သံတွဲနှင့် ပုဏ္ဏားကျွန်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြန်၊
▪️မိုးဗြဲဒေသတွင်လည်း တိုက်ပွဲများအပြီး အရပ်သားများနေထိုင်ရာနေရာများကို စစ်လေယာဉ်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်
စက်တင်ဘာလ ၇ ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့ကို စစ်ကော်မရှင်တပ်က ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ် ပြန် သည်။
ယနေ့ နံနက် ၁၀ နာရီခွဲအချိန်မှစတင်ကာ သံတွဲမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း၊ ထို့အတူ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်မှ ၈ နာရီဝန်းကျင်အထိ ပုဏ္ဏားကျွန်းမြို့ရှိ နေရာအချို့ကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း AA က ပြောဆိုသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို လက်ရှိအချိန်အထိ အသေးစိတ် မသိရှိရသေးပေ။
အခြားတစ်ဖက်တွင် ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသ၊ လွယ်ယင်းတောင်ခြေတွင်လည်း စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အထိနာကာ ဆုတ်ခွာရပြီးနောက် အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။
စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် မိုးဗြဲဒေသ၊ လွယ်ယင်းတောင်ခြေဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ ၃၈ မိနစ်ခန့်တွင် ဂျက်ဖိုက်တာအသုံးပြု၍ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။
အလားတူ စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ ၁၂ မိနစ်ခန့်တွင်လည်း လွိုင်ကော်မြို့နယ်အရှေ့ခြမ်း၊ လွိုင်ကော်မြို့နှင့် လွိုင်လင်လေးကြားရှိ ဆင်စခန်းအနီးပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
“မိုးဗြဲ၊ လွယ်ယင်းတောင်ခြေမှာ တိုက်ပွဲက နေ့စဉ်ရက်ဆက်လိုပဲ ဖြစ်နေတယ်။ စစ်တပ်က အထိနာပြီး ပြန်ဆုတ်ရတဲ့အခါတိုင်း လေယာဉ်နဲ့ လာကျဲတယ်။ သူတို့က အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကိုပဲ လိုက်ကျဲနေတာ။ လွိုင်ကော်ဘက်ကနေ မိုးဗြဲဘက်ကို လက်နက်ကြီးနဲ့လည်း ပစ်ခတ်တယ်။ ကင်းထောက်ဒရုန်းတွေလည်း နေ့တိုင်းပျံနေတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။
စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကရင်နီပြည်၊ ရှားတောမြို့နယ်၊ နောင်ပလုကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးများကြဲချကာ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက် ၈ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းနှင့် နေအိမ် ၄ လုံးခန့်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်းတွင် လွိုင်လင်လေးဒေသရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာတစ်ရွာအတွင်းသို့ စစ်ကော်မရှင်တပ်က အသေခံဒရုန်းတစ်စီးဖြင့် မီးလောင်ဗုံး ကြဲချခဲ့ရာ နေအိမ်ခြံဝန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၁ ရက်နေ့တွင် မော်ချီးမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တော်လှန်ရေးအဖွဲ့အစည်းများက စစ်ကော်မရှင်တပ်သည် မြေပြင်တိုက်ပွဲများတွင် စစ်ရေးအရ အထိနာခြင်း သို့မဟုတ် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီးနောက် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်ဟု ပြောဆိုထားသည်။
ထို့ကြောင့် စစ်ရေးအခြေအနေတင်းမာနေသည့် ဒေသများရှိ ပြည်သူများအနေဖြင့် စစ်ရေးသတင်းအချက်အလက်များကို အမြဲနားစွင့်ထားပြီး လေကြောင်းအန္တရာယ်အပါအဝင် လုံခြုံရေးအခြေအနေများကို အထူးဂရုပြုကြရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းနှိုးဆော်ထားသည်။
ဓာတ်ပုံ- စက်တင်ဘာလ ၅ ရက်နေ့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဂူဝဘုရားကို စစ်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့၍ ဘုရားပုထိုးစေတီများ ပျက်စီးခဲ့စဉ်။
Photo- ဝေဟင်အောင်။
#KTM
#HlaingInfo

🤬56❤4👏4🔥1😁1
နမ့်ဆန်မှာ အမျိုးသားတစ်ဦး ဘုန်းကြီးကျောင်း အဆောက်အဦးတစ်ခုပေါ်ကနေ ခုန်ချလို့ သေဆုံး
စက်တင်ဘာ ၇ ရက်
တအာင်းဒေသ နမ့်ဆန်မြို့ပေါ်ရှိ မြိုမဂိုဏ်းချုပ်ကျောင်းက အဆောက်အဦးတစ်ခုပေါ်ကနေ ခုန်ချခဲ့တဲ့အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ၎င်းအနီးနေထိုင်တဲ့ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် ည ၉ နာရီခွဲမှာ မြို့မဂိုဏ်းချုပ်ကျောင်းအနောက်ဘက်က အဆောက်အဦးတစ်ခုကနေ ခုန်ချခဲ့တဲ့ အမျိုးသားတစ်ဦး သတိလစ်သွားတာဖြစ်ပါတယ်။
ဘုန်းကြီးကျောင်းအနီးနေထိုင်တဲ့ အမျိုးသမီးက "သေတော့သေသွားပြီ။ မနေ့ညကတည်းကသေတာလား။ ဒီမနက်သေတာလားတော့မသိရဘူး။ အဲလူလည်း မျက်နှာစိမ်းကြီး။ ဘယ်လိုလုပ်ပြီး အဲမှာ အဲလိုလုပ်တာလဲမသိဘူး" လို့ ပြောပါတယ်။
၎င်းသေဆုံးသူဟာ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားဖြစ်ပြီး နေရပ်လိပ်စာကိုတော့ မသိရသေးကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။
ဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ဖို့ သက်ဆိုင်ရာဌာနတွေက သွားရောက်စုံစမ်း စစ်ဆေးနေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အလားတူဖြစ်စဉ်မျိုး မနေ့ည ၁၀ နာရီ ဝန်းကျင်ကလည်း ရှမ်းအရှေ့ မိုင်းလားမြို့ရှိ KTV အဆောက်အဦးတစ်ခုပေါ် မှ ဆေးကြောင်နေတဲ့ အမျိုးသမီးတစ်ဦး ခုန်ချသေဆုံးခဲ့ပါတယ်။
#SPM

🔥27😱11👍6❤2😁1
အမ်းမြို့နယ်သို့ စစ်ကြောင်းထိုးရန် စစ်တပ်က မင်းတုန်းမြို့တွင် တပ်စွဲပြီး အမ်း-မင်းတုန်း ကုန်သွယ် ရေးလမ်းကြောင်းများကိုလည်း ပိတ်ပင်ထား၊ ဒေသပြည်သူထောင်ချီ စစ်ဘေးတိမ်းရှောင်နေရ
စက်တင်ဘာလ ၇ ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်နိုင်ရန် အကြမ်းဖက်စစ်တပ်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်အင်အားများ တိုးချဲ့တပ်စွဲထားပြီး အမ်း-မင်းတုန်းကြားရှိ ကုန်သွယ်ရေးလမ်းကို ပိတ်ဆို့လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အဆိုပါလမ်းမှာ အမ်းမြို့နယ်ရှိ တလိုင်းတောင်ဒေသနှင့် မင်းတုန်းမြို့နယ်ရှိ သဖန်းရောင်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ပြည်မဘက်အကြား ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အသုံးပြုနေသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ စစ်တပ်က ယင်းလမ်းကို ဩဂုတ်လနောက်ဆုံးပတ်မှစတင်၍ ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံကုန်သည်တစ်ဦးက စစ်တပ်သည် ဩဂုတ်လပထမပတ်အတွင်း မင်းတုန်းဒေသတွင် စစ်အင် အားများ ဖြည့်တင်းခဲ့ပြီးနောက် အမ်းမြို့နယ်ဘက်သို့ အင်အား ၅၀၀ ခန့်ဖြင့် ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့ကြောင်း ပြောသည်။
“စစ်တပ်က ဩဂုတ်လပထမပတ်ထဲမှာ အင်အားဖြည့်တင်းတယ်။ ပြီးတော့ အမ်းဘက်ကို အင်အား ၅၀၀ လောက်နဲ့ ထိုးစစ်လုပ်တယ်။ အကျအဆုံးများတော့ တပ်ပြန်ဆုတ်သွားရတယ်။ အဲဒီနောက် ဩဂုတ်လနောက်ဆုံးပတ်မှာ မင်းတုန်းမြို့နယ်ဘက်ကို ထိန်းချုပ်ပြီး လမ်းကိုလည်း ပိတ်လိုက်တာ။ လေယာဉ်ကတော့ မကြာခဏ ဗုံးကြဲတယ်။ အခု အဲဒီလမ်းကနေ ပြည်မကကုန်သည်တွေရော ရခိုင်ကကုန်သည်တွေရော မသွားကြတော့ဘူး။ ရိုးမပေါ်က ချင်းလူမျိုးတချို့ကိုလည်း ဖမ်းဆီးထားတယ်” ဟု ၎င်းက ပြောသည်။
စက်တင်ဘာလပထမပတ်အတွင်း စစ်တပ်က ပြည်သူ့စစ်မှုထမ်းအင်အားများအပါအဝင် စစ်အင်အားထပ်မံဖြည့်တင်းကာ အမ်းမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအပြီး စစ်တပ်စစ်ကြောင်းများ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လက်ရှိတွင် မင်းတုန်းမြို့နယ်အတွင်းရှိ သဖန်းရောင်ကျေးရွာနှင့် ဝက်ကော်ကျေးရွာတို့တွင် တပ်စွဲအခြေချထားကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။
စစ်တပ်သည် မင်းတုန်းမြို့နယ်အနောက်ဘက်ခြမ်းမှတစ်ဆင့် ရခိုင်ရိုးမပေါ်သို့ တက်ရောက်နိုင်ရန် စစ်ရေးအရ ကြိုးပမ်းနေခြင်းဖြစ်ပြီး ယင်းစစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ခရိုင်တပ်ရင်းများ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အာရက္ခတပ်တော် AA တို့က ပူးပေါင်း၍ ကြားဖြတ်ခုခံတိုက်ခိုက်နေကြောင်း သိရသည်။
တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင်အချို့ကို သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။
စစ်ရေးတင်းမာမှုများနှင့် စစ်ကြောင်းထိုးမှုများကြောင့် အမ်း-မင်းတုန်းနယ်စပ်နှင့် ရခိုင်ရိုးမတစ် လျှောက်ရှိ ဒေသခံပြည်သူ ထောင်နှင့်ချီကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။
မင်းတုန်းမြို့နယ်သည် စစ်ကော်မရှင်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံနယ်မြေအတွင်း ပါဝင်ပြီး စစ်တပ်က ခြေလျင်တပ်ရင်းများနှင့် ခြေမြန်တပ်ရင်းများမှ တပ်ဖွဲ့ဝင်များကို ထုတ်နုတ်အသုံးပြုကာ အမ်းမြို့နယ်နှင့် ရခိုင်ရိုးမဘက်သို့ စစ်ကြောင်းထိုးရန် ဆက်လက်ပြင်ဆင်နေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။
လက်ရှိတွင် အမ်း-မင်းတုန်း ကုန်သွယ်ရေးလမ်း ပိတ်ဆို့ခံထားရမှုကြောင့် ရခိုင်နှင့် ပြည်မအကြား ကုန်စည်စီးဆင်းမှုများ ထိခိုက်နေပြီး ဒေသတွင်း စစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။

