Kachin Waves
1.38K subscribers
614 photos
145 videos
1.58K links
ကချင်ပြည်နယ် အခြေစိုက် လွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်း ဖြစ်သည်။
Download Telegram
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ပုံမှန်အစည်းအဝေးအတွင်း ဥပဒေ(၂)ရပ် ပြဌာန်းပြီး ယူနစ်စာရင်းစစ်ချုပ် ခန့်အပ်ခဲ့

By D Hline. 26 September 2026

မနေ့ကကျင်းပခဲ့တဲ့ ဒွါဒသမ (၁၂)ကြိမ်မြောက် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ပုံမှန်အစည်းအဝေးအတွင်း ရှေ့နေချုပ်ဥပဒေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဆိုင်ရာဥပဒေတို့ကို အတည်ပြုပြဌာန်းခဲ့ပြီး ယူနစ်စာရင်းစစ်ချုပ် ခန့်အပ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့၊ မနေ့က မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ဥပဒေပြုရေးဆိုင်ရာကော်မတီက တင်သွင်းလာတဲ့ မကွေးဖက်ဒရယ်ယူနစ်ရှေ့နေချုပ်ဥပဒေကို ကြားကာလအစီအမံဆိုင်ရာဥပဒေ ပုဒ်မ (၈၂) အရလည်းကောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဆိုင်ရာဥပဒေကို ပုဒ်မ (၁၂၃)အရ လည်းကောင်း အသီးသီးပြဌာန်းခဲ့ကြောင်း သိရပါတယ်။

မကွေးဖက်ဒရယ်လွှတ်တော် ပြဌာန်းခဲ့တဲ့ ဥပဒေအမှတ် (၈) ရှေ့နေချုပ်ဥပဒေမှာ ရည်ရွယ်ချက်နဲ့ အခြေခံမူ၊ ရှေ့နေချုပ်ရုံးတည်ထောင်မှုနဲ့ အဆင့်အတန်း၊ ရှေ့နေချုပ်နဲ့ ဒုရှေ့နေချုပ်တို့ရဲ့လုပ်ပိုင်ခွင့်များ၊ ခရိုင်နဲ့ မြို့နယ်ဥပဒေရုံး ဥပဒေအရာရှိတွေရဲ့ လုပ်ငန်းတာဝန်တွေကို သတ်မှတ်ပြဌာန်းထားပြီး အခန်း (၇) ခန်းပါရှိပါတယ်။

ဥပဒေအမှတ် (၇) ကာကွယ်ရေးတပ်ဖွဲ့ဆိုင်ရာဥပဒေမှာတော့ ရည်ရွယ်ချက်၊ ယူနစ်ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းခြင်း၊ ပူးတွဲစစ်ဆင်ရေးကော်မရှင်ဖွဲ့စည်းခြင်းနဲ့ လုပ်ငန်း၊ တာဝန်၊ သက်တမ်း၊ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေး၊ ကျင့်ဝတ်နဲ့စည်းကမ်းတွေ အပါအဝင် အခန်း (၉) ခန်း သတ်မှတ်ပြဌာန်းထားပါတယ်။

မကွေးဖက်ဒရယ်ယူနစ်စာရင်းစစ်ချုပ်အဖြစ် ဒေါ်မေနှင်း ခန့်အပ်ခံရပြီး မနေ့ကလွှတ်တော်မှာ ကတိသစ္စာပြုခဲ့ကြောင်း မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြည်သူ့ငွေစာရင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေး၊ သယံဇာတနှင့် စွမ်းအင်ဆိုင်ရာကော်မတီ ဖွဲ့စည်းကြောင်းနဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ (၆)လပါတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အစည်းအဝေးအတွင်း ဖတ်ကြားတင်သွင်းခဲ့ကြောင်းလည်း သိရပါတယ်။

#မကွေး #ဖက်ဒရယ်ယူနစ် #လွှတ်တော် #အစည်းအဝေး #ဥပဒေ #စာရင်းစစ်ချုပ် #ပြဌာန်း #kachinwaves #news

http://youtube.com/post/Ugkxmgq2ZDfSnem7QV5lHCKT54gXJ-Uw77Aa?si=OzYc2RY0S-R8ViAp
👍1
မြန်မာ့အကျပ်အတည်းကို မြန်မာကိုယ်တိုင်ဦးဆောင်ဖြေရှင်းဖို့ ထောက်ခံကြောင်း ထိုင်းဝန်ကြီးချုပ်ဆို

By D Hline. 26 September 2026

ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင်ချာန်ဗီရကူးလ်က မြန်မာ့နိုင်ငံရေးပဋိပက္ခအကျပ်အတည်းနဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံကိုယ်တိုင် ဦးဆောင်ဖြေရှင်းမှုကို ထောက်ခံကြောင်း (၈၁) ကြိမ်မြောက် ကုလသမ္မဂအထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ အဆိုပါညီလာခံအတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင်က ပါလက်စတိုင်း၊ ကမ္ဘောဒီယားနဲ့ မြန်မာအရေးတို့နဲ့ ဆက်ဆံရေးဆိုင်ရာပဋိပက္ခတွေ၊ အငြင်းပွားမှုတွေကို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီယားနဲ့ ဖြစ်ပွားခဲ့တဲ့ နယ်စပ်ပြဿနာဖြေရှင်းရေးနဲ့ ပတ်သတ်ပြီး ဝန်ကြီးချုပ်အနုတင်က ငြိမ်းချမ်းရေး ဆိုသည်မှာ အလေးအနက်ပူးပေါင်းဆောင်ရွက်မှသာ တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ စစ်မှန်တဲ့ ကြိုးစားအားထုတ်မှုလိုအပ်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာ့အရေးကိုလည်း ၎င်းလမ်းညွှန်အကြံပေးချက်နဲ့သာ ချဉ်းကပ်ကြောင်းပြောဆိုပါတယ်။

“မြန်မာနဲ့ပတ်သတ်လို့ ကျွန်တော်တို့ရဲ့ချဉ်းကပ်မှုမှာလည်း ဒီကတိကဝတ်အတိုင်း လမ်းညွှန်ပေးနေပါတယ်။ မြန်မာနိုင်ငံက ဦးဆောင်ပြီး မြန်မာနိုင်ငံကိုယ်တိုင် ပိုင်ဆိုင်တဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရေရှည်ခိုင်မြဲတဲ့ ဖြေရှင်းမှုမျိုးကို ထိုင်းနိုင်ငံက ထောက်ခံပါတယ်”လို့ ဝန်ကြီးချုပ်အနုတင် ပြောဆိုခဲ့တဲ့မိန့်ခွန်းကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်ဆင့်ဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ အာဆီယံဒေသတွင်းမှာ သော်လည်းကောင်း၊ သက်ဆိုင်ရာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး သော်လည်းကောင်း တည်ဆောက်ရေးဆန်ပြီး အချိန်အခါအလိုက် ညှိနှိုင်းဆောင်ရွက်တဲ့ ထိတွေ့ဆက်ဆံမှုကိုယုံကြည်ပြီး လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ပေါ်ပေါက်လာစေဖို့ တိုက်တွန်းထားပါတယ်။

ကမ္ဘောဒီယားနဲ့ မြန်မာ ပဋိပက္ခ(၂)ရပ်လုံးအတွက် ထိုင်းနိုင်ငံရဲ့တာဝန်က တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်လာစေဖို့နဲ့ တိုးတက်မှုတွေလက်တွေ့ရရှိနိုင်စေရေး လမ်းဖွင့်ပေးဖို့ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်အနုတင်က ပြောကြားခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတအဖြစ်ခံယူပြီးနောက် သီးသန့်ဖိတ်ခေါ် တွေ့ဆုံခဲ့တဲ့ အာဆီယံဒေသအတွင်းက ဒုတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။


#မြန်မာ #နိုင်ငံရေး #အကျပ်အတည်း #ထိုင်းဝန်ကြီးချုပ် #အာဆီယံ #ကုလသမ္မဂ #kachinwaves #news

http://youtube.com/post/UgkxO0GRBOGsn98NBiPT0uIChxdS3sb3kcIQ?si=csRyYb7yGvX4u9E7
👍1
အင်းတော်၊ ကောလင်း၊ ကသာ သုံးနေရာ ဗုံးကြဲခံရမှုမှာ အရပ်သား ၉ ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရခဲ့

By Ko San. 27 September 2026

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း - ကချင်ပြည်နယ်အစပ် ကောလင်း၊ ကသာနဲ့ အင်းတော်မှာ အာဏာသိမ်းတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား (၉) ဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက် စက်တင်ဘာ ၂၄ ရက် (သောကြာနေ့) ညနေ ၅ နာရီခွဲလောက်က ကောလင်းမြို့နယ်အရှေ့ခြမ်း ကုက္ကိုလ်ကျေးရွာကို အာဏာသိမ်းတပ်က တံတားဦးတက်ဂျက်ဖိုက်တာတစ်စင်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် အရပ်သားတွေ သေဆုံးထိခိုက်ခံရတယ်လို့ ကောလင်းမြို့နယ် ပအဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်ရေးပစ်မှတ် မဟုတ်ဘဲလာကြဲတာ။ ပထမအကြိမ် ဗုံးသီးချပြီး ဒုတိယအကြိမ် ရော့ကက်နဲ့ပစ်တာ။ ပစ်တဲ့နေ့က ရုတ်တရက်ကြီး လာပစ်သွားတာ။ အရင်တစ်ခေါက်ပစ်တုန်းကလည်း အဲ့နေရာပဲ ထပ်ထပ်ပစ်နေတာ”လို့ ဆိုပါတယ်။

အဲ့ဒီဗုံးကြဲမှုဖြစ်စဉ်ကြောင့် အသက် (၆၀)နှစ်ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ (၂၀) နှစ်ကျော်အရွယ် အမျိုးသားနှစ်ဦးသေဆုံးပြီး (၆) ဦးထိခိုက်နဲ့ အဲ့ဒီထဲမှာ ဒဏ်ရာပြင်ထန်းသူတွေပါတယ်လို့ ပအဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ခြေထောက်ဖြတ်ရမယ့်သူတွေရော၊ အဆုတ်ထိတဲ့သူတွေရောပါတယ်။ အားလုံးကနယ်ခံတွေထိတာ”လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ၂၃ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်ကလည်း အင်းတော်မြို့နယ်၊ မန္တလေး - မြစ်ကြီးနား ကားလမ်းဘေးမှာ Y-12 နဲ့ ဗုံးအလုံး လေးဆယ်ကျော်ကြဲချခဲ့တာကြောင့် ဆီဘောက်ဆာကားတွေ မီးလောင်ပြီး ခရီးသွားပြည်သူတွေအပါ အရပ်သား (၅) ဦးသေဆုံးတဲ့အပြင် (၈) ဦးဒဏ်ရာရရှိခဲ့တယ်လို့ အင်းတော်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဆီခြံတွေကို ချတာ။ အဲ့မှာ ဆီကားတွေမီးလောင်ပေါက်ကွဲကုန်တာ။ ပြီးတော့လည်း အဲ့မှာက ကားတွေပိတ်မိနေတဲ့နေရာလေ။ ခရီးသွားတွေရော ထိကုန်တာပါမောင်။ ဆက်တိုက်ကိုချတာ။ အဲ့တာပြီး ညနေပိုင်းကလည်း ထပ်လာချတယ်”လို့ ဆိုပါတယ်။

