အကြမ်းဖက် မင်းအောင်လှိုင်အမိန်ဖြင့် အခြေခံပညာကျောင်းများတွင် လူငယ်တိုင်း စစ်မှုထမ်းရမည့် စစ်မှုထမ်းဥပဒေကို စတင်သင်ကြားနေပြီဟု ပညာရေးဒုဝန်ကြီး နေမျိုးလှိုင်ပြော
နိုဝင်ဘာလ ၃ ရက်
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အမိန်ဖြင့် အခြေခံပညာစာသင်ကျောင်းများတွင် စစ်မှုထမ်းဥပဒေ အပါအဝင် ဥပဒေ အသိပညာပေးမှုများကို စတင်သင်ကြားနေပြီဖြစ်ကြောင်း ပညာရေးဒုဝန်ကြီး နေမျိုးလှိုင်က ပြောဆိုလိုက်သည်။
ယမန်နေ့ ကြံ့ဖွတ် လွှတ်တော်အစည်းအဝေးတွင် ကြံ့ဖွတ် လွှတ်တော်အမတ်တစ်ဦးက ဥပဒေပညာဘာသာရပ်ကို အခြေခံပညာအလယ်တန်းနှင့် အထက်တန်းများတွင် သင်ကြားနိုင်ရေး မည်သည့်နှစ်မှစတင်ဆောင်ရွက်မည်ကို သိရှိလိုခြင်းမေးခွန်းကို ၎င်းက ဖြေကြားစဉ် စစ်မှုထမ်းဥပဒေကို အခြေခံပညာကျောင်းများတွင် ထည့်သွင်းသင်ကြားနေပြီဖြစ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။
မင်းအောင်လှိုင်ညွှန်ကြားချက်အရ ၂၀၂၄-၂၀၂၅ ခုနှစ်မှစတင်၍ ဥပဒေပညာအသိပညာပေး အစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း သူက ဆိုသည်။
အခြေခံပညာအလယ်တန်းဆင့် Grade-8၊ Grade-9 တွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များသင်ကြား ပို့ချပေးလျက်ရှိပါကြောင်း၊ အခြေခံပညာအထက်တန်းဆင့် Grade-10၊ Grade-11၊ Grade-12 တန်းများတွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များ သင်ကြားပို့ချပေးလျက်ရှိသည့်အပြင် ဥပဒေရေးရာဝန်ကြီးဌာနမှ ပြုစုထားသည့် ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများ သင်ကြားလျက်ရှိကြောင်း သူက ဆိုသည်။
အထူးသဖြင့် ဒွါဒသမတန်း -Grade 12 တွင် ဥပဒေအသိပညာစာအုပ်တွင် ပါရှိသော အခန်း ၈ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို သင်ကြားပို့ချနေကြောင်း၊ စစ်မှုထမ်းဥပဒေကို ဒွါဒသမတန်း (Grade 12) တွင် တစ်နှစ်လျှင် စာသင်ချိန် ၂၄ ချိန် သင်ကြားပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။
"ပုဂ္ဂလိက ပညာသင်ကျောင်းတွေမှာလည်း စစ်မှုထမ်းဥပဒေကို မသင်မနေရ သင်ခိုင်းပါတယ်။ ဒီနှစ်ပညာသင်နှစ်မှာ စပြီး သင်ခိုင်းတာပါ။ စာသင်ချိန် ၂၄ ချိန်မှာ စစ်မှုထမ်းဥပဒေကို ထည့်သင်ခိုင်းတယ်" ဟု ရန်ကုန်မြို့အခြေစိုက် ပညာ့အားမာန် ပုဂ္ဂလိက ပညာရေး သင်တန်းကျောင်းမှ ဆရာတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ်မှစတင်၍ စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ လူငယ်များကို လစဉ် စစ်မှုထမ်းသင်တန်းခေါ်ယူနေပြီး ယခုအခါ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၃၀ အထိ ရောက်ရှိလာပြီဖြစ်သည်။
စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားမှန်သမျှကို စစ်မှုထမ်းရမည်ဟုဆိုကာ ဆင့်ခေါ်နေပြီး တစ်နိုင်ငံလုံးတွင် အကြမ်းဖက် ပေါ်တာဆွဲ ဖမ်းဆီးမှုများလည်း ဖြစ်ပွားလျက်ရှိသည်။
#KTM
#HlaingInfo

🤬60😁9❤3🔥2👏2👎1
မန္တလေးတွင် စစ်တပ်၊ ရဲနှင့်ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့များက KTV များကို ဝင်ရောက်စစ်ဆေးပြီး လေတပ်ဗိုလ်မှူး ၁ ဦး အပါအဝင် မူးယစ်ဆေးသုံးသူ ၂၀ ခန့်ကို ဖမ်းဆီးရရှိသော်လည်း ငွေကျပ် သိန်းထောင်ချီ လာဘ်ငွေယူပြီး ပြန်လွှတ်ပေး
နိုဝင်ဘာလ ၃ ရက်
မန္တလေးမြို့ရှိ KTV ဆိုင်များကို စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့များက မူးယစ်ဆေးဝါးနှိမ်နင်းရေးအကြောင်းပြချက်ဖြင့် ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ရာ မိတ္ထီလာလေ တပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် လူဦးရေ ၂၀ ခန့်ကို ဖမ်းဆီးရရှိခဲ့သော်လည်း အမှုဖွင့်အရေးယူခြင်းမပြုဘဲ ငွေကျပ်သိန်းထောင်ချီ လာဘ်ယူကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း မန္တလေး ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
မန္တလေးမြို့၊ သိပ္ပံလမ်းဘေးရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက ရှယ်ယာအများဆုံး ပါဝင်ပိုင်ဆိုင်ထားသော Mandalay Convention Center (MCC) ၏ တောင်ဘက်တွင် တည်ရှိသည့် Maxius KTV ကို အောက်တိုဘာ ၁၁ ရက် ညပိုင်းတွင် မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်ဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အဆိုပါ KTV သည် ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်၍လည်း နာမည်ထွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
ယင်းစီးနင်းမှုအတွင်း မိတ္ထီလာလေတပ်မှ လေယာဉ်မောင်းသင်တန်းဆရာ ဗိုလ်မှူး ဟန်ထွန်းဦးအပါအဝင် စစ်ဘက်အရာရှိများနှင့် အပျော်မယ်များ စုစုပေါင်း လူ ၂၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
သို့သော် ဖမ်းဆီးခံရသူအားလုံးကို တရားဥပဒေအရ အရေးယူခဲ့ခြင်းမရှိဘဲ လူငယ်အချို့ကိုသာ ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီး ဗိုလ်မှူး ဟန်ထွန်းဦးအပါအဝင် အခြားသူအချို့ကို ငွေကြေးညှိနှိုင်းကာ အမှုဖွင့်ခြင်းမပြုဘဲ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ဖြစ်စဉ်နှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ ဖမ်းဆီးခံရသူအချို့ထံမှ တစ်ဦးလျှင် ကျပ်သိန်း ၁၅,၀၀ နှုန်းဖြင့် ငွေတောင်းခံခဲ့ပြီး KTV ဆိုင်ဘက်က ကျပ်သိန်း ၅၀၀ ကျခံပေးခဲ့ကြောင်း သိရှိရသည်။
မန္တလေးသတင်းရင်းမြစ်၏ အဆိုအရ ငွေကြေးပေးနိုင်သည့် စစ်ဘက်အရာရှိများနှင့် တရုတ်နိုင်ငံသားအချို့ကို အမှုဖွင့်အရေးယူခြင်းမရှိဘဲ ငွေကျပ်သိန်းထောင်ချီ ရယူကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ပြောဆိုသည်။
မန္တလေး သတင်းရင်းမြစ်က “ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ လေတပ်အရာရှိတွေနဲ့ ငွေကြေးပေးနိုင်တဲ့ တရုတ်နိုင်ငံသားအချို့ကို အမှုဖွင့်အရေးယူတာ မရှိဘဲ ငွေကျပ်သိန်းထောင်ချီယူပြီး ပြန်လွှတ်ပေးခဲ့တယ်” ဟု ပြောသည်။
စစ်အုပ်စုလက်အောက်ခံ မူးယစ်အထူးအဖွဲ့ကမူ အဆိုပါဖမ်းဆီးမှုနှင့်ပတ်သက်၍ 7 Mandalay KTV နှင့် LAS VEGAS KTV တို့မှ လူ ၁၆ ဦးကိုသာ ဖမ်းဆီးရရှိခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် မူးယစ်အထူးတပ်ဖွဲ့အပါအဝင် ဖမ်းဆီးရေးအဖွဲ့များသည် မူးယစ်ဆေးဝါးများ ဖမ်း ဆီးရမိခဲ့သော်လည်း အရေးယူမှုမပြုဘဲ ငွေကြေးလာဘ်ယူခဲ့သည့် အထောက်အထားများ မကျန်ရှိစေရန် ဖမ်းဆီးမှုဖြစ်ပွားခဲ့သည့် KTV ဆိုင်များရှိ CCTV မှတ်တမ်းများကိုပါ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
မန္တလေးမြို့တွင် မူးယစ်အထူးတပ်ဖွဲ့ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့က ဦးဆောင်ဆောင် ရွက်သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများ၌ လုပ်ပိုင်ခွင့်အာဏာကို ဥပဒေဘောင်ကျော်လွန်၍ အသုံးပြုမှုများ ရှိနေကြောင်း သိရှိရသည်။
ဖမ်းဆီးရေးအဖွဲ့များက စစ်ဆေးမှုများအတွင်း KTV ဆိုင်ဝန်ထမ်းများကို လက်ထိတ်ခတ်ခြင်း၊ ထိုးကြိတ်ကန်ကျောက်ခြင်းနှင့် တွေ့ရှိသမျှဝန်ထမ်းများကို ကြမ်းပြင်ပေါ်တွင် မှောက်ခိုင်းထားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များကြောင့် KTV ဝန်ထမ်းအချို့မှာ လုပ်ငန်းခွင်အတွင်း ဆက်လက်လုပ် ကိုင်ရန် မဝံ့မရဲဖြစ်လာပြီး အလုပ်ထွက်ခွာမှုများ ရှိခဲ့သဖြင့် ဆိုင်အချို့ ပိတ်ထားရသည့်အခြေအနေအထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုမရှိသည့် KTV ဝန်ထမ်းအချို့ကိုလည်း Happy Water မူးယစ်ဆေးဝါးအထုပ်များဖြင့် ထောင်ချောက်ဆင်မှုများ ဌာနဆိုင်ရာများက ပြုလုပ်ခဲ့ကြောင်း ၊ ထို့နောက် KTV ဆိုင်တွင် မူးယစ်ဆေးဝါးရောင်းချနေသည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်း၊ ထိုမှတစ်ဆင့် KTV ဆိုင်ပိုင်ရှင်များထံမှ ငွေကျပ်သိန်းထောင်ချီ ငွေညှစ်တောင်းခံမှုများကို စစ်တပ်၊ရဲနှင့်ဌာနဆိုင်ရာများက လုပ်ဆောင်ကြကြောင်း သိရှိရသည်။
မန္တလေးမြို့အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများကို အကြောင်းပြု၍ ဖမ်းဆီးရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားပြုမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် ငွေကြေးညှစ်ယူမှုများ ရှိနေကြောင်း မန္တလေး ဒေသသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

