ထိုင်းအများပိုင်ကုမ္ပဏီတွင် မြန်မာလက်နက်ပွဲစား ရင်နှီးမြှုပ်နှံမှု ထိုင်းအာဏာပိုင်တို့ တားမြစ်ပိတ် ပင်သင့်
မေလ ၁ ရက်
ထိုင်းအများပိုင်ကုမ္ပတီတွင် မြန်မာစစ်လက်နက်ပွဲစားကွန်ရက်၏ ရင်းနှီးမြှုပ် နှံမှုကို ထိုင်းအာဏာပိုင်များအနေဖြင့် တားမြစ်ပိတ်ပင် စုံစမ်းစစ်ဆေးသင့်ကြောင်း Justice For Myanmar ကဆိုသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ၂၇ ရက်တွင် ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC) ၏ ရှယ်ယာရှင်များသည် ကျော်မင်းဦး ဦးဆောင် လုပ်ကိုင်နေသည့် မြန်မာစစ်လက်နက်ပွဲစားကွန်ရက် Sky Aviator ၏ ကုမ္ပဏီ ၂ခုထံသို့ ကြီးမားသော အစုရှယ်ယာ ပမာဏတစ်ရပ်ကို ရောင်းချရန် အတည်ပြုခဲ့ကြောင်း JFMကထုတ် ပြန်သည်။
“ACC စီမံခန့်ခွဲမှုအဖွဲ့ဟာ အလွန်ဆိုးရွားလှတဲ့ ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ချက်တွေကို ဖြစ်ပေါ်စေ တဲ့ Sky Aviator ကုမ္ပဏီ တွေနဲ့ ရှယ်ယာလွှဲပြောင်းရောင်းချမှုကို ဆက်လက်လုပ်ဆောင်ဖို့ တွန်းအား ပေးနေပါတယ်။ ကျော်မင်းဦးရဲ့ အဓိကစီးပွားရေးလုပ်ငန်းက သေကျေပျက်စီးစေမှုနဲ့ ဖျက်ဆီးမှုတွေ အပေါ်မှာ အခြေခံထားတာဖြစ်ပြီး၊ တရားမဝင်စစ်အုပ်စုရဲ့ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ် ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေကနေ အကျိုးအမြတ် ရရှိနေတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ပါ တယ်" ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က MPA သို့ပြောသည်။
ယင်းရှယ်ယာလွှဲပြောင်းရောင်းချမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၈၇ဒဿမ၁၆ ရာခိုင်နှုန်း၊ ကန့်ကွက်မဲ ၁၂ဒဿမ၈၄ ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ် ချက်များ၊ ရင်းနှီးမြှုပ်နှံသူများ၏ အမှန်တကယ် အကျိုးခံစားခွင့်ရှိသူပိုင်ရှင်များအပေါ် မရှင်းလင်း နိုင်သေးသည့် မေးခွန်းများ၊ ကုမ္ပဏီ၏ ဘဏ္ဍာရေးအကြံပေးမှ အတည်မပြုရန် အကြံပြုထားချက် များနှင့် ထိုင်းနိုင်ငံ ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC) မှ ရှယ်ယာရှင် များနှင့် ပတ်သက်သော လုံလောက်သည့် အချက်အလက်များ ထပ်မံပေးအပ်ရန် ACC သို့ ညွှန် ကြားထားချက်များ ရှိနေသည့်ကြားမှ ယင်းဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" ကျော်မင်းဦးနဲ့ သူ့ရဲ့အပေါင်းအပါတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူ ညီမှုအတွက် မဖြစ်မနေတာဝန်ခံရမှာဖြစ်ပြီး၊ သူတို့ရဲ့ သွေးစွန်းစီးပွားရေးလုပ်ငန်းတွေကနေ ရရှိလာ တဲ့ ငွေကြေးအကျိုးအမြတ်တွေကို ထိုင်းနိုင်ငံကတစ်ဆင့် ခဝါချခွင့် လုံးဝမပေးသင့်ပါဘူး။ ACC အစုရှယ်ယာရှင်တွေဟာ ဒီလိုမသန့်ရှင်းတဲ့ အရောင်းအဝယ်ကို ဟန့်တားဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ဒါကြောင့် အခုတော့ ဒီသီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှုကို အပြီးသတ် မလုပ်ဆောင်နိုင်စေ ဖို့အတွက် ရပ်တည်ဟန့်တားပေးဖို့က ထိုင်းအာဏာပိုင်တွေအပေါ်မှာ တာဝန်ကျလာပြီဖြစ်ပါတယ်” ဟု မရတနာမောင်ကပြောသည်။
စင်ကာပူအခြေစိုက် ကုမ္ပဏီများဖြစ်သော Sky Avia Trading Pte. Ltd. နှင့် Heli Asia Trading Pte. Ltd. တို့သည် ၎င်းတို့နှင့်အမည်တူပေးထားသော မကြာသေးမီကမှ တည်ထောင်ထားသည့် ၎င်းတို့၏လက်အောက်ခံ ထိုင်း အမည်ခံဟန်ပြကုမ္ပဏီများမှတစ်ဆင့် ACC တွင် အကြီးမားဆုံး ရှယ်ယာရှင်အစုအဖွဲ့ ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။
ထိုင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကြားဝင်ဟန့်တားဆောင်ရွက်ခြင်း မပြုလုပ်ပါက Sky Aviator ကွန်ရက်ရှိ ကုမ္ပဏီနှစ်ခုသည် ဘတ် ၃၀၀ မီလီယံ (အမေရိကန်ဒေါ်လာ ၉ဒဿမ၃ သန်း) တန်ဖိုးရှိ သော စုပေါင်းရှယ်ယာ ၂၃ဒဿမ၂၅ရာခိုင်နှုန်းကို ရယူပိုင်ဆိုင်သွားမည်ဖြစ်ကြောင်း JFM ကဆိုသည်။
Sky Avia Trading နှင့် Heli Asia Trading ကုမ္ပဏီများသည် ကျော်မင်းဦး ပိုင်ဆိုင်သည့် Sky Aviator ကုမ္ပဏီကွန်ရက်၏ အစိတ်အပိုင်းများဖြစ်ပြီး၊ ယင်းကုမ္ပဏီကွန်ရက်၏ မြန်မာလေတပ်ထံ ရုရှားထုတ် တိုက်ခိုက်ရေးလေယာဉ်အစိတ်အပိုင်းများ ရောင်းချပေးသည့် စီးပွားရေးလုပ်ငန်းသည် စစ်အုပ်စု လက်ရှိကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ပံ့ပိုးကူညီလျက်ရှိသည်။
မြန်မာစစ်အုပ်စုသည် အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် အကြမ်းဖက်လေကြောင်း စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ရန် ရုရှားလေယာဉ်အုပ်ကို အဓိကထားအသုံးပြုနေခြင်းဖြစ်ကြောင်း JFM ကထုတ်ပြန်သည်။
Sky Aviator ကွန်ရက်နှင့် အဓိကလူပုဂ္ဂိုလ်များအပေါ် လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုများသည် တစ်ပြေး ညီဖြစ်မနေဘဲ ဟာကွက်များရှိနေပြီး ယင်းကွန်ရက်သည် ဟာကွက်များကို အခွင့်ကောင်းယူကာ ယခုကဲ့သို့ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့အနေဖြင့် Sky Aviator ကုမ္ပဏီကွန်ရက်တစ်ခုလုံးရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်အားလုံးအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများကို ညှိနှိုင်းချမှတ် အကောင်အထည်ဖော်ခြင်းဖြင့် တုန့်ပြန်ဆောင်ရွက်သင့် ကြောင်း JFMကဆိုသည်။
ဓာတ်ပုံ - Justice For Myanmar
#MPA
#HlaingInfo

❤22👍19🔥4
ရေးမြို့နယ်၊ ခလရ ၁၀၆ တပ်ရင်းမှ စစ်ကြောင်းထိုးရန် ထွက်လာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးသူများပြား
မေလ ၁ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခလရ ၁၀၆ တပ်ရင်းမှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း မွန်သွေးတပ်တော်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၁၀၆ မှ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းသည် အောင်သာယာရွာနှင့် ကနင်တမော့ရွာ အကြားကို ရောက်ရှိလာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုထိတွေ့တိုက်ပွဲသည် နာရီပိုင်းသာကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ဦး ထက်မနည်း ထိခိုက်သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
"ခလရ ၁၀၆ တပ်ရင်းကနေ အင်အား ၄၀၀ လောက်ပါတဲ့ စစ်ခွေး စစ်ကြောင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာကို အောင်သာယာရွာနဲ့ ကနင်တမော့ရွာ အကြားမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံး ၂၀ လောက်ရှိတယ်။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်" ဟု မွန်သွေးတပ်တော်မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မွန်သွေးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်များဖြစ်သော ရေးပြောက်ကျားတပ်(YGF)ခြေမှုန်းရေးတပ်ခွဲ၊မွန်ပြည်တော်လှန်ရေးတပ်(MSRF) နှင့် ရာမညမွန်တပ်တော်(RMA)တပ်ရင်း(၉၀၁)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#KTM