👍36🔥6👏6❤5👎1🤔1
ပေါင်းတည်မြို့တွင် ထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဘိုတူး (ခ) ကိုကျော်အောင်ဇော်ကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား
စက်တင်ဘာလ ၇ ရက်
ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ဟင်္သာကန်ရပ်ကွက်တွင် နေထိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဘိုတူး(ခ) ကိုကျော်အောင်ဇော်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက စစ်မှုထမ်းရန် ဖမ်းဆီးသွားကြောင်း ကိုဘိုတူး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖမ်းဆီးခံရသူ ကိုဘိုတူး(ခ) ကိုကျော်အောင်ဇော်သည် ပေါင်းတည်မြို့ပေါ်၊ ဟင်္သာကန်ရပ်ကွက်၊ ၂၈ လမ်းတွင် နေထိုင်ပြီး ဩဂုတ်လနှောင်းပိုင်း ပေါင်းတည်မြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ စိုက်ပျိုးရေးဌာန အထွက်တိုးစခန်းရှေ့တွင် လိုက်ထရပ်ကား မောင်းနှင်နေစဉ် တားဆီးစစ်ဆေးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုဘိုတူးကို ဟင်္သာကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်နှင့် ပျူစောထီးအဖွဲ့ဝင် အန္တရာယ်ကျော်ကြီး (ခ) ကျော်ကြီးတို့က စစ်တပ်နှင့်အတူ သတင်းပေး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ကိုဘိုတူးသည် အသက် ၃၀ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
ဘိုတူးသည် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ်ကျခံခဲ့ရရာမှ လွတ်ငြိမ်းဖြင့် လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ဟင်္သာရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်က မိသားစုထံသို့ ဆက်သွယ်ကာ ငွေညှစ်မှုများ လုပ်ဆောင်ခဲ့သော်လည်းမိသားစု ပေးနိုင်ခြင်းမရှိသဖြင့် စစ်မှုထမ်းအဖြစ် ပို့ဆောင်ရန် ပြင်ဆင်နေပြီဖြစ် ကြောင်း သိရှိရသည်။
ပေါင်းတည်မြို့နယ်၊ ဟင်္သာကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်နှင့်အဖွဲ့က ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးသော မိသားစုများမှ လူငယ်များကို အဓိကပစ်မှတ်ထားကာ စစ်မှုထမ်းအဖြစ် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။
မကြာသေးမီရက်ပိုင်းအတွင်း ဟင်္သာကန်ရပ်ကွက်၊ ၃၁ လမ်းတွင် နေထိုင်သည့် မောင်နေထက်ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရကြောင်း ၊ ဖမ်းဆီးခံလိုက်ရသော မောင်နေထက်ဦး၏ အစ်ကိုဖြစ်သူ မောင်အာနိုးမှာလည်း စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရပြီးနောက် ငဖဲမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

🤬59❤3👏3👎1
စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်များ ၁,၇၉၂ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရက ချီးမြှင့်ပေးအပ်
စက်တင်ဘာလ ၇ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေး ၅ နှစ်တာကာလအတွင်း အသက်၊ ခန္ဓာနှင့် ကိုယ်ကျိုးစီးပွားများကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်များကို ရဲဝံ့စွာ ထမ်းဆောင်ခဲ့ကြသည့် တော်လှန် ရေးရဲဘော်များအား ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်များကို စုစုပေါင်း ၁,၇၉၂ ဦးအား ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်ပွဲကို ပြည်သူ့ခုခံတွန်းလှန်စစ် ၅ နှစ်မြောက်နေ့ဖြစ်သည့် ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် အွန်လိုင်းနှင့် မြေပြင်အခမ်းအနားများ ပေါင်း စပ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း NUG က သတင်းထုတ်ပြန်သည်။
ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ကို နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ပြည်သူ့သားကောင်းဆုကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ပြည်သူ့ဇာနည်ဆုကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပေးအပ်ခဲ့သည်။ ထို့အတူ ပြည်သူ့သားကောင်းဆုကို ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကလည်းကောင်း၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ်ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က ဆိုသည်။
NUG က ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (Honor of People's Revolution - HPR)၊ ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ (Legend of People's Revolution - LPR)၊ ပြည်သူ့ဇာနည်ဆု (People's Medal for Noble Service - PMNS)၊ ပြည်သူ့သားကောင်းဆု (People's Medal for Loyal Service - PMLS) နှင့် တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (Badge of Revolutionary Service - BRS) တို့ကို ချီးမြှင့်ခဲ့သည်။
ဆုနှင့် ဘွဲ့ရရှိသူများတွင် HPR ဘွဲ့ရရှိသူ ၁ ဦး၊ LPR ဘွဲ့ရရှိသူ ၂၁ ဦး၊ PMNS ဆုရရှိသူ ၁,၆၄၇ ဦး၊ PMLS ဆုရရှိသူ ၈၁ ဦးနှင့် BRS တံဆိပ်ရရှိသူ ၄၂ ဦး ပါဝင်ကြောင်း သိရသည်။
စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်ခံရသူ စုစုပေါင်း ၁,၇၉၂ ဦးအနက် PDF မှ ၁,၄၄၂ ဦး၊ PDO မှ ၃၂၄ ဦးနှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများမှ ၂၆ ဦး ပါဝင်ကြောင်း သိရသည်။ ထို့ပြင် စစ်ဒေသ၊ တပ်မ၊ တပ်ရင်းနှင့် တပ်ဖွဲ့အလိုက် ချီးမြှင့်ခံရသည့် အဖွဲ့အစည်း ၄၅ ဖွဲ့လည်း ပါဝင်သည်ဟု NUG က ထုတ်ပြန်ထားသည်။
"အခုလိုမျိုး ဒီ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆူတံဆိပ် ဒီ ဒီ ချီးမြှင့်အပ်နှင်းရတဲ့ ကိစ္စက ရည် ရွယ်ချက် ကျွန်တော်တို့ ၅ ခု ရှိပါတယ်။ ရည်ရွယ်ချက် ၁ ကတော့ ဒီဘွဲ့တံဆိပ် ရရှိသူတွေရဲ့ စွန့်လွှတ်မှု၊ သစ္စာရှိမှုတွေကို တပ်မှူး၊ ရဲဘော်တွေက အားကျအတုယူဖွယ် စံပြပုံရိပ်အဖြစ် ဖော်ဆောင်ဖို့ ဖြစ်တယ်။ ရည်ရွယ်ချက် ၂ ကတော့ ဒီတော်လှန်ရေးကာလအတွင်းမှာ တာဝန်ကျေပွန်ခဲ့သူတွေကို နိုင်ငံတော်ရဲ့ ဒါ အမြင့်ဆုံး ဂုဏ်ပြုမှုနဲ့ အသိအမှတ်ပြုပြီး ၎င်းတို့၏ စွမ်းဆောင်ချက်များ မပျောက်ပျက်အောင် မှတ်တမ်းတင်ဖို့ ဖြစ်တယ်။ ရည် ရွယ်ချက် ၃ ကတော့ ကျဆုံး၊ စွန့်လွှတ်သူရဲကောင်းတွေရဲ့ မိသားစုတွေကို နိုင်ငံတော်က ကျေးဇူးဆပ်တဲ့အနေနဲ့ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးဖို့နဲ့ အနာဂတ် လူမှုဘဝ လုံခြုံမှုကို ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်။ ရည်ရွယ်ချက် ၄ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် အသက်ပေးဆပ်ခဲ့ကြသူများကို စဉ်ဆက်မပြတ် အမှတ်ရနေစေဖို့ ဖြစ်တယ်။ ရည်ရွယ်ချက် ၅ နိုင်ငံတော်အတွက် ပေးဆပ် တိုက်ပွဲဝင်မှုနဲ့ ရရှိလာတဲ့ အောင်ပွဲတွေရဲ့ တန်ဖိုးကို ပြည်သူ လူထု တစ်ရပ်လုံးက လေးစားတန်ဖိုးထားတတ်စေရာပေါ့နော်။ ဒီရည်ရွယ်ချက် ၅ ခုနဲ့ ကျွန်တော်တို့ ဒီ အခုလိုမျိုး သူရဲကောင်းဘွဲ့၊ ဆူတံဆိပ်တွေကို ချီးမြှင့်အပ်နှင်းခြင်း ကိစ္စကို ဆောင်ရွက်တာ ဖြစ်ပါတယ်" ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးကာလအတွင်း ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် ရဲဘော်များနှင့် ကျဆုံးသူရဲကောင်းများကို ဂုဏ်ပြုသည့် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဆု၊ ဘွဲ့နှင့် တံဆိပ်ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်စဉ် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

