𝗝𝗼 𝗝𝗼 𝗠𝗼𝘃𝗶𝗲 𝗖𝗵𝗮𝗻𝗻𝗲𝗹 | ရုပ်ရှင်ဇာတ်ကားကောင်းများ
15K subscribers
16 photos
3 links
Download Telegram
To Every You I've Loved Before (2022)


ဇာတ်လမ်းကတော့ အခုခေတ်စားနေတဲ့အပြိုင်ကမ္ဘာတွေအကြောင်းအခြေခံထားပေမဲ့ တကယ့်ဇာတ်လမ်းအနှစ်ကတော့ ကောင်လေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ။အချစ်ဇာတ်လမ်းလေးကိုလှလှပပရယ်မောငိုကြွေးနိုင်အောင်ကိုတင်ဆက်ပေးသွားနိုင်ခဲ့တာမလို့ ကြည့်နေရင်းနဲ့ အပြိုင်ကမ္ဘာတွေအကြောင်းကိုစိတ်မဝင်စားတော့ဘဲ အချစ်ဇာတ်လမ်းထဲမှာမျောပါသွားနိုင်တဲ့အထိပါပဲ။
Koyomiဟာ အလယ်တန်းကျောင်းသားဘဝမှာပဲ အပြိုင်ကမ္ဘာတစ်ခုကိုshiftလုပ်မိခဲ့ပါတယ်။အထက်တန်းကျောင်းသားဘဝရောက်ချိန်မှာတော့Kazuneဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့လူမှားနှုတ်ဆတ်တာကိုခံရပြီး ရိုးရှင်းမလိုထင်ရတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တည်လာခဲ့ပါတယ်။အချစ်ဇာတ်လမ်းလေးဟာ သာယာဖြောင့်ဖြူးမလား၊ ဝမ်းနည်းရမလားကတော့ ကြည့်ရှုသူအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

ဇာတ်ကားကြည့်ရန် -
https://t.me/c/3561593211/282

ချယ်နယ်အရင်Joinပါ -

https://t.me/+ogAY4aIUbt01NmU9
❤7❤‍🔥4🏆1💘1
The Garden of Words ( 2013 )


Takao ဆိုတဲ့ အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားတစ်ယောက်က ဖိနပ်ဒီဇိုင်နာဖြစ်ချင်တဲ့ အိပ်မက်ရှိသူပါ မိုးရွာတဲ့နေ့တွေမှာ ကျောင်းမတက်ဘဲ ပန်းခြံထဲက ဂျပန်စတိုင်ဥယျာဉ်တစ်ခုမှာ ထိုင်ပြီး ဖိနပ်ဒီဇိုင်းတွေ ဆွဲလေ့ရှိပါတယ်
တစ်နေ့မှာ အဲဒီနေရာမှာ Yukari ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ မိုးရွာတဲ့နေ့တိုင်း အဲဒီဥယျာဉ်မှာ ပြန်တွေ့လာကြပြီး တဖြည်းဖြည်းနဲ့ ကိုယ့်ဘဝမှာ ကြုံနေရတဲ့ အခက်အခဲတွေ၊ အထီးကျန်မှုတွေကို တစ်ယောက်နဲ့တစ်ယောက် ပြောပြလာကြပါတယ်
Takao က Yukari ကို ပိုပြီးနီးကပ်လာချင်သလို၊ Yukari ကလည်း Takao နဲ့တွေ့ဆုံရတဲ့အချိန်တွေမှာ သူ့ဘဝထဲက စိတ်ပင်ပန်းမှုတွေကို ခဏတာမေ့နိုင်လာပါတယ်
ဒါပေမယ့် သူတို့နှစ်ယောက်ကြားမှာ အသက်အရွယ်နဲ့ ဘဝအခြေအနေကွာခြားမှု ကြီးမားနေပြီး အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ဆက်ဆံရေးက ရိုးရိုးမိတ်ဆွေထက် ပိုမိုရှုပ်ထွေးလာပါတယ်
နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံခဲ့ခြင်းက ကိုယ့်ဘဝကို ဘယ်လိုပြောင်းလဲစေခဲ့လဲဆိုတာ နားလည်လာကြပြီး မိုရေလို ခဏတာဆုံတွေ့မှုတစ်ခုက လူတစ်ယောက်ရဲ့ဘဝကို ဘယ်လောက်ထိ သက်ရောက်နိုင်သလဲ ဆိုတာကတော့


