Hlaing Info
53.1K subscribers
143K photos
5.93K videos
5 files
14.1K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
ပအိုဝ်းရိုးရာ မီးရှုးမီးလုံးပွဲ ၁၅ ရက်ကြာ စည်ကားစွာ ကျင်းပမည်

မေလ ၂၉ ရက်

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ပေါမူကျေးရွာတွင် ပအိုဝ်းရိုးရာ မီးရှုးမီးလုံးပွဲကို ယခုနှစ်တွင် ၁၅ ရက်တိတိ စည်ကားစွာ ကျင်းပသွားမည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းမီးရှုးမီးလုံးပွဲကို မနက်ဖြန် မေ ၃၀ ရက်မှ စတင်ကာ ဇွန် ၁၄ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး ပအိုဝ်းဒေသအသီးသီးမှ မီးလုံးအဖွဲ့များ လာရောက်ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

ပေါမူမီးလုံးပွဲသည် ပအိုဝ်းဒေသအတွင်း ကျင်းပသည့် မီးလုံးပွဲများအနက် အကြီးမားဆုံးပွဲတစ်ခုဖြစ်သလို ပါဝင်ယှဉ်ပြိုင်သည့် မီးလုံးအရေအတွက် အများဆုံးရှိသည့် ပွဲတော်တစ်ခုအဖြစ် လူသိများကြောင်း ဒေသခံများက ပြောသည်။

“ဒီနှစ်ပွဲက မီးလုံးအရေအတွက်လည်း များမယ်၊ ဆုကြေးငွေလည်း အရင်နှစ်တွေထက် ကြီးတယ်လို့ သိရတယ်။ ဒေသအသီးသီးက အဖွဲ့တွေ အပြိုင်အဆိုင် ပြင်ဆင်နေကြလို့ ပွဲက ပိုစည်ကားမယ့် အနေအထားရှိတယ်” ဟု ပွဲတော်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ယင်းပွဲတွင် ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ ကလော၊ အောင်ပန်း ၊ ပင်လုံနှင့် လွိုင်ကော်ဒေသဘက်မှ ပအိုဝ်းတိုင်းရင်းသား မီးလုံးအဖွဲ့များလည်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အမြင့် ၃ ပေ ၃ လက်မရှိသည့် မီးလုံးများကိုသာ ပါဝင်ယှဉ်ပြိုင်ခွင့် ပြုထားကြောင်းလည်း သိရသည်။

ပအိုဝ်းရိုးရာ မီးရှုးမီးလုံးပွဲကို ဒေသခံများက “မိုးခေါ်ပွဲ” ဟုလည်း ခေါ်ဆိုကြပြီး ရိုးရာယဉ်ကျေးမှုနှင့် ဆက်နွယ်နေသည့် ပွဲတော်တစ်ခုဖြစ်ကာ နှစ်ပေါင်းရာချီ သမိုင်းရှိနေကြောင်း သိရသည်။

#MKN
#HlaingInfo
👍35😁11👎31🔥1👏1🤔1
အကြမ်းဖက် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဖျက်သိမ်းရန် အရပ်ဘက်အဖွဲ့ ၁၂၂ ခုက အိန္ဒိယဝန်ကြီးချုပ်ထံသို့ စာပေးပို့ တောင်းဆို

မေလ ၂၉ ရက်

အကြမ်းဖက် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဖျက်သိမ်းရန် အရပ်ဘက်အဖွဲ့ ၁၂၂ ခုက အိန္ဒိယဝန်ကြီးချုပ်ထံသို့ ယမန်နေ့ မေလ ၂၈ ရက်နေ့တွင် အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်သည်။

မြန်မာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့ အထိ အိန္ဒိယနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ကို ချက်ချင်းဖျက်သိမ်းပေးရန်၊ မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက် သံတမန်ရေးရာဆက်ဆံမှုများကို ပြန်လည်သုံးသပ်ပေးရန် မြန်မာ့အရေးလှုပ်ရှားနေသည့် အရပ်ဘက်အဖွဲ့အစည်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကွန်ရက်နှင့် တိုင်းရင်းသားလူမျိုးစုအခြေပြုအဖွဲ့အစည်း စုစု ပေါင်း ၁၂၂ ဖွဲ့က အိန္ဒိယဝန်ကြီးချုပ် ရှရီ နာရင်ဒရာ မိုဒီ (Shri Narendra Modi) ထံသို့ မေလ ၂၈ ရက်နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာပေးပို့ကာ ပြင်းပြင်းထန်ထန် ကန့်ကွက်တောင်းဆိုလိုက်ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှုများကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် ဆိုးကျိုးများကို လက်တွေ့ခံစားနေရကြောင်း အိတ်ဖွင့်ပေးစာတွင် ထည့်သွင်းဖော်ပြထားသည်။

မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုအောက်တွင် တရားဥပဒေစိုးမိုးမှုများ ပျက်ပြားလာခြင်းကြောင့်တရားမဝင် မူးယစ်ဆေးဝါးများ အစုအပြုံလိုက် ဝင်ရောက်လာခြင်း၊ ထိန်းချုပ်ထားနိုင်ခြင်းမရှိသည့် နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးမှုများ ဖြစ်ပွားနေခြင်း၊ သောင်းနှင့်ချီသည့် မြန်မာစစ်ဘေးဒုက္ခသည်များ အိန္ဒိယနိုင်ငံဘက်သို့ ထွက် ပြေးခိုလှုံနေရခြင်း၊ အိန္ဒိယနိုင်ငံသားအများအပြား မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (Cyber-scam) များတွင် ပိတ်မိဖမ်းဆီးခံနေရခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများကို အိန္ဒိယနိုင်ငံအနေဖြင့် ခံစားနေရကြောင်း ထောက်ပြထားသည်။

ထို့ပြင် လက်ရှိစစ်အုပ်စုက ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုကို ဖျက်ဆီးပြီး ကမ္ဘာ့တည်ငြိမ်မှုကို ပျက်ပြားစေမည့် အင်အားစုများနှင့် မဟာမိတ်ဖွဲ့နေခြင်းကြောင့် ဒေသတွင်းလုံခြုံရေးကို ပြင်းထန်စွာ ခြိမ်းခြောက်နေကြောင်း၊ ယင်းအချက်ကို မေလ ၂၆ ရက်နေ့က ထွက်ပေါ်ခဲ့သည့် ကွတ် (QUAD) နိုင်ငံများ၏ ပူးတွဲကြေညာချက်တွင်လည်း မြန်မာ့အရေးသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းများအပေါ် ရိုက်ခတ်မှုရှိနေကြောင်း ထည့်သွင်းအသိအမှတ်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာပြည်သူများ အတိဒုက္ခကြုံတွေ့နေရသည့် အချိန်အခါတွင် မင်းအောင်လှိုင်ကို အိန္ဒိယနိုင်ငံက ဧည့်သည်တော်အဖြစ် လက်ခံတွေ့ဆုံရန် ပြင်ဆင်နေခြင်းအပေါ် အလွန်အမင်း စိတ်ပျက်တုန်လှုပ်မိကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ ၂၂,၀၀၀ ကျော်ကို မတရားဖမ်းဆီးထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ စနစ် တကျကျူးလွန်နေသည့် စစ်ခေါင်းဆောင်ကို တရားဝင်လက်ခံတွေ့ဆုံခြင်းသည် တရားမဝင်စစ်အုပ်စုအား သံတမန်ရေးအရ တရားဝင်မှုပေးရာ ရောက်သွားလိမ့်မည်ဟု သတိပေးထားသည်။

မြန်မာနိုင်ငံ၏ ပဋိပက္ခနှင့် အကျပ်အတည်းများကို ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းမှာ စစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန်၊ ပြည်သူများ၏ ဒီမိုကရေစီဆန္ဒကို လေးစားလိုက်နာရန်၊ ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ဖိအားပေးခြင်းဖြင့်သာ ရရှိနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးထားသည်။

မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုများသည် အိန္ဒိယနိုင်ငံ၏ နယ်စပ်လုံခြုံရေး၊ ဘင်္ဂလားပင်လယ်အော် တည်ငြိမ်ရေး၊ အရှေ့မျှော်မူဝါဒ (Act East Policy)၊ ကုလားတန်ဘက်စုံစီမံကိန်း (Kaladan Project) နှင့် အင်ဒို-ပစိဖိတ်ဆိုင်ရာ မဟာဗျူဟာမြောက် အကျိုးစီးပွားများကိုပါ တိုက်ရိုက်ခြိမ်းခြောက်နေခြင်းကြောင့် စစ်ခေါင်းဆောင်၏ ခရီးစဉ်ကို ဖျက်သိမ်းပေးရန် အိန္ဒိယအစိုးရကို အလေးအနက် တောင်းဆိုထားသည်။

ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိအောင် ကြိုးပမ်းနေသည့် မြန်မာပြည်သူများဘက်မှ အိန္ဒိယနိုင်ငံအနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ပေးပါရန် တိုက်တွန်းထားသည်။

အဆိုပါ ကန့်ကွက်လွှာကို "People Movement Platform Myanmar" က ဦးဆောင်ကာ A New Burma၊ အသံ (Athan)၊ Chin Defence Force (Mindat) အပါ အဝင် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၂၂ ခုက လက်မှတ်ရေးထိုးတောင်းဆိုထားကြခြင်းဖြစ်သည်။

#KTM
#HlaingInfo
👍5616😁7🥰3🔥2
ပေါင်းတည်မြို့မှာ ဆိုင်ကယ်ခိုးယူခံရမှုများနေပြီး ဖမ်းမိတာနည်းနေ

မေလ ၂၉ ရက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ ဆိုင်ကယ်ခိုးယူခံရမှုတွေ များပြားနေပြီး ရပ်ထားချိန် သံချောင်းနဲ့ သော့ကိုဖျက်ကာ မောင်းပြေးကြတာလို့ မြို့ခံတွေဆီက သိရပါတယ်။

ယခုရက်ပိုင်းတွေမှာ အခိုးခံနေရတာဖြစ်ပြီး စျေးနားတွေမှာ မနက်ပိုင်းအဖြစ်များကာ ဆိုင်ကယ်အမျိုးအစားတွေကတော့ ယိုးဒယား Dream ဘီးတွေ အခိုးခံရမှုများနေတယ်လို့ မြို့ခံက ပြောပါတယ်။

"အဓိကသုံးတဲ့သော့က သံချောင်းပေါ့ ခိုးယူမောင်းသွားသူကဆိုင်ကယ်ကို ကာဗာတွေလဲကာ တခြားတဦးကိုလက်လွှဲပြီး ရောင်းမယ်။ ရတဲ့စျေးနဲ့ရောင်းပြီး ဆေးချမယ်၊ စားသောက်ပစ်မယ်၊ မိရင်ထောင်ကျ၊ လွတ်ငြိမ်းနဲ့ ပြန်မယ် အဲလိုဖြစ်နေတာ" လို့ မြို့ခံတဦးက ဒို့ပြည်ကိုပြောပါတယ်။

ဆိုင်ကယ်တွေခိုးယူခံနေရပေမဲ့ ပြန်မိတဲ့အရည်အတွက်ကတော့ ၁၀ စီးမှာ ၁ စီးလောက်ပဲမိတယ်လို့ ဆိုပါတယ်။

အလားတူ အခြားမြို့နယ်တွေမှာလည်း ဆိုင်ကယ်ခိုးယူခံရမှု ဆိုင်ကယ်မောင်းနှင်နေစဉ် ဆွဲကြိုးဖြတ်လုခံရမှုနဲ့ အုပ်စုလိုက်လုယက်မှုတွေလည်း ဖြစ်ပွားနေပြီး စစ််မှုထမ်းဖမ်းဆီးတဲ့အဖွဲ့တွေနဲ့ ရောနေတဲ့အတွက် ဝိုင်းဝန်းဖမ်းဆီးဖို့ ခက်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပုံစာ-ပေါင်းတည်မြို့လယ်ကောင် ရန်ကုန်-ပြည်ကားလမ်းမကြီးဘေးနဲ့ စျေးအနီးမြင်ကွင်း
#ဒို့ပြည်
#HlaingInfo
🔥33😢112🤔1
လှိုင်မြို့နယ်တွင် လူငယ်အုပ်စုအတွင်းမှ နှစ်ဦးကို အုပ်စုဖွဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွား

မေလ  ၂၉  ရက်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် လမ်းဘေး၌ ထိုင်နေသည့် လူငယ်အုပ်စုအတွင်းမှ အမျိုးသား နှစ်ဦးကို လူတစ်စုက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်တစ်ခု မေလ ၂၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း RSGမှ  သိရပါသည်။

လှိုင်မြို့နယ်၊ (၁) ရပ်ကွက်၊ ရွာမကျောင်းလမ်းပေါ်ရှိ အောင်မေတ္တာ (၄) လမ်းထိပ်တွင် မေလ ၂၈ ရက် ည ၈ နာရီခွဲဝန်းကျင်က အမျိုးသား ၆ ဦး စုထိုင်နေစဉ်အတွင်း စစ်ကောင်စီလက်အောက်ခံများ  ရောက်ရှိလာပြီး ၎င်းတို့အနက်မှ လူငယ်နှစ်ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်မှုသည် လမ်းဘေးတွင် အရက်ထိုင်သောက်နေသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားကြောင်း သိရပါသည်။

လူငယ်နှစ်ဦး၏ နောက်ဆက်တွဲ အခြေအနေနှင့် မည်သည့်နေရာသို့  ဖမ်းဆီးသွားသည်ကိုမူ အသေးစိတ် မသိရှိရသေးပေ။

#HlaingInfo
🤬625👏4🔥2😢1
ဆင်ပေါင်ဝဲတွင် စစ်တပ်က ကုတင်ကြီးရွာမှ ဦးအောင်ဇော်လင်းကို ဖမ်းဆီးသတ်ဖြတ်ပြီး သားဖြစ်သူ ကိုဖြိုးဝေအောင်ကို ဖမ်းဆီးခေါ်ဆောင်သွား၊ တော်လှန်ရေးတပ်များနှင့်လည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေ

မေလ ၂၉  ရက်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကုတင်ကြီးရွာမှ ဦးအောင်ဇော်လင်းကို ဖမ်းဆီးသတ်ဖြတ်ပြီး သားဖြစ်သူ ကိုဖြိုးဝေအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ တော်လှန်ရေးတပ်များနှင့်လည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၈ ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ကုတင်ကြီးရွာ၊ ထင်အင်းရွာနှင့် ယင်အိုင်ရွာတို့ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ထွက်ပြေးတိမ်းရှောင်သည့် ကုတင်ကြီးရွာမှ ဦးအောင်ဇော်လင်းနှင့် သားဖြစ်သူ ကိုဖြိုးဝေအောင်တို့သည် စစ်တပ် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရပြီးနောက် စစ်ကြောင်းသည် ထိန်အင်းရွာဘက်ကို ထပ်မံ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဖခင်ဖြစ်သူ ဦးအောင်ဇော်လင်းကို စစ်သားများက သတ်ဖြတ်ကာ သားဖြစ်သူ ကိုဖြိုးဝေအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ယင်းစစ်တပ် စစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များလည်း ယနေ့ မွန်းလွဲပိုင်းမှ စတင်၍ တိုက်ပွဲများဖြစ်ပြီးနေပြီး ထောင်နှင့်ချီ‌သော ပြည်သူများသည်လည်း တောတောင်များ အတွင်း ဆက်လက် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

"မနေ့က နံနက် ၇ နာရီလောက်က စစ်ခွေး စစ်ကြောင်းက ကုတင်ကြီးကျေးရွာ၊ ထင်အင်းကျေးရွာနဲ့ ယင်အိုင်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာပါ။ စစ်ခွေးစစ်ကြောင်းထိုးလို့ ထွက်ပြေးတဲ့ သူတွေကထဲက ကုတင်ကြီးကျေးရွာသား ဦးအောင်ဇော်လင်းနဲ့ သားဖြစ်သူ ကိုဖြိုးဝေအောင်တို့က စစ်ခွေးတွေ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံရတာ ထိန်အင်းရွာဘက်ကို စစ်ကြောင်း ဆက်ထိုးသွားပါတယ်။ ဒီနေ့ကြားသိရတာက ဖခင်ဖြစ်သူ ဦးအောင်ဇော်လင်းက စစ်​ခွေးတွေ သတ်လိုက်ပြီးလို့ သိရပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာလည်း ပစ်ခတ်သံတွေ ကြားနေရပါတယ်။ တိုက်ပွဲဖြစ်နေပါတယ်။ မနေ့ကတည်းက ယနေ့ အထိရွာသားတွေ တောထဲရှောင်နေကြရပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြလူငယ်များကို အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။(ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#LNO
#HlaingInfo
🤬553👎1👏1😢1
1 JUNE 2026 ထွက်မည့် ထိုင်းထီ ရပါပြီရှင့်


203936
422043
166960
157380
592388

🍀 ဘတ် 12 သန်း ထီလက်မှတ်များ 🍀

969800 တစောင်ကျန်
490002 တစောင်ကျန်

260225 တစောင်ကျန်
370226 တစောင်ကျန်
271872 တစောင်ကျန်
875973 တစောင်ကျန်
534877 တစောင်ကျန်
143581 တစောင်ကျန်

