Hlaing Info
53.1K subscribers
143K photos
5.93K videos
5 files
14.1K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
ဂန့်ဂေါနဲ့ ချင်းပြည်နယ်တောင်ပိုင်းကိုဆက်သွယ်ထားထားတဲ့လမ်း မြေပြိုလို့လမ်းပိတ်နေ

ဇွန်လ ၁ ရက်

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ကနေ ချင်းပြည်နယ်တောင်ပိုင်းကိုဆက်သွယ်ထားထားတဲ့ လမ်းမကြီးမှာ ယခုတလော မိုးကြီးပြီးမြေပြိုတာကြောင့် လမ်းပိတ်နေတယ်လို့ သိရပါတယ်။

မေလ ၃၀ ရက် ညပိုင်းကစလို့ မိုးသည်းထန်စွာရွာသွင်းတာကြောင့် ဂန့်ဂေါနဲ့ ရွေဇွာမြို့ကိုဆက်သွယ်ထားတဲ့ လမ်းမကြီး ၊ ဂန့်ဂေါ-အိုက်ကားလမ်း ၄၆ မိုင်တောင်ပြိုနေရာမှာမြေပြိုတာဖြစ်ပါတယ်။

လက်ရှိမှာ မိုးများအဆက်မပြတ်ရွာသွန်းနေသေးတာကြောင့် လမ်းပြုပြင်ဖို့အဆင်မပြေသေးကြောင်း နဲ့ လမ်းပွင့် ပါကပြန်လည်အသိပေးသွားမှာဖြစ်ကြောင်း ဇိုတုန်ဖက်ဒရယ်ကောင်စီ၊ လမ်းပြုပြင်ရေးတာဝန်ခံ Salai Thomas က ဆိုပါတယ်။

လတ်တလောလမ်းပျက်စီးမှုအခြေအနေနဲ့ပတ်သက်ပြီး Salai Thomas က “ လမ်းပျက်စီးတာများတယ်။ ဒါပေမယ့် မိုးတိတ်ပြီးဆက်မရွာရင်တော့ မနက်ဖြန်ပြန်ရှင်းနိုင်မှာပါ။”လို့ပြောပါတယ်။

အဆိုပါလမ်းပိုင်းမှာ ချင်းပြည်နယ်တောင်ပိုင်း သာမက ၊ မြောက်ပိုင်း ၊ လောက်တူဒေသ၊ ဇိုဖဲဒေသ ကအစ ထန်တလန်မြို့နယ်အထိ ဆက်သွယ်ပေးထားတဲ့လမ်းမကြီးဖြစ်ပြီး အလွန်အရေးကြီးတဲ့လမ်းမကြီးဖြစ်ပါတယ်။

#ZL
#HlaingInfo
😢38😱11🔥21
Breaking News- ရမ်းဗြဲမြို့အနီးကို စစ်အုပ်စု ညအချိန် ဗုံးလာကြဲ

ဇွန်လ ၁ ရက်

ရခိုင်ပြည်၊ ရမ်းဗြဲမြို့အနားကို ဒီကနေ့ညမှာ အကြမ်းဖက်စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးလာကြဲချခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၁ ရက်၊ ည ၈ နာရီခွဲလောက်မှာ ရမ်းဗြဲမြို့အနားကို အကြမ်းဖက်စစ်အုပ်စုရဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲချခဲ့တာလို့ ဒေသခံတွေက နိရဉ္စရာကို ပြောပါတယ်။

ဒေသခံတစ်ဦးက "ခုနက ချသံကြားရပါတယ်။ လေးလုံးလောက် ချသံကြားရတယ်။ ဘယ်နေရာတော့ မသိရသေးဘူး။ မြို့ပေါ်နဲ့ သိပ်မဝေးလောက်ဘူးထင်ပါတယ်"လို့ ပြောပါတယ်။

ဗုံးကြဲချသံတွေကို ပိန္နဲတောင်ဘက်ကကြားရတယ်လို့လည်း ပြောကြပါတယ်။

အသေးစိတ်အချက်အလက်တွေကို နိရဉ္စရာက ဆက်လက်စုံစမ်းနေပါတယ်။

ရမ်းဗြဲမြို့နယ်တဝိုက်ကို အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်တွေ မကြာခဏဝဲပျံလာနေတယ်လို့ သိရပါတယ်။

#NJ
#HlaingInfo
🤬604👍2👎1
အကြမ်းဖက်စစ်တပ်ရဲ့ ဆသလ (၂)တပ်ရင်း က အကြမ်းဖက်တပ်ကြပ် တစ်ဦးကို သရက်ခရိုင် အမှတ် ( ၃ ) တပ်ရင်းက ဖမ်းဆီးရမိ

ဇွန်လ ၁ ရက်

အကြမ်းဖက်စစ်တပ်ရဲ့ နတ်မောက်မြို့နယ် ဆသလ (၂)တပ်ရင်း က အကြမ်းဖက်တပ်ကြပ် တစ်ဦးကို မေ ၃၀ ရက် မနက် ၈ နာရီမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင် အမှတ် ( ၃ )ငါးပြေမတပ်ရင်း က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ထန်းပင်ကုန်းကြီးကျေးရွာနဲ့ ညောင်အိုင်ကျေးရွာကြား ခရိုင်ချင်းဆက်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဆသလ(၂)တပ်ရင်း က အကြမ်းဖက်တပ်ကြပ် ရန်နိုင် ကို နဖူးအပြဲဒဏ်ရာ တွေနဲ့ ဖမ်းဆီးရမိခဲ့တာလို့ အသိပေးထုတ်ပြန်ခဲ့တာပါ။

သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်း ရဲ့ စစ်ဆေးချက်အရ ဖမ်းဆီးရမိတဲ့ အကြမ်းဖက် တပ်ကြပ် က မေ ၂၉ ရက်မှာ အကြမ်းဖက် အမှတ် ( ၉၆၇ ) ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ) မီး/ရေ ဌာနမှ စက်မောင်းရာထူး နေ့စား တပ်သားကျော်ဦး နဲ့အတူ နတ်မောက်မြို့နယ် ရွှေပန်းတောကျေးရွာမှ လစာထုတ်ပြီးအပြန် လမ်းမှာစကားများရန်ဖြစ်ရာ တပ်သားကျော်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက် တပ်ကြပ်ရန်နိုင်နဲ့အတူ ဆသလ (၂)ကိုယ်ပိုင်ကဒ်ပြား ၊ ဖုန်း နဲ့ ငွေသား(၄၃၀၀၀၀) ကျပ်အားသိမ်းဆီးရရှိခဲ့ပါတယ်။

သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်း ကတော့ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု နဲ့ နီးကပ်စွာ သွားလာနေထိုင်ခြင်း မပြုကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားသွားလာမှုအား တွေ့ရှိ ပါက ခြေသံလုံလုံနဲ့ သွားလာနိုင်ရန် အထူးသတိထားစောင့်ထိန်းပေးကြဖို့အတွက် အသိပေးထား ပါတယ်။

#PVTV
#HlaingInfo
👏42👍183🔥1🥰1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦးသေဆုံး

ဇွန်လ ၁ ရက်

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၁ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၈ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
36👍15👏7😁1
‼️ ဇွန်လ ၁ ရက်နေ့ ၊ နေ့စဉ် သတင်းအကျဉ်းချုပ်‼️

01-အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ Taj Mahal ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူကိုယ်ကိုယ် နိုင်ငံတော်သမ္မတအဖြစ် သုံးနှုန်းပြီး အိန္ဒိယ ရင်းနှီးမြှုပ်နှံသူတွေကို အမျိုးမျိုးမက်လုံးပေး ဖိတ်ခေါ်ခဲ့ပါတယ်။

02-KNUမူတြော်ခရိုင် ဒွဲ့လိုးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် KNLAအမှတ် ၁၀၂တပ်ရင်း လက်အောက်ခံတပ်ဖွဲ့အား အကြမ်းဖက်စစ်ကောင်စီမှ မေလ ၂၈ရက်နေ့ မွန်းလွဲပိုင်း၃နာရီအချိန်ခန့်တွင် တိုက်ခိုက်ခဲ့တယ်လို့ KNUတပ်မဟာ၅ စစ်ရေးနီးစပ်သူတစ်ဦးထံမှသိရှိရသည်။ 

03-KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင် (မူတြော်ခရိုင်) ကတိုင်တိသို့ အင်အား ၂၀၀၀ကျော်ပါ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းများသည်ကတိုင်တိအောက်ဘက်ရှိ မိုင် ၄၀အထိ တပ်ဖြန့်ချထားသည်ဟု KNLAတပ်မှူးတစ်ဦးမှပြောသည်။

