လစဉ် စစ်မှုထမ်းတပ်သား ၉၀၀ နီးပါး ခေါ်ယူနေသော ရန်ကုန်တိုင်း၊ စစ်မှုထမ်း အပတ်စဉ် ၁ မှ စစ်မှုထမ်းတပ်သား ၉၁ ဦးကို တာဝန်ထမ်းပြီးဆုံးကြောင်း လက်မှတ်ထုတ်ပေး၍ အိမ်ပြန်ခွင့်ပြု
ဧပြီလ ၁၁ ရက်
ရန်ကုန်တိုင်းအတွင်းတွင် လစဉ် စစ်မှုထမ်းတပ်သား ၉၀၀ နီးပါး ခေါ်ယူလျက်ရှိသော် လည်း စစ်မှုထမ်းအပတ်စဉ် ၁ မှ စစ်မှုထမ်းတပ်သား ၉၁ ဦးသာ အိမ်ပြန်နိုင်ကြောင်း စစ်တပ်တယ်လီဂရမ်ချန်နယ်များက ယနေ့ သတင်းထုတ်ပြန်သည်။
ယနေ့ ဧပြီလ ၁၁ ရက်နေ့ ရန်ကုန်တိုင်းတွင် ၂ နှစ် စစ်မှုထမ်းသက်တမ်း ပြည့်ပြီးသော စစ် မှုထမ်း အပတ်စဉ် ၁ မှ စစ်မှုထမ်းစစ်သား ၉၁ ဦးကို စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး ဖြစ် ကြောင်း လက်မှတ်နှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းသည် လစဉ် စစ်မှုထမ်းသင်တန်းများအတွက် လူငယ်အရေအတွက် ၉၀၀ ဦး နီးပါး ပုံမှန်ခေါ်ယူနေပြီး တချို့သော လများတွင် ၁၂၀၀ အထိ ခေါ်ယူခဲ့သော လများလည်း ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင်မူ စစ်မှုထမ်းအပတ်စဉ် ၁ အတွက် လူငယ်များကို ခေါ်ယူခဲ့ရာတွင် လူငယ် စုစုပေါင်း ၁၅၀ နီးပါး ခေါ်ယူခဲ့ပြီး အများစုမှာ တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း၊ကော့မှူးမြို့နယ်မှ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်းများဖြစ်သော ငှက်အော်စမ်းကျေးရွာမှ အဖ ဦးခင်မောင်ဦးနှင့် အမိ အဒေါ်အသန်းတို့၏သား တပ်သားကိုရဲ၊ ကော့မှူးမြို့နယ်၊ မဆယ်ဆိပ်ကျေးရွာမှ အဖဦးဖိုးမှတ်နှင့် အမိဒေါ်ညိမ်းအေးတို့၏သား စစ်မှုထမ်းတပ်သား လှမင်းသန်း(ခ)ချက်ဖောင်းတို့မှာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ လားရှိုးမြို့တွင် မိုင်းဆွဲခံရ၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် ကော့မှူးမြို့နယ်မှ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်း မဆယ်ဆိပ်ကျေးရွာမှ အဖဦးကျော်မြင့်၊အမိ ဒေါ်သင်းတို့၏သား စစ်မှုထမ်းတပ်သား သန့်ဇင်မှာ ခြေထောက်ပြတ်ခြင်း၊ မဆယ်ဆိပ်ကျေးရွာ အဖဦးမြင့်သူနှင့် အမိဒေါ်စိုးစိုးစံတို့၏သား စစ်မှုထမ်းတပ်သား ဇေရဲထက်(ခ)နွားကြီး မှာ မိုင်းဆွဲခံရသဖြင့် အသက်ဆုံးရှုံးခြင်းနှင့် ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခဲ့ကြောင်း သိရှိရသည် ။
ဧပြီလ ၃ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်တွင် စစ်မှုထမ်းအပတ်စဉ် ၁ မှ စစ် မှုထမ်းစစ်သားများကို တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ အိမ်ပြန်ခွင့်ပြုပွဲလုပ်ဆောင်ခဲ့ပြီး စစ်မှု ထမ်းတပ်သား ၃၈၅ ဦးသာ အိမ်ပြန်နိုင်ကြောင်း၊ ကယားတစ်ပြည်နယ်လုံးတွင် စစ်မှု ထမ်းအပတ်စဉ် ၁ အတွက် စုစုပေါင်း လူငယ် ၆၀၀ ကျော်ကို ခေါ်ယူခဲ့ပြီး ယင်းတို့အနက်မှ ၃၈၅ ဦးသာ အိမ်ပြန်နိုင်ပြီး ကျန်စစ်မှုထမ်းတပ်သားများမှာ တိုက်ပွဲများတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းများကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ စစ်မှုထမ်းအပတ်စဥ် ၂၄ သို့ ရောက်ရှိနေပြီဖြစ်သည်။
#KTM
#HlaingInfo

🤬36🔥12❤8👍2👎2
နိုင်ငံအလံကို ဇောက်ထိုးထောင်ပြီး အာဆီယံ အစည်းအဝေးတက်တဲ့ မင်းအောင်လှိုင်ရဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ
ဧပြီလ ၁၁ ရက်
အာဆီယံဗဟိုဘဏ် ဒုဥက္ကဋ္ဌများ အစည်းအဝေးကို စစ်အုပ်စုရဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦး တက်ရောက်ရာမှာ စစ်အုပ်စုက တရားဝင် အသုံးပြုနေဆဲဖြစ်တဲ့ နိုင်ငံတော်အလံကို ပြောင်းပြန်ဇောက်ထိုးချိတ်ဆွဲပြီး တက်ရောက်ခဲ့တာကို ပြန်ကြားရေးဌာနက ထုတ်ပြန်လာတဲ့ သတင်းဓာတ်ပုံတွေအရ သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ကြီးမှူးပြီး ဧပြီ ၇ ရက်နဲ့ ၈ ရက်နေ့တို့မှာ Fully Virtual စနစ်နဲ့ ကျင်းပခဲ့တဲ့ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး (ASEAN Finance and Central Bank Deputies’ Meeting - AFCDM) မှာ စစ်အုပ်စုရဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦးက Video Conferencing နဲ့ တက်ရောက်ရာမှာ နိုင်ငံတော်အလံကို ပြောင်းပြန်ဇောက်ထိုးချိတ်ဆွဲထားတာ ဖြစ်ပါတယ်။
ဒေါက်တာစန္ဒာဦးဟာ မြန်မာ့အာမခံလုပ်ငန်းရဲ့ ညွှန်ကြားရေးမှူးအဖြစ်ကနေ ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ် ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့မှာ ရာထူးတိုးမြှင့် ခန့်ထားခံရသူဖြစ်ပြီး လက်ရှိ ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင် လက်ထက်မှာလည်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌအဖြစ် ဆက်လက်အတည်ပြုခံရသူ ဖြစ်ပါတယ်။
နိုင်ငံတော်အလံဥပဒေ အခန်း (၄) ပုဒ်မ (၁၃) ပုဒ်မခွဲ (ခ) မှာ နိုင်ငံတော်အလံကို (၁) အဆင်းအရွယ်၊ ပုံသဏ္ဌာန် သို့မဟုတ် အချိုးအစား ပျက်ပြားစေရန် ပြုခြင်းကို တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။
#CJP

