Channel H
628K subscribers
97 photos
77 links
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

@khanthtookyaw2001
Download Telegram
Please open Telegram to view this post
VIEW IN TELEGRAM
အမြဲ 💚Active now 💚 နေတဲ့ M9 ရှမ်းကိုးမီး ☺️ အဖိုးကြီး နဲံသမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို အခုဘဲအကောင့်ဖွင့်လိုက်တော့နော်

အရော်အစား မှန်နေမြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို အတွက်😍


⚡️ မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️နေ့စဉ်ဘောနပ် 20%
⚡️သူငယ်ချင်းမိတ်ဆက် 20%
⚡️သွင်းတိုင်းရ 10% ရှိတဲ့အပြင်


🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို ညီကိုတွေ မရလိုက်မှာဆိုးလို

အခုပဲ အမြန်ဆုံး အကာင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။
ဂိမ်းအကာင့်ဖွင့်ရန် -
📲 Viber - 09 406 502 075
/ Telegram 📲 @hyperm9skm link - ☎️ ""
viber link - https://msng.link/o?959406502075=vi

Telegram link - https://t.me/hyperm9skm"
”မိုးသည်းကြားက ဇိုးဘဲများ” (၂၀၂၅)
=============================================

အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြာ သည်းထိတ်ရင်ဖို မှုခင်းဟာသ
ရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။
နယ်မြို့လေးတစ်မြို့ရဲ့ မိုးတွေသည်းနေတဲ့ ညလေးတစ်ညမှာပေါ့။
အဲဒီမြို့လေးထဲက ဘုံဆိုင်လေးတစ်ခုဟာ အပြင်မှာဆိုင်ပိတ်ထားပေမဲ့ ဆိုင်ထဲမှာတော့
သောက်နေကျဖောက်သည်တွေဟာ ရှက်ကီထုရင်း ဖဲရိုက်နေကြပါတယ်။
အဲဒီလိုလို အေးအေးလူလူ သောက်ရိုက်လုပ်နေတုန်း.. ဝုန်းဆို ဟိုဘက်အခန်းကနေ အသံကြားရလို့သွားကြည့်ကြတဲ့အချိန်မှာ ဆိုင်ရှင်ဖြစ်သူဟာ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေဆုံးနေတာကို အားလုံး တွေ့လိုက်ကြပါတယ်။
ဒါကို အစက သာမန် သဝာ်သေမှုလို့ ထင်ခဲ့ကြပေမဲ့ ရှက်ဘဲတွေထဲက လူရည်လည်သူတစ်ယောက်က
ဒါ သဝာ်သေတာမဖြစ်နိုင်ဘူး၊ လူသဝာ်မှုပဲဖြစ်မယ်၊ တရားခံက ဆိုင်ထဲမှာပဲရှိမယ်လို့
အာချောင်ပြီး ရဲစခန်းကို ဖုန်းဆက်တိုင်လိုက်ပါတယ်။
အဲဒီလို အာချောင်လိုက်တဲ့အတွက် အမှုဖော်တဲ့နေရာမှာ အင်မတန်တော်ပေမဲ့ ငယ်ဘဝက စိတ်ဒဏ်ရာကြောင့်
အရက်နံ့မခံနိုင်တဲ့ အင်စပက်တာဇာတ်လိုက်က အရက်ဆိုင်တွင်း လူသဝာ်မှုအတွက် ဝေလေလေ
ရှက်ကီဘဲတွေကြားကနေ တရားခံဖော်ဖို့ကြိုးစားပုံကို ဒီရုပ်ရှင်လေးထဲမှာ
အတည်ပေါက်ဟာသတွေနဲ့အတူ စိတ်ဝင်စားဖွယ် မြင်တွေ့ခံစားကြည့်ရှုကြရမှာပဲဖြစ်ပါတယ်…။

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw19/1401
Please open Telegram to view this post
VIEW IN TELEGRAM
ကဲတောင်းထားတဲ့ ဇွန်ဘီလေးရပြီနော်

ဟီဒဲအို ဟာ အသက် ၃၃ နှစ် ရှိပြီဖြစ်ပြီး
မအောင်မြင်သေးတဲ့ ကာတွန်းဆရာတစ်ယောက်ဖြစ်ပါတယ်...

