The Japan Foundation, Yangon
1.13K subscribers
649 photos
37 videos
212 links
We promote international cultural exchange t cultivate the friendship between Japan and Myanmar.
Download Telegram
✨ (၁၄)ကြိမ်မြောက် Irodori Seminarကို ကျင်းပပြုလုပ်ခဲ့ခြင်း

အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG) တွင် အောက်တိုဘာလ ၃၁ရက်နေ့ (စနေနေ့) မှာ (၁၄)ကြိမ်မြောက် Irodori Seminarကို “Irodori Pre-Intermediate levelထွက်ရှိလာပါပြီ!” ဆိုတဲ့ ခေါင်းစဥ်ဖြင့် JFYGမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆရာ၊ ဆရာမ (၂၅)ဦးက တက်ကြွစွာ ပါဝင်တက်ရောက်ပေးခဲ့ကြပါတယ်။

ဒီတစ်ကြိမ်ဆွေးနွေးပွဲတွင် Irodori ရဲ့ ဖွဲ့စည်းပုံနဲ့ ထူးခြားချက်များကို Quizပုံစံဖြင့်မိတ်ဆက်ဖော်ပြပေးခဲ့ပြီး၊ Pre-Intermediate levelရှိ အခန်း(၄)မှ “ဘယ်မှာနေတာလဲ”ဆိုတဲ့ သင်ခန်းစာရဲ့ “စကားပြော”အပိုင်းကို လက်တွေ့ကိုယ်တိုင် လေ့လာကြည့်ခဲ့ကြပါတယ်။ 🌸

ပြန်လည်သုံးသပ်ချိန်မှာတော့ “သဒ္ဒါတွေက မခက်ပေမယ့် စကားပြောကရှည်ပြီး အပြန်အလှန်ပြောဆိုပုံက ရှုပ်ထွေးလို့ အံ့သြမိတယ်”၊ “မှတ်စုကို အသုံးပြုပြီး ပြောမယ့်အကြောင်းအရာကို စဥ်းစားလိုက်တော့ ပြောချင်တာကို စနစ်တကျပြောနိုင်ခဲ့တယ်”၊ “Role Play မှာ ကိုယ့်အတွေးကို ကိုယ်တိုင်ပြောရလို့ ပျော်စရာကောင်းတယ်” စတဲ့ Pre-Intermediate levelမှာသာတွေ့ရှိရတဲ့ သတိပြုမိသည့်အချက်များကို အချင်းချင်းဝေမျှခဲ့ကြပါတယ်! စစ်တမ်းတွင်လည်း ဖြေဆိုသူအားလုံးထံမှ “Irodori ကို သုံးကြည့်ချင်တယ်”ဆိုပြီး ရေးသားထားတာကို တွေ့ရှိရပါတယ်။

တက်ရောက်ပေးခဲ့ကြသော ဆရာ၊ ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ နောင်တွင်လည်း Irodori ကို ပိုမိုအသုံးပြုနိုင်ကြဖို့ ဆွေးနွေးပွဲများ ဆက်လက်စီစဉ်သွားမှာဖြစ်သည့်အတွက် အားလုံးပဲ ပါဝင်တက်ရောက်ပေးကြဖို့ကို စောင့်မျှော်နေပါမယ်နော်။
--------------------------------------------------------

「いろどりセミナー」第14回を実施しました!

国際交流基金ヤンゴン日本文化センターでは10/31(土)に「第14回いろどりセミナー」~『いろどり』初中級ができました!~をセンターのホールにて対面で実施し、25名の先生方にご参加いただきました。

今回は、『いろどり』の全体像と特徴をクイズ形式で紹介したあと、『いろどり』初中級 第4課「どこに住む?」の「話す」の授業を実際に体験していただきました。

振り返りでは「文法は難しくないけれど、会話の長さややりとりの複雑さに驚いた」「メモを使って話の構成を考えると、言いたいことがまとまって言えた」「ロールプレイで自分の考えを話せて楽しかった」など、初中級ならではの気づきをたくさん共有していただきました!アンケートでも、回答者全員から「『いろどり』を使ってみたい」という声をいただきました。

ご参加くださった先生方、ありがとうございました。これからも『いろどり』を活用いただけるよう、セミナーを企画してまいります。皆様のご参加をお待ちしております!
အားလုံးပဲ မင်္ဂလာပါ။
JFYGတွင် ၂၀၂၆ ခုနှစ် သြဂုတ်လကုန်မှ အောက်တိုဘာလလယ်အထိ "Irodori သင်ကြားနည်းသင်တန်း" ကို ၈ ကြိမ်တိုင်တိုင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရှိဂျပန်ဘာသာစကားဆရာ/မ ၁၆ ဦးတက်ရောက်ခဲ့ကြပါတယ်။

