Hlaing Info
53.9K subscribers
142K photos
5.89K videos
5 files
14.1K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
စစ်အာဏာသိမ်း (၁၉၂၃)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၂၈) ဦးအထိရှိလာ

မေလ ၉ ရက်

AAPP ရဲ့ မေ၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၂၃) ရက်အတွင်း ပြည်သူ (၈၀၂၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၉၅၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာသူကတော့ (၈၈၇၉)ဦး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

ကိုးကား - AAPP
#TLT
#HlaingInfo
🤬38🔥6😢41
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အချုပ် ပြောင်းရွှေ့တာကို အင်ဒိုနီးရှား ကြိုဆို

မေလ ၉ ရက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အချုပ်သို့ ပြောင်း ရွှေ့လိုက်တဲ့အပေါ် အင်ဒိုနီးရှားအစိုးရက ကြိုဆိုလိုက်ပြီး ဒါဟာ ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ အလားအလာတစ်ခုလို့ မှတ်ချက်ပေးပါတယ်။

ကြာသပတေးနေ့က ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက အခုလို ပြောကြားခဲ့တာပါ။

“နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ် ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းတွေဟာ ကောင်းမွန်တဲ့ အပြုအမူတစ်ခုဖြစ်သလို အပြုသဘော ဆောင်တဲ့ လမ်းစတစ်ခုဆီကို ဦးတည်နေတဲ့ တိုးတက်မှုပဲ ဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

စစ်အုပ်စုအနေနဲ့ သက်ဆိုင်သူတွေအားလုံးနဲ့ ဆက်သွယ်ညှိနှိုင်းဖို့ ကြိုးစားနေတာကိုလည်း အင် ဒိုနီးရှားဘက်က ကောင်းမွန်တဲ့ ဖြစ်ထွန်းမှုတစ်ခုအဖြစ် ရှုမြင်တယ်လို့ သူက ဆိုပါတယ်။

မြန်မာစစ်အုပ်စုအနေနဲ့ တည်ငြိမ်မှုတွေ ပြန်ရလာဖို့၊ အကြမ်းဖက်မှုတွေ လျော့ကျဖို့နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ချောချောမွေ့မွေ့ ရောက်ရှိနိုင်ဖို့အတွက် အာဆီယံနိုင်ငံတွေနဲ့ လက် တွဲ လုပ်ဆောင်တာကို မြင်တွေ့ချင်တယ်လို့ ဆူဂီယိုနိုက ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာလာဇာရိုက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်မှု အခြေအနေတွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီး တွေကို ရှင်းလင်းသွားမယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုဟာ အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသူပါ။

ဖိလစ်ပိုင်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ် ပြောင်းရွှေ့လိုက်ပြီးနောက် မှာ ထရီဆာလာဇာရိုနဲ့ ခဏတာ တွေ့ဆုံခွင့်ပေးဖို့ မြန်မာစစ်အုပ်စုကို တောင်းဆိုထားတယ်လို့ သိရပါ တယ်။

ကိုးကား - Jakarta Globe
Ref; Indonesia Welcomes Myanmar Ex-Leader’s Move to House Arrest

#AYAT
#HlaingInfo
44👍16🔥6
ဘီးလင်း၊ ဘားအံနှင့် ကျောက်တော်မြို့တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြငးကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၄ ဦးသေဆုံး၊ စာသင်ကျောင်း၊ နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများပျက်စီး

မေလ ၉ ရက်

ကရင်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေ ကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့ရာ အသက် ၈၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၂၇ လုံးကျော်နှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဧပြီလအတွင်း အကြမ်းဖက်စစ်တပ်သည် ဘီးလင်းနှင့် ဘားအံမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်ခဲ့ကြောင်း၊ ဧပြီလ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ Y-12 လေယာဉ်များ၊ ဂျက်ဖိုက်တာများနှင့် စက်တပ်လေထီးများ အသုံးပြုကာ ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်ရွာ၊ ဝင်းတာပန်အထက်ရွာနှင့် မြစ်ကျိုးကျေးရွာအုပ်စုရှိ ကျောက်ဖျာရွာတို့ကို အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၉ ရက်နေ့ ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်ရွာ၊ ဝင်းတာပန်အထက်ရွာနှင့် မြစ်ကျိုးကျေးရွာအုပ်စုရှိ ကျောက်ဖျာရွာတို့ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုအတွင်း နေအိမ် ၂ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်းမုခ်ဝ၊ ဓမ္မာရုံ ၁ လုံး၊ စက်သုံးဆီဆိုင်နှင့် သင်္ချိုင်းကုန်းဇရပ် ၁ လုံး ပျက်စီးခဲ့ပြီး နွား ၅ ကောင် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဧပြီလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်မှုများအတွင်း ကျောက်ဖျာရွာရှိ နေအိမ် ၁၁ လုံးနှင့် ဝင်းတာပန်ရွာ၊ ဝင်းတာပန်အထက်ရွာတို့ရှိ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၃ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဝင်းတာပန်ရွာရှိ နေအိမ် ၉ လုံး ထပ်မံထိခိုက်ပျက်စီးခဲ့ပြီး ဧပြီ ၂၅ ရက်နေ့တွင်လည်း ဘီးလင်းမြို့နယ်အတွင်းရှိ ပြည်သူ့လုပ်ငန်းခွင်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ဧပြီလ ၂၇ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုအပြင် ၎င်းတို့စစ်တပ်၏ စစ်ကူများ ဝင်းတာပန်ရွာသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ ဧပြီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ စက်တပ်လေထီးများနှင့် လေယာဉ်များဖြင့် ဆက်လက်တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရပြီး စာရင်းအတိအကျကို ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၇ ရက်နေ့တွင် ဘားအံမြို့နယ်၊ ထီးကျော်ခီးရွာအနီးသို့ အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၈၈ နှစ်အရွယ် ဒေသခံအမျိုးသမီး ဖီးသိန်းမေ လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဧပြီလ ၁၆ ရက်နေ့က ဗုံးကျဲတိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးသည့် ၁၂၀ မမ ကျည် ၂ လုံးကိုလည်း ဧပြီလ ၂၁ ရက်နေ့တွင် ဘန့်ဘွေးကုန်းရွာအနီးရှိ ခြံနှင့် လယ်မြေများတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

အလားတူ မေလ  ရက်နေ့ တစ်ရက်တည်း စစ်တပ်က ရခိုင်ပြည်၊  မင်းပြားနှင့် ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် အကျဉ်းထောင်တို့ ကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု  ၂ ကြိမ်တိုင်  ပြုလုပ်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

မေလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် ရခိုင်ပြည်၊  မင်းပြားမြိုနယ်၊ ကျောက်ခုတ်ကျေးရွာ အရှေ့တောင်ဘက်ရှိ ကင်းမွန်ချောင်းဂျိုင်နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိကျေးရွာများကို စစ်တပ်က တိုက်လေယာဉ်များဖြင့်  မိနစ် ၄၀ ခန့်ကြာသည်အထိ တရစပ် မရပ်မနားဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုအတူ မေလ ၇  ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်တပ်က ကျောက်တော် မြို့နယ်၊ သုံးခွအနီးပတ်ဝန်းကျင်သို့လည်း ဂျက်ဖိုက်တာ ၄ စီးဖြင့် ည ၁၀ နာရီခန့်မှ  ည ၁၀ နာရီ ၂၅ မိနစ်အထိ ပေါင် ၅၀၀ ဗုံး ၈ လုံးဖြင့် လာရောက်ပစ် ခတ်တိုက်ခိုက်ခဲ့သည့်အပြင်  ယင်းနေ့  ည ၁၀ နာရီ ၂၈ မိနစ်အချိန်တွင်လည်း Y-12 ထောက်ပို့လေယာဉ် ၂ စီးမှ Cluster Boombအမျိုးအစား ၂၄ လုံးခန့်လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုဖြစ်စဉ်များကြောင့် အရပ်သားပြည်သူ ၁ ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း ၁ ဦး၊ ကလေး ၁ ဦး သေဆုံးခဲ့ပြီး ပြင်းထန်နှင့်အလတ်စားဒဏ်ရာရသူ ၁၀ ဦးခန့်လည်းရှိခဲ့ကြောင်း၊ ယင်းအပြင် နွား ၇ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
🤬572😢2👏1😁1
ရန်သူကို နိုင်အောင်တိုက်မယ့် တိုက်ပွဲဝင်စိတ်နဲ့ ရှေ့ဆက်သွားမယ့် နှစ် ၉၀ ပြည့် ဗကသ

မေလ ၉ ရက်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ မိတ်ဆွေတွေကြားက ပဋိပက္ခတွေ၊ အဆင်မပြေတာတွေကို ဆက်လက်သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ့် တိုက်ပွဲဝင်စိတ်နဲ့ ရှေ့ဆက်သွားမယ်လို့ မေ ၈ ရက်မှာ ကျရောက်တဲ့ နှစ် (၉၀) ပြည့်အထိမ်းအမှတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