04-အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဧရာဝတီတိုင်းမှာ စစ်မှုထမ်းသက်တမ်း ၂ နှစ်ပြည့်တဲ့ အပတ်စဥ် ၂ နဲ့ ၃ တွေက ပြည်သူ့စစ်မှုထမ်း(ပစ)တွေမှာ နေရပ်ကိုပြန်ခွင့်မရဘဲ ရှေ့တန်းစစ်မြေပြင်ကိုသာ ပို့ဆောင်ခံနေရတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

05-သားဖြစ်သူ အောင်ပြည့်စုံအား လုပ်ကိုင်ခွင့်ပြုထားသည့် ရတနာပုံမြို့သစ်စီမံကိန်းတွင် အိန္ဒိယလုပ်ငန်း ရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်သည်။

06-မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ကြီးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့များက လမ်းသွားလမ်းလာနှင့် အလုပ်သွားအလုပ်ပြန် ပြုလုပ်နေသည့် လူငယ်များကို နေ့စဉ်နှင့်အမျှ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြုလုပ်လာနေကြောင်း ဒေသခံပြည်သူများနှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ လက်ခံရရှိထားသည့် သတင်းအချက်အလက်များအရ သိရသည်။

07-စစ်ခုံရုံးစီရင်ချက်များဖြင့် မတရားဖမ်းဆီးကာ ထောင်ဒဏ်အသီးသီး ချမှတ်ခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးလွတ်မြောက်ရေးနှင့် စစ်ကောင်စီကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သဖြင့် တရားမဝင်ကြောင်း အာဆီယံနိုင်ငံများသို့ တောင်းဆိုသည့် ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို Burmese Exile Movement အဖွဲ့နှင့် မဟာမိတ်များက ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့နှင့် Bangkok Pride ၂၀၂၆ လူထုလမ်းလျှောက်ပွဲ အခမ်းအနားတို့တွင် ပူးပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

08-ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်ကတော့ ဇွန် ၁ ရက် ကနေ ၇ ရက်နေ့ အထိ ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းမှာလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး တိုင်းနဲ့ပြည်နယ် ၁၀ခုမှာ မိုးရွာနိုင်တယ်လို့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

09-အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နဲ့ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း တို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအ ဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး(၅/၂၀၂၆)ကို မေ ၃၁ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြ ပါတယ်။

10-ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက် (A) အပိုင်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်အချို့က ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုကာ ဒေသခံပြည်သူများထံမှ ငွေကြေးအဓမ္မကောက်ခံခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်နေကြောင်း ရပ်ကွက်အတွင်းရှိ ဒေသခံ ပြည်သူများထံမှ သိရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
24👍14🔥7
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Hlaing Info ဝိုင်းတော်သားများမှ ကတိပြုပါသည်။

ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတို့တွင် အသက်သွေးချွေးများ စွန့်လွှတ်အနစ်နာခံ၍ ဘဝများ ရင်းနှီးပေးဆပ်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းများ၏ ဝိညာဉ်များကို အောက်မေ့သတိရတိုင်တည်လျက်  လေးနက်စွားကတိသစ္စာပြုအပ်ပါသည်။

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

Good night ပါခင်ဗျာ။

#HlaingInfo
54👍4🔥2🥰2
မင်္ဂလာနံနက်ခင်းပါ....
ကျန်းမာရွှင်လန်းကြပါစေ....

ပူပင်သောကတွေ ကင်းဝေးပီး
ပျော်ရွှင်ချမ်းမြေ့သော
နေ့ရက်လေး ဖြစ်ပါစေ....

စိတ်ဆင်းရဲခြင်း
ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးပီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့်
မိမိတို့၏ ခန္ဓာ့ဝန်ကို လွယ်ကူစွာ
ရွက်ဆောင်နိုင်ကြပါစေ....

ဘေးရန် ရောဂါ ကင်းစင်ကွာ၍
လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ....

Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏🙏🙏

#HlaingInfo
67👍10🔥2🥰2
မင်းအောင်လှိုင်၏ တဆင့်နိမ့် ခရီးစဉ်
******

မင်းအောင်လှိုင် အဖို့ မျက်နှာ မလှ ဖြစ်ခဲ့ရသည်က ၎င်း၏ ခရီးစဉ် အတွင်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခဲ့ သော တရုတ်နယ်စပ် အနီး ပေါက်ကွဲမှု ကြီးက နိုင်ငံတကာ သတင်းစာမျက်နှာ များ ကို ဖုံးလွှမ်းသွားခြင်းပင် ဖြစ်သည်။

အိန္ဒိယ ၏ ကြိုဆိုမှု ကလည်း သံတမန်ရေး အရ အဆင့် နိမ့်ချ ထားသည်ကို တွေ့ရသည်။ ထုံးတမ်းစဉ်လာ ဖြစ်သော နှစ်နိုင်ငံ ခေါင်း‌ ဆောင်များ ထွက်၍ ဝန်ကြီးချုပ် မိုဒီ နှင့် အတူ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို လည်း အတိမ်းအစောင်း မခံနိုင်‌ သော အခြေအနေ များ ကြောင့်ဟု ဆိုကာ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။

အလားတူ လုပ်ရိုး လုပ်စဉ် ဖြစ်‌ သော အလည်အပတ် ရောက်ရှိ နေသည့် နိုင်ငံတော် အကြီး အကဲ တဦး အား ညစာ စားပွဲ ဖြင့် တည်ခင်း ဧည့်ခံရန် ရှိသည်ကို လည်း ခရီးစဉ် အတွင်း ချန်လှပ်ထားခဲ့သည်ဟု သိရသည်။
(ကွန်မန့် တွင် ထိုစဉ်က အိန္ဒိယ သမ္မတ ရှရီ ရမ်းနတ် ကိုဗင် က သမ္မတကြီး ဦးဝင်းမြင့်အား ၂၀၂၀ ဖေဖေါ်ဝါရီ ၂၉ ရက်က ညစာစားပွဲ ဖြင့် တည့်ခင်းဧည့်ခံသည်ကို တွေ့နိုင်သည်။)

ဒေလီသည် သမ္မတ တု အဖြစ် နာမည်ဆိုး ဖြင့် ကျော်ကြားနေသော မင်းအောင်လှိုင်အား နိုင်ငံရေးအရ အပြည့်အဝ ထောက်ခံအားပေးခြင်းမျိုးအထိ ဖြစ်မသွားရန် သတိကြီးစွာ ထားခဲ့ပြီး တဖက်တွင်လည်း ၎င်းလိုလားနေသည့် နိုင်ငံတကာ အသိအမှတ် ပြုမှု ဆိုသည့် ပုံရိပ်ကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်ဟု အိန္ဒိယ ရှိ လေ့လာသူများက ဆိုသည်။

တကယ်တမ်း တွင် ဇွန်လ ၁ ရက် နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် အိန္ဒိယနိုင်ငံက ဦးဆောင်ဖွဲ့စည်းထားသော International Big Cat Alliance (IBCA) — အပြည်ပြည်ဆိုင်ရာ ကြောင်မျိုးနွယ်ကြီးများ မဟာမိတ်အဖွဲ့ ထိပ်သီး အစည်းအဝေးကို တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ထို အဖွဲ့ကြီး၏ အဓိက ရည်ရွယ်ချက်မှာ ၎င်း၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာပေါ်ရှိ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသော "ကြောင်မျိုးနွယ်ကြီး (Big Cats) ၇ မျိုး" ကို ရေရှည်ကာကွယ်စောင့်ရှောက်ရန်နှင့် ၎င်းတို့ ကျင်လည်ကျက်စားရာ ဂေဟစနစ်များကို ထိန်းသိမ်းရန် ဖြစ်သည်။


သို့သော် အာဖရိက တွင် ဖြစ်ပွားနေသော အီဘိုလာ ကူးစက် ရောဂါကြောင့် အစည်းအဝေးကို့ ရွှေ့ဆိုင်းလိုက်ရ၍  "ကြောင်ချီး" သာ ရောက်လာခဲ့ခြင်း ဖြစ်သည်။

မိုဒီက ၎င်း နှင့် တွေ့ဆုံခဲ့စဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် အကြောင်း ထည့်သွင်း မေးမြန်းခဲ့ပြီး အိန္ဒိယနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ အားလုံးပါဝင်နိုင်မှုနှင့် သက်ဆိုင်သူအားလုံး ဆွေးနွေးပွဲဝိုင်းသို့ ရောက်ရှိလာရေး လိုအပ်ချက်တို့ကို အစဉ်တစိုက် ပံ့ပိုးကူညီပေးနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန အတွင်းဝန် ဗစ်ကရမ် မစ်ဆရီက သီးခြား ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ထည့်သွင်း ပြောကြားခဲ့သည်။

မင်း အောင်လှိုင်က မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေကို အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်ကိစ္စရပ်မျိုးအတွက်မျှ အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း ကတိကဝတ်ကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍39😁165
အကြမ်းဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်အရေးကိစ္စ အိန္ဒိယဝန်ကြီးချုပ်မိုဒီက မေးမြန်းဆွေးနွေးဟုဆို