ဇာတ်ကားကြည့်ရန်👇
❤6❤‍🔥3💘2🍓1
Hello World ( 2019 )

ဇာတ်လမ်းက ၂၀၂၇ ခုနှစ် Kyoto မြို့မှာ စတင်ပါတယ်။
ကျောင်းသား Naomi Katagaki ဟာ အနာဂတ်ကနေ ရောက်လာတဲ့ သူ့ကိုယ်သူနဲ့ တွေ့ဆုံရပါတယ်။
အနာဂတ် Naomi ကတော့ သူ့အတိတ်က မိမိကိုယ်တိုင်ကို Ruri Ichigyo ဆိုတဲ့ မိန်းကလေးနဲ့ ချစ်ကြိုက်လာအောင် ကူညီဖို့ လာခဲ့တာပါ။

ဒါပေမယ့် Ruri နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခုကြောင့် သူတို့နှစ်ယောက်ဟာ အချိန်၊ အနာဂတ်နဲ့ လက်တွေ့ကမ္ဘာ တို့ကြားမှာ ရှုပ်ထွေးတဲ့ ဖြစ်ရပ်တွေထဲ ရောက်သွားကြပါတယ်။

နောက်ပိုင်းမှာ သူတို့နေထိုင်နေတဲ့ကမ္ဘာရဲ့ အမှန်တရားနဲ့ Naomi ရဲ့ အနာဂတ်အစီအစဉ်တွေကို တဖြည်းဖြည်း ဖော်ထုတ်သွားရင်း Ruri ကို ကယ်တင်ဖို့ ဘယ်လောက်အထိ စွန့်လွှတ်နိုင်မလဲဆိုတာ..


ဇာတ်ကားကြည့်ရန်👇
❤8🍓3❤‍🔥2💘1
Princess Mononoke (1997)


ကျိန်စာသင့်နေတဲ့ မင်းသား Ashitaka ဟာ ကုထုံးရှာဖွေရင်း လူသားတွေရဲ့ စက်မှုလုပ်ငန်းနဲ့ တောရိုင်းသဘာဝ နတ်ဘုရားတွေကြားက ပြင်းထန်တဲ့ စစ်ပွဲအလယ်ကို ရောက်ရှိသွားပါတယ်။ အဲဒီမှာ ဝံပုလွေတွေ မွေးမြူထားတဲ့ လူသားမိန်းကလေး San (Princess Mononoke) နဲ့ ဆုံတွေ့ပြီး သဘာဝတရားကို ဖျက်ဆီးနေတဲ့ လူသားတွေနဲ့ သဘာဝတရားကို ကာကွယ်သူတွေကြားက ပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးစားရပုံကို ရိုက်ကူးထားပါတယ်။
Studio Ghibli ရဲ့ အကောင်းဆုံးလက်ရာတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူသားတွေရဲ့ လောဘနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို နက်နက်ရှိုင်းရှိုင်း ပုံဖော်ထားပါတယ်။ လှပဆန်းကြယ်တဲ့ Animation အနုပညာနဲ့အတူ ရင်သပ်ရှုမောဖွယ် ဇာတ်လမ်းဆင်ကွက်တွေကြောင့် ကမ္ဘာတစ်ဝန်းမှာ ဂန္ထဝင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန် 👇
❤3🍓2❤‍🔥1💘1
The Cat Returns ( 2002 )

Haru ဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ တစ်နေ့မှာ ကားတိုက်ခံရမယ့် ကြောင်တစ်ကောင်ကို ကယ်တင်လိုက်ပါတယ်။
အဲဒီကြောင်က သာမန်ကြောင်မဟုတ်ဘဲ ကြောင်ဘုရင်ရဲ့သားတော် ဖြစ်နေပါတယ်။
Haru ကို ကျေးဇူးတင်တဲ့အနေနဲ့ ကြောင်နိုင်ငံက သူမကို လက်ဆောင်တွေ ပို့ပေးပြီး နောက်ဆုံးမှာ ကြောင်ဘုရင်ရဲ့သားတော်နဲ့ လက်ထပ်ဖို့ စီစဉ်လာပါတယ်။
Haru ကတော့ အဲဒီအခြေအနေထဲကနေ လွတ်မြောက်ဖို့ The Baron ဆိုတဲ့ ကြောင်ရုပ်တုလေးနဲ့ သူ့အဖော်တွေကို အကူအညီတောင်းရပါတယ်။
အဲဒီနောက် Haru ဟာ ကြောင်နိုင်ငံထဲကို ဝင်ရောက်သွားပြီး မိမိကိုယ်တိုင် ဘာလိုချင်တယ်ဆိုတာ သိလာရင်း ကိုယ့်ဘဝကို ကိုယ်တိုင်ရွေးချယ်ဖို့ စွန့်စားခန်းတခုဖြစ်လာပါတော့တယ်။