👏29👍11❤6🔥1
နေပြည်တော်တွင် နေအိမ်အချုပ် ပြောင်းရွှေ့ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံရန် စီစဉ်
မေလ ၁ ရက်
နေပြည်တော်တွင် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားသော ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ ရှေ့နေအဖွဲ့သည် ယခုသီတင်းပတ်ကုန်တွင် တွေ့ဆုံရန် စီစဉ်နေကြောင်း ရှေ့နေအဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးက ယနေ့ ပြောကြား သည်ဟု ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။
ရှေ့နေအဖွဲ့က အသက် ၈၀ အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် လာမည့် တနင်္ဂနွေနေ့တွင် တွေ့ဆုံရန် စီစဉ်ထားပြီး၊ သူမအတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရန်နှင့် သူမ၏ ရပ်တည်ချက်များကို ဆွေးနွေးရန် ရည်ရွယ်ထားသည်ဟု ရိုင်္ကတာသတင်းက ဆိုသည်။
ယခုတွေ့ဆုံမှုမှာ ပုံမှန် အကျဉ်းထောင်ဝင်စာတွေ့ခြင်းမျိုး မဟုတ်တော့ဘဲ ရှေ့နေအဖွဲ့က သွားရောက်၍ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးနိုင်မည့် တွေ့ဆုံမှုမျိုး ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလ ၃၀ ရက်နေ့ ကြာသပတေးနေ့ညပိုင်းတွင် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် သူမသည် နေပြည်တော်၌ပင် ရှိနေသေးကြောင်း ရှေ့နေအဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က အဂတိလိုက်စားမှု၊ ရွေး ကောက်ပွဲ မသမာမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှု အစရှိသည့် စွပ်စွဲချက်များဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားခြင်းဖြစ်သည်။
ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လျှော့ပေါ့ပေးခဲ့ပြီးနောက်၊ ကြာသပတေးနေ့တွင် နေအိမ်အချုပ် မပြောင်းရွှေ့မီ နောက်ထပ် ခြောက်ပုံတစ်ပုံကို ထပ်မံလျှော့ပေါ့ပေးခဲ့သည်။
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ယူနီဖောင်းဝတ် ဝန်ထမ်းနှစ်ဦးနှင့်အတူ သစ်သားခုံတန်းတစ်ခုပေါ်တွင် ထိုင်နေသည့် ဓာတ်ပုံကို ထုတ်လွှင့်ခဲ့ရာ အဆိုပါ ဓာတ်ပုံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း သူမ၏ ပထမဆုံးသော လူထုရှေ့မှောက်ရောက်ရှိလာသည့် စစ်တပ်က ထုတ်ပြန်သော ပုံရိပ်ဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်က အာဆီယံအပါအဝင် နိုင်ငံတကာ၏ ဖိအားများကြောင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံ ပြန်လည်ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ နေအိမ်အချုပ်သို့ ပြောင်းရွှေ့မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

👍48❤5🔥4😢3
ပြင်းထန်နေတဲ့ ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုများ
▪️စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ
မေလ ၁ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
" အခြေအနေကတော့ တိုက်ပွဲပြင်းထန်ပြီး နှစ်ဘက် အကျအဆုံးများတယ်လို့ပဲ အကြမ်းဖျင်းပဲ ပြောလို့ရပါမယ် "လို့ နည်းဗျူဟာ (၂၇) ၊ P2-7801 တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဧပြီ ၁၂ရက်က ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာမှာ အခြေချထားတဲ့ လေးကေတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ၊PDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့နောက် ဝင်းတာပန်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။
စစ်တပ်က မြေပြင်ကနေလည်း ဝင်းတာပန်စခန်းကို အင်အားဖြည့်တင်းဖို့ စစ်ကူတွေစေလွှတ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အဲ့ဒီစစ်ကူလာတဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ နည်းဗျူဟာ (၂၇) ၊ P2-7801 တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
" စကစဘက်ကလည်း စစ်ကူတွေ ထပ်ဖြည့်ပြီး ဝင်းတာပန်စခန်းရော စစ်ကူလာတဲ့ စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲ ပြင်းထန်နေပါတယ် "လို့ ပြောပါတယ်။
စစ်တပ်က ဝန်းတာပန်စခန်းမကျရေး မြေပြင်အင်အားဖြည့်တင်းတာတွေအပြင် လေကြောင်းကနေ ပါအပြင်းအထန် ခုခံနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ရာမှာ စစ်တပ်က တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကိုပါ တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်နေတာ ဖြစ်ပါတယ်။
စစ်တပ်က ဧပြီ ၂၃ရက်ညမှာ ဝင်းတာပန်ရွာနဲ့ ဝင်းတာပန်အထက်ရွာတွေကို Y12 လေယာဉ်နဲ့ ၁၀ကြိမ် ကြဲချခဲ့ပါတယ်။
ဧပြီ ဒုတိယပတ်နဲ့ တတိယပတ်အတွင်းမှာလည်း ဘီးလင်းမြို့နယ်ထဲက ဝင်းတာပန်၊ ဝင်းတာပန်အထက်ရွာ၊ ကျောက်ဖျာရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ ဆီဆိုင်တွေ၊ ပြည်သူလူထုနေအိမ်တွေအများအပြား ပျက်စီးခဲ့ရပါတယ်။
(ပြင်းထန်နေတဲ့ ဝင်းတာပန်ရွာကို စစ်တပ်က ၂၀၂၆ ဧပြီ ၂၃ရက်မှာ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
#LNO

🤬38❤5🔥4😢2🥰1
ဒီပဲယင်း၊ ရေဦးနှင့် ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး
မေလ ၁ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ရေဦးမြို့နယ် အနောက်ခြမ်းဇုံ သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ် အရှေ့တောင်ဘက်ခြမ်း ဖုတ္တတောကျေးရွာအနီးကို မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ မေလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တံတားဦးလေတပ်နှင့် မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများထိခိုက်မှုမရှိကြောင်း ကနဦး သိရှိရသည်။
"စစ်ကြောင်းထိုးနေတာလဲမရှိသလို တိုက်ပွဲဖြစ်နေတာလဲမရှိဘူး။ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ် ကဆုန်လပြည့်(ဗုဒ္ဓ)နေ့မှာ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက် စစ်ရာဇဝတ်မှုကျုးလွန်လိုက်တာပါပဲ။ ဒီနေ့လည်း ရေဦးမြို့နယ် အနောက်ဘက်ခြမ်းကရွာတွေကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးထပ်ကျဲသွားတယ်။ ပြည်သူတွေ ထိခိုက်တာမရှိဘူးလို့တော့ ကနဦးသိရတယ်" ဟု ရေဦးမြို့နယ် အနောက်ခြမ်းဇုံ သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။
အလားတူ ယနေ့ မေလ ၁ ရက်နေ့ နံနက် ၁၂ နာရီကျော်ခန့်တွင်လည်း ရွှေဘိုမြို့နယ် အနောက်ခြမ်းဇင်ကြီးကုန်းပေါ်ကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်သော ဂျက်ဖိုက်တာ ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
"စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက ရွှေဘိုမြို့နယ် အနောက်ခြမ်း ဇင်ကြီးကုန်းပေါ်ကို ဗုံး ၂လုံးနဲ့ ကျဲတာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနှင့် နေအိမ် ပျက်စီးတာမျိုးကို မသိရသေးဘူး ကျွန်တော် ဆက်လက်စုံစမ်းဆဲနေပါ။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ဖို့ ပြောချင်ပါတယ် "ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

