Hlaing Info
54.4K subscribers
141K photos
5.88K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
တီးတိန်မြို့မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ဖြစ်

မတ်လ ၂၆ ရက်

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့မှာ မတ်လ ၂၅ ရက်နေ့ ညပိုင်းနဲ့ ၂၆ ရက်နေ့ မနက်ပိုင်းတွေမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲမှုလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တီးတိန်မြို့နယ်၊ လွယ်ဘွာလ် ရပ်ကွက်မှာ ဒီနေ့ မနက် အစောပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

"မနေ့ညကနေရော၊ ဒီနေ့မနက်ရောပဲ သေနတ်သံတွေလည်းကြားရတယ်။ ပေါက်ကွဲ သံတွေရော‌ပဲ။ ပြီးတော့ ဒီနေ့နေ့လည်ပိုင်း စစ်လေယာဉ် တပ်ကုန်းကို လာသေးတယ်။ အင်အား လာဖြည့်တာ ထင်တယ်" လို့ တီးတိန်မြို့ခံ တစ်ဦးက Zalen ကို ပြောပါတယ်။

ဒါကြောင့် တီးတိန်မြို့ထဲမှာ လူအသွားအလာ မရှိပဲ တိတ်ဆိတ်နေခဲ့လို့ ဆိုပါတယ်။  မတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်း စစ်မှုထမ်းဖို့ စာရင်းကောက်ယူတဲ့ ဌာနဆိုင်ရာ ၀န်ထမ်း ငါးဦးကို PDF-Zoland အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လွယ်ဘွာလ် ရပ်ကွက်မှာ စစ်ကောင်စီ သေနတ် ပစ်‌ဖောက်ပြီးနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့သလို မြို့ထဲမှာလည်း စစ်ကောင်စီတပ် လုံခြုံ တင်းကြပ်ထားပါတယ်။

#ZL
#HlaingInfo
👏84👍29🥰4🤬2🔥1
မိုးမောက်မြို့အနီးရှိ ရှေ့တန်းစခန်း(၂)ခုကို KIA ထပ်မံတိုက်ခိုက်သိမ်းပိုက်

မတ်လ ၂၆ ရက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီးရှိ စစ်ကောင်စီ​၏ ရှေ့တန်း တပ်စခန်းဖြစ်သည့် လုံဂျာဘွမ်စခန်းနှင့် အူဒန်ဘွမ်စခန်းတို့အား ယနေ့ မတ်လ (၂၆)ရက်နေ့ ညနေပိုင်းတွင် KIAနှင့် KPDF ပူးပေါင်းတပ်တို့မှ ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ်အတွင်းရှိ စကစတပ်စခန်းများကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော KIAနှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့ မတ်လ (၂၆)ရက်နေ့တွင် ကုန်းလောရှိ ခမရ (၃၈၇)၊ မြို့သစ်အနီးရှိ ခမရ (၃၂၀) တပ်ရင်းဌာနချုပ်၊ စလောင်းကုန်းပင်မတပ်စခန်းနှင့် ကာကင်း (၇)ခုအပါအဝင် မိုးမောက်မြို့အနီးရှိ လုံဂျာဘွမ်စခန်းနှင့် အူဒန်ဘွမ် (U Dang Bum)စခန်းတို့ကိုလည်း ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“ညနေပိုင်းမှာတော့ လုံဂျာဘွမ်နဲ့ အူဒန်ဘွမ်စခန်းကို ထပ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လုံဂျာဘွမ်စခန်းက အရင်က KIAရဲ့ ခံစစ်စခန်းတစ်ခုဖြစ်ခဲ့တယ်။ စကစဘက်က ရသွားပြီးတော့ သူတို့ထိုင်နေခဲ့တယ်။ အခုတော့ ကျွန်တော်တို့ဘက်က ပြန်တိုက်ယူနိုင်ခဲ့တယ်။”ဟု KIAရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက 7 Stars News အား ပြောသည်။