ဇာတ်ကားကြည့်ရန်👇
❤7💘3❤‍🔥1🍓1
When Marine Was There (2014)

ဒီဇာတ်လမ်းလေးရဲ့ အဓိကဇာတ်လိုက်ကောင်မလေးကတော့ ၁၂နှစ် အရွယ် မိဘမဲ့လေး Anna ပဲဖြစ်ပါတယ်။

Anna ဟာ မိဘနှစ်ပါးဆုံးပါးသွားပြီးနောက်မှာ အဘွားနဲ့အတူနေထိုင်ပေမဲ့ တစ်နှစ်အကြာမှာအဘွားရော ဆုံးပါးသွားတာကြောင့် နောက်တစ်ကြိမ် အုပ်ထိန်းသူမဲ့ဖြစ်ခဲ့ရပါတယ်။

အဲဒီနောက်မှာ Anna ကို မိသားစုတစ်ခုက ခေါ်ယူမွေးစားခဲ့ပေမဲ့ ပူပန်ကြောင့်ကြမှုတွေကြောင့် ပန်းနာရင်ကျပ်ပါ ဖြစ်သွားပါတယ်။

အဲဒီလိုနဲ့ Anna ရဲ့ မွေးစားအမေက Anna စိတ်သက်သာရာရအောင်ဆိုပြီး ပင်လယ်ကမ်းခြေက အမျိုးတွေဆီသွားနေဖို့ ပို့လိုက်ပါတယ်။

Annaပင်လယ်ကမ်းခြေကိုရောက်သွားတော့ ဒီရေစိမ့်အိုင်တောထဲမှာဆောက်ထားတဲ့အိမ်ဟောင်းကြီးမှာနေထိုင်တဲ့Marnieဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါပေမဲ့လည်းအဲဒီအိမ်ဟောင်းကြီးနဲ့ Marnieရဲ့ထူးဆန်းမှုတွေကိုAnnaကြုံလာရတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာကတော့လျှို့ဝှက်ဆန်းကြယ်စွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်


ဇာတ်ကားကြည့်ရန်👇
🍓8❤4💘1
5 Centimeters Per Second ( 2007 )

Takaki နဲ့ Akari တို့က ငယ်ငယ်ကတည်းက
အရမ်းရင်းနှီးတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။

ဒါပေမယ့် မိသားစုအပြောင်းအရွှေ့ကြောင့်နှစ်ယောက်သား ဝေးကွာသွားကြရပါတယ်။

Takaki က Akari ကို မမေ့နိုင်သေးဘဲ နောက်ဆုံးတစ်ကြိမ်သွားတွေ့ဖို့ ရထားနဲ့ ခရီးထွက်လာပါတယ်။

နှစ်တွေကြာလာတဲ့အခါ Takaki က အတိတ်ကို မလွတ်နိုင်သေးတာကြောင့် လက်ရှိဘဝမှာပါ အခက်အခဲတွေရှိလာပါ‌တော့တယ်။

နောက်ဆုံးမှာတော့ အတိတ်ကို
လွှတ်ချပြီး ကိုယ့်ဘဝကို ရှေ့ဆက်ဖို့ ဖြစ်လာတဲ့အခါ...


ဇာတ်ကားကြည့်ရန်👇
❤11❤‍🔥6🍓1💘1
Whisper of the Heart (1995)


စာဖတ်ရတာကို အရမ်းနှစ်သက်တဲ့
Shizuku ဟာ သူငှားဖတ်တဲ့စာအုပ်တိုင်းမှာ Seiji ဆိုတဲ့နာမည်ကို အမြဲတွေ့နေရလို့ ဒီလူက ဘယ်သူလဲဆိုပြီး စိတ်ဝင်စားလာပါတယ်။

