတောင်မှ ဘဝကို ပူပင်ကြောင့်ကြ မဲ့နေနေတာပါ

တစ်ရက်မှာ ယာဉ်တိုက်မှုတစ်ခုကြောင့် အဖမ်းခံရပြီး သူ့အဖေရဲ့ စီးပွားဖက် အန်နာမစ်လာက လာရာကို အာမခံနဲ့ လာထုတ်ခဲ့ပါတယ်

ရစ်ချက်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ လာရာအမွေဆက်ခံမလုပ် ကိုင်ဘူးဆိုရင် ရောင်းပစ်ရမယ့် အနေအထားဖြစ်နေပြီလို့ သတိပေးခဲ့တာကြောင့် လာရာတစ်ယောက် သူ့အဖေရဲ့ရုံးခန်းဆီ သွားခဲ့ပါတယ်

အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာတွေကို ပြောပြထားကာ အန္တရာယ်များလွန်းတဲ့အတွက် ဆက်မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေမယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်

အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ဆီကို သွားခဲ့ပါတယ်

လမ်းမှာ မုန်တိုင်းအကြီးအကျယ်မိပြီး သင်္ဘောပျက်ကာ ကျွန်းတစ်ကျွန်း ပေါ် ကမ်းတင်သွားပြီး ဟီမီကို အုတ်ဂူကို လိုက်ရှာနေတဲ့ အဖွဲ့ခေါင်းဆောင် မက်သီရက်ဗိုဂယ် ဆိုသူက ဖမ်းဆီးထားခဲ့ပါတယ်

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw3/3178
Please open Telegram to view this post
VIEW IN TELEGRAM
Lo*ck*ed (2/0/2/5)
================

အက်ဒီဘာရစ်ဟာ ကားတစ်စီးနဲ့ ဒလီပို့တဲ့ အလုပ်ကို လုပ်ပြီး ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေသူတစ်ဦးဖြစ်တယ်။သူ့ဒုက္ခတွေနဲ့သူ အကျပ်ရိုက်နေလို့ ဇနီးဟောင်းနဲ့ အလှည့်ကျ ခွဲယူထားတဲ့ သူ့သမီးအတွက် ဖခင်တာဝန်တွေကိုလည်း မကျေပွန်နိုင်သူပေါ့။တစ်နေ့တော့ သူ့ရဲ့ကားက ပျက်လို့ ဝပ်ရှော့ကို ပို့လိုက်ရတယ်။ ပြင်စရိတ်ကိုလည်း အကုန်မပေးနိုင်တော့ ကားလည်းမရ ငွေလည်းကုန် အခြေအနေဖြစ်သွားတယ်။လူတကာကို ပိုက်ဆံလိုက်ချေးပေမဲ့လည်း အရာမထင်ခဲ့တဲ့အဆုံး အက်ဒီဟာ လမ်းပေါ်မှာ ဒီတိုင်းရပ်ထားတဲ့ SUV တစ်စီးထဲက ပစ္စည်းတစ်ခုခုကို ခိုးပြီး ငွေရပေါက်ကြံတယ်။ဒါပေမဲ့ ကံဆိုးမ,သွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဝင်ခိုးတဲ့ ကားက သာမန်ကားတစ်စီး ဟုတ်မနေခဲ့တာပါပဲ။ကားထဲကို အက်ဒီဝင်သွားအပြီးမှာ ကားတံခါးတွေဟာ အကုန် လော့ခ်ကျသွားခဲ့ပါတယ်။ အက်ဒီဘယ်လိုပဲ ကြိုးစားကြိုးစား တံခါးတွေဟာ လုံးဝဖွင့်မရတော့ပါဘူး။ပါလာတဲ့ သေနတ်နဲ့ မှန်ကိုခွဲပြန်တော့ ကျည်မတိုးတဲ့ မှန်ဖြစ်နေပြီး ကျည်ဆံက တန်ပြန်လာလို့ အက်ဒီ့ခြေထောက်ကို ပြန်မှန်ပြီး သွေးတွေလွန်ပါတော့တယ်။ရုတ်တရက်ဆိုသလို ကားရဲ့ တီဗီဖန်သားပြင်ကနေ ဖုန်းတ‌စ်ကောဝင်လာခဲ့ပြီး ဝီလီယံဆိုသူဟာ သူက ဒီကားရဲ့ပိုင်ရှင်ဖြစ်ကြောင်းသူဟာ အက်ဒီ့လိုလူတွေကြောင့် ဒီကားကို ပရောဂျက်ဆွဲထားတာဖြစ်ကြောင်း သူလုပ်စရာရှိတာတွေ လုပ်လို့မပြီးမချင်း အက်ဒီ့ကို ပြန်မလွှတ်ဘူးဆိုတဲ့အကြောင်းတွေ ပြောလာပါတော့တယ်။ဒီလိုနဲ့ ဒဏ်ရာကြောင့် သွေးလွန်နေတဲ့ အက်ဒီဟာ SUV ကားကြီးထဲမှာ ပိတ်မိသွားပြီး အသံရှင်ရဲ့ လက်ခုပ်ထဲက ရေဘဝကို ရောက်ချင်းမလှရောက်သွားပါတော့တယ်။ဒီဇာတ်လမ်းမှာ မင်းသားချော Bill Skarsgård က အက်ဒီအဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်ကားတစ်ကားလုံးကို ကားတစ်စီးထဲမှာ ဇာတ်အိမ်တည်ပြီး စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။)