❤61👍18😁6🥰1
မြစ်ခြေမြို့၊ ကြောင်ပန်းခုံကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့နေ၊ မီးဝင်ငြိမ်းသည့် ပြည်သူများကိုလည်း သေနတ်ဖြင့် လိုက်လံပစ်ခတ်
စက်တင်ဘာလ ၇ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ရှိ ကြောင်ပန်းခုံကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး မီးငြှိမ်းသတ်ရန် ကြိုးပမ်းသည့် ဒေသခံပြည်သူများကိုလည်း သေနတ်ဖြင့် လိုက်လံပစ်ခတ်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှစတင်၍ မြစ်ခြေမြို့ရှိ ရှစ်မျက်နှာဘုရားတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ကြောင်ပန်းခုံကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လက်ရှိအချိန်အထိ ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် ၅ လုံးခန့် မီးလောင်ပြာကျသွားပြီဖြစ်ပြီး မီးလောင်နေသည့် နေအိမ်များကို ဝင်ရောက်ငြှိမ်းသတ်ရန် ကြိုးပမ်းသည့် ဒေသခံပြည်သူများကိုလည်း စစ်သားများက လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်နေကြောင်း သိရှိရသည်။
“မြစ်ခြေမြို့ ရှစ်မျက်နှာဘုရားမှာ အထိုင်ချထားတဲ့ စစ်ခွေးတွေ ဆင်းလာပြီး မီးရှို့နေတာပါ။ အခုလောလောဆယ် ကြားသိရတာတော့ နေအိမ် ၅ လုံးလောက် ပြာကျသွားပြီ။ မီးကလည်း အခုထိ ဝင်ငြှိမ်းလို့ မရသေးဘူး။ စစ်ခွေးတွေက မီးဝင်ငြှိမ်းဖို့ ကြိုးစားတဲ့သူတွေကိုပါ သေနတ်နဲ့ လိုက်ပစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ကာ ပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင့် ကြောင်ပန်းခုံကျေးရွာမှ ဒေသခံပြည်သူများအပြင် အနီးဝန်းကျင်ရှိ ဖိုကုန်းကျေးရွာ၊ ဆဲကြီးကျေးရွာနှင့် မြို့သစ်ဘက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူများလည်း ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ကြောင်ပန်းခုံကျေးရွာသည် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကို မကြာခဏခံနေရသည့် ကျေးရွာတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် တစ်ပတ်ခန့်ကလည်း အကြမ်းဖက်စစ်တပ်က ကျေးရွာအတွင်းရှိ ဒေါ်ခိုင်မာစန်း၏ နေအိမ်အပါအဝင် ပြည်သူပိုင်နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် မြစ်ခြေဒေသအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာလ ၄ ရက်နေ့ စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် အိုင်ကြီးကျေးရွာနှင့် ပေါက်တောကျေးရွာမှ အရပ်သားပြည်သူ ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
သေဆုံးသူများမှာ အိုင်ကြီးကျေးရွာမှ ဒေါ်ဝင်းနု (အသက် ၆၅ နှစ်)၊ ၎င်း၏သားဖြစ်သူ ကိုခိုင်စိုးဦး (အသက် ၃၉ နှစ်) နှင့် ကိုခိုင်စိုးဦး၏ ဇနီး မနှင်းနုတို့ မိသားစု ၃ ဦးဖြစ်ပြီး၊ အခြားသေဆုံးသူ ၂ ဦးမှာ ကိုတင့်ဝေ (အသက် ၅၇ နှစ်) နှင့် ၎င်း၏ဇနီး ဒေါ်မြင့်မော် (အသက် ၅၄ နှစ်) တို့ဖြစ်သည်။
လက်ရှိတွင် ကြောင်ပန်းခုံကျေးရွာအတွင်း မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် နေအိမ်ပျက်စီးဆုံးရှုံးမှုနှင့် အရပ်သားပြည်သူများ၏ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဒေသခံများမှာ ဘေးလွတ်ရာသို့ ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။

🤬59❤2👏2😢1
မန္တလေးမှာ ပျူစောထီးတွေသောင်းကြမ်းနေကြောင်းဝေဖန်ခံရပြီးနောက် အချင်းချင်းအရေးယူမယ်လို့ ရဲမွန်တောင်ပျူခေါင်းဆောင် ဆို
စက်တင်ဘာလ ၇ ရက်
မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။
မန္တလေးမြို့တွင်းမှာ ပေါ်တာဆွဲမှု၊ရိုက်နှက်လုယက်မှုနဲ့ဓားပြမှု၊လမ်းပေါ်မှာ ကိုယ့်သဘောနဲ့ကိုယ်စစ် ဆေးမှုတွေကြောင့် နာမည်ဆိုးတွေ ဆက်တိုက်ထွက်လာပြီးတဲ့နောက် စစ်တပ်ထောက်ခံသူတွေက အချင်းချင်းဝေဖန်မှုတွေဖြစ်လာတာလို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော်က မန်တလေးမြို့မှာ ပျူစောထီးတွေ သောင်းကြမ်းနေတယ်လို့ ဝေဖန်ထားတာပါ။
စစ်တပ်ထောက်ခံသူ ကျော်စိုးဦးကလည်း "မန္တလေးမြို့မှာ ယူနီဖောင်းဝတ်ပြီး မြို့ထဲပွိုင့်ကားဖွင့် မောင်း နေတဲ့ကောင်တွေ မြင်းခြံဘက်သွားတိုက်လေ"လို့ ပြောဆိုခဲ့ပြီး ပေါက်ကိုယ်ရင်ကပါ ထပ်မံ ဝေဖန် ပြောဆိုခဲ့တာပါ။
မြေယာအမှု ၊ကျောက်ဝိုင်းလုယက်မှုနဲ့ စင်တင်တွေအများအပြားဖွင့်ကာ နာမည်ဆိုးထွက်နေတဲ့ ပြည်ကြီးတံခွန်က ပျူစောထီးတွေကို ပေါက်ကိုယ်တော်က ပြောဆိုခဲ့တာပါ။
"လမင်းကဗျာ( DJ)ခေါ်ပြီး မွေးနေ့လုပ်၊စင်တင်တွေဖွင့်ထားပြီး အဖေလုပ် နေတဲ့ကတုံးက ဝေဖန်တာ တော့ ရယ်ချင်တာပေါ့"လို့ ပျူစောထီးလူငယ်တစ်ဦးကလည်း မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။
အဲဒီနောက် ရဲမွန်တောင်ပြည်သူ့စစ်တည်ထောင်သူနေမျိုးကျော်က "အမှန်တကယ် ရှေ့တန်းမှာ တိုက်ပွဲဝင် နေတာမဟုတ်ဘဲနဲ့ ပြည်သူ့စစ်အယောင်ပြပြီး လုပ်စားနေတာဖြစ်တယ်။အဲတော့အဲဲဒီလိုဟာမျိုးတွေကိုလည်းဒီနေ့ ဒီအချိန်ကစပြီး မန္တလေးပြည်သူ့စစ်တွေသိက္ခာကျတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ စုံစမ်းမယ်၊စစ်ဆေးမယ်၊မေးမြန်းမယ်။ဖမ်းဆီးပြီး သက်ဆိုင်ရာကို ဖမ်းနိုင်ဖို့အတွက်လည်း ကျွန်တော်တို့စီမံမှာဖြစ်တယ်"လို့ ဆိုပါတယ်။
မန္တလေးမြို့မှာ တိုင်းကနေ ဖွဲ့စည်းထားတဲ့ပြည်သူ့စစ်အမည်ခံ ပျူစောထီး ၁၀ ဖွဲ့ရှိပြီး ရဲအရာရှိတွေရဲ့သား၊ G1ပိုင်တဲ့ ပျူအုပ်စု ၊ပေါက်ကိုယ်တော်ရဲ့ ပျူအုပ်စုတွေ ဆိုပြီး အများအပြားရှိတယ်လို့ သိရပါတယ်။
အဲဒီပျူစောထီးတွေဟာ ရပ်ကွက်လူမိုက်တွေနဲ့ဖွဲ့စည်းထားတာကိုလည်းနေမျိုးကျော်က ဝန်ခံထားပါတယ်။
"အမှန်တကယ် တိုက်ပွဲဝင်ဖို့ဆို သေချာတယ်။ဘယ်လူကြီးသားသမီး ရှေ့တန်းလိုက်မှာတုံး။ဘယ်လူကြီး သားသမီးပြည်သူ့စစ်ဆိုပြီး တရားဝင်ပြည်သူ့စစ်မဟုတ်ဘဲ နိုင်ငံတော်က နေပြီးမှ သေသွားရင် ဘာမှလုပ်ဆောင် ပေးမှာမဟုတ်ဘဲနဲ့ လိုက်ပြီး တိုက်မယ့်ကောင်ဘယ်လူကြီးသားသမီးတိုက်မှာလဲ။ဘယ်သူဌေးသားသမီးတိုက်မှာလဲ။ဒီဇိုးတွေပဲတိုက်မှာပဲလို့"ထပ်မံ ပြောဆိုထားပါတယ်။
မန္တလေးမှာ ပျူစောထီးအဖွဲ့အစည်းအများအပြားရှိကာ စစ်တပ်နဲ့ပေါင်း လောင်းကစားဝိုင်းအများအပြားဖွင့်ထားပြီး လူသတ်မှု တွေမကြာခဏ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်ကြီးမြို့မပျူစောထီးခေါင်းဆောင်ကိုလည်း ပေါက်ကိုယ်တော်တပည့် စံရှားအဖွဲ့က သတ်ဖြတ်လိုက်ပြီး လက်ရှိမှာ မြေယာအမှုကြောင့် စံရှားကိုစစ်တပ်က ဖမ်းဆီးထားပါတယ်။
(ပျူစောထီးတွေနဲ့ နေမျိုးကျော် အတူတွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)
#LNO

