Hlaing Info
52.6K subscribers
143K photos
5.95K videos
5 files
14.1K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)

၂၀၂၆ ခုနှစ်၏ ပထမဆုံးသော တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီး စတင်မည်။

လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။


စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့။

လူထုရဲ့ ပြတ်သားတဲ့ သတင်းစကား (၃) ရပ်
(၁) အမေစုနှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်!
(၂) အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်!
(၃) ဦးဝင်းမြင့်သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်!


အတူတကွ ဘယ်လို လှုပ်ရှားကြမလဲ?
ဇွန်လ (၁၉) ရက်နေ့မှာ အောက်ပါ မိမိ ဒေသနဲ့ လုံခြုံရေးအခြေအနေများအလိုက် အောက်ပါ နည်းလမ်းတစ်ခုခုနဲ့ လှုပ်ရှားကြပါမယ်။

• ဘုရားတင်/ပန်ဆင်ပါ - နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်းများ ပြုလုပ်ပါ။

• Online ကမ်ပိန်း - မိမိတို့ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံများကို Social Media ပေါ်တွင် တင်ပြီး အွန်လိုင်းမှ ပါဝင်ပါ။

• မြေပြင်လှုပ်ရှားမှု - မြေပြင်သပိတ်လှုပ်ရှားမှုများတွင် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ပါဝင်ပါ။
လူထု ကြွေးကြော်သံ -
“အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ”
ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “

"ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြပါစို့။

#RoseMovement
#RosesOfHope
#ProofOfLife
#June19
#FreeAungSanSuuKyi
#KyimyindaingNetworks
#LinnYaungNiYouthOrganization_LYNYO
#WhatsHappeningInMyanmar
#RejectMilitaryCoup
#JusticeForMyanmar
67🥰5👍2🔥2😁1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

ဇွန်လ ၁၃ ရက်

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၁၃ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
👏3018👍8😁1
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့ ။ 💪💪💪

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

မိဘပြည်သူ့များအားလုံး ကောင်းစွာ အိပ်စက်အနားယူနိုင်ပြီး အိမ်မက်လှလှ မက်ပါစေ ❤️❤️❤️

Good night ပါခင်ဗျာ။


#HlaingInfo
66👍2🔥1
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတိုနှင့်ပြည့်စုံပါစေ။

အာဏာရူး ဘေးများမှအမြန်ဆုံးကျော်လွန်လွတ်မြောက်ကြပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

#HlaingInfo
73👍6🔥1🥰1
ဝါရှင်တန် ပို့စ် သတင်းစာ ရေးသားသော သူလျို မှု နောက်ဆက်တွဲများ
*****
အဒမ် ကက်စတီလို နှင့် မင်းဇင် ဖမ်းဆီး ခံရမှု အပေါ် ဝါရှင်တန် ပို့စ် သတင်းစာကြီးက ယခုလို သုံးသပ် ရေးသားခဲ့သည်။

၎င်းတို့နှစ်ဦးစလုံးသည် မြန်မာ့ပြည်တွင်းစစ်အပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ကြီးထွားလာခြင်းနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်လေ့ရှိသူများ ဖြစ်ကြပြီး၊ ဝါရှင်တန်ရှိ မူဝါဒချမှတ်သူများနှင့် ဥပဒေပြုအမတ်များကို ၎င်းတို့၏ အမြင်များ မျှဝေတင်ပြရန်အတွက် အခါအားလျော်စွာ သွားရောက်လေ့ရှိကြသည်။

စစ်ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံ၏ ထိပ်တန်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် လာမည့်သီတင်းပတ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး  ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် စီစဉ်ထားချိန်တွင် ၎င်းတို့ နှစ်ဦး စလုံးအား ရှေ့ဆင့် နောက်ဆင့် ဆိုသလို နှစ်နိုင်ငံစလုံးတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

တခုနှင့်တခု ဆက်စပ်မှုရှိ နေသည်လား၊ ယခုကဲ့သို့ အချိန်ကိုက် ဖြစ်ပွားခဲ့ခြင်းမှာ တိုက်ဆိုင်မှုသက်သက် ဟုတ်မဟုတ် ဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်း မရှိသေးဟု ဆိုသည်။

သို့သော်လည်း ယခုဖမ်းဆီးထိန်းသိမ်းမှု သတင်းများကြောင့် မြန်မာ့အရေးကို အဓိက အလေးထား စောင့်ကြည့်နေကြသည့် အသိုက်အဝန်း အတွင်း စိုးရိမ်ထိတ်လန့်မှုများ ပျံ့နှံ့သွားခဲ့သည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တဦးက 'ကျွန်တော်တို့အားလုံး အကြီးအကျယ် တုန်လှုပ်ခြောက်ခြားနေကြရပါတယ်' ဟု ပြောကြားခဲ့သည်။ ၎င်းသည် ကက်စတီလို နှင့် ပုံမှန် ထိတွေ့ဆက်ဆံမှု ရှိခဲ့သူဖြစ်ပြီး၊ မြန်မာအာဏာပိုင်များ၏ လက်တုံ့ပြန် အရေးယူခံရမည်ကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသည့် အခြေအနေဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မင်းဇင်သည် ကယ်လီဖိုးနီယား တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံ ဖြင့် မာစတာ ဘွဲ့ရထားသူ ဖြစ်ပြီး ဝါရှင်တန် နှင့် အဆက်အသွယ် ကောင်းများ ရှိထားသူ ဖြစ်သည်။

၎င်းသည် သုတေသနလုပ်ငန်းများအတွက် တရုတ်သို့လည်း မကြာခဏ သွားရောက်လေ့ရှိပြီး၊ ဇွန်လဆန်းပိုင်းက ယူနန်ပြည်နယ်သို့ ရောက်ရှိနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၎င်းလွတ်မြောက်ရေးအတွက် အမေရိကန် အရာရှိများကလည်း ဝင်ရောက်ကြိုးပမ်းပေးနေကြောင်း မိတ်ဆွေများ ထံမှ သိရသည်ဟု ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံသားများကို သူလျို လုပ်သည် ဆိုသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်းမှာ ထူးခြား နေသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက တရုတ်နိုင်ငံသည် အကျဉ်းသားလဲလှယ်မှုအစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ထိန်းသိမ်းထားသည့် အမေရိကန်နိုင်ငံသားသုံးဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး၊ ယင်းတို့အနက် နှစ်ဦးမှာ သူလျှိုလုပ်မှုဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံရကာ ထောင်ထဲတွင် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသူများ ဖြစ်ကြသည်။

မင်းဇင် ဖမ်းဆီးခံရမှု ကြောင့် ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းကြားတွင် မလုံခြုံသလို ခံစားနေရသည်ဟု ဆိုသည်။

မကြာသေးမီနှစ်များအတွင်း ၎င်းသည် မြန်မာ့နယ်စပ်ဒေသများကို ထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများနှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများကို ပိုမိုနက်နက်ရှိုင်းရှိုင်း လုပ်ဆောင်လာခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတွင်းများအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ တရုတ်အစိုးရ ကျောထောက်နောက်ခံပြု အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို အထူးအလေးထား စောင့်ကြည့်လေ့လာခဲ့သည်။

ယခုနှစ်ဆန်းပိုင်းက ဝါရှင်တန်ပို့စ်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ဘီဂျင်း အနေဖြင့် မြန်မာနိုင်ငံကို 'တရုတ်၏ နောက်ဖေးခြံ ' ကဲ့သို့ ပို၍ သဘောထားလာ‌ နေ ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်သည် မြန်မာကို ၎င်းတို့ ပိုင် တိဘက်၊ ဝီဂါ၊ တီယန်မင် ရင်ပြင် အရေးအခင်း များကဲ့သို့ အထိ မခံသည့် သဘောမျိုး ပြလာနေသည်ဟု လေ့လာသူ တဦး က ဆိုသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍538🔥3🤔1😢1
ဒုသမ္မတ ညိုစော၊ စီးပွား/ကူးသန်းဝန်ကြီး ထွန်းအုံနှင့် ဒုဝန်ကြီး မင်းမင်း တို့၏ အဂတိလိုက်စားမှုနှင့် သွင်းကုန်လိုင်စင်များ အကြီးအကျယ် ထိန်းချုပ်ထားမှုကြောင့် သီလဝါစက်မှုဇုန် အပါအဝင် ပြည်တွင်းစက်ရုံများ ကုန်ကြမ်းပြတ်လပ်ပြီး လုပ်ငန်းရပ်ဆိုင်း

ဇွန်လ ၁၄ ရက်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တာဝန်ပေးချက်အရ နိုင်ငံခြားသုံးငွေနှင့် သွင်းကုန်များကို အဓိကကြီးကြပ်နေသော ဒုသမ္မတအမည်ခံ ညိုစော (FESC ဥက္ကဋ္ဌ)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ထွန်းအုံနှင့် ဒုတိယဝန်ကြီး မင်းမင်း အပါအဝင် သွင်းကုန်ကြီးကြပ်ရေး တာဝန်ရှိသူများ၏ လာဘ်ပေးလာဘ်ယူမှုများ၊ ၎င်းတို့နှင့် နီးစပ်ရာ ဆွေမျိုးသားချင်းများကိုသာ ရွေးချယ်၍ သွင်းကုန်လိုင်စင် ချထားပေးမှုများကြောင့် ပြည်တွင်းရှိ စက်ရုံအလုပ်ရုံများ ကုန်ကြမ်းပြတ်လပ်ကာ လုပ်ငန်းများ ယာယီရပ်ဆိုင်းနေရကြောင်း UMFCCI မှ စီးပွားရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်း အကျပ်အတည်းကြောင့် ပြတ်လပ်နေသည့် စက်သုံးဆီနှင့် အခြားမရှိမဖြစ် လိုအပ်သော ကုန်စည်များကိုသာ အာဏာပိုင်များက ဦးစားပေးတင်သွင်းရန် ပြည်တွင်း၌ သွင်းကုန်ကန့်သတ်ချက်များ ပိုမိုတင်းကျပ်ထားသည်။

