Hlaing Info
55K subscribers
141K photos
5.86K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
‎ကန့်ဘလူ တင့်ကားတပ်ရင်းအတွင်းကို MI17 ရဟတ်ယာဉ်သုံးစီးဖြင့် စစ်ကော်မရှင်က လူအင်အား၊ ခဲယမ်းနှင့် ရိက္ခာများပို့နေ

‎ဧပြီလ ၁၁ ရက်

‌‎စစ်ကိုင်းတိုင်းအတွင်း နယ်မြေစိုးမိုးမှုပြန်ယူလိုနေသည့် စစ်ကော်မရှင်က ကန့်ဘလူနယ်ရှိ တင့်ကားတပ်ရင်းအတွင်းကို စစ်ကူနှင့် ခဲယမ်း၊ ရိက္ခာ အလွန်အကျွံဖြည့်တင်းလာကြောင်း သိရသည်။

‎မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တံတားဦးမှတက်လာသည့် MI17ရဟတ်ယာဉ်သုံးစင်းတို့ဖြင့် တင့်ကားတပ်ရင်း ၆၀၀၆အတွင်းကို လူအင်အား၊ ခဲယမ်း၊ ရိက္ခာတို့ကို ပြီးခဲ့သည့် ဧပြီ ၈ရက်နေ့က ၁၁ကြိမ်ထိ အဆင်းအတက်လုပ်၍ ပို့ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

‎"မနေ့ကအထိကို တံတားဦးနဲ့ နမခကတက်လာတဲ့ ရဟတ်ယာဉ်တွေ အတက်အဆင်းရှိတယ်။ ရှေ့ရက်ဆက်တိုက်မှာ စစ်ကိုင်း တပ်မ ၃၃ကတက်လာတဲ့ ရဟတ်ယာဉ်တွေ ဆင်းတယ်။ တတက ၁၃မှာ လူအင်အားတင်လာပြီး လာဖြည့်တယ်လို့ သိရတယ်။ နမခထဲက ခဲယမ်းတွေလည်း လာပို့တာ" ဟု စစ်ကိုင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‌‎နမခမှ MI17တစ်စီးနှင့် တံတားဦးမှ MI17နှစ်စီးတို့ဖြင့် သပိတ်ကျင်း၊တွင်းငယ် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း တတက ၁၃အတွင်းဝင်ရောက်ပြီး ထိုမှတဆင့် တင့်ကားတပ်ရင်းအတွင်း ဆင်းသက်ခဲ့ခြင်းဖြစ်သည်။

‎ဧပြီ ၉ရက်နေ့ကလည်း MI 17နှစ်စီးဖြင့် တင့်ကားတပ်ရင်းအတွင်း သုံးကြိမ်ခန့် အတက်အဆင်းရှိခဲ့ပြီး လူအင်အားပို့ခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

‎၆၀၀၆ တင့်ကားတပ်ရင်းသည် သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (သကစ) လက်အောက်ခံဖြစ်ပြီး နယ်မြေလုံခြုံရေးနှင့် စစ်ရေးလှုပ်ရှားမှုများတွင် အဓိကပါဝင်လေ့ရှိသော တပ်ရင်းတစ်ခုဖြစ်သည်။

‌‎ကောလင်းမြို့နယ်ကို စစ်ကော်မရှင်က ပြန်လည်သိမ်းယူစဉ်ကလည်း ဝန်းသိုတပ်ရင်းများနှင့် ကန့်ဘလူ ၆၀၀၆မှ ‌ရဟတ်ယာဉ်ဖြင့် အဓိကထောက်ပို့ခဲ့သည်။

‌‎ကန့်ဘလူတပ်ရင်းအတွင်းကို စစ်ကူအင်အား ၃၀၀ခန့်ရောက်ရှိနေပြီဟု ခန့်မှန်းရပြီး ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်တလျောက်ကို စစ်ကော်မရှင်က စစ်ရေးဖြန့်ကျက်နှောင့်ယှက်ရန် ရည်ရွယ်လျက်ရှိကြောင်း သိရသည်။

‌‎#AYAT
#HlaingInfo
🤬39👎16🔥4👏32👍2😢1
လောင်းလုံးမြို့မရဲစခန်းတွင် အရက်သောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး၊

▪️မုဒုံတွင်လည်း စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်

ဧပြီလ ၁၁ ရက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မရဲစခန်းတွင် အရက်သောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ ည ၁၀ နာရီချိန်ခန့်တွင် လောင်းလုံးမြိုမ ရဲစခန်း အတွင်း အရက်သောက်ပြီး ကာရာအိုကေဆိုနေသော စစ်သားများကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့(LLSBF)က ဒရုန်းဖြင့် ဗုံး ၂ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံးကာ ၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် သင်္ကြန်ကာလအတွင်း သွားလာနေထိုင်ရာတွင် ဂရုစိုက်ကြရန်နှင့် အချိန်မရွေး နေရာမရွေး တိုက်ပွဲများဖြစ်ပေါ်လာနိုင်သောကြောင့် သတိပြု သွားလာကြရန် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

ထို့ပြင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ် အမတ ၃၁၈ စစ်ဆေးရေးဂိတ်စခန်းကို ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း RMA-Ramonnya Mon Army အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မုဒုံမြို့နယ်၊ အဘစ်ကျေးရွာနားရှိ အကြမ်းဖက် စစ်တပ် အမတ ၃၁၈ စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရှိသည်။

"စစ်ခွေးသေစာရင်းကတော့ ကျွန်တော်တို့ စုံစမ်းနေတုန်းပါ။ အဲဒီဂိတ်က ခရီးသွား ပြည်သူတွေကို တော်တော်ဒုက္ခပေးတဲ့ဂိတ်ပဲ၊ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အကြမ်းဖက်တာ ငွေညှစ်တာတွေ လုပ်ဆောင်နေတဲ့ဂိတ်ပါ"ဟု RMA-Ramonnya Mon Army အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရာမညမွန်တပ်တော် ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

#KTM
#HlaingInfo
55👏15👍5🔥2😁1😢1
ကနီနဲ့ အရာတော်မှာ သင်္ကြန်ကာလအတွင်း ဆူညံစွာပျော်ပါးတာတွေ မပြုလုပ်ဖို့ တော်လှန်ရေးအဖွဲ့တွေ ထုတ်ပြန်

ဧပြီလ ၁၁ ရက်

စစ်ကိုင်းတိုင်းအတွင်းက ကနီမြို့နယ်နဲ့ အရာတော်မြို့နယ်တွေမှာ လာမယ့်သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်တာနဲ့ အသံချဲ့စက်တွေ အသုံးပြုပြီး ဆူညံစွာ ပျော်ပါးခြင်းတွေ မပြုလုပ်ကြဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ဒီကနေ့ (ဧပြီလ ၁၁ ရက်)မှာ အသီးသီး ထုတ်ပြန်ချက်ထုတ်ကာ မေတ္တာရပ်ခံလိုက်ပါတယ်။

နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရမှုတွေကြောင့် ပြည်သူတွေအသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးနေရချိန်ဖြစ်တာကြောင့် ဝမ်းနည်းပူဆွေးနေရတဲ့ ပြည်သူတွေကို စာနာတဲ့အနေနဲ့ ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ကနီမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က အသိပေးပါတယ်။

ကနီမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်တွေမှာ ဆောင်းဘောက်နဲ့ အသံချဲ့စက်တွေ အသုံးပြုကာဆူညံစွာ လူစုလူဝေးနဲ့ မြူးတူးပျော်ပါးခြင်းတွေကို ရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ကနီမြို့နယ်မှာ ဧပြီ ၁၀ရက် မနက်ပိုင်းက တဇယ်ချောင်ကျေးရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီက ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ နေရာမရွေးနေ့စဉ်ရှိနေတာကြောင့် လေကြောင်းသတိပေးချက်တွေကို အနှောင့်အယှက်ဖြစ်စေတဲ့ အသံချဲ့စက်ဖွင့်ခြင်းနဲ့လူစုလူဝေးပြုလုပ်ခြင်းတွေကို မပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။

ဒါ့အပြင် အရာတော်မြို့နယ်မှာ အလှူပွဲနဲ့ မင်္ဂလာပွဲတွေမှာပါ အသံချဲ့စက်ဖွင့်တာကို ကန့်သတ်ထားပြီး လိုက်နာခြင်းမရှိဘဲ ဆောင်ရွက်ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာပါက ဦးဆောင်သူတွေက တာဝန်ယူရမှာဖြစ်သလို တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။

