Hlaing Info
47.4K subscribers
149K photos
6.05K videos
5 files
14.4K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချမှုများ တိုးပွားလာမှု၊ ကျားဖြန့်လုပ်ငန်းများ ဆက် လက်ကြီးထွားနေမှုများကြောင့် မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် FATFက ထပ်မံအရေးယူခြင်းဖြစ်

▪️ မြန်မာဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ နိုင်ငံတကာဘဏ္ဍာရေးစနစ်တွင် ပုံမှန်လုပ်ငန်းဆောင်ရွက်ခွင့်မရနိုင်ဘဲ အကန့်အသတ်များနှင့် ရင်ဆိုင်ရမည်

နိုဝင်ဘာ ၂ ရက်

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် မှောင်ခိုသယ်ဆောင်ရောင်းဝယ်မှုများ တိုးမြင့်လာခြင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် ကျားဖြန့်လုပ်ငန်းများ ဆက်လက်ကြီးထွားနေခြင်းတို့ကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အန္တရာယ်များ မြင့်မားနေဆဲဖြစ်ပြီး မြန်မာနိုင်ငံကို အမည်ပျက်စာရင်းမှ ဖယ်ရှားခြင်းမပြုဘဲ ဆက်လက်ထားရှိရန် Financial Action Task Force (FATF) က ဆုံးဖြတ်လိုက်သည်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးကို ဦးဆောင်နေသည့် ပါရီအခြေစိုက် FATF က သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာပိုင်း ချို့ယွင်းချက်များကို ဖြေရှင်းရာတွင် လုံလောက်သော တိုးတက်မှုမရှိသေးကြောင်း ဖော်ပြခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် ငွေကြေးလွှဲပြောင်းမှုများအပေါ် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများက ပိုမိုတင်းကျပ်သော စိစစ်မှုများ ဆက်လက်ပြုလုပ်ရန် FATF က တောင်းဆိုခဲ့သည်။

FATF ၏ ယခုဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသည့် အွန်လိုင်းလိမ်လည်မှုနှင့် ကျားဖြန့်လုပ်ငန်းများမှတစ်ဆင့် တရားမဝင်ငွေကြေးစီးဆင်းမှုများ ဖြစ်ပေါ်နေခြင်းကိုလည်း ထည့်သွင်းစဉ်းစားထားသည်။

FATF သည် ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အစိုးရအချင်းချင်း ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှုနှင့် အခြားဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရန် နိုင်ငံတကာကြိုးပမ်းမှုများကို ညှိနှိုင်းဆောင်ရွက်ပေးနေသည်။

အဖွဲ့က မိမိကိုယ်ကို ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု စောင့်ကြည့်ရေးအဖွဲ့အဖြစ် ဖော်ပြထားပြီး ဖွဲ့စည်းထားသော ရာဇဝတ်မှုများ၊ အကျင့်ပျက်ခြစားမှုနှင့် အကြမ်းဖက်မှုများကို တားဆီးရန် နိုင်ငံတကာအဆင့်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ဦးဆောင်နေသည်။

FATF သည် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးစနစ်တွင် မဟာဗျူဟာပိုင်းဆိုင်ရာ ချို့ယွင်းချက်များရှိနေကြောင်း ၂၀၁၈ ခုနှစ်ကတည်းက ဖော်ထုတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံကို “အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည့် အန္တရာယ်မြင့်နိုင်ငံများ” စာရင်းသို့ စတင်ထည့်သွင်းခဲ့သည်။

အဆိုပါစာရင်းကို FATF ၏ အမည်ပျက်စာရင်းဟု အများအားဖြင့် ခေါ်ဆိုကြပြီး အောက်တိုဘာ ၃၀ ရက်နေ့တွင် ပြန်လည်အတည်ပြုခဲ့သည့် စာရင်း၌ မြန်မာနိုင်ငံအပြင် အီရန်နှင့် မြောက်ကိုရီးယားတို့လည်း ပါဝင်နေသည်။

FATF ၏ အမည်ပျက်စာရင်းတွင် ဆက်လက်ပါဝင်နေခြင်းကြောင့် မြန်မာဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် နိုင်ငံတကာဘဏ္ဍာရေးစနစ်တွင် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများအတွက် အကန့်အသတ်များနှင့် ရင်ဆိုင်ရနိုင်သည်။

မြန်မာနိုင်ငံသားများ၊ မြန်မာကုမ္ပဏီများနှင့် ငွေကြေးဆိုင်ရာ ဆက်ဆံမှုရှိသည့် နိုင်ငံခြားကုမ္ပဏီများအနေဖြင့်လည်း ပိုမိုတင်းကျပ်သော စိစစ်မှုများ၊ အစီရင်ခံမှုများနှင့် စည်းမျဉ်းလိုက်နာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရင်ဆိုင်ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍53❤6🔥2😁1
AA နှင့် မီဇိုရမ်ယာဉ်ပိုင်ရှင်များအသင်း နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး

နိုဝင်ဘာလ ၂ ရက်

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံတောင်ပိုင်း မီဇိုရမ်ပြည်နယ်၊ စိုင်ဟာခရိုင်ရှိ မီဇိုရမ်လုပ်ငန်းသုံးယာဉ်ပိုင်ရှင်များအသင်း (Mizoram Commercial Vehicles Owners Association – MCVOA) ၏ ခရိုင်အဖွဲ့ခွဲသည် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့်  နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်သည်။

စိုင်ဟာဒေသရှိ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အဆိုပါ MoU ကို အောက်တိုဘာ ၂၉ ရက် ကြာသပတေးနေ့တွင် စိုင်ဟာမြို့ရှိ သတင်းစာကလပ်၌ MCVOA ၏ စိုင်ဟာခရိုင်အဖွဲ့ခွဲနှင့် ULA/AA ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

သတင်းရင်းမြစ်များ၏ အဆိုအရ ULA/AA သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းရှိ အကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် ပိုမိုကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

အဆိုပါ MoU သည် မီဇိုရမ်-မြန်မာနယ်စပ်တောင်ပိုင်းတစ်လျှောက် လက်ရှိလုပ်ဆောင်နေသော တရားဝင်မဟုတ်သည့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးလုပ်ငန်းများတွင် MCVOA နှင့် ULA/AA တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်သည်။

ထို့ပြင် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လာသည့် နားလည်မှုလွဲမှားခြင်းများနှင့် အခြားအခက်အခဲများကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဆွေးနွေးခြင်းတို့မှတစ်ဆင့် ဖြေရှင်းနိုင်ရန်လည်း ရည်ရွယ်ထားသည်။

နှစ်ဖက်ကိုယ်စားလှယ်များသည် တစ်ဖက်စီ၏ စိုးရိမ်ပူပန်မှုများအပြင် မြန်မာနိုင်ငံရှိ ရာလီနှင့် ဆလချွာကျေးရွာများတွင် ယာဉ်နှင့် လှေငှားရမ်းခနှုန်းထားများကို တစ်ပြေးညီဖြစ်စေရန်နှင့် သင့်တင့်မျှတသောနှုန်းထား သတ်မှတ်နိုင်ရေးအပါအဝင် ကိစ္စရပ်အများအပြားကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါကျေးရွာနှစ်ရွာသည် နယ်စပ်မြစ်ဖြစ်သော လိုပူမြစ်၏ တစ်ဖက်တစ်ချက်တွင် တည်ရှိပြီး တရားဝင်မဟုတ်သည့် ကုန်သွယ်ရေးလုပ်ငန်းများကို အဆိုပါမြစ်ကို ဖြတ်သန်း၍ ဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့အပြင် ရာလီနှင့် ဆလချွာကျေးရွာများရှိ နယ်စပ်ဂိတ်များကို နေ့စဉ် ည ၈ နာရီအထိ ဖွင့်လှစ်ထားရန်လည်း နှစ်ဖက်သဘောတူညီခဲ့ကြသည်။

အဆိုပါအစည်းအဝေးကို MCVOA ၏ စိုင်ဟာခရိုင်အဖွဲ့ခွဲဥက္ကဋ္ဌ K Hmangaihliana က ဦးဆောင်ကျင်းပခဲ့သည်။ MCVOA ခေါင်းဆောင်များက ULA/AA ကိုယ်စားလှယ်များအား စိုင်ဟာခရိုင်အတွင်းရှိ ကုန်သည်များနှင့်သာ ဆက်ဆံလုပ်ကိုင်သင့်ကြောင်း ပြောကြားခဲ့ပြီး ထိုသို့ဆောင်ရွက်ခြင်းသည် ပိုမိုအကျိုးရှိသည့်အပြင် ပိုမိုလုံခြုံမှုရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယခင်က စိုင်ဟာခရိုင်အတွင်း အကြီးဆုံးအရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သော Mara Thyutlia Py (MTP) သည် မြန်မာနိုင်ငံ ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့နှင့် ဆက်သွယ်ထားသော တရားဝင်မဟုတ်သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို စက်တင်ဘာ ၁၆ ရက် ည ၇ နာရီမှစတင်၍ အကန့်အသတ်မရှိ ပိတ်ပင်ထားခဲ့သည်။

ထိုဆုံးဖြတ်ချက်သည် စက်တင်ဘာ ၁၄ ရက်က ခိုင်ခိုင်ကျေးရွာတွင် မြန်မာကုန်သည်များနှင့် MTP စေတနာ့ဝန်ထမ်းများအကြား အငြင်းပွားမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

MTP အဖွဲ့၏ ပြောကြားချက်အရ စက်တင်ဘာ ၂၄ ရက် ညနေ ၄ နာရီတွင် MTP ခေါင်းဆောင်များက စိုင်ဟာမြို့ရှိ MTP ဗဟိုဌာနချုပ် အစည်းအဝေးခန်းမ၌ ULA/AA နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် နယ်စပ်ကုန်သွယ်ရေး ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ MTP ဥက္ကဋ္ဌ S Vabeihasa နှင့် ဒုဥက္ကဋ္ဌ FC Khihnia တို့က ဦးဆောင်တက်ရောက်ခဲ့ပြီး ULA/AA ဘက်မှ နယ်စပ်ဆက်ဆံရေးတာဝန်ခံ Chonai နှင့် ခရိုင်အုပ်ချုပ်ရေးမှူး Nan Zing တို့ တက်ရောက်ခဲ့ကြသည်။

