Hlaing Info
53.1K subscribers
143K photos
5.93K videos
5 files
14.1K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
အင်းစိန်မှာ သုံးနှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့သူကို ဖမ်းမိ

မေလ ၃၁ ရက်

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်မှာ မေ ၂၉ရက်နေ့က အသက် (၃) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့သူလို့ ဆိုသူတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဉ်ဟာ မေ ၂၈ရက်နေ့ ညပိုင်းက ကြို့ကုန်အနောက်ရပ်ကွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပန်းရံဆင်းသူ မိခင်နောက် လိုက်လာတဲ့ ကလေးငယ်ကို လုပ်ငန်းခွင်အတွင်းရှိ လုပ်သားတစ်ဦးဖြစ်သူ ကိုဇော်ဇော်အောင် (ခ) ပြောင်ကြီးက အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့တာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

"အဲဒီဆိုက်ထဲမှာ သူ့အမေက ပန်းရံလုပ်တာ။ ကလေးအိမ်မှာထားရင် စိတ်မချလို့ အလုပ်ထဲ ခေါ်လာတာ။ အလုပ်သိမ်းပြီး သူ့အမေ ခြေထောက်တွေ၊ လက်တွေ သန့်ရှင်းရေးလုပ်နေတဲ့အချိန် အနောက်က လိုက်လာတဲ့ကလေးကို ဆေးသုတ်တဲ့ကောင်က အရက်မူးပြီး သူ့တဲထဲခေါ်ပြီး အဓမ္မကျင့်တာ။ အသက် ၃ နှစ်ပဲ ရှိသေးတဲ့ကလေးကို" လို့ ပြောပါတယ်။

အဓမ္မကျင့်ခံရပြီး ကလေးငယ် သေဆုံးသွားပြီးနောက် ကိုဇော်ဇော်အောင်ဟာ အလောင်းကို အထပ်သားပြားတွေ၊ ဘိလပ်မြေအိတ်ခွံတွေနဲ့ ဖုံးကာ ထွက်ပြေးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

"မုဒိမ်းကျင့်တဲ့ကောင်က ထွက်ပြေးတာ။ ဆိုက်ထဲက အလုပ်သမားတွေရော၊ ရပ်ကွက်ထဲကသူတွေရော သတင်းပေးလို့ ၂၉ ရက်နေ့မှာ စော်ဘွားကြီးကုန်းမှာ ဖမ်းမိတယ်။ သူ့ကို လူသတ်မှု၊ မုဒိမ်းမှု ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတယ်" လို့ ပြောပါတယ်။

လက်တလောမှာ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုဇော်ဇော်အောင် (ခ) ပြောင်ကြီးကို အင်းစိန်မြို့မရဲစခန်း (ပ) ၅၀၅/၂၀၂၆၊ ပုဒ်မ ၃၀၂/၃၇၆ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်ကလည်း အရှေ့ဒဂုံမြို့နယ်၊ ၁၃၂ ရပ်ကွက်မှာ အသက် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးကို အမျိုးသား တစ်ဦးကအဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်လို့စွပ်စွဲခံရသူကို ဖမ်းဆီးခြင်း မပြုဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့သလို၊ အရှေ့ဒဂုံမြို့နယ်ရဲစခန်းကလည်း အမှုမဖွင့်ပေးတဲ့ ဖြစ်စဉ်မျိုး ရှိခဲ့ပါတယ်။

ဓာတ်ပုံ - Pro-SAC
#CJP
#HlaingInfo
🤬77👍43🔥1😢1
ပြည်မြို့နယ် ရပ်ကျေးအုပ်စုအုပ်ချုပ်ရေးမှူးအားလုံး နှုတ်ထွက်ချင်သူမရှိလို့ ရွေးကောက်ပွဲပြန်မလုပ်တော့

မေလ ၃၁ ရက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲပြန်လည်ပြုလုပ်ဖို့ သဘောထားတောင်းခံတာမှာ နှုတ်ထွက်ချင်သူမရှိလို့ ရွေးကောက်ပွဲမလုပ်တော့ဘူးလို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းက သိရပါတယ်။

မေလ ၂၉ ရက်နေ့ က ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ပုလဲသီတာခန်းမမှာ ပြုလုပ်တဲ့ လစာထုတ်ပုံမှန်အစည်းအဝေးပြုလုပ်ပြီး နေ့လည် ၁၂ နောက်ပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက သူရဲ့ ရုံးခန်းအတွင်း အုပ်ချုပ်ရေးမှူးများကို အလှည့်ကျခေါ်ယူကာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပြုလုပ်မှာဖြစ်လို့ မလုပ်ချင်သူများ နှုတ်ထွက်လို့ရတယ်လို့ ပြောဆိုတာမှာ မည်သူမျှ မထွက်ချင်ကြဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။

"အေဒီကခေါ်မေးတာမှာ ကျန်တဲ့အုပ်ကြီးတွေက နှုတ်ထွက်မဲ့သူမရှိဘူး လုပ်မဲ့သူချည်းပဲ" လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူက ဒို့ပြည် ကိုပြောပါတယ်။

ပြည်မြို့နယ်မှာ ရပ်ကွက်(၁၄) ရပ်ကွက််နဲ့ ကျေးရွာအုပ်စု(၅၅) အုပ်စု ရှိပြီး ကျေးရွာပေါင်း(၂၅၉) ရွာ ရှိတဲ့အတွက် ရပ်ကွက်နဲ့ အုပ်စု အုပ်ချုပ်ရေးမှူးပေါင်း (၆၉) ဦး ရှိနေပါတယ်။

"အခုလိုလုပ်လိုက်တော့ တချို့အရွေးခံမဲ့ အုပ်ချုပ်ရေးမှူးတွေ သူတို့ရဲ့ရွေးချယ်ပိုင်ခွင့်တွေ ဆုံးရှုံးသွားတာပေါ့ ဥပမာ ခေတ္တရာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်လွင် သူဆို လိုင်းပေါ်မှာတောင်အရွေးခံမယ်လို့တင်ထားတာ။ တိုးကြီး ကိုမကြိုက်တဲ့သူတွေက သူ့ကိုမဲပေးမယ်ဆိုပြီးတောင် မန့်နေကြတာတွေ့ရတယ်" လို့ မြို့ခံအမျိုးသားတဦးက လည်း ပြောပါတယ်။

နှုတ်ထွက်ချင်သူမရှိတဲ့အတွက် လက်ရှိအုပ်ချုပ်ရေးမှူးတွေကိုသာ ဆက်လက်ခန့်အပ်ထားမယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ပြည်မြို့နယ်ဟာ စစ်မှုထမ်းအဓမ္မဖမ်းဆီးခံရမှု အဆိုးဆုံးခံနေရတဲ့ မြို့တွေထဲမှာ တမြို့အပါအဝင်ဖြစ်နေပြီး အုပ်ချုပ်ရေးမှူးအချို့က စစ်မှုထမ်းကြေးကောက်တာ၊ စစ်မှုထမ်းဖမ်းဆီးတာမှာ ပူးပေါင်းပါဝင်တာတွေ ရှိနေပေမဲ့ တချို့အုပ်ချုပ်ရေးမှူးတွေကတော့ စစ်မှုထမ်းဖမ်းဆီးတာတွေကို မတားဆီးနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ မိမိတို့ဘာသာ လက်တုန့်ပြန်ကြဖို့ ရှောင်ရှားနေကြဖို့ သတိပေးပြောဆိုနေတာတွေလည်း ရှိပါတယ်။

ဒါ့အပြင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေရဲ့ သားသမီး အမျိုးတော်စပ်သူအချို့လည်း စစ်မှုထမ်းဖမ်းဆီးခံရတာတွေရှိတဲ့အတွက် လိုက်လံရွေးထုတ်ရတာတွေလည်း ရှိနေပါတယ်။

ပုံစာ-၂၀၂၁ ခုနှစ်အာဏာသိမ်းမှုအပြီး ဆံတော်ရပ်ကွက်ရုံးကို ပြည်သူတွေကို ပိတ်သိမ်းခဲ့ပြီး စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအလိုမရှိ ဆန္ဒဖော်ထုတ်ခဲ့တာပါ။
#ဒို့ပြည်
#HlaingInfo
😁467🔥3👏1😱1
ထိုင်းနိုင်ငံမှ ဖမ်းဆီး ပြန်ပို့လိုက်သော မြန်မာနိုင်ငံသား ၁၁၁ ဦးအနက်မှ အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ်အကြား လူငယ်များကို စစ်မှုထမ်းခိုင်းရန် ကော့သောင်းအခြေစိုက် ခမရ ၂၆၂ တပ်ရင်းထဲတွင် ဖမ်းဆီးခေါ်ဆောင်ထား

မေလ ၃၁ ရက်

ထိုင်းနိုင်ငံတွင် တရားမဝင် ခိုးဝင်မှုအပါအဝင် ပြစ်မှုများဖြင့် ဖမ်းဆီး ပြန်ပို့လိုက်သော မြန်မာနိုင်ငံသား ၁၁၁ ဦးအနက်မှ အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ်အကြား လူငယ်များကို ကော့သောင်းမြို့နယ်ထွေ/အုပ်နှင့် စစ်တပ်က စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း ကော့သောင်းမြို့နယ်တွင် နေရပ်ပြန် မြန်မာအလုပ်သမားများကို ကူညီနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီး ပြန်လွတ်လာသည့် မြန်မာနိုင်ငံသား ၁၁၁ ဦး ကော့သောင်းမြို့သို့ ထိုင်းအာဏာပိုင်များက ပြန်လည်ပို့ဆောင်ပြီး မြန်မာစစ်တပ်၊ ရဲနှင့် ထွေ/အုပ်များလက်ထဲသို့ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း၊ ယင်းသို့ လွှဲပြောင်းလိုက်ပြီးနောက် အဆိုပါ မြန်မာနိုင်ငံသားများကို စစ်တပ်၊ ရဲနှင့်ထွေ/အုပ်တို့က PSMS စစ်ဆေးရေးစနစ်ဖြင့် တစ်ဦးချင်း ရဲနှင့်ထွေ/အုပ်တို့က စိစစ်ကြောင်း၊ CDM နှင့် ပြစ်မှု မှတ်တမ်းရှိ၊ မရှိစစ်ဆေးပြီးနောက် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အကြား လူငယ်များကို ကော့သောင်းမြို့ အခြေစိုက် ခမရ ၂၆၂ တပ်ရင်းထဲတွင် ခေါ်ဆောင်ဖမ်းဆီးထားကြောင်း သိရှိရသည်။

