Hlaing Info
55.2K subscribers
141K photos
5.85K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 စောင်ကို မြန်မာငွေ 14,500 ကျပ်။  ထိုင်းဘတ် 100 ပါ။ 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သောထီနံပါတ်များ 🎁         

662300
409101
015102
165403
671905
821507
568208
009209                                
054802
635505
561006
535007
682708
853409

034210
905814
616817
875919

099626
912927
349829

214431
146933
453235
523436

381042
853343
066145
952647
014948
855649

119650
361251
954753
625954
320855
808759
046350
016952
400054
242958
544559

543760
019060
959361
949462
590066
827768
280466
044069

306170
126970
049774
903677
157678
497678

326680
781282
513184
379584
984087
282387
432488

056890
013791
038292
351895
825496
652896
148698

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
👍384
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 တွဲ စောင်ကို မြန်မာငွေ 30,000 ကျပ်။  ထိုင်းငွေ 200 ဘတ် 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သော ဘတ် 12 သန်း ထီနံပါတ်များ 🎁                                         

784501
627502
163304
689205
846106
376507
328708

203910
476811
633812
790713
947714
895315
053017
028718

735320
892321
392022
793723
479925
836928
186029

433740
403343
158644
043545
390746
513748 တစောင်ကျန်

827650
984651
172152
228255
615356
929258
913859

559963
716864
873865
090266
812367
208668

661471
867774
606078 တစောင်ကျန်

919980
403983
452284
550685
707686
864587
016488
170089

664690
495292
652293
098194
876996

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
👍379
တရုတ် ကြေးနီစက်ရုံ ဂိတ်အစောင့် စစ်အုပ်စု ဆားလင်းကြီးနယ်ထဲ စစ်ကြောင်းထိုး၊
လူသတ်၊ လုယက်၊ မီးရှို့တာတွေ မလုပ်သေးဘဲ ဒေသခံတွေကို ထွက်မပြေးဖို့ ချော့မော့စည်းရုံးနေ၊

ဧပြီလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် တရုတ်ပိုင် ယန်စီကြေးနီစက်ရုံကို လုံခြုံရေးယူ ဂိတ်စောင့်ပေးနေတဲ့ အဏာသိမ်း စစ်အုပ်စု လက်နက်ကိုင် အင်အား ၁၀၀ လောက်ဟာ ဆားလင်းကြီးနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေပြီး ဖမ်းမိတဲ့ပြည်သူတွေကို သတ်ဖြတ်၊ ငွေညှစ်တာ၊ နေအိမ်ဖောက်ထွင်း ခိုးယူမီးရှို့တာတွေ မလုပ်သေးဘဲ ရွာခံပြည်သူတွေ ထွက်မပြေးဘဲ အိမ်မှာပဲ နေကြဖို့ ချော့မော့စည်းရုံးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဧပြီ ၉ရက် မနက်ပိုင်းမှာ တရုတ်စက်ရုံကို ဂိတ်စောင့်ပေးနေတဲ့ စစ်အုပ်စု ထဲက အင်အား ၁၀၀ လောက်ဟာ တရုတ်ပိုင် ကြေးစင်တောင်အနီးရှိ ဒုန်းတော၊ ရွာသာ စတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းတာလို့ ဆိုပါတယ်။

"စစ်ကြောင်းက ဒုန်းတောရွာက စထိုးတာ၊ ကြေးကားတွေ၊ အက်ဆစ်ကားတွေ အသွားအလာမရှိဘဲ စစ်ကြောင်းသီးသန့် ထိုးနေတာ" လို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

ဒုန်းတောရွာဟာ အညာဒေသတွင်း အာဏာသိမ်း စစ်အုပ်စုက ပထမဆုံးအကြိမ် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်ခဲ့တဲ့ ကျေးရွာ ဖြစ်ပါတယ်။ ၂၀၂၁ ဒီဇင်ဘာလအတွင်း အာဏာသိမ်း စစ်အုပ်စုက ဒုန်းတောကျေးရွာကို စီးနင်းကာ အသက်အပြည့်သေးတဲ့ကလေးသူငယ် အပါအဝင် ရွာခံပြည်သူ ၁၁ ဦးကို ဖမ်းဆီးကာ စစ်အာဏာသိမ်းမူ ဆန့်ကျင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွာအပြင်ဘက် ကွမ်းခြံတွေထဲမှာ မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုဟာ တရုတ်ပိုင် ယန်စီနဲ့ ဝမ်ပေါင် ကြေးနီစက်ရုံတွေထဲ အခြေပြုကာ ဒေသတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတာ၊ လူသတ်တာ၊ လုယက်တာ၊ မီးရှို့တာ၊ ဖမ်းဆီးငွေညှစ်တာ၊ ပေါ်တာဆွဲတာတွေကို အာဏာသိမ်းကာလ ငါးနှစ်ကျော်အထိ ထင်တိုင်းကျဲ ကျူးလွန်ခဲ့ပါတယ်။

လက်ရှိမှာတော့ တရုတ်ကြေးနီစက်ရုံထဲကနေ ဆားလင်းကြီးနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ဖမ်းမိတဲ့ ပြည်သူတွေကို ရန်ပြုသတ်ဖြတ်တာမျိုး မလုပ်သေးဘဲ အနုနည်းသုံးကာ စည်းရုံးရေးဆင်းတဲ့သဘောမျိုး စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၉ရက်က စစ်အုပ်စု ရွာကို ရုတ်တရက်စီးနင်းချိန် ထွက်မပြေးနိုင်တဲ့ ပြည်သူတွေကို မပြေးကြဖို့နဲ့ ပြေးလျှင် ပစ်သတ်မှာ ဖြစ်ပြီး မပြေးဘဲ ကိုယ့်အိမ်ထဲမှာကိုယ်နေထိုင်ပါက မသတ်ဘူးလို့ ပြောဆိုကာ ရွာထဲ ပြန်ဝင်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ယခင်က ကျေးရွာအလှူပွဲတွေကို ဖျက်ဆီးပြီး အလှူပစ္စည်းနဲ့ ဧည့်ခံကျွေးမွေးမဲ့ စားသောက်ဖွယ်ရာတွေကို လုယက်စားသောက်၊ ဖက်ဆီးလေ့ရှိတဲ့ စစ်အုပ်စုက ယခုတစ်ကြိမ်မှာ ကျေးရွာတွေအတွင်း အလှူမဂ်လာဆောင်တွေ ရှိပါက ပုံမှန်အတိုင်း အေးအေးဆေးဆေး ပွဲလုပ်ဖို့နဲ့ သူတိုက ဘာမှမနှောက့်ယှက်ဘဲ နေမယ်လို့ ပြောဆိုစည်ရုံးနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ချော့မော့စည်းရုံးပေမဲ့ စစ်အုပ်စုရဲ့ သတ်ဖြတ်၊ လုယက်၊ ဓားစာခံ လူသားဒိုင်းကာအဖြစ် အသုံးချခိုင်းစေခံရဖူးတဲ့ ဒေသခံပြည်သူတွေ အနေနဲ့ ကြောက်ရွံ့ထိန်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်မပြေးနိုင်တဲ့ ပြည်သူတွေကို စစ်အုပ်စုက ယခင်လို ခိုးရာပါ ပစ္စည်းတွေ ထမ်းပိုးသယ်ယူခိုင်းတာ မရှိသေးပေမဲ့ ရွာထဲပိတ်လှောင်ကာ ဓားစာခံ လူသားဒိုင်းကာသဘောမျိုး အသုံးချနေတယ်လို့ ခံစားရကြောင်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဆားလင်းကြီးမြို့နယ် ရွာသာရွာကို စီးနင်းကာ ကျေးရွာ ဘုန်းတော်ကြီးအတွင်း တပ်စွဲနေရာယူထားတာ လေးရက်ကြာ ရှိလာပြီး စစ်ဘေးရှောင် ထွက်ပြေးနိုင်သူတွေက စစ်ရှောင်နေကာ ပိတ်မိပြည်သူတွေကတော့ ကျေးရွာအတွင်းမှာပဲ နေထိုင်နေကြရပြီး စစ်အုပ်စုကလည်း ရွာခံပြည်သူတွေကို ထွက်ပြေးခွင့်မပေးဘဲ ရွာထဲမှာပဲ ဆက်လက် နေထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ကိုင်းတိုင်း ကသာမြို့မှာတော့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်လာချိန် စစ်အုပ်စုက ဘုန်းကြီးကျောင်းတွေ၊ လူနေအိမ်တွေ အပါအဝင် မြို့ပေါ် ဗုံးပတ်ကြဲရာ ရဟန်းသံဃာတွေ အပါအဝင် စစ်အုပ်စုကို ယုံကြည်ကာ ထွက်မပြေးမိတဲ့ မြို့ခံပြည်သူ ၈၀ လောက် သေဆုံး၊ ဒဏ်ရာရခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ်ရှိ ကြေးစင်တောင်နဲ့ စံပယ်တောင်ကို ဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် ယန်စီ ကုမ္ပဏီ/Photo - CJ
#MFP
#HlaingInfo
👎4017🔥4🤬4😁2😢1
ရဲဘော်တွေရဲ့ စစ်ရေးစွမ်းရည် နဲ့ ဦးဆောင်မှုကဏ္ဍ မြှင့်တင်ရေးအတွက် ပြုလုပ်တဲ့ အကြပ်သင်တန်း သင်တန်းဆင်းပွဲပြုလုပ်

