ဂျုလီ ဘစ် ရှော့ ကုလ မှာ ဘာတွေ ပြောခဲ့လဲ
*
နိုင်ငံ၏ ဒီမိုကရေစီ သင်္ကေတကြီး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ၈၁ နှစ်မြောက် မွေးနေ့ကို ဖမ်းဆီးထိန်းသိမ်းခံရလျက် ဖြတ်သန်းနေရစဉ်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဇွန်လ ၁၉ ရက်နေ့တွင် သူမအား ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် သွားရောက်ခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဂျူလီ ဘစ်ရှော့ပ် က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ ပြောကြားရာ၌ “၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံခဲ့ရသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းပြင်းထန်ထန် နှိပ်ကွပ် အပြစ် ပေး ခံနေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနဲ့ပတ်သက်လို့ နေပြည်တော် ကအာဏာပိုင်များ ထံ ကျွန်မ အထပ်ထပ်အခါခါ တင်ပြတောင်းဆိုခဲ့ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
"သူမရဲ့ အခြေအနေနဲ့ ပတ်သက်လို့ လွတ်လပ်ပြီး ခိုင်လုံတဲ့ အတည်ပြုချက်မျိုး မရရှိခဲ့တာ နှစ်နဲ့ချီနေပါပြီ။ ဒီနေ့ ကျရောက်တဲ့ သူမရဲ့ ၈၁ နှစ်မြောက် မွေးနေ့မှာ သူမကို ပြန်လွှတ်ပေးဖို့ ကျွန်မနဲ့အတူ ပူးပေါင်းတောင်းဆိုကြဖို့ အခြားသူတွေကိုလည်း တိုက်တွန်းပါတယ်” ဟု သူမက ပြောကြားခဲ့သည်။
“ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားသရွေ့ ငြိမ်းချမ်းရေးအတွက် ဘာတိုးတက်မှုမှ ရှိလာနိုင်မှာမဟုတ်ဘူး လို့ အားလုံးက ရှုမြင်ထားကြပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
မြန်မာသည် လက်ရှိတွင် ကမ္ဘာပေါ်၌ ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံးဖြစ်နေသည့် ဆဋ္ဌမမြောက် နေရာသို့ ရောက်နေသည်ဟု ဆိုသည်။ ထို့ပြင် နေရပ်စွန့်ခွာ ထွက်ပြေးရမှုနှုန်း အလွန်မြင့်မားလျက်ရှိရာ နိုင်ငံအတွင်း နေရပ်စွန့်ခွာရသူ (စစ်ဘေးရှောင်) ၃.၇ သန်းကျော် ရှိနေပြီး၊ ဒေသတွင်း (အိမ်နီးချင်း) နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသူ ၁.၆ သန်းကျော်အထိ ရှိနေသည်။
"နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိကြောင်း ခိုင်ခိုင်မာမာ ဆက်လက်ပြသသွားရမှာဖြစ်ပြီး၊ ပြည်သူတွေရဲ့ အကူအညီတောင်းခံမှုတွေအပေါ် အခြေခံပြီး လမ်းညွှန်လုပ်ဆောင်သွားရပါမယ်” ဟု ဘစ်ရှော့ပ်က ထည့်သွင်းပြောကြားခဲ့သည်။
ဤသည်ကပင် မင်းအောင်လှိုင် တို့ အဖွဲ့ ကုလ တွင် ဝင်ရောက်နေရာယူမည့် မျှော်လင့်ချက် များအား အလဲထိုးလိုက်ခြင်းပင် ဖြစ်သည်။
ဒီမိုကရေစီ အတိုက်အခံများကို ပိတ်ပင်ထားသည့် ရွေးကောက်ပွဲများအပြီးတွင် သမ္မတ ဖြစ်လာခဲ့သော စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်က ထောင်ဒဏ် အနှစ် ၃၀ ကျော် စီရင်ချက်ချခံထားရသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အား ယခုအခါ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားမည်ဖြစ်ကြောင်း ဧပြီလတွင် ကြေညာခဲ့သည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ သူမ၏ သားဖြစ်သူ ကင်မ် အဲရစ် ကလည်း မိခင်ဖြစ်သူ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြရန် မြန်မာစစ်အာဏာပိုင်များကို တောင်းဆိုထားသည်ဟု AFP သတင်းတွင် ဖေါ်ပြထားသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

👍64❤22😁3
မြန်မာစစ်တပ်၏ ရွေးကောက်ပွဲမှာ အာဏာတည်မြဲရေးအတွက်သာဖြစ်ပြီး ကြံ့ဖွတ်နှင့်စစ်တပ်ပေါင်း၍ မင်းအောင်လှိုင်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ဟု ကုလသမဂ္ဂညီလာခံတွင် အထူးကိုယ်စားလှယ်တင်ပြ
ဇွန်လ ၂၁ ရက်
မြန်မာစစ်တပ်က ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲသည် အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးရန် မဟုတ်ဘဲ စစ်တပ်အာဏာတည်မြဲရေးအတွက်သာ ဖြစ်ပြီး ကြံ့ဖွတ်နှင့်စစ်တပ်ပေါင်း၍ မင်းအောင်လှိုင်ကို ခေါင်း ဆောင်အဖြစ် ရွေးချယ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ (UN) အထူးကိုယ်စားလှယ် Julie Bishop က ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောဆိုလိုက်သည်။
ဇွန်လ ၁၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးတွင် ၎င်းက ထိုသို့ တင်ပြခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ကာလအတွင်း စစ်တပ်က ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ၎င်းတို့၏ နိုင်ငံရေးပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မျှော်လင့်ထားသည့်အတိုင်း အပြတ်အသတ်အနိုင်ရရှိခဲ့ကြောင်း၊ ယင်းနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်အတွက် ဖယ်ချန်ထားသည့် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်အမတ်နေရာများနှင့် ပေါင်းစပ်ကာ စစ်တပ်၏အာဏာကိုသာ ထပ်မံခိုင်မာအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မတ်လအတွင်း စစ်တပ် လက်အောက်ခံ လွှတ်တော်က မင်းအောင်လှိုင်ကိုု နိုင်ငံရေးခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းသည် စစ်တပ်အာဏာစုစည်းမှုကိုသာ ပြသနေပြီး အရပ်သားအစိုးရထံ ကူးပြောင်းခြင်းမဟုတ်ကြောင်း သူက ရှင်းလင်းပြောဆိုသည်။
Julie Bishop က ၎င်း၏ ရာထူးသက်တမ်းကာလ ၂ နှစ်အတွင်း ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီသို့ အစီရင်ခံစာ ၅ ကြိမ်စီ တင်ပြခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံအတွင်းသို့ ၄ ကြိမ် သွားရောက်ခဲ့ကြောင်း၊ မင်းအောင်လှိုင်နှင့် ၃ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး နောက်ဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း ရှင်းပြသည်။
ထိုသို့တွေ့ဆုံရာတွင် မင်းအောင်လှိုင်က စီးပွားရေးပြန်လည်ဦးမော့ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် "ရက် ၁၀၀ စီမံကိန်း" ဟုဆိုကာ တော်လှန်ရေးအဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်ဟု ပြောဆိုကြောင်း သိရှိရသည်။
သို့ရာတွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်က မြေပြင်တွင် စစ်ကောင်စီက စစ်ရေးအရှိန်မြှင့်တင်ကာ အရပ် သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေချိန်ဖြစ်သဖြင့် အဆိုပါဖိတ်ခေါ်မှုအပေါ် တော်လှန်ရေးအင်အားစုများဘက်က ယုံကြည်မှု လုံးဝမရှိသည်ကို မင်းအောင်လှိုင်သို့ ပြောဆိုခဲ့ကြောင်း သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း UN အထူးကိုယ်စားလှယ်အနေဖြင့် တိုင်းရင်းသားများနှင့် တော်လှန်ရေးအင်အားစုများနှင့် ဆက်တိုက်တွေ့ဆုံမှုများ ပြုလုပ်လျက်ရှိကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း ရှင်းလင်းပြောဆိုသည်။
တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်သည့် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့်လည်း ကုလသမဂ္ဂအထူးကိုယ်စား လှယ်က မကြာသေးမီက ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရှိရသည်။
မြန်မာ့အရေးအပေါ် သြဇာသက်ရောက်မှုအရှိဆုံးဖြစ်သည့် အိမ်နီးချင်းနိုင်ငံများ အပါအဝင်၊ အာဆီယံ (ASEAN) အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်များနှင့်ပါ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအောင် ကြိုးပမ်းနေသည်ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ၏ လက်ရှိမြေပြင်အခြေအနေမှာ စိုးရိမ်စရာကောင်းလောက်အောင် ဆိုးရွားနေပြီး နိုင်ငံတွင်း စစ်ဘေးဒုက္ခသည် (IDP) ၃ ဒသမ ၇ သန်းကျော်နှင့် ဒေသတွင်းနိုင်ငံများ၌ ၁ ဒသ မ၆ သန်းကျော်အထိ ရှိလာကြောင်း၊ မြန်မာ နိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးနိုင်ငံ ဖြစ်လာကြောင်း၊ ၂၀၂၅ ခုနှစ်သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာကလေးငယ်များအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။
ကုလသမဂ္ဂအနေဖြင့် မြေပြင်တွင် ကြီးမားသော စိန်ခေါ်မှုများနှင့် အခက်အခဲများရှိနေသော်လည်း မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး၊ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီများအပြင် ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းသူက ကုလသမဂ္ဂညီလာခံတွင် ထုတ်ဖော်ပြောဆိုသွားသည်။
#KTM
#HlaingInfo

