Hlaing Info
55.2K subscribers
141K photos
5.86K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
ရန်ကုန်ရပ်ကွက်များ၌ သင်္ကြန်တွင်း သောက်စားနေသူများ ပေါ်တာဆွဲရန် ရဲများ စီစဉ်နေ

ဧပြီလ ၁၃ ရက်

ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်များ၌ သင်္ကြန်တွင်း သောက်စားနေသူများကို ကင်းလှည့် ပေါ်တာဆွဲရန် ရဲတပ်ဖွဲ့ဝင်တို့ စီစဉ်နေကြောင်း သိရသည်။

သင်္ကြန်ကာလ ညနေပိုင်းနှင့် ညဦးပိုင်းအချိန်တို့တွင် ရပ်ကွက်များအတွင်း သောက်စားနေသော လူငယ်များကို အလစ်အငိုက်ဖမ်း ပေါ်တာဆွဲရန် ဖြစ်ကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။

“သင်္ကြန်ပြီးတာနဲ့ အပတ်စဉ်၂၄(စစ်မှုထမ်းအပတ်စဉ်၂၄)ဖွင့်မှာဆိုတော့ ဖမ်းလို့ရတဲ့လူကလည်း တဖြည်းဖြည်းရှားလာပြီလေ။အဲဒါကြောင့် လူငယ်တွေ ပေါ့တဲ့အချိန်ပေါ့။သင်္ကြန်တွင်း သောက်စား နေချိန်မှာ ရပ်ကွက်ထဲ ဝင်ဖမ်းဖို့ပေါ့။ ကျနော်တို့ရန်ကုန်က ဆင်ခြေဖုံးတွေမှာ”ဟု ၎င်းက MPA သို့ ပြောသည်။

သင်္ကြန်တွင်း လူဖမ်းခြင်းမှာ စာထုတ်ညွှန်ကြားထားခြင်းကြောင့် မဟုတ်ဘဲ ငွေရသဖြင့် ကိုယ့်အသိ နှင့်ကိုယ် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

“ရဲတွေက စစ်သားတွေထက် ပိုလည်တယ်။ရဲတွေက လူတွေကြားမှာ နေနေတာဆိုတော့ ဘယ်အချိန် မှာ အလစ်အငိုက်လုပ်လို့ အဆင်ပြေတယ်ဆိုတာ ကောင်းကောင်းသိတယ်။တစ်ယောက်မိရင် ၁၅ သိန်း၊၂၀ ရနေတယ်လေ”ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့သည် ရပ်ကွက်များအတွင်း ပေါ်တာဆွဲခြင်းကို ၎င်းတို့အစီအ စဉ်ဖြင့် သီးခြားလုပ်ဆောင်နေပြီး စစ်တပ်နှင့် တိုက်ရိုက်ချိတ်ဆက်ကာ လူရောင်းစားနေကြောင်း သိရသည်။

“စစ်တပ်၊ရဲ၊ပျူ၊ အုပ်ကြီး ပေါ်တာဆွဲတာက ပိုက်ဆံအရချောင်တော့ ပျော်ပျော်ကြီး လုပ်နေကြတာပဲ” ဟု ၎င်းက ဆိုသည်။

ဧပြီ၇ရက်၊ ည၁၀နာရီခွဲခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊၅ရပ်ကွက်၊ ဗြဟ္မာစိုလ်လမ်းပေါ်၌ လူငယ်အမျိုးသားတစ်ဦး ကွမ်းယာထွက်ဝယ်နေစဉ် ၅ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ရုတ်တရက် ရောက်ရှိလာပြီး စစ်မှုထမ်းအတွက် ပေါ်တာဆွဲသွားကြောင်းနှင့် ဧပြီ၇ရက်ည၌ ၅ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးအတွင်း ပေါ်တာဆွဲခံထားရသည့် လူငယ် နောက်ထပ်၆ဦး ရှိနေကြောင်း Rangoon Scout Network – RSN ထံက သိရသည်။

#MPA
#HlaingInfo
🤬63👍137🤔3👏2😁1😢1
ယာဉ်နှင့် ယာဉ်မောင်းများကို လိုင်စင်ထုတ်ပေးနိုင်ရန် AA ပြင်ဆင်

ဧပြီလ ၁၃ ရက်

ရခိုင်ပြည်အတွင်း ထိန်းချုပ်ထားသော မြို့နယ်များတွင် အာရက္ခတပ်တော် AA က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တင်းကျပ်ပြီးနောက် လက်ရှိတွင် ယာဉ်နှင့် ယာဉ်မောင်းများအား လိုင်စင်ထုတ်ပေးနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

လိုင်စင်မရှိဘဲ မောင်းနှင်ခွင့် မရှိသည့်အတွက် ယာဉ်နှင့် ယာဉ်မောင်း နှစ်ခုလုံးကို လိုင်စင်ပြုလုပ်ပေးမည်ဟု အာရက္ခတပ်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက "ယာဉ်တွေကို လိုင်စင်တွေ ထုတ်ပေးဖို့ ရှိတယ်။ အခု ကားတွေကို စပြီးထုတ်ပေးဖို့ လုပ်နေပြီ။ ပြီးရင်တော့ တစ်ခြားယာဉ်အမျိုးအစားတွေ လာမယ်။ လိုင်စင်ကတော့ မဖြစ်မနေလုပ်ကြရမယ်။ မောင်းလိုင်စင်ရောပဲ" ဟု ပြောသည်။

အာရက္ခတပ်တော် AA က မြို့သိမ်းပြီးနောက်တွင် လအနည်းငယ်ကြာအထိ ဆိုင်ကယ်၊ ကား အပါအဝင် ယာဉ်များအားလုံးကို လွတ်လပ်စွာ သွားလာခွင့်ပေးခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ထုတ်ပြန်ကာ ယာဉ်ထိန်းချုပ်ရေးလုပ်ငန်းများကို တင်းတင်းကျပ်ကျပ် တိုးမြှင့်ဆောင်ရွက်လာသည်။

ဆိုင်ကယ်မောင်းနှင်သူများမှာ သတ်မှတ်ထားသော စည်းကမ်းများအား လိုက်နာခြင်းမရှိပါက အနိမ့်ဆုံး ကျပ် ၅ ထောင်ကနေ ပေးရမည့် ငွေဒဏ်ဆောင်ခြင်း ပြစ်ဒဏ်ကို သတ်မှတ်ထားသည်။