😁39❤12👍3🔥2👏1
စစ်မှုထမ်း ပြန်ပေးဆွဲ သောင်းကျန်းနေသဖြင့် ရန်ကုန်မြို့တွင်းလုပ်ငန်းများ မမှောင်ခင် အလုပ်ဆင်း ခွင့်ပေး
စက်တင်ဘာလ ၇ ရက်
စစ်မှုထမ်းအတွက် ပြန်ပေးဆွဲမှုများ သောင်းကျန်းလာခြင်းကြောင့် ရန်ကုန်မြို့တွင်းရှိ လုပ်ငန်းများမှာ ညနေဘက် စောစောအလုပ်ဆင်းပေးနေကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းရှိ ကုမ္ပဏီအများစုမှာ ညနေ ၅နာရီနောက်ဆုံးထားကာ အလုပ်ဆင်းခိုင်းနေပြီး စတိုး ဆိုင်ကဲ့သို့သော အလုပ်များမှာ ည၇နာရီနောက်ဆုံးထားကာ ပြန်လွှတ်နေကြောင်း ရန်ကုန်မြို့တွင်းရှိ ကုမ္ပဏီဝန်ထမ်းအချို့ထံက သိရသည်။
“ဖယ်ရီရှိတဲ့ ကုမ္ပဏီတချို့ကျတော့ မနက်၈၊ညနေ ၄ အလုပ်ချိန်ပြောင်း သတ်မှတ်တယ်။ဖယ်ရီမရှိ တာကျတော့ မနက်၉၊ညနေ၅။အခု ဒီလပိုင်းမှ ပြောင်းသတ်မှတ်ကြတာ များတယ်။ ပေါ်တာကို အ ကုန်ကြောက်နေရတယ်”ဟု ရန်ကုန်မြို့တွင်း ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော အကြီးတန်းအ ရာရှိတစ်ဦးက MPAသို့ပြောသည်။
နေ့စဉ် အလုပ်ဆင်းချိန် နောက်ကျလေ့ရှိသော ၎င်းတို့ကုမ္ပဏီသည်လည်း ဩဂုတ်လလယ်ပိုင်းမှ စ တင်ကာ ရန်ကုန်မြို့စွန်၌ နေထိုင်သူများအား ညနေ၅နာရီထိုးသည်နှင့် အလုပ်ဆင်းခွင့်ပြုကြောင်း ဒီဂျစ်တယ်မားကက်တင်းဝန်ထမ်းတစ်ဦးက ဆိုသည်။
“သိပ်မဝေးတဲ့နေရာမှာ နေတဲ့သူတောင် ၅ခွဲဆို ဆင်းပဲ။ကျနော်တို့အလုပ်ကရှုပ်တော့ အခု အိုဗာတိုင် လုပ်ရမယ်ဆိုရင် အိမ်ကနေ လိုင်းပေါ်ကလုပ် အိုဗာတိုင်ကြေးပေးတယ်။ပေါ်တာကို ကြောက်တာ ကျနော်တို့ ဘောစိကိုယ်တိုင် ကြောက်တာ”ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင်းရှိ စတိုးဆိုင်အချို့တွင်မူ အမျိုးသားဝန်ထမ်းများကို ၅နာရီခွဲပြန်ခိုင်းပြီး အမျိုးသမီး များကို ၆နာရီခွဲ ပြန်ခိုင်းကြောင်း သိရသည်။
“မကြာသေးဘူး။တစ်လလောက်ပဲ ရှိဦးမယ်။အဲလိုလုပ်တာ။ ပေါ်တာကြောင့်ရော ညမှောင်တာနဲ့ မြို့ ထဲမှာ လူရှိရင်တောင် ဆိုင်မှာ အထည်လာဝယ်တာမျိုးက မရှိတော့ဘူး၊အဲဒါရော ပါတယ်။ မိန်းက လေးတွေလည်း နောက်ကျရင် ကြောက်ကြတယ်။ဆိုင်တိုင်းလားဆိုတော့ ကျမသမီးလုပ်တဲ့ ဆိုင်နဲ့ အဲအနားက ဆိုင်တွေက အဲလိုလုပ်တာ။ တခြားဆိုင်တွေတော့ မပြောတတ်ဘူး”ဟု တောင်ဥက္ကလာ ပမြို့နယ်နေ အထည်ဆိုင်ဝန်ထမ်းတစ်ဦး၏ မိခင်က ပြောသည်။
မြေနီကုန်းတစ်ဝိုက်ရှိ အထည်နှင့် စတိုးဆိုင်များသည်လည်း ညနေ၆နာရီကျော်လျှင် ပိတ်ကြပြီဖြစ် ကြောင်း သိရသည်။
#MPA

❤31👍25🔥5👏1😁1🤔1
ဒိုက်ဦးအကျဉ်းထောင်အတွင်း အကြမ်းဖက် ထောင်အာဏာပိုင်တွေက ဆေးဝါးအခက်အခဲဖြစ်အောင် လုပ်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေ
စက်တင်ဘာ ၇ ရက်
ပဲခူးဒေသ ၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အကြမ်းဖက် ထောင်အာဏာပိုင်တွေက ဆေးဝါးအခက်အခဲဖြစ်အောင် လုပ်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒိုက်ဦးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသူတွေအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်နေသူ တွေက အကြမ်းဖက် ဦးစီးအရာရှိ ဒေါ်ဇင်မာကြည်အောင် ၊ အကြမ်းဖက် နှစ်ပွင့် အရာရှိ ဒေါ်စန်းနွယ်ဦး ၊ အကြမ်းဖက် တစ်ပွင့်အရာရှိ ဒေါ်သက်သက်ဇင် ၊ အကြမ်းဖက် တစ်ပွင့်အရာရှိ ဒေါ်သဇင်မြင့် ၊ အကြမ်းဖက် တစ်ပွင့်အရာရှိ ဒေါ်သန္တာစိုး ၊ အကြမ်းဖက် တစ်ပွင့်အရာရှိ ဒေါ်တင်ဇာခိုင် နဲ့ အခြားသော အကျဉ်းဦးစီးဌာန အမျိုးသမီးအဆောင်ဝန်ထမ်းတွေ ၊ တာဝန်ရှိသူတွေ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ က အသိပေးထားပါတယ်။
အဲဒီ အကြမ်းဖက် ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူတွေကို စနစ်တကျ အဟာရ ပြတ်လပ်အောင် ပြုလုပ်တာ ၊ ကျန်းမာရေး ထိခိုက်စေရန် ဖိနှိပ်တာ နဲ့ ငွေကြေးလိမ်လည်မှုတွေနဲ့ ကိုယ်ကျိုးရှာ မသမာမှုတွေ ပြုလုပ်နေတယ်လို့လည်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ က ပြောပါတယ်။
ဒါအပြင် ဒိုက်ဦးအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသူတွေကို နိုင်ငံရေး အကျဉ်းသူတွေအား အတင်းအဓမ္မ အလုပ်ခိုင်းစေမှုတွေ ပြုလုပ်နေတာ ၊ နိုင်ငံရေးအကျဉ်းသူတွေရဲ့ စားနပ်ရိက္ခာတွေကို ဖြတ်တောက်ပြီး ရည်ရွယ်ချက်ရှိရှိ အာဟာရပြတ်လပ်အောင် ပြုလုပ်နေတာ ၊ ဆေးဝါးအခက်အခဲ ဖြစ်အောင် လုပ်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တာ ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းတွေ ပိတ်ပင်လို့ အရေပြားရောဂါ ပိုမိုဖြစ်ပွားလာတာ နဲ့ ဘောက်ချာလိမ်လည်မှု ၊ စီးပွားရှာမှု နဲ့ ငွေကြေးခေါင်းပုံဖြတ်မှုတွေကို အထောက်အထားတွေ ရှိတယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
#PVTV