ဧပြီလ ၁၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) နဲ့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF) တို့ ပူးပေါင်းပြီး ရဲဘော်တွေရဲ့စစ်ရေးစွမ်းရည်နဲ့ဦးဆောင်မှုကဏ္ဍ မြှင့်တင်နိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တဲ့ NCO (အကြပ်သင်တန်း) သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၁ မှာ ပြုလုပ်ခဲ့ကြပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ ရဲ့ နည်းဗျူဟာမှူး နဲ့ စစ်ဦးစီးမှူး ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ နိုင်ငံရေးမှူး ၊ မုံရွာခရိုင် တပ်ရင်း (၂) ရဲ့ တပ်ရင်းမှူး နဲ့ တာဝန်ရှိသူတွေ ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF) ရဲ့ ဗျူဟာမှူး နဲ့ တာဝန်ရှိသူတွေ၊ ဒေသခံရပ်မိရပ်ဖတွေ နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။

စစ်ပညာနဲ့ ခေါင်းဆောင်မှုဘာသာရပ်များကို စနစ်တကျ လေ့လာသင်ယူခဲ့ကြတဲ့ အရာရှိငယ် စုစုပေါင်း (၄၂) ဦးက သင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့ကြပြီး မိမိတို့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေမှာ တာဝန်အသီးသီး ပြန်လည်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ ဗျူဟာမှူးတွေနဲ့တာဝန်ရှိသူတွေက သင်တန်းဆင်းအရာရှိငယ် တွေကို ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြပြီး၊ တော်လှန်ရေးခရီးလမ်းမှာ စည်းကမ်းကောင်းမွန်ပြီး အရည်အချင်းပြည့်ဝတဲ့ခေါင်းဆောင်ငယ်များအဖြစ် အားဖြည့် ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြ တယ်လို့ TRI ဗျူဟာ က သတင်းထုတ်ပြန်ထားပါတယ်။

#PVTV
#HlaingInfo
48👍18🥰2🔥1
မြန်မာ့အကျပ်အတည်း အဆုံးသတ်စေရေး အမေရိကန်ကူညီရန် ဆက်လက်သံန္နိဌာန်ချထားဟုဆို

ဧပြီလ ၁၃ ရက်

မြန်မာအကျပ်အတည်း အဆုံးသတ်စေရေးအတွက် ကူညီပံ့ပိုးပေးရန် အမေရိကန်ပြည်ထောင်စုက ဆက်လက်သံန္နိဋ္ဌာန်ချထားကြောင်းနိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ကဆိုသည်။

၂၀၂၆ မြန်မာ့အတာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးကာလ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၏ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြထားသလို မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တိုင်းပြည်ဆက်လက်ယိုယွင်းလျက်ရှိကြောင်းလည်း ဆိုသည်။

သင်္ကြန်အခါသမယသည် ပြီးခဲ့သည်များကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လာမည့် နှစ်သစ်ကို မျှော် ကြည့်ရန် အခွင့်အရေးတစ်ခုဖြစ်ကြောင်း မြန်မာပြည်သူများသည် ဆက်တိုက်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကြားတွင် ရဲစွမ်းသတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို ထပ်တလဲလဲ ပြသခဲ့ကြကြောင်း သင်္ကြန်၏ အနှစ်သာရမှာ မိမိတို့ကို ပိုမိုကောင်းမွန်သော မနက်ဖြန်များရှိကြောင်း သတိပေးနေ သည့်အတိုင်း မြန်မာပြည်သူများအတွက် ခွန်အား၊ ကြံ့ကြံ့ခံနိုင်ရည်နှင့် လာမည့်နှစ်သစ်တွင် မျှော်လင့်ချက်အသစ်များ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းကြောင်းလည်း ထုတ်ပြန်သည်။

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြသည့် မြန်မာပြည်သူပြည်သားများ အားလုံးသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိက နွေးထွေးစွာ ဆုမွန်ကောင်းတောင်းလျက် အားပေးစကား ပြောကြားလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဆိုသည်။

#MPA
#HlaingInfo
👍8031
ပေါက်နှင့် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှု နေအိမ်အများအပြား ပျက်စီး

ဧပြီလ ၁၃ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့် KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် မကွေးလေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာတစ်စီးသည် ပေါက်မြို့နယ်အနောက်ခြမ်းရှိ နေရာတစ်ခုကို ၃ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက "စစ်ခွေးတွေက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တာပါ။ ပြည်သူများ ထိခိုက်ဒဏ်ရာရတာမျိုးနှင့် နေအိမ်ပျက်စီးတာမျိုးကို ကျွန်တော်တို့ စုံစမ်းဆဲနေဆဲပါ။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ဖို့ကြဖို့ ပြောချင်ပါတယ်"ဟု ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ သစ်ဖယောင်းတန်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် တိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၉ ရက်နေ့တွင် ကျောက်ကြီးမြို့နယ် သစ်ဖယောင်းတန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ စက်တက်လေထီး ၃ စင်းဖြင့် ၁၂၀ မမ ဗုံးသီး ၆ လုံး ကျဲချခဲ့သည်။

ထိုသို့ကျဲချမှုကြောင့် ဦးအောင်ထက်ဦး၊ ဦးသက်ဦး၊ ဦးကျော်စွာနှင့် ဦးထိန်စိုးတို့၏ နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့ရသည်။

ယင်းအပြင် ကော်လေဒဲကျေးရွာအတွင်းသို့လည်း ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် စောတောပလို၏ နေအိမ် ၁ လုံးနှင့် စောရေမူး၏ ကြက်တဲ ၁ လုံးတို့ ထိမှန်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

စစ်တပ်က အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များကို ပစ်မှတ်ထားကာ ဒရုန်း၊ လက်နက်ကြီးနှင့် လေယာဉ်အမျိုးမျိုးဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက်ရှိရာ ဒေသခံပြည်သူများမှာ အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်မှုများစွာဖြင့် နေထိုင်နေကြရကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM
#HlaingInfo
🤬64😢3😁2
" လူတိုင်း၊ လူတိုင်း
ကိုယ့်နိုင်ငံအတွက်
တာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓါတ်
ထားရမယ်။"

ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို
https://t.me/infohlaing အဖွဲသားများမှ တင်ပေးနေပါသည်။

#HlaingInfo
82👍14🥰7👏3😁2
တနိုင်းမြို့နယ် တုံမဏီရွှေမှော်တွင် ဒုရဲမှူးကြီး ကျော်မြင့်ရွှေ၊

▪️စစ်တပ်နှင့်ရဲများက သိန်းရာချီ လိုင်းကြေးယူ၍ လောင်းကစားပွဲများ ကျင်းပခွင့်ပြုထား

ဧပြီလ ၁၃ ရက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ တုံမဏီရွှေမှော်တွင် ဘာသာရေးကို အကြောင်းပြကာ လောင်းကစားပွဲများကို အကြီး အကျယ် ကျင်းပနေပြီး ယင်းသို့ကျင်းပနိုင်ရန်အတွက် ဒုရဲမှူးကြီး ကျော်မြင့်ရွှေ၊ စစ်တပ်၊ ရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာ တာဝန် ရှိသူများကို သိန်းရာချီ လိုင်းကြေးပေးဆောင်ထားရကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ လောင်းကစားပွဲများကို ကိုသက်နိုင်၊ ကိုလင်းနှင့် ကိုလတ် အမည်ရှိသူ သုံးဦးက ဦးစီးကျင်းပနေခြင်းဖြစ်ပြီး ပွဲစီစဉ်သူများက ဒုရဲမှူးကြီး ကျော်မြင့်ရွှေထံမှ တစ်ဆင့် ရဲ၊ စစ်တပ်၊ ထွေအုပ်၊ စရဖ စသည့် ဌာနဆိုင်ရာ အသီးသီးကို ငွေကြေးပေးထားပြီးဖြစ် ကြောင်း သိရသည်။

အထူးသဖြင့် မြို့လုံခြုံရေးယူထားသည့် ရဲများနှင့် စရဖ အဖွဲ့များကိုပင် သိန်းရာချီ ပေးဆောင်ထားသဖြင့် ပွဲစီစဉ်သူများက "ဘယ်သတင်းဌာနကတင်တင် မကြောက်ဘူး၊ ကြိုက်တဲ့နေရာသွားတိုင်" ဟုပင် ရဲရဲဝံ့ဝံ့ ပြောဆို စိန်ခေါ်ကာ လောင်းကစား၀ိုင်းများကို ဖွင့်လှစ်နေကြခြင်းဖြစ်သည်ဟု သိရှိရသည်။

တုံမဏီရွှေမှော်တွင် ယနေ့ ဧပြီလ ၁၃ ရက်နေ့မှစ၍ လောင်းကစားပွဲများ အပြည့်အဝ စတင်နေပြီဖြစ်ပြီး နယ်မြေမအေးချမ်းသည့် ကြားမှ ယခုကဲ့သို့ ပြုလုပ်ခြင်းကြောင့် ဒေသခံများမှာ သူခိုး၊ ဓားပြ အန္တရာယ်များကိုပါ စိုးရိမ်နေရသည်ဟု ဒေသပြည်သူများက ပြောဆိုကြသည်။