“အခုလို နှစ် (၉၀) ပြည့် အချိန်မှာတော့ အဲဒီအဆင်မပြေမှုတွေနဲ့ မကျေလည်မှုတွေအားလုံးကို ချန်ထားခဲ့ချင်ပါပြီ။ ဗကသများအဖွဲ့ချုပ်အနေနဲ့ အမှားအယွင်းတွေရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ သက်ဆိုင်သူအားလုံးကို လေးလေးနက်နက် တောင်းပန်အပ်ပါတယ်။ ဗကသများအဖွဲ့ချုပ်အပေါ်ရှိတဲ့ အမှားအယွင်းတွေ အားလုံးကိုလည်း ခွင့်လွှတ်ပြီး ချန်ထားခဲ့ပါပြီ။ မိတ်ဆွေတွေကြား ပဋိပက္ခတွေ အဆင်မပြေတာတွေကို ဆက်လက် သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ်ဆိုတဲ့ တိုက်ပွဲဝင်စိတ်ကိုပဲ ဗကသရဲ့ မျိုးဆက်သစ်အားလုံးကို လက်ဆင့်ကမ်းခဲ့ချင်ပါတယ်။ လက်ရှိအချိန်မှာ တော်လှန်ရေးအင်အားစု အားလုံးအနေနဲ့လည်း ဒီလိုညီညွတ်ရေးစိတ်ဓာတ်နဲ့ ပြင်ဆင်စုစည်းနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖြတ်သန်းခဲ့ရတဲ့ နှစ် ၉၀ ကာလမှာ မြန်မာပြည်ရဲ့ ပြင်းထန်လွန်းတဲ့ တော်လှန်ရေးအခြေအနေနဲ့ သူတို့ရဲ့ မရင့်ကျက်မှုတွေကြောင့် တော်လှန်ရေးတာဝန်တွေလုပ်ဆောင်ရင်း မိတ်ဖက်အဖွဲ့အစည်းတွေ ခေတ်ပြိုင်အဖွဲ့အစည်းတွေ လူထုလူတန်းစားအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကြားမှာ အထိအရှတွေ၊ ပွတ်တိုက်မှုတွေ၊ အားပြိုင်မှုတွေနဲ့ မကျေလည်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

"အဖွဲ့အစည်းတခုအနေနဲ့ ပေးဆပ်စွန့်လွှတ်ရမှုတွေနဲ့ ရထားတဲ့ ဒဏ်ရာတွေက များတယ်ဆိုပေမဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံတော်သစ်တရပ် ဖြစ်ထွန်းပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတဲ့အတွက် တာဝန်မကျေသေးဘူးလို့ပဲ ခံယူပါတယ်။" လို့ ဗကသအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

အဖွဲ့ချုပ်‌အနေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အဲဒီအတွက် ဘယ်လို စွန့်လွှတ်ပေးဆပ်ရမှုမျိုးမဆို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားဖို့ အသင့်ဖြစ်နေတယ်လို့လည်းဆိုပါတယ်။

"ဗကသများအဖွဲ့ချုပ်ရဲ့ အလံတော်ကို တမိနစ်၊ တစက္ကန့် သယ်ဆောင်ခဲ့သူကအစ ဘဝတလျှောက်လုံး သယ်ဆောင်ခဲ့သူအလယ် ကျဆုံးကွယ်လွန်ပြီးချိန် ဘဝတွေ၊ အမည်နာမတွေ၊ ဂုဏ်သိက္ခာတွေနဲ့ ဆက်လက်သယ်ဆောင်သူများအဆုံး ရဲဘော်များအားလုံးရဲ့ ဂုဏ်ကျေးဇူးကို အလေးအမြတ် ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။ အဲဒီ ရဲဘော်တွေမရှိဘဲ ဗကသများအဖွဲ့ချုပ်ဆိုတာ မရှိနိုင်လို့ပါပဲ။" လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

(ဗကသများအဖွဲ့ချုပ် နှစ် (၉၀)ပြည့်နဲ့ မျိုးဆက်ဟောင်းတွေ့ဆုံပွဲကို နယ်စပ်မြို့တနေရာမှာ ပြုလုပ်စဉ်။ ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်)
#LNO
#HlaingInfo
👍61🔥43😁2
မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးကို မုဒိမ်းကျင့်သူနှစ်ဦးအား AA ဖမ်းဆီး

မေလ ၉ ရက်

မွေးရာပါ ပိုလီယိုရောဂါသည် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးကို အာရက္ခတပ်တော်(AA) ကဖမ်းဆီးထားတယ်လို့ သတင်းရရှိပါတယ်။

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကြွီချိုင်ကျေးရွာမှာ မေလ ၁ ရက်က အသက် ၂၅ နှစ်အရွယ် မွေးရာပါ ပိုလီယို ရောဂါ ခံစားနေရသူ အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေ ငအောင် (၃၇)နှစ် နဲ့ စည်သူဝင်း(၃၈)နှစ် တို့ မုဒိမ်းကျင့်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကလေးမလေးက စိတ်မကောင်းဖြစ်တဲ့အချိန်တွေမှာ ဒီအကြောင်းကို ပြောပြောနေတဲ့အတွက် ရပ်ရွာလူကြီးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ကလူတွေတိုင်ပင်ပြီး တိုက်နယ်ကိုအကြောင်းကြားပြီး ဖမ်းဆီးထားလိုက်ကြတာ"လို့ ပြောပါတယ်။

ကျူးလွန်သူနှစ်ဦးစလုံးကို အာရက္ခတပ်တော်(AA) က ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်က ပေါက်တောမြို့နယ်၊ ဖဒူချေကျေးရွာမှ အသက်(၈)နှစ် အရွယ် မိန်းကလေးငယ် တစ်ဦး မုဒိမ်းကျင့်ခံခဲ့ရပြီး မတ် ၁၆ ရက်ကလည်း မောင်တောမြို့နယ်၊ အောင်သုခကျေးရွာမှာ အသက် (၃)နှစ် အရွယ်မိန်းခလေးငယ်တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်တွေ အပါအဝင် ၂၀၂၆ ဇန်နဝါရီမှ မေလ ၁ ရက်နေ့အထိ ရခိုင်မှာ သက်ငယ်မုဒိမ်းမှု ၇ မှုထက်မနည်း ရှိလာခဲ့ပါတယ်။

တရားခံတွေကို AA ရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီး အရေး ယူမှုများ ဆက်တိုက်ရှိနေပေမဲ့လည်း ဒေသခံတွေ အကြားစိုးရိမ် ထိတ်လန့်မှုတွေ မြင့်တက်နေပြီး မုဒိမ်းမှုတွေ နောက်ထပ်မဖြစ်ပေါ်လာရဲအောင် ကျူးလွန်သူတွေကို သေဒဏ်ထိ အရေးယူမှုပြုလုပ်ဖို့ ရခိုင် ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

#NJ
#HlaingInfo
🤬63👍8🔥21👏1😢1
ပညာရေးဝန်ကြီးဌာနမှ ဦးစီးအရာရှိက ဆရာ၊ ဆရာမတွေကို အပြောင်းအရွှေ့လုပ်ပေးမယ်လို့ဆိုကာ ငွေကျပ်သိန်း ၁၀၀ ကျော် လိမ်လည်ထား

မေလ ၉ ရက်

နေပြည်တော်၊ ရုံးအမှတ် (၁၃) ပညာရေး၀န်ကြီးဌာန၊ ပညာ/ကျန်းမာဌာနမှ ဦးစီးအရာရှိ ဒေါ်သီရိဝင်းအောင်ဟာ အခြေခံပညာ ဆရာ၊ဆရာမတွေကို အပြောင်းအရွှေ့ပါအောင် လုပ်ပေးမယ်လို့ဆိုကာ တကယ်မလုပ်ပေးဘဲ ငွေကြေးတွေ လိမ်လည်ထားတယ်လို့ ပညာရေးဝန်ထမ်းတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။

အဆိုပါ ဦးစီးအရာရှိ ဒေါ်သီရိဝင်းအောင်ဟာ နေပြည်တော် အပါအဝင် အခြားတိုင်းနှင့် ပြည်နယ်များမှ ဆရာ၊ ဆရာမတွေကို ပစ်မှတ်ထားကာ ငွေကြေးလိမ်လည်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"သူက နေပြည်တော်‌ကောင်စီနယ်မြေ အတွင်းတင် မဟုတ်ဘူး၊ အခြား တိုင်းနဲ့ ပြည်နယ် တွေအထိ အပြောင်းပါချင်တဲ့သူတွေကို သူကအရင် စုံစမ်းဆက်သွယ်ပြီးတော့ သူလုပ်ပေးမယ်ဆိုပြီး ပိုက်ဆံတောင်းတာပါ၊ သိသလောက်ဆိုရင် လယ်ဝေးက ဆရာမတဦးဆီက ၁၈ သိန်း၊ ဒက္ခိဏက ဆရာမ တဦးဆီက ၂၅ သိန်း၊ တောင်ငူက ဆရာမ တဦးဆီက ၈ သိန်း၊ ဇမ္ဗူသီရိက ဆရာမ အဖွဲ့ထံက သိန်း ၆၀ လိမ်ထားတယ်၊ သူ့ရုံးထိကို ခေါ်ပြီး ရုံးခန်းပါပြပြီး ယုံကြည်အောင်လုပ်ပြီးမှ ပိပိရိရိ လိမ်တာခဲ့တာ၊ ပိုက်ဆံ မယူခင်က‌တော့ အပြောင်းမပါရင် ငွေပြန်ပေးမယ်လို့ ကတိခံပြီး တောင်းခဲ့တာပါ၊ တကယ်မပါတော့ ပြန်မပေးတော့ဘူး" လို့ ပညာရေးဝန်ထမ်းတဦးက မြို့တော်ကို ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနမှာ ဝန်ထမ်းအပြောင်းအရွှေ့ကို လုပ်သက်အပေါ် မူတည်ပြီး ဦးစားပေး ပြောင်းရွှေ့ပေးရတာ ဖြစ်ပေမယ့် လုပ်သက်ထက် ပိုက်ဆံပေးနိုင်တဲ့သူက အပြောင်းအရွှေ့တွေမှာ ပါနေတယ်လို့ သိရပါတယ်။

