Hlaing Info
55.2K subscribers
141K photos
5.86K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု စာသင်ကျောင်း အပါအဝင် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျ၊ မီးသတ်ကို အကြောင်းကြားခဲ့သော်လည်း လာရောက် ငြိမ်းသတ်ခြင်းမရှိ

ဧပြီလ ၁၃ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် စာသင်ကျောင်း အပါအဝင် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ပြီး မီးသတ်ကို အကြောင်းကြားခဲ့သော်လည်း လာရောက် ငြိမ်းသတ်ခြင်းမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် မြောက်လူးကန်ရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် မြောက်လူးကန်ရွာ အခြေခံပညာ အထက်တန်းကျောင်းပါ မီးလောင်ပြာကျခဲ့ကြောင်း၊ စစ်တပ်သည် ကျေးရွာအတွင်း တပ်စွဲထားသောကြောင့် နေအိမ် ပျက်စီးမှု အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ခန့်မှန်းခြေ နေအိမ် ၅၀၀ ခန့် ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

"ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက မီးရှို့တာ အခုပြောနေတဲ့ တောမီးလောင်စရာဘာအကြောင်းမှမရှိဘူး။ သူတို့ တပ်စွဲထားတဲ့ ဘက်ကျတော့မလောင်ဘူး ပြည်သူတွေ နေအိမ် အများစုရှိတဲ့ဘက်လောင်းသွားတာ အထက်တန်းကျောင်းတောင် မီးလောင်ပြာကျသွားတယ်။ မီးသတ်ကို ဖုန်းဆက်ကျတယ်လို့‌တော့ ပြောတယ်။ မီးလာမငြိမ်းဘူး သူတို့ခွင့်ပြုချက်လိုတယ်လို့ပြောပြီး ဖုန်းချသွားတယ်လို့ ဆက်တဲ့ သူတွေ ပြောပြချက်အရ သိရပါတယ်။ ရွာကတော့ နေအိမ် ၅၀၀ ခန့်ပြာကျသွားတယ်။ ရွာလုံးကျွတ် နီးပါးကို လောင်သွားတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မြောက်လူးကန်ရွာတွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ပြီး ကျေးရွာနေပြည်သူ အများစုသည် စစ်တပ် တပ်စွဲပြီးနောက် ရွာထဲမှ တိမ်းရှောင်နေရကြခြင်းဖြစ်ကြောင်း သိရသည်။

#KTM
#HlaingInfo
🤬57😢4👎1🔥1
နွေဦးတော်လှန်ရေးအဖွဲ့များ နေ့မအား၊ ညမအား ကြိုးစားကြရန် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် တိုက်တွန်း

ဧပြီလ ၁၃ ရက်

တော်လှန်ရေးအဖွဲ့အစည်းများအတွက် ရရှိနေသော အခွင့်အရေးမှာ နည်းသမျှနည်းလာနေ၍ နွေဦးတော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်နေသူများအနေဖြင့် နေ့မအား၊ ညမအား ကြိုးစားကြရန် လိုအပ်ကြောင်း အာရက္ခတပ်တော် AA ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောသည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ပြုလုပ်သော ICNCC ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ တည်ထောင်ခြင်း ၅ နှစ်ပြည့်အခမ်းအနားတွင် ဒေါက်တာညိုထွန်းအောင်က တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

"နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ အဖွဲ့အစည်းတွေကတော့ များပါတယ်။ သူတို့မှာ အားသာချက်တွေ အများကြီးရှိသလို အားနည်းချက်တွေလည်း ရှိနေကြတုန်းပါ။ အားသာချက်တွေကိုတော့ ကျနော့်အနေနဲ့ အများကြီး မလိုပြောပေမယ့် အခုနက ပြောတဲ့ အားနည်းချက်တွေကို အချိန်တိုတိုလေးမှာ အချိန်မီ ပြုပြင်နိုင်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ ကျနော်တို့ရနေတဲ့ အခွင့်အရေးဟာ နောက်ထပ် ဘယ်လောက် ဆက်ပြီးမှ ရနိုင်မလဲ။ ဘုံရန်သူဘက်က သူတို့အနေနဲ့ ကျနော်တို့ ရရှိထားတဲ့ အခွင့်အရေးကို ဆက်လို့ မပေးဖို့အတွက် ကြိုးစားနေတဲ့ဟာမျိုးကိုလည်း အားလုံးသိပြီး ဖြစ်ပါတယ်။ ဆိုတော့ လက်ရှိရနေတဲ့ အခွင့်အရေးဟာ နည်းသမျှနည်းလာတဲ့အတွက်ကြောင့် ရတဲ့အချိန်ကာလလေးမှာ ကျနော်တို့ဟာ အင်တိုက်အားတိုက်နဲ့ နေ့မအား၊ ညမအား အဆတိုးပြီးတော့မှပဲ ကြိုးစားပြီးမှ ကိုယ့်ရဲ့အားနည်းချက်တွေကို အချိန်မီ ပြုပြင်နိုင်ဖို့အတွက် ခွန်အားအပြည့်နဲ့ ကြိုးစားကြပါလို့ ပြောလိုပါတယ်” ဟု ဆိုသည်။

အကြမ်းဖက် မြန်မာစစ်တပ်မှ စစ်အာဏာသိမ်းယူခဲ့ခြင်းမှာ နှစ်ပေါင်းများစွာ တော်လှန်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EROs များအတွက် အခွင့်အရေး၊ အခွင့်ကောင်းတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း ဒေါက်တာညိုထွန်းအောင်က ပြောသည်။

"ဒီနေ့ဒီအချိန်အခါမှာ ဒီလိုမျိုး အခွင့်အရေးဆိုတာပေါ့နော် ဒီ အာဏာသိမ်းပြီးနောက်ပိုင်းမှာကျတော့ အရင်က ဗမာကို ဗမာက တော်လှန်တဲ့ ပုံစံမျိုးက ရှိခဲ့ပေမယ့် သိပ်ပြီးတော့မှ မရှိခဲ့ဘူး။ အခုကျတော့ စစ်အာဏာရှင်ကို တော်လှန်တဲ့ အဖွဲ့အစည်းတွေလည်း ထပ်ပြီးမှပဲ ပေါ်လာတဲ့အတွက်ကြောင့် ကောင်းတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကျနော်တို့ အမြင်မှာဆိုတော့ နှစ်ပေါင်း ၁၀၀ လောက်မှာမှ တစ်ခါလောက်ပေါ်တဲ့ အခွင့်အရေးဆိုတော့ ဒီအခွင့်အရေးကို ကျနော်တို့က အကောင်းဆုံးနဲ့ အကျိုးရှိရှိ အသုံးချနိုင်ဖို့လည်း လိုပါတယ်” ဟု ဆိုသည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် ရရှိခဲ့သော အခွင့်အရေးများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ အမိအရ ဆုပ်ကိုင်ကာ နွေဦးတော်လှန်ရေးတပ်များနှင့်အတူ တိုက်ပွဲဝင်ခဲ့ကြပြီး အောင်မြင်မှုများ ရရှိခဲ့ကြောင်း ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

"လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်မှာတော့ ကျနော်တို့က ရှမ်းမြောက် စစ်ဆင်ရေးအပါအဝင် ကိုယ့်ဒေသမှာ တိုင်းရင်းသားလက်နက်အဖွဲ့တွေကတော့ ထိုးစစ်ကြီးတွေ လုပ်ခဲ့ကြတဲ့အတွက်ကြောင့် ဒါဟာလည်း နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်လာတဲ့ အခွင့်အရေးကို ကျနော်တို့ ERO တွေက အမိအရနဲ့ အခွင့်အရေးကို ရယူနိုင်ခဲ့တဲ့အတွက်ကြောင့် တော်လှန်ရေးအောင်ပွဲ အသီးအပွင့်တွေကို တစ်ဖွဲ့ချင်းသာမက သူနဲ့ သက်ဆိုင်တဲ့ ဆက်စပ်တဲ့လူတွေ အားလုံးလည်း သူ့အတိုင်းအတာနဲ့သူ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒီအောင်မြင်မှုတွေ အပြင် အားလုံးမျှော်မှန်းထားတဲ့ မျှော်မှန်းချက်တွေ ရောက်ဖို့ကတော့ ကျနော်တို့ ဆက်လက်ကြိုးစား ရပါဦးမယ်” ဟု ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC အပါအဝင် ချင်းတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း စုဖွဲ့မှုများကို ပိုပြီးကျစ်ကျစ်လစ်လစ်၊ စုစုစည်းစည်းနှင့် ယုံကြည်ချက်အပြည့်၊ အားမာန်အပြည့်၊ ခွန်အားအပြည့်၊ လုံ့လဝီရိယအပြည့်ဖြင့် အလုပ်လုပ်မည်ဆိုပါက ပြင်းထန်သည့် တော်လှန်ရေး သန္နိဌာန်များကို မည်သူကမှ တားဆီး၍ မရနိုင်ကြောင်း ဆိုသည်။

ထို့ကြောင့် လုပ်သင့်လုပ်ထိုက်သည့်ရာများကို လုပ်သင့်လုပ်ထိိုက်သည့်အချိန်တွင် တော်လှန်ရေးအင်အားစုများ အားလုံး ဝိုင်းပြီးလုပ်၍ ရသော အရာများကို ဝိုင်းလုပ်ကြသလို တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်းတစ်ခုချင်းစီ လုပ်၍ရသည့် အရာများကို ဆက်လုပ်ကြရမည်ဟု ဒေါက်တာညိုထွန်းအောင်က တိုက်တွန်းခဲ့သည်။

#WN
#HlaingInfo
👍6128👏8😁4😢1
တမူးခရိုင်မှာ ခွင့်ပြုချက်မရှိတဲ့ စစ်ဆေးရေးဂိတ်နဲ့လုံခြုံရေးဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ MOD စီစဉ်

ဧပြီလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်နဲ့လုံခြုံရေးဂိတ်တွေကို ဧပြီ ၃၀ရက်နောက်ဆုံးထားပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီ‌ကနေ့ ဧပြီ ၁၃ရက်မှာ ထုတ်ပြန်တာဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိရင် ထိရောက်စွာအရေးယူမယ်လို့လည်ူ သတိပေးထားပါတယ်။

တမူးခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ခြောက်ရင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ရှိပါတယ်။ ဒေသကာကွယ်ရေးတပ်တွေကို
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုခံယူဖို့ ညှိနိုင်းနေပါတယ်။

ဒေသကာကွယ်ရေးတပ်တွေထဲက အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ဟာ မတ်လ ၂၀ရက်မှာ MOD အမှတ်(၁) စစ်ဒေသရဲ့ကွပ်ကဲမှုခံယူခဲ့ပါတယ်။ NLAက ကွပ်ကဲမှုမခံယူခင်အထိတမူးခရိုင်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)၊(၂)၊(၃)(၄)၊(၅) ဆိုပြီး တပ်ရင်း ၅ရင်းရှိပါတယ်။ အခုအခါမှာ NLAကို တပ်ရင်း(၆)အဖြစ် ဖွဲ့စည်းလိုက်တာမို့ တမူးခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ခြောက်ရင်း ရှိလာပါတယ်။

" MODကတော့ စုစည်းဖို့ ကြိုးစားနေတာတွေ့တယ်။ တော်လှန်ရေးအဖွဲ့တွေအားလုံးပေါင်းစည်းနိုင်မှ စစ်ရေးအောင်မှာလို့ ယုံတယ်ဗျ။ အဖွဲ့တွေများတော့ လူထုကို ဝန်ပိုစေတယ်"လို့ တမူးမြို့ခံတစ်ဦးက ပြောပါတယ်။

တမူးခရိုင်ကွပ်ကဲရေးရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ
တမူးခရိုင်အတွင်းမှာ စစ်ဆေးရေးဂိတ်တွေ
၊လုံခြုံရေးဂိတ်တွေကို ခရိုင်ကွပ်ကဲရေးရုံးရဲ့ ခွင့်ပြုချက်မရှိဘဲဖွင့်လှစ်ခြင်း မပြုကြဖို့လည်း ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်ထဲက ခါမ်းပတ်မြို့နဲ့ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ထိန်းချုပ်ဒေသက တရားမဝင်စစ်ဆေးရေးဂိတ်တွေကိုလည်း ပိတ်သိမ်းဖို့ တဆင့်ချင်းကြိုးပမ်းနေတာရှိပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက အကောက်ခွန်ဂိတ်အားလုံးပိတ်သိမ်းဖို့ စီမံချက်ရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားတဲ့ ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောထားပါတယ်။

အကောက်ခွန်ဂိတ်တွေနဲ့ပတ်သက်ပြီး ကြားကာလ ဗဟိုကော်မတီမှာ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ထားပြီးသားဖြစ်တယ်လို့လည်း ဒုဝန်ကြီးဦးကျော်နီက ပြောပါတယ်။

အခွန်ဂိတ်တွေလျော့ပေါ့ရေးပေါ့။ ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ လမ်းညွှန်ထားတာရှိပါတယ်။အဲဒီ့အတွက်ကိုဆောင်ရွက်နေတာပေါ့။ တချို့နေရာလေးတွေမှာနှောင့်နှေးတာ‌ လေးတွေရှိတယ်။ ကြန့်ကြာတာ‌ လေးတွေရှိတယ်။ တချို့နေရာတွေမှာ လည်းဆွေး‌‌နွေးနေတာ ပေါ့။ ဒီလိုမျိုးနည်းတွေနဲ့လည်းသွားနေတာပေါ့။ အခု‌ဆိုယူနစ်အစိုးရတွေလည်း ပေါ်လာပြီဆို‌တဲ့အခါကျတော့ အခွန်ဂိတ်တွေကို တတ်နိုင်သမျှလျှော့ရမယ်။ ယူနစ်နဲ့ ပြည်ထောင်စုနဲ့ ပူးတွဲပြီး မြို့နယ်နဲ့ ရသင့်ရထိုက်တာတွေလည်းရရမယ်။ ရသင့်ရထိုက်တာလည်းရမယ်။ လူထုလည်း ဝန်ထုတ်ဝန်ပိုးမဖြစ်ရဘူးပေါ့။ဒီလိုမျိုးဖြစ်အောင်လို့ အခွန်ဂိတ်လျော့‌ ပေါ့ရေး စီမံချက်ကိုကပြီးခဲ့တဲ့နှစ်၂၀၂၅ ကတည်းကချမှတ်ထားတာရှိပါတယ်။စစ်ကိုင်း
တိုင်းတစ်တိုင်းလုံးပေါ့။ မှန်ပါတယ်” လို့ ဒုဝန်ကြီးဦးကျော်နီက ပြောပါတယ်။

(စစ်ကိုင်းတိုင်းအတွင်းရှိ PDF စစ်ဆေးဂိတ်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - ကိုငြိမ်း)
#LNO
#HlaingInfo
👍6313🔥1😁1
စစ်ရှောင်များကိုကူမည့် တောင်ကိုရီးယား လူသားစာနာရန်ပုံငွေသင်္ကြန် ကျပ်သိန်း၂၇၀၀ခန့် ရရှိ

ဧပြီလ ၁၃ ရက်

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသော လူသားချင်းစာနာမှုကူညီရေးရန်ပုံငွေ ၂၀၂၆ မြန်မာသင်္ကြန် ပွဲတော်မှ ကျပ်သိန်း၂၇၀၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ ဘူဖျောင်းမြို့နယ်၊ဘွန်းဆူပန်းခြံတွင် ဧပြီ၁၂ရက်က မြန်မာ့ဖက် ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC နှင့် စစ်အာဏာသိမ်းမှုဆန့် ကျင်ရေးကော်မ တီ-ကိုရီးယားတို့ ပူးပေါင်းကာ စစ်ဘေးရှောင်ပြည်သူများကို ပြန်လည်လှူဒါန်းမည့် လူသားစာနာမြန် မာ သင်္ကြန် ကျင်းပခဲ့ကြောင်း MFDMC ထံက သိရသည်။

“ခန့်မှန်းထားတာထက် လူအင်အားရော၊ ရန်ပုံငွေအင်အားရော အောင်မြင်တယ်လို့ပြောလို့ရပါတယ်။ ကျနော်တို့အရင်ကမှန်းထားတာတော့ လူ ၁၅၀၀ -၂၀၀၀ ဝန်းကျင်၊ ဝမ်သိန်း ၅၀၀ နဲ့ ၁၀၀၀ ကြားလို့ပဲမှန်းထားတာ။ မှန်းထားတာထက်ကို အများကြီးပိုအောင်မြင်တဲ့ပွဲတခုလို့ပြောလို့ရပါတယ်” ဟုMFDMC အတွင်းရေးမှူး ဦးကျော်ဆန်းက MPAသို့ ပြောသည်။

လူသားစာနာမြန်မာသင်္ကြန်ပွဲတော်မှ ရန်ပုံငွေ ဝမ်သိန်းတစ်ထောင်ကျော်ရရှိခဲ့ပြီး ကိုရီးယားရောက် မြန်မာ အယောက်၃၀၀၀ ခန့် လာရောက်ဆင်နွှဲခဲ့သည်။

“ပွဲဖြစ်မြောက်ရေးနဲ့ကျင်းပရေးအတွက် စီစဥ်ရတဲ့ ကုန်ကျစရိတ်တွေဖယ်ပြီးတော့ ရရှိလာတဲ့ ရန်ပုံ ငွေအားလုံးကို မြန်မာပြည်အနှံ့က စစ်ဘေးရှောင်တွေဆီကို လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေး အတွက် ပို့ဆောင်မှာဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ လူသားစာနာ သင်္ကြန်ပွဲတော်တွင် အဆိုတော်Lလွန်းဝါ၏ သီဆိုဖျော်ဖြေမှု၊သင်္ကြန်ယိမ်းအက၊ Kpop Dancer အက စသည့် အနုပညာတင်ဆက်မှုများ ပါဝင်ပြီး လက်မှတ်တစ်စောင်လျှင် ဝမ်၃သောင်း သတ်မှတ်ထားကာ ယင်းလက်မှတ်တစ်စောင်၌ တော်လှန်ရေးပစ္စည်းကံစမ်းမဲလက် မှတ်နှင့် မြန်မာ့ရိုးရာအစားအစာတစ်မျိုး စားသုံးခွင့် ပါဝင်ကြောင်း သိရသည်။

သင်္ကြန်ပွဲတော်အတွက် မြန်မာ့ရိုးရာအစားအစာ ၂၆မျိုးကို ကိုရီးယားအခြေစိုက်အဖွဲ့အစည်းနှင့် လုပ် ငန်းရှင်များက လှူဒါန်းပါဝင်ပေးခြင်းဖြစ်ပြီး ယင်းမြန်မာ့ရိုးရာအစားအစာများကို တစ်မျိုးလျှင် ဝမ် တစ်သောင်းနှုန်းဖြင့် လူသားစာနာရန်ပုံငွေအတွက် ရောင်းချခဲ့သည်။

ထို့အပြင် သင်္ကြန်ပွဲအမှတ်တရ တီရှပ်များကိုလည်း တစ်ထည်လျှင် ဝမ်၃သောင်းနှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

MFDMC နှင့် စစ်အာဏာသိမ်းမှုဆန့် ကျင်ရေးကော်မတီ-ကိုရီးယားတို့သည် တောင်ကိုရီးယားတွင် အင်အားအကြီးဆုံးအဖွဲ့၂ဖွဲ့ဖြစ်ပြီး လစဉ် ကျပ်သိန်း၃၀၀၀ ဝန်းကျင်စီ နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့ပြုနေသော အဖွဲ့များဖြစ်သည်။