တစ်နေ့မှာ ကြောင်တစ်ကောင်နောက်ကို လိုက်သွားရင်း လျှို့ဝှက်ဆန်တဲ့ ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင် ကို ရောက်သွားပြီး အဲဒီမှာ ထူးဆန်းတဲ့ Baron ကြောင်ရုပ်တု ကို တွေ့ခဲ့ပါတယ်။
အဲဒီနောက် Seiji နဲ့တွေ့ပြီး သူ့မှာလည်း ကိုယ်ပိုင်အိပ်မက်တစ်ခုရှိတာကို သိလာပါတယ်။
Seiji ကြောင့် Shizuku ကလည်း “ငါက ဘာကိုတကယ်လုပ်ချင်တာလဲ?” ဆိုတာ စဉ်းစားလာပြီး ကိုယ်တိုင်ဝတ္ထုရေးဖို့ ကြိုးစားပါတော့တယ်။
ဒါပေမယ့် အိပ်မက်နောက်လိုက်ရင်း မျှော်လင့်ထားတာထက် ပိုခက်ခဲတဲ့အရာတွေကို ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါ..


ဇာတ်ကားကြည့်ရန်👇
❤9🍓3
The Tale of the Princess Kaguya (2013)

တောထဲမှာ ဝါးခုတ်သမားအဖိုးကြီးတစ်ယောက်က ဝါးပင်အတွင်းကနေ သေးငယ်တဲ့ ကလေးမလေးတစ်ယောက် ကို တွေ့ရှိခဲ့ပါတယ်။

သူမဟာ ထူးခြားစွာနဲ့ အချိန်တိုအတွင်း လျင်မြန်စွာကြီးပြင်းလာပြီး ရွာကလူတွေက “Little Bamboo” လို့ ခေါ်ကြပါတယ်။
နောက်ပိုင်းမှာ အဖိုးကြီးက သူမကို မြို့ပေါ်မှာ ချမ်းသာတဲ့မင်းသမီးတစ်ယောက်အဖြစ် ကြီးပြင်းစေချင်တာကြောင့် မိသားစုက မြို့ကိုပြောင်းရွှေ့လာပါတယ်။

Kaguya ဟာ ဇိမ်ခံဘဝနဲ့ နေထိုင်ရပေမယ့် သူမချစ်တဲ့ တောရွာက လွတ်လပ်တဲ့ဘဝ ကို မေ့မရနိုင်ပါဘူး။

အရွယ်ရောက်လာတဲ့အခါ Kaguya ရဲ့ အလှအပကြောင့် အထက်တန်းစားအမျိုးသားတွေက သူမကို လက်ထပ်လိုကြပါတယ်။

ဒါပေမယ့် Kaguya က သူမအလိုမရှိတဲ့ ဘဝကို အတင်းအကျပ် မနေချင်ပါဘူး။
နောက်ဆုံးမှာ သူမရဲ့ မူလဇာစ်မြစ်နဲ့ ကမ္ဘာမြေပေါ်ကို ရောက်လာခဲ့ရတဲ့ အကြောင်းရင်း ပေါ်ပေါက်လာပြီး ဇာတ်လမ်းက လွတ်လပ်မှု၊ မိသားစုမေတ္တာနဲ့ လူ့ဘဝရဲ့ တန်ဖိုးကို ထိမိစွာ ဖော်ပြထားတဲ့ဇာတ်ကားတစ်ကားပါ။

ဇာတ်ကားကြည့်ရန်👇
❤6❤‍🔥4🍓2💘1
Tamako Love Story (2014)

ကျောင်းသားဘဝရဲ့ ချစ်ခြင်းမေတ္တာနဲ့
မပြောဖြစ်ခဲ့တဲ့ ရင်ထဲကခံစားချက်တွေကို နူးညံ့လှပစွာ ပုံဖော်ထားတဲ့ Romance Anime ဇာတ်ကားလေးပါ။

ဇာတ်လမ်းက အေးအေးဆေးဆေးနဲ့ ကြည်နူးစရာကောင်းပြီး ဇာတ်ကောင်တွေရဲ့ ခံစားချက်တွေကို သဘာဝကျကျ ခံစားရစေပါတယ်။

အချစ်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ရင်ထဲစွဲကျန်စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ။


ဇာတ်ကားကြည့်ရန်👇
❤16🍓4💘2
Porco Rosso ( 1992 )

Marco Pagot ဆိုတဲ့ လေယာဉ်မှုးက ကျိန်စာတစ်ခုကြောင့် ဝက်ရုပ်ပေါက်သွားပါတယ်။

သူဟာ ပင်လယ်ပြင်မှာ ပင်လယ်ဓားပြတွေကို တိုက်ခိုက်ပေးရင်း ဆုကြေးစားလေယာဉ်မှူးအဖြစ် အသက်မွေးနေသူပါ။