"ဒီမှာက လူကြီး အဆက်အနွယ်တွေနဲ့ ပိုက်ဆံရှိ အသိုင်းအဝိုင်းတွေပဲ မြို့ပေါ်ကျောင်းကို ရောက်ပါတယ်၊ ဆရာမ တာဝန် စထမ်းဆောင်ချိန်မှာ‌ မကောင်းတဲ့ ကျောင်းကို ရောက်နေလည်း ပိုက်ဆံပေးနိုင်ရင် ချက်ချင်း အပြောင်းထွက်ပေးပါတယ်၊ တိုက်ပွဲရှောင်တွေက ပိုက်ဆံ ရာနဲ့ချီ ပေးပြီး နေပြည်တော် မြို့ပေါ်ကျောင်းတွေ ရောက်နေတဲ့အချိန်မှာ နေပြည်တော် ဇာတိတွေက ကိုယ်အိမ်နဲ့ နီးတဲ့နေရာမှာ တာဝန်မကျဘဲ ဝေးလံတဲ့ ရွာတွေမှာ တာဝန်ထမ်းဆောင်နေရတယ်" လို့ ပညာရေးဝန်ထမ်းတဦးက မြို့တော်ကို ပြောပါတယ်။

ဦးစီးအရာရှိ ဒေါ်သီရိအောင်ဝင်းဟာ ဌာနကင်းကွာ ဖြစ်နေတဲ့ သူတွေကိုလည်း အလုပ်ပြန်ဝင်ချင်ရင် Black List ဖျက်ပေးမယ်ဆိုပြီး ပိုက်ဆံ‌တောင်းတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို အပြောင်းအရွှေ့ မမျှတမှုတွေကြောင့် ဝန်ထမ်းတွေရဲ့ ချွေးနည်းစာတွေ လိမ်လည်ခံနေရတဲ့အပေါ် ပညာရေးဝန်ကြီးဌာန အနေနဲ့ ဦးစီးအရာရှိ ဒေါ်သီရိဝင်းအောင်ကို ထိရောက်စွာ အရေးယူပေးဖို့နဲ့ ဝေးလံခေါင်ဖျားဒေသမှာ အခက်အခဲကြားမှ တာဝန်ထမ်းဆောင်နေရတဲ့ ဆရာ၊ ဆရာမတွေအတွက် မျှတတဲ့ အပြောင်းအရွှေ့စနစ် ဖော်ဆောင်ပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပညာရေးဝန်ထမ်းတွေက တောင်းဆိုနေကြပါတယ်။

#Myotaw
#HlaingInfo
👏34😁257👍1😢1
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC တရားရုံးက အရေးယူခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစွဲဆိုရန် ဖိလစ်ပိုင်နိုင်ငံကို တိုက်တွန်း

မေလ ၉ ရက်

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး-ICC က အရေးယူခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစွဲဆိုရန် ဖိလစ်ပိုင်နိုင်ငံကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့်ချင်းပြည်နယ်မှ အသက်ရှင်ကျန်ရစ်သူများက တိုက်တွန်းလိုက်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစွဲရန် ဖိလစ်ပိုင် တရားရေးဝန်ကြီးဌာန (DOJ) ထံတွင် တင်ပြထားသော် လည်း ယခုအချိန်အထိ ဆိုင်းငံ့နေဆဲဖြစ်ကြောင်း၊ မင်းအောင်လှိုင်ကို တရားစွဲဆိုရန် ၂၀၂၃ ခုနှစ် ကတည်း က ရာဇဝတ်မှုတိုင်ကြားချက်ဖြင့် အမှုဖွင့်ထားသော်လည်း အမှုမှာ ဆိုင်းငံ့နေ၍ အမှုကို ရှေ့ဆက် ဆောင်ရွက်ရန် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က တိုက်တွန်းသည်။

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခရားရုံး (ICC) တွင် တရားစွဲဆိုထားမှု အပါအဝင် နိုင်ငံတကာ၏ တာဝန်ခံမှုရှိစေရန် ကြိုးပမ်းမှုများနှင့် ဆက်စပ်နေကြောင်း၊ ထို့ကြောင့် ဒူတာတေးအမှုမှာ မင်းအောင်လှိုင်ကို စွဲဆိုထားသော အမှုအတွက် တွန်းအားဖြစ်စေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

တရားလို ရှေ့နေဖြစ်သူ Romel Bagares က "သမ္မတဟောင်း ဒူတာတေးကို ICC မှာ တရားစွဲဆိုနေတာက ကျနော်တို့ရဲ့ အမှုအတွက် တွန်းအားသစ်တွေ ဖြစ်လာစေပါတယ်" ဟု ပြောကြားသည်။

မင်းအောင်လှိုင်ကို ၂၀၂၃ ခုနှစ်တွင် ချင်းပြည်နယ်မှ စစ်တပ်၏ သတ်ဖြတ်မှုများမှ အသက်ရှင်ကျန်ရစ်သူများနှင့် သေဆုံးသူများ ၏ မိသားစုဝင်များက ဖိလစ်ပိုင် တရားရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ အခြေခံဥပဒေအရ အခြားနိုင်ငံများတွင် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို အရေးယူရန် ပြဌာန်းထားသည့် ဖိလစ်ပိုင်နိုင်ငံ၏ (Universal Jurisdiction) ဆိုင်ရာ ဥပဒေကို အသုံးပြု၍ တိုင်ကြားခြင်းဖြစ်သည်။

မင်းအောင်လှိုင်ကို အမှုဖွင့်ထားသော တရားလိုများ တင်ပြထားသည့် သက်သေများထဲတွင် ၂၀၂၁ ခုနှစ်၊ စက် တင်ဘာလအတွင်း ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ပါစတာကျုံးဗျက်ဟမ် (Pastor Cung Biak Hum) ဖြစ်စဉ်လည်း ပါဝင်သည်။ ၎င်းသည် စစ်တပ်၏ စစ်ဆင်ရေးအတွင်း လောင် ကျွမ်းနေသည့် မီးများကို ငြှိမ်းသတ်ရန် ကြိုး ပမ်းနေစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

ဖိလစ်ပိုင်သမ္မတ မားကို့စ်၏ အစိုးရအနေဖြင့် နိုင်ငံတကာ တာဝန်ခံမှုရှိစေရေး လုပ်ငန်းစဉ်များကို ထောက်ခံပေးရန် ယုံကြည်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ တာဝန်ရှိသူက ပြောကြားသည်။

လက်ရှိတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစွဲဆိုထားမှုများမှာ အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ တီမောလက်စတေးနှင့် တူရကီနိုင်ငံတို့တွင်လည်း အမှုဖွင့်ထားသည်။

#KTM
#HlaingInfo
56👍24😁5🔥2👎1
16 MAY 2026 ထွက်မည့်ဘတ် ၆ / ၁၂ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/

🍀 ဘတ် ၆ သန်း ထီနံပါတ်များ - ⤵️


112800
074504
460005
230406
731108
267512
673214
142115
325318
167322
557626
441030

205834
441938
807041
306343

884846
326350
576651
518857
980459
730160

229462
008765
787966
537667
114571
845772
595473
345174
345475
595776
035877
903678
402980
287581
711085
460786
229787
480088
768991
422294


🌻 ဘတ် 12 သန်း ထီလက်မှတ်များ 🌻

117677
921200
848601
053902
388503
159504
836205 တစောင်ကျန်
933706
137607
008908
193710

310114
666015

873817
643718
413619
206220

958822
728823
113825
725926
956027
813828
583829
410830
640931
870932
898933
668834
555836
097437
984038
753939
156240
700842 တစ်စောင်ကျန်
608945
240446
845848
187250
339151
530652
231253
990854
278955
147156
340458
115459
864160
634161
404062
950563
820664
274065
505568 တစ်စောင်ကျန်
735569
965670
574272
055073
650574
880575
889376
659277 တစောင်ကျန်
429278
565479
795580
316581 တစောင်ကျန်
078782
159483
048684
074485
829487
599388
159590

