Hlaing Info
53.8K subscribers
142K photos
5.9K videos
5 files
14.1K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
ဆောမြို့နယ်အတွင်း စစ်တပ်က အင်အားသုံး စစ်ကြောင်းထိုးနေ၍ စစ်ရေးတင်းမာနေ၊

▪️ပေါက်၊ ထီးလင်းနှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

မေလ ၁၃ ရက်

မကွေးတိုင်း၊ ဆောမြို့နယ် အတွင်း စစ်တပ်က အင်အားသုံး စစ်ကြောင်းထိုးနေ၍ စစ်ရေးတင်းမာနေကြောင်း ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

မေလ ၁၃ ရက်နေ့မှစတင်၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် ကုန်းကြောင်း၊ လေကြောင်း ပစ်ကူများဖြင့် သာလွန်သောအင်အားအသုံးပြုကာ ဆောမြို့နယ်အတွင်းရှိ ကျောက်ထုမြို့ နှင့် ဆောမြို့ တို့ကို ရက် ၁၀၀ စီမံချက်ဖြင့် အင်အား ၁၀၀၀ ခန့် အသုံးပြု၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ လောင်းရှည်-ဆော လမ်းပိုင်းနှင့် တပြင်း-ကျောက်ထု လမ်းပိုင်းတွင် နေထိုင်သော ပြည်သူများအားလုံး ဘေးလွတ်ရာ လုံခြုံရာ နေရာများတွင် သတိရှိရှိ နေထိုင်ကြပါရန် အရေးပေါ် လိုအပ်ခြင်းမရှိဘဲ လမ်းကြောင်းအသုံးပြု ခရီးသွားလာခြင်းများ မပြုလုပ်ကြပါရန်နှင့် လေကြောင်းရန် ကာကွယ်ရန် လေယာဉ်သံကြားလျှင် ဗုံးခိုကျင်းများတွင် နေထိုင်ကြပါရန် စစ်ရေးအခြေအနေများကို နားစွင့်စောင့်ကြည့်နေကြရန် အထူးအရေးပေါ်ကြေညာထားပြီး စစ်ရေးအရ ထူးခြားမှုထပ်မံ‌ပေါ်ပေါက်လာပါကအချိန် နှင့် တပြေးညီ ထုတ်ပြန် ကြေညာ ပေးမည်ဖြစ် ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

"စစ်ခွေးတွေက ဆောမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာပါ။ အခုက စစ်ရေးလည်း တင်းမာနေတယ်။ ပြည်သူတွေလည်း စစ်တပ် စစ်ကြောင်း အခြေအနေကြည့်ပြီးတော့ တိမ်းရှောင်နေရတာတွေလည်းရှိတယ်။ စစ်ကြောင်းက ကျောက်ထုမြို့နဲ့ ဆောမြို့ကို ဦးတည်ပြီးတော့ စစ်ကြောင်းထိုးနေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နှင့် မကွေးတိုင်း ပေါက်မြို့နယ်၊ ထီးလင်းမြို့နယ် တို့ကို စစ်တပ်က လေယာဉ်၊ Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် ပေါက်မြို့နယ်အနောက်ခြမ်း ထီးလင်းမြို့နယ် အရှေ့တောင်ခြမ်းအစပ်ရှိ ပုံတောင်ကြောကို ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ တောတောင်များ အတွင်း ကျရောက်ပေါက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံရွာမြို့ နမခ မှ တက်လာသော Gyrocopter ၃ စီး သည် ပေါက်မြို့နယ်အရှေ့မြောက်ခြမ်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ် ၁ လုံးလည်းပျက်စီးခဲ့ကြောင်း သိရှိရသည်။

"ပေါက်မြို့နယ်ထဲကို စစ်ခွေးတွေ ဗုံးကျဲသွားတာက ပြည်သူ ၁ ဦးသေဆုံးတယ်။  ပေါက်နဲ့ ထီးလင်း အစပ် ပုံတောင်ကြောကို ဗုံးကျဲသွားတာကတော့ ပြည်သူတွေထိခိုက်မှုမရှိဘူး။ တောတောင်တွေထဲပဲကျတာလို့ သိရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၉ မိနစ်ခန့်တွင်လည်း ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

#KTM
#HlaingInfo
🤬55😢42👍2👎1🔥1👏1
လှိုင်သာယာမှာ  အားသွင်းလျှပ်စစ်မီးလုံး အားသွင်းရာမှ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံးပျက်ဆီး

မေလ ၁၃ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ အနော်ရထာလမ်းနဲ့ ပုသိမ်လမ်းထောင့်မှာ မေလ ၁၂ ရက် မနက် ၁ နာရီက လူမရှိဘဲ မီးလုံးအားသွင်းထားရာကနေ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံး မီးထဲပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အနော်ရထာလမ်းနဲ့ ပုသိမ်လမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ UK လျှပ်စစ်ဆိုင်ပိုင်ရှင်က ညဘက်ဆိုင်မှာ အားသွင်းမီးလုံးကို အားသွင်းထားရာမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကာ UK ဘီယာဆိုင်ပါ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"UK လျှပ်စစ်ပစ္စည်းဆိုင်က လူမရှိဘဲ မီးလုံးကို အားသွင်းခဲ့လို့ ဝါယာရှော့ဖြစ်ပြီး လောင်တာ၊ သူပိုင်တဲ့ UK ဘီယာဆိုင်ပါ ပါသွားတယ်။ စခန်းကတော့ သူ့ကို ဖမ်းထားတယ်" လို့ ပြောပါတယ်။

အဲဒီ မီးလောင်မှုကို လှိုင်သာယာမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး စုစုပေါင်း ၄ စီးနဲ့ ရပ်ကွက်နေပြည်သူတွေနဲ့အတူ မိနစ် ၂၀ အကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

"ဆိုင်နှစ်ဆိုင်လောင်တာဆိုတော့ ဆုံးရှုံးမှုများပါတယ်။ ဆိုင်ရှင်ကို သောင်ကြီးရဲစခန်းက မီးကို ပေါ့ဆစွာလို့ ပုဒ်မ ၂၈၅ နဲ့ အရေးယူထားပါတယ်" လို့ ရှင်းပြပါတယ်။

လက်တလောမှာ သောင်ကြီးမြို့မရဲစခန်းက UK လျှပ်စစ်ပစ္စည်းဆိုင်နဲ့ UK ဘီယာဆိုင်ပိုင်ရှင် ဦးချစမ်းမောင်ကို (ပ)အမှတ် ၄၂/၂၀၂၆ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်ကလည်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်၊ ကျန်စစ်သားလမ်းမမှာ ဘက်ထရီစက်ဘီး အားသွင်းရာမှ နေအိမ် ၂ လုံး မီးထဲပါသွားတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

ဓာတ်ပုံ - MFSD
#CJP
#HlaingInfo
😢487🤔5👍3
မြောင်းမြမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဥပဒေနဲ့ ရွာသားတွေကို ခြိမ်းခြောက်ငွေညှစ်နေ

မေလ ၁၃ ရက်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ဘုရားငုတ္တိုရှမ်းစုကျေးရွာမှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးဖြစ်သူက စစ်မှုထမ်းဥပဒေကို အသုံးချကာ ကျေးရွာသားတွေအပေါ် ငွေညှစ်တာနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

ဘုရားငုတ္တိုရှမ်းစုကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ကိုပိုင်လေး (ခ) ပိုင်ပိုင်နဲ့ ရာအိမ်မှူး ကိုဝင်းကိုဆိုသူတို့ဟာ အရက်မူးတိုင်း ကျေးရွာသားတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေအပြင် စစ်မှုထမ်းထည့်မည်ဟုဆိုကာ ပြောဆိုခြိမ်းခြောက်မှုတွေကြောင့် နေရာပြောင်းရွှေ့ တိမ်းရှောင်နေကြသလို စစ်မှုထမ်းကင်းလွတ်‌စေရေးလို့ဆိုကာ ငွေကြေးကောက်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ ကိုပိုင်လေးဟာ မြေတံတားအုပ်စုက အရက်မူးပြီး ဓားနဲ့ခုတ်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုမှာ နစ်နာသူက အမှုဖွင့်ခဲ့ပေမယ့် စစ်အုပ်စုရဲစခန်းနဲ့ ပူးပေါင်းကာ အမှုကို ပိတ်ခိုင်းပြီး နစ်နာသူကို စစ်မှုထမ်းထည့်မည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့တာကြောင့် နစ်နာသူမှာ မိသားစုပိုင်မြေယာတွေကို ရရာဈေးနဲ့ ရောင်းချကာ တခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်းစာရင်းမှ ပယ်ဖျက်ပေးမည်ဟုဆိုကာ လူငယ်တွေဆီက လစဉ်ကြေး တောင်းခံနေသလို လင်မယားချင်း ရန်ဖြစ်တဲ့ ကိစ္စတွေမှာပင် ငွေကျပ် ၅ သိန်းပေးမှ စစ်မှုထမ်းစာရင်းထဲ မထည့်ဘဲ လွှတ်ပေးမည်ဟုဆိုကာ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေသလို ကျေးရွာအတွင်းမှ စစ်မှုထမ်းသင်တန်း တက်ရောက်ရမယ့်သူတွေအတွက် ထောက်ပံ့ကြေးပေးဖို့ဆိုတဲ့ ငွေကျပ် ၁၃ သိန်းကျော်ကိုလည်း ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြောင်းမြမြို့နယ်အတွင်း အခြားရပ်ကွက်ကျေးရွာတွေမှာ ညစဉ်လုံခြုံရေးကင်း ချထားခြင်းမရှိပေမယ့် ဘုရားငုတ္တိုရှမ်းစုကျေးရွာမှာတော့ ညစဉ်ကင်းစောင့်ခြင်းကို အဓမ္မခိုင်းစေနေပြီး အမျိုးသားမရှိတဲ့ အိမ်ထောင်စုတွေမှာတော့ တစ်ရက်လျှင် ၅,၀၀၀ ကျပ် ပုံမှန်ပေးဆောင်နေကြရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဖိနှိပ်မှုတွေနဲ့ စစ်မှုထမ်းစေဖို့ ဖိအားပေးတာတွေကြောင့် ကျေးရွာရှိ လူငယ်အများစုမှာ နေအိမ်မှာ မနေရဲကြတော့ဘဲ တခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - ပေးပို့
ပုံစာ - အုပ်ချုပ်ရေးမှူး ကိုပိုင်လေးကို မြင်ရပုံ
#CJP
#HlaingInfo
🤬603👍1🔥1😢1
မိုးကောင်း မရမ်းချောင်းတွင် ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့