သို့သော်လည်း သွင်းကုန်လိုင်စင်နှင့် နိုင်ငံခြားငွေ စိစစ်ခွင့်ပြုမှုကို အဓိကလုပ်ဆောင်သည့် နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ (FESC) ဥက္ကဋ္ဌ ဒုသမ္မတ ညိုစော၊ စီး/ကူးဝန်ကြီး ထွန်းအုံနှင့် ဒုဝန်ကြီး မင်းမင်းတို့က ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သူများနှင့် လာဘ်ပေးလာဘ်ယူ ပြုလုပ်သူများကိုသာ သွင်း ကုန်လိုင်စင်များ ဦးစားပေးချပေးနေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်က သွင်းကုန်လိုင်စင်နှင့် နိုင်ငံခြားငွေ ထောက်ပံ့မှုကို ကန့်သတ်ထားသဖြင့်  ရန်ကုန်တိုင်း၊ သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ တိုယိုတာ ၊ ဆူဇူကီး  နှင့် ကူဘိုတာ  အပါအဝင် ဂျပန်နှင့် ထိုင်းနိုင်ငံစုံ ကုမ္ပဏီကြီးများ၏ စက်ရုံအများအပြားမှာ ကုန် ထုတ်လုပ်မှု ဆက်လက်လည်ပတ်ရန် ရုန်းကန်နေရပြီး အချို့စက်ရုံများမှာ လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားရကြောင်း သိရှိရသည်။

ယင်းအပြင် CMP အထည်ချုပ်လုပ်ငန်းများကိုလည်း ဇွန်လ ၈ ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင်များ လျှောက်ထားပြီးမှသာ အထည်ချုပ်ကုန်ကြမ်းများကို တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့သည်။

UMFCCI သတင်းရင်းမြစ်က “အခုက ပြည်ပနိုင်ငံတွေက လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ ကားစက်ရုံတွေ၊ အထည်ချုပ်စက်ရုံတွေ ကုန်ကြမ်းမရလို့ ဒီမေလနှောင်းပိုင်းနဲ့ ဒီဇွန်လထဲမှာ အလုပ်တွေ ရပ်ကုန်တယ်။ အဓိကက ရက် ၁၀၀ စီမံချက်နဲ့ သွင်းကုန်တွေကို အဓိက ထိန်းချုပ်တာ။ သူတို့ ပြောတာကတော့ ကုန်သွယ်ရေးလိုငွေပြတာကို လျှော့ချဖို့အတွက် သွင်းကုန်တွေကို ထိန်းချုပ်တာလို့ အကြောင်းပြတယ်။ ဒါပေမဲ့ သူတို့နဲ့ နီးစပ်တဲ့ သူတွေကိုတော့ သွင်းကုန်လိုင်စင်တွေ ချထားပေးတာရှိတယ်” ဟု ရှင်းပြသည်။

အခြားတစ်ဖက်တွင်လည်း အရေးပေါ် သွင်းကုန်တင်သွင်းရန် အထူးလိုအပ်နေသူများသည် သွင်းကုန်လိုင်စင် ရရှိရေးအတွက် ငွေကျပ် သိန်းရာထောင်ချီ အသုံးပြုနေရပြီး၊ ယင်းသို့ လာဘ်ပေးရာတွင် နီးစပ်ရာ အသိုင်းအဝိုင်းအလိုက် ချိတ်ဆက်၍ သွင်းကုန်လိုင်စင်ရရှိရေး ဆောင်ရွက်နေရကြောင်း UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။

“ဒုသမ္မတ ဦးညိုစောနဲ့ အချိတ်အဆက်ရှိတဲ့သူလည်း ဦးညိုစောလူတွေနဲ့ ချိတ်ပြီး လိုင်စင်ရယူတယ်။ ဝန်ကြီး ဦးထွန်းအုံနဲ့ အဆက်ရှိရင် ဝန်ကြီးနဲ့ပေါ့။ ဒုဝန်ကြီး ဦးမင်းမင်းနဲ့ အချိတ်အဆက်ရှိရင်လည်း ဒုဝန်ကြီးနဲ့ပေါ့။ အချိတ်အဆက်နဲ့ သွင်းကုန်လိုင်စင်ရယူနိုင်တယ်။ လိုင်စင်ရဖို့ လူကြီးတွေကို ချိတ်ဆက်ဂါဝရပြုခိုင်းတာ။ အဲဒီလမ်းကြောင်းကလည်း အတော်ကြီး တွင်ကျယ်တယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် သီလဝါဇုန် အပါအဝင် ပြည်တွင်းစက်မှုဇုန်များမှ စက်ရုံ ၇၀ ရာခိုင်နှုန်းခန့်မှာ ပြည်ပမှ သွင်းကုန်များ တင်သွင်းရန် သွင်းကုန်လိုင်စင် ခက်ခဲခြင်းနှင့် နိုင်ငံခြားငွေ ချထားမပေးခြင်းတို့ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းနေရခြင်းဖြစ်သည်။

အချို့သော အထည်ချုပ်စက်ရုံများမှာ မိမိတို့ မှာယူထားသော CMP အထည်ချုပ် သွင်းကုန်များ ဆိပ် ကမ်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း၊ လုပ်ထုံးလုပ်နည်းများ ရုတ်တရက် ပြောင်းလဲလိုက်ခြင်းကြောင့် ကုန်ကြမ်းများ ထုတ်ယူ၍မရတော့ဘဲ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
28👍17🤬13🔥9😱3👎1😢1
ထိုင်းတွင် အလုပ်ရမည်ဟု လိမ်လည်ပြီး မြန်မာနိုင်ငံရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများသို့ ရောင်း စား လူကုန်ကူးခံရမှုများ အထူးသတိပြုကြရန် တောင်အာဖရိကနိုင်ငံတွင် အထူးသတိပေးချက်ထုတ်ပြန်

ဇွန်လ ၁၄ ရက်

တောင်အာဖရိကနိုင်ငံမှ လူငယ်အမျိုးသား၊ အမျိုးသမီးများသည် ထိုင်းနိုင်ငံတွင် လစာကောင်းသော အလုပ်အကိုင်များ ရရှိမည်ဟူသော ကတိကဝတ်များဖြင့် လိမ်လည်လှည့်ဖြားခံရကာ အိမ်နီးချင်း မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam)သို့ ရောင်းစားခံရပြီး  ငရဲကဲ့သို့ ဆိုးရွားသော အခြေ အနေများနှင့် ကြုံတွေ့နေရသဖြင့် သတိထားကြရန် လူကုန်ကူးမှုဂိုဏ်းများထံမှ လွတ်မြောက်လာသူများက သတိပေးပြောဆိုလိုက်ကြသည်။

ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့သည့် တောင်အာဖရိကနိုင်ငံ၊ ဂေါတန်း (Gauteng) ပြည်နယ်၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲတွင် မကြာသေးမီကမှ တောင်အာဖရိကနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့သည့် လွတ်မြောက်လာသူများက ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ပြန်လည်ပြောပြခဲ့ကြသည်။

အဆိုပါ လူကုန်ကူးခံရသူများက လစာမြင့်မားခြင်း၊ နေထိုင်စရိတ် အခမဲ့ရရှိခြင်းနှင့် လေယာဉ်လက် မှတ်ခများ အခမဲ့စီစဉ်ပေးခြင်း စသည့် မက်လုံးများဖြင့် ဆွဲဆောင်ခြင်းခံခဲ့ရသော်လည်း၊ အမှန်တကယ် သွားရောက်သည့်အခါတွင်မူ အဆိုပါ အလုပ်အကိုင်များမှာ တည်ရှိခြင်းပင်မရှိကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

ယင်းသို့ လိမ်လည်ခံရသူများထဲတွင် ဆိုဝီတို (Soweto) မြို့မှ နေထိုင်သူ မာကတ်တင်းဘွဲ့ရတစ်ဦးဖြစ်သည့် သာမီ မန်ဂေစီ (Thami Mangesi) လည်း ပါဝင်ပြီး၊ ၎င်းအား ယခင်က အလွန်ယုံကြည်စိတ်ချခဲ့ရသည့် လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးက စည်းရုံးသိမ်းသွင်းခဲ့ခြင်းဖြစ်သည်။