ဇွန်လ ၂ ရက်

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော အကြမ်းဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် အိန္ဒိယဝန်ကြီးချုပ် မိုဒီက လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း  အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗစ်ကရမ် မစ်ဆရီက သတင်းထောက်များကို ပြောကြားသည်။

ယမန်နေ့ အကြမ်းဖက် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံမှုနှင့်ပတ်သက်သော  သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို မေးမြန်းခဲ့ကြသဖြင့် နိုင်ငံခြားရေးအတွင်းဝန် ဗစ်ကရမ် မစ်ဆရီက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အရေးကိစ္စကို မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ထည့် သွင်း ဆွေးနွေးခဲ့ကြောင်း၊ သို့ရာတွင် ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကိုမူ အိန္ဒိယအစိုးရက ထုတ် ဖော်ပြောဆိုခြင်းမပြုပေ။

နှစ်နိုင်ငံ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခင်းအကျင်းအပေါ်တွင်သာ အဓိကထားပြီး အလွတ်သဘော အပြန်အလှန် စကားပြောဆိုခဲ့ကြကြောင်း၊ အိန္ဒိယ၏ ရပ်တည်ချက်မှာ မြန်မာနိုင်ငံတွင် ရေရှည်တည်ငြိမ်သည့် ငြိမ်းချမ်းရေးရရှိရန်၊ အားလုံးပါဝင်နိုင်ရန်နှင့် သက်ဆိုင်သူအားလုံး ဆွေးနွေးပွဲဝိုင်းသို့ ပါဝင်လာရန်တို့ကို အစဉ်တစိုက် ထောက်ခံအားပေးနေခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးအတွင်းဝန်က ရှင်းပြသည်။

"ကျွန်တော်တို့အနေနဲ့ အလေးအနက် ပြောချင်တာက အိန္ဒိယရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုဟာ မြန်မာပြည် တွင်းက နိုင်ငံရေးအစီအမံတွေအပေါ်မှာ ဝေဖန်သုံးသပ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး" ဟု အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောဆိုသည်။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်စီမံခန့်ခွဲမှုနှင့် ဒေသတွင်းအခြေ အနေများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြကြောင်း၊ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေး၊ စွမ်းအင်ကဏ္ဍနှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော အဆင့်မြင့်နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်ဖက်စလုံးက စိတ်ဝင်စားကြောင်း ပြောဆိုကြသည်ဟု သိရှိရသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အိန္ဒိယက ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး  တစ်နိုင်ငံ၏ ပိုင်နက်နယ်မြေကို တစ်ဖက်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေမည့် လုပ်ငန်းများအတွက် အလွဲသုံးစားလုပ်ခွင့် မပေးရန် အရေးကြီးကြောင်း နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်ဟု သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်ကလည်း မြန်မာ့နယ်မြေကို အိန္ဒိယ၏ လုံခြုံရေးအကျိုးစီးပွားကို ဆန့်ကျင်သည့်နေရာတွင် အသုံးပြုခွင့်ပေးမည်မဟုတ်ဟု အခိုင်အမာ အာမခံချက် ပေးခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယနှင့် မြန်မာသည် ကီလိုမီတာ ၁,၆၄၀ ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေခြင်းဖြစ်သော ကြောင့် ယခုလုံခြုံရေးကိစ္စသည် အိန္ဒိယအတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

#KTM
#HlaingInfo
👍37😁125🔥3🤔2
ခင်ဦးမြို့နယ်၊ ရှေးဟောင်း ရွှေလင်းပင် ဘုန်းကြီးကျောင်းနှင့်စေတီကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု အဘိုးနှင့်အဘွား ၂ ဦးသေဆုံးပြီး ဘုရားပုထိုးစေတီနှင့် ကျောင်းဆောင်များ ပျက်စီး

ဇွန်လ ၂ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ရှေးဟောင်းဆီပုတ္တရာမြို့ဟောင်းသို့  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်း ဝေယျာဝေစ္စလုပ်ကိုင်နေသည့် သက်ကြီးရွယ်အို ၂ ဦး သေဆုံးပြီး ရှေးဟောင်းသာသနိကအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၁ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ခင်ဦးမြို့နယ်၊ ရှေးဟောင်းဆီပုတ္တရာမြို့ဟောင်းရှိ ရွှေလင်းပင်စံကျောင်းသို့ ရွှေဘိုလေ့ကျင့်ရေး ၈ မှ အသေခံဒရုန်း ၄ စီးဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်၏ ဒရုန်းဗုံးများက ရွှေလင်းပင်စံကျောင်းရှိ  ဆွမ်းစားကျောင်းဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေ့ဆွမ်းကပ်ပြီးနောက် သန့်ရှင်းရေးလုပ်ကိုင်နေသည့် အသက် ၇၀ နှစ်ခန့် အဘိုးတစ်ဦးနှင့် အသက် ၆၀ ကျော်ခန့် အဘွားတစ်ဦးတို့ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

စစ်တပ်၏ အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ရှေးဟောင်းစေတီပုထိုးများနှင့် ဘုန်းကြီးကျောင်းဆောင်များလည်း အပြင်းအထန် ပျက်စီးခဲ့ရသည်။

"တိုက်ပွဲမရှိ စစ်ကြောင်းမရှိဘဲ ခင်ဦးမြို့နယ်အတွင်းရှိ ရှေးဟောင်း ဆီပုတ္တရာမြို့ဟောင်းရှိ ရွှေလင်းပင် စံကျောင်းကို အကြမ်းဖက် စကမ ရွှေဘို လေ့ကျင့်ရေး ၈ မှ လွှတ်တင်တဲ့  ဒရုန်း ၄ စီးနဲ့ လေ ကြောင်း တိုက်ခိုက် ခံခဲ့ရတာပါ။ ဆွမ်းစားကျောင်းဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေ့ဆွမ်း ကပ်ပြီး ဆွမ်းစားကျောင်းဆောင် သန့်ရှင်းရေး ဝေယျာဝေစ္စ လုပ်ကိုင်နေသည့် အသက် ၇၀ နှစ်ခန့် အဘိုးတစ်ဦးနှင့် အသက် ၆၀ ကျော်ခန့် အဘွားတစ်ဦးတို့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရပါတယ်"ဟု ခင်ဦးဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် ဒရုန်းအသုံးပြု တိုက်ခိုက်မှုများမှာ ဆက် တိုက်ဆိုသလို ဖြစ်ပွားနေပြီး လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း အလားတူ အရပ်သားပြည်သူများ သေဆုံးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

မေလ ၂၁ ရက်နေ့ ည ၉ နာရီအချိန်ခန့်ကလည်း ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာရှိ စစ်ရေးပစ်မှတ်မဟုတ် သော အရပ်သားပြည်သူများကို တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာ ၁ စီး၊ ရွှေဘိုလေ့ကျင့်ရေး ၈ မှ ဒရုန်း ၂ စီးတို့ဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အသက် ၄၅ နှစ်နှင့် ၂၀ နှစ်အရွယ် အမျိုးသား ၂ ဦး၊ အသက် ၆၂ နှစ်နှင့် ၂၇ နှစ်အရွယ် အမျိုးသမီး ၂ ဦး စုစု ပေါင်း ပြည်သူ ၄ ဦး သေဆုံးခဲ့ရပြီး ပြည်သူ့နေအိမ် ၂၀ ကျော် ပြိုပျက်၊ မီးလောင်ပျက်စီးခဲ့သည်။

ထို့အပြင် မေလ ၂၀ ရက်နေ့ကလည်း အဆိုပါရွှေဘိုလေ့ကျင့်ရေး ၈ မှ ဒရုန်း ၂ စီးဖြင့် အရပ်သားများ၏ နေအိမ်နှင့် ဆိုင်ခန်းများကို ဗုံးသီးချ တိုက်ခိုက်ခဲ့သဖြင့် အဆောက်အအုံများ ဆုံးရှုံးခဲ့ရသည်။

#KTM
#HlaingInfo
🤬635😢4🔥1
ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့ အတွက် "81 for 81” လှုပ်ရှားမှု သားဖြစ်သူက စတင်လုပ်ဆောင်

ဇွန်လ ၂ ရက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုကင်အဲရစ် (Kim Aris) က မိခင်ဖြစ်သူ လက်ရှိတွင် အသက်ထင်ရှားရှိနေသေးကြောင်း မြန်မာစစ်တပ်အနေဖြင့် ခိုင်လုံစွာ သက်သေပြရန် တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူ၏ အခြေအနေကို လူထု ပိုမိုသတိပြုမိလာစေရန် ရည်ရွယ်သည့် "81 for 81” ကမ်ပိန်းတစ်ခုကို စတင်လိုက်သည်။

