သင်္ကြန်အကျနေ့မှာ စစ်တပ်က ဆားလင်းကြီးမြို့နယ်ကို လေကြောင်းတိုက်ခိုက်လို့ ထန်းသမားတစ်ဦး သေဆုံး
ဧပြီလ ၁၄ ရက်
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီကနေ့ (ဧပြီ ၁၄ရက်) သင်္ကြန်အကျနေ့ ညနေ ၆ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ရင်မောင်တိုင် ကျေးရွာကို စစ်တပ်က ပါရာမိုတာတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် (၄၀)အရွယ် ရှိ ထန်းတက်လုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။
"နခမကနေတက်လာတဲ့ ပါရာ၂စီးနဲ့ချတာ။ ပြည်သူတစ်ဦး သေတယ်။ ဘာတိုက်ပွဲမှမရှိဘဲချတာ"လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်ကလည်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝဲကွဲကျေးရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လာရောက်ပစ်ခတ်ခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်ကာ အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။
အလားတူ ဒီကနေ့သင်္ကြန်အကျနေ့မှာပဲ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ပြည်သူထိခိုက်မှုတွေ ရှိနေကြောင်း သတင်းရရှိပါတယ်။
စစ်တပ်ဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသက မြို့တွေမှာ သင်္ကြန်ပွဲတော်ကို စည်ကားအောင်လုပ်ပေးနေပြီး တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသတွေကိုတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ စစ်ကြောင်းထိုး မီးရှို့တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်နေပါတယ်။
#LNO
#HlaingInfo

🤬72❤6😢3👍2👏1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံး
ဧပြီလ ၁၄ ရက်
မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၁၄ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
#KTM

👍44❤12👏5🥰3😁2
‼️ ဧပြီလ ၁၄ ရက်နေ့ ၊ နေ့စဉ် သတင်းအကျဉ်းချုပ်‼️
01-အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးသော်လည်း ယမန်နေ့ ထုတ်ပြန်သော ကုလသမဂ္ဂ၏ ကမ္ဘာ့နိုင်ငံအကြီး အကဲများဆိုင်ရာ နောက်ဆုံးစာရင်းတွင် မြန်မာနိုင်ငံတော် အကြီးအကဲအဖြစ် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဆက်လက်ဖော်ပြထားသည်။
02-မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်နှင့် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တို့တွင် ဧပြီလဆန်းပိုင်းမှ သင်္ကြန်ကာလ ဧပြီလ ၁၃ ရက် နေ့အထိ စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး နေအိမ်များထဲအထိ ဝင်ရောက် ဖမ်းဆီးနေကြောင်း ဒေသသတင်းရင်းမြစ်များ၊ ဒေသပြည်သူများနှင့် ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။
03- ချင်းပြည်နယ်တွင် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) အနေဖြင့် သိမ်းပိုက်ရရှိထားသော ဖလမ်းမြို့အား အကြမ်းဖက်စစ်ကောင် စီတပ်လက်သို့ ပြန်လည်မကျရောက်စေရန်အတွက် မဟာမိတ်အင်အားစုများနှင့်အတူ လက်တွဲ၍ ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံကာ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲနေကြောင်း ယမန်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။
04-မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကော်မရှင်က စစ်ကူများဆက်တိုက်ပို့ပေးနေပြီး လမ်းကြောင်းများကို စစ်ကြောင်းဖြန့်ရန်ကြိုးစားနေကြောင်း သိရသည်။
05-ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဒေသဆိုင်ရာအာဏာပိုင်များက ဦးစီးကျင်းပသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲ၌ ယမန်နေ့ (ဧပြီလ ၁၃ ရက်) သင်္ကြန်အကြိုနေ့ ညပိုင်းမှစတင်ကာ ဂိတ်ဝင်ကြေးအဖြစ် လူတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ ကောက်ခံနေကြောင်း သိရှိရသည်။
06-ကရင်နီ(ကယား)ပြည်နယ်ထဲက၊ လမ်းမကြီးတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ မော်ချီးဒေသထဲ ဝင်ရောက်နိုင်ရေး စစ်အာဏာရှင်တပ်တွေက ကြိုးပမ်းနေလို့ ဒေသခံ ကရင်နီ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
07-စစ်မှုထမ်းသင်တန်းဆင်းတွေကို ကျားထိုးတက်ခိုင်းပြီး လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူယူ စခန်းသိမ်းဖို့ ကြိုးစားတဲ့ ဖားကန့်၊ မရှီကထောင်ဆုတောင်းကုန်းတိုက်ပွဲမှာ စစ်တပ်ဘက်ကအများအပြားသေဆုံးပြီး ရုပ်အလောင်းတွေပြန်ဆွဲထုတ်သွားတယ်လို့ သတင်းရရှိပါတယ်။
08-အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်တွင် အိန္ဒိယနိုင်ငံသား ၃ ဦးမှာ တိုက်ပွဲအတွင်း စစ် တပ်နှင့်ဆက်နွယ်နေသော လက်နက်ကိုင်တပ်ဖွဲ့၏ နှိပ်စက်သတ်ဖြတ်ခံရမှုကြောင့် သေ ဆုံးသွားကြောင်း The Diplomat က သတင်းဖော်ပြသည်။
09-မြောက်ဦးမြို့၊ ကုန်သည်တန်းရပ်ကွက်က အလှကုန်ဆိုင်တဆိုင်ကိုဖောက်ထွင်းပြီး ကျပ်သိန်း ၃၀၀ ကျော်ဖိုး ပစ္စည်းတွေခိုးသွားတဲ့သူ ၂ ဦးကို ခိုးရာပါပစ္စည်းတွေနဲ့အတူဖမ်းမိခဲ့တယ်လို့ အာရက္ခတပ်တော်ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့က ဧပြီလ ၁၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
10-ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါဒေသရှိ အကြမ်းဖက်စစ်တပ်၏ ကြယ်ပြောင်ကုန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၃ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
11-စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ညွှန်ကြားထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ နယ်မြေများ ဆုံးရှုံးထားရခြင်း၊ စစ်သားများစွာ ဖမ်းဆီးခံထားရခြင်းတို့ကြောင့် ရေပက်ပျော်ပါးရန် စိတ်မပါကြောင်း ဘူးလက်လှဆွေက တုံ့ပြန်ပြောဆိုလိုက်သည်။
12-ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟွာလ်ငိုးဒေသအခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ - CDF-Hualngoram က တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့သည့် ကျဆုံးရဲဘော်မိသားစုများ၊ ဒဏ်ရာကြောင့် မသန်စွမ်းဖြစ်သွားသည့် ရဲဘော်များနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော ရဲဘော်များကို လစဉ်ပုံမှန် ထောက်ပံ့နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
13-မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်တပ်ကို လိုက်လံတိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း PDF အထူးတိုင်းစစ်ဌာန၊ အထူးတိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
14-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃)၊ညောင်လေးပင်ခရိုင် ၊ မူးမြို့နယ်အတွင်း က အကြမ်းဖက်စစ်တပ် ရဲ့ ခမရ (၅၈၁) တပ်ရင်းမှ လူငယ် ၃ ဦး သေနတ် ၁ လက် ယူကာကာ အလင်းဝင်ခဲ့တယ်လို့ KNU ဗဟို က သတင်းထုတ်ပြန်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

