Hlaing Info
53.1K subscribers
143K photos
5.93K videos
5 files
14.1K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
"မြန်မာပြည်သူတွေဟာ ပုဂ္ဂိုလ်ရေးမုန်းလို့၊ မကျေနပ်လို့၊ ဒေါသကြောင့်၊ အာဃာတကြောင့် လက်နက်စွဲကိုင်ပြီး ထချနေတာမဟုတ်ဘူး။ ဒီနိုင်ငံကို အမျိုးမျိုး ဒုက္ခပေးနေတဲ့ ဖက်ဆစ် စစ်တပ်အမြစ်ပြတ်မှ အေးမယ်ဆိုတဲ့ ဘဝပေးအသိကြောင့် အသက်တွေဘဝတွေရင်းပြီး တွန်းလှန်တိုက်ပွဲ ဝင်နေကြတာဖြစ်တယ်။ စစ်တပ်ကသာလျှင် နိုင်ငံကို အစဉ်သဖြင့် ဗိုလ်ကျလွှမ်းမိုးရမယ်ဆိုတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေ ခေါင်းထဲက မိစ္ဆာဒိဌိ အတွေးအခေါ်ကို အမြစ်ဖြတ်နိုင်မှ မြန်မာပြည်ဟာ ရေရှည်တည်တံ့တဲ့ တည်ငြိမ် ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုရလိမ့်မယ်ဆိုတာ နိုင်ငံတကာက သိစေလိုတယ်"

ဦးရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

၂၀၂၃ ခုနှစ်၊ မေလ (၅)ရက်နေ့တွင် ထုတ်လွှင့်ခဲ့သော "PDF ရဲဘော်များသို့" ရေဒီယိုမိန့်ခွန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြားထားသည်မှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။
👍6720😁2
စစ်ရှောင်ဒေသအချို့တွင် ကလေးငယ်များ ကာကွယ်ဆေးထိုးရန် လုံလောက်မှုမရှိ

မေလ ၃၀ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် တပ်မဟာ ၆ နယ်မြေ တောတောင်များထဲတွင် စစ်ဘေးရှောင်နေရသည့် ကလေးငယ်များအတွက် မဖြစ်မနေလိုအပ်သော ကျန်းမာရေးကာကွယ်ဆေးများ အကြိမ်ရေပြည့် ထိုးနှံခွင့်မရဘဲ လုံလောက်မှု မရှိဖြစ်နေသည်ဟု စစ်ရှောင်မိဘများထံမှ သိရသည်။

စစ်ရှောင်စခန်းများအတွင်းသို့ ကျန်းမာရေးဝန်ထမ်းများ လာရောက်သည့်အချိန်တွင် ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှသာ ထိုးနှံခွင့်ရရှိပြီး သတ်မှတ်ချက်အတိုင်း အကြိမ်ရေပြည့်မီရန် ထပ်မံထိုးနှံရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်များနှင့် ရင်ဆိုင်နေရသည်ဟု ဆိုကြသည်။

မြန်မာဘက်ခြမ်း စစ်ရှောင်ကလေးများအတွက် ထိုင်းဘက်ခြမ်း မဲဆောက်မြို့ရှိ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် မယ်တော်ဆေးခန်းသို့ သွားရောက်ထိုးနှံနိုင်သော်လည်း လမ်းခရီးလုံခြုံရေး၊ ကားခနှင့် လမ်းစရိတ် အခက်အခဲများ ရှိနေကြသည်။ အသွားအပြန် လမ်းစရိတ်မှာ ခန့်မှန်းခြေ ထိုင်းဘတ် ၆၀၀ ခန့်အထိ ကုန်ကျနိုင်သောကြောင့် နွမ်းပါးသော စစ်ရှောင်မိသားစုများ သွားရောက်နိုင်ခြင်း မရှိဟု ဒေသခံများထံမှ သိရသည်။ ထို့ပြင် လမ်းခရီးတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များ၏ စစ်ဆေးမှုများကိုလည်း ရင်ဆိုင်ကြရသည့်အပြင် လက်ရှိ မိုးတွင်းကာလ ရာသီဥတုဆိုးရွားမှုများကြောင့်လည်း ကာကွယ်ဆေး သွားရောက်ထိုးနှံရန် မလွယ်ကူသေးကြောင်း သိရသည်။

"ကလေးကာကွယ်ဆေးထိုးဖို့ကျ မယ်တော်ဆေးခန်းဘက်မှာ သွားလို့အဆင်ပြေတဲ့သူတွေ သွားထိုးကြတာပဲ။ စစ်ရှောင်မှာက တစ်ခါပဲ ပိုလီရို ထိုးပေးတယ်။ ထပ်ထိုးဖို့ကျ မယ်တော်ဆေးခန်းသွားဖို့ အဆင်မပြေတာရယ်ကြောင့် သွားနိုင်တဲ့သူတော့ သွားကြပါတယ်၊၊ စိုးရိမ်ရတာပေါ့။ ကျောက်ပေါက်တို့ ဘာတို့ ဖြစ်မှာကို။ ဒါပေမဲ့လည်း ဒီအခြေအနေကြားထဲမှာ ကိုယ်က မတတ်နိုင်တာ" ဟု စစ်ဘေးရှောင်နေရသော မိခင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာနေရာများသို့ စစ်ဘေးရှောင်များ ထပ်မံရွှေ့ပြောင်းနေကြရသည်။ ထို့ကြောင့် ကာကွယ်ဆေးလိုအပ်ချက်မှာ ပိုမိုမြင့်တက်လာပြီး ကလေးငယ်များအတွက် အဓိက လွတ်သွားသည့် ကာကွယ်ဆေးများမှာ ပိုလီယိုနှင့် ဝက်သက်ကာကွယ်ဆေးများ ဖြစ်သည်ဟု သိရသည်။ အချို့စစ်ရှောင်ကလေးများမှာ ပိုလီယိုဆေးကို တစ်ကြိမ်သာ ထိုးရသေးပြီး နောက်တစ်ကြိမ်ထိုးရန် ကျန်းမာရေးဌာနဆိုင်ရာ ဆေးခန်းများသို့ သွားရောက်ရမည် ဖြစ်သည်။

"နောက်ပိုင်းကျ ကာကွယ်ဆေးထိုးတဲ့ အဖွဲ့အစည်းတွေ ပျောက်သွားတာပေါ့။ မော်ဒေးဘက်မှာ သွားမွေးတဲ့ ကလေးတွေကျတော့ ကာကွယ်ဆေးနောက်ဆက်တွဲတွေ ထိုးပေးပြီးသားဖြစ်ပေမဲ့ ရွာမှာ မွေးပြီး ကာကွယ်ဆေးလက်မှတ်မရှိတဲ့ ကလေးတွေအတွက်ကျတော့ လုပ်ပေးတာမျိုးရှိပေမဲ့လည်း လက်ရှိမှာတော့ ဆေးက သိပ်လုံလောက်မှုမရှိဘူး" ဟု စစ်ရှောင်ကျန်းမာရေးတာဝန်ခံ တစ်ဦးက ပြောသည်။

လက်ရှိတွင် ကာကွယ်ဆေး အပြည့်အဝ မထိုးနှံရသေးသည့် ကလေးသူငယ်များမှာ ကိုယ်ခံအားနည်းပါးပြီး အာဟာရချို့တဲ့နေသည်ဟု သိရသည်။ ကာကွယ်ဆေး အပြည့်အဝ ထိုးထားသော ကလေးငယ်များထက် ကိုယ်ခံအားနည်းနေကြောင်း ကျန်းမာရေးတာဝန်ခံထံမှ သိရသည်။

လက်ရှိ စစ်ရှောင်စခန်းများအတွင်း အလှူရှင်များ၏ လှူဒါန်းမှု လျော့နည်းလာခြင်းနှင့် ကလေးသူငယ်များအတွက် ဆေးဝါးစရိတ် မြင့်မားနေခြင်းတို့ကြောင့် လုံလောက်သည့် ကုသမှုပေးရန် ရုန်းကန်နေရသည်။

၂၀၂၆ ခုနှစ်အတွင်း ထွက်ပေါ်လာသည့် နိုင်ငံတကာသတင်းများနှင့် ကုလသမဂ္ဂအစီရင်ခံစာများအရ UNICEF နှင့် WHO ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီမှုမှာ နည်းပါးနေဆဲဖြစ်သည်။ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းမှတစ်ဆင့် ကာကွယ်ဆေး တိုက်ရိုက်ပံ့ပိုးပေးနိုင်မည့် အလားအလာမှာ လက်ရှိအချိန်အထိ အလွန်နည်းပါးနေဆဲ ဖြစ်ကြောင်း စစ်ရှောင်အရေးကူညီနေသူများက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့၏ ၂၀၂၆ ခုနှစ် ကျန်းမာရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်မှု အစီရင်ခံစာများအရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပဋိပက္ခနှင့် ရွှေ့ပြောင်းရုန်းကန်ရမှုများကြောင့် ပုံမှန်ကာကွယ်ဆေး လုံးဝမရရှိဘဲ လွတ်သွားသည့် အသက် ၅ နှစ်အောက် ကလေးငယ် ဦးရေမှာ ၁ ဒဿမ ၅ သန်းအထိ ရှိလာနေကြောင်း သိရသည်။

ပုံစာ - ကရင်ပြည်နယ်၊ စစ်ရှောင်စခန်းတစ်နေရာမှ ကလေးငယ်များ။ (ဓာတ်ပုံ - သံလွင်ခက်)
#TLKN
#HlaingInfo
😢563🔥3
မြောက်ဥက္ကလာပတွင် ဧည့်စာရင်းဝင်စစ်ပြီးနောက် လမ်းသွားလမ်းလာလူငယ်တစ်ဦး ဖမ်းဆီးခံရ

မေလ  ၃၀  ရက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်အတွင်းသို့ ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လမ်းသွားလမ်းလာ လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း RangoonScoutNetwork မှ သိရသည်။

မေလ ၂၉ ရက် ညပိုင်းတွင် (ဃ) ရပ်ကွက်၊ ဝေပုလ္လ (၁) လမ်းအတွင်းသို့ Double Cab (DC) မော်တော်ယာဉ် နှစ်စီးဖြင့် စစ်ကောင်စီတပ်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် အင်အား ၂၀ နီးပါး ရောက်ရှိလာပြီး ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်ဆေးပြီးအပြန်တွင် လမ်းပေါ်၌ သွားလာနေသည့် အမျိုးသားတစ်ဦးကို တားဆီးစစ်ဆေးခဲ့ပြီး ၎င်းတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထား တစ်စုံတစ်ရာ ပါရှိခြင်းမရှိဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#HlaingInfo
🤬622🔥1😢1
စစ်မှုထမ်းဘေး၊ ငွေညှစ်မှုဘေးနှင့် မဲဆောက်ဈေးက မြန်မာလုပ်သားများ

မေလ ၃၀ ရက်

ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့မဈေးကြီးသည် နေ့စဉ်နှင့်အမျှ ရောင်းဝယ်ဖောက်ကားသံများဖြင့် အမြဲလိုလို စည်ကားသက်ဝင်နေသည်။

ဈေးအတွင်း၌ မြန်မာစကားပြောသံများ လွှမ်းမိုးနေခြင်းကြောင့် တစ်ခါတရံ မိခင်မြန်မာနိုင်ငံအတွင်းရှိ ဈေးတစ်ခုခုသို့ ရောက်ရှိနေသကဲ့သို့ပင် ထင်မှတ်မှားရသည်။