914592
321393
454394
176495
770396
999597
241098
061399

📱 ဆက်သွယ်ဝယ်ယူရန် 📱

- https://t.me/pyithuaungpwel

- https://t.me/infoAthlaing

Viber ☎️ +66991894319

#ThaiLottery
#HlaingInfo
27👍12🔥1
ရာထူးနှင့်ဥစ္စာ လုပ်ယူ၍ မရဟု တပ်ချုပ်သစ် ပြော

မေလ ၉ ရက်

ရာထူးနှင့်ဥစ္စာသည် လုပ်ယူ၍ မရဘဲ မိမိ၏လုပ်ဆောင်မှု၊ ကြိုးစားအားထုတ်မှုနှင့် ကိုက်ညီသော အခြေအနေကိုသာ ရရှိနိုင် သည်ဟု ယမန်နေ့က ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဇေယျာသီရိဗိမာန်၌ ပြုလုပ်ခဲ့သည့် အရာရှိ၊ စစ်သည်များနှင့် တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောသည်။

ထို့ပြင် သင်တန်းကျောင်းများ၏ သင်တန်းဆင်းမှတ်ချက်နှင့် အရည်အချင်း သတ်မှတ်ချက်များ မှန်ကန်နေရန်လိုပြီး တာဝန်ပေးအပ်မှုတွင် အရေးကြီးကာ ၎င်းကွပ်ကဲနေသည့် အဖွဲ့အစည်းပေါ် သက်ရောက်မှုများရှိ၍ မှန်ကန်သော အရည်အချင်းအရ သတ်မှတ်ပေးရန်လိုသည်ဟုလည်း ဆိုသည်။

အလားတူ အုပ်ချုပ်ရေးပိုင်းတွင် ခေါင်းဆောင်မှုမကောင်းလျှင် လက်အောက်၏ ယုံကြည် အားကိုးမှု ကျဆင်း၍ တပ်တွင်းစည်းလုံးညီညွတ်မှုကို ထိခိုက်စေကြောင်း၊ အမိန့်များကို ပြီးစလွယ်ပေး၍ မရဘဲ မှန်ကန်သည့် အမိန့်ဖြစ်ရန်နှင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိရန်လိုပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုသည်ဟု ပြောသည်။

တပ်မတော်သားကောင်းဖြစ်ရန် မတော်လောဘဖြင့် ငွေကြေးဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ပတ်သက်မှုမပြုရန်နှင့် ကင်းရှင်းစွာနေထိုင်ရန်လိုကြောင်း ၎င်းက ဆိုသည်။

သို့သော်မြေပြင်တွင် တပ်ဖွဲ့ဝင်များသည် ရာထူး အာဏာအားကိုးဖြင့် ပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျမှုများ ပြုလုပ်မြဲဖြစ်ကာ တပ်တွင်း၌လည်း အထက်အောက် ဖိနှိပ် အနိုင်ကျင့်မှုများရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုထားသည်။

ပုံစာ-ဧပြီ ၂၂ ရက်က ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသူများအား သွားတွေ့သော တပ်ချုပ်/CINCDS

#TIR
#HlaingInfo
😁818
ဖောင်းပြင်မြို့နယ်၊ မင်းယားစံပြရွာနှင့် နောင်ရင်းရွာကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်များ ပျက်စီး

မေလ ၉ ရက်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ မင်းယားစံပြရွာနှင့် နောင်ရင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်တွင် ဖောင်းပြင်မြို့နယ်၊ မင်းယားစံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ မင်းယားစံပြရွာမှ အသက် ၇၈ နှစ်အရွယ် ဒေါ်မယ်စိန်နှင့် အသက် ၇၅ နှစ်အရွယ် ဒေါ်မြသိန်း တို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီထိ အကြမ်းဖက် စစ်တပ်က ဖောင်းပြင်မြို့နယ်၊ နောင်ရင်းရွာကိုလည်း ဒရုန်းများဖြင့် ၆၀ မမ ဗုံး ၆ လုံး၊ ၁၂၀ မမ ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ကျေးရွာနေ ပြည်သူ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ မင်းယားစံပြရွာက ပြည်သူ ၂ ဦးသေဆုံးပြီး နောင်ရင်းရွာက ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရတယ်။ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် အရပ်သား ပြည်သူများကို အကြောင်းမဲ့ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီး အန္တရာယ်များ သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။

#KTM
#HlaingInfo
🤬48🔥41😢1
ရုရှားတိုက်ခိုက်မည်ဖြစ်၍ ယူကရိန်း ကိယက်ဗ်မြို့က မြန်မာများ ဘေးကင်းရာသို့ ထွက်ခွာကြရန် စစ်ကောင်စီ အရေးပေါ်ထုတ်ပြန်

မေလ ၉ ရက်

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံ မြို့များကို တိုက်ခိုက်မည်ဖြစ်၍ ကိယက်ဗ်မြို့ရှိ မြန်မာနိုင်ငံသားများအနေဖြင့် ဘေးကင်းရာသို့ အချိန်မီ ထွက်ခွာကြရန် အကြမ်းဖက် စစ်ကောင်စီ၏ မော်စကိုမြို့အခြေစိုက် သရုံးက ထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံ၏ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း အထိမ်းအမှတ်နေ့ (Victory Day) တွင် ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့်အပေါ် ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း တန်ပြန်ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။

ရုရှားနှင့် ယူကရိန်းတို့မှာ အပစ်အခတ် ရပ်စဲရန် ကြေညာထားကြသော်လည်း ရုရှားနိုင်ငံ၏ အလွန်အရေးကြီးသော အောင်ပွဲ Victory Day တွင် ယူကရိန်းက တိုက်ခိုက်သွားမည်ဟု ပြောဆိုထားကြောင်း သိရသည်။

ယူကရိန်း တိုက်ခိုက်လာပါက ရုရှားနိုင်ငံကလည်း ပြန်လည် တန်ပြန်တိုက်ခိုက်မှု ပြုလုပ်သွားမည်ဟု ပြောဆိုထားသည့်အတွက် ယူကရိန်းနှင့် ရုရှားတို့မှာ စစ်ပွဲများ ပိုပြင်းထန်လာကြမည်ဖြစ်သည်။

ထို့ကြောင့် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် အချိန်မီ ဘေးကင်းရာနေရာသို့ ထွက်ခွာနိုင်ရေးအတွက် စစ်ကောင်စီ သံရုံးက ကူညီဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

ကိယက်ဗ်မြို့က မြန်မာများအနေဖြင့် ဘေးကင်းရာသို့ ထွက်ခွာလိုပါက ရုရှားနိုင်ငံ မော်စကိုမြို့အခြေစိုက် စစ်ကောင်စီသံရုံး၏ ဖုန်းနံပါတ်များနှင့် အီးမေးလ်အား ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း ပြောဆိုထားသည်။

#WN
#HlaingInfo
😁626👍2🔥2
ကော့ကရိတ်မြို့နယ်ရှိ စစ်တပ်စခန်းများကို ကိုယ်ပိုင်ထုတ်လုပ်သည့် ရော့ကတ်များဖြင့် စမ်းသပ်တိုက်ခိုက်၊ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

မေလ ၉ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အနောက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းများကို မွန်ပြည်ကာကွယ်ရေးတပ် (MSDF) က ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်ထားသည့် ရော့ကတ် (Rocket) များဖြင့် စမ်းသပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလအတွင်း ကော့ကရိတ်မြို့နယ်အနောက်ခြမ်းရှိ စစ်ကောင်စီတပ်များကို ပစ်မှတ်ထား၍ ကိုယ်ပိုင်ထုတ်လုပ်ထားသော ရော့ကတ်များဖြင့် ၁၁ ကြိမ်တိုင်တိုင် စမ်းသပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု သိရှိရသည်။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ တာဝန်ရှိသူက  "ကျနော်တို့ MSDF အနေနဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်ရေးလုပ်ငန်းတွေကို ကြိုးစားလုပ်ဆောင်နေပါတယ်။ ရလာတဲ့ Rocket တွေကို အသုံးပြုပြီး အကြမ်း ဖက်စစ်တပ်စခန်းတွေကို ပစ်မှတ်ထားကာ စစ်ဆင်ရေး မစ်ရှင်တွေကို အခွင့်အရေးရရင် ရသလို ဖော်ဆောင်နေပါတယ်။ ရှေ့ဆက်ပြီးလည်း လုပ်ဆောင်နေတာရှိပါတယ်။ အဲဒီလိုဖော်ဆောင်တဲ့ မစ်ရှင်တွေမှာ အတွင်းသတင်းအရ ထိခိုက်တွေရှိတယ်လို့ သတင်းရထားပါတယ်"ဟု ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ Reapper GALON Column နှင့် ပူးတွဲကာ ရော့ကတ်ထုတ်လုပ်ရေးနှင့် ပစ်ခတ်တိုက်ခိုက်ရေး နည်းပညာများကို သွားရောက်သင်ယူခဲ့ခြင်းဖြစ်သည်။ အဆိုပါနည်းပညာများကို အခြေခံ၍ လက်တွေ့လေ့ကျင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#KTM
#HlaingInfo
52👍19😁2
တီးတိန်မြို့ထဲကို စစ်ကောင်စီတပ်အင်အား ၆၀၀ လောက် ဝင်ရောက်နေရာယူ

မေလ ၉ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်ကို မေလ ၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀၀ ဝန်းကျင်လောက်ဟာ တပ်ကုန်းကို အင်အားဖြည့်ဖို့ ဝင်ရောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၈ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ တက်လာတဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တီးတိန်မြို့အဝင် ကြိုဆိုပါ၏ ကို ရောက်လာတာလို့ ဆိုပါတယ်။