မေလ ၁၃ ရက်

မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအနီးရှိ မရမ်းချောင်းတွင် သေဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး၏ ရုပ်အလောင်း ယနေ့နံနက် ၁၀ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။

ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရဘဲ ရေနစ်သေဆုံးခဲ့သည့် ရုပ်အလောင်းတွေ့ရှိခဲ့သည်ဟု ကူညီပေးခဲ့သူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရဲဘက်ကပြောတာတော့ ပြင်ပဒဏ်ရာမရှိဘူးတဲ့။ ရေကလည်းမနက်ပါဘူး တစ်ယောက်တည်းဆိုတော့ သတိလစ်ပြီးရေနစ်သေတယ်လို့ပဲပြောပါတယ် စစ်ဆေးချက်အရသိရတာပေါ့။ ပိုင်ရှင်ကတော့ အခုထိ မတွေ့သေးဘူးဗျ။ ရဲတွေတော့စုံစမ်းနေပါတယ်” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဘယ်ဘက်နားတွင် ရွှေရောင်နားကွင်း ဝတ်ဆင်ထားသည်ကိုတွေ့ရသည်။

ရုပ်အလောင်းကို ပိုင်ရှင်မတွေ့သေးသော်လည်း သက်ဆိုင်ရာက စစ်ဆေးပြီးနောက် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ကုသိုလ်ဖြစ် လူမှုကူညီရေးအသင်းက နမ္မတီးသုသာန်တွင် မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့လည်း မို့ကောင်းမြို့နယ်၊ နန့်ရင်းချောင်းတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

သတင်း - Dureng
#T74M
#HlaingInfo
👍28😱10😢32🔥2🥰1
တောင်ကြီးမြို့လယ်ရှိ ငွေကျပ် ဘီလီယံချီ တန်ကြေးရှိသော နာရီစင်ညစျေးနေရာ ပြည်သူပိုင်မြေများကို အဆင်မြင့်ကားပါကင်နှင့်စျေးဆိုင်ခန်းများ ဆောက်လုပ်ရောင်းချခွင့် ကြံ့ဖွတ်ပါတီဘက်တော်သား သီဟကုမ္ပဏီက ငွေအနည်းငယ်ဖြင့် ရရှိသွား

မေလ ၁၃ ရက်

ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့လယ်ရှိ ကျပ် ဘီလီယံပေါင်းများစွာ တန်ကြေးရှိသည့် အများပြည်သူပိုင်မြေကို ရှမ်းပြည်နယ်ကြံ့ဖွတ်အစိုးရက အဆင်မြင့်ယာဉ်ရပ်နားစခန်း အဆောက်အအုံ ဆောက်လုပ်ရန်အကြောင်းပြကာ ကြံ့ခိုင်ရေးပါတီ ကျော ထောက်နောက်ခံရှိသည့် သီဟကုမ္ပဏီထံသို့ အနည်းငယ်မျှသော ငွေကြေးဖြင့် လုပ်ပိုင်ခွင့်ချထားပေးရောင်းစားလိုက်ကြောင်း ဒေသခံစီးပွားရေးလုပ်ငန်းရှင်များထံမှ သိရှိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်၊ တပင်ရွှေထီးလမ်းပေါ်တွင် အဆင့်မြင့်ယာဉ်ရပ်နားစခန်းစီမံကိန်းကို တည်ဆောက်မည်ဖြစ်ပြီး ယင်းနေရာမှာ တောင်ကြီးမြို့၏ အချက်အချာကျသော နာရီစင်ညဈေး မြေဧရိယာ ၀ ဒသမ ၆၈၈ ဧကကို ဖျက်၍ တည်ဆောက်မည်ဖြစ်သည်။ သမိုင်းဝင် နာရီစင်နှင့် ညဈေးတန်းကိုပါ ဖျက်သိမ်း၍ ပုဂ္ဂလိကပိုင် သီဟကုမ္ပဏီသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်စည်ပင်က မြေငှားရမ်းခအဖြစ် သီဟကုမ္ပဏီထံမှ ၁ နှစ်လျှင် ငွေကျပ် ၁၇၉ သိန်းကျော်နှင့် ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀၀ သာ ရရှိမည်ဖြစ်သည်။

အဆင့်မြင့် ယာဉ်ရပ်နားစခန်း အဆောက်အအုံ၏ မြေညီထပ် ၂ ထပ်ကို ကုမ္ပဏီက အပိုင်ရရှိမည်ဖြစ်ပြီး၊ ကျန်အပေါ် ၅ ထပ်မှရရှိမည့် ယာဉ်ရပ်နားခ၏ ၉၀ ရာခိုင်နှုန်းကို ကုမ္ပဏီကယူကာ စည်ပင်သို့ ၁၀ ရာခိုင်နှုန်းသာ ခွဲဝေပေးမည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံငွေမှာ ကျပ်သန်း ၃၇၀၀၀ ကျော်သာရှိသော်လည်း ဆိုင်ခန်းရောင်းရငွေမှာ ထိုပမာဏထက် များစွာပိုမိုရရှိနိုင်သည်။

အဆိုပါ သီဟကုမ္ပဏီမှာ တောင်ကြီးမြို့နေ ဇော်လင်းအောင် ပိုင်ဆိုင်ပြီး ကြံ့ခိုင်ရေးပါတီ၏ ကျော ထောက်နောက်ခံရှိသူဖြစ်သည်။ ဒေသခံပြည်သူများက ကန့်ကွက်နေသည့်ကြားမှပင် ယခင်အမည်ခံ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အောင်အောင် လက်ထက်တွင် စည်ပင်ဌာနနှင့်ပေါင်း၍ ဈေးသည်များကို အဓမ္မလက်မှတ်ရေးထိုးစေကာ စီမံကိန်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စည်ပင်အရာရှိတစ်ဦး “လွှတ်တော်တွေ ပေါ်လာရင် ကန့်ကွက်တာတွေ ဘာတွေ ဖြစ်လာမှာ စိုးလို့ အရေးပေါ် အမြန် လုပ်လိုက်ကြတာ။ ဝန်ကြီးချုပ်ရော စည်ပင်ကိုရော ငွေ ပုံပေးပြီး လက်မှတ်ထိုးလိုက်ကြတာ။ စည်ပင်ပြည်နယ်မှူး စိုင်းထွန်းထွန်းက တပ်ကပဲ။ မြို့နယ်မှူး သိန်းဝင်းကလည်း တပ်ကပဲ။”ဟု ပြောဆိုသည်။

လက်ရှိတွင် အဆောက်အအုံ မဆောက်လုပ်ရသေးသော်လည်း ဆိုင်ခန်းများကို ကျပ်သိန်း ၄၀၀၀ ကျော်မှ ၉၀၀၀ ကျော်အထိ ပေါက်ဈေးဖြင့် လိုက်လံရောင်းချနေသည်။

တောင်ကြီးမြို့မှ လုပ်ငန်းရှင် အမျိုးသမီးတစ်ဦး “ကျွန်မ ဝယ်ဖို့ စုံစမ်းလိုက်တာက သိန်း ၉၀၀၀ ကျော်ထိ ပေါက်ဈေး ရှိတယ်။... စီမံကိန်းက တကယ် ဆောက်မှာလား၊ အဖျက် ခံရမှာလား ဆိုတာ မသေချာတော့ ငွေ အကြေ မချေရဲသေးဘူး။”ဟု ပြောဆိုသည်။

ယခုစီမံကိန်းမှာ ဇော်လင်းအောင် ပိုင်ဆိုင်သည့် မျက်နှာချင်းဆိုင်ရှိ City Square ဈေးအပေါ်ထပ်တွင် ကားပါကင်မရှိသဖြင့် ဖွင့်လှစ်ခွင့်မရသေးသော ဟိုတယ်များအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“City Square အပေါ်ထပ်မှာ နိုဗိုတယ်ဟိုတယ်တွေ ရှိတယ်။ ကားပါကင် မရှိလို့ ဖွင့်ခွင့် မရတာ။ အဲဒါတွေ ဖွင့်ခွင်းရဖို့ အခု စီမံကိန်းကို ထပ်ပြီး လုပ်တာ။ အခုစီမံကိန်းကလည်း အကျိုးအမြတ် အများကြီး ရမှာ ဆိုတော့ သူတို့အတွက် မုတ်ဆိတ် ပျားစွဲသလိုမျိုးပေါ့။” ဟု တောင်ကြီးအခြေစိုက် ဒေသသတင်းရင်းမြစ်က သုံးသပ်ပြောကြားသည်။

ဓာတ်ပုံ- ကြံ့ဖွတ်ပါတီဘက်တော်သား သီဟကုမ္ပဏီပိုင်ရှင် ဇော်လင်းအောင်။
#KTM
#HlaingInfo
🤬607👍2👎1
မြင်းမူတွင် စစ်တပ်က ပြည်သူ ၉ ဦးကို ရိုက်နှက် ဖမ်းဆီးပြီး ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကျပ် သိန်း ၁၀၀ ကျော် လုယက်သွား၊