သို့သော် ဤဆူညံစည်ကားမှုများ၏ နောက်ကွယ်တွင်မူ စိုးရိမ်ထိတ်လန့်မှုများ၊ သက်ပြင်းချသံများနှင့် မျက်ရည်မတိတ်နိုင်သည့် ဘဝပေါင်းများစွာ တိုးတိတ်စွာ ပုန်းကွယ်နေကြသည်။

အထူးသဖြင့် ပြည်တွင်း၌ အဓမ္မစစ်မှုထမ်းဥပဒေ၏ ခြိမ်းခြောက်မှုအောက်မှ အသက်လု ထွက်ပြေးလွတ်မြောက်လာပြီး၊ မဲဆောက်ဈေးအတွင်း အသက်ဆက်ရန် ကြိုးစားနေကြရသည့် မြန်မာလူငယ်တို့၏ ဘဝမှာ အမိမြေကို လွမ်းဆွတ်သော်လည်း ပြန်ရန်လမ်းမရှိဖြစ်နေသည်။

မြန်မာနိုင်ငံအတွင်းက စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ခွာကာ မဲဆောက်ဘက်သို့ တိမ်းရှောင်လာကြသည့် လူငယ်အများအပြားသည် ယခုအခါ ဤဈေးကြီးအတွင်း၌ နေ့စားအလုပ်သမား၊ ကုန်ထမ်းသမားနှင့် ဈေးရောင်းသမား စသည့် ရရာအလုပ်များကို ဖိဖိစီးစီး လုပ်ကိုင်နေကြရသည်။

သို့သော် ၎င်းတို့အတွက် ဤဈေးကြီးသည် လုံခြုံစိတ်ချရသည့် နေရာတစ်ခု မဟုတ်ပေ။ ထိုင်းအာဏာပိုင်များသည် စီမံချက်အရဖြစ်စေ၊ ဒေသခံအချို့၏ တိုင်ကြားမှုကြောင့်ဖြစ်စေ ဈေးအတွင်း ဝင်ရောက်စစ်ဆေးမှုများကို ခပ်စိတ်စိတ် ပြုလုပ်လာကြသည်။

အဓိကအားဖြင့် ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများကို ဈေးရောင်းချခွင့်မပြုသည့် ဥပဒေဖြင့် ဖမ်းဆီးခြင်းဖြစ်သည်။ ဤပြစ်ချက်နှင့် ငြိစွန်းပါက အချုပ်ဒဏ်၊ ထောင်ဒဏ်များအပြင် ဘတ်သောင်းနှင့်ချီသည့် ဒဏ်ငွေများနှင့် အဂတိလိုက်စားမှု၊ ငွေညှစ်မှုဘေးတို့ကိုပါ ခါးစည်းခံကြရသည်။

မဲဆောက်ဈေးထဲတွင် ကုန်ထုပ်ကြီးများကို ထမ်းပိုးနေရသည့် မြန်မာလူငယ်တစ်ဦးက “အိမ်ပြန်ချင်တာပေါ့ဗျာ၊ ဒါပေမဲ့ ပြန်ရင် စစ်ထဲပါသွားမယ်။ ဒီမှာပဲ ဘယ်လောက်ဒုက္ခခံရခံရ အောင့်အည်းပြီး နေရတာပေါ့” ဟု မျက်ရည်ဝဲရင်း ရင်ဖွင့်ရှာသည်။

၎င်းတို့သည် တစ်ဖက်တွင် မိသားစုဝမ်းရေးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်နေရသလို၊ အခြားတစ်ဖက်တွင်လည်း လမ်းဆုံလမ်းခွများ၌ ငွေညှစ်ခံရခြင်း၊ အလုပ်ရှင်အချို့က အခွင့်ကောင်းယူကာ လုပ်ခလစာ အပြည့်အဝမပေးခြင်း စသည့် မတရားမှုများကို ကြုံတွေ့နေရသော်လည်း၊ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် မည်သို့မျှမပြောရဲဘဲ ငုံ့ခံနေကြရရှာသည်။

မဲဆောက်ဈေးကြီးသည် အပေါ်ယံကြည့်လျှင် လှပသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေး သင်္ကေတတစ်ခုအဖြစ် ထင်မှတ်ရသော်လည်း၊ ယင်းဈေးအတွင်း ရုန်းကန်လှုပ်ရှားနေရသည့် မြန်မာလုပ်သားများအတွက်မူ နေ့စဉ်နှင့်အမျှ စိုးရိမ်စိတ်အပြည့်ဖြင့် ဖြတ်သန်းနေရသည့် စစ်မြေပြင်တစ်ခုကဲ့သို့ ဖြစ်နေဆဲပင်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ထိရောက်သည့် ကာကွယ်စောင့်ရှောက်မှုများ အမှန်တကယ် မရှိမချင်း၊ မဲဆောက်ဈေးကြီးနောက်ကွယ်က မြန်မာလုပ်သားတို့၏ တိုးတိတ်သော ငိုရှိုက်သံများသည် ရှည်ကြာစွာ ဆက်ရှိနေဦးမည် ဖြစ်သည်။

#MPA
#HlaingInfo
👍38😢16🔥53
ယင်းမာပင်တွင် စစ်တပ်က ပေါင်တိုင်ကျေးရွာမှ ကိုသိန်းမြင့်ဆွေကို စကားပြောစက်တွေ့သည်ဟုဆိုကာ လက်ပြန်ကြိုးတုပ်၍ ပစ်သတ်ပြီး ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့

မေလ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပေါင်တိုင်ကျေးရွာမှ ကိုသိန်းမြင့်ဆွေကို စကားပြောစက်တွေ့သည်ဟုဆိုကာ လက်ပြန်ကြိုးတုပ်၍ ပစ်သတ်ပြီး ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင်မြို့နယ်၊ ဆင်စွယ်ကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အင်အား ၄၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ ခိုးယူထားသော ပြည်သူပိုင် ပစ္စည်းများကို သယ်ဆောင်၍ ဆင်စွယ်ရွာမှ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ထို စစ်ကြောင်းသည် ရင်ပေါင်တိုင်ကျေးရွာအတွင်းကို ရောက်ရှိလာစဉ် နေအိမ်၌ ဝက်စာကျွေးနေသည့် အသက် ၄၀ နှစ်အရွယ် ကိုသိန်းမြင့်ဆွေထံမှ စကားပြောစက်တွေ့သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပုလဲမြို့နယ်၊ ပုပ္ပါရွာအရှေ့ဘက်အရောက်တွင် လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခဲ့ပြီး ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။

"ဒီနေ့မနက် ဆင်စွယ်ရွာကနေထွက်လာတဲ့ စစ်ကြောင်းဟာ ရင်ပေါင်တိုင်ရွာဘက်ကို ဝင်ရောက်လာတဲ့အချိန်မှာ ရွာသားဖြစ်သူကိုသိန်းမြင့်ဆွေက ဝက်တွေကို အစာဝင်ကျွေးနေတုန်း အဖမ်းခံလိုက်ရပါတယ်။ ရင်ပေါင်တိုင်ရွာက တရွာလုံး စစ်ဘေးရှောင်နေကြရတာ သူမွေးမြူထားတဲ့ ဝက်တွေကို အစာပြန်ကျွေးနေတုန်း ဖမ်းခံလိုက်ရတာ ကိုသိန်းမြင့်ဆွေမှာ စကားပြောစက် တွေ့လို့ဆိုပြီး ဖမ်းတာ သူ့ကို ပုပ္ပါရွာအရှေ့ဘက်မှာပဲ လက်ပြန်ကြိုးတုတ်ပြီး ရက်ရက်စက်စက်ပစ်သတ်ခဲ့တယ်။ သေဆုံးသူမှာ ဇနီးနဲ့ သားသမီး သုံးယောက် ကျန်ရစ်ခဲ့တယ်။ ဒီဘက်နယ်မှာက လေကြောင်းအန္တရာယ်အသိပေးချက်ကို သိရဖို့အတွက် စကားပြောစက်တွေ ဝယ်ယူပြီး နားထောင်ကြရတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ယင်းမာပင်မြို့နယ်၊ ဆင်စွယ်ရွာတွင် အထိုင်ချတပ်စွဲခဲ့စဉ်က ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးပြီး ပြည်သူပိုင်း ကား၊ ထော်လာဂျီ နှင့် ဖောကားများအပြင် ဆိုင်ကယ်များပါ ခိုးယူခဲ့ကာ ၎င်းတို့ ခိုးယူထားသော ပစ္စည်းများကို သင်ဆောင်၍ ဆင်စွယ်ရွာမှ တဆင့် ရင်ပေါင်တိုင်ကျေးရွာ၊ ပုလဲမြို့နယ် ပုထိုးသာကျေးရွာ၊ မောင်းတုံကျေးရွာ၊ ပုပ္ပါကျေးရွာ၊ ယင်းမာပင်မြို့နယ် တမာပင်ဂွကျေးရွာနှင့် ငါးမောင်း (အရှေ့/အနောက်) ကျေးရွာများရှိ လမ်းပိုင်းများကို ဖြတ်သန်းပြီး ယနေ့ ညနေပိုင်းတွင် ယင်းမာပင်မြို့အတွင်းကို ပြန်လည်ဝင်ရောက်သွားကြောင်း သိရှိရသည်။

"ဆင်စွယ်ရွာကိုအထိုင်ချပြီး အနီးပတ်ဝန်းကျင်က ကျေးရွာတွေကနေခိုးယူပြီး ယူဆောင်သွားတာ ကား တွေထော်လာဂျီ ဖောကားတွေအပြင် ပြည်သူပိုင် ဆိုင်ကယ်တွေပါ ယူဆောင်သွားကြတယ်။ စစ်ကြောင်းက ငါးမောင်းရွာကနေတဆင့် ယင်းမာပင်မြို့ထဲကိုဝင်ရောက်သွားပါပြီ။ ယင်းမာပင်မြို့ထဲ ဝင်သွားပြီဆိုတော့ ပြန်ပြီးထွက်လာ မလာစောင့်ကြည့်နေကြရတယ်။ စစ်ကြောင်းကတော့ မရှိတော့ဘူး။ ကိုသိန်းမြင့်ဆွေရဲ့ dead body ကို ရင်ပေါင်တိုင်ရွာဘက်ကိုပြန်သယ်လာခဲ့ပြီလို့ကြားတယ် " ဟု ဒေသပြည်သူတစ်ဦးက ဆက်လက် ပြောဆိုသည်။

ထိုစစ်ကြောင်းသည် ယင်းမာပင်မြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားသော်လည်း မည်သည့်အချိန်တွင် ထပ်မံ စစ်ကြောင်းထိုးလာမည်ကို မသိရှိသောကြောင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများကလည်း စစ်ရေးသတိဖြင့် ဆက်လက်စောင့်ကြည့် နေထိုင်ကြရန် နှိုးဆော်ထားသည်။

ဓာတ်ပုံ- တနင်္သာရီတိုင်းတွင် လူငယ်တချို့ကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#KTM
#HlaingInfo
🤬557😢6👏1
မြစ်ခြေမြို့အဝင်ရှိ ဆွဲကြီးရွာတွင် စစ်တပ်က သတ်ဖြတ်ထားသော ပြည်သူ ၄ ဦး၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိ၊