သင်တန်းတွင် ဂျပန်ဘာသာစကားသင်ရိုးညွှန်းတမ်း 'Irodori' ကိုအသုံးပြု၍သင်ခန်းစာများသင်ကြားနည်းကိုလေ့လာခဲ့ကြပြီး သင်တန်းအပြီးမှာတော့ သင်တန်းသားများမှ လက်တွေ့သင်ကြားပြသခြင်း (模擬授業) များကိုပြုလုပ်ခဲ့ကြပါတယ်။ ပျော်ရွှင်စရာကောင်းပြီး ဗဟုသုတများစွာ ရရှိခဲ့တဲ့ သင်တန်းအချိန်အခါလေး ဖြစ်ခဲ့ပါတယ်။

みなさん、こんにちは。
JFYGでは、2026年8月末から10月半ばにかけて、全8回の「いろどり教師養成コース」を実施し、ミャンマー在住の16名の日本語の先生方が参加されました。
コースでは、日本語のテキスト『いろどり』を使っての授業の進め方を学び、最後には参加者が模擬授業を行いました。とても楽しく学びの多い時間となりました。
❤4
【『Irodori ဂျပန်တွင် နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား』Pre-Intermediate Levelအွန်လိုင်းလေ့ကျင့်ခန်းမေးခွန်းများနှင့်ပတ်သက်ပြီး အသိပေးစာ】

ဂျပန်ဖောင်ဒေးရှင်း(JF)မှ ပြုလုပ်ထားသော ဂျပန်ဘာသာစကားလေ့လာရေးသင်ထောက်ကူတစ်ခုဖြစ်တဲ့ 『Irodori ဂျပန်တွင် နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား』Pre-Intermediate Level၏ အွန်လိုင်းလေ့ကျင့်ခန်းမေးခွန်းများကို ဝေမျှပေးသွားပါမယ်။

အားလုံးစောင့်မျှော်နေကြတဲ့ Irodori Pre-Intermediate Level၏ အွန်လိုင်းလေ့ကျင့်ခန်းများကို သင်ခန်းစာ (၁၃) မှ (၁၈) အထိ တင်ပေးလိုက်ပါတယ်။ ကျောင်းသားများအနေနဲ့ အားလပ်ချိန်တိုအတွင်း ကိုယ်တိုင်လေ့ကျင့်နိုင်သည့်အပြင်၊ သင်ခန်းစာအဆုံးတွင် စုစည်းလေ့လာမှုအနေနဲ့လေ့ကျင့်ရာတွင်လည်း အသုံးဝင်ပြီးလူကြိုက်များသည့် တွဲဖက်သင်ထောက်ကူပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ♪

သင်ခန်းစာတစ်ခုတွင် မေးခွန်း (၂၀) ခန့်ပါဝင်ပြီး သဒ္ဒါ၊ အသုံးအနှုန်း၊ ဝေါဟာရနှင့် ခန်းဂျိမေးခွန်းများကို လေ့ကျင့်နိုင်ပါတယ်။ ဖြေဆိုပြီးသည့်နောက် အဖြေမှန်ကိုလည်း ချက်ချင်းစစ်ဆေးနိုင်ပါတယ်။

ထို့အပြင် အခြေခံမိတ်ဆက်အဆင့် မှ အခြေခံအဆင့်(၂)အထိ အွန်လိုင်းလေ့ကျင့်ခန်းများကိုလည်း တင်ထားပေးပြီးပြီဖြစ်ပါသောကြောင့် အသုံးမပြုရသေးသူများအနေဖြင့် အသုံးပြုကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

『Irodori』ကို အသုံးပြု၍ သင်ကြားပေးနေသော ဆရာ၊ဆရာမများနှင့် နောင်တွင် 『Irodori』ကို အသုံးပြုရန် စီစဉ်ထားသောသူများအနေဖြင့်လည်း ကျေးဇူးပြု၍ မျှဝေပေးခြင်းနှင့် အသုံးပြုခြင်းများ ပြုလုပ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

▼ အွန်လိုင်းလေ့ကျင့်ခန်းများနှင့် 『Irodori』 တွဲဖက်သင်ထောက်ကူများကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://yg.jpf.go.jp/my/irodori_category/other-resources-mm/

◆ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)၏SNSများ ◆
・Facebook:https://www.facebook.com/JFYangon
・Telegram: https://t.me/JFYangon
・Instagram: https://www.instagram.com/jf_yangon?igsh=Zmx6c3Zibnp6OHY1

------------------------------------------------------------------------------------

【『いろどり』初中級 オンライン練習問題公開のお知らせ】

国際交流基金(JF)が作成した日本語学習教材『いろどり』初中級のオンライン練習問題を公開します。

お待たせしました!『いろどり』初中級のオンライン練習問題(Online Exercises) 第13課〜第18課を公開します。学生がすきま時間に自分で練習ができ、授業でのまとめにも使える大人気の付属教材です♪

1つの課が20問程度で、文法・表現・語彙・漢字の問題が入っています。解答後、正しい答えの確認ができます。

また、入門〜初級2のオンライン練習問題もすでに公開されていますので、まだの方はそちらもご利用ください!