▪️ပေါက်တွင်လည်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ခုမှ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မေလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၉ ဦးကို ရိုက်နှက် ဖမ်းဆီးပြီး ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကျပ် ၁၀၀ ကျော်ကို လုယက် ယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့မှ စတင်ကာ မေလ ၁၂ နေ့အထိ မြောင်လမ်းခွဲရှိ စစ်တပ် အထိုင်စခန်းမှ စစ်သားများက မုံရွာလမ်းပိုင်း စိုးဖြိုးဆီဆိုင်တွင် နေ့စဉ် သောက်စားမူးရူးပြီး မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအတွင်းရှိ အသက် ၇၀ နှစ်အရွယ် ပြည်သူများအပါအဝင် ၉ ဦးကို ရိုက်နှက် ဖမ်းဆီးကာ ဆိုင်ကယ် ၆ စီး၊ ဖုန်း ၁၅ လုံးနှင့် ငွေကျပ် သိန်း ၁၀၀ ကျော်ကို လုယက်ယူဆောင်သွားခြင်းကြောင်း သိရှိရသည်။

"မြောင်လမ်းခွဲ အထိုင်ကနေလာတဲ့ စစ်ခွေးတွေက စိုးဖြိုးဆီဆိုင်မှာ နေ့တိုင်း သောက်စားပြီး ပြည်သူတွေကို ဖမ်းဆီးတယ်။ ဆိုင်ကယ်၊ ဖုန်း နဲ့ ပိုက်ဆံတွေကိုယူပြီး ပြည်သူတွေကိုလည်း ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ ဆိုင်ကယ် ၆ စီး၊ ဖုန်း ၁၅ လုံး၊ ပိုက်ဆံ သိန်းရာကျော်ပါသွားတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကပစ ၂၄ လက်နက်စက်ရုံအနီးသို့ အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၅၀၀၀ ခန့်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ လက်နက်စက်ရုံမှ အင်အား ၆၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲထွက်လာသည့် အကြမ်းဖက် စစ်တပ်သည် မေလ ၆ ရက်နေ့တွင် ပေါက်မြို့နယ်၊ ကပစ ၂၄ စက်ရုံအတွင်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ ယမန်နေ့ မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ထိုစစ်ကြောင်းစည် ကပစ ၂၄ မှ အင်အား ၃၀၀ ခန့်ဖြင့် ထပ်မံထွက်လာပြီး ဇုန်-၁ နယ်မြေအတွင်းသို့ ထပ်မံ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလာမှုကြောင့် ပလောင်းရွာ၊ ခင်းအေးရွာ၊ မျှားပိုင်းရွာ၊ ကျောက်တံခါးရွာ၊ ကျောက်မဲတောင်ရွာ၊ အုန်းမှင်ရွာ၊ တယ်ပင်ရွာ၊ ယောကုန်းရွာ၊ မကျီးကုန်းရွာ၊ နန်းစဥ်ကုန်းရွာနှင့် ထန်းပင်ချောင်းရွာ စသည့် ကျေးရွာပေါင်း ၁၁ ခုမှ ပြည်သူ ၅၀၀၀ ခန့်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

""မေ ၁၁ ရက်နေ့ မနက် ၁၀ နာရီလောက်က အကြမ်းဖက်တပ် အင်အား ၃၀၀ လောက်က ကပစ ၂၄ တောင်ဘက် ပလောင်းရွာ ကနေမှတဆင့် ကျောက်မဲတောင်ရွာနဲ့ ကျောက်တံခါးရွာကို တပ်ဖြန့်ထားတယ်။ မျှားပိုင်းရွာနဲ့ ခင်အေးရွာက ၃ နှစ်ကျော်ပြီ ကျန်တဲ့ ၉ ရွာက ၉ လနီးပါးရှိပြီ ထပ်ဆင့် တနေရာပြီး တနေရာပြောင်းရွေ့ တိမ်းရှောက်ရတာပါ။ စားနပ်ရိက္ခာရော အမိုးအကာရော အကုန်လုံး အခက်အခဲရှိပါတယ်" ဟု ပေါက်မြို့နယ် လူသားစာနာဌာန တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် မျှားပိုင်းရွာနှင့် ခင်အေးရွာက ပြည်သူများမှ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၃ နှစ်ကျော်ပြီဖြစ်ပြီး ကျန်ကျေးရွာပေါင်း ၉ ခုမှ ပြည်သူများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၉ လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း၊ လက်ရှိချိန်တွင် မိုးရွာသွန်းမှုများကြောင့် ပိုးမွှာများအန္တရာယ်များအပြင် အကြမ်းဖက် စစ်တပ်၏‌ လေကြောင်း၊ လက်နက်ကြီးရန်များကြောင့် စစ်ဘေးရှောင်ပြည်သူများ အခက်ခဲမျိုးစုံကြုံတွေရကြောင်းသိရှိရသည်။

#KTM
#HlaingInfo
🤬666😁2😢1
နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်းနှင့် မကွေး တို့တွင် တစ်နှစ်အတွင်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှု အပါအဝင် ရာဇဝတ်မှုပေါင်း ၁၀၀၀ ကျော် ကျူးလွန်ခဲ့၊

▪️စစ်ကိုင်းမြို့ပေါ်တွင်လည်း စစ်တပ်က လူငယ် ၁၅၀ ဦးကို ပေါ်တာဆွဲဖမ်းဆီး

မေလ ၁၃ ရက်

နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်းနှင့်မကွေးတိုင်းတို့တွင် တစ်နှစ်အတွင်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှု အပါအဝင် ရာဇဝတ်မှုပေါင်း ၁၀၀၀ ကျော် ကျူးလွန်ခဲ့ကြောင်း ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ယနေ့မေလ ၁၃ ရက် နံနက် ၁၀ နာရီခန့်က ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ တစ်နှစ်တာ စုဆောင်းရရှိထားသော အစီရင်ခံစာထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပဉ္စမ မဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) အနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ အတွင်းရှိ ခရိုင် ၁၁ ရိုင်နှင့် မြို့နယ် ၃၇ မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှုများကို စောင့်ကြည့်လေ့လာကာ စာရင်းပြုစုပြီး မှတ်တမ်းတင်ခဲ့ကြောင်း၊ ယင်းမှတ်တမ်းများအရ စစ်တပ်က ကျူးလွန်သည့် အမှုအများဆုံးဖြစ်ကြောင်း အသိပေးထားသည်။

“လူ့အခွင့်အရေးချိုးဖောက်မှုအများဆုံးလုပ်တာက အာဏာသိမ်းထားတဲ့ စစ်တပ်ဘက်က လုပ်ထား တာဖြစ်ပါတယ်။ အများစုကတော့ သူတို့ ဧည့်စာရင်း စစ်တာ၊ ပေါ်တာဆွဲတာ၊ လေကြောင်းတိုက်ခိုက်တာတွေပါ၊ စစ်ရာဇဝတ်မှုဆိုရင်လည်း အဲဒီအတိုင်းပဲ အများဆုံးလုပ်တာက စစ်တပ်ဘက်က လုပ်တာဖြစ်ပါတယ်။ ရာဇဝတ်မှုလုပ်တဲ့ ၁၇၉ ကြိမ်မှာတော့ အများဆုံးလုပ်တာ အမည်မသိအဖွဲ့ အ စည်းတွေ၊ လက်နက်ကိုင်ထားပြီးတော့ မြို့ပေါ်တွေမှာ ခိုးဆိုးလုနှိုက်လုပ်တဲ့ အဖွဲ့ အစည်းတွေက ကျူးလွန်တဲ့အပိုင်းတွေမှာ အများဆုံးတွေ့ရတယ်။” ဟု ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ကောက်ယူရရှိထားသည့် စစ်တမ်းအရ စစ်ကိုင်းတိုင်းတွင် ၆၇၀ ကြိမ်၊ ရန်ကုန်တိုင်းတွင် ၂၃၆ ကြိမ်၊ မကွေးတိုင်းတွင် ၉၅ ကြိမ်နှင့် နေပြည်တော်တွင် ၁၂၁ ကြိမ်ဖြစ်ပြီး စုစုပေါင်း ၁၁၂၂ ကြိမ်ရှိကြောင်း၊ စစ်ကိုင်းတိုင်းသည် တိုက်ပွဲများကြောင့် အများဆုံးဖြစ်သော်လည်း ဒုတိယလိုက်သည့် ရန်ကုန်တိုင်းတွင် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေ၊ ဧည့်စာရင်းဥပဒေကဲ့သို့သော ဥပဒေပေါင်းစုံအသုံးပြု ၍ ဖိနှိပ်မှုကြောင့် ဒုတိယအများဆုံးဖြစ်ပွားရခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

“ဘာလို့ဒီလောက်ကျူးလွန်နေလဲဆိုရင် အခုကျူးလွန်နေတဲ့သူတွေအကုန်လုံးက ၁၁၂၂ ကြိမ်မှာဆို ရင် ကျူးလွန်နေတဲ့သူတွေ အကုန်လုံးက ကင်းလွတ်ခွင့်ရနေတဲသဘောဖြစ်နေတယ်၊ စစ်တပ်က ပေါ်တာဆွဲတာမျိုးဆိုရင် စစ်မှုထမ်းဥပဒေထုတ်လာပြီးနောက်ပိုင်းမှာ အရမ်းဆိုးနေတယ်။ အဲဒီလိုမျိုး ဆိုရင် ဘယ်သူကမှ သူတို့ကို မထိန်းချုပ်နိုင်ဘူး။ နိုင်ငံတကာကလည်းမထိန်းချုပ်နိုင်ဘူး။ သတင်းမီဒီ ယာတွေက ဖော်ပြနေပေမယ့်လည်း မထိန်းချုပ်နိုင်ဘူး။ သူတို့မထင်ရင်မထင်သလိုမျိုး လေကြောင်း တိုက်ခိုက်တာပဲဖြစ်ဖြစ်၊ ပေါ်တာဆွဲတာပဲဖြစ်ဖြစ် ဒါမျိုးတွေ ဆက်တိုက်ကျူးလွန်နေတာတွေကို ဘယ်သူမှ မဖြေရှင်းပေးနိုင်တဲ့အတွက် ဒီလိုမျိုးဆက်တိုက်ဖြစ်နေတယ်ဆိုတာ စစ်တမ်းအရ တွေ့ရှိရ ပါတယ်။” ဟု ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) မှ အဖွဲ့ဝင်တစ်ဦးက ပြောဆို သည်။