အဲ့ဒီဗုံးကြဲခံရမှုဖြစ်စဉ်မှာလည်း အသက် (၃၇) နှစ်အရွယ် ဒေသခံပြည်သူ ကိုကျော်ထူး၊ အသက် (၂၇) နှစ်အရွယ် ခရီးသွား ကိုကျော်ဝင်းဆွေ၊ အသက် (၃၄) နှစ်အရွယ် ကုန်သည် ကိုသန်းမင်းထွန်း၊ အသက် (၄၀) နှစ်အရွယ် ကိုဝင်းဘိုနဲ့ အသက် (၃၈) နှစ်အရွယ် ကိုရွှေလင်းဦး သေဆုံးခဲ့တယ်လို့ အင်းတော်မြို့နယ် ပအဖ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဗုံးကြဲခံရမှုကြောင့် ဆီဘောက်ဆာကားနှစ်စီး မီးလောင်ပြီး အသက် (၅၄) နှစ်အရွယ် ဒေသခံပြည်သူ ဦးစိုးဝင်း၊ အသက် (၄၄) နှစ်အရွယ် မုံရွာစက်မှုဇုန်က အလုပ်သမား ဦးဝင်းရွှေ၊ အသက် (၄၀) နှစ်အရွယ် ကားဆရာ ဦးမင်းဇော်ဦး၊ အသက် (၄၅) နှစ်အရွယ် ဦးအေးမင်းထွန်း၊ အသက် (၃၁) နှစ်အရွယ် ခရီးသွားပြည်သူ ကိုရဲမင်း၊ အသက် (၂၁) နှစ်အရွယ် ဒေသခံပြည်သူ မောင်ကျော်မင်းဦး၊ အသက် (၄၈) နှစ်အရွယ် ဒေသခံပြည်သူ ဒေါ်မချို၊ အသက် (၃၂) နှစ်အရွယ် ဒေသခံစစ်ရှောင် မစန်းစန်းထွေးတို့ ထိခိုက်ဒဏ်ရာပြင်ထန်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အင်းတော်မြို့နယ် ဗုံးကြဲခံရတဲ့ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၅နာရီခွဲလောက်မှာပဲ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာ ဘုန်းကြီးကျောင်းကို အာဏာသိမ်းတပ်က လေယာဉ်နဲ့ ဗုံးနှစ်လုံးလာကြဲသွားလို့ သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ ကသာဒေသခံက ပြောပါတယ်။

“စစ်ရေးပစ်မှတ်က မရှိပါဘူးဗျာ။ ရုတ်တရက်ကြီး ရွာထဲလာကြဲသွားတာ”လို့ဆိုပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း အာဏာသိမ်းတပ်က အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁ သောင်း ၅ ရာကျော် ကျူးလွန်ခဲ့ပြီး အဲ့ဒီကျူးလွန်မှုကြောင့်အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆ ထောင်ကျော် သေဆုံးခဲ့တယ်လို့ လူ့အခွင့်ရေးမှတ်တမ်းတင်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

#အင်းတော် #ကောလင်း #ကသာ #လေကြောင်းတိုက်ခိုက် #ဗုံးကြဲ #အရပ်သားပစ်မှတ် #စစ်ရာဇဝတ်မှု #kachinwaves #news


http://youtube.com/post/UgkxW6BsC-OenNk2fo2C6V8Y8np3d5linadA?si=Yvtgz_mcfJjO8Mao
👍2❤1👎1
တစ်အိမ်တစ်ယောက်အမိန့်ကြောင့် သက်ကြီးပိုင်းနဲ့ အမျိုးသမီးတွေပါ SNA ပြည်သူ့စစ်သင်တန်း တက်ရတယ်လို့ဆို

By Ko San. 28 September 2026

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နန်းမွန်မြို့မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းမှာ စက်တင်ဘာ ၂၃ ရက်နေ့က ရှမ်းနီအမျိုးသားတပ်မတော် (SNA) ရဲ့ ဦးဆောင်မှုနဲ့ ရှမ်းနီပြည်သူ့စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲကို ပြည်သူ့စစ်ဦးရေ (၄၀၀) ကျော်နဲ့ပြုလုပ်ခဲ့သလို အဲ့ဒီထဲမှာ အမျိုးသမီး (၁၀၀) ကျော်ပါဝင်တယ်လို့ သိရပါတယ်။

စစ်သင်တန်းတက်ရောက်ခဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေအများဆုံးပါဝင်ပြီး နန်းမွန်မြို့နဲ့ လွယ်ပုန်းလေး၊ လက်ပံဆိပ်၊ မိုင်းနောင်၊ မမုန်ကိုင်၊ လုံတုံ စတဲ့ ကျေးရွာက ပြည်သူတွေကို တစ်အိမ်တယောက် မဝင်မနေရစနစ်နဲ့ စုဆောင်းရေးဆွဲခံထားရတဲ့သူတွေဖြစ်တယ်လို့ အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

"အင်းတော်ကြီးဌာနပြည်သူ့စစ်ဖွဲ့တာ၊ တအိမ်တယောက် မဝင်မနေရ ခေါ်ထားတဲ့ဟာတွေ၊ အတင်းအဓမ္မ မဝင်မနေရခေါ်ခံထားတော့ ယောက်ကျားမရှိတဲ့အိမ်၊ မိန်းမတွေဝင်ရတာ။ သင်တန်းတက်တဲ့သူတွေက သက်ကြီးရွယ်အိုတွေအများဆုံးပဲ"လို့ ပြောပါတယ်။

SNA တပ်က တစ်အိမ်တစ်ယောက်၊ မဝင်မနေရလို့ဆိုပြီး စုဆောင်းရေးဆွဲတာကြောင့် လူငယ်တွေက ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အတွက် နေအိမ်မှာကျန်ရစ်တဲ့ မိဘတွေက သင်တန်းတွေတက်ခဲ့ကြရတာလို့လည်း အင်းတော်ကြီးဒေသခံအမျိုးသားကပဲ ဆက်ပြောပါတယ်။

"လူငယ်တွေက သင်တန်းတက်ရမယ်ဆိုတာတော့ အကုန်ထွက်ပြေးကုန်ပြီလေ၊ မရှိတော့ဘူး။ မရှိတော့ မရှိရှိတဲ့သူ အကုန်တက်ရမယ်ဆိုလို့ အိမ်မှာကျန်ခဲ့တဲ့ မိဘတွေက လိုက်တက်ကြရတာ"လို့ ဆိုပါတယ်။

ဒါ့အပြင် SNA တပ်ဟာ ပြည်သူ့စစ်သင်တန်းဆင်းပွဲကို နန်းမွန်းအောင်မြေ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဘုရားကျောင်းအတွင်း အရက်သေစာတွေသောက်စားကခုန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါဟာဘာသာရေးရန်တီးမှု ပဋိပက္ခဖြစ်လာအောင် ဖန်တီးလှုံ့ဆော်မှုဖြစ်တာကြောင့် ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ အသိသတိနဲ့ ဘာသာရေးမှိုင်းမမိကြဖို့ကိုလည်း ဆက်ပြောပါတယ်။

"ဘုရားရှိခိုးကျောင်းတက်ရင်တောင် အတိုအပြတ်တွေဝတ်ဆင်ပြီး မတက်ရဘူး။ ဒါကို သူတို့က အရက်တွေသောက်ပြီးတော့တောင် မူးရူးကနေကြတယ်။ ဒါတဖက်ဘာသာကို မလေးမစားလုပ်တာပဲ။ သူတို့ရည်ရွယ်ချက်က ဘာသာရေး၊ လူမျိုးရေး ပြဿနာဖြစ်အောင်တမင်ဖန်တီးနေတာ။ ကိုယ့်ဘက်က ဒါကို ပိုပြီးသတိထားရမယ်"လို့ ဆိုပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အဖွဲ့ဟာ ကချင်ပြည်နယ်အတွင်းက မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ အင်းတော်ကြီးစတဲ့ဒေသတွေမှာ အာဏာသိမ်းတပ်နဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

လက်ရှိမှာလည်း SNA နဲ့ ရှမ်းနီပြည်သူ့စစ်၊ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့တွေဟာ ယခုနှစ် (၂၀၂၆) ဇူလိုင်လ ပထမ ပတ်မှ သြဂုတ်လကုန်အထိ အရပ်သားပြည်သူတွေကို လူတစ်ထောင်ပြည့်အောင်ထိ စုဆောင်းရေးဆွဲခဲ့ပြီး စစ်သင်တန်းပေးနေကြောင်းလည်း သိရပါတယ်။

#ပြည်သူ့စစ် #ကချင်ပြည်နယ် #အင်းတော်ကြီး #ပေါ်တာ #စုဆောင်းရေး #kachinwaves #news

http://youtube.com/post/UgkxFM8k6YyPavv6O_ETq2vIZJIZmJSCBoqI?si=jYe5X0aBMLMsGmul
👍1🔥1
စူပါအယ်လ်နီညိုကြောင့် မြန်မာ့လူဦးရေ ၁,၂၀၀ ကျော်အပါအဝင် ကမ္ဘာတစ်ဝန်းလူပေါင်း ၄ သိန်းကျော် သေဆုံးနိုင်

By D Hline. 28 September 2026

သမိုင်းတစ်လျှောက် အားအကောင်းဆုံး ဖြစ်လာနိုင်တဲ့ စူပါအယ်လ်နီညိုကြောင့် ကမ္ဘာတစ်ဝန်းလူဦးရေ ၄ သိန်းခွဲကျော် သေဆုံးနိုင်ကြောင်း ချီကာဂိုတက္ကသိုလ်က Climate Impact Lab သုတေသီတွေက ခန့်မှန်းထားကြပြီး ၎င်းအထဲ မြန်မာနိုင်ငံလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

စူပါအယ်လ်နီညိုဒဏ်ကို အပြင်းထန်ဆုံးခံစားကြရမယ့် ထိပ်ဆုံးနိုင်ငံ (၅၀) စာရင်းထဲမှာ မြန်မာနိုင်ငံက နံပါတ်စဉ် (၃၇) မှာရှိနေပြီး လူဦးရေ ၁,၂၀၀ လောက် သေဆုံးနိုင်ခြေရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်း (၄၅၁,၀၀၀) သေဆုံးနိုင်ခြေရှိနေတယ်လို့ အစီရင်ခံစာ အချက်အလက်တွေက ဖော်ပြနေပါတယ်။

စူပါအယ်လ်နီညိုရဲ့ ပထမ ၉ လအတွင်းမှာ အပူဒဏ်ကြောင့်သေဆုံးနိုင်တဲ့ လူဦးရေ ၄ သိန်းကျော်ဆိုတဲ့ ပမာဏဟာ မကြာသေးခင်က နီပေါမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက်ရေကြီးမှုကြောင့် သေဆုံး၊ ပျောက်ဆုံးခဲ့ရတဲ့ လူဦးရေ ၆,၈၀၀ ထက် ၆၅ ဆ လောက် ပိုများတဲ့အရေအတွက် ဖြစ်တာကိုလည်း သုတေသီတွေက နှိုင်းယှဉ်ပြထားပါတယ်။

“စူပါအယ်လ်နီညို ကာလအတွင်း အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် အရေးယူဆောင်ရွက်ဖွယ်ဒေသများ”ဆိုတဲ့ သုတေသနမှာ အယ်လ်နီညိုဒဏ်အပြင်းထန်ဆုံး ခံစားကြရမယ့် ထိပ်ဆုံးနိုင်ငံ (၅၀) စာရင်းအတွင်းမှာ မြန်မာအပါအဝင် အာဆီယံနိုင်ငံ (၇) နိုင်ငံ ပါဝင်ပါတယ်။

မလေးရှားနိုင်ငံက နံပါတ်စဉ် (၅၀)၊ မြန်မာနိုင်ငံက နံပါတ်စဉ် (၃၇)၊ ကမ္ဘောဒီးယားနိုင်ငံက နံပါတ်စဉ် (၂၅)၊ ထိုင်းနိုင်ငံက နံပါတ်စဉ် (၁၃)၊ ဗီယက်နမ်နိုင်ငံက နံပါတ်စဉ် (၁၁)၊ ဖိလစ်ပိုင်နိုင်ငံက နံပါတ်စဉ်(၉) စသဖြင့် အသီးသီးရပ်တည်နေပြီး အင်ဒိုနီးရှားနိုင်ငံကတော့ နံပါတ်စဉ် (၂) အနေနဲ့ အပြင်းထန်ဆုံး နိုင်ဂျီးရီယားရဲ့အောက်မှာ ရပ်တည်နေနိုင်ပါတယ်။