အတူနေ ချစ်သူ ရှိပြီး ကာတွန်းဆွဲတဲ့အလုပ်
ကိုဇောက်ချ လုပ်နေပေမဲ့ အရံ ကာတွန်းဆရာဘ၀
ကနေတိုးတက်မလာပါ

အကြွေးတွေလဲတင် ချစ်သူကလဲ ငြိုငြင်လာ
ဟီဒဲအို ဘ၀ မှာ စိတ်ညစ်စရာတွေပဲ များနေခဲ့ပါတယ်...

တစ်ရက်မှာတော့ ဟီဒဲအို တို မြိုမှာပဲ
ခွေးကိုက်ခံရာကနေကူးစက်တက်တဲ့
ရောဂါတစ်မျိုး ပျံ့နှံ လာပြီး
ဟီဒဲအို ၏ အနီးဆုံး သူများကို ကူးစက်ခဲ့သော်အခါ....

ဒီရုပ်ရှင်ကားဟာ မကြာသေးခင်က
Facebook မှာVideo Clip အတိုလေး ပြန့်ပြီး
လူတိုင်းကြည့်ချင်နေတဲ့ဂျပန် ဇွန်ဘီ အက်ရှင်ကား
တစ်ကား ဖြစ်ပါယတ်IMDb Rating လဲ
မနည်းသလို ဇတ်လမ်းကလဲမဆိုးတဲ့
ရုပ်ရှင်ကားပါပဲသွေးထွက်သံယိုတွေ
ကိုက်ဖြတ်တာတွေ မကြည့်ချင်တဲ့သူတွေကတော့
ဒီလိုကားမျိုးကို ရှောင်သင့်ပါတယ်...

ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw11/2837
Please open Telegram to view this post
VIEW IN TELEGRAM
G_I-J_o-e R_e-t_a-l_i-a_t-i_o-n (2013)

အညွှန်း*
🔽🔽🔽

G*I J*o*e T*h*e Ri*se o*f Co*b*ra ရဲ့ အဆက်အနေနဲ့ ထွက်ရှိလာခဲ့ပြီးပထမရုပ်ရှင်က မင်းသားတွေဖြစ်တဲ့Channing Tatum တို့ လီဗျောင်ဟွန်းတို့အပြင် ဒီရုပ်ရှင်မှာတော့ Dwayne Johnson တို့ Bruce Willis တို့လို ဖိုက်တာတွေပိုပါဝင်လာတာမို့ ပိုကြမ်းလာတယ်ပြောရမှာပေါ့…။တကယ့်ဖိုက်တာမင်းသားတွေ အပြိုင်အဆိုင်ကြမ်းထားကြတာမို့ဇာတ်လမ်းထက် သူတို့ကြမ်းတာကို မနည်းလိုက်ကြည့်ရမလိုဖြစ်နေရပါတယ်။ဇာတ်လမ်းကတော့…G.I.Joe အဖွဲ့ရဲ့ ကပ္ပတိန်ဒုခ်နဲ့ အဖွဲ့သားတွေ ထောင်ချောက်ဆင်သ!တ်ဖြတ်ခံရပီးတဲ့နောက် အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ ရုတ်ဘလော့ခ် ( The Rock) လေဒီဂျေး , ဖလင့် နဲ့ Snake eyes တို့တွေပူးပေါင်းပြီး
Co*b*ra co*mm*an*der , Fir*efly , Zar*tan နဲ့ Sto*rm Sha*dow တို့ရဲ့ကမ္ဘာကြီးကိုဖျက်ဆီးမဲ့အစီအစဉ်ကိုဘယ်လိုတွေတားဆီးကျမယ်…သူတို့အဖွဲ့အတွက် ဘယ်လိုလက်စားချေမယ်ဆိုတာကို Action ဇာတ်ဝင်ခန်းအလန်းစားတွေနဲ့ကြည့်ရှုခံစားရမှာပါ။


ဇာတ်ကားကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw3/3164
Please open Telegram to view this post
VIEW IN TELEGRAM
T*h*e La*st o*f U*s (2025)


အပိုင်း(2)ရပါပြီ

ဇာတ်လမ်းအကျဉ်း

မှိုပိုးတစ်မျိုးကြောင့် လူတွေ အသားစားတဲ့ဇွန်ဘီးတွေလိုဖြစ်သွားပြီး ကမ္ဘာပျက်သွားပြီးနောက် နှစ် ၂၀ မှာအခြေပြုထားပါတယ်။

နယ်မြေတိုင်းမှာ သီးသန့်ဇုံတွေနဲ့ FEDRA အဖွဲ့ကစစ်အာဏာရှင်အဖြစ် တင်းတင်းကြပ်ကြပ်အုပ်ချုပ်နေပါပြီ။