🤬47❤8🔥2👏1😁1😢1
သံတွဲမြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ အမျိုးသမီး ၁ ဦးသေဆုံး၊ ရေးမြို့နယ်တွင်လည်း တိုက်ပွဲမရှိဘဲ စစ်တပ်က ဗုံးကြဲ
စက်တင်ဘာ ၇ ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်တပ်က ယနေ့ စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၆ လုံးလည်း ပျက်စီးခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် သံတွဲမြို့တွင် အကြမ်းဖက်စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာတစ်စီးက မြို့အမှတ် ၈ ရပ်ကွက်အတွင်းသို့ ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း သံတွဲမြို့ အမှတ် ၈ ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်သန်းသန်းကြွယ် အသက် ၈၀ နှစ်သည် ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အမှတ် ၈ ရပ်ကွက်မှ မမိုမိုမြင့်အောင် အသက် ၂၈ နှစ်၊ ဒေါ်အေးအေးကြွယ် အသက် ၆၆ နှစ်နှင့် ကိုရန်နောင်ထက် အသက် ၂၈ နှစ်တို့မှာ ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ် ၈ ရပ်ကွက်အတွင်းရှိ ပြည်သူပိုင်နေအိမ် ၆ လုံးမှာလည်း ဗုံးစထိမှန်၍ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
လက်ရှိရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်က အာရက္ခဒေသအတွင်း လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများအသုံးပြု၍ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်များကို အထူးသတိထားကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA က သတိပေးတိုက်တွန်းထားသည်။
အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်လည်း စက်တင်ဘာလ ၆ ရက်နေ့၌ မှော်ဘီလေတပ်စခန်းမှ တက်လာသည့် စစ်တပ်၏ ဂျက်ဖိုက်တာတစ်စီးက ရေး-ဘုရားသုံးဆူကားလမ်းပိုင်းရှိ ချဲတိုက်နှင့် တောင်အိုအထက်၊ ချောင်းနှစ်ခွကျေးရွာအနီးဝန်းကျင်ရှိ ဥယျာဉ်ခြံမြေများအတွင်းသို့ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရေဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ပေါင် ၅၀၀ ဗုံးသီးအသုံးပြု၍ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးမှာ ဥယျာဉ်ခြံမြေအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် နေအိမ်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်ပျက်စီးတာမျိုး မရှိဘူးလို့ သိရတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ ဥယျာဉ်ခြံမြေထဲကို ပေါင် ၅၀၀ ဗုံးသီးနဲ့ ကျဲသွားတာပါ” ဟု ရေဘီလူးတပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
ရေးမြို့နယ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ရေးမြို့နယ်၊ ကျောင်းရွာအုပ်စု၊ ရေးချောင်းဖျားဒေသရှိ ချော့ထာရွာအနီး ဥယျာဉ်ခြံများကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုတွင် လူထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း ဥယျာဉ်တဲများနှင့် စိုက်ပျိုးထားသည့် သီးနှံပင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်တပ်က နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက် တိုက်ပြုလုပ်နေသဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသများရှိ အရပ်သားပြည်သူများပါ လေကြောင်းအန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

🤬46👏3❤2😢2👎1🥰1
ပြင်ဦးလွင်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ တိုးချဲ့ တည်ဆောက်မှုနှင့် မင်္ဂလာဒုံ စစ်တပ်အရိုးဆေးရုံ တိုးချဲ့ ဆောက်လုပ်မှုများအတွက် တင်ဒါလုပ်ပိုင်ခွင့်ကို မင်းအောင်လှိုင်၏သား အောင်ပြည့်စုံကိုပင် တပ်ချုပ်သစ်ရဲဝင်းဦးက ချထားပေးပြန်
စက်တင်ဘာ ၇ ရက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ စစ်မှုထမ်းအိမ်ရာ တိုးချဲ့ တည်ဆောက်မှုနှင့် မင်္ဂလာဒုံ စစ်အရိုးဆေးရုံ တိုးချဲ့ ဆောက်လုပ်မှုများအတွက် တင်ဒါဆောက်လုပ်ခွင့်ကို မင်းအောင်လှိုင်၏သား အောင်ပြည့်စုံကိုပင် တပ်ချုပ်သစ်ရဲဝင်းဦးက ချထားပေးကြောင်း အဆိုပါ တင်ဒါလုပ်ငန်းများနှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ပြင်ဦးလွင် အပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းဟောင်းအိမ်ရာများကို
ဘဏ္ဍာရေးနှစ်အလိုက်တိုးချဲ့လျက်ရှိရာ ယင်းတိုးချဲ့သော လုပ်ငန်းများအတွက် အကြမ်းဖက် မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One Construction ကိုပင်ချထားပေးလိုက်ကြောင်း သိရှိရသည်။
ယင်းအပြင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်အရိုးဆေးရုံ တိုးချဲ့သည့် လုပ်ငန်းများကိုလည်း အောင်ပြည့်စုံ၏ Sky One Construction ကိုပင် ထပ်မံ ချထားပေးခဲ့ကြောင်း၊ အဆိုပါစစ်တပ်အိုးဆေးရုံ၏ မူလ ၅ ထပ်အဆောင်တိုးချဲ့မှုကိုလည်း Sky One ဆောက်လုပ်ရေးကပင် ရရှိခဲ့ပြီး အဆိုပါ ၅ ထပ် ဆောင် ပြီးစီးခဲ့ပြီဖြစ်သော်လည်း တွဲလုပ်ကိုင်ခဲ့သော ဆပ်ကန်ထရိုက်တာများကို ငွေမရှင်းပေးသေးကြောင်း သိရှိရသည်။
"ကျိုင်းတုံလေဆိပ်လိုပဲ ရန်ကုန်မှာရှိတဲ့ မင်္ဂလာဒုံ ၅ ထပ်စစ်တပ် အရိုးဆေးရုံလည်း ငွေအပြည့်မရှင်းသေးဘူး" ဟု Sky One ဆောက်လုပ်ရေးနှင့်တွဲဖက်လုပ်ကိုင်နေသော ဆပ်ကန်ထရိုက်တာသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က တပ်ချုပ်ရာထူးကို သူ၏ လူယုံတပည့် ရဲဝင်းဦးကို လွှဲပေးအပ်ထားပြီး ဖြစ်သော်လည်း လက်ရှိအချိန်အထိ စစ်တပ်နှင့်ပတ်သက်သော ဆောက်လုပ်ရေး ပရောဂျက်နှင့်စီမံကိန်းများကို အောင်ပြည့်စုံသာပင် ဆက်လက်ရရှိနေဆဲပင်ဖြစ်ကြောင်း သိရှိရသည်။
အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One ဆောက်လုပ်ရေးက ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ရဟတ် ယာဉ် ဆင်းနိုင်သည့် အမှတ် ၁ စစ် ဆေးရုံကြီး(ခုတင် ၁၀၀၀) အထူးကုသမှု စင်တာကိုလည်း မင်းအောင်လှိုင် တပ်ချုပ်ဘ၀တွင်ပင် ဆောက်လုပ်ခွင့်ရရှိခဲ့သည်။
ယင်းအပြင် ပြင်ဦးလွင်ရှိ စစ်တပ်ပိုင် ကုတင် ၇၀၀ ကင်ဆာစစ်ဆေးရုံကိုလည်း အောင်ပြည့်စုံပင် လုပ်ပိုင်ခွင့်ရရှိခဲ့သည်။
မင်းအောင်လှိုင်၏သား အောင်ပြည့်စုံသည် ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited စသည့် ကုမ္ပဏီများစွာကို နာမည်မျိုးစုံဖြင့် လုပ်ငန်းပေါင်းများစွာနှင့် တင်ဒါလုပ်ပိုင်ခွင့်များစွာကို လုပ်ကိုင်နေသည်။