😁82❤6🔥2🤔2
ဖားကန့်၊ မရှီကထောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေ
ဧပြီလ ၁၁ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းဘက်တွင် KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း သိရသည်။
"မရှီကထောင် ဆုတောင်းကုန်းဘက်မှာ တိုက်ပွဲဖြစ်နေတာ မနက်တည်းကစပြီး လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားနေရတာ အခုထိလည်း လက်နက်ကြီးသံတွေ ကြားနေရတုန်းပဲ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကို ပစ်နေတယ်" ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
ဧပြီလ ၆ ရက်နေ့ ညနေပိုင်းကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လုံးခင်းရွာအတွင်း နေရာယူ တပ်စွဲခဲ့သောကြောင့် ဧပြီလ ၇ ရက်နေ့တွင် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့နယ်၊ အမှိုက်ပုံရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း၊ အလားတူ ဧပြီ ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ဖားကန့်မြို့ပေါ်ရှိ ဆောင်းကဖေး အရှေ့ဘက်နှင့် မြို့မရပ်ကွက်၊ ကလပ်ကုန်း အနီးကို ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၉ နှစ်အရွယ် မောင်ဖုန်ရိန်အောင်၊ အသက် ၁၇ နှစ်အရွယ် မဂျာအောင် ၊ အသက် ၂၈ နှစ်အရွယ် မဆောင်မျော် ၊ အသက် ၃၀ နှစ်အရွယ် ဦးဘန်းအောင်နှင့် အသက် ၅၀ နှစ်အရွယ် ဦးတူးခေါင် တို့ လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

🤬42👍2👎2🔥2👏2❤1😢1
ရန်သူက လက်နက်နှင့် နည်းပညာ သာလွန်သော်လည်း AA ၏ သတ္တိ၊ ခွန်အား၊ စိတ်ဓာတ်ကို မယှဉ်ပြိုင်နိုင်ကြောင်း ရဲဘော်များကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် မှာကြား
ဧပြီလ ၁၁ ရက်
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှာ လက်နက်ကိရိယာနှင့် နည်းပညာများ အဘက်ဘက်မှ သာလွန်သော်လည်း အာရက္ခတပ်တော် AA ၏ သတ္တိ၊ ခွန်အား၊ စိတ်ဓာတ်၊ နည်းပရိယာယ် ဉာဏ်ပညာများကို မယှဉ်ပြိုင်နိုင်ကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ့ရဲဘော်များကို မှာကြားထားသည်။
ယမန်နေ့ ဧပြီလ ၁၀ ရက်တွင် ကျရောက်သည့် အာရက္ခတပ်တော် AA ၏ တပ်တည်ထောင်ခြင်းနေ့ ၁၇ နှစ်ပြည့် မိန့်ခွန်းထဲတွင် ရဲဘော်များကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်။
“အခုကာလဟာ စစ်ပွဲကာလ၊ အဘက်ဘက်က ခက်ခဲမှုပေါင်းစုံနဲ့ ဖြတ်သန်းနေကြရတဲ့ ကာလဖြစ်တယ်။ ရန်သူ (စစ်ကောင်စီ) ဟာ စစ်မြေပြင်စစ်ပွဲတွေမှာ လက်နက်ကိရိယာ နည်းပညာတွေ အဘက်ဘက်က သာလွန်နေပေမဲ့ ငါတို့ရဲ့ သတ္တိ၊ ခွန်အား၊ စိတ်ဓာတ်၊ နည်းပရိယာယ် ဉာဏ်ပညာတွေကို မယှဉ်ပြိိုင်နိုင်တဲ့အခါ ရန်သူ့ အကြမ်းဖက် ဖက်ဆစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကနေ သူရဲဘောကြောင်စွာ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်လို့ ရှိနေတုန်းဖြစ်တယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မှာကြားခဲ့ခြင်းဖြစ်သည်။
ရရှိထားသော နယ်မြေများ အာမခံချက်ခိုင်မာစေရန်အတွက် ဆက်လက်ပြီး မရပ်မနား ကြိုးစားတည်ဆောက်ရင်း တိုက်စရာရှိတာ ဆက်လက် တိုက်ခိုက်သွားကြရမည်ဟု ဆိုသည်။
"ရဲဘော်ရဲဘက် အချင်းချင်း စာနာနားလည်ခြင်း၊ ချစ်ခင်စည်းလုံးခြင်း၊ ရဲဘော်ရဲဘက် စိတ်ဓာတ်အပြည့်နဲ့ တာဝန်ထမ်းဆောင်ကြရမယ်။ တိုက်ပွဲဝင်ကြရမယ်။ စစ်ပွဲတွေကြားမှာ ဒုက္ခသုခတွေနဲ့ ရှင်သန်ရပ်တည်နေကြရတဲ့ မိဘပြည်သူတွေကို လေးစား စာနာမှုတွေနဲ့ ပြည်သူ့သားကောင်း၊ သမီးကောင်းတွေ ဖြစ်ကြောင်းကို မှန်ကန်တဲ့ အပြုအမူအနေအထိုင်တွေနဲ့ သက်သေပြနိုင်ရမယ်။ အောင်ပွဲတွေနဲ့ သက်သေပြပြီး တိုင်းပြည်တာဝန်ကို အကောင်းဆုံးထမ်းဆောင်ကြရမယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရဲဘော်များကို ဆက်လက် မှာကြားခဲ့သည်။
ရခိုင်အမျိုးသားများ၏ ရဲရင့်ထက်မြက်၊ ကြံ့ကြံ့ခံနိုင်သည့် မျိုးရိုးသန္ဓေပါ ဗီဇများကို စနစ်တကျ ခွန်အားနှင့် ဉာဏ်ပညာများ ပေါင်းစပ်ပြီး ပိုမိုထက်မြက်တိုးတက်အောင် အချိန်တိုင်းတွင် ရုန်းကန်ကြိုးစားကြရမည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။
"အာရက္ခတပ်တော်ဟာ တိုင်းရင်းတည်ဆောက်၊ တည်ဆောက်ရင်း မရပ်မနား တိုက်ပွဲဝင် လို့ ရှိနေတယ်ဆိုတာ ရဲဘော်တို့ အားလုံး အသိဖြစ်တယ်။ တပ်တော်ကိုလည်း တိုက်ပွဲဝင်နေရင်းနှင့်ပင် အရေအတွက်၊ အရည်အသွေး၊ စစ်ပညာ၊ အဆင့်မြင့်နည်းပညာတွေကိုပါ မရပ်မနား ကြိုးစားအားထုတ် တည်ဆောက်လို့ ရှိနေတယ်။ အခုလို ရုန်းကန်အားထုတ် ကြိုးစားမှုတွေကြောင့် ငါတို့ရဲ့ ရက္ခိတအိပ်မက်၊ အာရက္ခအချုပ်အခြာအာဏာ ပြန်လည်ရရှိရေး အိပ်မက်ဟာ လုံးဝ ပြေးမလွတ်အောင် သေချာပီပြင်လာပြီဖြစ်တယ်။ ဒီရည်မှန်းချက်တွေ၊ ဒီကတိကဝတ်တွေဟာ လုံးဝ လက်တွေ့ဖြစ်တယ်ဆိုတာ အလုပ်နဲ့ လက်တွေ့ သက်သေပြနေကြတာဖြစ်တယ်” ဟု ဗိုလ်ချုပ်က ပြောကြားခဲ့သည်။
လက်တွေ့ စစ်မြေပြင်မှ ရရှိလာသော နည်းပရိယာယ်၊ နည်းဗျူဟာ အတွေ့အကြုံများ၊ အခက်အခဲ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် ကြိုးစားရင်းနှင့် တွေ့ရှိလာသော နည်းနာနှင့် ကျွမ်းကျင်တက်မြောက်မှု အရည်အသွေးများကို စနစ်တကျစီမံပြီး ထိရောက်စွာ အသုံးချတိုက်ပွဲဝင်ကာ အောင်မြင်မှုများကို ဆက်လက် ဖန်တီးကြရမည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်အတွင်းမှာ ရခိုင်ပြည်အတွင်း ကျန်ရှိနေသော မြို့များအားလုံးကို အပြီးသတ် သိမ်းပိုက်သွားမည်ဖြစ်ပြီး အကယ်၍ လက်စသတ်နိုင်ခြင်းမရှိခဲ့ပါက အာရက္ခတပ်တော် AA အနေဖြင့် မိုးအဆုံးမြေအဆုံး ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဟု ဗိုလ်ချုပ်က ဆိုသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