ဇုံတွေထဲက ခိုးထွက်ရင် ခိုးဝင်ရင်ကို ကြိုးပေးသတ်ပါတယ်။ သူတို့တွေကို ပိုးစုန်းကြူးတွေဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေကလည်းတိုက်ခိုက်နေပါတယ်။

ဂျိုအယ်ကတော့ ဘော့စ်တွန် သီးသန့်နယ်မြေထဲကမှောင်ခိုသမားတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့ညီကိုရှာဖို့ခိုးထွက်ဖို့ကြိုးစားချိန်မှာ

ပိုးစုန်းကြူးတော်လှန်ရေးအဖွဲ့ကလည်းဗရိုနီကာဆိုတဲ့ ကလေးမလေးကို အရမ်းအရေးကြီးတဲ့အကြောင်းတစ်ခုနဲ့ ကယ်ထုတ်ဖို့ ကြိုးစားနေပါပြီ။

ဂျိုအယ်နဲ့ ပိုးစုန်းကြူးအဖွဲ့တွေ့ပြီး ဗရိုနီကာနဲ့ဘယ်လိုစွန့်စားခန်းတွေ ဖွင့်မလဲဆိုတာကိုတော့..



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
Michael B Jordan ကြီး ၂ ကိုယ်ခွဲအမြွာအဖြစ်သရုပ်ဆောင်ထားတဲ့ 2025 ထွက် ဒီ Horror ရုပ်ရှင်ကြီးက စထွက်တည်းက rating သျှမ်းသျှမ်းတောက်နဲ့ကြမ်းနေပါပြီ

ဇာတ်လမ်းက စမုတ်ခ်နဲ့စတက်ခ် အမြွှာညီအစ်ကိုတွေ ချီကာဂိုကနေပြန်လာပြီး မွေးရပ်မြေမှာ ဘုံဆိုင်လေးဖွင့်ဖို့ပြန်လာခဲ့ပါပြီ။ သူတို့ရဲ့ဝမ်းကွဲညီ ဆမ်မီကိုလည်း လက်တိုလက်တောင်းအကူအညီတောင်းကြတာပေါ့။ သူတို့မသိခဲ့တာတစ်ခုက ဆမ်မီဆီမှာ ဝမ်းတွင်းပါရမီတစ််ခုရှိနေတာပါပဲ။ အဲဒီအစွမ်းက သူသီချင်းဆိုတဲ့အခါ နားဝင်ချိုရုံမက မမြင်အပ်တဲ့သတ္တဝါတွေကိုပါ ဖိတ်ခေါ်နေမိတာပါ။
ဆိုင်အသစ်ဖွင့်ပွဲမှာ ဆမ်မီရဲ့ သီဆိုသံတွေနဲ့အတူ ဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေနဲ့ မဖိတ်ထားတဲ့ဧည့်သည်တွေရဲ့ ညကို သွေးရောင်တွေဖုံးလွှမ်းလာတဲ့အခါ…..