🤬37❤2🔥2🥰1
အာဏာသိမ်းစစ်အုပ်စုနှင့် ဆွေးနွေးရန်ဖွဲ့စည်းသည့် ကရင်ငြိမ်းချမ်းရေးကော်မတီတွင် KNU ပါဝင်ခြင်း မရှိဟု ဝန်ခံဖြေကြား
မေလ ၁ ရက်
ရွေးတုအစိုးရအဖြစ် အသွင်ပြောင်းထားသော စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရန် ဖွဲ့စည်းလိုက်သည့် ကရင်အမျိုးသား ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (KNPBC) တွင် အဓိက တော်လှန်ရေး အင်အားစုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) မပါဝင်ကြောင်း အဆိုပါကော်မတီက ဝန်ခံပြောဆိုသည်။
KNPBC ကို အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများနှင့် ဆက်နွယ်မှုကြောင့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသည့် စစ်အုပ်စုလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) မှ အမည်ပြောင်းလဲထားသော ကရင်အမျိုးသား တပ်မတော် (KNA) က ဦးဆောင်၍ ယခု ဧပြီလအတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
"လောလောဆယ် ဘာကြောင့်မပါဝင် လာသလဲဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်း ကြောင့်လို့ပဲ ယေဘုယျဆန်ဆန် ပြောချင်ပါတယ်။ KNU ကိုယ်စားလှယ်တွေ အခုမပါဝင်သေးဘူး ဆိုပေမယ့်လည်း အောက်ခြေမှာ တချို့တပ်မှူးတွေ အသိပေး၊ ပြောဆိုတာမျိုး ရှိတယ်" ဟု KNPBC ဒုဥက္ကဋ္ဌ(၂) ဗိုလ်မှူးချုပ်စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် လက်ရှိကာလသည် စစ်ဘောင်ကျယ်၍ တွေ့ဆုံဆွေးနွေးရန် အလွန်နည်းပါးနေသလို ကရင်တပ်ဖွဲ့များ အချင်းချင်းကြားတွင်လည်း ညှိနှိုင်းပြောဆို အခင်းအကျင်းများ ရှားပါးနေသဖြင့် ရှေ့ဆက်ရမည့် အဆင့်များလိုဦးမည်ဟု ၎င်းက ဆက်လက်ဆိုသည်။
KNA ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အဆိုပါကော်မတီတွင် ရွေးတုအစိုးရနှင့် အပစ်ရပ်၍ ထိတွေ့ဆက်ဆံနေသော ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၊ ကရင်ပြည်သူ့ပါတီ (KPP)၊ ဘာသာရေး ခေါင်းဆောင်များနှင့် ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့တချို့ ပါဝင်သည်။
ယင်းဖွဲ့စည်းမှုကို KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် အဖွဲ့အပါအဝင် နာယက (၁၅) ဦး၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်စောချစ်သူအပြင် ဒုဥက္ကဋ္ဌများအဖြစ် KNLA-PC ပြောခွင့်ရ ဗိုလ်မှူးချုပ်စောကျော်ညွန့်နှင့် DKBA မှ ဗိုလ်ချုပ်စောဆန်းအောင်အပါအဝင် (၉) ဦး၊ အတွင်းရေးမှူး (၁၃) ဦးနှင့် အလုပ်အမှုဆောင် (၄၀) ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
"စုဖွဲ့မှု စနစ်တကျ ဖြစ်ဖို့အတွက် နောက်ထပ်တွေ့ဆုံ ညှိနှိုင်းမှုတွေလုပ်ဖို့ လိုအပ်တော့ ဒီမေလ အလယ်လောက်မှာ တစ်ခါပြန်ပြီးတော့ အစည်းအဝေးခေါ်ဖို့ လျာထားချက်တွေ ရှိတယ်လို့ ကြားတယ်။ သေချာအတိအကျ မသိရသေးတော့ ဘယ်အဖွဲ့တွေ ပါမပါဆိုတာ ပြောမရသေးဘူး" ဟု KNPBC ဒုဥက္ကဋ္ဌ(၂) ဗိုလ်မှူးချုပ်စောကျော်ညွန့်က ဆိုသည်။
ထိုသို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဦးဆောင်ဖွဲ့စည်းလိုက်သော KNPBC ၏ ရည်မှန်းချက်မှာ အကြမ်းမဖက်ဘဲ တရားမျှတသော နိုင်ငံရေး နည်းလမ်းများဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်၍ ကရင်လူမျိုး တစ်ရပ်လုံး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းသို့ တက်လှမ်းရန်ဖြစ်ကြောင်း သိရသည်။
သို့သော် ကရင်တပ်ဖွဲ့များ၏ မူလမိခင်အဖွဲ့အစည်းဖြစ်သော ရွေးတုအစိုးရနှင့် တိုက်ပွဲပြင်းထန် ဖြစ်ပွားနေသည့် KNU ပါဝင်လာခြင်း မရှိသောကြောင့် စစ်မှန်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရရှိလာလိမ့်မည် မဟုတ်သလို ယခင်အဖွဲ့များအတိုင်း အသုံးချရန် ပြုလုပ်ထားခြင်းဖြစ်ကြောင်း စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက ထောက်ပြသည်။
အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိတိုင် ရွေးတုအစိုးရနှင့် အပစ်ရပ်စာချုပ် (NCA) အကြောင်းပြကာ ထိတွေ့ဆက်ဆံ သွားရောက်ဆွေးနွေးနေသည့် ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့်အဖွဲ့ ပါဝင်နေမှုအပေါ် လက်ရှိ KNU ဗဟို၏ သဘောထားကိုမူ ဧရာဝတီတိုင်းမ် က ဆက်လက်မေးမြန်း နေဆဲဖြစ်သည်။
ဓာတ်ပုံ - လူမှုကွန်ရက်
#AYAT

👍30❤3🔥2
အဓမ္မစစ်မှုထမ်းခိုင်းခြင်းကြောင့် ကလေးအလုပ်သမားနဲ့ လူကုန်ကူးပြဿနာတွေ ပိုဆိုးလာပြီး မျိုးဆက်တစ်ခုလုံးကို ခြိမ်းခြောက်နေတယ်လို့ GSCBထုတ်ပြန်
မေလ ၁ ရက်
အတင်းအကျပ် စစ်မှုထမ်းခိုင်းတာနဲ့ မလုံခြုံမှုတွေက ကလေးအလုပ်သမားနဲ့ လူကုန်ကူးမှုပြဿနာတွေကို ပိုမိုဆိုးရွားစေပြီး မျိုးဆက်တစ်ခုလုံးကို ခြိမ်းခြောက်နေတယ်လို့ အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)က မေဒေးနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ မေဒေးနေ့မှာ ကမ္ဘာတစ်ဝှမ်းရှိ အလုပ်သမားထုရဲ့ရပိုင်ခွင့်နဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ခဲ့ကြသော သမိုင်းဝင် အစဉ်အလာကို ဂုဏ်ပြုပါတယ်လို့ " မြန်မာနိုင်ငံ အလုပ်သမားလှုပ်ရှားမှုသို့ သွေးစည်းညီညွတ်ရေး " ခေါင်းစဉ်ဖြင့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)က ကြေညာချက်ထုတ်ပြန်ပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေအောက်မှာ အညံ့မခံဘဲ ဆက်လက်တွန်းလှန်နေတဲ့မြန်မာနိုင်ငံရှိ အလုပ်သမားတွေနဲ့ အလုပ်သမားလှုပ်ရှားမှုအပေါ် ခိုင်မာတဲ့ သွေးစည်းညီညွတ်မှုနဲ့အစဉ်တစိုက် ရပ်တည်နေကြောင်း ကြေညာတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမြန်မာနိုင်ငံတစ်ဝှမ်းရှိ အလုပ်သမားနဲ့ လယ်သမားတွေဟာ အဆမတန် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ မလုံလောက်သော လုပ်ခလစာကြောင့် စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒီဖိနှိပ်မှုတွေက မတော်တဆဖြစ်ရပ်တွေ မဟုတ်ဘဲ အလုပ်သမားထုရဲ့ စုပေါင်းအင်အားကို အားနည်းစေဖို့နဲ့ အနည်းစုရဲ့အကျိုးစီးပွားအတွက် စနစ်တကျလုပ်ဆောင်နေခြင်းသာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။
အလုပ်သမားသမဂ္ဂဝင်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေက တရားမျှတမှုအတွက် ရပ်တည်ရုံနဲ့ဖမ်းဆီးအကြမ်းဖက်ခံနေရတဲ့အပြင် ကျေးလက်ဒေသတွေမှာလည်း အတင်းအကျပ် နေရာဖယ်ရှားခံရတာနဲ့ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေကြောင့် အသက်မွေးဝမ်းကျောင်းမှုတွေ ပျက်စီးနေတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အတင်းအကျပ် စစ်မှုထမ်းခိုင်းတာနဲ့ မလုံခြုံမှုတွေက ကလေးအလုပ်သမားနဲ့ လူကုန်ကူးမှုပြဿနာတွေကို ပိုမိုဆိုးရွားစေပြီး မျိုးဆက်တစ်ခုလုံးကို ခြိမ်းခြောက်နေတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို အခက်အခဲတွေကြားမှ ခုခံတွန်းလှန်နေတဲ့ အလုပ်သမားထုနဲ့အတူ ကျတော်တို့အခြေခံအလုပ်သမားအခွင့်အရေးတွေ ပြန်လည်ရရှိရေး၊ အလုပ်သမားထုအပေါ် အကြမ်းဖက်
ဖိနှိပ်မှုတွေကို ချက်ချင်းရပ်တန့်ရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို နိုင်ငံတကာက ထိရောက်စွာ တာဝန်ခံခိုင်းရေးတို့ကို ပြတ်သားစွာတောင်းဆိုတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပင် အကြမ်းဖက်စနစ်ကို ပံ့ပိုးနေတဲ့ စီးပွားရေးကွင်းဆက်တွေကို ဖြတ်တောက်ဖို့နဲ့ ကျင့်ဝတ်ဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေကို သေချာစေခြင်းအပါအဝင် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု အရှိန်အဟုန်မြှင့်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း တိုက်တွန်းထားပါတယ်။
မြန်မာအလုပ်သမားတွေရဲ့ တိုက်ပွဲဟာ တရားမျှတမှုအတွက် ကမ္ဘာလုံးဆိုင်ရာ တိုက်ပွဲရဲ့တစိတ်တပိုင်း ဖြစ်သလို အလုပ်သမား၊ လယ်သမားနဲ့ ဖိနှိပ်ခံရသူ အားလုံးနဲ့အတူ လက်တွဲကာ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တရားမျှတမှုရရှိတဲ့အထိ အတူတကွ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
#PVTV