665695
504994
313891
250090
650089
011288
894287
128885
008878
011176

054070
032569
520668
616966
209665
777158
961056
173351
422448

344742
317738

920836
568535
303032
432731
833330

849322
343421
888820
451618
138712
881406
193305
438004
390004

270502
979501
562800
131000
506100
695400

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                           
   
- https://t.me/infoAthlaing    
                                          
Viber   ☎️  +66991894319

#ThaiLottery                                               
#HlaingInfo
👍268🔥1🥰1
Forwarded from AAMIJ
ကုန်စျေးနှုန်းတက်ခြင်း၏ နောက်ကွယ်မှ ဂိတ်ကြေးနှင့် အခွန်ကောက်ခံမှုများ

AAMIJ/ မေ ၂၉

စစ်ကိုင်း-ရွှေဘို ကုန်သွယ်ရေးလမ်းကြောင်းနဲ့ ရန်ကုန်-မန္တလေး လမ်းပိုင်းတစ်လျှောက်မှာ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တော်လှန်ရေးတပ်ဖွဲ့ (PDF) များရဲ့ ဂိတ်ကြေး၊ အခွန်ကြေး ကောက်ခံမှုများဟာ အဆင့်ဆင့် မြင့်တက်နေပါတယ်။

AAMIJ အနေနဲ့ ကုန်ကားများ လမ်းခရီးရှိ ဂိတ်အသီးသီးမှာ ငွေကြေးပေးဆောင်နေရတဲ့ ဗီဒီယိုဖိုင်ကို တိကျခိုင်လုံစွာ ရရှိထားပြီး၊ ၎င်းမှာ လုံးဝ ငြင်းဆန်လို့မရနိုင်တဲ့ သက်သေအထောက်အထား ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုပြီး ရုပ်သံကြည့်ရှုရန် - https://www.facebook.com/share/v/1CTnLcsKkk/?mibextid=wwXIfr
👍44🔥71
အကြမ်းဖက် မင်းအောင်လှိုင် ရဲ့ အိန္ဒိယခရီးစဉ် ကန့်ကွက်ဆန္ဒပြပွဲပြုလုပ်မယ့်သူတွေကို ဒေလီရဲတွေ က တားဆီး

မေလ ၂၉ ရက်

အကြမ်းဖက် မင်းအောင်လှိုင် ရဲ့ အိန္ဒိယခရီးစဉ် ကန့်ကွက်ဆန္ဒပြပွဲပြုလုပ်မယ့် ဒေလီရောက်မြန်မာတွေကို ဒေလီရဲတွေက ဒီနေ့မှာ တားဆီးမှုပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ တစ်ဦးက PVTV ကို ပြောပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင် ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒေလီမြို့မှာရှိတဲ့ ဂျနာမနာ ဟစ်တိုင်နေရာ မှာ ပြုလုပ်ဖို့ရည်ရွယ်ထားတာဖြစ်ပြီးတော့ ဆန္ဒပြဟစ်တိုင်နေရာ မရောက်ခင် လူစုတဲ့နေရာမှာပဲ တားဆီးမှုဖြစ်ပွားခဲ့တာပါ။

“ဆန္ဒပြမယ့်နေရာက ဂျနာမနာလို့ခေါ်တဲ့ ဟစ်တိုင်နေရာ။ ဒေလီမြို့ရဲ့ ဟစ်တိုင်ပေါ့။ ဆန္ဒပြပွဲလုပ်မယ့် နေရာနဲ့ မြန်မာတွေနေတဲ့ နေရာနဲ့က ၄၅ မိနစ်လောက်ကားမောင်းရတယ်။ ဆန္ဒပြပွဲလာမယ့်သူတွေ က လူစုပြီး ကားနဲ့လာဖို့ နှစ်နေရာ သုံးနေရာ ခွဲထားတာ။ အဲဒီလူစုတဲ့နေရာဆီကို ရဲတွေက လာတားတာ။ ကျနော်တို့ဆီရော။ ကျန်တဲ့နေရာတွေရော။ တခြားလူစုတဲ့နေရာက မြန်မာ နှစ်ဦးတော့ ဖမ်းဆီးခံရ တယ်။ ဒီနေ့ပြန်လွှတ်ပေးမယ်လို့လည်း သိရတယ်။” လို့ ဆန္ဒပြပွဲ တားဆီးခံရမှုနဲ့ ကြုံတွေ့ခဲ့ရသူက ပြောပါတယ်။

ဆန္ဒပြပွဲအတွက် ဒေလီတာဝန်ရှိသူတွေထံ တရားဝင်ခွင့်ပြုစာ တင်ထားပြီးဖြစ်ပေမယ့်လည်း လူစုရာ နေရာကို လာရောက်တားဆီးတဲ့ ဒေလီရဲတပ်ဖွဲ့ကတော့ ဆန္ဒပြပွဲကို ခွင့်မပြုထားဘူးလို့ ပြောဆိုခဲ့တာပါ။

“ခွင့်ပြုမိန့်တင်ထားပြီးလို့ ကျနော်တို့က ဆန္ဒပြဖို့သွားကြတာ။ ခွင့်ပြုမိန့် ကျ ၊ မကျ မသိဘူး။ တာဝန်ရှိသူတွေ လာတားတဲ့အချိန်မှာ ကျနော်တို့က ဆန္ဒပြပွဲအတွက် ခွင့်ပြုမိန့် မချပေးတာ မသိဘူး ပြောတော့ သူတို့က စာရွက်တွေနဲ့ ချပြပါတယ်” လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို ပယ်ဖျက်ပေးဖို့အတွက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီထံ အရပ်ဘက်အဖွဲ့အစည်း နဲ့ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်း စုစုပေါင်း ၁၂၂ ဖွဲ့ က အိတ်ဖွင့်စာ ကို မေ ၂၈ ရက်စွဲနဲ့ ပေးပို့ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး များစွားစိုရိမ်မိတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ထံ ကန့်ကွက်သဝဏ်လွှာ ပေးပို့ထားပါတယ်။

#PVTV
#HlaingInfo
🤬745👎2🔥1👏1😢1
လိင်မှုကိစ္စ ကျူးလွန်တဲ့ ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူး ၂ ဦးကို တိုင်တဲ့ စစ်သည် ၃ ဦး ရှေ့တန်းပို့ခံရ

မေလ ၂၉ ရက်

ရဲမေတွေကို လိင်မှုကိစ္စ ကျူးလွန်တဲ့ အမှတ် (၄) ဝန်တင်တပ်ရင်းက ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူး ၂ ဦးကို တိုင်ကြားခဲ့တဲ့ စစ်သည် ၃ ဦးကို ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ဗန်းမော်မြို့ကို ပို့လိုက်တယ်လို့ ကျိုင်းတုံမြို့ခံတွေဆီက သိရပါတယ်။

နေပြည်တော်မှာရှိတဲ့ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ် တင်စိုးဆီကို စစ်သည် ၃ ဦးရဲ့ တိုင်ကြားစာရောက်ပြီး ၉ ရက်မြောက်နေ့ မေလ ၂၇ ရက်မှာ ရှေ့တန်းပို့ခံရတာလို့ ဒေသခံ ၁ ဦးက CJ Platform ကို ပြောပါတယ်။

"အတော်လေး မိုက်ရိုင်းတာ။ ကိုယ့်မိန်းမ လိင်မှုကိစ္စ ကျူးလွန်ခံရလို့ အားကိုးတကြီးနဲ့ ထောက်ပို့က ညွှန်မှူးကို တိုင်တယ်။ စာရောက်ပြီး မကြာဘူး၊ တိုင်တဲ့ ရဲဘော် ၃ ယောက်ကို ဗန်းမော်ကို ပို့လိုက်တယ်။ အခြားသူ မပါဘူး၊ တိုင်တဲ့ ရဲဘော် ၃ ယောက်ပဲ" လို့ ပြောပါတယ်။

တိုင်ကြားတဲ့ ရဲဘော် ၃ ယောက် ရှေ့တန်းပို့ခံရပြီးနောက် ဇနီးတွေဟာ တပ်တွင်းမှာ မနေရဲတော့ဘဲ ကလေးတွေကိုခေါ်ကာ မိဘတွေဆီ မေလ ၂၈ ရက်က ပြန်သွားတယ်လို့ သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။

