ထားသွားချင်တဲ့အခါ ...
ကျွန်တော်တို့
ဘယ်လောက်ချစ်ခဲ့တာပါဆိုတဲ့
အကြောင်းတွေကို
သူ သိချင်တော့မှာ မဟုတ်ဘူး
ပေးဆပ်ခဲ့တာတွေ
အနစ်နာခံခဲ့တာတွေက
ပြန်ပြောပြလဲ
ဟာသတစ်ခုသာသာပါပဲ
ထားသွားချင်တဲ့အခါ....
ကိုယ်ဘယ်လောက်ပဲကောင်းအောင်လုပ်ပေးလုပ်ပေး
အရာရာက အလကားပါပဲ
ပြီးတော့ အပိုသက်သက်ပါပဲ
ဘယ်လောက်ပဲ ကောင်းအောင်နေနေ
သူတို့အမြင်မှာ
ကိုယ်ဟာ လူဆိုးတစ်ယောက်ပါပဲ
ထားသွားချင်တဲ့အခါလေ ...
စကားတွေပြောချင်နေမိတဲ့ကိုယ်က
အပြစ်တွေ အများကြီး ကျူးလွန်နေမိသလို
ဖြစ်တတ်တယ်
စာတွေပို့နေမိတဲ့ ကိုယ်က
အနှောင့်အယှက်တွေ အများကြီးပေးနေမိသလို
ဖြစ်လာတတ်တယ် ။
အေးစက်နေတဲ့ဆက်ဆံရေးကို
နွေးထွေးချင်နေမိတဲ့ ကိုယ်က
စောက်ပိုတွေလုပ်တာ ဖြစ်သွားတတ်တယ် ။
ထွက်သွားမှာစိုးလို့ ဆွဲကိုင်ထားမိတဲ့
အခိုက်အတန့်တွေက
တန်ဖိုးတွေ အများကြီး ကျခဲ့ရုံသက်သက်ပေါ့
ထားသွားချင်တဲ့အခါလေ ...
ကိုယ်ချစ်ခဲ့ပါတယ်ဆိုတာတွေကော
နှစ်တွေဘယ်လောက်ကြာခဲ့တာဆိုတဲ့ အချိန်တွေကော
မျှော်လင့်ခဲ့တဲ့ အိပ်မက်တွေ အကြောင်းကော
သူမရှိရင်မဖြစ်တဲ့ ကိုယ့်အကြောင်းကိုကော
သူဘာမှ သိချင်တော့မှာ မဟုတ်ဘူး ...
အရာရာက အရင်ကထက် အေးစက်ပြီး
ခြောက်ကပ်သွားမှာ ...
ပြီးတော့
မချစ်ချင်တော့ဘူးဆိုတဲ့စကားနဲ့
အကြောင်းပြချက်တွေ အများကြီးမရှိလဲ
ထားသွားခဲ့တာပါပဲ။
Kaung Htet Win စာတို###
(ရင်နှင့်ရင်း၍ရေးသည်)

❤2
မညာတမ်းပြောရရင် ... ခင်ဗျားကို လိုပါတယ် ။
ကျွန်တော် ဒီနေ့ ခင်ဗျားကို သိပ်လွမ်းနေတာ သိရဲ့လား ။ မနက်ခင်းတွေမှာ မင်းအသံလေးကြားပြီး နိုးထချင်နေမိတာ ။ Morningဆိုတဲ့ စကားလေးတစ်လုံးထက် ပိုပြောချင်နေမိတာ ခင်ဗျားအပြုံးလေးနဲ့ ကျွန်တော့ မနက်ခင်းတွေကို စရင် အဲ့ဒီတစ်နေ့လုံးက အဆင်တွေပြေနေတတ်တာ ။ အေးစက်စက်နဲ့ မနက်ခင်းတွေစရင် အဲ့ဒီတစ်နေ့လုံး အဆင်မပြေတွေ ဖြစ်တတ်တာလေ ။