👎37😁13❤6🔥3👏3🥰1
လပွတ္တာက အုပ်ချုပ်ရေးရုံး၌ NLD ပါတီ အလံစိုက်ထူခံရ၍ စစ်ကောင်စီထောက်ခံသူတွေ မကျေမနပ်ဖြစ်နေ
နိုဝင်ဘာလ ၃ ရက်
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အလံကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ထူခဲ့မှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်အပေါ် စစ်ကောင်စီထောက်ခံသူများနှင့် လော်ဘီအသိုင်းအဝိုင်းကြား မကျေမနပ်တုံ့ပြန်မှုများ ပေါ်ပေါက်နေသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ NLD ပါတီအလံ လာရောက်စိုက်ထူခဲ့ခြင်းဖြစ်သည်။
အလံစိုက်ထူမှုနှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့များက ကျေးရွာအတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလံစိုက်ထူခဲ့သူကိုလည်း လိုက်လံရှာဖွေနေကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တယ်လီဂရမ်အသုံးပြုသည့် စစ်ကောင်စီထောက်ခံသူများနှင့် လော်ဘီအသိုင်းအဝိုင်းကြား NLD ပါတီအလံ စိုက်ထူမှုအပေါ် မကျေမနပ်တုံ့ပြန်မှုများ ရှိနေကြောင်း သိရသည်။
စစ်ကောင်စီက ပါတီကို ဖျက်သိမ်းကြောင်း ကြေညာထားသော်လည်း NLD ပါတီအလံကို ပြန်လည်စိုက်ထူခဲ့ခြင်းသည် စစ်ကောင်စီ၏ သတ်မှတ်ချက်ကို လက်မခံသည့် နိုင်ငံရေးသဘောထားတစ်ရပ်အဖြစ် ရှုမြင်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။
NLD ပါတီသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ မဲပေးထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်အများအပြား ဖမ်းဆီးခံခဲ့ရသည့်အပြင် ပါတီ၏ နိုင်ငံရေးလှုပ်ရှားမှုများလည်း အကြီးအကျယ် ဖိနှိပ်ခံခဲ့ရသည်။
ထို့နောက် ၂၀၂၃ ခုနှစ် မတ်လတွင် စစ်ကောင်စီက ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအသစ်အရ ပြန်လည်မှတ်ပုံမတင်သည့် NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ပါတီမှတ်ပုံတင်ခွင့်မရှိတော့ကြောင်း ကြေညာခဲ့ပြီး NLD ပါတီကို ဖျက်သိမ်းခဲ့သည်။
သို့သော် စစ်ကောင်စီ၏ ပါတီဖျက်သိမ်းကြောင်း ကြေညာချက်သည် NLD ပါတီကို ထောက်ခံသည့် ပြည်သူများ၏ နိုင်ငံရေးဆန္ဒနှင့် ဒီမိုကရေစီအပေါ် ယုံကြည်မှုကို အဆုံးသတ်နိုင်ခြင်း မရှိကြောင်း ဒီမိုကရေစီအင်အားစုများက ရှုမြင်ထားကြသည်။
လပွတ္တာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယခုဖြစ်စဉ်သည် စစ်ကောင်စီက ပါတီကို ဖျက်သိမ်းကြောင်း ကြေညာထားသော်လည်း NLD ပါတီ၏ နိုင်ငံရေးသင်္ကေတနှင့် ပါတီအပေါ် ထောက်ခံမှုများ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-NLD ပါတီအလံ စိုက်ထူခံထားရသည့် အုပ်ချုပ်ရေးမှူးရုံး
#MPA

❤55😁17👏5🔥2
ပုလောတွင် ဆယ်ကျော်သက် ယောင်္ကျားလေးတစ်ဦး ဓားထိုးခံရပြီးသေဆုံး
နိုဝင်ဘာလ ၃ ရက်
ပုလောမြို့နယ် မြိတ်-ထားဝယ်ကားလမ်းဘေးက ဆင်ထိုးကြီးရွာ အနောက်ကမ်းတွင် အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး အောက်တိုဘာ ၂၈ ရက် ညသန်းခေါင်ယံတွင် ဓားထိုးခံရပြီးသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။
ဓားဖြင့်ထိုးသူမှာ ဆင်ထိုးကြီးရွာက အသက် ၄၀ နှစ်အရွယ် ကိုမောင်နီစိုး (ခေါ်) ဝက်ကြီး ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင် နေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ဆက်ကျော်သက် ယောင်္ကျားလေးသည် အခြားသက်တူရွယ်တူ ယောင်္ကျားလေးတစ်ဦးနှင့်အတူ နာရေးအိမ်ရှိ ပုခက်တွင် ဖုန်းသုံးနေကြစဉ် ကိုမောင်နီစိုး ရောက်ရှိလာပြီး ပုခက်မှ ဖယ်ပေးရန် ပြောကြောင်း ၎င်းက ပြောဆိုသည်။
“ဟိုကောင်လေးက ထပေးလိုက်တယ်။ သူက မဖယ်ပေးဘူး။ မဖယ်ပေးရင် ငါ ဓားနဲ့ထိုးမှာနော်ဆိုပြီး ပြောတယ်တဲ့” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
ယင်းနောက် ဓားဖြင့်ထိုးသဖြင့် ဆယ်ကျော်သက်အရွယ် ယောင်္ကျားလေးသည် အဆိုပါနေအိမ်တွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။
ကိုမောင်နီစိုးသည် မူးယစ်ဆေးကြောင့် စိတ်ဖောက်ပြန်နေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
သေဆုံးသူ ယောကျ်ားလေးသည် အာဏာသိမ်းကာလတွင် ကျောင်းနားထားရပြီး ဆင်ထိုးကြီးရွာ အရှေ့ကမ်းတွင် နေထိုင်၍ မရသဖြင့် ဆင်ထိုးကြီးရွာ အနောက်ကမ်းတွင် အဘွားဖြစ်သူနှင့်အတူ စစ်ဘေးရှောင်နေရသူဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
“ဒီကလေးက လှေလိုက်သွားသေးတယ်။ ငယ်လွန်းတော့ အလုပ် မလုပ်နိုင်လို့ပြန်လာတယ်။ အခုက ရော်ဘာချေး ဝယ်တဲ့အိမ်မှာ အလုပ်လုပ်ပြီး သူ့အဘွားကို ရှာကျွေးနေတယ်” ဟု ဒေသခံအမျိုးသမီးက ပြောသည်။
အဆိုပါယောင်္ကျားလေး၏ အဘိုးဖြစ်သူမှာ ၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်တွင် ငါးပိုက်ထောင်ပြီးအပြန် ဆင်ထိုးရွာက နေအိမ်ခြံဝန်းအတွင်း သီဟိုဠ်သီးဝင်ကောက်ရာ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့သည်။
#DW

😢42🤬6🔥5❤1
စစ်တပ်က မတ္တရာမြို့နယ် ကားလမ်းဘေးရွာတွေကို ညမထွက်ရအမိန့်ထုတ်ပြီး ပေါ်တာဆွဲနေ
နိုဝင်ဘာလ ၃ ရက်
မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ ကားလမ်းဘေး ကျေးရွာအများစုကို စစ်တပ်က ညနေ ၆နာရီ နောက်ပိုင်း မထွက်ရအမိန့် ထုတ်ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေဆက်တိုက်လုပ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ်အတွင်းက ရေနံ့သာ၊စကျင်၊တံငါသည်၊ပန်းယျစတဲ့ ကျေးရွာတွေအပါအဝင် ကားလမ်းအနီး ကျေးရွာတွေအားလုံးကို ညနေ၆နာရီ နောက်ပိုင်း မထွက်ဖို့စစ်တပ်က နှုတ်မိန့်ထုတ်ထားကာ ညနေ၆နာရီ နောက်ပိုင်း တွေ့သမျှ အမျိုးသားအားလုံးကို ကားပေါ် ဆွဲတင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ညနေဆို အိမ်စီးကားနဲ့ ပတ်ပြီ။ကားလမ်း ဘေးတ ကြောကရွာတွေ အဆိုးဆုံးပဲ။တအားဆွဲတာ။လယ်အပြန် တွေဘာတွေများ နောက်မကျနဲ့ ပါသွားတာပဲ။ဘယ်မှလိုက်ထုတ်မရဘူး "လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကျေးရွာတွေ ဘက်ကဆွဲလာတဲ့ လူငယ်တွေက ပထမဆုံး မတ္တရာမြို့အတွင်းက အထွေအထွေအုပ်ချုပ်ရေးမှူးမြို့နယ်ရုံးအတွင်းမှာ ချုပ်ထားပြီး ဆေးစစ်တာ တွေလုပ်တယ်လို့သိရပါတယ်။
အဲဒီက နေ လူရွေးပြီး နေရာခွဲကာ စစ်မှုထမ်းသင်တန်း ကျောင်း တွေကို ပို့ ဆောင်တယ်လို့ စစ်ရေး သတင်းအရင်းမြစ်တချို့က ပြောပါတယ်။
"တချို့ တော်တော်ကလန်ကဆန်လုပ်ရင် ရိုက်နှက်ပြီး နန်းတွင်းထဲပို့တာလည်းရှိတယ်။၁၀ တန်းအောင်တဲ့ သူဆို ဗထူးပို့တာလည်းရှိတယ်။သူတို့ကျ တခြားအဆင့်တရစ် လောက် တော့ရတာ ပေါ့။နေရာ ကတော့အစုံခွဲပို့တာ"လို့ စစ် ရေး သတင်းအရင်းမြစ်တဦးက ပြောပါတယ်။
စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာတွေကို စစ်အုပ်စုက လကုန်ခါနီးတပတ်အလိုနဲ့လကုန်ပြီးတပတ်တို့မှာ ပိုမိုလုပ် လေ့ရှိတယ်လို့ သိရပါတယ်။
လကုန်ခါနီး တပတ်အလိုမှာဆိုရင် နေ့ခင်း စစ်တပ်ဂိတ်ဖြတ်ချိန်မှာ ဂိတ်က နေဆွဲလိုက်တာ တွေလည်းရှိတယ်လို့ သိရပါတယ်။
#LNO