"ကနေဒီတောင်ဘက်မှာ တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်တပ်တွေ မြို့ထဲဝင်လာတာပါ။ အင်အားတော်တော်များတယ်၊ မြို့ထဲက တပ်ကုန်းကို အင်အားသွားဖြည့်တာပါ" လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

မေ ၁ ရက်နေ့ကတည်း တီးတိန်မြို့ဘက်ကို တက်လာတဲ့ ဒီစစ်ကြောင်းဟာ မေ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ချင်းတော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ချင်းညီနောင်ပူးပေါင်းတပ်တွေက အတတ်နိုင်ဆုံး ခုခံတားဆီးခဲ့ပေမယ့် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ရှိန်မြှင့်ပြီး တက်လာတာကြောင့် ကနေဒီတောင်ကို လက်လွတ်ခဲ့ရပြီး အခုလို မြို့ထဲအထိ ရောက်လာတာဖြစ်ပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီတပ်တွေဟာ တီးတိန်မြို့ထဲမှာ ဝင်ရောက်နေရာယူထားပြီဖြစ်လို့ မြို့ခံတွေလည်း စိုးရိမ်တကြီး စောင့်ကြည့်နေကြရပါတယ်။

မြို့သိမ်းတိုက်ပွဲ ဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် တီးတိန်မြို့က ဒေသခံအများစုဟာ အိန္ဒိယနယ်စပ်နဲ့ ကလေးမြို့ဘက်မှာ တိမ်းရှောင်နေကြပါတယ်။

ဓာတ်ပုံ- လူမှုကွန်ယက်
#ZL
#HlaingInfo
🤬605👎2😁1😢1
ရွှေဘိုနှင့် ကနီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းများဖြင့် လေကြောင်းတိုက်ခိုက်၊ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

မေလ ၉ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ကနီမြို့နယ်တို့ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းများဖြင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ဒေသပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၈ ရက်နေ့ ညနေ ၆ နာရီ ၃၄ မိနစ်နှင့် ညနေ ၆ နာရီ ၄၂ မိနစ်ခန့်တွင် ရွှေဘိုမြို့ပေါ်ရှိ လေ့ကျင့်ရေး ၈ တပ်ရင်းမှ လွှတ်တင်လိုက်သည့် အသေခံဒရုန်း (Suicide Drone) ၂ စီးဖြင့် ရွှေဘိုမြို့နယ် အနောက်တောင်ခြမ်းရှိ နေရာတစ်ခုကို ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု အခြေအနေများကိုမူ အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

ဒေသပြည်သူတစ်ဦးက "စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တာပါ။ ဗုံး ၂ လုံးကျဲသွားတာပါ။ ပြည်သူများ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ် ပျက်စီးတာမျိုးကို ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ ရွှေဘိုခွေးခြံတွေကနေ suicide drone တွေ နေ့တိုင်းလွှတ်ပြီး AS လုပ်နေတယ်။ ပြည်သူများအနေဖြင့် စစ်ကြောင်းနဲ့ လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ဖို့ ပြောချင်ပါတယ်" ဟု ပြောဆိုသည်။

ထို့ပြင် ဧပြီလ ၂၁ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် အနောက်ခြမ်း ဇင်ကြီးကုန်းပေါ်သို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ပြည်သူ ၃ ဦး ဒဏ်ရာရကာ နေအိမ် ၁ လုံး ပျက်စီးခဲ့ဖူးကြောင်း သိရသည်။

အလားတူ ကနီမြို့နယ် အနောက်မြောက်ခြမ်းရှိ နေရာတစ်ခုကိုလည်း အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ လွှတ်တင်လိုက်သော အသေခံဒရုန်း ၄ စီးဖြင့် မေလ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့သည်။

" မေလ ၈ ရက်နေ့နဲ့ မေလ ၉ ရက်နေ့ စစ်ခွေးတွေက ကနီမြို့နယ် အနောက်ခြမ်း တစ်နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အထိအခိုက်တော့ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေဆဲပါ။ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်။ေ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကနီမြို့နယ်တွင် မေလ ၇ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဝင်းမနားဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး အဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများသည် လက်ရှိတွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီ၏ စစ်ကြောင်းနှင့် လေကြောင်းအန္တရာယ်ကို သတိပြုနေထိုင်နေကြရကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM
#HlaingInfo
🤬563😢3🔥2
နယူးဇီလန်နိုင်ငံ၊ အောက်ကလန်မြို့တွင် Proof Of Life Campaign လှုပ်ရှားမှု ပြုလုပ်

မေလ ၉ ရက်

နယူးဇီလန်နိုင်ငံ၊ အောက်ကလန်မြို့တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများ ပူးပေါင်း၍ ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိနေ‌ကြောင်း သက်သေပြရန် ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အဆိုပါ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြွေးကြော်သံများဖြင့် Campaign လှုပ်ရှားမှုကို ရုပ်သိမ်းခဲ့ကြောင်း၊ ထို့ပြင် ဇွန်လပိုင်းတွင်လည်း ကိုထိန်လင်း (ခေါ်) Kim Aris ၏ Australia - New Zealand Campaign ခရီးစဉ် အတွင်း နယူးဇီလန်ပါလီမန်အမတ်များကိုယ်တိုင် Proof Of Life Campaign တွင်ပါဝင်လာရေး တိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
👍5121🔥2
ရခိုင်မှာ ၅ လအတွင်း အဓမ္မပြုကျင့်မှု ၆ ခုဖြစ်ပွား၊ သက်ငယ် အဓမ္မပြုကျင့်မှု ၅ ခုပါဝင်

▪️ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူပေးရန် တောင်းဆို

မေလ ၉ ရက်

ရခိုင်ပြည် မြောက်ဦး၊ ပေါက်တော၊ မောင်တော၊ ဂွနှင့် သံတွဲမြို့တို့တွင် ၂၀၂၆ ခုနှစ် ၅ လအတွင်းမှာ သက်ငယ် အဓမ္မပြုကျင့်မှု ၅ ခုအပါအဝင် အဓမ္မပြုကျင့်ခံရမှု စုစုပေါင်း ၆ ခုအထိ ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

မေလ ၁ ရက်နေ့က ဂွမြို့နယ် ကြွီချိုင်ကျေးရွာတွင် အသက် ၂၅ နှစ်အရွယ် မွေးရာပါ ပိုလီယိုရောဂါခံစားနေရသူ အမျိုးသမီး ၁ ဦးကို တစ်ရွာတည်းနေ ကိုင/အောင်နှင့် ကိုစည်သူဝင်းတို့က အဓမ္မပြုကျင့်ခဲ့သည်။

အဓမ္မပြုကျင့်မှု ကျူးလွန်သော အသက် ၃၇ နှစ်အရွယ် ကိုင/အောင်နှင့် အသက် ၃၈ နှစ်အရွယ် ကိုစည်သူဝင်းတို့ကို အာရက္ခတပ်တော် AA က ဖမ်းဆီးထားပြီး ဥပဒေအရ အပြစ်ပေးအရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧပြီလ ၂၂ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာတွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တစ်ရွာတည်းနေ အသက် ၆၀ အရွယ် ဦးသင်္ခါကျော်က လိမ်လည်ခေါ်ယူ၍ အဓမ္မပြုကျင့်ခဲ့သည်။

ကျူးလွန်သူ ဦးသင်္ခါကျော်အား အာရက္ခတပ်တော် AA က ဖမ်းဆီးထားပြီး ဥပဒေအရ အပြစ်ပေးအရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံတွဲမြို့တွင်လည်း ဧပြီလ ၁၁ ရက်က အသက် ၁၃ နှစ်အရွယ် မသန်စွမ်းမိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည်။

အဆိုပါ မိန်းကလေးငယ်၏ ရုပ်အလောင်းကို ဧပြီ ၁၅ ရက်နေ့တွင်မှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းအမှုနှင့် ပတ်သက်၍ သံသယရှိသူ ငါးဦးကို ဖမ်းဆီးထားသော်လည်း အချို့မှာ လွတ်မြောက်နေဆဲဖြစ်သည်ဟု စုံစမ်းသိရသည်။

သံတွဲမြို့က သက်ငယ် အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ အာရက္ခတပ်တော် AA အနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

မတ်လ ၁၆ ရက်နေ့ကလည်း မောင်တောမြို့နယ် အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ် ကလေးငယ် အမျိုးသမီး ၁ ဦးကို တစ်ရွာတည်းနေ အသက် ၁၃ နှစ်အရွယ် လူငယ်အမျိုးသား ၁ ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည်။

အဓမ္မပြုကျင့် သတ်ဖြတ်ရာတွင် လူငယ်အမျိုးသား၏ မိခင်ဖြစ်သူပါ ကြံရာပါအဖြစ် ပါဝင်ခဲ့ပြီး အလောင်းဖျောက်ပစ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ကလေးငယ် အမျိုးသမီးနှင့် အောင်သုခရွာသူရွာသားများမှ ၎င်းတို့ သားမိနှစ်ဦးလုံးကို AA ထံ တိုင်ကြားခဲ့ပြီး AA က ဖမ်းဆီး စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