နယ်စပ်ကုန်သွယ်ရေး ပိတ်ပင်ထားမှုသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အခြားဒေသများနှင့် အဆက်အသွယ်ပြတ်တောက်နေသော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူများအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု မျှော်မှန်းထားကြသည်။

မီဇိုရမ်ပြည်နယ်တောင်ပိုင်းသည် အဆိုပါဒေသနှစ်ခုအတွက် လောင်စာဆီအပါအဝင် အခြေခံလိုအပ်သော ကုန်ပစ္စည်းများကို အဓိကပံ့ပိုးပေးရာနေရာတစ်ခုဖြစ်သည်။

#MPA
#Aungpwel
❤53👍28🔥1👏1
စစ်တွေတွင် စစ်တပ်က တပ်ပျက်အင်အားများအပါအဝင် အင်အား ၇ ထောင်ကျော်ကို ခုခံစစ်အတွက် သုံးစွဲထား

‎နိုဝင်ဘာလ ၂ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်းရှိ ရွေးတုအစိုးရ စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များသည် မြို့တွင်း ခုခံစစ်အတွက် အင်အားဖြည့်တင်းခြင်း၊ ပြန်လည်စုဖွဲ့ခြင်းနှင့် ခံစစ်ပြင်ဆင်မှုများကို အင်အားအလုံး အရင်းဖြင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ခုခံစစ် ပြင်ဆင်မှုများတွင် ရခိုင်ပြည်နယ်တစ်ဝှမ်း တပ်ပျက်ခဲ့သည့် ကျောက်တော်အခြေစိုက် စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် စကခ -၉ ၊ တောင်ကုတ်အခြေစိုက် စကခ -၅၊ ဘူးသီးတောင်အခြေစိုက် စကခ-၁၅ နှင့် အခြေချစစ်ဗျူဟာ စဗခ (ဘူးသီးတောင်) တပ်များ ပါဝင်နေပြီး ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ်အတွင်း စစ်မှုထမ်း တပ်သားသစ်များကိုပါ ခေါ်ဆောင်၍ အင်အားဖြည့်တင်းထား ကြောင်း သိရသည်။

"အမြင့်ကျွန်းကနေ ကွမ်းတောင်ကို ထပ်ထိုးဖို့ ပြင်ဆင်နေတယ်။ AA ဘက်ကလည်း အပြင်းအထန် တိုက်ခိုက်နေတော့ စစ်တပ်က ရှေ့မတိုးသာသေးဘူး။ စစ်တပ်က အင်အားဖြည့်လာတာ ရှိတယ်" ဟု သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ စစ်ရေး အခြေအနေများအရ အာရက္ခတပ်တော် (AA) အနေဖြင့် စစ်တွေမြို့ကို ရွှေမင်းဂံ၊ အမြင့်ကျွန်း၊ ပါဒလိတ်၊ ကြွီတဲ၊ ငတောက်တက် စသည့် ကျေးရွာများဘက်မှ ထိုးစစ်ဆင်လျက်ရှိပြီး ကျားမသောက်ကျေးရွာအထိ တိုက်ပွဲများ ရောက်ရှိလာခြင်းဖြစ်သည်။

စစ်တွေမြို့နယ်အတွင်း ဒကစ၊ ခလရ-၂၀၊ ခလရ-၃၄၄၊ ခလရ -၂၃၂၊ ခလရ-၂၇၀၊ ရဲတပ်ရင်း -၁၂၊ ရဲတပ်ရင်း -၃၆၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ ရွှေမင်းဂံ ရေတပ်စခန်း စသည့် တပ်ရင်းတပ်ဖွဲ့ ၁၉ ခုခန့်ဖြင့် တပ်စွဲထားကြောင်း သိရသည်။

အဆိုပါ တပ်ရင်းတပ်ဖွဲ့ ၁၉ ခုခန့်တွင် မူလအင်အား ၂,၅၀၀ ကျော်၊ နပခ အပါအဝင် တပ်ပျက်များမှ အင်အား ၃,၀၀၀ ခန့်အပြင် ၄၉၂၆ စစ်ဆင်ရေးတွင် ဖြည့်တင်းခဲ့သည့် အင်အား ၁,၅၀၀ နှင့် ပုဏ္ဏားကျွန်း ဒုတိယအကြိမ် ထိုးစစ်အတွက် အင်အား ၁,၀၀၀ ခန့် ထပ်မံပို့ဆောင်ထားရာ စစ်တွေမြို့နယ်အတွက် ရွေးတုအစိုးရ စစ်တပ်က အင်အား ၇,၀၀၀ ကျော်အထိ သုံးစွဲထားရသည်။

ထို့ပြင် မြို့ပတ်ဝန်းကျင်ရှိ ရွှေမင်းဂံ၊ ကျားမသောက်၊ ကံကော်ကျွန်း၊ ဝါဘိုနှင့် ပါဒလိတ် စသည့် နေရာများတွင်လည်း ခံစစ်ပြင်ဆင်မှုများ ပြုလုပ်ထားသော်လည်း ယခုရက်ပိုင်းအတွင်း AA ၏ အနီးကပ် ပစ်ခတ်တိုက်ခိုက်မှုကို စစ်တပ်က ခံနေရပြီး ဝါဘိုဘက်ကို AA က ထိန်းချုပ်ထားပြီး ဖြစ်သည်။

မြေပြင် စစ်ရေးသတင်းများအရ ရွေးတုအစိုးရ စစ်တပ်သည် မြို့တွင်းရှိ လက်နက်ခဲယမ်းများကို လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းခြင်း၊ ခလရ-၂၀နှင့် ဆေးတပ်ရင်း မဆရ-၈ တို့တွင် အရေးပေါ် ရိက္ခာနှင့် ဆေးဝါးများ စုဆောင်းထားခြင်းအပြင် စစ်တပ်အရာရှိများ ထွက်ပြေးရန်အတွက် ရဟတ်ယာဉ်များကို အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

ထို့ပြင် ဆတ်ရိုးကျချောင်း တံတားအောက်တွင်လည်း ရေတပ်စခန်း ဆောက်လုပ်ထားပြီး မြို့နှင့် ရွှေမင်းဂံ လမ်းကြောင်း အဆက်မပြတ်စေရန် ပြင်ဆင်ထားသည်။

#AYAT
#HlaingInfo
👍33😁15👎7❤5👏2
ပြည်သူပါမှ စစ်နိုင်မည်ဟု စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးပြောကြား

နိုဝင်ဘာလ ၂ ရက်

စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူများက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေခြင်းကြောင့် နိုင်ငံတစ်ဝန်း တော်လှန်ရေးစစ်ပွဲများ ဖြစ်ပွားနေချိန်တွင် ပြည်သူပါဝင်မှသာ စစ်ပွဲအောင်မြင်နိုင်မည်ဟု စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောဆိုလိုက်သည်။

ယနေ့ကျင်းပသည့် စစ်ကောင်စီ၏ အတုအယောင်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဗိုလ်ချုပ်မင်းသူက နယ်မြေတစ်ခု တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူများပါဝင်ရန် လိုအပ်ကြောင်း၊ တပ်မတော်ဖြစ်စေ၊ ရဲတပ်ဖွဲ့ဖြစ်စေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များဖြစ်စေ ၎င်းတို့ချည်းသာ ဆောင်ရွက်၍ မရကြောင်း ပြောကြားခဲ့သည်။

“တိုက်ပွဲတစ်ခု အောင်မြင်ဖို့ဆိုသာ တပ်မတော်သော်လည်းကောင်း၊ ရဲတပ်ဖွဲ့သော်လည်းကောင်း ပြည်သူ့လုံခြုံရေးအဖွဲ့တွေကြီးပဲ လုပ်လို့မရပါဘူး။ ပြည်သူပါမှ စစ်နိုင်မှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မင်းသူက ပြောဆိုခဲ့သည်။

ထို့ပြင် သက်ဆိုင်ရာနယ်မြေဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဆိုပါဒေသ တည်ငြိမ်အေးချမ်းနေရန် လိုအပ်ပြီး နယ်မြေတည်ငြိမ်မှသာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်သူများက နိုင်ငံတစ်ဝန်း ခုခံတော်လှန်မှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ၏ ခုခံတိုက်ခိုက်မှုများကြောင့် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ထိုအခြေအနေကို ဖြစ်ပေါ်စေခဲ့သည့် အာဏာသိမ်းမှုနှင့် စစ်ကောင်စီ၏ စစ်ရေးလုပ်ဆောင်မှုများအပေါ် တာဝန်ယူဖြေရှင်းရန် ပြောဆိုခြင်းမရှိဘဲ ပြည်သူပါမှ စစ်နိုင်မည်၊ ပြည်သူပါမှ နယ်မြေတည်ငြိမ်မည်ဟု ပြောဆိုလာခြင်းသည် အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် ပြည်သူများ၏ သဘောထားနှင့် လက်တွေ့မြေပြင်အခြေအနေကို လျစ်လျူရှုထားသည့် ပြောဆိုချက်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက ပြောသည်။

အာဏာသိမ်းမှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်နှင့် လူမှုစီးပွားဘဝများ ပျက်စီးနေချိန်တွင် ပြည်သူ့ပူးပေါင်းပါဝင်မှုကို တောင်းဆိုနေခြင်းမှာ စစ်ကောင်စီ၏ ပြောဆိုချက်နှင့် လက်တွေ့လုပ်ရပ်များအကြား ကွာဟချက်ကို ပိုမိုထင်ရှားစေသည်။