🤬22👍17❤6🔥3👎1👏1
ဖိလစ်ပိုင်နိုင်ငံတွင် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ တရားစွဲဆိုထားသည့်အမှုကို စုံစမ်းစစ်ဆေး ကိုင်တွယ်အရေးယူပေးရန် အယူခံတင်သွင်း
နိုဝင်ဘာလ ၃ ရက်
မြန်မာစစ်တပ်က ချင်းပြည်နယ်အတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် ဖိလစ်ပိုင်နိုင်ငံတွင် တရားစွဲဆိုထားသည့်အမှုကို ၃ နှစ်ကြာ တရားမျှတမှုမရရှိသေးသဖြင့် အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများက အယူခံတင်သွင်းလိုက်ပြီး ဖိလစ်ပိုင်အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးမှု အမြန်ဆုံးစတင်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။
မြန်မာစစ်တပ်သည် ချင်းပြည်နယ်အတွင်း အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ကိုယ်အင်္ဂါများ ဖြတ်တောက်ဖျက်ဆီးခြင်း၊ မြို့တစ်မြို့လုံးကို မီးရှို့ဖျက်ဆီးခြင်းနှင့် အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်းတို့ ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အမှုကို ဦးဆောင်လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ရိုမယ်လ် ဘာဂါရက်စ်နှင့် ဂီလ်ဘတ် အန်ဒရက်စ်တို့က ဖိလစ်ပိုင်အာဏာပိုင်များအနေဖြင့် အမှုကို အမြန်ဆုံး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
ရှေ့နေ ဘာဂါရက်စ်က “ကျွန်တော်တို့ အမှုသည်တွေဟာ ၃ နှစ်ကျော် တရားမျှတမှုကို ငြင်းပယ်ခံနေရပါတယ်။ ဒီအမှုကို ဆက်လက်ဆောင်ရွက်ဖို့ ဥပဒေအရ အတားအဆီးမရှိပေမဲ့ အာဏာပိုင်တွေက အရေးယူဆောင်ရွက်ဖို့ ငြင်းဆန်နေကြပါတယ်။ ကျွန်တော်တို့ တောင်းဆိုတာက စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ဖိလစ်ပိုင်အာဏာပိုင်တွေအတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု မဟုတ်ပါဘူး။ ဟိဂ်မြို့မှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) မှာ အထောက် အထားတွေ အများအပြားရှိပြီး အဲဒီအထောက်အထားတွေကို လွှဲပြောင်းပေးနိုင်ပါတယ်” ဟု ပြောသည်။
အဆိုပါအမှုတွင် တရားလိုများကို ကိုယ်စားပြုနေသည့် ရှေ့နေ အန်ဒရက်စ်ကလည်း ဖိလစ်ပိုင်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (IHL) အက်ဥပဒေ ပုဒ်မ ၁၇ ကို အခြေခံ၍ အမှုဖွင့်စုံစမ်းစစ်ဆေးရန် တောင်းဆိုထားကြောင်း ပြောသည်။
၎င်းက “ဒူတာတေးကို အရေးယူရာမှာ အောင်မြင်စွာ အသုံးပြုခဲ့တဲ့ ဖိလစ်ပိုင် IHL အက် ဥပဒေ ပုဒ်မ ၁၇ ဟာ ကျွန်တော်တို့အမှုမှာလည်း အတိအကျ တူညီတဲ့ ပုဒ်မဖြစ်ပါတယ်။ ဒူတာတေးကို အဲဒီပုဒ်မနဲ့ အရေးယူပြီး မြန်မာအာဏာရှင် မင်းအောင်လှိုင်ကိုတော့ အရေးမယူတာဟာ နှစ်မျိုးနှစ်စား ဆက်ဆံတာဖြစ်ပါတယ်။ ဒါဟာ နှစ်မျိုးနှစ်စား ဆက်ဆံမှုသာမက ဥပဒေကြောင်းအရလည်း မညီမညွတ်ဖြစ်နေတဲ့ အခြေအနေပါ။ အမှုဖွင့်လိုက်ရုံနဲ့ ဒီပြဿနာကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပါတယ်။ ချင်းပြည်သူတွေအတွက် အမှန်တရားနဲ့ တရားမျှတမှုရဲ့ မီးရှူးတန်ဆောင်ဖြစ်ကြောင်း ဖိလစ်ပိုင်က ပြသရမယ့်အချိန် ရောက်နေပါပြီ” ဟု ပြောဆိုခဲ့သည်။
မြန်မာစစ်တပ်အဖွဲ့ဝင် ၁၀ ဦး၊ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ မင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိများကို စစ်ရာဇဝတ်မှုများဖြင့် စုံစမ်းစစ်ဆေးပေးရန် ၂၀၂၃ ခုနှစ် အောက် တိုဘာလတွင် ချင်းပြည်နယ်မှ အရပ်သား ၅ ဦးက ဖိလစ်ပိုင်နိုင်ငံ၏ သမိုင်းဝင်ဥပဒေကို အသုံးပြု၍ ရာဇဝတ်မှုတိုင်ကြားချက် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လက ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်တပ်က အစုလိုက်အပြုံလိုက် မီးရှို့ဖျက်ဆီးခဲ့သည့် ငါးနှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွင်း ချင်းပြည်နယ် အနောက်မြောက်ပိုင်းတွင် စစ်တပ်၏ ထိုးစစ်ဆင်မှုအတွင်း အိမ်ခြေ ၂,၀၀၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၂၅၀ သေဆုံးခဲ့ကာ လူဦးရေ ၆၀,၀၀၀ ခန့် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
အမှုတိုင်ကြားသူတစ်ဦးဖြစ်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်းလင်းက “ငါးနှစ်ကြာခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ နာကျင်မှုတွေဟာ အခုထိ မလျော့သေးပါဘူး။ ကျွန်တော်တို့ရဲ့ သင်းအုပ်ဆရာတွေနဲ့ ရပ်ရွာအကြီးအကဲတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်။ ဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းတွေကို ဖျက်ဆီးခဲ့ကြပြီး မြို့ရွာတွေကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ မျိုးဆက်ပေါင်းများစွာရဲ့ အမှတ်တရတွေ၊ သမိုင်းနဲ့ ကိုယ်ပိုင်အသိုင်းအဝိုင်းအပေါ် ခံစားချက်တွေပါ ပျောက်ဆုံးခဲ့ရပါတယ်။ ငါးနှစ်ကြာပြီးတဲ့နောက်မှာလည်း ကျွန်တော်တို့ပြည်သူတွေဟာ ဒီရက်စက်မှုတွေကို ဆက်လက်ခံစားနေရပြီး တရားမျှတမှုကတော့ မရရှိသေးပါဘူး။ ဖိလစ်ပိုင်က ညီအစ်ကိုမောင်နှမတွေကို ကျွန်တော်တို့ရဲ့ အသံကို ကြားပေးဖို့၊ ကျွန်တော်တို့နဲ့အတူ ရပ်တည်ပေးဖို့နဲ့ ကျွန်တော်တို့ရဲ့ နာကျင်မှုတွေကို တိတ်ဆိတ်စွာ လျစ်လျူရှုမထားဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

👍53❤11🔥1😁1
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မဲဆောက်မှာ ၈ ကြိမ်မြောက် ဆုတောင်းပွဲပြုလုပ်
နိုဝင်ဘာလ ၃ ရက်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ ၈ ကြိမ်မြောက် အင်္ဂါနေ့ ဆုတောင်းပွဲကို နိုဝင်ဘာ ၃ ရက်မှာ နိုင်ငံရေးအင်အားစုတွေ စုပေါင်းကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
ဆုတောင်းပွဲတက်ရောက်သူတွေက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် အရေးပါတဲ့ခေါင်းဆောင်ဖြစ်တယ်လို့ ယုံကြည်ကြောင်းနဲ့ အဲဒီယုံကြည်ချက်အပေါ် အခြေခံပြီး အင်္ဂါနေ့တိုင်း ဆုတောင်းပွဲတွေကို ဆက်လက်ပြုလုပ်နေ ကြတာဖြစ်တယ်လို့ ဆုတောင်းပွဲပါဝင်သူ တစ်ဦးက PVTV ကို ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်အုပ်စု က ဒေါ်အောင်ဆန်းစုကြည်ကို မတရားတဲ့ပုဒ်မ ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဩဂုတ်လနဲ့ ၂၀၂၆ ခုနှစ် ဧပြီလတို့မှာ ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးခဲ့ပေမဲ့ လက်ရှိမှာ ထောင်ဒဏ် ၁၉ နှစ် ကျန်ရှိနေပြီး ဆက်လက်ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။
မဲဆောက်မြို့မှာ အပတ်စဉ်ပြုလုပ်နေတဲ့ အင်္ဂါနေ့ဆုတောင်းပွဲဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး တောင်းဆိုသံတွေ မတိတ်ဆိတ်သွားစေဖို့ ဆက်လက်ဖော်ထုတ်နေတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနိုင်ငံအသီးသီးမှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် FREE HER လှုပ်ရှားမှုတွေ ပြုလုပ်နေကြ ပါတယ်။
#PVTV

❤62🔥4😁2👍1
အမေရိကန်က ဒေသတွင်းသြဇာလွှမ်းမိုးမှု ခိုင်မာစေရန်၊ တရုတ်၏ ဩဇာလွှမ်းမိုးမှု ကို တန်ပြန်ရန်နှင့် မြေရှားသတ္တုရရှိရေးအတွက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးချဲ့မည်ဟု ထုတ်ပြန်ကြေညာ
နိုဝင်ဘာလ ၃ ရက်
အမေရိကန်က ဒေသတွင်းသြဇာလွှမ်းမိုးမှုကို ခိုင်မာစေရန်၊ တရုတ်၏ သြဇာကို တန်ပြန်ရန်နှင့် မြေရှားသတ္တုအရင်းအမြစ်များ ရရှိရေးအတွက် မြန် မာနိုင်ငံနှင့် သံတမန်ရေးရာ၊ စီးပွားရေးနှင့် ပြည်သူ့ဆက်ဆံရေးများကို တိုးချဲ့ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန် ကြေညာ သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်တွင် အတည်ပြုခဲ့သည့် ရန်ကုန်ရှိ အမေရိကန်သံရုံး၏ မစ်ရှင်မဟာဗျူဟာတွင် မြန်မာနိုင်ငံနှင့် သံတမန်ရေး ရာ၊ စီးပွားရေးနှင့် ပြည်သူ့ဆက်ဆံရေးများ ပိုမိုနက်ရှိုင်းစေရန်၊ ဒေသတွင်းအမေရိကန်၏ သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ရန်နှင့် အမေရိကန်၏ အကျိုးစီးပွားများကို မြှင့်တင်ရန် ရည်မှန်းထားသည်။
အဆိုပါမဟာဗျူဟာတွင် မြန်မာနိုင်ငံမှ အစပြုလာသော နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ခြင်း၊ အမေရိကန်၏ စီးပွားရေးအကျိုးစီးပွားများကို မြှင့်တင်ခြင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရေး ကြိုးပမ်းမှုများကို ထောက်ခံအားပေးခြင်းနှင့် ဒေသတွင်း၌ အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို တိုးချဲ့ခြင်းတို့ကို အဓိကဦးစားပေးလုပ်ငန်းများအဖြစ် ဖော်ပြထားသည်။
အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို မြေရှားသတ္တုအရင်းအမြစ်များ ရရှိရေးနှင့် ချိတ်ဆက်ထားပြီး မြန်မာနိုင်ငံ၏ ပဋိပက္ခအတွင်း ပါဝင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် အမေရိကန်ကုမ္ပဏီများအတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးရန် ရည်ရွယ်ထားကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများမှတစ် ဆင့် မြန်မာနိုင်ငံ၏ မြေရှားသတ္တုအရင်းအမြစ်များကို ရယူနိုင်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးရန် ရည်ရွယ်ထားကြောင်း ထင်ရှားစွာ ဖော်ပြထားသည်။
Reuters သတင်းဌာနက နိုဝင်ဘာ ၂ ရက်တွင် ဖော်ပြသည့် သတင်းအရ အမေရိကန်သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အသုံးချပြီး ဒေသတွင်းသြဇာလွှမ်းမိုးမှု တိုးချဲ့ရန်နှင့် မြေရှားသတ္တုအရင်းအမြစ်များ ရရှိနိုင်ရေးအတွက် ကြိုးပမ်းနေသည်။
အမေရိကန်တာဝန်ရှိသူများသည် မြန်မာစစ်ကောင်စီနှင့် တိတ်တဆိတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ယင်းဆွေးနွေးမှုများတွင် မြေရှားသတ္တုအရင်းအမြစ်များ ရရှိရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း Reuters က ပြီးခဲ့သည့်လတွင် ဖော်ပြခဲ့သည်။
အဆိုပါဆွေးနွေးမှုများတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းထောက် လှမ်းရေးအရာရှိ မိုက်ကယ်ဗန့်စ် ပါဝင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ မြေရှားသတ္တုအများစုသည် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် တည်ရှိနေပြီး လက်ရှိတွင် တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသည်။
အမေရိကန်၏ မဟာဗျူဟာစာတမ်းတွင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းများအကြား ဆွေးနွေးမှုများကို အမေရိကန်က အားပေးကူညီသွားမည်ဟု ဖော်ပြထားသည်။
အဆိုပါဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်နှင့် နယ်မြေသတ်မှတ်ရေးတို့အတွက် တိကျသည့် သဘောတူညီချက်များ သို့မဟုတ် မူဝါဒအဆိုပြုချက်များ ထွက်ပေါ်လာစေရန် အဖွဲ့အစည်းပေါင်းစုံ ပါဝင်သည့် ဆွေးနွေးပွဲ အနည်းဆုံး ၃ ကြိမ် ပြုလုပ်ရန် ရည်မှန်းထားသည်။
အမေရိကန်၏ မဟာဗျူဟာတွင် ယင်းဆွေးနွေးပွဲများသည် မြန်မာနိုင်ငံ၏ ကြွယ်ဝသော မြေရှားသတ္တုအရင်းအမြစ်များကို ရယူနိုင်ရေးနှင့် အွန်လိုင်းလိမ်လည်မှုစင်တာများကို တိုက်ဖျက်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု ဖော်ပြထားသည်။

