ကျဆုံးရဲဘော်မိသားစုများနှင့် ဒဏ်ရာရရဲဘော်များကို လစဉ်ထောက်ပံ့နိုင်ရန် CDF-Hualngoram စီစဉ်
ဧပြီလ ၁၄ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟွာလ်ငိုးဒေသအခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ - CDF-Hualngoram က တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့သည့် ကျဆုံးရဲဘော်မိသားစုများ၊ ဒဏ်ရာကြောင့် မသန်စွမ်းဖြစ်သွားသည့် ရဲဘော်များနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော ရဲဘော်များကို လစဉ်ပုံမှန် ထောက်ပံ့နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ကူညီမှုများကို ဒေသတွင်းရှိ ပြည်သူလူထုနှင့် ပူးပေါင်းကာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြောင်း CDF-Hualngoram ထံမှ သိရသည်။
"ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို အလေးထားပြီး ဆောင်ရွက်နေတာ ကြာပါပြီ။ ချင်းပြည်မှာ ပထမဆုံးဖြစ်မယ်ထင်တယ်။ ငွေကြေးပိုင်း မတတ်နိုင်ရင်တောင် ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေနဲ့ အမြဲထောက်ပံ့ပေးလေ့ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲကာလ ငွေကြေးအခက်အခဲရှိတဲ့အချိန်တွေမှာ ကျဆုံးရဲဘော်မိသားစု အားလုံးကို မပေးနိုင်ဘဲ တစ်လကို ၃ ဦး၊ ၄ ဦး အစရှိသဖြင့် အလှည့်ကျပဲ ထောက်ပံ့ပေးခဲ့ရတာပါ။ အခုတော့ ပိုပြီး ပြည့်ပြည့်စုံစုံနဲ့ စနစ်တကျ ထောက်ပံ့ပေးနိုင်ဖို့ အစီအမံတွေ လုပ်နေတာဖြစ်ပါတယ်" ဟု CDF-Hualngoram တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
CDF-Hualngoram အနေဖြင့် တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးဆပ်ခဲ့သည့် ရဲဘော်များ၏ ကျန်ရစ်သူမိသားစုများကို အမြဲဦးညွတ်လေးစားကြောင်း ပြသသည့်အနေဖြင့် ယခုကဲ့သို့ စီမံဆောင်ရွက် ရခြင်းဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးကာလ ၅ နှစ်အတွင်း CDF-Hualngoram မှ ရဲဘော်စုစုပေါင်း ၁၆ ဦး ကျဆုံးခဲ့ပြီး၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း ပေးဆပ်ခဲ့ရသူ ခုနစ် ဦးနှင့် ဒဏ်ရာရရှိသူ စုစုပေါင်း ၆၀ ဦးရှိကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ - CDF-Hualngoram
#AYAT
#HlaingInfo

👍51❤27🔥2🥰1
This media is not supported in your browser
VIEW IN TELEGRAM
ဘီးလင်း၊ လေးကေစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်တပ်ကို လိုက် လံ တိုက် ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ သေနတ် ၉ လက်ရရှိ (ရုပ်/သံ)
ဧပြီလ ၁၄ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်တပ်ကို လိုက်လံတိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း PDF အထူးတိုင်းစစ်ဌာန၊ အထူးတိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့တွင် ဘီးလင်းမြို့နယ် လေးကေစခန်းမှစွန့်ခွာ ထွက်ပြေးသွားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၇ ဦး သေဆုံးကာ ၂ ဦး အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ MA4 ပူးတွဲ ၁ လက်၊ MA2 စက်လက် ၁ လက်၊ MA3 ၄ လက်၊ MA1 ၃ လက်၊ ၅.၅၆ ကျည် ၁၂၀၀ တောင့်၊ ငါကြင်းမြီးကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်ဘောက် ၁၀ ခု၊ စကားပြောစက် တလုံး နှင့် စစ်သုံးပစ္စည်းတစ်ချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုကို KNU တပ်မဟာ ၁ ရှိ KNLA တပ်ရင်းများ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၂၇ ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ ၃၇ ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ FFDF ဒရုန်းတပ်ဖွဲ့၊ Rangoon Warriors ဒရုန်းတပ်ဖွဲ့ ၊ KRF ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်၏ လေးကေစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဧပြီလ ၇ ရက်နေ့တွင် စတင် ထိုးစစ်ဆက် တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင်း သိရှိရသည်။
#KTM

❤53👏21👍12🔥1🥰1
အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မတပ်သားသစ် စုဆောင်းခံရတဲ့ လူငယ် ၃ ဦး သေနတ် ၁ လက်ယူလာကာ KNU ထံ အလင်းဝင်
ဧပြီလ ၁၄ ရက်
ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃)၊ညောင်လေးပင်ခရိုင် ၊ မူးမြို့နယ်အတွင်း က အကြမ်းဖက်စစ်တပ် ရဲ့ ခမရ (၅၈၁) တပ်ရင်းမှ လူငယ် ၃ ဦး သေနတ် ၁ လက် ယူကာကာ အလင်းဝင်ခဲ့တယ်လို့ KNU ဗဟို က သတင်းထုတ်ပြန်ပါတယ်။
မူးမြို့နယ်၊ တောင်စုကျေးရွာမှ ထွက်ပြေးလာတဲ့ တပ်သား မောင်ကျော်မင်းခန့် (၂၄)နှစ်၊တပ်သား မောင်ကောင်းခန့်ကို (၂၀)နှစ်၊တပ်သား မောင်အာကာ (၂၃)နှစ်တို့ဟာ ဧပြီ ၉ ရက်မှာ KNLA တပ်ရင်း(၈) ထံ ဘက်ပြောင်းခိုလှုံခဲ့တာပါ။
အဲဒီ လူငယ် ၃ ဦး အလင်းဝင်လာရာမှာ MA-1 (၁)လက်၊ ကျည်(၁)ပေါက်၊ ကျည်ဆံ (၁၇) တောင့် ယူဆောင်လာခဲ့တဲ့အတွက် အဲဒီ လူငယ် (၃) ဦးအား တစ်ဦးကို ကျပ်(၅)သိန်းစီ ဆုချီးမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ထဲမှ ကာယကံရှင်တို့ရဲ့ ဆန္ဒမပါပဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားများအနေ နဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချအလင်းဝင်လာကြဖို့ အသိပေးတိုက်တွန်းထားပါတယ်။
#PVTV