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ကို အကြောင်း ပြု၍ အသက် ၄၉ နှစ်အရွယ် ကိုကင်အဲရစ်သည် “81 for 81” အမည်ရှိ လှုပ်ရှားမှုကို စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလှုပ်ရှားမှုတွင် ပြည်သူများအနေဖြင့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် အပြေးပြိုင်ခြင်းများဖြင့် ပူးပေါင်းပါဝင်ကြရန် နှိုးဆော်ထားပြီး ၎င်းကိုယ်တိုင်လည်း တစ်ရက်အတွင်း စကိတ်စီး၍ ၈၁ ကီလိုမီတာ ဖြတ်သန်းကာ ပါဝင်သွားမည်ဟု ဆိုသည်။ စိတ်ဝင်စားသူများအနေဖြင့် ခြေလှမ်း ၈၁,၀၀၀ လှမ်းခြင်း၊ ၈၁ ကီလိုမီတာ ပြေးခြင်း သို့မဟုတ် ၈၁ မိုင် စက်ဘီးစီးခြင်း စသည့် "81" ခေါင်းစဉ်အောက်မှ စိန်ခေါ်မှုများတွင် တစ်ပိုင်တစ်နိုင် ပါဝင်နိုင်ကြောင်း တိုက်တွန်းထားသည်။

ကိုကင်အဲရစ်က "သားတစ်ယောက်အနေနဲ့ ကျွန်တော် မေးချင်တဲ့ မေးခွန်းတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ‘ကျွန်တော့်မိခင် အသက်ရှင်သေးရဲ့လား ဆိုတာပါပဲ။ အကယ်၍ ကျွန်တော့်မိခင်သာ အသက်ရှင်နေသေးရင် စစ်ကောင်စီအနေနဲ့ ဘာဖြစ်လို့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေကို အတည်ပြုခွင့်မပေးနိုင်ရတာလဲ" ဟု မေးခွန်းထုတ်ခဲ့သည်။

ထို့ပြင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦးကို ဖမ်းဆီးထားပြီး အသက်ထင်ရှားရှိကြောင်း သက်သေမပြနိုင်သည့်အပြင် ပွင့်လင်းမြင်သာမှုနှင့် အခြေခံလူ့အခွင့်အရေးများကို လျစ်လျူရှုနေသော အစိုးရတစ်ရပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသင့်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက ထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံရေးအရ လုပ်ကြံစွဲဆိုထားသည်ဟု ယူဆရသော အမှုပေါင်းများစွာဖြင့် ထောင်ဒဏ်များ ချမှတ်ခံထားရသည်။ ၅ နှစ်ကျော်ကြာ တစ်ဦးတည်း သီးခြားချုပ်နှောင်ခံရပြီးနောက် ယခုလအစောပိုင်းတွင် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်အထိ မိသားစုဝင်များ သို့မဟုတ် ရှေ့နေများနှင့် တွေ့ဆုံခွင့်မရသေးသလို လူမြင်ကွင်းသို့လည်း ထွက်ပေါ်လာခြင်း မရှိသေးပေ။

စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များခြံရံလျက် သစ်သားခုံတန်းတစ်ခုပေါ်၌ ဒေါ်အောင်ဆန်းစုကြည် ထိုင်နေသည့် ဝေဝါးသော ဓာတ်ပုံတစ်ပုံ ထုတ်ပြန်ခဲ့သော်လည်း အဆိုပါဓာတ်ပုံမှာ ရက်စွဲမပါရှိဘဲ အလွယ်တကူ လုပ်ကြံဖန်တီးထားနိုင်ကြောင်း ကိုကင်အဲရစ်က ထောက်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း စုစုပေါင်း အကျဉ်းချခံထားရမှု သို့မဟုတ် နေအိမ်အကျယ်ချုပ် သက်တမ်း ၂၀ နှစ်ခန့် ရှိလာခဲ့ပြီဖြစ်သည်။

အဆိုပါ လှုပ်ရှားမှု ပေါ်ပေါက်လာချိန်သည် အကြမ်းဖက် မင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကော်ဇောနီခင်း ကြိုဆိုခဲ့မှုအပေါ် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာလေ့လာသူများက ဝေဖန်ခဲ့ကြပြီး Justice For Myanmar အဖွဲ့ကလည်း ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် မင်းအောင်လှိုင်တို့ ဟိုက်ဒရာဘတ်အိမ်တော် (Hyderabad House) တွင် တွေ့ဆုံစဉ်အတွင်း ဝန်ကြီးချုပ် မိုဒီက ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ထိန်းသိမ်းခံထားရသည့်ကိစ္စကို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်စဉ်များနှင့် ချိတ်ဆက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗီကရမ် မစ်ဆရီ (Vikram Misri) က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

#KTM
#HlaingInfo
82👍4🔥2😁2🥰1
"ကျွန်တော်တို့ဟာ ပြည်သူအပ်နှင်းတဲ့ တရားဝင်မှုကို လေးနက်စွာ ဆက်လက်ခံယူကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့ရွေးကောက်ပွဲက ဆင်းသက်တဲ့ တရားဝင်ဖြစ်မှုကနေ ပြည်သူ့ကိုယ်စားပြုပြည်ထောင်စုလွှတ်တော်ဆီကို အကြွင်းမဲ့သက်ရောက်စေဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ပြည်သူက အပ်နှင်းထားတဲ့ တရားဝင်မှုနဲ့ ယုံကြည်မှုကို ကောင်းစွာခံယူပြီး၊ ပြည်သူ့လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်ကြဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူ့လုပ်ငန်းစဉ်လို့ ပြောတဲ့အခါ (၁) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပပျောက်ရေး (၂) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတို့ ပါဝင်ကြပါတယ်။"

ဒူဝါလရှီးလ
နိုင်ငံတော်ယာယီသမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

(ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ်အစည်းအဝေးတွင် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်)

#PVTV
#HlaingInfo
72👍3😁2👎1🔥1
စစ်ရှောင်ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ မေရီလန်း၌ ကျင်းပမည်

ဇွန်လ ၂ ရက်

အဆိုတော် L လွန်းဝါ ပါဝင်သီဆိုဖျော်ဖြေမည့် ရန်ပုံငွေဂီတပွဲကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်ရှိ Hammond High School Columbia ကျောင်း၌ ဇွန်လ၂၇ ရက် ညနေ ၆ နာရီမှ ၉ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“လက်မှတ် တစောင်ကို ၁၅၀- ၁၀၀- ၅၀ ဆိုပြီး ၃ မျိုး သတ်မှတ်ထားတယ်။ ၁၅၀ (ဒေါ်လာ) တန် လက်မှတ်ဝယ်ရင် အမေစုပုံပါတဲ့ တီရှပ်တထည် လက်ဆောင်ပေးမယ်" ဟု ပွဲစီစဉ်သူတဦးဖြစ်သည့် ဦးယဉ်ထွေးက ပြောသည်။

ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲတွင် အဆိုတော် L လွန်းဝါ၊ ကျော်သီဟ၊ ဒေါက်တာ ခိုင်ဇင်ဆန်းနှင့် ချင်းတိုင်းရင်းသူ၂ ဦး ပါဝင်မည် ဖြစ်သည်။

Women For Myanmar (D.C Metro Area) မှ ခေါင်းဆောင်တဦးဖြစ်သူ မမူက “စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒုက္ခရောက်နေတဲ့ ပြည်သူပြည်သားတွေ၊ ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊ နေစရာမရှိတဲ့ ပြည်သူပြည်သားတွေကို ကျမတို့ တဖက်တလမ်းကနေ ကူညီဖို့အတွက် ဒီပွဲ လုပ်ရတာဖြစ်တယ်" ဟု ပြောသည်။

Women For Myanmar သည် မြန်မာနိုင်ငံ၌ စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ ရန်ပုံငွေဈေးရောင်းပွဲများ နှစ်စဉ်ပြုလုပ်နေသော အဖွဲ့လည်း ဖြစ်သည်။

#TIR
#HlaingInfo
65🥰12👍7🔥2
ကချင်ပြည်နယ်တွင် တစ်ပတ်အတွင်းတိုက်ပွဲ ၄၀ ထက်မနည်းဖြစ်ပွား၊ ရွေးတုစစ်တပ် ထိခိုက်သေဆုံးမှုများသည်ဟုဆို

ဇွန်လ ၂ ရက်

စစ်ကော်မရှင်တပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကချင်ပြည်နယ်တွင် တိုက်ပွဲအကြိမ် ၄၀ ခန့်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

KIA တပ်မဟာ (၁၁) နယ်မြေဖြစ်သည့် ရွှေကူ - ငါးအိုး - မဘိမ်းကားလမ်းတလျှောက် ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၂၆ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ဒရုန်းနည်းပညာကို အဓိကအားပြုပြီး ခုခံတိုက်ခိုက်နေသည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