👍36🔥2
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH နဲ့ ကရင်နီပြည်ဒီမိုကရက်တစ်ပါတီတို့ ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေး
မေလ ၁ ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPHနဲ့ ကရင်နီပြည်ဒီမိုကရက်တစ်ပါတီတို့ လက်ရှိနိုင်ငံရေး အခြေအနေတွေ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ပါတယ်။
ဧပြီ ၃၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်နီပြည်ဒီမိုကရက်တစ်ပါတီတို့က လက်ရှိနိုင်ငံရေး အခြေအနေတွေ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းပြီး ကနဦးတွေ့ဆုံဆွေးနွေးမှုအဖြစ် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အမှာစကားပြောကြားတာ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်က နှုတ်ခွန်းဆက်စကား ပြောကြားတာနဲ့ ကရင်နီပြည်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ခူးသဲရယ်တို့က နှုတ်ခွန်းဆက်စကားပြောကြားတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီနောက် တက်ရောက်လာသူတွေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်နီပြည်ဒီမိုကရက်တစ်ပါတီတို့အကြား လက်ရှိနိုင်ငံရေးအခြေအနေတွေ၊ ရှေ့ဆက်အပြန်အလှန်ပူးပေါင်းစီစဉ်ဆောင်ရွက်သွားသင့်တဲ့ လုပ်ငန်းစဉ်တွေကို ချစ်ခင်ရင်းနှီးစွာနဲ့ မျှဝေဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်
ညွန့်နဲ့ အဖွဲ့ဝင်တွေ၊ ကရင်နီပြည်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ၊ ခူးသဲရယ်နဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က သတင်းထုတ်ပြန်ပါတယ်။

👍36❤8🔥1
နေပြည်တော်တွင် ဘုရားဖူးယာဉ် တိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာရရှိ
မေလ ၁ ရက်
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာ ဘုရားဖူးလာတဲ့ သုံးဘီးယာဉ် တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။
ဧပြီ ၃၀ ရက်၊ ကဆုန်လပြည့်နေ့ မနက် ၁၁ နာရီလောက်က လူ ၁၆ ယောက် ပါလာတဲ့ သုံးဘီးယာဉ်ဟာ ဥတ္တရသီရိမြို့နယ်ရှိတဲ့ ဗုဒ္ဓဂယာဘုရားဖူးပြီး ပြန်အဆင်း လမ်းတနေရာမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသူက “ဘုရားဖူးလာရင်း ဖြစ်တာလို့ သိရတယ်။ ယာဉ်မောင်းအပါ ၁၆ ယောက်လောက် လိုက်ပါလာတာ။ ဝိတ်တအားများပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာ။ တစောင်းမှောက်တာ၊ ဆုံးသွားတာက အမျိုးသားတယောက်ပါ” လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသားဟာ အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး ရုပ်အလောင်းကို ကူညီကယ်ဆယ်ရေး အဖွဲ့တွေက နေပြည်တော် ခုတင် ၁,၀၀၀ ဆေးရုံ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူတွေကို နေပြည်တော် ခုတင် ၃၀၀ ဆေးရုံ ပို့ဆောင်ထားကာ ၁၂ ယောက်က အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ဧပြီ ၂၄ ကနေ ၃၀ ရက်အထိ နေပြည်တော်က ဇေယျာသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေး စတဲ့မြို့နယ်တွေမှာ သုံးဘီးယာဉ်တိုက်မှုတွေ အပါအဝင် ယာဉ်တိုက်မှုတွေကြာင့် အရပ်သား ၃ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo: သဗ္ဗသုခ
#DVB

👍20😢6🔥1
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနေဆဲ ဖြစ်သည်ဆိုသော ရေရာသေချာသည့် သက်သေအထောက်အထားများ စစ်တပ်က မပြနိုင်ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ပြော
မေလ ၁ ရက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ချုပ်နှောင်ထားသည်ဟုဆိုသော်လည်း သက်ရှိထင်ရှားနေဆဲဖြစ်သည်ဆိုသော ရေရာသေချာသည့် သက်သေအထောက်အထားများကို စစ်တပ်က မပြနိုင်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံ အမှတ် ၅၄ သို့ ရောက်ရှိလာခြင်းမရှိသကဲ့သို့ နေပြည်တော်ရှိ နှင်းဆီခြံသို့လည်း ရောက်ရှိလာခြင်းမရှိကြောင်း၊ ထို့ကြောင့် စစ်တပ်က နေရာပြောင်းရွှေ့ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ အ ကြမ်း ဖက်စစ်အုပ်စုဘက်က ဓာတ် ပုံ တစ်ပုံ ထုတ်ပြလာတယ်၊ အဲဒီဓာတ်ပုံက ဘယ်အချိန် ဘယ်ကာလက ရိုက်ထားမှန်းတဲ့ မသိတဲ့ ဓာတ်ပုံဖြစ်တယ်၊။ အဲဒီအတွက်ကြောင့်မို့လို့ လက်ရှိ အချိန်မှာ ဒေါ်အောင် ဆန်းစုကြည်ဟာ သက်ရှိ ထင် ရှားရှိနေသေးတယ်ဆိုတဲ့ဟာကို ခိုင်လုံတဲ့ သက်သေတစ်ခုအနေနဲ့ ပြ နိုင်တဲ့အခြေအနေမျိုး မဟုတ်ဘူးလို့ပဲ ကျနော်တို့ ပြောကြားလိုတယ်။ ဒါတွေဟာ ဘာမှ ရေရာသေချာတဲ့ အခြေ အနေမဟုတ်ဘူးဆိုတာကိုတော့ အရင် ဆုံးပြောချင်ပါတယ်။ ” ဟု NUG ပြည် ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ယမန်နေ့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော် အ ကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ် ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ် မှတ်ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ ကြေညာရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ထုတ်ပြန်ခဲ့သော်လည်း ယင်းဓာတ်ပုံမှာ ယခုပုံလား၊ မည်သည့်အချိန် တွင် ရိုက်ထားသော ဓာတ်ပုံဖြစ်သည်ကို ဖော်ပြထားခြင်းမရှိပေ။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