"၂၉ ရက်နေ့က ပြန်ရောက်လာတဲ့လူတွေကို ထွေ/အုပ်၊ ရဲ၊ လ၀ကက PSMS စစ်ဆေးရေးစနစ်နဲ့ စစ်တယ်။ ပြစ်မှု မှတ်တမ်းရှိ၊ မရှိ စစ်တာ။ ပြီးတော့ ခမရ ၂၆၂ ထဲကို ခေါ်သွားတယ်။ လူငယ်တွေအကုန်ပဲ ခေါ်သွားတာ။ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း လူငယ်တွေ ကို ခေါ်သွားတာ" ဟု ကော့သောင်းမြို့အခြေစိုက် နေရပ်ပြန် မြန်မာများကို ကူညီနေသော ပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ထိုင်းနိုင်ငံက ဖမ်းဆီး ပြန်ပို့လိုက်သော မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့လွတ်မြောက်လာသူများဖြစ်ပြီး ထိုင်းနိုင်ငံ၊ ရနောင်းမြို လူဝင်မှုကြီးကြပ်ရေး ရဲစခန်းအချုပ်ဆောင်မှတစ်ဆင့် မြန်မာဘက်အခြမ်းသို့ ပြန်လည် လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်က ထိုင်းနိုင်ငံမှ ပြန်လည်ပို့ဆောင်သော မြန်မာနိုင်ငံသားများအနက်မှ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းအဖြစ် အတင်းအကျပ် ဖမ်းဆီး ခေါ်ဆောင်မှုများရှိနေကြောင်းပေါ်တာဆွဲခံရပြီးနောက် တော်လှန်ရေးတပ်များထံတွင် အလင်းဝင်ရောက်ခဲ့သော စစ်မှုထမ်းတပ်သားများက ပြောဆိုကြသည်။

ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံသားများကို ဖမ်းဆီး၍ ပြန်လည်ပို့ဆောင်မှုများ လုပ်ဆောင်လျက်ရှိပြီး ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ၆၅၇ ဦးကို စစ်အစိုးရထံ လွှဲပြောင်းခဲ့ပြီး ဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် ၁၆၈ ဦး၊ ဖေဖော်ဝါရီလတွင် ၁၂၈ ဦး၊ မတ်လတွင် ၁၉၃ ဦး၊ ဧပြီလတွင် ၇၈ ဦးနှင့် မေလ ၁၃ ရက်တွင် ၉၀ ဦးကို ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထိုင်းနိုင်ငံမှ ပြန်လည် လွှဲပြောင်းခံရသော မြန်မာနိုင်ငံသားများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM
#HlaingInfo
🤬702👏2👍1🔥1🥰1😢1
This media is not supported in your browser
VIEW IN TELEGRAM
"နိုင်ငံရေးကို စိတ်မဝင်စားဘူးလို့ ကိုယ်က ဘယ်လောက်ပဲပြောပြော နိုင်ငံရေးက ကိုယ့်ကို စိတ်ဝင်စားနေတာပဲ။ ကိုယ်မပတ်သက်ချင်ပေမဲ့လည်း နိုင်ငံရေးက ကိုယ့်ကို လာပတ်သက်တာပဲဆိုတာ ကျွန်မ ခဏခဏ ပြောရပါတယ်။ ဒါ ထပ်တလဲလဲ ကျွန်မတို့ အများပြည်သူ သဘောပေါက်အောင်လို့ ကျွန်မတို့ ပြောပြရပါတယ်။

ဒီနိုင်ငံရေးဆိုတာဟာ နေ့စဉ်ဓူဝ ဈေးသွားတဲ့ကိစ္စနဲ့လည်း မကင်းကွာနေပါဘူး။ အိမ်ရှင်မတစ်ယောက်က ဈေးသွားတယ်၊ ဒီနေ့ ဈေးတက်သွားတယ်၊ ဘာဖြစ်လို့ ဈေးတက်သွားသလဲ အကြောင်းရင်း နောက်ရှာကြည့် နိုင်ငံရေးပဲနော်။ ဟို ဈေးကိုသွားတယ်၊ ဈေးသွားတဲ့အခါ ဈေးက မရှိတော့ဘူး၊ ဘယ်ရောက်သွားသလဲ၊ တခြားနေရာ ပြောင်းသွားတယ်ဆိုတာ အဲဒါလည်း နိုင်ငံရေးပဲ။"

"ဒီလို ဆန္ဒပြခြင်းဟာ အေးဆေးတယ်၊ အေးဆေးတယ်၊ တည်ငြိမ်မှုရှိတယ်၊ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ဆိုတာလည်း ကျွန်မတို့ ထုတ်ဖော်နိုင်တယ်။ ကျွန်မတို့ရဲ့ ပြည်သူတွေဟာ ရင့်ကျက်တဲ့ နိုင်ငံရေး လုပ်နိုင်တယ်ဆိုတာလည်း ကျွန်မတို့ ကမ္ဘာကို ပြနိုင်တယ်။"

ဒေါ်အောင်ဆန်းစုကြည်

နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများ
https://t.me/infohlaing အဖွဲသားများမှ တင်ပေးနေပါသည်။
    
#HlaingInfo
83🥰5😁2🔥1
မွန်သွေးရဲကြောင်း အာဏာရူးတို့ သိစေရမည်ဟု ရေးဘီလူး ကြုံးဝါး

မေလ ၃၁ ရက် 

မွန်သွေး မည်မျှရဲသလဲဆိုသည်ကို အာဏာရူးတို့ သိစေရမည်ဟု ရေးဘီလူးက ကြုံးဝါးလိုက်သည်။

မွန်ပြည်နယ်၊ရေးမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် NUGအစိုးရလက်အောက်ခံ ရေးဘီလူးတပ် စခန်းကို မေလ၂၇ရက်၊နံနက်တစ်နာရီဝန်းကျင်၌ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရေးဘီလူးတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း ကျဆုံးခဲ့ပြီးနောက် ရေးဘီလူးခေါင်းဆောင်က အထက်ပါ အတိုင်း ဟစ်ကြွေးလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့မွန်လူထုအားနဲ့ တိုင်းရင်းသားရော အနီးနားက အဖွဲ့စည်းအသီးသီးတွေကိုရော ကျနော်အ လေးပြုပါတယ်။အရမ်းကျေးဇူးတင်တယ်။ အရေးကြီးမှ ‌သွေးနီးတယ်ဆိုတဲ့စကားကိုကျနော်ယုံပြီး..... ကျုပ်တို့ မွန်သွေး ဘယ်လောက်ရဲလဲ အာဏာရူးတွေသိစေရမယ်။ ကျုပ်တို့မွန်သမိုင်း ဘယ်တော့မှမ ရိုင်းဘူး”ဟု ရေးဘီလူးက ယနေ့(မေ၃၁ရက်)နံနက်ပိုင်း၌ ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ရေးသား ထားသည်။

စခန်းဗုံးကြဲတိုက်ခိုက်ခံရသည့် မေလ၂၇ရက်၊မွန်းလွဲပိုင်းတွင်လည်း “ဒီနေ့မင်းတို့ပြုံးပါ...ကျန်တဲ့ နေ့တွေမှာ ငါတို့အပြုံးပဲနော်( မအလ )”ဟု ရေးသားကာ ထိခိုက်ကျဆုံးခဲ့သည့် ရဲဘော်အချို့၏ ရုပ်အ လောင်းများနှင့် ပျက်စီးမှုဓာတ်ပုံများကို ဖော်ပြထားသေးသည်။

မေလ ၁၁ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် လမိုင်းမြို့ ခလရ ၁၀၆ မှ ဒုတပ်ရင်းမှူး ထွန်းရာကျော်ကို လမိုင်းမြို့ ရဲစခန်းအနီး မီတာ ၁၀၀ ခန့်၌ပင် ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းနှင့် ဧပြီ ၂၇ ရက်၊ မွန်းလွဲ ၃ နာရီခန့်က ရေးမြို့နှင့် ချောင်းတောင်ကျေးရွာကို ဆက်သွယ်ထား‌သော ချောင်း တောင်မြစ်ကူးတံတား၌ လုပ်ပိုင်ခွင့် အာဏာအပြည့်ရှိသည့် ပျူစောထီးမောင်နိုင်အား ရေးဘီးလူး တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းက ဒေသတွင်းစစ်အုပ်စုဝင်ကို အကြောက်တရား ပိုကြီးစေခဲ့သည်။

#MPA
#HlaingInfo
80👏15👍5😁3🔥2
စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှတွင် အစုတ်ပြတ်ဆုံးနိုင်ငံအဆင့်သို့ ရောက်ရှိနေရဟု AA ပြော

မေလ ၃၁ ရက်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် အရှေ့တောင်အာရှ၌ အစုတ်ပြတ်ဆုံး နိုင်ငံအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) က ယနေ့တွင် ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်သည်။