❤74👍14👏10😁5🔥1
ဖက်ဒရယ်ဦးဆောင်ကောင်စီရဲ့ ပထမဆုံးအစည်းအဝေး ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေး
ဧပြီလ ၁၁ ရက်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေးကို ဧပြီ ၁၀ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက်သဘောတူညီမှုတွေချမှတ်နိုင်ခဲ့ကြောင်း ကောင်စီဝင် အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၃၀ရက်မှာ ကောင်စီဖွဲ့စည်းကြောင်း ကြေ
ညာပြီးနောက် ပထမဆုံးအကြိမ်ကျင်းပတဲ့ ကောင်စီရဲ့ ၁/၂၀၂၆ အစည်းအဝေးသို့ မဟာ
ဗျူဟာနဲ့ မူဝါဒ ရေးရာ ဦးဆောင်အဖွဲ့ ခေါင်း
ဆောင်တွေ၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့ကြတယ်လို့ အသိပေးပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
(IEC)ရဲ့ ဥက္ကဋ္ဌ ခူဦးရယ်က အစည်းအဝေး သ
ဘာပတိအဖြစ်တာဝန်ယူခဲ့ပြီး ကချင်လွတ်လပ်
ရေးအဖွဲ့ (KIO)၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပြည်
ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မှ ခေါင်းဆောင်များကကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အစည်းအဝေးမှာဦးဆောင်ကောင်စီအတွင်းရေးမှူး
အဖွဲရဲ့ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်
ပြတာ၊ ဒီကနေ့ ညနေပိုင်းမှာ ကျင်းပမယ့် သတင်း
စာရှင်းလင်းပွဲ နဲ့ ပတ်သက်ပြီး ဆွေးနွေးတာ၊ ရှေ့လုပ်ငန်းစဉ်တွေကို ညှိနှိုင်းတာ တွေလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဆွေးနွေးညှိနှိုင်းတဲ့ အကြောင်းအရာ အသေးစိတ်ကို ဖော်ပြမထားပေမယ့် အတည်ပြုခြင်း (၅) ရပ်၊ မှတ်တမ်းတင်ခြင်း (၄) ရပ် နဲ့ ရှေ့လုပ်ငန်းစဥ် (၃) ရပ် တို့ကို သဘောတူချမှတ်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။
အခမ်းအနား မှတ်တမ်းဓာတ်ပုံတွေအရ အစည်း
အဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ အစိုးရအဖွဲ့ဝင်များ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ တာဝန်ရှိသူများ၊ ဖက်ဒရယ်ဦးဆောင်ကောင်စီမှာ ပါဝင်တဲ့ တိုင်း
ရင်းသားတော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” မှာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများအပြားနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ လူထုကိုယ်စား လှယ်တွေ စုပေါင်းပြီး စုဖွဲ့ခဲ့တာဖြစ်ကြောင်းကောင်စီခေါင်းဆောင်တွေက ပြော
ထားပါတယ်။
ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းတာဟာ စစ်ရေးအရဦးဆောင်လှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲနိုင်ဖို့ ရည်ရွယ်သလို၊ နိုင်ငံရေးအရ အမျိုးသားရေး ညီညွတ်မှုကို ကျစ်ကျစ်လစ်လစ် ဦးဆောင်စုစည်းပုံဖော်ဖို့ ရည်ရွယ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။
#LNO

❤42👍18😁2
UWSA ထိန်းချုပ် ပန်ခမ်းနှင့် မိုင်းပေါက်တွင် တရုတ်နိုင်ငံသားပိုင် ဟိုတယ်များမှ ကျားဖြန့် ၃၀ခန့်ဖမ်းမိ
ဧပြီလ ၁၁ ရက်
ရှမ်းပြည်အရှေ့မြောက်၊ UWSA ထိန်းချုပ်သည့် ပန်ခမ်းမြို့ရှိ တရုတ်နိုင်ငံသားများပိုင် ဟိုတယ်များကို ယနေ့တွင် "ဝ" ဒေသ ရဲနှင့် တပ်ပူးပေါင်းအဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးရာမှ ကျားဖြန့် ၃၀ ဦးခန့် ဖမ်းဆီးမိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
UWSA ထိမ်းချုပ်ဒေသ ပန်ခမ်းနှင့် မိုင်းပေါက်တွင် တရုတ်နိုင်ငံသားပိုင် ဟိုတယ်များဖြစ်သည့် Xingya garden ဟိုတယ် အပါအဝင် Wabang၊ Mengbo ဟောင်ကောင်ဟိုတယ်နှင့် fubon ဟိုတယ်၊ Pearl ဟိုတယ်တို့ကို ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပီး တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ငန်းရှင်ဟု သံသယရှိသူ အယောက် ၃၀ ခန့် ဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
"ဒီဟိိုတယ်တွေက ယခင်ထဲက အခွန်ပေးလုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် ဟိုတယ်တွေပဲ၊ Wabang ဆိုတာ Wa Bank လို့လည်းပြောကြတယ်။ မနေ့က မဟာမိတ်နယ်မြေ ကျားဖြန့်ရှင်းလင်းရေးဆိုတာ ခုလုပ်တာဖြစ်မယ်"ဟု၎င်းက ပြောသည်။
ယမန်နေ့က UWSA ထိန်းချုပ် ပန်ဆန်းတွင် NDAA မိုင်းလားအဖွဲ့နှင့် MNDAA အဖွဲ့ခေါင်းဆောင်ပိုင်း အချို့တွေ့ဆုံပြီး ရှမ်းပြည်မြောက်ပိုင်း မဟာမိတ် ထိန်းချုပ်ဒေသအားလုံး ကျားဖြန့်ကင်းစင်ရေး စစ်ဆင်ရေးတစ်ခုအဖြစ် ဖော်ဆောင်ရန် အစည်းအဝေးအရ အကောင်အထည်ဖော်မှု ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
ယခု ရှာဖွေဖမ်းဆီးမှု အခြေအနေကို UWSA ကတရားဝင် တစ်စုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
ယမန်နေ့ ဧပြီ ၁၀ ရက်မှာပင် NDAA ထိန်းချုပ် မိုင်းလားနယ်မြေအတွင်း တရုတ်သို့ ကျားဖြန့်အများအပြား လွှဲပြောင်းခဲ့သေးသည်။
#MKN

