Special Gift from Dr. Su
4.85K subscribers
135 photos
116 videos
13 files
20 links
Download Telegram
Audio
အမှတ်စဥ် ၂
Audio
အမှတ်စဥ် ၃
Audio
အမှတ်စဥ် ၄
Audio
အမှတ်စဥ် ၅
ဆုပြည့် စီပေးထားတဲ့အတိုင်း
ညဘက်တွေမှာ ဖွင့်ဖြစ်ပါသလားရှင်
🙏🙏🙏
ဒီနေ့ နှစ်ဆန်း ၁ ရက်နေ့ ရောက်ပြီ. ဆုပြည့်တို့ တရုတ် လူမျိုးတွေဆိုရင် နှစ်သစ်ကူးရောက်ရင် အိမ်တွေရှင်းတယ်. မလိုတာတွေ ဖယ်ပြီး ပေးပစ်တယ်...လှူပစ်တယ်.

မြန်မာနှစ်သစ်ကူးလဲ အဲ့လိုပဲပေါ့. မလိုတာတွေ Declutter လုပ်ပစ်ကြရအောင်ရှင်.

ဖိနပ်စင်
စာအုပ်စင်
အဝတ်ဗီဒို
မှန်တင်ခုံ
Cosmetic ပစ်စည်းများ
ဆေးဝါးများ
Expired date ဖြစ်နေသော မုန့်နှင့် ဆေးဝါးများ
ဘောက်ချာစာရွက်များ
စာရင်းစာအုပ်များ
တိုလီမိုလီများ

ဘုရားစင် 🙏

စသည်ဖြင့် ရှိတဲ့နေရာတွေမှာ မလိုတာတွေကို ဖယ်ပစ်ရမယ်....လိုအပ်နေသူများကို ပေးပစ်ရမယ်....လှူလိုက်ကြမယ်.

ဒီနေ့ခေတ် Phone & Social Media လဲ အသုံးပြုကြလို့ Digital Decluttering လဲ လုပ်စေချင်တယ်.

ဆုပြည့်က Declutter မလုပ်တတ်သူတွေကို ဆုပြည့်လုပ်တဲ့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးမှာမို့

ဒီနေ့ 17.4.26 နှစ်ဆန်း ၁ ရက်နေ့
4pm to 6pm မှာ

💻 Zoom မှာ ဆုံကြရင်း
Decluttering တူတူ လုပ်ကြမယ်.

ID 9789055144
Pw 123456

အရင် လုပ်ထားပေးတဲ့ Recording Video 2 ခုလဲ ရှိလို့ တွဲတင်ပေးအုန်းမယ်နော်.
31.8.23 Thursday ဟာ Blue Moon ကျခဲ့ပါတယ်.....လပြည့်ရက်တွေမှာမလိုတာတွေ ဖယ်ထုတ်တဲ့ Decluttering လုပ်တာ အရမ်းကောင်းပါတယ်ရှင်.......

ဒါကြောင့်
Physical & Digital Decluttering ကို မျှဝေခဲ့ပြီး.....လက်တွေ့ပါ လုပ်ပေးခဲ့ပါတယ်.

30.8.23 (8pm to 9pm)
31.8.23 (7am to 8am)

Zoom ID 9789055144
Password 123456

စိတ်ဝင်စားသူများ Join ခဲ့ကြပါတယ်.
Media is too big
VIEW IN TELEGRAM
Body Tapping and Physical Decluttering ( 30.8.23 )
Media is too big
VIEW IN TELEGRAM
Six Healing Sounds with Digital Decluttering (31.8.23)
ဒီနေ့ နှစ်ဆန်း ၁ ရက်နေ့ မှာတော့ Digital & Physical Decluttering လုပ်ပေးမလို့ပဲ.....လိုင်းမရလို့ မလုပ်ပေးလိုက်ရဖူး.

ဒါကြောင့် အရင် လုပ်ထားပေးတဲ့ Video 2 ခုကိုပဲ ​ပြန်တင်ပေးလိုက်ပါတယ်ရှင်.
ဒီနေ့ နှစ်ဆန်း ၁ ရက်နေ့....မလိုတာတွေ ဖယ်ပြီး....စည်ပင် ဝန်ထမ်းလေးတွေကို ပေးလိုက်တယ်.
ဆုပြည့် နှင့် One by One တွေ့ဆုံ၍ မိမိရဲ့ လိုအပ်ချက်များ အခက်အခဲများကို ဆွေးနွေးတိုင်ပင်၍

ဆုပြည့် အကူအညီဖြင့်
တစ်ဦးချင်းဆီရဲ့ အခြေအနေပေါ်မူတည်ပြီးဖန်တီးပေးမဲ့

🤩 Customized Guided Breathwork များ
🤩 Customized Guided Meditation များ
🤩 Customized Yoga Nidra များ လိုချင်ပါလားရှင်.