ရှေ့တန်းထွက်နေတဲ့ စစ်သည်တွေရဲ့ ဇနီးတွေကို လိင်မှုကိစ္စ ကျူးလွန်တဲ့ အမှတ် (၄) ဝန်တင်တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်လင်းအောင်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး မြတ်သူအောင်နဲ့ ဌာနခွဲမှူး ဗိုလ်မှူး ပြည့်ဖြိုးကျော်တို့ဟာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် တင်စိုးကို သိန်းရာချီနဲ့ ကန်တော့ခဲ့တာကြောင့် အမှုဖြစ်စဉ်ဟာ ပြောင်းလဲသွားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

"တိုင်စာပို့တုန်းက ထောက်ပို့ညွှန်မှူးက ဗိုလ်ချုပ် ဝင်းမြတ်ထင်လို့ ကျနော်တို့က အားပေးတာ။ ဗိုလ်ချုပ် တင်စိုး အသံကြားတော့ အကုန်လုံး မကူညီရဲဘူး၊ နောက်ဆုတ်သွားတယ်။ ဗိုလ်ချုပ် တင်စိုးဆိုတာ ငွေရရင် ဘာမဆိုလုပ်တာ။ ၂၀၂၁ ခုနှစ် ရပခတိုင်းမှူးဖြစ်တုန်းက ဖရူးဆိုးမှာ လူအစုလိုက်အပြုံလိုက် သတ်လို့ နာမည်ကြီးတဲ့သူ။ သူ့သတင်းတွေ အရမ်းထွက်လာလို့ လက်ရုံးတပ်ကို ပြောင်းလိုက်တာ" လို့ ပြောပါတယ်။

လက်ရှိ အမှတ် (၄) ဝန်တင်တပ်ရင်းမှာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်လင်းအောင်က တပ်အတွင်းမှာရှိတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ ဖုန်းအားလုံးနဲ့ လူမှုကွန်ရက် အသုံးပြုတဲ့ အကောင့်အားလုံးကို စောင့်ကြည့်ဖို့ ဗိုလ်ကြီး ၂ ယောက် ဦးဆောင်တဲ့ ၆ ဦးကော်မတီကို ဖွဲ့စည်းပြီး စောင့်ကြည့်နေတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

လိင်မှုကိစ္စ ကျူးလွန်တဲ့ အမှတ် (၄) ဝန်တင်တပ်ရင်းက ဒုဗိုလ်မှူးကြီး ဇော်လင်းအောင်နဲ့ ဗိုလ်မှူး ၂ ဦးကို အမျိုးသမီးအရာရှိတွေက ဧပြီလ ၂၉ ရက်မှာ တိုင်ကြားပြီး ဇနီးဖြစ်သူ လိင်မှုကိစ္စ ကျူးလွန်ခံရတဲ့ ရဲဘော် ၃ ဦးက မေလ ၁၂ ရက်မှာ တိုင်းစစ်ဌာနချုပ်နဲ့ မေလ ၁၉ ရက်မှာ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးကို တိုင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Pro-SAC
#CJP
#HlaingInfo
😁51🤬137🔥2👍1
အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၃ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲနေပြီး လက်နက်ကြီးများဖြင့်လည်း နေ့စဉ် ပစ်ခတ် တိုက်ခိုက်မှု စာသင်ကျောင်းနှင့် နေအိမ် အများအပြားပျက်စီး၊ သောင်းနှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

မေလ ၂၉ ရက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲနေပြီး လက်နက်ကြီးများဖြင့်လည်း နေ့စဉ် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ် အများအပြားပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အုတ်ဖိုမြို့နယ်၊ ဝင်းသရက်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း၊ သို့သော် ကျေးရွာအတွင်းရှိ နေအိမ်များ ပျက်စီးမှုရှိကြောင်း သိရသည်။

မေလ ၂၇ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ချောင်းဂွရွာသို့ လေယာဉ်ဖြင့် ဗုံး ၄ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် သရက်နှစ်ဖျားလိန်ရွာမှ ချောင်းဂွကြီးရွာသို့ မြင်း ၃ ကောင် သွားရောက်ပို့ဆောင်သည့် အသက် ၅၀ ကျော်အရွယ် ဦးဘိုလေး (ခေါ်) ဦးပေါ်လုသည် ဗုံးစထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူ ပါလာသည့် မြင်း ၃ ကောင်လည်း သေဆုံးသွားခဲ့သည်။ ထို့ပြင် ကျေးရွာအတွင်းရှိ စာသင်ကျောင်းနှင့် လူနေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင်လည်း စစ်ကောင်စီတပ်က အုတ်ဖိုမြို့နယ်၊ ထန်း ပင်ကုန်းရွာကို လေယာဉ်ဖြင့် ဗုံး ၂ လုံး ထပ်မံကျဲ တိုက်ခိုက်ခဲ့၍ လူနေအိမ် ၁ လုံး ပျက်စီးခဲ့ပြီး ပြည်သူ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၂၃ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ် သရက်နှစ်ဖျားလိန်ရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ၆ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြင်းအထန် ပျက်စီးဆုံးရှုံးခဲ့ဖူးကြောင်း သိရသည်။

"စစ်ခွေးတွေကလည်း အုတ်ဖိုမြို့နယ်ထဲကို လေယာဉ်၊ လက်နက်ကြီးတွေနဲ့ နံနက်ပိုင်းတည်းကစပြီး ပစ်ခတ် တိုက်ခိုက်နေတာ မွန်းလွဲပိုင်းကလည်း ဝင်းသရက်ရွာကို ဗုံးကျဲ သွားတယ်။ ရွာလုံးကျွတ် တိမ်းရှောင်နေရကြတော့ ထိခိုက်တဲ့သူမရှိဘူး။ နေအိမ်တွေ ပျက်စီးတာပဲရှိတယ်" ဟု  ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က မြေပြင်ကလည်း စစ်ကြောင်းထိုးနေ၍ ဒေါင်းကြီးရွာ၊ ဒေါင်းလေးရွာ၊ ကျေးပင်ဆိတ်ရွာ၊ မအူတန်းရွာ၊ ဝင်းသရက်ရွာ၊ သရက်နှစ်ပင်လိမ်ရွာ၊ ကိုင်းရှိုကြီးရွာ၊ သာလိကာရွာ၊ ချောင်းခွကြီးရွာ၊ ကျွဲတဲကုန်းရွာ၊ ကြိုးကြာကွင်းရွာ၊ စမ်းကြီးကုန်းရွာ၊ စံပြရွာ၊ ထွက်တိုးရွာ၊ ရေငံရွာ၊ စမ်းသုခရွာ၊ ကိုင်းတောစုရွာ၊ ကြို့ကိုးပင်ရွာ၊ ချင်းစုရွာ၊ ကျွဲဖြူမရွာ၊ ရွာရှောင်ရွာ၊ ကိုင်းကြီးရွာ၊ ကိုင်းလေးရွာ၊ တင်းကုတ်ရွာ၊ ဥတိုရွာ၊ ရေဒါရွာနှင့် ကျေးပြတ်ရွာတို့အပါအဝင် ရွာပေါင်း ၃၀ နီးပါးမှ သောင်းနှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရန်ကုန်-ပြည် လမ်း အနောက်ခြမ်းရှိ ရေခင်း ၊ မိုးညို နှင့် ထိန်သေး မှ ပျူစောထီးများဖြင့် ထပ်မံ အင်အားစုဖွဲ့ပြီး ထန်းပင်ကုန်းရွာအထိ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

#KTM
#HlaingInfo
🤬445🔥2👏2👍1🥰1😢1
မြန်မာနိုင်ငံ ငလျင်သတင်းကို လျှို့ဝှက်သတင်းယူခဲ့တဲ့ BBC သတင်းဌာန Emmy Awardsဆု ရရှိ

မေလ ၂၉ ရက်

နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ "News and Documentary Emmy Awards" ဆုပေးပွဲ၌ BBC News က မြန်မာနိုင်ငံ ငလျင်သတင်းဖော်ပြချက်အတွက် ဂုဏ်ပြုဆုတစ်ခုကို ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရှိ ငလျင်ဘေးအန္တရာယ်နဲ့ပတ်သက်ပြီး သတင်းဖော်ပြချက်များအတွက် "Outstanding Continuing Coverage (Short Form)" ကဏ္ဍမှာ BBC News က ဆုရရှိခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါငလျင်ကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများလည်း အမြောက်အမြားရှိခဲ့ပါတယ်။

BBC သတင်းထောက် Yogita Limayeနဲ့ အဖွဲ့သားများက ငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံအတွင်းသို့ လျှို့ဝှက်စွာဝင်ရောက်၍ သတင်းရယူခဲ့တဲ့ ပထမဆုံးသော နိုင်ငံခြားသတင်းထောက်များဖြစ်ပါတယ်။ ၎င်းတို့က ငလျင်ဒဏ်ကို ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံများအထိ ရိုက်ခတ်ခဲ့တဲ့ မန္တလေးမြို့အထိ သွားရောက်ပြီး သတင်းရယူခဲ့ခြင်းဖြစ်ပါတယ်။