👍46❤7🔥2
ပြည်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေပဲကြုံပါစေအမှန်တရားဘက်က ရဲဝင့်စွာဆက်လက်ရပ်တည်နိုင်ဖို အားတင်းထားကြပါစို့ ။ 💪💪💪
မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏
သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။
Good night ပါရှင့်။
Sweet Dreams 💞💞💞

❤68🥰9👍2🔥1
မင်္ဂလာနံနက်ခင်းပါရှင့်🙏
မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် မိဘပြည်သူအပေါင်း ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေ။
အာဏာရူး ဘေးများမှအမြန်ဆုံး ကျော်လွန်လွတ်မြောက်ကြပါစေ။
မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို့ Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

❤78👍6🔥1🥰1
ဆေးမြီးတို ဖြင့် မရတော့မည့် အင်ဒိုနီရှား ကုထုံး
****
မင်းအောင်လှိုင်သည် နိုင်ငံ၏ အကြီးအကဲအဖြစ် ၎င်း၏ ရာထူးနေရာကို အတည်တကျဖြစ် အောင် လုပ်လာသည်ကို ကြည့်မည် ဆိုက စစ်တပ်သည် ခေတ္တထိန်းသိမ်းပေးထားသည့် အဖွဲ့အစည်းမဟုတ်ဘဲ နိုင်ငံကို ရေရှည် ထိန်းချုပ် သွားမည် ဖြစ်ကြောင်း ပြသနေခြင်းပင် ဖြစ်သည်။
သို့သော်လည်း ယခု အခါ တွင် တော့အခြေအနေများက ၎င်းတို့ အပိုင်တွက်ဆ ထားသလို ဖြစ်လာနိုင်မည် မဟုတ် ဆိုသည့် ထူးခြားချက် များ ထွက်ပေါ်လာနေသည်။ အင်ဒိုနီးရှားတွင် တရားစွဲဆိုထားသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တိုင်ကြားချက်သည် ဥပဒေကြောင်းအရ သာမက နိုင်ငံရေးအရ ပါ သက်ရောက် နိုင်မှု ကြောင့်လည်း အရေးပါ နေခြင်းဖြစ်သည်။
အာဆီယံ ၏ နှစ်ပေါင်းများစွာကြာအောင် "ဝင်ရောက်မစွက်ဖက်ရေးဝါဒ" သည် မြန်မာစစ်တပ်အား ဒေသတွင်းနိုင်ငံများ၏ ထိရောက်စွာ ဖိအား ပေးနိုင်မှု များမှ အကာအကွယ်ပေးထားသကဲ့သို့ ဖြစ်နေခဲ့သည်။
အင်ဒိုနီရှား ကဲ့သို့ အာဆီယံ ထိပ်တန်းနိုင်ငံတနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုများကို ထောက်ခံရန် သို့မဟုတ် ကူညီပေးရန် ယခုအခါ ဆန္ဒရှိလာခြင်းသည် ယခင်ကရှိခဲ့သော ဘုံသဘောတူညီချက်ဟောင်းများ ပြိုကွဲပျက်စီးတော့မည့် အလားအလာကို ညွှန်ပြနေခြင်းပင် ဖြစ်သည်။
ထိုသို့သော အပြောင်းအလဲသည် အဘယ့်ကြောင့် လွန်စွာ အရေးပါလှသနည်း ဆိုမူ ဒေသတွင်း တရားဝင်မှု သည် စစ် အုပ်စု အတွက် ရေရှည် ကြံ့ကြံ့ခံနိုင် စွမ်း ရှိစေသည့် အဓိက အရင်းအမြစ်တစ်ခု ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် စီးပွားရေးအရ ထိခိုက်မှုရှိစေသော်လည်း စစ်တပ်၏ မဟာဗျူဟာမြောက် တွက်ချက်မှုများကို အခြေခံကျကျ မပြောင်းလဲနိုင်ခဲ့ပေ။ အိမ်နီးချင်းနိုင်ငံများမှ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများသည် ထိုထိခိုက်မှုများကို လျော့ပါးစေရန် ကူညီပေးခဲ့သည်။ အကယ်၍ ထိုဒေသတွင်း အကာအကွယ်အတားအဆီးများ စတင် ပျက်ယွင်းလာပါက စစ်အုပ်စု ရင်ဆိုင်နေရသော မဟာဗျူဟာမြောက် အနေအထားသည် သိသိသာသာ ပြောင်းလဲသွားမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နိုင်ငံတကာ ဥပဒေရေးရာ အခင်းအကျင်းသည်လည်း လွန်ခဲ့သော ဆယ်စုနှစ်များထက်စာလျှင် တာဝန်ခံမှု၊ တာဝန်ယူမှုများကို ပိုမိုဖော်ဆောင်နိုင်သည့် ဘက်သို့ ပြောင်းလဲတိုးတက်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့သည့် အမှုသည် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် Genocide Convention အရ နိုင်ငံတော်အဆင့် တာဝန်ရှိမှုကို စစ်ဆေးနိုင်သည့် လမ်းစတစ်ခုကို ဖော်ဆောင်ပေးခဲ့ပြီးဖြစ်သည်။
ထို့အပြင် နိုင်ငံအသီးသီးရှိ တရားရုံးများတွင် "ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်" အရ အမှုဖွင့် တိုင်ကြားမှုများလည်း ကျယ်ပြန့်လာနေသည်။ ၎င်းတို့ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှု များ အပေါ် အထောက်အထား မှတ်တမ်းပြုစုမှုများသည်လည်း ယခင်ကထက် ပိုမိုစနစ်ကျလာပြီး ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထိန်းသိမ်းလာနိုင်သောကြောင့် ဖျက်ဆီးပစ်ရန် ပိုမိုခက်ခဲလာပြီ ဖြစ်သည်။
တာဝန်ခံမှု၊ တာဝန်ယူမှုများ ဖော်ဆောင်ရန်အတွက် လိုအပ်သည့် အခင်းအကျင်းများက အဆင်သင့် ရှိနေပြီးသားဖြစ်သည်။ ယခင်က လိုအပ်နေခဲ့သည်မှာ ထိုအဆောက်အအုံများကို စနစ်တကျနှင့် ရေရှည်တည်တံ့အောင် အသုံးချမည့် နိုင်ငံရေးအရ ဆန္ဒ ရှိနေမှု သာ ဖြစ်သည်။
ထို့ကြောင့်ပင် ယခုအချိန်အခါသည် အဆုံးအဖြတ်ပေးနိုင်သည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ချေ ရှိနေသည်။ အချက်သုံးချက်ဖြစ်သော— ပွင့်လင်းစွာ အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်၊ ယခင်က ကျင့်သုံးခဲ့သည့် စံနှုန်းဟောင်းများကို ချိုးဖျက်ရန် ဒေသတွင်းနိုင်ငံများ၏ ဆန္ဒရှိလာခြင်းနှင့် ပိုမိုခိုင်မာအားကောင်းလာသည့် ဥပဒေရေးရာ မူဘောင်များ— စသည်တို့ ပေါင်းဆုံမိခြင်းက ယခင်က မရှိခဲ့ဖူးသည့် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးနေသည်။ မြန်မာဗိုလ်ချုပ်များ ရင်ဆိုင်နေရသော အကျိုးအမြတ်နှင့် ရင်းနှီးရမည့်တန်ဖိုး တွက်ချက်မှုများသည် ပထမဆုံးအကြိမ် အဖြစ် သိသိသာသာ စတင်ပြောင်းလဲလာနိုင် သည်။
ထိုထက် ပိုမိုကျယ်ပြန့်သော ပထဝီနိုင်ငံရေး ရှုထောင့်တစ်ခုလည်း ရှိနေသေးသည်။ ကမ္ဘာတစ်ဝှမ်းရှိ အာဏာရှင်စနစ်ကျင့်သုံးသော အစိုးရများသည် မြန်မာနိုင်ငံ၏ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြသည်။ ၎င်းတို့ ရရှိသွားမည့် သင်ခန်းစာများသည် အရှေ့တောင်အာရှ ဒေသထက် များစွာ ကျော်လွန်သွားမည် ဖြစ်သည်။
အကယ်၍ စစ်အုပ်စုသည် အာဏာကို အောင်မြင်စွာ တည်ဆောက်နိုင်ပြီး၊ ပိတ်ဆို့အရေးယူမှုများကို ကြံ့ကြံ့ခံ ရှောင်လွှဲနိုင်ခဲ့မည်ဆိုလျှင် အန္တရာယ် ကြီးမားလှ သော စံနမူနာတခု အဖြစ် အခိုင်အမာ ထွက်ပေါ်လာလိမ့်မည် ဖြစ်သည်။ ထိုစံနမူနာမှာ— နိုင်ငံတကာဥပဒေများနှင့် ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုများ ရှိနေသည့် ခေတ်ကာလတွင်ပင် ပြတ်ပြတ်သားသား လုပ်ရဲသည့် အာဏာရှင်အစိုးရများသည် မည်သည့်ပြစ်ဒဏ်မှ ခံရခြင်းမရှိဘဲ ဆက်လက် ရပ်တည်နိုင်သည်ဟူသော အချက်ပင် ဖြစ်သည်။