👍37❤1😁1
ပိန်းဇလုပ်မြို့ ၊ ခလရ ၂၆၄ တပ်ရင်းအနီး ရွာမရွာတွင် တပ်စွဲထားသော စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ဂိတ်ကို မီးရှို့ရှင်းလင်း
မေလ ၁ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့ ခလရ ၂၆၄ တပ်ရင်းအနီးရှိ ရွာမကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ဂိတ်ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း Spring Warriors Column အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ပထမအကြိမ် တိုက်ခိုက်မှုအဖြစ် ဧပြီလ ၂၇ ရက်နေ့ ညပိုင်းတွင် ပိန်းဇလုပ် ခမရ ၂၆၄ အနီး ရွာမကျေးတွင် စစ်ဆေးရေးဂိတ်ဖွင့်ပြီး ပြည်သူများထံမှ နိုင်ထက်စီးနင်း အခကြေးငွေကောက်ခံလျှက်ရှိသော စစ်သားများကို SPRING WARRIORS COLUMN မှ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စစ်သား အားလုံး ထွက်ပြေးသွား၍ ဂိတ်ကို မီးရှို့ရှင်း လင်းခဲ့ကြောင်း သိရှိရသည်။
"ပိန်းဇလုပ် ခမရ ၂၆၄ အနီး ရွာမမှာ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ပြီး ပြည်သူတွေဆီနေ နိုင်ထက်စီးနင်း အခ ကြေး ငွေကောက်ခံနေတာ။ အဲဒီမှာ စစ်ခွေး အင်အားက ၂၀ ဝန်းကျင်လောက်ရှိတယ်။ ဧပြီ ၂၇ ရက်နေ့ ည ကျွန် တော်တို့ ဝင်စီးတော့ စစ်ကောင်စီ တပ်က ကောင်တွေက အကုန်ထွက်ပြေး ကုန်ကြတာပါ"ဟု Spring Warriors Column အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
ဒုတိယအကြိမ် တိုက်ခိုက်မှုအဖြစ် ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်လည်း ထိုစစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်က ထပ်မံဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ တပ်ကြပ်ကြီး အပါအဝင် ကျန်ရှိသော စစ်သားအားလုံး ဂိတ်ကို စွန့်ခွာ၍ ထွက်ပြေးသွားကြောင်း သိရသည်။
လတ်တလော စစ်တပ်က ညောင်လေးပင်မြို့နယ်အတွင်းတွင် စစ်ကြောင်းများခွဲ၍ စစ်ကြောင်းထိုးမှုများရှိနေပြီး စစ်ရေး အခြေအနေ တင်းမာနေကြောင်း သိရှိရသည်။

❤26👍15👏1😁1
ဘီးလင်းမှာ လူငယ် ၂၃ ဦး ပေါ်တာဆွဲခံရ၊ တစ်ဦးကို သိန်း ၃၀၀ တောင်း
မေလ ၁ ရက်
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်း-ရွှေလှေလမ်းပိုင်းမှာ လူငယ် ၂၃ ဦး ပေါ်တာဆွဲဖမ်းဆီးခံရပြီး တပ်နဲ့ရဲက တစ်ဦးလျှင် ငွေကျပ်သိန်း ၃၀၀ တောင်းခံနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ်၊ရဲနဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့ ညပိုင်းတွေမှာ ရွှေလှေနဲ့နှင်းပုလဲရွာကြားမှာ ပြုလုပ်နေတဲ့ အာဝါဒေးဝိုင်းကနေ ပြန်လာတဲ့ လူငယ်တွေကို စောင့်ဆိုင်းဖမ်းဆီးခဲ့တာပါ။
မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ စစ်တပ်ပူးပေါင်းအဖွဲ့တွေဟာ အာဝါဒေးဝိုင်းက ပြန်လာတဲ့ လူငယ်တွေအား စစ်ဆေးမေးမြန်းတာမရှိဘဲ ချက်ချင်း ကားပေါ်တွေကို အတင်းဆွဲတင်သွားတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေက အသက် ၁၈ နှစ်ကနေ ၃၀ ကြားအရွယ်တွေ ဖြစ်ပြီး နှင်းပုလဲ၊ ရွှေလှေ၊ သစ်တိုကျွန်း၊ ကျုံကမိစု၊ ကော့ကမယ်၊ ဘီးလင်းမြို့ပေါ်ရပ်ကွက်တွေက လူငယ် ၂၃ ဦး ဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ဘီးလင်းမြို့ရဲစခန်း၊ ဘီးလင်းအခြေစိုက် အမှတ် ၈ ခြေလျင်တပ်ရင်းတွေမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ပြန်လွှတ်ပေးဖို့အတွက် တစ်ဦးလျှင် ငွေကျပ်သိန်း ၃၀၀ တောင်းခံနေတာပါ။
ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲမှာ ငွေကြေးတက်နိုင်တဲ့ မိသားစုတွေထဲက လူငယ် ၅ ဦးသာ ပြန်လွတ်လာပြီး ကျန်လူငယ်တွေကို ဆက်လက်ဖမ်းဆီးထားပါတယ်။
ဆက်လက်ဖမ်းဆီးခံရတဲ့ လူငယ်တွေကို အခုရက်ပိုင်းအတွင်း နယ်မြေခံ စစ်သားစုဆောင်းရေးတပ်နဲ့ စစ်အခြေခံ လေ့ကျင့်ရေးတပ်တွေထံ ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ် ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၄ အထိ စစ်မှုထမ်း တပ်သား စုဆောင်းခံရသူ ၅၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။
#TLT

🤬30👎6😁2❤1👍1👏1
မနက်ဖြန် ထိုင်းထီထွက်ရက်ဖြစ်ပါသောကြောင့် ထီကြိုမှာထားသူများ Admin များသို့ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်ရှင့်။
2 MAY 2026 ထွက်မည့်ဘတ် ၆ / ၁၂ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်
မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/
🍀 ဘတ် ၆ သန်း ထီနံပါတ်များ - ⤵️
887300
195400
029700
269105
002306
953311
377013
662615
334818
118130
927040
086054
676058
233063
630770
303772
894474
604077
310779
381780
263082
912382
536786
769688
888236
116822
117822
495044
615655
006288
ဘတ် 12 သန်း ထီနံပါတ်များ
📱 ဆက်သွယ်ဝယ်ယူရန် 📱
- https://t.me/pyithuaungpwel
- https://t.me/infoAthlaing
Viber ☎️ +66930839386 ( ယခု Viber account ကို စာပို့ထားတာများကို လက်ခံရရှိပါသည်။ ညီမဖတ်ကစာပြန်ပို့တာ ပို့မရဖြစ်နေလို့ပါရှင့်။
ဒီ Viber account အသစ်ကို ဆက်သွယ်ပေးကြပါအုံးရှင့် +66991894319
#ThaiLottery