▪️မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀၀ နီးပါး မီးလောင်ပြာကျ

မေလ ၃၀ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အဝင်ရှိ ဆွဲကြီးရွာတွင် အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ထားသော ပြည်သူ ၄ ဦး၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိခဲ့ပြီး မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် မြစ်ခြေမြို့ပေါ်ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့သစ်ရပ်ကွက်၊ ဆွဲကြီးရွာနှင့် ထနောင်းကုန်းရွာတို့ကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို မီးရှို့ဖျက်ဆီးမှုအတွင်း နေအိမ်ရာနှင့်ချီ မီးလောင်ပြာကျနိုင်ကြောင်း သိရသည်။

ထိုသို့ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များကို စစ်ဘေးရှောင်ပြည်သူများက မီးငြိမ်းရန် မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်လာစဉ် စစ်တပ်က သတ်ဖြတ်ထားသည့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၄ ဦး ရုပ်အလောင်းကို ယမန်နေ့ မေလ ၂၉ ရက်နေ့က ဆွဲကြီးရွာအတွင်း ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ မေလ ၂၈ ရက်နေ့ကလည်း ဆွဲကြီးရွာလမ်းပေါ်တွင် စစ်တပ်က သတ်ဖြတ်ထားသော ရုပ်အလောင်းကို ပြည်သူများက တွေ့ရှိခဲ့သေးကြောင်း သိရှိရသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြစ်ခြေမြို့ပေါ်တွင်သာ ရှိသေး၍ ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရှိရသေးကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ရိက္ခာများ စုဆောင်းနေပြီး မည်သည့်နေရာကို ဆက်လက် စစ်ကြောင်းထိုးမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

"မနေ့က မြို့ပေါ်ပြန်ပြီး မီးငြိမ်းဖို့ သွားတဲ့ ပြည်သူတွေက ဆွဲကြီးရွာထဲမှာ စစ်ခွေးတွေသတ်ဖြတ်ထားတဲ့ အမျိုးသမီးတွေ အပါအဝင် ပြည်သူ ၄ ဦးရဲ့ ရုပ်အလောင်းတွေကို ထပ်တွေ့ခဲ့တယ်လို့ သိရတယ်။ မြို့ထဲကို မရောက်လိုက်ပြီး စစ်ခွေး ကင်းပုန်းတွေက သေနတ်နဲ့ လှမ်းပစ်လို့ ပြန်ပြေးခဲ့ရတယ်။ အလောင်းတွေလည်း အခုထိ မကောက်နိုင်သေးဘူး။ အကုန်လုံးက တကွဲတပြားတွေ ဖြစ်နေ‌တော့ သေဆုံးသူတွေက ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုဖို့ ခက်တယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုစစ်ကြောင်းသည် မေလ ၉ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာရွာမှ ပျူစောထီးများနှင့် တပ်မ ၁၀၁ မှ စစ်သားများ ပူးပေါင်းကာ အင်အား ၅၀၀ ခန့်ဖြင့် မြစ်ခြေမြို့ကို ဦးတည် စစ်ကြောင်းထိုးလာကာ လမ်းတောက်လျောက်ရှိ ပြည်သူ ၁၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးသတ်ဖြတ်ထားကြောင်း၊ စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် လက်ပန်ကျွန်းရွာ ၊ ကူကျွန်းရွာ၊ နံဂါတ်အရှေ့ရွာ၊ နံဂါတ်အနောက်ရွာ၊ ဥယာဥ်ရွာ၊ ညောင်ပင်ရွာ၊ အင်းဝိုင်းရွာ၊ မိုးနတ်ကုန်းရွာ၊ ဆွဲကြီးရွာ နှင့် ထနောင်းကုန်းရွာ တို့မှ နေအိမ် ၁၀၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

"နေအိမ် ပျက်စီးမှုက ၁၀၀၀ နီးပါး လောက်ရှိလိမ့်မယ်။ စစ်ခွေးတွေက ရွာလုံးကျွတ်တွေပဲ မီးရှို့ဖျက်ဆီးသွားတာ အရေအတွက် အတိအကျကတော့ ပြောဖို့ ခက်နေတယ်။ စစ်ခွေးစစ်ကြောင်းကလည်း ရှိသေးတော့ ပျက်စီးမှု အရေအတွက်က အဲ့ထက်လည်း ပိုများနိုင်ပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

လက်ရှိအချိန်ထိ မြစ်ခြေမြို့ပေါ်မှ ပြည်သူများ အပါအဝင် အနီးတဝိုက် ကျေးရွာများမှ ပြည်သူ ၂၀၀၀၀ ခန့်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၁၄ ရက်ကျော်ကြာမြင့်နေပြီဖြစ်ပြီး စားနပ်ရိက္ခာများနှင့် မိုးကာများလည်း လိုအပ်နေကြောင်း သိရသည်။

#KTM
#HlaingInfo
🤬643👏1😢1
Forwarded from Aung Pwel Info
Media is too big
VIEW IN TELEGRAM
အမေစုကို လွမ်းနေကြပြီလား?

အမေပြောတဲ့ စကားလုံးတိုင်းကိုကော့
လိုက်နာနေကြရဲ့လား?

#အမ
#dawaungsansuukyi
#Aungpwel
89😁2🔥1
မင်းတပ်မြို့နယ်ရှိ ထင်ချောင်းရွာနှင့် ကြက်ဥတင်ရွာကို စစ်တပ်က ယနေ့ ညနေပိုင်းမှ စတင်၍ မီးရှို့ဖျက်ဆီးနေ

မေလ ၃၀ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ထင်ချောင်းကျေးရွာနှင့် ကြက်ဥတင်ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ ညနေပိုင်းမှ စတင်၍ မီးရှို့ဖျက်ဆီးနေကြောင်း ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၂၉ ရက်နေ့ ညပိုင်းတွင် ကျောက်ထုအခြေစိုက် အမြောက်တပ်ရင်း ၃၆၈ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းတပ်မြို့နယ်ရှိ ထင်ချောင်းရွာနှင့် ကြက်ဥတင်ရွာတို့ကို ဝင်ရောက်စီးနင်းပြီးနောက် ယနေ့ မေလ ၃၀ ရက်နေ့ ညနေပိုင်းမှ စတင်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

"စစ်ခွေးတွေ အခုမီးရှို့နေတဲ့ ကျေးရွာတွေက မင်းတပ်မြို့နယ်ထဲမှာပါတဲ့ ကျေးရွာတွေပါ။ မနေ့က ညထွက်တဲ့ စစ်ခွေး စစ်ကြောင်းက မင်းတပ်မြို့နယ်ထဲကို ဝင်ရောက်ပြီး ကြက်ဥတင်ကျေးရွာနဲ့ ထင်ချောင်းကျေးရွာကို မီးရှို့တာပါ။  စစ်ခွေး စစ်ကြောင်းက ကျောက်ထုမြို့ အခြေစိုက် အမတ ၃၆၈ တပ်ရင်းကနေ ထွက်တဲ့ စစ်ခွေး စစ်ကြောင်းပါ။ စစ်ခွေးတွေ လက်ရှိအချိန်ထိ မီးရှို့နေတုန်းပါ။ နေအိမ် ဘယ်နှစ်လုံးကို မီးရှို့တာလည်းဆိုတာကို အတည် ပြုလို့မရသေးပါဘူး။ အခုထိ စစ်ခွေးတွေက အဲဒီရွာထဲမှာရှိနေတာအတွက် ပြည်သူတွေ ဖမ်းဆီးတာမျိုးရှိမရှိကိုလည်း မသိရသေးဘူး" ဟု ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

#KTM
#HlaingInfo
🤬57😢52🔥1🥰1👏1
မြောက်ဒဂုံမှာ ယာဉ်တိုက်မှုကြောင့် ပလုံကောက်တဲ့ အမျိုးသမီးတစ်ဦး သေဆုံး

မေလ ၃၀ ရက်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်

မေလ ၃၀ရက် ည ၁၂ နာရီလောက်မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဦးဝိစာရလမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ပလုံကောက်တဲ့ အမျိုးသမီးသေဆုံးသွားခဲ့တာပါ။

သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ ဒဏ်ရာရတဲ့ ကလေးကို မြောက်ဥက္ကလာပဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး အမျိုးသမီးရဲ့ အလောင်းကို ဆေးရုံကနေ ကျီစုသုဿန်ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့ကားကတော့ မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က အမှိုက်ပုံတွေမှာ စည်ပင်ဝန်ထမ်းတွေ မရှိချိန်မှ ပလုံကောက်ခွင့်ရတာကြောင့် ပလုံကောက်သူတွေက ညဘက်မှသာ ပလုံကောက်ကြရဝာာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောထားပါတယ်။

ရန်ကုန်မြို့မှာ မေလအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူသေဆုံးမှုတွေများပြားနေပြီး ပြီးခဲ့တဲ့ရက်ကလည်း တညင်းကုန်းဈေးရှေ့မှာ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။

(ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Tun Myat Nyunt/FB)
#LNO
#HlaingInfo
😢65🔥5👍2😁1😱1🤬1
စစ်တပ်ကို ဝင်ရောက်သူများသည် မိမိဆန္ဒအလျောက် ဝင်လာသူများဖြစ်ဟု ပေါ်တာဆွဲနေသည့် စစ်တပ် ဒုကာချုပ်ပြော

မေလ ၃၀ ရက်

စစ်တပ်သို့ ဝင်ရောက်လာသူများသည် မိမိဆန္ဒအလျောက် ဝင်ရောက်သူများဖြစ်ကြောင်း လူကြီး၊ လူငယ်မကျန် ပေါ်တာဆွဲနေသည့် စစ်တပ် ဒုကာချုပ် ကျော်စွာလင်းက ယနေ့ ဟိုပုံးတပ်နယ်မှ စစ်သားများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ပြောကြားရာတွင် သင်တန်းသားများအနေဖြင့် တပ်မတော်က ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာကျင့်သုံး၍ မိမိကိုယ်ကိုယ် ထိန်းသိမ်းနေထိုင်ရန်၊ ဘဝကို ထိခိုက်ပျက်စီးစေနိုင်သည့် မူးယစ်သောက်စားမှုများနှင့် အပျော်အပါးလောင်းကစားမှုများကို ရှောင်ကြဉ်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ပြင် နိုင်ငံတော်နှင့် တပ်မတော်အတွက် လိုအပ်နေသော နည်းပညာရှင်ကောင်းများ၊ နိုင်ငံသားကောင်းများဖြစ်ရန်နှင့် သစ္စာရှိရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၌ တာဝန်ထမ်းဆောင်ချိန်တွင်လည်း မိမိ၏ကျောင်းဂုဏ်သိက္ခာနှင့် တပ်မတော်၏ ဂုဏ်သိက္ခာကို စောင့်ထိန်းကာ ဥပဒေမဲ့လုပ်ရပ်များ မလုပ်မိစေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း စစ်ကော်မရှင်အကြီးအကဲ၏ ပြောကြားချက်များသည် မြေပြင်အခြေအနေနှင့် လုံးဝတန်ပြန်ဆန့်ကျင်နေပြီး၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အဓမ္မပြဌာန်းခဲ့ပြီးကတည်းက မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေသည့် ဖြစ်ရပ်မှန်များကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းသာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူနှင့် ပြည်သူများက မှတ်ချက်ပြုသည်။

မြေပြင်တွင် စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် စစ်သားများ ပူးပေါင်းကာ လူငယ်များကို လမ်းပေါ်တွင်လည်းကောင်း၊ နေအိမ်များအထိလည်းကောင်း လိုက်လံဖမ်းဆီး၍ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်။