ယင်းနောက်ပိုင်းတွင် ဆိုင်ကယ်၊ အိမ်စီးကား၊ ကုန်တင်ကား၊ ခရီးသည်တင်ကား စသည့် ယာဉ်များအားလုံးကို ယာဉ်အမျိုးအစားအလိုက် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်တို့ကို ပြုလုပ်ပေးရန် ပြင်ဆင်လာခြင်းဖြစ်သည်။

ကုန်ကားများနှင့် ခရီးသည်ပြေးဆွဲကားတို့အား မောင်းနှင်နေသည့် ယာဉ်မောင်းများမှာ လိုင်စင်ထုတ်ပေးခြင်းထက် လမ်းများကိုသာ ကောင်းမွန်အောင် ပြုလုပ်ပေးသင့်ကြောင်း ထောက်ပြနေကြသည်။

"ယာဉ်လိုင်စင်တွေက လည်း အရေးကြီးတာပေါ့။ ဒါပေမယ့် ပိုအရေးကြီးတာက လမ်းတွေ ကောင်းအောင် လုပ်ပေးဖို့ပါ။ ကျနော်တို့ ကုန်သယ်နေရတာ လမ်းမကောင်းလို့ အရမ်းဒုက္ခ ရောက်ရပါတယ်။ ကျနော်တို့ ကားသမားတွေလည်း အခွန်ဆောင်ထားကြပါတယ်။ ဒီအခွန်တွေနဲ့ပဲ လမ်းကောင်းအောင် လုပ်ပေးတာက သွားရလာရ ပိုအဆင်ပြေမှာပါ” ဟု အိန္ဒိယ-ပလက်ဝ-ရခိုင် ကုန်ကားမောင်းနှင်သူတစ်ဦးက ပြောသည်။

ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များမှာ လိုင်စင်ကြေး ပေးသွင်းရခြင်း မရှိသေးသော်လည်း ဘီးလိမ့်ခွန်ပေးထားရပြီး လမ်းတံတားနှင့် ဂိတ်ကြေးများကိုပါ ပေးဆောင်ထားရကြောင်း သိရသည်။

အာရက္ခတပ်တော် AA က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျ ထုတ်ပြန်ပေးခြင်း၊ အသိပညာပေးခြင်းများရှိနေပြီး ဒေသခံပြည်သူများမှာလည်း သေချာလိုက်နာရန် လိုအပ်နေကြောင်း သိရသည်။

#WN
#HlaingInfo
👍6619😁2🥰1
နတ်တလင်းမြို့နယ်တွင် ကျေးရွာများကို လိုက်လံ မီးရှို့နေသော စစ်သား ၁ ဦး အရှင်ဖမ်းမိ၊

▪️တနင်္သာရီမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံး

ဧပြီဘ ၁၃ ရက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများကို လိုက်လံ မီးရှို့နေသော အကြမ်းဖက် စစ်သား ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့မှ စတင်ပြီး နတ်တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ကျေးရွာများကို လိုက်လံ မီးရှို့နေသော အကြမ်းဖက် စစ်တပ်မှ စစ်သား ၁ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက အရှင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"နတ်တလင်းမှာ ရွာတွေကို မီးလိုက်ရှို့နေတဲ့ စစ်ခွေး ၁ ကောင်ကို ဖမ်းမိတာလို့တော့ သိရတယ်။ ဖြစ်စဉ် အသေးစိတ်ကတော့ မသိရသေးဘူး။ နတ်တလင်းမှာ စစ်ခွေး စစ်ကြောင်းက တောက်လျှောက်ကိုထိုးပြီး ရွာတွေကို မီးလိုက်ရှို့နေတာ" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ပဲမခမ်းရွာ ၊ ဘန့်ဘွေးကုန်းရွာ၊ ကျောက်ခွက်ရွာ၊ ကျွန်းလေးပင်ရွာ၊ ချောင်းခမ်းကြီးရွာနှင့် မကျီးပင်ရွာ တို့ကိုလည်း ဆက်တိုက် စက်တပ်လေထီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃၀ ကျော်အရွယ် ကိုထွန်းထွန်းဦး၊ အသက် ၃၅ နှစ်အရွယ် ကိုလပြည့်ဝန်းနှင့် အမည်မသိ ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကန်သာယာရွာ၊ ပဲမခမ်းရွာ၊ ညောင်ဝိုင်းရွာ၊ စံကြီးလောင့်ရွာ၊ ကျောက်စွယ်ရွာ၊ ကျောက်ခွက်ရွာ၊ သရက်ပုဂံရိုးရွာ၊ ကျွန်းလေပင်ရွာ၊ ဆည်းကန်ရွာ၊ ထန်းတောရွာ၊ အိုးဖိုကုန်းရွာ၊ ရေနံကုန်းရွာ၊ လယ်မအင်းရွာ၊ ဘန့်ဘွေးကုန်းရွာ၊ ရှားစေးဖိုရွာ၊ ချောင်းကမ်းကြီးရွာ၊ သာယာကုန်းရွာနှင့် ညောင်ဝိုင်းကျေးရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။

ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ကျေးရွာအနီး မြိတ်ခရိုင် တပ်ရင်း ၂ ၊မြိတ်ခရိုင်တပ်ရင်း ၃ နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး မြိတ်ခရိုင်တပ်ရင်း ၃ မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့် တွင် ပြန်လည်ဆုတ်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၅ မိုင်ရွာ နှစ်ရှည်ရုံးအနီးတွင် ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
👏659👍7😁3👎1🤬1
This media is not supported in your browser
VIEW IN TELEGRAM
နော်လို့။
Credit: Charm in Studio
👍48😢3🔥2
ဘီးလင်းမြို့နယ်၊ လေးကေစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်သားများကို လိုက်လံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ လက်နက် ၉ လက် သိမ်းဆည်းရရှိ

ဧပြီလ ၁၃ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်သားများကို လိုက်လံတိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း PDF အထူးတိုင်းစစ်ဌာန၊ အထူးတိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ဘီးလင်းမြို့နယ် လေးကေစခန်းမှစွန့်ခွာ ထွက်ပြေးသွားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၇ ဦး သေဆုံးကာ ၂ ဦး အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ MA4 ပူးတွဲ (၁) လက်၊ MA2စက်လက် (၁) လက်၊ MA3 (၄) လက်၊ MA1 (၃) လက်၊ ၅.၅၆ ကျည် (၁၂၀၀) တောင့်၊ ငါကြင်းမြီးကျည် (၂၀၀) တောင့်၊ လက်ပစ်ဗုံး (၅) လုံး၊ ကျည်ဘောက် (၁၀) ခု၊ စကားပြောစက် တလုံး နှင့် စစ်သုံးပစ္စည်းတစ်ချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုကို KNU တပ်မဟာ (၁) ရှိ KNLA တပ်ရင်းများ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ FFDF ဒရုန်းတပ်ဖွဲ့၊ Rangoon Warriors ဒရုန်းတပ်ဖွဲ့ ၊ KRF ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ လေးကေစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဧပြီလ ၇ ရက်နေ့တွင် စတင် ထိုးစစ်ဆက် တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင်း သိရှိရသည်။