Movie Link
⬇️⬇️⬇️
https://t.me/khkkpppacwchannel30/4665
Please open Telegram to view this post
VIEW IN TELEGRAM
Yamakaathaghi (2025)
****
“ကျိန်စာဆိုး”

တမီးလ် သဘာဝလွန် ဟော်ရာရုပ်ရှင် အသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ
အယူသီးကြတဲ့ရွာတစ်ရွာမှာ ကျေးရွာလူကြီးရဲ့ ပန်းနာရောဂါသည် သမီးဖြစ်သူ လီလာဟာ
အိမ်ကလူတွေနဲ့ အမြင်မတူဘဲ စကားများလေ့ရှိပါတယ်
တစ်ရက်မှာ မိသားစုပြဿနာတစ်ခုကြောင့် လီလာတစ်ယောက် ထူးဆန်းစွာ
ဆွဲကြိုးချသေဆုံးသွားခဲ့ပြီး တစ်ရွာလုံးအုတ်အော်သောင်းနင်းဖြစ်သွားပါတော့တယ်
သူ့ဈာပနမှာ အလောင်းကောင်က ရုတ်တရက်ငေါက်ကနဲ ထထိုင်ရာကနေ သွေးပျက်စရာ
ခြောက်လှန့်မှုတွေ ဘယ်လိုဖြစ်လာမှာလဲ
ဘယ်လို နောက်ကြောင်းရာဇဝင်တွေရှိနေမှာလဲ သိရအောင်လို့ ပရိသတ်တို့ကပဲ ဆက်လက်အားပေးကြပါဦး


ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်
⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
Channel H pinned a photo
အားနည်းသူများအခန်း အတွဲ ( ၂ )

➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪

ဇာတ်လမ်းအညွှန်း - ⬇️⬇️

ယွန်းရှီအွန်း (Park JiHoon) ဟာ တန်ပြန်တိုက်ခိုက်ပေမဲ့ ကျရှုံးခဲ့ရတဲ့ သူ့အတိတ်က ရက်စက်ဖွယ်ကောင်းတဲ့
သင်ခန်းစာဒဏ်ရာတွေကို သယ်ပိုးရင်း အွန်းဂျန်အထက်တန်းကျောင်းကို ပြောင်းလာခဲ့ပါတယ်။
ရှေ့တစ်ခေါက်ကလိုမျိုး သူငယ်ချင်းနောက်တစ်ယောက် ထပ်မဆုံးရှုံးဖို့ ဆုံးဖြတ်ထားခဲ့တဲ့သူဟာ
ဘတ်ဟူမင်း(Ryeo Un), ‌ဆောဂျွန်းထယ်(Choi Min Yeong), ဂိုဟျွန်းထက် (Lee Min Jae)တို့နဲ့အတူ
အဖွဲ့ကျသွားခဲ့ပါတယ်။ သို့သော်လည်း ယုတ်မာတဲ့ နာဘဲ့ဂျင်း (Bae Na Ra) ဦးဆောင်တဲ့ဂိုဏ်းက
သူတို့ သူငယ်ချင်းအုပ်စုကို မျက်စိကျသွားတဲ့အခါ မထင်မှတ်ဘဲ ရှီအွန်းတစ်ယောက် တိုက်ပွဲတစ်ခုမှာ
ရှင်သန်နိုင်ဖို့အတွက် သူ့ကိုယ်သူ သူကန့်သတ်ထားတဲ့အတိုင်းအတာ အလွန်ကို တွန်းပို့နေမိတဲ့အခါ.....
ရှေ့တုန်းက ရင်ဆိုင်ခဲ့ဖူးသူတွေထက် ပိုအားကောင်းပြီး သနားညှာတာမှုကင်းမဲ့တဲ့ ရန်သူနဲ့ ရင်ဆိုင်တွေ့ဆုံရတဲ့
အလျောက် သူ့ဘေးမှာရှိတဲ့သူတွေကို ကာကွယ်နိုင်သွားမလား ဒါမှမဟုတ် သူချစ်ခင်ရတဲ့သူတွေ ကျရှုံးတာကို
မတတ်နိုင်ဘဲ ထိုင်ကြည့်နေရမလားဆိုတာကို action, thriller အမျိုးအစားလေးဖြစ်တဲ့အပြင်
friendship အကြောင်းကိုပါ drama ဆန်ဆန်လေး ထည့်သွင်းရိုက်ကူးထားတဲ့ We*ak He*ro Cla*ss 2 ကိုလည်း
Class 1 ပရိသတ်ကြီးတွေ အကြိုက်တွေ့ဦးမှာ အသေအချာပဲမို့ ကြည့်လိုက်ကြပါဦး...

ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်
⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
ဒီတစ်ခါမှာတော့ မင်းသားကြီး ဗီဂျေးရဲ့
နာမည်ကြီးဇာတ်ကားတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။
ဗီဂျေးစည်သူပသီလည်းပါ၀င်သရုပ်ဆောင်ထားတဲ့ကားကြီးပါ။

ဇာတ်လမ်းအကျဉ်းကတော့

အရက်တွေသောက် ဆိုးသွမ်းလှတဲ့ ကျောင်းဆရာတစ်ယောက်ဟာ ဘယ်ကျောင်းမှာမှအဆင်မပြေပါဘူး။
တစ်နေ့တော့ သူဟာ ကလေးထောင်လို့ခေါ်တဲ့
ကလေးပြုပြင်ထိန်းသိမ်းရေးကျောင်းမှာ တာ၀န်ကျဖို့ဖြစ်လာခဲ့ပါတယ်။
အဲ့ထောင်က‌ ကလေးတွေဟာ မူးယစ်ဆေးအပြင် ခိုးဆိုးလုနှိုက်၊လူသတ်တာတွေအပါအ၀င် ပြစ်မှုမျိုးစုံကို ကျူးလွန်နေကြတဲ့ လူမိုက်ပေါက်စလေးတွေပါ။
လူမိုက်ဆရာနဲ့ လူမိုက်တပည့်တွေ တွေ့ကြတဲ့အခါမှာတော့...
ဇာတ်လမ်းအလှည့်အပြောင်းမျိုးစုံနဲ့
ကြည့်ရှုလိုက်ကြပါဦးဗျ။

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw25/8042
Please open Telegram to view this post
VIEW IN TELEGRAM
ကျားဇွန်ဘီကြီးနဲ့ ရင်ဆိုင်ကြရမယ့် ‌စစ်သည်များ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဆရာဇက်ရဲ့ ဇွန်ဘီးတွေဆိုတော့ သူများဇွန်ဘီးထက် နည်းနည်းတော့ ပိုဉာဏ်ကောင်းပါတယ်။
ပြီးတော့ ခွေးဇွန်ဘီးတွေကို ရိုးပြီမဟုတ်လား ကျားဇွန်ဘီးလေး ကြည့်ပေါ့ဗျာ။
ဇာတ်လမ်းက ဒီလိုပါ …..လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်။
ဒါနဲ့ တစ်မြို့လုံးကို ပိတ်ချထားရတာ ကြာပါပြီ။အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့
မြို့ကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။
နောက်ထပ် ၄ ရက်အကြာမှာပေါ့။အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့
အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲ့ကို အလုပ်အပ်လာပါတယ်။ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။
သန်း ၂၀၀ ကို ယူလို့ရမှတော့ ဘာလို့ ၅၀ ပဲ ယူမှာလဲ တွေးလို့မရပါဘူး။တရားဝင်ငွေ မဟုတ်လို့ပါ။


ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw28/4651
Please open Telegram to view this post
VIEW IN TELEGRAM
ပါပီလွန် (2017)

IMDB-7.2

ရုပ်ရှင်ချစ်သူတွေကတော့ ဒီဖြစ်ရပ်မှန်ထောင်ဖောက်ကားကိုစွဲစွဲမြဲမြဲသိကြမှာပါ၊ ဒီကားဟာ ၁၉၇၃ခုနှစ်က ပါပီလွန် ကို အသစ်တဖန် ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။Henri Charrièreရဲ့ Pa*pi*ll*on a*n*d Ba*n*coကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ပါပီလွန် ဟာ လူသတ်မှုတစ်ခုနဲ့အမှုဆင်အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။သူနဲ့အတူအခြားသောအကျဉ်းသားတွေဟာ တောင်အမေရိကမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချခံခဲ့ရပါတယ်။ပါပီလွန် ဟာ ထောင်ထဲစရောက်ကတည်းက ထွက်ပြေးဖို့စိတ်အားထက်သန်နေသူပါ။
အကြိမ်ကြိမ်အခါခါထွက်ပြေးဖို့ကြိုစားလိုက် ပြန်လည်အဖမ်းခံရပြီးအပြစ်ဒဏ်တွေတိုးလိုက်ဖြစ်နေခဲ့ပါတယ်။ဘယ်လောက်ပဲဆိုးဝါးတဲ့အခြေအနေကိုရောက်ပါစေ ဇွဲမလျှော့ပဲအကြိမ်ကြိမ်ခါခါထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။သူ့ရဲ့မဆုတ်မနစ်ကြိုးစားမှုနဲ့ လုံ့လဝီရိယတွေကြောင့် နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။ဇာတ်ဝင်ခန်းတိုင်းက ကိုယ်တိုင်ပါဝင်နေရသလို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်