ပြည်သူတစ်ဦးက “မြေပြင်မှာတော့ အိမ်တွေထဲအထိ ဝင်ဖမ်းတယ်၊ လမ်းပေါ်ကနေ ပေါ်တာဆွဲပြီး စစ်ထဲအတင်းထည့်နေတာ။ စစ်မှုမထမ်းချင်ရင် သိန်းချီပြီး ပေးရမယ်ဆိုပြီး အုပ်ကြီးတွေက ငွေညှစ်နေကြတာ။ အခုတော့ သူတို့ကိုယ်တိုင် ဆန္ဒအလျောက် ဝင်တာပါဆိုပြီး ဗြောင်လိမ်နေတာကတော့ တကယ့်ကို ရွံစရာကောင်းပါတယ်” ဟု ပြောသည်။

၎င်းအပြင် စစ်မှုမထမ်းလိုသဖြင့် တိမ်းရှောင်ရန် ကြိုးပမ်းသည့် လူငယ်များနှင့် မိသားစုဝင်များထံမှ အုပ်ချုပ်ရေးမှူးများနှင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ငွေကြေးအမြောက်အမြား အဓမ္မတောင်းခံကာ ငွေညှစ်မှုများ အကြီးအကျယ် ပြုလုပ်နေကြကြောင်း သိရသည်။

စစ်မှုထမ်း တိမ်းရှောင်နေသည့် လူငယ်တစ်ဦးက “ကျွန်တော်တို့သူငယ်ချင်းတွေဆို စစ်ထဲမဝင်ချင်လို့ အလုပ်တွေပစ်၊ မိသားစုတွေခွဲပြီး ပြေးနေရတာ။ စစ်တပ်ထဲမှာ ဘယ်သူမှ မိမိဆန္ဒအလျောက် မဝင်ချင်ကြပါဘူး။ အတင်းအဓမ္မ သေနတ်ပြပြီး ဖမ်းခေါ်သွားတာပဲ ရှိတာပါ” ဟု မြေပြင်အခြေအနေကို ဖွင့်ဟသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကမူ စစ်ကော်မရှင်သည် မြေပြင်စစ်မျက်နှာများတွင် အင်အားပြုန်းတီးမှု အကြီးအကျယ် ကြုံတွေ့နေရသဖြင့် စစ်မှုထမ်းဥပဒေကို အသုံးချကာ ပြည်သူများကို မြေစာကျွေးရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး၊ ခေါင်းဆောင်ပိုင်း၏ မိန့်ခွန်းများသည် စစ်တပ်တွင်း စိတ်ဓာတ်ပျက်ပြားမှုကို ထိန်းသိမ်းရန် ဝါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း သုံးသပ်သည်။

၎င်းက “စစ်ကော်မရှင်က ဥပဒေမဲ့ လုပ်ရပ်တွေကို ကိုယ်တိုင်ကျူးလွန်နေပြီးတော့မှ အောက်ခြေက လူငယ်တွေကို ဥပဒေမဲ့ မလုပ်ဖို့နဲ့ ဆန္ဒအလျောက် ဝင်လာတာပါလို့ ပြောနေတာက ယုတ္တိမတန်ပါဘူး။ ဒါဟာ နိုင်ငံတကာနဲ့ လူထုအမြင်မှာ စစ်သားစုဆောင်းမှုစနစ်ကို တရားဝင်သယောင် ဟန်ပြချင်လို့ လုပ်တဲ့ ပြဇာတ်တစ်ခုပဲ ဖြစ်ပါတယ်” ဟု ထောက်ပြသည်။

ဓာတ်ပုံ-တယ်လီဂရမ်
#MPA
#HlaingInfo
🤬689👍3👎3🔥1😁1🤯1😢1
‼️ မေလ ၃၀ ရက်နေ့ ၊ နေ့စဉ် သတင်းအကျဉ်းချုပ်‼️

01-ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီး အာရက္ခအမျိုး သားတော်လှန်ရေးကြီး ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလို ရောက်ရှိနေပြီဖြစ်ကြောင်း AA က ယမန်နေ့ မေလ ၂၉ ရက်နေ့ ညပိုင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

02-ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ထောက်ပံ့သည်ဟုဆိုကာ မတရားအသင်းပုဒ်မ ၁၇(၁) ဖြင့် မတရားထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသော ဦးမောင်မဲနှင့် ဦးကျော်လှအောင်တို့သည် သတ်မှတ်ပြစ်ဒဏ် လွတ်ရက်စေ့မြောက်ပြီဖြစ်သော်လည်း စစ်ကောင်စီက ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ထပ်မံတရားစွဲဆိုကာ အကျဉ်းထောင်များ၌ ဆက် လက်ချုပ်နှောင်ထားကြောင်း မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

03-တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်မြို့တွင် အကြမ်းဖက်စစ်တပ်က ပြည်သူများကို တော်လှန်ရေးတပ်များကို ကူညီခဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့်   လိုက်လံဖမ်းဆီးပြီး နေအိမ်များကို လိုက်လံချိတ်ပိတ်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

04-မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အမှိုက်ကား နှစ်ရက်ကျော်မလာရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် အကြောင်းကြားနိုင်တယ်ဆိုတဲ့ စည်ပင်သာယာရေးအဖွဲရဲ့ ပြောဆိုမှုဟာ လက်တွေ့မဆန်ဘူးလို့ မြို့ခံတွေက ဝေဖန်လိုက်ပါတယ်။

05-အကြမ်းဖက်စစ်တပ်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီခွဲတမ်း ချပေးသည့်စနစ်ကို အလွဲသုံးစားပြုလုပ်၍ တေဇပိုင် ထူးစက်သုံးဆီဆိုင် အပါအဝင် ခရိုနီပိုင် ဆီဆိုင်ကြီးတချို့တွင် မော် တော်ယာဉ်များ၏ စာအုပ် (ဝှီးတက်) မိတ္တူများဖြင့် QR ကုဒ်များကို ခိုးယူဖတ်ကာ စက်သုံးဆီများ ခိုးထုတ်ရောင်းချနေမှုများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားနေကြောင်း စွမ်းအင်ဝန်ကြီးဌာနသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

06-ကရင်အမျိုးသားအစည်းအရုံး (K.N.U)၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခမရ (၄၃၃) တပ်ရင်းမှ အင်အား (၈၀) ကျော်ဖြင့် ဗျူဟာကာကင်းအဖြစ် ပြန် လည်ဝင်ရောက်တပ်စွဲထားသော "လယ်ဖဒို (ကျောက်လုံးကြီး)" တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ရရှိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

07-မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။

08-ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ညောင်လိန်ကျေးရွာအုပ်စု၊ ဓနိချောင်ကျေးရွာမှာ ဒေသခံ တစ်ဦးကို ငွေကြေးလိမ်လည်သူ တစ်ဦးက စစ်အုပ်စုရဲ့ ညွှန်မှူးချုပ်ဆိုကာ လိမ်လည်ဖုန်းဆက်သွယ်ပြီး အုပ်ချုပ်ရေးမှူးရာထူး ပေးမယ်လို့ဆိုကာ ငွေကြေးလိမ်လည်ခဲ့တယ်လို့ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

09-မကွေး-ချင်းလမ်းကြောင်းမှ ဝင်ရောက်လာသော ပြည်မဘက်မှ ကုန်ပစ္စည်းများကို ရခိုင်ကုန်သည်များနှင့် ဈေးဆိုင်များမှာ ထုတ်မရောင်းကြသေးဘဲ သိုလှောင်ထားကြပြီး ဈေးအတက်ကို စောင့်ဆိုင်းနေကြသည်ဟု စုံစမ်းသိရသည်။

10-ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက် အမှတ်(၄) ဝန်တင်တပ်ရင်းမှူးနှင့် အပေါင်းအပါများ တပ်မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့်အတွက် အထက်သို့ တိုင်ကြားခဲ့သည့် စစ်သည် ၃ ဦးကို ရှေ့တန်းသို့ ပို့ဆောင်လိုက်ကြောင်း တပ်တွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

11-နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာကြား ၁၂ မိုင်ဂိတ်မှာ  ဂိတ်ထိုင်ထာရတဲ့ ကိုးကန့်တပ်မတော် - MNDAA က မီးသွေးတင်ကားတွေကို ဂိတ်ကြေးငွေဆိုပြီး ကား ၁စီးကို ငွေကျပ် ၁၀ သိန်းကျော်အထိ ကောက်ခံနေကြောင်း ကားသမားနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဆက်လက်ဖတ်ရှုပါရန် -;⤵️⤵️
👍387🔥2
ပြည်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေပဲကြုံပါစေအမှန်တရားဘက်က ရဲဝင့်စွာဆက်လက်ရပ်တည်နိုင်ဖို အားတင်းထားကြပါစို့ ။ 💪💪💪

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

Good night ပါရှင့်။

Sweet Dreams
💞💞💞

#HlaingInfo
61👍4🔥1🥰1
မင်္ဂလာနံနက်ခင်းပါရှင့်🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် မိဘပြည်သူအပေါင်း ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေ။

အာဏာရူး ဘေးများမှအမြန်ဆုံး ကျော်လွန်လွတ်မြောက်ကြပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို့ Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