အဆိုပါ ကောက်ယူရရှိထားသည့် အချက်အလက်များကို အမျိုးသားညီညွတ်ရေးအစိုး၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မိတ်ဆက်အဖွဲ့အစည်းများထံပေးပို့ကာ ကျူးလွန်သူများကို တရားစွဲအရေးယူနိုင် ရေး လုပ်ဆောင်လုပ်ဆောင်ရှိသည့်အပြင် အသွင်ကူးပြောင်းရေးကာလ၌ ကျူးလွန်သူခံရသူများ အတွက် တရားမျှတမှုရရှိရေးဆောင်ရွက်နိုင်ရန် သိမ်းဆည်းထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
🤬655😁2👎1👏1😢1
ရေးမြို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ မှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး ရေးဘီးလူး တပ်ရင်းထံ အလင်းဝင်

မေလ ၁၃ ရက်

မွန်ပြည်နယ်၊ ရေးမြို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ မှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ရေးဘီလူးတပ်ရင်းမှ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မေလ ၁၃ ရက်နေ့တွင် ရေးမြို့စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ တွင် တာဝန်ထမ်းဆောင်နေသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ ရေးဘီလူးတပ်ရင်း ထံသို့ ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့ကြောင်းသိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သား ၄ ဦးမှာ မောင်ပြည့်ဖြိုးမောင် ၊ မောင်မင်းထက်၊ မောင်အေးမင်းလှိုင်နှင့် မောင်အားဂျင် တို့ဖြစ်ပြီး ဝဲကလိ အမှတ် ၄ စစ်သင်တန်းကျောင်းတွင် စစ်မှုထမ်းအပတ်စဉ် ၂၂ တက်ရောက်ခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။

"အလင်းဝင်ရောက်လာတဲ့သူတွေက လက်နက်မပါဘူး။ သူတို့ ကိုယ်လွတ်ရုန်းနိုင်အောင် ကျွန်တော်တို့ စီစဉ်ပေးခဲ့တယ်ပေါ့။ ကျွန်တော့်ဆီ စိုက်စိုက်မြိုက်မြိုက် ဆက်သွယ်လာပြီးတော့ အလင်းဝင်ရောက်ခဲ့တာပါ။ အလင်းဝင်ရောက်လာတဲ့သူတွေက အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၄ ဦးက စစ်မှုထမ်း သင်တန်းကျောင်းကို ဝဲကလိ အမှတ် ၄ သင်တန်းကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ အလင်းဝင်ရောက်လာတဲ့ သူတွေက ၂ ဦးကတော့ မြ၀တီမြို့ပေါ်တွင် နေထိုင်တယ်။ နောက်ထပ် ၂ ဦးကတော့ လှိုင်းဘွဲ့မြို့ပေါ်တွင်နေထိုင်တယ်လို့ သိရတယ်။ အလင်းဝင်ရောက်လာတဲ့သူတွေက စစ်ခွေးပေါ်တာဆွဲခံရတာပါ။ သူတို့ ၄ ဦးစလုံးက ၂၀၂၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာ သင်တန်းဆင်းခဲ့တာလို့ သိရတယ်" ဟု ရေးဘီလူးတပ်ရင်းမှ တပ်ရင်းမှူးက ပြောဆိုသည်။

ဆက်လက်၍ အကြမ်းဖက် စစ်တပ်အတွင်း အတင်း အဓမ္မ ပေါ်တာဆွဲဖမ်းဆီးခံရသူများ အနေဖြင့်လည်း အလင်းဝင်ရောက်လိုပါက ဆက်သွယ်ကြရန်နှင့် နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း ရေးဘီလူး တပ်ရင်းမှူးက ဆက်လက်ပြောဆိုသည်။

#KTM
#HlaingInfo
50👍27👏8🔥1😁1
ဘီးလင်း၊ တနင်္သာရီနှင့် ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းနှင့် ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

မေလ ၁၃ ရက်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ စာသင်ကျောင်းနှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

မေလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၄၇ မိနစ်ခန့်တွင် ဘီးလင်းမြို့နယ်၊ ပယာရော (မြစ်ကျိုး) ကျေးရွာအုပ်စုရှိ မြစ်ကျိုးကျေးရွာနှင့် လေးကေကျေးရွာ အကြားကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှု အတွင်း နေအိမ် ၁ လုံး ဗုံးစ ထိမှန်ပျက်စီးကာ လူထိခိုက်မှု ရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ တကူကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် တကူကျေးရွာ အထက်တန်းပြ စာသင်ကျောင်း အဆောက်အဦး ၂ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေးတွေက အရပ်သားပြည်သူတွေကို ဦးတည်ပြီး လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ထိခိုက်တာမရှိဘူးလို့တော့ သိရတယ်။ တကူကျေးရွာ စာသင်ကျောင်းကတော့ အဆောက်အဦးတွေ အကုန်လုံးနီးပါးကို ပျက်စီးသွားတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် အတုအယောင်ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းနေသော်လည်း ပကတိမြေပြင်တွင်မှု အရပ်သားပြည်သူလူထုများ၊ ‌စာသင်‌ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိကြောင်း KNU က ပြောဆိုထားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသခြင်းထက်ပိုသော လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ကာ ယခုဆက်လက်ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်စေရန် ထိရောက်သည့် တားဆီးကာကွယ်မှုများကို လုပ်ဆောင်ရန်နှင့် ထင်ရှားသည့် ဥပဒ ချိုးဖောက်မှုများကို မတားဆီးဘဲ ဆက်လက်၍ နှုတ်ဆိတ်နေခြင်းသည် အကြမ်းဖက်မှုများ ပြောင်ပြောင်တင်းတင်း ပိုမိုကျူးလွန်လာစေရန်အတွက် အားပေးကူညီရာရောက်မည်ဖြစ်ကြောင်း KNU က အသိပေးပြောဆိုထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

"စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာလို့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိ၊မရှိကို တော့ အတည်မပြုနိုင်သေးဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#KTM
#HlaingInfo
🤬615👍2😢2🔥1😁1
ကျောက်ဖြူ တောင်မော်ဦးရေတပ်အနီး AA နှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေ

မေလ ၁၃ ရက်

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်ဌာနချုပ်၏ ရေတပ်ဌာနခွဲ တစ်ခုဖြစ်သော တောင်မော်ဦးရေတပ်စခန်းအနီးက ကျေးရွာတစ်ဝိုက်တွင် အာရက္ခတပ်တော် AA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

တောင်မော်ဦးရေတပ်အနီး တိုက်ပွဲမှာ မေလ ပထမအပတ် နှောင်းပိုင်းကစ၍ ဖြစ်ပွားနေခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲပိုပြင်းထန်နေသည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

"မနေ့က ညနေနဲ့ ဒီနေ့ ညနေပိုင်းမှာ တောင်မော်ဦးရေတပ်စခန်းအနီးက အဝတောင်ရွာ၊ မျှောချောင်းရွာနဲ့ စံပယ်ချောင်း ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲ တော်တော်လေး ဖြစ်နေကြတယ်။ ရေတပ်က ကမ်းတက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကြောင်းတွေနဲ့ AA တပ်ဖွဲ့ဝင်တွေကြားမှာ ဖြစ်ပွားနေကြတာပါ။ အဲဘက်က ဒေသခံတွေက အခု ထွက်ပြေးနေရပါတယ်။ အကြမ်းဖက် စစ်ကောင်စီက လေကြောင်းပစ်ကူတွေ တောက်လျှောက်လုပ်ပေးနေတယ်လို့ သိရပါတယ်” ဟု ပြောသည်။

တောင်မော်ဦးရေတပ်စခန်းမှ ကမ်းတက်ရန် ကြိုးစားလာသော အင်အား ရာနှင့်ချီပါသည့် စစ်ကောင်စီ စစ်ကြောင်းများကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေခြင်းသည်။

အာရက္ခတပ်တော် AA ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရေတပ်စခန်းအနီးဝန်းကျင်ကနေ ရှေ့သို့ မတိုးနိုင်ကြောင်း နောက်ထပ် ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တောင်မော်ဦးရေတပ်စခန်းကနေ စနဲမြို့၊ မင်းပြင်ဘက်တွေကို ဦးတည်ပြီး တိုက်နေတယ်။ ကျောက်ဖြူ-ရမ်းဗြဲအစပ် ကားလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်။ ကျောက်ဖြူ-ရမ်းဗြဲ ကားလမ်းမပိုင်းကို ဖြတ်တောက်ပြီး ကျောက်ဖြူမြို့အနီးက AA ရဲ့ ထိုးစစ်တွေကို အားနည်းသွားအောင်လုပ်ဖို့ ရည်ရွယ်နေတာ မြင်ရတယ်။ AA က ကျောက်ဖြူ-ရမ်းဗြဲ ကားလမ်းမကို စစ်ကောင်စီတပ်ဖွဲ့ဝင် မရောက်နိုင်အောင် ကြားဖြတ်တိုက်ခိုက်နေတယ်။ တိုက်ပွဲက ပိုပြင်းထန်လာနိုင်ပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့အနီးက အဓိက ခံတပ်ကြီးဖြစ်သော အမှတ် ၃၂ ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်ဌာနချုပ်၏ စစ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ လပေါင်းများစွာ ကြာလာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ သေဆုံးမှု များပြားလာ၍ တောင်မော်ဦးရေတပ်ဘက်ကနေ ဝင်ရောက်ရေး စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်သည်။