ကြည့်ရန်
⬇️⬇️⬇️
https://t.me/khkkpppacwchannel30/4676
Please open Telegram to view this post
VIEW IN TELEGRAM
Yamakaathaghi (2025)
****
“ကျိန်စာဆိုး”

တမီးလ် သဘာဝလွန် ဟော်ရာရုပ်ရှင် အသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ
အယူသီးကြတဲ့ရွာတစ်ရွာမှာ ကျေးရွာလူကြီးရဲ့ ပန်းနာရောဂါသည် သမီးဖြစ်သူ လီလာဟာ
အိမ်ကလူတွေနဲ့ အမြင်မတူဘဲ စကားများလေ့ရှိပါတယ်
တစ်ရက်မှာ မိသားစုပြဿနာတစ်ခုကြောင့် လီလာတစ်ယောက် ထူးဆန်းစွာ
ဆွဲကြိုးချသေဆုံးသွားခဲ့ပြီး တစ်ရွာလုံးအုတ်အော်သောင်းနင်းဖြစ်သွားပါတော့တယ်
သူ့ဈာပနမှာ အလောင်းကောင်က ရုတ်တရက်ငေါက်ကနဲ ထထိုင်ရာကနေ သွေးပျက်စရာ
ခြောက်လှန့်မှုတွေ ဘယ်လိုဖြစ်လာမှာလဲ
ဘယ်လို နောက်ကြောင်းရာဇဝင်တွေရှိနေမှာလဲ သိရအောင်လို့ ပရိသတ်တို့ကပဲ ဆက်လက်အားပေးကြပါဦး


ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်
⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
အားနည်းသူများအခန်း အတွဲ ( ၂ )

➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪

ဇာတ်လမ်းအညွှန်း - ⬇️⬇️

ယွန်းရှီအွန်း (Park JiHoon) ဟာ တန်ပြန်တိုက်ခိုက်ပေမဲ့ ကျရှုံးခဲ့ရတဲ့ သူ့အတိတ်က ရက်စက်ဖွယ်ကောင်းတဲ့
သင်ခန်းစာဒဏ်ရာတွေကို သယ်ပိုးရင်း အွန်းဂျန်အထက်တန်းကျောင်းကို ပြောင်းလာခဲ့ပါတယ်။
ရှေ့တစ်ခေါက်ကလိုမျိုး သူငယ်ချင်းနောက်တစ်ယောက် ထပ်မဆုံးရှုံးဖို့ ဆုံးဖြတ်ထားခဲ့တဲ့သူဟာ
ဘတ်ဟူမင်း(Ryeo Un), ‌ဆောဂျွန်းထယ်(Choi Min Yeong), ဂိုဟျွန်းထက် (Lee Min Jae)တို့နဲ့အတူ
အဖွဲ့ကျသွားခဲ့ပါတယ်။ သို့သော်လည်း ယုတ်မာတဲ့ နာဘဲ့ဂျင်း (Bae Na Ra) ဦးဆောင်တဲ့ဂိုဏ်းက
သူတို့ သူငယ်ချင်းအုပ်စုကို မျက်စိကျသွားတဲ့အခါ မထင်မှတ်ဘဲ ရှီအွန်းတစ်ယောက် တိုက်ပွဲတစ်ခုမှာ
ရှင်သန်နိုင်ဖို့အတွက် သူ့ကိုယ်သူ သူကန့်သတ်ထားတဲ့အတိုင်းအတာ အလွန်ကို တွန်းပို့နေမိတဲ့အခါ.....
ရှေ့တုန်းက ရင်ဆိုင်ခဲ့ဖူးသူတွေထက် ပိုအားကောင်းပြီး သနားညှာတာမှုကင်းမဲ့တဲ့ ရန်သူနဲ့ ရင်ဆိုင်တွေ့ဆုံရတဲ့
အလျောက် သူ့ဘေးမှာရှိတဲ့သူတွေကို ကာကွယ်နိုင်သွားမလား ဒါမှမဟုတ် သူချစ်ခင်ရတဲ့သူတွေ ကျရှုံးတာကို
မတတ်နိုင်ဘဲ ထိုင်ကြည့်နေရမလားဆိုတာကို action, thriller အမျိုးအစားလေးဖြစ်တဲ့အပြင်
friendship အကြောင်းကိုပါ drama ဆန်ဆန်လေး ထည့်သွင်းရိုက်ကူးထားတဲ့ We*ak He*ro Cla*ss 2 ကိုလည်း
Class 1 ပရိသတ်ကြီးတွေ အကြိုက်တွေ့ဦးမှာ အသေအချာပဲမို့ ကြည့်လိုက်ကြပါဦး...

ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်
⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
Ve*era Dh*ee*ra So*or*an: Pa*rt – 2(2025)
“ရဲရင့်သော စစ်သည်တော်”

တမီးလ်အက်ရှင် ရုံကားသစ်လေးကို
မဆလာပရိသတ်တို့အတွက် အမြန်ဆုံးတင်ဆက်လိုက်ပါတယ်
မင်းသား ဗစ်ခရမ်နဲ့ S.J Suryah တို့
ခေါင်းဆောင်ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကြမ်းရုပ်ရှင်လေးပါ
ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိတစ်ဦးဟာ ရာဗီဆိုတဲ့
တစ်ချိန်က လူမိုက်ခေါင်းဆောင်ကို အငြှိုးအတေးထားပြီး
တစ်နေ့ရအောင်လက်စားချေနိုင်ဖို့ ရည်မှန်းထားပါတယ်
လက်ရှိမှာ ရာဗီက သားဖြစ်သူ ကန်နန်မိသားစုနဲ့ အတိတ်ကလုပ်ရပ်တွေကို
ဖုံးဖိပြီး လူမြင်တင့်တယ်အောင်နေနေပေမယ့်
ပွဲတော်ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ မိန်းမနဲ့ကလေးက
ရန်လာတွေ့တဲ့အခါ ပြဿနာတစ်စတစ်စကြီးထွားလာပြီး
SP ရဲအရာရှိနဲ့ ပြန်လည်ရင်ဆိုင်ဖို့ တချိန်က လူမိုက်ဖြစ်ခဲ့ပြီး
လက်ရှိသာမန်မိသားစုဘဝမှာ ရှင်သန်နေထိုင်နေတဲ့ ကာလီကို ပြန်ခေါ်ရပါတော့တယ်
ဘာတွေဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့
အက်ရှင်ပရိသတ်တို့ မလွတ်တမ်းရှုစားအားပေးကြပါဦး



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
6 U_n-d_e-r_g-r_o-u_n-d (2019)

အညွှန်း*
🔽🔽🔽

ဓာတ်ပူး မင်းသား ryan reynolds ရဲ့ Action ဇာတ်ကြမ်းရုပ်ရှင်လာပါပြီ။ဒါရိုက်တာကလဲ Transformers ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Michael Bay ဆိုတော့ အရောင်တောက်တောက် အက်ရှင်ကြမ်းကြမ်းတွေကို တပြုံကြီး ကြည့်ရှုရမှာပါ။
ဇာတ်လမ်းကတော့…ကမ္ဘာကြီးရဲ့အရှုပ်တွေကိုရှင်းပေးချင်တဲ့သူတစ်ယောက်ရဲ့ဇာတ်လမ်းကိုရိုက်ကူးထားတာပါတာကစ္စတန်ကိုအုပ်ချုပ်နေတဲ့သူသေသွားတော့သူ့သားနှစ်ယောက်ထဲကမကောင်းတာတွေကိုလုပ်တဲ့လူကသူ့ညီကိုဖမ်းထားပြီးတော့နိုင်ငံကိုသိမ်းယူထားပါတယ်နိုင်ငံတွင်းမှာလည်းဆူပူမှုတွေရော ဂတ်စ်နဲ့တိုက်ခိုက်မှုတွေကိုပါလုပ်တဲ့သူတစ်ယောက်ပေါ့အဲဒါကိုမြင်ပြီးကယ်တင်ချင်တဲ့ryan reynoldsတစ်ယောက်လူတွေလိုက်စုပြီးဖမ်းခံထားရတဲ့ညီကိုကယ်တင်ဖို့လုပ်ပါတော့တယ်သူတို့အဖွဲ့ထဲမှာစည်းမျဥ်းတစ်ခုရှိပါတယ်ကိုယ်ဘယ်သူဘယ်ဝါဆိုတာအချင်းချင်းတောင်မသိကြတာပါနာမည်ကအစဘာဆိုဘာမှမသိကြတဲ့လူတွေစုပြီးတော့ဘယ်လိုတွေကယ်ဆယ်ရေးလုပ်ကြမလဲဆိုတာ….actionကြီးပဲမဟုတ်ဘဲ ဟာသလေးတွေပါနှောထားတော့ တကယ်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါပဲ။


ဇာတ်ကားကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw3/3192
Please open Telegram to view this post
VIEW IN TELEGRAM
A_b-o_m-i_n-a_b-l_e (2019)