#HlaingInfo
64👍10🥰2👏2🔥1
မင်းအောင်လှိုင် အဘယ်ကြောင့် အိန္ဒိယ ရောက်သွားရသနည်း
******
ယခု ခရီးစဉ် ကြောင့် မင်းအောင်လှိုင် အဖို့ အိန္ဒိယ အပေါ် ကျေးဇူး အထပ်ထပ် တင်ရဖို့ ဖြစ်သွားလေပြီ၊ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိမ်ဆို ပြီးချိန်ကတည်းက စ၍ မည်သူကများ ဖိတ်မလဲ ဟု ထိုင်စောင့် နေချိန်တွင် ယခုလို အိန္ဒိယ၏ ဖိတ်ခေါ်ခြင်း ခံခဲ့ရ၍ ဖြစ်သည်။
၎င်း အမျှော်လင့်ကြီး မျှော်လင့် နေသည့် တရုတ်ကြီး ရှီကျင့်ပင် ထံမှ ရောက်မလာသေး၊ အရှက်တကွဲ အကျိုးနည်းရမတတ် ဖြစ်နေချိန်တွင် ‌၎င်းအား ကယ်တင်လိုက်သူက မည်သို့မျှ ထင်မှတ်မထားသော ဒီမိုကရေစီ နိုင်ငံကြီး မှ ဖြစ်နေပေသည်။
အိန္ဒိယ အဖို့ကလည်း တရုတ် နှင့် ထိန်းညှိနေရသည့် balancing act လုပ်ရတော့မည် ဖြစ်၍ နောင်လည်း ခေါ်ရ တော့မည့် အတူတူ တရုတ် မခေါ်မီ လက်ဦးအောင် ခေါ်လိုက်ခြင်းဖြင့် မင်းအောင်လှိုင် အဖို့ကား အိန္ဒိယ ၏ ကျေးဇူး ရှိသွားပြီ ဆိုကာ တုတ်နှောင်နိုင်ရန်ပင် ဖြစ်သည်။
စနေနေ့မှ စ၍ ဗုဒ္ဓဂါယာ အပါအဝင် ငါးရက်ကြာ ခရီးစဉ်စတင် ပြီး မိုဒီ နှင့် ဇွန် ၁ ရက်တွင် တွေ့ဆုံဖို့ ရှိနေသည်။ ဗုဒ္ဓဂါယာလည်း သွားဦးမည် ဖြစ်သည်။ နယူးဒေလီ ရှိ မြန်မာသံရုံး ရှေ့တွင်လည်း ၎င်းသည် မြန်မာပြည်သူ များအား ကိုယ်စား ပြုထားသည့် သမ္မတ မဟုတ်၊ စစ်ယူနီဖောင်း ဝတ်သူများ၏ သမ္မတ သာ ဖြစ်သည်ဟု ကမ္ဘာသို့ အသိပေးနိုင်ရန် စောင့်ဆိုင်းနေပြီ ဖြစ်သည်။
အိန္ဒိယဖက်က လေ့လာသူများက တော့ အိန္ဒိယ၊ တရုတ်၊ အာဆီယံနှင့် မြန်မာပြည်သူများထံသို့ — ၎င်း အနေဖြင့် အခြားရွေးချယ်စရာ လမ်းကြောင်းများကို ရှာဖွေနေသည်ဟူသော — သတင်းစကား မင်း‌ အောင်လှိုင်က ပေးလိုခြင်း ဖြစ်သည်ဟု ဆိုသည်။
တရုတ်ကတော့ ခြံထဲက ကြက်လို ဖြစ်နေ၍ သိက္ခာ အကျခံပြီး အရေးတကြီး ဖိတ်စရာ မလို၊ ၎င်း တို့ အဆင်ပြေ သည့် အချိန်၊ အခြေအနေများ အနည်ထိုင် သွားချိန်မှ လှမ်း ခေါ်လိုက်မည်ဟု တွေးထားပြီး ဖြစ်သည်။
မင်းအောင်လှိုင်ကတော့ ၎င်း အလိုလားဆုံး အချိန်တွင် အခေါ်မခံရ ဖြစ်နေ၍ စိတ်ထဲ တနုံ့နုံ့ ဖြစ်နေပုံရသည်။ ထို့အတွက်လည်း အိန္ဒိယ နှင့် လမ်းဖေါက်လို၍ လာပါရစေ ဟု ကမ်းလှမ်းခဲ့ပုံရ၍ ယခု ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
အိန္ဒိယ သတင်းစာများကမူ မင်းအောင်လှိုင်၏ ခရီးစဉ် အပေါ် ယခုလို သုံးသပ် ရေးသားလာကြသည်။
စစ်အုပ်စု ကို မျက်စိမှိတ် ထောက်ခံ နေသော အမျိုးသားရေးဝါဒီတို့သည် တရုတ်၏ အလွန်အကျွံလွှမ်းမိုးချုပ်ကိုင်မှုကို မည်သည့်အခါကမျှ သက်သောင့်သက်သာ မရှိခဲ့ပေ။ စစ်တပ်ခေါင်းဆောင်ပိုင်းသည် လက်ရှိတွင် နိုင်ငံတကာ၏ ဝိုင်းပယ်ခြင်းကို ခံနေရသည့် အတွက် အလိုလိုနေရင်း  တရုတ်၏ လက်အောက်ခံနိုင်ငံ (Client State) မျိုး ဖြစ်လာနေသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှ မကြာသေးမီက ထွက်ပေါ်လာသော သတင်းများကလည်း ထိုသို့ စိတ်မသက်မသာဖြစ်မှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။ ဧရာဝတီ သတင်းဌာန၏ မကြာသေးမီက ဖော်ပြချက်အရ — တရုတ်နိုင်ငံက မြန်မာ့ပိုင်နက်အတွင်း နယ်စပ်ခြံစည်းရိုးများ လာရောက်ခတ်ထားသည်ဟူသော သတင်းများကို ဝက်ဘ်ဆိုက်များမှ ပြန်လည်ဖြုတ်ချရန် စစ်အုပ်စု က ပြည်တွင်းရှိ မီဒီယာများကို ဖိအားပေးခဲ့ကြောင်း သိရသည်။ ပြည်တွင်းသတင်းများတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဩဇာလွှမ်းမိုးရာ နယ်မြေများဖြစ်သည့် ချင်းရွှေဟော်နှင့် ကြူကုတ်-ပန်ဆိုင်း အနီး၊ ထို့ပြင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နယ်မြေဖြစ်သည့် နမ့်တစ် အနီးတို့တွင် ထိုသို့ နယ်နိမိတ်ကို  ကျူးကျော်ဝင်ရောက်မှုများ ရှိ နေကြောင်း ဖော်ပြထား၍ ဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ပေါ်လာသော သတင်းများအရ ရှမ်းပြည်နယ်၊ နမ့်တစ်ဒေသတွင် နယ်နိမိတ်အဖြစ် သတ်မှတ်ထားသည်ဆိုသော စမ်းချောင်းတခုမှာ တရုတ်နိုင်ငံ၏ ခြံစည်းရိုးအသစ်များ နောက်ကွယ်တွင် ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုသည်။ တရုတ်၏ ခြံစည်းရိုးများသည် မြန်မာ့ပိုင်နက်အတွင်းသို့ အနည်းဆုံး ၁၅ မီတာခန့်၊ အချို့နေရာများတွင် မီတာ ၁၀၀ ကျော်အထိ ကျူးကျော်ဝင်ရောက်လာခဲ့ကြောင်း ဒေသခံရွာသားများက ပြောဆိုထားကြသည်။

ထို နှစ်ဖွဲ့သည် တရုတ်၏ ပြည်သူ့စစ် သာသာလက်အောက်ခံ များ ဖြစ်ကြပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကို သိမ်းပြနိုင်သည် အထိ လက်စွမ်းပြခဲ့၍ စစ်ဗိုလ်ချုပ်များ ခေါင်းမဖေါ်နိုင်အောင် အရှက် ဗြန်းဗြန်းကွဲ ခဲ့ရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
36👍18🔥3🤔1😢1
အဂတိတရား ကင်းစင်ရေး ဌာနဆိုင်ရာတွေကို မွန်ဝန်ကြီးချုပ် သတိပေး

မေလ ၃၁ ရက်

တံစိုးလက်ဆောင် ယူသူတွေဟာ အဂတိတရား ကင်းစင်မှု စံနှုန်းကို ပျက်စီးစေတယ်လို့ အာဏာသိမ်း သမ္မတခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက သူ့လက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းတွေကို သတိပေး ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် တံစိုးလက်ဆောင် ယူသူတွေဟာ မိမိတာဝန်ယူ ဆောင်ရွက်နေတဲ့ လုပ်ငန်း အပေါ် ထားရှိရမယ့် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ အဂတိတရား ကင်းစင်မှု စံနှုန်းကို ပျက်စီးစေတဲ့အပြင် တံစိုးလက်ဆောင် ပေးသူရဲ့ အလိုကျ ဆုံးဖြတ် ဆောင်ရွက်တာကို တွေ့ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ အများပြည်သူရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တာကြောင့် တံစိုး လက်ဆောင် ဟာဆိုရင် အဆိပ်အတောက် တစ်ခု ဖြစ်စေတယ်လို့လည်း အာဏာသိမ်း သမ္မတခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

ဒေသခံ တစ်ဦးကတော့ အဂတိ လိုက်စားမှုတွေ ရှိတာဟာ ဌာနဆိုင်ရာတွေအနေနဲ့ ပြည်သူ တွေကို ဝန်ဆောင်မှု ကောင်းကောင်း မပေးတာကြောင့် ဖြစ်ပြီး ဌာနဆိုင်ရာတွေကဝန်ဆောင်မှု ပေးတဲ့ နေရာမှာ လွယ်တဲ့ အရာကို ခက်အောင် လုပ်တာကြောင့် လာဘ်ပေး လာဘ်ယူမှု ပျောက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အစိုးရဌာန လုပ်ငန်းတွေက ပြည်သူကို ဝန်ဆောင်မှု ပေးမယ်၊ သေချာ ကောင်းကောင်းမွန်မွန် ပေးမယ်ဆိုရင် ဒီအဂတိဆိုတာ မရှိလာဘူး၊ အဂတိ ဖြစ်လာတာကလည်း ဒီအခုဆို လဝကဆိုရင် လွယ်နေတာကို ခက်အောင် လုပ်တယ်၊ ခက်အောင် လုပ်ပြီးတော့ ငွေကို မရရအောင် ရှာတဲ့ပုံ ဖြစ်နေတယ်၊ လာဘ်ပေး လာဘ်ယူမှုက ပိုပိုပြီး များသလို ဖြစ်သွားတယ်၊ လာဘ်ပေး လာဘ်ယူ ပျောက်ဖို့ ဆိုတာတော့ ဘယ်လိုမှလည်း မဖြစ်နိုင်ဘူး၊ ဒီလိုပဲ ဆက်ရှိနေအုံးမယ်လို့ မြင်တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ဌာနဆိုင်ရာ အများစုဟာ ပြည်သူတွေကို ဝန်ဆောင်မှု ပေးတဲ့နေရာမှာ သတ်မှတ် အချက်အလက်တွေ ပြည့်စုံရင်‌တောင် ကိုယ်တိုင် တံစိုးလက်ဆောင်နဲ့ ငွေကြေး တောင်းခံတာ ရှိသလို တချို့တွေက ပွဲစားတွေကနေတဆင့် တောင်းခံတာ ရှိတာကြောင့် အဂတိ လိုက်စားမှု ဆက်ရှိနေမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ကတော့ အဂတိ လိုက်စားမှုဟာ နယ်ပယ် အသီးသီးမှာ ပုံစံ အမျိုးမျိုးနဲ့ ဖြစ်ပွားနေကာ လာဘ်ပေး လာဘ်ယူ လုပ်ခြင်းသာမက ခြိမ်းခြောက် ငွေညှစ်တာနဲ့ လိမ်လည်တာတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်ဘဏ္ဍာနဲ့ ပစ္စည်းတွေကို အလွဲသုံးစားလုပ်တာ၊ လုပ်ပိုင်ခွင့် အာဏာ တွေကို အလွဲသုံးစားလုပ်တာ၊ မလျော်ဩဇာသုံးတာ၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင် ပစ္စည်းအဖြစ် သုံးစွဲတာ၊ ဘက်လိုက်တာနဲ့ ငွေကြေးခဝါချတာတွေကလည်း အဂတိ လိုက်စားမှု ဖြစ်တယ်လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ အဂတိ လိုက်စားမှုဟာ စစ်အစိုးရ လက်အောက်ခံ ဌာနဆိုင်ရာတွေ အပြင် ပြည်သူ့စစ် (ဒေသအခေါ် ပျူစောထီး)နဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက အစ လုပ်ဆောင်နေပေမယ့် လက်တွေ့မှာတော့ အရေးယူ ဆောင်ရွက်တာ မရှိဘူးလို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။

ဓာတ်ပုံ-MOI
#TLT
#HlaingInfo
😁663🔥1😱1
မြန်မာ့အရေးက အာဆီယံအတွက် အမည်းစက်ဖြစ်နေပြီး ဘယ်သူမှ မနိုင်သည့်စစ်ပွဲကို တိုက်နေကြကာ တစ်နိုင်ငံလုံး စီးပွားရေးနှင့် ပြည်သူများအတွက် ပျက်စီးမှုများဖြစ်နေဟု အရှေ့တီမောသမ္မတ သတိပေး

▪️ အာဆီယံမှ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးတစ်ဦးက မြန်မာ့အရေးဖြေရှင်းရန် လမ်းညွှန်အကူအညီပေးနိုင်ဟု အကြံပြု