လောင်းကစား၀ိုင်းများနှင့်အတူ မူးယစ်ဆေးဝါးများမှာလည်း အလွန်ပေါများစွာပြန့်နှံ့အသုံးပြုနေသည့်အတွက် လူငယ်များမှာ လောင်းကစားနှင့် မူးယစ်ဆေးဝါးနွံ့ထဲတွင် နစ်နေကြကြောင်း၊ ဒေသအာဏာပိုင်များကလည်း KIA၊ PDF များနှင့်မပတ်သက်ရန်၊ နိုင်ငံရေး မလုပ်ရန်သာ အဓိက ထားပြီး ကျန်ရှိသော လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာ ခန်းများကို လိုင်းကြေးနှင့် ဆက်ကြေးယူ ဖွင့်လှစ်ခွင့်ပြုနေကြောင်း သိရှိရသည်။

"နယ်မြေက မအေးချမ်းတဲ့အထဲ လောင်းကစား၊ မူးယစ်ဆေးဝါးတွေပါ ရောလာတော့ ဒေသပြည်သူတွေငတ်ပြတ် အလုပ်မရှိ၊ အဲဒါတွေကိုပဲ လုပ်နေကြတာ။ အခုဆို သူခိုး၊ ဓားမြတွေလည်း အရမ်းပေါလာပါတယ်။ တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိဘူး။ ပြည်သူတွေကို ငဲ့တဲ့စိတ်လည်း မရှိကြဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယခုအခါ တုံမဏီရွှေမှော်ရှိ လောင်းကစားပွဲများကို တားဆီးမည့်သူ မရှိဖြစ်နေပြီး ဒေသခံများမှာ လုံခြုံမှုမရှိသည့် ခံစားချက်များဖြင့် အခက်တွေ့နေကြသည်။

အဆိုပါလောင်းကစား၀ိုင်းများကို တားဆီးပေးရေးအတွက် မကြာခဏ ဆိုသလို တိုင်ကြားသော်လည်း မည်သည့်တားဆီးမှုမှ မရှိဘဲ လောင်းကစား၀ိုင်းများဖြင့် စည်ကားနေဆဲဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
🤬603👍2👎2😢1
ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု စာသင်ကျောင်း အပါအဝင် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျ၊ မီးသတ်ကို အကြောင်းကြားခဲ့သော်လည်း လာရောက် ငြိမ်းသတ်ခြင်းမရှိ

ဧပြီလ ၁၃ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် စာသင်ကျောင်း အပါအဝင် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ပြီး မီးသတ်ကို အကြောင်းကြားခဲ့သော်လည်း လာရောက် ငြိမ်းသတ်ခြင်းမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် မြောက်လူးကန်ရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် မြောက်လူးကန်ရွာ အခြေခံပညာ အထက်တန်းကျောင်းပါ မီးလောင်ပြာကျခဲ့ကြောင်း၊ စစ်တပ်သည် ကျေးရွာအတွင်း တပ်စွဲထားသောကြောင့် နေအိမ် ပျက်စီးမှု အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ခန့်မှန်းခြေ နေအိမ် ၅၀၀ ခန့် ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

"ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက မီးရှို့တာ အခုပြောနေတဲ့ တောမီးလောင်စရာဘာအကြောင်းမှမရှိဘူး။ သူတို့ တပ်စွဲထားတဲ့ ဘက်ကျတော့မလောင်ဘူး ပြည်သူတွေ နေအိမ် အများစုရှိတဲ့ဘက်လောင်းသွားတာ အထက်တန်းကျောင်းတောင် မီးလောင်ပြာကျသွားတယ်။ မီးသတ်ကို ဖုန်းဆက်ကျတယ်လို့‌တော့ ပြောတယ်။ မီးလာမငြိမ်းဘူး သူတို့ခွင့်ပြုချက်လိုတယ်လို့ပြောပြီး ဖုန်းချသွားတယ်လို့ ဆက်တဲ့ သူတွေ ပြောပြချက်အရ သိရပါတယ်။ ရွာကတော့ နေအိမ် ၅၀၀ ခန့်ပြာကျသွားတယ်။ ရွာလုံးကျွတ် နီးပါးကို လောင်သွားတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မြောက်လူးကန်ရွာတွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ပြီး ကျေးရွာနေပြည်သူ အများစုသည် စစ်တပ် တပ်စွဲပြီးနောက် ရွာထဲမှ တိမ်းရှောင်နေရကြခြင်းဖြစ်ကြောင်း သိရသည်။

#KTM
#HlaingInfo
🤬57😢4👎1🔥1
နွေဦးတော်လှန်ရေးအဖွဲ့များ နေ့မအား၊ ညမအား ကြိုးစားကြရန် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် တိုက်တွန်း

ဧပြီလ ၁၃ ရက်

တော်လှန်ရေးအဖွဲ့အစည်းများအတွက် ရရှိနေသော အခွင့်အရေးမှာ နည်းသမျှနည်းလာနေ၍ နွေဦးတော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်နေသူများအနေဖြင့် နေ့မအား၊ ညမအား ကြိုးစားကြရန် လိုအပ်ကြောင်း အာရက္ခတပ်တော် AA ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောသည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ပြုလုပ်သော ICNCC ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ တည်ထောင်ခြင်း ၅ နှစ်ပြည့်အခမ်းအနားတွင် ဒေါက်တာညိုထွန်းအောင်က တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

"နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ အဖွဲ့အစည်းတွေကတော့ များပါတယ်။ သူတို့မှာ အားသာချက်တွေ အများကြီးရှိသလို အားနည်းချက်တွေလည်း ရှိနေကြတုန်းပါ။ အားသာချက်တွေကိုတော့ ကျနော့်အနေနဲ့ အများကြီး မလိုပြောပေမယ့် အခုနက ပြောတဲ့ အားနည်းချက်တွေကို အချိန်တိုတိုလေးမှာ အချိန်မီ ပြုပြင်နိုင်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ ကျနော်တို့ရနေတဲ့ အခွင့်အရေးဟာ နောက်ထပ် ဘယ်လောက် ဆက်ပြီးမှ ရနိုင်မလဲ။ ဘုံရန်သူဘက်က သူတို့အနေနဲ့ ကျနော်တို့ ရရှိထားတဲ့ အခွင့်အရေးကို ဆက်လို့ မပေးဖို့အတွက် ကြိုးစားနေတဲ့ဟာမျိုးကိုလည်း အားလုံးသိပြီး ဖြစ်ပါတယ်။ ဆိုတော့ လက်ရှိရနေတဲ့ အခွင့်အရေးဟာ နည်းသမျှနည်းလာတဲ့အတွက်ကြောင့် ရတဲ့အချိန်ကာလလေးမှာ ကျနော်တို့ဟာ အင်တိုက်အားတိုက်နဲ့ နေ့မအား၊ ညမအား အဆတိုးပြီးတော့မှပဲ ကြိုးစားပြီးမှ ကိုယ့်ရဲ့အားနည်းချက်တွေကို အချိန်မီ ပြုပြင်နိုင်ဖို့အတွက် ခွန်အားအပြည့်နဲ့ ကြိုးစားကြပါလို့ ပြောလိုပါတယ်” ဟု ဆိုသည်။

အကြမ်းဖက် မြန်မာစစ်တပ်မှ စစ်အာဏာသိမ်းယူခဲ့ခြင်းမှာ နှစ်ပေါင်းများစွာ တော်လှန်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EROs များအတွက် အခွင့်အရေး၊ အခွင့်ကောင်းတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း ဒေါက်တာညိုထွန်းအောင်က ပြောသည်။

"ဒီနေ့ဒီအချိန်အခါမှာ ဒီလိုမျိုး အခွင့်အရေးဆိုတာပေါ့နော် ဒီ အာဏာသိမ်းပြီးနောက်ပိုင်းမှာကျတော့ အရင်က ဗမာကို ဗမာက တော်လှန်တဲ့ ပုံစံမျိုးက ရှိခဲ့ပေမယ့် သိပ်ပြီးတော့မှ မရှိခဲ့ဘူး။ အခုကျတော့ စစ်အာဏာရှင်ကို တော်လှန်တဲ့ အဖွဲ့အစည်းတွေလည်း ထပ်ပြီးမှပဲ ပေါ်လာတဲ့အတွက်ကြောင့် ကောင်းတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကျနော်တို့ အမြင်မှာဆိုတော့ နှစ်ပေါင်း ၁၀၀ လောက်မှာမှ တစ်ခါလောက်ပေါ်တဲ့ အခွင့်အရေးဆိုတော့ ဒီအခွင့်အရေးကို ကျနော်တို့က အကောင်းဆုံးနဲ့ အကျိုးရှိရှိ အသုံးချနိုင်ဖို့လည်း လိုပါတယ်” ဟု ဆိုသည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် ရရှိခဲ့သော အခွင့်အရေးများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ အမိအရ ဆုပ်ကိုင်ကာ နွေဦးတော်လှန်ရေးတပ်များနှင့်အတူ တိုက်ပွဲဝင်ခဲ့ကြပြီး အောင်မြင်မှုများ ရရှိခဲ့ကြောင်း ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

"လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်မှာတော့ ကျနော်တို့က ရှမ်းမြောက် စစ်ဆင်ရေးအပါအဝင် ကိုယ့်ဒေသမှာ တိုင်းရင်းသားလက်နက်အဖွဲ့တွေကတော့ ထိုးစစ်ကြီးတွေ လုပ်ခဲ့ကြတဲ့အတွက်ကြောင့် ဒါဟာလည်း နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်လာတဲ့ အခွင့်အရေးကို ကျနော်တို့ ERO တွေက အမိအရနဲ့ အခွင့်အရေးကို ရယူနိုင်ခဲ့တဲ့အတွက်ကြောင့် တော်လှန်ရေးအောင်ပွဲ အသီးအပွင့်တွေကို တစ်ဖွဲ့ချင်းသာမက သူနဲ့ သက်ဆိုင်တဲ့ ဆက်စပ်တဲ့လူတွေ အားလုံးလည်း သူ့အတိုင်းအတာနဲ့သူ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒီအောင်မြင်မှုတွေ အပြင် အားလုံးမျှော်မှန်းထားတဲ့ မျှော်မှန်းချက်တွေ ရောက်ဖို့ကတော့ ကျနော်တို့ ဆက်လက်ကြိုးစား ရပါဦးမယ်” ဟု ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC အပါအဝင် ချင်းတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း စုဖွဲ့မှုများကို ပိုပြီးကျစ်ကျစ်လစ်လစ်၊ စုစုစည်းစည်းနှင့် ယုံကြည်ချက်အပြည့်၊ အားမာန်အပြည့်၊ ခွန်အားအပြည့်၊ လုံ့လဝီရိယအပြည့်ဖြင့် အလုပ်လုပ်မည်ဆိုပါက ပြင်းထန်သည့် တော်လှန်ရေး သန္နိဌာန်များကို မည်သူကမှ တားဆီး၍ မရနိုင်ကြောင်း ဆိုသည်။

ထို့ကြောင့် လုပ်သင့်လုပ်ထိုက်သည့်ရာများကို လုပ်သင့်လုပ်ထိိုက်သည့်အချိန်တွင် တော်လှန်ရေးအင်အားစုများ အားလုံး ဝိုင်းပြီးလုပ်၍ ရသော အရာများကို ဝိုင်းလုပ်ကြသလို တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်းတစ်ခုချင်းစီ လုပ်၍ရသည့် အရာများကို ဆက်လုပ်ကြရမည်ဟု ဒေါက်တာညိုထွန်းအောင်က တိုက်တွန်းခဲ့သည်။

#WN
#HlaingInfo
👍6128👏8😁4😢1
တမူးခရိုင်မှာ ခွင့်ပြုချက်မရှိတဲ့ စစ်ဆေးရေးဂိတ်နဲ့လုံခြုံရေးဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ MOD စီစဉ်

ဧပြီလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်နဲ့လုံခြုံရေးဂိတ်တွေကို ဧပြီ ၃၀ရက်နောက်ဆုံးထားပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီ‌ကနေ့ ဧပြီ ၁၃ရက်မှာ ထုတ်ပြန်တာဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိရင် ထိရောက်စွာအရေးယူမယ်လို့လည်ူ သတိပေးထားပါတယ်။

တမူးခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ခြောက်ရင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ရှိပါတယ်။ ဒေသကာကွယ်ရေးတပ်တွေကို
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုခံယူဖို့ ညှိနိုင်းနေပါတယ်။

ဒေသကာကွယ်ရေးတပ်တွေထဲက အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ဟာ မတ်လ ၂၀ရက်မှာ MOD အမှတ်(၁) စစ်ဒေသရဲ့ကွပ်ကဲမှုခံယူခဲ့ပါတယ်။ NLAက ကွပ်ကဲမှုမခံယူခင်အထိတမူးခရိုင်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)၊(၂)၊(၃)(၄)၊(၅) ဆိုပြီး တပ်ရင်း ၅ရင်းရှိပါတယ်။ အခုအခါမှာ NLAကို တပ်ရင်း(၆)အဖြစ် ဖွဲ့စည်းလိုက်တာမို့ တမူးခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ခြောက်ရင်း ရှိလာပါတယ်။

" MODကတော့ စုစည်းဖို့ ကြိုးစားနေတာတွေ့တယ်။ တော်လှန်ရေးအဖွဲ့တွေအားလုံးပေါင်းစည်းနိုင်မှ စစ်ရေးအောင်မှာလို့ ယုံတယ်ဗျ။ အဖွဲ့တွေများတော့ လူထုကို ဝန်ပိုစေတယ်"လို့ တမူးမြို့ခံတစ်ဦးက ပြောပါတယ်။

တမူးခရိုင်ကွပ်ကဲရေးရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ
တမူးခရိုင်အတွင်းမှာ စစ်ဆေးရေးဂိတ်တွေ
၊လုံခြုံရေးဂိတ်တွေကို ခရိုင်ကွပ်ကဲရေးရုံးရဲ့ ခွင့်ပြုချက်မရှိဘဲဖွင့်လှစ်ခြင်း မပြုကြဖို့လည်း ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်ထဲက ခါမ်းပတ်မြို့နဲ့ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ထိန်းချုပ်ဒေသက တရားမဝင်စစ်ဆေးရေးဂိတ်တွေကိုလည်း ပိတ်သိမ်းဖို့ တဆင့်ချင်းကြိုးပမ်းနေတာရှိပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက အကောက်ခွန်ဂိတ်အားလုံးပိတ်သိမ်းဖို့ စီမံချက်ရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားတဲ့ ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောထားပါတယ်။

အကောက်ခွန်ဂိတ်တွေနဲ့ပတ်သက်ပြီး ကြားကာလ ဗဟိုကော်မတီမှာ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ထားပြီးသားဖြစ်တယ်လို့လည်း ဒုဝန်ကြီးဦးကျော်နီက ပြောပါတယ်။

အခွန်ဂိတ်တွေလျော့ပေါ့ရေးပေါ့။ ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ လမ်းညွှန်ထားတာရှိပါတယ်။အဲဒီ့အတွက်ကိုဆောင်ရွက်နေတာပေါ့။ တချို့နေရာလေးတွေမှာနှောင့်နှေးတာ‌ လေးတွေရှိတယ်။ ကြန့်ကြာတာ‌ လေးတွေရှိတယ်။ တချို့နေရာတွေမှာ လည်းဆွေး‌‌နွေးနေတာ ပေါ့။ ဒီလိုမျိုးနည်းတွေနဲ့လည်းသွားနေတာပေါ့။ အခု‌ဆိုယူနစ်အစိုးရတွေလည်း ပေါ်လာပြီဆို‌တဲ့အခါကျတော့ အခွန်ဂိတ်တွေကို တတ်နိုင်သမျှလျှော့ရမယ်။ ယူနစ်နဲ့ ပြည်ထောင်စုနဲ့ ပူးတွဲပြီး မြို့နယ်နဲ့ ရသင့်ရထိုက်တာတွေလည်းရရမယ်။ ရသင့်ရထိုက်တာလည်းရမယ်။ လူထုလည်း ဝန်ထုတ်ဝန်ပိုးမဖြစ်ရဘူးပေါ့။ဒီလိုမျိုးဖြစ်အောင်လို့ အခွန်ဂိတ်လျော့‌ ပေါ့ရေး စီမံချက်ကိုကပြီးခဲ့တဲ့နှစ်၂၀၂၅ ကတည်းကချမှတ်ထားတာရှိပါတယ်။စစ်ကိုင်း
တိုင်းတစ်တိုင်းလုံးပေါ့။ မှန်ပါတယ်” လို့ ဒုဝန်ကြီးဦးကျော်နီက ပြောပါတယ်။

(စစ်ကိုင်းတိုင်းအတွင်းရှိ PDF စစ်ဆေးဂိတ်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - ကိုငြိမ်း)
#LNO
#HlaingInfo
👍6313🔥1😁1
စစ်ရှောင်များကိုကူမည့် တောင်ကိုရီးယား လူသားစာနာရန်ပုံငွေသင်္ကြန် ကျပ်သိန်း၂၇၀၀ခန့် ရရှိ

ဧပြီလ ၁၃ ရက်

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသော လူသားချင်းစာနာမှုကူညီရေးရန်ပုံငွေ ၂၀၂၆ မြန်မာသင်္ကြန် ပွဲတော်မှ ကျပ်သိန်း၂၇၀၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ ဘူဖျောင်းမြို့နယ်၊ဘွန်းဆူပန်းခြံတွင် ဧပြီ၁၂ရက်က မြန်မာ့ဖက် ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC နှင့် စစ်အာဏာသိမ်းမှုဆန့် ကျင်ရေးကော်မ တီ-ကိုရီးယားတို့ ပူးပေါင်းကာ စစ်ဘေးရှောင်ပြည်သူများကို ပြန်လည်လှူဒါန်းမည့် လူသားစာနာမြန် မာ သင်္ကြန် ကျင်းပခဲ့ကြောင်း MFDMC ထံက သိရသည်။

“ခန့်မှန်းထားတာထက် လူအင်အားရော၊ ရန်ပုံငွေအင်အားရော အောင်မြင်တယ်လို့ပြောလို့ရပါတယ်။ ကျနော်တို့အရင်ကမှန်းထားတာတော့ လူ ၁၅၀၀ -၂၀၀၀ ဝန်းကျင်၊ ဝမ်သိန်း ၅၀၀ နဲ့ ၁၀၀၀ ကြားလို့ပဲမှန်းထားတာ။ မှန်းထားတာထက်ကို အများကြီးပိုအောင်မြင်တဲ့ပွဲတခုလို့ပြောလို့ရပါတယ်” ဟုMFDMC အတွင်းရေးမှူး ဦးကျော်ဆန်းက MPAသို့ ပြောသည်။