အညွှန်း*
🔽🔽🔽

ဇာတ်လမ်းအကျဉ်းလေးက
ရှန်ဟိုင်းမြို့တစ်နေရာမှာ လူချမ်းသာ စီးပွားရေးသမား မစ္စတာဘားနက်က ဟိုး ဟိမဝန္တာက နှင်းလူတစ်ကောင်ကို ဖမ်းဆီးရရှိထားပါတယ်။
တစ်နေ့မှာတော့ လုံခြုံရေးကျိုးပေါက်ပြီး အဲဒီနှင်းလူကထွက်ပြေးကာ ယီဆိုတဲ့တရုတ်မလေးရဲ့အိမ်ခေါင်မိုးမှာ ပုန်းနေပါသတဲ့။ပုန်းနေတဲ့ နှင်းလူလေးကိုဝေးလံလှတဲ့ ဟိမဝန္တာဆီကိုပြန်လိုက်ပို့ဖို့ယီရယ် ပန်ဆိုတဲ့ကလေးလေးရယ် ဂျင်မ်ဆိုတဲ့ ကောင်လေးရယ် အတူတူကြိုးစားအားထုတ်ပုံတွေကိုမြင်တွေ့ရမှာပါ။တစ်ဖက်မှာလဲသူတို့နောက်ကိုလိုက်နေတဲ့ သူတွေကလဲရှိနေပြန်တော့သူတို့ဘာတွေရင်ဆိုင်ရမလဲ?
ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းမလဲ?ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပါ။



ဇာတ်ကားကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw11/2873
Please open Telegram to view this post
VIEW IN TELEGRAM
𝗝𝗲*𝘄*𝗲𝗹 𝗧𝗵*𝗶𝗲𝗳 - 𝗧*𝗵𝗲 𝗛𝗲*𝗶𝘀𝘁 𝗕𝗲*𝗴𝗶*𝗻𝘀 (𝟮𝟬𝟮𝟱) ဇာတ်ကားသစ်
==============================

ဇာတ်ကားနာမည်နဲ့လိုက်အောင် ကမ္ဘာ့တန်ဖိုးကြီး ရတနာတွေ ကမ္ဘာကျော် ပန်းချီကားတွေကို ခိုးယူတဲ့ကားပဲဖြစ်ပါတယ်။ ဒီကားမှာ မစ္စတာ အူလက်ခ်က ကမ္ဘာကျော် တန်ဖိုးကြီး ပန်းချီကားတွေကို စုဆောင်းရင်း အာဖရိကက တော်ဝင်မိသားစုရဲ နန်းစဉ်ရတနာ " Red Sun" ရဲ့အကြောင်းကိုသိပြီး ခိုးယူဖို့ စီစဉ်ပါတော့တယ်။

အဲဒီလိုနဲ့ ကမ္ဘာကျော်သူခိုးကြီး ရီဟန်ကို ဆက်သွယ်ဖို့ သူ့မိသားစုနဲ့ အကြပ်ကိုင်ပြီး ရီဟန်နဲ့ အူလက်ခ်တို့ ပူးပေါင်းပြီး နန်းစဉ်ရတနာကို ခိုးဖို့လုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရဲအရာရှိ ကလည်း ရီဟန်နောက်ကို လိုက်နေတော့ သူတို့တွေ စိန်တုံးကို ဘယ်လိုခိုးယူမလဲ  သူတို့လိုချင်တဲ့ စိန်တုံးကို ရပါ့မလား ရဲအရာရှိကရော သူတို့ရဲ့ ကမ္ဘာကျော်သူခိုးကြီးကို ဖမ်းမိပါ့မလားဆိုတာ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ အသေးစိတ်ရိုက်ကူးထားတာဖြစ်ပါတယ်။



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
A_f-t_e-r E_a-r_t-h  ( 2013 )

အညွှန်း*
🔽🔽🔽

လူသားတွေဟာဆိုရင် ဂေဟစနစ် ပျက်စီးမှု့တွေကြောင့် အမိကမ္ဘာမြေကနေ ထွက်ခွာခဲ့ရပြီး Nova Prime လို့ခေါ်တဲ့ ဂြိုလ်တစ်ခုမှာ အခြေချနေထိုင်နေကျတဲ့ အချိန်ပေါ့ဗျာအဲ့အချိန်မှာ လူသားတွေထပ်မံသိခဲ့ရတာက ဒီစကြာ၀ဠာကြီးမှာ ကျွန်တော် တို့ချည်းမဟုတ်ပါဘူးဆိုတာပါပဲNova Prime ကို ပြောင်းရွှေ့လာတဲ့ လူသားတွေကို ဂြိုလ်သားတွေက တိုက်ခိုက်ပါတာတော့တယ်..အဲ့လိုလူသားတွေလည်းအသေအပျောက်များပြီးတစ်ဖြည်းဖြည်းနဲ့ မျိုးတုန်းမယ့် အန္တရာယ် ကို ရင်ဆိုင်လာရပါပြီ
အဲ့လို အခါမှာဆိုရင် လူသားတွေ ရဲ့ အားကိုးရာက ရိန်းဂျားလို့ခေါ်တဲ့ စစ်သားတွေအပေါ်မူတည်လာပါတယ်
အဲ့ရိန်းဂျားတွေကြားထဲမှာမှ လက်မရွံ တက်တဲ့ ဆိုင်ဖာ (၀ီလ်စမစ်) က ထိပ်တန်းပေါ့ဒီလိုနဲ့ လူသားတွေ ပြန်လည်ရပ်တည်နိုင်ခဲ့ပြန်ပါပြီ
ဆိုင်ဖာ့ဆီမှာ ရိန်းဂျားတစ်ယောက်ဖြစ်ချင်တဲ့ ကီတိုင်းလို့ခေါ်တဲ့ သားတစ်ယောက်ရှိပါတယ် သူကတော့ ထုံးစံအတိုင်း ဖခင်ရဲ့မေတ္တာကိုငတ်မွတ်နေလို့ ရိန်းဂျားတစ်ယောက် ဖြစ်လာအောင် သက်သေပြချင်နေတာပါဒီလိုနဲ့ ဆိုင်ဖာ ရဲ့နောက်ဆုံးခရီးစဉ်မှာ ဆိုင်ဖာတစ်ယောက် ကီတိုင်းကို သူတို့ နဲ့အတူ ခေါ်သွားခဲ့ပါတယ်