👍61❤11🥰1
ပြိုကွဲနေသော မြန်မာနိုင်ငံအတွင်းမှ မြေရှားသတ္တုအပေါ် တရုတ်၏ ချုပ်ကိုင်မှုကြောင့် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျတို့ပါဝင်သော Quad နိုင်ငံများအဖွဲ့ အတွက် အကျပ်အတည်း ဖြစ်နေ
ဧပြီလ ၁၅ ရက်
မြန်မာ့မြေရှားသတ္တုအပေါ် တရုတ်၏ ချုပ်ကိုင်မှုကို အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစ တြေးလျတို့ပါဝင်သော Quad နိုင်ငံများအဖွဲ့ အတွက် အကျပ်အတည်း ဖြစ်နေကြောင်း Asia Times က ဧပြီလ ၁၄ ရက်နေ့တွင် ဖော်ပြထားသည်။
အင်ဒို-ပစိဖိတ်ဒေသအတွင်း အရေးပါသော တွင်းထွက်သယံဇာတများ လုံခြုံစိတ်ချရမှုရှိစေရန် ကြိုးပမ်းမှုများသည် လက်ရှိတွင် စိတ်မသက်သာစရာ အမှန်တရားတစ်ခုနှင့် ရင်ဆိုင်နေရသည်။
၎င်းမှာ ရှားပါးဒြပ်စင်ဖြစ်သော ရှားပါးမြေရှားသတ္တု (Heavy Rare Earth Elements - HREEs) များ တည်ရှိရာ ပထဝီဝင်အနေအထားသည် နိုင်ငံတကာက အသိအမှတ်ပြုထားသော အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ထပ်တူမကျနေခြင်းပင် ဖြစ်သည်။
အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့်ဩစတြေးလျတို့ ပါဝင်သော Quad အဖွဲ့က ကုန်ထုတ်လုပ်မှု ကွင်းဆက်တွင် တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချရန် (De-risking) မဟာဗျူဟာကို အရှိန်မြှင့်နေစဉ် မြန်မာနိုင်ငံမြောက်ပိုင်းသည် ထိုကွင်းဆက်၏ အလှုပ်ခတ်ဆုံး အစိတ် အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
ကချင်ပြည်နယ်အတွင်းရှိ မြင့်မားသောအပူချိန်ဒဏ်ခံနိုင်သည့် သံလိုက်များ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော ‘ဒစ္စပရိုစီယမ်’ (Dysprosium) နှင့် ‘တာဘီယမ်’ (Terbium) တို့ကို စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် မဟုတ်ဘဲ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က စီမံခန့်ခွဲသည့် နယ်မြေများမှ တူးဖော်ထုတ်ယူနေခြင်း ဖြစ်သည်။ တွင်းထွက်ပစ္စည်းတည်နေရာနှင့် အချုပ်အခြာအာဏာ ထိန်းချုပ်မှုအကြား ထပ်တူမကျသည့် ဤကွာဟချက်သည် ၂၀၂၆ ခုနှစ်၏ အဓိကမူဝါဒဆိုင်ရာ စိန်ခေါ်မှုကြီး ဖြစ်လာသည်။
လက်ရှိ ဝေဖန်သုံးသပ်ချက်အများသည် တူးဖော်မှုပမာဏ သို့မဟုတ် တရုတ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) များကို ဖိအားပေးရန်အတွက် အသုံးပြုသည့် ‘နယ်စပ်ဂိတ်ပိတ်ဆို့မှု’ နည်းဗျူဟာများအပေါ်တွင်သာ အာရုံစိုက်နေကြသည်။ သို့သော် ပိုမိုနက်ရှိုင်းသည့် အခြေခံပြဿနာမှာ သန့်စင်ထုတ်လုပ်မှုကဏ္ဍ (Refining) ကို တရုတ်က လွှမ်းမိုးထားခြင်းပင် ဖြစ်သည်။
တရုတ်၏ အားသာချက်မှာ မြန်မာ့မိုင်းတွင်းများကို ပိုင်ဆိုင်ရုံသာမက သန့်စင်စက်ရုံများ၊ သတ္တုဗေဒဆိုင်ရာ ထုတ်လုပ်မှုများနှင့် သံလိုက်ထုတ်လုပ်ခြင်းနည်းပညာ (Downstream Black Box) ကိုပါ လက်ဝါးကြီးအုပ်ထားခြင်း ဖြစ်သည်။ Quad အဖွဲ့အတွက် အရင်းအမြစ်မျိုးစုံရှာဖွေရေး ဟု ပြောဆိုနေကြသော်လည်း လက်တွေ့တွင်အခက်အခဲ (၃) ခုကိုရင်ဆိုင်နေရသည်။
မြေရှားသတ္တု သန့်စင်ထုတ်လုပ်နိုင်စွမ်းရှိသည့် စက်ရုံများ တည်ဆောက်ရန်အတွက် ငွေလုံးငွေရင်း အမြောက်အမြားနှင့် နှစ်ပေါင်းများစွာ အချိန်ယူ ရင်းနှီးမြှုပ်နှံရခြင်း၊ အဆိုပါဒြပ်စင်များကို သန့်စင်ခြင်းသည် ဓာတုအဆိပ်အတောက် ဖြစ်စေသဖြင့် ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံရေးအရ လက်ခံရန်နှင့် စီမံခန့်ခွဲရန် ခက်ခဲခြင်း၊ ကချင်ပြည်နယ်ကဲ့သို့ ပဋိပက္ခဇုန်များမှ ကုန်ကြမ်းရယူခြင်းသည် ဥပဒေကြောင်းအရရော ဂုဏ်သိက္ခာပိုင်းအရပါ စိန်ခေါ်မှုများ ရှိနေခြင်း တို့ဖြစ်သည်။
KIO သည် ချီဖွေ-ပန်ဝါ (Chipwi-Pangwa) ဒေသရှိ တွင်းထွက်နယ်မြေများကို ထိန်းချုပ်ထားခြင်းမှာ နယ်မြေအရသာမက အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှု (Institutional) အရလည်း ခိုင်မာနေသည်။ ၎င်းတို့တွင် စနစ်တကျ အခွန်ကောက်ခံမှု၊ လိုင်စင်ထုတ်ပေးမှုနှင့် နယ်စပ်ကုန်သွယ်ရေး စီမံခန့်ခွဲမှုများ ရှိသည်။
ယင်းနေရာတွင် အချက် ၂ ချက်ကို ရှင်းလင်းစွာ သိမြင်ရန် လိုအပ်သည်။ ပထမအချက်မှာ သယံဇာတမှ ရရှိသော အခွန်ငွေကြောင့် ပဋိပက္ခဖြစ်ပွားနေခြင်း မဟုတ်ပေ။ ဤဝင်ငွေသည် KIO ကို အားကောင်းစေသည်မှာ မှန်သော်လည်း မြန်မာ့ပဋိပက္ခသည် မြေရှားဒြပ်စင်များ မပေါ်ပေါက်မီ ဆယ်စုနှစ်များစွာကတည်းက တည်ရှိနေခြင်း ဖြစ်သည်။