အာရက္ခတပ်တော် AA သည် ရမ်းဗြဲမြို့နှင့် ရမ်းဗြဲ-ကျောက်ဖြူ အစပ်နယ်မြေများကို ထိန်းချုပ်ထားကာ ကျောက်ဖြူမြို့အနီးသို့ ထိုးဖောက်ဝင်ရောက်ပြီး အမှတ် ၃၂ ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်ဌာနချုပ် စစ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီက ကျောက်ဖြူ-ရမ်းဗြဲအစပ် နယ်မြေများကို ထိန်းချုပ်ထားနိုင်လျှင် ကျောက်ဖြူမြို့အနီးသို့ ရောက်ရှိနေသော AA တပ်ဖွဲ့ဝင်များမှာ ပိတ်မိသွားမည်ဟု ယူဆထားပုံရကြောင်း စစ်ရေးစောင့်ကြည့်သူများက ပြောဆိုကြသည်။

#WN
#HlaingInfo
👍6216👏4🔥3🥰2
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး

မေလ ၁၃ ရက်

မြန်မာနိုင်ငံတစ်ဝန်း မေလ ၁၃ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
👍4414👏7😁3
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Hlaing Info ဝိုင်းတော်သားများမှ ကတိပြုပါသည်။

ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတို့တွင် အသက်သွေးချွေးများ စွန့်လွှတ်အနစ်နာခံ၍ ဘဝများ ရင်းနှီးပေးဆပ်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းများ၏ ဝိညာဉ်များကို အောက်မေ့သတိရတိုင်တည်လျက်  လေးနက်စွားကတိသစ္စာပြုအပ်ပါသည်။

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

Good night ပါခင်ဗျာ။

#HlaingInfo
68👍7🔥2🥰2
မင်္ဂလာနံနက်ခင်းပါ....
ကျန်းမာရွှင်လန်းကြပါစေ....

ပူပင်သောကတွေ ကင်းဝေးပီး
ပျော်ရွှင်ချမ်းမြေ့သော
နေ့ရက်လေး ဖြစ်ပါစေ....

စိတ်ဆင်းရဲခြင်း
ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးပီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့်
မိမိတို့၏ ခန္ဓာ့ဝန်ကို လွယ်ကူစွာ
ရွက်ဆောင်နိုင်ကြပါစေ....

ဘေးရန် ရောဂါ ကင်းစင်ကွာ၍
လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ....

Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏🙏🙏

#HlaingInfo
97👍10🔥2🥰2
ဘာဆို ဘာမှ မပြောင်းလဲရဲ ဖြစ်နေရှာသော မင်းအောင်လှိုင်
**

ဦးသိန်းစိန်သည် ၂၀၁၁ မတ်လ ၃၀ ရက်နေ့ တွင် အသစ်စက်စက် ပေါ်ထွက်လာသော လွှတ်တော် တွင် မိန့်ခွန်း ပြောကြားရာတွင် ကမ္ဘာမိသားစု အလယ် တွင် ‌ဆုံးရှုံးသွားခဲ့ရသည့် လေးစား ခံရမှု ကို ပြန်လည် ရရှိအောင် ကြိုးပမ်းသွားမည်ဟု ရဲရဲဝံ့ဝံ့ ကတိပေးသွားခဲ့သည်။

ထိုသို့ ပြောပြီး ၆ လ အကြာတွင် ပြည်သူ များ အပြင်းအထန် ကန့်ကွက်နေ‌သော မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်း ကို တဖက်သတ် ရပ်စဲ ပစ်ခဲ့သည်။ ဤသည်ကပင် တရုတ် ဩဇာခံ နိုင်ငံ အဖြစ် ရပ်တည်သွားမည် မဟုတ်ဟု ကမ္ဘာကို ရှင်းလင်း ပြတ်သားစွာ အသိပေးလိုက်သည့် သဘောပင် ဖြစ်သည်။

စီးပွားရေးပိုင်းတွင်လည်း ဗဟိုဘဏ်ကို ပိုမို လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ပေးခဲ့ခြင်း၊ ကျပ်ငွေတန်ဖိုး ကိုလည်း ဈေးကွက် ပေါက်ဈေး အတိုင်း လဲလှယ်ခွင့် ပြုလာခြင်း၊ နိုင်ငံခြား မှ ဆက်သွယ်ရေး ကုမ္ပဏီ များကို ဝင်ရောက်ခွင့် ပြုလာခဲ့ခြင်း၊ ဘဏ်များအားလည်း ပြည်တွင်း တွင် အခြေချ ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မှသည် အကျင့်ပျက် ခြစား မှု တိုက်ဖျက်ရေး အထိ နိုင်ငံတကာ စံနှုန်းများ နှင့် အညီ ဥပဒေများ ပြဋ္ဌာန်း ပေးခြင်း တို့ ပြုလုပ်လာကြသည်။

ထို့အတွက်လည်း ပြည်ခိုင်ဖြိုး ပါတီသည်လည်း ကမ္ဘာအလယ်တွင် ပြုပြင် ပြောင်းလဲရေး သမားများ အဖြစ် မျက်နှာပွင့်ခဲ့ကြသည်၊ ပြည်ပ မှ တလေးတစား ဆက်ဆံခံခဲ့ကြရသည်။

မင်းအောင်လှိုင်ကတော့ ကိုယ်တိုင်လည်း ဘူးလုံးနား မထွင်း ဖြစ်နေ၊ ထို့အတွက်လည်း မစဉ်းစား မဆင်ခြင် အာဏာ သိမ်းရဲသူ ဖြစ်သည်။ ထိုသို့သော လူမျိုးကို မည်သူကမျှလည်း သူ့အကြိုက်က လွဲ၍ အခြား ဘာမှ အကြံဉာဏ် မပေးရဲကြ။

အကြံတုန်း ဉာဏ် တုန်း ဖြစ်သည့် အား‌ လျှော်စွာ သူ ဘာပဲ လုပ်လုပ် နောက်က ထောက်ခံပေးမည့် အားကိုးရရန် တရုတ်ကို အပိုင်ကိုင်ထားနိုင်လျင် ဖြစ်ပြီဟုသာ ခေါင်းထဲ ရှိသူ ဖြစ်သည်။ ထို့အတွက်လည်း ဦးသိန်းစိန် နှင့် ဆန့်ကျင်ဖက် မြစ်ဆုံဆည် စီမံကိန်း ပြန်လည် စတင်ရန် ပင် အလျော့ပေး လာခဲ့ရသည်အထိ ရုပ်ပျက်ဆင်းပျက် လုပ်လာခဲ့သည်။

မင်းအောင်လှိုင်က ဘာလုပ်မည် ညာလုပ်ပစ်မည်ဟု ရောက်လေရာတွင် ပြောနေသော်လည်း နောက်က လိုက်၍ အကောင်အထည် ဖေါ်ပေးမည့် စည်းမျဉ်းဥပဒေများက ထွက်လာခဲ့ခြင်း မရှိပေ။

ဤသည်ကလည်း အဆန်းတကြယ်တော့ မဟုတ်၊ ယခင်က ပြုပြင် ပြောင်းလဲရေး ပါတီကြီး အဖြစ် ကမ္ဘာက လေးစားခံခဲ့ရသော ပြည်ခိုင်ဖြိုး ပါတီသည် ယခုအခါ တွင်တော့ မင်းအောင်လှိုင်လို လူမျိုး သမ္မတ အဖြစ် ရွေးချယ် ခံရပါသည် ဟူ၍ ထင်မြင်လာစေရန် ငွေကုန်ကြေးကျ ခံပြီး နိုင်ငံ အနှံ့ ရွေးကောက်ပွဲ များ တွင် အသုံးတော် ခံပေးခဲ့ရရှာသည်။

အာဏာရလာ‌ပြန်တော့လည်း လွှတ်တော် ဥက္ကဌ တနေရာ၊ အရေးမပါသည့် ဒုသမ္မတ ရာထူးနှင့် ဝန်ကြီး နေရာ သုံးလေးနေရာ လောက်နှင့် တင်းတိမ်ခဲ့ရရှာသည်။ ယခုအခါတွင်တော့ မကျေနပ်လည်း ဘာမှ လှုပ်မရတော့၊ မင်းအောင်လှိုင်က ၎င်း၏ သစ္စာခံများကို ပါတီ ခေါင်း‌ ဆောင်ပိုင်း တွင် အစုလိုက် အပြုံလိုက် ထည့်သွင်းထားခဲ့ပြီး ဖြစ်သည်။

မင်းအောင်လှိုင် နှင့် အဖွဲ့က အာဆီယံ က အဖွဲ့ကြီး အနေဖြင့် ၎င်းအား တရားဝင် အသိအမှတ် မပြု ဆိုသည့် မူကို စွဲကိုင်လာသည်ကို "မြန်မာ ပြည်သူများ၏ အစစ်အမှန် ပေါ်ထွက်လာသော ဆန္ဒကို ပစ်ပယ်ခဲ့သည်" ဟု စွပ်စွဲ ပြောဆိုလာခဲ့သည်။ ၎င်းတို့ ရွေးကောက်ပွဲ ဆိုသည်ကလည်း မဲပြား ပေါ်တွင် ပြည်ခိုင်ဖြိုး ပါတီမှလွဲ၍ အိမ်ပြည့်အောင် ဝင် ပါပေးရရှာသည့် ပါတီများ သာ ဖြစ်ပြီး ယုံကြည်အားကိုး ထိုက်သူ များ တဦးတလေမျှပင် မပါဝင်ပါပဲလျက် ပြည်သူ့ ဆန္ဒ အစစ်အမှန် ပါဟု ပါးစပ်က အော်နေယုံဖြင့် မည်သူက လက်ခံပေမည်နည်း။