❤30😁26🔥4👍2
ညောင်ရွှေတွင် တောင်ယာသုံးရန် စက်သုံးဆီ သယ်ဆောင်သူတစ်ဦး အဖမ်းခံရ
ဧပြီလ ၁၁ ရက်
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ ရွှေလဖုန်းကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် စက်သုံးဆီ သယ်ဆောင်လာသူ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ယင်းလူငယ်သည် ဧပြီ ၇ ရက် ညနေပိုင်းတွင် စစ်ဆေးရေးဂိတ်မှတဆင့် ဖြတ်သန်းစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းနှင့်အတူ 92 ဓာတ်ဆီ ၂၀ လီတာပါ ပလက်စတစ်ပုံး တစ်ပုံး၊ ပရီမီယမ်ဒီဇယ် ၂၀ လီတာပါတစ်ပုံးနှင့် ၁၅ လီတာပါ တစ်ပုံးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
“အဲဒီကောင်လေးက ခြံတောင်ယာမှာ သုံးဖို့ သယ်လာတာပါ။ ဂိတ်မှာ စစ်ဆေးပြီးတော့ တရားမဝင် လောင်စာဆီအများကြီး သယ်တယ်ဆိုပြီး ဖမ်းသွားတာပါ” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဖမ်းဆီးခံရသူမှာ စံကားကျေးရွာနေ အသက် ၂၄ နှစ်အရွယ် မောင်မင်းဟန်စိုးဖြစ်ပြီး လက်ရှိတွင် နန်းပန်ရဲစခန်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း လက်ရှိကာလတွင် စက်သုံးဆီများကို စစ်ကောင်စီဘက်မှ တင်းကျပ်စွာ ထိန်းချုပ်လျက်ရှိပြီး သယ်ယူ ပို့ဆောင်မှုများကိုလည်း စစ် ဆေးရေးဂိတ်များတွင် မကြာခဏ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။
ထို့ကြောင့် ဒေသခံ ပြည်သူများအနေဖြင့် စိုက်ပျိုးရေး၊ လုပ်ငန်းသုံး လောင်စာဆီများကိုပင် သယ်ယူရာတွင် အခက်အခဲများ ကြုံတွေ့နေရပြီး တချို့ကိစ္စများတွင် ယခုကဲ့သို့ ဖမ်းဆီးခံရမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

🤬68❤3👏1😢1
တရုတ်ထုတ် အဆင့်မြင့်ကင်းထောက်ဒရုန်းတွေ နမခ ရောက်လာ
ဧပြီလ ၁၁ ရက်
တရုတ်နိုင်ငံထုတ် အဆင့်မြင့်ကင်းထောက်ဒရုန်းတွေ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရောက်လာတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။
ပြေးလမ်းမလိုဘဲ ဒေါင်လိုက်တက်ဆင်းနိုင်ပြီးတာနဲ့ အဝေးပျံသန်းနိုင်တဲ့ တောင်ပံတပ်အဆင့်မြင့် ကင်းထောက်ဒရုန်း VTOL Fixed-Wing UAV ၅စီးဟာ နမခကို အခုရက်ပိုင်းထဲရောက်လာပြီး လေ့ကျင့်စမ်းသပ်မှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။
" အပူခြေရာခံစက်ပါတယ်။လေပေါ်မှာပျံဝဲချိန်က သုံးနာရီလောက်ခံတယ်။အဲဒါနဲ့ ကင်းထောက်ပြီး လက်နက်ကြီးနဲ့ ပစ်နေတယ်"လို့ အထက်ပါတပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။
နမခ ရောက်လာတဲ့ VTOL Fixed-Wing UAV ကင်းထောက်ဒရုန်းတွေဟာ မိုင် ၂၀၀ဝန်းကျင်ပျံသန်းနိုင်တယ်လို့ စစ်ကိုင်းတိုင်းအတွင်းက ဒရုန်းတွေအကြောင်းလေ့လာနေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
"Battery ကောင်းရင် မိုင် ၂၀၀ လောက်ထိသွားလို့ရတယ်။ကင်းထောက်နိုင်တယ် ဗုံးသီးချနိုင်တယ်"လို့ သူက ရှင်းပြပါတယ်။
အရင်က စစ်ကိုင်းတိုင်းမှာ တရုတ်ထုတ် DJI ဒရုန်းနဲ့ လေယာဥ်တွေကိုပဲအများစုသုံးပြီး စစ်တပ်က ကင်းထောက်ခဲ့တာလို့လည်း အသိပေးပါတယ်။
"ဒီလိုမျိုးဟာမျိုးမမြင်ဖူးသေးဘူး။အသုံးပြုတာလည်း မတွေ့ရသေးဘူး"လို့ အရာတော်မြို့နယ်က ကာကွယ်ရေးရဲဘော်တစ်ဦးက VTOL Fixed-Wing UAV ကင်းထောက်ဒရုန်းနဲ့ပတ်သက်ပြီး ပြောပါတယ်။
နိုင်ငံ့ဘက်ဂျက်ကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်တပ်နဲ့ စစ်တပ်လိုလားတဲ့ တရုတ်ရဲ့အကျိုးစီးပွားတွေကြောင့် အဆင့်မြင့်ဒရုန်းတွေ ရောက်လာတာက အထူးအဆန်းမဟုတ်ပေမယ့် ဒေသတွင်းလူထုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ပိုဂရုစိုက်ရမယ်လို့ မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက သတိပေးပါတယ်။
အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော် ဝါရီလနောက်ဆုံးပတ်အထိ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှု ၂၆ ကြိမ်မှာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရပ်ရွာ၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေအတွင်း လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ၁၁ဦးသေဆုံးပြီး ၂၄ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဋိပက္ခနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ BNI-Myanmar Peace Monitor က ဖော်ပြပါတယ်။
စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်ရေးအရ အကြီးအကျယ်ရှုံးခဲ့ပြီး အထူးသဖြင့် ရှမ်းမြောက်တိုက်ပွဲတွေအပြီးမှာ ဒရုန်းနည်းပညာနဲ့ပတ်သက်လို့ ဆက်တိုက်အင်အားဖြည့်နေတယ်လို့ မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ စောင့်ကြည့်လေ့လာသူတွေက အသိပေးထားပါတယ်။
(နမခကနေ ကင်းထောက်ပျံသန်းမယ့် VTOL Fixed-Wing UAV တစ်စီးကိုတွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