#KTM
#HlaingInfo
👍6121👏11😁2
အထူးမေတ္တာရပ်ခံ အသိပေးချက် 📢
လက်ရှိတွင် ဆေးဆရာ AI ကို အသုံးပြုသူ အလွန်များပြားနေသည့်အတွက် ယခုလအတွက် သတ်မှတ်ထားသော အသုံးပြုနိုင်သည့် ပမာဏ (Usage Limit) ပြည့်သွားပါပြီ။

ထို့ကြောင့် အသုံးပြုနေစဉ်အတွင်း “အမှားတစ်ခု ဖြစ်သွားပါသည်။ ခဏနေမှ ပြန်ကြိုးစားပေးပါ” ဆိုသည့် စာသားပေါ်လာပါက ၁၆ ဧပြီ ၂၀၂၆ နောက်ပိုင်းမှသာ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရှင်းလင်းတင်ပြချက် 👇

ဤ AI ဝန်ဆောင်မှုကို မည်သည့်အဖွဲ့အစည်း၊ မည်သူ့ထံမှ အလှူခံထားခြင်းမျိုးမဟုတ်ဘဲ ကျွန်တော့်၏ ကိုယ်ပိုင်အစီအစဉ်၊ ကိုယ်ပိုင်စေတနာဖြင့်သာ အခမဲ့ မျှဝေလှူဒါန်းထားခြင်း ဖြစ်ပါသည်။

အသုံးပြုခ ထပ်မံတိုးမြှင့်ပေးဆောင်ပါက အဆင်ပြေနိုင်သော်လည်း ကျွန်တော့်အနေဖြင့် အလှူဒါနပြုနိုင်မှု အကန့်အသတ်ရှိနေပါသဖြင့် အဆင်မပြေဖြစ်မှုများအတွက် မိတ်ဆွေများအားလုံးကို တောင်းပန်အပ်ပါသည်။

လေးစားစွာဖြင့် မေတ္တာရပ်ခံခြင်း 🙏
အမှန်တကယ် အရေးပေါ်လိုအပ်နေသူများ အခွင့်အရေးရစေရန်အတွက် တကယ်လိုအပ်သည့် အခြေအနေမျိုးတွင်သာ ချွေတာပြီး အသုံးပြုပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။

#HlaingInfo
64👍18🔥1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 စောင်ကို မြန်မာငွေ 14,500 ကျပ်။  ထိုင်းဘတ် 100 ပါ။ 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သောထီနံပါတ်များ 🎁         

662300
409101
015102
165403
671905
821507
009209                                
054802
635505
561006
535007
682708
853409

034210
905814
616817
875919

099626
912927
349829

214431
146933
523436

381042
853343
066145
952647
014948
855649

119650
361251
954753
625954
320855
808759
046350
016952
400054
242958
544559

019060
959361
949462
590066
827768
280466
044069

306170
126970
049774
903677
157678
497678

326680
513184
379584
984087
282387
432488

056890
013791
038292
351895
825496
652896
148698

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
👍308🔥1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 တွဲ စောင်ကို မြန်မာငွေ 30,000 ကျပ်။  ထိုင်းငွေ 200 ဘတ် 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သော ဘတ် 12 သန်း ထီနံပါတ်များ 🎁                                         

784501
627502
163304
689205
846106
376507
328708

203910
476811
633812
790713
947714
895315
053017
028718

735320
892321
392022
793723
479925
836928
186029

403343 တစောင်ကျန်
158644
043545
513748 တစောင်ကျန်

827650
984651
172152
228255
615356
929258
913859

559963
716864
873865
090266
812367
208668

661471
867774

919980
403983
452284
550685
707686
864587
016488
170089

664690
495292
652293
098194
876996

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
👍319🔥1
ရန်ကုန် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) တက်ရောက်ခဲ့သူ ၆၀၀ကျော်အနက် ၉၁ ဦးသာ နေအိမ်ပြန်ခွင့်ရ

ဧပြီလ ၁၃ ရက်

ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) တက်ရောက်ခဲ့သူ ၆၀၀ ကျော်ရှိတဲ့ အနက် ၉၁ ဦးသာ နေအိမ်ပြန်ခွင့်ရရတယ်လို့ သိရပါတယ်။

စစ်အုပ်စု က ရန်ကုန်တိုင်းအတွင်း က အဓမ္မ စစ်မှုထမ်း ခေါ်ယူစုဆောင်းသွား တွေထဲက ၉၁ ဦးကိုသာ စစ်မှုထမ်းပြီးဆုံးကြောင်း လက်မှတ်နဲ့ ထောက်ပံ့ပစ္စည်းတွေကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ စစ်မှုထမ်းသင်တန်းကို ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး တိုက်ကြီးမြို့နယ်ရှိ တတက (၁) ဂျိုးဖြူ စခန်းနဲ့ လှည်းကူးမြို့နယ်ရှိ စခတ (၁) ဖောင်ကြီး စခန်းတို့မှာ  သင်တန်းသား အနည်းဆုံးလူဦးရေ ၆၀၀ ခန့် လေ့ကျင့်သင်ကြားခဲ့တယ်လို့ဆိုပါတယ်။

သင်တန်းပြီးဆုံးချိန်မှာ တပ်သား ၉၁ ဦးသာ ပြန်လည်ထွက်ခွင့်ရရှိခဲ့တာကြောင့် ကျန်တဲ့ ရာနဲ့ချီတဲ့ စစ်မှုထမ်း သင်တန်းသားတွေ စိုးရိမ်နေကြပါတယ်။