❤15👍6
PDF ခေါင်းဆောင်အပါအဝင် ၉ ဦး သေဆုံးမှုဖြစ်စဉ်ကို စစ်ဘက်ဆိုင်ရာဥပဒေဖြင့် အရေးယူမည်ဟုဆို
မေလ ၁ ရက်
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲဒေသတွင် လှုပ်ရှားနေသည့် MB Local PDF အဖွဲ့အား ဖျက်သိမ်းကာ လက်နက်သိမ်းဆည်းသည့် ဖြစ်စဉ်အတွင်း အဖွဲ့ခေါင်းဆောင် အောင်မင်း အပါအဝင် ၉ ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ စစ်အက်ဥပဒေနှင့်အညီ ဆက်လက်ဖြေရှင်းသွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ယမန်နေ့ (ဧပြီ ၃၀) တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါဖြစ်စဉ်သည် Alpha စစ်ဒေသနှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (အမှတ်-၁၀၀၁ တပ်ဖွဲ့) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးရမိထားသည့် ကျန်ရှိနေသော အောင်မင်း၏ ရဲဘော်များကို ကရင်နီပူးတွဲစစ်ဦးစီးအဖွဲ့ (JCS) ၏ စစ်ရုံးအောက်တွင် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
သေဆုံးသူ အောင်မင်းသည် မူလက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ရှိ တပ်ရင်း (၁၀၀၁) တွင် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် အမိန့်နာခံမှုမရှိဘဲ သီးခြားခွဲထွက်ကာ MB Local PDF အမည်ဖြင့် ရပ်တည်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်အရ စက်တော်ရာရှိ ကျောင်းထိုင်ဘုန်းတော်ကြီးအား အကြောင်းပြချက်မရှိ သတ်ဖြတ်ခြင်း၊ အလင်းဝင်လာသည့် CDM စစ်သည်များနှင့် စစ်သုံပန်းများကို သတ်ဖြတ်ခြင်း၊ ပြည်သူလူထု၊ အမျိုးသမီးများနှင့် ဘာသာရေးခေါင်ဆောင်များအပေါ် လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် တော်လှန်ရေးအမည်ခံကာ အလွဲသုံးစားပြုလုပ်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းစသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ပြောဆိုထားသည် ။
ထို့ကြောင်း ယင်း တပ်ဖွဲ့အား ဖျက်သိမ်းရန်နှင့် လက်နက်အပ်နှံရန် ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများက ဧပြီ ၁၆ ရက်တွင် ဆုံးဖြတ်ခဲ့ကြသော်လည်း အောင်မင်းဦးဆောင်သည့်အဖွဲ့က လက်မခံခဲ့ပေ။
ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တော်လှန်ရေးအင်အားစုဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ MB Local PDF ဘက်မှ ခေါင်းဆောင်အောင်မင်း အပါအဝင် ၉ ဦး သေဆုံးခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများကို ပြည်သူ့အုပ်ချုပ်ရေးကောင်စီထံ လွှဲပြောင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။
ကယန်းပြည်သစ်ပါတီ (KNLP) ကလည်း ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါအဖွဲ့အား ဒေသတည်ငြိမ်ရေးကို ဖျက်ဆီးသည့် ဒုစရိုက်သမားများအဖြစ် သတ်မှတ်ကာ ၎င်းတို့၏ လှုပ်ရှားမှုမှန်သမျှကို လက်ခံမည်မဟုတ်ကြောင်း ကြေညာထားသည်။
ထို့အပြင် မိုးဗြဲဒေသရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံများကလည်း အဆိုပါအဖွဲ့အား ဖျက်သိမ်းရန် သဘောတူညီခဲ့ကြသည်ဟု အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
သို့သော် MB Local PDF ဘက်ကမူ ၎င်းတို့သည် မိုးဗြဲရဲစခန်းသိမ်းတိုက်ပွဲ အပါအဝင် တိုက်ပွဲပေါင်းများစွာတွင် ပါဝင်ခဲ့သည့်အဖွဲ့ဖြစ်ပြီး၊ တော်လှန်ရေးကာလအတွင်း အဖွဲ့ဝင် ၈ ဦး ကျဆုံးခဲ့ဖူးကြောင်း ယခင်က ထုတ်ပြန်ထားဖူးသည်။
Alpha စစ်ဒေသနှင့် ၁၀၀၁ တပ်ဖွဲ့တို့ကမူ ယခုဖြစ်စဉ်သည် တော်လှန်ရေးရပ်တည်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး တရားစီရင်ရေးကိစ္စများ ပြီးမြောက်ပါက ကျန်ရှိသည့် ရဲဘော်များနှင့်အတူ စစ်အာဏာရှင်တော်လှန်ရေးတွင် ဆက်လက်လက်တွဲသွားရန် ဆန္ဒရှိကြောင်းလည်း ပြောဆိုထားသည်။
ဓါတ်ပုံ - Mobye Local PDF၏အတိအလင်းပြန်လည်ကြေညာထူထောင်ခြင်း ၁နှစ်ပြည့် အခမ်းအနား ( ပုံဟောင်း )
#TLKN

👍29❤2😁2
အင်းတော်မြို့ကို စစ်တပ်ပြန်ထိန်းချုပ်
မေလ ၁ ရက်
တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို စစ်တပ်က စစ်မှုထမ်းတပ်သားအင်အားအများအပြားသုံး စစ်ကြောင်းထိုးပြီးနောက် ဧပြီ ၃၀ရက်မနေ့က ပြန်လည်ထိန်းချုပ်သွားတယ်လို့ သိရပါတယ်။
စစ်မှုထမ်းသင်တန်းတွေပေးနေတဲ့ ခမရ(၁၁၉) တပ်ရင်းနဲ့ (၁၁၆)တပ်ရင်းတွေကို စစ်တပ်က ဧပြီမှာ ထီးချိုင့်မြို့ဘက်ကို အင်အားပို့ခဲ့တယ်လို့ သိရပါတယ်။ဒီတပ်တွေဟာ တပ်မ(၃၃)ရဲ့ လက်အောက်ခံတပ်တွေဖြစ်ပြီး မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊ဆင်ပွတ်ကြီးကျေးရွာအနီးမှာ ရှိပါတယ်။
ယခင်က သပိတ်ကျင်းစစ်ခွင်ကို စစ်တပ်ရဲ့ တပ်မ(၅၅)က တာဝန်ယူခဲ့ပြီး ထိုးစစ်ဆင်ခဲ့တာပါ။သပိတ်ကျင်းမြို့ကို ရခဲ့ပြီးတဲ့နောက် တွင်းငယ်ဘက်ကနေ တကောင်းမြို့ကို ထိုးစစ်ဆင်ချိန်မှာ တပ်အချိန်းအပြောင်းပြုလုပ်ပြီး တပ်မ(၃၃)ဟာ မန္တလေးတိုင်းမြောက်ပိုင်းနေရာ တွေကိုပါရောက်လာပြီး စစ်ကိုင်းတိုင်း ထိုးစစ် တွေမှာပါ ဝင်လာတာ တွေ့ရပါတယ်။
တကောင်းမြို့ကနေတဆင့် ထီးချိုင့်မြို့ကို စစ်တပ်ဝင်ရောက်တပ်စွဲကာ ကသာမြို့ကို ထွက်တဲ့ဗျူဟာလမ်းပိုင်းကို အင်အားချထားစဉ်မှာလည်း အင်အားဖြည့်တင်းမှု တွေပြုလုပ်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်း မြစ်တချို့ဆီက သိရပါတယ်။
အဲဒီနောက် ထီးချိုင့်ကနေ ကသာမြို့ကို စစ်ကား၂၂စီးနဲ့ အင်အားတိုးပြီး မြို့ထဲက ခမရ (၃၀၉)တပ်ရင်းနဲ့ ပေါင်းကာ အင်းတော်မြို့ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ပါတယ်။
ကသာ-နဘား- အင်းတော်လမ်းအတိုင်းစစ်ကြောင်းထိုးလာပြီး ဧပြီ ၂၃ ရက်ကစတင်ကာ ကသာနဲ့ နဘားလမ်းဆုံကြားမှာ ထိတွေ့တိုက်ပွဲ တွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
ဧပြီ ၂၆ရက်မှာ စစ်ကြောင်းက နဘားလမ်းဆုံနဲ့ တစ်မိုင်အကွာကို ရောက်လာပြီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်ခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။
ဧပြီ၂၇နဲ့၂၈ရက်တွေမှာ စစ်တပ်စခန်းတစ်ခုကို တော်လှန်ရေး တပ်တွေ ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။စစ်တပ်က စစ်သားတစ်ဦးအရှင်ဖမ်းမိပြီး လက်နက် လေးလက်ရကာ ဗိုလ်ကြီးတစ်ဦး အပါအဝင် သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။
"အရင်နေ့ကတော့ ကိုယ့်ဘက်ကဒဏ်ရာများတယ်။အသေးစား ဒရုန်းစထိမှန်တာ တွေပါ။၂၈ရက်နေ့ကတော့ မထိဘူး။ဒီလို စစ်တပ်ဘက်ကကျပြီးချိန်မှာ အသေခံဒရုန်း တွေတော့ ဆက်တိုက်လာနေတယ် "လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဲဒီနောက် စစ်တပ်ရဲ့ အသေခံဒရုန်းနဲ့ စစ်ကူအင်အားအများအပြားရောက်ကာ ဧပြီ ၂၉ရက် မှာ နဘားရွာကို စစ်တပ်စီးနင်းလိုက်တယ်လို့ သိရပါတယ်။
"ကသာကစထွက်လာချင်းက အင်အား၃၀၀ လောက်လို့သတင်းရတယ်။အဲတာပြီးတော့ အင်အားထောင်ချီစစ် ကြောင်းတွေ ပေါင်းသွားတယ်။ဒရုန်းနဲ့ လက်နက်ကြီး တွေဆက်တိုက်သုံးပြီး ဝင်စီးသွားတာ "လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
နဘားရွာနဲ့အင်းတော်မြို့ဟာ ၅မိုင်ခန့် ဝေးပေမယ့် ဒရုန်းသာလွန်အင်အားသုံးကာ စစ်တပ်က မြို့ကိုပြန်ထိန်းချုပ်သွားတာလို့ သိရပါတယ်။
ဧပြီ၂၃ ရက်ကစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပေမယ့် တပတ်အကြာမှာပဲ တော်လှန်ရေး တပ် တွေအင်းေတာ်မြို့ကို လက်လွှတ်လိုက်ရတာပါ။
၂၀၂၅ ဩဂုတ်ကစတင်ကာ စစ်တပ်က ဆုံးရှုံး နယ်မြေ အားလုံးကို တန်ပြန်ထိုးစစ်စတင်ခဲ့တာပါ။
လက်ရှိမှာ အင်းတော်မြို့ထဲက နေရာတွေကို စစ်တပ်က စီးနင်းထားပြီး မြို့ခံတွေကတော့ ၂၀၂၅ ဧပြီက တော်လှန်ရေးတပ် တွေသိမ်းယူပြီးချိန်ကတည်းကလေကြောင်းရန်ကြောင့် မြို့အတွင်းနေထိုင်တာ မရှိကြဘူးလို့ သိရပါတယ်။
လက်ရှိလည်း စစ်တပ်က မိုးကုတ်မြို့ကို စစ်အင်အားထောင်နဲ့ချီ ထပ်ပို့ထားပြီး ရှမ်းပြည်နယ်စပ်ကို စစ်ကြောင်းထိုးဖို့ပြင်နေတယ်လို့သိရပါတယ်။
(မြို့သိမ်းတိုက်ပွဲတွေအတွင်း ပျက်စီးနေတဲ့ အင်းတော်ဟိုတယ်။ ဓာတ်ပုံ - CJ)