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
Mr.Pregnant (2023)
***

အခုတစ်ခါမှာတော့ ၄ရက်အတွင်း‌၄ကုဋေကျော်အမြတ်ပြန်ရခဲ့တဲ့ ရုံတင်ကားလေးကို CMပရိသတ်ကြီးအတွက် တင်ဆက် ပေးလိုက်ရပါတယ်ဇာတ်လမ်းအကျဉ်းဇာတ်လိုက်ကျော်ဂေါ်သမ်ဆိုတဲ့သူက နာမည်ကြီးလူငယ်တက်တူးပညာရှင်တစ်ယောက်၊ သူ့ကို မဟီဆိုတဲ့ကောင်မလေးက တဖက်သတ်လိုက်ကြိုက်နေတာ
ဒီခေတ်စကားအရဆို crush နေတာပေါ့
မဟီက ဂေါ်သမ့်ဆီလာပြီး အမြဲတမ်းချစ်စကားတွေပြောလိုက်၊ကြူးလိုက်
မိန်းကလေးဘက်ကနေပဲ လက်ထပ်ခွင့်တောင်းလိုက်နဲ့ပေါ့၊ ဂေါ်သမ်က အစကတော့
မဟီ့ကိုလက်မခံဘဲ အမြဲငြင်းနေရာကနေ နောက်‌တော့ မဟီ့ရဲ့အချစ်တွေကြားမှာကျရှူံးသွားပြီး
သူတို့နှစ်ယောက်လက်ထပ်ကြလေသတည်းပေါ့။ ဒီအထိ ဇာတ်လမ်းကရိုးရိုးရှင်းရှင်းပေါ့လေ။တစ်နေ့ တက်တူးထိုးပြိုင်ပွဲလုပ်ရင်း ဂေါ်သမ်နိုင်သွားတာကို
မကျေမနပ်ဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့
တက်တူးထိုးဆရာတစ်ယောက်က ဂေါ့်သမ်ကို ရန်ငြိုးဖွဲ့သွားတယ်။ဂေါ်သမ်နဲ့မဟီတို့ လက်ထပ်ပြီး မဟီက ကလေးယူချင်ပေမဲ့
ဂေါ်သမ်က မဟီကိုယ်ဝန်ဆောင်ရမှာကို အကြောက်အကန် ငြင်းခဲ့တယ်။
အဲဒီလို မဟီကိုယ်ဝန်ဆောင်မှာကို မလိုလားရတဲ့
ဂေါ်သမ့်ဆီမှာ ကိုယ်ဝန်ဆောင်ရမှာနဲ့ပတ်သက်တဲ့ ဆိုးရွားတဲ့
စိတ်ဒဏ်ရာတွေရှိနေခဲ့လို့ပါ ။မဟီကလည်း ကလေးဇွတ်လိုချင်နေတော့ နောက်ဆုံးမှာ ဂေါ်သမ်လည်းကလေးယူဖို့
သဘောတူခဲ့ပေမဲ့ ကလေးရလာချိန်မှာ‌တော့ သန္ဓေသားလေးကို
ယောက်ျားကြီးတန်မဲ့ သူကိုယ်တိုင်ပဲလွယ်ထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်
လောကကြီးမှာမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေက အိန္ဒိယကားတွေထဲမှာတော့ ဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ဂေါ်သမ်တစ်ယောက် ယောကျာ်းကိုယ်ဝန်သည်ကြီးအဖြစ်
ဘယ်လိုမျိုးဂယက်တွေကြုံမလဲ၊ခုနက သူမသိလိုက်ဘဲ ရန်သူဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့သူရဲ့ရန်ငြှိုးဖွဲ့မှုတွေကို
ဘယ်လိုမျိုးရင်ဆိုင်သွားရမလဲဆိုတာကိုသိချင်ရင်တော့ အချစ်၊အလွမ်း၊ဟာသ ၊အက်ရှင်စတဲ့ရသစုံပါတဲ့ဒီဇာတ်ကားလေးကိုCMရုပ်ရှင်ချစ်ပရိသတ်ကြီးကပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးဗျ…(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ YH ~ KKKZ ~ Dee ~ Alex ~ ToMoတို့ပဲဖြစ်ပါတယ်)

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw19/1406
Please open Telegram to view this post
VIEW IN TELEGRAM
ကမ္ဘာမီးလောင် ရေဖုံးလွှမ်း လူတွေအကုန် ရေခဲတုံးဖြစ်တဲ့ ကပ်ဘေးကြီး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

၂၀၁၉ ခုနှစ်မှာ ကမ္ဘာအဝှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ကြုံတွေ့လာခဲ့ရတာကို စတင်ပြသထားပြီးအဲဒီ ရာသီဥတု ဆိုးဝါးတာတွေကို ကာကွယ်ဖို့အတွက် ဂျိတ် နဲ့ မတ် ဆိုတဲ့ ညီအကို ၂ ယောက်က နိုင်ငံတကာကသိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒက်ချ်ဘွိုင်း ဆိုတဲ့ စနစ်တစ်ခုကိုဖန်တီးခဲ့ပြီး အာကသထဲ စခန်းတည်ဆောက်ကာသက်ဆိုင်ရာ နိုင်ငံတွေရဲ့ ရာသီဥတုတွေကို လိုက်လျောညီထွေအောင်လုပ်ဆောင်နိုင်ခဲ့တယ်ဒီလိုနဲ့ တစ်ရက်မှာတော့ ဂျိတ် ဦးဆောင်ခဲ့တဲ့ ဒက်ချ်ဘွိုင်း စနစ်ကိုနာဆာ လက်အောက်ကို ရယူဖို့အတွက် ဂျိတ် ကို အလုပ်ဖြုတ်ပြီးစနစ် နဲ့ ဝေးရာကို တွန်းပို့ခဲ့ကြပါတော့တယ်ဂျိတ်မရှိတဲ့နောက်မှာဂျိတ် ရဲ့ ညီ ဖြစ်သူ မတ် က စနစ်ကို နာဆာ လက်အောက်မှ တဆင့်ဦးဆောင်ရင်း ၃ နှစ်ခန့် ကြာသော အခါမှာတော့….