"သင်တန်းတက်တဲ့သူတွေထဲမှာ တချို့ကို တိုက်ပွဲနယ်မြေဘက်ကို တန်းပို့လိုက်တာလို့ ကြားတယ်။ အမှန်တကယ် ဘယ်လောက်အသက်ရှင်ကျန်လဲဆိုတာကို တာဝန်ရှိသူတွေက မရှင်းပြဘူး။ ကျွန်တော်တို့ရွာကလူတွေ အများကြီးပါသွားတာ။ မိသားစုတွေကတော့ အရမ်းစိုးရိမ်နေကြတာ။ တချို့မိသားစုဝင်တွေဆို စိုးရိမ်လို့ လိုက်လံ‌မေးမြန်းမှတိုက်ပွဲကျသွားမှန်းသိရတာ။ အဲလိုသိရမှ သူတို့က နာရေးစရိတ်လာပေးတာတွေ့ရတယ်" လို့  စစ်မှုထမ်း ခေါ်ယူမှုတွေကို သိရှိနေသူ အရပ်သားတစ်ဦးကပြောပြပါတယ်။

ကော့မှူးမြို့နယ် တစ်မြို့နယ်တည်းမှပင် လူဦးရေ ၁၅၀ ခန့် စစ်မှုထမ်းသင်တန်းခေါ်ဆောင်ခံခဲ့ရတာရှိသလို အဆိုပါဒေသက လူငယ်များ အများအပြား စစ်မှုထမ်းဖို့ ခေါ်ယူခံရမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး မိသားစုဝင်တွေ နဲ့လည်း အဆက်အသွယ်မရ ဘူးလို့ သိရပါတယ်။

စစ်မှုထမ်းခေါ်ယူမှုတွေကို  စောင့်ကြည့်လေ့လာနေသော အဖွဲ့အစည်းတွေ ရဲ့ အဆိုအရ စစ်မှုထမ်းစုဆောင်းမှုတွေရဲ့ အစောပိုင်း အပတ်စဉ်များမှာ မဲနှိုက်ရွေးချယ်တဲ့ ပုံစံများကို တွေ့ရခဲ့သော်လည်း နောက်ပိုင်းမှာ ငွေကြေးဖြင့် လူစားထိုးခြင်းနဲ့ပေါ်တာဆွဲခေါ် လူငယ်များကို အတင်းအဓမ္မ ခေါ်ယူခြင်းများ ပိုမိုများပြားလာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) အတွင်း နိုင်ငံတစ်ဝန်းမှ လူငယ် ငါးထောင်နီးပါး စစ်မှုထမ်းရန် စုဆောင်းခံခဲ့ရတယ်လို့လည်း ဗမာ့ရေးရာနှင့် ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) စာရင်းတွေက ဖော်ပြထားခဲ့ပါတယ်။

#CB
#HlaingInfo
26🤬14😢14👍4🔥4😁4
13 April 2026 Tokyo Japan
မြန်မာ အကြမ်းဖက် စစ်အာဏာရှင်ကို မိမိတို့ကိုယ်တိုင်တိုက်ယူမှာဖြစ်သော်လည်းအပစ်မဲ့ပြည်သူများထိခိုက်မှုများပြားမည်စိုးရိမ်ရပါသဖြင့် USA 🇺🇸 သမ္မတကြီးမှ ကူညီရှင်းလင်းပေးပါရန် အကူအညီတောင်းခံပွဲ။
ကူညီစီစဉ်သူ
ကိုအောင်အေးဝင်း နှင့် တော်လှန်ရေးရဲဘော်များ-နာဂိုရာမြို့
Khin Aung {NLD} 08010594589
နေ့စဉ်ဆန္ဒပြသူများအဖွဲ့-ဂျပန်

#HlaingInfo
👍6121😁7
This media is not supported in your browser
VIEW IN TELEGRAM
လေးကေစခန်းက ဂျန်ဘာတွေ အဖျက်ဆီးမခံရမီ စစ်သားတွေကဒရုန်းလာတာကိုကပြ

■ဂျန်ဘာ ဖျက်ဆီးပြီးနောက် ဒရုန်းဗုံးသီး နှစ်ရာနီးပါးကြဲခံရ

ဧပြီလ ၁၃ ရက်

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊လေးကေတပ်စခန်းကိုPDF တွေနဲ့ မဟာမိတ်တပ်တွေကထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စခန်းမကျမီ စစ်သားတွေက တော်လှန်ရေးရဲဘော်တွေရဲ့ ဒရုန်းလာတာကို ကပြခဲ့တဲ့ ရုပ်သံကို စစ်ဆင်ရေးမှာ ပါတဲ့ ဒရုန်းတပ်ဖွဲ့ Rebel Bees - UAV Forceက ဒီကနေ့ ထုတ်ပြန်ပြသခဲ့ပါတယ်။

လေးကေစခန်းကို ဧပြီ ၇ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၂ရက်မနက်မှာ အပြီးသတ်သိမ်းနိုင်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

လေးကေတပ်စခန်းကို ဒရုန်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်စဉ် စစ်တပ်ရဲ့ ဂျန်ဘာတွေကို ပူးပေါင်းတပ်က ရှာဖွေ ဖျက်ဆီးခြင်းမပြုမီ စစ်သားတွေက ကပြခဲ့တာကို Rebel Bees - UAV Forceက ဧပြီ ၁၃ ရက်မှာ ရုပ်သံနဲ့တကွထုတ်ပြန်တာပါ။ ထုတ်ပြန်တဲ့ ရုပ်သံမှာကတုတ်ကျင်းထဲက စစ်သား ၃ဦးအနက် ၂ဦးက ကပြတာ၊ ကပြနေတဲ့ အထဲက စစ်သား ၁ဦးက အနီးရှိ တပ်သားဆီက လက်နက်ယူပြီး ဒရုန်းကို ပစ်ခတ်တာ တွေ့ရပါတယ်။

အဲဒီလို ကပြတဲ့ မြင်ကွင်းနောက်ပိုင်းမှာတော့ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် တပ်စခန်းတွင်း နေရာ၊ အဆောက်အအုံတွေ ဒရုန်းဗုံးထိမှန်ပျက်စီးတာ၊ ဒရုန်းထိမှန်ပြီး ဒဏ်ရာရပြီး ကိုယ်တုံးလုံးနဲ့ အဖမ်းခံရတဲ့ဒုတပ်ရင်းမှူး အပါ
အဝင် စစ်သား ၂ဦးကို အရှင်ဖမ်းမိတာ တွေကိုလည်းရုပ်သံမှာဖော်ပြထားပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်အနေနဲ့ လေးကေစခန်းက ဂျန်ဘာတွေကို ဖျက်ဆီးပြီးနောက် ဒရုန်းဗုံးသီး ၂၀၀ခန့် ကြဲခဲ့ကြောင်းလည်းထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးကို Rebel Bees အပါအ၀င် PDF, KNLA,KNDO, ABSDF, FFD နဲ့ BPLA အပါအ၀င် ပူးပေါင်းတပ်များ စုစည်း ဆင်နွှဲခဲ့ကြတာဖြစ်ကြောင်း အသိပေးထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စခန်းသိမ်းတိုက်ပွဲအတွင်းစစ်တပ်မှ ဒုတပ်
ရင်းမှူး အောင်သော် နဲ့ အခြားအဆင့် ၁ ဦးအပါအဝင် (၂)ဦးက်ို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ပြီးစစ်တပ်မှ ၁၃‌ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြတယ်။ ဒါအပြင်စစ်တပ်ကစစ်သား
၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး‌နောက် စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့သည်။