အဆက် - ⤵️⤵️
118👍45👏9🔥1
မင်းလှက စစ်တပ်သတင်း‌ပေးဆိုသူ သေနတ်နဲ့ ၁၂ ချက် ပစ်ခံရပြီးသေဆုံး

မတ်လ ၂၆ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ပေါ်က စစ်တပ်သတင်းပေးဆိုသူ အမျိုးသားသေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မင်းလှမြို့၊ စက်ကြီးတန်းလမ်းမှာနေတဲ့  မျိုးမြင့်အောင် (ခ) အောင်အောင်ကို ဒီနေ့လယ် ၂ နာရီခွဲဝန်းကျင်လောက်မှာ သာယာဝတီခရိုင်တပ်ရင်း  ၃၈၀၂ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ နဲ့ မင်းလှ ပကဖ က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

သေနတ်နဲ့ ၁၂ ချက်ပစ်ခတ်ခံရပြီး မျိုးမြင့်အောင်ဟာ သူရဲ့နေအိမ်မှာပဲ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

သူဟာ ဒေသတွင်း တော်လှန်ရေးအဖွဲ့ တွေနဲ့ပက်သက်တဲ့သတင်းတွေကို စစ်တပ်ဆီသတင်းဖမ်းဆီးခိုင်းတာတွေလုပ်သလို လက်နက်ကိုင်ဆောင်ထားသူလည်း ဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်

အဆက် - ⤵️⤵️
👏141👍5014🥰5🔥4😁2
စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ “အသက်ပေးပြီး ကျွန်ခံနေတာ” လို့ PNFC အတွင်းရေးမှူး ပြော

မတ်လ ၂၆ ရက်

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ အသက်ပေးပြီး ကျွန်ခံနေတာလို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ရဲ့ အတွင်းရေးမှူး (၂) ခွန်ဝေထူးက ပြောကြားလိုက်ပါတယ်။

KNU နယ်မြေ ဘားအံခရိုင် ရွာဟောင်းပအိုဝ်းကျေးရွာမှာ ပြုလုပ်တဲ့ ၇၅ နှစ်မြောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့အခမ်းအနားမှာ PNFC ရဲ့ အတွင်းရေးမှူး ၂ က ပအိုဝ်းဘာသာနဲ့  ပြောကြားခဲ့တာလို့ သိရပါတယ်။

“စစ်အာဏာရှင်လက်အောက်မှာ အသက်ပေးကျွန်ခံပေးလို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေး၊ ရလိမ့်မယ်ဆိုတဲ့ ပြည်သူ့စစ် PNO/PNA ခေါင်းဆောင်တွေရဲ့ မျှော်လင့်ချက်ဟာ သံလျက် ရေထင် ရွှေသမင်အလိုက်မှားသလို ဖြစ်နေတဲ့အပြင် ဒီလိုမှားယွင်းတဲ့ မျှော်လင့်ချက်ကြောင့်ပအို၀်း တစ်မျိုးသားလုံးရဲ့ဂုဏ်သိက္ခာကို ချိုးနှိမ်ရာလဲ ရောက်ပါတယ်” လို့ ခွန်ဝေထူးက ပြောကြားခဲ့ပါတယ်။

အဆက် - ⤵️⤵️
👍1633😁2👏1
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

မတ်လ ၂၆ ရက်

ယင်းမာပင်မြို့နယ်တွင်  ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ယင်းမာပင်ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီဝင်များနှင့် ပူးပေါင်းကာစစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးလူထုသပိတ်ချီတက်ခဲ့ကြသည်။

#KTM
#HlaingInfo
91👍25🥰5😁3
ပေါက်မြို့နယ်တွင် လမ်းလုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အုန်းတော (မြောက်စု) ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီး

မတ်လ ၂၆ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် လမ်းလုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အုန်းတော (မြောက်စု) ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့မှ ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို လုံခြုံရေးယူပေးနေသောာ ပေါက်မြို့နယ်နှင့် ယာကြီးပြင် မှ စစ်သားနှင့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်သားများက အနီးအနားရှိ အုန်းတော (မြောက်စု) ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆက် - ⤵️⤵️
🤬99👍37😢51
စစ်ကောင်စီက စစ်တွေမှ မွတ်ဆလင် ၂၀ ကျော်ကို စစ်မှုထမ်းရန်ထပ်မံဖမ်းဆီး

▪️လက်ရှိစစ်သင်တန်း တက်ရောက်နေသည့် မွတ်ဆလင်ဦးရေ အနည်းဆုံး ၆၀၀ ကျော်ခန့်ရှိနိုင်ဟုဆို


မတ်လ ၂၆ ရက်

ရခိုင်ပြည်မြို့တော် စစ်တွေမြို့နယ်မှ မွတ်ဆလင် ၂၀ ကျော်ကို စစ်ကောင်စီက စစ်မှုထမ်းရန် ထပ်မံဖမ်းဆီးသွားကြောင်း သိရသည်။

ယနေ့ မတ်လ ၂၆ ရက် နေ့လယ် ၂ နာရီခွဲတွင် စစ်တွေမြို့ ၊ အောင်မင်္ဂလာရပ်ကွက်လမ်းထိပ်တွင် ဒေသခံ ၇ ဦးလိုက်ပါလာသည့် အိန္ဒိယသုံးဘီးတစ်စီးကို ဖမ်းဆီးသွားပြီး ယမန်နေ့ မတ်လ ၂၅ ရက်ကလည်း စစ်တွေမြို့အနီးရှိ ဘာဆာရာရွာမှ (၄)ဦး၊ အောင်ဒိုင်ရွာမှ (၁၀)ဦး၊ မှော်သီးညှာမှ (၄)ဦး စုစုပေါင်း ၂၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံတစ်ဦးက "စစ်တွေဘက်ကလာတဲ့ တုတ်တုတ်(အိန္ဒိယသုံးဘီး)ပေါ်မှာ လူ ၇ ယောက်ပါတယ်။ မောင်းသူရော၊ ပါလာတဲ့လူတွေရော အကုန်ဖမ်းသွားတာ။ မွတ်ဆလင် တွေတော့ မြင်လိုက်ပေမယ့် ရခိုင်တွေလည်းပါမပါကိုတော့ သေချာမမြင်လိုက်ရပါဘူး"ဟု ပြောသည်။

အဆက် - ⤵️⤵️
🤬153👍104😢4😁1
ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်ကို လေယာဥ်ဆီတင်ပို့သည့် ကုမ္ပဏီများ ပိတ်ပင် တားဆီးပေးရန် တောင်းဆိုသည့် လူထုလှုပ်ရှားမှု သပိတ် ပြုလုပ်

မတ်လ ၂၆ ရက်

ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး ဒေသတောင်သူများနှင့် ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုတွင် လေယာဥ်ဆီဖြတ်တောက်ရေးအနေနှင့် 'USA, UK, EU - Ban Jet Fuel Sales and shipment insurance to MyanmarIf the jets can't fly, they can't bomb' 'မတရားရဲ့စစ်မှုထမ်းဥပဒေကို ကန့်ကွတ်တဲ့အနေနဲ့ တော်လှန်ခြင်းမှတပါးအခြားမရှိ' ၊ 'မတရားစစ်မှုထမ်းဥပဒေကို ပြည်သူတရပ်လုံးဆန့်ကျင်ကြ' ၊ 'ပြိုင်တူရုန်းမလား ကိုယ်လွတ်ရုန်းမလား ၊ ငုံ့ခံလို့မရ တုန့်ပြန်လို့ချ' ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။