MFDMC သည် ကိုရီးယားအခြေစိုက် ထောက်ပို့တပ်ဖွဲ့၂၂ဖွဲ့ကို စုစည်းထားသည့် တပ်ပေါင်းစုဖြစ်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယားသည် တစ်လလျှင် တစ်ရက်စာလုပ်အားခ ထည့်ဝင်သည့် One Day Challenge ကမ်ပိန်း လုပ်ဆောင်နေသောအဖွဲ့ဖြစ်သည်။

ဓာတ်ပုံ-Kyaw Sanဖေ့စ်ဘွတ်ခ်
ပုံစာ- တောင်ကိုရီးယား လူသားစာနာသင်္ကြန်ပွဲတော်။
#MPA
#HlaingInfo
78👍28🥰3🔥1
နေပြည်တော် တပ်ကုန်းတွင် စစ်မှုထမ်းကြေးပေးထားသည့်ကြားမှ လူငယ်များ ပေါ်တာဆွဲခံနေရပြီး သင်္ကြန်ကာလတွင်ပါ ပေါ်တာဆွဲမည်ဟု အုပ်ချုပ်ရေးမှူး မြင့်ဆွေက ခြိမ်း ခြောက်

ဧပြီလ ၁၃ ရက်

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး မြင့်ဆွေ(ခ) မောင်ပုလေးက စစ်မှုထမ်းကြေးအမည်တပ်ကာ ငွေကြေးများ အတင်းအကျပ်ကောက်ခံနေပြီး၊ ငွေပေးဆောင်ထားသည့်ကြားမှ လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် သင်္ကြန်ကာလအတွင်း၌လည်း ထပ်မံဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံများထံမှ သိရသည်။

တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ မောင်ပုလေး (ခေါ်) မြင့်ဆွေ သည် စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀,၀၀၀ စီကို အတင်း အကျပ် လိုက်လံကောက်ခံလျက်ရှိသည်။

အဆိုပါငွေကို မပေးဆောင်နိုင်ပါက သင်္ကြန်ကာလအတွင်း ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးမည်ဟု အသိပေးခြိမ်းခြောက်ထားခြင်း ဖြစ်သည်။

ဒေသခံများ၏ ပြောပြချက်အရ အင်ပင်ကျေးရွာသားများသည် ယခင်ကလည်း စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀,၀၀၀ စီဖြင့် ၄ ကြိမ်တိုင်တိုင် ပေးဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ငွေပေးဆောင်ပြီး ၁၀ ရက်ခန့်အကြာတွင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ကျေးရွာအတွင်းရှိ နေအိမ်များအထိ ဝင်ရောက်ဖမ်းဆီးခဲ့ရာ အင်ပင်တောင်ရွာနှင့် အင်ပင်မြောက်ရွာတို့မှ လူငယ် ၅ ဦး ပေါ်တာဆွဲဖမ်းဆီးခြင်း ခံခဲ့ရသည်။

လက်ရှိတွင် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး ထပ်မံတောင်းခံလာသော်လည်း "ငွေပေးသော်လည်း ဖမ်းဆီးခံနေရသည့်" အခြေအနေကြောင့် ကျေးရွာသားများမှာ ငွေပေးဆောင်ရန် ဝန်လေးနေကြသည်။

ထိုသို့ ငွေမပေးလိုကြသည့်အပေါ် အုပ်ချုပ်ရေးမှူးက "ငွေမပေးပါက ရွာထဲအထိဝင်ဖမ်းမည်" ဟု ထပ်မံခြိမ်းခြောက်လာသဖြင့် အိမ်ခြေ ၈၀၀ ကျော်ရှိသော အင်ပင်ကျေး ရွာအုပ်စုတစ်ခုလုံးမှာ အခက်တွေ့နေကြရသည်။

ယခုကဲ့သို့ သင်္ကြန်အခါသမယတွင် ပျော်ရွှင်စွာ ဆင်နွှဲရမည့်အစား အုပ်ချုပ်ရေးမှူး၏ ငွေညစ်တောင်းခံမှုနှင့် ပေါ်တာဆွဲဖမ်းဆီးမည့် အန္တရာယ်များကြောင့် လူငယ်များနှင့် ပြည်သူများမှာ စိုးရိမ်ထိတ်လန့်ကာ ဘေးကင်းရာသို့ တိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။

#KTM
#HlaingInfo
🤬636😢1
ကြယ်ပျံကုန်းတပ်စခန်းနှင့် လေးကေစခန်းတို့ကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်

ဧပြီလ ၁၃ ရက်

ကရင်ပြည်နယ်၊ ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်အာဏာရှင်တပ် စခန်းထိုင်တပ်စွဲထားတဲ့ ကြယ်ပျံကုန်စခန်းကို ဧပြီ ၁၃ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ KNLA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ပွိုင့် ၉၆၂ ကြယ်ပျံကုန်းစခန်းဟာ ဘာအံခရိုင် မြန်မာ-ထိုင်းနယ်စပ်နဲ့ ၃ မိုင်ခန့်သာ ကွာဝေးတဲ့ အခြေချစခန်းကြီးတခုဖြစ်ကာ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သားတွေ ထွက်ပြေးသွားကြပြီး စခန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ကြယ်ပျံကုန်းစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်က YAK 130၊ Y12 တို့နဲ့ စခန်းအနီးရှိ နေရာတွေကို လာရောက် ဗုံးကြဲခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ဧပြီ ၁၂ ရက် မနက် ကလည်း ဘားအံမြို့ အနောက်မြောက်ဘက်ရှိ စစ်အာဏာရှင်တပ်ရဲ့ လေးကေစခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲဆင်နွှဲပြီး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လေးကေစခန်းမှာ စစ်တပ်က အယောက် ၉၀ လောက် စခန်းထိုင်နေတာ ဖြစ်ပြီး တိုက်ပွဲဖြစ်ချိန် စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အနီးနားက ဒေသခံ ပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တာရှိသလို နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်အာဏာရှင်တပ်ဖွဲ့တွေ စခန်းကနေ တိမ်းရှောင်ထွက်ပြေးသွားကြပြီး ကျန်ရှိတဲ့ လူနာတွေ၊ ရုပ်အလောင်းတွေနဲ့ လက်နက်တချို့ကိုသိမ်းဆည်းရမိတယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Photo : DVB
#DVB
#HlaingInfo
56👏19👍13🔥1🤔1
လေးကေစခန်းသိမ်းတိုက်ပွဲမှာ ပူးပေါင်းတပ်ဘက်ကတပ်ဖွဲ့ဝင်လေးဦးကျဆုံး

ဧပြီလ ၁၃ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ စစ်တပ်စခန်းတစ်ခုဖြစ်တဲ့ လေးကေစခန်းသိမ်းတိုက်ပွဲမှာ ကျောင်းသားတပ်မတော်(ABSDF)က တပ်ဖွဲ့ဝင် သုံးဦး၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က. ဖ) အဖွဲ့က တပ်ဖွဲ့ဝင် တစ်ဦး စုစုပေါင်းလေးဦး ကျဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်းပ.က.ဖနဲ့ ကျောင်းသားတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း ပ. က. ဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၁)က ရဲဘော် AK ဟာ ဧပြီလ ၁၀ရက် လေးကေစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားတာလို့ အဲဒီတပ်ဖွဲ့ကအသိပေးထားပါတယ်။

ဒါအပြင် လေးကေစခန်းသိမ်းတိုက်ပွဲမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့ ကျောင်းသားတပ်မတော်(ABSDF) တပ်ရင်း(၃)က တပ်ခွဲမှုး တစ်ဦး၊ ဒုတပ်ကြပ်နှစ်ဦး စုစုပေါင်းသုံးဦး လည်း တိုက်ပွဲကျခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ချင်းဆက် ကျိုက်ကော်-လေးကေ ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ လေးကေ၊ ဝင်းတာပန်စခန်းတွေကို KNU တပ်မဟာ(၁ ) နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဧပြီလပထမအပတ်ကစပြီး စတင်ဝိုင်းရံပိတ်ဆို့ခဲ့တာပါ။

လေးကေစခန်းကို စစ်ကောင်စီလေတပ်ရဲ့ လေကြောင်တိုက်ခိုက်မှု ကြားကပဲ ဝင်ရောက်တိုက်ခိုက်ရာမှာ မနေ့ မနက်ပိုင်း ( ဧပြီ ၁၂ ရက်) မှာ သိမ်းယူနိုင်ခဲ့ပြီး စစ်တပ် ဒုတပ်ရင်းမှုးတစ်ဦးအပါအဝင် နှစ်ဦးအရှင်ဖမ်းဆီးရမိတယ်လို့ တော်လှန်ရေးပူးပေါင်းတပ်က သတင်းထုတ်ပြန်ထားပါတယ်။

လေးကေစခန်းကို သိမ်းပိုက်ရရှိခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက် အကျအဆုံးတွေရှိသလို စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် လေးကေတစ်ရွာလုံး ပျက်စီးသွားခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်နား ဒုံသမိချောင်းအနောက်ဘက်မှာရှိတဲ့ လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းတို့ဟာ စစ်ရေးအရ အရေးပါတဲ့ စခန်းတွေဖြစ်ကြပြီး အရာရှိအကြီးပိုင်းတွေအထိ လေးကေစခန်းမှာ လာရောက်စခန်းထိုင်ဖူးသလို ဝင်းတာပန်စခန်းကတော့ အရင်က ကရင်နယ်ခြားစောင့်တပ်(BGF) (၁၀၁၄)တပ်ရင်း စခန်းဟောင်းတစ်ခုလည်း ဖြစ်ပါတယ်။