🤬68❤8👍3🔥3👎2👏2😢1
ပုလဲမြို့နယ်၊ ချောင်းကန်ရွာတွင် စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့သော ပြည်သူ ၃ ဦး၏ ရုပ်အလောင်းများ တွေ့ရှိရပြီး သေဆုံးသူများမှာ လည်လှီးသတ်ဖြတ်ခံထားရ
ဧပြီလ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချောင်းကန်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည့် ပြည်သူ ၃ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီးနောက် မြှုပ်နှံထားခဲ့သည့် ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်း ပုလဲမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျေးရွာများကို စီးနင်းစဉ် ပြည်သူများကို လူသားဒိုင်းအဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် အလယ်ဘုံရွာ၊ ရိုးရွာနှင့် ချောင်းကန်ရွာတို့မှ ရွာသားများ ပါဝင်ခဲ့သည်။
စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ခဲ့သည့် ပြည်သူ ၃ ဦးမှာကိုဝေယံဖြိုး (၂၁ နှစ်) - အလယ်ဘုံကျေးရွာသား၊ ကိုကျော်သီဟ (၃၂ နှစ်) - ချောင်းကန်ကျေးရွာသား၊ ကိုဖိုးတုတ် (ခ) သန့်ဇင်ဝင်း (၃၈ နှစ်) - ရိုးကျေးရွာသား တို့ဖြစ်ကြသည်။
၎င်းတို့၏ ရုပ်အလောင်းများကို ချောင်းကန်ရွာ မြောက်ထိပ်ရှိ အနောက်ဘုန်းကြီးကျောင်းအနီးရှိ နွားချေးပုံများအောက်တွင် မြှုပ်နှံထားခဲ့သည်ကို ပြည်သူများက ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
တွေ့ရှိရသည့် ရုပ်အလောင်းများအရ စစ်ကောင်စီတပ်သားများသည် ပြည်သူများကို လည်လှီး၍ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"စစ်ခွေးစစ်ကြောင်းက သတ်သွားတာ ချောင်းကန်ရွာရဲ့ မြောက်ထိပ်မှာ အလောင်းသုံးလောင်း ပြန်တွေ့တာပေါ့။ သူတို့ သုံးဦးလုံးကို ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်သွားတာ။ ပထမတစ်ယောက်ကို ဦးခေါင်းနောက်ကနေ သေနတ်နဲ့ ပစ်သတ်သွားတယ်။ ဒုတိယတစ်ယောက်ကိုတော့ လည်လှီးပြီး ခေါင်းဖြတ်ထားတယ်။ တတိယတစ်ယောက်ကိုတော့ သေနတ်နဲ့ ရှေ့တည့်တည့်က ပစ်သတ်သွားတာ။ အလောင်းတွေကို ဝိုင်းဖော်ပြီး မီးရှို့သဂြိုဟ်လိုက်ပါပြီ။"ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် ဒေသခံပြည်သူများက တွေ့ရှိရသည့် ရုပ်အလောင်းများကို ကောင်းမွန်စွာ သဂြိုဟ်ပေးခဲ့ပြီးဖြစ်သော်လည်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူများမှာ ထိတ်လန့်နေကြကြောင်း သိရှိရသည်။

🤬71😁3❤2😢1
အောင်လံမြို့နယ်၊ ကျီရပ်ကုန်းရွာမှ ပေါ်တာဆွဲဖမ်းဆီးရသည့် ကိုကျော်လင်း စစ်တပ်၏ ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် သေဆုံးသွားပြီး အလောင်းကို ငွေဖြင့်ပြန်ရွေးရ
ဧပြီလ ၁၁ ရက်
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းရွာမှ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရသည့် ကိုကျော်လင်းမှာ စစ်တပ်၏ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးသွားကြောင်း ကိုကျော်လင်း၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က စစ်တပ်နှင့်အတူ ကိုအောင်ပိုင်နှင့် ကိုကျော်လင်းတို့ ၂ ဦးကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ပေါ်တာဆွဲထားသော လူငယ် ၂ ဦးကို သင်တန်းကျောင်းသို့ မပို့ဆောင်မီ ဖမ်းဆီးချုပ်နှောင်ထားစဉ် စစ်သားများက ရိုက်နှက် ညှဉ်းပန်းခဲ့ကြောင်း၊ ထိုသို့ ညှဉ်းပန်းရာမှ ကိုကျော်လင်းမှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
"စစ်မှုထမ်းကြေးပေးရင် ပေါ်တာမဆွဲဘူးလို့ ပြောတဲ့အတွက်ကြောင့် ကျေးရွာနေပြည်သူတွေ မရှိတဲ့ကြားက ထည့်ဝင်ကြတာပါ။ ဒါပေမဲ့ ငွေပေးနေပါလျက်နဲ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ရွာထဲကို ကားနဲ့ဝင်လာပြီး ကိုကျော်လင်းနဲ့ ကိုအောင်ပိုင်တို့ကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားပါတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဖမ်းဆီးခံရသည့် ကိုအောင်ပိုင်နှင့် ကိုကျော်လင်းတို့ ၂ ဦးအတွက် မိဘများက ငွေကျပ် သိန်းရာချီပေး၍ ပြန်လည်ရွေးရန် ကြိုးစားခဲ့သော်လည်း စစ်တပ်က လက်မခံခဲ့ကြောင်း၊ ထို့နောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကိုကျော်လင်းမှာ ရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း၊ စစ်တပ်က ကိုကျော်လင်းမှာ ရေသောက်စဉ် ရေသီး၍ သေဆုံးသည်ဟု မိသားစုကို ပြောလာကြောင်း သိရှိရသည်။
"ကိုကျော်လင်းသေဆုံးတာကို ရေသောက်နေတုန်း ရေသီးပြီးတော့ သေတယ်လို့ စစ်တပ်က ပြောတယ်" ဟု အဓိပ္ပာယ်မရှိသော အကြောင်းပြချက်ဖြင့် သေဆုံးကြောင်း စစ်တပ်က မိသားစုထံသို့ အကြောင်းကြားခဲ့သည်။
ယင်းနောက် စစ်တပ်က ကိုကျော်လင်း သေဆုံးသွားပြီဖြစ်သော်လည်း စစ်တပ်က "လူပြန်ရွေးချင်လျှင် ပိုက်ဆံဖြင့်လာရွေးပါ" ဟု ဆက်သွယ်ကာ ငွေလိမ်လည်တောင်းခံပြီးမှ အလောင်းကို ပြန်ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
မိသားစုက ကိုကျော်လင်း အသက်ရှိသေးသည်ဟု ယူဆကာ ငွေဖြင့်သွားရောက်ရွေးချယ်ခဲ့သော်လည်း မိတ္ထီလာဆေးရုံသို့ ရောက်ရှိချိန်တွင်မှ ကိုကျော်လင်းမှာ သေဆုံးသွားပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။
စစ်တပ်က ပြန်ပေးလိုက်သော ကိုကျော်လင်း၏ အလောင်းတွင်လည်း တစ်ကိုယ်လုံးတွင် ညှဉ်းပန်း နှိပ်စက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေကြောင်း သိရသည်။
အောင်လံမြို့နယ် ကျီရပ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး သန့်ဇင် နှင့် ၎င်း၏အပေါင်းအပါများဖြစ်သော စိုးသိန်း (ခ) ကွပ်သစ်၊ အောင်ပွား နှင့် ဝင်းဇော် တို့က ပြည်သူများထံမှ စစ်မှုထမ်းကြေးအဖြစ် လစဉ် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး ၂၀,၀၀၀ ကျပ်မှ ၃၅,၀၀၀ ကျပ်အထိ ၅ ကြိမ်တိုင်တိုင် အတင်းအဓမ္မ ငွေညှစ်ကောက်ခံခဲ့သော်လည်း အခြားတစ်ဖက်တွင်မူ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။

🤬64❤4👍3🔥2👏1😁1😢1
ငဖဲ-စေတုတ္တရာကားလမ်းမပေါ်က စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်း
ဧပြီလ ၁၁ ရက်
မကွေးတိုင်း စေတုတ္တရာမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho)က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီအင်အား ၃၀ကျော်နဲ့တပ်စွဲထားတဲ့ ငဖဲ-စေတုတ္တရာကားလမ်းမပေါ်က ကင်ပွန်းခြုံကျေးရွာဂိတ်စခန်းကို ဧပြီ ၁၀ရက် မနေ့ မနက် ၅နာရီမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲက ၂နာရီခွဲခန့်ကြာခဲ့ပြီး စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးသလို ထိခိုက်ဒဏ်ရာရသူ အများ အပြား ရှိခဲ့တယ်လို့ CDF - Asho ကထုတ်ပြန်ထားပါတယ်။ MA - 1တစ်လက်၊ ကာဘိုင်နှစ်လက်နဲ့ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ထုတ်ပြန်ထားပါတယ်။
CDF - Ashoနဲ့အတူ လူ့ဘောင်သစ်တပ်မတော်(NSA)၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA - Magway)၊ မင်းဘူးခရိုင် အမှတ်(၈)တပ်ရင်း၊ ငဖဲမြို့နယ်ပကဖတို့ ပူးပေါင်း စီးနင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ငဖဲမြို့နယ်ထဲက မန်းချောင်းအနီး ကြောင်နွားသိုးဆည်နားမှာလည်း မတ်လ ၂၅ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဝဦးသေဆုံးတယ်လို့ CDF-Ashoက သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ဆက်စပ်နေတဲ့ အမ်-ပဒါန်းလမ်းက နတ်ရေကန်ဗျူဟာကိုလည်း
အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့အတူ CDF_Ashoလည်း ပါဝင်တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီက နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်ကို Y12၊ ဂျက်ဖိုက်တာ၊ ဒရုန်းတွေသုံးပြီး နေ့စဉ် ဗုံးကြဲခုခံနေပါတယ်။
(စီးနင်းတိုက်ခိုက်ခဲ့တဲ့ နေရာနဲ့ သိမ်းဆည်းရရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတချို့။ ဓာတ်ပုံ - CDF-Asho