#KTM
#HlaingInfo
98👍25🥰7🔥1
UPDATE -မိုးမောက်မြို့နယ် လုံဂျာဘွမ်လက်ဝါးကပ်တိုင်ကုန်း စစ်ကောင်စီစခန်းကို KIA သိမ်းပိုက်

▪️KIA၏ ယနေ့စစ်ဆင်ရေးတပ်စခန်း ၁၀ခုထိသိမ်းပိုက်


မတ်လ ၂၆ ရက်

ကချင်ပြည်နယ် မိုးမောက်မြု့နယ် လုံဂျာဘွမ် လက်ဝါးကပ်တိုင်ကုန်း စစ်ကောင်စီတပ်စခန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထပ်မံ သိမ်းပိုက်ရရှိခဲ့ကြောင်း  စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါတပ်စခန်းကို KIA တပ်မဟာ(၃) တပ်ဖွဲ့များက မတ်လ ၂၆ရက် ညနေ ၄နာရီတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

လုံဂျာဘွမ် လက်ဝါးကပ်တိုင်ကုန်းစခန်းသည် ယခင်က KIAထိုင်ထားသည့် စခန်းဖြစ်ပြီး ယမန်နှစ်တွင် စစ်ကောင်စီက တိုက်ခိုက်လာ၍ လက်လွှတ်ခဲ့ရခြင်းဖြစ်ပြီး ယနေ့တွင် KIAက ပြန်လည်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

အဆက် - ⤵️⤵️
👍17634🥰9😁3👏2
အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

မတ်လ ၂၆ ရက်

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၆ ရက်နေ့ တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

#KTM
#HlaingInfo
80👍19🥰10🔥3
ငါန်းဇွန်မြို့နယ်၊ ရက္ခဒီပကျေးရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

မတ်လ ၂၆ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရက္ခဒီပကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ တာဝန်ခံ ကိုသူရိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၅ ရက်နေ့က ၂ ကြိမ်၊ မတ် ၂၃ ရက်နေ့က တစ်ကြိမ် ငါန်းဇွန်မြို့နယ်၊ ရက္ခဒီပကျေးရွာအနီး လှည့်လည်နေသော အကြမ်းဖက်စစ်သားများကို အသင့်ထောင်ထားသည့် မိုင်းကွင်းပေါ်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆက် - ⤵️⤵️
113👍43👏7🥰4😁3
အလင်းစက် - အနဂ္ဂ ရန်ရန်ချမ်း ဇေယျာသော် Rဇာနည် ငယ်ငယ်
Loading Music
🎼  အလင်းစက်  🎼

🎙️ ဇေယျာသော်၊ အာဇာနည်၊ ရန်ရန်ချမ်း၊ အနဂ္ဂ၊ ငယ်ငယ်

ညစဉ် သီချင်းများကို Hlaing Info အဖွဲ့သားများမှ တင်ပေးလျှက်ရှိပါသည်ရှင့် ♥️

မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်
နီးစပ်ရာ သတင်းများ ပေးပို့ခြင်းဖြင့်
ဒီနွေဦးတော်လှန်ရေးတွင် တဖက်တလမ်းကနေ ပါဝင်ကူညီ‌ပေးကြပါရန် Hlaing Info အဖွဲ့သားများမှ မေတ္တာရပ်ခံပါသည်ရှင့်။

💫 သတင်းများပေးပို့လိုလျှင် 💫
https://www.facebook.com/HlaingInfonewsagency?mibextid=ZbWKwL 

(or) 

https://t.me/infohlaing Channel

ပြည်သူမှ ပြည်သူသို့  ၊ ပြည်သူမှ သူရဲကောင်းရဲဘော်သို့  သတင်းမှန်များ အချိန်နှင့်တပြေညီ တင်ဆက်နိုင်ရန်အတွက် အောက်ပါ Telegram အကောင့်များသို့  လုံခြုံစိတ်ချစွာသတင်းများပေးပို့ နိုင်ပါသည်ရှင့်။