👎39❤15🔥4👍3🤔1😱1
ဖလမ်းမြို့နယ်၊ ခွါးလ်လီရွာအနီး စစ်တပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြား
ဧပြီလ ၁၅ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ခွါးလ်လီကျေးရွာအနီးတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ (SSPC) တပ်စခန်းတစ်ခုကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းမှ လက်နက် ၂၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း CNA ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ခွါးလ်လီကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၄ ရက်နေ့ ယမန်နေ့နံနက်တွင် စခန်းတစ်ခုလုံးကို အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
CNA ရှေ့တန်းသတင်းရင်းမြစ်များ၏ အဆိုအရ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့ပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ချင်းပူးပေါင်းတပ်များက ဆက်လက်လိုက်လံတိုက်ခိုက်နေဆဲ ဖြစ်သည်။
"စစ်ခွေးတွေဘက်က သေဆုံးမှုရှိတယ်။ သေဆုံးမှုမရှိဘဲ ဘယ်လက်နက်တွေ သိမ်းနိုင်မလဲ။ အခုက တိုက်ပွဲက ဆက်လက်ပြင်းထန်နေတုန်းပဲ။ ဒီတိုက်ပွဲမှာ ချင်းပြည်နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်တွေအားလုံး ပူးပေါင်းပြီး တိုက်ခိုက်တာပါ" ဟု ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
အဆိုပါ တိုက်ပွဲတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီထံမှ သေနတ်အလက် ၂၀ ကျော်နှင့်အတူ ခဲယမ်းမီးကျောက် အမြောက်အမြားကို သိမ်းဆည်းနိုင်ခဲ့ခြင်းမှာ စစ်မြေပြင်အတွက် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း CNA သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် တိုက်ခိုက်ခံလိုက်ရသည့် စစ်တပ်မှာ ဆူရ်ဘုန် (Surbung) လေယာဉ်ကွင်းဘက်သို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းနေသည့်အဖွဲ့များ ဖြစ်သောကြောင့် တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာနိုင်မည့် အခြေအနေရှိနေကြောင်း သိရှိရသည်။
စစ်တပ်က မြေပြင်စစ်ကူများ ဖြည့်တင်းနေသည့်အပြင် လေကြောင်းမှပါ အပြင်းအထန် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

❤60👏15👍4🔥2🥰1
ဘီးလင်းမြို့နယ်၊ လေးကေတပ်စခန်း သိမ်းပိုက်မှုအတွင်း ဒဏ်ရာရရှိသော မြန်မာစစ်တပ်ဘက်မှ စစ်သားကို KNLA တပ်များက ကယ်ထုတ်ခဲ့
ဧပြီလ ၁၅ ရက်
မွန်ပြည်နယ်၊ KNU အုပ်ချုပ်မှုနယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေးကေတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဒဏ်ရာရရှိသွားသည့် မြန်မာစစ်တပ်ဘက်မှ စစ်သားတစ်ဦးကို KNLA တပ်ဖွဲ့ဝင်များက လူသားချင်းစာနာထောက်ထားမှုဖြင့် ကယ်ထုတ်ပေးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခမရ ၂ အခြေချရာ လေးကေတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန် ရေးပူးပေါင်းအင်အားစုများက ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ လေးကေတပ်စခန်းသည် စစ်အုပ်စုမှ ၁၉၇၉ ခုနှစ်ကတည်းက စတင်အခြေချခဲ့သည့် စခန်းဟောင်းတစ်ခုဖြစ်ပြီး၊ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တပ်ရင်းမှူးအဆင့်ဖြင့် ဦးဆောင်ခဲ့ဖူးသည့် တပ်စခန်းတစ်ခုလည်း ဖြစ်သည်။
KNLA၊ KNDO နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဧပြီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ အဆိုပါ စစ်တပ်စခန်းကို ပြောက်ကျားစနစ်ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့တွင် စခန်းသိမ်းတိုက်ပွဲကို အရှိန်မြှင့်နွှဲခဲ့ရာ ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူးတစ်ဦးနှင့် တပ်သားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များအသုံးပြုကာ လေးကေကျေးရွာနှင့် အနီးဝန်းကျင်သို့ ပစ်မှတ်ထားဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ထိုသို့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ၏ နေအိမ်များနှင့် ပစ္စည်းဥစ္စာများစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
KNU က ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများတွင် လေးကေစခန်းကို သိမ်းပိုက်ရရှိထားသည့် ပုံရိပ်များနှင့်အတူ တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးရဲဘော်များက ကယ်ဆယ်ပြုစုပေးနေသည့် မြင်ကွင်းများကိုလည်း ထုတ်ပြန်ထားသည်။

