မကွေးတွင် အသက် ၂၄ နှစ်အရွယ် ကိုရှိုင်း စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးရိုက်နှက် ငွေညှစ်ရာမှ သေဆုံး၊ ရန်ကုန်တွင် လူငယ် ၂ ဦး ပျောက်ဆုံးနေ
နိုဝင်ဘာလ ၂ ရက်
မကွေးတိုင်း၊ မကွေးမြို့တွင် အလုပ်သွားရောက်လုပ်ကိုင်နေသည့် အသက် ၂၄ နှစ်အရွယ် ကိုရှိုင်းကို အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးပြီး ရိုက်နှက်ကာ မိသားစုထံမှ ငွေညှစ်ခဲ့သဖြင့် သေဆုံးသွားကြောင်း သေဆုံးသူ ကိုရှိုင်း၏မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၈ ရက်နေ့တွင် မကွေးမြို့၊ ကိုးပင်ဂိတ်၌ အထိုင်ချတပ်စွဲထားသော စစ်သားများက မကွေးမြို့အနီး အုတ်ဖိုကျေးရွာတွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် ကိုရှိုင်းကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်သားများသည် ကိုရှိုင်းကို ဖမ်းဆီးပြီး ရိုက်နှက်ကာ ပေါ်တာဆွဲသွားခဲ့ပြီး ရိုက်နှက်မှုကြောင့် ဦးနှောက်ပွင့်ထွက်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
မိတ်ဆွေတစ်ဦး၏ ပြောဆိုချက်အရ ကိုးပင်ဂိတ်တွင် တပ်စွဲထားသော စစ်သားများသည် အုတ်ဖိုကျေးရွာမှ ကိုရှိုင်းကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးထားသည့် လူငယ်ကို မိသားစုက ငွေကြေးပေး၍ ပြန်လည်ရွေးယူရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
သို့သော် မိသားစုတွင် ပေးဆောင်ရန် ငွေကြေးမရှိသဖြင့် တောင်းပန်နေစဉ် စစ်သားများက ကိုရှိုင်းကို ရိုက်သတ်ခဲ့ကြောင်း သိရသည်။
“မကွေးမြို့ ကိုးပင်ဂိတ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်သားတွေက အုတ်ဖိုကျေးရွာက လူငယ်ကို ဖမ်းဆီးတာပါ။ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်အတွက် မိသားစုထံ ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတော့ မိသားစုက ပိုက်ဆံမရှိလို့ တောင်းပန်တာကို မစောင့်နိုင်ဘဲ ဖမ်းထားတဲ့လူငယ်ကို ရိုက်နှက်သတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။ စစ်သားတွေ ရိုက်နှက်မှုကြောင့် လူငယ်ရဲ့ ဦးနှောက်ပွင့်ပြီး သေဆုံးသွားတာပါ” ဟု မိတ်ဆွေဖြစ်သူက ပြောဆိုသည်။
လက်ရှိတွင် သေဆုံးသွားသည့် အုတ်ဖိုကျေးရွာနေ အသက် ၂၄ နှစ်အရွယ် ကိုရှိုင်း၏ အလောင်းကို မကွေးဆေးရုံကြီး ရင်ခွဲရုံ၌ ထားရှိကြောင်း သိရသည်။ ထို့ပြင် စစ်သားများက သေဆုံးသူ၏ အလောင်းကိုပင် မိသားစုထံ ငွေကြေးပေး၍ ပြန်လည်ရွေးယူရန် တောင်းဆိုနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ထို့အတူ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် အလုပ်မှ နေအိမ်သို့ ပြန်လာသည့် ကိုသွန်းဖြိုးပိုင် ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် ကိုသွန်းဖြိုးပိုင်သည် လှိုင်သာယာမြို့နယ် စက်မှုဇုန်မှတ်တိုင်မှ ရွှေလင်ပန်းကျောင်းရှေ့မှတ်တိုင်သို့ အလုပ်အပြန် ကားစောင့်နေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မပျောက်ဆုံးမီ ကိုသွန်းဖြိုးပိုင်သည် မိသားစုဝင်များနှင့် မှတ်တိုင်သို့ ရောက်ရှိသည်အထိ အဆက်အသွယ်ရရှိခဲ့သော်လည်း လမ်းပိုင်းသို့ ရောက်ရှိချိန်မှစ၍ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုသည်။
“ကိုသွန်းဖြိုးပိုင်က အလုပ်ကနေ အိမ်အပြန်လမ်းမှာ ပျောက်သွားတာ။ လှိုင်သာယာစက်မှုဇုန်မှတ်တိုင်ကနေ ရွှေလင်ပန်းကျောင်းရှေ့မှတ်တိုင်ကို အပြန် အိမ်ရောက်မလာပါ။ ည ၈ နာရီအကျော်မှာ ကားစောင့်ရင်း ပျောက်တာပါ” ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။
လက်ရှိအချိန်အထိ ကိုသွန်းဖြိုးပိုင်ကို မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများက လိုက်လံရှာဖွေနေကြသော်လည်း သတင်းအစအန မရရှိသေးကြောင်း သိရသည်။
ကိုသွန်းဖြိုးပိုင်၏ သတင်း သို့မဟုတ် လက်ရှိရှိနေသည့် နေရာကို သိရှိသူများအနေဖြင့် နီးစပ်ရာ ရဲစခန်း သို့မဟုတ် မိသားစုဝင်များထံ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးကြရန် မိသားစုက မေတ္တာရပ်ခံထားသည်။
အလားတူ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင်လည်း ကျန်းမာရေးအခြေအနေမကောင်းဘဲ အဆုတ်ရောဂါခံစားနေရသူ မောင်နေစိုပြေ (ခ) ရိုင်ဟင်း ပျောက်ဆုံးနေကြောင်း အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်း၏ ထုတ်ပြန်ချက်နှင့် ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျောက်တံတားမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ ၃၇ လမ်း၌ နေထိုင်သူ မောင်နေစိုပြေ (ခ) ရိုင်ဟင်းသည် နေအိမ်မှ အပြင်သို့ ထွက်သွားစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်နေစိုပြေသည် အဆုတ်ရောဂါခံစားနေရသူဖြစ်ပြီး ကျန်းမာရေးအခြေအနေ မကောင်းကြောင်းလည်း သိရှိရသည်။ လက်ရှိအချိန်အထိ ၎င်း၏ သတင်းအစအန မရရှိသေးသဖြင့် မိသားစုဝင်များနှင့် သက်ဆိုင်သူများက စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။
အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်းကလည်း မောင်နေစိုပြေ၏ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ သတင်းအချက်အလက် သိရှိသူများအနေဖြင့် အသင်းထံ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးကြရန် မေတ္တာရပ်ခံထားသည်။
#KTM
#HlaingInfo

😢33🤬22❤6
ယုဇနဥယျာဉ်တွင် ဓမ္မာရုံဖောက် ကလေး ၂ ဦးကို ဖမ်းဆီးမိ
နိုဝင်ဘာလ ၂ ရက်
ရန်ကုန်မြို့၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တွင် ဓမ္မာရုံဖောက်သည့် ကလေး၂ဦးကို ဖမ်းဆီးမိ ခဲ့ကြောင်း သိရသည်။
ယုဇနဥယျာဉ်မြို့တော်၊ငုဝါလမ်း (A)ဓမ္မာရုံထဲသို့ အောက်တိုဘာ၃၁ရက်၊ ည၁၂နာရီခန့်က အသက်မ ပြည့်သေးသည့် ကလေး၂ဦး ဖောက်ထွင်းရောက်ရှိနေစဉ် ရပ်ကွက်နေပြည်သူတို့က ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ပထမတစ်ကြိမ် အဖောက်ခံထားရလို့ သတိထားနေကြတဲ့အချိန် ထပ်ဖောက်လို့ မိတာ ကလေး၂ဦး ဖြစ်နေတယ်။အရွယ်က ၁၅နှစ်တောင် မပြည့်သေးဘူးထင်တယ်။ရဲလက်အပ်လိုက်တယ်”ဟု ယုဇနဥ ယျာဉ်မြို့တွင် ၁၀နှစ်ကျော် နေထိုင်နေသည့် အမျိုးသားကြီးတစ်ဦးက MPAသို့ပြောသည်။
ယင်းဓမ္မာရုံကိုပင် အောက်တိုဘာ၂၉ရက်ညက ဖောက်ထွင်းခိုးယူသွားသေးကြောင်း သိရသည်။
“ရဲတွေက ဘာအလုပ်မှ မလုပ်ဘူး။ ညဘက်ဆို ပေါ်တာကြောက်လို့ လူကောင်းတွေက ည ၉နာရီ တောင် ဟိုနားဒီနား မထွက်တော့ဘူး။ ရဲတွေက အလုပ်မလုပ်တော့ သူခိုးတွေက လုပ်တော့တာပဲ။ အခုနောက်ပိုင်း အိမ်ဖောက်နေတာ ကလေးတွေများတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယုဇနဥယျာဉ်မြို့တော်အတွင်း မကြာခဏဆိုသလို အိမ် ဖောက်ထွင်းခံနေရကြောင်း သိရသည်။
#MPA

❤21🤬19👍4🔥4😱3
ဆောနှင့် စလင်းမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ တချို့ ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပျက်စီး
နိုဝင်ဘာလ ၂ ရက်
မကွေးတိုင်း၊ ဆောမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာနေရာကို အောက်တိုဘာ ၃၁ ရက်တွင် စစ်တပ်က တိုက်လေယာဉ်နှင့် အသေခံဒရုန်းများ အသုံးပြု၍ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စစ်ဘေးရှောင်တဲ ၁ လုံး မီးလောင်ကာ ဝက် ၅ ကောင် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဆောမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာနေရာကို အောက်တိုဘာ ၃၁ ရက် ညနေ ၆ နာရီ ၃၅ မိနစ်နှင့် ည ၇ နာရီခန့်တွင် စစ်တပ်က မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းမှ FTC-2000G တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကျဲခဲ့ပြီး ဆောမြို့မှ အသေ ခံဒရုန်း ၂ စီးဖြင့်လည်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ယောဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာမှာ မပြင်းထန်ကြောင်း၊ စစ်ဘေးရှောင်တဲ ၁ လုံး မီးလောင်ခဲ့ကာ ဝက် ၅ ကောင် သေဆုံးခဲ့ကြောင်းနှင့် အရပ်သားကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယောဒေသ သတင်းရင်းမြစ်က “အဲဒီနေရာမှာ တိုက်ပွဲဖြစ်တာ မရှိဘူး။ စစ်ဘေးရှောင်တွေ နေတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ။ ပထမ တိုက်လေယာဉ်နဲ့ ဗုံးကျဲပြီး နောက်ထပ် အသေခံဒရုန်း ၂ စီးနဲ့ ထပ်တိုက်ခိုက်တယ်။ စစ်ရေးလှုပ်ရှားမှုလည်း မရှိဘူး။ ပြည်သူတွေ လေကြောင်းအန္တရာယ်ကို သတိထားကြဖို့ လိုတယ်” ဟု ပြောဆိုသည်။
ဒေသခံတော်လှန်ရေးအဖွဲ့များကလည်း စစ်တပ်သည် အရပ်သားပြည်သူများ နေထိုင်ရာနေရာများ၊ စစ်ဘေးရှောင်စခန်းများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် လူစုလူဝေးရှိသည့်နေရာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။
ထို့အပြင် မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီး မြောက်ရှားတောကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က နိုဝင်ဘာ ၁ ရက်တွင် နတ်စင်ကျေးရွာကို ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်တပ်က ဒရုန်းဖြင့် ဗုံး ၅ လုံးကို ၂ ကြိမ်ခွဲ၍ ကျဲချခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်အဆောက် အအုံများ ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တာ မရှိဘူး။ ဒရုန်းနဲ့ ဗုံးကျဲတာ။ ဗုံး ၅ လုံးကို ၂ ကြိမ်ခွဲပြီး ကျဲချခဲ့တယ်။ လူထိခိုက်တာလည်း မရှိဘူး၊ အိမ်တွေလည်း ပျက်စီးတာ မရှိဘူး။ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စလင်းမြို့နယ်တွင် ယခင်ကလည်း စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၈ ရက်တွင် ဆင်ဖြူကျွန်းမြို့၏ မြောက်ဘက်ရှိ မြောက်ဇီးကုန်းကျေးရွာကို အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