❤48👍37😁2🥰1
တနင်္သာရီတိုင်းအစိုးရ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို စစ်တပ်ခန့် ဝန်ကြီးချုပ် ဇော်နိုင်ဦး လာရောက်ဖွင့်လှစ်စဉ် ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်ပွား၊ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာအနီးတွင်လည်း ပေါက်ကွဲမှုများဖြစ်
ဧပြီလ ၁၄ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို စစ်တပ်ခန့် ဝန်ကြီးချုပ် ဇော်နိုင်ဦး လာရောက်ဖွင့်လှစ်စဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထားဝယ်မြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး တည် ဆောက်ထားသော တနင်္သာရီတိုင်းအစိုးရ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို အကြမ်းဖက် စစ်တပ်ခန့် ဝန်ကြီးချုပ် ဇော်နိုင်ဦးတက်ရောက်၍ ဖဲကြိုးဖြတ်ပွဲ ပြုလုပ်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း ဗဟိုမဏ္ဍပ်အနောက်ဘက်ခြမ်းကို ဗုံး ၁ လုံး၊ တိုင်းရဲရုံးကို ဗုံး ၁ လုံးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ဗုံး ၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ယင်းတိုက်ခိုက်ခံရမှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး စစ်ကား ၃ စီးဖြင့် ရှင်းလင်းရေး လုပ်ဆောင်ကာ မိုးပေါ်ထောင်၍ သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်သွားကြောင်း သိရသည်။
"ဗဟိုမဏ္ဍပ်က ဗိုလ်ချုပ်ကြေးရုပ်နားမှာ လုပ်တာ ဒရုန်းကျတာလို့တော့ သိရတယ်။ ဗုံးကျဲပြီးတာနဲ့ သူတို့ ဖွင့်ပွဲတောင် ဆက်မလုပ်နိုင်ဘူး။ အကုန်ပြေးကုန်တာ စစ်ခွေးကား ၃ စီးနဲ့ ရှင်းလင်းရေး လာလုပ်သွားတယ်။ စစ်ခွေးဘက်က အကောင်ကြီးတွေလာပြီးဖွင့်ပွဲလုပ်နေတဲ့ အချိန် တိုက်ခိုက်ခံရတာ အပြင်လူလည်း ဘယ်သူမှ ပေးမဝင်ဘူး။ လမ်းပိတ်ချပြီး အထဲမှာ ဖဲကြိုးဖြတ်တာပေါ့။ သူတို့ တိုက်ခိုက်ခံရတော့ သေနတ်တွေနဲ့ ဝိုင်းပစ်ကျတာရှိတယ်။ အပေါ်ကို လိုက်ပစ်တာတော့ ရှိတယ်" ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့သို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှု မဖြစ်ပွားမီ မွန်းလွဲပိုင်းကလည်း ထားဝယ်မြို့ ဝန်ကြီးအိမ် ရာအနီးတွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် ထားဝယ်မြို့၌ အကြမ်းဖက် စစ်တပ်က စစ်ကားများဖြင့် ကင်းလှည့်နေကြောင်း သိရသည်။

👏67👍22❤11🔥3
ရွှေဘိုနှင့် ထီးလင်း-ပေါက်မြို့နယ်အစပ်ကို စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှု ဆိပ်ခွန်ရွာ ဘုန်းကြီးကျောင်း ဗုံးထိမှန်ကာ သံဃာတော် ၂ ပါး ပျံလွန်တော်မူ
ဧပြီလ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်း၊ ထီးလင်း-ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ရွှေ ဘိုမြို့နယ်တွင် သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) နေ့လယ်ပိုင်းတွင် မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာစစ်လေယာဉ်ဖြင့် ရွှေဘိုမြို့နယ်အနောက်ခြမ်း၊ ဆိပ်ခွန်ကျေး ရွာရှိ မဟာစည်သာသနာ့ရိပ်သာနယ်မြေ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး၊ အခြားသံဃာတော် ၂ ပါးနှင့် အရပ်သားပြည်သူ ၁ ဦးတို့ ထိခိုက်ဒဏ် ရာရရှိခဲ့သည်။
"စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ သံဃာတော် ၂ ပါး ပျံလွန်တော်မူတယ်။ သံဃာတော် ၂ ပါးနဲ့ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရတယ်။ ပျံလွန်တော်မူသွားတဲ့ သံဃာတော်တွေနဲ့ ဒဏ်ရာရသူတွေရဲ့ အသက်အရွယ်တွေကိုတော့ ကျွန်တော် စုံစမ်းနေဆဲပါ။ ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ လေကြောင်းအန္တရာယ်တွေကို သတိပြုနေထိုင်ဖို့ ပြောချင်ပါတယ်"ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကျင်းပုံတောင်နတ်ထိပ်ကိုလည်း ဧပြီလ ၁၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု အခြေအနေများကို အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။
"စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ်ပျက်စီးတာမျိုးကို ကျွန်တော်တို့ ဆက်လက်စုံစမ်းနေဆဲပါ။ အဲဒီဘက်က ဆက်သွယ်ရေးလိုင်းတွေကိုလည်း ဖြတ်ထားတယ်။ ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ စစ်ကြောင်းအန္တရာယ်တွေကို သတိပြုနေထိုင်ကြဖို့ ပြောချင်ပါတယ်"ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ကလည်း မုံရွာ နမခမှ တက်လာသော Gyrocopter ၃ စီးဖြင့် ထီးလင်းနှင့် ပေါက်မြို့နယ်အစပ်ကို ၃ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ဖာပွန်မြို့နယ်၊ ကျောက်ကွင်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ ဗုံးထိမှန်၍ ပျံလွန်တော်မူခဲ့စဉ်။

🤬59😢6❤5👍2🔥1😁1
ဖလမ်းမြို့ကို အကြမ်းဖက်စစ်အုပ်စုလက်သို့ ပြန်လည်မကျရောက်စေဖို့ တွန်းလှန်နေရတဲ့ အဆုံးအဖြတ်ကာလကို ရောက်ရှိနေတယ်လို့ (CNO/CNDF) ထုတ်ပြန်
ဧပြီလ ၁၄ ရက်
ယနေ့ အချိန်ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို အကြမ်းဖက်စစ်အုပ်စု လက်ထဲသို့ ပြန်လည် မကျရောက်စေဖို့ မဟာမိတ်တွေ နဲ့အတူ ကြံကြံခံတွန်းလှန်နေရတဲ့ အဆုံးအဖြတ် ကာလကိုရောက် ရှိနေတယ်လို့ (CNO/CNDF) တပ်တည်ထောင်မှု (၅) နှစ်ပြည့်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ ဧပြီ ၁၄ ရက်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းမှုကို တွန်းလှန်ဖို့နဲ့ ချင်းတစ်မျိုးသားလုံး စုစည်းနိုင်ဖို့အတွက် နွေဦးတော်လှန်ရေးနဲ့ အတူ သန္ဓေတည်ဖွဲ့စည်းခဲ့တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုး သားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ဟာ (၅) နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
အခုအခါမှာ အောင်ပွဲကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ၊ ချင်းညီနောင်တပ်ဖွဲ့ နဲ့ မဟာမိတ်တပ်ပေါင်းစုများရဲ့ ခိုင်မာတဲ့စည်းလုံညီညွတ်မှု နဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ဆင်နွှဲနိုင်ခဲ့ခြင်းမှာ (၅) နှစ် ကာလအတွင်း အမျိုးသားရေး မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အောင်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။
ယခုလို စစ်ရေး၊ နိုင်ငံရေး နဲ့ နည်းပညာရပ်ပိုင်းဆိုင်ရာများမှာ အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတဲ့ အရက္ခတပ်တော် (Arakan Army - AA) အပါအဝင် ညီနောင် မဟာမိတ်များ၊ မိတ်ဖက်အဖွဲ့အစည်းများ ၊ ပြည်တွင်းပြည်ပရှိ ပံ့ပိုးကူညီသူ (Supporters) အားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်တယ်လို့ အသိပေးထားပါတယ်။
ဆက်လက်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းပြည် တည်ဆောက်ရေး နဲ့ အမျိုးသားတန်းတူ ရေးကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာတဲ့အထိ ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB)ရဲ့ နိုင်ငံရေး၊ စစ်ရေး လမ်းစဉ်အတိုင်း တော်လှန်ရေး မဟာမိတ်အင်အားစုများနှင့် အတူလက်တွဲပြီး တိုက်ပွဲဝင်သွားမယ်လို့ (၅) နှစ်ပြည့် အချိန်မှာ ထုတ်ပြန်လိုက်ပါတယ်။