လေးကေစခန်းကနေတဆင့် ဒုံသမိမြစ်အရှေ့ဘက် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ နယ်မြေဒေသတွေမှာ စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားလို့ရသလို လေးကေ၊ မြစ်ကျိုးကတစ်ဆင့် နတ်ကြီးကျေးရွာချင်းဆက် တောင်ပေါ်လမ်းအတိုင်း ဖာပွန် တပ်မဟာ(၅)နယ်မြေထဲကိုလည်း စစ်ရေးချိတ်ဆက်ဝင်ရောက်လှုပ်ရှားနိုင်တာလို့သိရပါတယ်။

လက်ရှိကျန်ရှိနေတဲ့ BGF ၁၀၁၄ တပ်ရင်း စခန်းဟောင်းတစ်ခုဖြစ်တဲ့ ဝင်းတာပန်စခန်းကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ကောင်စီလေတပ်ကလည်း လေကြောင်းကနေ ပစ်ကူပေးနေတယ်ပါတယ်။

ဝင်းတာပန်နဲ့ အနီးဆုံးစခန်းတစ်ခုဖြစ်တဲ့ ကျိုက်ကော်-လေးကေ ကားလမ်းပေါ်က ပိန္နဲတောဗျူဟာစခန်းရှိပြီး အဲဒီစခန်းကနေ စစ်တပ်က မြေပြင်စစ်ကူပေးနိုင်ဖို့ ကြိုးစားနေပါတယ်။

လေးကေစခန်း သိမ်းပိုက်ခံရတဲ့နောက် လေးကေ-ကျိုက်ကော ကားလမ်းပေါ်မှာ ဝင်းတာပန်၊ ပိန္နဲတော၊ ဝီယော်တပ်စခန်းတွေ ကျန်ရှိနေတာဖြစ်ပါတယ်။

ကျဆုံးသွားတဲ့ ရန်ကုန်တိုင်း ပ.က.ဖ တပ်ဖွဲ့ဝင်
#LNO
#HlaingInfo
😢1009👍2
အင်္ဂပူတွင် အရပ်သားများအား အဓမ္မစစ်မှုထမ်းခိုင်းနေသည့် အုပ်ချုပ်ရေးမှူးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး

ဧပြီလ ၁၃ ရက်

စစ်မှုထမ်း တပ်သားသစ်တွေကို စစ်အာဏာရှင်တပ်နဲ့ပေါင်းပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်နေတဲ့ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်ကို လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၄ ရက် မနက် ၆ နာရီကျော်က ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကုန်းပြင်ကျေးရွာအုပ်စု စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူး အသက် ၄၆ နှစ်အရွယ် ဦးသန်းဇော်ကို အမည်မသိလက်နက်ကိုင်အဖွဲ့တခုက ဖမ်းဖမ်းခေါ်သွားတာဖြစ်ပြီး ဧပြီလ ၁၃ ရက်အထိ ပြန်မလွတ်လာသေးဘူးလို့ ဆိုပါတယ်။

ကျေးရွာဒေသခံတယောက်က “ကျီးပင်ကျေးရွာဘက်မှာ အဖမ်းခံရတာ။ ဖမ်းဆီးခေါ်ခံရတဲ့ အုပ်ချုပ်ရေးမှူးက အရပ်သားတွေအပေါ် အရမ်းဖိအားပေးတာ။ အခု ဖမ်းခေါ်ခံရတဲ့ နေ့ကတည်းက လက်စပျောက်နေတယ်။ ဘယ်အဖွဲ့က ဖမ်းခေါ်တာလဲတော့ မသိဘူး” လို့ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်ကို PDF အဖွဲ့တွေက ဖမ်းတာလို့ စစ်တပ်ဘက်က စွပ်စွဲရေးသားထားပေမဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင် စစ်တပ်က အုပ်ချုပ်ရေးမှူးကို ပြန်လည်ကယ်ဆယ်ခေါ်ယူဖို့ဆိုပြီး ဝါးတောကွင်း၊ ကျီးပင်၊ ကုန်းပြင် စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

အင်္ဂပူတွင် စစ်ကောင်စီ ရဲများက စစ်ဆေးနေစဉ်။ (Photos : KKL)
#DVB
#HlaingInfo
👍6012👏10😁4
စစ်တပ်မှ ထွက်ပြေးသည့် စစ်မှုထမ်းတပ်သားများကို ပြန်လည် ဖမ်းမိပါက နဖူးနှင့်ပါးတွင် တပ်ရင်းအမှတ်နှင့် 'စစ်ပြေး' ဟု စစ်တပ်က တက်တူးထိုးဟု အလင်းဝင်တပ်သား ကျော်မိုးဝင်း ပြော

ဧပြီလ ၁၃ ရက်

စစ်ကောင်စီတပ်မှ ထွက်ပြေးရန် ကြိုးပမ်းသည့် ပြည်သူ့စစ်မှုထမ်းတပ်သားများကို ပြန်လည်ဖမ်း ဆီးရမိပါက နဖူးနှင့် ပါးပြင်များတွင် တပ်ရင်းအမည်နှင့် "စစ်ပြေး" ဟူသော စာတန်းများကို တက်တူးထိုးကာ မြို့ပေါ်တွင် နေထိုင်၍မရအောင် လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော် (AA) ထံ အလင်းဝင်ရောက်လာသည့် တပ်သား ကျော်မိုးဝင်းက ဖွင့်ဟပြောဆိုလိုက်သည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် တပ်သား ကျော်မိုးဝင်းသည် ၂၀၂၅ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်နေ့က ဘီယာဆိုင်မှအပြန်တွင် လူ ၄ ဦးက "မေးစရာရှိသည်" ဟုဆိုကာ ကားပေါ်သို့ အတင်းအကျပ် ဆွဲတင်ဖမ်းဆီးခြင်း ခံခဲ့ရသူဖြစ်သည်။ ၎င်းက “ကျွန်တော်က ဝင်လို့မရဘူး၊ ကျွန်တော့်မှာ မိန်းမရှိတယ်၊ ကလေးကလည်း ငယ်သေးတယ်ပြောတော့ ကျွန်တော့်ကို ရိုက်တယ်” ဟု ၎င်း၏ ကိုယ်တွေ့ကို ပြန်လည်ပြောပြခဲ့သည်။

ယင်းနောက် ကိုကျော်မိုးဝင်းကို မကွေးစုဆောင်းရေးမှတစ်ဆင့် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့ရှိ အမှတ် ၁ စစ်မှုထမ်းသင်တန်းကျောင်းသို့ ပို့ဆောင်ပြီး စစ်မှုထမ်သင်တန်းအပတ်စဉ် ၁၈ သင်တန်းတက်ခဲ့ရပြီးနောက် တောင်ငူနှင့် ကပစ ၁၆ တို့သို့ ပို့ဆောင်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ရှေ့တန်းစစ်မျက်နှာပြင်တွင် ပင်ပန်းဆင်းရဲမှုနှင့် အန္တရာယ်များလှသည့် ကတုတ်ကျင်းတူးခြင်း၊ ဆက်သွယ်ရေးမြောင်းတူးခြင်းလုပ်ငန်းများ လုပ်ဆောင်ရသဖြင့် ပထမအကြိမ် ထွက်ပြေးခဲ့သော်လည်း ကပစ (၁၆) တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရသည်။

ထိုသို့ ပြန်လည်ဖမ်းဆီးခံရချိန်တွင် စကခ ၁၀ ဗျူဟာမှူးက နဖူးနှင့်ပါးပြင်တွင် စစ်ပြေး ဟု တက်တူးထိုးကာ လူသိရှင်ကြား အရှက် ခွဲခဲ့ကြောင်း သိရှိရသည်။

“ဗျူဟာကုန်းကို ရောက်တော့ စကခ ၁၀ ဗျူဟာမှူးက ကျွန်တော်တို့ကို နဖူးတွေမှာ ခမရ ၃၆၆ ဆိုပြီးတော့ တက်တူးတွေ ထိုးပေးပါတယ်။ ပါးမှာ စစ်ပြေးဆိုတာတွေလည်း ရှိတယ်။ အိမ်လည်း ပြန်လို့မရအောင်၊ အိမ်မှာလည်း နေလို့မရအောင် ဒီလိုမျိုးတွေ ထိုးပေးတာ ဖြစ်ပါတယ်။ ဒီလို တပ်ရင်းနာမည်တွေ ထိုးထားတော့ သူတို့လည်း အလွယ်တကူ ဖမ်းရတယ်၊ ကျွန်တော်တို့လည်း မြို့ပေါ်မှာ နေလို့မရအောင် လုပ်တာပါ”ဟု သူ ကရှင်းပြသည်။

ထိုသို့ နှိပ်စက်ခံရပြီးနောက် ရှေ့ဆုံးပွိုင့်စစ်မျက်နှာသို့ ပို့ဆောင်ခြင်း ခံခဲ့ရသော်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ညပိုင်းတွင် သူငယ် ချင်း ၆ ဦးနှင့်အတူ အာရက္ခတပ်တော် (AA) ရှိရာသို့ ထပ်မံထွက်ပြေးကာ အလင်းဝင်ခဲ့သည်။

လက်ရှိတွင် အာရက္ခတပ်တော်က ၎င်းတို့အား ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း တပ်သား ကျော်မိုးဝင်းက ပြောဆိုသည်။

“မင်းတို့ကို သတ်လည်းမသတ်ဘူး၊ ဘာမှမလုပ်ဘူး၊ အချိန်တန်ရင် အိမ်ပြန်ပို့ပေးမယ်၊ ကောင်း ကောင်းမွန်မွန် ထားမယ်လို့ ပြောပါတယ်။ အခုထိလည်း အသက်အန္တရာယ် ဘာမှမစိုးရိမ်ရဘူး၊ စားရေးသောက်ရေးတွေလည်း ကောင်းကောင်းမွန်မွန် စားရပါတယ်” ဟု ၎င်းက ရှင်းပြသည်။