- https://t.me/pyithuaungpwel

- https://t.me/infoAthlaing

▪️HlaingInfo
109👍24😁2👎1
အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းလမ်းစုံရှိ ကင်းတဲအား  NOKA UG မှ ပြင်းအားမြှင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း

မတ်လ ၂၆ ရက်

ယနေ့ည  ၇ နာရီ ၄၇ မိနစ်ဝန်းကျင်အချိန်၌ ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းလမ်းစုံရှိ ကင်းတဲအား  NOKA UG မှ ပြင်းအားမြှင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း NOKA UG ၏ တာဝန်ရှိသူ တစ်ဦးမှ Hlaing Info သို့ ပြောပြလာပါသည်။

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံများ ထိခိုက်မှုကိုတော့ မသိရသေးပါ၊၊မြေပြင်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း သိရပါသည်။

နောက်ဆက်တွဲသတင်းများကို ဆက်လက်စုံစမ်းဖော်ပြသွားပါမည်။

#HlaingInfo
171👍74👏20🥰3😁2👎1
မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးနီးပါး သိမ်းပြီးဟု KIA အသိပေး

▪️တပ်စခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ ဗန်းမော်၌ အင်အားစုထား

▪️လေကြောင်းပစ်ကူဖြင့် နေ့စဉ်ခုခံနေသည့် ဆွမ်ပရာဘွမ် စစ်ကောင်စီတပ်စခန်းရရေး KIA ဆက်လက် ထိုးစစ်ဆင်


မတ်လ ၂၆ ရက်

ကချင်ပြည်နယ် မြစ်ကြီးနား - ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်း အားလုံးနီးပါး သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယနေ့ညပိုင်းတွင်ဖော်ပြပြီး စစ်ကောင်စီဘက်ကလည်း တပ်စခန်း စွန့်ခွာထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင်များကို ဗန်းမော်မြို့၌ အင်အားစုထား သည်ဟု အသိပေးသည်။

KIAသည် မတ်လ ၇ရက်မှစ၍ အဆိုပါ မြစ်ကြီးနား - ဗန်းမော်လမ်းတလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများအား စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိရာ တပ်ရင်းဌာနချုပ်များ အပါအဝင် စစ်ကောင်စီတပ်စခန်းများစွာကို သုံးပတ်အတွင်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

အဆက် - ⤵️⤵️
149👍62👏22🔥1
လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် KNDF ရဲဘော်လေးဦး ကျဆုံး

မတ်လ ၂၆ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် ရဲဘော်လေးဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၈)က ယနေ့ အသိပေးသည်။

KNDF တပ်ရင်း (၈)၊ တပ်ခွဲ (၂)တွင် တာဝန်ထမ်းဆောင်နေသော ရဲဘော် သက်ဇော်လင်း၊ ရဲဘော် စောအယ်ထူးဝင်း၊ ရဲဘော်ဖိုးချုပ်နှင့် ရဲဘော် ကနေးလီတို့သည် ယမန်နေ့က လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဟု အသိပေးသည်။

"ကျသွားတဲ့ လေးယောက်စလုံးက တစ်ရွာတည်းသားတွေပါ။တော်လှန်ရေးအတွက် ရည်မှန်းချက် တူ ဝင်လာကြတဲ့သူတွေ။ကျသွားတဲ့သူတို့တွေကို တိုင်တည်ရင်း တော်လှန်ရေးကို ပိုအားစိုက် မယ်" ဟု KNDF တပ်ရင်း (၈)မှ ရဲဘော်တစ်ဦးက ပြောသည်။

ကျဆုံးရဲဘော်လေးဦးအား သူရဲကောင်းအဖြစ် အစဥ်အမြဲမှတ်တမ်းတင် ဂုဏ်ပြုကြောင်းလည်းတပ်ရင်း(၈)က ဖော်ပြသည်။