သို့သော် လူသတ်အလောင်းဖျောက်ရာတွင် ကြံရာပါအဖြစ် ပါဝင်ခဲ့သည့် မိခင်အား အရေးယူအပြစ်ပေးခြင်းမရှိဘဲ AA က ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းထွက်ပေါ်နေပြီး အောင်သုခရွာသားများမှ မကျေမနပ် ဖြစ်နေကြသည်။

မတ်လ ၃ ရက်တွင်လည်း ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်း ဖဒူချေကျေးရွာတွင် အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးကို အသက် ၄၅ နှစ်အရွယ် ဦးထွန်းအောင်ချေ ဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။

ဦးထွန်းအောင်ချေမှာ ပေါက်တောမြို့နယ် သစ်ပုတ်ချောင်းကျေးရွာမှဖြစ်ပြီး ဖဒူချေရွာနှင့် ဘုရားချောင်းရွာကြားတွင် အမျိုးသမီးငယ်အား အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

ဦးထွန်းအောင်ချေ မှာ ယခုအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး အာရက္ခတပ်တော် AA ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန် လိုက်လံရှာဖွေနေကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရပ်ကွက်တွင် အသက် ၈ နှစ်အရွယ် ကျောင်းသူတစ်ဦး အသက် ၅၆ နှစ်အရွယ် အတန်းပိုင်ဆရာ ဦးမောင်တင်နု ဆိုသူက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်။

၎င်းအား ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်လှစ်ပြီး အာရက္ခတပ်တော် AA က အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသော်လည်း မည်သည့်ပြစ်မှုများအား ပေးထားကြောင်း မသိရသေးပေ။

ရခိုင်ပြည်အတွင်း သက်ငယ် အဓမ္မပြုကျင့်မှု၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှု မြင့်တက်လာနေပြီး ကျူးလွန်သူများအား အာရက္ခတပ်တော် AA အနေဖြင့် ထိထိရောက်ရောက် အရေးယူအပြစ်ပေးရန် လိုအပ်ကြောင်း အမျိုးသမီးအသိုင်းအဝိုင်းက တောင်းဆိုကြသည်။

မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက "မုဒိမ်းမှုတွေ များလာတာဟာ ကျူးလွန်သူတွေကို AA ရဲတပ်ဖွဲ့ကနေ ထိထိရောက်ရောက် အရေးမယူလို့ ဖြစ်တာပါ။ သက်ငယ် မုဒိမ်းမှုတွေဆိုရင် ကျူးလွန်သူတွေကို သေဒဏ်အထိ ပေးသင့်ပါတယ်။ ဒီလို နမူနာ ပြလိုက်မှ နောက်လူတွေလည်း မလုပ်ရဲ၊ မကျူးလွန်ရဲမှာပါ။ ရိုးရိုးပြစ်မှုတစ်ခုလို ထောင် ၃, ၄ နှစ်လောက် ချလိုက်ရုံနဲ့ ကျူးလွန်သူတွေက ကြောက်ရွံ့ကြဘူး။ အသက် ငယ်ငယ်လေးပဲ ရှိသေးတဲ့ ကလေးငယ်တွေကို အဓမ္မပြုကျင့်တယ်ဆိုတာက လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီလူတွေကို လူ့လောကမှာ မထားသင့်ဘူး” ဟု ပြောသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍41🔥134🤬3👏1😢1
တာ့ခ်ခရိုင်တွင် ဘတ် ၆ သိန်းကျော်တန်ဖိုးရှိ မှောင်ခို ဒီဇာယ်များ ထပ်ဖမ်းမိ

မေလ ၉ ရက်

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အတွင်း တရားမဝင် အကောက်ခွန်မဲ့ ဒီဇယ်ဆီ လီတာပေါင်း ၁၆,၀၀၀ ကျော်ကို မှောင်ခိုသယ်ဆောင်လာသည့် ခြောက်ဘီးတပ် ကုန်တင်ယာဉ် နှစ်စီးနှင့်အတူ ပြစ်မှုကျူးလွန်သူ နှစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

မေလ ၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်း နယ်စပ်ဖြတ်ကျော် တရားမဝင်လုပ်ငန်းများ တားဆီးနှိမ်နင်းရေး ဆောင်ရွက်နေသည့် အမှတ် (၃၅) အထူးအလုပ်သမားတပ်ရင်း (Task Force 35) လက်အောက်ခံ တပ်ခွဲ ၃၅၀၁ နှင့် ၃၅၀၆ တို့သည် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထိုင်းလုံခြုံရေးအဖွဲ့သည် မဲဆောက် - မဲစရီယန်း (အမှတ် ၁၀၅) အဝေးပြေးလမ်းမကြီးပေါ်ရှိ မဲအူစုကျေးရွာနှင့် မဲစလစ်လွမ်ကျေးရွာအကြားသို့ အရောက်တွင် မိုးကာဖျင်များဖြင့် လုံခြုံစွာ ဖုံးအုပ်ထားသည့် မသင်္ကာဖွယ်ရာ ခြောက်ဘီးတပ် ကုန်တင်ယာဉ် နှစ်စီးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်များသည် အာဏာပိုင်များ၏ စစ်ဆေးမှုကို ရှောင်တိမ်းကာ မောင်းနှင်ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း အာဏာပိုင်များက နောက်ယောင်ခံလိုက်လံကာ ဖမ်းဆီးနိုင်ခဲ့သည်။

ယာဉ်များကို အသေးစိတ် စစ်ဆေးရာတွင် တစ်စီးလျှင် ၂၀၀ လီတာဆံ့ ဒီဇယ်ဆီပီပါ ၄၀ စီ (စုစုပေါင်း ပီပါ ၈၀) တင်ဆောင်လာသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါ ဆီလီတာ ၁၆,၀၀၀ ၏ ကာလတန်ဖိုးမှာ ဘတ် ၆၅၂,၈၀၀ ခန့်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အာဏာပိုင်များက ဆက်လက်စစ်ဆေးရာတွင် ဖမ်းဆီးရမိသူ နှစ်ဦးအနက် တစ်ဦးဖြစ်သူ နိုင်ဆွန်ချိုင်း (အမည်လွှဲ) က ၎င်းတို့၏ မှောင်ခိုကူးသန်းမှု ကွင်းဆက်ကို ဝန်ခံထွက်ဆိုခဲ့သည်။

၎င်း၏ ထွက်ဆိုချက်အရ အဆိုပါ အကောက်ခွန်မဲ့ ဒီဇယ်ဆီများကို ချင်းမိုင်ခရိုင်၊ အွမ်ကွိုင်မြို့နယ်မှတစ်ဆင့် စတင်တင်ဆောင်လာခြင်းဖြစ်ပြီး တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းရှိ မဲဆောင်ကျေးရွာမှ ဖောက်သည်များထံသို့ ပို့ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အန္တရာယ်ရှိသော တရားမဝင် လောင်စာဆီ မှောင်ခိုသယ်ယူပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်ပေးသည့်အတွက် ၎င်းတို့အနေဖြင့် တစ်ကြိမ်လျှင် ထိုင်းဘတ်ငွေ ၃,၅၀၀ စီသာ အခကြေးငွေ ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ထွက်ဆိုချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ နှစ်ဦးနှင့်အတူ သက်သေခံယာဉ်များနှင့် အကောက်ခွန်မဲ့ ဒီဇယ်ဆီများကို ထာ့ဆောင်ယန်းရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားပြီး၊ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - အမှတ် (၃၅) အထူးခြေလျင်အလုပ်သမားတပ်ရင်း
#TLKN
#HlaingInfo
🔥32👍73😢2
စင်ကာပူနိုင်ငံ၏ ပြင်းပြင်းထန်ထန်ကန့်ကွက်မှုကြောင့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်တပ်နိုင်ငံခြားရေးဝန်ကြီး လူကိုယ်တိုင် တက်ခွင့်ပြုရေး ထိုင်းနိုင်ငံ၏ အဆိုပြုချက် ကျရှုံး ပျက်စီး

▪️ အွန်လိုင်းမှတစ်ဆင့်သာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာစစ်တပ်နိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံမည်

မေလ ၉ ရက်

စင်ကာပူနိုင်ငံ၏ ပြင်းပြင်းထန်ထန်ကန့်ကွက်မှုကြောင့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်တပ်နိုင်ငံ ခြားရေးဝန်ကြီးကို လူကိုယ်တိုင် တက်ခွင့်ပြုရေး ထိုင်းနိုင်ငံ၏ အဆိုပြုချက် ကျရှုံး ပျက်စီးသွားကြောင်း Mainichi Japan သတင်းဌာနက သတင်းဖော်ပြသည်။

ဖိလစ်ပိုင်နိုင်ငံတွင် မေလ ၆ ရက်နေ့မှ မေလ ၉ ရက်နေ့ အထိပြုလုပ်ခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံထိပ်သီးအစည်းအဝေးသို့  မြန်မာစစ်ကောင်စီ၏ နိုင်ငံ ခြားရေးဝန်ကြီးကို လူကိုယ်တိုင် တက်ရောက်ခွင့်ပြုရန် အဆိုပြုခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏အဆိုပြုချက်ကို  စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က အပြင်း အထန်ကန့်ကွက်သဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ကြိုးပမ်းမှု ပျက်ပြယ်သွားကြောင်း သိရှိရသည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးတွင် ထိုင်းနိုင်ငံက မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို လူကိုယ်တိုင် လာရောက်တက်ရောက်ခွင့်ပြုရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း စင်ကာပူနိုင်ငံက ယင်းအဆိုပြုချက်ကို လက်မခံဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည့်အတွက် ယခု မေလအတွင်း ပြုလုပ်ခဲ့သည့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မြန်မာစစ်တပ်နိုင်ငံခြားရေးဝန်ကြီး လူကိုယ်တိုင် တက်ရောက်ခွင့် အစီအစဉ် ပျက်စီးသွားခဲ့ရခြင်းဖြစ်သည်။