❤26👍17😁10👏3🤔3👎1🔥1
ရေးမှာ မူးယစ်ဆေးဖြန့်ရန် ထွက်လာသည့် စစ်တပ်ဗိုလ်လေးနှင့် တပ်သားကို ရေးဘီလူး ပစ်ခတ်၍ သေဆုံး
နိုဝင်ဘာလ ၃ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးဖြန့်ဖြူးရန် ထွက်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်လေးတစ်ဦးနှင့် လိုက်ပါလာသည့် တပ်သားတစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့က ယနေ့ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
ရေးဘီလူးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ရေးမြို့တံတားကြီး စစ်ဆေးရေးကင်းဂိတ်စခန်းတွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်မှ ဗိုလ်လေးရာထူးရှိ မောင်ဝေဟင်ပိုင်ကျော်နှင့် အမည်မသိ စစ်မှုထမ်းတပ်သားတစ်ဦးတို့သည် ဒေသခံများထံ မူးယစ်ဆေးဝါး ဖြန့်ဖြူးရန်အတွက် စစ်ဆေးရေးဂိတ်မှ ထွက်လာစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် နိုဝင်ဘာ ၂ ရက် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်တွင် ရေးမြို့နယ်အတွင်းရှိ ကင်းဂိတ်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဗိုလ်လေးနှင့် လိုက်ပါလာသူများ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါး ဖြန့်ဖြူးရန် ထွက်လာခြင်းဖြစ်သည်ဆိုသည့် အကြောင်းရင်းမှာ ရေးဘီလူးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်သာ ပါဝင်ပြီး MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ထို့ပြင် ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းရှိ၊ မရှိနှင့် သေဆုံးသူများ၏ အရေအတွက်၊ အခြေအနေတို့ကိုလည်း သီးခြားအတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
ဓာတ်ပုံ - ရေးဘီလူး

👏56👍7❤5😁2🔥1🥰1
နိုင်ငံရေးကို စိတ်မဝင်စားဘူးဆိုပြီး
ဂုဏ်ယူမနေနဲ့
အဲ့ဒါ ကိုယ့်ကိုယ်ကို အညံ့ဖျင်းဆုံး
နိုင်ငံသားဖြစ်ကြောင်း ဖော်ပြလိုက်တာပဲ။
ဒေါ်အောင်ဆန်းစုကြည်
နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများ
https://t.me/infohlaing အဖွဲသားများမှ တင်ပေးနေပါသည်။

🥰52❤25👍11🔥2👎1😁1
မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒ၊ မျှော်မှန်းချက်များနှင့် မကင်းကွာသွားစေရန် တော်လှန်ရေးအင်အားစုများက အာဆီယံခေါင်းဆောင်များထံ သတိပေး
နိုဝင်ဘာလ ၃ ရက်
မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထူထောင်ရေး၊ အကြမ်းဖက်မှုရပ်တန့်ရေးနှင့် နိုင်ငံ ရေးအကျဉ်းသားများ လွတ်မြောက်ရေးတို့အတွက် အာဆီယံခေါင်းဆောင်များ၏ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံမှုများကို မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒနှင့် မျှော်မှန်းချက်များနှင့် မကင်းကွာစေရန် တော်လှန်ရေးအင်အားစုများနှင့် ဖက်ဒရယ်အဖွဲ့အစည်းများက သတိပေးတိုက်တွန်းလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ရှမ်းနှင့် ဧရာဝတီတို့မှ လွှတ်တော်ကိုယ်စားပြုအဖွဲ့များနှင့် ကြားကာလအုပ်ချုပ်ရေးအဖွဲ့များ အပါအဝင် အဖွဲ့အစည်း ၁၆ ခုက အာဆီယံခေါင်းဆောင်များထံ ပေးပို့သည့် သတိပေးစာတွင် ယင်းကဲ့သို့ တိုက်တွန်းထားခြင်းဖြစ်သည်။
အဆိုပါအဖွဲ့များက မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စစ်အာဏာသိမ်းခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံမှုများသည် ရည်မှန်းချက်တစ်ခုအဖြစ်သာ မရပ်တည်သင့်ကြောင်း၊ အဓိပ္ပာယ်ရှိပြီး တိုင်းတာနိုင်သည့် နိုင်ငံရေးတိုးတက်မှုများ မရရှိဘဲ စစ်အာဏာသိမ်းမှုကို နိုင်ငံရေးတရားဝင်မှု ပေးအပ်သကဲ့သို့လည်း မဖြစ်သင့်ကြောင်း ဖော်ပြထားသည်။
စစ်အာဏာသိမ်းခေါင်းဆောင်များနှင့် မည်သည့်ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို အကြမ်းဖက်မှုရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာရေးတို့အတွက် အမှန်တကယ် အထောက်အကူပြုမှု ရှိ၊ မရှိအပေါ် အခြေခံ၍ အကဲဖြတ်သင့်ကြောင်းလည်း တိုက်တွန်းထားသည်။
အဆိုပါရည်မှန်းချက်များသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ၂၀၂၂ ခုနှစ် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နှင့်လည်း ကိုက်ညီကြောင်း၊ ယင်းဆုံးဖြတ်ချက်တွင် မြန်မာ့အရေးဖြေရှင်းရာ၌ အာဆီယံ၏ အဓိကအခန်းကဏ္ဍကို အသိအမှတ်ပြုထားပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) ကို အပြည့်အဝအကောင်အထည်ဖော်ရေးနှင့် အားလုံးပါဝင်နိုင်သော ကိုယ်စားပြုမှုရှိသည့် ဆွေးနွေးမှုများ ဖော်ဆောင်ရေးတို့ကို အလေးထားထားကြောင်း ဖော်ပြထားသည်။
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဈေးအနီး လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရခဲ့သည့် ဖြစ်ရပ်သည် အရပ်သားများကို ကာကွယ်စောင့်ရှောက်ရေးနှင့် ကျူးလွန်မှုများအတွက် တာဝန်ခံမှုရှိစေရေးတို့ အရေးတကြီးလိုအပ်နေကြောင်း ထင်ရှားစေသည်ဟု သတိပေးစာတွင် ဖော်ပြထားသည်။
အာဆီယံအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေနှင့် လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာစေရန် ပိုမိုပြတ်ပြတ်သားသား ဆောင်ရွက်သင့်ကြောင်း အဖွဲ့အစည်းများက တိုက်တွန်းထားသည်။
ထို့ပြင် စစ်ရာဇဝတ်မှုဖြစ်နိုင်သည့် ပြင်းထန်သောချိုးဖောက်မှုများအတွက် တာဝန်ရှိသည်ဟု စွပ်စွဲခံနေရသူများနှင့် ထိတွေ့ဆက်ဆံရာတွင် တာဝန်ခံမှုရှိစေရေးကို အားနည်းစေခြင်း၊ သို့မဟုတ် အပြစ်ပေးအရေးယူမှုမှ ကင်းလွတ်ခွင့်ရသကဲ့သို့ အဓိပ္ပာယ်သက်ရောက်စေခြင်းမျိုး မဖြစ်စေရန်လည်း အလေးထားသင့်ကြောင်း ဖော်ပြထားသည်။
ထိုသို့သော အထင်အမြင်မျိုး ဖြစ်ပေါ်လာပါက အာဆီယံ၏ ယုံကြည်စိတ်ချရမှုနှင့် အဖွဲ့အစည်းဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။
အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံမှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ပါ ရည်မှန်း
ချက်များနှင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝအကောင်အထည်ဖော်ရေးတို့နှင့် ကိုက်ညီစေရန် ဆောင်ရွက်သင့်ကြောင်း အဖွဲ့အစည်းများက တိုက်တွန်းထားသည်။
ယင်းထိတွေ့ဆက်ဆံမှုများသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့် လူ့အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးတို့ကို အားဖြည့်ပေးရန်သာ ဖြစ်သင့်ပြီး ယင်းရည်မှန်းချက်များကို ထိခိုက်စေခြင်း မဖြစ်စေရန် အလေးထားသင့်ကြောင်း ဖော်ပြထား သည်။