🤬46🔥4👏2👎1
SSJAC အပေါ် MNDAA ခြိမ်းခြောက်မှု ပြန်ရုတ်သိမ်းဖို့ ရှမ်းလူငယ်ကွန်ဂရက် ထုတ်ပြန်
နိုဝင်ဘာလ ၂ ရက်
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တို့ ပါဝင်ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC) အပေါ် ခြိမ်းခြောက်ထားတဲ့ ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လုပ်ရပ်ကို ပြန်ရုတ်သိမ်းဖို့ သျှမ်းလူငယ်ကွန်ဂရက်က ဒီကနေ့ နိုဝင်ဘာ ၂ရက်မှာ MNDAA ထံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုခဲ့ပါတယ်။
ကိုးကန့်တပ် ထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေးဖော်ဆောင်ရာမှာ MNDAA ရဲ့ လုပ်ရပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ ယဉ်ကျေးမှုတွေအပေါ် အတင်းအကျပ် ခြိမ်းခြောက်လွှမ်းမိုးမှုများရှိနေကြောင်း SSJACက အောက်တိုဘာ ၂၃ရက်မှာ ကြေညာချက် ထုတ်ပြန် ကန့်ကွက်ခဲ့ပါတယ်။ MNDAAကလည်း အောက်တိုဘာ ၂၇ရက်မှာ စာထုတ်ပြန်ပြီး SSJAC ရဲ့ ကြေညာချက်ဟာ စွပ်စွဲချက်တွေသာဖြစ်ကြောင်း တန်ပြန် သတိပေးခဲ့ပါတယ်။
မှားယွင်းသော စွပ်စွဲချက်များကို ဗန်းပြပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေဖို့နဲ့ တိုင်းရင်းသားများအကြား လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်တဲ့ လှုပ်ရှားနှောက်ယှက်မှုတွေကို ပြင်းထန်စွာ တုံ့ပြန်မယ်လို့ MNDAAက ဖော်ပြခဲ့ပြီး သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမယ့် မလိုလားအပ်သော အကျိုးဆက်များအားလုံးအပေါ် SSJAC ဘက်မှသာအပြည့်အဝ တာဝန်ခံရမယ် သတိပေးခဲ့ပါတယ်။
အဲဒီလို MNDAA ရဲ့ တန်ပြန်သတိပေးချက်အပေါ် ရှမ်းလူငယ်ကွန်ဂရက်က ဒီကနေ့ စာတစောင်ထုတ်ပြန်ကာ SSJACဟာ ရှမ်းအမျိုးသားထုရဲ့ နိုင်ငံရေး၊ စစ်ရေးကို ကိုယ်စားပြုတဲ့ အဖွဲ့ဖြစ်ပြီး MNDAA ရဲ့ ခြိမ်းခြောက်မှုဟာ ရှမ်းတမျိုးသားလုံးကို စော်ကားခြင်းသာဖြစ်တယ်လို့ ဖော်ပြပါတယ်။
MNDAA တပ်ဖွဲ့အနေဖြင့် ဒေသခံလူမျိုးစု ပြည်သူများ၊ နိုင်ငံသားများအပေါ် မှားယွင်းလုပ်ဆောင်မှုများကို ပြင်ဆင်ဖို့လည်း ရှမ်းလူငယ်ကွန်ဂရက်က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ၊ ပြည်သူ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ကျူးကျော်နိုင်ငံခြားသားတွေရဲ့ အကျိုးစီးပွားကာကွယ်မှုကို ရပ်တန့်ဖို့ နဲ့ ရှမ်းလူမျိုးများကို ကိုယ်စားပြုတဲ့ SSJAC အပေါ်ခြိမ်းခြောက်မှုကို ပြန်လည်ရုပ်သိမ်းဖို့ ရှမ်းလူငယ်ကွန်ဂရက်က ထုတ်ပြန်ကာ SSJACနဲ့ တသားတည်း ရပ်တည်ကြောင်း အသိပေးပါတယ်။
MNDAAဟာ ထိန်းချုပ်နယ်မြေအတွင်း စာသင်ကျောင်းတွေမှာ တရုတ်စာသင်ကြားစေမှု၊ ဒေသခံတွေရဲ့ မြေယာသိမ်းဆည်းမှု၊ မြို့အမည်ရွာအမည်နဲ့ ဆိုင်အမည်တွေကို တရုတ်စာတွေနဲ့ အစားထိုး လုပ်ဆောင်မှု စတဲ့ လုပ်ရပ်တွေကို ရှမ်းအဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်လာတဲ့အပေါ် MNDAAက တန်ပြန်ကန့်ကွက်ကာ ပြင်းထန်တဲ့သတိပေးချက်တွေ ဖော်ပြလာတာကြောင့် ရှမ်းအဖွဲ့အစည်းတွေနဲ့ ကိုးကန့်တပ် MNDAA အကြား တင်းမာမှုဆက်ရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။
(ကိုးကန့်တပ်မတော်(MNDAA)ရဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ- The Kokang)
#LNO

❤35👍16🔥4😁1🤔1
ရန်ကုန်မြို့လယ်ခေါင်၊ လမ်းမတော်မြို့နယ်တွင် အနုကြမ်းစီးမှုဖြစ်ပွားပြီး ဝင်ရောက်ကူညီသူ ကိုထွန်းထွန်းကို လုယက်သူများက ဓားဖြင့်ထိုးသတ်၊ ရွှေနှင့်ငွေများ ပါသွားပြီး တရားခံများ ထွက်ပြေးလွတ်မြောက်
နိုဝင်ဘာလ ၂ ရက်
ရန်ကုန်မြို့လယ်ခေါင်၊ လမ်းမတော်မြို့နယ်၊ ၂ လမ်းရှိ နေအိမ်တစ်ခုတွင် ယနေ့ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်း အနုကြမ်းစီး လုယက်မှုဖြစ်ပွားခဲ့ပြီး လုယက်မှုကို ဝင်ရောက်ကူညီသူ ကိုထွန်းထွန်းကို လုယက်သူများက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ လုယက်မှုအတွင်း ရွှေနှင့်ငွေများလည်း ပါသွားခဲ့ပြီး ကျူးလွန်သူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီမှ ၇ နာရီအကြား ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ၂ လမ်း၊ အမှတ် ၅၈၊ မြေညီထပ် (ယာဘက်) ရှိ တိုက်ခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရပ်ကွက်နေပြည်သူများ၏ ပြောဆိုချက်အရ အနုကြမ်းစီး လုယက်မှုဖြစ်ပွားနေချိန် စက်ဘီးဖြင့် သွားလာနေသော ကိုထွန်းထွန်းက ဝင်ရောက်ကူညီခဲ့ရာ လုယက်သူများက ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လုယက်သူများသည် နေအိမ်အတွင်းရှိ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများကို ယူဆောင်သွားခဲ့ကြောင်း၊ လုယက်မှုအတွင်း ကိုထွန်းထွန်းကို ဓားဖြင့်ထိုးသတ်ခဲ့ပြီးနောက် ကျူးလွန်သူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောဆိုကြသည်။
"ဒီမနက် ရဲတွေအများကြီးလာတယ်။ လမ်းထဲမှာလည်း ပလုံကောက်တဲ့သူနဲ့ အမှိုက်သမားနဲ့ လူတွေ ပေါင်းစုံ ဝင်ထွက်နေတာဆိုတော့ တရားခံကိုတော့မမိသေးဘူးကြားတယ်" ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောဆိုသည်။
အနုကြမ်းစီးမှုကို ဝင်ရောက်ကူညီရင်း သေဆုံးသူ ကိုထွန်းထွန်းမှာ လမ်းသစ်လမ်းတွင် နေထိုင်သူဖြစ်ပြီး စက်ဘီးဖြင့် သွားလာနေသူဖြစ်ကြောင်း၊ အနုကြမ်းစီးမှုကို ဝင်ရောက်ကူညီရင်း ဓားဖြင့်အထိုးခံရ၍ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက လမ်းမတော်မြို့နယ်ရဲစခန်းထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း လက်ခံဖြေဆိုခြင်းမပြုပေ။

😢35🤬18❤11👍4🔥1
မရမ်းကုန်းတွင် ဘောလုံးကန်ရန် အိမ်မှ ထွက်သွားသည့် ၁၆ နှစ်သား ပျောက်ဆုံး
နိုဝင်ဘာလ ၂ ရက်
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်အတွင်း ဘောလုံးကန်ရန်သွားသည့် ၁၆ နှစ်သားတစ်ဦး ပျောက်ဆုံးနေ ကြောင်း သိရသည်။
အောက်တိုဘာ ၂၉ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ်၊သမိုင်း ၁ ရပ်ကွက်၊ ၁၄ လမ်းနေ Grade 7 ကျောင်းသားတစ်ဦးသည် နေအိမ်မှ ဘောလုံးကန်ရန်ထွက်သွားပြီးနောက် ပျောက်ဆုံးသွားကြောင်း မိသားစုဝင်နှင့် နီးစပ်သူတို့က ဖေ့စ်ဘွတ်ခ်ပေါ် လူပျောက်ကြော်ငြာတင်ထားခဲ့သည်။
“ပျောက်သွားပြီး နာရီပိုင်းအတွင်း မိသားစုဆီကို ဖုန်းဆက်ပြီး ငွေညှစ်တာဆိုရင် ရိုးရိုးပြန်ပေးဆွဲတာ ပါ။အဲလိုမှမဟုတ်ဘူး။ လုံးဝအဆက်အသွယ်မရတော့ဘူးဆိုရင် စစ်မှုထမ်းအတွက် ပြန်ပေးဆွဲတာ” ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က MPA သို့ပြောသည်။
ပျောက်ဆုံးသွားသောကလေးသည် သမိုင်း ၁ ရပ်ကွက်၊ အမှတ် ၁၃ ကျောင်းတွင် ကျောင်းတက်နေသူဖြစ်ကြောင်း သိရသည်။
“လုံးဝပျောက်နေတယ်ဆိုရင် ရပ်ကွက်အုပ်ကြီးတွေ၊ စစ်တပ်အသိုင်းအဝိုင်းရှိရင် စစ်တပ်ကလူတွေနဲ့ ချိတ်ဆက်ပြီး ဘုရင့်နောင်စစ်ကြောရေး(အမှတ်၁ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း)မှာ သွားရှာသင့်တယ်။ ရှိရင်တောင် လွတ်ဖို့ အနည်းဆုံး သိန်း ၅၀ ကျော် ပေးရနိုင်တယ်”ဟု ၎င်းက အကြံပြု သည်။
အောက်တိုဘာ၃၁ရက်ကလည်း ကျောက်တံတားမြို့နယ်၊၃၇လမ်းနေ ကျန်းမာရေးမကောင်းသည့် လူငယ်လေးတစ်ဦး အပြင်သွားရင်း ပျောက်ဆုံးသွားကြောင်း ဖေ့စ်ဘွတ်ခ်ပေါ် လူပျောက်ကြော်ငြာ တင်ထားသေးသည်။
ရန်ကုန်တွင် ပြီးခဲ့သည့် ၂ လဝန်းကျင်မှစ၍ စစ်မှုထမ်းအတွက်တင်မကဘဲ ရိုးရိုးပြန်ပေးဆွဲမှုများလည်း တစစ များလာကြောင်း သိရသည်။