တပ်သား ကျော်မိုးဝင်းသည် စကခ ၁၀ လက် အောက်ခံ ခမရ ၃၆၆ တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရသော စစ်မှုထမ်းတပ်သားဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
🤬553🤔2🔥1🥰1😁1😢1
မီဇိုရမ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ကျပ်သိန်း ၆၀၀ ကျော်နဲ့ မူးယစ်ဆေးများ ဖမ်းမိ

ဧပြီလ ၁၃ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင်ထဲမှာ မြန်မာနိုင်ငံသားနှစ်ဦးထံကနေ ကျပ် သိန်း ၆၀၀ ကျော် နဲ့ မူးယစ်ဆေးများ ဧပြီလ ၁၀ ရက်နေ့မှာဖမ်းမိထားကြောင်းဒေသတွင်း သတင်းများကဖော်ပြထားပါတယ်။

အာသံရိုင်ဖယ်တပ်ဖွဲ့များဟာ တရားမဝင်မြန်မာကျပ်ငွေနဲ့ မူးယစ်ဆေးများသယ်ဆောင်လာတယ်လို့ သတင်း ရရှိလို့ ရှာဟာခရိုင်၊ Zawngling လမ်းဆုံမှာ မြန်မာဘက်ကနေဝင်လာတဲ့ ၁၂၅ ဆိုင်ကယ်ကိုစစ်ဆေးခဲ့ရာ အခုလို ဖမ်းမိတာလို့ဆိုပါတယ်။

Zawngling လမ်းဆုံမှာမြန်မာနိုင်ငံသားနှစ်ဦးမောင်းနှင်လာတဲ့ ၁၂၅ ဆိုင်ကယ်ကိုရပ်တန့်စေပြီး စစ်ဆေးခဲ့ရာ မြန်မာ ကျပ်ငွေ သိန်း ၆၀၀ ကျော် နဲ့ မူးယစ်ဆေးများကိုဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

ဒေသတွင်းသတင်းများဖော်ပြချက်အရ မြန်မာကျပ်ငွေအပြင် မူးယစ်ဆေးဝါးများပါဝင်တယ်လို့ဖော်ပြထား ပေမယ့် မူးယစ်ဆေးအမျိုးအစားနဲ့ ပမာဏကိုတော့တိတိကျကျဖော်ပြထားခြင်းမရှိပါ။

ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို လိုအပ်သလိုအရေးယူဆောင်ရွက်မှုများလုပ်နိုင်ရန်အတွက် Tuipang ရဲစခန်းထံလွှဲပြောင်းပေးထားတယ်လို့သိရပါတယ်။

အိန္ဒိယနိုင်ငံ အတွင်းကိုမြန်မာကျပ်ငွေများ အများအပြားသယ်ဆောင်လာခြင်းဟာ တရားမဝင်ဖြစ်တာ ကြောင့် မကြာခဏဖမ်းဆီးခံနေရပါတယ်။

ပုံအညွှန်း - မြန်မာကျပ်ငွေများနဲ့အတူဖမ်းဆီးခံရသူများအားတွေ့ရစဉ်
ဓါတ်ပုံ - Bengvarna
#ZL
#HlaingInfo
👍41🔥62👏1
ဘုရားသုံးဆူ သင်္ကြန် ကာလအတွင်း DKBA စည်းကမ်းထုတ်

ဧပြီလ ၁၃ ရက်

ထိုင်း - မြန်မာ နယ်စပ်မြို့ ဘုရားသုံးဆူမှာ သင်္ကြန် ကာလအတွင်း မြို့လုံခြုံရေးယူထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) က စည်းကမ်းချက် ငါးချက်ထုတ်ပြန်လိုက်ပြီး မလိုက်နာရင် အပြစ်ပေးအရေးယူမယ်လို့ကြေညာပါတယ်။

သင်္ကြန် ကာလအတွင်း မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်တာမလုပ်ဖို့ ၊ သွားလာနေတဲ့ယာဉ်တွေကို တားဆီးပိတ်ဆို့ ရေမကစားဖို့ ၊ ပြင်းအားရှိတဲ့ ရေပိုက်တွေနဲ့ ရေကမစားဖို့ ၊ ည ၇ နာရီထက်ကျော်လွန်ပြီး ရေကစားတာမလုပ်ဖို့ ၊မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ သရုပ်ပျက်အဝတ်အစား တွေနဲ့ ရေမကစားဖို့ ဆိုပြီး DKBA က အချက် ငါးချက် ထုတ်ပြန်တာပါ။

အဲဒီစည်ကမ်းချက်တွေ မလိုက်နာရင်တော့ အရေးယူမယ်လို့ DKBA ကဆိုပါတယ်။ DKBA ရဲ့ စည်းကမ်းချက်တွေကို မြို့ခံ လူထုက ဝေဖန်ပါတယ်။

ဘုရားသုံးဆူမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ နှစ်သစ်ကူးမှာ ညအချိန်မတော်ထိ မီးရှုးမီးပန်း ဖောက်ပြီးပျော်ပါးတာကိုတော့ DKBA က တားမြစ်တာမရှိဘဲ အခုလို အများပြည်သူပျော်ရမယ့် သင်္ကြန် ပွဲတော်အတွက် စည်းကမ်းတင်းကျပ်အပေါ် မြို့ခံ တွေက ထောက်ပြတာလည်းဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ စစ်တပ်ရှေ့တန်းစခန်းရှိပေမယ့် မြို့လုံခြုံရေးကိုတော့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ဗိုလ်စောအေဝမ်းအဖွဲ့က တာဝန်ယူထားပါတယ်။

ဘုရားသုံးဆူမှာ ကျားဖြန့် လုပ်ငန်းတွေရှိပြီး DKBA က ခွင့်ပြုထားတာဆိုတဲ့စွပ်စွဲချက်တွေရှိပါတယ်။

ဘုရားသုံးဆူမြို့သင်္ကြန်ပွဲတော်ကာလအတွင်း DKBA တပ်ဖွဲ့ဝင်တွေ အနေနဲ့ ယူနီဖောင်းဝတ်ဆင်ပြီးစစ်လက်နက်တပ်ဆင်သွားလာတာတွေ မပြုလုပ်ဖို့၊ ရေကစားရာမှာ အရပ်ဝတ်စုံနဲ့သာ သွားလာဖို့ စတဲ့ စည်းကမ်းချက်တွေကို ထုတ်ပြန်ထားပြီး မလိုက်နာတဲ့ တပ်ဖွဲ့ဝင်တွေကိုအရေးယူမယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ - Google Map
#LNO
#HlaingInfo
24😁13🔥5👍3👎3🥰1
ဗျူဟာကုန်းမှာ သင်္ကြန်ကြိုနေတဲ့စစ်တပ် ဒရုန်းနဲ့ဗုံးကြဲခံရလို့ ဖားကန့်ဒေသကို လေကြောင်းက ဗုံးပြန်ကြဲ

ဧပြီလ ၁၃ ရက်

ဖားကန့်ဗျူဟာကုန်းမှာ စစ်တပ်က သင်္ကြန်အကြိုနေ့ပွဲလုပ်နေစဉ် ချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDFက ဒရုန်းနဲ့ဗုံးကြဲရာ ထိခိုက်သေဆုံးမှုတွေရှိလို့ စစ်တပ်က ဖားကန့်ဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်အရာရှိတွေဦးဆောင်ပြီး ဖားကန့်ဗျူဟာကုန်းမှာ ဒီကနေ့မနက်ပိုင်းကစပြီး သင်္ကြန်အကြိုပွဲလုပ်နေကြတာပါ။ နေ့လယ် ၁၂နာရီခန့်မှာ KIA၊KPDFက ဒရုန်းနဲ့ဗုံးကြဲပြီးနောက် ၁နာရီခန့်အကြာမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာပါ။

" စစ်တပ်ကကောင်တွေ မူးရူးပြီး သင်္ကြန်ကြိုနေတာ သတင်းပေးလို့ ဒရုန်းကြဲတာ။ သူတို့ ထိတော့ လေယာဉ်လှမ်းခေါ်တာ။လေယဥ်လာတာ၂စီးနဲ့ပစ်တာ"လို့ KIAနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ဗုံးကြဲမှုဟာ စစ်တပ်က ဖားကန့်ဒေသမှာ ၃ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပါတယ်။ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်နဲ့ အမှိုက်ပုံကျေးရွာဘက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာဖြစ်ပြီး အထိအခိုက်မရှိဘူးလို့ ကနဦးသတင်းရရှိပါတယ်။

စစ်တပ်ဟာ ရန်ကုန်၊နေပြည်တော်၊မန္တလေးအပါအဝင် ၎င်းတို့ထိန်ချုပ်နိုင်တဲံမြို့တွေကို သင်္ကြန်ပွဲတော် စည်ကားအောင်လုပ်နေပြီး သင်္ကြန်အကြိုနေ့မှာ ဖားကန့်ဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ တိုက်ပွဲတကျော့ပြန်ဖြစ်ပွားတဲ့ ဧပြီ ၂ရက်နဲ့ ဧပြီ ၉ရက်ကလည်း စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ဧပြီ ၂ရက်က တိုက်ပွဲအတွင်း စစ်တပ်ရှေ့တန်းစခန်း ၆ခုကို KIA၊KPDFက သိမ်းယူခဲ့ပါတယ်။

စစ်တပ်က လေကြောင်းကနေဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့ လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင်ဒေသခံ ၆ဦးဒဏ်ရာရခဲ့ပါတယ်။

ဧပြီ ၁၁ရက်တိုက်ပွဲမှာ စစ်တပ်ရဲ့ ဖားကန့်ဗျူဟာကုန်းကို KIA ၊KPDFက ဒရုန်းနဲ့ဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေရှိပြီးနောက် စစ်တပ်က လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲခဲ့ပါတယ်။ မနေ့ကလည်း ဗုံးထပ်ကြဲတာဖြစ်ပြီး နောက်ထပ်တိုက်ခိုက်နိုင်ခြေရှိလို့ လေကြောင်းသတိပေးချက်တွေကို တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