"ရွှေကူဘက်မှာတော့ သူတို့စစ်ကြောင်းထိုးနေတယ်၊  မဘိမ်းဘက်ကို တစ်ကြောင်း၊ ရွှေကူဘက်တော့ နှစ်ကြောင်းထိုးနေကြတာ၊  အဓိကကတော့ ဒရုန်းနဲ့ ခြုံခိုတိုက်ခံရတာပိုများတယ်လေ။ စစ်ကြောင်းတစ်ကြောင်းမှာက နှစ်ရာကျော်ကျော်ပါတယ်၊ သေတာအရမ်းများတယ် သူတို့ဘက် ပစတွေပဲ အသစ်စက်စက်တွေ၊ ဘာမှမသိဘူး ဟိုတလောကမှ သင်တန်းဆင်းထားတဲ့ ပစတွေချည်းပဲ။ အဲဒါကြောင့်တစ်နေ့မှာ နှစ်ဆယ်သုံးဆယ်လောက်တော့ သေတယ်၊ ဘယ်လောက်သေသေ ထပ်တိုးလာတာချည်းပဲ" ဟုပြောသည်။

စစ်ကော်မရှင်တပ်က ရွှေကူမြို့ဘက်သို့ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး ပြီးခဲ့သည့်ရက်သတ္တပတ်က KIA တပ်မဟာ ၁၁ နယ်မြေရှိ နောင်ပင်၊ မန်လေး၊ မန်နားလေး၊ တုံကွာနှင့် ခတ်ခုံးကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဗန်းမော်မြို့တွင် တိုက်ပွဲလေးကြိမ်ခန့်ဖြစ်ပွားခဲ့သည့်အပြင် ပေါက်ကုန်းရပ်ကွပ်နှင့် ရိုးကြီးကျေးရွာဘက်တွင် ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ဂျက်ဖိုက်တာဖြင့် သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဗန်းမော်မြို့ရှိ KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

"ရိုးကြီး၊ ပေါက်ကုန်းဘက်မှာလာပစ်တာ၊ သုံးကြိမ်ပစ်တယ်၊ ထိခိုက်တာတော့ မရှိဘူး။ စစ်တပ်ဘက်ကတော့ တစ်နေကုန်မဟုတ်ရင်တောင် တစ်နာရီ၊ နှစ်နာရီကြာရင် ထိုးစစ်ဆင်လာတာ နေ့တိုင်းအဲလိုပါပဲ။ ထူးခြားတာ ဘာမှမရှိသေးဘူး” ဟုပြောသည်။

ထို့အပြင် စစ်ကော်မရှင်တပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား ဖားကန့်မြို့နယ်တွင် တိုက်ပွဲသုံးကြိမ်၊ တနိုင်းမြို့နယ်တွင် နှစ်ကြိမ်၊ မိုးညှင်းမြို့နယ်တွင် နှစ်ကြိမ်၊ ခေါင်လန်ဖူးမြို့နယ်တွင် သုံးကြိမ်နှင့် KIA တပ်မဟာ (၆) နယ်မြေတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် (၇၉ ) ကြိမ်နှင့် လက်နက်ကြီးဖြင့် (၁၆၆) ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လိုင်ဇာ FM သတင်းဌာနထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က မန္တလေးမြို့မှ ထွက်ခွာလာသည့် လူသုံးကုန်ပစ္စည်း၊ ဆေးဝါးနှင့် ရိက္ခာတင်ဆောင်လာသည်ဟုဆိုသည့်  ကားအစီးရေ သုံးရာခန့်ပါရှိသည့် စစ်ကော်မရှင်တပ်၏ ယာဉ်တန်းက မေလ ၃၁ ရက်နေ့တွင် မြစ်ကြီးနားမြို့သို့ရောက်ရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် KIA ပူးပေါင်းတပ်တို့ကြားတိုက်ပွဲ (၁၄) ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ရွှေကူ - ငါးအိုး - မဘိမ်းကားလမ်းတလျှောက်ရှိ စစ်ကော်မရှင်တပ်၏ ခြေကုပ်စခန်းသုံးခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ပုံဟောင်းဖြစ်သည်။
#T74M
#HlaingInfo
👍5511🥰2😁2
စလော့ဂိမ်းရှုံးနေသည့် ရဲအရာရှိနှင့် PNO ပေါင်းပြီး လူပြန်ပေးဆွဲ ငွေညှစ်

ဇွန်လ ၂ ရက်

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် စလော့ဂိမ်းစွဲနေသည့် ရဲအရာရှိနှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပေါင်းပြီး အောင်ပန်းမြို့ခံတစ်ဦးကို ပြန်ပေးဆွဲကာ ငွေညှစ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် အောင်ပန်းနယ်မြေရဲစခန်းမှ ဒုရဲအုပ်ကောင်းသူ နှင့် PNOတပ်ဖွဲ့ဝင်များသည် ကားတစ်စီးဖြင့် အောင်ပန်းမြို့တွင် နေထိုင်သည့် အသေးလေးဆိုသူ၏ နေအိမ်ကို ဝင်ရောက်ကာ ထိုင်းနိုင်ငံထုတ် ကလစ်ဆိုင်ကယ်တစ်စီးနှင့် အသေးလေးဆိုသူကို ဖမ်းဆီးကာ ပြန်ပေးဆွဲသွားခဲ့သည်ဟု ဖြစ်စဉ်ကိုသိရှိသည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ထိုသို့ ပြန်ပေးဆွဲသွားပြီးနောက် အသေးလေးဆိုသူအား ပြန်လိုချင်ပါက ငွေကျပ်သိန်း ၈၀ ဖြင့် ပြန်ရွေးခိုင်းသဖြင့် အသေးလေးမိသားစုများက ငွေကျပ်သိန်း ၈၀ ပေးကာ ပြန်ရွေးယူခဲ့ရသည်ဟု ၎င်းကပြောသည်။

အသေးလေးအား ပြန်ရွေးယူပြီးနောက် ရဲစခန်းတွင် တိုင်ကြားခဲ့ရာ ရရှိသည့်အချက်အလက်များအရ စုံစမ်းဖော်ထုတ်ရာ ထိုဓားပြတိုက် လူပြန်ပေးဆွဲသူများသည် အောင်ပန်းရဲစခန်းမှ ဒုရဲအုပ်ကောင်းသူနှင့် PNOအဖွဲ့ဝင်များဖြစ်ကြောင်း သိရှိခဲ့ရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“အခုက ရဲတွေကလည်း အမှုမဖွင့်ပေးဘူး။ အမှုမဖွင့်ဖို့ လုပ်နေတယ်။ ခံရတဲ့လူက ခြိမ်းခြောက်ခံရလို့လားမသိဘူး။ အမှုမလုပ်တော့ဘူးတဲ့။ စခန်းမှူးက ရာထူးတို့တော့မှာမို့လို့ အမှုလိုက်ပိတ်နေတာ။ ဒုရဲအုပ်ကောင်းသူက စလော့ဂိမ်းတွေ စွဲနေလို့ ဒီလိုပြစ်မှုကျူးလွန်ရဲတာ။ ပြန်ပေးဆွဲမှုဖြစ်ပြီး ထွက်ပြေးသွားတာ။ စခန်းမှူးက ပြန်ခေါ်လို့လားမသိဘူး မနေ့ည(ဇွန်လ၁ရက်ည) ပြန်ရောက်လာပြီ ”ဟု အောင်ပန်း ရဲသတင်းရင်းမြစ်ကပြောသည်။

ဒုရဲအုပ်ကောင်းသူဆိုသူသည် စလော့ဂိမ်းများအလွန်အကျွံကစားခြင်း၊ မူးယစ်ဆေးဝါး များအလွန်အကျွံသုံးစွဲခြင်း၊ မိန်းမကိစ္စ အလွန်လိုက်စားခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း အောင်ပန်းရဲသတင်းရင်းမြစ်က ခန့်မှန်းပြောဆိုသည်။

ပြန်ပေးဆွဲမှု ကျူးလွန်အပြီးတွင် ဒုရဲအုပ်ကောင်းသူသည် ထွက်ပြေးသွားသော်လည်း ဇွန်လ ၁ ရက်ညတွင် စခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း လက်ရှိအချိန်ထိ တစုံတရာအရေးယူခံရခြင်းမရှိသေးကြောင်း ၎င်းသတင်းရင်းမြစ်ကပြောသည်။

အောင်ပန်းမြို့သည် ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်တွင် တည်ရှိပြီး တနိုင်ငံလုံးကို စားသောက်ကုန်များ ဖြန့်ဖြူးရောင်းချသည့် ပွဲရုံအများအပြား တည်ရှိကာ စည်ကားသည့်မြို့ဖြစ်သည်။