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw28/4634
Please open Telegram to view this post
VIEW IN TELEGRAM
T_r-i_p-l_e F_r-o_n-t_i-e_r ( 2019 )

အညွှန်း*
🔽🔽🔽

မင်းသား ဘန်အက်ဖလက်၊ ချာလီဟန်နန်၊ အော်စကာအိုင်းဆက်တို့လို လူတွေနဲ့ ဇာတ်အိမ်ကေငာ်းကောင်းဖွဲ့ပြီး ရိုက္ကူးထားတာပါပဲ။ ထွေလာထွက်ကတည်းက မျှော်နေရတဲ့ကားဆိုလည်း မမွားပါဘူး။
ဇာတ်လမ်းအကျဉ်း

အထူးတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ ဘဝဟာလည်း သနားစရာကောင်းပါတယ်။ အစွမ်းကုန်လေ့ကျင့်၊ အသက်စွန့်တိုက်ခိုက်ပြီး မသေလို့ အနားယူချိန်ရောက်လာတော့ လက်ထဲမှာရှိတဲ့ပိုက်ဆံက သားသမီးကျောင်းစရိတ်တောင် မလုပ်တဲ့လူတွေ ဖြစ်လာပါတယ်။ သူတို့ဒီနယ်ပယ်မှာ တော်သလောက်သာ အပြင်လုပ်ငန်းတွေမှာ လုပ်နိုင်ခဲ့ရင် စားမကုန်တဲ့ငွေတွေရနိုင်မယ့် အရည်အချင်းရှိတဲ့ သူမျိုးတွေပါပဲ။ ဒီလိုအဖြစ်တွေကို သည်းမခံချင်တော့တဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်သိုက်ကတော့ တောထဲမှာ အစောင့်အပြည့်နဲ့ ငွေသန်းပေါင်းများစွာကို ဖင်ခုထိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်အိမ်ကို ဝင်စီးပြီး တစ်သက်စားမကုန်မယ့်ငွေတွေကို ကိုယ့်အတွက်ကိုယ်သိမ်းဆည်းဖို့ ကြံစည်ကြပါတော့တယ်။ တကယ်တမ်းငွေတွေရလာတဲ့အခါ အရမ်းများလွန်းနေတဲ့အတွက် သူတို့ထင်ထားသလို မချောမွေ့ပဲ အခက်အခဲမျိုးစုံ ရင်ဆိုင်လာရပါတော့တယ်။

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/khkkpppacwchannel30/4657
Please open Telegram to view this post
VIEW IN TELEGRAM
Gu*nt*ur  Ka*ar*am [ 2/0/2/4 ]

Runtimeအဆုံးထိမပါရင်ဒေါင်းပြီးမှ
ဖုန်းထဲကိုSaveပြီးကြည့်ပါ

ဇာတ်လမ်းအစ ရာမာနာ(မဟေ့ရှ်ဘာဘူ) ဆယ်နှစ်သားအရွယ်မှာ သူ့အမေက
သူ့ကိုစွန့်ပစ်ခဲ့ပါတယ်

သူ့အဖေကိုလည်းထားခဲ့ပြီးတော့
နောက်အိမ်ထောင်ပြု သားထပ်မွေးသွားပါတယ်

အရွယ်ရောက်လာချိန်မှာတော့ ရာမာနာဟာ ဘယ်သူမှထိန်းမရတဲ့ ဘယ်သူ့ကိုဂရုမစိုက်တဲ့လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ

သူ့စိတ်ထဲမှာမမေ့နိုင်သေးတာတော့ သူ့အမေပေါ့သူ့အဘိုး ဗန်ကတ်ဆွာမိဟာ နာမည်ကြီး နိုင်ငံရေးသမားတစ်ယောက်ပါ

အဲ့ဒါအပြင် သူ့အမေရော သူ့ရဲ့အဖေကွဲညီကိုပါ နိုင်ငံရေးလုပ်ခိုင်းထားပါတယ်

သူတို့မိသားစုရဲ့နိုင်ငံရေးလောကမှာ ပထမသားကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့
အမည်းစက်တစ်ခုဖြစ်နေတဲ့အခါမှာ
ရာမာနာကို ဟိုက်ဒရာဘတ်ကိုခေါ်ပြီး အမွေ ဖြတ်ဖို့လုပ်ပါတော့တယ်

အဲ့ချိန်မှာ ရာမာနာနဲ့ သူချစ်ရတဲ့အမေမိသားစုကြားဘာတွေဆက်ဖြစ်မလဲဆိုတာတော့…….