မန်ဂေစီက “ကျွန်တော် သူ့ကို ကိုယ့်ညီအစ်ကိုအရင်းလို ယုံကြည်ခဲ့တာ။ သူ့ရဲ့ ရည်ရွယ်ချက်အပေါ် ဘာတစ်ချက်မှ သံသယ မဝင်ခဲ့မိဘူး” ဟု ၎င်း၏ ခံစားချက်ကို ဖွင့်ဟပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံတွင် အွန်လိုင်းမာကတ်တင်းသမားများအတွက် အခွင့်အလမ်းကောင်းများ ရှိနေသည်ဟု ကြားသိရသဖြင့် မိမိဘဝ တိုးတက်ပြောင်းလဲနိုင်မည့် အခွင့်အရေးဟု ယူဆကာ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အမှန်တကယ်တွင်မူ ၎င်းအပါအဝင် အခြားသူများအားလုံး မြန်မာနိုင်ငံအတွင်းသို့ အဓမ္မသယ်ဆောင်ခြင်း ခံခဲ့ရပြီး၊ အွန်လိုင်းကျားဖြန့်ငွေလိမ်ဂိုဏ်း (Scam) လုပ်ငန်းများတွင် အတင်းအဓမ္မ စေခိုင်းခြင်းခံခဲ့ရကြောင်း သူက ရှင်းပြသည်။

“ဒီနေ့မှာတော့ တက္ကစီဂိတ်တစ်ခုမှာ မုန့်တွေ၊ မီးဖိုချောင်သုံး အဝတ်စတွေနဲ့ သကြားလုံးတွေကို လိုက်ရောင်းနေရတဲ့ ဘဝရောက်ခဲ့ရပြီ။ ကျွန်တော့်အပေါ် ဘာတွေပဲ ကြုံခဲ့ကြုံခဲ့၊ ဒါတွေက ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို သတ်မှတ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူငယ်တွေကို ပြောချင်တာကတော့ အွန်လိုင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ အလုပ်ကမ်းလှမ်းချက်တွေကို လက်မခံခင်မှာ သေချာစုံစမ်းစစ် ဆေးမှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု မန်ဂေစီက ၎င်း၏ လက်ရှိဘဝအခြေအနေနှင့် လူငယ်များအတွက် အကြံပြုချက်ကို ပြောကြားခဲ့သည်။

လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများနှင့် တရားမဝင် အလုပ်အကိုင် ရှာဖွေရေးကွန်ရက်များမှတစ် ဆင့် အလုပ်လက်မဲ့ ဖြစ်နေသော လူငယ်များကို ပစ်မှတ်ထားကာ လူကုန်ကူးနေသည့် နိုင်ငံတကာ ရာဇ ဝတ်ဂိုဏ်းများနှင့် ပတ်သက်၍ နိုင်ငံတကာတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

ဂေါတန်းပြည်နယ်၏ လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမှုဆောင်ကောင်စီဝင် (MEC) ဖြစ်သူ နိုမန်တူ နကိုမို-ရာလေဟိုကို (Nomantu Nkomo-Ralehoko) က လူကုန်ကူးမှုပြဿနာသည် အစိုးရဌာနများ၊ တရားဥပဒေစိုးမိုးရေးအေဂျင်စီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေသည့် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ် ကြောင်း ပြောကြားသည်။

ထို့ပြင် နကိုမို-ရာလေဟိုကို က လူငယ်များအနေဖြင့် ပြည်ပအလုပ်အကိုင် ကမ်းလှမ်းချက်များကို မိမိဘာသာ သီးခြားခိုင်မာစွာ ထပ်ဆင့်စိစစ်ကြရန်၊ ပြည်ပတွင် အလုပ်အကိုင် ချက်ချင်းရရှိမည်ဟု မက်လုံး ပေးသည့် အကျိုးဆောင်များကို သတိထားကြရန်နှင့် ခရီးမထွက်ခွာမီ သံသယဖြစ်ဖွယ် အလုပ်အကိုင် ရှာဖွေရေး လှုပ်ရှားမှုများကို တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်များထံ ချက်ချင်း တိုင်ကြားကြရန် ပြင်းထန်စွာ တိုက်တွန်းနှိုးဆော်ထားသည်။

(တောင်အာဖရိက Sowetan သတင်းဌာနက ဇွန်လ ၁၂ ရက်နေ့  ဖော်ပြထားသော  Promised job in Thailand, trapped in Myanmar: trafficking survivor warns SA youth ကို ဘာသာပြန် ဆိုထားပါသည်။)
#KTM
#HlaingInfo
👍39🔥42🤔1😢1
"အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းအင်အားကို ဟန့်တားနိုင်ရန်အတွက် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါစသည့် နိုင်ငံတကာ အစိုးရများက မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်း၊ ဖြန့်ဖြူးမှု ကွင်းဆက်တွင် ပါဝင်နေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ပြုလုပ်နေသော်လည်း တချို့အင်အားကြီးအာဏာရှင်နိုင်ငံကြီးများနှင့် အင်အားသေး အာဏာရှင်နိုင်ငံငယ်များက ‌လောင်စာဆီများ ဆက်လက်ရောင်းချနေခြင်းကို သွယ်ဝိုက်သော နည်းလမ်းဖြင့် စုံစမ်းပြီး အပြစ်ပေးအရေးယူ‌ပေးပါရန် တောင်းဆိုပါတယ်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ နိုင်ငံပိုင်ဘဏ်များ၊ ကျောက်မျက်နှင့် သယံဇာတလုပ်ငန်းများမှရရှိသော ဘဏ္ဍာငွေလမ်းကြောင်းများကို ဖြတ်တောက်ပေးပါရန်လည်း တောင်းဆိုပါတယ်၊ သို့မှသာ စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် လောင်စာဆီများ ဟန့်တားနိုင်မှာဖြစ်ပါတယ်။"

ဦးမြင့်သိန်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဝက်လက်မဲဆန္ဒနယ်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်

(ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးတွင် တင်သွင်းသော အဆိုအား ထောက်ခံဆွေးနွေးမှုမှ ကောက်နုတ်ချက်)

#PVTV
#HlaingInfo
🥰44👍235🔥3😁2
မြန်မာစစ်တပ်ထံသို့ ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါများ ရောင်းချခဲ့သည့် ပြင်သစ်ကုမ္ပဏီ Thales ကို အရေးယူရန် လူ့အခွင့်အရေးအဖွဲ့များ ပူးတွဲတောင်းဆို

ဇွန်လ ၁၃ ရက်

မြန်မာစစ်တပ်ထံ ဥရောပသမဂ္ဂ (EU) ၏ ပိတ်ဆို့အရေးယူမှုများကို လျစ်လျူရှုကာ "Coast Watcher" ဟုခေါ်သည့် ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါများ တိုက်ရိုက်ရောင်းချခဲ့သည့် ပြင်သစ် Thales ကုမ္ပဏီကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် ၎င်းအား ဥပဒေအရ အရေးယူပေးရန် မြန်မာနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ပြင်သစ်အစိုးရထံoသို့ ပူးတွဲတောင်းဆိုလိုက်ကြသည်။

Info Birmanie၊ ACAT France၊ CCFD-Terre Solidaire နှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH - International Federation for Human Rights)

Justice For Myanmar (JFM)၊ Info Birmanie၊ ACAT France၊ CCFD-Terre Solidaire နှင့် နိုင်ငံ တကာလူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH - International Federation for Human Rights) အဖွဲ့အစည်းများက ဇွန်လ ၁၂ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး Thales ကုမ္ပဏီ၏ အကျင့်ပျက် ခြစားမှုများကို အချက်အလက်များနှင့်တကွ ဖော်ထုတ်ခဲ့ခြင်းဖြစ် သည်။

အဆိုပါ ဖော်ထုတ်ချက်များအရ Thales ကုမ္ပဏီသည် မြန်မာစစ်တပ်ထံသို့ ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ယူရို ၁၆ သန်း တန်ဖိုးရှိ စစ်သုံးပစ္စည်းများကို ရောင်းချခဲ့ကြောင်း သိရသည်။ ထို့ပြင် စစ် တပ်၏ ပစ္စည်းဝယ်ယူရေးရုံးနှင့် ကြားခံပွဲစား ခရိုနီကုမ္ပဏီတစ်ခုဖြစ်သည့် "ကြည်သာကုမ္ပဏီ" ထံသို့ တိုက်ရိုက်လိပ်မူထားသည့် ယူရို ၉ သန်းကျော်တန်ဖိုးရှိ ငွေတောင်းခံလွှာ (Invoice) အပါအဝင် ခိုင် လုံသော အထောက်အထား အချက်အလက်များကိုပါ ပူးတွဲဖော်ထုတ်နိုင်ခဲ့သည်။

Justice For Myanmar နှင့် မဟာမိတ်အဖွဲ့များက Thales ကုမ္ပဏီနှင့် ၎င်း၏ ရှယ်ယာရှင်များအနေဖြင့် ယခင်က ရောင်းချခဲ့သော စစ်ကောင်စီ၏ စက်ပစ္စည်းများအတွက် ပြုပြင်ထိန်းသိမ်းမှုအပိုင်း (Maintenance) ဆောင်ရွက်ပေးခြင်းနှင့် စနစ်လည်ပတ်မှုဆိုင်ရာ ဆော့ဖ်ဝဲလ်များ (Software) အဆင့်မြှင့်တင်ပေးခြင်း အပါအဝင် မြန်မာစစ်တပ်နှင့် ဆက်နွှယ်ပတ်သက်နေသည့် လုပ်ငန်းစဉ်အားလုံးကို ချက်ချင်းအဆုံးသတ်ရန် သတိပေးထားသည်။