ယနေ့ မေလ ၃၁ ရက်နေ့တွင် ကျရောက်သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းထူထောင်ခြင်း ၅ နှစ်ပြည့်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ULA/AA က ထိုသို့ ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီက နိုင်ငံ့အာဏာနှင့် ပြည်သူ့အာဏာတို့ကို လက်နက်အားကိုးဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အတင်းအဓမ္မ သိမ်းယူခဲ့သည်။ ယင်းနောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ တိုင်း ရင်းသားလူမျိုးပေါင်းစုံတို့သည် အာဏာသိမ်းမှုကို ဆန့်ကျင်ကာ စစ်ကောင်စီအား ရရာလက်နက်၊ နည်းလမ်းပေါင်းစုံဖြင့် ခုခံကာကွယ်သည့် တော်လှန်စစ်ကို ဆင်နွှဲခဲ့ကြသည်။ အကြမ်းမဖက် ဆန္ဒပြတောင်းဆိုသော နည်းလမ်းဖြင့် ဘယ်သောအခါမှ ရလိမ့်မည်မဟုတ်ဆိုသည်ကို အကြွင်းမဲ့ သဘောပေါက် နားလည်လာကြသည့်အတွက်လည်း တစ်နိုင်ငံလုံးရှိ လူငယ်အပေါင်းတို့သည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယခုဆိုလျှင် လက်နက်ကိုင်တော်လှန်ရေးကာလသည် ငါးနှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည့်အလျောက် မြန်မာနိုင်ငံသည်လည်း အဆိုးဝါးဆုံး ပြည်တွင်းစစ်ကို ကြုံတွေ့နေရကာ အရှေ့တောင်အာရှ နိုင်ငံများတွင် အစုတ်ပြတ်ဆုံးနိုင်ငံအဆင့်သို့ ရောက်ခဲ့ရသည်။

ထို့အပြင် အချို့သော ပြည်သူ့ကာကွယ်ရေးနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် တော်လှန်ရေးအတွင်း ဆက်လက် မရပ်တည်နိုင်ကြတော့ဘဲ ရန်သူ့ထံ လက်နက်ချသွားကြသည့်အဖွဲ့များ၊ တော်လှန်ရေးပြေးလမ်းပေါ်မှ လွင့်စဉ်သွားခဲ့ကြသည့်အဖွဲ့များ ရှိခဲ့သည်။ နည်းတူ စစ်အာဏာရှင်တို့ကို နောက်မဆုတ်စတမ်း ကြံ့ကြံ့ခံသော စိတ်ဓာတ်များဖြင့် ဆက်လက်တွန်းလှန် တိုက်ခိုက်နေကြသည့်အဖွဲ့များ၊ ဖက်ဆစ်အကြမ်းဖက်တပ်ဖွဲ့များ ထိန်းချုပ်ခဲ့သော မြို့များကို သိမ်းပိုက်ထားသည့်အဖွဲ့များလည်းရှိခဲ့ပြီး တော်လှန်ရေးအရှိန်သည် ဆက်လက်ရွေ့လျားလျက်ရှိကြောင်း ULA/AA က ဆိုသည်။

လက်ရှိအချိန်အထိ တော်လှန်နေကြသော အဖွဲ့အစည်းများထဲတွင် တက်ကြွပြီး ရဲရင့်သောလူငယ်များနှင့် စုဖွဲ့ထူထောင်ခဲ့သည့် KNDF ၏ ငါးနှစ်တာကာလအတွင်း တော်လှန်ရေး၏ ဆူကြုံနိမ့်မြင့် လောကဓံအတက်အကျနှင့် ဆင်းရဲဒုက္ခမျိုးစုံတို့ကို ကရင်နီပြည်သူလူထုတစ်ရပ်လုံး ခံစားခဲ့ကြရသည်။ စစ်အာဏာရှင်စနစ်ကို မလိုလားသော မြန်မာပြည်သူလူထုတစ်ရပ်လုံးသည်လည်း နေရာဒေသမတူသော်လည်း ဖက်ဆစ်တပ်၏ အကြမ်းဖက်မှုမျိုးစုံကို တူညီစွာ ခံစားခဲ့ကြရပြီးဖြစ်ကြောင်း AA က ပြောဆိုထားသည်။

ကရင်နီလူမျိုးများနှင့် ဒေသတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးတို့အတွက် KNDF သည် ငါးနှစ်တာကာလအတွင်း ကရင်နီဒေသနှင့် ရှမ်းမြောက်အပါအဝင် နေရာအချို့တို့တွင် မိတ်ဖက်မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့သည်။ ယခုအခါ ကရင်နီဒေသအတွင်းရှိ မြို့ကြီး၊ မြို့ငယ်အချို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကာ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားဖြင့် လည်ပတ်နိုင်ခဲ့ပြီဖြစ်သည်။

KNDF ၏ ငါးနှစ်တာ ကရင်နီတော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေးနှင့် ဘဝပေါင်းများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ကြရသော ကရင်နီပြည်သူလူထု၊ ကရင်နီသူရဲကောင်းများနှင့် တော်လှန်ရေးရဲဘော်များ၏ ပေးဆပ်မှုတိုင်းကို လေးနက်စွာ တန်ဖိုးထား အသိအမှတ်ပြုကြောင်းနှင့် ကရင်နီပြည်သူလူထုတစ်ရပ်လုံးနှင့် KNDF က မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ အချိန်တိုအတွင်း အမြန်ဆုံးပြည့်မြောက်နိုင်ပါစေကြောင်း ULA/AA က ဆုမွန်ကောင်းတောင်းပေးထားသည်။

#KTM
#HlaingInfo
👍78🥰5😁32🔥2
နယ်စပ်တွင် ကျားဖြန့်ဆိုက်အသစ်များ ထပ်မံပေါ်ပေါက်လာချိန် ရွှေကုက္ကိုလ်ရှိ ဆိုက်ဟောင်းများကို စစ်ကောင်စီ ဖြိုဖျက်ပြနေ

မေလ ၃၁ ရက်

နယ်စပ်ဒေသများတွင် ကျားဖြန့် (အွန်လိုင်းငွေလိမ်) ဆိုက်အသစ်များ ထပ်မံပေါ်ပေါက်လာချိန်၌ ရွှေကုက္ကိုလ်ရှိ ဆိုက်ဟောင်းအချို့ကို စစ်ကောင်စီက လိုက်လံဖြိုဖျက်ပြနေကြောင်း ဒေသခံများက MPA သို့ ပြောသည်။

စစ်ကောင်စီနှင့် နယ်မြေခံ ကရင်အမျိုးသားတပ်မတော် (KNA) တို့ ညှိနှိုင်းပြီး ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်ရုံအဟောင်းများကို ဖြိုဖျက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်က ဖြိုဖျက်ရန် ရပ်တန့်ထားသည့် အဆောက်အအုံများကို မေလ ၂၅ ရက်တွင် စက်ယန္တရားများဖြင့် စတင်ဝင်ရောက်ဖျက်ဆီးခဲ့ပြီး၊ တစ်ရက်လျှင် အဆောက်အအုံ နှစ်လုံးနှုန်းဖြင့် လေးထပ်တိုက်ခန်း အဆောက်အအုံ ၃၀ ကျော်အပါအဝင် ကျားဖြန့်ဆိုက်ဟောင်းများကို ဖြိုချနေခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေးဒေသရှိ KK Park နှင့် ရွှေကုက္ကိုလ်မြို့သစ်တို့ရှိ ကျားဖြန့်ဆိုက်များကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီး၊ KK Park ရှိ အဆောက်အအုံ ၆၀၀ ကျော်ကို ဖျက်ဆီးခဲ့ဖူးသည်။

ထိုစဉ်က ရွှေကုက္ကိုလ်ရှိ အဆောက်အအုံများကို ချိပ်ပိတ်ရုံသာ ပြုလုပ်ခဲ့သော်လည်း၊ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရွှေကုက္ကိုလ်၊ မြဝတီမြို့နှင့် မယ်ထော်သလေးဒေသရှိ ကျားဖြန့်ဆိုက်များ ပြန်လည်လည်ပတ်လာခဲ့သည်။ ထို့ပြင် သစ်ကတော၊ မေတ္တာလင်းမြိုင်၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်နှင့် ဘုရားသုံးဆူဒေသတို့တွင်လည်း ကျားဖြန့်ဆိုက်အသစ်များစွာ ထပ်မံပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရွှေကုက္ကိုလ်မြို့သစ်ရှိ အဆောက်အအုံ ၇၇ လုံးအထိ ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

သို့သော် ကျားဖြန့်လုပ်ငန်းများ၏ နောက်ကွယ်တွင် စစ်အုပ်စုအပြင် တရုတ်ရာဇဝတ်ဂိုဏ်းများကပါ စနစ်တကျ ပါဝင်ပတ်သက်နေသောကြောင့် ယခုကဲ့သို့ နှိမ်နင်းမှုများသည် အမြစ်ပြတ်သွားမည်မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

#MPA
#HlaingInfo
😁568👍3🔥3👏1
ပြည်နယ်တပ်ပေါ်လာဖို့ KNDF ကို IEC တိုက်တွန်း

မေလ -၃၁ ရက်

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

ဒီနေ့(မေလ ၃၁ ရက်)မှာ KNDF တည်ထောင်တဲ့ ၅နှစ်ပြည့် အခမ်းအနားအပေါ် IEC ကပေးပို့တဲ့သဝဏ်လွှာမှာအထက်ပါအကြောင်းအရာထည့် သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင်KNDFအနေနဲ့ တော်လှန်ရေးကာလအတွင်းရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေကို အခြေခံပြီး ပြည်သူလူထုအပေါ် သစ္စာစောင့်သိပြီး စစ်ဥပဒေစည်းမျဉ်းတွေကို လေးစားလိုက်နာကာ ပိုမိုခိုင်မာစနစ်ကျတဲ့ တပ်ဖွဲ့တစ်ရပ်အဖြစ် ဆက်လက် ဖွံ့ဖြိုးတိုးတက် ရပ်တည်နိုင်စေဖို့လည်း ဆိုပါတယ်။