👍74❤13👏4😁3🔥1🤬1
ခါမ်းပါတ်မြို့ စစ်တပ် ပြန်ရ
ဇွန်လ ၂၁ ရက်
မြန်မာ- အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ခါမ်းပါတ်မြို့အား ဇွန်လ ၁၉ ရက်တွင် စစ်တပ်ပြန်လည် သိမ်းပိုက်ခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။
ကလေး-တမူးလမ်းကြောင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် ဇွန်လ ၇ ရက်မှစ၍ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ကာ ဇွန် ၁၃ ရက်တွင် ရာဇဂြိုဟ်ရွာနှင့် ရေလှောင်တမံ၊ ဇွန် ၁၅ ရက်တွင် ရန်မျိုးအောင်ရွာ၊ ဇွန် ၁၆ ရက်တွင် စော်ဘွားရေရှင်ရွာ၊ ဇွန် ၁၇ ရက်၌ ကျွန်းတောရေရှင်ရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုထားသည်။
စစ်ကိုင်းတိုင်းရှိခါမ်းပါတ်မြို့ကို၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်က တော်လှန်ရေးတပ်များ သိမ်းပိုက်ထားခြင်းဖြစ်ကာ၂ နှစ်ကျော်အကြာတွင် စစ်တပ်ပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ခါမ်းပါတ်မြို့ကို လက်လွှတ်ခဲ့ရခြင်းကြောင့် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုမရှိတော့ဘဲ အိန္ဒိယ- မြန်မာကြား နစ်နာဆုံးရှုံးမှုများဖြစ်ရကြောင်း အာဏာသိမ်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်၏ ၅ ရက်ကြာ အိန္ဒိယခရီးစဉ်တွင်လည်း အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံချိတ်ဆက်မည့် ဗျူဟာမြောက် ကုန်သွယ်ရေးလမ်းပွင့်ရေး ကတိပြုခဲ့သလို ကလေး-တမူးလမ်းကြောင်း ဖွင့်နိုင်ရေး အမြန်ဆုံးကြိုးစားနေကြောင်း DD India သတင်းဌာနနှင့် အင်တာဗျူး၌ ထည့်သွင်း ပြောဆိုသွားသည်။
#TIR

🤬61🔥7👏3❤2😢2👍1👎1🤔1
တောင်တွင်းကြီးတွင် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွား စခတ ၇ မှ ဗိုလ်ကြီးစောသန်းထွန်းဝင်း၏ အလောင်းနှင့်စစ်သားအလောင်းများကို စစ်တပ်က ပြန်လည်ကောက်ယူပြီး သဂြိုလ်
ဇွန်လ ၂၁ ရက်
မကွေးတိုင်း၊ တောင်တွင်းကြီးတွင် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွား စခတ ၇ မှ ဗိုလ် ကြီးစောသန်းထွန်းဝင်း၏ အလောင်းနှင့်စစ်သားအလောင်းများကို စစ်တပ်က ပြန်လည်ကောက်ယူပြီး သဂြိုလ်လိုက်ကြောင်း သေဆုံးသူစစ်သားများ၏ မိသားစုဝင်များထံမှ သိရှိရသည်။
ဇွန်လ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာဘက်မှ ထွက်ခွာလာသော ကား ၁ စီးတွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး စောသန်းထွန်းဝင်း အပါအဝင် စစ်သား ၄ ဦး စီးနင်းလိုက်ပါလာကြောင်း ကြိုတင်သတင်းရရှိခဲ့သောကြောင့် ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ ကိုးပင်-ဆတ်သွား လမ်းပိုင်းတစ်နေရာ၌ တော်လှန်ရေး ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် သေဆုံးခဲ့သော ဗိုလ်ကြီး စောသန်းထွန်းဝင်းမှာ မကွေးတိုင်း၊ တောင်တွင်းကြီး အခြေစိုက် အမှတ် ၇ စစ်အခြေခံလေ့ကျင့်ရေးတပ်-စခတ ၇ မှဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၅၃ နှစ်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
"တောင်တွင်းကြီး စစ်အခြေခံ လေ့ကျင့်ရေးတပ်တွေက ရှေ့တန်းထွက်ရတာနည်းပါတယ်။ အခုကတော့ လူကြီး လမ်းကြောင်းနဲ့ တပ်ကိစ္စအတွက် လုံခြုံရေး သွားရင်း တိုက်ခိုက်ခံရပြီး သေဆုံးတာ" ဟု ယင်းအခြေအနေကို သိရှိထားသော တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းမှ ဗိုလ်ကြီးစောသန်းထွန်းဝင်း အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးသည် ထိခိုက် ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ၎င်းတို့ စီးနင်းလာသော ကားကို တော်လှန်ရေးတပ်က မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။
ယင်းသို့ မီးရှို့ရှင်းနေစဉ်အတွင်း အောင်လံ (ကိုးပင်) ဘက်မှ မောင်းနှင်လာသော ကား ၁ စီးကို တော်လှန်ရေးတပ်က ထပ်မံ စစ်ဆေးရန် တားဆီးစဉ် နောက်ဆုတ်ထွက်ပြေးပြီး စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုကားသည် မကွေးတိုင်း ဝန်ကြီးချုပ်လမ်းကြောင်းကို ကြိုရန်ထွက်လာသော အောင်လံမြို့နယ်မှူး၏ ကားဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကားပေါ်လိုက်ပါလာသော ဗိုလ်အဆင့် ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို တိုက်ခိုက်မှု အတွင်း စစ်တပ်ဘက်မှ MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ G-3 သေနတ် ၁ လက် ကျည်ဘောက် ၁ ခု၊ MA-5 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည်တချို့နှင့် စာရွက်စာတမ်းတချို့အား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ ၁၇ လက်အောက်ခံ ရိုးမဖိုက်တာစစ်ကြောင်း နှင့် အတူ မကွေးမြို့နယ် ပကဖ၊ သရက်ခရိုင် အမှတ် (၅) တပ်ရင်း၊ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေး _တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

👏60❤9😁6👍3
ပင်လောင်း၊ တောင်စလုံးကျေးရွာမှ စစ်ရှောင်ပြည်သူ ပစ္စည်းများ PNO သယ်သွား
ဇွန်လ ၂၁ ရက်
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ PNO တပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များအတွင်း ကျန်ရစ်ခဲ့သည့် ပစ္စည်းများကို ကားများဖြင့် သယ်ယူသွားနေကြောင်း ဒေသခံများက ယမန်နေ့တွင် ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ နေအိမ်များအတွင်းရှိ ဗီဒိုများ၊ ဘုရားစင်နှင့် ဘုရားရုပ်တုများ၊ သေတ္တာများ၊ စင်များ၊ ထိုင်ခုံများ၊ အိုးခွက်ပန်းကန်များ အပါအဝင် အိမ်သုံးပစ္စည်း အများအပြားကို ကားများဖြင့် တင်ဆောင်သယ်ယူသွားပြီး၊ အချို့ပစ္စည်းများကို ဈေးပေါပေါဖြင့် ပြန်လည်ရောင်းချနေကြောင်းလည်း ဆိုသည်။
"စစ်ဘေးရှောင်ပြည်သူတွေ ချန်ထားခဲ့တဲ့ ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ရမှာကို ခိုးယူပြီး ရောင်းစားနေတာ တော်တော်အောက်တန်းကျတယ်။ ဝဋ်လည်မှာလည်း မကြောက်ကြဘူး။ အခု တောင်စလုံးရွာမှာလည်း PNO တပ်သားတွေ တပ်စွဲထားတုန်းပဲ" ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းဌာနသို့ ပြောသည်။
ထို့ပြင် PNA ပြည်သူ့စစ်များက သယ်ယူလာသည့် ပစ္စည်းများကို ပင်လောင်းမြို့ ကန်သာဦးရပ်ကွက်ရှိ မအေးခိုင်၏ ပစ္စည်းအဟောင်းဆိုင်သို့ ပို့ဆောင်ကာ လက်ခံရောင်းချပေးနေကြောင်း ဒေသခံများက ပြောဆိုသည်။
"မအေးခိုင်က ပင်လောင်းရဲကို လစဉ်ကြေး သိန်းဆယ်ချီပေးပြီး အဲဒီလိုပစ္စည်းတွေကို လက်ခံဝယ်ရောင်းပေးနေတာ။ ပြီးတော့ သူက နေဝင်းထွန်းလက်အောက် တပ်ရင်း (၇) က တပ်သားတွေနဲ့လည်း ရင်းနှီးတယ်။ သူတို့ပေါင်းပြီး ချမ်းသာကုန်ကြပြီ။ နေဝင်းထွန်းတပ်သားတွေဆို ရှေ့တန်းတစ်ခါသွားရင် ပိုက်ဆံသိန်းရာချီနဲ့ ပြန်လာတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် မအေးခိုင်တို့ မိသားစုသည် ယခင်က ပစ္စည်းအဟောင်းများ ကောက်ယူရောင်းချသူများ ဖြစ်ခဲ့ပြီး၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နှင့် PNA ပြည်သူ့စစ်များနှင့် ဆက်စပ်လုပ်ကိုင်ရာမှ စီးပွားရေး တိုးတက်လာခဲ့ကြောင်း၊ လက်ရှိတွင် ကန်သာဦးရပ်ကွက်၌ အိမ်နှင့် ဂိုထောင်အကြီးများ ဆောက်လုပ်နိုင်ခဲ့သည့်အပြင် ပင်လောင်းမြို့ ရင်းမှီးလေးကျင့်ရေးတပ်တွင် စစ်ကောင်စီတပ်အတွက် ဂုဏ်ထူးဆောင်အလှူရှင်တစ်ဦးအဖြစ်လည်း ရပ်တည်နေကြောင်း ကန်သာဦးရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
#MKN