သင်္ကြန်ကာလဖြစ်‌ပေမယ့် လက်ရှိဒေသတွင်းစစ်‌ရေးအခြေအနေကို နားလည်နေဖို့ ဒေသခံတွေကို တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

ဖားကန့်ဒေသကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာမှာ ဟုမ္မလင်းလေဆိပ်ကို အများဆုံးအသုံးပြုနေပါတယ်။ ကချင်ပြည်နယ်နဲ စစ်ကိုင်းတိုင်းအတွင်းကမြို့တွေကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ ဟုမ္မလင်းလေတပ်ရဲ့ အန္တရာယ်ကို အထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ သတိပေးထားပါတယ်။

(ဖားကန့်ဒေသကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
#LNO
#HlaingInfo
👍5013👎2🤬1
ယင်းမာပင်နှင့် ပုလဲတွင် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်၊ ၁၃ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံး

ဧပြီလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က Gyrocopter များ၊ ဒရုန်းများနှင့် လက်နက်ကြီးများ အသုံးပြု၍ တိုက် ခိုက်ခဲ့ရာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် ပြည်သူပိုင်ပစ္စည်းများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော Gyrocopter ၃ စီးအနက် ၂ စီးသည် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ငါးမောင်းကျေးရွာရှိ စာသင်ကျောင်းအနီးသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ဒေသပြည်သူတစ်ဦးက ဖြစ်စဉ်နှင့်ပတ်သက်၍ "စစ်ခွေးတွေ ဗုံးကျဲတိုက်ခိုက်တာမှာ ယင်းမာပင်နယ် ငါးမောင်းရွာ စာသင်ကျောင်းအနီး ၁ လုံးကျတာ လက်သမားဆရာကြီးရဲ့ မြေးမလေး လည်ပင်းပြတ်ကာ သေဆုံးတယ်လို့ ကြားတယ်။ ပြီးတော့ ငါးမောင်းရွာ စာသင် ကျောင်း ပျက်စီးမှုအချို့ ရှိတယ်လို့ သိရတယ်" ဟု ပြောဆိုခဲ့သည်။

ထို့ပြင် တမာပင်ခွကျေးရွာရှိ စပါးကျီတစ်လုံး မီးလောင်ပြာကျခဲ့ပြီး လည်ငေါက်လျှပ် စစ် ဓာတ်အားခွဲရုံ အဝင်မီးကြိုးများ ပျက်စီးသွားခြင်းကြောင့် ယင်းမာပင်နှင့် ပုလဲမြို့နယ်တို့တွင် လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း သိရသည်။

အလားတူ ပုလဲမြို့နယ်၊ မုံကြိုင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သေတ္တရာကျေးရွာရှိ သံဃာနာယကအဖွဲ့ဝင် ဆရာ တော်တစ်ပါး၏ မော်တော်ယာဉ်နှင့် ထွန်စက်တစ်စီး ဗုံးစထိမှန် ပျက်စီးခဲ့သည်။

ထို့ပြင် ဆည်ဘောင်ဘေးရှိ ဆိတ်ခြံအတွင်း လက်နက်ကြီးကျရောက်သဖြင့် ပြည်သူတစ်ဦး ဒဏ်ရာရကာ ဆိတ် ၄ ကောင် သေဆုံးခဲ့သည်။

ဒေသခံတစ်ဦးက "ပုလဲမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ခွေးတွေက မုံကြိုင်းရွာမှာ အခြေပြုထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဆိတ်ခြံထဲကျပြီး ဆိတ် ၄ ကောင် သေဆုံးကာ ပြည်သူ ၁ ဦး ဒဏ်ရာရတယ်လို့ ကြားတယ်။ အဲ့ဒီစစ်ကြောင်းကပဲ ဒရုန်းနဲ့ချတာ သေတ္တရာရွာက ဘုန်းကြီးကားနဲ့ လေးဘီးထွန်စက် ၁ စီး ပျက်စီးသွားတယ်" ဟု အတည်ပြုပြောကြားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က အဆိုပါမြို့နယ်များအတွင်း မြေပြင်စစ်ကြောင်းများခွဲ၍ စစ်ကြောင်းထိုးနေသည့်အပြင် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်တိုက် ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူ သောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ အညာဒေသတွင် ဗုံးပတ်ကျဲနေသော စစ်တပ်၏ စက်တပ်လေထီး ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM
#HlaingInfo
🤬635🔥4👎1😢1
" နှစ်သစ်ဆုတောင်း " 🙏

မအလ ကြီးရေ... 📣
အမေအပါအဝင် မတရားဖမ်းဆီးခံထားရတဲ့သူတွေ၊ အကြမ်းဖက် အနိုင်ကျင့်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးပါ! 🕊️🔓

မင်းဘာသာမင်း သမ္မတပဲလုပ်လုပ်၊ ကြိုက်သလို ခေါင်းစဉ်တပ်ပြီး လုပ်ချင်ရာလုပ်နေပေမယ့်... ခုလို နှစ်သစ်အခါသမယမှာတော့ အနည်းဆုံး အသိတရားလေး တော့ ရှိစမ်းပါဦးကွာ။ 🧠💡
👍8621😁6🥰1
စစ်ကောင်စီတပ်စခန်းနှစ်ခု KNLA, ABSDF နဲ့ PDF တိုက်ခိုက်သိမ်းပိုက်

ဧပြီလ ၁၃ ရက်

ပဲခူးတိုင်း ရွှေကျင်မြို့နယ်နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကရင်တပ်မတော်- KNLA, ကျောင်းသားတပ်မတော်- ABSDF နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဘီးလင်းမြို့နယ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ လေးကေစခန်းကို ဧပြီ ၇ ရက်က စတင် ထိုးစစ်ဆင်တိုက်ခိုက်ရာ မနေ့ ဧပြီ ၁၂ ရက် မနက် ၈ နာရီမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက မနေ့မှာ ထုတ်ပြန်ထားပါတယ်။

လေးကေစခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ ဒုတပ်ရင်းမှူး အောင်သော်နဲ့ အခြားဆင့်တစ်ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၁၀ ဦးခန့် ရှိပြီးတော့ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ငါးကြင်းမြီး ၁ လက်၊ MA2 ၁ လက်၊ ၆၀ မမ ၁ လက်၊ ၆၀ မမသီး ၂၉ လုံး၊ ၄၀ မမသီး ၇၅ လုံး၊ ၅.၅၆ ကျည် ၄ ထောင်တောင့်၊ ဂျန်မာစက် ၃ လုံး၊ ဆက်သွယ်ရေး အထိုင်စက် ၄ လုံး၊ မီးစက် ၁ လုံးနဲ့ စစ်သုံးပစ္စည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားပါတယ်။

လေးကေစခန်းသိမ်းတိုက်ပွဲကို KNLA တပ်ရင်း၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ(၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊ နည်းဗျူဟာ(၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့- SOF၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ KRF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ကာ သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေကျင်မြို့နယ်ရှိ စစ်တပ်ရဲ့ လက်ယက်စခန်း (ပွိုင့် ၁၂၈ စခန်း)ကို ဧပြီ ၄ ရက်ကနေ စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၇ ရက် မနက် ၆ နာရီမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက မနေ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

လက်ယက်စခန်းသိမ်း တိုက်ပွဲအတွင်း ၆၀ မမ ၁ လက်၊ MA11 ၄ လက်၊ MA 1 ၁ လက်၊ MA4 ပူးတွဲ ၁ လက်၊ RPG အသီး ၇ စုံ၊ စက်လက်ကျည် ၆၀၀ တောင့်၊ ၅.၅၆ ကျည် ၅၀၀ တောင့်၊ ၆၀ မမသီး ၅ လုံး၊ ကျည်ဘောက် ၁၂ ခုနဲ့ စစ်သုံးပစ္စည်း၊ ဂျန်မာစက် ၂ စုံ ၊ မီးစက် ၂ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က သေဆုံးသူ အလောင်း ၈ လောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ ဦးရှိပြီး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ဆက်လက် ဖော်ပြထားပါတယ်။

လက်ယက်စခန်းသိမ်းတိုက်ပွဲကို ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ(၃၆) ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့- SOF၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့၊ KNLA တပ်ရင်း(၇) တပ်ခွဲ(၁)က ပူးပေါင်းသိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

#SPM
#HlaingInfo
63👍16👏7🔥2😁1
မြန်မာနိုင်ငံသို့ မှောင်ခိုပို့ရန် ဓာတ်ဆီများကို ဖရဲသီးကားအောက်တွင် ဝှက်သယ်လာသည့် ထိုင်းအမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ဧပြီလ ၁၃ ရက်