တော်လှန်ရေးခရီးလမ်းတလျှောက်တိုက်ပွဲအသီးသီးမှာ အသက်ပေးလှူပြီး အမြင့်မြတ်ဆုံးပေးဆပ်မှု‌တွေပြုလုပ်ခဲ့ကြတဲ့ KNDF တပ်ဖွဲ့ဝင် အာဇာနည်သူရဲကောင်းတွေနဲ့ ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်‌တွေကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ IEC က အသိပေးပါတယ်။

KNDF ဟာပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု နဲ့ အခက်အခဲ၊ စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင် ကျော်လွှားနေသလို ဒီကနေ့တိုင် တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲပြီး ရှေ့တန်းမှာ တိုက်ပွဲ‌၀င်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မေလ ၃၁ရက်က စတင်ဖွဲ့စည်းခဲ့တဲ့ KNDF ဟာ ကရင်နီပူးပေါင်းတပ်‌တွေနဲ့အတူ ၂၀၂၃ နိုဝင်ဘာက ၁၁၁၁ စစ်ဆင်ရေးနဲ့ မြို့သိမ်းတိုက်ပွဲ‌တွေ လုပ်ဆောင်ခဲ့ပြီး မြို့တော် လွိုင်ကော်ကိုသိမ်းပိုက်နိုင်ဖို့ လက်တကမ်းအလိုထိ ရောက်ခဲ့ဖူးပါတယ်။

KNDF တပ်ရင်းတွေမှာ တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ နဲ့အထက်ရှိတယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောထားဖူးပါတယ်။

ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက် နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။

ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်း ဖွဲ့စည်းထားတာရှိပါတယ်။ပြီးခဲ့တဲ့ နှစ် ၂၀၂၅က စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးလာပါတယ်။

ရှမ်းတောင် နဲ့ကရင်နီပြည်နယ်က ဟိုပုံး -ဆီဆိုင် ၊ပင်လောင်း-ဆောင်ပြောင်း-ဖယ်ခုံ -မိုးဗြဲ ၊ လွိုင်ကော်၊ဒီးမော့ဆိုမြို့ နဲ့ ဖားဆောင်းမြို့တွေကို စစ်တပ်က ပြန်ထိန်းချုပ်ခဲ့ပါတယ်။

ကရင်နီဒေသမှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် UKSAကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုက တိုက်တွန်းနေပါတယ်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ(၆)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
#LNO
#HlaingInfo
👍50🥰94🔥1😁1
ဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရ ၃ ရပ်တို့ တွေ့ဆုံဆွေးနွေး

မေလ ၃၁ ရက်

မန္တလေးဒေသ၊ ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရနဲ့ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ မေလ (၃၀) ရက်၊ မနက် (၁၀) နာရီမှာ အွန်လိုင်းကတစ်ဆင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရထံမှ သိရပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ ‌‌‌ဖက်ဒရယ်ယူနစ်/ဒေသ ၃ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဖက်ဒရယ်ယူနစ်/ဒေသတွေအကြား လုပ်ပိုင်ခွင့်တာဝန်တွေခွဲဝေရေး (Division of Competency) ဆွေးနွေးဆောင်ရွက်မှုတွေကို အပြန်အလှန် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေး အကြံပြုခဲ့ကြပါတယ်။

ဒါ့အပြင် ရှေ့ဆက်အနာဂတ်မှာ ဖက်ဒရယ်ယူနစ်/ဒေသ ၃ ခု လက်တွဲညီညီနဲ့ တော်လှန်ရေးလုပ်ငန်းတွေ ချိတ်ဆက်ဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် ကောင်စီဝင်တွေ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရမှ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရမှ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်တွေ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။

တွေ့ဆုံမှုဟာ မန္တလေးဒေသ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မကွေးဖက်ဒရယ်ယူနစ် အစိုးရတို့အကြား ပထမအကြိမ် သုံးပွင့်ဆိုင် တွေ့ဆုံမှုဖြစ်ပြီး ပြည်သူလူထုနဲ့ တော်လှန်ရေးအကျိုးကို ဦးထိပ်ထားပြီး မမှိတ်မသုန် ဆက်လက် လက်တွဲ ချီတက်သွားကြမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

#PVTV
#HlaingInfo
40👍17🔥1🥰1😁1
အမရပူရတွင် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များက ဧည့်စာရင်းစစ်၍ လူငယ်များကို ဖမ်းဆီးပြီး ငွေကျပ် သိန်းရာချီဖြင့် စစ်မှုထမ်းအတွက် ရောင်းစားနေ

မေလ ၃၁ ရက်

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စုတွင် ရွေးတုအစိုးရခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လက်အောက်ခံ ရဲ၊ စစ်သား၊ ပြည်သူ့စစ်၊ ပျူစောထီးများက ဒေသခံများနှင့် နယ်ဝေးမှ လာရောက် လုပ်ကိုင်နေသည့် လူငယ်များကို ညစဉ် ဧည့်စာရင်းစစ်ဆေးကာ အကြောင်းပြ၍ ဖမ်းဆီးနေပြီး ပြည်သူ့ စစ်မှုထမ်းအတွက် ငွေကျပ်သိန်းရာချီဖြင့် ရောင်းစားနေကြောင်း ဒေသခံများထံမှ သိရသည်။

ဓနုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြတ်ခိုင်၊ ပြည်သူ့စစ်များဖြစ်ကြသည့် ဦးခင်မောင်ဌေး၊ ဦးသန်းစိုးတို့သည် ဓနုံးကျေးရွာ၊ ယာဉ်တော်စံကျေးရွာ၊ ကုလားရွာနှင့် အခြားကျေးရွာများတွင် အကြောင်းအမျိုးမျိုးပြကာ ညစဉ် ဧည့်စာရင်း လိုက်လံစစ်ဆေးပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"အုပ်ချုပ်ရေးမှူး ကျော်မြတ်ခိုင်ဆိုရင် အခု ကားတွေတောင် အပြောင်းအလဲနဲ့ စီးနေတာ။ ပြည်သူ့စစ် ခင်မောင်ဌေးလည်း အရင်က ဆိုင်ကယ်ပဲ ရှိတာ၊ အခုဆို ကားတောင် အပြောင်းအလဲနဲ့ စီးနိုင်နေပြီ။ လူငယ်တွေကို ရောင်းစားပြီး ရတဲ့ငွေတွေနဲ့ ချမ်းသာနေကြတာ" ဟု ဓနုံးကျေးရွာအုပ်စုရှိ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ ဖမ်းဆီးရမိသည့် လူငယ်အချို့ကို ရွေးတုအစိုးရစစ်တပ်အတွင်းသို့ စစ်မှုထမ်းရန် အစားထိုး လိုသူများထံသို့ ငွေကြေးအမြောက်အမြားဖြင့် ပြန်လည်ရောင်းစားခြင်းများ ပြုလုပ်နေပြီး လူငယ် တစ်ဦးလျှင် ငွေကျပ် သိန်း ၇၀ မှ သိန်း ၁၂၀ အထိ တောင်းယူကာ လူပွဲစားသဖွယ် ရောင်းစားနေကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့သည် ၎င်းတို့နှင့် ရင်းနှီးမှုမရှိသည့် မိသားစုများနှင့် လူငယ်များကို အဓိက ပစ်မှတ်ထားကာ ဖမ်းဆီးနေသောကြောင့် ဓနုံးကျေးရွာအုပ်စုအတွင်းရှိ လူငယ် များမှာ နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

အဆိုပါ ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်၊ ပျူစောထီးအဖွဲ့များ၏ ရိုက်နှက်ခြိမ်းခြောက် မှုများ ရှိနေသော်လည်း ၎င်းတို့ကို မည်သူမျှ ထုတ်ဖော်ပြောဆိုရဲခြင်း မရှိဘဲ ကျေးရွာအုပ်စုအတွင်း အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေကြရကြောင်း ဒေသခံများ၏ ပြောကြား ချက်အရ သိရသည်။

#AYAT
#HlaingInfo
🤬544👎2👏1😢1
ကျပ်မပြည့်သည့် ရက်၁၀၀စီမံချက်က ရန်ကုန်ပြည်သူတို့၏ စီးပွားရေးဘဝသာမက သမိုင်းအစဉ်အ လာကိုပါ ဖျက်ဆီးဟုဆို

မေလ ၃၁ ရက်

စစ်အုပ်စု အစိုးရတု၏ ကျပ်မပြည့်သည့် ရက်၁၀၀ စီမံချက်က ရန်ကုန်ပြည်သူတို့၏ စီးပွားရေးဘဝကို သာမက သမိုင်းအစဉ်အလာကိုပါ ဖျက်ဆီးနေကြောင်း သိရသည်။

အစိုးရတုက ရက်၁၀၀စီမံချက်ဟုဆိုကာ ရန်ကုန်မြို့ရှိ လမ်းဘေးဈေးသည်နှင့် လမ်းမပေါ် ဆိုင်ဖွင့် လှစ်ခြင်းကို ဖယ်ရှားရှင်းလင်းနေခြင်းကြောင့် တနိုင်တပိုင်စီးပွားရေးလုပ်ငန်းတို့ ဒုက္ခရောက်ကြသလို ရန်ကုန်မြို့ရောက် နိုင်ငံခြားဧည့်များပင် ဝင်ထွက်စားသောက်ကြသော လသာမြို့၊၁၉လမ်း ညဈေး တန်းသည်လည်း ပျက်စီးရကြောင်း အသက်၆၀ကျော်အရွယ်ရှိ ရန်ကုန်မြို့သား စာရေးဆရာတစ်ဦး ကဆိုသည်။