ဆုကို လက်ခံရယူစဉ် BBC ၏ အကြီးတန်းအမှုဆောင်ထုတ်လုပ်သူ Paul Danahar က "ငလျင်လှုပ်ပြီးချိန်မှာ အစိုးရက နိုင်ငံကို ကမ္ဘာနဲ့အဆက်အသွယ်ဖြတ်တောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့က အန္တရာယ်ကြားကနေ မန္တလေးမြို့ထဲကို ဝင်ရောက်ခဲ့တာပါ။ သူတို့ဟာ ဖမ်းဆီးခံရနိုင်ခြေ၊ ရိုက်နှက်ခံရနိုင်ခြေနဲ့ ထောင်ကျနိုင်ခြေတွေကို ရင်ဆိုင်ရင်း ကမ္ဘာကို ဒီသတင်းစကား ပါးနိုင်ခဲ့တာပါ။ ဒါဟာ စစ်မှန်တဲ့ ပြည်သူ့အကျိုးပြု သတင်းပညာရပ်ပါပဲ"လို့ ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

ဒီ Emmy Awards ဆုပေးပွဲ ကဏ္ဍမှာ CNN ရဲ့ အီရန်နဲ့ ဂါဇာကမ်းမြောင်ဒေသအတွင်း သတင်းဖော်ပြချက်များ၊ Scripps News ရဲ့ ဟေတီနိုင်ငံ ပဋိပက္ခသတင်းများလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဆုပေးပွဲကို တင်ဆက်သူ NBC သတင်းထောက် Hallie Jackson ကလည်း "ဒီလိုသတင်းမျိုးတွေကို ကမ္ဘာကို သိအောင် အချိန်ပေး၊ ကြိုးစားဖော်ပြပေးနေတဲ့ သတင်းသမားတွေရဲ့ ကြိုးပမ်းအားထုတ်မှုက အနုပညာမြောက်ပါတယ်"လို့ မှတ်ချက်ပြုခဲ့ပါတယ်။

National Academy of Television Arts and Sciences မှ ချီးမြှင့်တဲ့ အဆိုပါ Emmy Awards ဆုဟာည် အမေရိကန်သတင်းနဲ့ မှတ်တမ်းရုပ်ရှင်လောကတွင် အမြင့်ဆုံး ဂုဏ်ပြုဆုတစ်ခုဖြစ်ပြီး၊ ယခုဆုပေးပွဲမှာ ABC News နဲ့ National Geographic တို့လည်း ဆုများ ရရှိခဲ့ကြပါတယ်။

Ref - BBC
#aamij
#HlaingInfo
68👍21🔥4👎1😁1🤔1
မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကင်းပုန်းဝပ်ရန် ပြင်ဆင်နေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

မေလ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကင်းပုန်းဝပ်ရန် ပြင်ဆင်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်း၌ ကင်းပုန်းဝပ်ရန် ပြင်ဆင်နေသော တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းမှ စစ်သားများနှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၂၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

"စစ်ခွေးသေစာရင်းက ထပ်တိုးသေဆုံးတာမျိုး မရှိပါဘူး။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးလည်း မရှိပါဘူး။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်" ဟု ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ မဟာမိတ်တပ်များဖြစ်သည့် မုံရွာခရိုင်ပကဖ (ရေနဂါးစစ်ကြောင်း)နှင့် Black Eagle အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
👏4616👍7😁2🔥1
တီးတိန်မြို့အနီး ရစ်ခ်တာစကေး ၄.၁ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်

မေလ ၂၉ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့အနီး၊ မြေအောက်အနက် ၈၄ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၁ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့မြေငလျင်တစ်ခု မေ ၂၉ရက်၊မြန်မာစံတော်ချိန် ညနေ ၆နာရီ ၅၃မီနစ်မှာ လှုပ်ခတ်ခဲ့တယ်လို့ လူမှုရေးရာ ၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

စစ်ကိုင်းဒေသ၊ မော်လိုက်မြို့နဲ့ ကလေးဝမြို့တွေအနီးမှာလည်း ရစ်ခ်တာစကေး ၄အဆင့်ကျော်တဲ့ငလျင်တွေ မေ ၂၆ရက်ညက ဆက်တိုက်လှုပ်ခတ်ခဲ့ပါတယ်။

ကလေးဝမြို့အနီး၊ မြေအောက်အနက် ၈၅ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၅ အဆင့်အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု မေလ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၁နာရီ ၁မီနစ်အချိန်ခန့်မှာ လှုပ်ခတ်ခဲ့ပါတယ်။

မော်လိုက်မြို့အရှေ့မြောက်ဘက် ၃၄ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၉၀ ကီလိုမီတာခန့်ကိုဗဟိုပြု ရစ်ခ်တာစကေး ၄.၃ အဆင့် အင်အားအနည်းငယ်ရှိတဲ့ ငလျင်တစ်ခု မေလ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၈နာရီ ၃၈မီနစ်အချိန်ခန့်မှာလှုပ်ခတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံတောင်ဘက်ကမ်းရိုးတန်းအနီး၊ မြေအောက်အနက် ၁၀ကီလိုမီတာခန့်ကိုဗဟိုပြုရစ်ခ်တာစကေး ၃.၆ အဆင့်အင်အားအနည်းငယ်ရှိတဲ့ ငလျင်တစ်ခု မေ ၂၆ရက်၊မြန်မာစံတော်ချိန် ည၇နာရီ ၄၈မီနစ်မှာ လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနဲ့အညီ နေထိုင်ကြအတွက်လည်း ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

#PVTV
#HlaingInfo
👍31🔥6😱3😢32
CDF-Siyin ရဲဘော်တစ်ဦး မိုင်းနင်းမိရာကနေ စစ်ကောင်စီတပ်က ထပ်မံ ပစ်ခတ်လို့ ကျဆုံး

မေလ ၂၉ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ မေလ ၂၈ ရက်နေ့က CDF CDM Siyin ရဲဘော်တစ်ဦး မိုင်းနင်းမိပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးသွားသူဟာ အသက် ၁၈ နှစ်အရွယ် မောင်ပေါင်ဒါးလ်ခိုင် (Tg. Pau Dal Khai) ဖြစ်ပါတယ်။

မနေ့က နေ့လယ် ၁ နာရီခွဲခန့်မှာ တီးတိန်မြို့နယ်၊ ထေးဇန်ကျေးရွာနဲ့ ကော်ဖီခြံအနီးမှာ CDF-Siyin မှ ရဲဘော် မောင်ပေါင်ဒါးလ်ခိုင် မိုင်းနင်းမိခဲ့တာပါ။

မိုင်းနင်းမိပြီးနောက် အနီးအနားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထပ်မံဝိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့် နေရာမှာပင် ကျဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
" ထေးဇန် နဲ့ သိုင်းငင်းမှာ စကစတွေက နေရာယူထားတာ။ တောက်လျှောက်မှာလည်း မိုင်းတွေရှိတယ်။ ကျသွားတဲ့ ရဲဘော်ရဲ့ အလောင်းကိုတော့ ပြန်သယ်လာနိုင်ခဲ့တယ်။" လို့ မိသားစု၀င်တွေနဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးက သိရပါတယ်။

တီးတိန်မြို့နယ်နဲ့ Siyin ဒေသတစ်ဝိုက်မှာတော့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒေသခံချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြားမှာ ပြီးခဲ့တဲ့လပိုင်းတွေကတည်းက တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် စစ်ကောင်စီတပ်က ကလေး-တီးတိန် လမ်းပိုင်းအတိုင်း စစ်ကြောင်းထိုးလှုပ်ရှားလာတာ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့စခန်းတွေကို စီးနင်းဖို့ ကြိုးပမ်းတာတွေကြောင့် ကော်ဖီခြံအနီးနဲ့ ထေးဇန်ကျေးရွာ ပတ်ဝန်းကျင်တွေမှာ ချင်းပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလို တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်ဘက် ဒေသခံတွေ သွားလာလှုပ်ရှားရာ လမ်းကြောင်းတွေနဲ့ ကျေးရွာအနီးအနား ပတ်ဝန်းကျင်တွေမှာ မြေမြှုပ်မိုင်းတွေကို အများအပြား ထောင်ထားခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာသတိထားဖို့ လိုအပ်နေပါတယ်။

#ZL
#HlaingInfo
😢708🤬5🔥1👏1
ကွတ်ခိုင်တွင် ကျောင်းဆရာ၊ ဆရာမ မလုံလောက်သဖြင့် ကျောင်းသားမိဘများကိုယ်တိုင် ဆရာရှာနေရ