မညာတမ်း၀န်ခံရရင် ... ကျွန်တော် ခင်ဗျားကို လိုပါတယ် ။ အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းတွေရယ် ။ ဘာဖြစ်နေလဲဆိုတဲ့ ဂရုစိုက်မှုတွေရယ် ။ အရင်နေ့တွေလို နှစ်ယောက်သားအတူတူ ရယ်မောနေရခြင်းတွေရယ် ကျွန်တော် လိုနေတယ် ။ ကိုယ့်စိတ်နဲ့ ကိုယ်ဆိုရင်လေ ကျွန်တော်က ဖုန်းတွေဆက်ပြီး စကားတွေ အများကြီးပြောနေမိမှာ အလုပ်တွေဘယ်လောက်များများ ခင်ဗျားနဲ့ ကပ်နေချင်နေမိတာ ။ စာတစ်လုံးပို့ရင် ရေစိုလက်နဲ့ စာပြန်ဖို့ ၀န်မလေးသလို အားသွင်းကြိုးတန်းလန်းနဲ့လဲ ဖုန်းတွေပြောဖို့ ၀န်လေးတာ မဟုတ်ဘူးလေ ။
ဒါပေမယ့် ... ကိုယ့်တစ်ဖက် ကြည့်နေလို့ အဆင်မှမပြေတာ ။ အလုပ်များနေမလားဆိုတဲ့ အတွေးနဲ့ ပို့လာမယ့် Message လေးကို သတိတရနဲ့ မျှော်ပါတယ် ခေါ်လာမယ့် ဖုန်းသံလေးကို တကူးတကနဲ့ မျှော်ပါတယ် ။ ကျွန်တော်က ထမင်းစားရေသောက်တာက အစ အဆင်မပြေမှုတွေအဆုံး ခင်ဗျားကိုပဲ ပြောပြချင်နေမိတာ ။ တစ်ယောက်တည်း ဖြစ်နေတဲ့ ဘ၀မှာ ခင်ဗျားကိုပဲ တွယ်တာချင်နေမိတာ ။
ကျွန်တော့်ကို မချစ်ဘူးလားဆိုပြီး ... ရင့်ကျက်မှုတွေ အားလုံးဖယ်ပြီး ခင်ဗျားကို ဆိုးချင်နေမိသလို ... ဘယ်သူမှ မမြင်ခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ ခင်ဗျားအပေါ် ကလေးဆန်ချင်နေမိတယ် ။ အဝေးကြီးမှာဆို သိပေမယ့်လေ ကျွန်တော်ကို နမ်းပါဦးဆိုပြီး ခေါင်းလေးတိုးချင်နေမိတယ် ။ ကျွန်တော့ကို ဖက်ပါဦးဆိုပြီး လက်လေး ရှေ့တိုးချင်နေမိတယ် ။ ကျွန်တော့်ကို ချော့သိပ်ပါဦးဆိုပြီး မျက်လုံးလေး မှိတ်နေချင်မိတယ် ။
မညာတမ်းပြောရရင် ... ကျွန်တော် ခင်ဗျားကို လိုပါတယ် ။ ဖုန်းတွေခေါ်ချင်နေမိတဲ့ စိတ်တွေကို ထိန်းနေရတာက အဆင်မပြေဘူး ... စကားတွေ ပြောချင်နေမိတဲ့ နှလုံးသားကို ထိန်းချုပ်ထားရတာ ပိုခက်ခဲလာတယ် ။ လွတ်ပေးလိုက်ရင်လဲ ဖုန်းတွေ တရစပ်ခေါ်နေမိရင် ခင်ဗျားလေး စိတ်ပျက်သွားမှာလဲ ကြောက်နေမိတယ် ။ စာတွေ ဆက်တိုက်ပို့နေမိရင် ခင်ဗျားလေး စိတ်ကုန်သွားမှာလဲ ကြောက်နေမိတယ် ။ ကိုယ့်အတွေးနဲ့ ကိုယ်သာ ဆိုရင်လေ ... တစ်ရက်မှာ ၂၄နာရီလုံး ခင်ဗျားကို လိုပါတယ် ။