“၁၉လမ်းညဈေးတန်းဆိုတာ ကျနော်တို့ မမွေးခင် နှစ်အတော်ကြာကတည်းက ရန်ကုန်မှာ ရန်ကုန် ညကို လှစေခဲ့တဲ့ ယဉ်ကျေးမှုအလှပါ။ဉာဏ်ပညာရှိတဲ့ ကျနော်တို့ရဲ့ NLDအစိုးရလက်ထက်မှာ ၁၉ လမ်းမှာ နိုင်ငံခြားဧည့်တွေရော ရန်ကုန်ရောက်လာတဲ့ ပြည်တွင်းဧည့်တွေရော ရန်ကုန်သားတွေရော တရုန်းရုန်းနဲ့ သိပ်ပျော်ခဲ့ကြတာ။အခုတော့ ၁၉လမ်းကဆိုင်တွေ လမ်းပေါ် ဆိုင်မခင်းရတော့ဘူးဆို တော့ နေပြည်တော်ကကောင်တွေရဲ့ ဉာဏ်ရည် သုညပဲရှိတာ ဖော်ပြလိုက်တာပဲ”ဟု ၎င်းက ပြော သည်။

မင်းအောင်လှိုင်သည် ၎င်း၏ မတရားအာဏာသက်ဆိုးရှည်ရေးအတွက် တစ်တိုင်းပြည်လုံးကို ဖျက် ဆီးနေသူဖြစ်၍ ရန်ကုန်မြို့၏ တရုတ်တန်းယဉ်ကျေးမှုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းလည်း ဖြစ် နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“NLDအစိုးရလက်ထက်တုန်းက ကျနော့်ကုမ္ပဏီကို ရောက်လာတဲ့ နိုင်ငံခြားဧည့်တွေကို ညဘက် ၁၉ လမ်းမှာပဲ ဧည့်ခံတယ်။ကုန်ကျစရိတ်လည်း သက်သာတယ်။၁၉လမ်းအစားအသောက်တွေကို နိုင်ငံ ခြားသားတွေလည်း ကြိုက်တယ်။၁၉လမ်း Night Life ကိုလည်း နိုင်ငံခြားသားတွေလည်း ကြိုက်ကြ လို့”ဟု အလယ်အလတ်အဆင့် အီလက်ထရောနစ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

၂၀၂၅ခုနှစ်မှ စတင်ကာ ပေါ်တာဆွဲခံရမည်ကို ကြောက်သဖြင့် ၁၉လမ်းသို့ ညဘက် မရောက်တော့ ကြောင်းနှင့် ယခု လမ်းမပေါ် ဆိုင်ခင်းခွင့်မရတော့သဖြင့် သွားချင်စိတ်လည်း မရှိတော့ကြောင်း အသက်၅၂နှစ်ရှိပြီဖြစ်သော ၎င်းက ဆက်လက်ပြောသည်။

၁၉လမ်းယဉ်ကျေးမှုသည် လူမျိုး၊ဘာသာမရွေးကို ကြိုဆိုနေပြီး လွတ်လပ်မှုကို ကိုယ်စားပြုကြောင်း ရန်ကုန်မြို့သားစာရေးဆရာက ဆိုသည်။

#MPA
#HlaingInfo
👍50🔥75😢2😁1
ပြင်ဦးလွင်စစ်တက္ကသိုလ်တွင် အချင်းချင်းထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးသည့် သတင်း ပေါက်ကြား၍ အရာရှိ၊ စစ်သည်နှင့်မိသားစုဝင်များကို စစ်တပ်က ပြန်လည်ဖမ်းဆီးစစ်ဆေး

မေလ ၃၁ ရက်

အကြမ်းဖက်စစ်တပ်၏ စစ်တက္ကသိုလ်ဖြစ်သော ပြင်ဦးလွင်စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းအချင်းချင်းထိုး ကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးခဲ့သည့် သတင်း ပြင်ပသို့ ပေါက်ကြား၍ အရာရှိ၊ စစ်သည်နှင့်မိသားစုဝင်များကို စရဖက ဖမ်းဆီးခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း တပ်ရင်းသတင်းရင်းမြစ်တချို့က ပြောဆိုသည်။

ယခင်ဧပြီလအတွင်း အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက် မျိုးဆက်သစ်များ မွေးထုတ်ရာ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများ အချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးခဲ့ကြောင်း၊
သိန်းဟန်သည် ဧရာ၀တီတိုင်း၊ ဖျာပုံမြို့မှ ဖြစ်ပြီး စစ်တက္ကသိုလ်တွင် တက်ရောက်နေသူဖြစ်ကြောင်း ၊ဧပြီလနှောင်းပိုင်းတွင် ဗိုလ်လောင်းများ၏ ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးခဲ့ကြောင်း ၊ သေ ဆုံးသူ ဗိုလ်လောင်း သိန်းဟန် အစာ အိမ်ကြောင့် ဝမ်းဗိုက်ခွဲစိတ်ထားသူဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်လောင်းသိန်းဟန် သေဆုံးသည့်သတင်းကို စစ်တက္ကသိုလ်အတွင်း စုံခုံဖွဲ့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ယင်းသေဆုံးမှုတွင် ပါဝင်ပတ်သက်သူများကို အရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ဗိုလ်လောင်းသိန်းဟန် သေဆုံးသည့်သတင်းကို ပြင်ပသို့ မပေါက်ကြားစေရန် ဖုံးဖိထားခဲ့သော်လည်း ရန်ကုန်ခေတ်သစ်သတင်းဌာနက နာရေးဓာတ်ပုံနှင့်တကွ သတင်းဖော်ပြခဲ့သည့်အတွက် ပြင်ဦးလွင် စစ်တက္ကသိုလ်အတွင်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကာ မသင်္ကာသူများကို ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဗိုလ်လောင်းသိန်းဟန် နာရေးဓာတ်ပုံက စစ်တက္ကသိုလ်က သူ့အခန်းကုတင်မှာ လုပ်ထားတာ။ အဲဒါကြောင့် အဲဒီဓာတ်ပုံ ဘယ်လို ပေါက်လဲ။ လိုင်းပေါ်ရောက်လဲဆိုပြီး စစ်ဆေးတာတွေလုပ်တယ်။ အဆောင်အရာရှိနဲ့ စစ်သည်တချို့ရော မိသားစုဝင်တွေပါ စစ်ဆေးဖမ်းဆီးခံရတယ်" ဟု အခြေအနေကို သိရှိထားသော သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်၏ စစ်တက္ကသိုလ်တွင် စီနီယာဗိုလ်လောင်းများက ဂျူနီယာ ဗိုလ်လောင်းများကို ထိုးကြိတ် အုပ်ချုပ်လေ့ရှိပြီး ယင်းစနစ်ကြောင့် မကြာခဏဆိုသလို သေဆုံးခဲ့သော ဗိုလ်လောင်းများရှိနေကြောင်း သိရှိရသည်။

ပြင်ဦးလွင်စစ်တက္ကသိုလ်တွင် စီနီယာက ဂျူနီယာများကို အုပ်စုဖွဲ့ အုပ်ချုပ်ခြင်း၊ ထိုးကြိတ်ခြင်းများမှာ စစ် တက္ကသိုလ် ကျောင်း၏ မူဝါဒအရ ခေတ်အဆက်ဆက် ခွင့်ပြုထားသော စနစ်တစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
😁36🔥17👍63👏3
1 JUNE 2026 ထွက်မည့် ထိုင်းထီ ရပါပြီရှင့်

490002 တစောင်ကျန်
193305 တစောင်ကျန်

260225 တစောင်ကျန်
432731 တစောင်ကျန်
888820 တစောင်ကျန်
881406 တစောင်ကျန်
562800 တစောင်ကျန်


250090
650089
011288
128885

032569

303032
833330
343421
438004
390004
131000
695400

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                           
   
- https://t.me/infoAthlaing    
                                          
Viber   ☎️  +66991894319

#ThaiLottery                                               
#HlaingInfo
29👍10🔥1
နမ့်စန်နှင့် ဆီဆိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နာနတ်စိုက်ခင်းများ ပျက်စီး၊ တောင်သူများ အရှုံးပေါ်

မေလ ၃၁ ရက်

ရှမ်းပြည်တောင်ပိုင်း နမ့်စန်နှင့် ဆီဆိုင်မြို့နယ်တို့တွင် ယခုတစ်ပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် နာနတ်စိုက်ခင်းများတွင် ရေစိမ့်ဝင်ကာ အမြစ်ပုတ်ခြင်း၊ အမြစ်လောင်ခြင်းများ ဖြစ်ပွားနေပြီး တောင်သူများ အရှုံးနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ဒေသခံတောင်သူများ၏ ပြောကြားချက်အရ နာနတ်ပင်အတွင်းပိုင်း မိုးရေစိမ့်ဝင်မှုကြောင့် အပင်ပေါ်တွင် နှင်းကျထားသကဲ့သို့ ခြောက်သွေ့လာပြီး နောက်ပိုင်းတွင် အပင်တစ်ပင်လုံး သေဆုံးပျက်စီးသွားကြောင်း သိရသည်။

“မိုးရွာတုန်းက ရေစိမ့်ဝင်ပြီး အမြစ်ပုတ်၊ အမြစ်လောင်တာ ဖြစ်တယ်။ အပင်ပေါ်က နှင်းကျသလို ဖြစ်ပြီး နောက်တော့ အပင်ခြောက်သွားတယ်။ ဆုံးရှုံးမှုက တော်တော်များတယ်” ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပျက်စီးသွားသည့် နာနတ်စိုက်ခင်းဧရိယာမှာ ခန့်မှန်းခြေ ဧက ၅၀ ဝန်းကျင် ရှိနိုင်ကြောင်း ဒေသခံများက ဆိုသည်။