👎30🤬10❤8😁4🔥3
မြန်မာမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေတယ်လို့ IIMM အကြီးအကဲပြော
စက်တင်ဘာလ ၇ ရက်
မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားပါတယ်။
ဒီနေ့ ကျင်းပတဲ့ (၆၃)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီပုံမှန်အစည်းအဝေးမှာ IIMM အကြီးအကဲက IIMM ရဲ့ အဋ္ဌမမြောက် နှစ်ပတ်လည်အစီရင်ခံစာကို တင်သွင်းရင်း မိန့်ခွန်းပြောကြားခဲ့တာပါ။
“မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးအားထားနေပြီး အရပ်သားတွေက အဓိက ထိခိုက်နစ်နာရသူတွေ ဖြစ်နေပါတယ်”လို့ IIMM အကြီးအကဲက ကုလလူ့အခွင့်အရေးကောင်စီကို တင်ပြပါတယ်။
မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဆက်ပြီး ဆိုးရွားလာနေတာကို သူက ကောင်စီကို အစီရင်ခံပါတယ်။
လွန်ခဲ့တဲ့နှစ်ပတ်လောက်က စစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တရားစခန်း ဖွင့်နေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုပေါင်း ၆၀၀ ကျော်ထဲက တစ်ခုဖြစ်တယ်လို့ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။
“ဒါ့အပြင် စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေဟာ မကြာခဏ ပစ်မှတ်ထားခံနေရပါတယ်”လို့ သူက ဆက်ပြောပါတယ်။
မြန်မာစစ်တပ်ဟာ လေယာဉ်တွေထက် ကြိုတင်သိရှိဖို့ ပိုခက်ခဲတဲ့ ပါရာမော်တာတွေနဲ့ ဒရုန်းတွေကို ပိုပြီးအသုံးပြုလာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ခိုလှုံဖို့ အချိန်နည်းလာတယ်လို့ IIMM အကြီးအကဲက ပြောပါတယ်။ စစ်တပ်ဟာ ‘နှစ်ကြိမ်ဆင့်တိုက်ခိုက်မှု’ နည်းလမ်းကို ပိုသုံးလာတာကို IIMM က သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ ပထမအကြိမ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကို ကူညီပေးတဲ့ ကယ်ဆယ်ရေးသမားတွေကို ထိခိုက်စေဖို့ ဒုတိယအကြိမ် ထပ်ဆင့်တိုက်ခိုက်တာမျိုး ကျူးလွန်နေတယ်လို့ ဆက်ပြောပါတယ်။
IIMMရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ တိုးတက်မှုတွေရှိနေပြီး ဒီတိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ တပ်ဖွဲ့အများအပြားနဲ့ သူတို့ အခြေစိုက်ရာ လေတပ်စခန်းတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာလည်း ပဋိပက္ခတွေ သိသိသာသာ ပြင်းထန်နေပြီး လက်နက်ကိုင်အဖွဲ့ အမျိုးမျိုးက ကျူးလွန်တယ်ဆိုတဲ့ လူသတ်မှု၊ ဥပဒေမဲ့ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အင်အားသုံးပြီး နယ်မြေမှ ဖယ်ရှားမှုနဲ့ဆိုင်တဲ့ စွပ်စွဲချက်တွေကို IIMMက စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
IIMMဟာ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ဂြိုဟ်တုပုံရိပ်တွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေ၊ ဘဏ်ငွေလွှဲ ပြောင်းမှုတွေနဲ့ လက်နက်ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အချက်အလက်တွေ အပါအဝင် ရင်းမြစ် ပေါင်း ၁,၆၀၀ ကျော်ကနေ အထောက်အထားအများအပြားကို စုဆောင်းရရှိထားပါတယ်။ နောက်ပြီး သက်သေထွက်ဆိုချက်ပေါင်း ၇၅၀ ကျော်ကိုလည်း စုဆောင်းထားတယ်လို့ အသိပေးပါတယ်။
အဲဒီဒီအထောက်အထားတွေက ဘယ်လိုရာဇဝတ်မှုတွေ ဖြစ်ပျက်ခဲ့တယ်၊ ဘယ်သူတွေမှာ တာဝန်ရှိတယ်၊ ဒီရာဇဝတ်မှုတွေအတွက် ဘယ်သူတွေက ငွေကြေးထောက်ပံ့ခဲ့တယ်၊ ပံ့ပိုးကူညီခဲ့တယ် ဒါမှမဟုတ် အကျိုးအမြတ်ရရှိခဲ့တယ် ဆိုတာတွေကို နားလည်နိုင်ဖို့ အထောက်အကူပြုတယ်လို့ နီကိုလတ်စ်ခွန်ဂျန်က ရှင်းပြပါတယ်။
IIMMဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရရှိရေး ကြိုးပမ်းနေတဲ့ သက်ဆိုင်ရာ တရားရေးအာဏာပိုင်တွေထံကို အထောက်အထားနဲ့ စိစစ်သုံးသပ်ချက် အများ အပြား မျှဝေပေးထားပြီး ဒီအထဲမှာ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)နဲ့ အာဂျင်တီးနားနိုင်ငံ တို့လည်း ပါဝင်ပါတယ်။
�ဒါ့အပြင်၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ကုလလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့က တရားရေးအာဏာပိုင်တွေထံ မျှဝေထားပြီး ဖြစ်တယ်လို့ IIMMအကြီးအကဲက ပြောပါတယ်။
IIMMဟာ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်းနဲ့ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာကို သက်သေပြနိုင်မယ့် အထောက်အထားတွေကို ဆက်လက်စုဆောင်းသွားမှာဖြစ်ကြောင်းနဲ့ ဒီအထောက်အထားတွေကို အသုံးပြုပြီး တရားမျှတမှုရရှိရေးအတွက် နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားရေးအာဏာပိုင်တွေကိုလည်း ဆက်လက်ကူညီသွားမှာ ဖြစ်ကြောင်း နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။

👍50❤12😁2
မုံရွာမှာ ဒုရဲအုပ်လင်မယားပစ်ခတ်ခံရပြီး သေဆုံး
စက်တင်ဘာလ ၇ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် မနက် ၁၀ နာရီခွဲခန့်က မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနီးရှိ ဆောက်လက်စ အကျဥ်းထောင်ဂိတ်က ဒုရဲအုပ်ထွန်းကိုကိုနဲ့ ၎င်းရဲ့ဇနီးကို ပစ်ခတ်ခဲ့ရာ ၂ဦးလုံး သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
"လုံခြုံရေးအရ ဘယ်လိုရှင်းလင်းခဲ့တာကို အသေးစိတ် ပြောပြလို့မရလို့ပါ။ လမ်းကနေ ဖြတ်ရှင်းခဲ့တာပါ"လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။
ဒုရဲအုပ်ကိုင်ဆောင်တဲ့ ပစ္စတို ၁လက်နဲ့ စကားပြောစက် သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ပြောပါတယ်။
၎င်းဒုရဲအုပ်လင်မယားဟာ အကျဉ်းထောင် ဂိတ်ကနေအနီးအနားရှိ လယ်ယာလုပ်သားတွေ၊ ဆိတ်ကျောင်း ၊ နွားကျောင်းတဲ့ ပြည်သူတွေကို ဖမ်းဆီး ငွေညှစ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Titans Force -Monywa LPDF ( မုံရွာမြို့နယ်၊ တိုက်နယ် (၂) ပကဖ တိုက်ခိုက်ရေးအဖွဲ့)က ပြုလုပ်ခဲ့တာလို့ အသိပေးထားပါတယ်။
မုံရွာမြို့နယ်ဟာ တော်လှန်ရေးအားကောင်းတဲ့ဒေသဖြစ်ပြီး လက်ရှိမှာ အာဏာသိမ်းစစ်တပ်က နေ့စဥ် အိမ်စီးကားတွေနဲ့ပတ်ကာ မြို့ပေါ်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေပြီး လူငယ်အများအပြား ဖမ်းဆီးခံနေရပါတယ်။
(သိမ်းဆည်းရမိတဲ့ ပစ္စတိုနဲ့ စကားပြောစက်။ ဓါတ်ပုံ - မုံရွာပကဖ)

👍48👏12❤4😁2
ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စု ဆေးခန်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊
▪️ဝက်လက်မြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က အသေခံဒရုန်းများဖြင့် တိုက်ခိုက်
စက်တင်ဘာလ ၇ ရက်
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စု ဆေးခန်းကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆေးခန်း အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရုံးချောင်းကျေးရွာ အုပ်စုဆေးခန်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုံးကျဲ တိုက်ခိုက်ခံရသော ဆေးခန်း အဆောက်အအုံတွင် တော်လှန်ရေးတပ်ဖွဲ့များ စခန်းချ နေထိုင်ခြင်းလည်းမရှိဘဲ ပြည်သူများလည်း မရှိသောကြောင့် ထိခိုက်သူ မရှိသော်လည်း ဆေးခန်း အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
"ကြို့ပင်ကောက်မြို့နယ်ထဲက ရုံးချောင်းကျေးရွာအုပ်စုဆေးခန်းကို အကြောင်းမဲ့ စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ဆေးခန်း အဆောက်အအုံတွေတော့ ပျက်စီးသွားတယ်။ တိုက်ပွဲလဲမရှိဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ နေထိုင်ခြင်းလည်းမရှိဘူး။ စစ်ခွေးတွေက အကြောင်းမဲ့ တိုက်ခိုက်တာပါ။ လူနေထိုင်ခြင်းလဲမရှိတော့ ထိခိုက်မှုမရှိဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ကြို့ပင်ကောက်မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်လာနိုင်သောကြောင့် ပြည်သူများ အနေဖြင့် လေကြောင်း အန္တရာယ်နှင့် လက်နက်ကြီး အန္တရာယ်တို့ကို သတိပြုနေထိုင်ကြရန် အသိပေး ပြောဆိုထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်တောင်ခြမ်းနှင့် အနောက်မြောက်ခြမ်းရှိ ကျေးရွာများကိုလည်း စစ်တပ်က အသေခံဒရုန်း ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။
ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ ၃၉ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အနောက်တောင်ခြမ်းရှိ နေရာတစ်နေရာကို လည်းကောင်း၊ ညနေ ၄ နာရီ ၄၇ မိနစ်တွင် အနောက်မြောက်ခြမ်းရှိ နေရာတစ်နေရာကို လည်းကောင်း ရွှေဘိုမြို့နယ် အခြေစိုက် လေ့ကျင့်ရေး (၈) တပ်မှ လွှတ်တင်လိုက်သော အသေခံ ဒရုန်း ၂ စီးက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်ခံရသည့် နေရာများတွင် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေများကိုမူ ဆက်လက် စိစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် အပြစ်မဲ့ အရပ်သား ပြည်သူများပေါ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသဖြင့် မိဘပြည်သူများအနေဖြင့် လေကြောင်းသတိ၊ လေကြောင်းအသိဖြင့် သတိပြု နေထိုင်ကြပါရန် ဝက်လက်မြို့နယ် ပကဖ အဖွဲ့က တိုက်တွန်း နှိုးဆော်ထားသည်။