🤬49❤3🔥3👍2👏2
အင်းတော်မြို့နယ်၊ ကျောင်းကုန်းရွာကို စစ်တပ်က စစ်ကား ၁၄ စီးဖြင့် ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး
နိုဝင်ဘာလ ၂ ရက်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ကျောင်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကား ၁၄ စီးဖြင့် အင်အားအလုံးအရင်း ဝင်ရောက်စီးနင်းပြီး ရွာအတွင်းရှိ နေအိမ်များကို ခိုးယူလုယက်ကာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာ ၂ ရက် နံနက် ၁၁ နာရီခန့်မှစတင်၍ အင်းတော်မြို့နယ်၊ ကျောင်းကုန်းအုပ်စု၊ ကျောင်းကုန်းရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်က စစ်ကား ၁၄ စီးဖြင့် ဝင်ရောက်လာပြီး ကျေးရွာကို အင်အားအလုံးအရင်း အသုံးပြုကာ စီးနင်းခဲ့ကြောင်း သိရသည်။
စစ်တပ်သည် ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာအတွင်းရှိ နေအိမ်များမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယက်ခဲ့ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဒေသပြည်သူတစ်ဦးက “ကျောင်းကုန်းရွာကို စစ်ခွေးတွေက ဒီနေ့ နံနက် ၁၁ နာရီလောက်ကစပြီး မီးရှို့နေတာ။ စစ်ခွေးတွေက စစ်ကား ၁၄ စီးနဲ့ ရွာထဲကို ဝင်လာတာ။ ရွာကို စီးနင်းလုယက်တယ်။ အခု မီးရှို့နေတယ်။ ပြည်သူတွေက မရှိတော့ဘူး။ ဘေးလွတ်ရာရှောင်နေကြပြီး မြောက်ကုန်းဘက်ကနေ စရှို့တာ။ ရွာမြောက်ဘက်ကနေ ရွှေအိုးကြီးလက်ဖက်ရည်ဆိုင်အထိ မီးလောင်ပြာကျနေပြီ။ ရွာလုံးကျွတ်နီးပါးကို ရှို့နေတာ” ဟု ပြောဆိုသည်။
လက်ရှိအချိန်တွင် ကျောင်းကုန်းရွာရှိ ဒေသခံပြည်သူများသည် စစ်တပ်၏ ဝင်ရောက်စီးနင်းမှုမတိုင်မီ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နိုင်ခဲ့ကြောင်း သိရသည်။
သို့သော် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာမြောက်ဘက်မှစ၍ ရွှေအိုးကြီးလက်ဖက်ရည်ဆိုင်အထိရှိ နေအိမ်များ မီးလောင်ပြာကျ ပျက်စီးသွားပြီဖြစ်ကြောင်း၊ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံနေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ကျောင်းကုန်းရွာအတွင်း စစ်တပ်၏ ဝင်ရောက်စီးနင်းမှုနှင့် မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးနေပြီး လက်ရှိအခြေအနေတွင် မီးလောင်ပျက်စီးမှု အတိုင်းအတာကို အတိအကျ သိရှိနိုင်ခြင်း မရှိသေးကြောင်း ဒေသပြည်သူများထံမှ သိရသည်။

🤬47🔥10👍3❤1👎1👏1
တာချီလိတ်အပါအဝင် ရှမ်းအရှေ့မှ လူငယ်များကို ခမရ ၅၇၂ တပ်မှစစ်တပ်အရာရှိနှင့် ကျိုင်းတုံထွေအုပ် ရပ်ကျေးစာရေး ခင်မောင်ဦး ပူးပေါင်း၍ ညပိုင်း ပေါ်တာဆွဲကာ ရောင်းစားနေ
နိုဝင်ဘာလ ၂ ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ ပတ်ဝန်းကျင်တွင် လူငယ်များကို ည ၁၀ နာရီနောက်ပိုင်း အချိန်များ၌ စစ်တပ်အရာရှိ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ဆက်စပ်သူများက ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်လက် ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ကျိုင်းတုံထွေအုပ်မှ ခင်မောင်ဦး၊ မိုင်းယောင်းထွေအုပ်မှ ကိုဖိုးချိုနှင့် စကခ (၁၈) လက်အောက်ခံ၊ တာလေ ခမရ (၅၇၂) တပ်မှ ဗိုလ်ကြီး ရဲမင်းအောင်တို့နှင့် ဆက်စပ်သူများက ကျိုင်းတုံနှင့် တာချီလိတ်မြို့ ဝန်းကျင်တွင် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ထိုသို့ လူငယ်များကို ဖမ်းဆီးရာတွင် စစ်ယူနီဖောင်း ဝတ်ဆင်ထားသူများနှင့် လူအများအပြား ပါဝင်ပြီး ညပိုင်းတွင် လိုက်လံဖမ်းဆီးနေကြောင်း၊ ဖမ်းဆီးခံရသူ အချို့ကို ကိုခင်မောင်ဦး၏ နေအိမ်တွင် ထိန်းသိမ်းထားသည်ဟုလည်း ဒေသခံများက ပြောဆိုချက်အရ သိရသည်။
ထို့အပြင် ဖမ်းဆီးခံရသူများကို မိမိဆန္ဒမပါဘဲ ပေါ်တာအဖြစ် လိုက်ပါစေရန် ရိုက်နှက်ဖိအားပေးမှုများ ပြုလုပ်နေကြောင်းနှင့် အချို့သူများမှာ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ဆက်စပ်သည့် အခြေအနေများ ရှိသည်ဟု ဒေသခံ သတင်းရင်းမြစ်က ပြောဆိုသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများကို တစ်ဦးလျှင် ကျပ်သိန်း ၉၀ မှ ၁၀၀ ခန့်ဖြင့် အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးနေသည်ဟုလည်း သတင်းရင်းမြစ်က ပြောဆိုသည်။
ကိုခင်မောင်ဦးသည် ကျိုင်းတုံမြို့၊ အထက (၄) ကျောင်းရှေ့ရှိ အလုပ်သမားရွာဘက်တွင် နေထိုင်သည်ဟု သိရပြီး ၎င်း၏နေအိမ်တွင် ဖမ်းဆီးခေါ်ဆောင်လာသူများကို ထိန်းသိမ်းထားသည်ဟု ဆိုသည်။
လက်ရှိတွင် ယင်းအဖွဲ့သည် ကျိုင်းတုံနှင့် တာချီလိတ်မြို့ ဝန်းကျင်၌ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်လက် ပြုလုပ်ရန် ရှိနေသေးသည်ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
အောက်တိုဘာ ၁၆ ရက်က တာချီလိတ်မြို့၊ အာခါဈေး အနီးတစ်ဝိုက်တွင် မိုင်းဖြတ်အဖွဲ့က ကား ၂ စီးဖြင့် ပေါ်တာဆွဲသွားပြီး လူငယ်အမျိုးသား ၅ ဦးခန့် ပါသွားကြောင်း မဲခေါင်က အောက်တိုဘာ ၂၅ ရက်တွင် သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။
အလားတူ ယခင်ဖြစ်ပွားခဲ့သည့် တာချီလိတ်မြို့နယ်အတွင်းမှ ပေါ်တာဆွဲသည့် ကိစ္စများကို မိုင်းဖြတ်အခြေစိုက် စကခ (၁၈) လက်အောက်ခံ ခလရ (၂၂၁) တပ်မှ ဗိုလ်ကြီး ဝင်းကိုနှင့် ခမရ (၃၃၀) တပ်မှ ပြုံးချိုတို့ ဦးဆောင် ပြုလုပ်ခြင်းဖြစ်ကြောင်း မဲခေါင်သတင်းဌာနက တင်ပြခဲ့ပြီးဖြစ်သည်။
စစ်တပ်မှ တာဝန်ရှိသူ အချို့နှင့် ပြင်ပမှ လူအချို့ ပါဝင်သည့် အဖွဲ့က ယခုနှစ် အစပိုင်း ဇန်နဝါရီ၊ ဖေဖော်ဝါရီလများအတွင်း တာချီလိတ်မြို့၌ ရိုက်နှက် ပေါ်တာဆွဲကာ စစ်မှုထမ်း လူသစ်အတွက် စုဆောင်းသည့် ဖြစ်စဉ်များ မကြာခဏ ရှိခဲ့ပြီး အချို့မှာ ငွေကြေး ကျပ်သိန်းရာဂဏန်းနီးပါးဖြင့် ရွေးထုတ် လွတ်မြောက်လာသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
ဇူလိုင်လအတွင်း ပြုလုပ်သည့် စစ်ကောင်စီ ပြည်သူ့လွှတ်တော်တွင် စစ်မှုထမ်း အဓမ္မခေါ်ဆောင်မှုများအကြောင်း ခန္တီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက မေးမြန်းခဲ့ရာ စစ်မှုထမ်းနှင့် ပတ်သက်ပြီး လူသစ်စုဆောင်းခြင်းများကို ဥပဒေနှင့်အညီ လုပ်ဆောင်နေကြောင်း၊ ဥပဒေကို ကျော်လွန် လုပ်ဆောင်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီအစိုးရ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် မင်းသူက ပြန်လည်ဖြေကြားခဲ့သည်။
သို့သော် ရှမ်းပြည်အရှေ့ပိုင်း အပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်း လူသစ်စုဆောင်းမှုအတွက် စီးပွားဖြစ် အဓမ္မဖမ်းဆီးခေါ်ယူ ပေါ်တာဆွဲသည့် ဂိုဏ်းများ၊ ကွန်ယက်များ ကြီးထွားနေပြီး ယင်းဂိုဏ်းများ၊ ကွန်ယက်များ၏ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူများလည်း ယနေ့ထက်တိုင် အများအပြား ရှိနေဆဲဖြစ်သည်။
#MKN