တိုက်ပွဲအတွင်းငါကြင်းမြီး (၁) လက်၊ MA2 (၁) လက်၊ ၆၀မမ (၁) လက်၊ ၆၀မမသီး (၂၉) လုံး၊ ၄၀မမသီး (၇၅) လုံး၊ ၅.၅၆ကျည် (၄၀၀၀)တောင့်၊ ဂျန်မာစက် (၃) လုံး၊ ဆက်သွယ်ရေးအထိုင်စက် (၄) လုံး၊ မီးစက် (၁) လုံးနဲ့ စစ်သုံးပစ္စည်းတွေသီမ်းဆည်းရရှိတယ်လို့ အထူးတိုင်းစစ်ဒေသကအသိပေးပါတယ် ။

လေးကေစခန်းသိမ်းတိုက်ပွဲကိုပြည်သူ့ကာကွယ်
ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ နည်း
ဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ KRF ဒရုန်းတပ်ဖွဲ့၊ KNU တပ်မဟာ (၁) ရှိ KNLA တပ်
ရင်းများ၊ ABSDF တပ်တို့ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားပါတယ်။

ဒါအပြင်ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်
လံတိုက်ခိုက်ခဲ့ရာ ၇ဦးသေ၊ ၂ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ဒီကနေ့ (ဧပြီ ၁၃) မှာ သတင်းထုတ်ပြန်ပါတယ်။

MA4 ပူးတွဲ (၁) လက်၊ MA2စက်လက် (၁) လက်၊ MA3 (၄) လက်၊ MA1 (၃) လက်၊ ၅ဒသမ ၅၆ ကျည် (၁၂၀၀) တောင့်၊ ငါကြင်းမြီးကျည် (၂၀၀) တောင့်၊ လက်ပစ်ဗုံး (၅) လုံး၊ ကျည်ဘောက် (၁၀) ခု၊ စကားပြောစက် ၁လုံး နဲ့ စစ်သုံးပစ္စည်းအချို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ရုပ်သံ- Rebel Bees - UAV Force
#LNO
#HlaingInfo
69👍29👏10😁5🔥1
အိန္ဒိယ-မြန်မာနယ်စပ်မှာ ကူကီးအမျိုးသားတပ်မတော်၊မြန်မာပြည် ( KNA-B) တပ်ဖွဲ့ဝင် ၄ ဦးသတ်ဖြတ်ခံရ

ဧပြီလ ၁၃ ရက်

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ မြန်မာနယ်စပ်မှာ ကူကီးအမျိုးသားတပ်မတော်၊မြန်မာပြည် ( KNA-B) တပ်ဖွဲ့ဝင် ၄ ဦးသတ်ဖြတ်ခံရတယ်လို့ ဒေသတွင်းသတင်းမှာဖော်ပြထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာ နာဂလင်အမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-IM) လို့ ယူဆရတဲ့ သံသယရှိ ဖွယ်အဖွဲ့ဝင်များနဲ့ ကူကီးအမျိုးသားတပ်မတော်၊ မြန်မာပြည် (KNA-B) တို့ကြား ဒီကနေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့ပြီး KNA-B တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တာလို့ သတင်းများထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

Kuki National Army–Burma (KNA-B) ဟာ မြန်မာနိုင်ငံအတွင်းရှိ ကူကီး (Kuki) လူမျိုးကို ကိုယ်စားပြုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကူကီးလူမျိုးရဲ့ အခွင့်အရေး၊ လုံခြုံရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ကြောင်းသိရပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ မြန်မာ နယ်စပ် ၊ စစ်ကိုင်းတိုင်းထဲမှာ အဓိက အခြချလှုပ်ရှားတဲ့အဖွဲ့အစည်းလို့သိရပါတယ်။

ကိုးကား - Ukhrul Times
#ZL
#HlaingInfo
😱38😢13🔥64😁1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

ဧပြီလ ၁၃ ရက်

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၁၃ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
👍469😁4🥰3👏2
‼️ ဧပြီလ ၁၃ ရက်နေ့ ၊ နေ့စဉ် သတင်းအကျဉ်းချုပ်‼️

01-အကြမ်းဖက် မင်းအောင်လှိုင် သမ္မတဖြစ်လာသည့် အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးတွင် လမ်းလျှောက်  သင်္ကြန်ပွဲတော်များဖြင့် စည်စည်ကားကား နှစ်သစ်ကူးရန် ညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

02-အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (NCB) က မြန်မာနိုင်ငံအခြေစိုက် မူးယစ်ဆေးဝါးဖြန့်ချိသူ အဓိကတစ်ဦးဖြစ်တဲ့ Lalhmingsanga ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

03-KNU အမှတ်၅တပ်မဟာ ထိန်းချုပ်နယ်မြေ ဘူးသိုမြို့နယ်အတွင်း ဧပြီလ ၁၀နှင့်၁၁ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီမှဂျက်ဖိုက်တာဖြင့်ပေါင်၅၀၀ဗုံးသီး၄လုံးလာရောက်ကြဲချခဲ့တယ်လို့ KNUအမှတ်၅တပ်မဟာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒို့မှပြောသည်။

04-ရန်ကုန် နဲ့ မန္တလေးလို မြို့ကြီးတွေမှာခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းပျမ်းမျှ (၁၁) ကို ရောက်ရှိ နေပြီး နေ့လယ်ပိုင်း အချိန်များအတွင်း နေရောင်အောက်မှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို လျော့ချသင့်တယ်လို့ လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

05-အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက “အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းဆိုင်ရာ သင်တန်း” ကို ဧပြီလ ပထမအပတ်အတွင်းမှာ ၃ ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

06-အကြမ်းဖက် မင်းအောင်လှိုင်က သမ္မတ ရာထူး အတင်းအကျပ် ရယူမှုအပေါ်   တရားဝင် အသိအမှတ်မပြုရန် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်အစိုးရကို အာဆီယံပါလီမန်အမတ်များလူ့အခွင့်အရေးအဖွဲ့- APHRက  ယမန်နေ့ တိုက်တွန်းလိုက်သည်။