👎19🤬11👏2❤1
အမေရိကန်နှင့် ဆက်ဆံရေးပြန်လည် တည်ဆောက်ရန် ဒေါ်နယ်ထရမ့်၏ လူယုံ မိတ်ဆွေ ရော်ဂျာစတုန်းကို မြန်မာစစ်တပ်က လော်ဘီအဖြစ် ငှားရမ်း
မေလ ၁ ရက်
အမေရိကန်နှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ဒေါ်နယ်ထရမ့်၏ လူယုံ ရော်ဂျာစတုန်းကို မြန်မာစစ်တပ်က လော်ဘီအဖြစ် ငှားရမ်းလိုက်ကြောင်း Bloomberg Government က သတင်းဖော်ပြသည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အစိုးရ၏ ပြင်းထန်သော ဒဏ်ခတ်ပိတ် ဆို့မှုများကြောင့် ကြုံတွေ့နေရသည့် နိုင်ငံတကာငွေပေးချေမှု အခက်အခဲများနှင့် လက်နက်ဝယ်ယူခွင့် ပိတ်ပင်ထားမှုများကို ဖြေရှင်းနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။
ယခုအခါ အမေရိကန်နိုင်ငံရေးလောကတွင် လှည့်ကွက်အမျိုးမျိုး သုံးတတ်သူအဖြစ် လူသိများသည့် ရော်ဂျာစတုန်းကို လော်ဘီအဖြစ် ငှားရမ်းခြင်းမှာ စစ်တပ်၏ နောက်ဆုံးခြေလှမ်း ဖြစ်လာသည်။ ၂၀၂၁ ခုနှစ်တွင် ကနေဒါနိုင်ငံသား Ari Ben-Menashe ၏ Dickens & Madson အဖွဲ့ကို အမေရိကန်ဒေါ်လာ ၂ သန်းဖြင့် ငှားရမ်းခဲ့သည်။ နောက်ပိုင်းတွင် ဝါရှင်တန်ဒီစီအခြေစိုက် DCI Group ကို တစ်နှစ်လျှင် ဒေါ်လာ ၃ သန်းပေး၍ ထပ်မံငှားရမ်းခဲ့ပါသည်။ ယခင်အဖွဲ့များကို ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခံခဲ့သော်လည်း စစ်အုပ်စု မျှော်လင့်ထားသည့် ရလဒ်များ မရရှိခဲ့ပေ။
ရော်ဂျာစတုန်းသည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် နှစ်ပေါင်းများစွာ ရင်းနှီးသူဖြစ်ပြီး ၂၀၁၆ ခုနှစ် ရွေး ကောက် ပွဲတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဖြစ်သည်။ သူသည် ၂၀၁၉ ခုနှစ်တွင် လွှတ်တော်အား လိမ်လည်ထွက်ဆိုမှု အပါအဝင် စွဲချက်များစွာဖြင့် ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခံခဲ့ရသော်လည်း၊ ၂၀၂၀ ခုနှစ်တွင် သမ္မတ ဒေါ်နယ်ထရမ့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည့် ထောင်ထွက်နိုင်ငံရေးပွဲစားတစ်ဦး ဖြစ်သည်။
ယခုစာချုပ်ကို စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သော်လည်း ငှား ရမ်းခ ပမာဏကိုမူ အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ မြန်မာစစ်တပ်က ၎င်းတို့ကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများကို နိုင်ငံတကာက မေ့လျော့သွားစေရန် ရော်ဂျာစတုန်းကဲ့သို့ သြဇာရှိသူတစ်ဦးကို အသုံးချ၍ လှည့်ဖျားရန် ကြံစည်နေခြင်း ဖြစ်သည်။
သို့သော်လည်း အမေရိကန်အစိုးရက ချမှတ်ထားသည့် ခိုင်မာသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းရန်မှာ စစ်တပ် မျှော်လင့်ထားသကဲ့သို့ လွယ်ကူလိမ့်မည်မဟုတ်ကြောင်း သတင်းက သုံးသပ်ဖော်ပြထားသည်။

😁33👎7❤3
တားမိုးညဲမှာ ရွှေဓားပြတိုက်လုယက်သွားတဲ့ တပ်သားတစ်ဦးကို ကိုးကန့်တပ်ဖွဲ့က လက်နောက်ပြန် ကြိုးချိတ်ဆွဲထားပြီး ရိုက်နှက်အပြစ်ပေး
မေလ ၁ ရက်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် တားမိုးညဲကျေးရွာဘက်မှာ ရွှေဓားပြတိုက်လုယက်သွားခဲ့တဲ့ တပ်ဖွဲ့ဝင်တစ်ဦး ကိုးကန့်တပ်-MNDAAက လက်နောက်ပြန် ကြိုးချိတ်ဆွဲထားပြီး ရိုက်နှက်အပြစ်ခဲ့ကြောင်း ဒီအကြောင်းသိရှိသူအမျိုးသားတစ်ဦး ရွှေဖီမြေကို ပြောပါတယ်။
ဖြစ်စဉ်ဟာ မနေ့ ဧပြီ ၃၀ ရက်မှာ တာမိုးညဲမြို့ ရှောက်ဟော်ကျေးရွာမှာ ဖြစ်ပွါးခဲ့တာ ဖြစ်ပြီး ဒေသခံ အမျိုးသမီးတစ်ဦးထံကနေ ကိုးကန့်တပ်ဖွဲ့ဝင်တစ်ဦးက ဓားပြတိုက်လုယက်သွားခဲ့တယ်လို့ ဆိုပါတယ်။
"လုံထမ် ရှောက်ဟော်ဘက်မှာ ဖြစ်သွားတာ။ ကိုးကန့်တပ်သားတစ်ဦး ပစ္စည်းခိုးတယ်လို့ ပြောကြတယ်။ သူက အဖွားတစ်ယောက်ဆီမှာ ဓားပြလာတိုက်သလိုဖြစ်သွားတာ။ အဲအဖွားရဲ့ ရွှေဆွဲကြိုးလုယူသွားလို့ ဆိုပြီး ကိုးကန့်တပ်က သူ့ကို ရိုက်နှက်အပြစ်နေတာ။ အဲအဘွားလည်း ဒဏ်ရာနည်းနည်းရသွားတယ်”လို့ ပြောပါတယ်။
အဲဒီတပ်သားဟာ ဓားပြတိုက်ပြီး ရိုက်နှက်ခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားပေမယ့် ဖြစ်စဉ်အသေးစိတ်နဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ ရွှေဖီမြေအနေနဲ့ အသေးစိတ်ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ဓားပြတိုက်လုယက်သွားတဲ့ တပ်သားတစ်ဦးကို MNDAA တပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းရှိ အိမ်တစ်အိမ်နဲ့ လမ်းဘေးက ကျောက်တိုင်တစ်ခုမှာ လက်တွေကို နောက်ပြန်ကြိုးတုပ်ပြီး ပြင်းထန်စွာ ရိုက်နှက်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်မှာ မနေ့ ဧပြီ ၃၀ရက်နေ့ ညပိုင်းကစပြီး ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ - Telegram
#SPM