မေလ ၂၉ ရက်

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် ကျောင်းဆရာ၊ ဆရာမ လုံလောက်မှု မရှိခြင်းကြောင့် ဒေသခံများကိုယ်တိုင် ဆရာ၊ ဆရာမ ရှာဖွေပေးနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ထိုကဲ့သို့ ကိုးကန့်တပ်၏ အထူးဒေသ (၁) တွင် ဆရာ၊ ဆရာမပေါင်း ၈၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ထားသော်လည်း၊ ကွတ်ခိုင်မြို့နယ်တစ်ခုလုံးအတွက် ဆရာ၊ ဆရာမ စုစုပေါင်း ၄၀၀ နီးပါးသာ ချထားပေးနေကြောင်း ဆိုသည်။

“ဒီနေ့ ကျောင်းအုပ်တို့ကို အစည်းအဝေးခေါ်တယ်။ ကျောင်းတိုင်းကို ဖွင့်ပေးမယ်။ သို့သော်လည်း ရွာဘက်က ဆရာ၊ ဆရာမ မရှာပေးနိုင်ဘူးဆိုရင် သူတို့ဘက်က ဆရာ၊ ဆရာမ ချမပေးဘူး။ ဆရာ၊ ဆရာမ လုံလောက်မှုမရှိဘူး။ ကျောင်းသားဦးရေများတဲ့ ကျောင်းဆိုရင် နှစ်ယောက်ပဲ ချပေးမယ်။ ကျန်တာ ရွာသားတွေအနေနဲ့ ဆရာတွေ ရှာပေးရမယ်။ ကျမတို့ရွာမှာတော့ မူလွန်ကနေ မူလတန်းပဲ ပြန်ဖွင့်နိုင်တာ။ ဆရာ၊ ဆရာမ ငါးယောက်တော့ ချပေးထားတယ်” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောင်းသားဦးရေ ၅၀ အောက်ရှိသော ကျေးရွာအချို့တွင် ရွာခံများအနေဖြင့် ဆရာ၊ ဆရာမ ရှာဖွေပေးရမည်ဖြစ်ပြီး၊ ဆရာ၊ ဆရာမများ၏ လစာကို ကိုးကန့်အထူးဒေသ (၁) မြန်မာပညာရေးဌာနက ပေးချေသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ရပ်ရွာများမှ ခန့်ထားသော ဆရာ၊ ဆရာမများသည် ပညာအရည်အချင်း အနည်းဆုံး ဆယ်တန်း (Grade-11 သို့မဟုတ် Grade-12) အောင်မြင်သူ ဖြစ်ရမည့်အပြင်၊ စာသင်ကြားဖူးသည့် အတွေ့အကြုံရှိသူ ဖြစ်ရမည်ဟု သိရသည်။

“ဆရာ၊ ဆရာမတွေတော့ ရှာနေကြတယ်။ ဒါပေမဲ့ ရှာမတွေ့ဘူး။ တချို့ရွာတွေမှာတော့ ကိုယ့်ရွာက ကလေးတွေရဲ့ ပညာရေးကို ငဲ့ညှာပြီး အရင်နှစ်က ဆရာမတွေကပဲ ပြန်သင်ပေးမယ်လို့ ပြောတယ်။ ကျောင်းတွေတောင် အပ်နေပြီ၊ အခုအချိန်ထိ ဆရာမက လုံလောက်မှုမရှိသေးဘူး။ ဘယ်လိုဖြစ်လာမလဲတော့ မသိဘူး” ဟု ကျောင်းဆရာမတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့ရှိ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများအနေဖြင့် ကိုးကန့်တပ်၏ အထူးဒေသ (၁) မြန်မာပညာရေးဌာနထံတွင် ကျောင်းသားဦးရေနှင့် ကျောင်းဆရာ၊ ဆရာမဦးရေ အပြည့်အစုံကို လျှောက်ထားတင်ပြရမည်ဖြစ်ပြီး၊ အထူးဒေသ (၁) ၏ သင်ရိုးညွှန်ကြားချက်အတိုင်းသာ သင်ကြားပေးရမည်ဖြစ်ကြောင်း သိရသည်။

“အခုလောလောဆယ်က ကျောင်းသားစာရင်းကောက်တုန်းပဲ ရှိသေးတယ်။ ကျောင်းအပ်တဲ့သူတွေလည်း နည်းနေသေးတယ်။ တချို့ ကိုးကန့်တပ်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို သဘောမကျလို့ တာဝန်မထမ်းဆောင်တော့တဲ့ ဆရာမတွေလည်း ရှိတယ်။ ထွက်သွားကြတာပေါ့။ အဲဒီအထဲမှာ CDM ဆရာမ တချို့လည်း ပါတယ်” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြော သည်။

ကုန်တင်ကားကြီး ဝင်တိုက်မိ၍ ပျက်စီးသွားသည့် ကွတ်ခိုင်မြို့ရှိ အလက (၂) နှင့် အထက (၂) တို့၏ မုခ်ဦးတံခါးမကြီးမှာ ယနေ့ထက်ထိ ပြန်လည်ပြုပြင်ခြင်း မရှိသေးသည့်အပြင်၊ ကျောင်းအပ်နှံသည့် ကလေးငယ်များလည်း မရှိသေးကြောင်း ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင် ကိုးကန့်တပ်၏ အထူးဒေသ (၁) မြန်မာပညာရေးကျောင်းက ကျောင်းသားများကို စတင်လက်ခံခဲ့ခြင်း ဖြစ်သည်။

ကွတ်ခိုင်မြို့တွင် တအာင်းတပ်မတော် (TNLA) ထိန်းချုပ်စဉ်ကာလက တအာင်းပြည်ပညာရေးကောင်စီ (TLEC) အောက်တွင် ကျောင်းသားပေါင်း ၁၂,၀၀၀ ကျော် သင်ကြားနိုင်ခဲ့သလို၊ ကျောင်းပေါင်း ၁၃၀ ကျော်ကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ဓာတ်ပုံ-လူမှုကွန်ရက်
#MPA
#HlaingInfo
19😁17👍4🔥4
1 JUNE 2026 ထွက်မည့် ထိုင်းထီ ရပါပြီရှင့်



422043



🍀 ဘတ် 12 သန်း ထီလက်မှတ်များ 🍀

969800 တစောင်ကျန်
490002 တစောင်ကျန်

260225 တစောင်ကျန်
370226 တစောင်ကျန်
271872 တစောင်ကျန်
875973 တစောင်ကျန်
534877 တစောင်ကျန်
143581 တစောင်ကျန်

665695
504994
250090
650089
011288
894287
128885
008878
011176

054070
032569
520668
616966
209665
777158
961056 တစောင်ကျန်
173351
422448

344742
317738

920836
568535 တစောင်ကျန်
303032
432731
833330

849322
343421
888820
451618
138712
881406
193305 တစောင်ကျန်
438004
390004

270502
979501 တစောင်ကျန်
562800
131000
506100
695400

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                           
   
- https://t.me/infoAthlaing    
                                          
Viber   ☎️  +66991894319

#ThaiLottery                                               
#HlaingInfo
24👍7🔥1
ရဲဝင်းဦးနှင့် ကျော်စွာလင်းတို့၏ သားများ စစ်မှုထမ်းနေဟု စစ်လော်ဘီများ ဟာသရေးသားလာ

မေလ ၂၉ ရက်

တပ်ချုပ်သစ် ရဲဝင်းဦးနှင့် ဒုတပ်ချုပ် ကျော်စွာလင်းတို့၏ သားများ စစ်မှုထမ်းနေဟု စစ်တပ်လော်ဘီများက တယ်လီဂရမ်ချန်နယ်များ၌ ဝါဒဖြန့်ရေးသားမှုများပြုလုပ်နေသော်လည်း သက်သေအဖြစ် ဓာတ်ပုံမှတ်တမ်းများကိုမူ ဖော်ပြခဲ့မှုမရှိကြောင်း သိရသည်။

အဆိုပါ ရေးသားချက်များထဲတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူသည် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂၃ ကို တက်ရောက်ခဲ့ပြီး မေလ ၂၉ ရက်နေ့တွင် သင်တန်းဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ သားဖြစ်သူကလည်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၁၃ ကို တက်ရောက်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ကတည်းက သင်တန်းဆင်းကာ တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရေးသားထားသည်။