အာဆီယံ မှ ၎င်းတို့ ၏ နိုင်ငံ ခေါင်းဆောင်များ ထိပ်သီး အစည်း အဝေး သို့ တက် ရောက်ခွင့် မပြုခဲ့ခြင်းသည် မင်္ဂလာဆောင်ပြီးပြီးချင်း ညတွင်းချင်းပင် သတိုးသမီး ခိုးရာနောက် လိုက်သွားခြင်းခံလိုက်ရသည့် သတိုးသား အသစ်စက်စက်ကဲ့သို့ မင်းအောင်လှိုင်မှာလည်း တရပ်ကွက်လုံး (သို့မဟုတ်) တကမ္ဘာလုံးရှေ့တွင် မျက်နှာဖုံးကွာကျကာ အရှက်ဗြန်း
ဗြန်းကွဲသည့် အဖြစ် ရောက်သွားခဲ့ရသည်။

မင်းအောင်လှိုင်အား ထိုသို့ မျှော်လင့်တကြီး ဖြစ်လာအောင် ဆွ ပေးခဲ့သည့် တရားခံက ထိုင်း ပင် ဖြစ်သည်။

အာဆီယံက အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ရွေးကောက်ပွဲ မကျင်းပမီ ကျယ်ပြန့်လာသော ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် "အစုအဖွဲ့အားလုံး"ပါဝင်နိုင်သော ဆွေးနွေးပွဲများ ပြုလုပ်ရန်။
အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားရသူများကို ကူညီနိုင်ရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့်ရရှိရန်။
ပြဿနာများ ကြုံတွေ့နေရသော အဖွဲ့ဝင်နိုင်ငံ (မြန်မာနိုင်ငံ) နှင့် ဆက်သွယ်ဆောင်ရွက်ရန် အာဆီယံ၏ အဓိကတာဝန်ခံအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦး ခန့်အပ်ရန် ၎င်းကိုယ်တိုင် သဘောတူခဲ့သည့် အချက်များကို လိုက်လျောရန်သာ တောင်းဆိုထားခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍75😁93👏1
16 MAY 2026 ထွက်မည့်ဘတ် ၆ / ၁၂ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်
    
မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🍀  ဘတ် ၆ သန်း ထီနံပါတ်များ  - ⤵️  

074504
460005
103206
996206
673214

167322
205834
441938
807041
114571

035877
903678
402980
711085
229787

480088


🌻 ဘတ် 12 သန်း ထီလက်မှတ်များ 🌻

921200
053902
388503
159504
933706

137607
008908
193710
310114
873817

413619
958822
725926
956027
813828

583829
410830
870932
898933

668834
438835 တစောင်ကျန်
984038
753939
156240

203243
240446
845848
339151
231253

990854 တစောင်ကျန်
278955
115459
634161
404062

820664
735569
965670
880575
889376

117677
565479
795580
078782
159483

048684
074485
829487
599388
159590

914592
321393
454394
176495
770396

999597
241098


📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                           
   
- https://t.me/infoAthlaing    
                                          
Viber   ☎️  +66991894319

#ThaiLottery                                               
#HlaingInfo
👍3210🔥1😁1
မနိုဘယ်လ်အေး နှင့် ရဲဘော်ကိုလေးခွင်းကို စစ်တပ်က ပစ်သတ်မှု အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ပြင်ပထုတ်၍ သတ်ဖြတ်ရန် စစ်တပ်၏ အမိန့်ပေးမှုကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ဟောင်း မျိုးဆွေနှင့်ဝန်ထမ်းများက ပူးပေါင်းအကောင်အထည်ဖော်ပေးခဲ့

မေလ ၁၄ ရက်

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းဖိနှိပ် သတ်ဖြတ်ရန် စစ်ခေါင်းဆောင်များက အမိန့်ပေးမှုအပေါ် အကျဉ်းဦးစီးညွှန်ချုပ် ဗိုလ်မှူးချုပ်ဟောင်း မျိုးဆွေနှင့်ဝန်ထမ်းများက အကောင်အထည်ဖော်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသူ မနိုဘယ်လ်အေးနှင့်ရဲဘော်ကိုလေးခွင်းတို့ကို သတ်ဖြတ်မှုတွင် အကျဉ်းဦးစီးဌာနက ပါဝင်ခဲ့ကြောင်း အကျဉ်းစီးဌာနသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ရာထူးကို ရယူခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း မျိုးဆွေသည် ရှမ်း ပြည်နယ် (တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့အခြေစိုက် အမှတ် ၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၃) ၏ ကျောင်းအုပ်ကြီးအဖြစ်မှ အကျဉ်းဦးစီးဌာနသို့ ညွှန်ကြားရေးမှူးချုပ်အဖြစ် တိုက်ရိုက် ပြောင်းရွှေ့လာသူဖြစ်သည်။

စစ်အာဏာသိမ်းကာလ အကျဉ်းဦးစီးဌာနသို့ စစ်တပ်ဘက်မှ တိုက်ရိုက်ပြောင်းရွှေ့လာသူ ညွှန်ချုပ် မျိုးဆွေက အကျဉ်းဦးစီးဌာန ညွှန်ချုပ်အဖြစ် တာဝန်ယူပြီးနောက် စံပြအဖြစ် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို ဖိနှိပ်ညှဉ်းပန်းရန် ညွှန်ကြားခဲ့ကြောင်း၊ စစ်တပ်ကို ဆန့်ကျင်သူများကို ဖယ်ရှားရှင်းလင်းရမည်ဆိုသော အလွန်တင်း မာသော သဘောထားတင်းမာသူဖြစ်ကြောင်း၊ ၎င်းစတင်တာဝန်ယူကတည်းက အကျဉ်းဦးစီးဌာနအတွင်း နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးအကျဉ်းသူများအပေါ် ဖိနှိပ်မှုများ လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလအတွင်း လက်နက်များနှင့်အတူ ဖမ်းဆီးခံခဲ့ရသော မနိုဘယ်လ်အေးနှင့် ကိုလေးခွင်တို့ကို ပဲခူးတိုင်း၊ ဝေါမြို့နယ် တရားရုံးမှ ရမန်ယူပြီး အကျဉ်းထောင်သို့ အပြန်လမ်းတွင် ထွက်ပြေးသည်ဟုဆိုကာ ပစ်ခတ်သတ် ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ စစ်တပ်က သတ်ဖြတ်မည်ကို အကျဉ်းဦးစီးဌာနမှ ညွှန်ချုပ် မျိုးဆွေနှင့် ဝန်ထမ်းများ ကြိုတင်သိရှိခဲ့ကြပြီး သတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။

"မနိုဘယ်လ်အေး ဖြစ်စဉ် မဖြစ်ခင်မှာ ၂၀၂၃ ခုနှစ် ဇွန်လထဲမှာ ဒိုက်ဦး (ကျိုက်ဇကော) ထောင်ကနေ အင်းစိန် ထောင်ကို ထောင်ပြောင်းရင်း လမ်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ပစ်သတ်ခံခဲ့ရတာရှိတယ်။ နောက်ပြီး မြင်းခြံထောင်ဖြစ်စဉ်ရှိတယ်။ အဲဒီဖြစ်စဉ်တွေမှာလည်း အကျဉ်းဦးစီးဌာနက ကြိုတင်သိရှိပါတယ်။ ရောက်လာတဲ့ အမိန့်အတိုင်း အကျဉ်းသားတွေကို စာရင်းနဲ့ ထုတ်ပေးခဲ့ရတာပါ။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာ မနိုဘယ်လ်အေးတို့လမ်းမှာ အသတ်ခံရတဲ့ လမ်းမှာ ဖြစ်စဉ်မှာလည်း အကျဉ်းဦးစီး ဌာန ညွှန်ချုပ် နဲ့ ဝန်ထမ်းတွေ ကြိုတင်သိရှိခဲ့ပါတယ်။ ဒီအကျဉ်းသား အချုပ်သားတွေကို အသွင်းအထုတ် လုပ်ပေးရတာ အကျဉ်းဦးစီးဌာနကပါ။ ဒီအတွက်လည်း ညွှန်ကြားချက်မှာ ဘယ်သူ့ကို ထုတ်ပေးရမယ်၊ ဘယ်သူတွေကို ဘယ်ကားနဲ့ ထည့်ပေးရမယ်ဆိုတဲ့အမိန့်ကို လုပ်ဆောင်ပေးရတာ အကျဉ်းဦးစီးဌာနဘက်ကပါ။ ၂၀၂၄ ခုနှစ် မတ်လမှာလည်း ထားဝယ်ထောင်မှာ အလားတူဖြစ်စဉ်ဖြစ်ခဲ့တယ်။ " ဟု အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၄ ခုနှစ် မတ်လတွင်လည်း တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုမင်းသူနှင့် ကိုဝင်းသီဟတို့ကို ခေါင်းစွပ်အမည်းများစွပ်၍ ထောင်ပြင်ပသို့ ခေါ်ဆောင်သွားပြီးနောက် စစ်တပ်က သတ်ဖြတ်ခဲ့သည်။

အဆိုပါ သတ်ဖြတ်မှုသာမကဘဲ နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် နိုင်ငံ ရေး အကျဉ်းသား၊ အကျဉ်းသူများကို ဖိနှိပ်ညှဉ်းပန်းမှုများတွင်လည်း ညွှန်ကြားရေးမှူးချုပ် မျိုးဆွေ၏ ညွှန်ကြားချက်များ ပါဝင်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
🤬8514😢3👏1
မန္တလေးမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေ အဝေမတည့်လို့ ပြဿနာဖြစ်၊
သူ့အပေါ် ကျော်ခွတယ်လို့ဆိုကာ အုပ်ချုပ်ရေးမှူးက ပျူတွေကို ဖမ်းဆီး၊