နာနတ်သီးမှာ စိုက်ပျိုးပြီးနောက် ၂ နှစ်မှ ၃ နှစ်ခန့် အကြာတွင်သာ အသီးစတင် ခူးဆွတ်နိုင်သည့် သီးနှံဖြစ်သဖြင့် ယခုကဲ့သို့ ပျက်စီးမှုမှာ တောင်သူများအတွက် အရင်းအနှီးနှင့် အချိန်များစွာ ဆုံးရှုံးစေခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခုအချိန်သည် နာနတ်သီးများ စတင်ခူးဆွတ်ရမည့် ရာသီဖြစ်ပြီး အပင်များတွင် အသီးများလည်း သီးနှံထွက်ရှိနေပြီ ဖြစ်သော်လည်း မိုးဒဏ်ကြောင့် ပျက်စီးသွားခဲ့သဖြင့် တောင်သူများအနေဖြင့် စိတ်ဓာတ်ကျမှုများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

“ဒီနှစ်က အသီးတွေ သီးနေပြီ၊ ခူးရတော့မယ့်အချိန်လည်း ဖြစ်နေပြီ။ နှစ်နဲ့ချီ စောင့်ပြီး စိုက်ထားတာ အခုလို ပျက်သွားတော့ စိတ်မကောင်းဖြစ်ရတယ်။ စိတ်ဓာတ်လည်း တော်တော်ကျတယ်” ဟု တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယခုလို နာနတ်ပင်အတွင်း မိုးရေစိမ့်ဝင်ကာ အပင်ပုတ်ပြီး ပျက်စီးသွားခြင်းမျိုးကို ယခင်ကလည်း ကြုံတွေ့ဖူးသော်လည်း တစ်ခြံလျှင် တစ်ပင်၊ နှစ်ပင်ခန့်သာ ပျက်စီးလေ့ရှိကြောင်း သိရသည်။

သို့သော် ယခုနှစ်တွင်မူ အခင်းလိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနေပြီး ယင်းကဲ့သို့ ပမာဏကြီးမားစွာ ပျက်စီးမှုမျိုးကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောသည်။

#MKN
#HlaingInfo
😢48🔥21🤔1
TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့ အနီး ကောင်းတပ်ကျေးရွာတွင် ပေါက် ကွဲမှုဖြစ်ပြီး အရပ်သားပြည်သူ အများအပြားဒဏ်ရာရကာ သေဆုံးမှုများရှိနိုင်

မေလ ၃၁ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့အနီး ကောင်းတပ်ကျေးရွာတွင် ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားပြည်သူ အများအပြားဒဏ်ရာရရှိသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် နမ့်ခမ်းမြို့အနီးတွင် အလွန်ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မီးခိုးလုံးများတက်လာပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ လတ်တလော ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးဝန်းကျင်ရှိနေပြီး အခြေအနေအသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

"လေယာဉ်နဲ့ ဗုံးကျဲတာလိုလို၊ လက်နက်ကြီးနဲ့ အပစ်ခံရတာလိုလို ပြောနေကြတယ်။ ပေါက်ကွဲမှုကတော့ ဖြစ်တယ်။ ၅ ဦးလောက်ဒဏ်ရာရတယ်။ အိမ်တွေ ပျက်စီးသွားတာလည်းရှိတယ်။ ကောင်းတပ်၊ ပန်ထိုလိန် ဘက်မှာ ပေါက်ကွဲတာလို့လည်းပြောတယ်။ ပေါက်ကွဲသံကတော့ တော်တော်ကို ကျယ်တာ။ အသေးစိတ် မသိရသေးဘူး" ဟု နမ့်ခမ်းမြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

နမ့်ခမ်းအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တချို့ကမူ လက်နက်ဂိုဒေါင် (သို့မဟုတ်) ယမ်းဂိုဒေါင် ပေါက်ကွဲခြင်းဖြစ်နိုင်ပြီး သေဆုံးသူများ ရှိနေသည်ဟု သိရှိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နမ့်ခမ်းမြို့သည် TNLA ထိန်းချုပ်ထားသော ဒေသတစ်ခုဖြစ်ပြီး လတ်တလော TNLA နှင့် စစ်တပ်အကြား တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ယာယီ အပစ်အခတ်ရပ်စဲထားသည်။

#KTM
#HlaingInfo
😢51👍6🔥2👏21😱1
အုပ်ချုပ်ရေးမှူးကို ဓားနဲ့ခုတ်လို့ သေနတ်နဲ့ ပြန်လည်ပစ်ခတ်ရာမှ အပြန်အလှန် တရားစွဲဆိုမှုဖြစ်ပွား

မေလ ၃၁ ရက်

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့၊ ရန်အောင်မြေရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးနဲ့ အရပ်သားတဦး ရပ်ကွက်ထဲ ရန်ဖြစ်ရာက အုပ်ချုပ်ရေးမှူးကို ဓားနဲ့ခုတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးကလည်း သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ကျိုက္ခမီမြို့၊ ရန်အောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းနဲ့ တရပ်ကွက်ထဲ နေထိုင်တဲ့ ဖြိုးမင်းခိုင် ဆိုသူတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဖြိုးမင်းခိုင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓားနဲ့ ပြေးခုတ်ခဲ့တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့သူဟာ ခြေထောက် ၂ ဖက် ကျည်ဖောက်ဝင်ဒဏ်ရာ ရခဲ့တာကြောင့် မိသားစုက မကျေနပ်လို့ ရဲစခန်းကို သွားရောက်တိုင်ကြားရာက အပြန်အလှန် တရားစွဲဆိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ရန်ဖြစ်ကြတာက စတာ၊ အရင်ကတော့ သူတို့က သောက်ဖော်သောက်ဖက် လူရင်းတွေပါ၊ ဘယ်ကစ ဖြစ်တယ်မသိဘူး၊ အုပ်ကြီးကို ဓားနဲ့ခုတ်လို့ ဟိုကသေနတ်နဲ့ ပြန်ပစ်တယ် ပြောတယ်၊ အဲ့ညက သေနတ်ပစ်သံကြားတာ ၅ ချက်လောက်ရှိတယ်” လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီး ၇ ရက်အကြာ မေလ ၃၀ ရက်နေ့မှာ သေနတ်နဲ့ပစ်ခတ်ခံရသူ ဖြိုးမင်းခိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ဖြိုးဖြိုးစံက ကျိုက္ခမီရဲစခန်းမှာ အကျိုးအကြောင်းပြောကာ အမှုဖွင့်ခဲ့တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးကလည်း မြို့နယ်ထွေအုပ်ရဲ့ အကူအညီကိုရယူကာ ပြန်လည်တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

“ရဲကိုတိုင်ကြားစာမှာ နစ်နာသူအမျိုးသားရဲ့ဇနီးက အုပ်ချုပ်ရေးမှူးက သူ့အမျိုးသားကို သေနတ်နဲ့ပစ်လို့ ခြေထောက် ၂ ချောင်းလုံး ကျည်ဖောက်ဝင် ဒဏ်ရာရသွားတယ်၊ အဲ့အတွက် ထိထိရောက်ရောက် အရေးယူပေးဖို့ တိုင်တာ၊ ခုမှ အမှုကိုတိုင်ရတဲ့အကြောင်းက မိသားစုနဲ့ တိုင်ပင်နေရလို့ အမှုတိုင်ကြားတာ နောက်ကျတာပါလို့ ပြောတယ်” လို့ ရဲနဲ့နီးစပ်သူတဦးက မြို့တော်ကို ပြောပါတယ်။

အလားတူ အုပ်ချုပ်ရေးမှူးဘက်ကလည်း သူ့ကို ဓားနဲ့ခုတ်ခဲ့တာကြောင့် သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ရင်း ကျည်ထိမှန်ခဲ့တာဖြစ်ကြောင်းနဲ့ အသက်အန္တရာယ်ကို ကာကွယ်တာဖြစ်ကြောင်း မြို့နယ်ထွေအုပ်အဖွဲ့ဝင်တွေရဲ့ အကူအညီယူကာ ကျိုက္ခမီရဲစခန်းမှာ ပြန်လည်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

“အုပ်ကြီးဘက်က တာဝန်ဝတ္တရား နှောက်ယှက်မှုရယ်၊ အသက်အန္တရာယ် ချိန်းခြောက်မှုနဲ့ပါ တရားစွဲမယ် ပြောတယ်၊ အုပ်ကြီးဘက်က မြို့နယ်ထွေအုပ် အဖွဲ့ဝင်တွေ ကူညီနေတယ်” လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ကိုဖြိုးမင်းခိုင်ဟာ ဘယ်ဘက်ခြေသလုံး ကျည်ရှပ်ထိဒဏ်ရာ၂ ချက်နဲ့ ညာဘက် ခြေသလုံး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိထားပြီး ကျိုက္ခမီဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရသူ မိသားစုရဲ့ တိုင်ကြားချက်ကို ရာဇသတ်ကြီး ပုဒ်မ-၃၂၄ နဲ့ အမှုဖွင့်ပေးခဲ့ပြီး အုပ်ချုပ်ရေးမှူးရဲ့ တိုင်ကြားချက်ကို ရာဇသတ်ကြီး ပုဒ်မ ၃၂၆ နဲ့ ကျိုက္ခမီရဲစခန်းက အမှုဖွင့်ပေးခဲ့ကာ သံဖြူဇရပ်တရားရုံးကို စွဲချက်တင်ခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ကိုဖြိုးမင်းခိုင်ကို တရားရုံးက ပထမ အမှုအနေနဲ့ အရင်စစ်ဆေးမယ်လို့ သိရပါတယ်။

#Myotaw
#HlaingInfo
👍37😁137🔥1👏1🤔1
တောင်တွင်း-မကွေး လမ်းပိုင်းတွင် ဆက်ကြေးကောက်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်တပ်ပူးပေါင်းဂိတ်ကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