🤬60❤4👍1👏1😁1😢1
အမေရိကန်နိုင်ငံ၊ နယူးယောက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပ
ဇွန်လ ၂၁ ရက်
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် လူထုခေါင်းဆောင်၊ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့ပွဲ အခမ်း အနား ကျင်းပခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအ မတ် ကြီး ဦးကျော်မိုးထွန်းအပါအဝင် အမေရိကန်နိုင်ငံရောက်မြန်မာအများ အပြား တက် ရောက်ခဲ့ကြောင်း သိရသည်။
Photo – Kyaw Soe Latt

❤55🥰6👍4🔥1
တောင်ကြီးမြို့တွင် စက်သုံးဆီဆိုင်များအနီးနှင့် ပြည်ထောင်စုလမ်းမကြီးတို့တွင် မိုင်းပေါက်ကွဲမှုများ တစ်ပြိုင်နက်တည်း ဖြစ်ပွားပြီး အဆောက်အအုံတချို့ပျက်စီး
ဇွန်လ ၂၁ ရက်
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့၊ တောင်လေးလုံးကျေးရွာရှိ စက်သုံးဆီဆိုင် ၂ ဆိုင်အနီးနှင့် တောင်လေးလုံး-ဟဲဟိုးကြား ပြည်ထောင်စုလမ်းမကြီးပေါ် အပါအဝင် နေရာ ၃ ခုတွင် ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ ညပိုင်း မိုင်းပေါက်ကွဲမှုများ တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့ကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။
ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန် တောင်လေးလုံးကျေးရွာရှိ DANKO စက်သုံးဆီဆိုင်၊ LUCKY GREEN LAND စက်သုံးဆီဆိုင်နှင့် တောင်လေးလုံး-ဟဲဟိုးမြို့ကြား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် ၉၆/၉၇ ကြားတို့၌ အသံမိုင်း ၃ လုံး ပြိုင်တူနီးပါး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
မိုင်းပေါက်ကွဲမှုကြောင့် DANKO စက်သုံးဆီဆိုင်၏ မြောက်ဘက် အုတ်တံတိုင်းနှင့် ပေ ၃၀ ခန့်အကွာ၊ ရထားလမ်းဘေးတွင် ပေါက်ကွဲခဲ့ပြီး ဆီဆိုင်အဆောက်အအုံ၏ မျက်နှာကျက်၊ တံခါးများနှင့် မှန်များ ပျက်စီးသွားကြောင်း၊ LUCKY GREEN LAND စက်သုံးဆီဆိုင်၏ အနောက်မြောက်ထောင့် အုတ်တံတိုင်းအောက်ခြေတွင် ပေါက်ကွဲခဲ့သဖြင့် ၁၀ ပေခန့်ရှိ အုတ်တံတိုင်းတစ်ခန်း ပြိုကျပျက်စီးခဲ့ကာ အမျိုးသမီးအိမ်သာ မျက်နှာကျက်လည်း ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တောင်လေးလုံးနှင့် ဟဲဟိုးကြား ၄ လမ်းသွား လမ်းမကြီး၏ ရေထွက်မြောင်းပြွန်အတွင်းမှ မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ယာဉ်လမ်းကြောတစ်ဖက် ပျက်စီးသွားခဲ့ကြောင်း၊ အဆိုပါ နေရာ ၃ ခု မိုင်းခွဲခံရမှုကြောင့် လူတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
"ညသန်းခေါင်ယံအချိန် ပေါက်ကွဲသံ အသံကျယ်ကြီး ၃ ချက်ကြားရတယ်။ ကားဘီးပေါက်တာလိုလို ငလျင်လိုလိုနဲ့ နောက်မှ မိုင်းပေါက်တာမှန်းသိတာ။ စစ်ကားတွေနဲ့ ရဲကားတွေ အများကြီး သွားကြတယ်" ဟု တောင်ကြီးမြို့မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်နေရာများသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ တပ်နယ်မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ရွှေညောင်မြို့နယ်မြေခံရဲစခန်းနှင့် ဟဲဟိုးမြို့နယ်မြေခံရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- တောင်ကြီးမြို့လယ်ခေါင်၏ ညပိုင်းအခြေအနေ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

👍39❤5🔥5👏2😱2😁1😢1
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရန်ပုံငွေ စျေးရောင်းပွဲ လန်ဒန်တွင်ကျင်းပ
ဇွန်လ ၂၁ ရက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရန်ပုံငွေ စျေးရောင်းပွဲကို ဇွန်လ ၂၀ ရက်နေ့တွင် ယူကေနိုင်ငံ လန်ဒန်မြို့၌ ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ ဒုတိယဝန်ကြီး ဦးလဖိုင် မော်ထွန်းအောင်၊ ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကို၊ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနှင့် ယူကေအစိုးရ ဝန်ကြီးဟောင်း Mr. Paul Scully တို့ တက်ရောက်ခဲ့ကြပြီး ယူကေရောက် တော်လှန်ရေးမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံစကားပြော ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာစေရန် ဆုတောင်း စကားများ ပြောကြားခဲ့ကြသလို၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရမှုမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအင်အားစုများအနေဖြင့် ဆက်လက်ပူးပေါင်းဆောင် ရွက်သွားရမည့် ကိစ္စရပ်များကို လည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

❤66🥰6👍3🔥1😁1
ပခုက္ကူ အခြေစိုက် ခလရ ၂၃၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦး COBRA ONE တပ်ဖွဲ့ထံသို့ အလင်းဝင်
ဇွန်လ ၂၁ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ပေါ်ဦးသည် လက်နက်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ရောက်လာကြောင်း COBRA ONE Pakokku တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇွန်လ ၁၈ ရက်နေ့ စစ်မှုထမ်းတပ်သားသစ် ပေါ်ဦးသည် COBRA ONE တပ်ဖွဲ့ထံသို့ ဖုန်းဖြင့် ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ အလင်းဝင်လာသူ စစ်မှုထမ်းတပ်သား ပေါ်ဦးသည် စစ်မှုထမ်းအပတ်စဉ် ၂၃ (ရကသ-၂) ရဲမွန်သင်တန်းဆင်းတစ်ဦးဖြစ်ပြီး၊ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ရဲမွန်စစ်မှုထမ်းသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်ခဲ့ရသူ ဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသူ တပ်သားသစ်သည် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့တွင် နေထိုင်သူဖြစ်ပြီး၊ အလုပ်မှအပြန်တွင် စစ်ကောင်စီတပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
စစ်မှုထမ်တပ်သား ပေါ်ဦးသည် ရဲမွန်သင်တန်းကျောင်းမှတစ်ဆင့် ပခုက္ကူမြို့သို့ ပို့ဆောင်ခဲ့ပြီး၊ ထိုမှတစ်ဆင့် ရခိုင်စစ်မြေပြင်သို့ ထပ်မံစေလွှတ်ရန် စီစဉ်နေစဉ်အတွင်း ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
"အလင်းဝင်ရောက်လာတဲ့သူက သေနတ်တော့ ပါမလာဘူး။ လက်နက်ယူဆောင်လာရင်တော့ ဆုကြေးငွေ ချီးမြှင့်မှာပါ။ အခုတော့ လမ်းစရိတ်တွေပဲ ကူညီပေးထားပါတယ်။ ကျွန်တော်တို့ ချစ်ရပါသော ပြည်သူများ အသွားအလာ ဂရုစိုက်ကြပါ။ အခုဆို လူငယ်တွေတင်မကတော့ဘူး၊ အသက်ကြီးတဲ့သူတွေနဲ့ မိန်းကလေးတွေကိုပါ ဆွဲနေပါပြီ။ အထူးဂရုစိုက်ကြဖို့ ပြည်သူများကို ပြောချင်ပါတယ်" ဟု COBRA ONE တပ်ဖွဲ့မှ ဗိုလ်မြွေ ဟောက်က ပြောဆိုသည်။
စစ်တပ်က လူငယ်များကို အတင်းအကျပ် ပေါ်တာဆွဲဖမ်းဆီးကာ စစ်သင်တန်းများပေးပြီးနောက် အာရက္ခတပ်တော် (AA) ရှိရာ ရခိုင်စစ်မြေပြင်သို့ စေလွှတ်လျက်ရှိကြောင်း သိရသည်။
အမှန်တကယ် လွတ်မြောက်လိုသော စစ်မှုထမ်း တပ်သားသစ်များအနေဖြင့် လက်နက်နှင့်တကွ ယူဆောင်လာနိုင်ပါက ဆုငွေများ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း COBRA ONE အဖွဲ့က အသိပေး နှိုးဆော်ထားသည်။
‘ပြည်သူ့ပန်းတိုင်’ အဖွဲ့၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇွန်လ ဒုတိယပတ်အထိ စစ်ကောင်စီတပ်ဘက်မှ အလင်းဝင်ပူးပေါင်းသူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်း စုစုပေါင်း ၃,၄၅၆ ဦးအထိ ရှိခဲ့ကြောင်း သိရှိရသည်။