တစ်ဆက်တည်းမှာပင် Thales ကုမ္ပဏီအနေဖြင့် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာခြင်းမရှိဘဲ ချိုးဖောက်ခဲ့မှုအပေါ် ပြင်သစ်အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ချက်ချင်းပြုလုပ်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုထားသည်။ ၎င်းအပြင် စစ်တပ်၏ အဓိက ကြားခံပွဲစားများဖြစ်သည့် ကြည်သာကုမ္ပဏီနှင့် ကေတီဂရု (KT Group) တို့ကိုပါ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများက ထပ်တိုးပိတ်ဆို့မှုများ ချမှတ်ပေးရန် တိုက်တွန်းထားသည်။

လူ့အခွင့်အရေး ပူးပေါင်းအဖွဲ့များသည် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အနေဖြင့်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ထံသို့ အမြန်ဆုံး လွှဲပြောင်းပေးရန် တိုက်တွန်းတောင်းဆိုထားကြောင်း သိရသည်။

#KTM
#HlaingInfo
👍618😁3🔥1👏1
ဂန့်ဂေါမြို့နယ် ရှောက်ပင်ရွာ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရမိ

ဇွန်လ ၁၄ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းဂိတ်ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရမိခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ထံမှ သိရသည်။

ဇွန်လ ၈ ရက်နေ့မှစတင်၍ ဇွန်လ ၁၃ ရက်နေ့မွန်းလွဲပိုင်းအထိ ဂန့်ဂေါမြို့နယ် ရှောက်ပင်ရွာရှိ အဆိုပါစစ်ဆေးရေးဂိတ်ကို ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) က တောက်လျှောက် ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့သည့်အပြင် ၎င်းတို့ထံမှ BA-100 သေနတ် ၁ လက်၊ MA-1 သေနတ် ၃ လက်နှင့် MA-11 သေနတ် ၁ လက် (စုစုပေါင်း လက်နက် ၅ လက်) ကို သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က အတည်ပြုသည်။

ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) အဖွဲ့မှ တာဝန်ရှိသူက "စစ်ကောင်စီဘက်ကတော့ အင်အား ၁၀ ကောင်လောက် ရှိတယ်။ ကျနော်တို့ ဇွန်လ ၈ ရက်နေ့ကတည်းက စတင်ပြီး တိုက်ခိုက်ခဲ့တာပါ။ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီမှာတော့ စစ်ကောင်စီဂိတ်ရဲ့ ဘန်ကာထဲအထိ ရောက်ခဲ့တယ်။ သေဆုံးစာရင်းကတော့ ၃ ကောင် သေဆုံးပါတယ်။ သူတို့ဆီကနေ BA 100 သေနတ် ၁ လက်၊ MA-1 သေနတ် ၃ လက် ၊ MA- 11 သေနတ် ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အဖြစ် အခုလို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ"ဟု ရှင်းလင်းပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) မှ ရဲဘော်များက ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး၊ စစ်ဆင်ရေးအပြီးတွင် တော်လှန်ရေးရဲဘော်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
#KTM
#HlaingInfo
44👍11🥰5👏5😁1
မူဆယ်မှာ ကျားဖြန်လုပ်ကိုင်သူ ၉၀ ကျော်ကို စစ်တပ်ဖမ်းဆီး၊ မြို့တွင်းထဲ ကျားဖြန်ရုံတွေ ဆက်ရှိနေတယ်လို့ မြို့ခံတွေပြော

ဇွန်လ ၁၄ ရက်

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ ၈၈ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က မနေ့ ဇွန်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က မူဆယ်မြို့ ကောင်းမူလွယ်ရပ်ကွက်ရှိ နေအိမ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၇ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၃၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့တစ်ရက်တည်းမှာပင် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်ခုမှာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဘက်က မူဆယ်မြို့တွင်းမှာ ကျားဖြန်ရုံတွေကို လိုက်လံဖမ်းဆီးနေပေမယ့် ကျားဖြန်ရုံတွေ ဆက်ရှိနေပြီး အာဏာပိုင်တွေဘက်က ပါဝင်ပတ်သက်မှုရှိနေတာကြောင့် ကျားဖြန်ဂိုဏ်းတွေကို နှိမ်နင်းဖို့ မဖြစ်နိုင်ဘူးလို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

"ကျားဖြန်ဖမ်းတော့မယ်ဆိုရင် သူတို့ကို အရင်အကြောင်းကြားတယ်။ ပြီးမှ ဗန်းပြဝင်စီးတာပေါ့။ အခုဆိုလည်း မူဆယ်မှာ ကျားဖြန်ရုံတွေ အများကြီးပဲ ကျန်သေးတယ်။ ကျနော်အသိတွေလည်း ကျားဖြန်လုပ်တဲ့သူတွေကို အကြိုအပို့လုပ်ပေးနေတာ တွေ့ရတယ်" လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မေလ ၂၈ ရက်မှာလည်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ ကျားဖြန်ရုံတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၅ ဦးနဲ့ မြန်မာနိုင်ငံသား ၂၃ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကုန်ပိုင်းကစပြီး ရှမ်းမြောက်အပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လိုက်လံစီးနင်းတာတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။

ဓာတ်ပုံ - Local၊ စစ်ကောင်စီ
#SPM
#HlaingInfo
😁41👍43🔥1
တစ်ချိုက ကျွန်မကိုစွပ်စွဲပါတယ် ...
ပြည်သူ့အားကိုးနဲ့ လုပ်နေတယ်တဲ့၊

ဒီတော့ ကျွန်မကပြောတယ် ပြည်သူကိုအားမကိုးပဲနဲ့ ဘယ်သူ့ သွားအားကိုးရမှာလည်းလို၊

ကျွန်မတိုက အားကိုးစရာ ပိုက်ဆံလည်းမရှိဘူး။
အားကိုးစရာ မှန်ကန်တဲ့ ဖွဲစည်းပုံအခြေခံဥပဒေ လည်းမရှိဘူး။

ဒီတော့ကျွန်မတိုဟာ ပြည်သူကိုပဲ အားကိုးရမှာပဲ။

            ဒေါ်အောင်ဆန်းစုကြည်

        နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများ
https://t.me/infohlaing အဖွဲသားများမှ တင်ပေးနေပါသည်။
    
#HlaingInfo
93👍5🔥2
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဆီမီးသပိတ် ကိုရီးယား ခံတပ်တောင်ပေါ်တွင် ကျင်းပ

ဇွန်လ ၁၄ ရက်

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ဆီမီးသပိတ်ဆု တောင်းပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့အနီးရှိ ဂယဲဆန်းတောင်ပေါ်တွင် ကျင်းပခဲ့ ကြောင်း သိရသည်။

ဇွန်လ၁၃ရက်၊ည ၇နာရီတွင် ဆီမီးသပိတ်ဆုတောင်းပွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ ရောက် တော်လှန်ပြည်သူ ၅၀ ဝန်းကျင် တက်ရောက်ခဲ့ကြကာ ဖယောင်းတိုင်ပုံစံ LED ဆီမီး ထွန်းညှိ ခဲ့ကြကြောင်း မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်း ချုပ် MFDMC အတွင်းရေးမှူးဦး ကျော်ဆန်းထံက သိရသည်။

“လူ ၅၀ ဝန်းကျင်နဲ့ ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ SUU 81 ဆိုပြီး ပုံဖော်ထွန်းညှိခဲ့ကြတာ ဖြစ်ပါတယ်”ဟု MFDMC အတွင်းရေးမှူးဦး ကျော်ဆန်းက MPAသို့ပြောသည်။

ယင်းဆုတောင်းပွဲတွင် နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတော်လှန်ရေးအတွင်း ကျဆုံးခဲ့သော အာဇာနည် သူရဲကောင်းများကို တစ်မိနစ် ငြိမ်သက်ဆုတောင်းခြင်း၊ ဒေါ်အောင်ဆန်း စုကြည်အတွက် မွေးနေ့ဆုတောင်းခြင်းအပြင် NUGအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စား လှယ် ဦးရန်နိုင်ထွန်း၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ၊ NLD OC International Korea နှင့် MFDMC  တာဝန်ခံတို့က တော်လှန်ရေးအားပေးစကားပြောကြားခြင်း၊SU 80 သို့ ကဗျာပါဒ ၈၀+၁ အပါအဝင် ကဗျာရွတ်ဆိုခြင်းနှင့် ခွန်အားဖြည့်မိငယ် သီချင်း သံပြိုင်သီဆိုခြင်းတို့ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

ဂယဲဆန်းတောင်သည် ရှေးဘုရင်အဆက်ဆက်က ပြင်ပကျူးကျော်မှုရန် ကာကွယ်နိုင်ရေးအတွက် တည်ဆောက်ခဲ့သည့် ခံတပ်တောင်ဖြစ်ပြီး သဘာဝအတိုင်း ခံတပ်တံတိုင်းအဖြစ် တားဆီးပေးသလို ကျောက်တုံး၊ကျောက်ဆောင်များဖြင့် တံတိုင်းဆောက်ကာ ခံတပ်ပြုလုပ်ထားကြောင်း သိရသည်။

“ကိုရီးယားပြည်သူတွေကို အန္တရာယ်ကင်းအောင် ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ သမိုင်းဝင်တောင် မှာ မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးခဲ့ပြီး ပြည်သူ့ကောင်းကျိုးကို အများကြီး ထမ်း ဆောင်ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသောအားဖြင့် ကျနော်တို့က ဆီမီးသပိတ်ကျင်း ပဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ဦးကျော်ဆန်းက MPAသို့ပြောသည်။