👍55❤13🔥1😁1
16 April 2026 ထွက်မည့်ဘတ် ၆ / ၁၂ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်
မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/
🍀 ဘတ် ၆ သန်း ထီနံပါတ်များ - ⤵️
015102
671905
054802
905814
875919
🍀 🍀 ဘတ် 12 သန်း ထီနံပါတ်များ - ⤵️
784501
689205
846106
328708
476811
633812 တစ်စောင်ကျန်
895315
053017
735320
892321
392022
793723
479925
836928
043545
827650
228255
615356 တစောင်ကျန်
559963
716864
873865
867774
919980
403983
864587
170089
495292
652293
098194
876996
📱 ဆက်သွယ်ဝယ်ယူရန် 📱
- https://t.me/pyithuaungpwel
- https://t.me/infoAthlaing
Viber ☎️ +66930839386
#ThaiLottery

❤30👍15👎1🔥1🥰1
ရေစကြိုမြို့မှာ သင်္ကြန်ရေကစားလာတဲ့လူငယ်ကို စစ်တပ်ပစ်သတ်လို့ သေဆုံး
ဧပြီလ ၁၅ ရက်
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ကို သင်္ကြန်ရေကစားလာတဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လို့ သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေ အတင်းအဓမ္မပြုလုပ်နေပေမဲ့ ရေကစားတဲ့သူနည်းပါးပြီး ခြောက်ကပ်နေတဲ့ ရေစကြိုမြို့မှာ မြို့အဝင်ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်သတ်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဖြစ်စဉ်မှာ ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့) နေ့လယ်ပိုင်းက ရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာကနေ မြို့ပေါ်ကို ရေလာကစားတဲ့ (၁၈)နှစ်အရွယ် လူငယ်တစ်ဦးဟာ ရွာသစ်တောရိုးနဲ့ နှစ်ထောင်ပြည့်ရပ်ကွက်အနီးမှာ ပစ်သတ်ဖြတ်ခံရတာဖြစ်ကြောင်း ရေစကြိုသတင်းအချက်အလက် ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
"ဘာကြောင့်ရယ်လို့တော့ အသေအချာ မသိရဘူး။ ကင်းပုန်းတွေဝတ်နေပြီး မကြာခဏ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သိရတယ်"လို့ အထက်ပါကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အသတ်ခံရတဲ့လူငယ်ရဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
လက်တလော ရေစကြို မြို့ပေါ်က သင်္ကြန်မဏ္ဍပ်တွေမှာ စည်ကားမှုမရှိဘဲ စစ်ကောင်စီထောက်ခံသူတချို့သာ ရှိနေပြီး မြို့အဝင်၊အထွက်တွေမှာတော့ စစ်တပ်က ကင်းပုန်းဝပ်တာနဲ့ ပစ်ခတ်မှုတွေ ခပ်စိပ်စိပ်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းအပါအဝင် မြို့ကြီးတွေပေါ်မှာ သင်္ကြန်ပွဲကို စည်ကားအောင် ပြုလုပ်နေပြီး ကျေးရွာတွေကိုတော့ စစ်ကြောင်းထိုး မီးရှို့တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်နေပါတယ်။

🤬72❤6😁2👏1😢1
နေပြည်တော်၌ ဗဟိုမဏ္ဍပ်မှလွဲ၍ သင်္ကြန်ရေကစားသူ နည်းပါး
ဧပြီလ ၁၅ ရက်
စစ်အာဏာရှင်ရုံးစိုက်ရာ နေပြည်တော်မှာ မြို့ပေါ်မှာရှိတဲ့ ဗဟိုမဏ္ဍပ်နဲ့ မြို့တော်ဝန်မဏ္ဍပ်တွေကလွဲလို့ ကျန်တဲ့မြို့နယ်တွေမှာ ဧပြီ ၁၃ ရက်နဲ့ ၁၄ ရက် သင်္ကြန်အကြိုနေ့နဲ့ သင်္ကြန်အကျနေ့တွေက ရေကစားတဲ့သူ နည်းပါးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နေပြည်တော်က၊ ဌာနဆိုင်ရာဝန်ထမ်းတယောက်က “ရုံးဌာနဝန်ထမ်းတွေရှိတဲ့ နေပြည်တော်က ဗဟိုမဏ္ဍပ်နဲ့ ပတ်ဝန်းကျင်လောက်မှာပဲ ရေကစားကြတာရှိတယ်။ အဆိုတော်တွေလည်း မနည်းဘူး ဖျော်ဖြေနေတာ တွေ့ရတယ်။ တခြား ပျဉ်းမနားနဲ့ လယ်ဝေးတို့လို့ မြို့နယ်တွေဘက်မှာ တိတ်ဆိတ် ခြောက်ကပ်နေတယ်။ အရပ်သားအစိုးရလက်ထက်က သင်္ကြန်မဏ္ဍပ်ငယ်တွေ များပြားခဲ့ပြီး ရေကစားသူ၊ ရေပက်ခံထွက်တဲ့သူတွေနဲ့ စည်ကားခဲ့တဲ့ နေရာတွေမှာ ဒီနှစ်တော့ မရှိဘူး၊ ခြောက်ကပ်နေတယ်” လို့ ပြောပါတယ်။
သင်္ကြန်ပွဲတော်စည်းကားဖို့အတွက် နေပြည်တော်ရင်ပြင်မှာ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွေ၊ ဗဟိုမဏ္ဍပ်တွေ၊ နေပြည်တော် မြို့တော်ခန်းမရှေ့က မြို့တော်ဝန်မဏ္ဍပ်တွေ အပါအဝင် သင်္ကြန်မဏ္ဍပ်အများအပြား ဆောက်လုပ်ထားပြီး ဇမ္ဗူသီရိ၊ လယ်ဝေး၊ ဒက္ခိဏသီရိ၊ တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ ဇေယျာသီရိ၊ ဘောဂသီရိ၊ ဥတ္တသီရိ စတဲ့မြို့ကြီးတွေမှာလည်း သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ထားကာ စစ်အာဏာရှင်အဖွဲ့အစည်းတွေက သင်္ကြန်ပွဲတော်မှာ ရေကစားကြဖို့ လိုက်လံစည်းရုံးပြီး ကားတွေနဲ့ ကြိုပို့လုပ်ပေးနေပေမဲ့ သင်္ကြန်ရေကစားသူ မရှိသလောက် နည်းပါးနေတယ်လို့ ဆိုပါတယ်။
လယ်ဝေးမြို့နယ်က အရပ်သားတယောက်က “လယ်ဝေးက ရပ်ကွက်လမ်းတွေမှာသာ ကလေး ငယ်တချို့လောက်ပဲ ရေကစားကြတာရှိတယ်။ အရင်နှစ်တွေကဆိုရင် တပ်ကုန်းမြို့က လမ်းမကြီးလမ်းနဲ့ ဈေးဘက်လမ်းတွေမှာ သင်္ကြန်ရေကစားမဏ္ဍပ်ငယ်တွေ အရမ်းများပြီး ရေကစားသူ၊ ရေပက်ခံထွက်တဲ့သူတွေနဲ့ စည်ကားခဲ့တယ်” လို့ ပြောပါတယ်။
အခုလို ဒေသခံတွေ ရေကစားမှု နည်းပါးသွားတာဟာ အဆမတန်မြင့်တက်နေတဲ့ စက်သုံးဆီဈေးနှုန်း၊ ယာဉ်စီးခွင့်ကန့်သတ်ချက်နဲ့ စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်နဲ့ အဓမ္မစစ်မှုထမ်း ခေါ်ယူနေမှုတွေကြောင့် သင်္ကြန်ပွဲကို စိတ်ဝင်စားမှုလျော့ကျသွားပြီး ရေကစားသူ နည်းပါးနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်က နေပြည်တော်မှာ အခုနှစ်မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲကို အထူးစည်ကားစေဖို့ ပြီးခဲ့တဲ့ မတ်လဆန်းကတည်းက ကြိုတင်စီမံချက်နဲ့ ပြင်ဆင်ထားခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ပြည်သူတွေ အာရုံစိုက်မှုရရှိစေဖို့နဲ့ သင်္ကြန်မှာ ရေကစားသူ၊ ရေပက်ခံသူတွေများပြားစေဖို့ နာမည်ကြီး ဝါရင့်အဆိုတော်တွေအပြင် အဆိုတော် ရွှေထူးနဲ့ ဝန ၊ လူငယ် အဆိုတော်အဖွဲ့ Project-K တို့ပါ နေပြည်တော်က မဏ္ဍပ်တွေမှာ ဖျော်ဖြေနေကြပါတယ်။
ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲနှင့် လယ်ဝေးသင်္ကြန်။ (Photo: MRTV/ နေပြည်တော် ဒေသခံ )
#DVB