တစ်နေ့မှာ အမေရိကန်လေယာဉ်မှူး Donald Curtis နဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်လာပြီး သူ့ရဲ့လေယာဉ်လည်း ပျက်စီးသွားခဲ့ပါတယ်။

လေယာဉ်ကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားရင်း Fio ဆိုတဲ့ အရည်အချင်းရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် Porco ဟာ ရန်သူတွေနဲ့ ရင်ဆိုင်ရင်း သူ့ရဲ့အတိတ်၊ ခံစားချက်တွေနဲ့ ကိုယ်ပိုင်ယုံကြည်ချက်တွေကို ပြန်လည်ရင်ဆိုင်ရပါတော့တယ်။

ဒီဇာတ်ကားဟာ လေယာဉ်တိုက်ပွဲတွေ၊ ဟာသတွေနဲ့ လူ့ဘဝရဲ့ လွတ်လပ်မှုကို ဖော်ပြထားတဲ့ စွန့်စားခန်း Animation ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇
❤4💔4🍓2💘1
Okko's Inn (2018)

အိုကိုဆိုတဲ့ ကလေးမလေးဟာ
မိဘတွေကို ဆုံးရှုံးခဲ့ပြီးနောက် အဖွားဖြစ်သူရဲ့ ရေပူစမ်းတည်းခိုခန်းမှာ သွားရောက်နေထိုင်ခဲ့ပါတယ်။

အဲဒီမှာ ဝိညာဉ်လေးတွေနဲ့ တွေ့ဆုံခဲ့ပြီး
သူတို့ရဲ့အကူအညီနဲ့ တည်းခိုခန်းလုပ်ငန်းကို သင်ယူရင်း ဧည့်သည်တွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးလာခဲ့ပါတယ်။

ဒီလိုနဲ့ အိုကိုဟာ သူမရဲ့ ဝမ်းနည်းမှုတွေကို
ရင်ဆိုင်ကျော်ဖြတ်ရင်း ဘဝရဲ့အဓိပ္ပာယ်ကို
နားလည်လာခဲ့ပါတယ်။


ဇာတ်ကားကြည့်ရန်👇
❤11❤‍🔥3🍓2💘2
My Oni Girl (2024)

ခံစားချက်ကို မဖွင့်ပြောဘဲ မျိုသိပ်ထားတဲ့လူတွေက တစ်ချိန်ကျရင် Oni(ဘီလူး) ဖြစ်သွားတတ်တယ်တဲ့။

ဒီကားလေးမှာတော့ ကိုယ်ဖြစ်ချင်တာတွေကို ရဲရဲ မဖွင့်ပြောနိုင်တဲ့ Hiiragi Yatsuse ဆိုတဲ့ကောင်လေးဟာ ကိုယ့်ခံစားချက်တွေ မျိုသိပ်ထားတတ်တော့ လူတစ်ကာရဲ့ အသုံးချတာတွေ စေခိုင်းမှုတွေကို ခံနေရတဲ့သူပေါ့။

အဲ့လိုကောင်လေးက တစ်နေ့ တက်တက်ကြွကြွနေတတ်ပြီး ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ Oni မလေး Tsumugi နဲ့ အမှတ်မထင် တွေ့ဆုံခဲ့ကြလေရဲ့။

Tsumugi လူသားတွေ နေတဲ့နေရာကိုလာရတဲ့ အကြောင်းအရင်းက ငယ်ငယ်က သူ့ကိုထားခဲ့တဲ့ အမေဖြစ်သူကို ရှာဖို့ပါ။

Hiiragi တစ်ယောက် အမျိုးမျိုးသော အကြောင်းတွေကြောင့် Tsumugi ကို ကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ခံစားချက်တွေကို ဖုံးကွယ်တတ်လွန်းလို့ Oni ဖြစ်ဖို့နီးနေတဲ့ Hiiragi တစ်ယောက် Tsumugi ဆိုတဲ့ဖြစ်တည်မှုလေးကြောင့် ပြောင်းလဲသွားမလား...နောက်ပြီး Tsumugi ရဲ့ အမေဖြစ်သူကို ရှာဖို့သွားတဲ့ ခရီးတစ်လျောက် ဘယ်လို အရာမျိုးလေးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကိုတော့....