ယနေ့(ဇွန်၁၄ရက်)မွန်းလွဲတစ်နာရီတွင် ဆိုးလ်မြို့၊ မြောင်ဒုံ (တရုတ်သံရုံးအနီး)၌ Proof of Life ဆန္ဒပြပွဲ ပြုလုပ်ဦးမည်ဖြစ်သည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ- ဂယဲဆန်းတောင်ပေါ်တွင် ကျင်းပခဲ့သော ဆီမီးသပိတ် ဆုတောင်းပွဲ။
#MPA
#HlaingInfo
61👍11🥰2🔥1
မင်းအောင်လှိုင်သားအဖ၏ ရတနာပုံမြို့သစ်စီမံကိန်းအတွက် သုံးတောင်ကျေး ရွာ အပါအဝင် ကျေး ရွာများကို နောက်ဆုံးထား ဖျက်သိမ်းခိုင်းသည့် နေ့ရက်ကို အပြောင်းအလဲလုပ်ပြီး ဇွန်လ ၂၀ ရက်နေ့ အထိ တိုးမြှင့်ပေး

ဇွန်လ ၁၃ ရက်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သားဖြစ်သူ အောင်ပြည့်စုံတို့ ဦးဆောင်လုပ် ကိုင် နေသော မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံမြို့သစ် စီမံကိန်းအတွက် သုံးတောင်ကျေးရွာ အပါအဝင် ကျေးရွာများကို မူလက လာမည့် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ အဓမ္မဖျက်သိမ်းခိုင်းခဲ့ရာမှ ဇွန်လ ၂၀ ရက်နေ့ အထိ ပြောင်းလဲ တိုးမြှင့်ပေးလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင် ရတနာပုံမြို့သစ်စီမံကိန်း နယ်မြေအတွင်းရှိ သုံးတောင်ကျေးရွာ အပါအဝင် ရွာများကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားဖျက်သိမ်းရန် မူလ အမိန့်ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ဇွန်လ ၁၃ ရက်နေ့တွင်မူ ဒုတိယအကြိမ် ထပ်မံစာထုတ်၍ နောက်ဆုံးထား ဖျက်သိမ်းပေးရမည့်နေ့ရက်ကို ဇွန်လ ၂၀ ရက်နေ့သို့ ပြောင်းလဲ သတ်မှတ်ပေးလိုက်ကြောင်း သိရှိရသည်။

လတ်တလော စစ်တပ်က၏ အမိန့်ပေးစာတွင် သုံးတောင်ကျေးရွာမှ ပြည်သူများအနေဖြင့် သတ်မှတ်ရက်အတိုင်း အမြန်ဆုံး ဖယ်ရှားရွှေ့ပြောင်းကြရန် အမိန့်ပေးခဲ့ပြီး၊ အကယ်၍ သတ်မှတ်ရက်အတွင်း မပြောင်းရွှေ့ပါက စစ်တပ်က အင်အားသုံး ဖယ်ရှားမည်ဖြစ်ကာ မည်သည့်အိမ်ထောင်ပရိဘောဂ ပစ္စည်းကိုမျှ ယူဆောင်ခွင့်ပေးမည်မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။

“ရတနာပုံဆိုက်ဘာစီးတီး ပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့” ခေါင်းဆောင်၏ လက်မှတ်ဖြင့် နေအိမ်များ ဖျက်သိမ်းခိုင်းသည့် ဖယ်ရှားစာကို အိမ်ပိုင်ရှင်များထံ ပေးပို့ခဲ့ပြီးနောက်၊ စစ်ကောင်စီ လက်အောက်ခံ အိုးအိမ်ဦးစီးဌာနရုံးတွင် ရွာသားများကို ခေါ်ယူ၍ အိမ်ဖျက်သိမ်းရမည့် နောက်ဆုံးရက်ချိန်းကို အသိပေး၍ စစ်တပ်က အတင်းအဓမ္မ ဖိအားလာနေခြင်းဖြစ်သည်ဟု သိရှိရသည်။

"အခု ပြန်လည် စိစစ်ပေးမယ်လို့ ပြောတယ်။ ဒီကြားထဲ လိုအပ်သလောက်ပမာဏလောက်ပဲ ဖယ်ပေးရမယ်လည်း ပြောတယ်။ ဒါပေမယ့် အဲဒါတွေကလည်း အပြောစကားတွေပဲ။ လက်တွေ့ တိတိကျကျက တော့ ဇွန်လ ၁၅ ရက်နေ့အစား ဇွန်လ ၂၀ ရက်နေ့တိုးပေးထားတာ။ ပြင်ဆင်ချိန်တော့ ပိုရတယ်။ ရွာတွေ အကုန် ဖယ်ခိုင်းနေတာ။ အစိုးရမြေကို ကျူးကျော်နေတဲ့အထဲ ပါတယ်ဆိုပြီး ဖယ်ခိုင်းနေတာပါ" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လက်ရှိ စစ်တပ်က ဖယ်ခိုင်းနေသည့် မြေနေရာများမှာ ယခင်ကတည်းက အစဉ်အဆက် နေထိုင်ခဲ့ကြသော နေရာများဖြစ်ပြီး ယခင်က တောတောင်နေရာများကို မြေရှင်း၍ ပြည်သူများက ရွာတည်ကာ နေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဓားမဦးချမြေနေရာများဖြစ်ကြောင်း၊ ယခုအခါ စစ်တပ်က အစိုးရပိုင်မြေဟုဆိုကာ ပြည်သူများကို အတင်းအကျပ် ဖိအားပေး ပြောင်းရွှေ့ခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင် သားအဖ ပြန်လည် စတင်နေသည့် ရတနာပုံမြို့သစ်စီမံကိန်းကို သန်းရွှေခေတ်တွင် ရတနာပုံဆိုက်ဘာစီးတီးအဖြစ် စတင်ခဲ့သော်လည်း မအောင်မြင်ဘဲ ရပ်နားခဲ့ကြောင်း၊ ယင်းနောက် NLD အစိုးရလက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် မအောင်မြင်ဘဲ ဆက် လက်ရပ်ဆိုင်းခဲ့ပြီး အကြမ်းဖက် မင်းအောင် လှိုင်က ယင်းစီမံကိန်းကို သန်းရွှေခေတ်အချိန် စီမံကိန်းဒီဇိုင်းဖြင့် ပြန်လည် စတင်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်က စီမံကိန်းကို ပြန်လည်စတင်ချိန် သားဖြစ်သူ အောင်ပြည့်စုံက မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခွင့်နှင့် လုပ်ပိုင်ခွင့်များ ရရှိထားပြီး မြေကွက်အများအပြားလည်း ရယူထားသည်။

#KTM
#HlaingInfo
👎24🤬148🔥5😢1
နတ်တလင်းမှာ ဗုံးကြဲခံရလို့ ခင်ပွန်းဆုံးပြီးနောက် ဇနီးကို စစ်တပ်ကခေါ်ခိုင်းထားချိန် အဓမ္မပြုကျင့်ခံထားရတဲ့ပုံစံနဲ့ သေဆုံး

ဇွန်လ ၁၄ ရက်

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ သုခလှေဆိပ်မှာ ဗုံးကြဲခံရလို့ အသက်(၄၂) နှစ်အရွယ် ကိုထွန်းထွန်းဦး သေဆုံးခဲ့ရသလို သူ့ရဲ့ဇနီး မတင်မာဆွေမှာလည်း စစ်တပ်ကခေါ်ခိုင်းထားရာမှ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကျီးပင်ရွာ၊ တောင်ညိုဆည်၊ အောင်သုခလှေဆိပ် မှာ နေထိုင်တဲ့ အသက်(၂၈) နှစ်အရွယ် မတင်မာဆွေ ကို အဲဒီနားမှာ စခန်းချနေထိုင်နေတဲ့ စစ်တပ်ဂိတ်ကနေ ခေါ်ကာ ထမင်းဟင်းချက်ခိုင်းနေခဲ့ရာမှ ဇွန်လ (၁၀) ရက်နေ့မှာတော့ လှေဆိပ်ရှိ ကိုသန်းထွန်းကျွန်းခင်းထဲမှာ အပုပ်နံ့ထွက်လို့ ရှာဖွေကြည့်ရာက မတင်မာဆွေရဲ့ အလောင်းကို တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

မတင်မာဆွေရဲ့ အလောင်းဟာ ကိုင်တွယ်လို့မရအောင်ပုပ်ပွနေပြီး အဝတ်မပါကိုယ်လုံးတီးခန္ဓာကိုယ်နဲ့ ဖြစ်နေကာ အဓမ္မပြုကျင့်ခံထားရတဲ့ လက္ခဏာပုံစံတွေကိုလည်း တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"အဲနေရာက စကစအထိုင်စခန်းနားလဲဖြစ်တယ်။ စစ်ခေ--တွေက မုဒိန်းကျင့်တယ်လို့လည်း ကြားသိရတယ်" လို့ လူ့အခွင့်အရေးကူညီပေးနေတဲ့ဆရာမက ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုကားပြီး ပြောပါတယ်။

လက်ရှိမှာတော့ မတင်မာဆွေရဲ့ ရုပ်အလောင်းကို ဘယ်သူမှမကောက်ရဲကြသေးဘူးလို့ ဆိုပါတယ်။

"ဘယ်သူမှမကောက်ရဲကြပါဘူး။ ဒီအတိုင်းပါဘဲခေ--တွေနားမို့ပုံလည်း မရိုက်ရဲဘူး" လို့ လူ့အခွင့်အရေးကူညီပေးနေသူဆရာမက ဒို့ပြည်ကို ပြောပါတယ်။