ဤကဲ့သို့ တပ်မတော်အကြီးအကဲများ၏ သားသမီးများသည် ပြည်သူများနှင့်အတူ နိုင်ငံတော်တာဝန်ကို ကျရာအခန်းကဏ္ဍမှ ထမ်းဆောင်နေပါသည်ဟုဆိုကာ အွန်လိုင်းစစ်လော်ဘီများက ပြည်သူများသိရှိစေရန်အတွက် အပြိုင်အဆိုင် မျှဝေနေကြခြင်း ဖြစ်သည်။

သို့သော်လည်း စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်မှာ ယခုကဲ့သို့ အရေးပါပြီး ဝါဒဖြန့်ရန် အကောင်းဆုံးဖြစ်မည့် သတင်းမျိုးကို စစ်လော်ဘီများအနေဖြင့် မည်သည့်ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအထောက်အထားမျှ မပါရှိဘဲ စာသားသက်သက်ဖြင့်သာ ဖော်ပြနေသည့်အတွက် ယုတ္တိမတန်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။

"တကယ်လို့သာ နိုင်ငံ့အာဏာကို ကိုင်စွဲထားတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သားသမီးတွေက သာမန်အရပ်သားတွေနဲ့တန်းတူ စစ်မှုထမ်းသင်တန်း တကယ်တက်ခဲ့တာဆိုရင် စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချိရေးယန္တရားဟာ နိုင်ငံပိုင်ရုပ်သံလိုင်းတွေကနေပါ အကြီးအကျယ် ထုတ်လွှင့်ပြသမှာ သေချာတယ်" ဟု ၎င်းက ပြောသည်။

အဘယ်ကြောင့်ဆိုသော် သင်တန်းတက်နေသည့် မှတ်တမ်းဓာတ်ပုံများ၊ သင်တန်းဆင်းပွဲအခမ်းအနား ဗီဒီယိုများကို အမိအရ ရိုက်ကူးပြီး ပြည်သူများ စစ်မှုထမ်းချင်စိတ် ပေါက်လာစေရန် စံပြအနေဖြင့် ရှေ့တန်းတင်ကာ ဝါဒဖြန့်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်နေသောကြောင့် ဖြစ်ဟု ၎င်းက ဆက်လက်ပြောသည်။

"အခုလို ဘာအထောက်အထား ဓာတ်ပုံမှ မပြနိုင်ဘဲ စာသားသက်သက်နဲ့သာ ကောလာဟလလိုမျိုး လှည့်ပတ်တင်နေတာဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူထုကြားထဲမှာ ဖြစ်ပေါ်နေတဲ့ မကျေနပ်မှုနဲ့ ဒေါသတွေကို လမ်းလွှဲဖို့ ကြိုးပမ်းချက် တစ်ခုပဲဖြစ်တယ်" ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။

၎င်းက ဆက်လက်၍ သာမန်ပြည်သူများ၏ သားသမီးများသည် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရခြင်း၊ စစ်မှုထမ်းရမည်ကို စိုးရိမ်သဖြင့် တိမ်းရှောင်နေရခြင်းများ ရှိနေချိန်တွင် "ငါတို့ ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေလည်း ခံနေရတာပဲ" ဟု ပုံဖော်ကာ ဥပဒေကို တရားဝင်သယောင် လုပ်ကြံနေခြင်း ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကမူ မြေပြင်စစ်မျက်နှာများတွင် သာမန်အရပ်သားများကိုသာ ရှေ့တန်းစစ်မြေပြင်ထဲ တွန်းပို့နေချိန် စစ်ခေါင်းဆောင်ပိုင်းများ၏ သားသမီးများသည် လုံခြုံသည့်နေရာများ၌ ကောင်းစားနေကြသည့် အဖြစ်မှန်ကို ဖုံးကွယ်ရန် အောက်ခြေလော်ဘီများက စာသားအမှားများဖြင့် ဝါဒဖြန့် စည်းရုံးနေခြင်းသာ ဖြစ်ကြောင်း သုံးသပ်သည်။

၎င်းက တကယ့်လက်တွေ့ မြေပြင်စစ်ပွဲများ၌ သေကြေဒဏ်ရာရနေသည်မှာ အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းခံရသည့် သာမန်ပြည်သူများ၏ သားသမီးများသာ ဖြစ်ပြီး၊ အကြီးအကဲများ၏ သားသမီးများ စစ်မှုထမ်းသည်ဆိုခြင်းမှာ စစ်ကော်မရှင်က လူထု၏ စစ်မုန်းတီးမှုကို လျှော့ချရန် သတင်းတု၊ သတင်းမှားများ ထုတ်ပြန်ကာ လုပ်ကြံဖန်တီးနေခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

လက်ရှိ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ သားသမီးများ စစ်မှုထမ်းသင်တန်း တက်ရောက်အောင်မြင်ခဲ့သည်ဆိုသည့် ကိစ္စသည် မည်သည့်ခိုင်လုံသည့် သက်သေအထောက်အထားမှ ပြသနိုင်ခြင်းမရှိဘဲ၊ လူထု၏ ဒေါသကို လမ်းလွှဲရန်နှင့် စစ်မှုထမ်းဥပဒေကို ပုံရိပ်ကောင်းအောင် လုပ်ကြံဖန်တီးထားသည့် ဝါဒဖြန့် သတင်းတုတစ်ခုသာ ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားကြသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
#MPA
#HlaingInfo
😁645👍4🔥1
မော်စကိုလုံခြုံရေးဖိုရမ် မှာ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် နဲ့ စစ်အုပ်စု အကြံပေး တင်အောင်စန်းတို့တွေ့ဆုံ

မေလ ၂၉  ရက်

ရုရှားမှာနိုင်ငံ၊ မော်စကိုလုံခြုံရေးဖိုရမ် မှာ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် နဲ့ စစ်အုပ်စု အမျိုးသားလုံခြုံရေးအကြံပေး တင်အောင်စန်းတို့တွေ့ဆုံ ခဲ့တယ်လို့ အိန္ဒိယ အခြေစိုက်သတင်းတွေ မှာဖော်ပြထားပါတယ်။

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ်ဟာ  မော်စကိုမြို့ မှာ ကျင်းပပြုနေတဲ့ ပထမအကြိမ် နိုင်ငံတကာလုံခြုံရေးဖိုရမ် နဲ့  (၁၄) ကြိမ်မြောက် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ အစည်းအဝေး မှာ စစ်အုပ်စု ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး တင်အောင်စန်း ကို သီးခြားတွေ့ဆုံခဲ့တာလို့ Hindustan Times သတင်းဌာန ကဖော်ပြထားပါတယ်။

အဆိုပါ တွေ့ဆုံမှု မှာ အဂျစ်ဒိုဗယ် နဲ့ စစ်အုပ်စု အမျိုးသားလုံခြုံရေးအကြံပေး တင်အောင်စန်းတို့ဟာ လုံခြုံရေး၊ ကာကွယ်ရေး နဲ့  ဒေသတွင်းချိတ်ဆက်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ 

စစ်အာဏာရှင် သမ္မတ ဗိုလ်ချုပ်မှူးကြီးဟောင်းမင်းအောင်လှိုင်ဟာလည်း လာမယ့် မေလ ၃၀ ရက်နေ့နေ ဇွန်လ ၃ ရက်နေ့ အထိ အိန္ဒိယနိုင်ငံကိုသွားရောက် ဝန်ကြီးချုပ် ရှရီ နာရင်ဒရာ မိုဒီ နဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

သမ္မတ ရာထူးရယူထားတဲ့ မြန်မာစစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင် ရဲ့ အိန္ဒိယ ခရီးစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း ဒေလီ အခြေစိုက် အိန္ဒိယ အစိုးရထံ စာပို့ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုခေါင်းဆောင်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွက် များစွားစိုရိမ်မိတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ထံ အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က မေ ၂၇ ရက်စွဲနဲ့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ခရီးစဉ်ဟာ  စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုပေးတယ်လို့ ရှုမြင်နိုင်တဲ့ ဘယ်လိုထိတွေ့ဆက်ဆံမှုမျိုးကိုမဆို မပြုလုပ်သင့်ဘူးလို့  NUG ရဲ့ စာထဲမှာရေးသားဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်းကစလို့  မြန်မာနိုင်ငံ ရှည်လျားတဲ့ ပဋိပက္ခ ၊ မတည်ငြိမ်မှုတွေ နဲ့ ကြီးမားလှတဲ့ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ ဒုက္ခဝေဒနာတွေကို ခံစားနေရပြီး အခုလို အခြေအနေမှာ စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုပေးအပ်တဲ့ ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို မပြုလုပ်သင့်ဘူးလို့ NUG ရဲ့ စာထဲမှာ   ဖော်ပြထားပါတယ်။