#MKN
#HlaingInfo
🤬654😁4👎1😢1
စစ်ကျွန်ပညာရေးအောက် ကျောင်းသားငယ်များကို စစ်ကေမဖြစ်မနေ ညှပ်ခိုင်း၍ ကျောင်းသားဘဝကတည်းက စစ်ပုံသွင်း ဖိနှိပ်နေ

ဇွန်လ ၂ ရက်

အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ အခြေခံပညာကျောင်းများတွင် လာရောက်ကျောင်းအပ်နှံသူ ကျောင်းသားကလေးငယ်များကို ကျောင်းသားဘဝကတည်းက စစ်ပုံသွင်းနေကြောင်း ကာယကံရှင် မိသားစုဝင်များနှင့် ရန်ကုန်မြို့ခံများထံမှ သိရသည်။

ကျောင်းသားများကို စစ်သားများ ညှပ်လေ့ညှပ်ထရှိသည့် ဆံပင်အတိုပုံစံ စစ်ကေကို မဖြစ်မနေ ညှပ်ခိုင်းခြင်းဖြင့် ကလေးငယ်များ၏ လွတ်လပ်ခွင့်ကို ပိတ်ပင်ကာ ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်နေကြောင်း ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားသည့် ကျောင်းအပ်နှံရေးကာလအတွင်း စစ်တပ်လက်ပါးစေ ကျောင်းအုပ်ချုပ်ရေးအဖွဲ့များက လာရောက်အပ်နှံသည့် ကျောင်းသားမှန်သမျှကို အဆိုပါ ဆံပင်ပုံစံအတိုင်း အတင်းအကျပ် လိုက်လံလုပ်ဆောင်ခိုင်းနေခြင်း ဖြစ်သည်။

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှ ကြုံတွေ့ခဲ့ရသည့် ကျောင်းသားမိဘတစ်ဦးက “ကျောင်းအပ်တဲ့ ကလေးမှန်သမျှ ဆံပင်ကို စစ်ကေ ညှပ်ခိုင်းနေတာ။ အထက (၁) ကျောင်းမှာပါ။ ကလေးတွေကို ကျောင်းသားဘဝကတည်းက စစ်ပုံသွင်းနေကြတာပေါ့ဗျာ” ဟု ပြောဆိုသည်။

ကျောင်းသားကလေးငယ်များကို ကျောင်းတွင်း၌ စစ်တပ်ကဲ့သို့ ဖိနှိပ်အုပ်ချုပ်မည်ကို မိဘများက အထူးစိုးရိမ်လျက်ရှိကြသည်။

ရွှေပြည်သာမြို့နယ်အတွင်းရှိ အထက (၁) ကျောင်းအပြင် အထက (၂)၊ (၃)၊ (၄)၊ (၅) စသည့် အခြေခံပညာကျောင်းများတွင်လည်း အလားတူ ဆံပင်တို အတင်းအကျပ် ညှပ်ခိုင်းမှုများ ရှိနေကြောင်း မိဘများနှင့် မြို့ခံများက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့တစ်သိုက်သည် စစ်ကျွန်ပညာရေးစနစ်ကို အသက်ပြန်သွင်းခဲ့ခြင်းကြောင့် ကျောင်းများအတွင်း ပညာရေးအရည်အသွေး ကျဆင်းလာရုံမျှမက၊ ကျောင်းတွင်းရန်ပွဲများနှင့် မဖွယ်မရာပြုလုပ်မှု အများအပြား ဖြစ်ပေါ်လာနေသည်ကို လူမှုကွန်ရက်များပေါ်တွင် စိတ်ပျက်ဖွယ် တွေ့မြင်နေရခြင်း ဖြစ်သည်။

စစ်အုပ်စု၏ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကို ဇွန်လ ၁ ရက်နေ့တွင် စတင်ခဲ့ပြီး စစ်တပ်လက်အောက်ခံ အခြေခံပညာကျောင်းအားလုံးကို အတင်းအကျပ် ဖွင့်လှစ်ခဲ့သည်။

အခြားတစ်ဖက်တွင်လည်း အာဏာသိမ်းစစ်အုပ်စုက အတင်းအကျပ် ကျောင်းများ ဖွင့်လှစ်ခိုင်းခဲ့သည့် ဇွန်လ ၁ ရက် ကျောင်းစဖွင့်ရက် မွန်းလွဲပိုင်း ကျောင်းဆင်းချိန်တွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ် (၅) ရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က ၇) ဝင်းအတွင်းရှိ ကုက္ကိုပင်တစ်ပင်ကို မိုးကြိုးပစ်ချခဲ့သည့် ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ သစ်ပင်အောက်တွင် မိုးခိုနေကြသည့် ဆရာမတစ်ဦးနှင့် ကေဂျီ (KG) တန်း မူလတန်းကျောင်းသားငယ်နှစ်ဦးတို့ မိုးကြိုးစက်ကွင်း ထိမှန်ကာ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရပြီး၊ လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း မြေပြင်သတင်းများအရ သိရသည်။

စာတည်း - ကိုထားဝယ်
ဓာတ်ပုံ - လူမှုကွန်ရက်/MOI
#MPA
#HlaingInfo
🤬565👎4👏2😁1😢1
ကျောက်ဖြူမြို့နယ်တွင် AAဖြင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဖြင့် ထောင် ချခံထားရသည့် ပြည်သူ ၃ ဦးကို လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးပြီးနောက် စစ်တပ်က ပြန်လည် ဖမ်းဆီး၊

▪️ကျောက်ဖြူခရိုင်တရားရုံးတွင် အကြမ်းဖက် ဥပဒေများဖြင့် ထပ်မံ တရားစွဲဆို

ဇွန်လ ၂ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော် (AA) နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁ ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် ပြည်သူ ၃ ဦးကို ဧပြီလအတွင်း လွတုငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့နောက် စစ်တပ်က ပြန်လည်ဖမ်းဆီးကာ ပုဒ်မသစ်များဖြင့် ထပ်မံတရားစွဲဆိုလိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားကူညီရေး အသိုင်းအ၀ိုင်းထံမှ သိရသည်။

အကြမ်းဖက်စစ်တပ်က ဧပြီလ ၁၇ ရက်နေ့နှင့် ဧပြီလ ၃၀ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ယင်းလွတ်ငြိမ်းဖြင့် အကျုံးဝင်သော ကျောက်ဖြူအကျဉ်းထောင်မှ အသက် ၄၅ နှစ်အရွယ် ဦးသန့်ဇော်လင်း၊ အသက် ၃၈ နှစ်အရွယ် ဦးလမင်းဖြိုးနှင့် အသက် ၃၄ နှစ်အရွယ် ဦးထွန်းမင်းဖြိုး တို့ ၃ ဦးတို့ကို အကျဉ်းဦးစီးဌာန အမိန့်စာဖတ်ပြီး ပြန်လွှတ်ပေးကြောင်း၊ သို့ရာတွင် ကျောက်ဖြူအကျဉ်းထောင်၏ ထောင်ဘူး၀တွင် လွတ်မြောက်လာသူ ၃ ဦးစလုံးကို စစ်တပ်နှင့်ရဲများက ပြန်လည် စောင့်ဆိုင်း ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

"ကျောက်ဖြူ ထောင်ဗူးဝမှာပဲ ကျောက်ဖြူမြို့မရဲစခန်းမှူးက ၃ ဦးစလုံးကို လက်ထိတ်ခတ်ပြီး ပြန်ဖမ်းတာ" ဟု နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်နေသူက ပြောဆိုသည်။

ပြန်လည် ဖမ်းဆီးလိုက်သော ပြည်သူ ၃ ဦးကို ကျောက်ဖြူခရိုင်တရားရုံးတွင် အကြမ်းဖက်အဖွဲ့အား ကူညီထောက်ပံ့ခြင်း ပုဒ်မ ၅၀ (ည)၊ အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်ခြင်း ပုဒ်မ ၅၂ (က) တို့ဖြင့် အထက်အမိန့်အရ အမှုဖွင့်လှစ်ကာ ကျောက်ဖြူအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ပြစ်ဒဏ်ကျခံပြီးသား အမှုဟောင်းများအပေါ် ပုဒ်မသစ်များ ထပ်မံပြောင်း၍ ဒုတိယအကြိမ် ထပ်မံ တရား စွဲဆိုခြင်းမှာ နှစ်ရှည်ထောင်ဒဏ်ကျခံရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ကျောက်ဖြူမြို့၌ လွတ်ငြိမ်းဖြင့်လွတ်ပြီးမှ ဒုတိယအကြိမ် ပြန်လည်ထောင်သွင်းအကျဉ်းချခံရသူ ၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ယခုဇွန်လအတွင်း ကျောက်ဖြူမြို့အကျဉ်းထောင်မှ လွတ်ရက်စေ့မည့် အခြားနိုင်ငံရေးအကျဉ်းသားများမှာလည်း ယခုကဲ့သို့ ပုဒ်မအသစ်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ထပ်တိုးကျခံရမည်ကို စိုးရိမ်ပြီး လွတ်ရက်စေ့မည့်ရက်ကိုပင် ကြောက်ရွံ့နေကြကြောင်း သတင်းရရှိသည်။
#KTM
#HlaingInfo
🤬513👎1🔥1😢1
စစ်အာဏာသိမ်း (၁၉၄၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၆၆) ဦးအထိရှိလာ