❤45👍19👏6😁3
လေကြောင်းတိုက်ခိုက်မှုကို စီမံခန့်ခွဲရာတွင် အဓိကပါဝင်သည့် ဒုတပ်ချုပ်ဟောင်း၏ တူဖြစ်သူအား ရုရှားသံအမတ် ခန့်အပ်
ဧပြီလ ၁၁ ရက်
အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုများကို စီမံခန့်ခွဲရာတွင် အဓိကပါဝင်သည့် ယခင်စစ်အာဏာရှင် ဒုစစ်ခေါင်းဆောင်၊ ဒုတပ်ချုပ်ဟောင်း ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ တူဖြစ်သူအား ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခန့်အပ်လိုက်ကြောင်း သိရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးတုလွှတ်တော်မှတဆင့် သမ္မတနေရာ ရယူပြီးနောက် အမည်ခံ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ပြုလုပ်ရာ ယမန်နေ့ ဧပြီ ၁၀ ရက်တွင် တပ်ဘက်မှ ပြောင်းရွှေ့ထားသော ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးမိုးအောင်ကို ထိုသို့ခန့်အပ်ခဲ့ကြောင်း ထုတ်ပြန်လာသည်။
ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးမိုးအောင်သည် စစ်တက္ကသိုလ် အပတ်စဉ် (၃၂) ကျောင်းဆင်းဖြစ်ပြီး ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၏ တူဖြစ်သလို စစ်လက်ရုံးတပ်ဖြစ်သည့်လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ) အရာရှိချုပ်လည်းဖြစ်ကြောင်း CDM အသိုင်းအဝိုင်းထံက သိရသည်။
ထို့အပြင် စစ်မျိုးရိုးကြောင့် တပ်တွင်း၌ အရှိန်အဝါကြီးပြီး စစ်ခေါင်းဆောင်၏ လူယုံတော်လည်းဖြစ်ကာ ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) နှင့် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ)တိုင်းမှူး၊ ယင်းမှတဆင့် (လစခ) အရာရှိချုပ် ဖြစ်လာခြင်းဖြစ်သည်။
အဆိုပါ စစ်လက်ရုံးတပ်ဖြစ်သည့် လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ) သည် စစ်အုပ်စုအတွက် အရေးလှပါပြီး ၎င်းတို့နှင့် ထိတွေ့ဆက်ဆံနေသော ရုရှား၊ ဘယ်လာရုစ် နိုင်ငံထံမှ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုနှင့် ပညာတော်သင် စေလွှတ်မှုတို့ကို လုပ်ပေးရကြောင်း သိရသည်။
ယင်းအပြင် အာဏာသိမ်းမှုကြောင့် ခုခံတော်လှန်မှုများ အားကောင်းလာသော နယ်မြေ၊ ဒေသများနှင့် အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းစစ်ဆင်ရေးများ တိုးမြှင့်ပုံဖော် တိုက်ခိုက်ရာတွင် စီမံခန့်ခွဲရသည့် အဓိကအခန်းကဏ္ဍ၌ "လစခ" လည်း ပါဝင်ကာ စစ်ခေါင်းဆောင်၏ ယုံကြည်မှုအား ပိုမိုရရှိစေခဲ့သည်။
ထို့နောက် စစ်ခေါင်းဆောင်က ၎င်းစီစဉ်ထားသည့်အတိုင်း စစ်အစိုးရ၏ ဒုသမ္မ၊ သမ္မတအဖြစ် ဖန်တီးလာမှုနှင့်အတူ လူယုံတော်များကို နေရာပေးရာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးမိုးအောင်ကို ခန့်အပ်ခြင်းဖြစ်သည်။
ယင်းသို့ ခန့်အပ်သွားရန် ၎င်းအား ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီအတွင်း၌ တပ်ဘက်မှ အရပ်ဘက် (နိုင်ငံခြားရေးဝန်ကြီးဌာန) သို့ ပြောင်းရွှေထားခြင်းဖြစ်ပြီး ရုရှားနှင့် ကာဇက်စတန်နိုင်ငံဆိုင်ရာ ပူးတွဲသံအမတ်ကြီးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း သစ်လင်းအုန်းနှင့် အစားထိုးပြောင်းလဲ နေရာပေးလိုက်ကြောင်း သိရသည်။
ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးမိုးအောင်ကို နေရာပေးခြင်းမှာ နှစ်နိုင်ငံ သံတမန်ရေးရာ ဆက်ဆံမှုများ ပိုမိုခိုင်မာလာစေရန်အပြင် လေကြောင်းကာကွယ်ရေးစနစ်၊ လေယာဉ်နှင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူမှုတို့အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း အကဲခတ်များက ဆိုသည်။
ဓာတ်ပုံ-MOI
#AYAT

🤬53❤9👎6👍1👏1😁1
အရာတော်နှင့် ကနီတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေ ကြောင်းနှင့် ဒရုန်းများဖြင့် အဆက်မပြတ်တိုက်ခိုက်၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ
ဧပြီလ ၁၁ ရက်
စစ်ကိုင်းတိုင်းအတွင်းရှိ အရာတော်မြို့နယ်နှင့် ကနီမြို့နယ်တို့တွင် အကြမ်း ဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်း တိုက်ခိုက်မှုများနှင့် ဒရုန်းဗုံးသီးချတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသဖြင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေကြောင်း သိရသည်။
ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ ၃၀ မိနစ်ခန့်အထိ အရာတော်မြို့နယ်တောင်ခြမ်းရှိ မင်းရွားကျေးရွာနှင့် မလဲသာကျေးရွာကြားကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။
မိတ္ထီလာ ရှမ်းတဲလေတပ်နှင့် တံတားဦးလေတပ်တို့မှ တက်လာသည့် ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံး ၁၃ လုံး ကြဲချကာ ၁၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက "စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်တိုင်တိုင် ဗုံးကျဲသွားတာပါ။ ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံး ၁၃ လုံး ချသွားတာ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ်ပျက်စီးတာမျိုးတော့ ကျွန်တော် မသိရသေးဘူး။ စစ်ခွေးလေယာဉ်တွေ လက်ရှိမှာ ဝဲနေတုန်းပဲ။ ပြည်သူတွေက ကြောက်လို့ အပြင်တောင် ထွက်မကြည့်ရဲသေးဘူး။"ဟု ပြောဆိုသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့ကလည်း အရာတော်မြို့နယ်၊ ကမ်းပြူကျေးရွာရှိ စစ်ဘေးရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်းများအပါ အဝင် နေရာ ၃ ခုကို စစ်ကောင်စီက အသေခံဒရုန်း ၃ စီးဖြင့် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
ထို့အပြင် ကနီမြို့နယ်၊ တဇယ်ချောင်ကျေးရွာနှင့် အနီးတစ်ဝိုက်ကိုလည်း ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ဒရုန်းများဖြင့် အကြိမ် ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တဇယ်ချောင်ကျေးရွာမှ အမျိုးသမီးတစ်ဦး နှာခေါင်းတွင် ကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။
"စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများနဲ့ တိုက်ခိုက်ခဲ့တာပါ။ ဒရုန်းဘယ်နှစ်စီးလဲဆိုတာထက် ကနီဘက်ကနေ တစ်ခေါက်ပြီးတစ်ခေါက် လာနေတာပဲ။ ထိခိုက်ဒဏ်ရာရတာက တဇယ်ချောင်ရွာက အမျိုးသမီးတစ်ဦးပါ။ နှာခေါင်း ထိသွားတယ်။ နေအိမ်ပျက်စီးတာမျိုးတော့ မရှိပါဘူး။"ဟု ကနီဒေသ သတင်းရင်းမြစ်က ရှင်းပြသည်။
အလားတူ မတ်လ ၂၁ ရက်နေ့ကလည်း ကနီမြို့နယ်၊ ဆူးလေကုန်းရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော်များ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များ၌ စစ်ကောင်စီသည် မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပင် လေကြောင်းအင်အား အလွန်အကျွံအသုံးပြုကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသဖြင့် ပြည်သူများမှာ အချိန်နှင့်အမျှ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရသည်။
ဓာတ်ပုံ- စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့စဉ်။