အဆင့် (၃၇) မှာ ရပ်တည်နေတဲ့ မြန်မာနိုင်ငံကတော့ အခုလကနေ နောက်နှစ်ဖေဖော်ဝါရီထိ (၆) လအတွင်း အောက်တိုဘာနဲ့ ဖေဖော်ဝါရီလမှာ အပူဒဏ်ပိုပြင်းထန်နိုင်ခြေရှိကြောင်း ခန့်မှန်းချက်တွေကို တွေ့ရပါတယ်။

အစီရင်ခံစာမှာ ချက်ချင်းအရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းနဲ့ အသက်တွေကို ကယ်တင်နိုင်မယ့် အခွင့်အလမ်းတွေကို မီးမောင်းထိုးပြထားပါတယ်။

စူပါအယ်လ်နီညိုကြောင့် မြင့်မားလာတဲ့ အပူချိန်တွေနဲ့ ပြောင်းလဲလာတဲ့ မိုးရေချိန်ပုံစံတွေကနေ ပေါ်ပေါက်လာမယ့် မိုးခေါင်ရေရှားမှု၊ တောမီးလောင်မှု၊ ရေကြီးမှု စတဲ့ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်တဲ့ အခြေနေရှိတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

“ကျွန်တော်တို့ဟာ သီးနှံတွေအပေါ် အပူချိန်ရဲ့ ရိုက်ခတ်မှုကို နိမိတ်ခန့်မှန်းနိုင်ခဲ့တာ ကြာပါပြီ။ အခုတော့ အဆိုးရွားဆုံးရလဒ်ဖြစ်တဲ့ သေဆုံးမှုအပေါ် ရိုက်ခတ်မှုကိုပါ နိမိတ်ခန့်မှန်းနိုင်နေပါပြီ။ ရလဒ်အနေနဲ့ လာမယ့်လတွေအတွင်း အယ်လ်နီညိုကြောင့် လူပေါင်း ၄၅၁,၀၀၀ သေဆုံးနိုင်တယ်လို့ ခန့်မှန်းနိုင်တာ ဖြစ်ပါတယ်။ ဒါဟာ ထုံထိုင်းသွားစေလောက်အောင် အလွန်ကြီးမားတဲ့ ပမာဏဖြစ်ပေမဲ့ ဒီအထဲမှာ မိဘတွေ၊ သားသမီးတွေ၊ ဘိုးဘွားတွေ၊ အိမ်နီးနားချင်းတွေ၊ အလုပ်လုပ်နေသူတွေ၊ မိသားစုကို စောင့်ရှောက်နေသူတွေနဲ့ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေကြသူတွေ ပါဝင်နေပါတယ်”လို့ Climate Impact Lab ပူးတွဲတည်ထောင်သူ ချီကာဂိုတက္ကသိုလ်က စီးပွားရေးဗေဒပါမောက္ခမိုက်ကယ်ဂရင်းစတုန်းက ပြောပါတယ်။

အပူပိုင်းပစိဖိတ်သမုဒ္ဒရာတစ်လျှောက် ပုံမှန်မဟုတ်ဘဲ အလွန်အမင်းပူနွေးနေတဲ့သမုဒ္ဒရာ အခြေအနေတွေကြောင့် အယ်လ်နီညိုဟာ လာမည့်လတွေအတွင်း ပိုအားကောင်းလာမှာဖြစ်သလို အခုနှစ်ကုန်ပိုင်းမှာ အားအကောင်းဆုံးအဆင့်ကို ရောက်ရှိပြီး ရာသီဥတုဆိုင်ရာ ရိုက်ခတ်မှုတွေက ၂၀၂၇ ခုနှစ်အတွင်းအထိ ဆက်လက်ဖြစ်ပေါ်နေမှာ ဖြစ်ကြောင်းကိုလည်း ကမ္ဘာ့မိုးလေဝသအဖွဲ့ ဆိုထားပါတယ်။

#အယ်လ်နီညို #မြန်မာ #ရာသီဥတု #သဘာဝပတ်ဝန်းကျင် #သမုဒ္ဒရာ #အပူချိန် #kachinwaves #news
👍1🔥1
SCEF အဖွဲ့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ

By D Hline. 1 October 2026

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့က စက်တင်ဘာ ၂၈ ရက်နေ့မှာ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းနဲ့တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ဒေသတွင်း လက်ရှိအခြေအနေတွေ၊ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်လို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း SCEF က ဒီနေ့ထုတ်ပြန်ထားပါတယ်။

အဆိုပါတွေ့ဆုံမှုဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတစ်ရပ်ဖြစ်ခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထပ်မံပေးပို့သွားဖို့ လည်း သဘောတူခဲ့ကြောင်း SCEF က ဆိုပါတယ်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းနဲ့ တွေ့ဆုံခဲ့တဲ့ SCEF ကိုယ်စားလှယ်အဖွဲ့မှာ SCEF နိုင်ခြားရေးရာအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၁) နဲနယ်ပလို၊ ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာန အတွင်းရေးမှူး စောနီးမရော့ဒ်၊ SCEF ဘဏ္ဍာရေး လုပ်ငန်းအဖွဲ့ဝင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

SCEF အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်နေတာ မြင်တွေ့ရပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်း မှာလည်း ကနေဒါနိုင်ငံက ဝန်ကြီးတစ်ချို့၊ ပါလီမန်အမတ်နဲ့ နိုင်ငံရေးသမားတွေနဲ့လည်း တွေ့ဆုံမှု ရှိခဲ့ပါတယ်။

#မြန်မာ့အရေး #SCEF #ဩစတေးလျ #လွှတ်တော် #ဆွေးနွေးမှု #နိုင်ငံရေး #ဖက်ဒရယ် #ဒီမိုကရေစီ #kachinwaves #news

http://youtube.com/post/Ugkx3nyzaDIEWHD32Qvt0GMvIInBluX9k0Ta?si=z-0141ytYOe23DY5
❤1
SCEF အဖွဲ့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ

By D Hline. 1 October 2026

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့က စက်တင်ဘာ ၂၈ ရက်နေ့မှာ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းနဲ့တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ဒေသတွင်း လက်ရှိအခြေအနေတွေ၊ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်လို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း SCEF က ဒီနေ့ထုတ်ပြန်ထားပါတယ်။

အဆိုပါတွေ့ဆုံမှုဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတစ်ရပ်ဖြစ်ခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထပ်မံပေးပို့သွားဖို့ လည်း သဘောတူခဲ့ကြောင်း SCEF က ဆိုပါတယ်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းနဲ့ တွေ့ဆုံခဲ့တဲ့ SCEF ကိုယ်စားလှယ်အဖွဲ့မှာ SCEF နိုင်ခြားရေးရာအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၁) နဲနယ်ပလို၊ ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာန အတွင်းရေးမှူး စောနီးမရော့ဒ်၊ SCEF ဘဏ္ဍာရေး လုပ်ငန်းအဖွဲ့ဝင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

SCEF အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်နေတာ မြင်တွေ့ရပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်း မှာလည်း ကနေဒါနိုင်ငံက ဝန်ကြီးတစ်ချို့၊ ပါလီမန်အမတ်နဲ့ နိုင်ငံရေးသမားတွေနဲ့လည်း တွေ့ဆုံမှု ရှိခဲ့ပါတယ်။

#မြန်မာ့အရေး #SCEF #ဩစတေးလျ #လွှတ်တော် #ဆွေးနွေးမှု #နိုင်ငံရေး #ဖက်ဒရယ် #ဒီမိုကရေစီ #kachinwaves #news

http://youtube.com/post/UgkxGtRVAtkFcBz841MToW-L8Iv_JzAEt7O4?si=wIL3wEmi13BSpmqh
👍1
SCEF အဖွဲ့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ

By D Hline. 1 October 2026

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့က စက်တင်ဘာ ၂၈ ရက်နေ့မှာ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းနဲ့တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ဒေသတွင်း လက်ရှိအခြေအနေတွေ၊ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်လို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း SCEF က ဒီနေ့ထုတ်ပြန်ထားပါတယ်။

အဆိုပါတွေ့ဆုံမှုဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတစ်ရပ်ဖြစ်ခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထပ်မံပေးပို့သွားဖို့ လည်း သဘောတူခဲ့ကြောင်း SCEF က ဆိုပါတယ်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းနဲ့ တွေ့ဆုံခဲ့တဲ့ SCEF ကိုယ်စားလှယ်အဖွဲ့မှာ SCEF နိုင်ခြားရေးရာအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၁) နဲနယ်ပလို၊ ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာန အတွင်းရေးမှူး စောနီးမရော့ဒ်၊ SCEF ဘဏ္ဍာရေး လုပ်ငန်းအဖွဲ့ဝင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

SCEF အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်နေတာ မြင်တွေ့ရပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်း မှာလည်း ကနေဒါနိုင်ငံက ဝန်ကြီးတစ်ချို့၊ ပါလီမန်အမတ်နဲ့ နိုင်ငံရေးသမားတွေနဲ့လည်း တွေ့ဆုံမှု ရှိခဲ့ပါတယ်။

#မြန်မာ့အရေး #SCEF #ဩစတေးလျ #လွှတ်တော် #ဆွေးနွေးမှု #နိုင်ငံရေး #ဖက်ဒရယ် #ဒီမိုကရေစီ #kachinwaves #news

http://youtube.com/post/Ugkxl_V1y9ziOp4_LM2wTb1TVh2WbMsARM5O?si=_RE7DFh11x4CgDfO
👍2🥰1
သဖန်းဆိပ်ဆည်ရွှေလုပ်ကွက် ဗုံးကြဲခံရပြီး ပြည်သူ ၆ ဦးသေဆုံး နှစ်ဦးပြင်းထန်ဒဏ်ရာရ

By Ko San. 6 October 2026

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းက ရွှေမျှောဖောင်လုပ်ငန်းလုပ်ကိုင်နေတဲ့နေရာတွေ လေယာဉ်နဲ့ဗုံးကြဲခံရလို့ ရွှေဖောင်လုပ်သား (၆) ဦး သေဆုံးပြီး (၂) ဦး စိုးရိမ်ရဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဟုမ္မလင်းလေတပ်တက် တိုက်လေယာဉ်နှစ်င်းနဲ့ မနေ့ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီခွဲလောက်နဲ့ ညနေခင်း ၄ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကျွန်းလှဒေသခံတစ်ဦးက ပြောပါတယ်။

မွန်းလွဲပိုင်း ၁နာရီခွဲမှာပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ရွှေမျှောဖောင်လုပ်သား (၆) ဦးသေဆုံးပြီး (၂) ဦးကတော့ အခြေအနေစိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ကြောင်း သတင်းရင်းမြစ်က ဆက်ပြောပါတယ်။ ဒါ့အပြင် ရွှေမျှောဖောင် (၇) စီးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

“သေဆုံး ၆ ယောက်က ပထမအကြိမ် ဗုံးကြဲခံရလို့သေတဲ့စာရင်းပါ။ ပထမ အရင် ၅ ဦးဆုံးပြီး ဒဏ်ရာရထဲကနေ တစ်ဦးထပ်ဆုံးလို့ ၆ ဦးဖြစ်သွားတာ။ မျှောဖောင်တွေမှာက ဆီတွေရောတင်ထားတော့၊ မျှောဖောင်တွေနဲ့အတူ မီးလောင်ပြီးသေတာတွေရောပါတယ်။”လို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူ စတဲ့ဒေသက စစ်ဘေးရှောင်တွေဖြစ်တာကြောင့် အသက်နဲ့ နာမည်တွေ အတိအကျမသိရဘူးလို့ ပြောပါတယ်။

ညနေပိုင်း ၄ နာရီလောက်မှာ ဖြစ်ခဲ့တဲ့ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာတော့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် ထိခိုက်မှုအခြေအနေ မသိရှိသေးကြောင်း အထက်ပါ ကျွန်းလှဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာ ၃ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်အရှေ့ခြမ်း ချောင်းရှည်ရွာနဲ့ ကန့်ဘလူမြို့နယ်မြောက်ခြမ်း အုန်းခြောက်လုံးကျေးရွာကို အာဏာသိမ်းတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် (၃၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး (၆) ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၅ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ အင်းလယ်ကြီးကျေးရွာကို အာဏာသိမ်းတပ်က လေယာဉ်နဲ့ဗုံးကြဲချခဲ့လို့ အသက် (၅) နှစ်အောက်ကလေးငယ် နှစ်ဦးနဲ့ (၃၀) ကျော်အရွယ် အမျိုးသမီး (၂) ဦးသေဆုံးပြီး (၄) ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