မေလ ၃၁ ရက်

မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော နိုင်ငံရေးအကျပ်အတည်းက အာဆီယံအတွက် အမည်းစက်ဖြစ်နေပြီး ဘယ်သူမှ မနိုင်သည့်စစ်ပွဲကို တိုက်နေကြကာ တစ်နိုင်ငံလုံး စီးပွားရေးနှင့် ပြည်သူတစ်ရပ်လုံးအပေါ် ပျက်စီးမှုများဖြစ်ပေါ်နေကြောင်း အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ (José Ramos-Horta) က သတိပေးပြောဆိုလိုက်သည်။

ယမန်နေ့ မေလ ၃၀ ရက်နေ့ စင်ကာပူတွင် ကျင်းပပြုလုပ်နေသည့် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogue) အထူးမိန့်ခွန်းတွင် အရှေ့တီမောသမ္မတ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

အာဆီယံတွင် အောင်မြင်မှုများရှိနေသော်လည်း လက်ရှိ မြန်မာ့ပဋိပက္ခသည် အာဆီယံ၏ အောင်မြင်မှုမှတ်တမ်းများအပေါ် စွန်းထင်နေသည့် အမည်းစက်တစ်ခု ဖြစ်ကြောင်း ၊ လက်ရှိမြန်မာ့အရေးတွင် "စစ်မြေပြင်တွင် ဘယ်သူမှ အနိုင်ရမည့်ပုံမပေါ်ဘူး" ဟု သုံးသပ်ပြီး မြန်မာနိုင်ငံအတွင်းမှ စစ်ပွဲများမှာ နှစ်ဖက်စလုံး အင်အားကုန်ခမ်းသွားအောင် တိုက်ခိုက်နေကြသည့် စစ်ပွဲဖြစ်နေကြောင်း၊ တစ်နိုင်ငံလုံး၊ စီးပွားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံးကို ပျက်စီးစေနေကြောင်း ၎င်းက ပြောဆိုခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလအတွင်းက အာဆီယံခေါင်းဆောင်များက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် အဖွဲ့အစည်းအားလုံးအကြား အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများစတင်ရန် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus) ကို ချမှတ်ခဲ့ကြသည်။။

အရှေ့တီမော သမ္မတ ရာမို့စ်ဟော်တာက အာဆီယံဘုံသဘောတူညီချက် ၅ ချက်သည် "ခိုင်မာသည့် မူဝါဒ" တစ်ခုဖြစ်ကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန်အတွက် မတူညီသည့် အဖွဲ့အစည်းများအားလုံး အတူတူထိုင်ပြီး အနှစ်သာရရှိသည့် ဆွေးနွေးမှုမျိုး လုပ်ဆောင်ရန်လိုအပ်ကြောင်း ထောက်ပြသည်။

"မြန်မာနိုင်ငံက တပ်မတော် (စစ်တပ်)၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေအားလုံးနဲ့ ဒီမိုကရေစီအတိုက်အခံတွေ အားလုံး တဲတစ်လုံးထဲမှာ အတူတူလာဆုံကြရန် ဖြစ်နိုင်ပါသလား။ ကြိုတင်ကန့်သတ်ချက်တွေမရှိ၊ အစီအစဉ် တွေမရှိဘဲ လူသားအချင်းချင်း သဘောမျိုးသာ တွေ့ဆုံကြဖို့ ဖြစ်ပါတယ်" ဟု အရှေ့တီမောသမ္မတက ဆိုသည်။

ယင်းအပြင် အရှေ့တီမောသမ္မတ ရာမို့စ်ဟော်တာက မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲမျိုး ဖြစ် မြောက် လာစေရန်အတွက် အရှေ့တောင်အာရှဒေသတွင်းမှ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦးဦးက လမ်းညွှန်ကူညီပေးနိုင်ကြောင်း အကြံပြုခဲ့ပြီး အဆိုပါ လမ်းညွှန်ပေးမည့်သူမှာ ကြယ်လေးပွင့်အဆင့်ရှိသည့် စစ်ဗိုလ်ချုပ်ကြီးတစ်ဦး သို့မဟုတ် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်နိုင်ကြောင်း ထည့်သွင်းပြောဆိုသည်။

အရှေ့တီမောနိုင်ငံသည် အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုထားပြီး မြန်မာစစ်ဗိုလ်ချုပ်များကို တီမောနိုင်ငံအတွင်း စစ်ရာဇဝတ်မှုများဖြင့် အမှုဖွင့်ထားခြင်းကို လက်ခံထားသော နိုင်ငံလည်းဖြစ်ကာ မြန်မာစစ်တပ်နှင့်သံတမန်ရေး တင်းမာမှုများဖြစ်ပွားနေသော အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုလည်းဖြစ်သည်။

#KTM
#HlaingInfo
👍599🔥3
AAကို နိုင်ရန် ဝေးသေးဟု စစ်တပ်လော်ဘီများ ဝန်ခံလာ

မေလ ၃၁ ရက်

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း စစ်ကော်မရှင်၏ ထောက်ပို့စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းအမြောက်အမြား ဆုံးရှုံးလိုက်ရသည့်ဖြစ်စဉ်အပေါ် စစ်တပ်ထောက်ခံသည့် လော်ဘီများ ဒေါသထွက်နေပြီး AA တပည့် ချင်းအဖွဲ့များကိုပင်မနိုင်သည့်အတွက် AA ကို နိုင်ရန် ဝေးသေးဟု တယ်လီဂရမ်ချန်နယ်များ၌ ရေးသားထားသည်။ များ

လော်ဘီများ၏ ရေးသားချက်တွင် ချင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခံရသည်မှာ များနေပြီဖြစ်ကြောင်း လက်တုံ့ပြန်နိုင်ခြင်းမရှိသည့်အပြင် နယ်မြေရှင်းလင်းရေးသည့်အတွက် AA တပ်ဖွဲ့ကို အောင်နိုင်ရန် ဝေးကွာနေသည်ဟု စိတ်ပျက်စွာ ရေးသားထားသည်။

အဆိုပါ ပေါက်ကွဲသံများ ထွက်ပေါ်လာစေသည့် ဖြစ်စဉ်မှာ မင်းဘူးမြို့နယ်အတွင်း၌ စစ်ကော်မရှင်၏ ထောက်ပို့စစ်ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ၆ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းဆီးရမိခဲ့သည့်အပြင် ၁၂၂ မမ ရှော့တိုက်ဒုံးကျည်များအပါအဝင် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့သည့် သတင်းကြောင့် ဖြစ်သည်။

ယင်းတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ မင်းဘူးမြို့နယ် ပကဖ၊ CDF-Asho နှင့် NSA လူ့ဘောင်သစ်တပ်မတော်တို့က မေလ ၂၈ ရက်နေ့တွင် မင်းဘူး-အမ်း လမ်းပိုင်းပေါ်၌ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မေလ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

မြေပြင်ဖြစ်စဉ်အရ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကော်မရှင်၏ ထောက်ပို့ကားကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက်ကြား မိနစ် ၂၀ ခန့်ကြာ ထိတွေ့ပစ်ခတ်မှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦး နေရာတွင်တင် သေဆုံးကာ ၃ ဦးမှာမူ အရှင်ဖမ်းဆီးခြင်း ခံခဲ့ရသည်။

တိုက်ပွဲအပြီးတွင် စစ်ကော်မရှင်တပ်ထံမှ အူဇီ ၃ လက်၊ MA-1 ၂ လက်၊ MA-2 ၁ လက်၊ ၅.၅၆ ကျည် လက်ဆွဲဘောက် ၁ လုံးတို့နှင့်အတူ အဓိက စစ်အင်အားဖြစ်သည့် ၁၂၂ မမ MLRS ရော့ကတ်ဒုံးကျည် ၂၈ လုံးနှင့် ဒုံးကျည်ပို့ယမ်းသေတ္တာ ၆ လုံးတို့ကိုပါ တော်လှန်ရေးတပ်ဖွဲ့များက အလုံးအရင်းဖြင့် သိမ်းဆည်းရရှိခဲ့သည်။

ဒီဖြစ်စဉ်အပေါ် မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ၁၂၂ မမ ရှော့တိုက်ဒုံးများသည် ဖျက်အားအလွန်ပြင်းထန်ကြောင်း၊ ၉ မိုင်ကျော်အထိ ပစ်ခတ်နိုင်သည့် ဒုံးများဖြစ်သဖြင့် ၎င်းတို့ကို စစ်ကော်မရှင်လက်ထဲမှ သိမ်းဆည်းနိုင်ခဲ့ခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့အတွက် စစ်ရေးအရ အင်မတန် အားဖြစ်စေကြောင်း မှတ်ချက်ပြုထားသည်။

"“tခု မင်းဘူးဖြစ်စဉ်မှာ စစ်လော်ဘီတွေ အကြီးအကျယ် ဒေါသထွက် ပေါက်ကွဲနေတာဟာ အောက်ခြေရဲဘော်တွေ စစ်မြေပြင်မှာ မြေစာကျွေးခံနေရပြီး အရာရှိကြီးတွေကတော့ လုံခြုံတဲ့နေရာကနေ ဘာမှလုပ်ဆောင်မပေးနိုင်တဲ့ စစ်တပ်တွင်းက မညီမျှမှုနဲ့ ယိုယွင်းမှုကို ဒဏ်မခံနိုင်တော့ဘဲ ဘူးပေါ်သံ ပေါ်လာတာ” ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက မှတ်ချက်ပြုသည်။

စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း စစ်ကော်မရှင်၏ စိုးမိုးနယ်မြေအတွင်းရှိ ၎င်းတို့တပ်များနှင့် မလှမ်းမကမ်းနေရာတွင်ပင် တော်လှန်ရေးတပ်ဖွဲ့များက စိတ်ကြိုက် ဝင်ရောက်မိုင်းဆွဲပြီး လက်နက်ကြီးခဲယမ်းများကို သိမ်းဆည်းသွားနိုင်ခြင်းမှာ စစ်ကော်မရှင်၏ နယ်မြေစိုးမိုးမှု လုံးဝမရှိတော့ခြင်းကို ပြသနေခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးတိုက်ခိုက်မှုစွမ်းရည်နှင့် စစ်ထောက်လှမ်းရေးစွမ်းရည်မှာ သိသိသာသာ မြင့်မားလာပြီး စစ်ကော်မရှင်၏ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို စိတ်ကြိုက် ဖြတ်တောက် တိုက်ခိုက်နိုင်စွမ်း ရှိလာခြင်းကို ယခုဖြစ်စဉ်က သက်သေပြနေကြောင်း ၎င်းက ဆက်လက်သုံးသပ်ထားသည်။

ရခိုင်တစ်မျိုးသားလုံး၏ ရည်မှန်းချက် ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလိုသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် - ULA က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး ယင်းသို့ အောင်မြင်မှုများ ရရှိလာခြင်းသည် အာရက္ခစစ်သည်တော်များ၏ အသက်၊ ခန္ဓာ ၊ သွေး၊ ချွေးပေါင်း များစွာကို စွန့်လွှတ်အနစ်နာခံပြီး ပေးဆပ်တိုက်ပွဲဝင်ကာ အောင်ပွဲများ ရယူနိုင်ခြင်း၏ အကျိုးရလဒ် ဖြစ်ကြောင်း မေလ ၂၉ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အတူ ယင်းအကျိုးရလဒ်များ ရရှိခဲ့ခြင်းသည် ရခိုင်ပြည်သူများ၏ တာဝန်ကျေပွန်မှုကြောင့်လည်း ဖြစ်ကြောင်း ULA က ဆိုထားသည်။