#MPA
#HlaingInfo
😁82❤6👎4🔥1🤯1
လောင်းလုံး၊ ကဒက်ငယ်ထိန်ရွာတွင် ရေကြီးတောင်ပြိုမှုကြောင့် သေဆုံးသူ ၁ ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိ၊ စုစုပေါင်း ရုပ်အလောင်း ရှာတွေ့သူ ၁၄ ဦးထိရှိလာ

နိုဝင်ဘာလ ၂ ရက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ထိန်ရွာတွင် ရေကြီးတောင်ပြိုမှုကြောင့် သေဆုံးသူ ၁ ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ရုပ်အလောင်း ရှာတွေ့သူ ၁၄ ဦးထိရှိလာပြီ ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၆ ရက်နေ့မှစတင်၍ ထားဝယ်ဒေသတစ်ဝန်း နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများ ဖြစ်ပွားခဲ့ပြီး လောင်းလုံးမြို့နယ်ရှိ ကဒက်ငယ်ထိန်ရွာသည်လည်း ရေကြီးမှုနှင့် တောင်ပြိုမှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် ကျေးရွာများအနက် တစ်ရွာဖြစ်သည်။

အဆိုပါ တောင်ပြိုဘေးဒဏ်ခံခဲ့ရသည့် ကဒက်ငယ်ထိန်ရွာတွင် အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်၌ ကယ်ဆယ်ရေးအဖွဲ့များက စက်ယန္တရားများအသုံးပြု၍ ကျန်ရှိနေသည့် ရုပ်အလောင်းများကို ဆက်လက်ရှာဖွေခဲ့ရာ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် နာရီကျော်ခန့်တွင် သေဆုံးသူ အမျိုးသား ၁ ဦး၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ကဒက်ငယ်ထိန်ရွာ တောင်ကျောင်းဘုန်းကြီးကျောင်းဝင်းအတွင်း ကိုဖိုးသွယ် (ခေါ်) ကိုသွယ်တာစိုး၏ ရုပ်အလောင်းကိုလည်းတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

"မနေ့က အလောင်းတစ်လောင်းထပ်တွေ့တာပေါ့။ အမျိုးသား ၁ ဦးရဲ့ ရုပ်အလောင်းထပ်တွေ့တယ်။ အားလုံးပေါင်းရှာတွေ့တဲ့ အလောင်းက ၁၄ လောင်းရှိသွားပြီ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကဒက်ငယ်ထိန်ရွာတွင် ရေကြီးမှုနှင့် မြေပြိုမှုအတွင်း ကျေးရွာနေပြည်သူ ၁၅ ဦး ပျောက်ဆုံးခဲ့ပြီး ယခုအချိန်အထိ ၁၄ ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိထားကာ ကျန်ရှိနေသည့် ပျောက်ဆုံးသူ ၁ ဦးကို ကယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

ထားဝယ်ဒေသအတွင်း တောင်ပြိုမှုနှင့် မြေပြိုမှုများကြောင့် ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာများတွင် လောင်းလုံးမြို့နယ်ရှိ ကရင်ကြီးကျေးရွာ၊ ကဒက်ငယ်ထိန်ကျေးရွာ၊ တောကျဲကျေးရွာ၊ ကျောက်နီမော်ကျေးရွာ၊ ချောင်းဖျားကြီးကျေးရွာနှင့် ကျောက်တွင်းကျေးရွာတို့ ပါဝင်ပြီး စုစုပေါင်း ဆိုးဆိုးရွားရွားထိခိုက်ခံစားခဲ့ရသည့် ကျေးရွာ ၁၀ ရွာဝန်းကျင်ရှိကြောင်း သိရသည်။

ထို့ပြင် ထားဝယ်ဒေသတစ်ဝန်း နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများ ဖြစ်ပွားခဲ့ရာ အောက်တိုဘာလ ၂ ရက်နေ့အထိ ရရှိထားသည့် စာရင်းများအရ သေဆုံးသူ ၄၀ ကျော်ရှိပြီး နေအိမ် ၄၀၀ ကျော်၊ ငါးဖမ်းစက်လှေ ၅၀ ခန့်နှင့် တံတား ၁၀ စင်းထက်မနည်း ပျက်စီးခဲ့ကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

#KTM
#HlaingInfo
😢43😁3❤1👍1
ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှု မွေးကင်းစကလေးငယ်အပါအဝင် အရပ်သား ပြည်သူ ၁၄ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာလ ၂ ရက်

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာလေယာဉ်များ၊ Y-12 နှင့် ဂျိုင်ရိုကော်ပတာများ အသုံးပြုကာ နိုဝင်ဘာလ ၁ ရက်နှင့် ၂ ရက်နေ့တွင် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် မွေးကင်းစကလေးငယ်အပါအဝင် အရပ်သား ပြည်သူ ၁၄ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) ၏ သတင်းနှင့်ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့၊ ညသန်းခေါင်ယံ ၁၁ နာရီ ၃၀ မိနစ်မှ ၁၂ နာရီ ၄၀ မိနစ်အထိ ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အနီးဝန်းကျင်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်းဟောင်းများဖြစ်သော ခမရ (၅၃၉) နှင့် အမတ (၃၇၇) နေရာတို့ကို ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် အုပ်စုလိုက် ၁၃ ကြိမ်နှင့် Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ အထိ ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ထို့အတူ နိုဝင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီက ဂျိုင်ရိုကော်ပတာ (Gyrocopter) ဖြင့် ဗုံး ၂ လုံး လာရောက်ကျဲချခဲ့ရာ စစ်ဘေးရှောင် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းအတွင်းရှိ နေအိမ်အချို့ ပျက်စီးခဲ့ကာ အိမ်မွေးနွား ၁ ကောင် သေဆုံးခဲ့သည်။

အကြမ်းဖက် စစ်တပ်၏ နိုဝင်ဘာလ ၁ ရက်နေ့ တစ်ရက်တည်းတွင်ပင် ရခိုင်ဒေသအတွင်းရှိ ဒေသများကို ဂျက်တိုက်လေယာဉ်များဖြင့် လှည့်ပတ် ဗုံးကျဲခဲ့ရာ မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်ရှိ ယာယီဆေးကုခန်းနှင့် အမျိုးသမီးသားဖွားဆောင်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်နှင့် ပန်းဖဲချောင်းကျေးရွာများကို ဆက်သွယ်ထားသော ပြည်သူသုံးတံတား၊ ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာ၊ ဝီရဌာနေမြို့ပေါ်နှင့် ရွာချောင်းကြီးကျေးရွာတို့ လေကြောင်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

ယင်းကဲ့သို့ လေကြောင်းမှ ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် နိုဝင်ဘာလ ၁ ရက် တစ်ရက်တည်းအတွင်း မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး၊ တစ်နှစ်အထက် ကလေးငယ်များနှင့် လူငယ်လူကြီးများအပါအဝင် စုစုပေါင်း ၃၂ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အာရက္ခတပ်တော်အား ထိုးစစ်ဆင်ရာတွင် ရှေ့မတိုးနိုင်ဘဲ အထိအခိုက်အကျအဆုံး များပြားနေသဖြင့် အပြစ်မဲ့ပြည်သူလူထုများကို ပစ်မှတ်ထားကာ ယခုကဲ့သို့ မိုက်ရူးရဲဆန်သော အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

#KTM
#HlaingInfo
😢37🤬26❤4👍2👏2😁1
ဖလမ်းတွင် စစ်တပ် တပ်စွဲထားသော နေရာအနီး၌ သေနတ်ဖြင့် ပစ်သတ်ခံထားရသော ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး၏ ရုပ်အလောင်းများ တွေ့ရှိ

နိုဝင်ဘာလ ၂ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာအနီး၌ သေနတ်ဖြင့် ပစ်သတ်ခံထားရသော ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့က သုံးဘီးယာဉ်ဖြင့် ဖလမ်းမြို့ဘက်သို့ ပြန်လာသော မိသားစုဝင်သုံးဦးနှင့် သုံးဘီးယာဉ်မောင်းတို့သည် ညနေပိုင်းတွင် အဆက်အသွယ် ပြတ်တောက်သွားပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူများသည် ဟားခါးမြို့တွင် နေထိုင်ကြသူများဖြစ်ပြီး သေဆုံးသူ အမျိုးသမီး၏ အမျိုးသားဖြစ်သူက နိုဝင်ဘာလ ၁ ရက်နေ့တွင် လိုက်လံရှာဖွေခဲ့ရာ ဖလမ်းမြို့နှင့် ၈ မိုင်ခန့်အကွာ ရီအယ်လ်သီးကျေးရွာအနီးတွင် ဇနီးဖြစ်သူ၊ သမီးနှစ်ဦးနှင့် သုံးဘီးယာဉ်မောင်းတို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဖလမ်း–ဟားခါး လမ်းပိုင်းတွင် တပ်စွဲနေထိုင်ခြင်း၊ စစ်ဆေးရေးဂိတ်များဖွင့်လှစ်ခြင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ယခု ရုပ်အလောင်းများကိုလည်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသည့် မြောက်ဘက် တောင်ကြောတောစပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးသူ ၄ ဦး၏ ရုပ်အလောင်းများကို ဖလမ်းမြို့ရှိ ယာယီဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

#KTM
#HlaingInfo
🤬60🔥4❤2😢1
This media is not supported in your browser
VIEW IN TELEGRAM
ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်သားများ လွတ် မြောက်ရေး လှုပ်ရှားမှု ပြုလုပ် (ရုပ်သံ)