#သဖန်းဆိပ် #ကန့်ဘလူ #ကျွန်းလှ #ဗုံးကြဲ #ဟုမ္မလင်းလေတပ် #စစ်ဘေးရှောင် #စစ်ရာဇဝတ်မှု #kachinwaves #news

http://youtube.com/post/UgkxJ4LKYH327v_--bMKC4T7fwg4erYD18Qq?si=0w8cuDM2fu463f1b
👎1😢1
မြန်မာစစ်ခေါင်းဆောင်အား လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်တန့်ဖို့ မလေးရှား ဖိအားပေးသင့်ကြောင်း HRW ပြော

By D Hline. 7 October 2026

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်အနေနဲ့ ကွာလာလမ်ပူမြို့ကို လာရောက်မယ့် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ ဖိအားပေးသင့်ကြောင်း Human Rights Watch က မနေ့က ထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ ဖိတ်ကြားချက်အရ ဒီနေ့ အောက်တိုဘာ ၇ ရက်နေ့မှာ မလေးရှားနိုင်ငံကို ရောက်ရှိပြီး ခရီးစဉ် ၂ ရက်ကြာမြင့်မှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ခရီးစဉ်မတိုင်ခင် တစ်ရက်အလိုမှာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က မလေးရှားအစိုးရအနေနဲ့ ရိုဟင်ဂျာအပါအဝင် အခြားမြန်မာနိုင်ငံသားတွေကို အဓမ္မ ပြန်လည်ပို့ဆောင်ရေး လုပ်ဆောင်မှုတွေကို ရပ်ဆိုင်းဖို့နဲ့ မြန်မာစစ်အာဏာရှင်ကို ဖိအားပေးဖို့လည်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

“ရိုဟင်ဂျာတွေနဲ့ အခြားသော မြန်မာဒုက္ခသည်တွေကို ဆယ်စုနှစ်ပေါင်းများစွာ ကာကွယ်စောင့်ရှောက်မှု ပေးခဲ့တဲ့ မလေးရှားအစိုးရအနေနဲ့ နောက်ထပ် ပြန်လည်ပို့ဆောင်မှုတွေကို ရပ်တန့်သင့်ပြီး လူပေါင်းသန်းနဲ့ချီ တိုင်းပြည်ကနေ ထွက်ပြေးအောင် ဖြစ်စေခဲ့တဲ့ ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ စစ်ခေါင်းဆောင်ကို တိုက်တွန်းသင့်ပါတယ်”လို့ HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး အီလိန်းပီယာဆန်က ပြောကြားခဲ့ပါတယ်။

မြန်မာအာဏာရှင်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အဓိကကျတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဆွေးနွေးမှုအတွင်း မလေးရှားနိုင်ငံမှာ တရားမဝင်ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေကို မိမိဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာနဲ့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ပို့ရေးကိစ္စရပ်တွေလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

HRW ကတော့ အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူတွေကို အဓမ္မပြန်လည်ပို့ဆောင်ဖို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ပြီး ပူးပေါင်းဆောင်ရွက်တာဟာ ပိုမိုဆိုးရွားတဲ့ ချိုးဖောက်မှုတွေကို ကျူးလွန်ဖို့ ဖိတ်ခေါ်နေသလိုသာဖြစ်နေကြောင်း ပြောဆိုပါတယ်။

မလေးရှားနိုင်ငံပိုင် သတင်းအေဂျင်စီ Bernama ရဲ့ ဖော်ပြချက်အရ စက်တင်ဘာ ၂၉ ရက်မှာ မလေးရှား အာဏာပိုင်တွေက မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မလေးရှားနိုင်ငံ Perak ပြည်နယ် ရေတပ်စခန်းကနေ မြန်မာရေတပ်သင်္ဘောနှစ်စီး၊ ဆေးဘက်ဆိုင်ရာသင်္ဘောတစ်စီးနဲ့ ပြန်လည်ပို့ဆောင်ခဲ့ ပါတယ်။

အဆိုပါ လွှဲပြောင်းမှုဟာ မလေးရှားအစိုးရနဲ့ မြန်မာစစ်အစိုးရတို့အကြား လူပေါင်း ၅,၀၀၀ ကို ပြန်လည်ပို့ဆောင်ဖို့ သဘောတူညီချက်ရဲ့ ပထမအဆင့်ဖြစ်ပြီး မလေးရှားအရာရှိတွေက ဇူလိုင်လမှာ စတင်ကြေညာခဲ့တာ ဖြစ်ပါတယ်။

သတင်းဖော်ပြချက်တွေအရ ပြန်လည်ပို့ဆောင်မယ့်သူတွေကို မြန်မာစစ်အစိုးရ အာဏာပိုင်တွေက မည်သူမည်ဝါဖြစ်ကြောင်း စိစစ်အတည်ပြုထားပြီးဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ၎င်းတို့အထဲ တိုင်းရင်းသား၊ ဒုက္ခသည် နဲ့ ရိုဟင်ဂျာတွေ ပါဝင်ခြင်း ရှိမရှိကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ကြောင်း သိရပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေက မလေးရှားနိုင်ငံကနေ နေရပ်ပြန်ပို့ခံရတဲ့သူတွေကို မြန်မာနိုင်ငံ ပြန်ရောက်ရင် အာဏာသိမ်းတပ်က စစ်မှုထမ်းစေခိုင်းမှာကို စိုးရိမ်မိကြောင်းထုတ်ဖော်ပြောဆိုမှုတွေလည်း ရှိပါတယ်။


#မြန်မာ #မလေးရှား #ဒုက္ခသည် #လူ့အခွင့်အရေး #kachinwaves #news

http://youtube.com/post/UgkxZWoI5NLpHV3Jswf1VRymbZr6n2yeTthJ?si=2pLow-200V3D-V84
👍1🥰1
အင်းတော်တစ်မြို့နယ်လုံးထိန်းချုပ်နိုင်ဖို့ အင်းတော်တောင်ပိုင်းအထိ စစ်တပ်ဆက်လက်စစ်ကြောင်းထိုး

By Ko San. 7 October 2026

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်စပ်မှာတည်ရှိတဲ့ အင်းတော်မြို့နယ်တစ်မြို့နယ်လုံးကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ဆက်လက်စစ်ကြောင်းထိုးနေကြောင်း ဒေသခံကာကွယ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မန္တလေး - ရွှေဘို - မြစ်ကြီးနား ကားလမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ စစ်တပ်က အင်းတော်မြို့နယ်တောင်ဘက်ခြမ်း ကျေးရွာတွေကို စစ်ကြောင်းဆက်ထိုးနေတယ်လို့ ပြောပါတယ်။

ယခုလအောက်တိုဘာ ၁ ရက်နေ့ကစပြီး ထီးချိုင့် - ကသာ - အင်းတော်လမ်းအတိုင်း ထွက်လာတဲ့ အင်အား (၇၀၀) ပါတပ်မ (၃၃) အာဏာသိမ်းတပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃ ရက်နေ့မှာ အင်းတော်မြို့နယ်၊ နားရခေါင်ကျေးရွာနဲ့ ကမ်းနီကျေးရွာတို့ကို ရောက်ရှိခဲ့ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့မှာ အင်အား (၅၀၀) လောက်က အင်းတော်မြို့ရဲ့တောင်ဘက်ကကျေးရွာတွေဖြစ်တဲ့ သက္ကယ်ကျင်းရွာ၊ မိုးယူ၊ နတ်မဟုတ်ကလေး၊ နတ်မဟုတ်ကြီး၊ ဆည်းရွာ စတဲ့နေရာတွေဘက် ဦးတည်ထိုးလာတယ်လို့ အင်းတော်ဒေသခံ စစ်သတင်းရင်းမြစ်က ပြောပါတယ်။

"နားရခေါင်၊ ကျန်တောရွာဘက်နေ တပ်ရင်း ၄ ရင်းနဲ့ စထိုးတာ။ အခုထိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မဲဇာ၊ ထီးချိုင့် - ကျောင်းကုန်းလမ်းဆုံတလျှောက် ပြန်ယူမယ်ဆိုပြီး သတင်းတွေကြားနေတယ်။ အရင်တခါ မဲဇာကို ထိုးစစ်ဆင်ခဲ့တဲ့ စခတွေ အကုန်နီးပါးပါတယ်"လို့ဆိုပါတယ်။

စစ်ကြောင်းတွေဟာ ၎င်းတို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ ဆည်းရွာ၊ နတ်မဟုတ်ကြီး၊ နတ်မဟုတ်လေး စတဲ့နေရာတွေမှာ အောက်တိုဘာ ၅ ရက်နေ့အထိ တပ်စွဲခဲ့ပြီး ဒီကနေ့ အောက်တိုဘာ ၇ ရက်နေ့ မနက်ကစလို့ မန္တလေး - မြစ်ကြီးနားကားလမ်းပေါ်က သံဘိုရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးတာကြောင့် လက်ရှိကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း သတင်းရင်းမြစ်ကဆက်ပြောပါတယ်။

ဒါ့အပြင် မနက် ၁၁ နာရီလောက်က တိုက်ပွဲပြင်းထန်နေတဲ့ သံဘိုနဲ့ ကမ်းနီရွာအနီးကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။

"စခတွေက ကားလမ်းအနောက်ခြမ်းဘက်ကရွာတွေ ဝင်မွှေပြီးမှ ဒီမနက်ကားလမ်းပေါ် တက်လာတယ်။ အခုလောလောဆယ်တော့ စခတွေရှေ့မဆက်နိုင်သေးဘူး။ မနက်က လေယာဉ်နဲ့ကြဲနေတာ အကြီးကျယ်ပဲ"လို့ ဆိုပါတယ်။

၂၀၂၆၊ ဇူလိုင်လ ၄ ရက်နေ့ကလည်း အာဏာသိမ်းတပ်ဟာ အင်းတော်မြို့နယ် တောင်ဘက်ခြမ်း မဲဇာကျေးရွာအထိ စစ်ကြောင်းထိုးခဲ့ပြီး ဇူလိုင်လ ၁၈ ရက်နေ့မှာ အင်းတော်မြို့ထဲကို ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။

အင်းတော်မြို့နယ်ကို ၂၀၂၅ ခုနှစ်ကစပြီး ယခုနှစ် ဧပြီလလယ်အထိ တော်လှန်ရေးတပ်တွေကပဲ ထိန်းချုပ်ထားခဲ့တာပါ။ ဧပြီလ နောက်ဆုံးပတ်မှာ အင်းတော်မြို့နယ်မြောက်ခြမ်း မန္တလေး - မြစ်ကြီးနားကားလမ်းပေါ်က အင်းတော်မြို့၊ နဘားကျေးရွာ၊ နဘားလမ်းဆုံ၊ နဘား - မော်လူးလမ်းပိုင်းကကျေးရွာတွေနဲ့ မော်လူးမြို့တို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်သွားခဲ့ပါတယ်။ အင်းတော်မြို့နယ်တောင်ခြမ်းက ကျေးရွာတွေကို တော်လှန်ရေးတပ်ဘက် ဆက်လက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

လက်ရှိမှာ အာဏာသိမ်းတပ်ဟာ တောင်ဘက်ခြမ်းကကျေးရွာတွေကိုပါ ဆက်လက်ထိန်းချုပ်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ကပဲ ပြောပါတယ်။



#အင်းတော် #ရွှေဘို-မြစ်ကြီးနား #ထီးချိုင့် #ကသာ #သက္ကယ်ကျင်း #သံဘို #ကမ်းနီ #စစ်ကြောင်း #kachinwaves

http://youtube.com/post/UgkxmxnQxAjiN1zXUxQKZA7lFLbPlX6q4O0d?si=xK1HzEjSwuF3Rjtd
👍1🔥1😱1
အကြွေးတောင်းပြန်လာတဲ့ ကျေးရွာ ပကဖ ဒုတာဝန်ခံနဲ့ ရဲဘော်တစ်ဦး လမ်းခရီးမှာ သတ်ဖြတ်ခံရ