👍51😁15❤11👏3🔥1
အရာတော်မှာ စစ်တပ် စခန်းနေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေ
ဧပြီလ ၁၅ ရက်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်တပ် စခန်းနေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အရာတော်မြို့တောင်ဘက်ခြမ်းက စစ်တပ်က တပ်စွဲပြီးပြည်သူ့စစ်အဖြစ်ဖွဲ့စည်းထားတဲ့ ကျေးရွာတွေကို တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
စစ်တပ်ကလည်း မတ်လ ၃၀ ရက်ကစပြီး ဒီကနေ့(ဧပြီ ၁၅ ရက်)မနက်ပိုင်းအထိ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ဆက်တိုက်ခုခံနေတယ်လို့ အသိပေးပါတယ်။
"လက်ရှိကတော့ ပျူရွာတော်တော်များများကို ထိရောက်စွာလုပ်ဆောင်နေပါတယ်"လို့ အရာတော် အခြေစိုက်ကာကွယ်ရေးရဲဘော်တစ်ဦးက စစ်ရေးအခြေအနေကို ပြောပါတယ်။
အရာတော်မြို့တောင်ဘက်နဲ့ အရှေ့တောင်ဘက်ခြမ်းက ကျောက်ပျောက်၊ငွေတွင်း၊စပါးတွင်းနဲ့ သလဲဘာကျေးရွာတွေကို စစ်တပ်က ပြည်သူ့စစ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
"လေကြောင်းက ခုချိန်ထိ(ဧပြီ ၁၅ ရက် မနက် ၁၀ နာရီ ၂၀မိနစ်)ကြဲနေတုန်းပါ။မိတ္ထီလာရှမ်းတဲနဲ့ တံတားဦး လေတပ်ကနေ ဗုံးလာကြဲနေတာပါ"လို့ အရာတော်မြို့နယ် ပြည်သူ့လုံခြုံ ရေးအဖွဲ့ဝင်တစ်ဦးက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြောပါတယ်။
ဒါ့အပြင် ဧပြီ ၁၁ ရက်ကနေ ဧပြီ ၁၄ ရက်အထိ ပါရာမော်တာ၊ အသေခံဒရုန်း၊ ဂျက်ဖိုက်တာတွေနဲ့ တိုက်ခိုက်မှု ၁၃ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတာရှိတယ်လို့လည်း သိရပါတယ်။
လက်ရှိစစ်ရေးအရ အရာတော်မြို့အနီးမှာ စစ်တပ်က စစ်ရေးလှုပ်ရှားတာတွေကြောင့် အရာတော် - ရွာသာကြီးလမ်းပိုင်း၊ အရာတော် - ထီးဆောင်းလမ်းပိုင်း နဲ့ အရာတော်မြို့အဝင်အထွက် လမ်းတွေ ကို မသုံးဖို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဒီကနေ့ ဧပြီ ၁၅ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
အရာတော်မြို့နယ်မှာ အမှတ် (၃၆၉)အမြောက်တပ်၊ အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးတပ်နှင့် အမှတ် (၅၀၀၄)တင့်ကားတပ်တို့ အခြေစိုက်ထားပါတယ်။
(၂၀၂၅ဒီဇင်ဘာ ၉ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းမိတဲ့ အရာတော်မြို့နယ် ငွေတွင်းရွာက ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ဓာတ်ပုံ - NDRF)

❤49👍25🥰2🔥1👏1
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးပေးစီရင်ခဲ့သော စစ်ခုံရုံးတရားသူကြီး ဒုဗိုလ်မှူးကြီးဟောင်း မျိုးမြင့်အောင်ကို မင်းအောင်လှိုင်က ရန်ကုန်မြို့တော်ဝန်ခန့်အပ်ပြီး သူကောင်းပြုထား
ဧပြီလ ၁၅ ရက်
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးပေးစီရင်ခဲ့သော စစ်ခုံရုံးတရားသူကြီး ဒုတိယဗိုလ်မှူးကြီးဟောင်း မျိုးမြင့်အောင်ကို မင်းအောင်လှိုင်က ရန်ကုန်မြို့တော်ဝန်ခန့်အပ်ပြီး သူကောင်းပြုထားသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့ အတင်းအကျပ် အကြမ်းဖက် သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မျိုးမြင့်အောင်ကို ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်စည်ပင်သာယာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ဒုတိယဗိုလ်မှူးကြီးဟောင်း မျိုးမြင့်အောင်ကို ရန်ကုန်တိုင်းစီးပွားဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့တော်ဝန်အဖြစ် ထပ်မံ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
မျိုးမြင့်အောင်သည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် တို့ကို သေဒဏ်အမိန့်ချမှတ်မှု နှင့် စီရင်သတ်ဖြတ်မှုတွင် ပါဝင်သူ၊ ကျောင်းသားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့သူ အင်းစိန်ထောင်စစ် ခုံရုံးတရားသူကြီး လုပ်ဆောင်ခဲ့သူဖြစ်သည်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို သတ်ခဲ့သူ
ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်ချမှတ်မှုနှင့် သတ်ဖြတ်မှုတွင် စစ်ဘက်တရား သူ ကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် ပါဝင်ပတ်သက်ခဲ့သည်။
အင်းစိန်ထောင်စစ်ခုံရုံး၏ အထူးတရားသူကြီး ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင် သည် မင်းအောင်လှိုင်၏ တိုက်ရိုက် တာဝန်ပေးအပ်ခံရသော တရား သူကြီး ဖြစ်ပြီး ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်ချမှတ်ခဲ့ခြင်းနှင့် သေဒဏ်ပေးရန် နောက်ဆုံးအချိန် အတည်ပြုပြီး သေဒဏ်စီရင်သည့် ဖြစ်စဉ်တစ်ခုလုံးတွင် ပါဝင်ခဲ့သူဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ရန်ကုန်တိုင်း၊ ဒညင်းကုန်း၊ အင်းစိန်မြို့နယ် အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်မှ တပ်မှူး ဒုတိယမှူးကြီးမျိုးမြင့်အောင် စစ်ခုံရုံးများ စတင်ထူထောင်ချိန်ကတည်းက စစ်ဘက်ဆိုင်ရာ တရားသူကြီးအဖြစ် အင်းစိန်ထောင် အထူးတရားရုံးတွင် ရုံးထိုင်ခဲ့သည်။ ဒုတိယဗိုလ်မှူးကြီးဟောင်း မျိုးမြင့်အောင်တွင် ဇနီး ဒေါ်မီမီစန်းနှင့် သမီး ထွန်းကားသည်။
ရန်ကုန်တိုင်းကို စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး စစ်ခုံရုံးများကို ထူ ထောင်သောအခါ မျိုးမြင့်အောင်သည် စစ်ဘက်ဆိုင်ရာ တရားသူကြီးအဖြစ် သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များစွာ တော်လှန်ရေးဘက်တော်သားများကို ချမှတ်ခဲ့သည်။
အင်းစိန်ထောင် အထူးစစ်ခုံရုံးတွင် စစ်ဘက်တရားသူကြီး မျိုးမြင့်အောင်က တော်လှန်ရေး လူငယ်များစွာကို သေဒဏ်များချမှတ်ခြင်း၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များချမှတ်ခြင်းနှင့် ထောင်ဒဏ်များစွာကို ကျေကျေနပ်နပ်ဖြင့် ချမှတ်ခဲ့သူဖြစ်သည်။
ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်အောင်သည် ၂၀၁၇ ခုနှစ် ကလေးစစ်သား အောင်ကိုထွေးကို စစ်တပ်ကိုယ်စား တရားစွဲဆိုခဲ့သော တရားလို စစ်အရာရှိတစ်ဦးလည်းဖြစ်သည်။