『いろどり』を使って教えている先生方、これから『いろどり』を使う予定の方、ぜひご紹介・ご活用ください!

▼オンライン練習問題・いろどり付属教材のリンクはこちら
https://yg.jpf.go.jp/ja/irodori_category/other-resources-ja/

◆国際交流基金ヤンゴン日本文化センター(JFYG)SNS ◆
・Facebook:https://www.facebook.com/JFYangon
・Telegram: https://t.me/JFYangon
・Instagram: https://www.instagram.com/jf_yangon?igsh=Zmx6c3Zibnp6OHY1
❤3👀1
ဂျပန်ဖောင်‌ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)မှာ လစဉ် ဂျပန်ယဥ်ကျေးမှုများနှင့် ပတ်သက်တဲ့ ပြပွဲပြခန်းကို ခင်းကျင်းပြသထားလေ့ရှိပြီး ယခုလမှာတော့ အားလုံးကို 🍣 ဆူရှီနေ့ နဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

ဂျပန်မှာ ' 🍣 ဆူရှီနေ့' ကို ဘာကြောင့် ၁၁လပိုင်းမှာ သတ်မှတ်ထားတာလဲ?

၁၉၆၁ခုနှစ်မှာ "ဂျပန်တစ်နိုင်ငံလုံးဆိုင်ရာ ဆူရှီလုပ်ငန်း သန့်ရှင်းရေးနှင့် ကုန်သည်အသင်းပေါင်းချုပ်" (全国すし商生活衛生同業組合連合会) မှ နှစ်စဥ် နို၀င်ဘာလ ၁ရက်နေ့ကို "တစ်နိုင်ငံလုံးဆိုင်ရာဆူရှီနေ့" အဖြစ် တရား၀င် စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။
နှစ်စဥ် ၁၁ လပိုင်းဟာ သီးနှံနဲ့ စပါးသစ် ရိတ်သိမ်းချိန် ဖြစ်သလို ပင်လယ်စာ ငါးများမှာလည်း အဆီပြည့်ဝပြီး တစ်နှစ်တာမှာ ဆူရှီ အရသာ အရှိဆုံး ရာသီ လည်းဖြစ်ပါတယ်။

ဒါ့အပြင် ဂျပန် Kabuki ပြဇာတ်ထဲက စစ်သူကြီး တာအိရ နို ခိုရဲမိုရိ ( Taira no Koremori) က "ဆူရှီဆရာ ယဆုခဲ" အဖြစ် အမည်ပြောင်းခဲ့တဲ့ အမှတ်တရ ရက်စွဲလည်း ဖြစ်ပါတယ်။

ဆူရှီအရသာအရှိဆုံးဖြစ်တဲ့ ယခုလို အချိန်အခါကောင်းမှာ ကိုယ်အကြိုက်ဆုံး ဆူရှီလေးကို အရသာခံ သုံးဆောင်ရင်း အတူတူ ဆင်နွှဲလိုက်ကြရအောင်!
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG) မှာ ဆူရှီနေ့နဲ့ ပတ်သက်ပြီး ဗဟုသုတရစရာတွေကို ခင်းကျင်းပြသထားတဲ့အပြင် အားလုံးစိတ်၀င်စားကြတဲ့ ဆူရှီ Origami လေးတွေကိုလည်း အမှတ်တရအနေနဲ့ ပြုလုပ်လို့ရအောင် ပြင်ဆင်ပေးထားတဲ့အတွက်
အားလုံးပဲ လာရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်! 🫶 ✨

[စင်တာဖွင့်ချိန် ] အပတ်စဥ် အင်္ဂါနေ့မှ စနေနေ့အထိ၊ နံနက် ၉:၃၀ မှ နေ့လည် ၃:၃၀ အထိ။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် လိပ်စာ:
အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
အနီးဆုံးမှတ်တိုင် - ဗျိုင်းရေအိုးစင်မှတ်တိုင် (ဘတ်စ်ကားနံပါတ်- ၄၃၊ ၈၀)

★ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဆက်သွယ်ရန်ဖုန်းနံပါတ်:01-430920・ 01-430921
★ဂျပန်ဖောင်ဒေးရှင်းရန်ကုန် အီးမေးလ်လိပ်စာ: info.jfyg@jpf.go.jp
★ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Facebook Page:https://www.facebook.com/JFYangon
★ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Telegram Channel:https://t.me/JFYangon
★ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Instagram Page:
https://www.instagram.com/jf_yangon?igsh=Zmx6c3Zibnp6OHY1

#thejapanfoundationyangon
#jfyangon
#jf
#thejapanfoundation
#jfyg
#国際交流基金
#MonthlyExhibition
#SushiDay