မေလ ၁၃ ရက်

မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူစောထီးခေါင်းဆောင် ရပ်ကွက် အုပ်ချုပ်ရေးမှူနဲ့ နောက်လိုက်ပျူစောထီးတွေ အချင်းချင်း အဝေမတည့်ဖြစ်ကာ ပြဿနာ ဖြစ်ပွားနေပြီး အုပ်ချုပ်ရေးမှူးက ပျူတွေကို ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

မေလ ၁၁ရက်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်ရှိ ရပ်ကွက် ပျူခေါင်းဆောင် အုပ်ကြီး အောင်သူက ရပ်ကွက်ထဲရှိ စစ်မှုထမ်းမဲစာရင်းအလှည့်ကျ လူငယ်တစ်ဦးကို လာခေါ်ချိန် နောက်လိုက် ပျူတွေက သူ့ထက် အရင်လက်ဦးမှုယူကာ ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့အတွက် မကျေမနပ်ဖြစ်ကာ ပြဿနာဖြစ်ပွားတာလို့ မန္တလေးမြို့ခံ မြေပြင်ကင်းထောက်အဖွဲ့ Voice Of Mandalay - VOMdy က ဖေါ်ပြပါတယ်။

ရပ်ကွက်အုပ်ကြီးအောင်သူက သူ့ပစ်မှတ်လူငယ်ကို လက်ဦးမှုယူကာ ပေါ်တာဆွဲသွားတဲ့ နောက်လိုက် ပျူတွေကို ပြန်လည် ဖမ်းဆီးခဲ့ကာ အချင်းချင်း အဝေမတည့်ဖြစ်ပြီး ပြဿနာဖြစ်နေတာလို့ VoMdy က ဆိုပါတယ်။

အဲ့ဒီ ရပ်ကွက်အုပ်ကြီး အောင်သူနဲ့ နောက်လိုက် ပျူတွေဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၂၂လမ်း၊ ချမ်းသာကြီးဘုရားအနီးရှိ အလည်ပေါင်တံတားကြီး ဝန်းကျင်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေကြသူတွေ ဖြစ်ပြီး အထက်ပါအတိုင်း လူငယ်တစ်ဦးကို ပေါ်တာဆွဲမှုမှာ အဝေမတည့်ဖြစ်ရာက အချင်းချင်း ပြန်ဖမ်းတာလို့ ဆိုပါတယ်။

"ချမ်းသာကြီးအနောက်ဘက်မှာ လူငယ်တွေ ခနခဏ ပေါ်တာဆွဲခံနေရတာ၊ စစ်မှုထမ်း လူမှောင်ခို ဈေးကွက် ကောင်းတာကိုး၊ စစ်မှုထမ်း အစားထိုး လူတစ်ယောက်ရဖို့ စစ်အုပ်စုဝင် အချင်းချင်း သိန်းရာကျော်ပေး အရောင်းအဝယ် လုပ်နေကြတာဆိုတော့၊ အုပ်ကြီးက သူ့အပေါ် ကျော်ခွသွားလို့ မကျေနပ်တာ" လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ ယခုရက်ပိုင်း စစ်အုပ်စုက ပေါ်တာအဆွဲကြမ်းနေပြီး ရပ်ကွက်အုပ်ကြီးနဲ့ ပျူတွေ အပါအဝင် ယူနီဖောင်းဝတ်တွေရော၊ ယူနီဖောင်း မဝတ်သူတွေကပါ လူငယ်တွေကို ပုံစံအမျိုးမျိုးနဲ့ ပေါ်တာဆွဲ ဖမ်းဆီးကာ ငွေညှစ်နေကြတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စလို့ နိုင်ငံတဝန်းရှိ လူငယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းကာ အသေခံစစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုက ပေါ်တာဆွဲသူတွေကို အသေခံစစ်သားအဖြစ် အသုံးချနိုင်ဖို့ ရက်တို သင်တန်းပေးနေတာ ဖြစ်ပြီး စစ်သင်တန်း အပတ်စဉ်တစ်ခုကို လူအင်အား ငါးထောင်နှုန်း နဲ့ စုဆောင်း သင်တန်းပေးနေခဲ့ကာ အခုဆို စစ်မှုထမ်းအပတ်စဉ် ၂၅ အထိ ရောက်ရှိနေပြီမို့ ပေါ်တာဆွဲခံရသူ အနည်းဆုံး လူတစ်သိန်း ရှိပြီ ဖြစ်ပါတယ်။

မန္တလေးမြို့ ရပ်ကွက်ရုံးတစ်ရုံးမှာ တွေ့ရတဲ့ မင်းအောင်လှိုင် သစ္စာခံ အုပ်ကြီးနဲ့ ပျူတွေ/Photo - စစ်အုပ်စု
#MFP
#HlaingInfo
32👏23😁9🔥2👍1🤬1
ချက်နိုင်ငံထုတ် လေယာဉ်များကို မြန်မာစစ်အုပ်စုက လေကြောင်းစစ်ဆင်ရေးများတွင် အသုံးပြုနေသဖြင့် အရေးယူ ဆောင်ရွက်ရန် ၊ လေယာဉ်များ ဆက်လက်မရောင်းချရန် သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ တောင်းဆို

မေလ ၁၄ ရက်

ချက်ပြည်သူ့သမ္မတနိုင်ငံထုတ် အရပ်ဘက်သုံးလေယာဉ်များကို မြန်မာစစ်အုပ်စုက အကြမ်းဖက်လေကြောင်းစစ်ဆင်ရေးများတွင် အသုံးပြုနေသဖြင့် ချက်အစိုးရအနေဖြင့် ထိရောက်စွာအရေးယူရန်နှင့် မြန်မာနိုင်ငံသို့ လေယာဉ်များ ဆက်လက်မရောင်းချရန် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) က ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

တရားမဝင်အာဏာလုယူထားသည့် မြန်မာစစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကျင်းပပြီးနောက် စစ်အုပ်စုလွှတ်တော်နှင့်အတူ မင်းအောင်လှိုင်အား 'သမ္မတ' အဖြစ် ခန့်အပ်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီဖြစ်ကြောင်း ကမ္ဘာကို လှည့်ဖျားနေသော်လည်း၊ လက်တွေ့တွင်မူ အရပ်သားများကို ပစ်မှတ်ထားသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်နေဆဲဖြစ်သည်ဟု ထောက်ပြထားသည်။

မြန်မာစစ်အုပ်စုသည် စစ်ဘက်တိုက်လေယာဉ်များသာမက ချက်နိုင်ငံ Omnipol Group ထုတ် Let L410-UVP E20 Turbolet (Let L410) လေယာဉ်များကိုပါ အသုံးပြုနေသည်ကို တွေ့ရှိရသည်။ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ဇွန်လမှ စက်တင်ဘာလအထိ လေကြောင်းခြေရာခံမှုများအရ အဆိုပါလေယာဉ်များကို ပုသိမ်နှင့် တံတားဦးလေတပ်စခန်းများတွင် အသုံးပြုခဲ့ပြီး၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားမစ်ရှင်များအတွက် အနည်းဆုံး ၁၃ နာရီကြာ ပျံသန်းခဲ့သည်ကို အတည်ပြုနိုင်ခဲ့သည်။

ထို့အပြင် Myanmar Witness ၏ စုံစမ်းစစ်ဆေးမှုများအရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော် ဝါရီလအတွင်း ချက်နိုင်ငံမှ Let L410 လေယာဉ် ၅ စီးကို မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည်ကို မှတ်တမ်းတင်ထားနိုင်သည်။ ချက်အစိုးရက အရပ်ဘက်သုံးရန်ဟု ဆိုသော်လည်း အဆိုပါလေယာဉ်များသည် အရပ်ဘက်သုံးအဆောက်အအုံမရှိသော မှော်ဘီနှင့် မကွေးလေတပ်စခန်းများတွင် ရှိနေကြောင်း ဂြိုဟ်တုရုပ်ပုံများနှင့် အထောက်အထားများက ဖော်ပြနေသည်။ အထူးသဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကရင်ပြည်နယ်၊ ဝေါလေဒေသတိုက်ပွဲများအနီးသို့ အဆိုပါလေယာဉ်တစ်စီး ချဉ်းကပ်ပျံသန်းခဲ့သည်ကိုလည်း ခြေရာခံမိခဲ့သည်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အချက်အလက်များအရ စစ်အာဏာသိမ်းချိန်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စစ်အုပ်စုသည် လေကြောင်းဗုံးကြဲမှုပေါင်း အနည်းဆုံး ၆,၉၈၀ ကြိမ် ပြုလုပ်ခဲ့ပြီး၊ ယင်းကြောင့် ကိုယ် ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၄,၂၉၉ ဦး သေဆုံးကာ ၇,၅၅၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ချက်အစိုးရက လေယာဉ်များကို Myanmar Airways International (MAI) ဆီသို့သာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသော်လည်း၊ MAI သည် စစ်ရာဇဝတ်မှုများအတွက် ငွေကြေးစီးဆင်းမှုနှင့် လေယာဉ်အသုံးပြုမှုတို့တွင် ဗဟိုချက်အဖြစ် ပါဝင်နေသည်။ ထို့ကြောင့်ပင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် စင်ကာပူအခြေစိုက် UOB ဘဏ်က MAI ၏ ဘဏ်အကောင့်များကို ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

ချက်နိုင်ငံထုတ်လေယာဉ်များကို မြန်မာလေတပ်တွင် အသုံးပြုနေခြင်းသည် အီးယူ (EU) ၏ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးပြဌာန်းချက်များကို ချိုးဖောက်ရာရောက်နိုင်သဖြင့် ချက်အစိုးရအနေဖြင့် ထိရောက်သော အရေးယူမှုများ ချက်ချင်းပြုလုပ်ရန် လိုအပ်နေသည်။

