Justice For Myanmar
191 subscribers
92 photos
35 links
Covert group of activists dedicated to improving the lives of all the people of Myanmar. Join us and help bring #JusticeForMyanmar
Download Telegram
တရားမဝင် စစ်အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း စစ်ကောင်စီပိုင်စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့၏ စီးပွားရေးမိတ်ဖက်များအား ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများအပေါ် နှိုင်းယှဉ်လေ့လာထား သော အချက်အလက်များ

ဒဏ်ခတ်ပိတ်ဆို့မှုများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအစိုးရများအကြား ကွဲလွဲနေသည့် ချဉ်းကပ်မှုပုံစံတစ်ရပ်ကို တွေ့ရှိရပြီး ပိုမို ထိရောက်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများအရေးတကြီးလိုအပ်ကြောင်း ပြသနေ။

ဒေသတွင်းဒီမိုကရေစီနိုင်ငံများဖြစ်ကြသည့် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံတို့ အနေဖြင့် မည်သည့်ပစ်မှတ်ထားဒဏ်ခတ် ပိတ်ဆို့အရေးယူမှုကိုမျှ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါ။

JFM ၏ ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ လိုအပ်သည့် မြန်မာစစ်တပ်ထိန်းချုပ်စီးပွားရေးလုပ်ငန်းများနှင့် မိတ်ဖက်များစာရင်း ကို ကြည့်ရှုပါ။ 👉🏽 https://bit.ly/2RHCZH6
ဒေါ်လာသန်းချီတန်ဖိုးရှိ စစ်လက်နက်များနှင့် စစ်ဘက်သုံးပစ္စည်းများ ဝယ်ယူပေးခဲ့ကြသော စစ်တပ်ဆက်နွယ်ကုမ္ပဏီများ

မကြာသေးခင်က ပေါက်ကြားလာသော စာရွက်စာတမ်းများနှင့် ကုန်ပစ္စည်းတင်ပို့မှုမှတ်တမ်းများအရ မြန်မာစစ်တပ်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိ လက်နက်များနှင့် စစ်ဘက်သုံး ပစ္စည်းဝယ်ယူမှုများစွာတွင် International Gateways Group of Companies Limited (IGG)၊ Myanmar Consultancy Company Limited (MCC) နှင့် Myanmar New Era Trading Company တို့၏ ပါဝင်ပတ်သက်နေမှု သက်သေအထောက်အထားများ ဖော်ပြထားသည်။

ကမ္ဘာတဝှမ်းမှ အစိုးရများအနေဖြင့် အကြမ်းဖက်မြန်မာစစ်တပ်ကို စစ်လက်နက်ပံ့ပိုးနေသည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ချက်ချင်း ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ရန် Justice For Myanmar က တောင်းဆိုလိုက်ပါသည်။

သတင်းဆောင်းပါးအား မြန်မာဘာသာဖြင့် ဖတ်ရှုရန် 👉🏽 https://bit.ly/3JqIzCX
သတင်းဆောင်းပါးအား အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုရန် 👉🏽 https://bit.ly/34jSM5b
သတင်းထုတ်ပြန်ချက် အသေးစိတ်အား ရယူရန် 👉🏽 https://bit.ly/3L8zIYh
အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ဘီလာရုစ်၊ ရုရှား၊ ဂျာမနီတို့နှင့် ကွင်းဆက်များရှိသည့် လက်နက်ပွဲစားက မြန်မာစစ်ကောင်စီအား စစ်လက်နက်ပစ္စည်းများ ပေးသွင်းခဲ့။

ImportGenius ၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ မတ်လတွင် Dynasty International သည် Mi-17 စက်ပစ္စည်းအစိတ်အပိုင်းများကို Ural Avia ထံမှ တင်သွင်းခဲ့သည်။

အဆိုပါကုမ္ပဏီကို ဒေါက်တာအောင်မိုးမြင့်က ဦးဆောင်ပြီး ၎င်းသည် ဘီလာရုစ်နိုင်ငံ၏ မြန်မာနိုင်ငံ ဆိုင်ရာဂုဏ်ထူးဆောင်ကောင်စစ်ဝန်နှင့် မြန်မာနိုင်ငံရှိ ဘီလာရုစ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်း ရှင်များအသင်း၏ ကိုယ်စားလှယ်လည်း ဖြစ်ပါသည်။

Dynasty International နှင့် ပါဝင်သည့် လူပုဂ္ဂိုလ်များ၊ Ural Avia၊ မြန်မာစစ်တပ်သို့ စစ်လက်နက်ပစ္စည်းများနှင့် စပ်ဆက်ပစ္စည်းများ ပေးသွင်း/လွှဲပြောင်း‌ပေးကြသည့် အခြားသော စီးပွားရေးလုပ်ငန်းအားလုံးနှင့် လူပုဂ္ဂိုလ်များအား ချက်ချင်း ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် JFM က တောင်းဆိုပါသည်။