👍60❤17😁6👏3🔥1
နတ်တလင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၄ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ပြီး မြေပြင်စစ်ကြောင်းက ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့မှု နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျ
ဧပြီလ ၁၄ ရက်
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၄ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ပြီး မြေပြင်စစ်ကြောင်းက ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့မှု နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၅ ရက်နေ့မှ စတင်ပြီး နတ်တလင်းမြို့နယ်၊ ကန်သာယာရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၁၀၀ ကျော်ခန့်ဖြင့် စတင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာများကို ဆက်တိုက် ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် လိုက်လံ ခိုးယူပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧပြီလ ၈ ရက်နေ့တွင် ကျွန်းလေးပင်ရွာမှ နေအိမ် ၂၅ လုံး၊ ဧပြီလ ၉ ရက်နေ့တွင် ကျောက်ခွက်ရွာမှ နေအိမ် ၃၀ ကျော်၊ ဧပြီလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် ဘန့်ဘွေးကုန်းကျေးရွာမှ နေအိမ် ၂၀၀ ကျော်တို့ မီးလောင်ပြာကျခဲ့ပြီး ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ ညနေ ၅ နာရီခန့်ကလည်း မကျီးပင်ရွာကို ဆက်လက် မီးရှို့နေကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ပဲမခမ်းရွာ ၊ ဘန့်ဘွေးကုန်းရွာ၊ ကျောက်ခွက်ရွာ၊ ကျွန်းလေးပင်ရွာ၊ ချောင်းခမ်းကြီးရွာနှင့် မကျီးပင်ရွာ တို့ကိုလည်း နေ့စဉ် စက်တပ်လေထီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃၀ ကျော်အရွယ် ကိုထွန်းထွန်းဦး၊ အသက် ၃၅ နှစ်အရွယ် ကိုလပြည့်ဝန်းနှင့် အမည်မသိ ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် အများအပြားလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
"နတ်တလင်းထဲမှာ စစ်ခွေးစစ်ကြောင်းက မနေ့ကထိ မကျီးပင်ရွာကို ဆက်လက် မီးရှို့နေတုန်းပဲ အခုထိသိရတာတော့ နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျသွားပြီး မကျီးပင်ရွာရဲ့ ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးစစ်ကြောင်းက ရွာတွေကို လှည့်ပတ် စစ်ကြောင်းထိုးနေတာဆိုတော့ ပြည်သူတွေလည်း ရွာတွေကို ပြန်မဝင်ရဲကျသေးဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကန်သာယာရွာ၊ ပဲမခမ်းရွာ၊ ညောင်ဝိုင်းရွာ၊ စံကြီးလောင့်ရွာ၊ ကျောက်စွယ်ရွာ၊ ကျောက်ခွက်ရွာ၊ သရက်ပုဂံရိုးရွာ၊ ကျွန်းလေပင်ရွာ၊ ဆည်းကန်ရွာ၊ ထန်းတောရွာ၊ အိုးဖိုကုန်းရွာ၊ ရေနံကုန်းရွာ၊ လယ်မအင်းရွာ၊ ဘန့်ဘွေးကုန်းရွာ၊ ရှားစေးဖိုရွာ၊ ချောင်းကမ်းကြီးရွာ၊ သာယာကုန်းရွာနှင့် ညောင်ဝိုင်းကျေးရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရသည်။
ဓာတ်ပုံ - စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)

🤬61❤4👎3😢2😁1
မြန်မာနိုင်ငံ မြောက်ပိုင်းရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက ဓာတ်အားပေးပို့ ကွန်ရက်တည်ဆောက်ရေး အစီအမံနှင့် စီမံချက်ရေးဆွဲရန် တရုတ်နှင့် စစ်တပ် ဆွေးနွေး
ဧပြီလ ၁၄ ရက်
မြန်မာနိုင်ငံ မြောက်ပိုင်းရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက ဓာတ်အားပေးပို့ ကွန်ရက်တည်ဆောက်ရေး အစီအမံနှင့် စီမံချက်ရေးဆွဲရန် တရုတ်နှင့် အကြမ်းဖက်စစ်တပ်တို့ ဆွေးနွေးကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ ရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက တောင်ပိုင်းဓာတ်အားသုံးစွဲသည့် ဒေသများသို့ လျှပ် စစ်ဓာတ်အား ထိရောက်စွာ ပေးပို့နိုင်ရေးအတွက် ဓာတ်အားလိုင်းကွန်ရက်တည်ဆောက်ရန် ကြိုတင်အစီအမံများနှင့် စီမံချက်များ ရေးဆွဲသွားရန် အကြမ်းဖက်စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီများအကြား ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ကိုကိုလွင်သည် ရုရှားနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်အတွင်း ဧပြီလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ထိုသို့ရောက်ရှိစဉ် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong အပါအဝင် တရုတ်အစိုးရပိုင် လျှပ်စစ်နှင့်စွမ်းအင်ကုမ္ပဏီများဖြစ်သည့် China Southern Power Grid၊ Yunnan Energy Group တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
China Southern Power Grid နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံမြောက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်းများမှ ထွက်ရှိလာမည့် ဓာတ်အားများကို တောင်ပိုင်းဒေသများသို့ ပေးပို့နိုင်မည့် ဓာတ်အားလိုင်းကွန်ရက် တည်ဆောက်ရေးစီမံချက်ကို ဦးစားပေးဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။
ယင်းအပြင် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာ-လာအို နယ်စပ် မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် ရေအားလျှပ်စစ်စီမံကိန်းများ စူးစမ်းလေ့လာရန် စီမံထားရှိမှု၊ လာအို-မြန်မာ ဖြတ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးသည်ဟု သတင်းထုတ်ပြန်ထားသည်။
ထိုမျှသာမက ရန်ကုန်မြို့တွင်း ဓာတ်အားဖြန့်ဖြူးရာတွင် လေလွင့်မှုလျော့ကျစေရေးနှင့် EV Charging Stations များကို ဆိုလာစနစ်နှင့် ပေါင်းစပ်အသုံးပြုနိုင်မည့် System Design များ ဆောင်ရွက်ရေး၊ စွမ်းအင်ကဏ္ဍ အရှိန်အဟုန်မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးသည်ဟု သိရှိရသည်။
အလားတူ Yunnan Energy Group နှင့် Union Resources & Engineering Co., Ltd. တို့နှင့် တွေ့ဆုံရာတွင်လည်း မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် နေရောင်ခြည်စွမ်းအင်၊ လေအားစွမ်းအင်၊ ရေအားနှင့် LNG သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများကို အရှိန်အဟုန်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ထို့အပြင် Yunnan Xianshang Export and Import Co., Ltd. နှင့် တွေ့ဆုံရာ၌ မြန်မာနိုင်ငံအတွင်းသို့ စက်သုံးဆီများကို သက်သာသောနှုန်းထားဖြင့် ရေရှည်တင်သွင်းနိုင်ရေးကိစ္စရပ်များကိုလည်း ထည့်သွင်းညှိနှိုင်းခဲ့ကြောင်း သိရသည်။
အကြမ်းဖက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးသည် ရုရှားနိုင်ငံနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ဧပြီလ ၁၂ ရက်မှ ၁၈ ရက်အထိ ခရီးစဉ် သွားရောက်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