🤬45👏3❤1👎1
ညောင်ဦးနှင့် ကျောက်ပန်းတောင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊
▪️ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ဆက်လက် တိမ်းရှောင်နေရ
စက်တင်ဘာလ ၇ ရက်
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ဆက်လက် တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လပိုင်းမှာ စတင်၍ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ဇူလိုင်လ ၂၂ ရက်နေ့တွင်မီးလောင်ဖျားရွာမှ နေအိမ် ၃ လုံး၊ ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်ပြီး ထက်ယာကုန်းရွာမှ နေအိမ် ၁၃ လုံး၊ သဲရာချောင်းရွာမှ နေအိမ် ၃၂ လုံး၊ ကျွန်းဘိုကန်ရွာမှ နေအိမ် ၁၄ လုံး၊ သံချေးကန်ရွာမှ နေအိမ် ၁၀ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဩဂုတ်လ ၁၆ ရက်နေ့တွင် ကျောက်ပျဉ်ကန်ရွာမှ နေအိမ် ၂၈ လုံး၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် စဉ့်ကူရွာ နေအိမ် ၁၆ လုံး၊ ပြည်တော်သာရွာမှ နေအိမ် ၄ လုံးနှင့် ပခုက္ကူကျွန်းရွာမှ နေအိမ် ၄ လုံးတို့ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ညောင်ဦးမြို့နယ် အတွင်း လှည့်လည် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင်လည်း စဉ့်ကူရွာမှ နေအိမ် ၃ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများမှ ပြည်သူများ အပါအဝင် အနီးအနားရှိကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
"စစ်ခွေး စစ်ကြောင်းက ညောင်ဦးနယ်ထဲကို ဇူလိုင်လပိုင်းတည်းက စပြီး ဆက်တိုက်ကို စစ်ကြောင်းထိုးနေတာ အခု ကျနော်တို့ ကောက်ခံထားတဲ့ စာရင်းတွေအရ နေအိမ် ၁၀၀ ကျော်မီးရှို့ဖျက်ဆီးခံထားရတယ်။ အဲ့ခွေး စစ်ကြောင်းက လမ်းပိုင်းတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အတွင် ရည်ရွယ်ပြီး စစ်ကြောင်းထိုးနေတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း စက်တင်ဘာလ ၂ ရက်နေ့က စတင်ကာ စစ်ကြောင်းသည် ဒရုန်းများနှင့် ခဲယမ်းများ အပြည့်တင်ဆောင်လာသည့် ကား ၁ စီးနှင့်အတူ ပုပ္ပါးဘက်မှ ဆင်းလာခဲ့ပြီး ပိုဇိုလန် ဘိလပ်မြေစက်ရုံ၊ တောင်ပုရွာ၊ ကံစပ်ကုန်းရွာနှင့် ငရံ့ကုန်းရွာတို့ကို ဖြတ်သန်းကာ ချိုင်းကျေးရွာသို့ ရောက်ရှိချိန်တွင် နေအိမ် ၇ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းသည် စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ၎င်းတို့ ညအိပ်တပ်စွဲခဲ့သည့် သုံးအိမ်ကုန်းကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် သီးကုန်းကျေးရွာကိုလည်း မီးရှို့ခဲ့ရာ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ပြင် သုံးအိမ်ကုန်းကျေးရွာရှိ လျှပ်စစ်ထရန်စဖော်မာပုံးများကိုပါ ဖြုတ်ယူသွားကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် တောင်ပေါ်ကျေးရွာမှ ဒေသခံများပိုင်ဆိုင်သော ဆိုင်ကယ် ၁၅ စီးနှင့် နေအိမ်များအတွင်း ရှိ တန်ဖိုးကြီးပစ္စည်းများကို ၁၀ ဘီးကားဖြင့် တင်ဆောင်ယူသွားခဲ့ကြောင်း၊ ကျေးရွာမှထွက်ခွာစဉ် စစ်ဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံခဲ့ရာတွင်လည်း ပြည်သူများထံမှ နားကပ်၊ ဆွဲကြိုး၊ လက်စွပ်စသည့် အဖိုးတန်လက်ဝတ်ရတနာများ၊ ငွေကြေးနှင့် လက်ကိုင်ဖုန်းများကို လုယက်ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ဓာတ်ပုံ - စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)

🤬51❤6👏2
ဧရာဝတီတိုင်းတွင် စစ်မှုထမ်းရန် ပေါ်တာဆွဲခံရသူချို့ အုပ်ချုပ်ရေးမှူးနှင့်စစ်တပ်ထံမှာ ကျပ်ငွေသိန်း ၅၀ ကျော်ဖြင့် တိတ်တဆိတ်ပြန်ရွေးယူနေရ
စက်တင်ဘာ ၇ ရက်
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရွေးတုအစိုးရတပ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားသည့် လူငယ်များကို မိသားစုဝင်များက ငွေကျပ် သိန်း ၅၀ ကျော်ဖြင့် ရွေးယူခိုင်းနေသည့် ဖြစ်စဉ်များဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံက သတင်းရရှိသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၂၆ ခုစလုံးတွင် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးပေါ်တာဆွဲခြင်း၊ စာရင်းသွင်း ခေါ်ဆောင်ခြင်းများ ပြုလုပ်နေပြီး၊ ထိုသို့ ဖမ်းဆီးခံရသူများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တပ်ဖွဲ့ဝင်များက ငွေကြေးများ တောင်းယူနေခြင်းဖြစ်သည်။
"လူမသိသူမသိ ငွေပေးပြီး ပြန်ရွေးနေရတာပါ။ ပေါ်တာဆွဲသလို ပဲဖမ်းဆီးနေကြတာ၊ တိုင်လည်း မတိုင်ရဲကြဘူး၊ သတင်းလည်း မထုတ်ရဲကြဘူး။ ပြန်ဖမ်းမှာကို ကြောက်နေကြရတာ။ ငွေပေးနိုင်တဲ့သူက လွတ်ပြီး ငွေမပေးနိုင်တဲ့သူတွေကျတော့ ပါသွားကြရတယ်" ဟု ကျုံပျော်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသည့် လူငယ်တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ကျော်အထိ ပြန်လည်ရွေးယူခိုင်းနေပြီး၊ ငွေကြေးမတတ်နိုင်သည့် ဆင်းရဲနွမ်းပါးသည့် မိသားစုမှ လူငယ်များမှာမူ စစ်မှုထမ်းရန် အတင်းအဓမ္မ စေလွှတ်ခြင်း ခံနေကြရသည်။
အဆိုပါ ဖြစ်စဉ်များမှာ တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် ဖြစ်ပွားနေသည်မှာ ကာလအတန်ကြာပြီဖြစ်သော်လည်း၊ ငွေပေးရွေးယူရသူများ ပြန်လည် ဖမ်းဆီးခံမည်ကို စိုးရိမ်၍ သတင်းမပေါက်ကြားအောင် ငွေပေးရွေးယူနေကြရကြောင်း ဒေသခံများထံက သိရသည်။
ထို့အပြင် မြို့နယ်အချို့တွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း မဲနှိုက်ပွဲများ မပြုလုပ်မီကတည်းက လူငယ်များ၏ မိသားစုထံမှ မဲစာရင်းမှ ပယ်ဖျက်ပေးမည် ဟုဆိုကာ ကြိုတင်ငွေကြေး တောင်းခံမှုများလည်း ရှိနေပြီး၊ ငွေမပေးနိုင်သည့် လူငယ်များမှာ စစ်မှုထမ်းနေရကြောင်း ဒေသခံများက ဆိုသည်။
ရွေးတုအစိုးရတပ်နှင့် ၎င်း၏ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များသည် စစ်မှုထမ်းဥပဒေကို ရည်ရွယ်ချက်ရှိရှိ အသုံးချကာ ပေါ်တာဆွဲ ပြည်သူများထံမှ ငွေကြေး ခေါင်းပုံဖြတ် ကိုယ်ကျိုးရှာသည့် လုပ်ရပ်များကို ပြုလုပ်နေခြင်းဖြစ်သည်။
ဓာတ်ပုံ-စစ်မှုထမ်းစုဆောင်းခံရသည့် လူငယ်များ
#AYAT

🤬50❤3👏2😁1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး
စက်တင်ဘာလ ၇ ရက်
မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၇ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

👍31❤10👏3😁2
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့ ။ 💪💪💪
မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏
သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။
မိဘပြည်သူ့များအားလုံး ကောင်းစွာ အိပ်စက်အနားယူနိုင်ပြီး အိမ်မက်လှလှ မက်ပါစေ ❤️❤️❤️
Good night ပါခင်ဗျာ။

❤50🔥2👍1👎1🥰1
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏
မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတိုနှင့်ပြည့်စုံပါစေ။
အာဏာရူး ဘေးများမှအမြန်ဆုံးကျော်လွန်လွတ်မြောက်ကြပါစေ။
မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