မတင်မာဆွေရဲ့ ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်းဦးကတော့ ဧပြီလ(၁၀) ရက်နေ့က အောင်သုခလှေဆိပ်ကို စစ်တပ်လေကြောင်းကဗုံးကြဲတိုက်ခိုက်တာမှာ ဗုံးစထိမှန်သေဆုံးခဲ့ရသူဖြစ်ပြီး သူတို့မှာ သားသမီးနောက်ခံမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၁၆) ရက်နေ့ က စစ်တပ်ဟာ မကျီးပင်ရွာ၊ အောင်သုခစက်လှေဆိပ်ကိုမီးရှို့ခဲ့တာမှာ အိမ်ခြေ (၃၀) နီးပါးမီးလောင်ဆုံးရှုံးခဲ့ရပြီးနောက် စက်လှေဆိပ်ရှင်းလင်းဆောင်၊ ဘုရားကုန်းတို့မှာ ဘန်ကာဆောက်၊ ကတုတ်ကျင်းတူးပြီး အခိုင်အမာတပ်စွဲထားခဲ့တာလို့လည်း ဆိုပါတယ်။

ဒေသခံတွေ ဆည်မှဖမ်းဆီးရမိတဲ့ ငါးတွေကို သွားရောက်ရောင်းချရာမှာလည်း အဲဒီတပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို (၇)ရက် တပတ် (၁) သိန်း ပေးဆောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ-သေဆုံးလျှက် ပြန်တွေ့ရတဲ့ မတင်မာဆွေ
#ဒို့ပြည်
#HlaingInfo
🤬6113😢6😱2
အညံ့ခံ ဗိုလ်နဂါးကို အသုံးချပြီး တော်လှန်ရေးအင်အားစုများအကြား သွေးခွဲရန် စစ်ကော်မရှင်လုပ်ဆောင်လာ

ဇွန်လ ၁၄ ရက်

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စစ်ကော်မရှင်ထံ အညံ့ခံခဲ့သည့် ဗိုလ်နဂါးသည် လက်ရှိတွင် စစ်တပ်၏ ခိုင်းစေချက်အရ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ရဲဘော်များအကြား စိတ်ဝမ်းကွဲပြားစေရန်နှင့် တော်လှန်ရေးအပေါ် လူထုစိတ်ပျက်လာစေရန် ရည်ရွယ်သည့် ဝါဒဖြန့်စာများကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြလာကြောင်း သတင်းရရှိသည်။

"နဂါးရေးတာနေမယ် စစ်တပ်ကဘာတွေရေးပါဆိုပြီး နဂါးကို ခိုင်းပြီး ဝါဒဖြန့်ဖို့လုပ်တာနေမယ်။ အရေးအသားက နဂါးအရင်တုန်းက ရေးခဲ့တဲ့ အရေးအသားအတိုင်းပါပဲ " ဟု ဗိုလ်နဂါးနှင့် ရင်းနီးခဲ့သည့် အညာဒေသမှ ရဲဘော်တစ်ဦးက MPA သို့ မှတ်ချက်ပြုသည်။

ဗိုလ်နဂါးနှင့် နီးစပ်ခဲ့သည့် တော်လှန်ရေးရဲဘော်တစ်ဦး၏ ပြောပြချက်အရ ၎င်းသည် ယခင်က ပုဂ္ဂိုလ်ရေးဆန်သည့် ကိစ္စရပ်မျိုးများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားပြောဆိုလေ့ မရှိသလောက် ရှားပါးသော်လည်း၊ ယခုထွက်ပေါ်လာသည့် အရေးအသားမှာ ဗိုလ်နဂါး၏ မူလလက်ရာအတိုင်းပင် ဖြစ်နေကြောင်း သိရသည်။

ယင်းသည် စစ်ကော်မရှင်ဘက်က ဗိုလ်နဂါးအား ရှေ့တန်းတင်ကာ တော်လှန်ရေးအင်အားစုများကို ဝေဖန်တိုက်ခိုက်ခိုင်းသည့် ဝါဒဖြန့်ဗျူဟာတစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

ဗိုလ်နဂါး၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားချက်၌ ၎င်းအနေဖြင့် အတိတ်က ကူညီခဲ့ဖူးသည့် တော်လှန်ရေးညီအစ်ကိုများက စိတ်ပျက်အောင် ပြုလုပ်ခဲ့ကြသဖြင့် ယခုကဲ့သို့ ပုဂ္ဂိုလ်ရေးကိစ္စများကို ရေးသားရခြင်းဖြစ်ကြောင်း၊ မြန်မာ့လူမှုအဖွဲ့အစည်းတွင် စနစ်ပြဿနာထက် တော်လှန်ရေးသမားများ၏ အမူအကျင့်နှင့် စရိုက်ပြဿနာက ပိုမိုကြီးမားနေကြောင်း ပုံဖျက်လွှဲချကာ ရေးသားထားသည်။

၎င်းပြင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့က "Hnin Yape Nwai" အကောင့်ပိုင်ရှင် ကဗျာဆရာက ရဲဘော်လေးတစ်ဦးထံသို့ ငွေကျပ် သိန်း ၂၀ ကူညီခဲ့ဖူးပြီး၊ အဆိုပါရဲဘော်က ငွေပြန်မဆပ်ဘဲ လပေါင်းများစွာ တိမ်းရှောင်နေသည့်အပြင်၊ နောက်ပိုင်းတွင် ဗိုလ်နဂါး စစ်ကော်မရှင်ထံ အလင်းဝင်သွားသည်ဟု အကြောင်းပြကာ ငွေပြန်မပေးတော့ဘဲ ၎င်း၏ မကောင်းကြောင်းကိုပါ လူမှုကွန်ရက်တွင် ပြန်လည်ရေးသားခဲ့သည်ဟု ဗိုလ်နဂါးဆိုသူ Htin Linn အကောင့်ပိုင်ရှင်က စွပ်စွဲထားသည်။

အဆိုပါ ရေးသားချက်တွင် တော်လှန်ရေးခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများဖြစ်ကြသည့် ကိုဇက်၊ ကိုမြတ်သူ၊ ကိုသက်ကြီး၊ ကိုတေဇာစန်း၊ ကိုစိုးဝင်းဆွေ၊ ကိုဆာန်၊ ကိုဆောင်းခ၊ ကိုမျိုးရန်နောင်သိန်း စသည့် အမည်များကိုပါ ထည့်သွင်းဖော်ပြထားပြီး၊ ၎င်းတို့နှင့် အမှတ်တရများစွာ ရှိခဲ့ကြောင်း ရေးသားကာ တော်လှန်ရေးအသိုင်းအဝိုင်းအတွင်း သံသယများ ဖြစ်ပွားစေရန် ဖန်တီးထားသည်ကို တွေ့ရသည်။

ဗိုလ်နဂါးသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ကော်မရှင်ထံ လုံးဝအညံ့ခံသွားခဲ့ပြီး ဖြစ်သဖြင့်၊ ယခုကဲ့သို့ တော်လှန်ရေးရဲဘော်များ၏ ငွေကြေးကိစ္စနှင့် စရိုက်ပြဿနာများကို ထုတ်ဖော်ပြသလာခြင်းမှာ အောက်ခြေတော်လှန်ရေးသမားများကြား ယုံကြည်မှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုက တော်လှန်ရေးအပေါ် အားမလိုအားမရဖြစ်ကာ စိတ်ကုန်သွားစေရန် စစ်တပ်က နောက်ကွယ်မှ စနစ်တကျ ခိုင်းစေ၍ ဝါဒဖြန့်ခိုင်းနေခြင်းသာ ဖြစ်ကြောင်း ရှုမြင်သုံးသပ်နေကြသည်။
#MPA
#HlaingInfo
👎31🤬2510😁4😢1
နေပြည်တော် ရွှေကြာပင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က လိုင်စင်မဲ့ကားတွေ အသုံးပြုပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေ

ဇွန်လ ၁၄ ရက်

နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ခိုင်နဲ့ ရာအိမ်မှူးတွေက စစ်မှုထမ်းဖို့အတွက်လို့ဆိုကာ ညဘက်တွေမှာ လိုင်စင်မဲ့ကားတွေ အသုံးပြုပြီး လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပေါ်တာဆွဲခံရတဲ့ လူငယ်တွေကို ပြန်ရွေးချင်ရင် ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေဆီကနေ အနည်းဆုံး ငွေကျပ်သိန်း ၆၀ အထက်အထိ တောင်းခံပြီး ငွေညှစ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

"သူတို့က ညဘက်ဆို လိုင်စင်မဲ့ကားတွေနဲ့ ပတ်ပြီး လူငယ်တွေကို လိုက်ဖမ်းနေတာ၊ ဖမ်းမိတဲ့သူတွေကိုလည်း ပိုက်ဆံရှိတဲ့ အိမ်တွေဆိုရင် အနည်းဆုံး သိန်း ၆၀ ကျော်ပေးမှ ပြန်ရွေးလို့ရတယ်" လို့ ရွှေကြာပင်ရပ်ကွက်နေ ပြည်သူတစ်ဦးက မြို့တော်ကို ပြောပါတယ်။