🤬68❤7👎3👍2😢1
အရာတော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲနေ၊ နတ်မောက်တွင်လည်း စစ်တပ်က သမုန်းကုန်းကြီးရွာကို မီးရှို့ဖျက်ဆီး
ဧပြီလ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲနေကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
ယနေ့ ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၂ မိနစ်ခန့်တွင် မိတ္ထီလာ ရှမ်းတဲလေတက်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် အရာတော်မြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ယနေ့ နံနက် ၁၁ နာရီခန့်နှင့် မွန်းလွဲ ၁ နာရီခန့်ကလည်း မုံရွာ နမခ မှ တက်လာသော Gyrocopter ၃ စီးနှင့် စက်တပ်လေထီးများက အရာတော်မြို့ တောင်ဘက်ခြမ်းနှင့် အရာတော်မြို့အနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ကလည်း မုံရွာ နမခ မှ တက်လာသော အသေခံဒရုန်း ၃ စီးသည် အရာတော်မြောက်ခြမ်းကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
"ထိခိုက်မှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ စစ်ခွေးတွေက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။ အခုလည်း လေယာဉ်တွေ ဝဲနေတုန်းပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သမုန်းကုန်းကြီးရွာကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နတ်မောက်မြို့နယ်၊ သမုန်းကုန်းကြီးရွာရှိ ပြည်သူပိုင်နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် နတ်မောက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေဆဲဖြစ်၍ စစ်ရေးတင်းမာမှုများလည်းရှိကြောင်း သိရသည်။
"စစ်ခွေးတွေ မီးရှို့သွားတာပါ။ မနေ့ကရှို့တာ ပြည်သူပိုင် နေအိမ် ၁ လုံးပြာကျသွားတယ်။ ပြည်သူတွေက တိမ်းရှောင်နေကြတာဆိုတော့ ဖမ်းဆီးခံရသူတွေတော့ မရှိပါဘူး" ဟု ငါးပြေမ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

🤬43🔥15❤2👏2😁1😱1😢1
မြောက်ဒဂုံမှာ သင်္ကြန်ရေပက်ခံကားတိမ်းမှောက်၊ ၇ဦး ဒဏ်ရာရ
ဧပြီလ ၁၄ ရက်
ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ သင်္ကြန်ရေပက်ခံကားတစ်စီး တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇ဦးရှိတယ်လို့ Yangon Rescue Organization (YRO)က အသိပေးထားပါတယ်။
ဒီနေ့ (ဧပြီ ၁၄) နေ့လည်မှာ ဒဂုံမြို့သစ်မြောက်ပိုင်း တောင်မြောက်လမ်းဆုံအနီးမှာ ရေပက်ခံ ကားဘီးကျွတ်ပြီး လမ်းလယ်တုံးတိုက်ပြီး တိမ်းမှောက်ခဲ့တာလို့ YROက အသိပေးထားပါတယ်။
ကားပေါ်မှာ လိုက်ပါလာသူ ၁၃ ဦးအနက် ၇ ဦးဒဏ်ရာရရှိခဲ့တာကြောင့် မြို့ဦးလုလင်နာရေးကူညီမှုအသင်းနဲ့ (၂၈)ရပ်ကွက်လူမှုကူညီရေးအသင်းတို့ရဲ့ လူနာတင်ယာဉ်တွေနဲ့ မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ကိုယ်ဝန်ဆောင်တစ်ဦး နဲ့ ကလေးတစ်ဦးလည်းပါဝင်တယ်လို့ YROက ဆိုပါတယ်။
ရန်ကုန်မြို့မှာ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုတွေဖြစ်နေတာကြောင့် ဂရုစိုက်မောင်းနှင်ကြဖို့ လူမှုကူညီရေးအဖွဲ့တွေက သတိပေးထားပါတယ်။
ဓာတ်ပုံ - YRO
#LNO