ပုံ စာ - ၂၀၂၃ ခုနှစ်က မော်စကိုလုံခြုံရေးဖိုရမ် ကို စစ်အုပ်စု ကာကွယ်ရေးဝန်ကြီးအဖြစ်တက်ရောက်ခဲ့ တဲ့ တင်အောင်စန်း
#CB
#HlaingInfo
🤬615👎2👏1😁1😢1
29 May 2026 Japan Tokyo
🇨🇳တရုတ်သံရုံးရှေ့
သို့
ရှီကျင့်ဖျင်
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
အကြောင်းအရာ။​မြန်မာနိုင်ငံ၏ ပြည်တွင်းကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်နှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လူမျိုးစုကိစ္စရပ်များကို လေးစားလိုက်နာ ရန် တောင်းဆိုခြင်း။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးခင်ဗျား၊

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရထံ လေးစားစွာ ဆက်သွယ် တင်ပြအပ်ပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၎င်း၏ ပြည်တွင်းကိစ္စရပ် များကို မိမိကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လူမျိုးစုများ၏ ရွေးချယ်မှုများနှင့် ပြည်တွင်း လုပ်ငန်းစဉ်များကို လေးစားသင့် ကြောင်း သိစေအပ်ပါသည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးတွင် အခြားနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို အခြေခံသည့် နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်သည်ဟု နားလည်ထားပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်းကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ပြည်သူများ၏ ရွေးချယ်မှုကို လေးစားလိုက်နာလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများသည် ပြည်တွင်းလုပ်ငန်းစဉ်များ၏ ရလဒ်များဖြစ်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်း ကိစ္စရပ်များကို လေးစား လိုက်နာရန် အထူးလိုအပ်ပါသည်။ ထို့ကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအား အောက်ပါအချက် များကို ထည့်သွင်းစဉ်းစားရန် လေးစားစွာ တိုက်တွန်းအပ်ပါသည် -

၁။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းကိစ္စရပ်များကို လေးစားလိုက်နာရန်
၂။ မြန်မာနိုင်ငံ၏ ပြည်တွင်း လုပ်ငန်းစဉ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်
၃။ နိုင်ငံတကာ ဆက်ဆံရေးတွင် ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို ဆက်လက်ကျင့်သုံးရန်
၄။ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန်
တရုတ်နိုင်ငံ၏ ဒေသတွင်း အခန်းကဏ္ဍနှင့် ဩဇာသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက် အရေးပါသော သက်ရောက်မှုရှိပါသည်။

အချုပ်အခြာအာဏာ လေးစားမှု၊ ဝင်ရောက်မစွက်ဖက် ရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတို့သည် တရုတ်နိုင်ငံ၏ ရေရှည် အကျိုးစီးပွားနှင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် အခြေခံဖြစ်ပါသည်။
ထို့ကြောင့် တရုတ်အစိုးသည် အချုပ်အခြာအာဏာ လေးစားမှုနှင့် နိုင်ငံတကာ ဥပဒေတို့ကို လိုက်နာကာ သမိုင်း၏ မှန်ကန်သော ဘက်တွင် ရပ်တည်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
လေးစားစွာဖြင့်

#HlaingInfo
👍4711😁3🔥1🥰1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံး

မေလ ၂၉ ရက်

မြန်မာနိုင်ငံတစ်ဝန်း မေလ ၂၉ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
34👍19👏7😁3🥰1
‼️ မေလ ၂၉ ရက်နေ့ ၊ နေ့စဉ် သတင်းအကျဉ်းချုပ်‼️

01-နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကို မေ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

02-အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်  မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။

03-နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သူမ သက်ရှိထင်ရှား ရှိ၊ မရှိ သက်သေပြရန် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်တောင်းဆိုမှုအဖြစ်  ၈၁ ကီလို မီတာ ပြေးခြင်း၊ ခြေလှမ်း ၈၁,၀၀၀ လျှောက်ခြင်းနှင့် ၈၁ မိုင် စက်ဘီးစီးခြင်း စသည့် လှုပ်ရှားမှုများတွင်  ပူးပေါင်းပါဝင်ပေးကြပါရန် သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ် (Kim Aris) က ယနေ့ တိုက်တွန်းပန်ကြားလိုက်သည်။

04-မြန်မာနိုင်ငံအတွင်းသို့ သွင်းကုန်တင်သွင်းမှုများပြား၍ ကုန်သွယ်ရေးလိုငွေပြသည်ဟုဆိုကာ မင်းအောင်လှိုင်က စက်သုံးဆီတင်သွင်းမှုများကို အကြီးအကျယ်လျှော့ချလိုက်ပြီး စက်သုံးဆီ အရောင်းဆိုင်များသို့လည်း ဆီခွဲတမ်းများကို ၅၀ ရာခိုင်နှုန်းကျော်စတင်လျှော့ချနေကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူရေးအသင်းထံမှ သိရှိရသည်။

05-မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်

06-နတ်ရေကန်သို့ စစ်ကူလိုက်လာတဲ့ စစ်ကားတစ်စီးကို မင်းဘူးနဲ့ ပဒါန်းအကြားမှာ တော်လှန်ရေး တပ်ဖွဲ့တွေက ဖြတ်တောက်တိုက်ခိုက်ရာမှာ အာဏာသိမ်းစစ်တပ်က စစ်သား ၇ ယောက်သေပြီး လက်နက်ခဲယမ်းအချို့ကိုလည်း တော်လှန်ရေးတပ်ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

07-
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက် မဘိမ်းမြို့နယ်အကြား ရွှေကူ - ငါးအိုး-မဘိမ်းမြို့နယ်တကြောမှာ လတ်တလော နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ မေလ ၂၉ရက်မနက်မှာ ပြောကြားခဲ့ပြီး ကချင်နဲ့ စစ်ကိုင်း နေရာဒေသ အချို့မှာ စစ်ရေးတင်းမာနေတယ်လို့ အသိပေးပါတယ်။

08-လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသော CDF ဟားခါးတပ်ဗဟိုကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်အား တရားစွဲဆို အရေးယူမည့် လုပ်ငန်းစဉ်များကို CDF ခါးဟားတပ်က ယမန်နေ့ မေလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

09-အကြမ်းဖက် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်တွင် မိသားစုနှင့်အတူ ဗုဒ္ဓဂါယာ ဘုရားဖူးထွက်ကြဦးမည်ဖြစ်ကြောင်း ခရီးစဉ်နှင့်ပတ်သက်၍ သိရှိထားသော သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

10-စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တော်လှန်ရေးအဖွဲ့အစည်းများအကြား ပဋိပက္ခ များနှင့် ပတ်သက်၍ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ)၊ ကလေးခရိုင်တပ်ရင်းများမှ တာဝန်ရှိသူများနှင့် ကျောင်းသားတော် လှန်ရေးတပ်တော် (SRF) တို့အကြား မြေပြင်တွင် အောင်မြင်စွာ တွေ့ဆုံညှိနှိုင်းနိုင်ခဲ့ပြီး ပူးတွဲသဘောတူညီချက်တစ်ရပ် ယနေ့ ထုတ်ပြန်သည်။

11-“ဝ”တပ်မတော် - UWSA ရဲ့ မြို့တော်ဖြစ်တဲ့ ပန်ဆန်း (ပန်ခမ်း) မြို့မှာ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးချုပ်နှောင်ပြီး ပြန်ပေးဆွဲတဲ့ တရားခံယန်ရှင်း (Yan Xin)ဆိုသူကို ထောင်ဒဏ် ၄ နှစ်ချမှတ်ကြောင်း “ဝ” ပြည်တရားစီရင်ရေးကော်မတီ - WSP က သတင်းထုတ်ပြန်ပါတယ်။

12-မွန်ပြည်နယ် ပေါင်မြို့နယ် သဗြုချောင်ကျေးရွာနေ စစ်တပ် သြဇာခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

13-ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နှင့်မြန်မာနိုင်ငံသား ၂၈ ဦးကို ဖမ်းဆီးမိခဲ့သည်ဟု စစ်ကောင်စီက ယနေ့တွင် သတင်းထုတ်ပြန်သည်။

14-မကွေးဖက်ရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဦးဆောင် ကွပ်ကဲမှုအောက် “မကွေးယူနစ် ကာကွယ်ရေးစစ်ကြောင်းအဖြစ် စတင် တာဝန်ထမ်းဆောင်သွားမယ်လို့ ဒေါင်းစစ်အောင် LPDF က ဒီနေ့မှာ အသိပေးလိုက်ပါတယ်။

15-မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အဝင်လမ်းတွင် အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ထားသော ရုပ်အလောင်းများကို စွန့်ပစ်ထားပြီး မြို့ပေါ် နေအိမ်များကိုလည်း ၂ ရက်ဆက် မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍386🔥2😁1