👍17🤔4❤2👏1
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် အကြမ်းဖက် မင်းအောင်လှိုင်ကို ကန့်ကွက်ဆန္ဒပြပြီး စစ်တပ်၏ CI စနစ်နှင့်အခွန် ကောက်ခံမှုများကို ဖျက်သိမ်းရေး ဆန္ဒပြ
မေလ ၁ ရက်
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် အကြမ်းဖက် မင်းအောင်လှိုင်ကို ကန့်ကွက်ဆန္ဒပြပြီး စစ်တပ်၏ CI စနစ်နှင့်အခွန် ကောက်ခံမှုများကို ဖျက်သိမ်းရေး ယနေ့ ဆန္ဒပြကြကြောင်း ထိုင်း The Reporter က သတင်းဖော်ပြသည်။
ယနေ့ မေလ ၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ (Bright Future အဖွဲ့)က ဘန်ကောက်မြို့ရှိ အနုပညာနှင့် ယဉ်ကျေးမှုဗဟိုဌာန (BACC) ရှေ့တွင် စုဝေးကာ အလုပ်သမားအခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာ တောင်းဆိုချက်များကို ထုတ်ဖော်ဆန္ဒပြကြသည်။
အဆိုပါ ဆန္ဒပြပွဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများက စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆန္ဒပြကြပြီး မြန်မာစစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို ဝိုင်းဝန်းသပိတ်မှောက်ရန်နှင့် ပြစ်တင်ရှုတ်ချရန် တောင်းဆိုကြသည်။
ထို့ပြင် မင်းအောင်လှိုင်သည် မြန်မာပြည်သူများ၏ ခေါင်းဆောင်မဟုတ်သကဲ့သို့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီကို မည်သည့်အခါမျှ ဖော်ဆောင်ပေးနိုင်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
ထို့နောက် CI စာအုပ်များ ဖျက်သိမ်းရေးကို ဆန္ဒပြကြပြီး ကမ္ဘာတစ်ဝန်းရှိ မြန်မာအလုပ်သမားများအပေါ် ဖိနှိပ်ချုပ်ချယ်မှုနှင့် ခေါင်းပုံဖြတ်မှုများ ပြုလုပ်ရာတွင် အသုံးပြုနေသည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးသည့် စနစ်ကို ဖျက်သိမ်းပေးရန် တောင်းဆိုကြသည်။
ထိုင်းနိုင်ငံတွင် ထိုင်းအစိုးရက ထုတ်ပေးထားသည့် ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် မှတ်ပုံတင်ကတ် (ပန်းရောင်ကတ်) ကိုသာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံရန်နှင့် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန်အတွက် အဓိက အထောက်အထားအဖြစ် အသုံးပြုခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

👍25😁1
ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့နှင့် စစ်တပ်က တွေ့ခွင့်ပေးမည်၊ မပေးမည်ကို မသိရှိရသေးဘဲ နေအိမ်ကို ထောင်အဖြစ် ပြောင်းလဲချုပ်နှောင်ထားခြင်းဖြစ်၍ ဘာမှ လျော့မသွားဟု ရှေ့နေအဖွဲ့က မှတ်ချက်ပြု
မေလ ၁ ရက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့နှင့် စစ်တပ်က တွေ့ခွင့်ပေးမည်၊ မပေးမည်ကို မသိရှိရသေးဘဲ လာမည့် တနင်္ဂနွေနေ့တွင် ထောင်ဝင်စာပေးနိုင်ရေး ရှေ့နေအဖွဲ့က ကြိုးပမ်းသွားမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၃၀ ရက်နေ့ညပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံသည့်နေရာကို သတ်မှတ်ထားသော နေအိမ်သို့ ပြောင်းလဲခဲ့ကြောင်း၊ ထို့ကြောင့် လာမည့် တနင်္ဂနွေနေ့ ထောင်ဝင်စာ ပေးပိုရမည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ စစ်တပ်က တွေ့ခွင့်ပေးမည်၊ မပေးမည်ကို မသိရှိကြောင်း ရှေ့နေအဖွဲ့က ပြောဆိုသည်။
"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအနေနဲ့ သပ်သပ်ကြီးတော့ သွားတွေ့တာ မဟုတ်ဘူး။ ရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်ရင်းနဲ့ ထောင်ဝင်စာ အမြဲပို့တယ် ပုံမှန်ပို့တယ်။ ဆန်းဒေး ဆို သွားတာပဲ။ အဲဒီတော့ လာမယ့် ဆန်းဒေး ကို ထောင်ဝင်စာ ပို့မှာပေါ့။ ဒေါ်ဆောင်ဆန်းစုကြည်ကို သွားတွေ့မှာ မဟုတ်သေးဘူး။ ထောင်ဝင်စာ သွားပို့မှာ။ တွေ့ခွင့်ရရင်လည်းတွေ့မှာပေါ့။ ဘယ်မြို့နယ်ထဲမှာ နေအိမ်အကျယ်ချုပ်ထားလဲ ဆိုတာလဲ မသိဘူး။ ဟိုကျမှ သိရမှာ သူတို့က ဘယ်သူ့ကိုမှ မပြောဘူးလေ။ ကျနော်တို့ကို ပြောတာလည်း မဟုတ်ဘူး။ ဘယ်သူ့ကိုမှ ပြောတာမဟုတ်ဘူး။ နေအိမ်မှာ ထောင်ချလိုက်တာပဲ။ ထောင်မှာ နေရတာတော့ မဟုတ်တော့ဘူး။ မနက်ပိုင်းက ၆ ပုံ ၁ ပုံလျှော့ပေးလိုက်တယ်။ ပေးပြီးတော့ ညနေကျတော့ ၅၄၁ နဲ့ ထောင်အချုပ်ပြောင်းချလိုက်တာပဲ။ ထောင်ပဲ။ နေအိမ်ကို ထောင်လုပ်လိုက်တာပေါ့။ ဒီသဘောပဲ ဘာမှမလျော့ဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ပြောဆိုသည်။
လတ်တလော စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ထုတ်ဖော်ပြသလိုက်သော်လည်း အငြင်းပွားစရာများစွာ ရှိနေဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။
" ညက ကြေညာတဲ့အတိုင်းပဲ ၅၄၁ နဲ့ နေအိမ်အကျယ်ချုပ်ချလိုက်တယ်အဲဒါပဲ သိရသေးတယ်။ ထောင်ပဲ အိမ်ကို ထောင်လုပ်လိုက်တာပဲ။ ဒါပေမယ့် သူ့ရုပ်ကို ထုတ်ပြလိုက်တယ်။ မသေသေးဘူးဆိုတာကို ပြတာပေါ့။ လူတွေက သေပြီသေပြီနဲ့ သူ့သားကလည်း ပြောနေတော့ အကုန်လုံးကလည်း ပြောနေတဲ့ အခါကျတော့ နိုင်ငံတကာကလည်း ပြောနေတော့ အဲဒါ ထုတ်ပြလိုက်တာပေါ့။ အဲဒါကိုလည်း AI နဲ့လို့ အမျိုးမျိုးပြောတာပေါ့။ အမျိုးမျိုးပြောတော့ ကျနော်တို့လည်း မသိဘူးလေ။ AIတွေလည်း နားလည်တာမဟုတ်ဘူး။ ရုပ်ကတော့ ကြည့်တဲ့ အခါကျတော့ ကျနော်တို့က ခန့်မှန်းလို့ ရတယ်လေ။ ထောင်ထဲမှာနေတဲ့ ကျနော်တို့ ဥက္ကဋ္ဌရဲ့ ရုပ်ပဲလေ။ ကျနော်တို့ သွားတွေ့ မှာတော့ မဟုတ်ပါဘူး။ ထောင်ဝင်စာ သွားတွေ့မှာပေါ့ ထုံးစံအတိုင်း ထောင်ဝင်စာသွားပို့မှာပေါ့။ ထောင်ဝင်စာသွားပို့ရင်လည်း သူ့ဆီကို တိုက်ရိုက်မရောက်သေးဘူး။ ရဲစခန်းကိုပဲပေးရတာ ရဲစခန်းပေးတဲ့ အခါကျတော့ ဟိုကလာယူမှာ စစ်တပ်က လာယူတာ " ဟု ရှေ့နေအဖွဲ့က ဆက်လက်ပြောဆိုသည်။

👍8❤3