လူသားစာနာမြန်မာသင်္ကြန်ပွဲတော်မှ ရန်ပုံငွေ ဝမ်သိန်းတစ်ထောင်ကျော်ရရှိခဲ့ပြီး ကိုရီးယားရောက် မြန်မာ အယောက်၃၀၀၀ ခန့် လာရောက်ဆင်နွှဲခဲ့သည်။

“ပွဲဖြစ်မြောက်ရေးနဲ့ကျင်းပရေးအတွက် စီစဥ်ရတဲ့ ကုန်ကျစရိတ်တွေဖယ်ပြီးတော့ ရရှိလာတဲ့ ရန်ပုံ ငွေအားလုံးကို မြန်မာပြည်အနှံ့က စစ်ဘေးရှောင်တွေဆီကို လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေး အတွက် ပို့ဆောင်မှာဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ လူသားစာနာ သင်္ကြန်ပွဲတော်တွင် အဆိုတော်Lလွန်းဝါ၏ သီဆိုဖျော်ဖြေမှု၊သင်္ကြန်ယိမ်းအက၊ Kpop Dancer အက စသည့် အနုပညာတင်ဆက်မှုများ ပါဝင်ပြီး လက်မှတ်တစ်စောင်လျှင် ဝမ်၃သောင်း သတ်မှတ်ထားကာ ယင်းလက်မှတ်တစ်စောင်၌ တော်လှန်ရေးပစ္စည်းကံစမ်းမဲလက် မှတ်နှင့် မြန်မာ့ရိုးရာအစားအစာတစ်မျိုး စားသုံးခွင့် ပါဝင်ကြောင်း သိရသည်။

သင်္ကြန်ပွဲတော်အတွက် မြန်မာ့ရိုးရာအစားအစာ ၂၆မျိုးကို ကိုရီးယားအခြေစိုက်အဖွဲ့အစည်းနှင့် လုပ် ငန်းရှင်များက လှူဒါန်းပါဝင်ပေးခြင်းဖြစ်ပြီး ယင်းမြန်မာ့ရိုးရာအစားအစာများကို တစ်မျိုးလျှင် ဝမ် တစ်သောင်းနှုန်းဖြင့် လူသားစာနာရန်ပုံငွေအတွက် ရောင်းချခဲ့သည်။

ထို့အပြင် သင်္ကြန်ပွဲအမှတ်တရ တီရှပ်များကိုလည်း တစ်ထည်လျှင် ဝမ်၃သောင်းနှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

MFDMC နှင့် စစ်အာဏာသိမ်းမှုဆန့် ကျင်ရေးကော်မတီ-ကိုရီးယားတို့သည် တောင်ကိုရီးယားတွင် အင်အားအကြီးဆုံးအဖွဲ့၂ဖွဲ့ဖြစ်ပြီး လစဉ် ကျပ်သိန်း၃၀၀၀ ဝန်းကျင်စီ နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့ပြုနေသော အဖွဲ့များဖြစ်သည်။

MFDMC သည် ကိုရီးယားအခြေစိုက် ထောက်ပို့တပ်ဖွဲ့၂၂ဖွဲ့ကို စုစည်းထားသည့် တပ်ပေါင်းစုဖြစ်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယားသည် တစ်လလျှင် တစ်ရက်စာလုပ်အားခ ထည့်ဝင်သည့် One Day Challenge ကမ်ပိန်း လုပ်ဆောင်နေသောအဖွဲ့ဖြစ်သည်။

ဓာတ်ပုံ-Kyaw Sanဖေ့စ်ဘွတ်ခ်
ပုံစာ- တောင်ကိုရီးယား လူသားစာနာသင်္ကြန်ပွဲတော်။
#MPA
#HlaingInfo
78👍28🥰3🔥1
နေပြည်တော် တပ်ကုန်းတွင် စစ်မှုထမ်းကြေးပေးထားသည့်ကြားမှ လူငယ်များ ပေါ်တာဆွဲခံနေရပြီး သင်္ကြန်ကာလတွင်ပါ ပေါ်တာဆွဲမည်ဟု အုပ်ချုပ်ရေးမှူး မြင့်ဆွေက ခြိမ်း ခြောက်

ဧပြီလ ၁၃ ရက်

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး မြင့်ဆွေ(ခ) မောင်ပုလေးက စစ်မှုထမ်းကြေးအမည်တပ်ကာ ငွေကြေးများ အတင်းအကျပ်ကောက်ခံနေပြီး၊ ငွေပေးဆောင်ထားသည့်ကြားမှ လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် သင်္ကြန်ကာလအတွင်း၌လည်း ထပ်မံဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံများထံမှ သိရသည်။

တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ မောင်ပုလေး (ခေါ်) မြင့်ဆွေ သည် စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀,၀၀၀ စီကို အတင်း အကျပ် လိုက်လံကောက်ခံလျက်ရှိသည်။

အဆိုပါငွေကို မပေးဆောင်နိုင်ပါက သင်္ကြန်ကာလအတွင်း ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးမည်ဟု အသိပေးခြိမ်းခြောက်ထားခြင်း ဖြစ်သည်။

ဒေသခံများ၏ ပြောပြချက်အရ အင်ပင်ကျေးရွာသားများသည် ယခင်ကလည်း စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀,၀၀၀ စီဖြင့် ၄ ကြိမ်တိုင်တိုင် ပေးဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ငွေပေးဆောင်ပြီး ၁၀ ရက်ခန့်အကြာတွင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ကျေးရွာအတွင်းရှိ နေအိမ်များအထိ ဝင်ရောက်ဖမ်းဆီးခဲ့ရာ အင်ပင်တောင်ရွာနှင့် အင်ပင်မြောက်ရွာတို့မှ လူငယ် ၅ ဦး ပေါ်တာဆွဲဖမ်းဆီးခြင်း ခံခဲ့ရသည်။

လက်ရှိတွင် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး ထပ်မံတောင်းခံလာသော်လည်း "ငွေပေးသော်လည်း ဖမ်းဆီးခံနေရသည့်" အခြေအနေကြောင့် ကျေးရွာသားများမှာ ငွေပေးဆောင်ရန် ဝန်လေးနေကြသည်။

ထိုသို့ ငွေမပေးလိုကြသည့်အပေါ် အုပ်ချုပ်ရေးမှူးက "ငွေမပေးပါက ရွာထဲအထိဝင်ဖမ်းမည်" ဟု ထပ်မံခြိမ်းခြောက်လာသဖြင့် အိမ်ခြေ ၈၀၀ ကျော်ရှိသော အင်ပင်ကျေး ရွာအုပ်စုတစ်ခုလုံးမှာ အခက်တွေ့နေကြရသည်။

ယခုကဲ့သို့ သင်္ကြန်အခါသမယတွင် ပျော်ရွှင်စွာ ဆင်နွှဲရမည့်အစား အုပ်ချုပ်ရေးမှူး၏ ငွေညစ်တောင်းခံမှုနှင့် ပေါ်တာဆွဲဖမ်းဆီးမည့် အန္တရာယ်များကြောင့် လူငယ်များနှင့် ပြည်သူများမှာ စိုးရိမ်ထိတ်လန့်ကာ ဘေးကင်းရာသို့ တိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။

#KTM
#HlaingInfo
🤬636😢1
ကြယ်ပျံကုန်းတပ်စခန်းနှင့် လေးကေစခန်းတို့ကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်

ဧပြီလ ၁၃ ရက်

ကရင်ပြည်နယ်၊ ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်အာဏာရှင်တပ် စခန်းထိုင်တပ်စွဲထားတဲ့ ကြယ်ပျံကုန်စခန်းကို ဧပြီ ၁၃ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ KNLA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ပွိုင့် ၉၆၂ ကြယ်ပျံကုန်းစခန်းဟာ ဘာအံခရိုင် မြန်မာ-ထိုင်းနယ်စပ်နဲ့ ၃ မိုင်ခန့်သာ ကွာဝေးတဲ့ အခြေချစခန်းကြီးတခုဖြစ်ကာ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သားတွေ ထွက်ပြေးသွားကြပြီး စခန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ကြယ်ပျံကုန်းစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်က YAK 130၊ Y12 တို့နဲ့ စခန်းအနီးရှိ နေရာတွေကို လာရောက် ဗုံးကြဲခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ဧပြီ ၁၂ ရက် မနက် ကလည်း ဘားအံမြို့ အနောက်မြောက်ဘက်ရှိ စစ်အာဏာရှင်တပ်ရဲ့ လေးကေစခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲဆင်နွှဲပြီး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လေးကေစခန်းမှာ စစ်တပ်က အယောက် ၉၀ လောက် စခန်းထိုင်နေတာ ဖြစ်ပြီး တိုက်ပွဲဖြစ်ချိန် စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အနီးနားက ဒေသခံ ပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တာရှိသလို နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်အာဏာရှင်တပ်ဖွဲ့တွေ စခန်းကနေ တိမ်းရှောင်ထွက်ပြေးသွားကြပြီး ကျန်ရှိတဲ့ လူနာတွေ၊ ရုပ်အလောင်းတွေနဲ့ လက်နက်တချို့ကိုသိမ်းဆည်းရမိတယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Photo : DVB
#DVB
#HlaingInfo
56👏19👍13🔥1🤔1
လေးကေစခန်းသိမ်းတိုက်ပွဲမှာ ပူးပေါင်းတပ်ဘက်ကတပ်ဖွဲ့ဝင်လေးဦးကျဆုံး