👍53❤12👏8🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
'နိုင်ငံရေးဟာ အရေးမကြီးဘူး၊ စားဝတ်နေရေးဟာ အရေးကြီးတယ်' လို့ ပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားကို လုံးဝ နားမယောင်ပါနဲ့
"ကျွန်မတို့နိုင်ငံဟာ ကျွန်မတို့ရဲ့ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံဖြစ်တယ်။ အားလုံးကလည်း တစ်ချိန်တစ်ခါမှာ ကမ္ဘာ့အလယ်မှာ ရှမ်းရှမ်းတောက် ဖြစ်လာမယ့်နိုင်ငံလို့ တွက်ဆထားတာ။ ဒါပေမယ့် ဒီလိုမဖြစ်ခဲ့ဘူး။
အဲတော့ ဘာဖြစ်လို့ ဒီလိုမဖြစ်ခဲ့သလဲဆိုတော့ တကယ်တော့ နိုင်ငံရေးအကြောင်းတွေကြောင့် မဖြစ်ခဲ့တာပါ။ ကျွန်မတို့နိုင်ငံဟာ နိုင်ငံရေး လမ်းမှားသွားတာနဲ့ စီးပွားရေးပါ ချွတ်ခြုံကျသွားတယ်။ စီးပွားရေးရော၊ လူမှုရေးရော အားလုံး ချွတ်ခြုံကျသွားတယ်။
ဒါကြောင့်မို့လို့ 'နိုင်ငံရေးဟာ အရေးမကြီးဘူး၊ စားဝတ်နေရေးဟာ အရေးကြီးတယ်' လို့ ပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားကို လုံးဝ နားမယောင်ပါနဲ့လို့ ကျွန်မ ပြောချင်ပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်
နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများ
https://t.me/infohlaing အဖွဲသားများမှ တင်ပေးနေပါသည်။

❤97👍2🔥1😁1
ကြို့ပင်ကောက်တွင် ရွှေဆိုင်ပိုင်ရှင်တဦး ပစ်သတ်ခံရ
ဇွန်လ ၂၀ ရက်
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့မှာ ဇွန် ၂၀ ရက် မနက်ပိုင်းက ရွှေဆိုင်ပိုင်ရှင်တယောက် သူ့ရဲ့ဆိုင်ထဲမှာပဲ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “မြို့မစျေးထဲမှာရှိတဲ့ မြမြင့်မိုရ်ရွှေဆိုင်ပိုင်ရှင် အပစ်ခံရတာ။ ဆိုင်မှာ သူတယောက်တည်းရှိနေတဲ့ မနက် ၉ နာရီဝန်းကျင်လောက်မှာ လူ ၄၊ ၅ ယောက်လောက် လာပစ်သွားပြီး ရွှေထည်ပစ္စည်းတွေလည်း ယူသွားကြတယ်” လို့ ပြောပါတယ်။
ရွှေဆိုင်ပိုင်ရှင်ဟာ အသက် ၅၇ အရွယ် ဦးဝင်းလွင် ဟာ ရင်ဘတ်ကို သေနတ်ကျည်ဆန် တချက်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
သေဆုံးသူ ဦးဝင်းလွင်ရဲ့ ရုပ်အလောင်းကို စစ်အာဏာရှင်ဘက်က လာရောက် သယ်ဆောင်သွားကြပြီး ကြို့ပင်ကောက်ဆေးရုံကို ပို့ဆောင်လိုက်ကြတယ်လို့လည်း ဆိုပါတယ်။
ကြို့ပင်ကောက် ၃၈၀၁ တပ်ခွဲ ၁ တပ်ခွဲမှူး ကိုကရင်လေး က “သေဆုံးသွားတဲ့ ရွှေဆိုင်ပိုင်ရှင် ဦးဝင်းလွင် က အခုလိုအပစ်မခံရခင် ၂ ရက်လောက်မှာ ကြို့ပင်ကောက်ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ဘောလုံးပွဲကိစ္စနဲ့ စကားများပြီး ပြဿနာဖြစ်ခဲ့သေးတယ်။ အဲဒီလို ပြဿနာဖြစ်ပြီး အပစ်ခံရတာဆိုတော့ အဲဒီပျူတွေ ပစ်တယ်ဆိုတာ သေချာနေတယ်။ အခုနှစ်ထဲမှာတင် ကြို့ပင်ကောက်မြို့ပေါ်မှာ ဒီလို ရွှေဆိုင်ပိုင်ရှင်တွေ အပစ်ခံရပြီး ရွှေထည်တွေ လုယူခံရတာ ၃ ကြိမ် ထက်မနည်းတော့ဘူး။ ကြို့ပင်ကောက်မြို့ပေါ်မှာ အေးမင်းဦး နဲ့ ကျော်သက် ဆိုပြီး ပျူခေါင်းဆောင် ၂ ယောက်က အဖွဲ့ ၂ ဖွဲ့ခွဲပြီး ဓားပြတိုက်၊ လူသတ်တာတွေကို တလှည့်စီ လုပ်နေကြတာလို့ စုံစမ်းသိရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့လပိုင်းမှာ ကြို့ပင်ကောက်မြို့ပေါ်က ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရပြီးတဲ့နောက်မှာလည်း အဲဒီဓားပြတိုက်တဲ့အဖွဲ့ထဲမှာပါတဲ့ ပျူတွေ သောက်စားပြီး ရွှေဆိုင်တွေ ဓားပြတိုက်တာကို သူတို့တွေ လုပ်ခဲ့ကြတယ်ဆိုတာ သူတို့ပျူအချင်းချင်း မူးပြီး ပြန်ဖော်ကြလို့ ပြဿနာတွေ တက်ခဲ့ကြသေးတာ။ အဲဒီလို လူသတ်၊ ဓားပြတိုက်တာတွေကို ဘယ်လောက်ပဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကို ထိုးချပါစေ၊ သူတို့အချင်းချင်း ပြန်ဖော်လို့ အဖြစ်မှန်က မကြာခင်ပေါ်လာမှာပါ” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်း အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး တိမ်းရှောင်နေရတဲ့ ကြို့ပင်ကောက်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ထွဋ် ရဲ့ ဇနီးဖြစ်သူ ကြို့ပင်ကောက်မြို့နယ် NLD အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါ်တင်တင်နု ဟာလည်း မတ် ၂၂ ရက်က ပျူစောထီးအဖွဲ့ဝင်တွေရဲ့ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြစ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့အတွက် ဆောင်ရွက်နေကြတယ်လို့လည်း ကြို့ပင်ကောက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
#DVB