By Ko San. 7 October 2026

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်နှစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အသတ်ခံရသူတွေဟာ ဘုတလင်မြို့နယ်၊ နတ်ရွာကျေးရွာ ပကဖ ဒုတာဝန်ခံနဲ့ ရဲဘော်တို့ဖြစ်ပြီး အောက်တိုဘာ ၄ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ ဒီပဲယင်းမြို့နယ် တိုက်ရွာနဲ့ အုတ်ရှစ်ကြီးကျေးရွာကြားမှာ ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာတဲ့ လူ (၅) ယောက်က သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

၎င်းတို့နှစ်ဦးဟာ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာက ငွေလွှဲ၊ ငွေထုတ်ဆိုင်မှာ KPAY နဲ့ ငွေသား သိန်း (၂၀၀) ထုတ်လာစဉ် အသတ်ခံရတာလို့လည်း သတင်းရင်းမြစ် ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပဲ ပြောပါတယ်။ အဲ့ဒီနောက် ၎င်းတို့မှာပါလာတဲ့ MA1 သေနတ်နှစ်လက်နဲ့ ငွေသား သိန်း (၂၀၀) တို့ကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

သတ်တဲ့သူတွေဟာလည်း အချင်းချင်း သိထားပြီးသားသူတွေက လုပ်ကြံတာဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်ရဲဘော်က ဆက်ပြောပါတယ်။

"ရန်ငြိုးရှိလို့တော့ မဟုတ်ပါဘူး။ အကြွေးသွားတောင်းတာဆိုတော့၊ သတ်တဲ့သူကလည်း အဖွဲ့စည်းကပဲဆိုတော့ လက်နက်အရောင်းဝယ်အကြွေးလား။ တခြား မူးယစ်နဲ့ဆိုင်တဲ့အကြွေးလားတော့ မသိဘူး။ အကြွေးကို KPAY နဲ့ပေးပြီး၊ ငွေထုတ်ပြီး နောက်ကလိုက်ပစ်တာဖြစ်ဖို့များပါတယ်။ ဟိုဘက်ကလည်း ဂန်းတွေပါတာပဲလေ။ ပစ်ခတ်မှုဖြစ်ရင် နှစ်ဖက်ပစ်ကြမှာပေါ့။ အခုက နှစ်ဖက်ဓာတ်သိတွေဆိုတော့ စကားပြောရင်း အငိုင်ပစ်သွားတာဖြစ်မယ်"လို့ ဆိုပါတယ်။

ယခုလ အောက်တိုဘာ ၅ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာ LPDF ခေါင်းဆောင် ကိုမိုးကြိုးကို စစ်ကိုင်းမြို့နယ် ပကဖ ခေါင်းဆောင် ကိုရွာသားက သဇင်ရွာ စတားလင့်ဆိုင်မှာ လက်တောက်ခုံတောက်နေစဉ် နောက်ကနေ သေနတ်နဲ့ ပစ်သတ်လုပ်ကြံမှု ဖြစ်ခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းအတွင်း ယခုကဲ့သို့ တော်‌လှန်ရေးတပ်ဖွဲ့ဝင်တွေ အချင်းချင်း လုပ်ကြံသတ်ဖြတ်တဲ့ဖြစ်စဉ် (၅)ခု ထက်မနည်းရှိခဲ့ပြီဖြစ်ပါတယ်။

#စစ်ကိုင်း #ဒီပဲယင်း #ဘုတလင် #ပကဖ #လုပ်ကြံသတ်ဖြတ် #kachinwaves #news

http://youtube.com/post/UgkxJIAhF6Jb7hLCTazU90DPWKJ7K0wIq3S5?si=BKVdmsKIL9Iy-Vh2
❤1🔥1😱1
လေကြောင်းပစ်ကူနဲ့အတူ မဲဇာရွာထဲ စစ်ကြောင်းဝင်ရောက်လို့ စစ်ဘေးရှောင်တွေ ထပ်မံထွက်ပြေးနေရ

By Ko San. 9 October 2026

လေကြောင်းပစ်ကူတွေနဲ့အတူ အင်းတော်မြို့ရဲ့တောင်ဘက် (၁၀) မိုင်အကွာမှာရှိတဲ့ မဲဇာစံပြကျေးရွာကို အာဏာသိမ်းတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် စစ်ဘေးရှောင်တွေ နေရာထပ်မံရွှေ့ပြောင်းကြရတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

မန္တလေး - မြစ်ကြီးနား ကားလမ်းနဲ့ ရထားလမ်းပေါ်မှာရှိတဲ့ နန့်သဲကျေးရွာနဲ့ မဲဇာကျေးရွာဟာ အိမ်ခြေ (၁၀၀၀) ကျော်ရှိတဲ့ ရွာကြီးဖြစ်ပြီး ကသာမြို့၊ ဗန်းမောက်နဲ့ အင်းတော်မြို့က စစ်ဘေးရှောင်ပြည်သူတွေ ဝမ်းရေးအတွက်ဈေးရောင်းရင်း စစ်ဘေးခိုလှုံနေကြတဲ့ နေရာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကစပြီး အာဏာသိမ်းတပ်ရဲ့ အင်အား (၇၀၀) ပါ စစ်ကြောင်းဟာ ထီးချိုင့်မြို့ကနေ ထီးချိုင့် - ကသာ - အင်းတော် လမ်းအတိုင်း စတင်စစ်ကြောင်းထိုးလာခဲ့တာပါ။

စစ်ကြောင်းတွေဟာ ဒီကနေ့ အောက်တိုဘာ ၉ ရက် မနက်ပိုင်းမှာ နန့်သဲရွာထိပ်ကိုရောက်ရှိပြီး နန့်သဲမှတဆင့် မဲဇာထဲအထိ ဝင်ရောက်ခဲ့တာလို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

"နန့်သဲထိပ်ရောက်ပြီး အခု မဲဇာထဲဝင်ပြီ။ ၃ကြောင်းချီတက်၊ တစ်ကြောင်း ကာ၊ တကြောင်းဝင် အဲ့လိုပုံစံလုပ်ပြီး ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ကူနဲ့ပဲ ဝင်တာ"လို့ ဆိုပါတယ်။

အာဏာသိမ်းတပ်ဟာ မနေ့ စက်တင်ဘာ ၈ ရက် မွန်းတည့် ချိန်နဲ့ ညနေ ၆ နာရီလောက်မှာ နန့်သဲရွာထိပ်ကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် ကားလမ်းနံဘေးကနေအိမ်တွေ ပျက်စီးခဲ့တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

လေကြောင်းပစ်ကူနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် မဲဇာ နန့်သဲဒေသခံတွေအပြင် အခြားဒေသကလာတဲ့ စစ်ဘေးရှောင်တွေလည်း ထပ်မံစစ်ဘေးရှောင်နေကြရတယ်လို့ နောက်ထပ်သတင်းရင်းမြစ်ဖြစ်တဲ့ အင်းတော်မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

"အင်းတော်၊ ကသာ၊ ဗန်းမောက်ကပြည်သူတွေတော်တော်များများ မဲဇာ၊ နန့်သဲ ကားလမ်းရိုးတလျှောက် လာစုနေကြတာ။ ကားလမ်းဘေးလမ်းဖြစ်ပြန်ဆိုတော့ စစ်ဘေးရှောင်နေရပေမဲ့ လုပ်စားလို့ကောင်းတော့ နဲနဲ ချောင်လည်တယ်လေ။ အဲ့မှာအခြေကျပြီဆိုမှ အခုထပ်ရှောင်ရပြန်တော့ စစ်ဘေးရှောင်‌တွေ ပြေးစရာမြေ နည်းလာပြီ။ နလန်မထူနိုင်ကြတော့ဘူး"လို့ ဆိုပါတယ်။

ယခုနှစ် ပြီးခဲ့တဲ့လ ဇူလိုင် ၄ ရက်နေ့တုန်းကလည်း မဲဇာရွာကို စစ်ကြောင်းဝင်လာလို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ စစ်ဘေးထပ်ရှောင်ခဲ့ရပါသေးတယ်။ ၁၄ ရက်ကြာ တပ်စွဲခဲ့ပြီး ဇူလိုင် ၁၈ ရက်နေ့မှာ အင်းတော််မြို့ထဲ ပြန်လည်ဆုတ်သွားတာကြောင့် စစ်ဘေးရှောင်တွေနဲ့ ရွာခံပြည်သူတွေဟာ ရွာထဲကို ပြန်ဝင်ခဲ့ရာက ယခုအောက်တိုဘာမှာ ပြန်လည်ထွက်ပြေးရပြန်တာ ဖြစ်ပါတယ်။

အာဏာသိမ်းတပ်တွေဟာ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူတွေနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်သလို ၎င်းတို့လာရာ လမ်းတစ်လျှောက်မှာလည်း တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် မဲဇာရွာနဲ့ နန့်သဲရွာအပြင် အင်းတော်မြို့နဲ့ မဲဇာရွာကြား နန်းကင်၊ နတ်မဟုတ်ကြီး၊ လယ်နောင်၊ သံဘို၊ အလယ်ဆိပ် စတဲ့ကျေးရွာတွေက ပြည်သူတွေလည်း စစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း သောင်းနဲ့ချီပြီးရှိကြောင်းလည်း အင်းတော်မြို့ခံအမျိုးသားကပဲ ဆက်ပြောပါတယ်။

အင်းတော်မြို့နယ်တခုလုံးကို ၂၀၂၅ ခုနှစ်ကစပြီး ယခုနှစ်ပြီးခဲ့တဲ့ ဧပြီလလယ်အထိ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားခဲ့တာပါ။ ဧပြီလ နောက်ဆုံးပတ်မှာ အင်းတော်မြို့နယ်မြောက်ခြမ်း မန္တလေး - မြစ်ကြီးနားကားလမ်းပေါ်က အင်းတော်မြို့၊ နဘားကျေးရွာ၊ နဘားလမ်းဆုံ၊ နဘား - မော်လူးလမ်းပိုင်းကကျေးရွာတွေနဲ့ မော်လူးမြို့တို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်သွားခဲ့ပါတယ်။

လက်ရှိမှာ အာဏာသိမ်းတပ်ဟာ တောင်ဘက်ခြမ်းကကျေးရွာတွေကိုပါ ဆက်လက်ထိန်းချုပ်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာဖြစ်တာဖြစ်ပြီး အင်းတော်မြို့နယ်အတွင်းရှိ မန္တလေး - မြစ်ကြီးနား လမ်းပိုင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာတာဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။


#အင်းတော် #မန္တလေး #နန့်သဲ #မဲဇာ #ကသာ #kachinwaves #news

http://youtube.com/post/UgkxRT5vLXBSTxNA-tlrzfhPGmjj39rSN1gM?si=KASyiKNZFzltzeQi
🔥1
စစ်ဗိုလ်တယောက်ရဲ့ အိမ်ဆောက်ပစ္စည်းတွေသယ်ဖို့ ကားတွေချောဆွဲခံရ

By Ko San. 10 October 2026

မန္တလေးကနေ မြစ်ကြီးနားကိုတက်မဲ့ စစ်ယာဉ်တန်းမှာ ပြည်သူပိုင်ကား (၅၉) စီး ချောဆွဲခံထားရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ လုပ်ငန်းရှင်တစ်ဦးဟာ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ကုန်တင်ကား (၅၉) စီးကို မြစ်ကြီးနားကို ဘိလပ်မြေတိုက်ဖို့အတွက် ငှားရမ်းခဲ့တယ်လို့ ကုန်ကားဆရာတစ်ဦးက ပြောပါတယ်။ အဲ့ဒီနောက် မနေ့ အောက်တိုဘာ ၉ ရက်နေ့ညနေပိုင်းလောက်မှာ မတ္တရာကို သွား‌ခဲ့ရပြီး နောက်မှ စစ်တပ်ဗိုလ်တစ်ဦးပိုင်တဲ့ အိမ်ဆောက်ပစွစည်းတွေ သယ်ရမယ်မှန်းသိခဲ့ရတယ်လို့ ‌ကုန်ကားဆရာတစ်ဦးက ပြောပါတယ်။