👍51👏10❤5😢3🔥2🤔1
ဂျပန်နိုင်ငံက မြန်မာ အပါအဝင် နိုင်ငံခြားအလုပ်သမားအသစ်များ စားသောက်ကုန်ဝန် ဆောင် မှုကဏ္ဍအတွက် ခေါ်ယူမှု ယာယီရပ်ဆိုင်းကြောင်း ကြေညာ၊
▪️ မြန်မာအလုပ်သမားများ ဂျပန်သွားရောက် အလုပ်လုပ်ရန် ပိုမိုခက်ခဲလာမည်
ဧပြီလ ၁၄ ရက်
ဂျပန်နိုင်ငံက စားသောက်ကုန်ဝန်ဆောင်မှုကဏ္ဍ (Food Services) တွင် ကျွမ်းကျင်လုပ် သားအစီအစဉ် (Specified Skilled Worker - SSW) ဖြင့် မြန်မာ အပါအဝင် နိုင်ငံခြားသားအလုပ်သမားသစ် လက်ခံမှုကို ဧပြီလ ၁၃ ရက်နေ့မှစတင်ကာ ယာယီရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်သည်ဟု AFP သတင်းတစ်ရပ်အရ သိရှိရသည်။
အဆိုပါ ရပ်ဆိုင်းမှုကြောင့် ဂျပန်သို့ သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသည့် မြန်မာလုပ်သားများအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှ နိုင်ငံခြားသားအလုပ်သမားများကို ဂျပန်သို့ ပို့ဆောင်ပေးနေသည့် အေဂျင်စီတစ်ခုမှ မန်နေဂျာ Yoko Kono က လွန်ခဲ့သော ၂ နှစ်ခန့်မှစတင်ကာ စားသောက်ကုန်ကဏ္ဍမှ မြန်မာအလုပ်သမားအလိုရှိမှုမှာ အလွန်မြင့်တက်လာခဲ့ကြောင်း ဆိုသည်။
"ကျွန်တော်တို့ စေလွှတ်ထားတဲ့ မြန်မာအလုပ်သမား ၁,၀၀၀ ခန့်အနက် အများစုက စောင့် ရှောက်ရေး (Nursing Care) ကဏ္ဍက ဖြစ်ပေမယ့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ တွေမှာရှိတဲ့ ထမင်းစားဆောင်တွေကိုလည်း စားသောက်ဆိုင်လုပ်ငန်းအဖြစ် သတ် မှတ်ထားတာကြောင့် အခုပြောင်းလဲမှုက မြန်မာလုပ်သားတွေအတွက် သက်ရောက်မှု ရှိနိုင်ပါတယ်" ဟု ၎င်းက ရှင်းပြသည်။
ဂျပန်အစိုးရက စားသောက်ကုန်ဝန်ဆောင်မှုကဏ္ဍတွင် ၂၀၂၈ ဘဏ္ဍာနှစ်အထိ ၅ နှစ်တာအတွင်း နိုင်ငံခြားသားလုပ်သား စုစုပေါင်း ၅၀,၀၀၀ ခန့်အထိ ခေါ်ယူရန် ခွဲတမ်း (Quota) သတ်မှတ်ထားခြင်း ဖြစ်သည်။
သို့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ စာရင်းများအရ အလုပ်သမား ၄၆,၀၀၀ ခန့် ခေါ်ယူပြီးဖြစ်ရာ သတ်မှတ်အရေအတွက် ပြည့်ရန် နီးကပ်နေခြင်းကြောင့် ယခုကဲ့သို့ ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များကလည်း ယခုဆုံးဖြတ်ချက်ကြောင့် လူခေါ်ယူရန် ပိုမိုခက်ခဲလာမည်ကို စိုးရိမ်နေကြသည်။
တိုကျိုမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ Naritsuka Shakir Khan က "ကျွန်တော် အခက်တွေ့သွားပါပြီ။ ဆိုင်မှာ ဝန်ဆောင်မှုပေးဖို့ ကျွမ်းကျင်တဲ့သူတွေ လိုအပ်ပါတယ်။ ကျွန်တော်တို့အတွက် စားဖိုမှူးတွေက အရေးအကြီးဆုံးပါ" ဟု ပြောကြားသည်။
ဂျပန်နိုင်ငံသည် လူဦးရေလျော့နည်းလာမှုကြောင့် နိုင်ငံခြားသားလုပ်သားများအပေါ် ပိုမိုမှီခိုနေရသည်ဖြစ်ရာ ၂၀၂၅ ခုနှစ်ကုန်တွင် ဂျပန်၌ နေထိုင်သည့် နိုင်ငံခြားသားဦးရေမှာ ၄ သန်းကျော်အထိ ရှိလာခဲ့သည်။ ယခုလက်ရှိတွင် ဂျပန်အစိုးရအနေဖြင့် လုပ်ငန်းခွင်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးကာ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ပြန်လည်သုံးသပ်နေကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကမူ ဂျပန်သို့ စား သောက်ကုန်ဝန်ဆောင်မှုကဏ္ဍ (SSW) ဖြင့် သွားရောက်ရန် ပြင်ဆင်နေသည့် မြန်မာအလုပ် သမား များအနေဖြင့် မိမိတို့၏ အေဂျင်စီများနှင့် ဆက်သွယ်ကာ နောက်ဆုံးရ သတင်းနှင့် အခြေ အနေများကို အစဉ်တစိုက် စောင့်ကြည့်သင့်ကြောင်း အကြံပြုအပ်ထားသည်။
"ဂျပန်မှာလည်း အာဏာရအစိုးရက လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေ တင်းကျပ်လာတယ်။ နိုင်ငံခြားသားတွေကို သိပ်မလိုချင်တော့ဘူး။ အဲဒီတော့ အဲဒါက အတော်ကြီးကို မြန်မာအလုပ်သမားတွေ ဂျပန်မှာ စားသောက်ကုန်လုပ်ငန်းနဲ့ ခက်ခဲစေတော့မှာပါ" ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။
ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ၊ ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် အဓိက ကျသည့် ဂျပန်ဘာသာစကား ကျွမ်းကျင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရေး လျှောက်လွှာ တိုးဝှေ့ယူနေကြသည့် မြန်မာလူငယ်များ။

😢59👍5❤4🔥2😁1🤔1
ဖားကန့်တွင် စစ်တပ်က ပြည်သူ ၄ ဦးကို နှိပ်စပ်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို လမ်းပေါ်တွင် စွန့်ပစ်ခဲ့
ဧပြီလ ၁၄ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦး နှိပ်စက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို လမ်းပေါ်တွင် စွန့်ပစ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က နှိပ်စက်သတ်ဖြတ်ထားသော ပြည်သူ ၄ ဦး၏ ရုပ်အလောင်းကို( မရှီကထောင်နှင့် စည်ပင် လမ်းဆုံရှိ ရွှေမြန်မာဆီဆိုင်အနီးတွင် အိမ်စီးကားဖြင့် လာရောက် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ဖားကန့်မြို့တွင် ၎င်တို့ သံသယရှိသူများကို လိုက်လံဖမ်းဆီးပြီး တပ်မကုန်း၌ ရိုက်နှက် နှိပ်စက်ကာ စစ်ဆေးရေး လုပ်ဆောင်ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို လိုက်လံစွန့်ပစ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
"ဖားကန့်မြို့မှာ စစ်ခွေးတွေက သူတို့ သံသယရှိတဲ့သူတွေကို လိုက်ဖမ် ဆီးပြီး တပ်မကုန်းပေါ်မှာ စစ်ကြောရေးဝင်တယ်။ စစ်ခွေးတွေ နှိပ်စက်ပြီး လက်လွန်လို့ သေဆုံးသွားတဲ့ သူတွေရဲ့ ရုပ်အလောင်းကို အဲလိုပဲ လိုက်ပြီး စွန့်ပစ်နေတာ ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာလဲ ဖားကန့်မြို့ တပ်မကုန်းမှာ သတ်ဖြတ်ပြီး အိမ်စီးကား 4 wheel နဲ့ ရွှေမြန်မာ ဆီဆိုင် လမ်းဆုံ အနီးမှာ ပစ်ချ သွားတယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ဖားကန့်တွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်တပ်က အထိနာသောကြောင့် ပြည်သူများကို ပစ်မှတ်ထားကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