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ချက်အစိုးရအနေဖြင့် Omnipol Group အပေါ် လွှမ်းမိုးမှုအသုံးပြု၍ မြန်မာနိုင်ငံသို့ လေယာဉ်များ ထပ်မံပေးပို့ခြင်း သို့မဟုတ် ပေးပို့ရန် စီစဉ်နေခြင်းများကို အမြန်ဆုံးရပ်တန့်ပေးရန် ပြင်းထန်စွာ တောင်းဆိုထားသည်။

#KTM
#HlaingInfo
👍6012😁5🔥4🥰1
နေပြည်တော် စစ်ရုံးနှင့် ဝန်ကြီးဌာနအချို့တွင် သတင်းပေါက်ကြားမှုကို အရေးယူရန်အတွက် Non-CDM ဝန်ထမ်းများ၏ ဖုန်းနှင့် ကွန်ပျူတာများကို MAC Address မှတ်ပုံတင်ခိုင်းပြီး စောင့်ကြည့်နေ

မေလ ၁၄ ရက်

နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အချို့သော ဝန်ကြီးဌာနရုံးများတွင် အရာရှိများနှင့် ဝန်ထမ်းများ၏ ကိုယ်ပိုင်လက် ကိုင်ဖုန်းများ၊ ကွန်ပျူတာများမှတစ်ဆင့် သတင်းပေါက်ကြားမှုကို ထိန်းချုပ်ရန်အတွက် စက်ပစ္စည်းတစ်ခုချင်းစီ၏ Media Access Control- MAC Address များကို မဖြစ်မနေ မှတ်ပုံတင်ခိုင်းကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောကြားသည်။

စစ်တပ်က ဝန်ကြီးဌာနအတွင်း ရုံးတွင်းလျှို့ဝှက်ချက်များနှင့် သတင်းအချက်အလက်များ အပြင်သို့ ပေါက်ကြားမှုကို ဟန့်တားရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ထိန်းချုပ်မှုများကို တိုးမြှင့်လုပ်ဆောင်လာခြင်း ဖြစ်သည်။ Non-CDM အရာရှိနှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ ကွန်ပျူတာ၊ ဖုန်း စက်ပစ္စည်း (Hardware) အမှတ်အသားဖြစ်သည့် MAC Address ကို စနစ်အတွင်း မှတ်ပုံတင်ခိုင်းခြင်းဖြင့် ဝန်ထမ်းများ၏ အင်တာနက် အသုံးပြုမှုများကို စောင့်ကြည့်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

မိုဘိုင်းလ်ဖုန်း နှင့်ကွန်ပျူတာများ၏ Media Access Control- MAC Address သည် စက်ပစ္စည်းတစ်ခု၏ "လက်ဗွေရာ" သို့မဟုတ် "စက်မှတ်ပုံတင်နံပါတ်" ဖြစ်ပြီး ပြောင်းလဲ၍မရသောကြောင့် ဘယ်သူ့ဖုန်း၊ ဘယ်သူ့ကွန်ပျူတာက ဘာလုပ်နေသည်ဆိုသည်ကို တိတိကျကျ ခွဲခြားသိမြင်နိုင်သည်။

နေပြည်တော်စစ်ရုံးနှင့် ဝန်ကြီးဌာန ရုံးများ၏ Wi-Fi သို့မဟုတ် Network ကို အသုံးပြု၍ အင်တာနက်ကြည့်ရှုခြင်း၊ ဖိုင်များပေးပို့ခြင်းနှင့် လူမှုကွန်ရက်အသုံးပြုခြင်းများကို အဆိုပါ MAC Address မှတစ်ဆင့် ဘယ်အချိန်၊ ဘယ်နေရာကနေ ဘာတွေလုပ်နေသည်ဆိုသည်ကို Firewall စနစ်များဖြင့် ၂၄ နာရီပတ်လုံး စောင့်ကြည့်မှတ်တမ်းတင်ထားနိုင်သည်။

စစ်ရုံးနှင့် ဝန်ကြီးဌာနရုံးပရဝဏ်အတွင်းရှိ Network ချိတ်ဆက်မှုများမှတစ်ဆင့် အဆိုပါ အရာရှိ သို့မဟုတ် ဝန်ထမ်းသည် ရုံး၏ ဘယ်နေရာတွင် ရှိနေသည်ဆိုသည်ကိုပါ ခြေရာခံနိုင်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ MAC Address မှတ်ပုံတင်ခိုင်းခြင်းသည် ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှု (Privacy) ကို စစ်တပ်က တိုက်ရိုက်ထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး၊ သတင်းပေါက်ကြားမှုအား အကြောင်းပြကာ ဝန်ထမ်းများ၏ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် လှုပ်ရှားသွားလာမှုများကိုပါ စောင့်ကြည့်ခံနေရသည့်အတွက် ဝန်ထမ်းများကြားတွင် စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြသည်။

MAC Address (Media Access Control Address) ဆိုသည်မှာ အင်တာနက်ချိတ်ဆက်နိုင်သည့် စက်ပစ္စည်းတိုင်း (Phone, Laptop, Desktop) တွင် ထုတ်လုပ်ကတည်းက ပါရှိလာသည့် ၁၂ လုံးပါ အက္ခရာနှင့် ဂဏန်းများဖြင့် ဖွဲ့စည်းထားသော သီးသန့်အမှတ်အသား ဖြစ်သည်။ IP Address ကဲ့သို့ ပြောင်းလဲခြင်း မရှိဘဲ Hardware ထဲတွင် အသေပါလာခြင်းကြောင့် စက်ပစ္စည်းတစ်ခုကို ခြေရာခံရာတွင် အတိကျဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။

ယခုအခါ စစ်ကောင်စီသည် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကို အသုံးပြု၍ နေပြည်တော်ရှိ အဓိကရုံးစိုက်ရာ နေရာများတွင် ဤစောင့်ကြည့်စနစ်ကို အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး၊ စည်းကမ်းဖောက်ဖျက်သူ သို့မဟုတ် သတင်းပေးပို့သူများကို ထို MAC Address အထောက်အထားများမှတစ်ဆင့် ပြင်းပြင်းထန်ထန် အရေးယူရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

#KTM
#HlaingInfo
😁56🔥65👏2🤬1😢1
စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်က တနိုင်းရေကြည်ချောင်းဒေသခံတွေကို နေရာမရွှေ့
ပြောင်းရင် အိမ်တွေ မီးရှို့မယ်လို့ ခြိမ်းခြောက်

မေလ ၁၄ ရက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ဟူးကောင်းဒေသမှာတပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ပြည်
သူ့စစ် ပူးပေါင်းတပ်ဖွဲ့က ရေကြည်ချောင်းဒေသခံ ပြည်သူတွေကို နေရာရွှေ့ပြောင်းခိုင်းနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က  မေလ ၁၃ရက်မှာ သတင်းဖော်ပြပါတယ်။

ဟူးခေါင်းဒေသမှာ တပ်စွဲနေရာယူနေတဲ့ ပြည်သူ့
စစ်တပ်ဖွဲ့ဝင်တွေက မေလ ၉ရက်ကစပြီး ရောကြည်ချောင်းနဲ့ ပေါက်၀ ဘက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေကို အဓမ္မ နေရာ ရွှေ့ပြောင်းခိုင်းနေတာလို့ ဆိုပါတယ်။

ဒေသတွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေဟာ ကချင် လွတ်လပ်ရေးတပ်
မတော်(KIA)နဲ့ တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားနေတာကြောင့် ပြည်သူတွေနေထိုင်ရာ ဒေသတွေမှာ တပ်စွဲလိုတာကြောင့်  ပြည်သူတွေကို အတင်းအဓမ္မ နေရာပြောင်းရွှေဖို့ ခိုင်းစေနေတာဖြစ်ပြီး မပြောင်းရွှေ့ရင် နေအိမ်တွေ မီးရှို့ဖျက်ဆီးမယ်လို့ ပြောဆိုနေကြတယ်လို့ KIA ရဲ့ သတင်းဖော်ပြချက်မှာ ပါရှိပါတယ်။

အဲဒီဒေသဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်မဟာ(၂)နယ်မြေဖြစ်ပြီးစစ်တပ်လက်
အောက်ခံ   မင်းဇေသန့်ဦးဆောင်တဲ့  ဝါရာဇွပ်ပြည်သူ့စစ်နဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။

ဧပြီတတိယပတ်မှာKIAပူးပေါင်းတပ်ဟာဝါရာဇွပ်ပြည်သူ့စစ်စခန်းတွေကိုထိုးစစ်ဆင်ခဲ့ပြီးအွယ်လောနဲ့ ခလောင့်ကောင့်နေရာ ၂ခုကို သိမ်းပိုက်ခဲ့ပါတယ်။

ရွှေမှော်၊ ပယင်းမှော်တွေ ရှိတဲ့ တနိုင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တို့က ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ရေးလှုပ်ရှား ထိုး
စစ်ဆင်လို့  တိုက်ပွဲတွေဖြစ်ပွားနေပြီး KIA စခန်းအချို့ကို ပြည်သူ့စစ်တွေက သိမ်းပိုက်တာ၊ ပြည်
သူ့စစ်စခန်းတွေကို KIAက ပြန်သိမ်းပိုက်တာစတဲ့ အပြန်အလှန် စခန်းသိမ်းဖြစ်စဉ်အချို့လည်းရှိခဲ့ပါတယ်။

(အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ။)ဓာတ်ပုံ - ဝါရာဇွပ်ပြည်သူ့စစ်
#LNO
#HlaingInfo
🤬606👍1👎1👏1😢1