👍56🔥2🥰2😁2❤1
ဗုံးကြဲခြိမ်းခြောက်ပေမဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ပေါင်းပြီး စစ်တပ်ကို ဆက်တိုက်မယ်လို့ KNU သတင်းရင်းမြစ်ပြော
နိုဝင်ဘာလ ၃ ရက်
အာဏာသိမ်းစစ်တပ်က ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေတွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက် ခြိမ်းခြောက်နေပေမဲ့ စစ်တပ်ကို တော်လှန်တိုက်ခိုက်တာတွေဟာ ရပ်သွားမှာ မဟုတ်ဘဲ တော်လှန်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီး ဆက်လက်တိုက်ခိုက်သွားရမှာ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ KNU နယ်မြေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေအပြင် လုပ်ဆောင်နေတဲ့အပြင် နယ်စပ်က ထောက်ပံ့ရေးလမ်းကြောင်းတွေကို တိုက်ခိုက်မယ်လို့ ထိုင်းဘက်ကို စာပို့ပြီး ဗုံးကြဲမှုတွေလုပ်ဆောင်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး KNU ဗဟိုက သတင်းရင်းမြစ်က အခုလို ပြောပြတာပါ။
စစ်တပ်ဟာ နယ်ခြားကော်မတီကတဆင့် ထိုင်းအာဏာပိုင်တွေကို သတိပေးစာတစောင် ဩဂုတ်လကုန်ပိုင်းမှာ ပေးပို့ခဲ့ပြီးနောက် KNU တပ်မဟာ(၅) ထိန်းချုပ်ရာ သော်လဲထာဂိတ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ထိုင်းဘက်ကို ပေးပို့ခဲ့တဲ့ စာမှာလည်း ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ KNU နဲ့ ဆက်သွယ်ကာ ကုန်သွယ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်တဲ့အပေါ် ကန့်ကွက်ကြောင်း ဖော်ပြခဲ့သလို KNU အတွက် အထောက်အပံ့ဖြစ်စေမယ့် ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိစေရေး လုပ်ငန်းရှင်တွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ အာဏာသိမ်းစစ်တပ်က ထိုင်းဘက်ကို တောင်းဆိုထားပါတယ်။
ဒါ့အပြင် ထောက်ပံ့ရေးလမ်းကြောင်း တွေကို လေကြောင်း၊ လက်နက်ကြီး စတာတွေနဲ့ ပစ်ခတ်ချေမှုန်းနိုင်ရေး ဆောင်ရွက်မယ်လို ခြိမ်းခြောက်ထားပါတယ်။
စစ်တပ်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး KNU သတင်းရင်းမြစ်က “သူလုပ်မှာပဲ သူပြောမှာ ပဲ ကျနော်ထင်တယ် စာပိုတာဖြစ်ဖြစ် လူချင်းတွေ့ရင်ဖြစ်ဖြစ် ပြောမှာပဲ။ KNU ကို နှိမ်နင်းမယ်လို ပြောမှာပဲ။ ဒါပေမဲ့ ကျနော်တို KNUကကလည်း တော်လှန်ရေးအဖွဲအစည်းတွေနဲ့ ပူးပေါင်းပြီး ချရမှာပဲ” လို့ နိုဝင်ဘာ ၁ရက်နေ့မှာ ပြောကြားထားပါတယ်။
စစ်တပ်က ဖိအားပေးတာတွေ ခြိမ်းခြောက်တာတွေရှိပေမဲ့ ထိုင်းနယ်စပ်တကြော မြေပြင်မှာ နားလည်မှုရှိရှိ ဆက်သွယ်ဆောင်ရွက်မှုတွေရှိတယ်လို့လည်း ပြောပါတယ်။
နယ်စပ်ဒေသတိုက်ပွဲတွေမှာ ဖြစ်စေ၊ နယ်စပ်ဒေသ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဖြစ်စေ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ထိုင်းဘက်ခြမ်းသို့ ကျည်ကျတာ၊ ဗုံးကြဲမှုကြောင့် သက်ရောက်မှုတွေဖြစ်ပေါ်တာ တွေရှိခဲ့ပြီး အဲဒီ ကျည်တွေဟာ စစ်တပ်ရဲ့ ကျည်ဖြစ်တယ်ဆိုတာ ထိုင်းအာဏာပိုင်တွေလည်း သိထားကြကြောင်း KNU သတင်းရင်းမြစ်က ပြောပါတယ်။
ရရှိထားတဲ့ သတင်းတွေအရ စစ်တပ်ဟာ အခု နိုဝင်ဘာမှာ လေကြောင်းတိုက်ခိုက်တာ အပါအဝင် စစ်ရေးအရှိန်ပိုမိုတိုးမြှင့်လာမယ့် အခြေအနေရှိတယ်လို့လည်း ပြောပြပါတယ်။
" တိုးမြှင့်လာလည်း ထိရောက်မှု ဒီလောက်မရှိပါဘူး။ ထိတာက ညတုန်းကလာပစ်တာ( နယ်စပ်ရှိ KNU တပ်မဟာ(၅)နယ်မြေ သော်လဲထာဒေသစစ်တပ်ဗုံးကြဲမှု) ဘာမှ ထိခိုက်မရှိဘူး။ လူထုတော့ သတိနဲ့နေရတာပေါ့။ ကျနော်တို့ ညွှန်ကြားထားပြီးသား။ ပြည်သူလူထုကို သတိနဲ့ နေဖိုပေါ့"လို KNU သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ KNU နယ်မြေသာမက တခြားနေရာတွေဖြစ်တဲ့ ကရင်နီ၊ ကချင်၊ ရခိုင်စတဲ့ ဒေသတွေကိုလည်း တိုက်ခိုက်မှုတွေ တိုးမြှင့်လာနိုင်တယ်လို့ ပြောပါတယ်။
" သူတို့လေယာဉ်နဲ့ ပစ်တာကတော့ သိတဲ့အတိုင်းပဲ (လူထုကို ပစ်မှတ်ထားတိုက်ခိုက်တာ)။ဒါပေမဲ့ သတိနဲ့ နေရတာပေါ့။ စစ်တပ်အချင်းချင်းတော့ ပြဿနာမရှိဘူး။ အခုက ဟိုးရွာသားကို လုပ်တဲ့ပုံစံက နိုင်ငံတကာကလည်း ဒါကို သိဖိုတော့ လိုတယ်။ ကျနော်တိုရဲ့ ဗမာပြည်ရဲ့ ပြဿနာကို တနည်းတလမ်းကနေ ပူးပေါင်းကူညီဖို နိုင်ငံတကာကိုလည်း ကျနော်တို မျှော်လင့်တာပေါ့နော်။လူသားချင်းစာနာထောက်ထားမှုပေါ့နော်” လို KNU သတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးတိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်နဲ့ ကချင်ဒေသတွေကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူလူထုသေဆုံးထိခိုက်မှုတွေရှိခဲ့ပါတ်ယ။ အထူးသဖြင့် ရက္ခိုင်ဒေသမှာ ဆေးရုံတွေ၊စျေးနဲ့ စာသင်ကျောင်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လို့ ကလေးငယ်တွေ အမျိုးသမီးတွေအပါအဝင် အရပ်သား ပြည်သူလူထု အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပါတယ်။
KNUဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့နဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) စုဖွဲ့မှုမှာ ပါဝင်လျက်ရှိပြီး စစ်တပ်ကို နိုင်ငံရေး ၊ စစ်ရေးအရ တိုက်ခိုက်သွားဖို့ ပြင်ဆင်လျက်ရှိပါတယ်။
(စစ်တပ်လေကြောင်းရန်ကြောင့် မြန်မာ-ထိုင်း နယ်စပ် သော်လဲထာဒေသ ထိုင်းဘက်ခြမ်းမှာ အလံနီတွေစိုက်ထူထားတာကိုတွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

❤49👍16👏7🔥3😁3🥰2
သာကေတတွင် ပေါ်တာဆွဲနေသည့် ရဲများကို အစ်ကိုဖြစ်သူက ပြန်လည်ခုခံပြီး ညီဖြစ်သူ လွတ်မြောက်အောင် လုပ်ပေးခဲ့
နိုဝင်ဘာလ ၃ ရက်
ရန်ကုန်မြို့ သာကေတမြို့နယ် ရန်အောင်မှတ်တိုင်အနီးတွင် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က ညီအစ်ကိုနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး အစ်ကိုဖြစ်သူကို ဝိုင်းဝန်းထိုးနှက်ကာ လက်ထိပ်ခတ်ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များက ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးရန် ကြိုးပမ်းစဉ် အစ်ကိုဖြစ်သူက အသံကျယ်လောင်စွာ အော်ဟစ်ခဲ့သဖြင့် ညီဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
အစ်ကိုဖြစ်သူမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ပြန်လည်ခုခံထိုးနှက်ခဲ့ရာ ဦးခေါင်းထိခိုက်ခဲ့ပြီးနောက် ရဲသုံးဦးက ဝိုင်းဝန်းထိုးနှက်ခြင်း၊ ချုပ်နှောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူက ဆိုသည်။
“အစပိုင်းမှာ အစ်ကိုက ရဲတွေကို ပြန်ခံထိုးပါတယ်။ ဒါပေမဲ့ သုံးယောက်တစ်ယောက်ဆိုတော့ မနိုင်တော့ပါဘူး။ ရဲတစ်ယောက်က သေနတ်ကိုင်ထားပြီး တစ်ယောက်က ချုပ်ထားတယ်။ နောက်တစ်ယောက်က ထိုးတာ၊ ကန်တာတွေ လုပ်ခဲ့တာပါ” ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခံရသူကို ဆေးဝါးပါဝင်ခြင်းရှိ၊ မရှိ စစ်ဆေးခဲ့သော်လည်း မတွေ့ရှိသည့်အတွက် ထွက်ပြေးလွတ်မြောက်သွားသည့် ညီဖြစ်သူထံ ဆေးဝါးများ ပါသွားသည်ဟုဆိုကာ အစ်ကိုဖြစ်သူကို ဆက်လက်ထိုးနှက်ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းထိုးနှက်မှုကြောင့် ဖမ်းဆီးခံရသူမှာ ကြွက်တက်သကဲ့သို့ ဖြစ်နေပြီး ချက်ချင်းမထနိုင်ခဲ့ကြောင်း၊ ထိုစဉ် သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ဖမ်းဆီးခံရသူ၏ ဖိနပ်နှင့် ထီးကို ကိုင်ပေးထားကာ ရဲများကို မထိုးနှက်ရန် တားမြစ်ခဲ့ပြီး လူငယ်ကို ထူပေးရန် ကြိုးပမ်းခဲ့ကြောင်း မျက်မြင်တွေ့ရှိသူက ပြောသည်။
အဆိုပါလူငယ်ကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် မည်သည့်နေရာသို့ ရောက်ရှိသွားသည်၊ လက်ရှိအခြေအနေ မည်သို့ရှိသည်ကို မသိရသေးကြောင်းလည်း ၎င်းက ဆိုသည်။
ယင်းနေရာအနီးတွင် ရဲတပ်ဖွဲ့ဝင်များက လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိပြီး မှတ်တိုင်အနီးရှိ ဆိုင်များမှလည်း ယင်းဖြစ်စဉ်များကို သိရှိကြကြောင်း မျက်မြင်တွေ့ရှိသူက ပြောသည်။
ရဲတပ်ဖွဲ့ဝင်များသည် အဖြူရောင်ကားတစ်စီးဖြင့် ရန်အောင်မှတ်တိုင်အကျော်အနီးနှင့် လမ်းကြားများတွင် ရပ်နားကာ လူငယ်များကို ဖမ်းဆီးလေ့ရှိကြောင်း သိရသည်။
ယခင်လများကလည်း လမ်းအတွင်း ကားရပ်၍ လူငယ်များကို ထိုးနှက်ခြင်း၊ ကားပေါ်သို့ ဖမ်းဆီးတင်ဆောင်ခြင်းများ ရှိခဲ့ကြောင်း၊ အချို့ဖြစ်စဉ်များကို ဗီဒီယိုရိုက်ကူးထားသော်လည်း တည်နေရာကို ခြေရာခံသိရှိသွားမည်ကို စိုးရိမ်သဖြင့် မျှဝေခြင်းမပြုရဲကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ကျောင်းကြိုရန် စောင့်ဆိုင်းသည့်အခါ ကားရပ်နားခွင့်အတွက် မိနစ်ပိုင်းမျှသာ စောင့်ဆိုင်းရသော်လည်း ကျပ် ၅၀၀ ပေးဆောင်ရသည့် အခြေအနေများရှိနေကြောင်း၊ ထိုသို့သော ကောက်ခံမှုများကြောင့်လည်း ပြည်သူများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၎င်းက ပြောသည်။
“ရှိသမျှအလုပ်တွေအကုန်လုံးကို ပြည်သူတွေဆီက အခွန်ကောက်တာက ကောက်ပါ။ ပြည်သူတွေက အခွန်ပေးရတာ တိုင်းပြည်တိုးတက်ဖို့မဟုတ်ဘဲ လူတစ်စုကောင်းစားဖို့၊ လက်နက်ဝယ်ဖို့ အသုံးပြုနေတာတွေက မဟုတ်သေးဘူး။ ပြည်သူတွေဆီကပဲ ရသမျှအကုန် တောင်းနေကြတာ” ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်မှုထမ်းဥပဒေကို အသုံးပြုကာ လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးစုဆောင်းမှုများ ပြုလုပ်နေသည့်အပြင် မြို့ပြဒေသများတွင်လည်း ပေါ်တာဆွဲဖမ်းဆီးမှုများနှင့်ပတ်သက်သည့် တိုင်ကြားချက်များ မကြာခဏ ထွက်ပေါ်နေသည်။