🤬75😢6❤5🔥1
မြန်မာနိုင်ငံတွင် ၁ လအတွင်း ဆန်၊ဆီ ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း မြင့်တက်လာဟု WFP သတိပေး၊ ပြည်တွင်း ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်မည်
ဧပြီလ ၁၄ ရက်
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းတွင်လည်း ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တစ်လအတွင်း ၁၉ ရာခိုင်နှုန်းခန့်အထိ ထိုးတက်သွားကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ သတိပေးချက် ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်ကာ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ၁ လအတွင်း ၁၉ ရာခိုင်နှုန်းခန့်အထိ ထိုးတက်သွားကြောင်း သိရှိရသည်။
လက်ရှိ ရန်ကုန်ခေတ်သစ်၏ စျေးကွက်အတွင်း စုံစမ်းချက်အရ ဆန်ကြမ်း (ဆင်းသွယ်၊ ရက် ၉၀) တစ်ပြည်လျှင် ၃,၅၀၀ ကျပ်မှ ၄,၀၀၀ ကျပ်၊ ဆန်ချော ဖျာပုံပေါ်ဆန်း တစ်ပြည်လျှင် ၇,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်နှင့် ရွှေဘိုပေါ်ဆန်း ရှယ်တစ်ပြည်လျှင် ၁၀,၀၀၀ ကျပ်ဝန်းကျင်တွင် ရှိနေသည်။
သားငါးများအနေဖြင့်လည်း CP ကြက်သား တစ်ပိဿာလျှင် ငွေ ၃၅,၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၈,၀၀၀ မှ ၄၀,၀၀၀ ကျပ်၊ ငါးကြင်း ၁ ပိဿာလျှင် ၃၀,၀၀၀ ကျပ် နှင့် ဆိတ်သားမှာ တစ်ပိဿာလျှင် ၁ သိန်းခွဲအထိ စံချိန်တင် မြင့်တက်နေသည်။
ပြင်ပစျေးကွက်တွင် စားအုန်းဆီ တစ်ပိဿာ ၁၈,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်ကြားရှိနေပြီး ပဲဆီမှာ တစ်ပိဿာလျှင် ၃၂,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။
လက်ရှိ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာ ၄,၇၃၅ ကျပ်၊ 95 တစ်လီတာ ၄,၉၄၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၆,၄၈၅ ကျပ်နှင့် ပရီမီယံဒီဇယ်မှာ ၇,၇၅၅ ကျပ်အထိ မြင့်တက်နေသည်။
UMFCCI မှ စီးပွားရေးသမားတစ်ဦးက "စက်သုံးဆီအရေး မပြေလည်ရင် သင်္ကြန်ပြီးတာနဲ့ ဈေးတွေ ဆတိုးထပ်တက်မယ့် အခြေအနေ မြင်ရတယ်။ တစ်ကမ္ဘာလုံး ဖြစ်တာဆိုပေမယ့် ကိုယ့်နိုင်ငံက စီးပွားရေးအခြေခံ မကောင်းတော့ ပိုပြီးခံရမယ့် အခြေအနေ ဖြစ်နေတယ်" ဟု သုံးသပ်ထားသည်။
WFP အနေဖြင့် ယခုကဲ့သို့ ကုန်ဈေးနှုန်းကြီးမြင့်မှုဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်နေပြီး ဝမ်းရေးအခက်အခဲဖြစ်နေသော မိသားစုများ စားနပ်ရိက္ခာ လုံလောက်စွာရရှိစေရန်အတွက် လက်ရှိပေးအပ်နေသော အကူအညီများကို အခြေအနေနှင့်အညီ ပုံစံပြောင်းလဲကာ ဆက်လက်ပံ့ပိုးပေးသွားရန် အသင့်ပြင်ဆင်ထားကြောင်း WFP က သတင်းထုတ်ပြန်ထားသည်။
အီရန်စစ်ပွဲနောက်ဆက်တွဲ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှု ကြာရှည်ပါက ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာ ‘ကပ်ဘေး’ ဆိုက်နိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က လည်း ယနေ့ သတိပေးသည်။
စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သော သွင်းအားစုများ တင်ပို့မှု ပြတ်တောက်နေခြင်းကြောင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာပြီး စားနပ်ရိက္ခာ ငွေဖောင်းပွမှုဒဏ်ကို ခံရနိုင်ခြေ ရှိနေကြောင်း သိရှိရသည်။
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် အလွန်အရေးပါသည့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများ သွားလာ၍မရဘဲ ပိတ်ဆို့နေခြင်းကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းသည် "ကပ်ဘေး" အသွင်သို့ ကူးပြောင်းသွားနိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က အလေးအနက် ပြောဆိုသည်။
လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများမှာ လက်ကျန်အဟောင်းများ ရှိနေသေးသဖြင့် သိသိသာသာ မြင့်တက်လာခြင်း မရှိသေးသော်လည်း ရေလက်ကြား ဖြတ်သန်းသွားလာမှုများ အမြန်ဆုံး ပြန်မစနိုင်ပါက လာမည့် ၂၀၂၇ ခုနှစ်အထိ စွမ်းအင်နှင့် မြေသြဇာဈေးကွက်များအပေါ် ရိုက်ခတ်ကာ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာလိမ့်မည်ဟု FAO ၏ စီးပွားရေးပညာရှင်များက ဆိုသည်။
FAO ၏ အချက်အလက်များအရ ကမ္ဘာ့စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသော သွင်းအားစု (Agrifood inputs) ၂၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းအထိသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း၍ တင်ပို့နေရခြင်း ဖြစ်သည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

👎35🔥8😢6❤4🤔1
မွန်မှာ သင်္ကြန်ကာလ စစ်မှုထမ်း ပေါ်တာဆွဲဖမ်းဆီးမှု ဆက်ရှိနေ
ဧပြီလ ၁၄ ရက်
မွန်ပြည်နယ်မှာ သင်္ကြန်ကာလအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်း ဆီးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ လာမယ့် ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၂၄ ဖွင့်လှစ်နိုင်ဖို့အတွက် သင်္ကြန်ကာလအတွင်းမှာလည်း စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ ညအချိန် ပွဲလမ်းသဘင်က ပြန်လာတဲ့ လူငယ်တွေ၊ ညပိုင်း ဆီလာတန်းစီတဲ့ လူငယ်တွေကိုလည်း ညမထွက်ရအမိန့် ဖောက်ဖျက်မှု စွပ်စွဲချက်တွေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။
စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကိုဟာ ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ လူငယ်တွေကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံ တစ်ဦးလျှင် ကျပ် သိန်း ၅၀ ကနေ သိန်း ၈၀ နဲ့ ပြန်လည်ရောင်းစားနေတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒေသတွင်းမှာတော့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် လူငယ်တွေအနေနဲ့ အပြင်ထွက် သွားလာရင် သတိထားသွားလာကြဖို့ အချင်းချင်း သတိပေးတိုက်တွန်းတာတွေ ရှိနေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၃ အထိ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် ၄၇၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။
ဓာတ်ပုံ-MOI
#TLT