🤬60🔥5❤4😢1
မုံရွာတွင် ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းပန်ခဲ့သည့် အမျိုးသမီး ၁၅ ဦးနှင့် မွေးနေ့ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော လူငယ် ၂၅ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့
ဇွန်လ ၂၁ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွများတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းပန်ခဲ့သည့် အမျိုးသမီး ၁၅ ဦးနှင့် မွေးနေ့ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော အမျိုးသား လူငယ် ၂၅ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံလူငယ်များနှင့်အမျိုးသမီးများ၏ မိသားစုများထံမှ သိရှိရသည်။
ဇွန်လ ၁၉ ရက်နေ့ အကြမ်းဖက်စစ်တပ်က မုံရွာမြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွများနှင့် မြို့တွင်းကားဂိတ်များတွင် စစ်တပ်က လုံခြုံရေးတင်းကျပ်ကာ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း ၊ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် နှင်းဆီပန်းပန်ထားသည့် အမျိုးသမီး ၁၅ ဦးကို ဖမ်းဆီးခဲ့ပြီး အမျိုးသမီးများမှာ အသက်အရွယ်မှာ ၂၅ နှစ်မှ ၄၀ နှစ်အတွင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ဖမ်းဆီးထားသော အမျိုးသမီး ၁၅ ဦးလုံးကို မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ဖမ်းဆီးခံအမျိုးသမီးတစ်ဦး၏ မိဘဆွေမျိုးတစ်ဦးက ရှင်းပြသည်။
ထို့အပြင် ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်း စစ်တပ်က မုံရွာမြို့အတွင်း လမ်းဆုံ၊ လမ်းခွနှင့် မြို့တွင်းကားဂိတ်များတွင် အိမ်စီးကားများ အသုံးပြု၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရာတွင်လည်း မွေးနေ့ လှုပ်ရှားမှုတွင် ပါဝင်သည်ဆိုသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများသည် အသက် ၂၅ နှစ်မှ ၃၀ နှစ်အရွယ် လူငယ်များဖြစ်ပြီး စုစုပေါင်း ၂၅ ဦးခန့်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် လူငယ်များကို မိသားစုများနှင့် တွေ့ဆုံခွင့်မပေးဘဲ မုံရွာမြို့ပေါ်ရှိ တိုင်းရုံးတစ်ခုတွင် ထိန်းသိမ်းထားကြောင်း ဒေသပြည်သူများက ဆိုသည်။
“နံနက်ပိုင်းမှာ နှင်းဆီပန်းပန်ထားတဲ့ အမျိုးသမီးတွေကို ဖမ်းတယ်။ အဲဒီနေ့တစ်နေ့လုံး လမ်းဆုံတွေမှာ စောင့်ပြီး ဖမ်းဆီးတာပါ။ ညနေပိုင်းကျတော့ ကားဂိတ်တွေမှာ လူငယ်တွေကို အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲ ဖမ်းသွားတာပါ။ မိသားစုတွေနဲ့လည်း တွေ့ခွင့်မပေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်က ဇွန်လ ၁၉ ရက်နေ့ ကျရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွင်ပါဝင်ခဲ့သော ပြည်သူများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

🤬75❤11👏2😢1
ဂန့်ဂေါ ပကဖက ကျဆုံး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို တွေ့ဆုံ အားပေး
ဇွန်လ ၂၁ ရက်
မကွေးဒေသ၊ ဂန့်ဂေါမြို့နယ်၊ တောင်ပိုင်း တိုက်နယ်အတွင်းရှိ တပ်ရင်း ၊ တပ်ဖွဲ့တွေက ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို တွေ့ဆုံအားပေးခြင်း အခမ်းအနားကို ဇွန် ၁၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ဂန့်ဂေါတောင်ပိုင်း တိုက်နယ် ပကဖမှ မနေ့က ထုတ်ပြန်ပါတယ်။
အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားမှာ ကျဆုံး ရဲဘော် ၉၅ ဦး နဲ့ ကိုယ်အင်္ဂါစွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် နေရာအသီးသီးမှာ တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ တောင်ပိုင်းတိုက်နယ်အတွင်းရှိ ရဲဘော်များကို ဂန့်ဂေါ တောင်ပိုင်း တိုက်နယ် ပကဖမှ ဂုဏ်ပြုပွဲ စီစဥ် ကျင်းပပေးခဲ့တာပါ။
ဂန့်ဂေါတောင်ပိုင်းတိုက်နယ်အတွင်းမှာရှိတဲ့ KKG တပ်ရင်မှ ရဲဘော်များ၊ CDF တပ်ရင်းမှ ရဲဘော်များ၊ Ya – YDF တပ်ရင်းမှ ရဲဘော်များ ၊ ပကဖရဲဘော်များ၊ ထောင်တွင်းအသတ်ခံခဲ့ရတဲ့ ရဲဘော်များ ၊ တပ်ရင်း တပ်ဖွဲမဖွဲ့စည်းမှီကျဆုံးရဲဘော်များ စုစုပေါင်း ၉၅ ဦးရှိခဲ့တယ်လို့ သိရှိရပါတယ်။
#PVTV

❤57👍8😢2🔥1🥰1😁1
ပြည်သူများကို သတ်ဖြတ်နေသော စစ်တပ်၏ ဗုံးများကို စကားလုံးများဖြင့် မရပ်တန့်နိုင်ဘဲ ကုလ သမဂ္ဂလုံခြုံ ရေးကောင်စီ၊ အထွေထွေညီလာခံနှင့် နိုင်ငံတကာက မြန်မာစစ်တပ်ကို အရေးယူဆောင်ရွက်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း
ဇွန်လ ၂၁ ရက်
မြန်မာပြည်သူများကို သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို စကား လုံးများဖြင့် ရပ်တန့်နိုင်မည်မဟုတ်ဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနှင့် အာဆီယံအပါ အဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာစစ်တပ်အပေါ် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ချက်ချင်းလုပ်ဆောင်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုသည်။
ဇွန်လ ၁၉ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် “မြန်မာနိုင်ငံအခြေအနေ” ဆိုင်ရာ အလွတ်သဘောအစည်းအဝေး (Informal Meeting of the General Assembly) တွင် ၎င်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ (Julie Bishop) က မြန်မာနိုင်ငံအခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း တင်ပြခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများကလည်း ဆွေးနွေးခဲ့ကြသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက် ထားမှုအခြေအနေများသည် အဘက်ဘက်မှ ဆုတ်ယုတ်လာပြီး စစ်အုပ်စု၏ လုပ်ရပ်များကြောင့် ပြည်သူလူထုမှာ နေ့စဉ် အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားသည်။
လက်ရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ ၃ ဒသမ ၇ သန်းကျော်ရှိနေပြီး လူသားချင်းစာနာအကူအညီလိုအပ်သူ ၂၂ သန်းခန့်အထိ ရှိလာကြောင်း ထောက်ပြခဲ့သည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်သွားသော်လည်း အဆက်အသွယ်ဖြတ်တောက်ထားခြင်း၊ ကျန်းမာရေးအခြေအနေကို လွတ်လပ်စွာ အတည်ပြုခွင့်မရှိခြင်းတို့အပေါ် စိုးရိမ်ကြောင်း ပြောကြားသည်။
ထို့အပြင် သူမအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် “၈၁ အတွက် ၈၁” အပါ အဝင် ကမ္ဘာတစ်ဝှမ်း လှုပ်ရှားမှုများကို ထောက်ခံကြောင်းလည်း ထည့်သွင်းပြောကြားသည်။
စစ်အုပ်စုက ၂၀၂၆ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို တိုးချဲ့လုပ်ဆောင်နေပြီး ပါရာမော်တာ၊ ဒရုန်းနှင့် ဂျိုင်ရိုကော်ပတာများကို အသုံးပြု၍ အရပ်သားများအပေါ် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ထို့ပြင် စစ်အုပ်စုက ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် လုပ်ကြံဖန်တီးထားသည့် ရလဒ်များကို ပြင်း ထန်စွာ ကန့်ကွက်ရမည်ဖြစ်ကြောင်း၊ စစ်ဝတ်စုံမှ အရပ်ဝတ်သို့ ပြောင်းလဲရုံသာဖြစ်ပြီး အခြေခံအာဏာ ပုံစံမှာ မပြောင်းလဲကြောင်း သူက ထောက်ပြပြောဆိုသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လက်နက်နှင့် လေယာဉ်ဆီ တင်ပို့မှု ပိတ်ဆို့ရန်၊ စစ်အုပ်စုအပေါ် ထိရောက်သော ဖိအားများ ချမှတ်ရန်၊ လူသားချင်းစာနာအကူ အညီပေးရေး ယန္တရားများ တိုးချဲ့ရန်၊ ကုလသမဂ္ဂနှင့် အာဆီယံဆုံးဖြတ်ချက်များကို အကောင် အထည် ဖော်ရန် တို့ကို ချက်ချင်းလုပ်ဆောင်ရန် တိုက်တွန်းည်။
“စကားလုံးများဖြင့် ဗုံးများကို မရပ်တန့်နိုင်ပါ” ဟု ၎င်းက အလေးထားပြောကြားကာ စစ်အာဏာရှင်စနစ်အဆုံး သတ်ရေးနှင့် တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ဆောက်ရေးသာ ရေရှည်တည်တံ့သော ဖြေရှင်းနည်းဖြစ် ကြောင်း သူက သတိပေးပြောဆိုသည်။