🤬89❤12👎4👏3👍2
ဘဝဆိုတာ စွန့်စားမှု ခရီးရှည်ကြီးပါ။
ရှေ့မှာ ဘာမှမမြင်ရဘူး။
ဘာဖြစ်မယ်လို ဘယ်သူမှလည်း မသိနိုင်ပါဘူး။
ဒါပေမဲ့ မကြောက်ပါနဲ့။
ယုံယုံကြည်ကြည်လျှောက်ပါ။
ဒေါ်အောင်ဆန်းစုကြည်
နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို
https://t.me/infohlaing အဖွဲသားများမှ တင်ပေးနေပါသည်။

❤114🥰3😁3🤯1
မင်းလှတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော အုပ်ချုပ်ရေးမှူး ဝင်းဗိုလ်ကို PDF များက ပြည်သူကို မဖိနှိပ်ရန် သွားရောက် သတိပေးစဉ် ဓားဖြင့် တိုက်ခိုက်သော ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သေဆုံး
ဧပြီလ ၁၅ ရက်
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော အုပ်ချုပ်ရေမှူး ဝင်းဗိုလ်ကို PDF တပ်များက ရုံးထဲအထိ ဝင်ရောက် သတိပေးပြောဆိုစဉ် ဓားဖြင့် တိုက်ခိုက်သောကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဝင်းဗိုလ် သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မင်းလှမြို့နယ်၊ လှည်းပြင်တင်ရွာတွင် နေထိုင်သော အုပ်ချုပ်ရေးမှူး ဝင်းဗိုလ်ကို အုပ်ချုပ်ရေးရုံး၌ ၄င်းရှိနေစဥ် သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့ ရဲဘော်များက ထောက်ခံစာလုပ်ပေးရန်ဆိုကာ အရပ်ဝတ်ဖြင့် အသွင်ယူသွားရောက်ပြီး ပြည်သူများကို ဖိနှိပ်မှုများ မပြုလုပ်ရန် သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ သတိပေးပြောဆိုနေစဥ် အုပ်ချုပ်ရေးမှူး ဝင်းဗိုလ်က PDF များ ရောက်ရှိနေသည်ဟု ၎င်း၏ တပည့်များကို အော်ခေါ်ပြီး PDF ရဲဘော်များကို ဓားဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သောကြောင့် သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ဝင်းဗိုလ်ထံမှ ဓားမြောင် ၁ လက်၊ မိုလ်ဘိုင်းဖုန်း ၃ လုံး၊ မှတ်ပုံတင်ကတ် ၁ ခု၊ ထောက် ခံစာ ၁ ရွက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူး ဝင်းဗိုလ် သည် စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကျပ် ကောက်ခံပြီး ကိုယ်ကျိူးအတွက်အသုံးပြုခြင်း၊ စစ်မှု ထမ်းကြေး မပေးသူများအား စစ်တပ်ခေါ်ကာ ဖမ်းဆီးခိုင်းခြင်း၊ လူငယ်များအား စစ်တပ်နှင့်အတူ ပေါ်တာဆွဲဖမ်းဆီးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများအား ၎င်း၏တပည့် ဖြစ်သူများကို စုံစမ်းခိုင်းကာ စစ်တပ်ထံ သတင်းပေးခြင်းများ လုပ်ဆောင်နေသောကြောင့် အရေးယူခဲ့ရခြင်းကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။
"ဝင်းဗိုလ်က စစ်မှုထမ်းကြေးတွေကောက်ပြီးတော့ စခတွေကိုတစ်ဝက်ပဲပေးတယ်။ ကျန်တာသူ့ကိုယ်ကျိုးအတွက်သုံးတယ်။ စစ်ခွေးတွေပေါ်တာဆွဲလာရင်သူကအတူလိုက်ဖမ်းပါတယ်။ ပြည်သူတွေမှာ စစ်မှုထမ်းကြေးပေးထားတာတောင် အဖမ်းခံရမှာကြောက်ပြီးထွက်ပြေးနေရတယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့သတင်းကိုလည်း သူ့တပည့်တွေမွေးပြီးစုံစမ်းခိုင်းတဲ့အပြင် စခတွေကိုတိုက်ခိုက်ဖို့ PDFအဖွဲ့တွေ ထွက်လာရင် သူကစခတွေကိုသတင်းကြိုပေးထားတာမျိုးတွေလုပ်တယ်။ ပြည်သူကိုဒုက္ခမပေးဖို့သတိပေးတာကို သူကPDFတွေရောက်နေတယ်အော်ခေါ်ပြီး ဓားနဲ့ပြန်တိုက်ခိုက်လို့ရှင်းလိုက်ရတာ သူ့တပည့်တွေက သူအော်ခေါ်ပေမယ့်ဘယ်သူမှထွက်မလာရဲဘူး" ဟု Black Tiger ပျောက်ကြားအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက်စစ်အုပ်စုအပြင် ယင်းတို့၏ ထောက်တိုင်များကိုလည်း တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးပြောဆိုထားသည်။