"လုပ်ငန်းရှင်တစ်‌ဦးက ကား‌တွေစုနေတာ ဘိလပ်မြေသယ်ရမယ်ဆိုပြီးတော့။ အဲ့တာ ကားတွေအကုန်လုံးက မသိကြဘူး။ မတ္တရာကို အကုန်လာခိုင်းတာ။ အခု မတ္တရာရောက်မှ ကားတွေအကုန် မိုးကာအစိမ်းအုပ်ရမယ်ပြောမှ ကားဆရာတွေက မိုးကာအစိမ်းမအုပ်ရဘူးလေ အုပ်ရင် သေကုန်မှာပေါ့လို့ပြောတော့ အုပ်မှရမယ်ဆိုပြီးအတင်းအုပ်ခိုင်းတာ။ ပြီးတော့လည်း စစ်ကားတွေ ညှပ်ညှပ်ပြီးထည့်နေတာနဲ့ ချောဆွဲခံထားလိုက်ရပြီဆိုတာသိကြတာ"လို့ ဆိုပါတယ်။

အာဏာသိမ်းတပ်ဟာ နောက်ပြန်လှည့်မယ်လုပ်တဲ့ကားတွေကို ခြိမ်းခြောက်ပြီး နောက်ပြန်လှည့်ခွင့်လည်း မပေးဘူးလို့ ကုန်ကားဆရာတစ်ဦးကပဲ ဆက်ပြောပါတယ်။

"အခု ကားဆရာတွေ အကုန်လုံးက စိတ်ညစ်နေပြီ။ နောက်ပြန်လှည့်မယ်လုပ်တာကို လှည့်ခွင့်မပေးဘူး။ ကားဒရိုင်ဘာတွေနဲ့ စပယ်ယာလေးတွေဆို ကြောက်နေကြတယ်။ ကားအုံနာတွေက ပိုက်ဆံအကုန်ကျခံ ရွေးမယ်လုပ်တာ။ ဘယ်လိုမှလက်မခံဘူး"လို့ ဆိုပါတယ်။

ချောဆွဲခံရမှုမှာပါတဲ့ ကားဆရာတစ်ဦးက တော်လှန်ရေးတပ်တွေအနေနဲ့ ယာဉ်တန်းကို ပစ်ခတ်မယ်ဆို စစ်ကားတွေကိုသာ ရွေးပြီး ပစ်ခတ်ပေးစေလိုကြောင်းလည်း Kachin Waves ကို ပြောပါတယ်။

"တော်လှန်ရေးတပ်သားတွေပို မေတ္တာရပ်ခံချင်တာ ကျွန်တော်တို့က လိမ်ပြီးချောဆွဲခံရတာ။ ပစ်မယ်ဆို စစ်ကားတွေကိုပဲ ရွေးပစ်ပေးစေချင်တယ်"လို့ ဆိုပါတယ်။

စစ်ယာဉ်တန်းတွေဟာ မန္တလေးကနေ မြစ်ကြီးနားကို မန္တလေး - သပိတ်ကျင်း - ထီးချိုင့် - ကသာ - အင်းတော် လမ်းအတိုင်း တက်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ယာဉ်တန်းမှာ ချောဆွဲထားတဲ့ ပြည်သူပိုင်ကုန်ကား (၅၉) စီး ပွိုင့် 5 လက်နက်ပါတဲ့ ကား (၆) စီး၊ ဒရုန်းဖာများပါတ်လို့ ယူဆရတဲ့ ကား (၅) စီး၊ စစ်ကား အစီး (၂၀)၊ စစ်အင်အား (၈၀) ဝန်းကျင်ပါတဲ့ ကားအသေး (၈) စီးနဲ့ ဆီဘောက်ဆာကား (၁၁) စီး စုစုပေါင်း (၉၉) စီးတက်မယ်လို့ သိရပါတယ်။

အာဏာသိမ်းတပ်ဟာ မန္တလေးကနေ မြစ်ကြီးနာကို စစ်ယာဉ်တန်းနဲ့ စစ်ရိက္ခာပစ္စည်းတွေနဲ့ ကုန်ပစ္စည်းတွေပို့နေတာ ယခုနှစ်အတွင်း အခုတ‌ခေါက်ရောဆို (၄) ကြိမ်မြောက်ရှိလာပြီး မေလ ၁၂ ရက်နေ့က တကြိမ်၊ မေလ ၃၁ ရက်နေ့မှာ တကြိမ်နဲ့ ဇူလိုင် ၁၁ ရက်နေ့မှာ တကြိမ် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

#အာဏာသိမ်းတပ် #စစ်ဗိုလ် #ကုန်တင်ကား #ချောဆွဲ #မန္တလေး-မြစ်ကြီးနား #kachinwaves #news

http://youtube.com/post/UgkxN1ftT1wWZmfvkBs3q6PuKtevXbICvlGp?si=fN4LKTpLF1W4oc32
🔥1
မြန်မာ့လူဦးရေ ၃ ပုံမှာ ၁ ပုံက ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရ

By D Hline. 10 October 2026

ကာလကြာရှည် ပဋိပက္ခ၊ စီးပွားရေးမတည်ငြိမ်မှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြားမှာ မြန်မာနိုင်ငံက လူသုံးဦးမှာတစ်ဦး (သို့)ခန့်မှန်းခြေ လူဦးရေ (၁၇.၉) သန်းဟာ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အစီရင်ခံစာအရ သိရပါတယ်။

UNDP က အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အဆိုပါ “ဆင်းရဲနွမ်းပါးမှု ဇာစ်မြစ်အလွှာများ” အမည်ရတဲ့ အစီရင်ခံစာမှာ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှု တိုင်းတာတဲ့ နည်းလမ်းတွေကို အသုံးပြုထားတဲ့ တွေ့ရှိချက်တွေကို ညွှန်ပြထားပါတယ်။

အစီရင်ခံစာအရ သုံးပုံပုံ၊ တစ်ပုံနီးပါးဖြစ်တဲ့ လူဦးရေ (၁၇.၉) သန်းဟာ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရပြီး နောက်ထပ် လူဦးရေ (၁၉.၅) သန်းကလည်း ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုအတွင်းကို ကျရောက်နိုင်ခြေရှိတယ်လို့ သိရပါတယ်။

အဆိုပါ ကိန်းဂဏန်း (၂) ခု ပေါင်းအရ ဆင်းရဲနွမ်းပါးမှုအန္တရာယ်သက်ရောက်နိုင်ခြေရှိသူ ဦးရေဟာ မြန်မာနိုင်ငံ က စုစုပေါင်းလူဦးရေရဲ့ သုံးပုံနှစ်ပုံနီးပါး (သို့) လူဦးရေ (၃၇.၅) သန်းလောက်အထိရှိနေတာကို တွေ့ရပါတယ်။

အဆိုပါလူဦးရေဟာ နောက်ထပ်ဘေးအန္တရာယ်အကျပ်အတည်းတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်း မရှိသလောက် ဖြစ်နေရကြောင်း UNDP က ဆိုပါတယ်။

“မိသားစုတွေဟာ သူတို့မှာ ရှိတဲ့ နည်းပါးလှတဲ့ အရာလေးတွေနဲ့ အရေးပေါ်အခြေအနေ တစ်ခု ဒါမှမဟုတ် နှစ်ခုကို ရင်ဆိုင်ကျော်လွှားနိုင်ကောင်း ကျော်လွှားနိုင်ပါလိမ့်မယ်။ ပဋိပက္ခ၊ စစ်ဘေးရှောင်ရမှု၊ ဖျားနာမှု၊ ဝင်ငွေဆုံးရှုံးမှုနဲ့ သီးနှံဆိုးဝါး ပျက်စီးမှုတွေ အတူတကွ ဖြစ်ပွားတာ ဒါမှမဟုတ် တပြိုင်နက်တည်း ဖြစ်ပွားတာတွေကို ထိန်းထားနိုင်သူ နည်းပါးပါတယ်။ အကြိမ်ကြိမ် ခံစားရတဲ့ ရိုက်ခတ်မှုတွေဟာ လူထုအသိုင်းအဝိုင်းတွေ အမှီသဟဲပြုထားရတဲ့ သေးငယ်တဲ့ ခံကတုတ်ကာကွယ်မှုတွေကို ကုန်ခမ်းစေခဲ့ပါပြီ” လို့ UNDPရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကန်နီ ဝိဂ်နရာဂျာက ပြောပါတယ်။

အစီရင်ခံစာမှာ မြန်မာနိုင်ငံက ပြည်သူတွေကြုံတွေ့နေရတဲ့ ဆင်းရဲနွမ်းပါးမှုတွေကို ဘက်ပေါင်းစုံဆင်းရဲ နွမ်းပါးမှု နဲ့ ငွေကြေးအခြေပြု ဆင်းရဲနွမ်းပါးမှုဆိုပြီး အမျိုးအစား (၂)မျိုး ခွဲခြားဖော်ပြ ထားပါတယ်။

ငွေကြေးအခြေပြုဆင်းရဲနွမ်းပါးမှုက အိမ်ထောင်စုတွေရဲ့ အခြေခံလိုအပ်ချက်ဖြည့်ဆည်းဖို့ ဝင်ငွေမလုံလောက်တာ၊ မသုံးစွဲနိုင်တာကို တိုင်းတာထားတာ ဖြစ်ပြီး ဘက်ပေါင်းစုံးဆင်းရဲနွမ်းပါးမှုကတော့ ပညာရေး၊ ကျန်းမာရေး ၊ လူမှုအဆင့်အတန်း တို့မှာ တစ်ပြိုင်နက်တည်းချို့တဲ့နေခြင်းအဖြစ် ဖော်ပြ ပါတယ်။

အစီရင်ခံစာအရ ဆင်းရဲမွဲတေမှုဟာ နိုင်ငံတစ်ဝန်းမှာ မတူညီဘဲ ကွဲပြားလျက်ရှိတာကို တွေ့ရပါတယ်။ အချို့ဒေသတွေမှာ ပဋိပက္ခများ၊ စစ်ဘေးရှောင်ရမှုတွေနဲ့ ဝန်ဆောင်မှုရရှိနိုင်မှု ပိတ်ပင်ခံရခြင်းတို့က အဓိက တွန်းအားတွေ ဖြစ်ကြပါတယ်။ အခြားဒေသတွေမှာတော့ လုပ်ကိုင်စားသောက်ခွင့်၊ ပညာရေး၊ အခြေခံအဆောက်အအုံနဲ့ အများပြည်သူ ဝန်ဆောင်မှုများဆိုင်ရာ ကာလရှည်ကြာ လစ်ဟာနေမှုတွေက အဓိကစိန်ခေါ်မှုတွေအဖြစ် ဆက်လက်ရှိနေတာ ဖြစ်ပါတယ်။

ကချင်၊ ရခိုင် ၊ ကရင်နီ ၊ ချင်း နဲ့ ဧရာဝတီတို့မှာ ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်းက ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုညွှန်းကိန်းကို အများဆုံးပုံဖော်ပေးနေပြီး စစ်ကိုင်း၊ မွန် ၊ မန္တလေးနဲ့ နေပြည်တော် တို့မှာတော့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အားနည်းချက်တွေဘက်ကို ပိုရွေ့လျားနေကြောင်း ပြသနေတယ်လို့ ဆိုထားပါတယ်။

UNDP ရဲ့ အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကန်နီ ဝိဂ်နရာဂျာကတော့ “မြန်မာနိုင်ငံဟာ နိုင်ငံတကာ သတင်းခေါင်းစဉ်တွေမှာ ထိပ်ဆုံးက ပါဝင်ချင်မှပါဝင်တော့မှာဖြစ်ပေမဲ့ ပြည်သူသန်းပေါင်းများစွာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကတော့ ဆက်လက် နက်ရှိုင်းနေဆဲ ဖြစ်ပါ တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့အကျိုးဆက်အကြီးမားဆုံး အကျပ်အတည်းတွေထဲက တစ်ခုအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပြီး ပဋိပက္ခပြီးဆုံးတဲ့အထိ မစောင့်ဆိုင်းဘဲ ပြည်လည်ကုစားရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ အရေးကြီးနေဆဲဖြစ်ကြောင်းလည်း UNDP က ဆိုထားပါတယ်။