ဇွန်လ ၂ ရက်

AAPP ရဲ့ ဇွန်၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၄၇) ရက်အတွင်း ပြည်သူ (၈၀၆၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၀၇၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၃၂)ဦး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

ကိုးကား - AAPP
#TLT
#HlaingInfo
🤬40👍4🔥21😢1
This media is not supported in your browser
VIEW IN TELEGRAM
“စစ်အာဏာရှင်အုပ်ချုပ်မှု အနှစ် ၅၀ ကျော်ကို ရင်ဆိုင်ခံစားပြီး ယခုအချိန်အထိ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုမျှ မရှိသေးသော တိုင်းပြည်တစ်ခုအတွက်၊ တရားဥပဒေစိုးမိုးမှုဆိုသော ဒီမိုကရေစီအုပ်ချုပ်မှု တစ်ခုကို တည်ဆောက်ဖို့ဆိုတာ အလွန်ခက်ခဲပြီး မဖြစ်နိုင်တဲ့ အလုပ်တစ်ခုလို ဖြစ်နေပါလိမ့်မယ်။

ဒီပြဿနာများကို ဖြေရှင်းနိုင်ဖို့ ကြိုတင်မြင်နိုင်တာ ရှိပါသလား။ ယခင်လို နိုင်ငံခြားကို လွယ်လွယ်ကူကူ သွားလာနိုင်သလို၊ မြန်မာပြည်အပြင်ဘက် ရှိ ပြည်ပရောက် မြန်မာတို့ အားလုံးက လာရောက်လည်ပတ်နိုင်မယ့်နေ့ ရှိလာနိုင်ပါသလား?

ဒုတိယကမ္ဘာစစ် ကာလတုန်းက ဗြိတိန်နိုင်ငံရှိ စစ်အခြေစိုက်စခန်းတစ်ခုက နံရံတစ်ခုမှာ ရေးသားထားတာ ရှိပါတယ်- ‘တို့တွေဟာ မဖြစ်နိုင်တဲ့အရာတွေကို နေ့တိုင်း ကြိုးစားရတယ်။ အံ့သြဖွယ်ရာတွေကတော့ အချိန်နည်းနည်း ပိုလိုတတ်တယ်’ ဆိုတဲ့ ဆောင်ပုဒ်ပါ။
အဲ့ဒီဆောင်ပုဒ်ကို အခြေခံပြီး ပြောရမယ်ထင်ပါတယ်။

ကျွန်မတို့လို နိုင်ငံတစ်ခုမှာ တရားဥပဒေစိုးမိုးမှု တည်ဆောက်ရန် မဖြစ်နိုင်သလောက်အောင် မျှော်မှန်းချက်တွေ ဝေးကွာနေပေမယ့် အဲ့ဒါကိုလည်း ပြည့်မြောက်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့ အဲ့ဒါကို အပြည့်အဝ ယုံကြည်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအပေါ်မှာ ယုံကြည်လို့ဖြစ်ပါတယ်။

ကျွန်မတို့ အလုပ်လုပ်နေရတဲ့အတွက် ပြုလုပ်နိုင်မယ့် ဥပဒေပြုရေး အဖွဲ့အစည်းထဲက အခွင့်အလမ်းများစွာ ရှိနေပါပြီ။ အားလုံးလည်း သိပြီးသားဖြစ်နိုင်ပါတယ်၊ မသိရင်လည်း အသိပေးချင်ပါတယ်။ ကျွန်မဟာ ယခု တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

နောက်တစ်ခုက ကျွန်မ အဲ့ဒါအကြောင်း ပြောပြတိုင်း လူတွေ အမြဲရယ်မောကြပါတယ်။ ဒါပေမယ့် တရားဥပဒေစိုးမိုးမှုနှင့် ငြိမ်းချမ်းရေး နှစ်ခုစလုံးကို တည်ထောင်နိုင်မယ်ဆိုတာ မဖြစ်နိုင်လောက်အောင် ခက်ခဲတယ်လို့တော့ ကျွန်မ မထင်ပါဘူး။ ပြဿနာတွေတော့ မလွဲမသွေ ရှိနေပေမယ့် ပြဿနာရဲ့အဖြေဆိုတာ ရှိလာတာပဲ ဖြစ်ပါတယ်။

ပြည်ပမှာ နေထိုင်ကြသော မြန်မာပြည်သားများ အားလုံး အခက်အခဲမရှိ မိမိနိုင်ငံသို့ ပြန်လည်လာရောက်နိုင်ရေး အကြောင်းနဲ့ပတ်သက်လို့၊ ကျွန်မ ထင်မြင်တာက တစ်နေ့ထက်တစ်နေ့ ပိုပြီး အဆင်ပြေလာပြီ ဖြစ်ပါတယ်။ တချို့အတွက် ပိုလွယ်ကူသလို၊ တချို့အတွက်တော့ မလွယ်ကူသေးပါဘူး။ မကြာမီ အချိန်တစ်ခုမှာ ကျွန်မတို့ လူမျိုးအားလုံး မိမိတို့ တိုင်းပြည်ကို မိမိတို့အလိုရှိသည့် အချိန်တိုင်း ပြန်လာနိုင်မယ့်နေ့ ရောက်လာမယ်လို့ ယုံကြည်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်

နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများ
https://t.me/infohlaing အဖွဲသားများမှ တင်ပေးနေပါသည်။
    
#HlaingInfo
68😁2👍1
ရမ်းဗြဲတွင် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ၍ စစ်ဘေးရှောင် ၂ ဦး သေဆုံး၊

▪️၂ လအတွင်း စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူ ၅၇ ဦးသေဆုံး

ဇွန်လ ၂ ရက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများ၏ ပြောပြချက်အရ သိရသည်။

ဇွန်လ ၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန် ရမ်းဗြဲမြို့နယ်၊ ကြောင်ချတွင်း စစ်ဘေးရှောင်ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံးထက်မနည်း ကျဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းလေ ကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းအတွင်း ခိုလှုံနေသည့် အသက်ကြီးပိုင်း အမျိုးသား ၂ ဦး ဗုံးစထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ရပြီး အမျိုးသမီး ၄ ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ဘေးရှောင်များအရေး ကူညီပေးနေသူတစ်ဦးက "မနေ့ညက ရမ်းဗြဲမြို့နယ်ထဲက စစ်ရှောင်စခန်းကို စစ်ခွေးတွေ ညပိုင်း တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကျဲသွားတာ။ ပြည်သူ ၂ ဦး ထိခိုက်သေဆုံးမှုရှိပြီး ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ အတည်ပြုလို့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းအတွင်းက နေအိမ်၊ အဆောက်အအုံ ပျက်စီးမှုစာရင်း အသေးစိတ်ကိုတော့ လက်ရှိမှာ အတည်ပြုနိုင်ဖို့အတွက် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ စစ်ခွေးတွေ ဒီလိုလုပ်နေတဲ့ အပေါ်အာလုံးလဲ သိပြီးသားဆိုတော့ ထွေထွေထူးထူး မပြောလိုတော့ပါဘူး။ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကသာ ပြည်သူတွေကို ကူညီသွားပါမယ်" ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ရက်ဆက်ပစ်ခတ်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။

လက်ရှိတွင် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်များ ပိုမိုဆိုးရွားလာနိုင်သဖြင့် ရခိုင်ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေး သတိပေးချက်များကို အထူးဂရုပြုစောင့်ကြည့်ရန်နှင့် ဗုံးခိုကျင်းများ စနစ်တကျတူးကာ သတိပြုနေထိုင်ကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သတိပေးထုတ်ပြန်ထားသည်။

လက်ရှိ Arakan Responders for Emergency (ARE) အဖွဲ့၏ လက်လှမ်းမီသမျှ ကောက်ခံရရှိထားသည့် စာရင်းများအရ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ၂ လတာကာလအတွင်း ရခိုင်ဒေသရှိ မြို့နယ် ၉ မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ စစ်ရေယာဉ်များပေါ်မှ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှုနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုတို့ကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၅၇ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်သေဆုံးသူ ၅၇ ဦးအနက် ၉ ဦးမှာ သေဆုံးခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့တွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၂ ဦး၊ အသက် ၁၈ နှစ်မှ ၆၀ နှစ်ကြား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး၊ အသက် ၆၀ နှစ်အထက် အသက်ကြီးပိုင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ပါဝင်သည်။