🤬58❤3👏2🔥1🥰1😢1
မြန်မာနိုင်ငံသို့ နျူကလီးယားစွမ်းအင် အပါအဝင် မည်သည့်ပူးပေါင်း ပံ့ပိုး ဆောင်ရွက်မှုမဆို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းမှ ပေးအပ်သင့်ဟု နိုင်ငံတကာသို့ ပန်ကြား
ဧပြီလ ၁၁ ရက်
မြန်မာနိုင်ငံသို့ နျူကလီးယားစွမ်းအင် အပါအဝင် မည်သည့်ပူးပေါင်း ပံ့ပိုး ဆောင်ရွက်မှုမဆို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းမှ ပေးအပ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ ပန်ကြားလိုက်သည်။
ဧပြီလ ၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့ရှိ ကုလသ မဂ္ဂ ဌာနချုပ်တွင် ကျင်းပလျက်ရှိသော ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးကော်မရှင် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းသို့ ထိုသို့ ပန်ကြားလိုက်ခြင်းဖြစ် သည်။
အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးနိုင်သည့် နည်းပညာနှင့် ပစ္စည်းမှန်သမျှကို ၎င်းတို့၏ အကြမ်း ဖက်လုပ်ရပ်များအတွက် သာ အသုံးပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နျူကလီးယားစွမ်းအင် အစီအစဉ်အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း၏ မည်သည့်ပူးပေါင်း ပံ့ပိုး ဆောင်ရွက်မှုမဆို စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်တည်ဆောက်ကာ စစ်တပ်သည် အရပ်သားအစိုးရ၏ ကြီးကြပ် ထိန်းချုပ်မှုအောက်သို့ ရောက်ရှိမှသာလျှင် မြန်မာနိုင်ငံအား ပေးအပ်သင့်ကြောင်း နိုင်ငံတကာသို့ သံအမတ်ကြီးက ပန်ကြားသည်။
အကြမ်းဖက်စစ်အုပ်စုက နည်းပညာနှင့် အရပ်ဘက်သုံးပစ္စည်းများကို ပြည်သူများအပေါ် ဖိနှိပ်ရန် လက်နက်သဖွယ် အလွဲသုံး စားပြုနေကြောင်း၊ နည်းပညာနှင့် ပစ္စည်းများကို လက်နက်သဖွယ် အသွင်ပြောင်းနေပြီး အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ခေတ်မီနည်းပညာများကို လမ်းလွှဲအသုံးပြုနေကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
ဒစ်ဂျစ်တယ်အပိုင်းတွင်လည်း ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြု၍ လူထုအပေါ် စောင့်ကြည့်ထောက်လှမ်းခြင်း၊ သတင်းမှားများဖြန့်ခြင်းနှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဖိနှိပ်ခြင်းများကို လုပ်ဆောင်နေကြောင်း သူက ရှင်းပြသည်။
လေကြောင်းမှ ပြည်သူလူထုကို အကြမ်းဖက်ရာတွင် ပါရာမော်တာများနှင့် ဂျက်လောင်စာဆီများကို အသုံးပြုကာ အရပ်သားများအပေါ် ခွဲခြားမှုမရှိ ဗုံးကြဲတိုက်ခိုက်မှုများ ကျူးလွန်နေကြောင်း၊ စစ်အုပ်စု၏ လက်နက်ပွဲစားများသည် လျှပ်စစ်မော်တာများကို ဝယ်ယူကာ မောင်းသူမဲ့လေယာဉ်များ (UAVs) အဖြစ် နည်းပညာလမ်းလွှဲ အသုံးပြုနေသည့် သာဓကများ ရှိနေကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လက်ရှိအချိန်အထိအပြစ် မဲ့ပြည်သူပေါင်း ၈,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၃ ဒသမ ၆ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ၊လူပေါင်း ၂၂ သန်းခန့် မှာ လူသားချင်းစာနာမှု အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ရှင်းလင်းပြောဆိုသည်။
ထို့အပြင် စစ်အုပ်စုထံသို့ လက်နက်များ၊ ဂျက်လောင်စာဆီ၊ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် နည်းပညာများ ရောက်ရှိနေမှုများကို အဖွဲ့ဝင်နိုင်ငံအားလုံးက အမြန်ဆုံး ဖြတ်တောက်ပေးရန်လည်း တိုက်တွန်းခဲ့သည်။
ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂတွင် အလေးအနက် ပြောကြားသည်။