#မြန်မာ #အခြေခံလူတန်းစား #အကျပ်အတည်း #ဆင်းရဲနွမ်းပါးမှု #ပဋိပက္ခ #kachinwaves #news

http://youtube.com/post/UgkxDihtNeZ-AqF8jey_kVnJZNMw5MP2vqQX?si=6DfQqFHIyplbaivf
👍1😢1
အင်းတော်မှာ စစ်တပ်စစ်ကြောင်းကို AAပူးပေါင်းအဖွဲ့တိုက်ခိုက်၊ စစ်တပ်အထိနာပြီး လေကြောင်းပစ်ကူပေးနေ

By Ko San. 15 October 2026

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရဲ့ တောင်ဘက် မန္တလေး- မြစ်ကြီးနားကားလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းတပ်ဟာ AAနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်မှုကြောင့် အထိခိုက်အသေပျောက်တွေများကြောင်း ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ကစပြီး မန္တလေး - မြစ်ကြီးနား ကားလမ်းအတိုင်း အင်အား (၅၀၀) လောက်နဲ့ အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်၊

အောက်တိုဘာ ၁၂ ရက်နေ့မှာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး အင်အား (၃၀၀)က မန္တလေး - မြစ်ကြီးနားလမ်းပေါ်က ထီးချိုင့် - ကျောင်းကုန်းလမ်းဆုံကို ဦးတည်စစ်ကြောင်းထွက်ခဲ့ပါတယ်။ အင်အား (၂၀၀) က ဝန်းသိုဘက်ကို ဦးတည်စစ်ကြောင်းထွက်ခဲ့တယ်လို့ အင်းနော်ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ထီးချိုင့် - ကျောင်းကုန်းလမ်းဆုံကိုထွက်တဲ့ စစ်ကြောင်းဟာ အောက်တိုဘာ ၁၃ ရက်နေ့ကနေ ယနေ့အောက်တိုဘာ ၁၅ ရက်နေ့ထိ ပိန်းအင်းကျေးရွာအနီးမှာ တိုက်ခိုက်ခံနေရပြီး ထိခိုက်သေဆုံးသူနဲ့ သုံ့ပန်းအဖြစ်ဖမ်းခံထားရသူ အများပြားရှိနေတယ်လို့ ‌အင်းတော်ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပဲဆက်ပြောပါတယ်။

" ဗိုလ်တွေလည်းသေတယ်။ အရှင်တွေလည်းမိတယ်။ နောက်ပြီး ဒီကောင်တွေ တပ်ပျက်နေတဲ့သဘောတောင်ရှိတယ်" လို့ဆိုပါတယ်။

သေဆုံးသူနဲ့ အရှင်ဖမ်းခံထားရတဲ့ အခြေနေ အသေးစိပ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ဝန်းသိုဘက်ကို ဦးတည်စစ်ကြောင်းထွက်တဲ့ အင်အား (၂၀၀) ပါ စစ်ကြောင်းဟာလည်း ဝန်းသိုကိုမရောက်နိုင်ဘဲ မဲဇာနဲ့ ဝန်းသိုကြားက ထန်းတပင်ရွာအနီး တိုက်ခိုက်ခံနေရတယ်လို့လည်း သတင်းရင်းမြစ်က ဆိုပါတယ်။

တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်က လေကြောင်းပစ်ကူတွေ ဆက်တိုက်ပေးနေပြီး ဒီကနေ့ အောက်တိုဘာ ၁၅ ရက် မနက် ၅ နာရီကလည်း တိုက်ပွဲဖြစ်ပွားရာ အနီးဝန်ကျင်ရွာဘက်တွေဖြစ်တဲ့ အောက်လယ်ပြင်ရွာ၊ မအူကုန်း၊ ပိန်းအင်း၊ ဂျုံးဂျုံးဂျ စတဲ့ရွာတွေဘက် ထောက်ပို့ဗုံးကြဲလေယာဉ် Y12 နဲ့ ဗုံးတွေပတ်ကြဲခဲ့တယ်လို့ အင်းတော်ဒေသခံ တော်လှန်ရေးရဲဘော်ကပဲဆက်ပြောပါတယ်။ ဒါ့အပြင် အခု ညနေ ၄ နာရီလောက်ကလည်း ဟုမ္မလင်းတက် တိုက်လေယာဉ်နှစ်စင်းနဲ့ ထပ်မံဗုံးကြဲချခဲ့တယ်လို့လည်းဆိုပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ တမြန်နေ့နဲ့ ယမန်နေ့ အောက်တိုဘာ ၁၃ နဲ့ ၁၄ ရက်နေ့ကလည်း အထက်ပါဖော်ပြခဲ့တဲ့ အောက်လယ်ပြင်၊ မအူကုန်း၊ ပိန်းအင်း၊ ဂျုံးဂျုံးဂျ စတဲ့ကျေးရွာတွေဘက်ကိုလည်း လေကြောင်းနဲ့ တနေ့ကုန်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဧပြီလကစလို့ ယခုနှစ် (၂၀၂၆) ဧပြီလလယ်ပိုင်းအထိ တော်လှန်ရေးတပ်တွေက စစ်ကိုင်း - ကချင်အစပ် မန္တလေး - မြစ်ကြီးနားကားလမ်းပေါ်မှာရှိတဲ့ အင်းတော်တစ်မြို့နယ်လုံးကို ထိန်းချုပ်ထားနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဧပြီလ နောက်ဆုံးပတ်မှာတော့ အာဏာသိမ်းတပ်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး အင်းတော်မြို့ရဲ့ မြောက်ဘက်ကျေးရွာတွေဖြစ်တဲ့ အင်းတော်မြို့၊ ‌နဘားကျေးရွာ၊ နဘားလမ်းဆုံ၊ စီပိန်း၊ မော်လူး စတဲ့ကျေးရွာတွေကိုသိမ်းပိုက်ခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်တပ်ကအင်းတော်မြို့တောင်ဘက်ခြမ်းကျေးရွာတွေကို ထိန်းချုပ်နိုင်ဖို့ အသေခံပြီး ဆက်လက်စစ်ကြောင်းထိုးနေတာပဲဖြစ်ပါတယ်။

#အင်းတော် #စစ်တပ် #စစ်ကြောင်း #မန္တလေး-မြစ်ကြီးနား #ဗျူဟာလမ်း #ထီးချိုင့်ကျောင်းကုန်း #ဝန်းသို #kachinwaves #news

http://youtube.com/post/UgkxWOHSM9fx-HevCQXAg6g4SXe7b2G1pIUj?si=r7gOo7_d6HgUu1pv
👍2
ပူတာအို ပြည်သူ့ဆေးရုံက ဆရာဝန်နဲ့ သူနာပြုဆရာမတွေ တချိန်လုံး နှုတ်ကြမ်းအာကြမ်း အော်ဟစ်နေတာကြောင့် ဆေးရုံတက်ပြည်သူတွေ အခက်တွေ့နေရတယ်လို့ပြော

By Gvnøng. 18 October 2026

ပူတာအိုခရိုင် ပြည်သူ့ဆေးရုံမှာ ဆရာဝန်နဲ့ သူနာပြုဆရာမတွေက ဆေးရုံတက်တဲ့ ပြည်သူတွေကို နှုတ်ကြမ်းအာကြမ်းနဲ့ တချိန်လုံး အော်ဟစ်ဆဲဆိုနေတာကြောင့် လူနာရှင်လူနာစောင့်တွေ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေတယ်လို့ သိရပါတယ်။

“ညီမလေးအရေးပေါ် အခြေအနေမို့ ပြည်သူ့ဆေးရုံသွားတက်တာပါ။ ဆရာ ဆရာမတွေက လူနာတွေကို ဆက်ဆံတာ ဖော်ရွေစွာ ဆက်ဆံတာကို မရှိဘူး။ ဆရာမတွေ ဆေးထိုးဝင်လာပြီဆို စကားကို အကျယ်ကြီးပြောပြီး တချိန်လုံး အော်ဆဲကြတော့တာပဲ။ လူနာရှင်လူနာစောင့်တွေ မသိတာ နားမလည်တာတွေကို သေချာမရှင်းပြပဲ တန်းတန်းဆဲဆိုအော်ငေါက်ကြတာ ငါးစိမ်းတန်းကျနေတာပဲဆေးရုံအဝင်ဝမှာ ကပ်ထားတဲ့ ဆိုင်းဘုတ်က ‘နွေးထွေးစွာကြိုဆိုပါ၏’ တဲ့”လို့ ဆေးရုံသွားခဲ့တဲ့ လူနာရှင်တစ်ဦး ပြောပါတယ်။

ဆရာဝန်တစ်ဦးကလည်း လူနာစောင့်နဲ့ လူနာတွေကို တရိစ္ဆာန်တွေနဲ့ပါ အမြဲနှိုင်းပြီးဆဲဆိုလေ့ရှိတယ်လို့လည်း ပြောပါတယ်။

‛‛ပြီးတော့ ခရိုင်ဆေးရုံလို့ပြောပြီး အိမ်သာတွေဆို အနားတောင်ကပ်လို့ မရဘူး ညစ်ပတ်တာလွန်ရော၊ သန့်ရှင်းရေးဝန်ထမ်းတွေ အလုံအလောက်မရှိတာလား မသိဘူး။ အိမ်သာခွက်တွေမှာရော မိလ္လာတွေချည်း ပြည့်နေတာပဲ။ ဆေးရုံကြီးဖြစ်ပြီး ဘာဆေးမှကို မရှိဘူး။ အပ်တိုတချောင်း၊ ဆရာမတွေသုံးတဲ့ လက်အိတ်ကအစ အပြင်ကဝယ်ခိုင်းတယ်။ ပူတာအိုဆေးရုံကြီးက ကိုယ်ဝယ်ထားတဲ့ဆေးတွေ ယူသွားပြီး ရော့ဒီဆေးတွေနဲ့ ငါ့လူနာဆေးကုပေးပါလို့ ပြောနေရတဲ့ အခြေအနေမျိုးကို ဖြစ်နေတာပါ။”လို့ လူနာစောင့်တစ်ဦးက ပြောပါတယ်။

စာရွက်တစောင်ယူလည်း ပိုက်ဆံပေးနေရပြီး ဆေးရုံတစ်ခါတက်ရင် ကျပ်သိန်း ၃၀ နဲ့ ၄၀ အထက်မရှိရင် ဆေးရုံတက်ကုလို့ မရဘူးလို့ ဆက်ပြောပါတယ်။

“ဆေးရုံမှာ အလကားရတာဆိုလို့ အလှူရှင်တွေ လှူဒါန်းထားတဲ့ ရေသန့်ပဲရှိတယ်။ ဒီပုံစံသာ ဆက်လှုပ်နေရင် လွှတ်တော်အထိ တိုင်ဖို့ကို အစီအစဥ်ရှိတယ်’’လို့ လူနာစောင့်တစ်ဦးက ဆက်ပြောပါတယ်။

အာဏာမသိမ်းခင် ကာလက အခုလို လုပ်ဆောင်နေကြတဲ့ လုပ်ရပ်တွေ ပပျောက်လုနီးပါး ရှိခဲ့ပေမဲ့လည်း အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေ ပြန်လည်ပြောင်းလဲလာခဲ့တာလို့ သိရပါတယ်။

http://youtube.com/post/Ugkx8_N4Kyt5M-SKMZX1-Ct-mxvKvJbOQ5Do?si=ASekklBPIZhzfpZL
❤4👍1
စဉ့်ကူးမှာ စစ်ဘေးရှောင်တွေကို စစ်တပ်ဒရုန်းနဲ့ ဗုံးကြဲလို့ ၃ ဦးသေဆုံး၊ ကလေးငယ်အပါ ၅ ဦးထိခိုက်