🤬38👏14🔥7❤5👍2👎1
အကြမ်းဖက်စစ်တပ်ရဲ့ နမခ က မုံရွာမြို့မှာတင်မကဘဲ ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းမှာပါ ပေါ်တာဆွဲတာတွေ ပြုလုပ်နေ
နိုဝင်ဘာလ ၂ ရက်
အကြမ်းဖက်စစ်တပ် ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က မုံရွာမြို့မှာတင်မကဘဲ ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းမှာပါ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက PVTV ကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၃၀ ရက်ကနေစတင်ပြီးတော့ ဒီနေ့အထိ ပေါ်တာဆွဲနေတာ ဖြစ်ပြီးတော့ ပေါ်တာဆွဲခံရသူတွေကို အနည်းဆုံး ကျပ်သိန်း ၇၀၀ နဲ့ ရွေးနေရတယ်လို့လည်း သိရပါတယ်။
"ယင်းမာပင်ဖက်ခြမ်းပေါ်တာဆွဲတာမရှိဘူး၊ ခုမှလာပြီးဆွဲတာ ၊ ပထမဆုံးနေ့က ၁၀ ယောက်ကျော်ပါတယ်၊နောက်ရက်တွေတော့ ဘယ်နှစ်ယောက်ပါတယ်ဆိုတာ မသိရဘူး၊ဒီနေ့ထိတော့ ဆွဲနေတယ်"လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က ချင်းတွင်းတံတားအနောက်ဖက် အောင်ဇေယျမြို့သစ်၊ ကွန်ပျူတာ တက္ကသိုလ် ပေါက်ဝကနေကင်းပုန်းဝပ်စောင့်ပြီးဆွဲတာလို့ ဆိုပါတယ်။
အောင်ဇေယျမြို့သစ်ဟာ ယင်းမာပင်မြို့နယ်အတွင်း၊မုံရွာ၊ယာကြီး၊ကလေးဝလမ်းပိုင်းမှာ တည်ရှိပြီး စစ်မှုထမ်းဟောင်းတွေ နေထိုင်ရာမြို့တမြို့ဖြစ်သလို အကြမ်းဖက်စစ်တပ်ရဲ့ အကျိုးအကန်းတွေနေ ထိုင်ရာနေရာဖြစ်တဲ့ အတွက် ဒေသခံတွေက အကျိုးကန်းကုန်းလို့ခေါ်ဆိုကြတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အောင်ဇေယျမြို့သစ် ကွန်ပျူတာတက္ကသိုလ်အတွင်းမှာ အင်အားရာ နဲ့ ချီကာတပ်စွဲထားပြီး ပတ်ဝန်းကျင်ကို လက်နှက်ကြီးများဖြင့် ပစ်ခက်မှုတွေလည်းလုပ်ဆောင်နေသလို ခရီးသွားကားများကိုလည်း ငွေညှစ်နေတာတွေရှိတယ်လို့ သိရပါတယ်။
#PVTV

🔥27🤬17❤4👎1👏1
မြန်မာနိုင်ငံဘက်မှ တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ လက်နက်ကြီးကျည်များ ကျရောက်နေမှုကြောင့် ထိုင်းဝန်ကြီးချုပ်က စစ်ကောင်စီကို သတိပေး၊
▪️နယ်စပ်ဒေသတွင် ကင်းလှည့်မှုများ တိုးမြှင့်ရန် အမိန့်ပေး
နိုဝင်ဘာလ ၂ ရက်
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထိခိုက်မှုများ ရှိလာသည့်အတွက် မြန်မာစစ်ကောင်စီထံသို့ တရားဝင်စိုးရိမ်ကြောင်း အသိပေးလိုက်ပြီး မြန်မာဘက်မှ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံပိုင်နက်နှင့် အရပ်သားပြည်သူများကို ထိခိုက်မှုမရှိစေရန် သတိပေးထားကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောဆိုသည်။
ထိုင်းဝန်ကြီးချုပ် အနုတင်သည် ယနေ့ နိုဝင်ဘာ ၂ ရက်နေ့ ထိုင်းသတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ မြန်မာစစ်ကောင်စီထံသို့ တရားဝင်ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ရန် အတိုက်အခံများက တောင်းဆိုနေမှုအပေါ် တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်အနုတင်က ထိုင်းအစိုးရအနေဖြင့် စစ်ရေးနှင့် သံတမန်ရေးလမ်းကြောင်းနှစ်ခုစလုံးမှတစ်ဆင့် မြန်မာနိုင်ငံထံသို့ သတိပေးမှုနှင့် အသိပေးမှုများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံဘက်တွင် နယ်စပ်အနီး နေ့စဉ်ပေါက်ကွဲမှုများ ဖြစ်ပွားနေသည့်အတွက် ထိုင်းနိုင်ငံအနေဖြင့် စိုးရိမ်ကြောင်း မြန်မာအစိုးရထံ အသိပေးထားပြီး တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံအတွင်း ထိခိုက်မှုမရှိစေရန် သေချာစွာ ဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း ၎င်းက ပြောသည်။
ထိုင်းတော်ဝင်တပ်မတော်၏ စစ်ဦးစီးချုပ်၊ ထိုင်းအစိုးရ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow တို့ကလည်း စနေနေ့တွင် မြန်မာစစ်ကောင်စီထံသို့ ထိုင်းနိုင်ငံ၏ စိုးရိမ်မှုများကို အသိပေးခဲ့ကြောင်း အနုတင်က ပြောဆိုသည်။
ထိုင်းဘက်က မြန်မာစစ်ကောင်စီနှင့် နှစ်နိုင်ငံစလုံးရှိ အရပ်သားပြည်သူများ၊ နေအိမ်များနှင့် ပဋိပက္ခနှင့် မသက်ဆိုင်သော ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးမှုမရှိစေရန် သတိထားဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပြီး တိုက်ပွဲဝင်နေသော အဖွဲ့အားလုံးကိုလည်း အရပ်သားများကို ထိခိုက်စေခြင်းမပြုရန် တောင်းဆိုထားကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်က မည်သို့တုံ့ပြန်ခဲ့သနည်းဟု မေးမြန်းရာ အနုတင်က ထိုင်းအာဏာပိုင်များအနေဖြင့်မြန်မာ သံရုံးမှ တာဝန်ရှိသူများကို ဆင့်ခေါ်၍ ထိုင်းနိုင်ငံ၏ စိုးရိမ်မှုများကို တရားဝင်အသိပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
ထို့ပြင် ထိုင်းတော်ဝင်တပ်မတော် စစ်ဦးစီးချုပ်ကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုင်းဝန်ကြီးချုပ်က နယ်စပ်လုံခြုံရေးကိုလည်း ပိုမိုတင်းကျပ်စေရန် ဆောင်ရွက်နေကြောင်း၊ နယ်စပ်တစ်လျှောက် ကင်းလှည့်မှုများတွင် တပ်ဖွဲ့ဝင်များ ထပ်မံဖြည့်တင်းထားပြီး စစ်ရေးအသင့်အနေ အထားကိုလည်း တိုးမြှင့်ထားကြောင်း ပြောဆိုသည်။
သို့သော် ထိုင်းတပ်ဖွဲ့များအနေဖြင့် တိုက်ပွဲများအတွင်း ထိပ်တိုက်ရင်ဆိုင်မှုများ မဖြစ်စေရန်နှင့် ပဋိပက္ခကို ပိုမိုကျယ်ပြန့်လာစေမည့် အခြေအနေများကို တားဆီးရန် ညွှန်ကြားထားကြောင်း အနုတင်က ပြောသည်။
“ဒီတိုက်ပွဲတွေက ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေနဲ့ ဘာမှမဆိုင်ဘူး” ဟု အနုတင်က ပြောဆိုပြီး ထိုင်းတပ်မတော်အနေဖြင့် ထိုင်းနိုင်ငံပိုင်နက်ကို အပြည့်အဝ ကာကွယ်ပေးရမည်ဖြစ်ကြောင်း ထပ်မံအလေးထားပြောဆိုသည်။
တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်တွင်လည်း ထိခိုက်ပျက်စီးမှုအချို့ ဖြစ်ပေါ်ခဲ့ပြီးဖြစ် ကြောင်း ဝန်ကြီးချုပ်က အသိအမှတ်ပြုခဲ့ကာ ထိုအခြေအနေကြောင့် မြန်မာနိုင်ငံကို သတိပေးရန် လိုအပ်လာကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံသားများ နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာမှုနှင့်ပတ်သက်၍ အနုတင်က ထိုင်းအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုအခြေခံဖြင့် အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောသည်။
ထို့ပြင် နယ်စပ်အခြေအနေ တည်ငြိမ်လာသည့်အခါ မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း၊ သို့သော် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် နေရပ်စွန့်ခွာလာသူများကို အတင်းအကျပ် ပြန်လည်ပို့ဆောင်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း ၎င်းက အလေးထားပြောဆိုသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

😁62❤5👍2👎1
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေလွတ်မြောက်ရေး Free Her ကမ်ပိန်းမှာ ဆက်လက်ပါဝင်ကြဖို့ ကင်မ် တောင်းဆို
နိုဝင်ဘာလ ၂ ရက်
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခွင့်ရခဲ့ပေမယ့် ပုံမှန်ဆက်သွယ်ခွင့်မရသေးတာကြောင့် မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး Free Her ကမ်ပိန်းမှာ ဆက်လက်ပါဝင်ပေးဖို့ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်ကတောင်းဆိုထားပါတယ်။
"မေမေ့အသံကို ကြားခဲ့ရတာနဲ့ပဲ မေမေ ဘေးကင်းတယ်၊ လွတ်လပ်နေတယ်၊ ဆေးကုသမှု မလိုတော့ဘူးလို့ မဆိုနိုင်ပါဘူး။အဲဒီဖုန်းတစ်ကြိမ် ပြောပြီးကတည်းက မေမေ့အကြောင်း ဘာသတင်းမှ ထပ်မရသေးသလို မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရဖို့လည်း အာမခံချက် မရှိသေးပါဘူး။" လို့ လက်ရှိအခြေအနေကို ကင်မ်ကရင်ဖွင့်ထားပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံတကာရဲ့ဖိအားတွေ လျော့ချနိုင်ဖို့ မိခင်ဖြစ်သူကို အသုံးချနေတာဖြစ်ပြီး မိခင်ဖြစ်သူ နဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်ရေး Free Her ကမ်ပိန်းမှာဆက်လက်ပါဝင်ပေးဖို့ ကင်မ်ကတောင်းဆိုထားတာပါ။
"မင်းအောင်လှိုင်ကို ကြိုဆိုနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို မေးချင်ပါတယ်။ သူ့ကို အသိအမှတ်ပြုပေးထိုက်အောင် သူကဘာတွေ လက်တွေ့လုပ်ဆောင်ပြခဲ့လို့ပါလဲ။" ကင်မ်က မေးခွန်းထုတ်ထားပါတယ်။
ကင်မ်က မိခင်ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်းပြသပေးဖို့ Proof Of Life ကမ်ပိန်းပြုလုပ်ချိန်မှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်ကြောင်း ဓာတ်ပုံထုတ်ပြခဲ့ပါတယ်။
အဲဒီနောက် နောက်တစ်ဆင့်အနေနဲ့ မိခင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ Free Her ကမ်ပိန်းကိုဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်းမှာ မိခင်နဲ့ ဖုန်းပြောခွင့်ရခဲ့ပါတယ်။
"ဖုန်းတစ်ကြိမ် ပြောခွင့်ရတာ တိုးတက်မှု မဟုတ်ပါဘူး။ အသိအမှတ်မပြုခင် တာဝန်ခံမှု ရှိရပါမယ်။မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့ ကျွန်တော်နဲ့အတူ FREE HER လှုပ်ရှားမှုမှာ ပါဝင်ပေးကြပါ။"လို့ ကင်မ်က တောင်းဆိုထားပါတယ်။
Free Her လှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ https://free-her-aung-san-suu-kyi-campaign.pages.dev/ ကနေဝင်ရောက်ပြီး Postcard ကို Download ပြုလုပ်ကာသက်ဆိုင်ရာ သံရုံးတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ မျှဝေကာပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။
Proof Of Life ကမ်ပိန်းပြုလုပ်ချိန်က ပြည်တွင်းပြည်ပက ပါဝင်ပေးခဲ့ကြပြီး Free Her ကမ်ပိန်းအတွက်လည်း ပြည်သူတွေက ပြည်တွင်းနဲ့ နိုင်ငံတကာမှာ တောင်းဆိုမှုတွေ ဆက်တိုက်ပြုလုပ်နေကြပါတယ်။