ထိုင်း-မြန်မာနယ်စပ်တွင် ဖရဲသီးများ တင်ဆောင်လာသည့် ပစ်ကပ် ဖရဲသီးကားအောက်၌ ဓာတ်ဆီ လီတာ ၄၀၀ နီးပါး ဝှက်သယ်လာပြီး မြန်မာနိုင်ငံဘက်သို့ မှောင်ခိုတင်ပို့ရောင်းချရန် ကြိုးပမ်းသည့် အသက် ၅၆ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို ဧပြီလ ၁၂ ရက်နေ့ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ သံဖြူဇရပ်လမ်းကြောင်းရှိ ဘုရားသုံးဆူနယ်စပ်အနီး စံခလဘူရီခရိုင်အတွင်းရှိ ပူးပေါင်းစစ် ဆေးရေးဂိတ်တွင် အဆိုပါ အမျိုးသားကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ထိုင်းတော်ဝင်စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်ရဲများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေစဉ် ထောင်ဖဖွန်ခရိုင်ဘက်မှ ဘုရားသုံးဆူဘက်သို့ မောင်းနှင်လာသည့် သံသယဖြစ်ဖွယ် နစ်ဆန်း (Nissan) ပစ်ကပ်ကားအနီတစ်စီးကို တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ကနဦးတွင် ကားပေါ်၌ စံခလဘူရီတွင် ရောင်းချမည့် ဖရဲသီးများကိုသာ တင်ဆောင်လာသည်ဟု ထင်ရသော်လည်း ကားထံမှ ဓာတ်ဆီနံ့များ ထွက်ပေါ်နေခြင်းကြောင့် ရဲတပ်ဖွဲ့က အသေးစိတ် ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာတွင် ဖရဲသီးများ၏ အောက်ဘက်တွင် ဝှက်သယ်လာသည့် Gasohol 95 ဓာတ်ဆီ ဂါလံ ၁၄ ဘူး (စုစုပေါင်း ၃၉၅ လီတာ) ကို တွေ့ရှိခဲ့သဖြင့် ဆီများနှင့် ကားကို သက်သေခံအဖြစ် သိမ်းဆည်းခဲ့သည်။

ဖမ်းဆီးခံရသူက ၎င်းအား မြန်မာနိုင်ငံသားအချို့က ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ၎င်းသည် ထိုင်းနိုင်ငံတွင် ဓာတ်ဆီ တစ်လီတာလျှင် ၅၄ ဘတ်ဖြင့် ဝယ်ယူခဲ့ပြီး နယ်စပ်ဖြတ်ကျော်ကာ မြန်မာဘက်တွင် ၇၀ ဘတ်ဖြင့် ပြန်လည်ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ရောင်းချပါက တစ်လီတာလျှင် ၁၆ ဘတ်ခန့် အမြတ်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဖမ်းဆီးမခံရစေရန် တောလမ်းများမှ ပတ်မောင်းခဲ့သော်လည်း နယ်စပ်သို့မရောက်မီ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
27👎13😱9😢5👍4👏4
တောင်သာမြို့နယ်မှာ စစ်တပ်က တစ်ပတ်အတွင်း ပြည်သူ ၈ဦးသတ်ဖြတ်ပြီး ရွာ ၃ရွာမီးရှို့

ဧပြီလ ၁၃ ရက်

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်က တစ်ပတ်အတွင်း ကျေးရွာ ၃ရွာကို မီးရှို့ခဲ့ပြီး ဒေသခံပြည်သူ ၈ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၄ရက်မှာ တောင်သာမြို့ပေါ်ကနေထွက်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ဧပြီ၅ရက်က ပန်းပေါင်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပန်းပေါင်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ (၆၈)နှစ်အရွယ်နဲ့ (၅၈)နှစ်အရွယ် အမျိုးသမီး ၂ဦး အပါအဝင်စုစုပေါင်း ၃ဦး ဗုံးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာကို မီးရှို့ဖျက်ဆီးချိန်မှာလည်း ဒေသခံပြည်သူ ၂ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဧပြီ ၅ ရက်မှာ မဲတောရွာကို ဒရုန်းနဲ့ ဗုံးကြဲဝင် ရောက်လာတာကြောင့် ဒရုန်းဗုံးထိကာ ဒေသခံပြည်သူ ၃ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဧပြီ ၅ရက်မှာ သံဘိုကျေးရွာကို ဆက်လက်စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"ပန်းပေါင်းကို ဒုတိယအကြိမ်ထက်ဝင်ပြီးပါ မီးရှို့ သေးတယ်။ရွာသုံးရွာ၊စုစု ပေါင်း နေအိမ်၃၁၀ ပါသွားတယ်။၁၀ ရက်နေ့က စစ်ကြောင်းပြန်ဆုတ်သွားတော့မှ အလောင်းတချို့က တွေ့ရတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က တောင်သာမြို့နယ်နဲ့ မြင်းခြံမြို့နယ်မှာ မီးရှို့ဖျက်ဆီး ၊လူသတ်တာတွေဆက်တိုက်လုပ်နေပြီး မြင်းခြံမြို့နယ်မှာ စစ်အင်အားတွေတိုးကာ ကျေးရွာတွေကို ဆက်တိုက်မီးရှို့ နေတယ်လို့ သိရပါတယ်။

(စစ်တပ်က တောင်သာမြို့နယ်က သံဘိုကျေးရွာမီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
#LNO
#HlaingInfo
🤬58👎73👍2👏1😢1
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု-SRA က NUG အစိုးရ၊ ဖက်ဒရယ်ယူနစ်အစိုးရများနှင့်အတူ စစ်အာဏာရှင်တော်လှန်ရေး ပူးပေါင်းလုပ်ဆောင်မည်ဟု SRA ပြောရေး ဆိုခွင့်ရှိသူ KNDF ဥက္ကဋ္ဌ ခွန်းဘီထူး ပြောဆို

ဧပြီလ ၁၃ ရက်

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု-SRA က အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ဖက်ဒရယ်ယူနစ်အစိုး ရများနှင့်အတူ ပူးပေါင်းလုပ်ဆောင်မည်ဟုSRA ပြောရေးဆိုခွင့် ရှိသူ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောဆိုလိုက်သည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ပြုလုပ်သော ICNCC ကြားကာလ ချင်းအမျိုးသားအတိုင် ပင်ခံကောင် စီ တည်ထောင်ခြင်း ၅ နှစ်ပြည့်အခမ်းအနားသို့ SRA ကိုယ်စားတက်ရောက်ပြီး မိန့်ခွန်းပြောကြားရာ တွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု - SRA သည် မတူကွဲပြားသည့် နိုင်ငံရေးအတွေး အခေါ်များ ဖြင့် ရပ်တည်နေသော တပ်များပါဝင်သော်လည်း NUG အစိုးရ၊ ယူနစ်အစိုးရများနှင့်အတူ အလုပ်လုပ်နိုင်ရန် ရည်ရွယ်မျှော်လင့်ထားကြောင်း KNDF ဥက္ကဌ ခွန်းဘီထူးက ပြောကြားသည်။

“SRA မှာ မတူညီကွဲပြားတဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ ရပ်တည်နေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေ အ များကြီး ရှိပါတယ်။ ဒီတပ်ဖွဲ့တွေ အားလုံးကလည်း အင်အားဖြစ်ပါတယ်။ ကျ နော်တို့တွေမှာကွဲပြား နေတယ်။ တပ်စုဖွဲ့မှုတွေမှာ မတူတဲ့ ဟာတွေရှိတယ်။ ဒါပေမယ့် တော်လှန်ရေး အတွက်အားဖြစ်တဲ့ အတွက် ဒီစုဖွဲ့မှုတွေကို ကျနော်တို့က အခုလိုတွေ့ဆုံကြပြီး စုစည်းပြီးမှ တော်လှန်ရေးကို အားဖြစ် နိုင်ဖို့ဖြစ်ပါတယ်။ SRA သည် ယူနစ်အစိုးရ တွေနဲ့အတူတူအလုပ်လုပ်နိုင်ဖို့အတွက် ၊ NUG တို့နဲ့အတူ တူ အလုပ်လုပ်နိုင်ဖို့အတွက်ကို ကျနော်တို့ မျှော်လင့်ထားတဲ့ဟာဖြစ်ပါတယ်။” ဟု KNDF ဥက္ကဌ ခွန်း ဘီထူးက ပြောကြားသည်။

NUG ဦးဆောင်သည့် တနိုင်ငံလုံး ဖြန့်ကျက်နိုင်သောတပ်၊ ပြည်နယ်နှင့် တိုင်းဖက်ဒရယ်ယူနစ်တပ် နှင့် SRA ကဲ့သို့သို့ တပ်ပေါင်းစု ၃ မျိုးကို မြင်တွေ့လိုပြီး ထိုသို့ တည်ဆောက်နိုင်ပါက စစ်ရေး၊ နိုင်ငံ ရေးဖိအားပေါင်းစပ်ကာ စစ်အာဏာရှင်ကို ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည် ဆောက်နိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“နွေဦးတော်လှန်ရေးတပ်မှာ မြင်လိုတဲ့တပ်က ၃ မျိုး ဖြစ်ပါတယ်။ ဒါက NUG ဦးဆောင်တဲ့ ပြည် ထောင်စုတပ်လို့ခေါ်မလား၊ တစ်နိုင်ငံလုံး ဖြန့်ကျက် ထားတဲ့ တပ်အနေနဲ့ အင်နဲ့အားနဲ့ စည်းနဲ့ကမ်းနဲ့ နောက်ပြီးရင်တော့ အောင်မြင်မှုရတဲ့ တပ်အနေနဲ့ ဆက်သွားဖို့ မျှော်လင့်သလို ယူနစ်အသီးသီးမှာ လည်း ယူနစ်အစိုးရတွေက ယူနစ်တပ်တွေ ဆက်ပြီး တော့ရှိနေဖို့တယ်။ အခုဆိုရင် CB တပ်တို့ ဆက် ပြီး မှ ရပ်တည်နေတယ်၊ ဆက်ပြီးမှ ရှိနေတယ်၊ ပြီးရင်တော့ CNF နဲ့လည်း ပိုပြီးမှ ညီညွတ်ပြီးတော့ တပ် တစ်ခုတည်း ပြန်ဖြစ်ရေး၊ ပြည်နယ်ယူနစ်အစိုးရ တစ်ခုတည်းဖြစ်ရေး ဆက်သွားနေကြတဲ့ အပေါ် မှာ အားပေးတယ်၊ ရှိသင့်တယ်။ ဒီလိုပဲ ပြည်နယ် ယူနစ်အသီးသီးကလည်း ဒီလိုတပ်တွေ တည်ဆောက်နိုင်တယ်ဆိုရင်တော့ ကျနော်တို့လိုချင်တဲ့ ဖက်ရယ်တပ်တွေက ရောက်သွားပြီးပဲ၊ စစ်အာဏာရှင်က ဘယ်လောက်ပဲ ရက်စက် ယုတ်မာနေပါစေ ကျနော်တို့ဘက်က ကြံ့ကြံခံရင်းနဲ့ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေး စီမံချက်ကို သွားနိုင်မှာဖြစ်တယ်။” ဟု KNDF ဥက္ကဌ ခွန်းဘီထူးက ရှင်းပြသည်။