ပရိသတ်ကြီးပဲ ဒီအချစ်အက်ရှင်ဇာတ်ကားလေးကို ဆက်လက်ခံစားကြည့်ရှုပေးကြပါလို့ ပြောကြားလိုပါတယ်...

Movie Link
⬇️⬇️⬇️
https://t.me/khkkpppacwch201/4722
Please open Telegram to view this post
VIEW IN TELEGRAM
S_e_c_r_e-t M_a-g_i-c C_o-n_t-r_o-l Agency [2021]

IMDB (6.2/10)

အညွှန်း*
🔽🔽🔽

ဇာတ်လမ်းအစမှာတော့ တိုင်းပြည်တစ်ခုရဲ့ ဘုရင်ကြီးက အသက်ဝင်နေတဲ့ အစားအသောက်တွေပြန်ပေးဆွဲတာ ခံလိုက်ရပါတယ်

အကယ်၍ ဘုရင်ပြန်ပေးဆွဲခံလိုက်ရတာသာ သတင်းပေါက်ကြားသွားရင် တစ်တိုင်းပြည်လုံး ကမောက်ကမ ဖြစ်ကုန်မှာပါ၊

ဒါကြောင့် ဒီကိစ္စကိုဖြေရှင်းဖို့ SMCA ကို တာဝန်ပေးလိုက်ပါတော့တယ်

အထူးအေးဂျင့် ဂရေတယ်နဲ့ သူ့အစ်ကို လူလိမ်ဟန်ဆယ်တို့က ဒီဇာတ်လမ်းထဲမှာတော့ မတည့်ကြတဲ့ မောင်နှမတွေအဖြစ်တွေ့ရပါတယ်

SMCA ရဲ့ ခေါင်းဆောင်က ပြန်ပေးသမားကိုဖမ်းဖို့ လူလိမ်အကြီးစားကို သုံးရမယ်လို့ ဆုံးဖြတ်လိုက်ပြီး သူတို့နှစ်ယောက်ကို တာဝန်ပေးလိုက်ပါတော့တယ်

စုံစမ်းနေရင်း ဟန်ဆယ်ရဲ့အမှားကြောင့် သူတို့နှစ်ယောက်လုံး ကလေးပေါက်စလေးတွေ ပြန်ဖြစ်သွားကြပါတယ်၊

ကလေးလေးတွေအဖြစ်နဲ့ပဲ ပြန်ပေးသမားကို လိုက်ရှာရင်း အလွဲလေးတွေနဲ့ စွန့်စားခန်းဖွင့်ကြပါတော့တယ်

#Credit


ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/khanthtookyaw66/3004
Please open Telegram to view this post
VIEW IN TELEGRAM
Mi*ssi*on: Cr*o*ss (2024)

ဇာတ်လမ်းလေးက အက်ရှင်ကိုမှ ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါးနဲ့ကြည်ရှုရမှာဖြစ်လို့ ပရိသတ်ကြီးအတွက် တစ်ခဏတာစိတ်အပန်းပြေစေနိုင်ဖို့ ကြည့်ရှုလိုက်ရအောင်ပါ။

Kang-Moo ဆိုတာ ထူးချွန်ထက်မြက်တဲ့အေးဂျင့်တစ်ယောက်ဖြစ်ပေမယ့် Mi-Sun ဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ပြီး သူ့ရဲ့နောက်ကြောင်းကိုဖုံးကွယ်ခဲ့ပါတယ်။လက်ရှိမှာတော့ Kang-Moo ဟာပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်သည်ဘဝနဲ့ အိမ်မှုကိစ္စတွေကိုနှိင်နှိင်နင်းနင်းဆောင်ရွက်နေတဲ့ ခင်ပွန်းသည်တစ်ယောက်ဖြစ်နေပါပြီ။