🤬56❤5👍1👎1😢1
ယင်းမာပင်နှင့် ပုလဲမြို့နယ်အစပ်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေ၍ ရွာပေါင်း ၁၅ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရ
ဧပြီလ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေ၍ ရွာပေါင်း ၁၅ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၈ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ်က ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်ရှိ ကျေးရွာများကို အင်အား ၄၀၀ ခန့်ဖြင့် နှစ်ဖက်ညှပ်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ဧပြီလ ၁၂ ရက်နေတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက်ခိုးယူခဲ့ကြောင်း သိရသည်။
ထို စစ်ကြောင်းသည် လက်ရှိချိန်တွင် လည်ငေါက်ရွာနှင့် သင်တည်းကန်ရွာတို့၌ အထိုင်ချတပ်စွဲထားပြီး လည်ငေါက်ကျေးရွာမှာ စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) မွန်းလွဲပိုင်းတွင် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော Gyrocopter ၃ စီးက ယင်းမာပင်မြို့နယ်တောင်ခြမ်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း လည်ငေါက်ရွာနှင့် တမာပင်ခွရွာအနီး ဝန်းကျင်ရှိ ကွင်းပြင်များထဲကို ဗုံးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
"မနေ့က သင်္ကြန်အကြိုနေ့က ဂျိုင်ရိုကော့ပတာ ၃ စီးနဲ့ ဗုံး ၂ ကြိမ် ကျဲတာ ထိခိုက်မှုမရှိဘူးလို့ စုံစမ်းသိရှိရတယ်။ လည်ငေါက်ရွာနှင့် တမာပင်ခွရွာအနီး ဝန်းကျင်မှာလို့ ကြားရတယ်။ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်စဉ်က ယင်းမာပင်မြို့ထဲက ထွက်လာတဲ့ စစ်ခွေးတွေကို ဒီဘက်ကဝင်ဖြတ်တိုက်ရာမှာ စစ်ခွေးတွေက တောင်ဘက်က လည်ငေါက်ရွာကနေ ပြန်ထွက်လာပြီးဝိုင်းထားခံရသလိုဖြစ်ပြီး အဲ့ဒီနောက် လေကြောင်းပါ လုပ်သွားလို့ ခံလိုက်ရတာလို့ ကြားတယ်။ လည်ငေါက်ရွာ တပ်စွဲထားတဲ့ခွေးတွေကတော့ ရွာထဲက နေအိမ်တွေကို မီးရှို့တာ ရွာလုံးကျွတ် မီးထဲပါတာများမယ်လို့ ခန့်မှန်းနေကြတယ်။ စစ်ခွေးတွေရှိနေတော့ အတိအကျ မသိရသေးဘူး။ လည်ငေါက်ရွာနှင့် ပုလဲနယ်ကနေလာတဲ့ စစ်ကြောင်း နှစ်ခုပေါင်းရင် အင်အား ၄၀၀ လောက် ခန့်မှန်းတယ်။ လည်ငေါက်ရွာနှင့် သင်တည်းကန်ရွာ နေရာနှစ်နေရာမှာ ထိုင်နေတယ်။ ပုလဲနှင့် ယင်းမာပင်ကြားက လည်ငေါက်ရွာ၊ လက်တောင်းငယ်ရွာ၊ သရက်ကန်ရွာ၊ မကျည်းကန်ရွာ၊ ကုက္ကိုစုရွာ၊ လက်တောင်းကြီးရွာတွေအပါအဝင် တမာပင်ခွရွာ ၁၂ ရွာစုရွာတွေထဲက ပြည်သူသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရတာပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အစပ်ရှိ လည်ငေါက်၊ လက်တောင်းငယ်၊ သရက်ကန်၊ မကျည်းကန်၊ ကုက္ကိုစု၊ လက်တောင်းကြီးကျေးရွာများအပြင် တမာပင်ခွ (၁၂ ရွာစု) အတွင်းရှိ မင်းကံသိုက်၊ မင်းကံကြီးတောင်ရွာ၊ မင်းကံကြီးမြောက်ရွာ၊ ပေပင်စု၊ ညောင်ပင်ကြီးစု၊ မကျည်းပင်စု၊ သီးကုန်း၊ သဲကုန်းနှင့် ဈေးစုရပ် စသည့်ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
အလားတူ ဧပြီလ ၁၂ ရက်နေ့ကလည်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော Gyrocopter ၃ စီးအနက် ၂ စီးသည် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ငါးမောင်းကျေးရွာရှိ စာသင်ကျောင်းအနီးသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင်နှင့် ကားများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ် စစ်ကြောင်းက ညအချိန်ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

🤬58👍3❤2😁2😢1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်
🍀
🍃 ထီ 1 တွဲ စောင်ကို မြန်မာငွေ 30,000 ကျပ်။ ထိုင်းငွေ 200 ဘတ် 🌿
မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/
🎁 ရရှိနိုင်သော ဘတ် 12 သန်း ထီနံပါတ်များ 🎁
784501
627502
163304
689205
846106
376507
328708
203910
476811
633812
947714
895315
053017
028718
735320
892321
392022
793723
479925
836928
186029
158644
043545
513748 တစောင်ကျန်
827650
984651
172152
228255
615356
929258
559963
716864
873865
812367
661471
867774
919980
403983
452284
864587
016488
170089
664690
495292
652293
098194
876996
📱 ဆက်သွယ်ဝယ်ယူရန် 📱
- https://t.me/pyithuaungpwel
- https://t.me/infoAthlaing
Viber ☎️ +66930839386
#ThaiLottery

👍20❤5🔥5
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်
🍀
🍃 ထီ 1 စောင်ကို မြန်မာငွေ 14,500 ကျပ်။ ထိုင်းဘတ် 100 ပါ။ 🌿
မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/
🎁 ရရှိနိုင်သောထီနံပါတ်များ 🎁
662300
015102
165403
671905
821507
009209
054802
635505
561006
682708
853409
034210
905814
616817
875919
099626
349829
214431
453235
381042
853343
014948
119650
954753
320855
808759
046350
016952
400054
242958
019060
959361
949462
590066
827768
044069
306170
126970
049774
903677
157678
497678
326680
513184
379584
984087
282387
432488
056890
013791
038292
652896
148698