🤬36❤27😢11👍6😁3🥰1
ဖားဆောင်း PDF နဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေက စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေး
နိုဝင်ဘာလ ၃ ရက်
ရှမ်းတောင်၊ ကယား (ကရင်နီ) စစ်တိုင်းဌာန ကွပ်ကဲမှုအောက်ရှိ ဖားဆောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေက ဒေသတွင်းကျေးရွာတွေ နဲ့ စစ်ရှောင်စခန်းတွေမှာရှိ တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ သွားရောက်လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒေသတွင်း ကျေးရွာတွေ နဲ့ စစ်ရှောင်စခန်းတို့ကို နိုဝင်ဘာ ၂ ရက်မှာ သွားရောက်ခဲ့တာဖြစ်ပြီး၊ အဲဒီကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မိခင် နဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအပြင် အခြားကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူတွေကိုပါ ကူညီပေးခဲ့တာ လို့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် က အသိပေးထားပါတယ်။
ဒါ့အပြင် တိုးမြင့်လာနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု တွေကို အချိန်မီ ဆောင်ရွက်ပေးနိုင်ဖို့ ဆေးဝါးတွေ ပြန်လည်ဖြည့်တင်းရေး၊ ရောဂါကြိုတင် ကာကွယ်ရေး နဲ့ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်နိုင်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
ပြည်သူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေအပြင် ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် တွေမှာလည်း ပြည်သူလူထုရဲ့ ပါဝင်ကူညီမှုဟာ အရေးကြီးတာကြောင့် လူထုဝန်ဆောင်မှုလုပ်ငန်း တွေကို ဝိုင်းဝန်းထောက်ပံ့ပြီး ပြည်သူအချင်းချင်း ကူညီဖေးမမှုတွေ ပိုမိုလုပ်ဆောင်ကြဖို့အတွက် လည်း ဖားဆောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် က အသိပေးတိုက်တွန်းထားပါတယ်။

❤58🥰6👍2🔥2😁2
ရန်ကုန်တွင် သာမန်ရာဇဝတ်မှုများဖြင့် ဖမ်းဆီးခံရသူများကို စစ်မှုထမ်းဈေးကွက်ထဲ ရောင်းစားနေ
နိုဝင်ဘာလ ၃ ရက်
ရန်ကုန်မြို့တွင် သာမန်ရာဇဝတ်မှုများဖြင့် ဖမ်းဆီးခံရသူများကို ရဲများက စစ်မှုထမ်းဈေးကွက်ထဲသို့ ရောင်းစားနေကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ခိုးမှု၊ဖောက်ထွင်းမှု၊ ခါးပိုက်နှိုက်မှု၊လုယက်မှု၊မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှု စသည့် ရာဇဝတ်မှုငယ်များမှာ နေ့စဉ်အတောမသတ် ဖြစ်ပွားနေပြီး ယင်းသို့သောအမှုများဖြင့် ရဲစခန်းရောက် လာသူများကို ရဲတပ်ဖွဲ့ဝင်တို့က စစ်မှုထမ်းဈေးကွက်ထဲသို့ ရောင်းစားနေခြင်းဖြစ်ကြောင်း လှိုင်မြို့ နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ထောင်ထဲပို့ရင် နိုင်ငံတော်စရိတ်ကုန်မယ်။ထောင်ကနေ ပြန်ထွက်လာတော့လည်း လူကောင်းပြန်မ ဖြစ်ဘူး။ စစ်မှုထမ်းထဲ ရောင်းစားလိုက်တော့ ပိုက်ဆံလည်းရတယ်။စစ်မှုထမ်းတပ်သားလည်း ရတယ် ပေါ့လေ။အဲဒီလိုအကြောင်းပြချက်နဲ့ တကယ်တော့ ပိုက်ဆံလိုချင်လို့ စခန်းမှူးတွေကစလို့ လုပ်နေကြ တာ”ဟု ၎င်းက MPA သို့ပြောသည်။
ရဲစခန်းအချုပ်ထဲသို့ ရောက်လာသည့် သာမန်ရာဇဝတ်မှု ကျူးလွန်သူများကို ၎င်းတို့ စစ်မှုထမ်းထဲသို့ လိုက်ချင်စိတ်ရှိ၊မရှိ သဘောထား မေးမြန်းခြင်းမရှိဘဲ ပို့ဆောင်ကြသည်က များကြောင်း သိရသည်။
“လမ်းပေါ်မှာတောင် လူလိုက်ဖမ်းပြီး စစ်မှုထမ်းပို့နေသေးတာလေ။အချုပ်ထဲရောက်လာတဲ့သူတွေကို စစ်မှုထမ်းထဲ ပို့လိုက်လို့ ဘာဆိုဘာမှ ပြဿနာမရှိဘူး။အသက်မပြည့်သေးတဲ့ ကလေးသူခိုးတွေကို လည်း စစ်မှုထမ်းထဲ ထည့်လိုက်တာပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယခင်က စစ်မှုထမ်းတစ်ဦးလျှင် ကျပ်သိန်း၂၀ ဝန်းကျင်ရရှိကြပြီး ယခုအခါ စစ်မှုထမ်းအတွက် လူရရှိ မှု ခက်ခဲလာသဖြင့် ၂၅သိန်း၊သိန်း၃၀အထိ ရရှိသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များရှိ ရဲတပ်ဖွဲ့ဝင်များသည် စစ်မှုထမ်းအတွက် ပြန်ပေးဆွဲခြင်းမှ အဓိက ဝင်ငွေတစ်ရပ်ဖြစ်လာကြောင်း သိရသည်။
ဓာတ်ပုံ - လူမှုကွန်ရက်

👍25🤬22❤6🔥6👎1
ဝေယံထွန်းစျေးက ပျံကျစျေးသည်တွေကို နေရာရွှေ့လိုက်လို့ အခက်တွေ့
နိုဝင်ဘာလ ၃ ရက်
မန္တလေးမြို့၊ ဝေယံထွန်းစျေး (၄၁ လမ်း ကုန်စိမ်းတန်းညစျေး)က ပျံကျစျေးသည်တွေကို နေရာရွှေ့လိုက်ပြီး ချပေးတဲ့နေရာကျဥ်းမြောင်းတာကြောင့် စျေးသည်တွေ အခက်တွေ့နေကြပါတယ်။
မဟာအောင်မြေမြို့နယ်၊ ဧရာဝတီမြစ်ကမ်းနားလမ်းရှိ ဝေယံထွန်းစျေး(ခ)၄၁ လမ်း ကုန်စိမ်းတန်းညစျေးက ပျံကျစျေးသည်တွေ၊ သုံးဘီးစျေးသည်တွေကို လမ်းအနောက်ခြမ်း၊ သင်္ဘောကျင်းအနီးက မြောကွက်လပ်မှာ နေရာချထားဖို့ မန္တလေးစည်ပင်က စီစဥ်နေကြောင်း ဒေသခံအချို့က ပြောပါတယ်။
အဲဒီလို ရွှေ့ပြောင်းဖို့ စီစဥ်ရာမှာ ပျံကျစျေးသည်တစ်ဦးကို ၄ ပေ ၆ ပေ အကျယ်ပမာဏသာ ပေးထားပြီး နေရာကျဥ်းလွန်းနေတာကြောင့် စျေးသည်တွေ အခက်အခဲရှိနေကြောင်း စျေးသည် အချို့က ပြောပါတယ်။
"နှစ်ဗန်းလည်း ခင်းမလောက်ဘူး။ ရောင်းတာက ကုန်စိမ်း။ ဝန်ကျယ်တယ်။ ပေးတဲ့နေရာက ကျဥ်းကျဥ်းလေး"လို့ စျေးသည်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စျေးရောင်းချရမယ့် ဘေးတန်းနေရာတွေဟာ ချိုင့်တွေနဲ့နီးတာ၊ လမ်းကျဥ်းတာတွေကြောင့် အဆင်မပြေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ သုံးဘီးသမား စျေးသည်တွေကိုတော့ ရှေ့မျက်နှာစာ ၆ ပေ၊ အနောက်မျက်နှာစာ ၉ ပေ ပေးထားတယ်လို့ သိရပါတယ်။
၄၁ လမ်း ကုန်စိမ်းတန်းညစျေးဟာ အထက်မြန်မာပြည်ရဲ့ အကြီးဆုံး ကုန်စိမ်းစျေးကြီးဖြစ်ပြီး မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်းထဲက ကုန်စိမ်းတွေအများဆုံး ဖြန့်ဖြူးရောင်းချနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မတ်လအတွင်းကလည်း အဆိုပါ ကုန်စိမ်းတန်းညစျေးဝန်းကျင် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်တပ်က အကြမ်းဖက် ဖြိုခွင်းခဲ့လို့ ဝေယံထွန်းဆိုတဲ့ ကုန်စိမ်းတန်းညစျေးက ပျံကျအလုပ်သမားလေး ကျဆုံးခဲ့ရဖူးပါတယ်။ ဒါ့ကြောင့် အဲဒွစျေးကို ဝေယံထွန်းစျေးဆိုပြီး ဂုဏ်ပြုခေါ်ဝေါ်ခဲ့ပါတယ်။
(၄၁ လမ်း ကုန်စိမ်းတန်းညစျေးအဝင် တနေရာအား တွေ့ရစဥ်။ ဓါတ်ပုံ-Screen Grab)