နိုဝင်ဘာလ ၂ ရက်

ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်ရေးအတွက် “FREE HER, FREE THEM ALL” လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ရေဘဝဲ (ပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့) မှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းဈေးအတွင်း၌ ရေဘဝဲ (ပြည်သူ့ အကျိုးပြု လူငယ်အဖွဲအစည်း) မှ ရဲဘော်များက "FREE HER, FREE THEM ALL" စာတန်းကိုင်ဆောင် ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကမ်ပိန်းကို ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ Kim Aris (ဦးထိန်လင်း) နှင့်အတူ ရပ်တည်ကာ အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ရန်ကုန်မြိုမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ရေဘဝဲသည် ရန်ကုန်မြို့အခြေစိုက် လူငယ်များဦးဆောင်သော လျှိဝှက်တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ကာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးကို ဗျူဟာမြောက် အကြမ်း မဖက်နိုင်ငံရေးနည်းလမ်းများဖြင့် ရယူရန် လှုပ်ရှားနေသော အဖွဲအစည်းဖြစ်သည်။

#KTM
#HlaingInfo
❤80👏14🥰2👍1🔥1😁1
ရေးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦးအပါအဝင် စစ်သား ၃ ဦး ဒဏ်ရာရ၊

▪️ကျောက်ထုမြို့သို့ စစ်အင်အား ဖြည့်တင်းရန် ကပစ ၂၄ မှ စစ်ကား ၁၀ စီးဖြင့် အင်အား ၄၀၀ ခန့် ထွက်လာ

နိုဝင်ဘာလ ၂ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးရားကျေးရွာဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရာမည မွန်တပ် တော်က ထုတ်ပြန်သည်။

အောက်တိုဘာလ ၃၁ ရက် နံနက် ၉ နာရီခန့်က ရေးမြို့နယ် ဒူးရားကျေးရွာဘက်သို့ အင်အား ၅၀ ခန့်ဖြင့် ဝင်‌‌ရောက်လာသော ခမရ ၅၈၆ နှင့် ခမရ ၂၉၉ တို့မှ ပူးပေါင်း စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့ဝင် များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို ရာမည မွန်တပ်တော် (RMA) မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အမြောက်တပ်သို့ စစ်အင်အားဖြည့်တင်းရန် ကပစ ၂၄ မှ စစ်ကား ၁၀ စီးဖြင့် အင်အား ၄၀၀ ခန့်ထွက်လာရာ ကျောက်တံခါးကျေးရွာသို့ ရောက်နေပြီဖြစ် ကြောင်း ယောဒေသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက်ပိုင်းက ပေါက်မြို့နယ်၊ ကပစ ၂၄ မှ စစ်ကား ၁၀ စီးဖြင့် ထွက်လာသော အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းသည် ပေါက်မြို့နယ် အနောက်မြောက်ခြမ်းနှင့် ယောဒေသ ဆောမြို့ နယ်အရှေ့မြောက်အရပ် ပုံတောင်ခြေရင်းရှိ ကျောက်တံခါးရွာကို ဦးတည်လာနေခြင်ဖြစ်ပြီး ညနေ ၃ နာရီ ကျော်က ကျောက်တံခါးကျေးရွာသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

“ညနေ ၂ နာရီ ၃၇ မိနစ် လောက်က ကျောက်မဲတောင်ရွာကိုရောက်တယ်။ ၃ နာရီ ကျော်ကျော်လောက် မှာ ကျောက်တံခါးရွာကို ရောက်တယ်။ ရှေ့ပြေးပေါ့၊ အရင်မေလတုန်းက ထွက်လာတဲ့လမ်းကြောင်းအ တိုင်းပဲ၊ ကျောက်တံခါးကနေတဆင့် အနောက်ဘက် ပုံတောင်ကို ဖြတ်ပြီး ကျောက်ထု အမတ ၃၆၈ ကို အင်အားဖြည့်ဖို့ ဖြစ်နိုင်တယ” ဟု ယောဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

လက်ရှိ ယောဒေသ ဆောမြို့နယ်၊ ကျောက်ထုဒေသတွင် စစ်အုပ်စုနှင့် ပြည်သူ့တော်လှန်ရေးတပ်များ ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိပြီး နယ်မြေတွင်းနေရာများတွင် ၂ ဖက်စစ်ရေးတင်းမာမှု အရှိန်များမြင့်တက်နေကြောင်းလည်း သိရသည်။

#KTM
#HlaingInfo
❤35👏14👍6🔥1
စစ်ဘေးရှောင်နေရတဲ့ မန္တလေးတိုင်းပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံတဲ့ လှုပ်ရှားမှုပြုလုပ်

နိုဝင်ဘာလ ၂ ရက်

စစ်ဘေးဒဏ်သင့် မန္တလေးတိုင်းအတွင်းက တော်လှန်ပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ "ငါတို့အမတ် ငါတို့အသံ လှုပ်ရှားမှု" လှုပ်ရှားမှုကို နိုဝင်ဘာ ၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက "ငါတို့သံအမတ် ငါတို့အသံ" "OurAmbassador OurVoice" စာတန်းတွေ ကိုင်ဆောင်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဝန်းရံကြောင်း ထောက်ခံခဲ့ကြပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - GSCB
#LNO
#HlaingInfo
❤67👍10🥰4🔥2😁2
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့ ။ 💪💪💪

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

မိဘပြည်သူ့များအားလုံး ကောင်းစွာ အိပ်စက်အနားယူနိုင်ပြီး အိမ်မက်လှလှ မက်ပါစေ ❤️❤️❤️

Good night ပါခင်ဗျာ။


#HlaingInfo
❤65👍6👏2🔥1
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတိုနှင့်ပြည့်စုံပါစေ။

အာဏာရူး ဘေးများမှအမြန်ဆုံးကျော်လွန်လွတ်မြောက်ကြပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

#HlaingInfo
❤68👍7🥰2🔥1
တရုတ်၏ မွန်ရိုးဝါဒနှင့် မြန်မာနိုင်ငံအရေးတွင် ချာလပတ် ရမ်းသွားခဲ့သော မဟာဗျူဟာ အမှားကြီး
******

Monroe Doctrine (မွန်ရိုးဝါဒ) ဆိုသည်မှာ အမေရိကန်သမ္မတ ဂျိမ်းစ်မွန်ရိုး က ၁၈၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် အမေရိကန်ကွန်ဂရက်သို့ ပေးပို့သော နှစ်ပတ်လည်မိန့်ခွန်း၌ ထုတ်ဖော်ကြေညာခဲ့သည့် နိုင်ငံခြားရေးမူဝါဒတရပ်ဖြစ်သည်။

ထိုမူဝါဒအရ အနောက်ကမ္ဘာခြမ်းဟု ခေါ်သည့် လက်တင် အမေရိက တွင် မည်သည့် အင်အားကြီး နိုင်ငံ တနိုင်ငံကမျှ စွက်ဖက်သည်ကို လက်မခံဟု ကြေညာလိုက်ခြင်း ဖြစ်သည်။

တရုတ်သည် လည်း ကမ္ဘာဆူပါပါဝါ ဖြစ်လာသည်နှင့် အမျှ အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံများ အပေါ် အလားတူ မူဝါဒ ကျင့်သုံးရန် လိုလားလာခဲ့သည်။

တရုတ်၏ မွန်ရိုးဝါဒဟု ဆိုနိုင်သည့် အခြေခံသဘောတရားမှာ မဟာဗျူဟာအကျိုးစီးပွားများအပေါ် အခြေခံ၍ ဒေသတွင်း ဩဇာလွှမ်းမိုးမှုနယ်ပယ်တရပ် တည်ဆောက်ရန်ဖြစ်သည်။ ထိုရည်မှန်းချက်သည် ပထဝီနိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်တစ်ရပ်အနေဖြင့် နားလည်နိုင်ဖွယ်ရှိ သော်လည်း ယင်း ကို အကောင်အထည်ဖော်နိုင်ရန် မည်သည့်မိတ်ဖက်များကို ရွေးချယ်မည်ဆိုသည်မှာ အလွန်အရေးကြီးသည်။

သို့သော် တရုတ်သည် ၎င်းတို့၏ ပထဝီနိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ကြိုးပမ်းရာတွင် သစ်ပင်များကိုသာ အာရုံစိုက်ရင်း သစ်တောတခုလုံးကို မမြင်နိုင်သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည့် အဖြစ်ကို မြန်မာ တွင် အထင်အရှား တွေမြင် နေရသည်။ ဒီမိုကရေစီအင်အားစုများကို ပစ်ပယ်ကာ မြန်မာစစ်အုပ်စုကို ဆက်လက်ထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ခြင်းသည် ကပင် မဟာဗျူဟာပိုင်းဆိုင်ရာ အမှားကြီး မှားခဲ့ခြင်း ဖြစ်ပြီး မြင်းမှားလောင်းမိခြင်းနှင့် တူညီ နေပေသည်။

၎င်းတို့၏ ကမကထ ပြုမှု ဖြင့် အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်ပြီး နောက်တွင် လည်း ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ် ပြုခံရခြင်း မရှိသော်လည်း စစ်အုပ်စုသည် ယခင်စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဦးဆောင်မှုအောက်တွင် အရပ်သားအစိုးရအသွင် ပြောင်းလဲကာ မိမိကိုယ်ကို ပုံရိပ်သစ်ဖော်ဆောင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် အနိုင်ရသည့်ပါတီမှာလည်း စစ်ဘက်အရာရှိ ဟောင်း များနှင့် စစ်အုပ်စုအပေါ် သစ္စာခံသူများက အဓိက ပါဝင်နေသည်။

ထိုကဲ့သို့ ဒီပုတ်ထဲက ဒီပဲ ထွက်ပေါ်လာသော အစိုးရမျိုးသည် တရုတ်နိုင်ငံ လိုအပ်နေသည့် အရာများကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိသလောက် ဖြစ် နေသည်မှာလည်း အဆန်းတကြယ် တော့ မဟုတ်။ တရုတ် အဖို့က ရေရှည်စီးပွားရေးရည်မှန်းချက်များအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) နှင့် ပိုမိုကျယ်ပြန့်သော ရေကြောင်းမဟာဗျူဟာတို့မှတစ်ဆင့် အထောက်အကူပြုနိုင်မည့် တည်ငြိမ်လုံခြုံပြီး ခန့်မှန်းတွက်ချက်နိုင်သော အိမ်နီးချင်းနိုင်ငံတနိုင်ငံ အမှန်တကယ် လိုအပ်နေသည်။