မေလ ၃၁ ရက်

မကွေးတိုင်း၊ မကွေးမြို့နယ်၊ တောင်တွင်း-မကွေး လမ်းပိုင်းတွင် ဆက်ကြေးကောက်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အကြမ်းဖက် စစ်တပ် ပူးပေါင်းဂိတ်ကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုချောင်ဖုန်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ တောင်တွင်း-မကွေး ကားလမ်းပိုင်းတွင် အထိုင်ချ တပ်စွဲ၍ ဆက်ကြေးကောက်ခံခြင်းနှင့် ပေါ်တာဆွဲဖမ်းဆီးခြင်းများ ပြုလုပ်နေသော စစ်တပ်နှင့်ရဲ ပူးပေါင်းဂိတ်ကို တော်လှန်ရေး ရဲဘော်များက ၄၀ မမ ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့‌ကြောင်း သိရှိရသည်။

"၄၀ မမ ဗုံး အတွဲလိုက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ခွေးဂိတ်အနီးမှာ တွဲကားတွေ ရပ်ထားတဲ့ အတွက် ဘန်ကာ နောက်ဘက် ကိုပဲ ရွေးချယ်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေးတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးအဖွဲ့တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်" ဟု မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုချောင်ဖုန်းက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်တွင်းကြီး( Rocket Fighter) အဖွဲ့နှင့် မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#KTM
#HlaingInfo
41👍17👏7😁3
မော်တော်ယာဉ်အဟောင်းတွေကို EV ကားနဲ့ လဲလှယ်ပေးမယ်ဆိုတဲ့ မူဝါဒထွက်ပြီးနောက် ကားဈေးကွက် အတွင်း ဝယ်ယူသူနည်းပါးလာ

မေလ ၃၀ ရက်

မော်တော်ယာဉ်အဟောင်းတွေကို EV ကားနဲ့ လဲလှယ်ပေးမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ မူဝါဒထွက်ပြီးနောက် ပြည်တွင်းကားဈေးကွက်မှာ ဝယ်ယူသူ နည်းပါးလာကာ အရောင်းအဝယ်ကျဆင်းနေတယ်လို့ ကားရောင်း ဝယ်သူတွေထံမှ သိရပါတယ်။

အဆိုပါ မူဝါဒထွက်ပေါ်လာပြီးမှကားဝယ်ယူဖို့ စဉ်းစားနေသူတွေက ဈေးကွက်အခြေအနေနဲ့မူဝါဒ အသေး စိတ်ဘဲသက်ရောက်မှုကို စောင့်ကြည့်နေကြသဖြင့် အရောင်းအဝယ်မှာအရင်ကထက် မရှိသလောက်နည်းလာနေတယ်လို့ဆိုပါတယ်။

"ယာဉ်အိုယာဉ်ဟောင်း မူဝါဒထွက်လာပြီးနောက်ပိုင်း ဝယ်ယူသူတွေက စောင့်ကြည့်တဲ့သဘော ပိုများလာတာပေါ့။ အရင်က တစ်ပတ်ကို အရောင်းအဝယ်အနည်းဆုံး ၂ စီး၊ ၃ စီးလောက် ဖြစ်ပေမယ့် အခုတော့ မေးမြန်းတာပဲရှိပြီး တကယ်ဝယ်ယူတာ နည်းသွားတယ်။ ပြီးတော့မူဝါဒရဲ့ အသေးစိတ်အချက်အလက်တွေ မရှင်းလင်းသေးတာကြောင့် ကားအဟောင်းကိုင်ထားသူတွေလည်း ရောင်းဖို့တွန့်ဆုတ်နေကြတာရော ဝယ်မယ့်သူတွေလည်း ဆုံးဖြတ်ချက်မချနိုင်သေးတဲ့ အခြေအနေ ဖြစ်နေတယ်" လို့ကားရောင်းဝယ်လုပ်ကိုင်နေသူတစ်ဦးက Connect Burma ကိုပြောပါတယ်။

ဒီမူဝါဒရဲ့ အသေးစိတ်အကောင်အထည်ဖော်မည့် အစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့လည်း ကားအသုံးပြုသူတွေကြား မှာ စိုးရိမ်မှုတွေလည်း ရှိနေတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီရဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ယာဉ်အိုယာဉ်ဟောင်း စီမံခန့်ခွဲရေးမူဝါဒမှာသက်တမ်းကြာမြင့်ပြီး လမ်းအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုရှိနိုင်တဲ့ယာဉ်များကို စိစစ်ကာ ဖျက်သိမ်းခြင်း သို့မဟုတ် စနစ်တကျ စီမံခန့်ခွဲသွားဖို့ ရည်ရွယ်ထားကြောင်း ဖော်ပြထားတာလည်းတွေ့ရပါတယ်။

လက်ရှိ ကားဈေးကွက်အတွင်း အရောင်းပြထားတဲ့ ယာဉ်တွေ ရှိနေသော်လည်း လာရောက်ကြည့်ရှုမေးမြန်းသူတွေသာ များပြားနေလျက်ရှိနေပြီး အမှန်တကယ် ဝယ်ယူသူတွေ နည်းပါးနေတယ်လို့လည်းသိရပါတယ်။

ကားဝယ်ယူဖို့ရာစဉ်းစားနေသူတစ်ဦးကလည်း မူဝါဒရဲ့ နောက်ဆက်တွဲ သက်ရောက်မှုကို စောင့်ကြည့်လိုသဖြင့် လက်ရှိမှာ ဝယ်ယူဖို့ဆုံးဖြတ်ချက် မချသေးတဲ့အခြေအနေကိုလည်း အခုလိုပြောပြပါတယ်။

"ကားတစ်စီးဝယ်ဖို့ စဉ်းစားထားပေမယ့် ယာဉ်အိုယာဉ်ဟောင်း မူဝါဒကြောင့် စောင့်ကြည့်နေတာ။ ဝယ်ပြီးမှ နောက်ပိုင်း ကန့်သတ်ချက်တွေ ထပ်ထွက်လာမလား၊ မှတ်ပုံတင်ကိစ္စတွေ ရှုပ်ထွေးသွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ဈေးကွက်အခြေအနေကိုပဲ စောင့်ကြည့်နေပြီး ဝယ်ယူဖို့ မဆုံးဖြတ်ရသေးဘူး" လို့သူက ဆိုပါတယ်။

အခုက မူဝါဒရဲ့ အသေးစိတ်လုပ်ထုံးလုပ်နည်းတွေကလည်း မရှင်းလင်းတော့ ဝယ်ယူမရဲတာ လို့ သူကဆိုပါတယ်။

စစ်တပ်လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ကြေညာချက်အရ ထုတ် လုပ်တဲ့ခုနှစ်မှ သက်တမ်း နှစ်(၂၀) ကျော်လွန်ယာဉ်၊ ပြင်ဆင်မရနိုင်တဲ့ ယာဉ်‌တွေနဲ့ သက်တမ်း နှစ် (၂၀) မကျော်သော်လည်း ဆန္ဒအရ အပ်နှံလိုတဲ့ ယာဉ်တွေရဲ့တန်ဖိုးနဲ့အညီ EV ယာဉ်တွေ အစားထိုးလဲလှယ်နိုင်ဖို့ ဆောင်ရွက်မယ်လို့‌ဖော်ပြထားပါတယ်။

#CB
#HlaingInfo
👍4612🔥5
ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ်တစ်ဦး သေနတ်တစ်လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

မေလ ၃၁ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ်တစ်ဦးသည် သေနတ်တစ်လက်နှင့် ခဲယမ်းများ ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ထံမှ သိရသည်။

မေလ ၃၀ ရက်နေ့ အဆိုပါစစ်မှုထမ်း တပ်သားသစ်သည် MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနှင့် ကျည်အတောင့် ၂၈၀ တို့ကို ယူဆောင်ကာ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ထံ ဆက်သွယ်၍ အလင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

အလင်းဝင် စစ်မှုထမ်းတပ်သားသစ်သည် ရမည်းသင်းမြို့တွင် ကားနောက်လိုက်နေစဉ် စစ်တပ်၏ ဖမ်းဆီးပေါ်တာဆွဲခြင်းကို ခံခဲ့ရသူဖြစ်ပြီး၊ စစ်မှုထမ်း အပတ်စဉ် ၁၄ သင်တန်းသားတစ်ဦး ဖြစ်သည်။

၎င်းသည် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (ဟိုပုံး) တွင် စစ်မှုထမ်းသင်တန်း တက်ရောက်ဆင်းသက်ခဲ့ကာ၊ ခလရ ၅၀ တပ်ရင်းတွင် ၆ လခန့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ အလင်းဝင်လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

"အလင်းဝင်ရောက်လာတဲ့သူက ပြည်သူတစ်ယောက်ကနေတစ်ဆင့် ချိတ်ဆက်ပေးပြီးတော့ ကျွန်တော်တို့အဖွဲ့ထဲကို ဝင်ရောက်လာတာပါ။ သူက လက်နက်ခဲယမ်းတွေပါ ယူဆောင်လာတဲ့အတွက်ကြောင့် ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ကနေ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ထားပါတယ်" ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) မှ တာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။

ပြည်သူလူထုကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည့် စစ်တပ်လက်အောက်ခံ တပ်သားများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ခိုလှုံဝင်ရောက် ပူးပေါင်းကြရန်နှင့် ၎င်းတို့ကို နွေးထွေးစွာ ကြိုဆိုလျက်ရှိကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) က တိုက်တွန်းနှိုးဆော်ထားသည်။

'ပြည်သူ့ပန်းတိုင်' အဖွဲ့၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် မေလ တတိယပတ်အထိ အလင်းဝင်ပူးပေါင်းသူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်း စုစုပေါင်း ၃,၁၅၁ ဦးအထိ ရှိခဲ့ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
👍4510👏6😁4
ဒီမိုကရေစီဖျက်ဆီးသူ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံကို SIF က ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချ

မေလ ၃၁ ရက်

ဒီမိုကရေစီဖျက်ဆီးသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖိတ်ခေါ်ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံကို အဖွဲ့အစည်း ၂၀ ဖြင့် ဖွဲ့စည်းထားသည့် မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF) က ပြင်း ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ယနေ့မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အိန္ဒိယအစိုးရအနေဖြင့် မိမိနိုင်ငံတွင်း၌ ဒီမိုကရေစီကို ဖျက်ဆီးသူအား ဧည့်ခံကြိုဆိုပြီး နိုင်ငံတကာတွင် ဒီမိုကရေစီဘက်တော်သားအဖြစ် ဟန်ဆောင်၍မရနိုင်ကြောင်း SIF က ထောက်ပြသည်။ ယင်းလုပ်ရပ်သည် သံတမန်ရေးရာ ကျင့်ထုံးလုပ်ထုံးတစ်ခု မဟုတ်ဘဲ မြန်မာနိုင်ငံရှိ စစ်တပ်က ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော အာဏာသိမ်းရန် ကြိုးပမ်းမှုကို တရားဝင်ဖြစ်စေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီ၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA) ၏ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်စွဲပါ သတင်းထုတ်ပြန်ချက်တွင် မင်းအောင်လှိုင်အား "မြန်မာနိုင်ငံတော်၏ သမ္မတ" ဟု သုံးနှုန်းဖော်ပြခဲ့ခြင်းအပေါ် ပြတ်ပြတ်သားသား ကန့်ကွက်ပယ်ချကြောင်း SIF က ပြောဆိုသည်။ မင်းအောင်လှိုင်သည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်း မဟုတ်သဖြင့် သမ္မတမဟုတ်သလို ပြည်သူက ပေးအပ်ထားသည့် မဲဆန္ဒရှင်လုပ်ပိုင်ခွင့် (Electoral Mandate) လည်း လုံးဝမရှိကြောင်း ထောက်ပြထားသည်။

"သမ္မတရာထူး" အတုအယောင်ကို ဖန်တီးရန်အတွက် စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ အဆင့် ၃ ဆင့်ပါ ရွေးကောက်ပွဲကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း SIF က ရှင်းလင်းထားသည်။

ထိုသို့ လုပ်ဆောင်စဉ်က NLD အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄ဝ ကျော်ကို ဖျက်သိမ်းခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် လူထုမဲ ၇၂ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့သည့် ပါတီများအားလုံးကို ချန်လှပ်ဖယ်ရှားခဲ့သည်။ မဲပေးချိန်အတွင်း အရှေ့တောင်အာရှတွင် အမြင့်ဆုံးပမာဏဖြစ်သည့် နိုင်ငံရေးအကျဉ်းသား ၂၃,ဝဝဝ နီးပါးကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ ခန့်မှန်းခြေ မဲဆန္ဒရှင် ၁၀.၅ သန်းခန့်မှာ စနစ်တကျ ချန်လှပ်ခြင်းခံခဲ့ရကြောင်း ဆက်လက်ထောက်ပြထားသည်။

စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်သည် တရုတ်နိုင်ငံနှင့် လမ်းခွဲလိုသည့်ဆန္ဒကို ပြသနေသည်ဟူသော လူပြောများသည့်အယူအဆမှာ မှားယွင်းကြောင်း SIF က အသိပေးသည်။ စစ်ကောင်စီသည် တရုတ်အစိုးရကြောင့်သာ အသက်ဆက်နေရခြင်းဖြစ်ပြီး၊ အိန္ဒိယအနေဖြင့် လွှမ်းမိုးချုပ်ကိုင်မှုမရှိသော ဆက်ဆံရေးမျိုးကို ကမ်းလှမ်းနေ သည်ဟူသော ပြောဆိုချက်များသည် မြေပြင်ရှိတရားများနှင့် ကိုက်ညီမှုမရှိကြောင်း ဆိုသည်။

တရုတ်အစိုးရနှင့် လမ်းခွဲနေသည့်သဘောမဟုတ်ဘဲ ဆရာလုပ်သူက ၎င်း၏လက်ဝေခံကို လိုသလို ကိုင်တွယ်မောင်းနှင်နေခြင်းသာဖြစ်ပြီး၊ နယူးဒေလီသို့ တစ်ခေါက်သွားရုံမျှဖြင့် ယင်းအခြေအနေများ ပြောင်းလဲသွားမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယအစိုးရအနေဖြင့် စစ်ကောင်စီတွင် မြေပြင်၌ လုံးဝမရှိတော့သည့် မဟာဗျူဟာမြောက် အရေးပါမှုပုံရိပ်ကို ဟန်ပြဖန်တီးပေးရန် တောင်းဆိုခံနေရခြင်းသာဖြစ်ပြီး၊ ဤလုပ်ရပ်ကြောင့် အိန္ဒိယ၏ ဒီမိုကရေစီအပေါ် ယုံကြည်ကိုးစားမှု ဂုဏ်သိက္ခာ ထိခိုက်နစ်နာရမည်ဖြစ်ကာ မြန်မာပြည်သူများအတွက်မူ မည်သည့်အကျိုးကျေးဇူးမျှ ရှိမည်မဟုတ်ကြောင်း ပြောဆိုသည်။

ကရင်နီ၊ ကရင်၊ ကချင်၊ မွန်၊ ရခိုင် နှင့် အခြားသော လူထုလူတန်းစားအသီးသီးကို ကိုယ်စားပြုသည့် SIF ၏ အဖွဲ့ဝင်အဖွဲ့အစည်း ၂ဝ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ၏ စစ်မှန်သော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလူမျိုးများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် အိန္ဒိယနိုင်ငံနှင့် စစ်မှန်သော မိတ်ဖက်ဆက်ဆံရေးကိုသာ လိုလားကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူများ၏ မြို့ရွာများကို ဗုံးကြဲ၊ ခေါင်းဆောင်များကို ဖမ်းဆီးပြီး ၎င်းတို့၏ မြေယာများကို တရုတ်ထံ ပုံအောပေးနေသည့် စစ်တပ်ကို အရောင်ဆိုး တရားဝင်ဖြစ်အောင် လုပ်ပေးမည့် ဆက်ဆံရေးမျိုးကို လုံးဝလက်မခံကြောင်း ပြတ်ပြတ်သားသား သတိပေး ထုတ်ပြန်ထားသည်။

#KTM
#HlaingInfo
👍708🔥7😁6
အာဏာသိမ်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ဆေးခင်းကျေးရွာကို မဝင်ဖို့ မြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်း အသိပေး

မေလ ၃၁ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဆေးကင်းကျေးရွာကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းက ဦးတည်နေ တဲ့အတွက် ပြည်သူတွေ ကျေးရွာကို ပြန်ဝင်ကြဖို့အတွက် မြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်းက ဒီနေ့မှာ အသိ ပေးပါတယ်။

အကြမ်းဖက်စစ်တပ်ယာဉ်တန်းတွေက ငါန်းဇွန်မြို့နယ်ထဲက လယ်ဝန်းကုန်းကျေးရွာ နဲ့ စည်ထိန်းရွာကို ဝင်ရောက်ပြီး ခြေလျင်စစ်ကြောင်းတွေအနေနဲ့ ပျော်ဘွယ်ရွာကို မနေ့က ဝင်ရောက်နေတယ်လို့ မြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်းက အသိပေးပါတယ်။

မြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်းကတော့ ဆေးခင်းရွာ၊ မကျီးကုန်းရွာ နဲ့ ထွန်းသာကျေးရွာတွေက ပြည်သူ တွေအနေနဲ့ တပ်ရင်းကို အကြောင်းကြားတာမျိုး မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း နဲ့ ပစ္စည်းသယ်ယူတာ တွေ မပြုလုပ်ဖို့ကို အသိပေးထားပါတယ်။

ပြည်သူများအနေနဲ့ တပ်ရင်းရဲဘော်တွေရဲ့ ခွင်ပြုချက်ရမှသာ ဆေးခင်းကျေးရွာ နဲ့ အနီးတစ်ဝိုက် နေရာတွေကို သွားလာဖို့ကို အထူးသတိပေးထားသလို မြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်းရဲဘော်တွေက လက်ရှိမြေပြင် စစ်ရေး အခြေအနေတွေကို ပြည်သူတစ်ချို့ကို လိုက်လံအသိပေးပြီးဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကူညီလိုက်နာ ပေးဖို့ အသိပေးထားပါတယ်။

ငါန်းဇွန်မြို့မှ မြို့သာသို့ သွားတဲ့ကားလမ်းမ နဲ့ လယ်ဝန်းကုန်း မှ ဆေးခင်း - မကျီးကုန်း - ထွန်းသာကူးတဲ့လမ်းမကြီးများနဲ့ လမ်းသွယ်များကို အသုံးမပြုကြဖို့ မြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်းက အသိပေးထားပါတယ်။

အဲဒီကျေးရွာတွေကို ပြန်ဝင်ရောက်နေထိုင်လိုပါက သက်ဆိုင်ရာငါန်းဇွန်မြို့နယ်အတွင်းက တပ်ရင်းတပ်ဖွဲ့များက နေတစဆင့် မေးမြန်းသိရှိစေဖို့နဲ့ ပြည်သူများအား ကူညီချိတ်ဆက်ပေးလိုတဲ့ တပ်ရင်းတပ်ဖွဲ့အားလုံးက ဆက်သွယ်နိုင်တယ်လို့ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းက ဆိုပါတယ်။

Photo – Google Map
ရေးသားသူ - သူပုန်လက်
#RP
#HlaingInfo
👍536😁2🤬1