ဧပြီလ ၁၃ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ စစ်တပ်စခန်းတစ်ခုဖြစ်တဲ့ လေးကေစခန်းသိမ်းတိုက်ပွဲမှာ ကျောင်းသားတပ်မတော်(ABSDF)က တပ်ဖွဲ့ဝင် သုံးဦး၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က. ဖ) အဖွဲ့က တပ်ဖွဲ့ဝင် တစ်ဦး စုစုပေါင်းလေးဦး ကျဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်းပ.က.ဖနဲ့ ကျောင်းသားတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း ပ. က. ဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၁)က ရဲဘော် AK ဟာ ဧပြီလ ၁၀ရက် လေးကေစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားတာလို့ အဲဒီတပ်ဖွဲ့ကအသိပေးထားပါတယ်။

ဒါအပြင် လေးကေစခန်းသိမ်းတိုက်ပွဲမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့ ကျောင်းသားတပ်မတော်(ABSDF) တပ်ရင်း(၃)က တပ်ခွဲမှုး တစ်ဦး၊ ဒုတပ်ကြပ်နှစ်ဦး စုစုပေါင်းသုံးဦး လည်း တိုက်ပွဲကျခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ချင်းဆက် ကျိုက်ကော်-လေးကေ ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ လေးကေ၊ ဝင်းတာပန်စခန်းတွေကို KNU တပ်မဟာ(၁ ) နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဧပြီလပထမအပတ်ကစပြီး စတင်ဝိုင်းရံပိတ်ဆို့ခဲ့တာပါ။

လေးကေစခန်းကို စစ်ကောင်စီလေတပ်ရဲ့ လေကြောင်တိုက်ခိုက်မှု ကြားကပဲ ဝင်ရောက်တိုက်ခိုက်ရာမှာ မနေ့ မနက်ပိုင်း ( ဧပြီ ၁၂ ရက်) မှာ သိမ်းယူနိုင်ခဲ့ပြီး စစ်တပ် ဒုတပ်ရင်းမှုးတစ်ဦးအပါအဝင် နှစ်ဦးအရှင်ဖမ်းဆီးရမိတယ်လို့ တော်လှန်ရေးပူးပေါင်းတပ်က သတင်းထုတ်ပြန်ထားပါတယ်။

လေးကေစခန်းကို သိမ်းပိုက်ရရှိခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက် အကျအဆုံးတွေရှိသလို စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် လေးကေတစ်ရွာလုံး ပျက်စီးသွားခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်နား ဒုံသမိချောင်းအနောက်ဘက်မှာရှိတဲ့ လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းတို့ဟာ စစ်ရေးအရ အရေးပါတဲ့ စခန်းတွေဖြစ်ကြပြီး အရာရှိအကြီးပိုင်းတွေအထိ လေးကေစခန်းမှာ လာရောက်စခန်းထိုင်ဖူးသလို ဝင်းတာပန်စခန်းကတော့ အရင်က ကရင်နယ်ခြားစောင့်တပ်(BGF) (၁၀၁၄)တပ်ရင်း စခန်းဟောင်းတစ်ခုလည်း ဖြစ်ပါတယ်။

လေးကေစခန်းကနေတဆင့် ဒုံသမိမြစ်အရှေ့ဘက် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ နယ်မြေဒေသတွေမှာ စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားလို့ရသလို လေးကေ၊ မြစ်ကျိုးကတစ်ဆင့် နတ်ကြီးကျေးရွာချင်းဆက် တောင်ပေါ်လမ်းအတိုင်း ဖာပွန် တပ်မဟာ(၅)နယ်မြေထဲကိုလည်း စစ်ရေးချိတ်ဆက်ဝင်ရောက်လှုပ်ရှားနိုင်တာလို့သိရပါတယ်။

လက်ရှိကျန်ရှိနေတဲ့ BGF ၁၀၁၄ တပ်ရင်း စခန်းဟောင်းတစ်ခုဖြစ်တဲ့ ဝင်းတာပန်စခန်းကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ကောင်စီလေတပ်ကလည်း လေကြောင်းကနေ ပစ်ကူပေးနေတယ်ပါတယ်။

ဝင်းတာပန်နဲ့ အနီးဆုံးစခန်းတစ်ခုဖြစ်တဲ့ ကျိုက်ကော်-လေးကေ ကားလမ်းပေါ်က ပိန္နဲတောဗျူဟာစခန်းရှိပြီး အဲဒီစခန်းကနေ စစ်တပ်က မြေပြင်စစ်ကူပေးနိုင်ဖို့ ကြိုးစားနေပါတယ်။

လေးကေစခန်း သိမ်းပိုက်ခံရတဲ့နောက် လေးကေ-ကျိုက်ကော ကားလမ်းပေါ်မှာ ဝင်းတာပန်၊ ပိန္နဲတော၊ ဝီယော်တပ်စခန်းတွေ ကျန်ရှိနေတာဖြစ်ပါတယ်။

ကျဆုံးသွားတဲ့ ရန်ကုန်တိုင်း ပ.က.ဖ တပ်ဖွဲ့ဝင်
#LNO
#HlaingInfo
😢1009👍2
အင်္ဂပူတွင် အရပ်သားများအား အဓမ္မစစ်မှုထမ်းခိုင်းနေသည့် အုပ်ချုပ်ရေးမှူးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး

ဧပြီလ ၁၃ ရက်

စစ်မှုထမ်း တပ်သားသစ်တွေကို စစ်အာဏာရှင်တပ်နဲ့ပေါင်းပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်နေတဲ့ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်ကို လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၄ ရက် မနက် ၆ နာရီကျော်က ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကုန်းပြင်ကျေးရွာအုပ်စု စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူး အသက် ၄၆ နှစ်အရွယ် ဦးသန်းဇော်ကို အမည်မသိလက်နက်ကိုင်အဖွဲ့တခုက ဖမ်းဖမ်းခေါ်သွားတာဖြစ်ပြီး ဧပြီလ ၁၃ ရက်အထိ ပြန်မလွတ်လာသေးဘူးလို့ ဆိုပါတယ်။

ကျေးရွာဒေသခံတယောက်က “ကျီးပင်ကျေးရွာဘက်မှာ အဖမ်းခံရတာ။ ဖမ်းဆီးခေါ်ခံရတဲ့ အုပ်ချုပ်ရေးမှူးက အရပ်သားတွေအပေါ် အရမ်းဖိအားပေးတာ။ အခု ဖမ်းခေါ်ခံရတဲ့ နေ့ကတည်းက လက်စပျောက်နေတယ်။ ဘယ်အဖွဲ့က ဖမ်းခေါ်တာလဲတော့ မသိဘူး” လို့ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်ကို PDF အဖွဲ့တွေက ဖမ်းတာလို့ စစ်တပ်ဘက်က စွပ်စွဲရေးသားထားပေမဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင် စစ်တပ်က အုပ်ချုပ်ရေးမှူးကို ပြန်လည်ကယ်ဆယ်ခေါ်ယူဖို့ဆိုပြီး ဝါးတောကွင်း၊ ကျီးပင်၊ ကုန်းပြင် စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

အင်္ဂပူတွင် စစ်ကောင်စီ ရဲများက စစ်ဆေးနေစဉ်။ (Photos : KKL)
#DVB
#HlaingInfo
👍6012👏10😁4
စစ်တပ်မှ ထွက်ပြေးသည့် စစ်မှုထမ်းတပ်သားများကို ပြန်လည် ဖမ်းမိပါက နဖူးနှင့်ပါးတွင် တပ်ရင်းအမှတ်နှင့် 'စစ်ပြေး' ဟု စစ်တပ်က တက်တူးထိုးဟု အလင်းဝင်တပ်သား ကျော်မိုးဝင်း ပြော

ဧပြီလ ၁၃ ရက်

စစ်ကောင်စီတပ်မှ ထွက်ပြေးရန် ကြိုးပမ်းသည့် ပြည်သူ့စစ်မှုထမ်းတပ်သားများကို ပြန်လည်ဖမ်း ဆီးရမိပါက နဖူးနှင့် ပါးပြင်များတွင် တပ်ရင်းအမည်နှင့် "စစ်ပြေး" ဟူသော စာတန်းများကို တက်တူးထိုးကာ မြို့ပေါ်တွင် နေထိုင်၍မရအောင် လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော် (AA) ထံ အလင်းဝင်ရောက်လာသည့် တပ်သား ကျော်မိုးဝင်းက ဖွင့်ဟပြောဆိုလိုက်သည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် တပ်သား ကျော်မိုးဝင်းသည် ၂၀၂၅ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်နေ့က ဘီယာဆိုင်မှအပြန်တွင် လူ ၄ ဦးက "မေးစရာရှိသည်" ဟုဆိုကာ ကားပေါ်သို့ အတင်းအကျပ် ဆွဲတင်ဖမ်းဆီးခြင်း ခံခဲ့ရသူဖြစ်သည်။ ၎င်းက “ကျွန်တော်က ဝင်လို့မရဘူး၊ ကျွန်တော့်မှာ မိန်းမရှိတယ်၊ ကလေးကလည်း ငယ်သေးတယ်ပြောတော့ ကျွန်တော့်ကို ရိုက်တယ်” ဟု ၎င်း၏ ကိုယ်တွေ့ကို ပြန်လည်ပြောပြခဲ့သည်။