၂၀၂၁ ခုနှစ် မင်း အောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် တဖြည်းဖြည်း ပိုမိုမတည်မငြိမ် ဖြစ်လာခဲ့ပြီး တဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သည် ၎င်းတို့၏ နယ်မြေထိန်းချုပ်မှုကို ပိုမိုတိုးချဲ့လာခဲ့ကြသည်။

ထူးခြားသည်မှာ တရုတ်နိုင်ငံက ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုသည့် သဘာဝသယံဇာတ အရင်းအမြစ်များနှင့် အခြေခံအဆောက်အအုံ စီမံကိန်းအများအပြားသည် ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း ကျရောက်နေခြင်းပင် ဖြစ်သည်။ ထိုအထဲတွင် ရှားပါး မြေသား သတ္ထုတွင်းများ၊ အိန္ဇိယ သမုဒ္ဒရာ ထွက်ပေါက် ဖြစ်သည့် ရေနက် ဆိပ်ကမ်း၊လသဘာဝဓာတ်ငွေ့ပိုက်လိုင်း များ တို့ ပါဝင်နေသည်။

ယခုအချိန်အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သည် အဆိုပါ မဟာဗျူဟာအရ အရေးပါသော အဆောက်အအုံများနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများကို ယခုအချိန်ထိ တိုက်ခိုက်ခြင်း မပြုသေးဘဲ ထိန်းထိန်းသိမ်းသိမ်း ပြုမူခဲ့ကြသည်။

ယင်းသို့ ပြုမူခြင်းသည် တစိတ်တပိုင်းအားဖြင့် ဘီဂျင်းအစိုးရ၏ ယုံကြည်လက်ခံမှုနှင့် အကောင်းဖက်က ရှုမြင် စေလိုသည့် ၎င်းတို့၏ ဆန္ဒကို ထင်ဟပ်စေသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိကြောင်း ပြသလိုသည့် ရည်ရွယ်ချက်လည်း ပါဝင်သည်။

စစ်ရေးအသုံးစရိတ် မြင့်တက်လာမှု၊ အကျင့်ပျက်ခြစားမှု၊ ဆွေမျိုးကောင်းစားရေးဝါဒ နှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတို့ ကြောင့် မြန်မာ့စီးပွားရေးသည် သိသိသာသာ ဆိုးရွားကျဆင်းလာခဲ့သည်။ (နောက်တကြောင်းက အကြောင်းပြချက် ရသွားပြီး တရုတ်တပ်များ ပေါ်ပေါ်ထင်ထင် ဝင်ရောက်ပတ်သက်လာ နိုင်သည့် အန္တရာယ်ကလည်း ရှိနေပြန်သည်။)

တရုတ်နိုင်ငံနှင့် ချုပ်ဆိုထားသည့် နှစ်နိုင်ငံစီးပွားရေး သဘောတူညီချက်များစွာအရ ကတိပြုထားသည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေမျိုး စစ်အုပ်စုတွင် မရှိတော့ပေ။ အထူးသဖြင့် စီမံကိန်းများ အကောင်အထည်ဖော်မည့် ဒေသများ၌ လုံခြုံရေးကို အာမခံပေးနိုင်ခြင်း မရှိသည့်အတွက် ပို၍ ခက်ခဲလာနေသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
❤37👍24😁2
အကြမ်းဖက် မင်းအောင်လှိုင်အမိန်ဖြင့် အခြေခံပညာကျောင်းများတွင် လူငယ်တိုင်း စစ်မှုထမ်းရမည့် စစ်မှုထမ်းဥပဒေကို စတင်သင်ကြားနေပြီဟု ပညာရေးဒုဝန်ကြီး နေမျိုးလှိုင်ပြော

နိုဝင်ဘာလ ၃ ရက်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အမိန်ဖြင့် အခြေခံပညာစာသင်ကျောင်းများတွင် စစ်မှုထမ်းဥပဒေ အပါအဝင် ဥပဒေ အသိပညာပေးမှုများကို စတင်သင်ကြားနေပြီဖြစ်ကြောင်း ပညာရေးဒုဝန်ကြီး နေမျိုးလှိုင်က ပြောဆိုလိုက်သည်။

ယမန်နေ့ ကြံ့ဖွတ် လွှတ်တော်အစည်းအဝေးတွင် ကြံ့ဖွတ် လွှတ်တော်အမတ်တစ်ဦးက ဥပဒေပညာဘာသာရပ်ကို အခြေခံပညာအလယ်တန်းနှင့် အထက်တန်းများတွင် သင်ကြားနိုင်ရေး မည်သည့်နှစ်မှစတင်ဆောင်ရွက်မည်ကို သိရှိလိုခြင်းမေးခွန်းကို ၎င်းက ဖြေကြားစဉ်  စစ်မှုထမ်းဥပဒေကို အခြေခံပညာကျောင်းများတွင် ထည့်သွင်းသင်ကြားနေပြီဖြစ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။

မင်းအောင်လှိုင်ညွှန်ကြားချက်အရ ၂၀၂၄-၂၀၂၅ ခုနှစ်မှစတင်၍  ဥပဒေပညာအသိပညာပေး အစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း သူက ဆိုသည်။

အခြေခံပညာအလယ်တန်းဆင့် Grade-8၊ Grade-9 တွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များသင်ကြား ပို့ချပေးလျက်ရှိပါကြောင်း၊ အခြေခံပညာအထက်တန်းဆင့် Grade-10၊ Grade-11၊ Grade-12 တန်းများတွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များ သင်ကြားပို့ချပေးလျက်ရှိသည့်အပြင် ဥပဒေရေးရာဝန်ကြီးဌာနမှ ပြုစုထားသည့် ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများ သင်ကြားလျက်ရှိကြောင်း သူက ဆိုသည်။

အထူးသဖြင့်   ဒွါဒသမတန်း -Grade 12 တွင် ဥပဒေအသိပညာစာအုပ်တွင် ပါရှိသော   အခန်း ၈ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို သင်ကြားပို့ချနေကြောင်း၊  စစ်မှုထမ်းဥပဒေကို ဒွါဒသမတန်း (Grade 12) တွင်  တစ်နှစ်လျှင် စာသင်ချိန် ၂၄ ချိန် သင်ကြားပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

"ပုဂ္ဂလိက ပညာသင်ကျောင်းတွေမှာလည်း စစ်မှုထမ်းဥပဒေကို မသင်မနေရ သင်ခိုင်းပါတယ်။ ဒီနှစ်ပညာသင်နှစ်မှာ စပြီး သင်ခိုင်းတာပါ။ စာသင်ချိန် ၂၄ ချိန်မှာ စစ်မှုထမ်းဥပဒေကို ထည့်သင်ခိုင်းတယ်" ဟု ရန်ကုန်မြို့အခြေစိုက် ပညာ့အားမာန် ပုဂ္ဂလိက ပညာရေး သင်တန်းကျောင်းမှ ဆရာတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ်မှစတင်၍ စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ လူငယ်များကို လစဉ် စစ်မှုထမ်းသင်တန်းခေါ်ယူနေပြီး ယခုအခါ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၃၀ အထိ ရောက်ရှိလာပြီဖြစ်သည်။

စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားမှန်သမျှကို စစ်မှုထမ်းရမည်ဟုဆိုကာ ဆင့်ခေါ်နေပြီး တစ်နိုင်ငံလုံးတွင် အကြမ်းဖက် ပေါ်တာဆွဲ ဖမ်းဆီးမှုများလည်း ဖြစ်ပွားလျက်ရှိသည်။

#KTM
#HlaingInfo
🤬60😁9❤3🔥2👏2👎1
မန္တလေးတွင် စစ်တပ်၊ ရဲနှင့်ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့များက KTV များကို ဝင်ရောက်စစ်ဆေးပြီး လေတပ်ဗိုလ်မှူး ၁ ဦး အပါအဝင် မူးယစ်ဆေးသုံးသူ ၂၀ ခန့်ကို ဖမ်းဆီးရရှိသော်လည်း ငွေကျပ် သိန်းထောင်ချီ လာဘ်ငွေယူပြီး ပြန်လွှတ်ပေး

နိုဝင်ဘာလ ၃ ရက်

မန္တလေးမြို့ရှိ KTV ဆိုင်များကို စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့များက မူးယစ်ဆေးဝါးနှိမ်နင်းရေးအကြောင်းပြချက်ဖြင့် ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ရာ မိတ္ထီလာလေ တပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် လူဦးရေ ၂၀ ခန့်ကို ဖမ်းဆီးရရှိခဲ့သော်လည်း အမှုဖွင့်အရေးယူခြင်းမပြုဘဲ ငွေကျပ်သိန်းထောင်ချီ လာဘ်ယူကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း မန္တလေး ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

မန္တလေးမြို့၊ သိပ္ပံလမ်းဘေးရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက ရှယ်ယာအများဆုံး ပါဝင်ပိုင်ဆိုင်ထားသော Mandalay Convention Center (MCC) ၏ တောင်ဘက်တွင် တည်ရှိသည့် Maxius KTV ကို အောက်တိုဘာ ၁၁ ရက် ညပိုင်းတွင် မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်ဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အဆိုပါ KTV သည် ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်၍လည်း နာမည်ထွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

ယင်းစီးနင်းမှုအတွင်း မိတ္ထီလာလေတပ်မှ လေယာဉ်မောင်းသင်တန်းဆရာ ဗိုလ်မှူး ဟန်ထွန်းဦးအပါအဝင် စစ်ဘက်အရာရှိများနှင့် အပျော်မယ်များ စုစုပေါင်း လူ ၂၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