Mi-Sun ကတော့ အကြမ်းဖက်ရာဇ၀တ်မှုဆိုင်ရာဌာနခွဲတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့စုံထောက်တစ်ယောက်ပါ။သူကတော့ ခင်ပွန်းသည်ရဲ့ဘဝနောက်ကြောင်းကိုမသိတဲ့သူပါ။တစ်နေ့ Kang-Moo ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Hee-Joo ဆိုတဲ့အမျိုးသမီးတစ်ယောက်ပေါ်လာပြီး ခင်ပွန်းသည်ရဲ့သံသယဖြစ်ဖွယ်အနေအထားတွေကို မြင်တွေ့လာရတဲ့အချိန် ခင်ပွန်းသည်ရဲ့နောက်ကြောင်းကိုစုံစမ်းခဲ့ပါတယ်။

ဒီလိုနဲ့ Kang-Moo ၊ Mi-Sun တို့လင်မယားနှစ်ယောက်ဟာ မထင်မှတ်ထားတဲ့ ကိစ္စကြီးတစ်ခုမှာပါဝင်ပတ်သက်မိပြီး ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ပရိသတ်ကြီးကပဲကြည့်ရှုလိုက်ပါဦးနော်။


Movie Link
⬇️⬇️⬇️
https://t.me/channelh2025/638
Please open Telegram to view this post
VIEW IN TELEGRAM
Lo*ck*ed (2/0/2/5)
================

အက်ဒီဘာရစ်ဟာ ကားတစ်စီးနဲ့ ဒလီပို့တဲ့ အလုပ်ကို လုပ်ပြီး ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေသူတစ်ဦးဖြစ်တယ်။သူ့ဒုက္ခတွေနဲ့သူ အကျပ်ရိုက်နေလို့ ဇနီးဟောင်းနဲ့ အလှည့်ကျ ခွဲယူထားတဲ့ သူ့သမီးအတွက် ဖခင်တာဝန်တွေကိုလည်း မကျေပွန်နိုင်သူပေါ့။တစ်နေ့တော့ သူ့ရဲ့ကားက ပျက်လို့ ဝပ်ရှော့ကို ပို့လိုက်ရတယ်။ ပြင်စရိတ်ကိုလည်း အကုန်မပေးနိုင်တော့ ကားလည်းမရ ငွေလည်းကုန် အခြေအနေဖြစ်သွားတယ်။လူတကာကို ပိုက်ဆံလိုက်ချေးပေမဲ့လည်း အရာမထင်ခဲ့တဲ့အဆုံး အက်ဒီဟာ လမ်းပေါ်မှာ ဒီတိုင်းရပ်ထားတဲ့ SUV တစ်စီးထဲက ပစ္စည်းတစ်ခုခုကို ခိုးပြီး ငွေရပေါက်ကြံတယ်။ဒါပေမဲ့ ကံဆိုးမ,သွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဝင်ခိုးတဲ့ ကားက သာမန်ကားတစ်စီး ဟုတ်မနေခဲ့တာပါပဲ။ကားထဲကို အက်ဒီဝင်သွားအပြီးမှာ ကားတံခါးတွေဟာ အကုန် လော့ခ်ကျသွားခဲ့ပါတယ်။ အက်ဒီဘယ်လိုပဲ ကြိုးစားကြိုးစား တံခါးတွေဟာ လုံးဝဖွင့်မရတော့ပါဘူး။ပါလာတဲ့ သေနတ်နဲ့ မှန်ကိုခွဲပြန်တော့ ကျည်မတိုးတဲ့ မှန်ဖြစ်နေပြီး ကျည်ဆံက တန်ပြန်လာလို့ အက်ဒီ့ခြေထောက်ကို ပြန်မှန်ပြီး သွေးတွေလွန်ပါတော့တယ်။ရုတ်တရက်ဆိုသလို ကားရဲ့ တီဗီဖန်သားပြင်ကနေ ဖုန်းတ‌စ်ကောဝင်လာခဲ့ပြီး ဝီလီယံဆိုသူဟာ သူက ဒီကားရဲ့ပိုင်ရှင်ဖြစ်ကြောင်းသူဟာ အက်ဒီ့လိုလူတွေကြောင့် ဒီကားကို ပရောဂျက်ဆွဲထားတာဖြစ်ကြောင်း သူလုပ်စရာရှိတာတွေ လုပ်လို့မပြီးမချင်း အက်ဒီ့ကို ပြန်မလွှတ်ဘူးဆိုတဲ့အကြောင်းတွေ ပြောလာပါတော့တယ်။ဒီလိုနဲ့ ဒဏ်ရာကြောင့် သွေးလွန်နေတဲ့ အက်ဒီဟာ SUV ကားကြီးထဲမှာ ပိတ်မိသွားပြီး အသံရှင်ရဲ့ လက်ခုပ်ထဲက ရေဘဝကို ရောက်ချင်းမလှရောက်သွားပါတော့တယ်။ဒီဇာတ်လမ်းမှာ မင်းသားချော Bill Skarsgård က အက်ဒီအဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်ကားတစ်ကားလုံးကို ကားတစ်စီးထဲမှာ ဇာတ်အိမ်တည်ပြီး စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။)