ဇာတ်ကားကြည့်ရန်
⬇️⬇️⬇️
https://t.me/khkkpppacwchannel30/4683
Please open Telegram to view this post
VIEW IN TELEGRAM
Havoc (2025)
***

မင်းသား တွမ်ဟာဒီရဲ့ ရဲအက်ရှင်ကားသစ် ထွက်လာပါပြီ။

ဒါရိုက်တာကလည်း The Raid ရဲ့ ဖန်တီးရှင် Gareth Evans

ပါပဲ။ အက်ရှင်မှ အက်ရှင်အစစ်ပါ။ တရုတ် ရာဇဝတ်ဂိုဏ်းနဲ့

အမေရိကန်ဂိုဏ်း နှစ်ခုကြားမှာ ရဲတွေနဲ့ သုံးပွင့်ဆိုင်

ကျုံးကြတဲ့ ဇာတ်ကားမျိုးပါ။




ဇာတ်လမ်းအကျဉ်း

++++++++++

ဝေါ်ကာဆိုတဲ့ ရဲက လာဘ်စားပြီးတော့ အမတ်လောင်း

တစ်ယောက်ရဲ့ တရားမဝင်အလုပ်တွေကို လုပ်ပေးနေတဲ့သူပါ။

တစ်နေ့မှာ အမတ်လောင်းရဲ့ သားက တရုတ် ရာဇဝတ်ဂိုဏ်း

ခေါင်းဆောင်ရဲ့ သားကို သတ်မိသွားတယ်ဆိုပြီး တရုတ်

ဂိုဏ်းတစ်ခုလုံးက လိုက်လာပါတယ်။

အဲဒီ ဂိုဏ်းနှစ်ခုကြားမှာ အမတ်လောင်းရဲ့သားကို ကယ်ဖို့

ကြိုးစားနေရတဲ့ ဝေါ်ကာနဲ့ သူ့ထက်အကျင့်ပျက်နေတဲ့

ရဲတွေကလည်း ထပ်ပြီး ထိပ်တိုက်တွေ့ကြပါတော့တယ်။

ဒီတော့ ပတ်လည်တွေ ကျုံးကုန်ကြပြီး ဘာဆက်ဖြစ်မလဲ

ကြည့်ရမှာပါ။




ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
မင်းသားကြီး အမီခန်း နဲ့ မင်းသမီး ကရီနာကပူး ပါဝင်တဲ့  ရုပ်ရှင်ကားကောင်း

လားလ် ဆိုတဲ့ ကောင်လေးဟာ ဉာဏ်ရည်နိမ့်ပြီး ခြေထောက်မသန်စွမ်းပါဘူး

သူဟာ တခြားသူတွေနဲ့ ကွဲပြားမှု မရှိဘဲ အရာရာတတ်စွမ်းကြောင်း ကိုယ့်အားကိုယ်ကိုးတတ်အောင် မိခင်ဖြစ်သူက အမြဲ သင်ပြပေးပါတယ်

မိခင်ဖြစ်သူရဲ့အစွမ်းကုန်ပံ့ပိုးပေးမှုကြောင့် သာမန်ကလေးတွေ တက်တဲ့ ကျောင်းမှာ သူလည်း တက်နိုင်ခဲ့ပါတယ်

အမြဲတမ်း အနိုင်ကျင့်ခံရပြီး အပယ်ခံ ဖြစ်နေရတဲ့ သူဟာ ကျောင်းမှာ သူ့ကို အားပေးကူညီတဲ့  ရူပါ နဲ့ သူငယ်ချင်း ဖြစ်လာပါတယ်

သူငယ်ချင်းမလေး ရူပါ နဲ့ ကျောင်းအတူ ကောလိပ်အတူတက်ရပြီး သံယောဇဉ်ကြိုးတွေ နှောင်ဖွဲ့လာပါတယ်