အဆက် - ⤵️⤵️
😢32315👍13😁1
စစ်မှုထမ်းဥပဒေအား ဝိုင်းဝန်းကူညီ‌နေသူ‌ တွေရဲ့ စာရင်း တချို့ ထွက်ရှိလာ၊

▪️စောင့်ကြည့်‌ နေပြီး အရေးယူသွားမယ်လို့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ပြော


မတ်လ ၂၆ ရက်

မြောက်ဥက္ကလာပမြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး နဲ့ ဆယ်အိမ်မှူး တွေ အပါအဝင် စစ်မှုထမ်းဥပဒေအား ဝိုင်းဝန်းကူညီနေသူတွေရဲ့ စာရင်း တချို့ ထွက်ပေါ်လာပါတယ်။

၎င်းတို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ က ထုတ်ပြန်ပါတယ်။

" ပြည်သူတွေရဲ့တိုင်းတန်းလာတာတွေကိုသေချာမှတ်ထားပါတယ် ၊ တိုင်တန်းခံရသူတွေရဲ့ ရပ်ကွက်၊ လမ်း နာမည် ရာထူး အကုန်မှတ်ထားပါတယ် စောင့်ကြည့်နေပါတယ် ၊ အခွင့်ရေးရရင် အရေးယူပေးသွားပါမယ် " လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ရဲ့ တာဝန်ရှိသူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

အဆက် - ⤵️⤵️
👍224👏3920🥰5😁4
နောက် ဟန်ဆောင် အကောင့်တုတွေ၊ ဟန်ဆောင် စာမျက်နှာတွေ ဖန်တီး ဝါဒဖြန့်ချီမှုတွေလဲ လုပ်ဆောင်ပါတယ်။ လူထု ရဲ့ အာရုံ လွှဲအောင် လူထု စိတ်ဝင်စားမယ့် နာမည်ကြီး အနုပညာသမားသတင်းတွေ၊ လူစိတ်ဝင်စားမယ့် ဖြစ်ရပ်တွေ ဖန်တီး အာရုံလွှဲလေ့ရှိပါတယ်။ ဒီအချက်တွေနဲ့ ပတ်သတ်ပြီး အသေးစိတ် ဖတ်ရှုချင်ရင် (Political Discourse Around Pluralism and Diversity on Facebook: Myanmar Social Media Monitoring Report, DRI) မှာ ဖတ်ရှုနိုင်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်သား နဲ့ တော်လှန်ရေးသမား အများစုဟာ လူငယ်တွေ ဖြစ်တဲ့ အတွက် လူမှုမီဒီယာ အထူးသဖြင့် ဖေ့ဘုတ်ကို အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် ဖေ့ဘုတ် အသုံးပြုမှုကနေ သတင်းပေါက်ကြားနိုင်မှု၊ ရန်သူက အမြဲတန်း စောင့်ကြည့်နေတယ်လို့ သိရှိဖို့လိုပါတယ်။ ဖြစ်နိုင်ရင် ကိုယ့် တော်လှန်ရေး ဘဝ ကို ဖော်ပြတဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်ကို လုံးဝ မတင်သင့်ပါဘူး။ တခြား ပုံမှန် ဘဝ ပုံစံ အချက်အလက်တွေပဲ တင်သင့်ပါတယ်။

အဆက် - ⤵️⤵️
👍20014😁6🥰5👏2
Forwarded from NOKA UG (NOKA)
၂၆/၃/၂၀၂၄ သတင်းထုတ်ပြန်ကြေညာချက်
161👏27👍22😁5
ကမ္မမြို့၊ အမှတ်(၁၂)ရပ်ကွက်ကို စစ်ကောင်စီတပ် မီးရှို့