👎26❤9🔥6🥰1👏1
အမေရိကန်တစ်ဒေါ်လာလျှင် ၄၈၄၀ ကျပ်သို့ စျေးထိုးတက်နေပြီး ကျပ်ငွေ တန်ဖိုးကျဆင်းမှု အရှိန်မြင့်လာ၊ ပြည်တွင်းစီးပွားရေးကျဆင်းမှုနှင့် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုများ၏ဒဏ်ကို အလူးအလဲခံနေရဟုဆို
နိုဝင်ဘာလ ၃ ရက်
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာမှာ တစ်ဒေါ်လာလျှင် ငွေကျပ် ၄၈၄၀ ကျပ် အထိ စျေးထိုးတက်နေပြီးတစ်ဒေါ်လာလျှင် ငွေကျပ် ၅၀၀၀ သို့ ဦးတည်နေကြောင်း ရန်ကုန်အခြေစိုက် UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အမေရိကန်ဒေါ်လာ စျေးနှုန်းများမှာ အဖွင့်စျေးတွင်ပင် အမေရိကန် ၁ ဒေါ်လာလျှင် ၄၈၀၀ ကျပ်ကျော်သို့ တအိအိ မြင့်တက်လာပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် တစ်ဒေါ်လာလျှင် ၄၈၄၀ ကျပ်သို့ ရောက်ရှိ နေကြောင်း စျေးကွက်သတင်းအချက်အလက်များအရ သိရှိရသည်။
"ဒေါ်လာက အောက်တိုဘာလလယ်လောက်ကတည်းက စျေးတက်လိုက် နည်းနည်း ငြိမ်လိုက်နဲ့ ဖြစ်နေတာ။ အတက်ကိုပဲ ဦးတည်နေတယ်။ အကြောင်းအရင်းကတော့ ပြည်တွင်း စီးပွား ရေး ကျဆင်းတာပဲ။ ဆောက်လုပ်ရေးတွေ ရပ်နေတယ်။ နောက်ပြီး သွင်းကုန်တွေ အားလုံးအပိတ်ခံထားရတယ်။ စီးပွားရေးက ဘာမှ သိပ်မဖြစ်လှဘူး။ လူတွေက ရွှေနဲ့ ဒေါ်လာ ဘက်မှာပဲ သွားပြီး ရင်းနှီးမြှုပ်နှံကြတယ်" ဟု UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄,၈၀၀ ဝန်းကျင်အထိ တန်ဖိုးမြင့်တက်ခဲ့ပြီး အောက်တိုဘာ ၃၀ ရက် ညနေပိုင်းတွင်မူ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄,၇၉၀ ဝန်းကျင်အထိ အတက်အကျ ဖြစ်ပေါ်ခဲ့သည်။ ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင်မူ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၈၄၀ ကျပ်ဝန်းကျင်အထိ ဆက်တိုက် မြင့်တက်လာခြင်းဖြစ်သည်။
အောက်တိုဘာလလယ်ပိုင်းမှစ၍ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းသည် ဗဟိုဘဏ်က ကျပ် ၂,၁၀၀ ဘီလီယံ ချေးယူမည့်အစီအစဉ်၊ ဘတ်ဂျက်လိုငွေ ဘီလီယံ ၁၂,၀၀၀ နီးပါးရှိနေသည့် အခြေအနေများနှင့် ဘယ်လာရုစ်နိုင်ငံမှ ချေးငွေရယူရန် စီစဉ်နေမှုတို့နှင့် ဆက် စပ်နေကြောင်း ပြည်တွင်းစီးပွားရေးအသိုင်းအဝိုင်းက ပြောဆိုသည်။
UMFCCI သတင်းရင်းမြစ်ကမူ FATF ကမ္ဘာ့ငွေကြေးထိန်းသိမ်းရေးအဖွဲ့က အောက်တိုဘာလ ၃၀ ရက်နေ့ မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ထောက်ပံ့ရေးဆိုင်ရာ အန္တရာယ်ရှိသော အမည်ပျက် နိုင်ငံများစာရင်းတွင် ဆက်လက်ထားရှိခြင်းကလည်း မြန်မာကျပ်ငွေနှင့် မြန်မာ့စီးပွား ရေး အပေါ် ယုံကြည်မှု ကျဆင်းစေသည်ဟု ပြောဆိုသည်။
"စီးပွားရေးမှာ ယုံကြည်မှုပါပဲ။ ငွေစျေးကျတာ၊ တက်တာတွေက နိုင်ငံရေးနဲ့ ယုံကြည်မှုအပေါ်ပဲ မူတည်ပြီးဖြစ်တာ။ ကိုယ့်နိုင်ငံက ကမ္ဘာမှာလည်း စီးပွားရေးပိတ်ဆို့ အရေးယူခံနေရတော့ ဒါကလည်း သက်ရောက်မှု အဓိက အကြောင်းအရင်းတစ်ခုအဖြစ် ရှိနေတယ်။ ဘယ်နိုင်ငံကမှလည်း လာပြီးတော့ ရင်းနှီးမြှုပ်နှံတာ မလုပ်ကြဘူး" ဟု UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။
အမေရိကန်ဒေါ်လာဈေးနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းများလည်း အမြင့်ပိုင်းတွင်ရှိနေကြောင်း သိရှိရသည်။
ကမ္ဘာ့ရွှေစျေး ကျဆင်းနေသော်လည်း လက်ရှိ ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း ၁၀၀ နှင့် ၂ သိန်းဝန်းကျင်အကြား ဈေးပေါက်နေကြောင်း သိရှိရသည်။
ဒေါ်လာဈေးနှင့် ရွှေဈေးနှစ်မျိုးစလုံး ပြန်လည်မြင့်တက်လာခြင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ယွမ်နှင့် ထိုင်းဘတ် ဝယ်လိုအားမြင့်တက်လာခြင်းတို့ကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းစေသည့် အခြေအနေများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

👍46🔥6❤4👎1🥰1
သာယာဝတီတွင် ဘာရောဂါဖြစ်ဖြစ် B1နှင့် Cevit ဆေးပြားသာ ပေး
နိုဝင်ဘာလ ၃ ရက်
သာယာဝတီထောင်တွင် အကျဉ်းသားများ မည်သည့်ရောဂါဝေဒနာ ဖြစ်သည်ဖြစ်စေ ဗီတာမင် B1 နှင့် Cevit ဆေးပြားသာ ပေးကြောင်း သိရသည်။
ထောင်က ပေးသည့် သောက်ရေများတွင် အမှုန်အမွှားများပါကာ မသန့်ရှင်းသဖြင့် အကျဉ်းသားများ က ဈေးဘားများမှတစ်ဆင့် ကိုယ်ပိုင်ငွေဖြင့် ပြန်လည်ဝယ်ယူ သောက်သုံးနေကြရပြီး ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလည်း အလွန်အားနည်းကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအ ကျဉ်းသားများကွန်ရက် PPNM က ယနေ့(နိုဝင်ဘာ၃ရက်)သတင်းထုတ်ပြန်သည်။
ထို့ပြင် ထောင်တွင်း ပေးဝေသည့် ဆန်ပြုတ်၊ ပဲဟင်းနှင့် ငါးဟင်းတို့မှာလည်း အာဟာရဓာတ် လုံးဝ မလုံလောက်ဘဲ အာဟာရချို့တဲ့မှုကြောင့် အောက်ပိုင်း ချည့်နဲ့နေသူများကို ဆေးဘက်ဆိုင်ရာ မှတ် ချက်များတွင် အမှန်အတိုင်း မရေးဘဲ မဟုတ်မမှန် ရေးသားနေ ကြောင်းလည်း ဆိုသည်။
သာယာဝတီအကျဉ်းထောင်တွင် ဒုထောင်ပိုင်အေးမင်းနှင့် တာဝန်ရှိသူများသည် ထောင်တွင်းရှိ အသက် ၆၀ အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများကိုပါ အဓမ္မအလုပ်ခိုင်းစေ နေပြီး အလုပ်မလုပ်ကိုင်နိုင်ပါက တစ်ဦးလျှင် ကျပ် ၁ သိန်းစီ ပေးဆောင်ခိုင်းကြောင်း ထို့ပြင် ထောင်တွင်းအလှူငွေ အကြောင်းပြချက်ဖြင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ တစ်လအတွင်း ၈ကြိမ် ငွေကောက်ခံခဲ့ပြီး ငွေ မပေးဆောင်နိုင်သူများကို အလုပ်ပိုမိုခိုင်းစေခြင်းနှင့် အမျိုးသားအဆောင် များ၌ အခန်းပြောင်း၊ အဆောင်ပြောင်းရွှေ့ခိုင်းကြောင်း PPNM က ထုတ်ပြန်သည်။

🤬42🔥16❤2👎1😁1
ထိုင်းနိုင်ငံတွင် အရေးပေါ်အခြေအနေများအတွက် ၇၂ နာရီစာ ရိက္ခာနှင့် အသုံးအဆောင်များ ကြိုတင်ပြင်ဆင်ထားရန် DDPM တိုက်တွန်း
နိုဝင်ဘာလ ၃ ရက်
ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM) က အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများနှင့်ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်တွင် ပြည်သူများအနေဖြင့် အနည်းဆုံး ၇၂ နာရီကြာ ကိုယ်တိုင်ရပ်တည်နေထိုင်နိုင်ရန် အစားအသောက်၊ သောက်ရေ၊ ဆေးဝါးနှင့် အခြေခံအသုံးအဆောင်များပါဝင်သည့် အရေးပေါ်အိတ်များ ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းလိုက်သည်။
DDPM ညွှန်ကြားရေးမှူးချုပ် နီရတ် ပေါင်ဆစ်သစ်သဝန်က အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေများကြောင့် နိုင်ငံအချို့သည် ၎င်းတို့၏ နိုင်ငံသားများကို အခြေခံအသုံးအဆောင်များ သုံးရက်စာ ကြိုတင်စုဆောင်းထားရန် အကြံပြုထားကြောင်း ပြောသည်။
ထိုင်းနိုင်ငံသည် ယင်းကဲ့သို့သော အန္တရာယ်များနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများထဲတွင် မပါဝင်သော်လည်း အရေးပေါ်အိတ်တစ်လုံး ကြိုတင်ပြင်ဆင်ထားခြင်းသည် မမျှော်လင့်ထားသည့် အခြေအနေများကို ရင်ဆိုင်နိုင်ရန် အခြေခံကြိုတင်ကာကွယ်မှုတစ်ရပ်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားသည်။
အရေးပေါ်အိတ်များသည် နိုင်ငံတကာစစ်ရေးပဋိပက္ခများအတွက်သာမက ရုတ်တရက်ရေကြီးမှု၊ မြေပြိုမှုနှင့် ငလျင်လှုပ်ခတ်မှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များ၊ ကူးစက်ရောဂါဖြစ်ပွားမှုများ၊ မီးလောင်မှုများ၊ အဓိကရုဏ်းများနှင့် အခြားအရေးပေါ်အခြေအနေများအတွက်လည်း ရည်ရွယ်ထားခြင်းဖြစ်သည်။
DDPM ၏ အဆိုအရ ဘေးအန္တရာယ်တစ်ခု ဖြစ်ပွားပြီးနောက် ပထမဆုံး ၇၂ နာရီသည် အလွန်အရေးကြီးသည့် အချိန်ကာလဖြစ်ပြီး ယင်းကာလအတွင်း ဘေးသင့်ပြည်သူများသည် သက်ဆိုင်ရာအာဏာပိုင်များက အကူအညီပေးနိုင်ရန် စီစဉ်နေချိန်၌ မိမိတို့ဘာသာ ရပ်တည်နေထိုင်ရနိုင်ကြောင်း သိရသည်။
ဌာနက အိမ်ထောင်စုတိုင်းအနေဖြင့် အရေးပေါ်အိတ်တစ်လုံးတွင် အဓိကလိုအပ်သည့် ပစ္စည်းအမျိုးအစား ၆ မျိုးကို ထည့်သွင်းပြင်ဆင်ထားရန် အကြံပြုထားသည်။
၁။ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းများ
ရှေးဦးသူနာပြုစုနည်းသုံးပစ္စည်းများ၊ အခြေခံဆေးဝါးများ၊ ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးနေရသည့် ဆေးဝါးများနှင့် ဆေးမှတ်တမ်းများ ပါဝင်သင့်သည်။
၂။ အစားအသောက်နှင့် သောက်ရေ
လူတစ်ဦးလျှင် တစ်ရက်အတွက် သောက်ရေ အနည်းဆုံး ၃ လီတာနှုန်းဖြင့် ပြင်ဆင်ထားသင့်ပြီး အသင့်စားနိုင်သည့် အစားအစာများ၊ စွမ်းအင်မြင့်မားသည့် မုန့်များနှင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးလိုအပ်ချက်ရှိသူများအတွက် သီးခြားအစားအစာများ ထည့်သွင်းထားသင့်သည်။
၃။ ဆက်သွယ်ရေးပစ္စည်းများနှင့် အသုံးအဆောင်ကိရိယာများ
မိုဘိုင်းဖုန်း၊ အားသွင်းဘက်ထရီ (Power Bank)၊ ဓာတ်မီး၊ အပိုဘက်ထရီ၊ ဘက်ထရီဖြင့် အသုံးပြုနိုင်သည့် ရေဒီယို၊ လေချွန်၊ ဖယောင်းတိုင်၊ မီးခြစ်၊ မှတ်စုစာအုပ်၊ ဘောပင်၊ အိတ်ဆောင်ဓား၊ ကတ်ကြေး၊ ကြိုးနှင့် ကပ်ခွာတိပ်များ ပါဝင်သင့်သည်။
၄။ အရေးကြီးစာရွက်စာတမ်းများနှင့် ငွေသား
နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်း၊ ကျန်းမာရေးအာမခံကတ်၊ ယာဉ်မောင်းလိုင်စင်၊ ဘဏ်စာအုပ်နှင့် မြေယာပိုင်ဆိုင်မှုစာရွက်စာတမ်းများ၏ မိတ္တူများကို ရေစိုခံအိတ်ဖြင့် ထည့်သိမ်းထားသင့်သည်။ ထို့အပြင် အပိုသော့များနှင့် ငွေပေးချေမှုစနစ်များ အသုံးမပြုနိုင်သည့် အခြေအနေအတွက် ငွေသားကိုလည်း ဆောင်ထားသင့်သည်။
၅။ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ
တစ်ရှူး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများနှင့် အမှိုက်အိတ်များ ပါဝင်သင့်သည်။
၆။ အဝတ်အထည်နှင့် အမိုးအကာဆိုင်ရာပစ္စည်းများ
အပိုအဝတ်အစားများ၊ မိုးကာအင်္ကျီ၊ ဦးထုပ်၊ စောင်နှင့် အိပ်ရာလိပ်များကိုလည်း ထည့်သွင်းပြင်ဆင်ထားသင့်သည်။
နီရတ်က သဘာဝဘေးအန္တရာယ်၊ ဆိုက်ဘာစစ်ပွဲ သို့မဟုတ် နိုင်ငံတကာပဋိပက္ခများကြောင့် အရေးပေါ်ရွှေ့ပြောင်းရသည့် အခြေအနေမျိုးတွင် ချက်ချင်းယူဆောင်သွားနိုင်ရန် အိမ်ထောင်စုတိုင်း၌ အရေးပေါ်အိတ်တစ်လုံး အဆင်သင့်ထားရှိသင့်ကြောင်း ပြောသည်။
အရေးပေါ်အိတ်အဖြစ် ပေါ့ပါးပြီး ရေစိုခံသည့် အိတ်ကို အသုံးပြုရန်၊ အလွယ်တကူ လှမ်းယူနိုင်သည့် နေရာတွင် ထားရှိရန်နှင့် အတွင်းရှိပစ္စည်းများ ပျက်စီးမှုရှိ၊ မရှိ၊ သက်တမ်းကုန်ဆုံးမှု ရှိ၊ မရှိ ပုံမှန်စစ်ဆေးရန်လည်း ၎င်းက အကြံပြုထားသည်။