07-စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် တရုတ်ပိုင် ယန်စီကြေးနီစက်ရုံကို လုံခြုံရေးယူ ဂိတ်စောင့်ပေးနေတဲ့ အဏာသိမ်း စစ်အုပ်စု လက်နက်ကိုင် အင်အား ၁၀၀ လောက်ဟာ ဆားလင်းကြီးနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေပြီး ဖမ်းမိတဲ့ပြည်သူတွေကို သတ်ဖြတ်၊ ငွေညှစ်တာ၊ နေအိမ်ဖောက်ထွင်း ခိုးယူမီးရှို့တာတွေ မလုပ်သေးဘဲ ရွာခံပြည်သူတွေ ထွက်မပြေးဘဲ အိမ်မှာပဲ နေကြဖို့ ချော့မော့စည်းရုံးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

08-အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) နဲ့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF) တို့ ပူးပေါင်းပြီး ရဲဘော်တွေရဲ့စစ်ရေးစွမ်းရည်နဲ့ဦးဆောင်မှုကဏ္ဍ မြှင့်တင်နိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တဲ့ NCO (အကြပ်သင်တန်း) သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၁ မှာ ပြုလုပ်ခဲ့ကြပါတယ်။

09-မြန်မာအကျပ်အတည်း အဆုံးသတ်စေရေးအတွက် ကူညီပံ့ပိုးပေးရန် အမေရိကန်ပြည်ထောင်စုက ဆက်လက်သံန္နိဋ္ဌာန်ချထားကြောင်းနိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ကဆိုသည်။

10-မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့် KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

11-ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ တုံမဏီရွှေမှော်တွင် ဘာသာရေးကို အကြောင်းပြကာ လောင်းကစားပွဲများကို အကြီး အကျယ် ကျင်းပနေပြီး ယင်းသို့ကျင်းပနိုင်ရန်အတွက် ဒုရဲမှူးကြီး  ကျော်မြင့်ရွှေ၊ စစ်တပ်၊ ရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာ တာဝန် ရှိသူများကို သိန်းရာချီ လိုင်းကြေးပေးဆောင်ထားရကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

12-မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် စာသင်ကျောင်း အပါအဝင် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ပြီး မီးသတ်ကို အကြောင်းကြားခဲ့သော်လည်း လာရောက် ငြိမ်းသတ်ခြင်းမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

13-တော်လှန်ရေးအဖွဲ့အစည်းများအတွက် ရရှိနေသော အခွင့်အရေးမှာ နည်းသမျှနည်းလာနေ၍ နွေဦးတော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်နေသူများအနေဖြင့် နေ့မအား၊ ညမအား ကြိုးစားကြရန် လိုအပ်ကြောင်း အာရက္ခတပ်တော် AA ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောသည်။

14-စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း  ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့  စစ်ဆေးရေးဂိတ်နဲ့လုံခြုံရေးဂိတ်တွေကို ဧပြီ ၃၀ရက်နောက်ဆုံးထားပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

15-တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသော လူသားချင်းစာနာမှုကူညီရေးရန်ပုံငွေ ၂၀၂၆ မြန်မာသင်္ကြန် ပွဲတော်မှ ကျပ်သိန်း၂၇၀၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
32👍21🔥2😁1
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Hlaing Info ဝိုင်းတော်သားများမှ ကတိပြုပါသည်။

ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတို့တွင် အသက်သွေးချွေးများ စွန့်လွှတ်အနစ်နာခံ၍ ဘဝများ ရင်းနှီးပေးဆပ်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းများ၏ ဝိညာဉ်များကို အောက်မေ့သတိရတိုင်တည်လျက်  လေးနက်စွားကတိသစ္စာပြုအပ်ပါသည်။

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

Good night ပါခင်ဗျာ။

#HlaingInfo
61👍4🥰3😁2
မင်္ဂလာနံနက်ခင်းပါ....
ကျန်းမာရွှင်လန်းကြပါစေ....

ပူပင်သောကတွေ ကင်းဝေးပီး
ပျော်ရွှင်ချမ်းမြေ့သော
နေ့ရက်လေး ဖြစ်ပါစေ....

စိတ်ဆင်းရဲခြင်း
ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးပီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့်
မိမိတို့၏ ခန္ဓာ့ဝန်ကို လွယ်ကူစွာ
ရွက်ဆောင်နိုင်ကြပါစေ....

ဘေးရန် ရောဂါ ကင်းစင်ကွာ၍
လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ....

Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏🙏🙏

#HlaingInfo
67👍8🥰3🔥1👏1
ပန်းများ မြင်လျင်ပင် ကြောက်ရွံ့နေကြသူများ
*

နယူး ယောက် တိုင်းမ် သတင်းစာကြီး အတွက် ဆောင်းပါးရှင် ဟာနာ ဘိခ်ျ မှ နိုင်ငံ အနှံ့လှည့်လည်ပြီး မျက်မြင် ကိုယ်တွေ့ ရေးသားထားခြင်း ဖြစ်၍ စစ်အုပ်စု ၏ အလိမ်အညာများကို "Where Even Flowers Stoke Fear" ပန်းများ မြင်လျင်ပင် ကြောက်ရွံ့နေကြသူများ ခေါင်းစဉ် ဖြင့် ဖေါ်ထုတ် ဖွင့်ချလိုက်သည့် ဆောင်းပါးလည်း ဖြစ်သည်။

နယူးယောက် တိုင်းမ် သည် ကမ္ဘာတွင် ဩဇာ လွှမ်းမိုးမှု အရှိဆုံး ဖြစ်ပြီး အိမ်ဖြူတော်၊ အေလီ‌ဇေး နန်းတော်၊ ဒေါင်းနင်းလမ်း အိမ်အမှတ် ၁၀ ရှိ သမ္မတ၊ ဝန်ကြီးချုပ် ရုံး စားပွဲများ ပေါ်တွင် နေ့စဉ်လို မပျက်မကွက် ထားပေးရသည့် သတင်းစာကြီးလည်း ဖြစ်သည်။

"ပန်းများ မြင်လျင်ပင် ကြောက်ရွံ့နေကြသူများ"

စစ်တပ်၏ အမိန့်အာဏာဖြင့်သာ အုပ်ချုပ်ခြင်းကို ခံခဲ့ရသည့် စစ်တက္ကသိုလ် (DSA) အဓိကဝင်ပေါက် ကြီး တွင်ကား အနီနှင့် ရွှေရောင်ဆိုင်းဘုတ်တွင် “နောင်တစ်ခေတ်၏ အောင်စစ်သည်များ” ဟူသော စာသားကို ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြထားသည်။