စိတ်ဝင်စားသူများ ဆက်သွယ်လို့ ရပါတယ်.

ပြီးတော့ ဆုပြည့် Dosha & Chakra Reading လဲ ဖတ်ပေးတတ်ပါတယ်.

🤩 Dosha Reading ဆိုတာကတော့ မိမိရဲ့ ဓာတ်သဘော အမှန်အကယ်ဟာ ဘာလဲ....မိမိဟာ ဘာအားသာချက် ဘာအားနည်းချက်တွေ ရှိပြီး.....

ဘယ်လို ပြုမူ နေထိုင် စားသောက်ခြင်းဖြင့် ပို၍ ကျန်းမာသော စိတ်နှင့် ရုပ် အခြေအနေတွေကို ဖန်တီးလို့ရမလဲ ဆိုတာ တွေကို ဆွေးနွေးပေးမှာပါ.

🤩 Chakra Reading ဆိုတာကတော့ မိမိရဲ့ စွမ်းအင် ခန္ဓာ​ဟာ ဘယ်လို အခြေအနေ ရှိလဲ ? ပိတ်ဆို့နေလား....အားနည်းနေလား....အရမ်းအလုပ်လုပ်နေသလား.....ဟန်ချက်ညီ ကျန်းမာနေလား.....ဆိုတဲ့ အစရှိတဲ့ အခြေအနေ တွေကို ဖတ်ပေးမှာ ဖြစ်ပြီး လိုအပ်တာများကို အကြံပေးသွားပေးမှာ ဖြစ်ပါတယ်.

🤗 Dosha & Chakra Reading လုပ်သူတိုင်းကို ဆုပြည့်ရဲ့ Tridosha Balancing & Chakra Balancing Yoga Program Channel တွေကို လက်ဆောင်ပေးမှာ ဖြစ်ပါတယ်.

အဲ့ Channel ၂ ခုမှာ မိမိတို့ရဲ့ Dosha ဓာတ်များနှင့် Chakra များကို ပြန်လည် ဟန်ချက်ညီအောင် လေ့ကျင့်လို့ ရမဲ့ Yoga Videos များ, Breathwork & Meditation များ, Yoga Nidra များနှင့် တခြား လိုအပ်သော လုပ်ဆောင်ရမဲ့ အကြောင်းအရာများကို စုစည်း၍ မျှဝေပေးထားပါတယ်.

💸 စိတ်ဝင်စားလို့ One by One ဆွေးနွေးချင်တယ် ဆိုတော့ တစ်နာရီကို Happy Money 55,555 ks ဖြင့် ဆုပြည့် ပညာကြေးကို သတ်မှတ်ထားပါတယ်ရှင်.

စိတ်ဝင်စားသူများ ဆက်သွယ်လို့ ရပါတယ်.
ကျေးဇူးတင်ပါတယ်ရှင်.

Dr.Su Yoga
E-RYT 500, YACEP
US Yoga Alliance ID 397761

Dentist (2011 Graduated)
Yoga Instructor (Since 2018)
🌬 Breathwork Instructor အတန်းသစ် ထပ်ဖွင့်ပေးဖို့ လာဆက်သွယ်ကြလို့ ဆုပြည့်ရဲ့

🌬 20 Hr Breathwork & Pranayama Instructor Training Course ( Batch 6) နှင့် မိတ်ဆက်ပေးချင်ပါတယ်.

🌬 အသက်ရှူနည်းအမျိုးမျိုး ကို သေချာ စနစ်တကျ လေ့လာလိုပြီး.....Breathwork Instructor တစ်ယောက် အဖြစ် ရပ်တည်လိုသူများအတွက် ဖန်တီးပေးထားတဲ့ Course ဖြစ်ပါတယ်.

🤩 လူကြီးများအတွက် အသက်ရှူနည်း အမျိုးပေါင်း 30 ကျော် နှင့် ကလေး များအတွက် အသက်ရှူနည်း အမျိုးပေါင်း 20 ကျော် ကို သိသွားရမှာ ဖြစ်ပါတယ်.

🤩 Kundalini Yoga မှ Pranayama များလဲ ပါဝင်ပါသည်.

🤩 အသက်ရှူနည်း တစ်မျိုးချင်းစီအတွက် ဘယ်သူတွေမှာ လုပ်သင့် မလုပ်သင့်ကို အသေးစိတ် ဆောင်ရန် ရှောင်ရန်နှင့် တစ်ကွ ပြောပြပေးသွားမှာ ဖြစ်ပါတယ်.