Movie Link
⬇️⬇️⬇️
https://t.me/khkkpppacwchannel30/4665
Please open Telegram to view this post
VIEW IN TELEGRAM
ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။
စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။ မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ ခွင့်လည်း တောင်းထားပြီးသား ခုလိုအခြေအနေကို မိသားစုကိုအကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့ တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက်သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့ မင်းသားချောပါပဲ။ ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးဗျာ။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw25/8032
Please open Telegram to view this post
VIEW IN TELEGRAM
U_p-o_n t_h-e M_a-g_i-c R_o-a_d-s [2021]

အညွှန်း*
🔽🔽🔽

ဒါကတော့ရုရှားစကားပြောကားလေးပါ၊ ရုရှား ရှေးပုံပြင်တစ်ပုဒ်ဖြစ်တဲ့ The Humpbacked Horse ကိုရုပ်ရှင်ရိုက်ထားတာပါ..ဆင်းရဲတဲ့လယ်သမားတစ်ယောက်ရဲ့သားဖြစ်သူအိုင်ဗန်ဟာ မှော်မြင်းမတစ်ကောင်ကိုကူညီမိရာက လူစကားတတ်တဲ့မြင်းပေါက်စလေးတစ်ကောင်ကို လက်ဆောင်ရပြီး တူတူစွန့်စားခန်းထွက်ကြပါတယ်...ရုပ်ရှင်က ရုရှားကားဆိုပေမယ့် ၀တ်စုံတွေ Visual effects တွေကြည့်လို့ကောင်းပြီးမူလပုံပြင်အတိုင်းဖြစ်အောင်ရိုက်ကူးထားပါတယ်။ပေါ့ပေါ့ပါးပါးနဲ့မိသားစုလိုက်ကြည့်နိုင်မယ့်ကားလေးပါ....

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/khanthtookyaw28/4642
Please open Telegram to view this post
VIEW IN TELEGRAM
မမဝါဒီ ကမ္ဘာတည်စေရမည်။
ချာထရာပတ်သီဆိုတာ မြန်မာလိုဆို ဧကရာဇ်မင်းပေါ့။

ရှီဗာကို လူထုက ချာထရာပတ်သီဆိုပြီး ကင်ပွန်းတပ်ကြတယ်။

နိုင်ငံရေးထဲမှာပါဝင်ပြီး လူထုကိုဒုက္ခပေးနေတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကို ပြန်လည်တိုက်ခိုက်ပေးတဲ့အတွက်ပေါ့။

ရှီဗာက ပါကစ္စတန်ဘက်ကနေ ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တစ်ဦး။

ထွက်ပြေးရင်း ပျောက်ဆုံးနေခဲ့တဲ့ အမေဖြစ်သူနဲ့ ညီလေးကို လိုက်ပြီးရှာနေခဲ့သူ။

ဆပ်ပ်နာဆိုတဲ့ အရာရှိအမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပြီး ဆပ်ပ်နာက ရှီဗာရဲ့အမေနဲ့ညီလေးကို ကူရှာပေးရင်း နှစ်ဦးသားချစ်ခင်စုံမက်ခဲ့တယ်။

ဒီလို လူပျောက်ရှာနေတဲ့ကြားထဲကမှ မွေးစားအဖေဖြစ်သူရဲ့ သားအရင်းအာရှို့ခ်ရဲ့အငြိုးထားရန်လိုခြင်းကိုလည်း ခံနေရပြန်တယ်။

အာရှို့ခ်က ရှီဗာရဲ့ရန်သူတွေနဲ့ ပူးပေါင်းပြီး ရှီဗာကို ဒုက္ခပေးဖို့ကြံလာတဲ့အခါ...။

ရှီဗာတစ်ယောက် ပျောက်ဆုံးနေတဲ့ အမေနဲ့ညီလေးကို ရှာတွေ့ပြီး ချစ်ရသူနဲ့အတူတူ ပျော်ရွှင်စွာနေနိုင်သွားမလားဆိုတာ...။

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw4/1342
Please open Telegram to view this post
VIEW IN TELEGRAM