ယင်းနောက် ကိုကျော်မိုးဝင်းကို မကွေးစုဆောင်းရေးမှတစ်ဆင့် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့ရှိ အမှတ် ၁ စစ်မှုထမ်းသင်တန်းကျောင်းသို့ ပို့ဆောင်ပြီး စစ်မှုထမ်သင်တန်းအပတ်စဉ် ၁၈ သင်တန်းတက်ခဲ့ရပြီးနောက် တောင်ငူနှင့် ကပစ ၁၆ တို့သို့ ပို့ဆောင်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ရှေ့တန်းစစ်မျက်နှာပြင်တွင် ပင်ပန်းဆင်းရဲမှုနှင့် အန္တရာယ်များလှသည့် ကတုတ်ကျင်းတူးခြင်း၊ ဆက်သွယ်ရေးမြောင်းတူးခြင်းလုပ်ငန်းများ လုပ်ဆောင်ရသဖြင့် ပထမအကြိမ် ထွက်ပြေးခဲ့သော်လည်း ကပစ (၁၆) တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရသည်။

ထိုသို့ ပြန်လည်ဖမ်းဆီးခံရချိန်တွင် စကခ ၁၀ ဗျူဟာမှူးက နဖူးနှင့်ပါးပြင်တွင် စစ်ပြေး ဟု တက်တူးထိုးကာ လူသိရှင်ကြား အရှက် ခွဲခဲ့ကြောင်း သိရှိရသည်။

“ဗျူဟာကုန်းကို ရောက်တော့ စကခ ၁၀ ဗျူဟာမှူးက ကျွန်တော်တို့ကို နဖူးတွေမှာ ခမရ ၃၆၆ ဆိုပြီးတော့ တက်တူးတွေ ထိုးပေးပါတယ်။ ပါးမှာ စစ်ပြေးဆိုတာတွေလည်း ရှိတယ်။ အိမ်လည်း ပြန်လို့မရအောင်၊ အိမ်မှာလည်း နေလို့မရအောင် ဒီလိုမျိုးတွေ ထိုးပေးတာ ဖြစ်ပါတယ်။ ဒီလို တပ်ရင်းနာမည်တွေ ထိုးထားတော့ သူတို့လည်း အလွယ်တကူ ဖမ်းရတယ်၊ ကျွန်တော်တို့လည်း မြို့ပေါ်မှာ နေလို့မရအောင် လုပ်တာပါ”ဟု သူ ကရှင်းပြသည်။

ထိုသို့ နှိပ်စက်ခံရပြီးနောက် ရှေ့ဆုံးပွိုင့်စစ်မျက်နှာသို့ ပို့ဆောင်ခြင်း ခံခဲ့ရသော်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ညပိုင်းတွင် သူငယ် ချင်း ၆ ဦးနှင့်အတူ အာရက္ခတပ်တော် (AA) ရှိရာသို့ ထပ်မံထွက်ပြေးကာ အလင်းဝင်ခဲ့သည်။

လက်ရှိတွင် အာရက္ခတပ်တော်က ၎င်းတို့အား ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း တပ်သား ကျော်မိုးဝင်းက ပြောဆိုသည်။

“မင်းတို့ကို သတ်လည်းမသတ်ဘူး၊ ဘာမှမလုပ်ဘူး၊ အချိန်တန်ရင် အိမ်ပြန်ပို့ပေးမယ်၊ ကောင်း ကောင်းမွန်မွန် ထားမယ်လို့ ပြောပါတယ်။ အခုထိလည်း အသက်အန္တရာယ် ဘာမှမစိုးရိမ်ရဘူး၊ စားရေးသောက်ရေးတွေလည်း ကောင်းကောင်းမွန်မွန် စားရပါတယ်” ဟု ၎င်းက ရှင်းပြသည်။

တပ်သား ကျော်မိုးဝင်းသည် စကခ ၁၀ လက် အောက်ခံ ခမရ ၃၆၆ တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရသော စစ်မှုထမ်းတပ်သားဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
🤬553🤔2🔥1🥰1😁1😢1
မီဇိုရမ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ကျပ်သိန်း ၆၀၀ ကျော်နဲ့ မူးယစ်ဆေးများ ဖမ်းမိ

ဧပြီလ ၁၃ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင်ထဲမှာ မြန်မာနိုင်ငံသားနှစ်ဦးထံကနေ ကျပ် သိန်း ၆၀၀ ကျော် နဲ့ မူးယစ်ဆေးများ ဧပြီလ ၁၀ ရက်နေ့မှာဖမ်းမိထားကြောင်းဒေသတွင်း သတင်းများကဖော်ပြထားပါတယ်။

အာသံရိုင်ဖယ်တပ်ဖွဲ့များဟာ တရားမဝင်မြန်မာကျပ်ငွေနဲ့ မူးယစ်ဆေးများသယ်ဆောင်လာတယ်လို့ သတင်း ရရှိလို့ ရှာဟာခရိုင်၊ Zawngling လမ်းဆုံမှာ မြန်မာဘက်ကနေဝင်လာတဲ့ ၁၂၅ ဆိုင်ကယ်ကိုစစ်ဆေးခဲ့ရာ အခုလို ဖမ်းမိတာလို့ဆိုပါတယ်။

Zawngling လမ်းဆုံမှာမြန်မာနိုင်ငံသားနှစ်ဦးမောင်းနှင်လာတဲ့ ၁၂၅ ဆိုင်ကယ်ကိုရပ်တန့်စေပြီး စစ်ဆေးခဲ့ရာ မြန်မာ ကျပ်ငွေ သိန်း ၆၀၀ ကျော် နဲ့ မူးယစ်ဆေးများကိုဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

ဒေသတွင်းသတင်းများဖော်ပြချက်အရ မြန်မာကျပ်ငွေအပြင် မူးယစ်ဆေးဝါးများပါဝင်တယ်လို့ဖော်ပြထား ပေမယ့် မူးယစ်ဆေးအမျိုးအစားနဲ့ ပမာဏကိုတော့တိတိကျကျဖော်ပြထားခြင်းမရှိပါ။

ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို လိုအပ်သလိုအရေးယူဆောင်ရွက်မှုများလုပ်နိုင်ရန်အတွက် Tuipang ရဲစခန်းထံလွှဲပြောင်းပေးထားတယ်လို့သိရပါတယ်။

အိန္ဒိယနိုင်ငံ အတွင်းကိုမြန်မာကျပ်ငွေများ အများအပြားသယ်ဆောင်လာခြင်းဟာ တရားမဝင်ဖြစ်တာ ကြောင့် မကြာခဏဖမ်းဆီးခံနေရပါတယ်။

ပုံအညွှန်း - မြန်မာကျပ်ငွေများနဲ့အတူဖမ်းဆီးခံရသူများအားတွေ့ရစဉ်
ဓါတ်ပုံ - Bengvarna
#ZL
#HlaingInfo
👍41🔥62👏1
ဘုရားသုံးဆူ သင်္ကြန် ကာလအတွင်း DKBA စည်းကမ်းထုတ်

ဧပြီလ ၁၃ ရက်

ထိုင်း - မြန်မာ နယ်စပ်မြို့ ဘုရားသုံးဆူမှာ သင်္ကြန် ကာလအတွင်း မြို့လုံခြုံရေးယူထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) က စည်းကမ်းချက် ငါးချက်ထုတ်ပြန်လိုက်ပြီး မလိုက်နာရင် အပြစ်ပေးအရေးယူမယ်လို့ကြေညာပါတယ်။

သင်္ကြန် ကာလအတွင်း မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်တာမလုပ်ဖို့ ၊ သွားလာနေတဲ့ယာဉ်တွေကို တားဆီးပိတ်ဆို့ ရေမကစားဖို့ ၊ ပြင်းအားရှိတဲ့ ရေပိုက်တွေနဲ့ ရေကမစားဖို့ ၊ ည ၇ နာရီထက်ကျော်လွန်ပြီး ရေကစားတာမလုပ်ဖို့ ၊မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ သရုပ်ပျက်အဝတ်အစား တွေနဲ့ ရေမကစားဖို့ ဆိုပြီး DKBA က အချက် ငါးချက် ထုတ်ပြန်တာပါ။

အဲဒီစည်ကမ်းချက်တွေ မလိုက်နာရင်တော့ အရေးယူမယ်လို့ DKBA ကဆိုပါတယ်။ DKBA ရဲ့ စည်းကမ်းချက်တွေကို မြို့ခံ လူထုက ဝေဖန်ပါတယ်။

ဘုရားသုံးဆူမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ နှစ်သစ်ကူးမှာ ညအချိန်မတော်ထိ မီးရှုးမီးပန်း ဖောက်ပြီးပျော်ပါးတာကိုတော့ DKBA က တားမြစ်တာမရှိဘဲ အခုလို အများပြည်သူပျော်ရမယ့် သင်္ကြန် ပွဲတော်အတွက် စည်းကမ်းတင်းကျပ်အပေါ် မြို့ခံ တွေက ထောက်ပြတာလည်းဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ စစ်တပ်ရှေ့တန်းစခန်းရှိပေမယ့် မြို့လုံခြုံရေးကိုတော့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ဗိုလ်စောအေဝမ်းအဖွဲ့က တာဝန်ယူထားပါတယ်။

ဘုရားသုံးဆူမှာ ကျားဖြန့် လုပ်ငန်းတွေရှိပြီး DKBA က ခွင့်ပြုထားတာဆိုတဲ့စွပ်စွဲချက်တွေရှိပါတယ်။

ဘုရားသုံးဆူမြို့သင်္ကြန်ပွဲတော်ကာလအတွင်း DKBA တပ်ဖွဲ့ဝင်တွေ အနေနဲ့ ယူနီဖောင်းဝတ်ဆင်ပြီးစစ်လက်နက်တပ်ဆင်သွားလာတာတွေ မပြုလုပ်ဖို့၊ ရေကစားရာမှာ အရပ်ဝတ်စုံနဲ့သာ သွားလာဖို့ စတဲ့ စည်းကမ်းချက်တွေကို ထုတ်ပြန်ထားပြီး မလိုက်နာတဲ့ တပ်ဖွဲ့ဝင်တွေကိုအရေးယူမယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ - Google Map
#LNO
#HlaingInfo
24😁13🔥5👍3👎3🥰1
ဗျူဟာကုန်းမှာ သင်္ကြန်ကြိုနေတဲ့စစ်တပ် ဒရုန်းနဲ့ဗုံးကြဲခံရလို့ ဖားကန့်ဒေသကို လေကြောင်းက ဗုံးပြန်ကြဲ

ဧပြီလ ၁၃ ရက်

ဖားကန့်ဗျူဟာကုန်းမှာ စစ်တပ်က သင်္ကြန်အကြိုနေ့ပွဲလုပ်နေစဉ် ချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDFက ဒရုန်းနဲ့ဗုံးကြဲရာ ထိခိုက်သေဆုံးမှုတွေရှိလို့ စစ်တပ်က ဖားကန့်ဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်အရာရှိတွေဦးဆောင်ပြီး ဖားကန့်ဗျူဟာကုန်းမှာ ဒီကနေ့မနက်ပိုင်းကစပြီး သင်္ကြန်အကြိုပွဲလုပ်နေကြတာပါ။ နေ့လယ် ၁၂နာရီခန့်မှာ KIA၊KPDFက ဒရုန်းနဲ့ဗုံးကြဲပြီးနောက် ၁နာရီခန့်အကြာမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာပါ။

" စစ်တပ်ကကောင်တွေ မူးရူးပြီး သင်္ကြန်ကြိုနေတာ သတင်းပေးလို့ ဒရုန်းကြဲတာ။ သူတို့ ထိတော့ လေယာဉ်လှမ်းခေါ်တာ။လေယဥ်လာတာ၂စီးနဲ့ပစ်တာ"လို့ KIAနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ဗုံးကြဲမှုဟာ စစ်တပ်က ဖားကန့်ဒေသမှာ ၃ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပါတယ်။ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်နဲ့ အမှိုက်ပုံကျေးရွာဘက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာဖြစ်ပြီး အထိအခိုက်မရှိဘူးလို့ ကနဦးသတင်းရရှိပါတယ်။

စစ်တပ်ဟာ ရန်ကုန်၊နေပြည်တော်၊မန္တလေးအပါအဝင် ၎င်းတို့ထိန်ချုပ်နိုင်တဲံမြို့တွေကို သင်္ကြန်ပွဲတော် စည်ကားအောင်လုပ်နေပြီး သင်္ကြန်အကြိုနေ့မှာ ဖားကန့်ဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ တိုက်ပွဲတကျော့ပြန်ဖြစ်ပွားတဲ့ ဧပြီ ၂ရက်နဲ့ ဧပြီ ၉ရက်ကလည်း စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ဧပြီ ၂ရက်က တိုက်ပွဲအတွင်း စစ်တပ်ရှေ့တန်းစခန်း ၆ခုကို KIA၊KPDFက သိမ်းယူခဲ့ပါတယ်။

စစ်တပ်က လေကြောင်းကနေဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့ လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင်ဒေသခံ ၆ဦးဒဏ်ရာရခဲ့ပါတယ်။

ဧပြီ ၁၁ရက်တိုက်ပွဲမှာ စစ်တပ်ရဲ့ ဖားကန့်ဗျူဟာကုန်းကို KIA ၊KPDFက ဒရုန်းနဲ့ဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေရှိပြီးနောက် စစ်တပ်က လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲခဲ့ပါတယ်။ မနေ့ကလည်း ဗုံးထပ်ကြဲတာဖြစ်ပြီး နောက်ထပ်တိုက်ခိုက်နိုင်ခြေရှိလို့ လေကြောင်းသတိပေးချက်တွေကို တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

သင်္ကြန်ကာလဖြစ်‌ပေမယ့် လက်ရှိဒေသတွင်းစစ်‌ရေးအခြေအနေကို နားလည်နေဖို့ ဒေသခံတွေကို တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

ဖားကန့်ဒေသကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာမှာ ဟုမ္မလင်းလေဆိပ်ကို အများဆုံးအသုံးပြုနေပါတယ်။ ကချင်ပြည်နယ်နဲ စစ်ကိုင်းတိုင်းအတွင်းကမြို့တွေကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ ဟုမ္မလင်းလေတပ်ရဲ့ အန္တရာယ်ကို အထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ သတိပေးထားပါတယ်။

(ဖားကန့်ဒေသကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
#LNO
#HlaingInfo
👍5013👎2🤬1
ယင်းမာပင်နှင့် ပုလဲတွင် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်၊ ၁၃ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံး

ဧပြီလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က Gyrocopter များ၊ ဒရုန်းများနှင့် လက်နက်ကြီးများ အသုံးပြု၍ တိုက် ခိုက်ခဲ့ရာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် ပြည်သူပိုင်ပစ္စည်းများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော Gyrocopter ၃ စီးအနက် ၂ စီးသည် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ငါးမောင်းကျေးရွာရှိ စာသင်ကျောင်းအနီးသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ဒေသပြည်သူတစ်ဦးက ဖြစ်စဉ်နှင့်ပတ်သက်၍ "စစ်ခွေးတွေ ဗုံးကျဲတိုက်ခိုက်တာမှာ ယင်းမာပင်နယ် ငါးမောင်းရွာ စာသင်ကျောင်းအနီး ၁ လုံးကျတာ လက်သမားဆရာကြီးရဲ့ မြေးမလေး လည်ပင်းပြတ်ကာ သေဆုံးတယ်လို့ ကြားတယ်။ ပြီးတော့ ငါးမောင်းရွာ စာသင် ကျောင်း ပျက်စီးမှုအချို့ ရှိတယ်လို့ သိရတယ်" ဟု ပြောဆိုခဲ့သည်။

ထို့ပြင် တမာပင်ခွကျေးရွာရှိ စပါးကျီတစ်လုံး မီးလောင်ပြာကျခဲ့ပြီး လည်ငေါက်လျှပ် စစ် ဓာတ်အားခွဲရုံ အဝင်မီးကြိုးများ ပျက်စီးသွားခြင်းကြောင့် ယင်းမာပင်နှင့် ပုလဲမြို့နယ်တို့တွင် လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း သိရသည်။

အလားတူ ပုလဲမြို့နယ်၊ မုံကြိုင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သေတ္တရာကျေးရွာရှိ သံဃာနာယကအဖွဲ့ဝင် ဆရာ တော်တစ်ပါး၏ မော်တော်ယာဉ်နှင့် ထွန်စက်တစ်စီး ဗုံးစထိမှန် ပျက်စီးခဲ့သည်။

ထို့ပြင် ဆည်ဘောင်ဘေးရှိ ဆိတ်ခြံအတွင်း လက်နက်ကြီးကျရောက်သဖြင့် ပြည်သူတစ်ဦး ဒဏ်ရာရကာ ဆိတ် ၄ ကောင် သေဆုံးခဲ့သည်။

ဒေသခံတစ်ဦးက "ပုလဲမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ခွေးတွေက မုံကြိုင်းရွာမှာ အခြေပြုထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဆိတ်ခြံထဲကျပြီး ဆိတ် ၄ ကောင် သေဆုံးကာ ပြည်သူ ၁ ဦး ဒဏ်ရာရတယ်လို့ ကြားတယ်။ အဲ့ဒီစစ်ကြောင်းကပဲ ဒရုန်းနဲ့ချတာ သေတ္တရာရွာက ဘုန်းကြီးကားနဲ့ လေးဘီးထွန်စက် ၁ စီး ပျက်စီးသွားတယ်" ဟု အတည်ပြုပြောကြားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က အဆိုပါမြို့နယ်များအတွင်း မြေပြင်စစ်ကြောင်းများခွဲ၍ စစ်ကြောင်းထိုးနေသည့်အပြင် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်တိုက် ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူ သောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ အညာဒေသတွင် ဗုံးပတ်ကျဲနေသော စစ်တပ်၏ စက်တပ်လေထီး ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM
#HlaingInfo
🤬635🔥4👎1😢1