အပြည့်အစုံသို့

မြန်မာဘာသာဖြင့် 👉🏽 https://bit.ly/3sAzaDl
အင်္ဂလိပ်ဘာသာဖြင့် 👉🏽 https://bit.ly/344NXMW
Star Sapphire group ၏ စစ်တပ်နှင့်ဆက်နွယ်မှုများ

Star Sapphire group ကို ဒေါက်တာထွန်းမင်းလတ်နှင့် ဇနီးဖြစ်သူ ဒေါက်တာဝင်းမင်းစိုးတို့က ချုပ်ကိုင် ထားပြီး ၎င်းတို့သည် လက်ရှိအထက်လွှတ်တော်အမတ်တစ်ယောက်ဖြစ်နေသည့် ထင်ရှားသော ထိုင်း စီးပွားရေးလုပ်ငန်းရှင် Upakit Pachariyangkun နှင့် ကာလကြာရှည် မိတ်ဖက် ဆက်ဆံရေးတစ်ရပ် ရှိထားကြသည်။

ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ ထွန်းမင်းလတ်သည် Elbit Systems၊ Israel Shipyards၊ Israel Aerospace Industries နှင့် NORINCO တို့ အပါအဝင် အစ္စရေးနှင့် တရုတ်ကုမ္ပဏီများ၏ စစ်ကောင်စီနှင့် လက်နက်ရောင်းဝယ်ရေးတို့တွင် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာပြည်သူလူထု အပေါ် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို ကူညီ ထောက်ပံပေးနေခြင်းပင် ဖြစ်သည်။

အကြမ်းဖက်စစ်တပ်ထံ ၀င်ငွေနှင့် လက်နက်စီးဆင်းမှုများ ရပ်တန့်ဖို့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ်နေ။

ထုတ်ပြန်ချက်အပြည့်အစုံသို့ 👉🏽 https://bit.ly/3EUC0r5
သတင်းဆောင်းပါးအပြည့်အစုံသို့👉🏽 https://bit.ly/3EJfrFT

#JusticeForMyanmar #GlobalArmsEmbargo
စစ်တပ်ဆက်နွယ်ကုမ္ပဏီ ရွှေဗျိုင်းဖြူက Telenor Myanmar ကို ထိန်းချုပ်လိုက်ပြီ

အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချိုးဖောက်ခြင်းအတွက် M1 Group နှင့် Telenor Group တို့အား စုံစမ်းစစ်ဆေးရမည်

သတင်းထုတ်ပြန်ချက်အသေးစိတ်အား သိရှိရန် 👉🏽 https://bit.ly/3wipGyq

လက်ဘနွန်နိုင်ငံ၏ M1 Group က Telenor Group ၏ မိုဘိုင်းကွန်ရက်ရောင်းချမှု အပြီးသတ်အပိုင်းအဖြစ် Telenor Myanmar ထိန်းချုပ်ခွင့်ကို မြန်မာစစ်တပ်ဆက်နွယ်ကုမ္ပဏီ ရွှေဗျိုင်းဖြူစီးပွားရေးလုပ်ငန်းစုကြီး ထံ မေလ ၁၂ ရက်၊ ကြာသပတေးနေ့တွင် လွှဲပြောင်းပေးအပ်ခဲ့။

ရောင်းချမှုတွင် တရားဝင်ကြားဖြတ်ဖမ်းယူမှုနည်းပညာ ပါဝင်ခြင်းကြောင့် ယင်းရောင်းချမှုသည် ယူကေ၊ အီးယူ နှင့် နော်ဝေနိုင်ငံတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့။

ပိုမိုသိရှိရန်

ရွှေဗျိုင်းဖြူ၏ စစ်တပ်နှင့် ဆက်နွှယ်မှုများအပေါ် ကျွန်ုပ်တို့၏ စုံစမ်းထောက်လှမ်းသတင်းရေးသားမှုကို ရယူရန် 👉🏽 https://bit.ly/3GTc2Uw
M1 Group အကြောင်းပိုမိုသိရှိရန် ကျွန်ုပ်တို့၏ စုံစမ်းထောက်လှမ်းသတင်းရေးသားမှုကို ရယူရန် 👉🏽 https://bit.ly/3hOem4x