❤45👍3👎1🔥1🥰1
ဗန်းမော်မြို့အနီး တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်း
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့များ၏ ပြင်းထန်လှသော ရေကြောင်းကြားဖြတ်တိုက်ပွဲများ မှ လွတ်မြောက်လာသော စစ်ရေယာဉ်အချို့ ဗန်းမော်မြို့သို့ ဆိုက်ရောက်လာပြီးနောက် စင်းခန်းနှင့် ဇင်းဘုံကျေးရွာများအနီးတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာ သည်။ မြစ်ကြောင်းတစ်လျှောက်တွင် ဂျက်တိုက်လေယာဉ်များ၊ Y-12 လေယာဉ်များနှင့် ကင်းထောက်လေယာဉ်များ အသုံးပြုကာ စစ်ကောင်စီဘက်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ရေကြောင်းတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် စက်တင်ဘာ ၆ ရက်တွင် ကသာ-ဗန်းမော်လမ်းပေါ်ရှိ စင်းခန်း ဧရာဝတီမြစ်ကူးတံတား (ကားနှင့် ရထားသွား သံမဏိသံဘောင်တံတားကြီး) ကို လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့ရာ တံတားအစိတ်အပိုင်းအချို့ ပဲ့ထွက်ပျက်စီး သွားခဲ့သည်။
ဗန်းမော်မြို့ရှိ စစ်အုပ်စု ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) အပါအဝင် မြို့တွင်းနှင့် မြို့အနီးပတ်ဝန်းကျင်ရှိ စစ်တပ်တပ်ရင်းအားလုံးကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထား သည်။ ၎င်းတပ်ရင်းများသို့ ရိက္ခာနှင့် ခဲယမ်းမရောက်ရှိစေရန် တော်လှန်ရေးတပ်ဖွဲ့များက ကုန်းလမ်း၊ ရေလမ်းများကို ဖြတ်တောက်ထားဆဲ ဖြစ်သည်။
ဗန်းမော်မြို့ပေါ်တွင် စစ်အုပ်စု တပ်နှင့် KIA ပူးပေါင်းတပ်များက နေရာအလိုက်၊ အပိုင်းလိုက် ခွဲခြားထိန်းချုပ်ထား သည့် စစ်ရေးတင်းမာမှု အနေအထားရှိနေသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ကချင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ဗန်းမော်မြို့နယ်နှင့် အိမ်နီးနားချင်း မံစီမြို့နယ် တို့ကို ပစ်မှတ်ထားကာ မြို့သိမ်းစစ်ဆင်ရေးများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
စက်တင်ဘာ ၄ ရက်တွင် ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာဘက်သို့ စစ်ကောင်စီ၏ ခလရ (၅၆)၊ ခမရ (၆၀၂) နှင့် တပ်မ (၈၈) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းများက ခြေလျင်ထိုးစစ်ဆင်လာသောကြောင့် KIA ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန် ခဲ့သည်။ မြစ်ကြောင်းတိုက်ပွဲအတွင်း ရေယာဉ်များ ပျက်စီးပြီး ကုန်းပေါ်သို့ ထွက်ပြေးလွတ်မြောက်သွားသည့် မင်းအောင်လှိုင် သစ္စာခံ တပ်သားများကိုလည်း တော်လှန်ရေးတပ်များက လိုက်လံရှင်းလင်းလျက်ရှိသည်။
တရုတ် နယ်စပ် နှင့် မိုင် ၅၀ ခန့်သာ ဝေးသည့် ဗန်းမော်မြို့နယ်အတွင်း စစ်ရေးအခြေအနေ ထိုကဲ့သို့ အလွန်တင်းမာနေသည့် ကြားမှပင် မြို့ကို စွန့်ခွာတိမ်းရှောင်သွားကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့တွင်းသို့ အမြန်ဆုံးပြန်လာကြရန် စစ်အုပ်စု ဘက်က ဖိအားပေး ဆင့်ခေါ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ဗန်းမော်သည် ခရိုင်အဆင့် ရုံးစိုက်ရာမြို့ဖြစ်သဖြင့် ဌာနဆိုင်ရာယန္တရား မပျက်စီးကြောင်း တရုတ် နှင့် ၎င်းအား ထောက်ခံ နေသူ များ သိရှိ အောင် ပြသလိုသည့်အတွက် ယခုကဲ့သို့ အတင်းအကျပ် ပြန်ခေါ်နေခြင်း ဖြစ်သည်။
စစ်ရေယာဉ်အုပ်စု အကြီးအကျယ် ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ၊ ရိက္ခာများ မြစ်ထဲနစ်မြုပ်သွားခြင်း၊ စင်းခန်းတံတား ပျက်စီးသွားခြင်းတို့ကြောင့် စစ်ကောင်စီသည် ဗန်းမော်ရှိ ၎င်းတို့၏ စကခ (၂၁) နှင့် တပ်ရင်းများကို ရေရှည်ထောက်ပံ့နိုင်စွမ်း မရှိတော့ဘဲ လမ်းကြောင်း လုံးဝပြတ်တောက်သွားသည့် အခြေအနေ သို့ ရောက်ရှိသွား တော့မည် ဖြစ်သည်။
စင်းခန်းမြစ်ကူးတံတားကြီးကို ၎င်းတို့ကိုယ်တိုင် ဗုံးကြဲဖျက်ဆီးလိုက်ခြင်းသည် တော်လှန်ရေးတပ်များ မြစ်တဖက်ကမ်းသို့ အလွယ်တကူ ကူးမလာနိုင်စေရန် ကာကွယ်သည့် စစ်ရေးအရ ခုခံစစ်ဗျူဟာ ဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင်လည်း ကုန်းလမ်းပြန်ဖွင့်ရန် လမ်းစမရှိတော့သည့် သဘော ဖြစ်သည်။
ဗန်းမော်မြို့တွင်းရှိ စစ်အုပ်စု တပ်များသည် ရိက္ခာနှင့် ခဲယမ်းပြတ်လပ်မှုဒဏ်ကို မလွဲမသွေ စတင်ခံစားရတော့မည် ဖြစ်သည်။ ထို့ကြောင့် မကြာမီကာလအတွင်း အိမ်နီးနားချင်း မံစီမြို့နယ်နှင့် ဗန်းမော်မြို့ပေါ်ရှိ စစ်ကောင်စီ အခြေစိုက်စခန်းများကို တော်လှန်ရေးတပ်များက အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်မည့် ပြင်းထန်သော မြို့သိမ်းတိုက်ပွဲ အဆုံးအဖြတ် အဆင့်သို့ ကူးပြောင်းလာနိုင်ဖွယ် ရှိနေသည်ဟု ယူဆရသည်။
စစ်အုပ်စုသည် စစ်ရေး အခြေအနေ ပြန်လည် နိမ့်ပါးလာနေသည့် အတွက် စစ်အင်အားကို ဖြည့်တင်းရန် လူငယ်များကို လမ်းပေါ်တွင် ကြားဖြတ်ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းနှင့် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း များကို ၂၀၂၆ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင် အရှိန်မြှင့် လုပ်ဆောင်နေသဖြင့် လူငယ်များနှင့် မိဘပြည်သူများအကြား စိုးရိမ်ပူပန်မှုများ အလွန်မြင့်မားနေသည်ဟု သတင်းများက ဆိုသည်။
ရန်ကုန်တွင် စက်တင်ဘာလဆန်းပိုင်း ၂ ရက်တာကာလအတွင်းတင် လူငယ် ၁၃ ဦးထက်မနည်း လမ်းပေါ်တွင် အဓမ္မဖမ်းဆီး ပေါ်တာဆွဲခြင်း ခံခဲ့ရသည်။ စစ်အုပ်စု တပ်များသည် လမ်းဆုံလမ်းခွများနှင့် မှတ်တိုင်များတွင် ကင်းပုန်းဝပ်ကာ အလုပ်သွားအလုပ်ပြန် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်း ဖြစ်သည်။
ဆက်လက်ဖတ်ရှူပါရန် - ⤵️⤵️

🥰16❤7👍4👏2😁2🔥1
သထုံက အရက်ဆိုင်တွေမှာ စစ်တပ် ပေါ်တာဆွဲနေ
စက်တင်ဘာလ ၈ ရက်
မွန်ပြည်နယ် သထုံမြို့ပေါ်ရပ်ကွက်တွေရှိ အရက်ပုန်းဆိုင်တွေမှာ အာဏာသိမ်းစစ်တပ်၊ရဲနဲ့ပြည်သူ့စစ်အဖွဲ့တွေက ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ပူးပေါင်းအဖွဲ့တွေဟာ စက်တင်ဘာလဆန်းပိုင်းကစလို့ သထုံမြို့ နန်းခဲ၊ လိပ်အင်းနဲ့ အောက်ကျင်းရပ်ကွက်တို့ရှိ အရက်ပုန်းဆိုင်တွေမှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်လာပါတယ်။
စက်တင်ဘာ ၅ ရက်နေ့က အောက်ကျင်းရပ်ကွက် အောင်မြေရွေဘုံပိုင်းရှိ အရက်ဆိုင်မှာ အရက်သောက်နေသူ ၁၃ ဦး၊ အောက်ကျင်းရပ်ကွက် ရွေစာရံဘုရားအနီး အရက်ဆိုင်မှာ အရက်သောက်နေသူ ၅ ဦးကို ဖမ်းဆီးသွားတာပါ။
ဒါ့အပြင် စက်တင်ဘာ ၇ ရက်နေ့ကလည်း သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ အရက်ပုန်းဆိုင်မှာ အရက်ထိုင်သောက်နေတဲ့ အရက်သမား ၈ ဦးကို ထပ်မံဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
မြို့ခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရသူအများစုဟာ အရက်ကြောင့် ခြေတုန်လက်တုန်ဖြစ်သူတွေ၊ လေဖြတ်ထားသူတွေ၊ ကိုယ်အင်္ဂါမသန်စွမ်းတာ၊ အာရုံကြောဆွဲနေသူတွေနဲ့ ကိုယ်အင်္ဂါဖောရောင်နေသူတွေသာ ပါဝင်တယ်လို့ ဆိုပါတယ်။
အရက်သမားတွေအား ပေါ်တာဆွဲ ဖမ်းဆီးမှုဟာ လာမယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၉ သင်တန်းအတွက် မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်ရဲ့ ဖိအားပေးမှုကြောင့် ဆိုကြပါတယ်။
သထုံမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ဟာ စစ်မှုထမ်း သင်တန်းအတွက် စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးပြီးနောက် စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်တပ် လစဉ် ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၈ အထိ ဒေသတွင်းက လူငယ် ၅၈၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။
ဓာတ်ပုံ-CJ
#TLT

🤬23❤3👎2😁1