အရာတော်မြို့နယ်အတွင်းမှာ စစ်ကောင်စီက မတ်လ ၃၀ရက်ကစပြီး ဧပြီ ၁၁ရက်အထိ အရပ်သားပြည်သူနေရာတွေကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေကြောင်း၊ ဒါ့ကြောင့် လာမယ့်သင်္ကြန်ကာလမှာလည်း လေကြောင်းနဲ့လက်နက်ကြီးနဲ့ပါ တိုက်ခိုက်မှုတွေရှိလာနိုင်တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်နယ်တာဝန်ခံတွေ၊ ရပ်ကျေးတာဝန်ခံတွေ အနေနဲ့ သင်္ကြန်မဏ္ဍပ် (ရေကစားမဏ္ဍပ်) ဆောက်လုပ်ခြင်း၊ ရေကစားရန်လူစုပေးခြင်းတွေကို မိမိတို့ကိုယ်တိုင်သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း၊သွယ်ဝိုက်၍ သော်လည်းကောင်း ပြုလုပ်ခဲ့ပါက ထိရောက်ပြင်းထန်စွာ အရေးယူမှာဖြစ်ကြောင်း အရာတော်ပကဖက အမိန့် ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဧပြီ ၁၁ ရက် မနက်ပိုင်းကပဲ အရာတော်မြို့နယ်တောင်ခြမ်းရှိ မင်းရွာကျေးရွာနဲ့ မလဲသာကျေးရွာကြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

စာထုတ်တဲ့အဖွဲ့အစည်းတွေကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

"သင်္ကြန်ကမလုပ်သင့်သေးဘူး။ ဗုံးကြဲခံရနိုင််တယ်"လို့ ရွှေဘိုခရိုင်က ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာလည်း လာမယ့်သင်္ကြန်ကာလအတွင်း လေကြောင်းအန္တရာယ်အပါအဝင် လုံခြုံရေးအသိ သတိနဲ့ ဖြတ်သန်းကြဖို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့ထိန်းချုပ်ထားတဲ့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာတော့ သင်္ကြန်ပွဲတော်ကို ခမ်းခမ်းနားနားပြုလုပ်ဖို့ စီစဥ်နေပြီး လုပ်ငန်းရှင်တွေကိုလည်း မဏ္ဍပ်တွေလုပ်ကြဖို့ ဖိအားပေးခဲ့ပါတယ်။

(နေပြည်တော်ရှိ ရေကစားမဏ္ဍပ် မိုးသက်လေပြင်းကြောင့်ပျက်စီးနေတာကို ဧပြီ ၇ရက်က တွေ့ရစဉ်။ဓာတ်ပုံ- - ဒေသခံ)
#LNO
#HlaingInfo
👍5713🔥2🤔1
တပ်မ(၉၉)တပ်ကြပ်တစ်ဦး လက်နက်ယူလာပြီး ဂန့်ဂေါအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

ဧပြီလ ၁၁ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စစ်တပ်စခန်းကနေ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေယူပြီး ထွက်ပြေးလာတယ်လို့ ဒေသတွင်းတော် လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မနေ့က(ဧပြီ ၁၀ရက်) တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ထွက်ပြေးလာတဲ့ တပ်မ(၉၉)က တပ်ကြပ်တစ်ဦးဟာ MA 3 တစ်လက်၊ကျည် ၂၀၀နဲ့ လက်ပစ်ဗုံး ၄လုံးယူလာတယ်လို့ ဆိုပါတယ်။

"နီးစပ်ရာ ပကဖတွေဆီ ရောက်သွားတယ်။သေနတ် ၊ လက်ပစ်မိုင်း ၊ ကျည် အလုံလောက်နဲ့ ထွက်ပြေးလာတာပါ ။ဂန့်ဂေါကို ပြောင်းလာရတဲ့ အသစ်တွေပေါ့"လို့ ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ထွက်ပြေးလာတဲ့ တပ်ကြပ်က ဂန့်ဂေါမြို့နယ် ရှောက်ပင်ရွာက ကာကင်းစခန်းမှာ တာဝန်ကျနေသူပါ။

"မနေချင်တော့လို့ ပြေးလာတယ်ကြားပါတယ်။သက်ဆိုင်ရာကတော့ မထုတ်ပြန်သေးဘူး။သူကို စစ်ဆေးမေးမြန်းနေဆဲ"လို့ ဂန့်ဂေါမြို့နယ်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ရှောင်ပင်ရွာကာကင်းစခန်းကို တပ်မ(၉၉)တပ်သားတွေနဲ့ ပြီးခဲ့တဲ့လက တပ်အချိန်းအပြောင်းလုပ်ခဲ့တာလို့လည်း သိရပါတယ်။

ဂန့်ဂေါမြို့ရဲ့တောင်ဘက် (၆)မိုင်ဝန်းကျင်အကွာက ရှောက်ပင်ကျေးရွာကို စစ်တပ်က ပြီးခဲ့တဲ့နှစ် ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး တပ်စွဲခဲ့ပါတယ်။

ဒါ့အပြင် အခုနှစ်ဆန်းပိုင်းကစပြီး စစ်တပ်က တပ်မ(၉၉)လက်အောက်ခံတပ်ရင်းတွေကို ထီးလင်း၊ဂန့်ဂေါနဲ့ ပေါက်မြို့နယ်တွေမှာ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။

အဲဒီတပ်ရင်းတွေထဲက တပ်သားတချို့ဟာ လက်နက်တွေယူလာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်လာတာ ရှိပါတယ်။

#LNO
#HlaingInfo
👍71👏15🥰42😁2🔥1
အဂတိလိုက်စားမှုကင်းကြဟု ဦးမင်းအောင်လှိုင် ပြော

ဧပြီလ ၁၁ ရက်

အဂတိလိုက်စားမှုသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို များစွာ ထိခိုက်စေပြီး လူတဦးချင်းစီ၏ အကျင့်စာရိတ္တနှင့် စိတ်ဓာတ်ကို ပျက်စီးစေသည့်အတွက် အဂတိလိုက်စားမှု ကင်းရှင်းကြရန်လိုကြောင်း အာဏာသိမ်းကာ သမ္မတလုပ်သည့် ဦးမင်းအောင်လှိုင်က ဧပြီ ၁၀ ရက်နေ့ အစိုးရအဖွဲ့ဝင်များအား ပြောသည့် မိန့်ခွန်း၌ ထည့်ပြောသည်။

“အဂတိလိုက်စားမှုကင်းရှင်းအောင် ဆောင်ရွက်သွားကြဖို့လိုပါတယ်။ အဂတိလိုက်စားမှုဟာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေပြီး လူတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တနဲ့စိတ်ဓာတ်ကိုလည်း ပျက်စီးစေတာဖြစ်ပါတယ်။ သူများ မိုးခါးရေသောက်လို့ သောက်ရပါတယ်ဆိုရာကနေ တစတစအမြစ်တွယ်လာပြီး အကျင့်ပျက်ခြစားမှုတွေ များလာတာမျိုးမဖြစ်အောင် ထိန်းသိမ်းလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။

ထို့ပြင် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအနေဖြင့် စိတ်ထား မှန်ကန်ကြရန်နှင့် စိတ်ကောင်းစေတနာရှိကြရန် စိတ်ဓာတ်နှင့်အတွေးအခေါ်များကို ပြုပြင်ပြောင်းလဲကြရန်လည်း ၎င်းက ပြောသွားသည်။

သို့သော် ၎င်းတို့မိသားစုသည် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ဇိမ်ခံအိမ်ရာဝင်းတခုတွင် ဘတ် ၈၉ သန်း (အမေရိကန်ဒေါ်လာ သုံးသန်းခန့်)တန်ကြေးရှိသော ဇိမ်ခံ အိမ် တလုံးကို ချွေးမဖြစ်သူ မျိုးရတနာထိုက် နာမည်ဖြင့် ဝယ်ယူခဲ့ကြောင်း Justice for Myanmar အဖွဲ့က မတ်လ ၂၅ ရက်၌ ထုတ်ပြန်ခဲ့သည်။

#TIR
#HlaingInfo
😁99🤬166👎2
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး

ဧပြီလ ၁၁ ရက်

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၁၁ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
42👍22👏9🥰1
‼️ ဧပြီလ ၁၁ ရက်နေ့ ၊ နေ့စဉ် သတင်းအကျဉ်းချုပ်‼️

01-၂၀၂၀ ရွေးကောက်ပွဲ၏ မဲမသမာမှုများကို မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်မှုမရှိ၍ နိုင်ငံအနှံ့ ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်ပြီး  နိုင်ငံဆင်းရဲဒုက္ခတွင်းထဲရောက်အောင် ဖျက်ဆီးနေကြောင်း အကြမ်းဖက် ဇွတ်သမ္မတ မင်းအောင်လှိုင်က ထပ်မံပြောဆိုပြန်သည်။

02-မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) တပ်ဖွဲ့ဝင်ဟောင်းအချို့ကို စစ်ကောင်စီက ဖမ်းဆီးစည်းရုံးပြီးနောက် တော်လှန်ရေးနယ်မြေများအတွင်းသို့ စပိုင်အဖြစ် ပြန်လည်စေလွှတ်ကာ ပစ်မှတ်ရှာခိုင်းပြီး လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း MDY PDF က သတင်းထုတ်ပြန်သည်။

03-ယခု  ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ခုနှစ် မကုန်ခင် လက်ကျန် အဆုံးအဖြတ်တိုက်ပွဲများကိုလက်စ သိမ်းအောင်ပွဲခံရေး လုံး၀ယုံကြည်ချက်ဖြင့် တိုက်ပွဲဝင်ကြရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အမိန့်ပေး ညွှန်ကြားသည်။

04-မကွေးတိုင်း၊ ပခုက္ကူ - ရေစကြိုလမ်းပိုင်းမှာ  စစ်တပ်နဲ့  ဆက်နွယ်တဲ့ အရက်ဘီယာတွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တစ်စီးကို ဖမ်းဆီးရရှိတယ်လို့ Southern YSO PDFက ဒီကနေ့ ဧပြီ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

05-စစ်ကိုင်းနှင့် မန္တလေးတွင် စစ်တပ်နှင့်ပေါင်း၍ ပျူစောထီး စီးပွားရေးသမားများပူးပေါင်းပြီး စက်သုံးဆီဆိုင်များမှ ဆီများကို လိုက်လံက်ဝယ်ယူကာ  မှောင်ခိုဈေးဖြင့်  ပြင်ပသို့ ပြန်လည် ရောင်းချနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

06-ရန်ကုန်တိုင်းအတွင်းတွင် လစဉ် စစ်မှုထမ်းတပ်သား ၉၀၀ နီးပါး ခေါ်ယူလျက်ရှိသော် လည်း စစ်မှုထမ်းအပတ်စဉ်  ၁ မှ စစ်မှုထမ်းတပ်သား ၉၁ ဦးသာ  အိမ်ပြန်နိုင်ကြောင်း စစ်တပ်တယ်လီဂရမ်ချန်နယ်များက ယနေ့ သတင်းထုတ်ပြန်သည်။

07-အာဆီယံဗဟိုဘဏ် ဒုဥက္ကဋ္ဌများ အစည်းအဝေးကို စစ်အုပ်စုရဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦး တက်ရောက်ရာမှာ စစ်အုပ်စုက တရားဝင် အသုံးပြုနေဆဲဖြစ်တဲ့ နိုင်ငံတော်အလံကို ပြောင်းပြန်ဇောက်ထိုးချိတ်ဆွဲပြီး တက်ရောက်ခဲ့တာကို ပြန်ကြားရေးဌာနက ထုတ်ပြန်လာတဲ့ သတင်းဓာတ်ပုံတွေအရ သိရပါတယ်။

08-ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

09-အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှာ လက်နက်ကိရိယာနှင့် နည်းပညာများ အဘက်ဘက်မှ သာလွန်သော်လည်း အာရက္ခတပ်တော် AA ၏ သတ္တိ၊ ခွန်အား၊ စိတ်ဓာတ်၊ နည်းပရိယာယ် ဉာဏ်ပညာများကို မယှဉ်ပြိုင်နိုင်ကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ့ရဲဘော်များကို မှာကြားထားသည်။

10-ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေးကို ဧပြီ ၁၀ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက်သဘောတူညီမှုတွေချမှတ်နိုင်ခဲ့ကြောင်း ကောင်စီဝင် အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။

11-ရှမ်းပြည်အရှေ့မြောက်၊ UWSA ထိန်းချုပ်သည့် ပန်ခမ်းမြို့ရှိ တရုတ်နိုင်ငံသားများပိုင် ဟိုတယ်များကို ယနေ့တွင် "ဝ" ဒေသ ရဲနှင့် တပ်ပူးပေါင်းအဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးရာမှ ကျားဖြန့် ၃၀ ဦးခန့် ဖမ်းဆီးမိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

12-ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ ရွှေလဖုန်းကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် စက်သုံးဆီ သယ်ဆောင်လာသူ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

13-တရုတ်နိုင်ငံထုတ် အဆင့်မြင့်ကင်းထောက်ဒရုန်းတွေ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရောက်လာတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

14-စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချောင်းကန်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည့် ပြည်သူ ၃ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီးနောက် မြှုပ်နှံထားခဲ့သည့် ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

15-မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းရွာမှ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရသည့် ကိုကျော်လင်းမှာ  စစ်တပ်၏ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးသွားကြောင်း ကိုကျော်လင်း၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍5416😁3🔥1
📢 Hlaing Info မှ မိဘပြည်သူများသို့ အသိပေးခြင်း

မင်္ဂလာပါခင်ဗျာ...

ယနေ့မှာတော့ ကျွန်တော်တို့ Hlaing Info ရဲ့ "သိမ်းဆင်းအလှူ" လေးရှိနေတာကြောင့် သတင်းတင်ဆက်ခြင်းတွေကို ဒီနေ့တစ်ရက်ပဲ ခေတ္တအနားယူခွင့်ပြုပါဦးခင်ဗျာ။ 🙏


နောက်ရက်တွေမှာတော့ သတင်းထူး၊ သတင်းဦးတွေကို ပုံမှန်အတိုင်း ပြန်လည်တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

နားလည်ပေးကြတဲ့ မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။


#HlaingInfo
205👍35🥰11👏4🔥2
မင်္ဂလာနံနက်ခင်းပါ....
ကျန်းမာရွှင်လန်းကြပါစေ....

ပူပင်သောကတွေ ကင်းဝေးပီး
ပျော်ရွှင်ချမ်းမြေ့သော
နေ့ရက်လေး ဖြစ်ပါစေ....

စိတ်ဆင်းရဲခြင်း
ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးပီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့်
မိမိတို့၏ ခန္ဓာ့ဝန်ကို လွယ်ကူစွာ
ရွက်ဆောင်နိုင်ကြပါစေ....

ဘေးရန် ရောဂါ ကင်းစင်ကွာ၍
လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ....

Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏
🙏🙏

#HlaingInfo
105👍16🥰3🔥1
ဧရာဝတီ က ဘာမဆို လုပ်ရဲတဲ့ သူ ကို ဒဲ့ စိန်ခေါ်
****

ဘာမဆို လုပ်ရဲသူ ဖြစ်သည့် အတွက်လည်း ကိုယ့်ကိုကိုယ် အာဏာ ပြန်လွှဲပြီး သမ္မတ တု အဖြစ် အရှက် သိက္ခာ ဘေးချိတ်ပြီး လုပ်လာသည့် မင်းအောင်လှိုင်အား အချက် သုံးချက် ကို လုပ်ရဲလားဟု ဧရာဝတီက ဒဲ့ စိန် ခေါ် လိုက်ပြီ ဖြစ်သည်။

ပထမ ဆုံး အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ကြီး ဦးဝင်းမြင့် အပါအဝင်  နှစ်သောင်း နီးပါး ရှိသည့် နိုင်ငံရေး အကျဉ်းသား များ လွှတ်ပေးရဲလား ဟူ ၍ ဖြစ်သည်။

၎င်း၏ ဆရာသမား ဖြစ်သူ ဗိုလ်သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲ အပြီး ၆ ရက် အကြာတွင်ပင် လွှတ်ပေးရဲသည့် သတ္တိရှိသူ တဦး ဖြစ်သည်။ ထိုကဲ့သို့ လုပ်ရဲမည်လောဟု နိုင်ငံတကာ က စောင့် ကြည့် နေပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့် ကို ဆက်၍ ချုပ်နှောင်ထားသရွေ့၎င်း ၏ သမ္မတ ဆိုသည် ကို အရိပ်မည်းကြီး ထိုးနေဦးမည်သာ ဖြစ်သည်။