သို့သော် ဖမ်းဆီးခံရသူအားလုံးကို တရားဥပဒေအရ အရေးယူခဲ့ခြင်းမရှိဘဲ လူငယ်အချို့ကိုသာ ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီး ဗိုလ်မှူး ဟန်ထွန်းဦးအပါအဝင် အခြားသူအချို့ကို ငွေကြေးညှိနှိုင်းကာ အမှုဖွင့်ခြင်းမပြုဘဲ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ဖြစ်စဉ်နှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ ဖမ်းဆီးခံရသူအချို့ထံမှ တစ်ဦးလျှင် ကျပ်သိန်း ၁၅,၀၀ နှုန်းဖြင့် ငွေတောင်းခံခဲ့ပြီး KTV ဆိုင်ဘက်က ကျပ်သိန်း ၅၀၀ ကျခံပေးခဲ့ကြောင်း သိရှိရသည်။

မန္တလေးသတင်းရင်းမြစ်၏ အဆိုအရ ငွေကြေးပေးနိုင်သည့် စစ်ဘက်အရာရှိများနှင့် တရုတ်နိုင်ငံသားအချို့ကို အမှုဖွင့်အရေးယူခြင်းမရှိဘဲ ငွေကျပ်သိန်းထောင်ချီ ရယူကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ပြောဆိုသည်။

မန္တလေး သတင်းရင်းမြစ်က “ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ လေတပ်အရာရှိတွေနဲ့ ငွေကြေးပေးနိုင်တဲ့ တရုတ်နိုင်ငံသားအချို့ကို အမှုဖွင့်အရေးယူတာ မရှိဘဲ ငွေကျပ်သိန်းထောင်ချီယူပြီး ပြန်လွှတ်ပေးခဲ့တယ်” ဟု ပြောသည်။

စစ်အုပ်စုလက်အောက်ခံ မူးယစ်အထူးအဖွဲ့ကမူ အဆိုပါဖမ်းဆီးမှုနှင့်ပတ်သက်၍ 7 Mandalay KTV နှင့် LAS VEGAS KTV တို့မှ လူ ၁၆ ဦးကိုသာ ဖမ်းဆီးရရှိခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် မူးယစ်အထူးတပ်ဖွဲ့အပါအဝင် ဖမ်းဆီးရေးအဖွဲ့များသည် မူးယစ်ဆေးဝါးများ ဖမ်း ဆီးရမိခဲ့သော်လည်း အရေးယူမှုမပြုဘဲ ငွေကြေးလာဘ်ယူခဲ့သည့် အထောက်အထားများ မကျန်ရှိစေရန် ဖမ်းဆီးမှုဖြစ်ပွားခဲ့သည့် KTV ဆိုင်များရှိ CCTV မှတ်တမ်းများကိုပါ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မန္တလေးမြို့တွင် မူးယစ်အထူးတပ်ဖွဲ့ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့က ဦးဆောင်ဆောင် ရွက်သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများ၌ လုပ်ပိုင်ခွင့်အာဏာကို ဥပဒေဘောင်ကျော်လွန်၍ အသုံးပြုမှုများ ရှိနေကြောင်း သိရှိရသည်။

ဖမ်းဆီးရေးအဖွဲ့များက စစ်ဆေးမှုများအတွင်း KTV ဆိုင်ဝန်ထမ်းများကို လက်ထိတ်ခတ်ခြင်း၊ ထိုးကြိတ်ကန်ကျောက်ခြင်းနှင့် တွေ့ရှိသမျှဝန်ထမ်းများကို ကြမ်းပြင်ပေါ်တွင် မှောက်ခိုင်းထားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များကြောင့် KTV ဝန်ထမ်းအချို့မှာ လုပ်ငန်းခွင်အတွင်း ဆက်လက်လုပ် ကိုင်ရန် မဝံ့မရဲဖြစ်လာပြီး အလုပ်ထွက်ခွာမှုများ ရှိခဲ့သဖြင့် ဆိုင်အချို့ ပိတ်ထားရသည့်အခြေအနေအထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုမရှိသည့် KTV ဝန်ထမ်းအချို့ကိုလည်း Happy Water မူးယစ်ဆေးဝါးအထုပ်များဖြင့် ထောင်ချောက်ဆင်မှုများ ဌာနဆိုင်ရာများက ပြုလုပ်ခဲ့ကြောင်း ၊ ထို့နောက် KTV ဆိုင်တွင် မူးယစ်ဆေးဝါးရောင်းချနေသည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်း၊ ထိုမှတစ်ဆင့် KTV ဆိုင်ပိုင်ရှင်များထံမှ ငွေကျပ်သိန်းထောင်ချီ ငွေညှစ်တောင်းခံမှုများကို စစ်တပ်၊ရဲနှင့်ဌာနဆိုင်ရာများက လုပ်ဆောင်ကြကြောင်း သိရှိရသည်။

မန္တလေးမြို့အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများကို အကြောင်းပြု၍ ဖမ်းဆီးရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားပြုမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် ငွေကြေးညှစ်ယူမှုများ ရှိနေကြောင်း မန္တလေး ဒေသသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

#KTM
#HlaingInfo
👎37😁13❤6🔥3👏3🥰1
လပွတ္တာက အုပ်ချုပ်ရေးရုံး၌ NLD ပါတီ အလံစိုက်ထူခံရ၍ စစ်ကောင်စီထောက်ခံသူတွေ မကျေမနပ်ဖြစ်နေ

နိုဝင်ဘာလ ၃ ရက်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အလံကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ထူခဲ့မှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်အပေါ် စစ်ကောင်စီထောက်ခံသူများနှင့် လော်ဘီအသိုင်းအဝိုင်းကြား မကျေမနပ်တုံ့ပြန်မှုများ ပေါ်ပေါက်နေသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ NLD ပါတီအလံ လာရောက်စိုက်ထူခဲ့ခြင်းဖြစ်သည်။

အလံစိုက်ထူမှုနှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့များက ကျေးရွာအတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလံစိုက်ထူခဲ့သူကိုလည်း လိုက်လံရှာဖွေနေကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တယ်လီဂရမ်အသုံးပြုသည့် စစ်ကောင်စီထောက်ခံသူများနှင့် လော်ဘီအသိုင်းအဝိုင်းကြား NLD ပါတီအလံ စိုက်ထူမှုအပေါ် မကျေမနပ်တုံ့ပြန်မှုများ ရှိနေကြောင်း သိရသည်။

စစ်ကောင်စီက ပါတီကို ဖျက်သိမ်းကြောင်း ကြေညာထားသော်လည်း NLD ပါတီအလံကို ပြန်လည်စိုက်ထူခဲ့ခြင်းသည် စစ်ကောင်စီ၏ သတ်မှတ်ချက်ကို လက်မခံသည့် နိုင်ငံရေးသဘောထားတစ်ရပ်အဖြစ် ရှုမြင်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။

NLD ပါတီသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ မဲပေးထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်အများအပြား ဖမ်းဆီးခံခဲ့ရသည့်အပြင် ပါတီ၏ နိုင်ငံရေးလှုပ်ရှားမှုများလည်း အကြီးအကျယ် ဖိနှိပ်ခံခဲ့ရသည်။

ထို့နောက် ၂၀၂၃ ခုနှစ် မတ်လတွင် စစ်ကောင်စီက ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအသစ်အရ ပြန်လည်မှတ်ပုံမတင်သည့် NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ပါတီမှတ်ပုံတင်ခွင့်မရှိတော့ကြောင်း ကြေညာခဲ့ပြီး NLD ပါတီကို ဖျက်သိမ်းခဲ့သည်။

သို့သော် စစ်ကောင်စီ၏ ပါတီဖျက်သိမ်းကြောင်း ကြေညာချက်သည် NLD ပါတီကို ထောက်ခံသည့် ပြည်သူများ၏ နိုင်ငံရေးဆန္ဒနှင့် ဒီမိုကရေစီအပေါ် ယုံကြည်မှုကို အဆုံးသတ်နိုင်ခြင်း မရှိကြောင်း ဒီမိုကရေစီအင်အားစုများက ရှုမြင်ထားကြသည်။

လပွတ္တာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယခုဖြစ်စဉ်သည် စစ်ကောင်စီက ပါတီကို ဖျက်သိမ်းကြောင်း ကြေညာထားသော်လည်း NLD ပါတီ၏ နိုင်ငံရေးသင်္ကေတနှင့် ပါတီအပေါ် ထောက်ခံမှုများ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

ပုံစာ-NLD ပါတီအလံ စိုက်ထူခံထားရသည့် အုပ်ချုပ်ရေးမှူးရုံး
#MPA
#HlaingInfo
❤55😁17👏5🔥2
ပုလောတွင် ဆယ်ကျော်သက် ယောင်္ကျားလေးတစ်ဦး ဓားထိုးခံရပြီးသေဆုံး

နိုဝင်ဘာလ ၃ ရက်

ပုလောမြို့နယ် မြိတ်-ထားဝယ်ကားလမ်းဘေးက ဆင်ထိုးကြီးရွာ အနောက်ကမ်းတွင် အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး အောက်တိုဘာ ၂၈ ရက် ညသန်းခေါင်ယံတွင် ဓားထိုးခံရပြီးသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။

ဓားဖြင့်ထိုးသူမှာ ဆင်ထိုးကြီးရွာက အသက် ၄၀ နှစ်အရွယ် ကိုမောင်နီစိုး (ခေါ်) ဝက်ကြီး ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင် နေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ဆက်ကျော်သက် ယောင်္ကျားလေးသည် အခြားသက်တူရွယ်တူ ယောင်္ကျားလေးတစ်ဦးနှင့်အတူ နာရေးအိမ်ရှိ ပုခက်တွင် ဖုန်းသုံးနေကြစဉ် ကိုမောင်နီစိုး ရောက်ရှိလာပြီး ပုခက်မှ ဖယ်ပေးရန် ပြောကြောင်း ၎င်းက ပြောဆိုသည်။