ယနေ့တော်လှန်ရေးသည် ယူနစ်အသီးသီးတည်ဆောက်ကာ ပြည်သူလူထုကို တာဝန်ယူမှု၊ တာဝန် ခံမှုအပြည့်ဖြင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ခိုင်ခိုင်မာမာတည်ဆောက်ရမည်ဖြစ် ကြောင်း၊ ထို့သို့ တည်ဆောက်ရာတွင် လူထု အသံ၊ လူထုလိုအပ်ချက်များကိုကို ဖြည့်ဆည်းကာ လူထုနှင့်အတူတူချီ တက်သွားရမည်ဖြစ်ကြောင်း အသိပေးထားသည်။

“SRA အနေနဲ့က ဒီရည်မှန်းချက်၊ ဒီပန်းတိုင်အတိုင်းကိုပဲ ဆက်ပြီးတော့ ချီတက်သွားမှာဖြစ်သလို ကျနော်တို့အားပေးတဲ့ အင်စတီကျူးရှင်းတွေ၊ ဗျူဟာတွေ ဒီထက်ပိုကောင်းအောင် ပိုပြီးတော့ ပြောင် မြောက်ဖို့အတွက်၊ ပြီးရေင်တော့ မူတွေပေါ်နော်။ ဒီထက်ပိုပြီးတော့ ခိုင်ခိုင်မာမာရပ်တည် နိုင်ဖို့အ တွက် အာဏာရှင် ပြုတ်ကျရေးကို ဆက်ပြီးတော့ သွားနိုင်ဖို့အတွက် အားပေးတယ်။ ရပ်တည် ပေး တယ်ဆိုတာ ပြောလိုပါတယ်။” KNDF ဥက္ကဌခွန်းဘီထူးက ပြောဆိုသည်။

ယနေ့တော်လှန်ရေးကာလသည် အခက်အခဲဆုံးကာလဖြစ်ကြောင်း၊ အလှည့်အပြောင်း အမြဲတမ်းရှိပြီး နိုင်ငံတကာအခြေအနေ၊ အိမ် နီးချင်းနိုင်ငံများ၏ အခြေအနေနှင့် ပြည်သူထု၏ အခြေအနေပေါ်မူတည်ကာ ဗျူဟာများကို ပြောင်း လဲ၍ တော်လှန်ရေးကို ဆက် လက်ချီတက်သွားရမည်ဖြစ်ကြောင်း သူက တိုက်တွန်းထားသည်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance - SRA) ကို ၂၀၂၅ ဒီဇင်ဘာ ၁၅ တွင် အဖွဲ့ဝင်တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ပြီး အဆိုပါတပ်ပေါင်းစုတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ၊ကရင်နီအမျိုးသားများကာကွယ် ရေးတပ် (KNDF)၊ချင်းညီနောင်၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ယောတပ်တော်(YA) ၊ယောကာကွယ်ရေးတပ်(YDF)၊96 Soldiers PDF၊ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ ဗမာ့တပ်တော်(BA)အပါအဝင် တော်လှန် ရေးတပ်ဖွဲ့ ၁၉ဖွဲ့ ပါဝင်သည်။

#KTM
#HlaingInfo
63👍19🔥2🥰1😁1
လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါဒေသရှိ စစ်တပ်၏ ကြယ်ပြောင်ကုန်း စခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

ဧပြီလ ၁၃ ရက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါဒေသရှိ အကြမ်းဖက် စစ်တပ်၏ ကြယ်ပြောင်ကုန်း စခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် KNU တပ်မဟာ ၇ နယ်မြေ မဲသဝေါဒေသတွင်ရှိသော အကြမ်းဖက် စစ်တပ်၏ ပွိုင့် ၉၆၂ ဗျူဟာကုန်း စခန်း၏ ကာကင်း စခန်းတစ်ခုဖြစ်သော ကြယ်ပြောင်ကုန်းစခန်းကို KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မဲသဝေါ ဒေသတွင် အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၃ ခုသာရှိပြီး အင်အား ရာဂဏန်းလောက်သာရှိကြောင်း၊ ကြယ်ပြောင်ကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထိုစခန်းများသည် KNU ဌာနချုပ် မာနယ်ပလော ရှိစဥ်တည်းက ကျူးကျော်ချထားသော စခန်းများဖြစ်ကြောင်း သိရှိရသည်။

"ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေ မဲသဝေါ ဒေသမှာရှိတဲ့ စစ်ခွေးတွေရဲ့ ပွိုင့် ၉၆၂ ဗျူဟာကုန်း စခန်းရဲ့ ကာကင်း စခန်းတစ်ခုဖြစ်တဲ့ ကြယ်ပြောင်ကုန်းစခန်းကို KNLAနဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ဒီနေ့ နံနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။ မဲသဝေါ ဒေသမှာ စစ်ခွေး တပ်စခန်း ၃ ခုရှိတယ်။ အင်အားကတော့ ရာဂဏန်းလောက်ပဲရှိတယ်။ နှစ်ဘက်ထိခိုက်မှုနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အသေးစိတ်တော့ မသိရသေးဘူး" ဟု KNU စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဧပြီလ ၇ ရက်နေ့ နှင့် ၁၂ ရက်နေ့ကလည်း KNU တပ်မဟာ ၃ နယ်မြေရှိ လက်ယက် စခန်းနှင့် KNU တပ်မဟာ ၁ နယ်မြေရှိ လေးကေစခန်းတို့ကိုလည်း KNLA ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

#KTM
#HlaingInfo
👍56👏228🔥1😁1
👍5713🔥1
ရန်ကုန်ရပ်ကွက်များ၌ သင်္ကြန်တွင်း သောက်စားနေသူများ ပေါ်တာဆွဲရန် ရဲများ စီစဉ်နေ

ဧပြီလ ၁၃ ရက်

ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်များ၌ သင်္ကြန်တွင်း သောက်စားနေသူများကို ကင်းလှည့် ပေါ်တာဆွဲရန် ရဲတပ်ဖွဲ့ဝင်တို့ စီစဉ်နေကြောင်း သိရသည်။

သင်္ကြန်ကာလ ညနေပိုင်းနှင့် ညဦးပိုင်းအချိန်တို့တွင် ရပ်ကွက်များအတွင်း သောက်စားနေသော လူငယ်များကို အလစ်အငိုက်ဖမ်း ပေါ်တာဆွဲရန် ဖြစ်ကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။

“သင်္ကြန်ပြီးတာနဲ့ အပတ်စဉ်၂၄(စစ်မှုထမ်းအပတ်စဉ်၂၄)ဖွင့်မှာဆိုတော့ ဖမ်းလို့ရတဲ့လူကလည်း တဖြည်းဖြည်းရှားလာပြီလေ။အဲဒါကြောင့် လူငယ်တွေ ပေါ့တဲ့အချိန်ပေါ့။သင်္ကြန်တွင်း သောက်စား နေချိန်မှာ ရပ်ကွက်ထဲ ဝင်ဖမ်းဖို့ပေါ့။ ကျနော်တို့ရန်ကုန်က ဆင်ခြေဖုံးတွေမှာ”ဟု ၎င်းက MPA သို့ ပြောသည်။

သင်္ကြန်တွင်း လူဖမ်းခြင်းမှာ စာထုတ်ညွှန်ကြားထားခြင်းကြောင့် မဟုတ်ဘဲ ငွေရသဖြင့် ကိုယ့်အသိ နှင့်ကိုယ် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

“ရဲတွေက စစ်သားတွေထက် ပိုလည်တယ်။ရဲတွေက လူတွေကြားမှာ နေနေတာဆိုတော့ ဘယ်အချိန် မှာ အလစ်အငိုက်လုပ်လို့ အဆင်ပြေတယ်ဆိုတာ ကောင်းကောင်းသိတယ်။တစ်ယောက်မိရင် ၁၅ သိန်း၊၂၀ ရနေတယ်လေ”ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့သည် ရပ်ကွက်များအတွင်း ပေါ်တာဆွဲခြင်းကို ၎င်းတို့အစီအ စဉ်ဖြင့် သီးခြားလုပ်ဆောင်နေပြီး စစ်တပ်နှင့် တိုက်ရိုက်ချိတ်ဆက်ကာ လူရောင်းစားနေကြောင်း သိရသည်။

“စစ်တပ်၊ရဲ၊ပျူ၊ အုပ်ကြီး ပေါ်တာဆွဲတာက ပိုက်ဆံအရချောင်တော့ ပျော်ပျော်ကြီး လုပ်နေကြတာပဲ” ဟု ၎င်းက ဆိုသည်။

ဧပြီ၇ရက်၊ ည၁၀နာရီခွဲခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊၅ရပ်ကွက်၊ ဗြဟ္မာစိုလ်လမ်းပေါ်၌ လူငယ်အမျိုးသားတစ်ဦး ကွမ်းယာထွက်ဝယ်နေစဉ် ၅ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ရုတ်တရက် ရောက်ရှိလာပြီး စစ်မှုထမ်းအတွက် ပေါ်တာဆွဲသွားကြောင်းနှင့် ဧပြီ၇ရက်ည၌ ၅ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးအတွင်း ပေါ်တာဆွဲခံထားရသည့် လူငယ် နောက်ထပ်၆ဦး ရှိနေကြောင်း Rangoon Scout Network – RSN ထံက သိရသည်။

#MPA
#HlaingInfo
🤬63👍137🤔3👏2😁1😢1