❤41👍22🔥3😁3🥰2
မြန်မာဘက်မှ တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ လက်နက်ကြီးကျည်ကျရောက်မှုနှင့် ထိုင်းပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်မှုအပေါ် ထိုင်းစစ်တပ်က မြန်မာစစ်သံမှူးကို ခေါ်ယူ သတိပေး၊ နေပြည်တော်ကိုလည်း ကန့်ကွက်စာ ပေးပို့
နိုဝင်ဘာလ ၃ ရက်
မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ လက် နက်ကြီးကျည်များ ကျရောက်ပြီး ထိုင်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုများရှိလာသည့်အတွက် ထိုင်းစစ်တပ်က မြန်မာစစ်သံမှူးကို ခေါ်ယူသတိပေးခဲ့သလို နေပြည်တော်ရှိ မြန်မာအာဏာပိုင်များထံသို့လည်း တရားဝင်ကန့်ကွက်စာများ ပေးပို့ထားကြောင်း ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ချိုင်ပရူး ဒေါင်ပရာပတ်က ပြောကြားသည်။
မြန်မာနိုင်ငံ မြဝတီမြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများနှင့် နယ်စပ်အခြေအနေ မတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပြီး စစ်အင်အားနှင့် လက်နက်ကိရိယာများကိုလည်း လိုအပ်သည့်နေရာများတွင် ဖြန့်ကြက်ချထားကြောင်း NSC အတွင်းရေးမှူးချုပ်က ယနေ့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ မြဝတီမြို့နယ်သည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်နှင့် မျက်နှာ ချင်းဆိုင် တည်ရှိပြီး အဆိုပါ နယ်စပ်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် လက်နက်ကြီးကျည်များ ထိုင်းဘက်သို့ ကျရောက်နိုင်သည့် အန္တရာယ်များအပေါ် ထိုင်းနိုင်ငံက စိုးရိမ်နေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်လုံခြုံရေးဆိုင်ရာ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့် အမျိုး သားလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်နေပြီး လုံခြုံရေးတပ်ဖွဲ့များကို အဆင်သင့်ပြင်ဆင်ထားကြောင်း ချိုင်ပရူးက ပြောသည်။
“သတ်မှတ်ထားတဲ့ နယ်မြေတွေမှာ တပ်ဖွဲ့တွေ ဖြန့်ကြက်ချထားဖို့နဲ့ လိုအပ်တဲ့ လက်နက်ကိရိယာတွေကို တပ်ဖွဲ့ဝင်တွေ အသုံးပြုနိုင်အောင် ပြင်ဆင်ထားဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေက ဆောင်ရွက်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံဘက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နယ်စပ်အခြေအနေ ပိုမိုတင်းမာလာခြင်းကို တားဆီးရန်နှင့် စစ်ရေးအရှိန်မြှင့်တက်လာမှု မဖြစ်စေရန် ထိုင်းနိုင်ငံက မြန်မာအာဏာပိုင်များထံ အဆင့်ဆင့်သော လမ်းကြောင်းများမှတစ်ဆင့် တရားဝင်ကန့်ကွက်စာများနှင့် အသိပေးစာများ ပေးပို့ထားကြောင်း သိရသည်။
အဆိုပါ ကန့်ကွက်စာများကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်းဘုရင့်တပ်မတော်နှင့် အမျိုးသားလုံခြုံရေးကောင်စီတို့မှတစ်ဆင့် နေပြည်တော်ရှိ မြန်မာအာဏာပိုင်များထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး နယ်စပ်အနီး ဖြစ်ပွားနေသည့် စစ်ရေးလှုပ်ရှားမှုများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထိခိုက်မှုများ ထပ်မံမဖြစ်ပွားစေရန် တားဆီးပေးရေးကို တောင်းဆိုထားသည်။
နယ်စပ်အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည့်အတွက် ဒေသခံပြည်သူများအား ကူညီထောက်ပံ့ရေးနှင့် လျော်ကြေးပေးအပ်ရေးကိစ္စများကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေကြောင်း ချိုင်ပရူးက ပြောသည်။
ထို့အပြင် နယ်စပ်အနီး အန္တရာယ်မြင့်မားသည့် နေရာများတွင် နေထိုင်ကြသော ထိုင်းပြည်သူများကို အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက အချိန်မီ ရွှေ့ပြောင်းပေးနိုင်ရန်အတွက်လည်း ကြိုတင်ရွှေ့ပြောင်းရေးအစီအစဉ်များ ပြင်ဆင်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ တရားဝင်ကန့်ကွက်မှုများအပေါ် မြန်မာဘက်က မည်သို့တုံ့ပြန်ဆောင်ရွက်နေသည်နှင့် ပတ်သက်၍ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥကရစ် ဘွန်တာနွန်သည် မြန်မာစစ်သံမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NSC အတွင်းရေးမှူးချုပ်က ပြောသည်။
အဆိုပါ တွေ့ဆုံမှုတွင် မြန်မာစစ်သံမှူးက မြေပြင်ရှိ တပ်ဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင် ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်း ချိုင်ပရူးက ပြောကြားခဲ့သည်။
မြန်မာအာဏာပိုင်များနှင့် ထိုင်းနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမှာ ယေဘုယျအားဖြင့် ကောင်းမွန်သည့် အခြေအနေတွင် ရှိနေသော်လည်း နယ်စပ်အနီး ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မြေပြင်တပ်ဖွဲ့များအနေဖြင့် အထူးသတိထား ဆောင်ရွက်နေရကြောင်း ၎င်းက ထောက်ပြသည်။

😁61👍6❤3🔥1
စစ်တွေ ရွှေမင်းဂံ တိုက်ပွဲတွင် ဗိုလ်မှူးကောင်းမြင့်မြတ်နှင့် ဗိုလ်ကြီးတစ်ဦးသေဆုံး
နိုဝင်ဘာလ ၃ ရက်
စစ်တွေ ရွှေမင်းဂံနှင့် ငပြီကျွန်း တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ် တပ်မ (၃၃)မှ ဗိုလ်မှူးကောင်းမြင့်မြတ်နှင့် ဗိုလ်ကြီးတစ်ဦးတို့ သေဆုံးကြောင်းသတင်းရရှိသည်။
ဗိုလ်မှူးကောင်းမြင့်မြတ်မှာ အောက်တိုဘာ ၁၆ ရက်နေ့က တိုက်ပွဲတွင်ကျပြီး ဗိုလ်ကြီးဖြစ်သူမှာ အောက်တိုဘာ ၂၈ ရက်နေ့က တိုက်ပွဲတွင် ကျသွားကြောင်း သိရသည်။
စစ်ရေးရင်းမြစ်တစ်ဦးက “ ရွှေမင်းဂံဖက်စစ်ကြောင်းနဲ့ ငပြီကျွန်းစစ်ကြောင်းမှာ တပ်မ ၃၃ က ဗိုလ်မှူးကောင်းမြင့်မြတ်နဲ့ဗိုလ်ကြီးသေတာပါ။ သေဆုံးသူများလို့ စစ်သားမယားတွေကို၊ မိသားစုတိကိုမပြောရပါဘူး။ သတင်းအမှောင်ချထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။
သေဆုံးသူ ဗိုလ်ကြီး၏ နာမည်မှာ မင်းသူဟု သိရှိရသော်လည်း သေချာစေရန် နိရဉ္စရာက ဆက်လက် စုံစမ်းမေးမြန်းနေတုန်းဖြစ်ပါသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူရန် အာရက္ခတပ်တော်ကို ဆက်သွယ် မေးမြန်းနေတုန်းဖြစ်ပါသည်။
အလားတူ အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားနေသည့်စစ်တွေတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ပေါင်းတည်ဇာတိ ဗိုလ်မှူးအောင်ကျော်မိုး (၃၇) နှစ်သည် အောက်တိုဘာ ၂၇ ရက်နေ့ ညတိုက်ပွဲတွင် သေဆုံးသွားပြီးအလောင်းပြန်မရကြောင်း မိသားစုများက ထုတ်ဖော်ပြောဆိုထားသည်။
ဝီရဌာနီမြို့နယ်၊ ကုလားတန်မြစ်၀တွင် တည်ရှိသည့် ငပြီကျွန်းတွင် အာရက္ခတပ်တော်နှင့် အာဏာသိမ်းစစ်တပ်တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံ သတင်းရင်းမြစ်ဆီကနေ သိရှိရသည်။
"တိုက်ပွဲကတော့ ဆက်ရှိနေတယ်။ နှစ်ဖက်စလုံးက အရှိန်မလျှော့ဘူး။ တိုက်ပွဲ နည်းနည်းပြင်းရင်တော့ လေယာဉ်လာတယ်။ နေဗီကလည်း ပစ်ကူပေးနေတာတော့ရှိပါတယ်"ဟု ပြောဆိုသည်။
လက်ရှိ စစ်တွေမြို့နယ်တွင်လည်း အာဏာသိမ်းစစ်တပ်နှင့် AA တို့အကြား နှစ်ဖက် အပြန်အလှန်ထိုးစစ်ဆင်နေကြပြီး ညအချိန်တွင် တိုက်ပွဲများမှာ ပိုမို ပြင်းထန်နေသည်ဟု သိရှိရသည်။
#NJ

👍41👏26❤6😁5🥰1