ဇာတ်ကားကြည့်ရန်👇
❤10🍓4❤‍🔥2💘1
Forwarded from Maru Game Store
10ကြိမ်လှည့်ရင် Limited Epic Skin တစ်ကောင်ရမဲ့ Aspirant 5.0 Event Phase 1 ရောက်ရှိလာပါပြီ။
250 rechargeဖြည့်ရင်💳ticket 16ကဒ်ရပါမယ်

🤩 အမြန်ဆုံးနဲ့အတန်ဆုံး MLBB Diamondဈေး

🔔WeeklyPass 💬 6900 ks

✅WEB 💬 3700 Ks
✅MEB 💬 17800 Ks

⏩💎 50+50 💬 3700 Ks
⏩💎 150+150 💬 10800 Ks
⏩💎 250+250 💬 17600 Ks
⏩💎 500+500 💬 35000 Ks

💎 86  💬 5600 Ks
💎 172 💬 11200 Ks
💎 257 đŸ’Ź 16200 Ks
💎 343 💬 21800 Ks
💎 429 💬 27300 Ks
💎 514  💬 32400 Ks
💎 600 💬 38000 Ks
💎 706 💬 43700 Ks
💎 878 💬 54800 Ks
💎 963 💬 59900 Ks
💎 1049 💬 65500 Ks
💎 1135  💬 71000 Ks
💎 1412  💬 87400 Ks
💎 2195 💬 132000 Ks
💎 3688 💬 221000 Ks
💎 5532 💬 332500 Ks
💎 9288 💬 552500 Ks

ငွေလွှဲပြီး⏰ 5mins⚡️အတွင်းစိန်ရပါတယ်

"Myanmar Server အထူးလျှော့ဈေး
ရှိပါတယ်"
ဈေးကြည့်ရန်နှိပ်ပါ


09682283147
ThweHtikeNadi
🏧🏧💰🏧
@illusion_Maru

Selling proof Group🔛
https://t.me/+bkWxNM4YQkVmNWRl
Please open Telegram to view this post
VIEW IN TELEGRAM
❤‍🔥3🍓2❤1
Gekijouban Isekai Quartet: Another World (2022)

ဒီကားလေးကတော့ 2022 မှာထွက်ခဲ့တဲ့ Japanese animated movie လေး၁ပုဒ်ဖြစ်ပါတယ်။

တစ်ခုထူးခြားတာကဒီ movie လေးမှာတခြားသော anime characters လေးတွေကို chibi versions ပုံစံလေးတွေနဲ့ကြည့်ရမှာပါဘဲဖြစ်ပါတယ်။

ပါမယ့် animes လေးတွေကတော့ overload,Konosuba,
Re:Zero,The saga of Tanya the evil,
ပြီးတော့ the Rising of the shield hero တို့ပါဘဲ။

Comedy ပုံစံမျိုးလေးဇာတ်အိမ်ကိုသွားထားတာမို့အရမ်းကိုကောင်းတယ်လို့ဘဲပြောပါရစေဗျ။


ဇာတ်ကားကြည့်ရန်
https://t.me/c/3561593211/296

ချယ်နယ်အရင်Joinပေးပါ
https://t.me/+ogAY4aIUbt01NmU9
❤5💘1
Teasing Master Takagi-san: The Movie (2022)

ဒီဇာတ်ကားလေးက Takagi နဲ့ Nishikata တို့ရဲ့ အချစ်ဇာတ်လမ်းကို ပိုပြီးနွေးထွေးလှပစွာ ဖော်ပြထားတဲ့ ဇာတ်ကားလေးပါ။

နွေရာသီကျောင်းပိတ်ရက်မှာ ကြောင်လေးတစ်ကောင်ကို တွေ့ရှိခဲ့ကြပြီး အတူတူစောင့်ရှောက်ပေးရင်း သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ပိုမိုရင်းနှီးလာကြပါတယ်။

အမြဲတမ်း Nishikata ကို စနောက်တတ်တဲ့ Takagi ရဲ့ အပြုအမူလေးတွေနဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်စရာအခိုက်အတန့်တွေက ကြည့်ရှုသူကို ပြုံးမိစေပါတယ်။

ဒီဇာတ်ကားမှာ ရယ်စရာအခန်းတွေတင်မကဘဲ အချိန်တွေကုန်ဆုံးသွားမှာနဲ့ အတူရှိခဲ့ရတဲ့ နေ့ရက်လေးတွေကို တန်ဖိုးထားတတ်ဖို့လည်း ဖော်ပြထားပါတယ်။


ဇာတ်ကားကြည့်ရန်👇
❤9🍓3💘2