ထို့ ကြောင့်  လာမည့် ဇူလိုင်လတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးကာလ  အွန်လိုင်းမှတစ်ဆင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို သီးခြား တွေ့ဆုံသွားမည်ဖြစ်ကြောင်း ၊  ဇူလိုင်လတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဘေးပန်းအစီအစဉ် (Sideline Event) တစ်ခုဖြစ်သော မြန်မာ့အရေးသီးသန့်ဆွေးနွေးပွဲတွင်သာ စစ်ကောင်စီ၏ နိုင်ငံ ခြားရေးဝန်ကြီးကို ဗီဒီယိုစနစ် (Virtual) ဖြင့် ပါဝင်ခွင့်ပြုရန် အာဆီယံက သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်တပ်ကိုယ်စားလှယ်ကို အွန်လိုင်းမှတစ်ဆင့် သီးသန့်ဆွေးနွေးပွဲတွင် ပါဝင်စေခြင်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ကန့်ကွက်ခြင်းမရှိကြောင်း ပြောကြားသည်။

အာဆီယံက ၂၀၂၁ ခုနှစ်မှစတင်ကာ မြန်မာစစ်ခေါင်းဆောင်များကို အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထား ခဲ့သော်လည်း၊ ပြီးခဲ့သည့်လတွင် ဖွဲ့စည်းလိုက်သော မင်းအောင်လှိုင် ဦးဆောင်သည့် အမည်ခံအစိုးရသစ်နှင့် အာဆီယံအကြား ထိတွေ့ဆက်ဆံမှု ပုံစံအသစ်ကို ယခုကဲ့သို့ စတင်ရန် ကြိုးပမ်းလာခြင်း ဖြစ် သည်။

သို့သော်လည်း အာဆီယံအနေဖြင့် မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန်နှင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် စစ်ကောင်စီကို ဆက်လက်တိုက်တွန်းထားဆဲ ဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
80👍22🔥1
မင်းအောင်လှိုင်၏ စက်သုံးဆီသုံးစွဲမှု လျှော့ချရေး စီမံချက်အတွက် ယာဉ်အိုယာဉ်ဟောင်းများကို ဖျက်သိမ်း၍ EV ကားများ အစားထိုး တင်သွင်းခိုင်းမည့် အစီအစဉ် စတင်ရန် ကညနကို ဆုံးဖြတ်လုပ်ပိုင်ခွင့်အများအပြား ပေးအပ်

မေလ ၉ ရက်

အကြမ်းဖက် မင်းအောင်လှိုင်၏ စက်သုံးဆီသုံးစွဲမှု လျှော့ချရေး စီမံချက်အတွက် ယာဉ်အိုယာဉ်ဟောင်းများကို အပ်နှံ၍ EV ကားအစားထိုး တင်သွင်းခိုင်းမည့် အစီအစဉ် စတင်ရန် ကညနကို ဆုံးဖြတ်လုပ်ပိုင်ခွင့်အများအပြား ပေးအပ်သွားရန်ရှိနေကြောင်း ကားအရောင်းအဝယ်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် မေလ ၆ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ နေပြည်တော်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများက အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် သက်တမ်း ၂၀ အောက်မော်တော်ယာဥ်ဖျက်သိမ်းမှုဆိုင်ရာ မူဝါဒများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အဆိုပါမူဝါဒအရ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန- ကညနက မော်တော်ယာဉ်များကို စစ်ဆေးပြီး မြို့တော်အင်္ဂါရပ်နှင့်မညီသော၊ လမ်းတွင် မောင်းရန် မသင့်တော်သော ကားများကို မှတ်ပုံတင် ရုပ်သိမ်းကာ လျှပ်စစ်ကား အစားထိုးတင်သွင်းရန် စလစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

"ကညနမှာ လုပ်ပိုင်ခွင့် အာဏာ ပိုကြီးမှာပေါ့။ ယာဉ်စစ်ဆေးတဲ့ အရာရှိနဲ့ ကညနအရာရှိတွေရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး သက်တမ်းအိုနေတဲ့ကားတွေရဲ့ မှတ်ပုံတင် ဆက်ပေး၊ မပေးဆုံးဖြတ်မှာ။ ကညနက ဆုံးဖြတ်လုပ် ပိုင်ခွင့် ပိုရတော့ စိုးရိမ်ရတာက ကိုယ့်ကားက ကောင်းနေတာတောင် ကညနကို လာဘ်ထိုးရမှာမျိုးတွေ ဖြစ်လာမှာစိုးရိမ်ရတယ်။ JDM (Japan Domestic Use ) တွေက ယာဉ်ဘယ်လောက်အိုအို ပြုပြင်ထိန်းထိန်းသိမ်းသိမ်းစီးရင် သုံးလို့ရနေတာ။ EV ကားအစားထိုးတင်သွင်းမယ့် စလစ်စျေးကလည်း အရင်လို ယာဉ်အိုယာဉ်ဟောင်းထက် စျေးပိုရနိုင်မယ့်အလားအလာမရှိဘူး။ EV ကိုလည်း လူတွေက သိပ်မကြိုက်ကြဘူး။ လူတိုင်းလည်း EV မစီးနိုင်ဘူး။ ကိုယ်ပိုင်အိမ်၊ ခြံဝင်းရှိမှ EV က အဆင်ပြေမှာ။ အားသွင်းတာကအစ " ဟု မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ပြည်သူများ၏ ချွေးနဲစာဖြင့် ဝယ်ယူထားသော ယာဉ်များကို မှတ်ပုံတင်ရုပ်သိမ်းပြီး စလစ်ထုတ်ပေးကာ EV ကား အစားထိုးခိုင်းခြင်းမှာ အာဏာရှင် လုပ်ရပ်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

"လက်နက်ဝယ်ဖို့ လေယာဉ်တွေ ဝယ်ဖို့ နိုင်ငံခြားငွေကျတော့ သန်းရာထောင်ချီးသုံးပြီးတော့ ကားတွေကို ဆီတင်သွင်းရတာ နိုင်ငံခြားငွေကုန်တယ်ဆိုပြီးတော့ EV ကား တင်သွင်းခိုင်းတာ၊ EV ကားစီးခိုင်းတာက အာဏာရှင်လုပ်ရပ်ပဲ။ EV ကားဆိုတာ ခရီးဝေးသွားတာ၊ အသုံးပြုရတာက ဆီကားလိုမဟုတ်ဘူး။အကန့်အသတ်တွေ အများကြီး။ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာပါ ဒီမူဝါဒက ကောင်းကျိုးပေးမှာမဟုတ်ဘူး" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်းရှိ စက်သုံးဆီအသုံးပြုသော ယာဉ်များကို လျှပ်စစ်ကား EV များဖြင့် အစားထိုးရန် မူဝါဒချမှတ်နေချိန် သားဖြစ်သူ အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့မှာ မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ လျှပ်စစ်ကား EV များ အကြီးအကျယ် တင်သွင်းနေကြရာ မိသားစုအကျိုးစီးပွားအတွက် တိုင်းပြည်၏ ပို့ဆောင်ရေးဏ္ဍကို တရုတ် EV ကားထုတ်လုပ်ရေး ကုမ္ပဏီများလက်ထဲသို့ ထိုးအပ်သည့် လုပ်ရပ်ဟု မော်တော်ယာဉ်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုကြသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပြည်တွင်း လျှပ်စစ် ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ဆိုလာနှင့် ဆက်စပ် ပစ္စည်းကို ပြည်ပမှ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီးနောက် မင်းအောင်လှိုင်၏ သားနှင့်သမီးဖြစ်သူတို့က ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်နှင့် EV-လျှပ်စစ် ကားတင်သွင်းမှုများကို မြန်မာနိုင်ငံအတွင်းသို့ အကြီးအကျယ် တင်သွင်းမှုများ လုပ်ဆောင်ခဲ့ကြသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော နိုင်ဖြိုးကျော်၊ ဝေယံမင်းမောင်တို့နှင့်အတူ NPK Motor Co Ltd ကုမ္ပဏီထူထောင်ပြီး မြန်မာနိုင်ငံတွင်းသို့ လျှပ် စစ် ကားများနှင့် MG Myanmar ၊ Leapmotor Myanmar အမှတ်တံဆိပ်အမျိုးအစားအပါအဝင် လျှပ်စစ် ကားအမျိုးမျိုးကို တင်သွင်းရောင်းချလျက်ရှိသည်။

မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန် ပိုင်ဆိုင်သော NPK Motor Co Ltd ကုမ္ပဏီက မြန်မာနိုင်ငံအတွင်းသို့ လျှပ်စစ်ကား အမှတ်တံဆိပ်အမျိုးမျိုးကို တင်သွင်းနေသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ကားများတွင် ဓာတ်အားသွင်းသည့် EV Charging Station များလုပ်ပိုင်ခွင့်ရရှိခဲ့ပြန်သည်။

အလားတူ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက EV ကားတင်သွင်းမှုအဖြစ် တရုတ် BYD ကုမ္ပဏီမှ လျှပ်စစ်ကားများကို ပြည်တွင်းကုမ္ပဏီခွဲများစွာ တည် ထောင်၍ တင်သွင်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
👎40🤬328😁1😢1
This media is not supported in your browser
VIEW IN TELEGRAM
တီးတိန်ကိုစစ်အင်အားဖြည့်တဲ့စစ်တပ်လက်နက်ခဲယမ်းတင်ယာဉ် မီးလောင်ပေါက်ကွဲ

မေလ ၉ ရက်

ချင်းပြည်နယ်မြောက်ပိုင်း၊တီးတိန်မြို့ကိုစစ်လက်နက်ခဲယမ်း၊လူအင်အား ဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာတီးတိန်မြို့ပေါ်မှာမီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

"ယနေ့ တီးတိန်မြို့လိုင်းလုံရပ်ကွက်မှာစကမရဲ့လက်နက်ခဲယမ်းတင် ဆောင်တဲ့ ဖော်လန်ကားတစ်စီး ပေါက်ကွဲ။ကားပေါ်ရှိ ကျည်ဆန်၊ ဗုံးသီး ခဲယမ်းများအားလုံးပျက်စီး။ စိတ်မကောင်းလိုက်တာ... တစ်စီးတည်း ပျက်လို့"ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က လူမှုကွန်ရက်မှာ ရုပ်သံမှတ်တမ်းဖော်ပြ အသိပေးထားပါတယ်။

"ဖြစ်နိုင်တာကတိုက်ခိုက်မှုကြောင့် မဟုတ်ဘဲနဲ့ သူ့ဟာသူ သွားလာရင်း မတော်တဆဖြစ်တာကြောင့် ပေါက်ကွဲတာဖြစ်တယ်လို့ယူဆရပါတယ်။ ဒါက တီးတိန်မြို့ထဲရောက်ပြီးမှဖြစ်တာပါ " ဟုဆလိုင်းယောမာန်ကစစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတင်ယာဉ်ပေါက်ကွဲမှု အကြောင်းအရင်းအားမေးမြန်းမှု အပေါ် ပြန်လည် ဖြေကြားပါတယ်။

တီးတိန်မြို့နယ်အတွင်းရှိ ချင်းတော်လှန်ရေးသတင်းရင်းမြစ်ကလည်း “ အဲဒါက သူဟာသူ ပေါက်ကွဲတာပဲနေမှာပါ။ အခုကားက စခတွေရဲ့ကားဟုတ်တယ် လက်နက်ခဲယမ်းတွေ ဒရုန်းတွေ သယ်တဲ့ ဟာပေါ့ ” လို့ ပြောပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တွေက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်မယ်လို့ ကြေညာထားတဲ့ တီးတိန်ကို စစ်ကောင်စီက မေလဆန်းမှာ စစ်အင်အားတွေ ဖြည့်တင်းဖို့ ကြိုးစားလျက်ရှိရာ ဒီရက်ပိုင်းမှာ မြို့ကို ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ တီးတိန်ကို အင်အားဖြည့်တင်းတဲ့ စစ်ကောင်စီတပ်ကို ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့ပါတယ်။

တီးတိန်မြို့ကို စစ်တပ်က အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ ကလေး-တီးတိန်လမ်းပိုင်းမှာ တိုက်ပွဲတွေ ၅ရက်ဆက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။

စစ်တပ်ဟာ တီးတိန်နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ဖလမ်းမြို့ကို ဧပြီနောက်ဆုံးပတ်မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် ဖလမ်းနဲ့ ဟားခါးလမ်းပိုင်းဆက်လက်ထိန်းချုပ်နိုင်ဖို့ စစ်တပ်ထိုးစစ်ဆင်နေလို့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ရုပ်သံ - Yaw Mang
#LNO
#HlaingInfo
👏5619👍6🔥2🤬1
ရန်ကုန်မှာ အုပ်ချုပ်ရေးမှူးတွေက ဧည့်စာရင်းနဲ့ ဖမ်းပြီး စစ်မှုထမ်းထဲ ပို့ဆောင်မှုများလာ

မေလ ၉ ရက်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဧည့်စာရင်းနဲ့ နေထိုင်သူတွေကို ဖမ်းပြီး စစ်မှုထမ်းထဲကို ထည့်သွင်းပို့ဆောင်မှုတွေ များလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်မှာ မေလ ၆ ရက်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဧည့်စာရင်းစစ်ဆေးပြီး ဧည့်စာရင်းမတိုင်သည့် လူငယ် ၂ ဦးကို ဖမ်းဆီးပြီး အမှတ် ၁ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ပို့လိုက်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"လှည်းကူးမှာ ပိုက်ဆံရှိတဲ့သူက သူတို့စစ်မှုထမ်းရမယ့်အလှည့်ဆို အုပ်ချုပ်ရေးကို ပိုက်ဆံပေးပြီး လူဝယ်လိုက်တယ်။ အုပ်ချုပ်ရေးက ဧည့်စာရင်းစစ်ပြီး မိရင် ရဲစခန်းမပို့ဘဲ သင်တန်းကျောင်းပို့တယ်။ ၆ ရက်နေ့က မြို့မ ၂ ရပ်ကွက်ထဲက လူငယ် ၂ ယောက်ကို အုပ်ချုပ်ရေးအဖွဲ့က ဖမ်းပြီး စစ်ထဲထည့်လိုက်တယ်" လို့ ပြောပါတယ်။

လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၉ ရပ်ကွက်တွင်လည်း မေလ ၄ ရက်က ဧည့်စာရင်းဖြင့် နေထိုင်သူတစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်အုပ်စုလက်အောက်ခံရဲတွေက ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"ဧည့်စာရင်းစစ်ပြီဆို အရင်လို ဒဏ်မရိုက်ဘူး၊ ရဲစခန်းလည်း မပို့ဘူး၊ စစ်မှုထမ်းခိုင်းတာ။ မတရားဘူးဆိုပေမယ့် ပြန်လည်မပြောရဲဘူး။ ဧည့်စာရင်းစစ်ပြီး အုပ်ချုပ်ရေးက စစ်ထဲထည့်လို့ တိုင်တဲ့သူတွေရှိတယ်၊ မြို့နယ်ရော ခရိုင်ရော အရေးမယူဘူး။ ၄ ရက်နေ့က ၁၉ ရပ်ကွက်က တစ်ယောက် ပါသွားတယ်" လို့ ပြောပါတယ်။

တောင်ဒဂုံမြို့နယ်၊ ၅၆ ရပ်ကွက်မှာလည်း ဧည့်စာရင်းနဲ့ နေထိုင်သူတွေကိုသာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းခိုင်းတယ်လို့ အဆိုပါရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

"၅၆ ရပ်ကွက်မှာဆို သန်းခေါင်စာရင်းနဲ့ နေတဲ့သူထက် ဧည့်စာရင်းနဲ့ နေတဲ့သူကို ပစ်မှတ်ထားပြီး စစ်မှုထမ်းခိုင်းတာ။ အုပ်ချုပ်ရေးအဖွဲ့က ဧည့်သည်လာရင် ဧည့်စာရင်းဝင်စစ်၊ ပြီးရင် စစ်မှုထမ်းထဲ ပို့တာ" လို့ ပြောပါတယ်။

ဥပဒေအရ အုပ်ချုပ်ရေးအဖွဲ့က ဧည့်စာရင်းဖြင့် ဖမ်းမိပါက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားရမှာဖြစ်ပြီး တရားစီရင်ရေးမှာ တရားရုံးနဲ့သာ သက်ဆိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက CJ Platform ကို ပြောပါတယ်။

"ဧည့်စာရင်းနဲ့ ဖမ်းမိတိုင်း စစ်ထဲထည့်လို့မရပါဘူး။ ရပ်ကျေးဥပဒေအရ အမှုဖွင့်ရင်တောင် ပုဒ်မ ၂၇ အရ ထောင်ဒဏ် ၇ ရက်၊ ငွေဒဏ်ဆို ၁ သောင်းပဲ ပေးဆောင်ရမှာ" လို့ ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်ကလည်း လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်မှာ အုပ်ချုပ်ရေးအဖွဲ့က ဧည့်စာရင်းနဲ့ နေထိုင်သူတစ်ဦးကို ဖမ်းဆီးပြီး စစ်ထဲထည့်လိုက်၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို မိသားစုဝင်တွေက တိုင်ထားတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ ဥပဒေထုတ်ပြန်ခဲ့ပြီး မတ်လ ၃၀ ရက်မှာ စစ်မှုထမ်းအပတ်စဉ် ၁ ကို စတင်ခေါ်ယူခဲ့ရာ အခုဆို စစ်မှုထမ်းအပတ်စဉ် ၂၅ အထိ ရောက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Pro-SAC
#CJP
#HlaingInfo
🤬638😢2👎1