By Ko San. 19 October 2026

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဧရာဝတီမြစ်လယ်ကျွန်းထဲမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေကို အာဏာသိမ်းတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ (၃) ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စဉ့်ကူးမြို့နယ်၊ ရွှေဘယက်ဘုန်းတော်ကြီးကျောင်းမှာ အထိုင်ချထားတဲ့ အာဏာသိမ်းတပ်က မနေ့ကအောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၆ နာရီ ၁၆ မိနစ်မှာ စဉ့်အိုးကျွန်းပေါ်က စစ်ဘေးရှောင်ပြည်သူတွေနေရာကို ဒရုန်းနဲ့ ဗုံးသီးနှစ်လုံး ကြဲတိုက်ခိုက်ခဲ့တာလို့ စဉ်းကူးဒေသခံတစ်ဦးကပြောပါတယ်။

"ရွှေဘယက် ဘုန်းတော်ကြီးကျောင်းရောက်ရှိနေတဲ့ စကစ ဒရုန်းအဖွဲ့က၊ စဉ်းအိုးကျွန်းကိုကြဲတာ။ စဉ်းအိုးကျွန်းက ရွာတော့မဟုတ်ဘူး။ ဧရာဝတီမြစ်ထဲက ကျွန်းလေးတစ်ကျွန်းပဲ။ အဲ့မှာ စစ်ရှောင်တဲတွေရှိတယ်။ အဲ့စစ်ရှောင်တဲတွေကို ဒရုန်းနဲ့ကြဲချလိုက်တာ" လို့ဆိုပါတယ်။

အဲ့ဒီ ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် အသက် (၅၅) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၄၈) နဲ့ (၃၀) နှစ်အရွယ် အမျိုးသမီးနှစ်ဦးသေဆုံးပြီး အသက် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်ကပဲဆက်ပြောပါတယ်။

ထိခိုက်သူတွေအနက် အသက် (၄၅) အရွယ် အမျိုးသမီးတစ်ဦးက ထိခိုက်ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ဆက်ပြောပါတယ်။

အာဏာသိမ်းတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စဉ့်အိုးကျွန်းမှာ စဉ့်ကူး၊ သပိတ်ကျင်း၊ ဝက်လက် စတဲ့ဒေသကပြည်သူတွေစစ်ဘေးရှောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

"စစ်ဘေးရှောင်ပြည်သူတွေသနားပါတယ်ဗျာ။ စစ်ဘေးကြောင့် ထွက်ပြေးလာရပါတယ်ဆို ဗုံးနဲ့ကလိုက်ကြဲခံရပြန်တယ်။ အခုသေကုန်ပြီ။ အဲ့နေရာမှာ ဘာတော်လှန်ရေးတပ်ဖွဲ့မှမရှိဘူး။ ဒီတိုင်းကြီး အကြောင်းပြချက်မရှိကြဲခံရတာ" လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း၊ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက မိုးကြိုး၊ ရေလယ်ကျွန်း၊ အိုင့်ဒိုင် စတဲ့ ဧရာဝတီ မြစ်ကမ်းဘေးကကျွန်းရွာတွေကို အာဏာသိမ်းတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို အမျိုးသမီး (၃) ဦးသေဆုံးပြီး (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

http://youtube.com/post/UgkxnDZKb-5e0Cyvda245fR5Hu97TGzWJnNr?si=QxTfe7Uq0BB1aaJd
❤1👍1👎1
ပင်လုံစာချုပ်ဖြစ်ပေါ်လာဖို့အတွက် ရှမ်းနဲ့ကချင် ခေါင်းဆောင်တို့ရဲ့ ကြိုးစားခဲ့မှုကို မေ့ဖျောက်ပစ်လို့ မရကြောင်း KIO ဥက္ကဌပြော

By HSL. 25 October 2026

ပင်လုံစာချုပ်ဖြစ်ပေါ်လာဖို့အတွက် ရှမ်းနဲ့ကချင် ခေါင်းဆောင်တို့ရဲ့ ကြိုးစားအားထုတ်မှုကို မေ့ဖျောက်ပစ်လို့မရကြောင်း၊ စစ်အာဏာရှင်အစိုးရက အတူတကွယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ ရှမ်းနဲ့ကချင်လူမျိုးတို့ကို သပ်လျှိုပြီး မတည်မငြိမ်ဖြစ်စေနေကြောင်း KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီနေ့ကျရောက်တဲ့ KIO တည်ထောင်ခြင်း (၆၆) နှစ်မြောက် အထိမ်းအမှတ်နေ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

စစ်အာဏာရှင်အစိုးရရဲ့ သပ်လျှိုမှုကို ၂၀၂၁ နောက်ပိုင်း ပိုမိုတွေ့မြင်လာရတယ်လို့ KIO ဥက္ကဌက ပြောကြားခဲ့ပါတယ်။

“ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အမည်ကိုကိုင်စွဲပြီး တိုက်ပွဲတွေဖြစ်ပေါ်လာတာက ခိုင်မာတဲ့ သက်သေအထောက်အထား ဖြစ်တယ်။”လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကိုယ့်အချုပ်အခြာပိုင်နယ်မြေကနေ ပြည်ထောင်စုနိုင်ငံအဖြစ် အတူတကွနေထိုင်ရန် ရှမ်း၊ ကချင်၊ ချင်းနဲ့ ဗမာ ခေါင်းဆောင်တို့ လက်မှတ်ထိုးခဲ့ကြတဲ့ ပင်လုံစာချုပ်ဟာ အရေးကြီးတဲ့ သမိုင်းသက်သေ အထောက်အထားတစ်ခု ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

စစ်အာဏာရှင်တို့က ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာဖို့နဲ့ ပြည်သူလူထုတွေ တိုးတက်ကောင်းစားဖို့ မလိုလားကြကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်းပြောကြားခဲ့ပါတယ်။

#ပင်လုံစာချုပ် #ရှမ်း #ကချင် #KIO #kachinwaves #news
❤1🤮1
အင်းတော်တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းပြုတ်လုနီးပါး အထိနာနေပြီး လေကြောင်းပစ်ကူအလုံးအရင်း ပေးနေရ

By D Hline. 26 October 2026

အင်းတော်မြို့တောင်ဘက် လယ်ပြင်ရွာမှာ အာဏာသိမ်းစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ပိတ်ဆို့တိုက်ခိုက်ခံနေရတာကြောင့် တစ်ညလုံး၊ တစ်နေ့လုံး လေကြောင်းပစ်ကူပေးနေရကြောင်း စုံစမ်းသိရှိရပါတယ်။

မနေ့ညကစပြီး ဒီနေ့မနက်အစောပိုင်းအထိ အပြင်းအထန် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း တိုက်ပွဲအနီးမှာရှိနေတဲ့ အသက်(၂၅)နှစ်အရွယ်‌ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက ညတုန်းကတော့ဟေ့ တကယ့်ကမ္ဘာပျက်သလိုကိုဆော်တာ။ ဇွဲဆုတောင် ပေးသင့်တယ်။ ဒီဘက်(တော်လှန်ရေးတပ်ဖွဲ့)ကကောင်တွေကိုက ဒီလောက်လေယာဉ်ကို အစီးစီး၊ ရေကိုမရေနိုင်တော့ ဘူးမောင် ညတုန်းကမှာ တစ်ညလုံးဆော်တာ။ လေယာဉ်လည်း တစ်ညလုံးပါ့” လို့ သူက ဆိုပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ မနေ့ည တစ်ညလုံး တိုက်လေယာဉ်အပြင် Let L410 Turbolet အရပ်ခေါ် E-20 အမျိုးအစားလေယာဉ်တွေနဲ့ပါ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။

ဒါ့အပြင် ဒီကနေ့တစ်မနက်လုံး လေယာဉ်အမျိုးအစားအစုံအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့သလို မွန်းလွဲပိုင်းမှာလည်း လယ်ပြင်ရွာနဲ့ ပိန်းအင်းရွာတစ်ဝိုက်ကို ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်နေကြောင်း အထက်ပါ သတင်းရင်းမြစ်ဆီက သိရပါတယ်။

“အခုက လယ်ပြင်၊ ပိန်းအင်း အဲဒီဘက်ကို ဆော်နေတာ ရော့ကတ်နဲ့ပစ်နေတာ ဂျက်ဖိုက်တာ အခု ဒါရောဆို ၉ စီးလောက်ရှိပြီ။ မနက်က ဖိုက်တာလည်းပါတယ်၊ Y-12 ပါတယ် ပြီးကျရင် MI-35 ပါတယ်။ မနက်က ပိန်းအင်း ၊လယ်ပြင်၊ ဂျုံးဂျ။ ကွင်းချောင်းကိုတော့ ရော့ကတ်နဲ့ ဆွဲသွားတာ တစ်ရက်လုံးနေပြီ” လို့ သူကပြောပါတယ်။

အာဏာသိမ်းစစ်ကြောင်း လယ်ပြင်ရွာကိုစရောက်ချိန်ကစပြီး ဒီနေ့အထိ တော်လှန်ရေး တပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေခဲ့တာကြောင့် အာဏာသိမ်းတပ်ဘက်က အထိနာနေပြီး တပ်စိပ် ၂ စိတ်ခန့်သာ ကျန်ရှိတော့ကြောင်း အခြားစစ်ရေးသတင်းရင်းမြစ် က ပြောကြားခဲ့ပါတယ်။

ဒီအချက်အလက်နဲ့ ပတ်သတ်လို့ Kachin Waves က ဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။

“တိုက်ပွဲက လယ်ပြင်ရွာမှာဆော်နေတာ။ ပြုတ်တော့မှာ ဘယ်မှမထွက်နိုင်တော့ဘူးလေ။ သူတို့ (စစ်ကြောင်း)က အလင်းဝင်တဲ့ဟာတွေလည်း အများကြီးရှိတယ်။သောင်တင်တာကို မကတော့ဘူး ပြုတ်ခါနီးပြီ” လို့ ပထမ ဒေသခံသတင်းရင်းမြစ် က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးရာလမ်းကြောတစ်လျှောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး သေဆုံးစစ်သားအလောင်းတွေကို ၎င်းတို့တပ်စွဲခဲ့တဲ့ ရွာတွေအတွင်း မြှုပ်နှံထားခဲ့ကြကြောင်း သိရပါတယ်။

အင်အား ၅၀၀ ပါ အာဏာသိမ်းစစ်ကြောင်းဟာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် အင်းတော်မြို့ထဲကနေ အောက်တိုဘာ ၄ ရက်နေ့ ကတည်းက ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဆည်ရွာ၊ လယ်နောင်၊ သံဘိုရွာတွေကနေတဆင့် နန့်သဲ၊ မဲဇာရွာကို ရောက်ရှိခဲ့ပြီးနောက် အောက်တို ၁၂ ရက်နေ့မှာ ဝန်းသိုဘက်ကို ဦးတည်ပြီး စစ်ကြောင်းတစ်ကြောင်း၊ အင်းတော်-ထီးချိုင့်လမ်းဆုံ ဘက်ကို တစ်ကြောင်း ခွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

မဲဇာကနေ ခွဲထွက်ပြီး ဝန်းသိုဘက်ကို ဦးတည်စစ်ကြောင်းထိုးသွားတဲ့ အာဏာသိမ်းစစ်ကြောင်းကလည်း ဖီလေး၊ ကံကုန်းရွာအနီးတစ်ဝိုက်ကို ရောက်ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရကြောင်း သိရပါတယ်။

လက်ရှိ အင်းတော်မြို့နယ်အတွင်းက စစ်ကြောင်းတွေကို တိုက်ခိုက်ရာမှာ အာရက္ခတပ်တော်(AA) ကလည်း တော်လှန်ရေးအဖွဲ့နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတာ ဖြစ်ကြောင်း သိရပါတယ်။

#အင်းတော် #လယ်ပြင် #မန္တလေး-မြစ်ကြီးနား #ဗျူဟာလမ်း #စစ်ကြောင်း #အထိနာ #စစ်ကြောင်းပြုတ် #ဗုံးကြဲ #kachinwaves #news

https://youtube.com/post/UgkxAztaCZBOLZL3j6N3hYFX0glmvCNkcwWG?si=gJ6fqiwPd7vut4YR
👍3❤1