၎င်း၏ စကားထဲတွင် တော့ သင့်လျော်သလို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ထည့်ပြောလာသည်၊ ရာပြည့်က ဒေါ်အောင်ဆန်းစုကြည်အား သွားတွေ့သည် ဆိုသော ကောလဟာသများ ထွက်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝါရှင်တန် သည် အီရန်စစ်ပွဲကြောင့် အလုပ်များနေခြင်း မဟုတ်၊ ဧပြီ ၇ ရက် တွင် ဗီယက်နမ် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် တူ လန် ကို ဂုဏ်ပြု ချီးကျုးကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။ နောက်သုံးရက် အကြာ သမ္မတ ဆိုကာ ဖြစ်လာသော မင်းအောင်လှိုင်ဆီကိုကား ဖုတ်လေသည့် ငပိ ရှိသည်ဟု ပင် မထင်ခဲ့ပေ။

ဒုတိယ အချက် အဖြစ် စိန်ခေါ်လာသည်က အတင်းအကျပ် စစ်မှု ထမ်း ဥပဒေကို ဖျက်သိမ်းရဲလား ဆိုသည်ပင် ဖြစ်သည်။ မင်းအောင်လှိုင်သည် တိုင်းပြည် ကုန်ထုတ်စွမ်းအား များ၏ ပင်မ အင်အား ဖြစ်သော အလုပ်လုပ် နိုင်စွမ်း ရှိသည့် လူငယ်လူရွယ် များကို စစ်မြေပြင် သို့ မောင်းလွတ်နေပြီး တိုင်းပြည် စီးပွားရေး တိုးတက် အောင် လုပ်မည်ဟု ကြွေးကြော်နေသူ ဖြစ်သည်။ စစ်မှုထမ်းထဲ ပါသူ များ အပြင် ကျန်ခဲ့သူများလည်း ပြည်တွင်း တွင် မနေရဲတော့၍ နည်းမျိုးစုံ ဖြင့် ပြည်ပသို့ ထွက်ခွာနေရပြီ ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာလူဦးရေနှင့်ပတ်သက်ပြီး တရားဝင်မှတ်ပုံတင်ထားသော အရေအတွက်မှာ ၂.၂၇ သန်းခန့်ရှိသည်ဟုဆိုသော်လည်း IOM (နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အစည်း) ကဲ့သို့သော အဖွဲ့အစည်းများက ခန့်မှန်းထားသည့်အတိုင်း ပုံမှန်မဟုတ်သော အရေအတွက် အပါအဝင် စုစုပေါင်း ၄.၁ သန်းအထိ ရှိနိုင်ကြောင်း ဧရာဝတီ တွင် ဖေါ်ပြထားသည်၊ ထိုအရည်အတွက်သည် ထိုင်းနိုင်ငံတနိုင်ငံတည်း တွင်ပင် တိုင်းပြည် လူဦးရေ၏ ၇.၈ ရာနှုန်း အထိ ရှိနေသည်။

တိုင်းပြည် စီးပွားရေး ကို အောက်ခြေမှ ပြိုလဲအောင် လုပ်နေသည့် စစ်မှု မထမ်းမနေရ ဥပဒေကို ပယ်ဖျက်ရဲလား ဆိုသည်က စောင့်ကြည့် ရမည် ဖြစ်သည်။

တတိယ အချက်ကား လက်ရှိ ကျူးလွန်နေသော ပြည်သူများအား ဗုံးကြဲ သတ်ဖြတ်နေ မှု ကို ရပ်ဆိုင်းပစ်ရဲလား ဆိုသည်ပင် ဖြစ်သည်။
ဤသည်ကား ၎င်းနှင့် ပုံမှန် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် အာဆီယံ အပါအဝင် နိုင်ငံတကာက တောင်းဆိုနေသည့် အဓိက အချက်ပင် ဖြစ်သည်။

ထိုသို့ မလုပ်ရဲပါက ယခုလို ပင် တရုတ်၊ ကုလား၊ ရုရှားက လွဲ၍ မည်သူကမျှ အသိအမှတ် မပြုသည့် သမ္မတ အဖြစ် ရေစုံ မျောပေတော့မည်။ ၎င်း ခေါ်ထဲ့၍ လွှတ်တော်ထဲ ရောက်လာရသည့် USDP ဥက္ကဌ မှ အစ အမတ် ဆိုသူများလည်း နိုင်ငံတကာက အသိအမှတ် မပြုသည့် လွှတ်တော်ကြီး ထဲ ဝင်ထိုင်နေရသည်သာ အဖတ်တင်ပေတော့မည်။

ကိုယ့်ကိုကိုယ် သမ္မတ အဖြစ် ပြန်ခန့်ပြီး အုပ်ချုပ်မည့် အဖွဲ့တွင်လည်း အာဏာရ USDP အား မကောင်းတတ်၍ အရေးမပါသော နေရာများ သာ ခွဲဝေပေးပြီး ၎င်း၏ လက်ပါးစေများ ဖြစ်သည့် အဂတိလိုက်စားမှု၊ လူ့အခွင့်အရေးချိူးဖောက်မှုများ ဖြင့် နာမည်ပျက်ရှိသူများနှင့် စစ်ဗိုလ်ချုပ်ဟောင်း များ ထည့်သွင်း ဖွဲ့စည်းလာခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
59👍45👎3😁2
တစ်နိုင်ငံလုံးတွင် လမ်းလျှောက် သင်္ကြန်ပွဲတော်များဖြင့် စည်စည်ကားကား နှစ်သစ်ကူးမှုများ မဖြစ်မနေ လုပ်ဆောင်ရန် ညွှန်ကြားထား၊

▪️ သင်္ကြန်ပွဲများအတွက် စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေများ အကြီးအကျယ်ကောက်ခံပြီး စပွန်ဆာပေးခိုင်း

ဧပြီလ ၁၃ ရက်

အကြမ်းဖက် မင်းအောင်လှိုင် သမ္မတဖြစ်လာသည့် အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးတွင် လမ်းလျှောက် သင်္ကြန်ပွဲတော်များဖြင့် စည်စည်ကားကား နှစ်သစ်ကူးရန် ညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင်က ၎င်း သမ္မတဖြစ်လာသည့်အထိမ်းအမှတ်အဖြစ် သင်္ကြန်ကာလ ပွဲတော်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်သားသိုက်မြိုက်စွာ ကျင်းပရန်၊ လောင်စာဆီ ချွေတာသည့်အနေဖြင့် လမ်းလျှောက်သင်္ကြန်ပွဲများ၊ ရိုးရာသင်္ကြန် အလှပြပွဲများကိုပါ ထည့်သွင်းကျင်းပရန် ညွှန်ကြားထားခြင်းဖြစ်သည်။

ယင်းအပြင် မင်းအောင်လှိုင်က သမ္မတ အိမ်တော်သင်္ကြန်ပွဲတော် ကျင်းပရန်လည်း ရှိနေပြီး ယင်းအတွက် ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး ၊ သဘင်အစည်းအရုံး အပါအဝင် အနုပညာရှင်၊ အဆိုတော်များလည်း တက်ရောက်ရန် ရှိနေကြောင်း ၊ ပြန်ကြားရေးဝန် ကြီးဌာနက ကိုရီးယားမှ K-pop အဆိုတော်နှင့်အကအဖွဲ့များကိုလည်း ဖိတ်ကြားထားကြောင်း သိရှိရသည်။

လတ်တလော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်များ ကို စစ်တပ်ဝါဒဖြန့် MRTV ရုပ်သံလိုင်း Channel လေးခု တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအိနားများမှ စတင်၍ ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ ပိတ်ပွဲ အခမ်းအနားများအထိ MRTV ရုပ်သံလိုင်းများအားလုံးမှ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း သင်္ကြန်ပွဲတော်များ စည်ကားသိုက်မြိုက်ရေးအတွက် စီးပွား ရေး လုပ်ငန်းရှင်များက ပူးပေါင်းပါဝင်ပေးကြရန်၊ စတုဒီသာကျွေးမွေးမှုများအတွက် အလှူငွေများ ထည့်ဝင်ကြရန် အထူးသဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတုဒီသာ ကျွေးမွေးမှုများကို စီးပွားရေးကုမ္ပဏီများကို စစ်တပ်က တာဝန်ယူခိုင်းထားကြောင်း သိရှိရသည်။