ဓာတ်ပုံ-တယ်လီဂရမ်
#MPA
#HlaingInfo
48👍19😁7👏5
ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

မေလ ၃၁ ရက်
အယိုက်လင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ပြုလုပ်လာခဲ့ပါတယ်။

ULA/AA ရဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်မှုတွေကြောင့် ပလက်ဝမြို့နယ်ရှိ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်အများစုဟာ မိမိနေရပ်ကို စွန့်ခွာပြီး ရန်ကုန်နဲ့ အိန္ဒိယ၊ မလေးရှား၊ ထိုင်း စတဲ့ ပြင်ပကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ဌာနေရဲ့အဝေးကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ လူငယ်တွေဟာ ပလက်ဝမြို့နယ်ရှိ ULA/AA ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးခံရမယ့်အရေးကို စိုးရိမ်သဖြင့် လမ်းမကြီးအတိုင်း မသွားရဲဘဲ တောလမ်းအတိုင်း ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရတယ်။

လက်ရှိ ပလက်ဝမြို့နယ် ကျေးရွာအများစုမှာ ငယ်ရွယ်နုပျိုသော ခွန်အားရှိသူ လူငယ်တွေ မရှိတော့ဘဲ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေသာ ကျန်ရစ်ခဲ့ပြီး ဒေသတွင်း ဘာသာရေး၊ လူမှုရေးနဲ့ စီးပွားရေး/စိုက်ပျိုးရေး စတဲ့ကိစ္စရပ်တွေမှာ ကြီးမားတဲ့ ထိခိုက်နစ်နာမှု ဆိုးကျိုးတွေကို အလူးအလဲ ခံစားနေကြရပါတယ်။

ကျေးရွာတွေရဲ့ အဓိက လူမှုအဆောက်အအုံနဲ့ ရိုးရာဓလေ့ထုံးတမ်းတွေ လည်ပတ်ဖို့အတွက် လူငယ်တွေရဲ့လုပ်အားမှာ အဓိက ပင်မအသက်သွေးကြော ဖြစ်ပေမယ့်လည်း လက်ရှိမှာ လူငယ်မဲ့သွားတာကြောင့် လူမှုရေးအခက်အခဲတွေကို ဒေသခံတွေ ရင်ဆိုင်နေရပါတယ်။

ခူမီးချင်းဓလေ့အရ နာရေးကိစ္စရပ်တွေ ပေါ်ပေါက်လာပါက အသုဘအခမ်းအနားအတွက် မသာခေါင်းထမ်းတာ၊ သချိုင်းမှာ မြေကျင်းတူးတာ၊ သစ်ခုတ်တာနဲ့ နာရေးအိမ်မှာ လိုအပ်တဲ့ ဝေယျာဝစ္စတွေကို လူငယ်တွေကသာ အင်အားဖြင့် ဦးဆောင်လုပ်ကိုင်ကြတာဖြစ်ပါတယ်။

လက်ရှိ ရွာမှာ အင်အားရှိတဲ့ လူငယ်တွေ မရှိတော့သဖြင့် အသက်အရွယ်ကြီးရင့်သူ အဘိုးအိုတွေနဲ့ ဒေသခံလူကြီးတွေကသာ အားမတန်ဘဲ မြေကျင်းတူးတာနဲ့ အခေါင်းထမ်းတာ တွေကို ရုန်းကန်လုပ်ကိုင်နေကြရသဖြင့် နာရေးကူညီမှုလုပ်ငန်းတွေမှာ များစွာ ကြန့်ကြာခက်ခဲမှုတွေ ဖြစ်ပေါ်နေပါတယ်။

ကျေးရွာအတွင်းရှိ မင်္ဂလာဆောင်တွေ၊ ဘာသာရေးဆိုင်ရာ အလှူအတန်းတွေနဲ့ ရိုးရာပွဲလမ်းသဘင်တွေမှာ ဧည့်ခံကျွေးမွေးရေး၊ မဏ္ဍပ်ဆောက်လုပ်ရေးနဲ့ အလှဆင်ရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီမယ့် လက်တွဲဖော်လူငယ်တွေ မရှိတော့သဖြင့် ပွဲလမ်းသဘင်တွေမှာ အရင်ကလို စည်ကားတာမရှိတော့ဘဲ ခြောက်ကပ်ငြိမ်သက်နေပါတယ်။

အိမ်တိုင်းလိုလိုမှာ လူအိုတွေနဲ့ ကလေးငယ်တွေသာ ကျန်ရစ်ခဲ့သဖြင့် ကျန်ရစ်သူ မိဘဘိုးဘွားတွေ နေမကောင်းဖြစ်ချိန် သို့မဟုတ် ဖျားနာချိန်တွေမှာ ချက်ပြုတ်ကျွေးမွေးဖို့၊ ရေတစ်ခွက်တိုက်ဖို့နဲ့ ရေခပ်ပေးဖို့ပင် အနားမှ ပြုစုစောင့်ရှောက်မယ့်သူ မရှိတော့ပါ။

၎င်းအခြေအနေကြောင့် သက်ကြီးရွယ်အိုတွေမှာ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲရုံမျှမက နေ့စဉ်ဘဝမှာ ပြင်းထန်သော အထီးကျန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အားကိုးရာမဲ့မှုတွေကို ရင်ဆိုင်နေကြရတယ်။

"ဖျားနာနေတဲ့အချိန် သားသမီးတွေက အနားမှာ တစ်ယောက်မှမရှိဘူး။ တခါတလေ ကိုယ်သေသွားရင်တောင် ကောင်းကောင်းမွန်မွန် သဂြိုလ်ပေးနိုင်ပါ့မလားဆိုပြီး အတွေးတောင် ၀င်လာတယ်။ ရွာမှာ တခုခုဆိုရင် လုပ်ပေးမယ့် လူငယ်တွေမရှိဘူး။ ကိုယ့်လိုလူကြီးတွေချည်းပဲ ရှိတယ်။"လို့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ပလက်ဝမြို့နယ်ရဲ့ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ တောင်ယာစိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဖြစ်ပါတယ်။

လုပ်သားအင်အား ဖြစ်စေတဲ့ လူငယ်တွေ လုံးဝမရှိတော့တာဟာ ဒေသတွင်း ရေရှည်စီးပွားရေးနဲ့ စားနပ်ရိက္ခာဖူလုံမှုကို တိုက်ရိုက် ထိခိုက်လျက်ရှိပါတယ်။

ချင်းတောင်တန်းဒေသရဲ့ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေဟာ သစ်ပင်ကြီးတွေ ခုတ်ထွင်တာ၊ တောင်ယာမီးရှို့တာ၊ မြေဆီလွှာပြင်ဆင်တာနဲ့ သီးနှံစိုက်ပျိုးတာ စတဲ့ ပင်ပန်းကြမ်းတမ်းပြီး ကိုယ်ခန္ဓာခွန်အား အပြည့်အဝစိုက်ထုတ်ရတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။

အဲဒီ လုပ်ငန်းခွင်တွေမှာ အဓိကတာဝန်ယူရတဲ့ လူငယ်လုပ်သားတွေ မရှိတော့သဖြင့် အခုနှစ် တောင်ယာ စိုက်ပျိုးရာသီမှာ စိုက်ပျိုးနိုင်တဲ့ ဧရိယာ ဧကအမြောက်အများ လျော့နည်းသွားပြီး လုပ်ငန်းခွင်တွေ ရပ်ဆိုင်း လုနီးပါး ဖြစ်နေပါတယ်။

ကိုယ်တိုင် တောင်ယာမခုတ်နိုင်တော့သဖြင့် ကျေးရွာတွေမှာ စပါး၊ နှမ်း၊ ချင်း (ဂျင်း)နဲ့ အခြားဒေသ ထွက်သီးနှံတွေ ထုတ်လုပ်နိုင်စွမ်း အဆမတန် ကျဆင်းသွားပါတယ်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
😢4314🔥4
မိတ္ထီလာမှာ ကျောင်းသားတွေ ကတုံးဆံထောက်ကေနဲ့မှကျောင်းအပ်လို့ရ

မေလ ၃၁ ရက်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်း
သားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။

မိတ္ထီလာမြို့၊ အ.ထ.က (၁)မှာ ကျောင်းအပ်နှံဖို့ သွားရောက်တဲ့ ကျောင်းသားတွေဟာ ဆံပင်ကို စနစ်တကျသပ်သပ်ရပ်ရပ်ညှပ်သွားပေမဲ့ ကျောင်း
ဘက်က လက်မခံဘဲ ဆံပင်ပြန်ညှပ်ခိုင်းတာ၊ ၎င်းတို့လိုချင်တဲ့ ဆံပင်ပုံစံမဟုတ်ရင် ကျောင်းအပ်ဖောင် ထုတ်မပေးတာတွေ ပြုလုပ်နေကြောင်း ကျောင်းသားမိဘအချို့က ပြောပါတယ်။

အချို့ကျောင်းသားတွေဆိုရင် ဆံပင်ပုံစံ အဆင်မပြေလို့ဆိုပြီးနှစ်ကြိမ်ကနေသုံးကြိမ်အထိ ပြန်လည်
ညှပ်ခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောပါတယ်။

"အခုဟာက ကတုံးဆံထောက်မှမဟုတ်ရင် လက်မခံတဲ့ ပုံစံကိုဖြစ်နေတယ်။ အခုဟာက အရမ်းဆိုး
ရွားနေရင်ထားပါတော့ ။ ကျောင်းသားနဲ့ မတူရင်ထားပါတော့။ ကျောင်းအပ်မှာမို့ကြိုပြီး ဆံပင်ညှပ် သပ်သပ်ရပ်ရပ် နဲ့ ကျောင်းကိုသွားအပ်ပါတယ်။ တချို့ဆို၂ ခေါက်၃ ခေါက်ပြန်ညှပ်ခိုင်းပါတယ်။"
လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ဆံပင်ကို ကတုံးဆံထောက် ညှပ်လိုက်တာကြောင့် စာပိုတော်လာမှညမဟုတ်ဘဲ ထိုကဲ့သို့ အသေးအဖွဲ ကိစ္စရပ်တွေအပေါ် ဖိအားပေးတာဟာ ကျောင်း
သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ကြောင်း ကျောင်းသားမိဘတွေက ဝေဖန်ပါတယ်။

စစ်ကောင်စီဟာဒီနှစ်စာသင်နှစ်မှာအရွယ်အလိုက်ရှိရမယ့်အတန်းတွေသတ်မှတ်လိုက်ပြီး ဝင်ခွင့်စာမေးပွဲဖြေဆိုကာ အတန်းကျော်ပေးဖို့ စီစဥ်နေပါသေးတယ်။

(မိတ္ထီလာ အထက ၁ ကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)
#LNO
#HlaingInfo
🤬446👎3🔥2👏2👍1
အာဆီယံခေါင်းဆောင်များနှင့် ရုရှားသမ္မတတို့ တွေ့ဆုံမည့် ထိပ်သီးအစည်းအဝေးသို့ မင်းအောင် လှိုင် တက်ရောက်ခွင့်ရဖွယ်မရှိဟုဆို

မေလ ၃၁ ရက်

အာဆီယံခေါင်းဆောင်များနှင့် ရုရှားသမ္မတပူတင်တို့ တွေ့ဆုံမည့် ထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင် တက်ရောက်ခွင့်ပြုဖွယ်မရှိကြောင်း ဖိလစ်ပိုင်ထိပ်တန်းသံတမန်တစ်ဦးနှင့် အစိုးရအရာရှိများ၏ ပြောဆိုချက်ကို ကိုးကားပြီး AP သတင်းအရ သိရှိရသည်။