ဒီလိုပေါ်တာဆွဲဖမ်းဆီးရာမှာ ရာအိမ်မှူးတွေဖြစ်တဲ့ ချစ်ဦးက Honda Insight ကား၊ ကျော်မင်းထွန်းက Honda Fit ကား၊ ထက်မျိုးအောင်က Toyota Alphard ကား စတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို အသုံးပြုနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ရွှေကြာပင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတွေဟာ လိုင်စင်မဲ့ ကားတွေနဲ့ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့အပြင် ရွှေကြာပင်ရပ်ကွက်၊ အိမ်အမှတ် (၂၃၉၅)၊ အောင်လင်းထွေးရဲ့ နေအိမ်မှာလည်း လိုင်းကြေးကောက်ပြီး လောင်းကစားဝိုင်းတွေကို ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

"အောင်လင်းထွေး အိမ်မှာလုပ်တဲ့ ဂျင်ဝိုင်းကိုလည်း သူတို့က လိုင်းကြေးယူပြီး ခွင့်ပြုပေးထားတာ၊ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက အဲ့ဒီဂျင်ဝိုင်းဆီကနေ တစ်ပတ်ကို လိုင်းကြေးအဖြစ် ၂ သိန်းကောက်တယ်၊ ငမန်းဂိမ်းဆိုင်ဆို တစ်လ ၃ သိန်း ကောက်တယ်" လို့ သူက ဆက်ပြောပါတယ်။

နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဟာ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအမိန့်ကို အသုံးချပြီး အရပ်သားပြည်သူတွေကို ပေါ်တာဆွဲ ငွေညှစ်နေတဲ့အပြင် ဒေသတွင်း လောင်းကစားဝိုင်းတွေဆီကပါ တစ်ပတ်တစ်ခါ လိုင်းကြေးယူပြီး ကိုယ်ကျိုးရှာနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

#Myotaw
#HlaingInfo
🤬532😱1😢1
ရန်ကုန်၌ အမျိုးသမီးတစ်ဦး ပေါ်တာဆွဲခံရပြီး ကလောစစ်သင်တန်းကျောင်းသို့ ပို့ခံရ

ဇွန်လ ၁၄ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦးသည် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံခဲ့ရပြီး၊ ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံထားရကြောင်း စုံစမ်းသိရှိရသည်။

စစ်တပ် ပေါ်တာဆွဲခံခဲ့ရသည် မစောယဉ်ထွေး အမြန်ဆုံးပြန်လည်လွတ်မြောက်စေရန် ၎င်း၏မိခင်ဖြစ်သူ ဒေါ်လှရင်က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့စွဲဖြင့် နေပြည်တော်ရှိ စစ်ကော်မရှင် (ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့) ဥက္ကဋ္ဌထံ လိပ်မူ၍ အသနားခံစာ ပေးပို့တင်ပြထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက် ၂၄ နှစ်အရွယ်ရှိ မစောယဉ်ထွေးသည် ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၈ ရပ်ကွက်၊ အနော်ရထာလမ်းရှိ ADORABLE LED မှန်အလှဆင် လုပ်ငန်းခွင်သို့ သွားရောက်စဉ် လမ်းခရီး၌ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ပြီး၊ ၎င်းနောက်ပိုင်းတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် မိသားစုက ဖုန်းဖြင့် လိုက်လံဆက်သွယ်စုံစမ်းရာတွင်မှ မစောယဉ်ထွေးသည် လမ်းခရီး၌ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ပြီး၊ လက်ရှိတွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်အခြေစိုက် အမှတ် (၈) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မန်ကတ်) သို့ ရောက်ရှိကာ စစ်သင်တန်း အတင်းအကျပ် တက်ရောက်နေရကြောင်း စုံစမ်းသိရှိရသည်။

"၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က ဇေကမ္ဘာဝင်းထဲမှာ မှန်သွားတပ်ပြီးအပြန်၊ ရွှေပေါက်ကံတံတားနားမှာ ကားငှားလို့မရလို့ စောင့်နေတုန်း အနောက်ကနေ တက္ကစီတစ်စီး လိုက်လာပြီး မစောယဉ်ထွေးနဲ့ နောက်တစ်ယောက်ကို ကားနောက်ဖုံးထဲ အတင်းထည့်ခေါ်သွားပါတယ်။ အဲ့ဒီနောက်မှာ နောက်ထပ် လူ ၃ ဦးကပါ ဝိုင်းဖမ်းခေါ်သွားတယ်လို့ မိဘတွေဆီ ဖုန်းဆက်ပြောခဲ့ပါတယ်။ လမ်းခရီးမှာတော့ ဗိုလ်တစ်ဦးက ကူညီပေးခဲ့လို့ ဖုန်းဆက်သွယ်နိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ လုံးဝအဆက်အသွယ် မရတော့ပါဘူး" ဟု ဖြစ်စဉ်အား သိရှိသူတစ်ဦးက MPA သို့ပြောသည်။

မစောယဉ်ထွေးသည် ကျန်းမာရေးမကောင်းမွန်သည့် မိဘနှစ်ပါးကို အနီးကပ်ပြုစုလုပ်ကျွေးနေရသည့် တစ်ဦးတည်းသောသမီး ဖြစ်ကြောင်း၊ ၎င်း၏ နေရပ်လိပ်စာအမှန်ဖြစ်သော ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၈) ရပ်ကွက်တွင်လည်း စစ်မှုထမ်းရန်အတွက် အလှည့် လုံးဝမကျသေးကြောင်း မိခင်ဖြစ်သူက အသနားခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

မိခင်ဖြစ်သူ ဒေါ်လှရင်က သမီးဖြစ်သူ၏ နေရပ်လိပ်စာအမှန်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌သာ ရှိခြင်းကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ ပုံမှန်အတိုင်း ဆင့်ခေါ်လာပါက နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်စေမည်ဖြစ်သော်လည်း၊ ယခုကဲ့သို့ စစ်မှုထမ်းရန် အလှည့်မကျသေးဘဲ လမ်းခရီး၌ မတရား ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခံရကာ စစ်သင်တန်းကျောင်းသို့ ရောက်ရှိနေခြင်းကြောင့် စစ်မှုထမ်းဆောင်ရမည့်ကိစ္စကို ယာယီရွှေ့ဆိုင်းပေးပါရန် အသနားခံ တင်ပြထားသည်။

အစပိုင်းတွင် အမျိုးသမီးများကို စစ်မှုထမ်းရန် မခေါ်ယူသေးကြောင်း စစ်ကော်မရှင်ဘက်က ထုတ်ပြန်ခဲ့သော်လည်း၊ လက်ရှိမြေပြင်တွင် အမျိုးသားများသာမက အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ပစ်မှတ်ထား၍ လမ်းပေါ်မှ နည်းမျိုးစုံဖြင့် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးကာ သင်တန်းကျောင်းများသို့ ပို့ဆောင်နေသည့် မြေပြင်အခြေအနေကို ယခုဖြစ်စဉ်က အထင်အရှား သက်သေပြနေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။

"ဒီဖြစ်ရပ်ကို ကြည့်ရင် စစ်မှုထမ်းဥပဒေထဲမှာပါတဲ့ ကင်းလွတ်ခွင့်တွေဖြစ်တဲ့ ဥပမာ- မိဘကို ပြုစုရမယ့် တစ်ဦးတည်းသောသမီး ဆိုတဲ့ အချက်တွေကို မြေပြင်အောက်ခြေတပ်ဖွဲ့တွေနဲ့ ဆင့်ခေါ်ရေးအဖွဲ့တွေက လုံးဝလိုက်နာခြင်း မရှိတော့တာ ပေါ်လွင်နေပါတယ်" ဟု ၎င်းက ပြောသည်။

တစ်ဖက်တွင်လည်း စစ်အင်အားပြည့်မီစေရန် လမ်းပေါ်မှ တွေ့ရှိသူများကို ကြုံသလို ပေါ်တာဆွဲ ဖမ်းဆီးနေရသည့်အထိ စစ်ကော်မရှင်၏ စစ်အင်အား လိုအပ်ချက် အကျပ်အတည်း မည်မျှအထိ ကြီးမားနေသည်ကို ပြသနေကြောင်း မြေပြင်စစ်ရေးလေ့လာသူများက သုံးသပ်ထားကြသည်။

#MPA
#HlaingInfo
🤬827😁3😱1😢1
မန္တလေး၊ စစ်ကိုင်းနှင့်ကချင်ပြည်နယ်အစပ် တိုက်ပွဲများတွင် ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ဗိုလ်မှူးချုပ် သူရ၀ဏ္ဏလှိုင် ဒဏ်ရာရရှိပြီး ခလရ ၄ တပ်ရင်းမှူး ဗိုလ်မှူးနေအောင်ထွန်း အပါအဝင် စစ်သား ၁၈ ဦးသေဆုံး