"စီးပွားရေးကုမ္ပဏီတွေအလိုက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ဗဟိုမဏ္ဍပ်တွေမှာ နေ့တိုင်း စတု ဒီသာ ကျွေးမွေးမှုတွေ နေ့စဉ် လာကျွေးပေးဖို့ ဖိတ်တယ်။ ကုမ္ပဏီစာရင်းအလိုက် သင်္ကြန်အကြို၊ အကျ၊ အကြတ်နဲ့ အတက်နေ့အထိ ရေကစားလာသူတွေကို အခမဲ့ ထမင်းကျွေးတာတွေ လုပ်ပေးဖို့ အဲဒါကို ကုမ္ပဏီတွေက စပွန်ဆာပေးခိုင်းတာ။ ကုမ္ပဏီအများစုကတော့ နေပြည်တော်မှာ စတုဒီသာလုပ်ဖို့ တာဝန်ယူကြတယ်" ဟု UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားက ရှင်းပြသည်။

ဓာတ်ပုံ- ၂၀၂၅ ခုနှစ် သင်္ကြန်တွင် အကြမ်းဖက် မင်းအောင်လှိုင် ပါဝင်ခဲ့စဉ်။
#KTM
#HlaingInfo
🤬6514😁11👎4👍1🥰1
အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော် မူးယစ်မှောင်ခိုမှုတွင် အဓိကကျသည့် မြန်မာနိုင်ငံသားကို အိန္ဒိယက ဖမ်းဆီး

ဧပြီလ ၁၃ ရက်

အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (NCB) က မြန်မာနိုင်ငံအခြေစိုက် မူးယစ်ဆေးဝါးဖြန့်ချိသူ အဓိကတစ်ဦးဖြစ်တဲ့ Lalhmingsanga ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒီဖမ်းဆီးမှုဟာ အိန္ဒိယ–မြန်မာ နယ်စပ်တစ်လျှောက် ဖြတ်သန်းသယ်ယူနေတဲ့ မူးယစ်ဆေးဝါးကွန်ယက်တွေကို နှိမ်နင်းရာမှာ အရေးကြီးတဲ့တိုးတက်မှုတစ်ခုလို့ ဆိုပါတယ်။

Lalhmingsanga ကို Mizoram ပြည်နယ် Aizawl မြို့ရှိ NCB ရုံးက စောင့်ကြည့်စစ်ဆေးမှုများနဲ့ သတင်းအချက်အလက်ပေါင်းစပ် လုပ်ဆောင်မှုများပြီးနောက် စနေနေ့မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာ ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့က ဖမ်းဆီးရရှိခဲ့တဲ့ crystal methamphetamine (အေးခဲမက်သမ်ဖက်တမင်း) ၄၈ ကီလိုဂရမ်နဲ့ ဆက်နွယ်တဲ့ အဓိကပေးပို့သူတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ အဲဒီပမာဏဟာ မကြာသေးမီက မြန်မာနိုင်ငံမှ တင်ပို့လာတဲ့ မူးယစ်ဆေးဝါးထဲမှာ အကြီးမားဆုံးတစ်ခုဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုများအရ Lalhmingsanga ဟာ ကွန်ယက်အတွင်း အခြားအဖွဲ့ဝင်များနှင့် ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်ထားပြီး မူးယစ်ဆေးဝါးသယ်ယူရာမှာ အသုံးပြုတဲ့ ယာဉ်များကို ရယူပေးခြင်းစတဲ့ သယ်ယူပို့ဆောင်ရေး ပိုင်းဆိုင်ရာအရေးကြီးတဲ့ အခန်းကဏ္ဍကို ဆောင်ရွက်ထားကြောင်း ဖော်ပြထားပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူမှာ သူဟာ ၆ ဦးမြောက် ဖြစ်ပါတယ်။

အစောပိုင်းစုံစမ်းမှုများအတွင်း Joseph Lalhmangaihzuala၊ Munlamtuanga နဲ့ Zatinthluaii တို့အပါအဝင် အခြားမူးယစ်ဆေးဝါးဖြန့်ချိသူ ၅ ဦးကိုလည်း ဖမ်းဆီးထားခဲ့ပြီး ဖြစ်ပါတယ်။

ဒီမူးယစ်ဆေးဝါးကွန်ယက်ဟာ မြန်မာနိုင်ငံကနေ Mizoram ပြည်နယ်၊ ထို့နောက် ဒေလီမြို့အထိ ချဲ့ထွင်ထားတဲ့ နိုင်ငံတကာကွန်ယက်တစ်ခုဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဓိကပါဝင်သူ Singmunlian (Lianpu) ကို ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့မှာ ဒေလီမြို့မှာ ဖမ်းဆီးခဲ့ပြီး၊ နောက်ထပ်အဓိကညှိနှိုင်းသူ Lalengzaua ကိုတော့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုအရ ဒီကွန်ယက်ဟာ နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါးများ ခိုးသွင်းဖြန့်ချိနေတဲ့ စနစ်တကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးနဲ့ လူထုကျန်းမာရေးအတွက် အန္တရာယ်ကြီးမားစေကြောင်း သိရပါတယ်။

အိန္ဒိယ NCB က အရှေ့မြောက်ဒေသမှာ မူးယစ်ဆေးဝါး နှိမ်နင်းမှုများကို တိုးမြှင့်လာခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်းသာ မူးယစ်ဆေးဝါးအမှု ၄၈ မှု ဖွင့်လှစ်ခဲ့ပြီး လူ ၁၁၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဖမ်းဆီးရရှိထားတဲ့ မူးယစ်ဆေးဝါးများတွင် crystal methamphetamine ၄၈ ဒသမ ၆၁ ကီလိုဂရမ်၊ methamphetamine ၅၀၃ ဒသမ ၄၈၆ ကီလိုဂရမ်၊ heroin ၃၄ ဒသမ ၇၂၅ ကီလိုဂရမ်၊ morphine သို့မဟုတ် opium ၁၄၀ ဒသမ ၁၃၆ ကီလိုဂရမ်၊ ganja ၁၇ ဒသမ ၃၄၄ ကီလိုဂရမ်၊ CBCS ၂၅၀၃ ဒသမ ၂ ကီလိုဂရမ် နှင့် codeine ပါဝင်သော ချောင်းဆိုးဆေး ၅၀၁၃ ပုလင်း ပါဝင်ပါတယ်။

စုစုပေါင်း ဖမ်းဆီးရရှိထားသော မူးယစ်ဆေးဝါးများ၏ မတရားဈေးကွက်တန်ဖိုးမှာ အိန္ဒိယငွေရူပီး ၆၆၄ ဒသမ ၄၄ ကုဋေခန့်ရှိကြောင်း NCB က ထုတ်ပြန်ပါတယ်။

အိန္ဒိယ–မြန်မာ နယ်စပ်ဒေသဟာ မြေပြင်အခြေအနေရှုပ်ထွေးပြီး လွတ်လပ်စွာ သွားလာလွယ်ကူသောနေရာဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးသယ်ယူသူများက အမြဲတမ်း အသုံးချနေကြောင်း၊ ဒါပေမယ့် ယခုအချိန်မှာတော့ နည်းပညာမြင့်စောင့်ကြည့်မှုများ၊ သတင်းအချက်အလက်မျှဝေမှုများနှင့် အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်းလည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ- အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ မူးယစ်ဆေးဝါးများကို NBC က ဖမ်းဆီးခဲ့စဉ်။
#KTM
#HlaingInfo
🔥27👍2014🤔1
KNU ဘူးသိုမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီ ၂ရက်ဆက်တိုက်လေယာဉ်ဗုံးကြဲ ၂ဦးထိခိုက်ဒဏ်ရအနက်၁ဦးသေ၊အိမ်နှင့်အဆောက်အဦးများပျက်စီးမှုရှိ

ဧပြီလ ၁၃ ရက်

KNU အမှတ်၅တပ်မဟာ ထိန်းချုပ်နယ်မြေ ဘူးသိုမြို့နယ်အတွင်း ဧပြီလ ၁၀နှင့်၁၁ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီမှဂျက်ဖိုက်တာဖြင့်ပေါင်၅၀၀ဗုံးသီး၄လုံးလာရောက်ကြဲချခဲ့တယ်လို့ KNUအမှတ်၅တပ်မဟာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒို့မှပြောသည်။