❤67👍10🔥2😁2🥰1😢1
ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသူ ၊ အကျဉ်းသား ( ၃၉) ဦး တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေး
ဇွန်လ ၂၁ ရက်
ဒီနေ့မှာ ကျရောက်တဲ့ (၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ ပြစ်မှုကျူးလွန်ကာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဥ်းထောင်၊အကျဥ်းစခန်းအသီးသီးမှာ အကျဥ်းကျနေတဲ့ အကျဥ်းသူ၊ အကျဥ်းသား ၃၉ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်း သာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေးကောင်စီမှ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဆိုပါ ထုတ်ပြန်စာမှာ (၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်ဖြစ်သော်လည်းကောင်း ၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့ အနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ ဖော်ပြထားပါတယ်။
ယခု ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်မှာ ကရင်နီပြည် ကြားကာလအစီအမံ အပိုဒ် ( ၇၅ ) ၊ အပိုဒ်ခွဲ (ခ) အရ ၂၀၂၆ ခုနှစ် ၊ ဇွန်လ ၂၁ ရက် မတိုင်မီ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဥ်းသား၊ အကျဥ်းသူ ၃၉ ဦးတို့ကို ပါဝင်ခဲ့ပါတယ်။

❤34👍20🔥4👎1🥰1😁1
ကြို့ပင်ကောက်တွင် မြမြင့်မိုရ်ရွှေဆိုင်ပိုင်ရှင် ဦးဝင်းလွင် ပျူစောထီးများနှင့်ရန်ဖြစ်ပြီးနောက် ၂ ရက်အကြာတွင် ပစ်ခတ်သတ်ဖြတ်ခံရကာ ရွှေများပါ လုယက်ခံရ
ဇွန်လ ၂၁ ရက်
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ပေါ်၊ မြို့မစျေးတွင် ဖွင့်လှစ်ထားသော မြမြင့်မိုရ်ရွှေဆိုင်၏ ပိုင်ရှင် ဦးဝင်းလွင်ကို လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းများ လုယူသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကြို့ပင်ကောက်မြို့၊ စျေးချိုမြောက်ရပ်ကွက်၊ မြို့မစျေးအနီးရှိ မြမြင့်မိုရ်ရွှေဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင်အဖွဲ့ဝင်များ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦးဝင်းလွင်သည် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ပစ်ခတ်မှုမဖြစ်ပွားမီ ရက်ပိုင်းအလိုက မြို့ပေါ်တွင် ကျင်းပပြုလုပ်နေသည့် ဘောလုံးပွဲအတွက် ရန်ပုံငွေကောက်ခံမှုနှင့်ပတ်သက်၍ ဦးဝင်းလွင်နှင့် ပျူစောထီးအဖွဲ့ဝင်များအကြား စကားများ ခိုက်ရန်ဖြစ်ပွားထားကြောင်းသိရသည်။
ထိုဖြစ်စဉ်အပြီး ၂ ရက်အကြာတွင် ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဘောလုံးပွဲရန်ပုံငွေကိစ္စနဲ့ ပျူစောထီးတွေက ဆိုင်ပိုင်ရှင်နဲ့ ရန်ဖြစ်ကြတာ။ အဲဒီနောက် ၂ ရက်အကြာမှာ အခုလို ဝင်ပစ်ပြီး သတ်သွားတာပါ။ ရွှေတွေပါ ယူသွားတယ်” ဟု ပြောသည်။
အလားတူ ပြီးခဲ့သည့် မတ်လပိုင်းကလည်း ကြို့ပင်ကောက်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းကော်မတီ မြို့နယ်ဥက္ကဋ္ဌ ဒေါ်တင်တင်နု (အသက် ၅၄ နှစ်) ကိုလည်း ၎င်း၏နေအိမ်တွင် လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီးအဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ထပ်မံပြောဆိုသည်။
ဓာတ်ပုံ- ကြို့ပင်ကောက်မြို့၊ မြို့မစျေး အဝင်အ၀တွင် ဖွင့်လှစ်ထားသော မြမြင့်မိုရ်ရွှေဆိုင်၏ ဆိုင်းဘုတ်ကို မြင်တွေ့ရစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

🤬67❤4🔥2😁1😢1
တောင်ကြီးမြို့အဝင်မှာပေါက်ကွဲမှုဖြစ်ပြီးနောက်စစ်ဆေးမှုတင်းကျပ်နေ
ဇွန်လ ၂၁ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။
မနေ့ညနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာတောင်ကြီးမြို့အဝင်မှာရှိတဲ့ တောင်လေးလုံးရွာဘက်မှာပေါက်ကွဲမှုဖြစ်တာပါ။
အဲဒီရွာနားကစက်သုံးဆီဆိုင်နှစ်ဆိုင်နဲ့ ပြည်ထောင်စုကားလမ်းတစ်နေရာမှာပေါက်ကွဲမှုဖြစ်တာလို့သိရပါတယ်။
"အသံကအတော်ကျယ်တယ်၊ငါးမိနစ်ခြားတစ်ခါဆိုသလ်ိုသုံးကြိမ်အသံ ကျယ်ကြီးတွေကြားလိုက်ရတယ်"လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
တောင်လေးလုံးရွာရှိ Denko နဲ့ Lucky Green Land စက်သုံးဆီဆိုင်တို့ရဲ့ အုတ်တံတိုင်းအနီးနှစ်နေရာနဲ့ ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်း တောင်လေးလုံးနဲ့ ဟဲဟိုးမြို့အကြား၊ မိုင်တိုင် ၉၆/၉၇ ရှိ ရေထွက်မြောင်းပြွန်အတွင်းပေါက်ကွဲမှုဖြစ်တာပါ။
ပေါက်ကွဲမှုကြောင့်စက်သုံးဆီဆိုင်ရဲ့မျက်နှာကျက်၊ တံခါးတွေနဲ့ အုတ်တံတိုင်းပြိုကျ ပျက်စီးခဲ့ပေမယ့်လူသူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်အာဏာသိမ်းစစ်တပ်ကဒီနေ့ မနက်ပိုင်းစပြီး တောင်ကြီးမြို့ရှောင်လမ်း ၊ ညောင်ရွှေ - စက်မှုဇုန်လမ်း ၊ ညောင်ရွှေ - မိုင်းသောက်လမ်းပိုင်းတွေမှာစစ်ဆေးမှုတွေလုပ်ဆောင်ပါတယ်။
"အဓိကတော့လူငယ်လေးတွေဆိုဖုန်းတွေတောင်းကြည့်တာ၊မှတ်ပုံတင်တောင်းစစ်တာတွေလုပ်တာပေါ့"လို့ ဒေသခံတစ်ဦးကပြောပါတယ်။
တောင်ကြီးမြို့မှာ စစ်မှုထမ်းအတွက် လက်ကမ်းစာစောင်ဝေပြီးစည်းရုံးနေတဲ့ စစ်သားတွေကိုတွေ့ရပုံ (ပုံဟောင်း)
ဓာတ်ပုံ - စစ်တပ်ဝါဒဖြန့်ချီရေးချန်နယ်
#LNO