“ဟိုကောင်လေးက ထပေးလိုက်တယ်။ သူက မဖယ်ပေးဘူး။ မဖယ်ပေးရင် ငါ ဓားနဲ့ထိုးမှာနော်ဆိုပြီး ပြောတယ်တဲ့” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ယင်းနောက် ဓားဖြင့်ထိုးသဖြင့် ဆယ်ကျော်သက်အရွယ် ယောင်္ကျားလေးသည် အဆိုပါနေအိမ်တွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

ကိုမောင်နီစိုးသည် မူးယစ်ဆေးကြောင့် စိတ်ဖောက်ပြန်နေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

သေဆုံးသူ ယောကျ်ားလေးသည် အာဏာသိမ်းကာလတွင် ကျောင်းနားထားရပြီး ဆင်ထိုးကြီးရွာ အရှေ့ကမ်းတွင် နေထိုင်၍ မရသဖြင့် ဆင်ထိုးကြီးရွာ အနောက်ကမ်းတွင် အဘွားဖြစ်သူနှင့်အတူ စစ်ဘေးရှောင်နေရသူဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

“ဒီကလေးက လှေလိုက်သွားသေးတယ်။ ငယ်လွန်းတော့ အလုပ် မလုပ်နိုင်လို့ပြန်လာတယ်။ အခုက ရော်ဘာချေး ဝယ်တဲ့အိမ်မှာ အလုပ်လုပ်ပြီး သူ့အဘွားကို ရှာကျွေးနေတယ်” ဟု ဒေသခံအမျိုးသမီးက ပြောသည်။

အဆိုပါယောင်္ကျားလေး၏ အဘိုးဖြစ်သူမှာ ၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်တွင် ငါးပိုက်ထောင်ပြီးအပြန် ဆင်ထိုးရွာက နေအိမ်ခြံဝန်းအတွင်း သီဟိုဠ်သီးဝင်ကောက်ရာ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့သည်။

#DW
#HlaingInfo
😢42🤬6🔥5❤1
စစ်တပ်က မတ္တရာမြို့နယ် ကားလမ်းဘေးရွာတွေကို ညမထွက်ရအမိန့်ထုတ်ပြီး ပေါ်တာဆွဲနေ

နိုဝင်ဘာလ ၃ ရက်

မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ ကားလမ်းဘေး ကျေးရွာအများစုကို စစ်တပ်က ညနေ ၆နာရီ နောက်ပိုင်း မထွက်ရအမိန့် ထုတ်ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေဆက်တိုက်လုပ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

‌မတ္တရာမြို့နယ်အတွင်းက ရေနံ့သာ၊စကျင်၊တံငါသည်၊ပန်းယျစတဲ့ ကျေးရွာတွေအပါအဝင် ကားလမ်းအနီး ကျေးရွာတွေအားလုံးကို ညနေ၆နာရီ နောက်ပိုင်း မထွက်ဖို့စစ်တပ်က နှုတ်မိန့်ထုတ်ထားကာ ညနေ၆နာရီ နောက်ပိုင်း တွေ့သမျှ အမျိုးသားအားလုံးကို ကားပေါ် ဆွဲတင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ညနေဆို အိမ်စီးကားနဲ့ ပတ်ပြီ။ကားလမ်း ဘေးတ ကြောကရွာတွေ အဆိုးဆုံးပဲ။တအားဆွဲတာ။လယ်အပြန် တွေဘာတွေများ နောက်မကျနဲ့ ပါသွားတာပဲ။ဘယ်မှလိုက်ထုတ်မရဘူး "လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကျေးရွာတွေ ဘက်ကဆွဲလာတဲ့ လူငယ်တွေက ပထမဆုံး မတ္တရာမြို့အတွင်းက အထွေအထွေအုပ်ချုပ်ရေးမှူးမြို့နယ်ရုံးအတွင်းမှာ ချုပ်ထားပြီး ဆေးစစ်တာ တွေလုပ်တယ်လို့သိရပါတယ်။
အဲဒီက နေ လူရွေးပြီး နေရာခွဲကာ စစ်မှုထမ်းသင်တန်း ကျောင်း တွေကို ပို့ ဆောင်တယ်လို့ စစ်ရေး သတင်းအရင်းမြစ်တချို့က ပြောပါတယ်။

"တချို့ တော်တော်ကလန်ကဆန်လုပ်ရင် ရိုက်နှက်ပြီး နန်းတွင်းထဲပို့တာလည်းရှိတယ်။၁၀ တန်းအောင်တဲ့ သူဆို ဗထူးပို့တာလည်းရှိတယ်။သူတို့ကျ တခြားအဆင့်တရစ် လောက် တော့ရတာ ပေါ့။နေရာ ကတော့အစုံခွဲပို့တာ"လို့ စစ် ရေး သတင်းအရင်းမြစ်တဦးက ပြောပါတယ်။

စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာတွေကို စစ်အုပ်စုက လကုန်ခါနီးတပတ်အလိုနဲ့လကုန်ပြီးတပတ်တို့မှာ ပိုမိုလုပ် လေ့ရှိတယ်လို့ သိရပါတယ်။
လကုန်ခါနီး တပတ်အလိုမှာဆိုရင် နေ့ခင်း စစ်တပ်ဂိတ်ဖြတ်ချိန်မှာ ဂိတ်က နေဆွဲလိုက်တာ တွေလည်းရှိတယ်လို့ သိရပါတယ်။

#LNO
#HlaingInfo
🤬22👍17❤6🔥3👎1👏1
ဖိလစ်ပိုင်နိုင်ငံတွင် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ တရားစွဲဆိုထားသည့်အမှုကို စုံစမ်းစစ်ဆေး ကိုင်တွယ်အရေးယူပေးရန် အယူခံတင်သွင်း

နိုဝင်ဘာလ ၃ ရက်

မြန်မာစစ်တပ်က ချင်းပြည်နယ်အတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် ဖိလစ်ပိုင်နိုင်ငံတွင် တရားစွဲဆိုထားသည့်အမှုကို ၃ နှစ်ကြာ တရားမျှတမှုမရရှိသေးသဖြင့် အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများက အယူခံတင်သွင်းလိုက်ပြီး ဖိလစ်ပိုင်အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးမှု အမြန်ဆုံးစတင်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

မြန်မာစစ်တပ်သည် ချင်းပြည်နယ်အတွင်း အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ကိုယ်အင်္ဂါများ ဖြတ်တောက်ဖျက်ဆီးခြင်း၊ မြို့တစ်မြို့လုံးကို မီးရှို့ဖျက်ဆီးခြင်းနှင့် အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်းတို့ ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အမှုကို ဦးဆောင်လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ရိုမယ်လ် ဘာဂါရက်စ်နှင့် ဂီလ်ဘတ် အန်ဒရက်စ်တို့က ဖိလစ်ပိုင်အာဏာပိုင်များအနေဖြင့် အမှုကို အမြန်ဆုံး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

ရှေ့နေ ဘာဂါရက်စ်က “ကျွန်တော်တို့ အမှုသည်တွေဟာ ၃ နှစ်ကျော် တရားမျှတမှုကို ငြင်းပယ်ခံနေရပါတယ်။ ဒီအမှုကို ဆက်လက်ဆောင်ရွက်ဖို့ ဥပဒေအရ အတားအဆီးမရှိပေမဲ့ အာဏာပိုင်တွေက အရေးယူဆောင်ရွက်ဖို့ ငြင်းဆန်နေကြပါတယ်။ ကျွန်တော်တို့ တောင်းဆိုတာက စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ဖိလစ်ပိုင်အာဏာပိုင်တွေအတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု မဟုတ်ပါဘူး။ ဟိဂ်မြို့မှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) မှာ အထောက် အထားတွေ အများအပြားရှိပြီး အဲဒီအထောက်အထားတွေကို လွှဲပြောင်းပေးနိုင်ပါတယ်” ဟု ပြောသည်။

အဆိုပါအမှုတွင် တရားလိုများကို ကိုယ်စားပြုနေသည့် ရှေ့နေ အန်ဒရက်စ်ကလည်း ဖိလစ်ပိုင်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (IHL) အက်ဥပဒေ ပုဒ်မ ၁၇ ကို အခြေခံ၍ အမှုဖွင့်စုံစမ်းစစ်ဆေးရန် တောင်းဆိုထားကြောင်း ပြောသည်။

၎င်းက “ဒူတာတေးကို အရေးယူရာမှာ အောင်မြင်စွာ အသုံးပြုခဲ့တဲ့ ဖိလစ်ပိုင် IHL အက် ဥပဒေ ပုဒ်မ ၁၇ ဟာ ကျွန်တော်တို့အမှုမှာလည်း အတိအကျ တူညီတဲ့ ပုဒ်မဖြစ်ပါတယ်။ ဒူတာတေးကို အဲဒီပုဒ်မနဲ့ အရေးယူပြီး မြန်မာအာဏာရှင် မင်းအောင်လှိုင်ကိုတော့ အရေးမယူတာဟာ နှစ်မျိုးနှစ်စား ဆက်ဆံတာဖြစ်ပါတယ်။ ဒါဟာ နှစ်မျိုးနှစ်စား ဆက်ဆံမှုသာမက ဥပဒေကြောင်းအရလည်း မညီမညွတ်ဖြစ်နေတဲ့ အခြေအနေပါ။ အမှုဖွင့်လိုက်ရုံနဲ့ ဒီပြဿနာကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပါတယ်။ ချင်းပြည်သူတွေအတွက် အမှန်တရားနဲ့ တရားမျှတမှုရဲ့ မီးရှူးတန်ဆောင်ဖြစ်ကြောင်း ဖိလစ်ပိုင်က ပြသရမယ့်အချိန် ရောက်နေပါပြီ” ဟု ပြောဆိုခဲ့သည်။