❤83🥰5😁2👍1🔥1
တာချီလိတ် ဝမ်ပုံဆိပ်ကမ်းများမှ လိုင်စင်မဲ့ကားများ ပြန်လည်ဝင်ရောက်နေ
နိုဝင်ဘာလ ၂ ရက်
တာချီလိတ်မြို့၊ ဝမ်ပုံနယ်မြေအတွင်းရှိ ဆိပ်ကမ်းများမှတဆင့် လိုင်စင်မဲ့ကားများ ပြန်လည်ဝင်ရောက်နေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
လိုင်စင်မဲ့ကားများကို ထိုင်းနိုင်ငံ၊ ချင်းဆဲန်မြို့မှတစ်ဆင့်သယ်ယူကာ တာချီလိတ်မြို့နယ်အတွင်းရှိ ဝမ်ပုံနယ်မြေရှိ တရားမဝင် ဆိပ်ကမ်းများမှတဆင့်ဖြတ်ကာ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းနေကြခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။
“အရင်က ဝမ်ပုံဘက်က အဝင်တွေကို ပိတ်ထားတာ၊ အခုတော့ လမ်းကြောင်းပြန်စနေပြီ။ ဒီဘက်မှာ ရေကြောင်းရဲတွေရော၊ လုံခြုံရေးဂိတ်တွေရော ရှိပေမယ့် အေးအေးဆေးဆေးပဲ ဖြတ်သန်းသွားနေကြတာ ပိုင်ရာဆိုင်ရာ ရှိလို့ပါ။ အခုဖြတ်နေတာ ၄-၅ ခေါက်ရှိိနေပြီ။ ကားအကောင်းစားတွေချည်းပဲ” ဟု ဝမ်ပုံ ဒေသခံတစ်ဦးက ပြောသည်။
ယင်းသို့ မှောင်ခိုတင်သွင်းရာတွင် သင်္ဘောအစီးရေအလိုက် ဝမ်ပုံရှိ တာဝန်ရှိသူများကို လိုင်းကြေးပေးဆောင်ကာ တင်သွင်းနေကြခြင်းဖြစ်ကြောင်း၊ သင်္ဘောတစ်စီးလျှင် ဘတ် ၅၀၀၀၀မှ ၁ သိန်းကြေးပေးဆောင်ရကြောင်း ယင်းလုပ်ငန်းနှင့်နီးစပ်သူများက ပြောသည်။
ရွှေတြိဂံဒေသရှိ မဲခေါင်မြစ်မှာ မူးယစ်မှောင်ခိုများ၊ ကျားဖြန့်များနှင့် အခြားမှောင်ခိုသမားများ သွားလာဝင်ထွက်ရာ နေရာဖြစ်သည့်အတွက် လုံခြုံရေးအရ စိုးမိုးမှုရှိရန်လိုကြောင်း ဒေသခံများက ပြောသည်။
ဝမ်ပုံဆိပ်ကမ်းကို အပြည်ပြည်ဆိုင်ရာ ကုန်စည်တင်ချဆိပ်ကမ်းအဖြစ် သတ်မှတ်ထားပြီး တရုတ်နိုင်ငံ ကျင်းဟုန်ဆိပ်ကမ်း၊ ထိုင်းနိုင်ငံ ချင်းဆဲန်ဆိပ်ကမ်းတို့နှင့်အတူ ကုန်သွယ်မှု ပြုလုပ်နေခြင်း ဖြစ်သည်။
သို့သော် တရားမဝင်ဆိပ်ကမ်းများလည်း အများအပြားရှိနေပြီး ယင်းနေရာများမှ မှောင်ခိုကားများ ဝင်ရောက်နေခြင်းဖြစ်သည်။

👍44❤4🔥3😱1
သန်လျင်တွင် စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးလာသူများကို ဖမ်းဆီးခံရသည့် လူငယ်က ပြန်လည်ခုခံ၍ လွတ် မြောက်၊ ၅၀၅ ဖြင့် လွတ်မြောက်လာသူများကိုလည်း ပစ်မှတ်ထား ဖိအားပေးနေ
နိုဝင်ဘာလ ၂ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ ရေတပ်စခန်းအနီးတွင် ယမန်နေ့ နိုဝင်ဘာလ ၁ ရက် ညနေပိုင်းက လူငယ်တစ်ဦးကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းသည့် ကားတစ်စီးမှာ လူငယ်၏ ပြန်လည် ခုခံမှုကြောင့် ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ ၁ ရက် ညနေပိုင်းက လူ သုံး ဦး လိုက်ပါလာသည့် ကားတစ်စီးသည် ရေတပ်စခန်းအနီး လမ်း လျှောက်နေသည့် လူငယ် အနီးသို့ ကပ်ရပ်ပြီး နောက်ကျောဘက်မှနေ၍ ကားပေါ်သို့ အဓမ္မ ဆွဲတင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကြိုးပမ်းစဉ် အဆိုပါ လူငယ်က ရုန်းကန် ခုခံခဲ့သဖြင့် ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းသူများသည် ကားကို ချက်ချင်း မောင်းနှင်ကာ အခင်းဖြစ်နေရာမှ ထွက်ပြေးသွားခဲ့ကြသည်။
"သူတို့က ညနေပိုင်း လူခြေရှင်းချိန်မှာ လူငယ်ကို နောက်ကနေ အဓမ္မ ဆွဲတင်ဖို့ လုပ်တာ။ လူငယ်က ဆွဲတဲ့လူရဲ့ လက်မောင်းကို ဓားနဲ့ ပြန်ထိုးလိုက်ချိန်မှာ ကျန်တဲ့ ကားပေါ်ကလူတွေလည်း ကြောင်အမ်း သွားပြီးတော့ ခဏကြာတော့မှ ထိုးခံလိုက်ရတဲ့သူကို ခေါ်ပြီး ကားမောင်း ထွက်ပြေးသွားကြတာ" ဟု သန်လျင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ထို့ပြင် ရွေးတုအစိုးရ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ် တပ်ဖွဲ့ဝင်သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အပါအဝင် နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်ကျခံရပြီး ပြန်လည် လွတ်မြောက်လာသည့် လူငယ်များကို ပစ်မှတ်ထား၍ စစ်မှုထမ်းရန် ဖိအားပေး လာရောက် ခေါ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။
၎င်းတို့သည် ရပ်ကွက်အတွင်း စစ်မှုထမ်းရန် နာမည်စာရင်း ပါဝင်သည်ဟုဆိုကာ ပုဒ်မ ၅၀၅ ဖြင့် လွတ်မြောက်လာသူ လူငယ်များ၏ အမည်စာရင်း အတိအကျဖြင့် အိမ်တိုင်ရာရောက် လာရောက် ခေါ်ဆောင်နေခြင်းကြောင့် သက်ဆိုင်ရာ မိသားစုများမှာ စိုးရိမ်လျက်ရှိသည်။
"လကုန်ခါနီးပြီဆိုရင် ဘယ်အိမ် စစ်မှုထမ်းစာရင်း ပါလာမလဲ၊ ဘယ်သူ့ကို လာခေါ်မလဲဆိုပြီး လူတိုင်း လန့်နေရတာ။ ထောင်က လွတ်လာတဲ့ လူငယ်တွေကိုဆိုရင်လည်း နာမည်စာရင်း အတိအကျနဲ့ကို လိုက်ခေါ်နေတော့ မိသားစုတွေမှာ တစ်နေ့ထက်တစ်နေ့ စိတ်ဆင်းရဲ ထိတ်လန့်နေကြရတယ်" ဟု တောင်ဒဂုံမြို့နယ်နေ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့နယ်အသီးသီးရှိ လမ်းမများ၊ ရပ်ကွက်များအတွင်း သွားလာနေသည့် လူငယ် များမှာ လမ်းပေါ်မှ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရမည့် အန္တရာယ်များအပြင် အိမ်တိုင်ရာရောက် ဖိအားပေး ခေါ်ဆောင်ခံရမှုများနှင့်ပါ ရင်ဆိုင်နေကြရသည်။
ပုံစာ-ရန်ကုန်တိုင်းအတွင် စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခြင်းခံခဲ့ရသူများကို တွေ့ရစဉ်(ပုံဟောင်း)
#AYAT

🤬46❤6👍5👎1
ICJ တရားရုံး၏ စီရင်ချက်ဖြင့် မြန်မာအကြမ်းဖက်စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်နိုင်ရန် မျှော်လင့်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ထုတ်ပြော
နိုဝင်ဘာလ ၂ ရက်
မြန်မာအကြမ်းဖက်စစ်အုပ်စု၏ ကာလရှည်ကြာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေသည့် အခြေအနေကို အဆုံးသတ်နိုင်ရန် အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ၏ စီရင်ချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်အားထားနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။
အောက်တိုဘာ ၃၀ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ)၌ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌနှင့် အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှုများအပေါ် အမြင်များကို တင်ပြခဲ့သည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့်အရေးပြဿနာများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းရန် လူ့အခွင့်အရေးကောင်စီက ဆက်လက်ကြိုးပမ်းဆောင်ရွက်နေမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ အများသဘောတူညီမှုဖြင့် အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက် ၂ ခုနှင့် ရိုဟင်ဂျာမွတ်ဆလင်များ၊ အခြားတိုင်းရင်းသားလူနည်းစုများအပါအဝင် မြန်မာနိုင်ငံ၏ ဆိုးရွားသော လူ့အခွင့်အရေးအခြေအနေကို ဖော်ပြထားသည့် အစီရင်ခံစာများကို ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။
လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာများသည် စစ်အုပ်စု၏ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချထားပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်း၏ အခြေအနေကို ရှင်းလင်းစွာ ဖော်ပြထားကြောင်း၊ ထို့အပြင် နိုင်ငံတကာ တာဝန်ခံမှုနှင့် တရားမျှတမှု ရရှိရေးအတွက် အရေးကြီးသော ကိုးကားချက်များ ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။
သို့သော် မြန်မာပြည်သူများသည် နေ့စဉ် ကြောက်မက်ဖွယ်ကောင်းသော ဆင်းရဲဒုက္ခများကို ကြုံတွေ့ခံစားနေရသည့်အချိန်တွင် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှုများ အားနည်းနေခြင်းအပေါ် အားမရမှုရှိကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။
စစ်အုပ်စုက တရားမဝင် အာဏာသိမ်းယူခဲ့သည်မှာ ၅ နှစ်ကျော်လာပြီဖြစ်သော်လည်း မြန်မာပြည်သူများသည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများ မီးရှို့ဖျက်ဆီးခံရမှုများနှင့် အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းမှုများကို ဆက်လက်ကြုံတွေ့နေရကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။
စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးနေပြီး ကျူးလွန်သူများအနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေသည့်အခြေအနေသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအကျပ်အတည်းကို ပိုမိုဆိုးရွားစေကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ရိုဟင်ဂျာဒုက္ခသည်များ၏ အခြေအနေမှာလည်း ပိုမိုဆိုးရွားလာနေပြီး ဒုက္ခသည်များကို လက်ခံထားသည့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် ကြီးမားသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းဆောင်နေရကြောင်း၊ ရိုဟင်ဂျာများ ဘေးကင်းလုံခြုံမှု၊ ဂုဏ်သိက္ခာနှင့် မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်သည့် အခြေအနေများ မရှိသေးကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် နေ့စဉ် ပိုမိုနက်ရှိုင်းလာနေပြီး အကြမ်းဖက်မှုများ တိုးမြင့်လာခြင်း၊ လူအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေရခြင်းနှင့် အခြေခံအဆောက် အအုံများ ပျက်စီးပြိုလဲလာခြင်းတို့ကို ကြုံတွေ့နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ အခြေအနေများသည် နယ်စပ်ဒေသများနှင့် ဒေသတွင်းနိုင်ငံများအထိ သက်ရောက်မှုရှိလာပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်များလည်း ပိုမိုကျယ်ပြန့်လာနေကြောင်း သံအမတ်ကြီးက သတိပေးခဲ့သည်။
စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်သည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်း ခြောက်နေကြောင်း၊ စစ်အုပ်စု၏ ဖျက်ဆီးမှုများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို လျှော့တွက်မထားသင့်ကြောင်းနှင့် ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတကာစံနှုန်းများနှင့် စည်းမျဉ်းများအပေါ် ထိခိုက်မှုများကို နိုင်ငံတကာအသိုက်အဝန်းက အလေးအနက်ထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar - IIMM) က သက်သေအထောက်အထားများကို စနစ်တကျ စုဆောင်းမှတ်တမ်းတင်နေကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။