❤47👏24👍14😁3🥰2
မိခင်ဖြစ်သူနဲ့ နိုင်ကျဉ်းအားလုံးလွတ်မြောက်ပြီး မိသားစုနဲ့ ပြန်ဆုံပါစေလို့ ဒေါ်အောင်ဆန်းစုကြည်သား နှစ်သစ်ဆုတောင်း
ဧပြီလ ၁၅ ရက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး မိသားစုနဲ့ ပြန်လည်တွေ့ဆုံနိုင်ကြပါစေလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က နှစ်သစ်ကူးဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ရေးသားထုတ်လွှင့်ခဲ့တဲ့ ကိုထိန်လင်းရဲ့ နှစ်ကူး ဆုတောင်းစကားမှာ “သင်္ကြန်ဟာ ခွင့်လွှတ်ခြင်း၊ အသစ်တဖန် စတင်ခြင်းနဲ့ ချစ်ခင်သူတွေ အတူတူရှိနေခြင်းရဲ့ အချိန်တစ်ခုပါ။ ဒီနှစ်မှာလည်း မိသားစုတွေ အများကြီးက ကွဲကွာနေဆဲ ဖြစ်ပါတယ်။ သားတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ ဆန္ဒတစ်ခုတည်းရှိပါတယ်။ မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ပြီး သူတို့ချစ်တဲ့သူတွေနဲ့ ပြန်လည်တွေ့ဆုံနိုင်ကြပါစေ”လို့ ရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးအတွက် ဆုတောင်းပေးကြဖို့လည်း ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။
“ဒီဟာက ကျွန်တော့်ရဲ့ တစ်ခုတည်းသော နှစ်သစ်ဆန္ဒပါ။ ကောင်းသောနှစ်သစ် ဖြစ်ပါစေ။” လို့ ကိုထိန်လင်းက ရေးသားထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ကလည်း NLDပါတီ ဥက္ကဋ္ဌ ၊လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ကျန်းမာဘေးကင်းစေဖို့ ရည်ရွယ်ပြီး တနိုင်ငံလုံးအတိုင်းအတာ မေတ္တာပို့ ဆုတောင်းပေးဖို့ ဧပြီ ၉ရက်မှာ မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး၊ မြန်မာနိုင်ငံသားများအားလုံး ကျန်းမာဘေးကင်းစေရေးအတွက် ကဆုန်လဆန်း(၂)ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ နှစ်သစ်ကူးအခါသမယမှာ ဆုတောင်းမေတ္တာ ပို့သပေးတာတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး မြန်မာတနိုင်ငံလုံးရှိ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားတာပါ။
အဲဒီလိုဆုတောင်းရာမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာကြပါစေ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ကြပါစေ၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးကျန်းမာကြပါစေ၊ ဘေးဘယာဒုက္ခအန္တရာယ်အသွယ်သွယ်မှကင်းဝေးကြပါစေ စတဲ့ ဆုတောင်းစကားတွေနဲ့ ဆုတောင်းဖို့ နှိုးဆော်ထားပါတယ်။
သပြေပန်း၊ နှင်းဆီပန်း(သို့မဟုတ်) မိမိကြိုက်နှစ်သစ်ရာပန်းတွေ ကိုင်ဆောင်တာ၊ ပန်ဆင်တာ ပြုလုပ်ပြီး တစ်မိနစ်ခန့်ကြာတဲ့ ဆုမွန်ကောင်းတောင်းတဲ့ ဗွီဒီယိုဖိုင်ကို လုံခြုံရေး အပေါ် မူတည်ပြီး ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
NLD အနေနဲ့လည်း အခုရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြုတဲ့ စာနဲ့ဓာတ်ပုံတွေ ဖေ့စ်ဘွတ်ခ်မှာ ဆက်တိုက်ဖော်ပြလျက်ရှိပါတယ်။
" စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေး ပြဿနာများကိုဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေး ဆောင်ရွက်မှုများ မပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်"လို့လည်း NLDက ထပ်လောင်းဖော်ပြထားပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်ကတည်းက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရခေါင်းဆောင်တွေ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီကနေ့ ဧပြီ ၁၅ရက်အထိ ရက်ပေါင်း ၁၉၀၀ ရှိပြီဖြစ်ပါတယ်။
(ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ပေးရေး NLDပါတီက ဧပြီ ၁၀ရက်မှာ တောင်းဆိုထားစဉ်။ ဓာတ်ပုံ - NLD)

❤114😁3🥰2🤔1
မင်းလက်ပံရွာကို ဗုံးကြဲလို့ နေအိမ်တွေမီးလောင်ပျက်စီး
ဧပြီလ ၁၂ ရက်
စစ်တပ်က ထိုးစစ်ဆင်နေတဲ့ KNU တပ်မဟာ ၆ နယ်မြေ မြ၀တီမြို့တောင်ဘက်က မင်းလက်ပံရွာမှာ မနေ့(ဧပြီလ ၁၄)ရက်က စစ်တပ်က ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး အရပ်သားတချို့ ထိခိုက်မှုရှိတယ်လို့ ကြားသိရကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊မင်းလက်ပံရွာနဲ့ဖလူးရွာအနီးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ KNU ပူးပေါင်းတပ်တွေအကြားမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မနေ့က မင်းလက်ပံရွာထဲကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာပါ။
"သူများတွေ သင်္ကြန်လည်ကြတဲ့အချိန် ကျွန်တော်တို့ဒေသမှာတော့ မီးလောင်ဗုံးတွေ နေ့တိုင်းကျတယ်" လို့ ဖလူးဒေသခံပြည်သူတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။
စစ်တပ်က ဗုံးကြဲချလို့ မင်းလက်ပံရွာက လူနေအိမ်တွေ မီးအကြီးအကျယ်လောင်ကျွမ်းနေတာကိုလည်း မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးပူးပေါင်းတပ်က တာဝန်ရှိသူတစ်ဦးကလည်း သူ့ရဲ့လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။
"(မီးလောင်တာ)မင်းလက်ပံ အုန်းတောအပိုင်။ (လူထိခိုက်တာ)ရှိမယ်၊ လူတွေပြန်နေတယ်လေ" လို့ ဒေသတွင်းရှိ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်က စစ်ကြောင်းထိုးတဲ့ မင်းလက်ပံနဲ့ ဖလူးနယ်မြေတွေအတွင်းမှာ ဗုံး ကြဲချလို့ ဖလူးရွာမှာလည်း နေအိမ်တော်တော်များများ မီးလောင်ပျက်စီးတဲ့အပြင် လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် လည်း ထိခိုက်ပျက်စီးနေပါတယ်။
ဝေါ်လေ-မြ၀တီ လမ်းပိုင်းကို စိုးမိုးထိန်းချုပ်ဖို့နဲ့ ဝေါ်လေစစ်ဗျူဟာဆီ စစ်ကူပေးပို့နိုင်ရေးတို့အတွက် စစ်တပ်က မြ၀တီမြို့နဲ့ လေးကေကော်မြို့ကနေတဆင့် မင်းလက်ပံ၊ ဖလူးကျေးရွာတွေဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတာဖြစ်ပြီး KNU ပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် စစ်ကြောင်း ရှေ့ဆက်မတိုးနိုင်ဖြစ်နေတာပါ။
ဓာတ်ပုံ - ဒေသခံ

🤬66😁2❤1👍1😢1