မြန်မာစစ်တပ်အဖွဲ့ဝင် ၁၀ ဦး၊ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ မင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိများကို စစ်ရာဇဝတ်မှုများဖြင့် စုံစမ်းစစ်ဆေးပေးရန် ၂၀၂၃ ခုနှစ် အောက် တိုဘာလတွင် ချင်းပြည်နယ်မှ အရပ်သား ၅ ဦးက ဖိလစ်ပိုင်နိုင်ငံ၏ သမိုင်းဝင်ဥပဒေကို အသုံးပြု၍ ရာဇဝတ်မှုတိုင်ကြားချက် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်တပ်က အစုလိုက်အပြုံလိုက် မီးရှို့ဖျက်ဆီးခဲ့သည့် ငါးနှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွင်း ချင်းပြည်နယ် အနောက်မြောက်ပိုင်းတွင် စစ်တပ်၏ ထိုးစစ်ဆင်မှုအတွင်း အိမ်ခြေ ၂,၀၀၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၂၅၀ သေဆုံးခဲ့ကာ လူဦးရေ ၆၀,၀၀၀ ခန့် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အမှုတိုင်ကြားသူတစ်ဦးဖြစ်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်းလင်းက “ငါးနှစ်ကြာခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ နာကျင်မှုတွေဟာ အခုထိ မလျော့သေးပါဘူး။ ကျွန်တော်တို့ရဲ့ သင်းအုပ်ဆရာတွေနဲ့ ရပ်ရွာအကြီးအကဲတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်။ ဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းတွေကို ဖျက်ဆီးခဲ့ကြပြီး မြို့ရွာတွေကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ မျိုးဆက်ပေါင်းများစွာရဲ့ အမှတ်တရတွေ၊ သမိုင်းနဲ့ ကိုယ်ပိုင်အသိုင်းအဝိုင်းအပေါ် ခံစားချက်တွေပါ ပျောက်ဆုံးခဲ့ရပါတယ်။ ငါးနှစ်ကြာပြီးတဲ့နောက်မှာလည်း ကျွန်တော်တို့ပြည်သူတွေဟာ ဒီရက်စက်မှုတွေကို ဆက်လက်ခံစားနေရပြီး တရားမျှတမှုကတော့ မရရှိသေးပါဘူး။ ဖိလစ်ပိုင်က ညီအစ်ကိုမောင်နှမတွေကို ကျွန်တော်တို့ရဲ့ အသံကို ကြားပေးဖို့၊ ကျွန်တော်တို့နဲ့အတူ ရပ်တည်ပေးဖို့နဲ့ ကျွန်တော်တို့ရဲ့ နာကျင်မှုတွေကို တိတ်ဆိတ်စွာ လျစ်လျူရှုမထားဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍53❤11🔥1😁1
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မဲဆောက်မှာ ၈ ကြိမ်မြောက် ဆုတောင်းပွဲပြုလုပ်

နိုဝင်ဘာလ ၃ ရက်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ လူထုခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ ၈ ကြိမ်မြောက် အင်္ဂါနေ့ ဆုတောင်းပွဲကို နိုဝင်ဘာ ၃ ရက်မှာ နိုင်ငံရေးအင်အားစုတွေ စုပေါင်းကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ဆုတောင်းပွဲတက်ရောက်သူတွေက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် အရေးပါတဲ့ခေါင်းဆောင်ဖြစ်တယ်လို့ ယုံကြည်ကြောင်းနဲ့ အဲဒီယုံကြည်ချက်အပေါ် အခြေခံပြီး အင်္ဂါနေ့တိုင်း ဆုတောင်းပွဲတွေကို ဆက်လက်ပြုလုပ်နေ ကြတာဖြစ်တယ်လို့ ဆုတောင်းပွဲပါဝင်သူ တစ်ဦးက PVTV ကို ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်အုပ်စု က  ဒေါ်အောင်ဆန်းစုကြည်ကို မတရားတဲ့ပုဒ်မ ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဩဂုတ်လနဲ့ ၂၀၂၆ ခုနှစ် ဧပြီလတို့မှာ ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးခဲ့ပေမဲ့ လက်ရှိမှာ ထောင်ဒဏ် ၁၉ နှစ် ကျန်ရှိနေပြီး ဆက်လက်ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။

မဲဆောက်မြို့မှာ အပတ်စဉ်ပြုလုပ်နေတဲ့ အင်္ဂါနေ့ဆုတောင်းပွဲဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး တောင်းဆိုသံတွေ မတိတ်ဆိတ်သွားစေဖို့ ဆက်လက်ဖော်ထုတ်နေတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနိုင်ငံအသီးသီးမှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် FREE HER လှုပ်ရှားမှုတွေ ပြုလုပ်နေကြ ပါတယ်။

#PVTV
#HlaingInfo
❤62🔥4😁2👍1
အမေရိကန်က  ဒေသတွင်းသြဇာလွှမ်းမိုးမှု ခိုင်မာစေရန်၊ တရုတ်၏ ဩဇာလွှမ်းမိုးမှု ကို တန်ပြန်ရန်နှင့် မြေရှားသတ္တုရရှိရေးအတွက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးချဲ့မည်ဟု ထုတ်ပြန်ကြေညာ

နိုဝင်ဘာလ ၃ ရက်

အမေရိကန်က  ဒေသတွင်းသြဇာလွှမ်းမိုးမှုကို ခိုင်မာစေရန်၊ တရုတ်၏ သြဇာကို တန်ပြန်ရန်နှင့် မြေရှားသတ္တုအရင်းအမြစ်များ ရရှိရေးအတွက် မြန် မာနိုင်ငံနှင့် သံတမန်ရေးရာ၊ စီးပွားရေးနှင့် ပြည်သူ့ဆက်ဆံရေးများကို တိုးချဲ့ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန် ကြေညာ သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်တွင် အတည်ပြုခဲ့သည့် ရန်ကုန်ရှိ အမေရိကန်သံရုံး၏ မစ်ရှင်မဟာဗျူဟာတွင် မြန်မာနိုင်ငံနှင့် သံတမန်ရေး ရာ၊ စီးပွားရေးနှင့် ပြည်သူ့ဆက်ဆံရေးများ ပိုမိုနက်ရှိုင်းစေရန်၊ ဒေသတွင်းအမေရိကန်၏ သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ရန်နှင့် အမေရိကန်၏ အကျိုးစီးပွားများကို မြှင့်တင်ရန် ရည်မှန်းထားသည်။

အဆိုပါမဟာဗျူဟာတွင် မြန်မာနိုင်ငံမှ အစပြုလာသော နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ခြင်း၊ အမေရိကန်၏ စီးပွားရေးအကျိုးစီးပွားများကို မြှင့်တင်ခြင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရေး ကြိုးပမ်းမှုများကို ထောက်ခံအားပေးခြင်းနှင့် ဒေသတွင်း၌ အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို တိုးချဲ့ခြင်းတို့ကို အဓိကဦးစားပေးလုပ်ငန်းများအဖြစ် ဖော်ပြထားသည်။

အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို မြေရှားသတ္တုအရင်းအမြစ်များ ရရှိရေးနှင့် ချိတ်ဆက်ထားပြီး မြန်မာနိုင်ငံ၏ ပဋိပက္ခအတွင်း ပါဝင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် အမေရိကန်ကုမ္ပဏီများအတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးရန် ရည်ရွယ်ထားကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများမှတစ် ဆင့် မြန်မာနိုင်ငံ၏ မြေရှားသတ္တုအရင်းအမြစ်များကို ရယူနိုင်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးရန် ရည်ရွယ်ထားကြောင်း ထင်ရှားစွာ ဖော်ပြထားသည်။

Reuters သတင်းဌာနက နိုဝင်ဘာ ၂ ရက်တွင် ဖော်ပြသည့် သတင်းအရ အမေရိကန်သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အသုံးချပြီး ဒေသတွင်းသြဇာလွှမ်းမိုးမှု တိုးချဲ့ရန်နှင့် မြေရှားသတ္တုအရင်းအမြစ်များ ရရှိနိုင်ရေးအတွက် ကြိုးပမ်းနေသည်။

အမေရိကန်တာဝန်ရှိသူများသည် မြန်မာစစ်ကောင်စီနှင့် တိတ်တဆိတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ယင်းဆွေးနွေးမှုများတွင် မြေရှားသတ္တုအရင်းအမြစ်များ ရရှိရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း Reuters က ပြီးခဲ့သည့်လတွင် ဖော်ပြခဲ့သည်။

အဆိုပါဆွေးနွေးမှုများတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းထောက် လှမ်းရေးအရာရှိ မိုက်ကယ်ဗန့်စ် ပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မြေရှားသတ္တုအများစုသည် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် တည်ရှိနေပြီး လက်ရှိတွင် တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသည်။

အမေရိကန်၏ မဟာဗျူဟာစာတမ်းတွင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းများအကြား ဆွေးနွေးမှုများကို အမေရိကန်က အားပေးကူညီသွားမည်ဟု ဖော်ပြထားသည်။

အဆိုပါဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်နှင့် နယ်မြေသတ်မှတ်ရေးတို့အတွက် တိကျသည့် သဘောတူညီချက်များ သို့မဟုတ် မူဝါဒအဆိုပြုချက်များ ထွက်ပေါ်လာစေရန် အဖွဲ့အစည်းပေါင်းစုံ ပါဝင်သည့် ဆွေးနွေးပွဲ အနည်းဆုံး ၃ ကြိမ် ပြုလုပ်ရန် ရည်မှန်းထားသည်။

အမေရိကန်၏ မဟာဗျူဟာတွင် ယင်းဆွေးနွေးပွဲများသည် မြန်မာနိုင်ငံ၏ ကြွယ်ဝသော မြေရှားသတ္တုအရင်းအမြစ်များကို ရယူနိုင်ရေးနှင့် အွန်လိုင်းလိမ်လည်မှုစင်တာများကို တိုက်ဖျက်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
❤26👍17😁10👏3🤔3👎1🔥1