❤60🥰6👏5😁4👍2
လွိုင်ကော်တွင် စစ်တပ်က စစ်ဘေးရှောင်စာသင်ကျောင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကို ပြင်းထန်စွာရှုတ်ချလိုက်ပြီး နိုင်ငံတကာကို အရေးယူရန် တောင်းဆို
နိုဝင်ဘာလ ၂ ရက်
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ဝမ်ငေါ့စစ်ဘေးရှောင်စာသင်ကျောင်းကို ဗုံးကျဲတိုက်ခိုက်မှုအပေါ် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီနှင့် အင်းလေးဒေသ လွတ်မြောက်ရေးအဖွဲ့ချုပ် (IRLO) တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ကောင်စီကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုလိုက်သည်။
အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လွိုင်ကော်မြို့အရှေ့ခြမ်းရှိ ဝမ်ငေါ့စစ်ဘေးရှောင်စာသင်ကျောင်း၌ ကလေးများကို အာဟာရကျွေးမွေးနေစဉ် အကြမ်းဖက်စစ်ကောင်စီက Y-12 လေယာဉ်နှင့် Kamikaze Drone များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသားတစ်ဦးနှင့် အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူ ၂ ဦး သေဆုံးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၄ ဦးနှင့် မူလတန်းပြဆရာမတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုသည် စစ်ဘေးရှောင်ပြည်သူများ၏ အသက်အန္တရာယ်နှင့် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်ကို ပြင်းထန်စွာ ခြိမ်းခြောက်သည့်ဖြစ်ရပ်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာနက ပြောဆိုထားသည်။
တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်နစ်နာမှုများအတွက် မိဘပြည်သူများနှင့်အတူ အလွန်ဝမ်းနည်းကြေကွဲရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အရပ်သားပြည်သူများသည် လက်နက်ကိုင်ပဋိပက္ခအတွင်း ကာကွယ်စောင့်ရှောက်ရမည့် အရေးကြီးသည့် အစိတ်အပိုင်းများဖြစ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာနက ထောက်ပြထားသည်။
စာသင်ကျောင်းများအပေါ် တိုက်ခိုက်မှုများသည် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ပညာသင်ကြားခွင့်နှင့် ဘေးကင်းလုံခြုံသည့် ပညာရေးပတ်ဝန်းကျင် ရရှိပိုင်ခွင့်တို့ကို ထိခိုက်စေသည့်အပြင် အနာဂတ်မျိုးဆက်များ၏ ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကိုပါ ခြိမ်းခြောက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ စာသင်ကျောင်းများနှင့် အရပ်သားများကို တိုက်ခိုက်ခြင်းသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law - IHL) အရ အရပ်သားပြည်သူများနှင့် အရပ်သားပစ္စည်းများကို ကာကွယ်စောင့်ရှောက်ရမည့် စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာနက ပြောဆိုထားသည်။
စာသင်ကျောင်းများကဲ့သို့ အရပ်သားအဆောက်အအုံများကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခြင်းသည် အရပ်သားများ၏ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေသည့် လုပ်ရပ်ဖြစ်ကြောင်းလည်း ထောက်ပြထားသည်။
ထို့ပြင် စစ်ကောင်စီသည် ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း (Convention on the Rights of the Child - CRC) ၏ အပိုဒ် ၆၊ ၂၈၊ ၃၈ နှင့် ၃၉ တို့တွင် ပြဋ္ဌာန်းထားသည့် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ပညာသင်ကြားခွင့်၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကာကွယ်စောင့်ရှောက်ခံရခွင့်နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အခွင့်အရေးများကို လေးစားလိုက်နာခြင်းမရှိကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ထောက်ပြထားသည်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာနက စာသင်ကျောင်းများ၊ ပညာရေးဆိုင်ရာ အဆောက်အအုံများနှင့် စစ်ဘေးရှောင်ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားသည်။
ထို့အပြင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေပါ အရပ်သားကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းများကို လေးစားလိုက်နာရန်နှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို စစ်ရေးအသုံးပြုမှုနှင့် တိုက်ခိုက်မှုများမှ ကာကွယ်ရန်လည်း တိုက်တွန်းထားသည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယခုဖြစ်စဉ်အပါအဝင် စစ်ကောင်စီ၏ အခြားကျူးလွန်မှုများကို လွတ်လပ်၍ ယုံကြည်စိတ်ချရသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်၊ အထောက်အထားများအပေါ် အခြေခံ၍ တာဝန်ရှိသူများကို တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားသည်။

❤38👍20🤬4🔥2🥰1😁1
မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချမှုများ တိုးပွားလာမှု၊ ကျားဖြန့်လုပ်ငန်းများ ဆက် လက်ကြီးထွားနေမှုများကြောင့် မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် FATFက ထပ်မံအရေးယူခြင်းဖြစ်
▪️ မြန်မာဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ နိုင်ငံတကာဘဏ္ဍာရေးစနစ်တွင် ပုံမှန်လုပ်ငန်းဆောင်ရွက်ခွင့်မရနိုင်ဘဲ အကန့်အသတ်များနှင့် ရင်ဆိုင်ရမည်
နိုဝင်ဘာ ၂ ရက်
မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် မှောင်ခိုသယ်ဆောင်ရောင်းဝယ်မှုများ တိုးမြင့်လာခြင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် ကျားဖြန့်လုပ်ငန်းများ ဆက်လက်ကြီးထွားနေခြင်းတို့ကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အန္တရာယ်များ မြင့်မားနေဆဲဖြစ်ပြီး မြန်မာနိုင်ငံကို အမည်ပျက်စာရင်းမှ ဖယ်ရှားခြင်းမပြုဘဲ ဆက်လက်ထားရှိရန် Financial Action Task Force (FATF) က ဆုံးဖြတ်လိုက်သည်။
ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးကို ဦးဆောင်နေသည့် ပါရီအခြေစိုက် FATF က သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာပိုင်း ချို့ယွင်းချက်များကို ဖြေရှင်းရာတွင် လုံလောက်သော တိုးတက်မှုမရှိသေးကြောင်း ဖော်ပြခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် ငွေကြေးလွှဲပြောင်းမှုများအပေါ် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများက ပိုမိုတင်းကျပ်သော စိစစ်မှုများ ဆက်လက်ပြုလုပ်ရန် FATF က တောင်းဆိုခဲ့သည်။
FATF ၏ ယခုဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသည့် အွန်လိုင်းလိမ်လည်မှုနှင့် ကျားဖြန့်လုပ်ငန်းများမှတစ်ဆင့် တရားမဝင်ငွေကြေးစီးဆင်းမှုများ ဖြစ်ပေါ်နေခြင်းကိုလည်း ထည့်သွင်းစဉ်းစားထားသည်။
FATF သည် ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အစိုးရအချင်းချင်း ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှုနှင့် အခြားဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရန် နိုင်ငံတကာကြိုးပမ်းမှုများကို ညှိနှိုင်းဆောင်ရွက်ပေးနေသည်။
အဖွဲ့က မိမိကိုယ်ကို ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု စောင့်ကြည့်ရေးအဖွဲ့အဖြစ် ဖော်ပြထားပြီး ဖွဲ့စည်းထားသော ရာဇဝတ်မှုများ၊ အကျင့်ပျက်ခြစားမှုနှင့် အကြမ်းဖက်မှုများကို တားဆီးရန် နိုင်ငံတကာအဆင့်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ဦးဆောင်နေသည်။
FATF သည် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးစနစ်တွင် မဟာဗျူဟာပိုင်းဆိုင်ရာ ချို့ယွင်းချက်များရှိနေကြောင်း ၂၀၁၈ ခုနှစ်ကတည်းက ဖော်ထုတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံကို “အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည့် အန္တရာယ်မြင့်နိုင်ငံများ” စာရင်းသို့ စတင်ထည့်သွင်းခဲ့သည်။
အဆိုပါစာရင်းကို FATF ၏ အမည်ပျက်စာရင်းဟု အများအားဖြင့် ခေါ်ဆိုကြပြီး အောက်တိုဘာ ၃၀ ရက်နေ့တွင် ပြန်လည်အတည်ပြုခဲ့သည့် စာရင်း၌ မြန်မာနိုင်ငံအပြင် အီရန်နှင့် မြောက်ကိုရီးယားတို့လည်း ပါဝင်နေသည်။
FATF ၏ အမည်ပျက်စာရင်းတွင် ဆက်လက်ပါဝင်နေခြင်းကြောင့် မြန်မာဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် နိုင်ငံတကာဘဏ္ဍာရေးစနစ်တွင် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများအတွက် အကန့်အသတ်များနှင့် ရင်ဆိုင်ရနိုင်သည်။
မြန်မာနိုင်ငံသားများ၊ မြန်မာကုမ္ပဏီများနှင့် ငွေကြေးဆိုင်ရာ ဆက်ဆံမှုရှိသည့် နိုင်ငံခြားကုမ္ပဏီများအနေဖြင့်လည်း ပိုမိုတင်းကျပ်သော စိစစ်မှုများ၊ အစီရင်ခံမှုများနှင့် စည်းမျဉ်းလိုက်နာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရင်ဆိုင်ရမည်ဖြစ်သည်။