👍24❤6🔥5
ရွှေကျင်မြို့နယ်၊ လက်ယက်စခန်းသို့ စစ်ကူပေးရန် လာသော စစ်တပ် စစ်ကြောင်းနှင့် စခန်းစွန့်ခွာသွားသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံး
ဧပြီလ ၁၄ ရက်
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ လက်ယက်စခန်းသို့ စစ်ကူပေးရန် လာသော စစ်တပ် စစ်ကြောင်းနှင့် စခန်းစွန့်ခွာသွားသော စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။
ဧပြီလ ၄ ရက်နေ့မှ စတင်ပြီး ရွှေကျင်မြို့နယ်အတွင်းရှိ လက်ယက်စခန်းကုန်း (ပွိုင့် ၁၂၈ စခန်း)ကို တော်လှန်ရေး တပ်ဖွဲ့များက စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ယက်စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်သား ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးရှိကြောင်း သိရသည်။
ထိုစခန်းသိမ်း တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်သို့ စစ်ကူပေးရန် ရောက်ရှိလာသော စစ်တပ် စစ်ကြောင်းများနှင့် စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်သားများကို လိုက်လံ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း MA-1 သေနတ် ၃ လက်၊ MA-11 သေနတ် ၄ လက်၊ MA-4 သေနတ် ၁ လက်၊ ၅.၅၆ (ကပစ) ကျည် ၇၉၆ တောင့်၊ စက်လက်ကျည် ၆၀၀ တောင့်၊ RPG ဗုံး ၈ လုံး၊ RPG ပို့ယမ်း ၆ တောင့်၊ ၆၀ မမ ၁ လက်၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ အီနာဂါ ၁ လုံး၊ နင်းမိုင်း ၁၅ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ ကပ်သီး ၅ ခု၊ မီးကြိုးခွေ ၁ ခွေ၊ MA11 ကျည်ဘောက် ၇ ဘောက်၊ ကျည်ကာဦးထုပ် ၇ လုံး၊ ကျည်ကာ ၅ စုံ၊ လွယ်အိတ် ၁၀ လုံး၊ ဆေးအိတ် ၁ လုံး၊ Jammer အကြီး ၂ လုံး၊ မီးစက် ၂ လုံးနှင့် အင်ဗာတာ ၁ လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ အမှတ် (၅၁၀၁) တပ်ရင်း၊ အမှတ် (၅၁၀၂) တပ်ရင်းနှင့် အမှတ် (၅၁၀၃) တပ်ရင်းတို့ပါဝင်ခဲ့ပြီး အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၆) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့နှင့် KNLA တပ်ရင်း (၇)၊ တပ်ခွဲ (၁) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လက်ယက်စခန်းကုန်း (ပွိုင့် ၁၂၈ စခန်း) ကို အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် တော်လှန်ရေး ရဲဘော်များက ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်လွှင့်တင်ခဲ့ကြောင်း သိရသည်။

❤58👍16😁3🥰1👏1
ဆားလင်းကြီးရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်၊
▪️ ဖာပွန်တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဆေးပေးခန်း အဆောက်အဦးများ ပျက်စီး
ဧပြီလ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မုံရွာမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ တက်လာသော စက်တပ်လေထီး ၂ စီးသည် ဆားလင်းကြီးမြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်းပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စက်တပ်လေထီးများ ဆက်လက် ပျံဝဲနေဆဲဖြစ်သောကြောင့် ပြည်သူများ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
"ဆားလင်းကြီး တောင်ခြမ်းဘက်က ရွာတွေကို ကျဲတာလို့ပဲသိရတယ်။ နေရာကိုတော့ အတည်မပြုနိုင်သေးဘူး။ ဒီနေ့ နမခ က တက်တဲ့ စက်တပ်လေထီးတွေ Gyrocopter တွေက တော်တော်များတယ်။ ဆက်တိုက် ပျံဝဲနေတာဆိုတော့ ပြည်သူတွေလည်း ကြောက်လန့်ပြီး တိမ်းရှောင်နေရတာတွေရှိတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆေးပေးခန်း အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း Karen Peace Support Network က ထုတ်ပြန်ထားသည်။
ဧပြီလ ၁၁ ရက်နေ့တွင် ဘူးသိုမြို့နယ်၊ အော်မီထာကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ် ၁ စီးဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့သောကြောင့် ဆေးပေးခန်း အဆောက်အဦး ၂ လုံး ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

🤬53❤2🔥2👏2😁2😢1
ငဖဲမြို့နယ်တွင် အရှို-ချင်းကာကွယ်ရေးတပ်က "စစ်အာဏာရှင် အကြမ်းဖက် ဟန်ပြသမ္မတ ပုန်ကန်ကြ" စာသားများ လိုက်ကပ်၍ စစ်အာဏာရှင်ကို ဆက်လက် တိုက်ခိုက်သွားမည်ဟု အသိပေး
ဧပြီလ ၁၄ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အရှို-ချင်းကာကွယ်ရေးတပ်က "စစ်အာဏာရှင် အကြမ်းဖက် ဟန်ပြသမ္မတ ပုန်ကန်ကြ" စာသားများ လိုက်ကပ်၍ စစ်အာဏာရှင်ကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ပြည်သူများကို အသိပေးသည့် အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုလှုပ်ရှားမှုကို ဧပြီလ ၁၂ ရက်နေ့တွင် Chin Defence Force - Asho တပ်ဖွဲ့က ငဖဲမြို့နယ်၊ မြစ်ဖျားကျေးရွာအုပ်စု အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း စာသားများကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးနှင့် ဓာတ်တိုင်များတွင် လိုက်ကပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် Chin Defence Force - Asho တပ်ဖွဲ့က "စစ်အာဏာရှင် အကြမ်းဖက် ဟန်ပြသမ္မတ ပုန်ကန်ကြ" စာသား အပါအဝင် "မတရားဖမ်းဆီးခံရသူများ မလွတ်မြောက်သေးဘူး" ၊ "ကိုယ့်အသိုက်ပြိုမှ ဝမ်းနည်းရမှာမဟုတ်ဘူး တစ်နိုင်ငံလုံးက ငှက် အသိုက်တွေ ပြိုနေတာကိုလည်း စာနာပေးပါ" ၊ "စစ်တပ်က အာဏာ သိမ်းထားတုန်းပဲ" ၊ "စစ်အစိုးရရဲ့ စနစ်နဲ့ အုပ်ချုပ်ခံနေရတာ အဆင်ပြေလို့လား" နှင့် "ပေါ်တာဆွဲတာကို ( ငွေ ၃၀၀၀၀ ) ပေးပြီး ရှောင်နေရတဲ့ ခေတ်ကို မမေ့သွားကြေး" ဆိုသော စာသားများလည်း ပါဝင်ကြောင်း သိရသည်။

👍55❤11😁4🥰1
သင်္ကြန်အကျနေ့မှာ စစ်တပ်က ဆားလင်းကြီးမြို့နယ်ကို လေကြောင်းတိုက်ခိုက်လို့ ထန်းသမားတစ်ဦး သေဆုံး
ဧပြီလ ၁၄ ရက်
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီကနေ့ (ဧပြီ ၁၄ရက်) သင်္ကြန်အကျနေ့ ညနေ ၆ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ရင်မောင်တိုင် ကျေးရွာကို စစ်တပ်က ပါရာမိုတာတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် (၄၀)အရွယ် ရှိ ထန်းတက်လုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။
"နခမကနေတက်လာတဲ့ ပါရာ၂စီးနဲ့ချတာ။ ပြည်သူတစ်ဦး သေတယ်။ ဘာတိုက်ပွဲမှမရှိဘဲချတာ"လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်ကလည်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝဲကွဲကျေးရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လာရောက်ပစ်ခတ်ခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်ကာ အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။
အလားတူ ဒီကနေ့သင်္ကြန်အကျနေ့မှာပဲ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ပြည်သူထိခိုက်မှုတွေ ရှိနေကြောင်း သတင်းရရှိပါတယ်။
စစ်တပ်ဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသက မြို့တွေမှာ သင်္ကြန်ပွဲတော်ကို စည်ကားအောင်လုပ်ပေးနေပြီး တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသတွေကိုတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ စစ်ကြောင်းထိုး မီးရှို့တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်နေပါတယ်။

🤬72❤6😢3👍2👏1