ဇွန်လ ၁၄ ရက်

မန္တလေး၊ စစ်ကိုင်းနှင့်ကချင်ပြည်နယ်အစပ် တိုက်ပွဲများတွင် ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ဗိုလ်မှူးချုပ် သူရ၀ဏ္ဏလှိုင် ဒဏ်ရာရရှိပြီး ခလရ ၄ တပ်ရင်းမှူး ဗိုလ်မှူးနေအောင်ထွန်း အပါအဝင် စစ်သား ၁၈ ဦးသေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၆ ခုနှစ်၊ မေလနှင့် ဇွန်လ ပထမပတ်အတွင်း မန္တလေးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေအတွင်း၌ ပြောက်ကျားတိုက်ပွဲပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းပြောက်ကျားတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၈ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၎င်းပြင် စစ်ဆင်ရေးနယ်မြေအတွင်း၌ ပြောက်ကျားတိုက်ပွဲများသာမက ရန်သူ့ယာဉ်တန်းများကို ခြုံခိုတိုက်ခိုက်မှု ၃ ကြိမ် ဆောင်ရွက်ခဲ့ရာ၊ စစ်ကောင်စီ၏ အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီးဖြစ်သူ ဗိုလ်မှူးချုပ် အောင်နိုင်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ မန္တလေးတိုင်းမှတစ်ဆင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်သို့ ဦးတည်၍ ထိုးစစ်ဆင်လျက်ရှိသော စစ်ကောင်စီစစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် မဟာမိတ်များက ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ၊ အမှတ် ၄ လေကြောင်းချီတပ်မဟာ ကွပ်ကဲမှုဌာနချုပ် တပ်မဟာမှူး ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင် ဒဏ်ရာရရှိသွားသဖြင့် ၎င်း၏နေရာတွင် အစားထိုးဝင်ရောက်လာသော အမှတ် ၄ လေကြောင်းချီတပ်မဟာ ကွပ်ကဲမှုဌာနချုပ် ဒုတပ်မဟာမှူးနှင့် ရန်သူ့ဒရုန်းတပ်ဖွဲ့ကို PDF တပ်ဖွဲ့ဝင်များက ထပ်မံ၍ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ ဒုတပ်မဟာမှူးလည်း ဒဏ်ရာအပြင်း အထန် ရရှိခဲ့ပြန်သည်။

တစ်ဆက်တည်းမှာပင် ထီးချိုင့်မြို့စစ်ဆင်ရေးတွင် ဦးဆောင်တိုက်ပွဲဝင်နေသော ခလရ ၄ တပ်ရင်းမှူး ဗိုလ်မှူးနေအောင်ထွန်းနှင့် တပ်ကြပ်အောင်ဇော်ဇော်တို့အား မန္တလေးတိုင်းအတွင်း တနေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များက သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု သိရှိရသည်။

ထို့ပြင် မြင်းခြံခရိုင်အတွင်းသို့ စစ်ကောင်စီဘက်မှ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာသောကြောင့် PDF တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲများအတွင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ တင်ဆောင်လာသော မော်တော်ယာဉ် ၂ စီး မီးလောင်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#KTM
#HlaingInfo
👏5717👍9😁3🥰1
ဘူးသီးတောင်မှာ ULA/AA နဲ့ ပြည်သူတွေ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်

ဇွန်လ ၁၄ ရက်

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝ အဆင်ပြေချောမွေ့စေရေးကို ရည်ရွယ်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ တံတားပြုပြင်တာနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘူးသီးတောင်မြို့နယ်၊ သဇင်မြေကျေးရွာ၊ ဂူတာပြင်ကျေးရွာ၊ သိနတောင်ပြင်၊ ညောင်ချောင်းနဲ့ လောင်းချောင်းကျေးရွာတွေမှာ ပျက်စီးနေတဲ့ တံတားတစ်စင်းကို AA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကျေးရွာသားတွေ ပူးပေါင်းပြီး ပြုပြင်မွမ်းမံခဲ့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တံတားဟာ ကျေးရွာအချင်းချင်း ဆက်သွယ်သွားလာရေးနဲ့ ဒေသခံပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားရေးလုပ်ငန်းတွေအတွက် အရေးပါတဲ့ အခြေခံအဆောက်အအုံတစ်ခုဖြစ်ပြီး၊ ပျက်စီးနေမှုကြောင့် သွားလာရေး အခက်အခဲတွေ ကြုံတွေ့နေရသဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ပကျေးရွာမှာ ULA/AA တာဝန်ရှိသူတွေက ဒေသခံကျေးရွာသားတွေနဲ့ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး၊ လူမှုစည်းလုံးညီညွတ်ရေးနဲ့ ပြည်သူတွေကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တံတားပျက်စီးနေတဲ့အတွက် သွားလာရေးအခက်အခဲတွေ ရှိခဲ့ပေမယ့် အခုလို ULA/AA နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ပြုပြင်ပေးလိုက်တဲ့အတွက် အဆင်ပြေသွားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လာရောက်ဆောင်ရွက်ပေးတဲ့အတွက် ကျေးရွာသားတွေအတွက် များစွာအကျိုးရှိပါတယ်” လို့ လောင်းချောင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ကျောက်စာတိုင်ကျေးရွာနဲ့ ဂူတာပြင်ကျေးရွာတို့ကို ဆက်သွယ်ထားတဲ့ ရွာချင်းဆက်လမ်းနဲ့ ပျဉ်အမျိုးအစား တံတားသစ်တည်ဆောက်ရေး လုပ်ငန်းတွေကို AA နဲ့ ဒေသခံတွေ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ ကျေးရွာအချင်းချင်း သွားလာရေးနဲ့ ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူစေဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ULA/AA နဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်တဲ့ အလားတူ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

#CJP
#HlaingInfo
47👍17😁6🥰1
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တွေ့ဆုံမည့်အစီအစဉ် လတ်တလော မသိရသေးဟု NUG နိုင်ငံခြားရေးဝန်ကြီး ပြော

ဇွန်လ ၁၄ ရက်

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရို (Ma. Theresa Lazaro) က တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တွေ့ဆုံရန် ရှိနေသော်လည်း လတ်တလော အဆိုပါအစီအစဉ်ကို အတိ အကျ မသိရသေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြား လိုက်သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက တိုင်းရင်းသားလက်နက်ကိုင် EAOs တပ်များနှင့် မကြာမီ ထိတွေ့ဆက်ဆံမည်ဟု ထုတ်ဖော်ပြောဆိုထားသော်လည်း လတ်တလော ဖိတ်ကြားမှု မရှိသေးဘဲ အတိ အကျ မသိရသေးကြောင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ- SCEF အထွေထွေအတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်၊ NUG နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလာခြင်းဖြစ်သည်။

“ဖိလစ်ပိုင်မှာက ကျမတို့ ဒီဘက်နှစ်ထဲမှာ Stakeholders Engagement Meeting ပေါ့နော်၊ ကျမတို့ NUG ရော တချို့တိုင်းရင်းသားအဖွဲ့တွေနဲ့ရော တွေ့ဆုံတာတော့ တစ်ကြိမ်လုပ်ခဲ့ပြီးပါပြီ။ ဒီနှစ်ထဲမှာပေါ့၊ နောက်ထပ်လည်း ဘယ်လိုတွေ့မလဲတော့ မသိဘူး။ ကျမတို့ကိုလည်း အခုချိန်အထိတော့ ဖိတ် ခေါ်တာ၊ ဖိတ်ကြားတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ဒါက အခုမှတော့မဟုတ်ဘူး။ ဒါက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တွေရဲ့ တာဝန်အရပေါ့၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ရော၊ NUG နဲ့ရော အခြား Stakeholders တွေနဲ့ပါ တွေ့ဆုံတာကတော့ ဖိလစ်ပိုင်မှာတော့ တစ်ကြိမ်လုပ်ခဲ့ပြီးပါပြီ။ ဒါကလည်း အာဆီယံဥက္ကဌရဲ့ လုပ်ငန်းတာဝန်လည်းဖြစ်တာကိုး။”ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုသည်။

တစ်ပြိုင်နက်တည်းမှာပင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) များနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးမည့်အပေါ် အာဆီယံလူ့အခွင့်အရေးပါလီမန်အမတ်များအဖွဲ့ (APHR) က ဇွန်လ ၁၀ ရက်နေ့တွင် ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။

ယင်းအစီအစဉ်သည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (5PC) အောက်တွင် အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုဆီသို့ ဦးတည်သည့် အဓိပ္ပာယ်ရှိသော ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း APHR က ရှုမြင်သည်။

အင်ဒိုနီးရှားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် APHR ဥက္ကဋ္ဌဖြစ်သူ မာစီ ခရစ္စတီ ဘာရန်းစ် (Mercy Chriesty Barends) က “အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာ့တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေတာဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာကို နှစ်ရှည်လများ ထိခိုက်စေခဲ့တဲ့ စစ်ကောင်စီကိုပဲ ဗဟိုပြုတဲ့ ဆက်ဆံရေးကနေ ခွဲထွက်လိုက်တာ ဖြစ်ပါတယ်” ဟု ထောက်ပြထားသည်။

ထို့အပြင် မည်သည့်ဆွေးနွေးမှုကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် ထိခိုက်ခံစားရသည့် အရပ်ဘက်လူထု အပါအဝင် တရားဝင်သက်ဆိုင်သူအားလုံးကို ကြိုတင်ကန့်သတ်ချက်မထားဘဲ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန်၊ စစ်ကောင်စီ၏ တရားဝင်မှုအတုအယောင် ဖန်တီးပေးမည့် လုပ်ငန်းစဉ်များတွင် အာဆီယံအနေဖြင့် အသုံးချမခံရန်လည်း APHR က တိုက်တွန်းတောင်းဆိုထားသည်။

#KTM
#HlaingInfo
👍4712😁4🥰2