ဧပြီလ ၁၀ရက်နေ့ည‌ နေ ၆ နာရီအချိန်တွင် KNU ဘွားဒဲကျေးနယ်အုပ်စု ဖေါထကျေးရွာအတွင်းသို့ဂျက်ဖိုက်တာဖြင့်ပေါင်၅၀၀ဗုံးသီးလာရောက်ကြဲချပြီး အရပ်သားပြည်သူ၂ဦးထိမှန်ဒဏ်ရာရရှိသည့်အနက် ဆေးကုသမှုတက်ရောက်ကုသနေစဉ် တစ်ဦးသေဆုံးသွားပြီး လူနေအိမ်၂ လုံးထိမှန်ပျက်စီးသွားတယ်လို့ဗိုလ်မှူးကြီးစောကလယ်ဒို့မှအတည်ပြုပြောဆိုသည်။

ဒါ့အပြင် ဧပြီလ ၁၁ရက်နေ့ ည ၁၂နာရီအချိန်ခန့်တွင် သံလွင်မြစ်ကမ်းနံဘေးရှိ စစ်ဘေးရှောင်ပြည်သူများကိုဆေးကုသပေးနေသည့်အူးမေထဆေးရုံသို့အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်ပေါင်၅၀၀ဗုံးသီး၂လုံးလာရောက်ကြဲချပြီး ဆောက်လုပ်ပြီးစီးသည့်OPDဆောင်သစ်ကို ထိမှန်ပျက်စီးပြီး အခြားသောအဆောက်အဦးများကိုလည်း ဗုံးသီးစလွင့်စင်ထိမှန်ပျက်စီးမှုများလည်းရှိသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် KNU အုပ်ချုပ်နယ်မြေဘူးသိုမြို့နယ်နှင့် လယ်ဒိုမြို့နယ်က ထိခိုက်ပျက်စီးမှုများ

#SLP
#HlaingInfo
🤬624🔥4👍1😢1
ရန်ကုန် နဲ့ မန္တလေးလို မြို့ကြီးတွေမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ပျမ်းမျှ(၁၁) ကို ရောက်ရှိနေ

ဧပြီလ ၁၃ ရက်

ရန်ကုန် နဲ့ မန္တလေးလို မြို့ကြီးတွေမှာခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းပျမ်းမျှ (၁၁) ကို ရောက်ရှိ နေပြီး နေ့လယ်ပိုင်း အချိန်များအတွင်း နေရောင်အောက်မှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို လျော့ချသင့်တယ်လို့ လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်ကတော့ ဧပြီ ၁၃ရက်မှ ၁၉အထိ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ရှိနိုင်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မိုးအခြေအနေမှာ မြောက်ဘက်ကလာတဲ့လေစီးကြောင်းများကြောင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာ နိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းမှာအများအားဖြင့် သာယာနိုင်ပါတယ်။

နေ့အပူချိန်တွေကတော့ ဧပြီလ (၁၆)ရက်နေ့မှာရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နဲ့တင်္နလာရီတိုင်းက မြို့ကြီးအချို့မှာ နေ့အပူချိန်၄၀ ဒီဂရီစင်တီဂရိတ်နဲ့အထက်သို့ ရောက်ရှိနိုင်ပြီး ကျန်ရက်တွေမှာ ပုံမှန်အပူချိန်အတွင်း ရှိနိုင်ပါတယ်။

ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးတွေမှာခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမှာ ပျမ်းမျှ(၁၁) သို့ ရောက်ရှိနေပြီး နေ့လယ်ပိုင်း အချိန်များအတွင်းနေရောင် အောက်မှာလုပ်ဆောင်ရမယ့်လုပ်ငန်းများကို လျော့ချသင့်ပါတယ်လို့ အကြံပြုထားပါတယ်။

စိုက်ဆင်း လေပြင်း အခြေအနေမှာ ယခုတပတ်အတွင်း လေထုအပူချိန် ပြောင်းလဲမှုတွေကြောင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ စိုက်ဆင်း လေပြင်းတိုက်ခတ်တာနဲ့မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ဓာတ်ပုံ - AFP
#PVTV
#HlaingInfo
34👍23😱12🔥2😢1
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက “အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းဆိုင်ရာ သင်တန်း” ပြုလုပ်

ဧပြီလ ၁၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက “အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းဆိုင်ရာ သင်တန်း” ကို ဧပြီလ ပထမအပတ်အတွင်းမှာ ၃ ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြေပြင်ရှိ ဒေသအသီးသီးမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ ရာဇဝတ်မှု တွေကို စနစ်တကျ မှတ်တမ်းတင်နိုင်ရန်အတွက် ရည်ရွယ်ပြီး "အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းဆိုင်ရာ သင်တန်း (Basic Human Right Violation Documentation Training)" ကို ပြုလုပ်ခဲ့တာလို့ အသိပေးထားပါတယ်။

သင်တန်းအဖွင့်မှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးက "လူ့အခွင့် အရေး မှတ်တမ်းကောက်ယူခြင်းက အရေးပါတဲ့ အရာတစ်ခုဖြစ်ပြီး၊ ရရှိလာတဲ့ သတင်းအချက် အလက်များကို ဗဟုသုတအသွင်ပြောင်းပြီး မိမိတို့ရဲ့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံအတွက် အကောင်းဆုံး အသုံးချသွားကြရန်" တိုက်တွန်း ပြောကြားခဲ့ပါတယ်။

သင်တန်းမှာ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ဆိုင်ရာ အခြေခံသဘောတရားများ၊ လူမျိုးသုဉ်း သတ်ဖြတ်မှု (Genocide)၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime Against Humanity) နဲ့ စစ်ရာဇဝတ်မှု (War Crime) အစရှိတဲ့ နိုင်ငံတကာ ရာဇဝတ်မှုများအကြောင်းကို အသေးစိတ် ပို့ချခဲ့တာပါ။

ဒါ့ပြင် မှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ ခွဲခြားသတ်မှတ်ရေးမူ၊ အချိုးကျရေးမူနဲ့ ကြိုတင်ကာကွယ်ရေးမူများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

သင်တန်းအတွင်း မှတ်တမ်းတင်ခြင်းရဲ့ အရေးကြီးပုံ၊ အချက်အလက် ရှာဖွေစုဆောင်း နည်းလမ်း တွေနဲ့ အင်တာဗျူးခြင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို လက်တွေ့ကျကျ လေ့ကျင့်ခဲ့ကြပါတယ်။

အထူးသဖြင့် ကျူးလွန်ခံရသူတွေကို အင်တာဗျူးရာမှာ လိုက်နာရမယ့် 'The Golden Rule of Interview' နဲ့ 'PEACE Model' လို နည်းပညာရပ်ပိုင်းဆိုင်ရာများကို အသေးစိတ်အလေးထား သင်ကြားပေးခဲ့ပါတယ်။

ဒီသင်တန်းကို အရာတော်၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း၊ ပုလဲ၊ ထီးချိုင့် အစရှိတဲ့ မြို့နယ်ပေါင်း (၂၀) နီးပါးမှ လူ့အခွင့်အရေးရာတာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။

သင်တန်းသားတွေ အနေနဲ့ မိမိတို့ဒေသအတွင်း ဖြစ်ပွားနေတဲ့ ညှင်းပန်းနှိပ်စက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား စနစ်တကျ မှတ်တမ်းတင်ပြီး တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် အထောက်အထားခိုင်လုံစွာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

#PVTV
#HlaingInfo
👍488😁3🔥1🥰1
မင်းအောင်လှိုင်က သမ္မတ ရာထူးရယူမှုအပေါ် တရားဝင် အသိအမှတ်မပြုရန် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်အစိုးရကို အာဆီယံပါလီမန်အမတ်များလူ့အခွင့်အရေးအဖွဲ့- APHRက တောင်းဆိုတိုက်တွန်း

ဧပြီလ ၁၃ ရက်

အကြမ်းဖက် မင်းအောင်လှိုင်က သမ္မတ ရာထူး အတင်းအကျပ် ရယူမှုအပေါ် တရားဝင် အသိအမှတ်မပြုရန် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်အစိုးရကို အာဆီယံပါလီမန်အမတ်များလူ့အခွင့်အရေးအဖွဲ့- APHRက ယမန်နေ့ တိုက်တွန်းလိုက်သည်။

အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က ယခုနှစ် အာဆီယံအလှည့် ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မင်းအောင်လှိုင် သမ္မတဖြစ်လာပြီးနောက် မြန်မာစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမည့် မည်သည့်လုပ်ဆောင်ချက်မျိုးကိုမဆို ငြင်းပယ်ရန် ပြင်းပြင်းထန်ထန် တိုက်တွန်းနှိုးဆော်လိုက်သည်။

စစ်တပ်က ထိန်းချုပ်ထားသည့် ဟန်ပြလုပ်ငန်းစဉ်များမှတစ်ဆင့် မင်းအောင်လှိုင် သမ္မတဖြစ်လာခြင်းသည် ဒီမိုကရေစီစနစ်သို့ ပြန်လည်ကူးပြောင်းမည့် အရိပ်အယောင် လုံးဝမရှိကြောင်း APHR က ထောက်ပြသည်။

ယင်းလုပ်ရပ်သည် အရပ်သားအစိုးရပုံစံဖြင့် စစ်အာဏာရှင်စနစ်ကို အမည်ပြောင်းလဲရန် ကြိုးပမ်းခြင်းသာဖြစ်ပြီး စစ်ကောင်စီသည် ပြည်သူများအပေါ် အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ဆိုသည်။

အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသည့် စစ်ကောင်စီနှင့် ဆက်လက် ထိတွေ့ဆက်ဆံနေခြင်းသည် စစ်တပ်အား ပိုမိုရဲတင်းစေပြီး အာဆီယံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း APHR က သတိပေးထားသည်။

လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများနှင့် ဒီမိုကရေစီ လိုလားသူများကို ဖယ်ကျဉ်ထားမှုများက စစ်ကောင်စီ၏ ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ အနှစ် သာရမရှိကြောင်း သက်သေပြနေသည်ဟု APHR က ထောက်ပြသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့်အတိုင်း စစ်ကောင်စီအား တရားဝင်အစိုးရအဖြစ် ဆက်ဆံခြင်းကို ရပ်တန့်ရန်၊ ဒီမိုကရေစီအင်အားစုများဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EROs) နှင့် အရပ်ဘက်အဖွဲ့အစည်းများကို ဦးစားပေးဆက်ဆံရန် APHR က တိုက်တွန်းသည်။

ယင်းအပြင် လူသားချင်းစာနာမှု အကူအညီများဖြစ်သော နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးလုပ်ငန်းများကို ပိုမိုပံ့ပိုးကူညီရန်၊စစ်တပ်က ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အရေးယူနိုင်မည့် လမ်းစများ ဖော်ဆောင်ရန် ဆက်လက်တိုက်တွန်းသည်။

မင်းအောင်လှိုင်အနေဖြင့် သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်မှုကို တရားဝင်အဖြစ် အသိအမှတ်မပြုသင့်ဘဲ ဒေသတွင်း တုံ့ပြန်မှုများသည် မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ဖြစ်သင့်ကြောင်း၊ သို့မဟုတ်ပါက အာဏာရှင်စနစ် အမြစ်တွယ်ပြီး မြန်မာ့အရေး အကျပ် အတည်းများ ပိုမိုရှည်ကြာသွားနိုင်ကြောင်း APHR က ထောက်ပြထားသည်။

#KTM
#HlaingInfo
48👍37😁4🔥1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 စောင်ကို မြန်မာငွေ 14,500 ကျပ်။  ထိုင်းဘတ် 100 ပါ။ 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သောထီနံပါတ်များ 🎁         

662300
409101
015102
165403
671905
821507
568208
009209                                
054802
635505
561006
535007
682708
853409

034210
905814
616817
875919

099626
912927
349829

214431
146933
453235
523436

381042
853343
066145
952647
014948
855649

119650
361251
954753
625954
320855
808759
046350
016952
400054
242958
544559

543760
019060
959361
949462
590066
827768
280466
044069

306170
126970
049774
903677
157678
497678

326680
781282
513184
379584
984087
282387
432488

056890
013791
038292
351895
825496
652896
148698

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
👍384
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 တွဲ စောင်ကို မြန်မာငွေ 30,000 ကျပ်။  ထိုင်းငွေ 200 ဘတ် 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သော ဘတ် 12 သန်း ထီနံပါတ်များ 🎁                                         

784501
627502
163304
689205
846106
376507
328708

203910
476811
633812
790713
947714
895315
053017
028718

735320
892321
392022
793723
479925
836928
186029

433740
403343
158644
043545
390746
513748 တစောင်ကျန်

827650
984651
172152
228255
615356
929258
913859

559963
716864
873865
090266
812367
208668

661471
867774
606078 တစောင်ကျန်

919980
403983
452284
550685
707686
864587
016488
170089

664690
495292
652293
098194
876996

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
👍379
တရုတ် ကြေးနီစက်ရုံ ဂိတ်အစောင့် စစ်အုပ်စု ဆားလင်းကြီးနယ်ထဲ စစ်ကြောင်းထိုး၊
လူသတ်၊ လုယက်၊ မီးရှို့တာတွေ မလုပ်သေးဘဲ ဒေသခံတွေကို ထွက်မပြေးဖို့ ချော့မော့စည်းရုံးနေ၊

ဧပြီလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် တရုတ်ပိုင် ယန်စီကြေးနီစက်ရုံကို လုံခြုံရေးယူ ဂိတ်စောင့်ပေးနေတဲ့ အဏာသိမ်း စစ်အုပ်စု လက်နက်ကိုင် အင်အား ၁၀၀ လောက်ဟာ ဆားလင်းကြီးနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေပြီး ဖမ်းမိတဲ့ပြည်သူတွေကို သတ်ဖြတ်၊ ငွေညှစ်တာ၊ နေအိမ်ဖောက်ထွင်း ခိုးယူမီးရှို့တာတွေ မလုပ်သေးဘဲ ရွာခံပြည်သူတွေ ထွက်မပြေးဘဲ အိမ်မှာပဲ နေကြဖို့ ချော့မော့စည်းရုံးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဧပြီ ၉ရက် မနက်ပိုင်းမှာ တရုတ်စက်ရုံကို ဂိတ်စောင့်ပေးနေတဲ့ စစ်အုပ်စု ထဲက အင်အား ၁၀၀ လောက်ဟာ တရုတ်ပိုင် ကြေးစင်တောင်အနီးရှိ ဒုန်းတော၊ ရွာသာ စတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းတာလို့ ဆိုပါတယ်။

"စစ်ကြောင်းက ဒုန်းတောရွာက စထိုးတာ၊ ကြေးကားတွေ၊ အက်ဆစ်ကားတွေ အသွားအလာမရှိဘဲ စစ်ကြောင်းသီးသန့် ထိုးနေတာ" လို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

ဒုန်းတောရွာဟာ အညာဒေသတွင်း အာဏာသိမ်း စစ်အုပ်စုက ပထမဆုံးအကြိမ် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်ခဲ့တဲ့ ကျေးရွာ ဖြစ်ပါတယ်။ ၂၀၂၁ ဒီဇင်ဘာလအတွင်း အာဏာသိမ်း စစ်အုပ်စုက ဒုန်းတောကျေးရွာကို စီးနင်းကာ အသက်အပြည့်သေးတဲ့ကလေးသူငယ် အပါအဝင် ရွာခံပြည်သူ ၁၁ ဦးကို ဖမ်းဆီးကာ စစ်အာဏာသိမ်းမူ ဆန့်ကျင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွာအပြင်ဘက် ကွမ်းခြံတွေထဲမှာ မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုဟာ တရုတ်ပိုင် ယန်စီနဲ့ ဝမ်ပေါင် ကြေးနီစက်ရုံတွေထဲ အခြေပြုကာ ဒေသတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတာ၊ လူသတ်တာ၊ လုယက်တာ၊ မီးရှို့တာ၊ ဖမ်းဆီးငွေညှစ်တာ၊ ပေါ်တာဆွဲတာတွေကို အာဏာသိမ်းကာလ ငါးနှစ်ကျော်အထိ ထင်တိုင်းကျဲ ကျူးလွန်ခဲ့ပါတယ်။