🤩 အသက်ရှူလမ်းကြောင်းဆိုင်ရာ စနစ်နှင့် ပတ်သက်သော ယောဂဘက်မှ အမြင် Pranic Bodies များနှင့် Science ဘက်မှ အမြင် Respiratory Anatomy & Physiology ကိုပါ နှစ်ခုတွဲ၍ သေချာသိသွားရမှာ ဖြစ်ပါတယ်.

🤩 Breathwork Instructor တစ်ယောက် သိသင့် သိထိုက်သော Background Knowledge များကိုလဲ ပြောပြပေးသွားမှာ ဖြစ်ပါတယ်.

🤩 ဒီ Course တက်ပြီးရင်တော့ လူကြီးများအတွက်ရော ကလေးများအတွက်ပါ အသက်ရှူနည်းအမျိုးမျိုးကို ဆောင်ရန် ရှောင်ရန်နှင့် တစ်ကွ သေချာသိသွားပြီး ယုံကြည်မှုရှိစွာဖြင့် ​ပြန်သင်ပေးနိုင်သွားမှာ ဖြစ်ပါတယ်ရှင်.

📆 Date 8.6.26 to 30.6.26

Mon to Sat (8:00 pm to 9:15 pm)

💸 ရင်းနှီးမြှုပ်နှံရမဲ့ သင်တန်းကြေး ပမာဏ
Investment Fees 220,000 kyats

🎓 သင်တန်းပြီးလျှင် အမှတ်တရ Certificate ပေးသွားမှာ ဖြစ်လို့ Breathwork instructor တစ်ယောက်အဖြစ် ကောင်းစွာ ရပ်တည်သွားနိုင်မှာ ဖြစ်ပါတယ်.

🏆 Course တက်ရောက်ပြီးသူများကို ဆုပြည့်ရဲ့ Transformational Breathwork Channel ကိုလဲ လက်ဆောင် ပေးသွားမှာ ဖြစ်ပါတယ်.

ဒါကြောင့် ဒီ သင်တန်းတက် အပြီးမှာတော့ တက်ရောက်သူများသည် ဆုပြည့်လိုမျိုးပဲ အများကိုလဲ ကောင်းစွာ ပြန်လည်မျှဝေ ပေးနိုင်တော့မဲ့သူ ဖြစ်သွားမယ် ဆိုတာ ရဲရဲကြီး အာမခံပါတယ်.

🤩 ဆုပြည့်ဟာ Breathwork & Pranayama တွေကို သင်တဲ့ အတွေ့အကြုံ ၆ နှစ်နီးပါးရှိပြီး.....လတ်တလောတွင်လဲ Breathwork နှင့် ပတ်သက်တဲ့ ပညာများကို Bangkok နှင့် Pattaya မှာ လေ့လာ ဆည်းပူးထားခဲ့သူ ဖြစ်ပါတယ်.

🤩 ဒါကြောင့် Breathwork အကြောင်း တွေကို သေချာ သိလိုသူများနှင့် Breathwork Instructor တစ်ယောက် အဖြစ် ရပ်တည်လိုသော မည်သူ့ကို မဆို ဒီသင်တန်းမှ ဝမ်းသာစွာ ကြိုဆိုလိုက်ပါတယ်.

🤝 ဒီ Post ကို share ပေးသူများအတွက် scholarship ကံစမ်းပေးမဲ့ အစီအစဥ်လဲ ရှိပါတယ်.

💸 ကံစမ်းမဲ နှိုက်ပြီး တစ်ဦးကို 100% scholarship နဲ့ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်.

💸 နောက်ထပ် မဲပေါက်သူ 11 ဦးကို 50% discount ပေးသွားမှာ ဖြစ်ပါတယ်.

💸 နောက်ထပ် မဲပေါက်သူ 11 ဦးကို 20% discount ပေးသွားမှာ ဖြစ်ပါတယ်.

Post ကို share ပေးသူများသည် ကျေးဇူးပြု၍ screenshot ပြပေးရမှာ ဖြစ်ပါသည်.

Bangkok က Breath Inspired မှာ သင်ယူဖြစ်ခဲ့တဲ့ ပုံတွေပါ.
https://www.facebook.com/share/p/1HWvUJqn4N/
https://www.facebook.com/share/p/1CRP5yHdUB/

Pattaya မှာ သင်ယူဖြစ်ခဲ့တဲ့ ပုံတွေပါ.
https://www.facebook.com/share/p/1NvbmjUkcs/

Bangkok က Lotus Wellness မှာ ပညာသင်ယူခဲ့တဲ့ ပုံတွေပါ.
https://www.facebook.com/share/v/181QnnXRQN/

Dr.Su Yoga
E-RYT 500, YACEP
US Yoga Alliance ID 397761

Dentist (2011 Graduated)
Yoga Instructor (Since 2018)

Founder of Full Lotus Yoga School
Registered Yoga School ID 429300