လာည့် ဇွန်လ ရုရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံ-ရုရှား အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သော်လည်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုမူ တက်ရောက်ခွင့်ပေးဖွယ်မရှိကြောင်း ဖိလစ်ပိုင်ထိပ်တန်းသံတမန်တစ်ဦးနှင့် အစိုးရအရာရှိများက ပြောဆိုကြသည်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ သီရိဆာ လာဇာရို (Theresa Lazaro) က ၎င်းနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ် (Sergey Lavrov) တို့သည် ရုရှားနိုင်ငံ ကာဇန် (Kazan) မြို့၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကိစ္စနှင့် ပတ်သက်၍ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း X လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ရုရှားသံရုံး၏ ထုတ်ပြန်ချက်အရ ဇွန်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါ အစည်း အဝေးမတိုင်မီ နှစ်နိုင်ငံဝန်ကြီးများက အာဆီယံနှင့် ရုရှားအကြား "ဗျူဟာမြောက် မိတ်ဖက်ပြုမှု တိုးမြှင့်ရေး အလားအလာများ" ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ယခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူထားသည့် ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.)က သမ္မတ ပူတင်နှင့် ပြုလုပ်မည့် အဆိုပါ ထိပ်သီးအစည်း အဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက အေပီ (AP) သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

သို့သော်လည်း ရုရှား၏ ယူကရိန်းကျူးကျော်မှုကို ရှုတ်ချပြီး ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည့် စင်ကာပူနိုင်ငံ၏ ခေါင်းဆောင် တက်ရောက်မည်လားဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ် ကြောင်း၊ မြန်မာစစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကိုမူ အာဆီယံ ထိပ်သီးအဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားဆဲဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံသည် အာဆီယံ-ရုရှား ဆက်ဆံရေးအတွက် ညှိနှိုင်းရေးမှူးနိုင်ငံ (Coordinator) အဖြစ် တာဝန်ယူထားသော်လည်း မြန်မာစစ်ခေါင်းဆောင်ကိုမူ ယခုအစည်းအဝေးသို့ တက်ရောက်ခွင့်ပြုဖွယ်မရှိကြောင်း သိရသည်။

အာဆီယံက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန် တောင်းဆိုထားသည့် အချက် ၅ ချက်ပါ အာဆီယံဘုံသဘောတူညီချက်များ လုပ်ဆောင်ရန် ညွှန်ကြားခဲ့သော်လည်း မြန်မာစစ်တပ်က အကြမ်းဖက်မှုများကို အဆုံးသတ်ရန် သော်လည်းကောင်း၊ တွေ့ဆုံဆွေးနွေးမှုများ ဖော်ဆောင်ရန်သော်လည်းကောင်း ပျက်ကွက်ခဲ့သည်။

#KTM
#HlaingInfo
😁52👍81🔥1
မွေးမြူရေးတိုးလုပ်ဆိုပေမယ့် သားငါးဈေးက မကျ

မေလ ၃၁ ရက်

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယခရီးစဉ်မတိုင်မီ နေပြည်တော်အနီးတဝိုက်မှ မွေးမြူရေးခြံများသို့ လှည့် လည်စစ်ဆေးကာ တိုးချဲ့လုပ်ကိုင်ဖို့ ဆိုသော်လည်း မွေးမြူရေးသုံးသွင်းကုန်များ တင်းကျပ်ထားသဖြင့် လုပ်ငန်းရှင်တို့ အခက်တွေ့နေသလို ပြည်တွင်း သားငါးဈေးနှုန်းမှာ အဆမတန်မြင့်တက်နေသည်။

ဗဟိုစာရင်းအင်းအဖွဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်မတိုင်မီက ရန်ကုန်ဈေးကွက်၌ ကြက်သား တပိဿာ ၅,၀၀၀ ကျပ်၊ ဝက်သား တပိဿာ ၁၂,၀၀၀ ကျပ်၊ အမဲသား တပိဿာ ၁၅,၀၀၀ ကျပ်၊ ငါးကြင်း တပိဿာ ၆,၅၀၀ ကျပ် ရှိခဲ့ရာမှ လက်ရှိ ကြက်သား တပိဿာ ၂၂,၀၀၀ ကျပ်၊ ဝက်သား တပိဿာ ၃ ၅,၀၀၀ ကျပ်၊ အမဲသား တပိဿာ ၃၈,၀၀၀ ကျပ်နှင့် ငါးကြင်း တပိဿာ ၃၅,၀၀၀ အထိ ရှိသည်။

အင်းစိန်မြို့နယ်ရှိ အိမ်ရှင်မတဦးက “အခု ဝယ်နေရတာ ကြက်သားတပိဿာ ၂၂,၀၀၀ ကျော်၊ ဝက်သားက နာလို့သေတာ ရပ်ကွက်ထဲ လာရောင်းတာတောင် တပိဿာ ၃၅,၀၀၀ ကျပ်၊ ဈေးထဲမှာ အဲဒီထက် ဈေးပိုတယ်။ အဲဒီတော့ ကြက်သားလေး တသောင်းဖိုးလောက်ဝယ်၊ အာလူးတို့၊ ဘူးသီးတို့နဲ့ ရောစားရတာပေါ့။ အသားဟင်းက အရင်လို မစားနိုင်တော့ဘူး လျှော့ စားနေရတယ်။ ဘူးသီး တစိတ်တောင် ၁,၀၀၀ ဖြစ်နေတာ၊ ဈေးက အမြဲတက်နေတာ၊ ပြန်ကျ တာမရှိဘူး” ဟု ဧရာဝတီကို ပြောသည်။

သားငါးအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရိပ်ရိပ်တက်လာရာ လက်ရှိ အချိန်အထိ ပြန်လည်ကျဆင်းခြင်းမရှိဘဲ တက်ရိပ်သာတွေ့နေရပြီး ရန်ကုန်နှင့် မန္တလေးမြို့ရှိ အသား၊ ငါးဈေးနှုန်းများသည် တပိဿာလျှင် ပျမ်းမျှ ကျပ်ထောင်ဂဏန်းဝန်းကျင် ကွာဟသော်လည်း အချို့သောဝေးလံခေါင်ဖျားဒေသများနှင့် စစ်မက် ဖြစ်ပွားနေသည့် ဒေသများတွင် ယခုဈေးနှုန်းများထက်ပို၏။

ယနေ့ထိ ကုန်ဈေးနှုန်းကျဆင်းရေး ထိရောက်သော ဆောင်ရွက်ချက်များမတွေ့ရသလို ရက် ၁၀၀ ကတိတွင်လည်း ခိုင်ခိုင် မာမာပြောဆိုခြင်းမရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အလေးပေးမြှင့်တင်မည်ဟု ယေဘူယျသာဆိုထားသည်။

မေ ၂၄ရက်က နေပြည်တော်မွေးမြူရေးဇုန်တချို့ သွားရောက်ကြည့်ရှု့စဉ်ကလည်း ကုန်ဈေးနှုန်းတက်ရခြင်းမှာ ဝယ်လိုအား နှင့် ရောင်းလိုအား မမျှတခြင်း ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် ဝက်မျိုးများကို ပြည်ပမှတင်သွင်းခြင်းထက် မိမိကိုယ်တိုင် မျိုးထုတ်၍ တိုးချဲ့မွေးမြူရန်၊ ကြက်ဥတလုံး စားခြင်းသည် ကြက်သား ၅ ကျပ်သား စားသုံးခြင်းနှင့် ညီမျှသဖြင့် တိုးချဲ့မွေးမြူရန်၊ ဆိတ်နှင့် နွားများကိုလည်း တိုးချဲ့မွေးမြူရန် စသဖြင့် အာဏာသိမ်း သမ္မတကပြောဆိုသည်။

ယင်းသို့ မွေးမြူရေးကဏ္ဍ တိုးချဲ့ထုတ်လုပ်ရန် တိုက်တွန်းနေသော်လည်း၊ မြေပြင်တွင် မွေးမြူရေးကဏ္ဍ၌ သွင်းကုန်များကို မှီခိုနေရသလို သွင်းကုန်ကန့်သတ်ချက်များကလည်း အခက်အခဲဖြစ်နေကြောင်း လုပ်ငန်းရှင်များက ဆိုကြသည်။

ရန်ကုန်မြို့ရှိ ကြက်/ဝက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “နိုင်ငံတိုင်းမှာ အသားစားသုံးမှု ပရိုတင်းလိုအပ်ချက် မြင့် လာတော့ တိုးထုတ်ရမယ်ဆိုတာမှန်ပေမယ့် ကျမတို့ မွေးမြူရေးကသွင်းကုန်ကို အများဆုံးမှီခိုနေရတာ နိုင်ငံခြားငွေနည်း တဲ့အတွက် သွင်းကုန်ကို သူ့မူဝါဒနဲ့အညီပဲ ချပေးနေတော့ အခက်အခဲရှိတယ်” ဟု ဧရာဝတီကို ပြောသည်။

ကြက်၊ ဝက် မျိုးကောင်းမျိုးသန့်များကို ပြည်ပမှ တင်သွင်းရပြီး၊ အရေးကြီးသည့် တိရစ္ဆာန်အစာအတွက် ကဏ္ဍတခုလုံး ကုန် ကျစရိတ်၏ ၇၀ ရာခိုင်နှုန်းအထိ သုံးစွဲနေရသည်။

ပြည်တွင်းမှ ဆန်ကွဲ၊ ဖွဲနု၊ ပြောင်း၊ ငါးခြောက်၊ ပဲဖတ်၊ နှမ်းဖတ် စသည် တို့ကို အသုံးပြုရသော်လည်း၊ အဓိက ပဲပုပ်ဖတ်ကို အမေရိကန်၊ ဘရာဇီး၊ ဥရောပနှင့် ဘိုလီးဗီးယားနိုင်ငံတို့မှ တနှစ်လျှင် တန်ချိန် ၆ သိန်းခန့် တင်သွင်းနေရကြောင်း ၎င်းက ဆိုသည်။

“တတန်က ပျမ်းမျှ ဒေါ်လာ ၅၀၀ ကနေ ၆၀၀ ကြားရှိတယ်ဆိုတော့ တနှစ်ကို ပျမ်းမျှဒေါ်လာသန်း ၃၀၀ ကျော်သုံးရတာ၊ ဒါကို ပြီးခဲ့တဲ့နှစ်ကစပြီး ပြည်တွင်းထွက်တဲ့ ဆီထွက်သီးနှံဖတ်တွေကို သုံးပါ၊ နိုင်ငံခြားငွေလျှော့ချရေးအတွက် ပဲပုပ်ဖတ်ကို တဝက်လောက်ကစပြီး လျှော့သွင်းပေးမယ်ဆိုပြီး စီမံကိန်းချတယ်။ ဒါပေမယ့် တကယ်တမ်း စိုက်ပျိုးရေးက ထွက်လာတဲ့ ဆီကြိတ်ဖတ်က စာရွက်ပေါ်မှာသာ အများကြီးရှိတာ၊ ပြည်တွင်းမှာ ထွက်နေတဲ့ ဆီကြိတ်ဖတ်ရဲ့ အလေးချိန်စုစုပေါင်းက နှစ်သိန်းလောက်ပဲရှိတော့ ကွာဟချက်က များနေတယ်” ဟု အထက်ပါ လုပ်ငန်းရှင်က ရှင်းပြသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
🔥3010👍7🤬4😢1