#Telenor #Myanmar #M1
ဂျပန်နိုင်ငံတွင် စစ်သင်တန်းရရှိခဲ့သည့် မြန်မာ့လေတပ် ဒုတိယဗိုလ်မှူးကြီး တစ်ဦးအား မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးအတွင်း ကြီးလေးသော ချိုးဖောက်မှုများတွင် ပါဝင်ကျူးလွန်ထားသည့် တပ်ဖွဲ့များနှင့် တာဝန်ထမ်းဆောင်စေသည်ကို တွေ့ရသည်ဟု Human Rights Watch နှင့် Justice For Myanmar တို့က ယနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်တပ်အရာရှိများအား စစ်သင်တန်းပေးသည့် အစီအစဉ်ကို ချက်ချင်း ရပ်ဆိုင်းသင့်ပြီး သင်တန်းအစီအစဉ်တွင် ပါဝင်ခဲ့သည့် အခြားသောသင်တန်းသားများသည်လည်း နိုင်ငံတကာစစ်ပွဲများဥပဒေကို ချိုးဖောက်သည့် စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ခြင်း ရှိမရှိကို စုံစမ်း စစ်ဆေးသင့်သည်။

ရက်စက်ကြမ်းကြုတ်မှုများ အဆုံးသတ်နိုင်ဖို့ တိုကျိုအနေဖြင့် စစ်ဘက်ဆက်နွယ်မှုများကို ဖြတ်တောက်ပြီး စစ်ကောင်စီအား ဖိအားပေးသင့်ပြီ။

ထုတ်ပြန်ချက်အသေးစိတ်သို့ 👉🏽 https://bit.ly/3MKY0Ik
သတင်းထုတ်ပြန်ချက် 📣 Petronas၊ PTTEP၊ ENEOS၊ Mitsubishi Corp နှင့် ဂျပန်အစိုးရ ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းမှ တာဝန်မဲ့ထွက်ခွာမှု

Gulf Petroleum Myanmar ကို လုပ်ငန်းရှင်သစ်အဖြစ် စစ်ကောင်စီခန့်အပ်

Petronas နဲ့ မိတ်ဖက်တွေရဲ့ ခုလိုတာဝန်မဲ့ ရုပ်သိမ်းထွက်ခွာတဲ့ လုပ်ရပ်က အကြမ်းဖက် မြန်မာစစ်အုပ်စု အတွက် အခွန်ဝင်ငွေရင်းမြစ် ဆက်ပေးအပ်နေဖို့ ဖြစ်ပြီး၊ မကြာခင်ကုန်ခမ်းတော့မယ့် ဒီဓါတ်ငွေ့တွင်းကို ပိတ်သိမ်းတဲ့အခါ ဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက် အသေးစိတ်သို့ 👉🏽 https://bit.ly/3Aak8s4

JFM မှ ယ​ခင်ဖော်ထုတ် ရေးသားထားတဲ့ သတင်းဆောင်းပါးများသို့ 👉🏽 https://bit.ly/3yzc54Z နှင့် https://bit.ly/30quSTw
အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း စစ်တပ်ဆက်နွယ် LOTTE ဟိုတယ်မှာ ဩစတြေးလျသံရုံးက အမေရိကန်ဒေါ်လာ ၅၂၅,၀၀၀ ကျော် သုံးစွဲထား

LOTTE ဟိုတယ်ကို US, ယူကေနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်ထောက်ချုပ်ရုံးက BOT သဘောတူညီမှုနဲ့ ငှားရမ်းထားတဲ့ မြေနေရာပေါ်မှာ တည်ဆောက် ထားတာ ဖြစ်ပါတယ်။

JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က

“LOTTE ဟိုတယ်က မြန်မာပြည်သူတွေအပေါ် တရားလက်လွတ်တိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ စစ်တပ်ရဲ့ ကျည်ဆံတွေ၊ ဗုံးဆံတွေ ဝယ်ယူပေးရတဲ့ စစ်ထောက်ချုပ်ရုံးထံ မြေနေရာငှားရမ်းခတွေ ပေးနေတာဟာ မြန်မာစစ်တပ်ကို ငွေကြေး ထောက်ပံ့နေတာဖြစ်ပါတယ်။

“မြန်မာစစ်တပ်နဲ့ စီးပွားရေးပတ်သက် ဆက်နွယ်တာတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အကြံပြုချက်တွေကို လျစ်လျူရှုပြီး ဩစတြေးလျအနေနဲ့ အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေကို စစ်တပ်ဆက်နွယ် LOTTE ဟိုတယ်မှာ အသုံးပြုနေတာက စိတ်ပျက်ဖွယ်ရာ ဖြစ်ပါတယ်။”

အသေးစိတ်သို့ 👉🏽 https://bit.ly/3RRWkzC