သို့သော် ယခုအခါတွင်မူ မြို့ထဲ၌ ဟိတ်ဟန်ထုတ် လျှောက်သွားနေသည့် အောင်စစ်သည် ဆိုသူများ မရှိတော့။ ပြင်ဦးလွင်မြို့ရှိ အဆိုပါ စစ်တက္ကသိုလ် အပါအဝင် အခြားသော စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းများမှ ဗိုလ်လောင်းများသည် တောင်ကုန်းများပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ရံဖန်ရံခါ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျောင်းဝင်းအတွင်း၌သာ ပုန်းအောင်းနေကြရသည်။ အခြေအနေမှာ အလွန်စိုးရိမ်စရာကောင်းနေသဖြင့် စစ်တက္ကသိုလ်များကို ပိုမိုဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ရန် စီစဉ်ရသည် အထိ ဖြစ်ခဲ့ဖူးသည်။

မြန်မာစစ်ဗိုလ်ချုပ်များသည် လွန်ခဲ့ သော ငါးနှစ်က အာဏာ ထပ်သိမ်းခဲ့ရာမှ ပြင်းထန်သော ပြည်တွင်းစစ်မီးကြီး တောက်‌ လောင်လာခဲ့ကြသည်။ ၎င်းတို့သည် တိုင်းပြည်ကို အစိတ်စိတ်အမွှာမွှာ ဖြစ် အောင် လုပ်ခဲ့ကြပြီး ကမ္ဘာပေါ်တွင် ပြိုကွဲ မှု အများဆုံး ပဋိပက္ခဆိုးကြီးကို အမွေပေးခဲ့ကြသည်။

သို့သော် အဆိုးဝါးဆုံးမှာ စစ်တပ်သည် ယခုအခါတွင် အရပ်သားအုပ်ချုပ်ရေးယောင်ဆောင်၍ ကြွားဝါနေသော်လည်း အမှန်စင်စစ်တွင်မူ #ကြောက်ရွံ့ခြင်းတရားကသာလမ်းညွှန်အုပ်ချုပ်ပြီးဝါးမြိုနေသည့်နိုင်ငံတစ်ခု ကို ဖန်တီးထားခြင်းပင် ဖြစ်သည်။

The New York Times မှ ဓာတ်ပုံဆရာ Daniel Berehulak နှင့် ကျမသည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသတစ်ခွင် သုံးပတ်ကြာ သတင်းရယူခဲ့စဉ်အတွင်း ထိုကြောက်လန့်မှုများက လူတိုင်းအပေါ် မည်သို့သက်ရောက်နေသည်ကို မြင်တွေ့ခဲ့ရသည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က ကမ္ဘာတစ်ဝန်း အာဏာရှင်စနစ် ဒီရေမြင့်တက်လာမှုကြားတွင် ဆန့်ကျင်ဘက် အလားအလာကောင်းတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သော နိုင်ငံတနိုင်ငံမှာ ယခုအခါ မည်သို့မည်ပုံ ရုပ်ပျက်ဆင်းပျက် ပျက်စီးနေပြီဖြစ်ကြောင်းကိုလည်း မြင်တွေ့ခဲ့ရသည်။

ယခုအခါ အရပ်သားပြည်သူများသည် စစ်တပ်၏ မညှာမတာ ဗုံးကြဲတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ထိတ်လန့်တုန်လှုပ်နေကြရသည်။ ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (A.C.L.E.D) ၏ အဆိုအရ ပြီးခဲ့သည့်နှစ်တွင် မြန်မာသည် ပါလက်စတိုင်းနယ်မြေများပြီးလျှင် ကမ္ဘာပေါ်တွင် ပဋိပက္ခဒဏ် အပြင်းထန်ဆုံးခံရသည့် နိုင်ငံဖြစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
48👍32🔥1😢1
မင်းအောင်လှိုင် သမ္မတကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးသော်လည်း ဧပြီလ ၁၃ ရက်နေ့ ထုတ်ပြန်သော ကုလသမဂ္ဂ၏ ကမ္ဘာ့ နိုင်ငံများ အကြီးအကဲများစာရင်းတွင် မြန်မာနိုင်ငံ အကြီးအကဲအဖြစ် သမ္မတ ဦးဝင်းမြင့်နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဆက်လက်ဖော်ပြထား၊ မင်းအောင်လှိုင်ကို သမ္မတအဖြစ် ကုလသမဂ္ဂက အသိအမှတ်မပြု

ဧပြီလ ၁၄ ရက်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးသော်လည်း ယမန်နေ့ ထုတ်ပြန်သော ကုလသမဂ္ဂ၏ ကမ္ဘာ့နိုင်ငံအကြီး အကဲများဆိုင်ရာ နောက်ဆုံးစာရင်းတွင် မြန်မာနိုင်ငံတော် အကြီးအကဲအဖြစ် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဆက်လက်ဖော်ပြထားသည်။

ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂက ကမ္ဘာတစ်ဝန်းမှ နိုင်ငံ့ခေါင်း ဆောင်များ၏ စာရင်းကို နောက်ဆုံး ထုတ်ပြန်ထားရာတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် လုံး၀ ဖော်ပြခြင်းမပြုခဲ့ပေ။

ကုလသမဂ္ဂ၏ နိုင်ငံအကြီးအကဲများစာရင်းတွင် မြန်မာနိုင်ငံတော်အကြီးအကဲအဖြစ် ၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ သမ္မတ ဖြစ်လာသော သမ္မတ ဦးဝင်းမြင့်၊ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာသော ဒေါ်အောင်ဆန်းစုကြည်တို့၏ အမည်စာရင်းများကိုသာ ဆက်လက်ဖော် ပြထားခြင်းဖြစ်သည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့ အကြမ်း ဖက် လွှတ် တော်တွင် အတင်းအကျပ် လုယူထားသော သမ္မတအဖြစ် ကျမ်း သစ္စာ ကျိန်ဆိုခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကုလသမဂ္ဂ၏ ကမ္ဘာ့နိုင်ငံများ အကြီး အကဲစာရင်းတွင် မင်းအောင်လှိုင်ကို ဧပြီလ ၁၃ ရက်နေ့အထိ သမ္မတအဖြစ် လုံး၀ ဖော်ပြခြင်းမပြုခြင်းဖြစ်သည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နေရာတွင်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂက ဆက်လက် အတည်ပြု ဖော်ပြထားသည်ကို တွေ့ရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် နှစ် ဆန်းပိုင်းတွင် အတုအယောင် ရွေးကောက်ပွဲကို ၃ ကြိမ်ခွဲ၍ ကျင်းပခဲ့ပြီး ကြံ့ဖွတ်ပါတီက အများစု အနိုင်ရရှိသည်ဟု ကြေညာကာ မင်းအောင်လှိုင်က သမ္မတအဖြစ် တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင်ကို တရုတ်၊ ဘယ်လာရုစ်၊ ရုရှား အပါအဝင် နိုင်ငံပေါင်း ၁၀ ခုကျော်ကသာ သမ္မတအဖြစ် အသိအမှတ်ပြုသော်လည်း ကုလ သမဂ္ဂကမူ မင်းအောင်လှိုင်ကို သမ္မတအဖြစ် လုံး၀ အသိအမှတ်ပြုခြင်းမရှိသေးပေ။

၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ ကုလသမဂ္ဂက အသိအမှတ်ပြုထားသော ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ စာရင်းကို https://www.un.org/dgacm/sites/www.un.org.dgacm/files/Documents_Protocol/hspmfmlist.pdf?fbclid=IwY2xjawRJmHBleHRuA2FlbQIxMABicmlkETExR3g1TVptQkp1bzBqZVFWc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHo60dyzQyhAvO8zojDIopcrF8grcFoWf0Tas7xvnRMiMyp_YZr1Q5seANVSW_aem_9uGpINdtZJPKy6ZNANhbNA တွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။

#KTM
#HlaingInfo
86👍18😁8🔥1🥰1
ဝမ်းတွင်းနှင့် သရက်ချောင်းတွင် သင်္ကြန်ကာလအထိ စစ်တပ်က လူငယ် ၁၀၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီးနေပြီး နေအိမ်များထဲအထိ ဝင်ရောက်ဖမ်းဆီးနေ

ဧပြီလ ၁၄ ရက်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်နှင့် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တို့တွင် ဧပြီလဆန်းပိုင်းမှ သင်္ကြန်ကာလ ဧပြီလ ၁၃ ရက် နေ့အထိ စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး နေအိမ်များထဲအထိ ဝင်ရောက် ဖမ်းဆီးနေကြောင်း ဒေသသတင်းရင်းမြစ်များ၊ ဒေသပြည်သူများနှင့် ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်က ရွာနေလူငယ်များနှင့် လမ်းသွားလမ်းလာများကို ပေါ်တာဆွဲ ဖမ်းဆီးနေမှုကြောင့် အနည်းဆုံး လူငယ် ၁၇ ဦးခန့် ဖမ်းဆီးခံထားရကြောင်း Voice Of Wundwin အဖွဲ့ထံမှ သိရှိရသည်။

ဧပြီလ ၉ ရက်နှင့် ဧပြီလ ၁၁ ရက်နေ့များတွင် အကြမ်းဖက်စစ်သားများသည် Four Wheel ကားနှစ်စီးဖြင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာနှင့် မိတ္ထီလာ-ပင်းတလဲ လမ်းတစ်လျှောက်တွင် လှည့်လည်ကာ လမ်းသွားလမ်းလာ လူငယ်များသာမက ဈေးကားပေါ်တွင် ပါလာသည့် လူငယ်များကိုပါ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးမှုများကြောင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျောင်းကုန်း၊ ရွာသစ်၊ ပြည်တော်သာ၊ သစ်ပလွေကန်၊ ဒါးလှနှင့် သီကုန်းကျေးရွာများမှ အမျိုးသားများသည် ရွာထဲတွင် မနေရဲကြတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။

Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "ဧပြီလ ၁၁ ရက်နေ့တုန်းက ရွာ ၆ ရွာက လူငယ်တွေကို စစ်တပ်က နေအိမ်ပေါ်အထိ တက်ဖမ်းတာပါ။ လမ်းပေါ်မှာလည်း တွေ့သမျှလူကို အကုန်ဖမ်းပါတယ်။ ဧပြီလ ၉ ရက်နေ့ကလည်း သီကုန်းရွာက လူငယ် ၂ ယောက် ပါသွားတယ်။ မနေ့ကတော့ မိဘတွေက လိုက်လံရွေးချယ်နေကြတယ်၊ ၂ ယောက်လောက် ပြန်လွတ်လာပေမဲ့ ငွေဘယ်လောက် ပေးလိုက်ရလဲဆိုတာတော့ အတည်မပြုနိုင်သေးဘူး" ဟု ပြောကြားသည်။

အလားတူပင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် အောက်ပိုင်းတွင်လည်း ဧပြီလ ၉ ရက် နေ့မှစ၍ ဝင်းဝတံတားအနီးတွင် ဆိုင်ကယ်စီးလာသည့် လူငယ်များနှင့် ဆိုင်ကယ် အစီးရေ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီးသွားခဲ့သည်။

ထိုသို့ ဖမ်းဆီးပြီးနောက် လူငယ်များကို ငွေဖြင့် ပြန်လည်ရွေးယူခိုင်းနေကြောင်း ဒေသခံများက ဆိုသည်။

ဖမ်းဆီးခံရသည့် လူငယ်များသည် ဝင်းဝ၊ သဲချောင်းသား၊ မင်းဒပ်၊ စုံစင်၊ ချောင်းဝပြင်၊ ရေချိုချောင်း အပါအဝင် ကျေးရွာပေါင်း ၁၇ ရွာခန့်မှ လမ်းသွားလမ်းလာများ ဖြစ်ကြသည်။

ဒေသခံပြည်သူတစ်ဦးက "ကျွန်တော်တို့ သိရသလောက်တော့ ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေကို ဖမ်းသွားပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းနေတာတွေ ရှိပါတယ်။ ဆိုင်ကယ် အစီးရေ ၅၀ ကျော်လောက် ရှိမယ်။ စစ်တပ်စစ်ကြောင်း သွားရာ လမ်းတစ်လျှောက်မှာ တွေ့သမျှ ဆိုင်ကယ်တွေကို ဖမ်းခေါ်သွားတာပါ" ဟု ပြောပြသည်။

အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုများသည် ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) အထိ ဆက် တိုက် ဖြစ်ပွားနေသဖြင့် ဒေသခံလူငယ်များနှင့် ပြည်သူများမှာ အထူးစိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ယခု ဧပြီလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၄ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
🤬66🔥105👎2😢1