👍53❤6🔥2😁1
AA နှင့် မီဇိုရမ်ယာဉ်ပိုင်ရှင်များအသင်း နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး
နိုဝင်ဘာလ ၂ ရက်
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံတောင်ပိုင်း မီဇိုရမ်ပြည်နယ်၊ စိုင်ဟာခရိုင်ရှိ မီဇိုရမ်လုပ်ငန်းသုံးယာဉ်ပိုင်ရှင်များအသင်း (Mizoram Commercial Vehicles Owners Association – MCVOA) ၏ ခရိုင်အဖွဲ့ခွဲသည် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်သည်။
စိုင်ဟာဒေသရှိ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အဆိုပါ MoU ကို အောက်တိုဘာ ၂၉ ရက် ကြာသပတေးနေ့တွင် စိုင်ဟာမြို့ရှိ သတင်းစာကလပ်၌ MCVOA ၏ စိုင်ဟာခရိုင်အဖွဲ့ခွဲနှင့် ULA/AA ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
သတင်းရင်းမြစ်များ၏ အဆိုအရ ULA/AA သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းရှိ အကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် ပိုမိုကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။
အဆိုပါ MoU သည် မီဇိုရမ်-မြန်မာနယ်စပ်တောင်ပိုင်းတစ်လျှောက် လက်ရှိလုပ်ဆောင်နေသော တရားဝင်မဟုတ်သည့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးလုပ်ငန်းများတွင် MCVOA နှင့် ULA/AA တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်သည်။
ထို့ပြင် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လာသည့် နားလည်မှုလွဲမှားခြင်းများနှင့် အခြားအခက်အခဲများကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဆွေးနွေးခြင်းတို့မှတစ်ဆင့် ဖြေရှင်းနိုင်ရန်လည်း ရည်ရွယ်ထားသည်။
နှစ်ဖက်ကိုယ်စားလှယ်များသည် တစ်ဖက်စီ၏ စိုးရိမ်ပူပန်မှုများအပြင် မြန်မာနိုင်ငံရှိ ရာလီနှင့် ဆလချွာကျေးရွာများတွင် ယာဉ်နှင့် လှေငှားရမ်းခနှုန်းထားများကို တစ်ပြေးညီဖြစ်စေရန်နှင့် သင့်တင့်မျှတသောနှုန်းထား သတ်မှတ်နိုင်ရေးအပါအဝင် ကိစ္စရပ်အများအပြားကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါကျေးရွာနှစ်ရွာသည် နယ်စပ်မြစ်ဖြစ်သော လိုပူမြစ်၏ တစ်ဖက်တစ်ချက်တွင် တည်ရှိပြီး တရားဝင်မဟုတ်သည့် ကုန်သွယ်ရေးလုပ်ငန်းများကို အဆိုပါမြစ်ကို ဖြတ်သန်း၍ ဆောင်ရွက်နေခြင်းဖြစ်သည်။
ထို့အပြင် ရာလီနှင့် ဆလချွာကျေးရွာများရှိ နယ်စပ်ဂိတ်များကို နေ့စဉ် ည ၈ နာရီအထိ ဖွင့်လှစ်ထားရန်လည်း နှစ်ဖက်သဘောတူညီခဲ့ကြသည်။
အဆိုပါအစည်းအဝေးကို MCVOA ၏ စိုင်ဟာခရိုင်အဖွဲ့ခွဲဥက္ကဋ္ဌ K Hmangaihliana က ဦးဆောင်ကျင်းပခဲ့သည်။ MCVOA ခေါင်းဆောင်များက ULA/AA ကိုယ်စားလှယ်များအား စိုင်ဟာခရိုင်အတွင်းရှိ ကုန်သည်များနှင့်သာ ဆက်ဆံလုပ်ကိုင်သင့်ကြောင်း ပြောကြားခဲ့ပြီး ထိုသို့ဆောင်ရွက်ခြင်းသည် ပိုမိုအကျိုးရှိသည့်အပြင် ပိုမိုလုံခြုံမှုရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယခင်က စိုင်ဟာခရိုင်အတွင်း အကြီးဆုံးအရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သော Mara Thyutlia Py (MTP) သည် မြန်မာနိုင်ငံ ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့နှင့် ဆက်သွယ်ထားသော တရားဝင်မဟုတ်သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို စက်တင်ဘာ ၁၆ ရက် ည ၇ နာရီမှစတင်၍ အကန့်အသတ်မရှိ ပိတ်ပင်ထားခဲ့သည်။
ထိုဆုံးဖြတ်ချက်သည် စက်တင်ဘာ ၁၄ ရက်က ခိုင်ခိုင်ကျေးရွာတွင် မြန်မာကုန်သည်များနှင့် MTP စေတနာ့ဝန်ထမ်းများအကြား အငြင်းပွားမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
MTP အဖွဲ့၏ ပြောကြားချက်အရ စက်တင်ဘာ ၂၄ ရက် ညနေ ၄ နာရီတွင် MTP ခေါင်းဆောင်များက စိုင်ဟာမြို့ရှိ MTP ဗဟိုဌာနချုပ် အစည်းအဝေးခန်းမ၌ ULA/AA နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် နယ်စပ်ကုန်သွယ်ရေး ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ MTP ဥက္ကဋ္ဌ S Vabeihasa နှင့် ဒုဥက္ကဋ္ဌ FC Khihnia တို့က ဦးဆောင်တက်ရောက်ခဲ့ပြီး ULA/AA ဘက်မှ နယ်စပ်ဆက်ဆံရေးတာဝန်ခံ Chonai နှင့် ခရိုင်အုပ်ချုပ်ရေးမှူး Nan Zing တို့ တက်ရောက်ခဲ့ကြသည်။
နယ်စပ်ကုန်သွယ်ရေး ပိတ်ပင်ထားမှုသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အခြားဒေသများနှင့် အဆက်အသွယ်ပြတ်တောက်နေသော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူများအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု မျှော်မှန်းထားကြသည်။
မီဇိုရမ်ပြည်နယ်တောင်ပိုင်းသည် အဆိုပါဒေသနှစ်ခုအတွက် လောင်စာဆီအပါအဝင် အခြေခံလိုအပ်သော ကုန်ပစ္စည်းများကို အဓိကပံ့ပိုးပေးရာနေရာတစ်ခုဖြစ်သည်။
#MPA
#Aungpwel

❤53👍28🔥1👏1
စစ်တွေတွင် စစ်တပ်က တပ်ပျက်အင်အားများအပါအဝင် အင်အား ၇ ထောင်ကျော်ကို ခုခံစစ်အတွက် သုံးစွဲထား
နိုဝင်ဘာလ ၂ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်းရှိ ရွေးတုအစိုးရ စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များသည် မြို့တွင်း ခုခံစစ်အတွက် အင်အားဖြည့်တင်းခြင်း၊ ပြန်လည်စုဖွဲ့ခြင်းနှင့် ခံစစ်ပြင်ဆင်မှုများကို အင်အားအလုံး အရင်းဖြင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ ခုခံစစ် ပြင်ဆင်မှုများတွင် ရခိုင်ပြည်နယ်တစ်ဝှမ်း တပ်ပျက်ခဲ့သည့် ကျောက်တော်အခြေစိုက် စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် စကခ -၉ ၊ တောင်ကုတ်အခြေစိုက် စကခ -၅၊ ဘူးသီးတောင်အခြေစိုက် စကခ-၁၅ နှင့် အခြေချစစ်ဗျူဟာ စဗခ (ဘူးသီးတောင်) တပ်များ ပါဝင်နေပြီး ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ်အတွင်း စစ်မှုထမ်း တပ်သားသစ်များကိုပါ ခေါ်ဆောင်၍ အင်အားဖြည့်တင်းထား ကြောင်း သိရသည်။
"အမြင့်ကျွန်းကနေ ကွမ်းတောင်ကို ထပ်ထိုးဖို့ ပြင်ဆင်နေတယ်။ AA ဘက်ကလည်း အပြင်းအထန် တိုက်ခိုက်နေတော့ စစ်တပ်က ရှေ့မတိုးသာသေးဘူး။ စစ်တပ်က အင်အားဖြည့်လာတာ ရှိတယ်" ဟု သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ စစ်ရေး အခြေအနေများအရ အာရက္ခတပ်တော် (AA) အနေဖြင့် စစ်တွေမြို့ကို ရွှေမင်းဂံ၊ အမြင့်ကျွန်း၊ ပါဒလိတ်၊ ကြွီတဲ၊ ငတောက်တက် စသည့် ကျေးရွာများဘက်မှ ထိုးစစ်ဆင်လျက်ရှိပြီး ကျားမသောက်ကျေးရွာအထိ တိုက်ပွဲများ ရောက်ရှိလာခြင်းဖြစ်သည်။
စစ်တွေမြို့နယ်အတွင်း ဒကစ၊ ခလရ-၂၀၊ ခလရ-၃၄၄၊ ခလရ -၂၃၂၊ ခလရ-၂၇၀၊ ရဲတပ်ရင်း -၁၂၊ ရဲတပ်ရင်း -၃၆၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ ရွှေမင်းဂံ ရေတပ်စခန်း စသည့် တပ်ရင်းတပ်ဖွဲ့ ၁၉ ခုခန့်ဖြင့် တပ်စွဲထားကြောင်း သိရသည်။
အဆိုပါ တပ်ရင်းတပ်ဖွဲ့ ၁၉ ခုခန့်တွင် မူလအင်အား ၂,၅၀၀ ကျော်၊ နပခ အပါအဝင် တပ်ပျက်များမှ အင်အား ၃,၀၀၀ ခန့်အပြင် ၄၉၂၆ စစ်ဆင်ရေးတွင် ဖြည့်တင်းခဲ့သည့် အင်အား ၁,၅၀၀ နှင့် ပုဏ္ဏားကျွန်း ဒုတိယအကြိမ် ထိုးစစ်အတွက် အင်အား ၁,၀၀၀ ခန့် ထပ်မံပို့ဆောင်ထားရာ စစ်တွေမြို့နယ်အတွက် ရွေးတုအစိုးရ စစ်တပ်က အင်အား ၇,၀၀၀ ကျော်အထိ သုံးစွဲထားရသည်။
ထို့ပြင် မြို့ပတ်ဝန်းကျင်ရှိ ရွှေမင်းဂံ၊ ကျားမသောက်၊ ကံကော်ကျွန်း၊ ဝါဘိုနှင့် ပါဒလိတ် စသည့် နေရာများတွင်လည်း ခံစစ်ပြင်ဆင်မှုများ ပြုလုပ်ထားသော်လည်း ယခုရက်ပိုင်းအတွင်း AA ၏ အနီးကပ် ပစ်ခတ်တိုက်ခိုက်မှုကို စစ်တပ်က ခံနေရပြီး ဝါဘိုဘက်ကို AA က ထိန်းချုပ်ထားပြီး ဖြစ်သည်။
မြေပြင် စစ်ရေးသတင်းများအရ ရွေးတုအစိုးရ စစ်တပ်သည် မြို့တွင်းရှိ လက်နက်ခဲယမ်းများကို လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းခြင်း၊ ခလရ-၂၀နှင့် ဆေးတပ်ရင်း မဆရ-၈ တို့တွင် အရေးပေါ် ရိက္ခာနှင့် ဆေးဝါးများ စုဆောင်းထားခြင်းအပြင် စစ်တပ်အရာရှိများ ထွက်ပြေးရန်အတွက် ရဟတ်ယာဉ်များကို အသင့်ပြင်ဆင်ထားကြောင်း သိရသည်။
ထို့ပြင် ဆတ်ရိုးကျချောင်း တံတားအောက်တွင်လည်း ရေတပ်စခန်း ဆောက်လုပ်ထားပြီး မြို့နှင့် ရွှေမင်းဂံ လမ်းကြောင်း အဆက်မပြတ်စေရန် ပြင်ဆင်ထားသည်။