😁49❤5👍4👎1
ဘုရားသုံးဆူမှာ ကျားဖြန့်လုပ်ငန်းတွေ တိုးချဲ့လာတာကြောင့် အိမ်၊ ခြံ၊ မြေဈေး ၁၀ ဆခန့် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်နေ
ဇွန်လ ၂၁ ရက်
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ဘက်မှာ တရုတ်ကျားဖြန့် (ငွေလိမ်) လုပ်ငန်းလုပ်သူတွေဟာ အခု ၂၀၂၆ ခုနှစ်ထဲမှာ လုပ်ငန်းတိုးချဲ့လုပ်ကိုင်တာတွေ များလာတာကြောင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ဈေးနှုန်းတွေ ၁၀ ဆလောက် ဈေးမြင့်တက်လာပြီး ဝယ်ယူသူတွေ များပြားလာနေတယ်လို့ ဘုရားသုံးဆူမြို့ခံတွေက ပြောပါတယ်။
ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ တရုတ်ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖမ်းဆီးမှုတွေ မြင့်တက်လာနေချိန်မှာ တရုတ်ကျားဖြန့်လုပ်သူတွေဟာ ဘုရားသုံးဆူမြို့ဘက်က DKBA (ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်) ထိန်းချုပ်နယ်မြေဘက်ကို နေရာပြောင်းရွှေ့လုပ်ကိုင်သူ များပြားလာပြီးနောက် အိမ်၊ ခြံ၊ မြေဈေးတွေ တက်လာတာဖြစ်တယ်လို့ ဘုရားသုံးဆူမြို့ခံတစ်ဦးက အခုလို ပြောပါတယ်။
"ဘုရားသုံးဆူမှာ အရင်က ထိုင်းဘတ်ငွေ ၃ သိန်းလောက်ဆိုရင် အိမ်နဲ့ ခြံတစ်ကွက်ရတယ်။ အခု တရုတ်ကျားဖြန့်တွေ အဝယ်များလာတော့ ဒီဘက်နှစ်တွေမှာ ဘတ်သိန်း ၃၀ ကနေ သိန်း ၅၀ လောက်အထိ ၁၀ ဆလောက် မြေဈေးခြံဈေး တက်လာတယ်။ ဧကအများကြီးရှိတဲ့ ခြံမြေတွေ၊ တောင်ယာကုန်းမြေတွေတောင် ဘတ်သိန်းရာချီ ဈေးပေးဝယ်တာမျိုးအထိ ရှိနေတယ်" လို့ သုံးဆူမြို့ခံက ဆိုပါတယ်။
အခုလို အိမ်၊ ခြံ၊ မြေဈေးတွေ တက်လာနေတာနဲ့အတူ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာမှာနဲ့ ကျားဖြန့်လုပ်ငန်းလုပ်ဖို့ ရန်ပုံငွေအကောက်အစားအဖြစ် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေကို အရောင်းအဝယ်ကိစ္စ အခွန်ပေးဆောင်ရမှုလည်း မြင့်တက်လာတယ်လို့ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်အကျိုးဆောင်လုပ်နေတဲ့ ပွဲစားတွေက ပြောပါတယ်။
"ဘုရားသုံးဆူမှာ ကျားဖြန့်တရုတ်တွေကို လုပ်ငန်းပေးလုပ်နေတာက စစ်အုပ်စုနဲ့ ပူးပေါင်းထားတဲ့ တပ်တွေပေါ့နော်။ သူတို့ကို လုပ်ငန်းခွန်၊ အလုပ်သမားခွန်၊ ဝင်ငွေခွန်၊ လုံခြုံရေးစရိတ်၊ ဆက်ကြေး၊ လိုင်းကြေးပေးရတယ်။ နောက်ထပ် ဒေသကိုစိုးမိုးထားတဲ့ အဖွဲ့ ဘက်ကိုကျတော့ မြေရောင်း၊ ခြံရောင်း၊ မြေငှား၊ ခြံငှားတာကို နယ်မြေတာဝန်ခံတွေကို အခွန်သွင်းရတယ်။ ဥပမာ မြေတစ်ကွက် ဘတ် ၁၀ သိန်းနဲ့ ရောင်းရင် ရောင်းသူဝယ်သူ နှစ်ဘက်ညှိပြီး ၁၅ ရာခိုင်နှုန်း၊ ဘတ်တစ်သိန်းခွဲ ဒေသအုပ်ချုပ်ရေးကို ပေးရတယ်" လို့ သူက ရှင်းပြပါတယ်။
အခုလို တရုတ်ကျားဖြန့်လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နေမှုဟာ ဘုရားသုံးဆူမြို့ဘက်တင်မကတော့ဘဲ ကြာအင်းဆိပ်ကြီးမြို့ဘက် သွားရာလမ်းပိုင်းက ကရင်ကျေးရွာတွေဘက်အထိ လုပ်ငန်းတိုးချဲ့မှု ရှိလာနေတယ်လို့ နယ်မြေအခြေအနေသိတဲ့ ကြာအင်းဆိပ်ကြီးဒေသခံ ခရီးသည်တင်ကားမောင်းသူတစ်ဦးက ပြောပါတယ်။
"ကျားဖြန့်တရုတ်တွေက ဘုရားသုံးဆူ၊ မက္ကသာနဲ့ ကြိမ်ချောင်းဘက်တင် မကတော့ဘူး။ အခုက ကြာအင်းဆိပ်ကြီးလမ်းပေါ်က ဂျပန်အိမ်ရာရှိတဲ့ ရွာဘက်အထိပါ တရုတ်ကျားဖြန့်ဆိုဒ်တွေ ရောက်လာနေပြီ။ တရုတ်ဈေးဆိုင်၊ စားသောက်ဆိုင်တွေ၊ ပင်လယ်စာအကင်ဆိုင်၊ မာလာရှမ်းကောဆိုင်တွေပါ ဖွင့်ကုန်ပြီ" လို့ သူက ဆိုပါတယ်။
အခုလို ဘုရားသုံးဆူဒေသဘက်ကို တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေ တိုးချဲ့လာနေတဲ့အပေါ် ဒေသဆိုင်ရာ ကရင်လက်နက်ကိုင်အဖွဲ့ အကြီးအကဲတွေကို အခြေအနေသိရဖို့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမျိုး မရှိသေးပါဘူး။
လတ်တလောမှာတော့ ဘုရားသုံးဆူမြို့ဘက်မှာ တရုတ်ကျားဖြန့်လုပ်ငန်းတွေ တိုးချဲ့ပေါများလာနေတာကြောင့် ဘုရားသုံးဆူဒေသခံတွေအနေနဲ့ တရုတ်လုပ်ငန်းနဲ့ ဈေးဆိုင်တွေအပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်အကိုင်တွေရရှိပြီး ဝင်ငွေကောင်းနေပေမဲ့ နေထိုင်စားသောက်စရိတ် ဈေးနှုန်းတွေ ကြီးမြင့်တာကြောင့် ဝင်ငွေနဲ့ အသုံးစရိတ်ကို ခြွေတာသုံးစွဲနေရတယ်လို့ ဘုရားသုံးဆူဒေသခံတွေက ပြောပါတယ်။
#CJP

🤬40👍9❤5🔥2👎1😢1
ရဲတပ်သား ၁ ဦးကို စစ်သားစုဆောင်းရေးတပ်ကတ်ပြား ကိုင်ဆောင်ထားသူတွေက ပြန်ပေးဆွဲပြီး ရေလုပ်ငန်းတခုမှာ ရောင်းစားမှု ဖြစ်ပွား
ဇွန်လ ၂၁ ရက်
မွန်ပြည်နယ်၊ လွှတ်တော်ရုံးမှာ လုံခြုံရေးတာဝန်ကျတဲ့ ရဲတပ်သား ၁ ဦး ပြန်ပေးဆွဲခံရပြီး ရေလုပ်ငန်းတခုမှာ ရေလုပ်သားအဖြစ် ရောင်းစားခံခဲ့ရတယ်လို့ သိရပါတယ်။
ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၄ နာရီခွဲက မွန်ပြည်နယ်၊ လွှတ်တော်ရုံးမှာ လုံခြုံရေးတာဝန်ကျတဲ့ ရဲတပ်သား ဇော်ဝင်းထွန်း ဆိုသူဟာ နဂါးမောက်စေတီကို ဘုရားဖူးရန် သွားရောက်ခဲ့ပြီး နဂါးမောက်စေတီအနီးမှာ တယောက်တည်းထိုင်နေချိန် အမည်မသိ အမျိုးသား ၃ ဦး ရောက်ရှိလာပြီး ၎င်းအား လိုက်ခဲ့ရန် ပြောဆိုကာ ဖမ်းဆီးချုပ်နှောင်ပြီး ကျိက္ခမီမြို့ကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
“လူ ၃ ယောက်က ဝိုင်းထားပြီး လိုက်ဖို့ခေါ်တာ၊ ဇော်ဝင်းထွန်းက ငါကရဲပဲ မလိုက်ဘူးပြောတော့ အဲ့ထဲက စစ်သားစုဆောင်းရေးက တယောက်က “ဘာရဲလဲ၊ ငါက တပ်ကဗိုလ်ကွ” ဆိုပြီး နရင်းဝိုင်းအုပ်ပြီး ခေါ်သွားတာလို့ ကျိုက္ခမီရဲစခန်းမှာ ထွက်ဆိုထားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ည ၈ နာရီမှာ ကျိက္ခမီမြို့ကို ရောက်ရှိပြီး မတင်ဇာလွင် ဆိုသူ အမျိုးသမီးရဲ့ နေအိမ်ကို ခေါ်ဆောင်သွားခဲ့ကာ အဆိုပါအမျိုးသား ၃ ဦးက ကြိုတင်ငွေ ၁၂ သိန်းကျပ်ကို တောင်းခဲ့ကြတယ်လို့ သိရပါတယ်။
“ပွဲစား မတင်ဇာလွင်က ခေါ်လာတဲ့ လူငယ်ကို သံသယဖြစ်လို့ ရဲစခန်းသွား သတင်းပေးတာ၊ အဲ့မှာ ခုလို တပ်က လူပြန်ပေးဆွဲပြီး ရောင်းစားနေတဲ့ကိစ္စ ပေါ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ရဲတပ်သား ဇော်ဝင်းထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၃ ဦးထဲက ၁ ဦးဟာ စစ်ကော်မရှင်တပ်ရဲ့ စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး(မော်လမြိုင်)၊ တပ်သားသစ်စုဆောင်းရေးတာဝန်(အကူ) ဆိုတဲ့ စိစစ်ရေးကတ်ပြားကို ကိုင်ဆောင်ထားသူ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကျိုက္ခမိရဲစခန်းက မတင်ဇာလွင်ရဲ့ နေအိမ်ကို သွားရောက်စစ်ဆေးရာ ဖမ်းဆီးခံရတဲ့ ရဲတပ်သား ဇော်ဝင်းထွန်းကို တွေ့ခဲ့ကြပြီး ဖမ်းဆီးခေါ်ဆောင်လာသူတွေဖြစ်တဲ့ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်၊ ဘူတာကြီးဝန်းနေ အသက် ၅၁ နှစ်အရွယ် ဦးတင်သန်း၊ အသက် ၄၆ နှစ်အရွယ် ဦးတင်မင်းထွဋ်နဲ့ အသက် ၃၈ နှစ်အရွယ် ဦးဖြိုးကိုကို တို့ကိုပါ တခါတည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ကျိုက္ခမိရဲစခန်းက ဖမ်းဆီးခဲ့တဲ့ ဦးတင်သန်းဟာ စစ်ကော်မရှင်တပ်ရဲ့ စစ်သားစုဆောင်းရေးတပ်ကတ်ပြား ကိုင်ဆောင်ထားသူဖြစ်တာကြောင့် စစ်ကော်မရှင်တပ်ကလည်း ထပ်မံ အရေးယူသွားမယ်လို့ သိရပြီး ၎င်းတို့ ၃ ဦးစလုံးကို အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မော်လမြိုင်)နဲ့အတူ ပူးပေါင်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
#Myotaw