မိခင်ဖြစ်သူနဲ့ ရူပါ ဟာ သူ့ဘဝမှာ အကောင်းဆုံးလူတွေပါ

အနိုင်ကျင့်တဲ့သူတွေလက်ထဲက ပြေးရင်းနဲ့ အပြေးသန်လာတဲ့ သူဟာ အပြေးသမားလည်း လုပ်ဖြစ်ခဲ့တယ် စစ်ထဲလည်း ဝင်ဖူးခဲ့တယ်

သူ့ဘဝတစ်လျှောက် ကြုံတွေ့ရတဲ့ အရာတွေကို ဒီရုပ်ရှင်မှာ ဘယ်လိုစိတ်ဝင်စားဖွယ် တင်ဆက်ပြသထားမလဲ ဆိုတာ ပရိသတ်ကြီးတို့ ကြည့်ရှုအားပေးကြပါဦး...

ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw25/8055
Please open Telegram to view this post
VIEW IN TELEGRAM
2025ထွက် ဇွန်ဘီကား

ဒီတစ်ခုကတော့ ပုံမှန်လူသားတွေကနေဇွန်ဘီတွေဖြစ်ကုန်ပြီး ကျန်ရစ်တဲ့လူသားမျိုးနွယ်တွေက ကိုလိုနီတွေအဖြစ်စုနေပြီး ခေတ်ပျက်ကြီးထဲမှာ ရှင်သန်လှုပ်ရှားရတဲ့ Plot မျိုးပါပဲ။

အက်ဘီဂေးဆိုတဲ့ ကလေးမလေးက အမေနဲ့မောင်လေးတိုက်ခိုက်ခံလိုက်ရပြီးနောက်မှာ ကာစီးရပ်ဆိုတဲ့လူက ကယ်တင်ပေးခဲ့ပြီး သူ့ကိုရှင်သန်ဖို့လိုအပ်တာတွေအကုန်သင်ပေးခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ နှစ်ယောက်တည်းရှင်သန်လာကြရင်း တစ်နေ့မှာ သင်္ဘောပျက်တွေစုပြီးလူတွေနေကြတယ်ဆိုတဲ့လှေမြို့ဆိုတဲ့ကိုလိုနီကိုသွားနေတဲ့ လင်မယားနှစ်ယောက်နဲ့စုံခဲ့ပါတယ်။

ဆက်ပြီးလှည့်ပတ်မသွားချင်တော့တဲ့ အက်ဘီဂေးက အဲ့ဒီလင်မယားနှစ်ယောက်နဲ့ လှေမြို့ဆိုတာကို အခြေအနေကြည့်ချင်ခဲ့တာကြောင့် သူတို့စတင်ပြီးခရီးထွက်ကြပါတော့တယ်။ လမ်းမှာ ဘယ်လိုအန္တရာာ်တွေတွေ့ကြုံရမလဲနဲ့ သူတို့ရဲ့ဦးတည်ရာကိုရောက်နိုင်ပါ့မလားဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ကြပါ။


ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw28/4664
Please open Telegram to view this post
VIEW IN TELEGRAM
🔥F_a-s4t A_n-d F_u-r_i-o_u-s H_o-b_b-s & S_h-a_w (2019)🔥

အဓိက သရုပ်ဆောင်၂ယောက်ကတော့ ဒဝိန်းဂျွန်ဆန် နဲ့ ဂျေဆင် စတာသန် တို့ပါပဲ။ The rock ကြီးနဲ့ transporter မင်းသားဆို ပိုသိကြမှာပါ။ဒီရုပ်ရှင်ကတော့ အက်ရှင်အသားပေးပါပဲ သာမန်လူတွေ မလုပ်နိုင်လောက်မယ့် အမိုက်စား အကြမ်းစားအက်ရှင်တွေနဲ့ပေါ့။နောက်ပြီးတော့ မင်းသား ၂ ယောက် မတည့်အတူနေ ပုံစံနဲ့ ကြည့်ရှုတဲ့သူတွေကိုဟာသရသလေးတွေ ပျော်ရွှင်ဖွယ်ရာဖြစ်အောင်ထည့်ပေးထားပါသေးတယ်။ကမ္ဘာကြီးတစ်ခုလုံးကို သေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို အသုံးချမယ့် အစွန်းရောက်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။အဲဒီဗိုင်းရပ်စ်ကို သယ်ဆောင်ထားရတဲ့ စီအိုင်အေး အေးဂျင့်မလေးကိုသူတို့နှစ်ယောက် လိုက်ကယ်ရင်း အဲဒီ အဖွဲ့နဲ့ ရင်ဆိုင်ကြတာပေါ့။ဒီမင်းသားကြီး ၂ ယောက် ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး။အလန်းစားအက်ရှင်ခန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ စတန့်ခန်းတွေကို တစ်၀ကြီးမြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ကြပါဦးဗျို့……


ကြည့်ရန်
⬇️⬇️⬇️
https://t.me/khkkpppacw2022/3730
Please open Telegram to view this post
VIEW IN TELEGRAM