ဒဏ်ရာရရှိသူ ၄၈ ဦးတွင်မူ အသက် ၁၈ နှစ်အောက် အမျိုးသားငယ် ၈ ဦးနှင့် အမျိုးသမီးငယ် ၄ ဦး၊ အသက် ၁၈ နှစ်မှ ၆၀ နှစ်ကြား သံဃာတော် ၂ ပါးအပါအဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၈ ဦး၊ အသက် ၆၀ နှစ်အထက် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်သည်။ ဧပြီလနှင့် မေလအတွင်း မြေပြင်တွင် အမှန်တကယ် ထိခိုက်သေဆုံးခဲ့သည့် စာရင်းမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်းနှင့် ထိခိုက်ခံစားရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကူညီပံ့ပိုးနိုင်ရန် ကြိုးပမ်းနေကြောင်း ARE အဖွဲ့က ဖော်ပြထားသည်။

#KTM
#HlaingInfo
🤬582👏1😢1
လုံးခင်းတွင် ရွေးတုစစ်တပ်က အရပ်သားများထံမှ ကျောက်စိမ်းနှင့်တန်ဖိုးကြီးပစ္စည်းများ ဓားပြတိုက်နေသည်ဟု ဒေသခံများပြော

ဇွန်လ ၂ ရက်

လုံးခင်းဒေသခံများနှင့် ကျောက်လုပ်ငန်းလုပ်ကိုင်သူများထံမှ ရွေးတုစစ်တပ် တပ်ဖွဲ့ဝင်များက လက်နက်ပြခြိမ်းခြောက်ပစ္စည်းလုယက်မှုများမကြာခဏဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာဈေးသစ်လမ်းတွင် ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ ည ၈ နာရီခန့်က အောင်သာယာကျောက်ဝိုင်းမှ ပြန်လာအမျိုးသားတစ်ဦးထံမှ ရွေးတုစစ်တပ်တပ်ဖွဲ့ဝင်သုံးဦးက ကျပ်ငွေ ဆယ်သိန်းခန့်ကို ဓါးပြတိုက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မေ ၂၇ ဟာက အောင်သာယာကျောက်ဝိုင်းက ပြန်လာတဲ့တစ်ယောက်ဆီကတော့ ငွေတွေလည်း ယူလိုက်ပြီး တခြားသူဆီက ဆိုင်ကယ်ယူလိုက်ကြတာတဲ့၊ စစ်ဆေးပြီး တိုက်နေတဲ့ချိန် လုနေတဲ့ချိန်မှာ ကား၊ ဆိုင်ကယ်တွေအများကြီးဖြစ်နေလို့ တခြားလမ်းကနေကွေ့ပတ်သွားလိုက်လို့ အစစ်ဆေးမခံရ မတိုက်ခံရဘဲလွတ်လာခဲ့တာ” ဟု ပြောသည်။

လုံးခင်းကျေးရွာ၊ Jade Love ဘားအနီး ကားလမ်းမပေါ်တွင် ပြီးခဲ့သည့် မေလ ၂၆ ရက် ညနေ ၆ နာရီခန့်က လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားခြောက်ဦးသည် လုံးခင်းကျောက်ဝိုင်းသို့သွားသည့် ကား (၆) စီးရှိ ပစ္စည်းများ၊ ငွေသားသိန်းသုံးဆယ်နှင့် ဖုန်းတစ်လုံးကို ဓါးပြတိုက်ခဲ့ကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကား ၆ စီးထဲက ရှိသမျှပစ္စည်းတွေအကုန်ယူတာတဲ့၊ လုံးခင်းကျောက်ဝိုင်းမှာ ကျောက်သွားဝယ်တဲ့လောပန်းတွေရဲ့ ကားကို လမ်းမှာတားပြီးတော့ ပါလာတဲ့ပစ္စည်းတွေနဲ့ ပိုက်ဆံတွေကို ယူပေးလိုက်တယ်တဲ့။ မနေ့ည (မေ ၂၆) ခြောက်နာရီလောက်မှာ လူကိုတော့ ဒီတိုင်းလွတ်ပေးလိုက်တယ်။ ပြည်သူ့စစ်တွေ အရပ်ဝတ်ပဲ အတိုအရှည်အစုံ၊ လူကခြောက်ယောက်လောက်ရှိတယ်၊ Jade Love အကျော်နားမှာ ပိုက်ဆံသိန်း ၃၀ နဲ့ ဖုန်းတစ်လုံး၊ အဲဒီလမ်းမကြီးပေါ်မှာပဲ ကားတားပြီးချတာ” ဟုပြောသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ည ၇ နာရီခန့်ကလည်း စစ်ကော်မရှင်တပ်နှင့် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ဝင်များက လုံးခင်းကျေးရွာ၊ ရပ်ကွက် (၅) ရှိနေအိမ်သုံးအိမ်အတွင်း ဝင်ရောက်စစ်ဆေးကာ ငွေသားကျပ် (၂၅) သိန်း၊ ကလစ်ဘီးတစ်စီးနှင့် အိုင်ဖုန်းနှစ်လုံးကို ဓါးပြတိုက်ခဲ့ကြောင်း လုယက်ခံရသည့်မိသားစုဝင်တစ်ဦးက ပြောသည်။

“စကမနဲ့ မင်းဇေသန့်အဖွဲ့တွေကနေ အိမ်တိုင်းဝင်စစ်ပြီးတော့ ပိုက်ဆံမြင်ရင် ပိုက်ဆံယူသွားတယ်၊ အိမ်တစ်ခုကဆို ပိုက်ဆံ သိန်း ၂၀ နဲ့ ကလစ်ဘီးတစ်စီးနဲ့ အိုင်ဖုန်းတစ်လုံးရယ်၊ နောက်တစ်အိမ်က ပိုက်ဆံ ငါးသိန်းနဲ့ အိုင်ဖုန်းတစ်လုံး ယူသွားတယ်။ ခရောင်းကားတစ်စီးနဲ့ လှည့်ပတ်ပြီးတော့ တချို့ကတော့ လမ်းလျှောက်တယ်၊ သူတို့ဝင်တာက အိမ်သုံးလုံးဟုတ်တယ်၊ အိမ်တစ်အိမ်က ငါးသိန်းယူသွားတယ်၊ နောက်တစ်အိမ်ကတော့ သိန်းနှစ်ဆယ်နဲ့ ကလစ်ဘီး၊ အိုင်ဖုန်း ယူသွားတယ်၊ တစ်အိမ်ကဆိုရင် အိုင်ဖုန်းနဲ့ ပိုက်ဆံဆယ်သိန်းယူသွားတယ်” ဟု ပြောသည်။

စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ယခုနှစ် မေလ လဆန်းပိုင်းက စပြီး အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ကာ လုံးခင်းကျေးရွာ၊ ရပ်ကွက် (၅)၊ ဘုရားကျောင်းကုန်းနှင့် ကျောက်ဝိုင်းသွားရာ လမ်းမပေါ်တွင် ကား၊ ဆိုင်ကယ်ဖြင့် သွားလာသည့် ဒေသခံပြည်သူများထံမှ ဓါးပြတိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း လုံးခင်းကျေးရွာ၊ ရပ်ကွက် (၅) ရှိ အနှိပ်ခန်းတစ်ခုတွင် ဖုန်းနှင့် ငွေသားများဓါးပြတိုက်မှု၊ နေအိမ်တစ်ခုမှကျပ်သိန်းနှစ်ရာကျော် ဓါးပြတိုက်မှုနှင့် လယ်ပြင်ကျေးရွာတွင် အသက် (၁၆) နှစ်အရွယ် မိန်းကလေးနှစ်ဦးကို အမျိုးသားနှစ်ဦးက သေနတ်ထောက်ကာ ငွေညစ်သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထို့အပြင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ နံနက် ၂ နာရီခန့်ကလည်း ဖားကန့်မြို့နယ်၊ မော်ရှန်ကျေးရွာရှိ နေအိမ်တစ်ခုတွင် သေနတ်ထောက်ကာ ငွေကျပ်သိန်းရှစ်ရာ ဓါးပြတိုက်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

KIA ပူးပေါင်းတပ်က အင်မားယန်ကျေးရွာရှိ စစ်ကော်မရှင်တပ်၏ ကာကင်းစခန်းတချို့ကို သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း - Pan Soon၊ Zami
ပုံ - လုံးခင်းကျေးရွာနှင့် ၂၀၂၆၊ မေ ၂၆ ရက်နေ့ ဖားကန့်၊ မှော်ရှန်တွင် သေနတ်ထောက်ကာ ငွေကျပ်သိန်းရှစ်ရာ ဓားပြတိုက်ခံခဲ့ရသည့် နေအိမ်တွင် စာအုပ်မီးရှို့ခံခဲ့ရသည်များကိုတွေ့ရစဉ်
#T74M
#HlaingInfo
🤬555👏1😢1