လက်ရှိမှာတော့ တရုတ်ကြေးနီစက်ရုံထဲကနေ ဆားလင်းကြီးနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ဖမ်းမိတဲ့ ပြည်သူတွေကို ရန်ပြုသတ်ဖြတ်တာမျိုး မလုပ်သေးဘဲ အနုနည်းသုံးကာ စည်းရုံးရေးဆင်းတဲ့သဘောမျိုး စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၉ရက်က စစ်အုပ်စု ရွာကို ရုတ်တရက်စီးနင်းချိန် ထွက်မပြေးနိုင်တဲ့ ပြည်သူတွေကို မပြေးကြဖို့နဲ့ ပြေးလျှင် ပစ်သတ်မှာ ဖြစ်ပြီး မပြေးဘဲ ကိုယ့်အိမ်ထဲမှာကိုယ်နေထိုင်ပါက မသတ်ဘူးလို့ ပြောဆိုကာ ရွာထဲ ပြန်ဝင်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ယခင်က ကျေးရွာအလှူပွဲတွေကို ဖျက်ဆီးပြီး အလှူပစ္စည်းနဲ့ ဧည့်ခံကျွေးမွေးမဲ့ စားသောက်ဖွယ်ရာတွေကို လုယက်စားသောက်၊ ဖက်ဆီးလေ့ရှိတဲ့ စစ်အုပ်စုက ယခုတစ်ကြိမ်မှာ ကျေးရွာတွေအတွင်း အလှူမဂ်လာဆောင်တွေ ရှိပါက ပုံမှန်အတိုင်း အေးအေးဆေးဆေး ပွဲလုပ်ဖို့နဲ့ သူတိုက ဘာမှမနှောက့်ယှက်ဘဲ နေမယ်လို့ ပြောဆိုစည်ရုံးနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ချော့မော့စည်းရုံးပေမဲ့ စစ်အုပ်စုရဲ့ သတ်ဖြတ်၊ လုယက်၊ ဓားစာခံ လူသားဒိုင်းကာအဖြစ် အသုံးချခိုင်းစေခံရဖူးတဲ့ ဒေသခံပြည်သူတွေ အနေနဲ့ ကြောက်ရွံ့ထိန်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်မပြေးနိုင်တဲ့ ပြည်သူတွေကို စစ်အုပ်စုက ယခင်လို ခိုးရာပါ ပစ္စည်းတွေ ထမ်းပိုးသယ်ယူခိုင်းတာ မရှိသေးပေမဲ့ ရွာထဲပိတ်လှောင်ကာ ဓားစာခံ လူသားဒိုင်းကာသဘောမျိုး အသုံးချနေတယ်လို့ ခံစားရကြောင်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဆားလင်းကြီးမြို့နယ် ရွာသာရွာကို စီးနင်းကာ ကျေးရွာ ဘုန်းတော်ကြီးအတွင်း တပ်စွဲနေရာယူထားတာ လေးရက်ကြာ ရှိလာပြီး စစ်ဘေးရှောင် ထွက်ပြေးနိုင်သူတွေက စစ်ရှောင်နေကာ ပိတ်မိပြည်သူတွေကတော့ ကျေးရွာအတွင်းမှာပဲ နေထိုင်နေကြရပြီး စစ်အုပ်စုကလည်း ရွာခံပြည်သူတွေကို ထွက်ပြေးခွင့်မပေးဘဲ ရွာထဲမှာပဲ ဆက်လက် နေထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ကိုင်းတိုင်း ကသာမြို့မှာတော့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်လာချိန် စစ်အုပ်စုက ဘုန်းကြီးကျောင်းတွေ၊ လူနေအိမ်တွေ အပါအဝင် မြို့ပေါ် ဗုံးပတ်ကြဲရာ ရဟန်းသံဃာတွေ အပါအဝင် စစ်အုပ်စုကို ယုံကြည်ကာ ထွက်မပြေးမိတဲ့ မြို့ခံပြည်သူ ၈၀ လောက် သေဆုံး၊ ဒဏ်ရာရခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ်ရှိ ကြေးစင်တောင်နဲ့ စံပယ်တောင်ကို ဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် ယန်စီ ကုမ္ပဏီ/Photo - CJ
#MFP
#HlaingInfo
👎4017🔥4🤬4😁2😢1
ရဲဘော်တွေရဲ့ စစ်ရေးစွမ်းရည် နဲ့ ဦးဆောင်မှုကဏ္ဍ မြှင့်တင်ရေးအတွက် ပြုလုပ်တဲ့ အကြပ်သင်တန်း သင်တန်းဆင်းပွဲပြုလုပ်

ဧပြီလ ၁၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) နဲ့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF) တို့ ပူးပေါင်းပြီး ရဲဘော်တွေရဲ့စစ်ရေးစွမ်းရည်နဲ့ဦးဆောင်မှုကဏ္ဍ မြှင့်တင်နိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တဲ့ NCO (အကြပ်သင်တန်း) သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၁ မှာ ပြုလုပ်ခဲ့ကြပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ ရဲ့ နည်းဗျူဟာမှူး နဲ့ စစ်ဦးစီးမှူး ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ နိုင်ငံရေးမှူး ၊ မုံရွာခရိုင် တပ်ရင်း (၂) ရဲ့ တပ်ရင်းမှူး နဲ့ တာဝန်ရှိသူတွေ ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF) ရဲ့ ဗျူဟာမှူး နဲ့ တာဝန်ရှိသူတွေ၊ ဒေသခံရပ်မိရပ်ဖတွေ နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။

စစ်ပညာနဲ့ ခေါင်းဆောင်မှုဘာသာရပ်များကို စနစ်တကျ လေ့လာသင်ယူခဲ့ကြတဲ့ အရာရှိငယ် စုစုပေါင်း (၄၂) ဦးက သင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့ကြပြီး မိမိတို့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေမှာ တာဝန်အသီးသီး ပြန်လည်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ ဗျူဟာမှူးတွေနဲ့တာဝန်ရှိသူတွေက သင်တန်းဆင်းအရာရှိငယ် တွေကို ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြပြီး၊ တော်လှန်ရေးခရီးလမ်းမှာ စည်းကမ်းကောင်းမွန်ပြီး အရည်အချင်းပြည့်ဝတဲ့ခေါင်းဆောင်ငယ်များအဖြစ် အားဖြည့် ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြ တယ်လို့ TRI ဗျူဟာ က သတင်းထုတ်ပြန်ထားပါတယ်။

#PVTV
#HlaingInfo
48👍18🥰2🔥1
မြန်မာ့အကျပ်အတည်း အဆုံးသတ်စေရေး အမေရိကန်ကူညီရန် ဆက်လက်သံန္နိဌာန်ချထားဟုဆို

ဧပြီလ ၁၃ ရက်

မြန်မာအကျပ်အတည်း အဆုံးသတ်စေရေးအတွက် ကူညီပံ့ပိုးပေးရန် အမေရိကန်ပြည်ထောင်စုက ဆက်လက်သံန္နိဋ္ဌာန်ချထားကြောင်းနိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ကဆိုသည်။

၂၀၂၆ မြန်မာ့အတာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးကာလ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၏ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြထားသလို မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တိုင်းပြည်ဆက်လက်ယိုယွင်းလျက်ရှိကြောင်းလည်း ဆိုသည်။

သင်္ကြန်အခါသမယသည် ပြီးခဲ့သည်များကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လာမည့် နှစ်သစ်ကို မျှော် ကြည့်ရန် အခွင့်အရေးတစ်ခုဖြစ်ကြောင်း မြန်မာပြည်သူများသည် ဆက်တိုက်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကြားတွင် ရဲစွမ်းသတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို ထပ်တလဲလဲ ပြသခဲ့ကြကြောင်း သင်္ကြန်၏ အနှစ်သာရမှာ မိမိတို့ကို ပိုမိုကောင်းမွန်သော မနက်ဖြန်များရှိကြောင်း သတိပေးနေ သည့်အတိုင်း မြန်မာပြည်သူများအတွက် ခွန်အား၊ ကြံ့ကြံ့ခံနိုင်ရည်နှင့် လာမည့်နှစ်သစ်တွင် မျှော်လင့်ချက်အသစ်များ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းကြောင်းလည်း ထုတ်ပြန်သည်။

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြသည့် မြန်မာပြည်သူပြည်သားများ အားလုံးသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိက နွေးထွေးစွာ ဆုမွန်ကောင်းတောင်းလျက် အားပေးစကား ပြောကြားလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဆိုသည်။

#MPA
#HlaingInfo
👍8131