👍33😁15👎7❤5👏2
ပြည်သူပါမှ စစ်နိုင်မည်ဟု စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးပြောကြား
နိုဝင်ဘာလ ၂ ရက်
စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူများက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေခြင်းကြောင့် နိုင်ငံတစ်ဝန်း တော်လှန်ရေးစစ်ပွဲများ ဖြစ်ပွားနေချိန်တွင် ပြည်သူပါဝင်မှသာ စစ်ပွဲအောင်မြင်နိုင်မည်ဟု စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောဆိုလိုက်သည်။
ယနေ့ကျင်းပသည့် စစ်ကောင်စီ၏ အတုအယောင်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဗိုလ်ချုပ်မင်းသူက နယ်မြေတစ်ခု တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူများပါဝင်ရန် လိုအပ်ကြောင်း၊ တပ်မတော်ဖြစ်စေ၊ ရဲတပ်ဖွဲ့ဖြစ်စေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များဖြစ်စေ ၎င်းတို့ချည်းသာ ဆောင်ရွက်၍ မရကြောင်း ပြောကြားခဲ့သည်။
“တိုက်ပွဲတစ်ခု အောင်မြင်ဖို့ဆိုသာ တပ်မတော်သော်လည်းကောင်း၊ ရဲတပ်ဖွဲ့သော်လည်းကောင်း ပြည်သူ့လုံခြုံရေးအဖွဲ့တွေကြီးပဲ လုပ်လို့မရပါဘူး။ ပြည်သူပါမှ စစ်နိုင်မှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မင်းသူက ပြောဆိုခဲ့သည်။
ထို့ပြင် သက်ဆိုင်ရာနယ်မြေဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဆိုပါဒေသ တည်ငြိမ်အေးချမ်းနေရန် လိုအပ်ပြီး နယ်မြေတည်ငြိမ်မှသာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်သူများက နိုင်ငံတစ်ဝန်း ခုခံတော်လှန်မှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ၏ ခုခံတိုက်ခိုက်မှုများကြောင့် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေခြင်းဖြစ်သည်။
ထိုအခြေအနေကို ဖြစ်ပေါ်စေခဲ့သည့် အာဏာသိမ်းမှုနှင့် စစ်ကောင်စီ၏ စစ်ရေးလုပ်ဆောင်မှုများအပေါ် တာဝန်ယူဖြေရှင်းရန် ပြောဆိုခြင်းမရှိဘဲ ပြည်သူပါမှ စစ်နိုင်မည်၊ ပြည်သူပါမှ နယ်မြေတည်ငြိမ်မည်ဟု ပြောဆိုလာခြင်းသည် အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် ပြည်သူများ၏ သဘောထားနှင့် လက်တွေ့မြေပြင်အခြေအနေကို လျစ်လျူရှုထားသည့် ပြောဆိုချက်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက ပြောသည်။
အာဏာသိမ်းမှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်နှင့် လူမှုစီးပွားဘဝများ ပျက်စီးနေချိန်တွင် ပြည်သူ့ပူးပေါင်းပါဝင်မှုကို တောင်းဆိုနေခြင်းမှာ စစ်ကောင်စီ၏ ပြောဆိုချက်နှင့် လက်တွေ့လုပ်ရပ်များအကြား ကွာဟချက်ကို ပိုမိုထင်ရှားစေသည်။

😁82❤6👎4🔥1🤯1
လောင်းလုံး၊ ကဒက်ငယ်ထိန်ရွာတွင် ရေကြီးတောင်ပြိုမှုကြောင့် သေဆုံးသူ ၁ ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိ၊ စုစုပေါင်း ရုပ်အလောင်း ရှာတွေ့သူ ၁၄ ဦးထိရှိလာ
နိုဝင်ဘာလ ၂ ရက်
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ထိန်ရွာတွင် ရေကြီးတောင်ပြိုမှုကြောင့် သေဆုံးသူ ၁ ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ရုပ်အလောင်း ရှာတွေ့သူ ၁၄ ဦးထိရှိလာပြီ ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၆ ရက်နေ့မှစတင်၍ ထားဝယ်ဒေသတစ်ဝန်း နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများ ဖြစ်ပွားခဲ့ပြီး လောင်းလုံးမြို့နယ်ရှိ ကဒက်ငယ်ထိန်ရွာသည်လည်း ရေကြီးမှုနှင့် တောင်ပြိုမှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် ကျေးရွာများအနက် တစ်ရွာဖြစ်သည်။
အဆိုပါ တောင်ပြိုဘေးဒဏ်ခံခဲ့ရသည့် ကဒက်ငယ်ထိန်ရွာတွင် အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်၌ ကယ်ဆယ်ရေးအဖွဲ့များက စက်ယန္တရားများအသုံးပြု၍ ကျန်ရှိနေသည့် ရုပ်အလောင်းများကို ဆက်လက်ရှာဖွေခဲ့ရာ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် နာရီကျော်ခန့်တွင် သေဆုံးသူ အမျိုးသား ၁ ဦး၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ကဒက်ငယ်ထိန်ရွာ တောင်ကျောင်းဘုန်းကြီးကျောင်းဝင်းအတွင်း ကိုဖိုးသွယ် (ခေါ်) ကိုသွယ်တာစိုး၏ ရုပ်အလောင်းကိုလည်းတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
"မနေ့က အလောင်းတစ်လောင်းထပ်တွေ့တာပေါ့။ အမျိုးသား ၁ ဦးရဲ့ ရုပ်အလောင်းထပ်တွေ့တယ်။ အားလုံးပေါင်းရှာတွေ့တဲ့ အလောင်းက ၁၄ လောင်းရှိသွားပြီ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ကဒက်ငယ်ထိန်ရွာတွင် ရေကြီးမှုနှင့် မြေပြိုမှုအတွင်း ကျေးရွာနေပြည်သူ ၁၅ ဦး ပျောက်ဆုံးခဲ့ပြီး ယခုအချိန်အထိ ၁၄ ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိထားကာ ကျန်ရှိနေသည့် ပျောက်ဆုံးသူ ၁ ဦးကို ကယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေနေကြောင်း သိရသည်။
ထားဝယ်ဒေသအတွင်း တောင်ပြိုမှုနှင့် မြေပြိုမှုများကြောင့် ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာများတွင် လောင်းလုံးမြို့နယ်ရှိ ကရင်ကြီးကျေးရွာ၊ ကဒက်ငယ်ထိန်ကျေးရွာ၊ တောကျဲကျေးရွာ၊ ကျောက်နီမော်ကျေးရွာ၊ ချောင်းဖျားကြီးကျေးရွာနှင့် ကျောက်တွင်းကျေးရွာတို့ ပါဝင်ပြီး စုစုပေါင်း ဆိုးဆိုးရွားရွားထိခိုက်ခံစားခဲ့ရသည့် ကျေးရွာ ၁၀ ရွာဝန်းကျင်ရှိကြောင်း သိရသည်။
ထို့ပြင် ထားဝယ်ဒေသတစ်ဝန်း နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများ ဖြစ်ပွားခဲ့ရာ အောက်တိုဘာလ ၂ ရက်နေ့အထိ ရရှိထားသည့် စာရင်းများအရ သေဆုံးသူ ၄၀ ကျော်ရှိပြီး နေအိမ် ၄၀၀ ကျော်၊ ငါးဖမ်းစက်လှေ ၅၀ ခန့်နှင့် တံတား ၁၀ စင်းထက်မနည်း ပျက်စီးခဲ့ကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

😢43😁3❤1👍1
ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှု မွေးကင်းစကလေးငယ်အပါအဝင် အရပ်သား ပြည်သူ ၁၄ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရ
နိုဝင်ဘာလ ၂ ရက်
ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာလေယာဉ်များ၊ Y-12 နှင့် ဂျိုင်ရိုကော်ပတာများ အသုံးပြုကာ နိုဝင်ဘာလ ၁ ရက်နှင့် ၂ ရက်နေ့တွင် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် မွေးကင်းစကလေးငယ်အပါအဝင် အရပ်သား ပြည်သူ ၁၄ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) ၏ သတင်းနှင့်ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာလ ၁ ရက်နေ့၊ ညသန်းခေါင်ယံ ၁၁ နာရီ ၃၀ မိနစ်မှ ၁၂ နာရီ ၄၀ မိနစ်အထိ ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အနီးဝန်းကျင်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်းဟောင်းများဖြစ်သော ခမရ (၅၃၉) နှင့် အမတ (၃၇၇) နေရာတို့ကို ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် အုပ်စုလိုက် ၁၃ ကြိမ်နှင့် Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ အထိ ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
ထို့အတူ နိုဝင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီက ဂျိုင်ရိုကော်ပတာ (Gyrocopter) ဖြင့် ဗုံး ၂ လုံး လာရောက်ကျဲချခဲ့ရာ စစ်ဘေးရှောင် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းအတွင်းရှိ နေအိမ်အချို့ ပျက်စီးခဲ့ကာ အိမ်မွေးနွား ၁ ကောင် သေဆုံးခဲ့သည်။
အကြမ်းဖက် စစ်တပ်၏ နိုဝင်ဘာလ ၁ ရက်နေ့ တစ်ရက်တည်းတွင်ပင် ရခိုင်ဒေသအတွင်းရှိ ဒေသများကို ဂျက်တိုက်လေယာဉ်များဖြင့် လှည့်ပတ် ဗုံးကျဲခဲ့ရာ မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်ရှိ ယာယီဆေးကုခန်းနှင့် အမျိုးသမီးသားဖွားဆောင်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်နှင့် ပန်းဖဲချောင်းကျေးရွာများကို ဆက်သွယ်ထားသော ပြည်သူသုံးတံတား၊ ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာ၊ ဝီရဌာနေမြို့ပေါ်နှင့် ရွာချောင်းကြီးကျေးရွာတို့ လေကြောင်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
ယင်းကဲ့သို့ လေကြောင်းမှ ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် နိုဝင်ဘာလ ၁ ရက် တစ်ရက်တည်းအတွင်း မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး၊ တစ်နှစ်အထက် ကလေးငယ်များနှင့် လူငယ်လူကြီးများအပါအဝင် စုစုပေါင်း ၃၂ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် အာရက္ခတပ်တော်အား ထိုးစစ်ဆင်ရာတွင် ရှေ့မတိုးနိုင်ဘဲ အထိအခိုက်အကျအဆုံး များပြားနေသဖြင့် အပြစ်မဲ့ပြည်သူလူထုများကို ပစ်မှတ်ထားကာ ယခုကဲ့သို့ မိုက်ရူးရဲဆန်သော အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

😢37🤬26❤4👍2👏2😁1