အဆင်ပြေတယ်မဟုတ်လားဆိုပြီး မေးခွန်းတွေ မေးရင် ထိန်းချုပ်ထားတဲ့ အစစအရာရာကို ကျွန်တော် ပြောချင် ပြောနေမိမှာ ... မချစ်ဘူးလားဆိုတဲ့ မေးခွန်းတွေ မေးလာရင် ခင်ဗျားကို ဘယ်လောက်ချစ်တဲ့အကြောင်းတွေ တဖွဖွ ပြောပြနေမိမှာ ... တိတ်ဆိတ်နေရတာ အဆင်ပြေလား မေးလာရင် ကျွန်တော် အပြေးလေးလာချင်တဲ့အကြောင်းတွေ ခင်ဗျားကို ပြောပြနေမိမှာ ။ တကယ်တမ်းကျတော့ အဝေးကြီးမှာ တိတ်ဆိတ်ပြီး အဆင်ပြေနေသလိုလေး ရပ်နေရတာဟာ တကယ်လက်တွေ့တွေမှာ ဘာတစ်ခုမှ အဆင်ပြေမနေဘူးလေ ။
ခင်ဗျားမရှိတဲ့ နေ့ရက်တွေမှာ ပျော်အောင်နေဖို့ ခက်ခဲတယ် ကျွန်တော့်အနား ရှိမနေတဲ့ ညတွေမှာ အိပ်ပျော်အောင် အိပ်ဖို့ ခက်ခဲတယ် ။ နေ့ရက်တိုင်းမှာ ပြီးတော့ နေရာတိုင်းမှာ ခင်ဗျားကို လိုပါတယ် ။

❤🔥1
အချစ်တစ်ခုက ချစ်နေရုံနဲ့ မပြီးဘူး
သူ့ဘက်က ကိုယ့်ကို အချစ်စစ်နဲ့ချစ်ဖို့ လိုသေးတယ်
အခြားတစ်ယောက်ကို ရင်ဘက်ထဲထားပြီး ကိုယ့်ကို အရမ်းချစ်တယ်တဲ့
သူချစ်တာကို ယုံကြည်တယ်
အခြားတစ်ယောက်ကိုလဲ ရင်ထဲက
မထုတ်နိုင်တာကိုလဲ လက်ခံပေးနိုင်ရမယ်လေ
ဘာလို့ဆို သူသိပ်ချစ်တဲ့ မိန်းကလေးကို ရင်ထဲက ထုတ်ခိုင်းဖို့ဆိုတာ မလွယ်ဘူးလေ
ဘ၀က ဇာတ်ဆရာ အလိုကျပ့ဗျာ
😊💔😊#htet

🔥1
အမကေပြောဖူးတယ်🤐
သဘောထားချင်းမတိုက်ဆိုင်ကျလို့ဝေးသွားခဲ့ရင်🥹
ဝေသွားခဲကျတယ်ဆိုပင်မဲ့ကိုကသံယောဇဥ်ရှိသေးတယ်👣
ဆိုရင်မနကိုဘေးဖယ်ပြီးစခေါ်ရတယ်တဲ့🐾
ချစ်ခြင်းမတ္တာမှာဘယ်သူကသာတယ်နာတယ်ဆိုမရှိဘူးတဲ့
မာနကိုရှေ့တန်းတင်ပြီးနေခဲ့ကျမယ်ဆိုရင်တော့🥱🧚♀
တစ်ခါလွဲရင်တစ်သက်ပဲတဲ့💔
#htet

သူရဲ့နောက်ကလူတွေထက်အရေးမပါတဲ့အခါကိုစကားတွေတွန့်ဆုတ်ခဲ့သည့်#htet
❤1