မတ်လ ၂၆ ရက်

မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ်(၁၂)ရပ်ကွက်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၂၆)ရက်နေ့ ညနေ (၄)နာရီခွဲတွင် မီးရှို့ဖျက်ဆီး‌သွားကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီအနေဖြင့် ပခုက္ကူမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်တစ်ခုအား ပထမဆုံး မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး တာ၀န်ရှိသူအဆင့်ဆင့်အနေဖြင့် ၎င်းတို့လုပ်ရပ်များအား တာ၀န်ယူရမည်ဖြစ်ကြောင်း အသိပေးထားသည်။

လက်ရှိတွင်လည်း ပခုက္ကူ-ကမ္မ‌-ပေါက် လမ်းအား စစ်ရေးအခြေအနေအရ မတ်လ(၂၂)ရက်နေ့မှစတင်ကာ ပိတ်ထားမည်ဖြစ်ကြောင်းလည်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ပေါက်မြို့နယ်တွင်လည်း လမ်းလုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် အုန်းတော(မြောက်စု)ရွာကို ညနေပိုင်းတွင်ပင် စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

Photo: ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#TNA
#HlaingInfo
🤬166👍21😁4😢41
မုံရွာမှာ ၂ ရက်ဆက်တိုက် ပြည်သူ ၂ ဦးကို စစ်တပ်က လမ်းပေါ်မှာပစ်သတ်၊ လူပေါင်း ၄၀ ကျော်ဖမ်းဆီးခံခဲ့ရ

မတ်လ ၂၆ ရက်

စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ပြည်သူ ၂ ဦးကို ၂ ရက်ဆက်တိုက် လမ်းပေါ်မှာတင်
ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကိုပြောပါတယ်။

မုံရွာမြို့ စက်မှုဇုံနဲ့ ရွာထောင်လမ်းဆုံ သရက်ခြံအနီးမှာ မတ်လ ၂၅ ရက်နဲ့ ၂၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလမ်းပေါ်မှာ သွားလာနေသူတွေကိုတားဆီးစစ်ဆေးမှုတွေပြုလုပ်နေချိန် ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

"မနေ့က တစ်ယောက်က သူ့မိန်းမရယ် ခယ်မရယ်ပါတယ်။ စက်မှုဇုံဈေးထဲကိုဈေးဝယ်သွားရင်းဖုန်းကိုစစ်လိုက်တော့ အမေစုပုံပါနေလို့ဆိုပြီး လမ်းပေါ်မှာတင်ပစ်သတ်လိုက်တာ၊ မိန်းမနဲ့ ခယ်မကိုတော့ ဖမ်းသွားတယ်။ ဒီနေ့သရက်ခြံနားကတစ်ယောက်ကလည်းအဲ့ဒီအတိုင်းပဲ"လို့ အသက် ၃၅ နှစ်အရွယ်မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။

အဆက် - ⤵️⤵️
🤬227😢15👍6😁5
လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်ထဲတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများမှ ဧည့်စာရင်း စစ်ဆေးနေကြောင်း

မတ်လ ၂၆ ရက်

လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ မာလာမြိုင် ၅ လမ်း ထဲတွင် ယနေ့ည ၁၀ နာရီခွဲဝန်းကျင်အချိန်မှစ၍  အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများမှ ဧည့်စာရင်း စစ်ဆေးနေကြောင်း ပြည်သူတစ်ဦးမှ Hlaing Info သို့ သတင်းပေးပို့လာပါသည်။

🗣    ဘေးနားဝန်း ကျင်များရှိသော  ပြည်သူ့များ / သူရဲကောင်းလေးများ   သတိထားနိုင်ရန် နှင့် ဖုန်းထဲက ဒေတာတွေအားလုံးရှင်းလင်းထားနိုင်ရန် တင်ပြေအပ်ပါသည်။

ပြည်သူများအားလုံး  အကြမ်းဖက် ခွေး ကောင်များ ရန်ပြုခြင်းမှ လွတ်ကင်းကြပါ စေ... 🙏🙏🙏

▪️HlaingInfo
👍105🤬37🔥115👏4😁1