😁79❤11🔥1
ကျောက်ဖြူ တောင်မော်ဦးရေတပ်မှ အင်အားဖြည့်ပြီး ထပ်ထွက်လာသည့် ရွေးတုအစိုးရစစ်ကြောင်း တပ်ပျက်ပြီးထွက်ပြေးရပြန်
ဇွန်လ ၂၁ ရက်
အင်အားဖြည့်ပြီး စစ်ကြောင်းဖြန့်ထွက်တိုင်း တပ်ပျက်နေသည့် တောင်မော်ဦးရေတပ်အနီး တိုက်ပွဲကို ရွေးတုအစိုးရစစ်တပ်က ထပ်မံအင်အားဖြည့် စစ်ကြောင်းစေလွှတ်ရာ တပ်ပျက်ပြီး ထပ်မဲထွက်ပြေးရ ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ဦးရေတပ်မှ စနဲဘက်သို့ အင်အားရာချီဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က စစ်ကြောင်းထွက်လာရာ အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားဖြင့် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်း တပ်ဆုတ်ပြေးခဲ့ရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
"ဇွန်လ ၈ ရက်၊ ၉ ရက်က တန့်သွားတဲ့ စစ်ကြောင်းတွေကို အင်အားထပ်ဖြည့်ပြီး တက်လာတာလို့ သိရပါတယ်။ သေဆုံးနဲ့ ဒဏ်ရာရ ၁၀၀ လောက်ကို ပြုတ်သွားတယ် ပြောပါတယ်" ဟု ကျောက်ဖြူ ဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တောင်မော်ဦးရေတပ်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် ရေတပ်မှ အနီးဝန်းကျင်ကို တပ်ဖြန့်ရန် ကြိုးစားလာသည့် ရွေးတုအစိုးရစစ်ကြောင်း သုံးကြောင်းသည် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင်လည်း တိုက်ခိုက်ခံရပြီး မျက်မြင် ၂၀ ခန့် သေဆုံးသွားကြောင်း ဒေသတွင်းသတင်းများမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်က စစ်ကြောင်း သုံး ကြောင်းဖြန့်ပြီး ဇွန်လ ၈ ရက်က စနဲမြို့ဘက်ကို တက်လာ ပြီးနောက်၊ အဝတောင်အနီး စစ်ကြောင်းတစ်ကြောင်း ကစဉ့်ကလျားနှင့် ပြုတ်သွားသည့်အတွက် ကျန်စစ်ကြောင်းများလည်း တန့်သွားကြောင်း ကျောက်ဖြူဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်၏ တောင်မော်ဦးရေတပ်စခန်း၏ ကာကင်းများ ဇွန်လ ပထမပတ်အတွင်း သိမ်းဆည်းခံလိုက်ရပြီးနောက် ဇွန်လ ၈ ရက်နေ့တျွင် စစ်သင်္ဘော သုံးစင်းဖြင့် အင်အားများ ထပ်မံဖြည့်တင်းခဲ့ပြီး စနဲမြို့ကို ရည်ရွယ်၍ ပြန်လည်ကမ်းတက်နိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
တောင်မော်ဦးရေတပ်နှင့် စနဲမြို့အနီး တိုက်ပွဲများအနက် မေလ ၂၈ ရက်မှ မေလ ၃၁ ရက်အတွင်း တိုက်ပွဲများတွင် ရွေးတုအစိုးရစစ်တပ်ဘက်မှ ၄၀ ခန့် သေဆုံးပြီး လက်နက်၊ ခဲယမ်းများ AA က သိမ်းဆည်းရရှိခဲ့သည်။ ထို့ပြင် ဇွန်လ ၆ ရက် တိုက်ပွဲ၌လည်း ရွေးတုအစိုးရစစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ၁၁ ဦးကျော် ထပ်မံသေဆုံးခဲ့သည်။
ရေတပ်စခန်းအတွင်း ရွေးတုအစိုးရစစ်တပ်၏ တပ်မ (၁၁) လက်အောက်ခံ ခမရ -၂၁၂၊ ခမရ -၂၁၃၊ ခမရ-၂၁၉ တပ်ရင်းများအပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ပျက်များကိုလည်း စုပေါင်းပို့ ဆောင်ထားသည်။
ပုံစာ-အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်၊
#AYAT

👍54❤14😁8👏6
မြိုင်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးပြီး လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရ၊
▪️ယင်းမာပင်နှင့် ကနီမြို့နယ် အစပ်တွင်လည်း စစ်တပ်က ကျေးရွာများ မီးရှို့ဖျက်ဆီး
ဇွန်လ ၂၁ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးပြီး လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့တွင် မြိုင်မြို့နယ် အနောက်တောင်ပိုင်းကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်စက်မှု ၂ အနီးဆုံးရှိ ဧရိယာဇုန်ကျေးရွာထဲကို ရောက်ရှိလာသောကြောင့် ရွာပေါင်း ၁၀ ခုကျော်မှာ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စတင်ပြီး မြိုင်မြို့နယ် အနောက်တောင်ပိုင်းရှိ လက်ခုပ်ပင်ရွာနှင့် မြင်းကိုးသစ်ရွာ အနီးတဝိုက်ကို Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
"စစ်ခွေးစစ်ကြောင်းက မြိုင်မြို့နယ် အနောက်တောင်ပိုင်းကို တိုးလာတာပေါ့။ ဒီနေ့လည်း လေကြောင်းတိုက်ခိုက်မှု ထပ်လုပ်သွားတယ်လို့ သိရတယ်။ ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူး။ ပြည်သူတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၁၇ ရက်နေ့ တွင် မြဇီးတောရွာမှ ရွာဦးဘုန်းကြီးကျောင်း ဇရပ် ၂ ခု ၊ ပြည်သူပိုင် နေအိမ် ၂၀ ကျော်၊ ဖောကား ၁ စီး၊ မြေတူးစက် ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော် ဆိုင်ကယ် ၁၇ စီး၊ အိမ်သုံး ပရိဘောဂအမျိုးမျိုးနှင့် စားနပ်ရိက္ခာ အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဇွန်လ ၁၆ ရက်နေ့ကလည်း စစ်တပ် စစ်ကြောင်းက သာစည်ကျေးရွာမှ ယာတောအတွင်း ယာယီတဲထိုး၍ စစ်ဘေးရှောင်နေသော အသက် ၆၀ အရွယ် ဦးဝင်းရွှေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် မြိုင်မြို့နယ် အနောက်တောင်ပိုင်း လက်ခုပ်ပင်ရွာအနီး ရောက်ရှိနေပြီး မည်သည့်နေရာကို ဆက်လက် ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ် အတွင်းရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၈ ရက်နေ့တွင် မဟူတောင် တာဝါတိုင်စခန်းတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လာပိုရွာနှင့် ထန်းတပင်ရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်ထိ ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ၍ ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။
"စစ်ခွေးစစ်ကြောင်းက ဘာတိုက်ပွဲမှ မရှိဘဲနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ရွာတွေကို ဝင်ရောက်စီးနင်းမီးရှို့နေတာ ပြည်သူတွေလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ကနီမြို့နယ်တွင်လည်း ရက်ပေါင်း ၄၀ ကျော်ကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ရှမ်းမြောင်းရွာမှ လူနေအိမ်နှင့်နွားတဲ ၂၀ လုံးခန့်၊ တဇယ်ချောင်ရွာမှ လူနေအိမ် ၃ လုံး၊ ညောင်ပင်ဝန်းရွာမှ လူနေအိမ် ကြက်ခြံနှင့် နွားတဲ ၂၀ လုံးခန့်၊ လင်ပုန်းရည်ရွာ လူနေအိမ်နှင့်နွားတဲ ၂ လုံး၊ ယာကြီး-ကလေးဝ လမ်းပိုင် မိုင် ၃၀ မှ လူနေအိမ်နှင့်စျေးဆိုင် ၄ လုံးတို့ကို မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။
ဓာတ်ပုံ - စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

🤬52👍2🔥1👏1