❤50👍25😁11🥰3
ရန်ကုန်မှာ အုပ်ကြီးတွေနဲ့ ပွဲစားတွေ ပူးပေါင်းပြီး အိမ်ခြံမြေလိမ်လည်ရောင်းနေတာကြောင့် ဝယ်ယူမိသူတွေ တရားစွဲခံနေရ
ဧပြီလ ၁၁ ရက်
ကျောတစ်ခင်းစာတစ်နေရာရဖို့ ခက်ခဲတဲ့ရန်ကုန်မြို့မှာ မသိနားမလည်တဲ့ အခြေခံလူတန်းစားတွေကို အိမ်ခြံမြေ လိမ်လည်မှု ရောင်းချမှုတွေတာကြောင့် တရားရင်ဆိုင်ရသူတွေရှိတယ်လို့ ရန်ကုန်မြို့ခံပြည်သူတွေဆီက သိရပါတယ်။
အထောက်အထားအပြည့်အစုံမရှိတဲ့ အိမ်ခြံမြေတွေကို ရပ်ကွက်အုပ်ချုပ်ရေးနဲ့ ပွဲစားတွေပေါင်းပြီး ရောင်းချရာ ဝယ်ယူခဲ့သူတွေအနေနဲ့ အိမ်ပေါ်က ဆင်းပေးရသလို တရားရင်ဆိုင်ခဲ့ရတယ်လို့ မင်္ဂလာဒုံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"ရန်ကုန်မှာ မိသားစုလိုက် အလုပ်လာလုပ်တာ ၈ နှစ်ရှိပြီ။ အိမ်ငှားခက တစ်လကို နှစ်သိန်းခွဲရှိတယ်။ အိမ်ငှားဘဝက ဝဋ်ကျွတ်အောင်ဆိုပြီး ထောက်ကြန့်ဘက်မှာ သိန်း ၂၅၀ နဲ့ အိမ်ဝယ်လိုက်တယ်။ ဝယ်ပြီး ခြောက်လလောက်ကြာတော့ ပိုင်ရှင်ရောက်လာပြီး ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်။ တရားစွဲတဲ့အခါ ကျွန်မတို့ဆီမှာရှိတဲ့ ပါမစ်က အတုဖြစ်နေတယ်။ ဝယ်တုန်းက အုပ်ချုပ်ရေးမှူး အာမခံလို့ ဝယ်လိုက်တာ။ အမှုဖြစ်တော့ အုပ်ချုပ်ရေးမှူး ရှောင်ထွက်သွားရော" လို့ ပြောပါတယ်။
တောင်ဒဂုံမြို့နယ် ၁၀၄ ရပ်ကွက်တွင် နှစ် ၆၀ ဂရန်နဲ့နေအိမ်ကို သိန်း ၁၅၀၀ နီးပါးနဲ့ ဝယ်ယူနေထိုင်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ဂရန်ကို အမည်ပေါက်လျှောက်ရန် သတင်းစာတွင် ထည့်သွင်းကြေညာစဉ် ပိုင်ရှင်ပေါ်လာ၍ အမှုရင်ဆိုင်နေရတယ်လို့ တောင်ဒဂုံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"အိမ်ပိုင်ရှင်ဆိုပြီး ဂရန်မိတ္တူနဲ့ ရောင်းတယ်။ မိတ္တူဆိုပေမယ့် မြို့တော်စည်ပင်က ထုတ်ပေးထားတာ။ ဝယ်ပြီး တစ်နှစ်လောက်နေတော့ အမည်ပေါက်ပြောင်းဖို့လုပ်တော့ ပိုင်ရှင်အစစ်ကပေါ်လာပြီး ကန့်ကွက်ရော။ ရုံးမှာရှင်းတော့ သူက မူလအမည်ပေါက်ပိုင်ရှင်၊ ကိုယ့်လက်ထဲမှာရှိတာက ဂရန်မိတ္တူဆိုတော့ မြွေပါလည်းဆုံး သားလည်းဆုံးဘဝကို ရောက်သွားတယ်" လို့ ပြောပါတယ်။
အိမ်ခြံမြေဝယ်ယူရာတွင် မြေယာကိစ္စနဲ့ပတ်သက်၍ တတ်ကျွမ်းနားလည်သူများနဲ့ တိုင်ပင်သင့်သလို ရှေ့နေများနဲ့လည်း ဆွေးနွေးအကြံတောင်းသင့်ကြောင်း အိမ်ခြံမြေလုပ်ကိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
"မြေမှာ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ လယ်ယာမြေ၊ ပါမစ်၊ စလစ်မြေဆိုတာရှိတယ်။ ဘိုးဘွားပိုင်မြေကတော့ အခိုင်အမာဆုံးပဲ။ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချကတည်းက အစဉ်အဆက်နေလာတဲ့မြေကို ပြောတာ။ ဂရန်မြေကလည်း အမျိုးအစားအများကြီးရှိတယ်။ ၁၀ နှစ်ဂရန်၊ နှစ် ၃၀ ဂရန်၊ နှစ် ၆၀ ဂရန်၊ နှစ် ၉၀ ဂရန်။ ရန်ကုန်မှာက နှစ် ၆၀ ဂရန်တွေများတယ်။ ဂရန်ထဲမှာလည်း ဂရန်ကတုံးနဲ့ ဂရန်မိတ္တူဆိုတာရှိသေးတယ်။ ပါမစ်ဆိုတာ အစိုးရမြေမှာ နေထိုင်ခွင့်ရတဲ့မြေပါ၊ တစ်ဆင့်ပြန်ရောင်းလို့မရဘူး၊ ခေတ်ကာလအလျောက် လူတွေက ရောင်းနေကြတာ။ စလစ်မြေက ကျူးကျော်တွေကို နေရာပေးတဲ့ မြေအမျိုးအစားပါ။ လယ်မြေနဲ့ လယ်ယာမြေကလည်း မတူဘူး။ လယ်မြေဆိုတာ စပါးတစ်မျိုးတည်းစိုက်ဖို့ အစိုးရက ခွင့်ပြုထားတာ။ လယ်ယာမြေကျတော့ သီးနှံအမျိုးမျိုး စိုက်လို့ရတယ်။ လယ်ယာမြေကို အခြားနည်းအဖြစ် သုံးချင်ရင် တိုင်းအစိုးရမှာ လယ ၃၀ လျှောက်ပြီး သုံးလို့ရတယ်။ ဒါကြောင့် မြေဝယ်မယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီးဝယ်သင့်တယ်။ နောက်မို့ဆို လိမ်ရောင်းတဲ့သူ ဂျင်းထည့်တာခံရမယ်" လို့ ရှင်းပြပါတယ်။
ဒီလို လိမ်လည်ရောင်းချနေသူတွေကြောင့် ပြည်သူတွေ တရားရင်ဆိုင်နေရပေမယ့် ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ပွဲစားတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လယ်မြေတွေကို အကွက်ရိုက်ရောင်းချနေပြီး အာဏာပိုင်တွေက တားဆီးတာမရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်တာကာလအတွင်း ရန်ကုန်တိုင်းအတွင်းရှိ မင်္ဂလာဒုံခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ လှည်းကူးခရိုင်၊ တွံတေးခရိုင်နဲ့ မရမ်းကုန်းခရိုင်မှာ မြေယာပြဿနာကြောင့် အမှုရင်ဆိုင်နေရသူ ၃၀၀ နီးပါးရှိတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

👍37🤬30❤4🔥1😢1
ရှေ့နေ ဦးကိုနီ သတ်ဖြတ်ခံရမှုတွင် အဓိက ကြိုးကိုင်သူ တရားခံအဖြစ် သံသယရှိခံရသူ ၊ မင်းအောင်လှိုင် ကိုယ်ရေးအရာရှိဟောင်း လင်းဇော်ထွန်း လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီးဖြစ်လာ
ဧပြီလ ၁၁ ရက်
ရန်ကုန်မြို့တွင် NLD ပါတီ၏ ဥပေဒအကြံပေး ရှေ့နေဦးကိုနီ သတ်ဖြတ်ခံရမှုတွင် အဓိကကြိုးကိုင်သူ တရားခံအဖြစ် သံသယရှိခံရသူလည်းဖြစ်၊ မင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိဟောင်း လင်းဇော်ထွန်းကို မင်းအောင်လှိုင်က လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဖြစ်လာသည်။
လင်းဇော်ထွန်းသည် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ကြံ့ဖွတ်ပါတီကိုယ်စားပြု၍ ၂၀၂၅ ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ အနိုင်ရလာသူလည်းဖြစ်သည်။
မင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိဟောင်းလည်းဖြစ်၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲနှင့် ၂၀၂၅ ရွေးကောက်ပွဲတို့တွင် မိုင်းဖြတ်မြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်လည်းအဖြစ် အနိုင်ရရှိခဲ့သူ လင်းဇော်ထွန်းမှာ ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဥက္ကဋ္ဌလည်းဖြစ်သည်။
မင်းအောင်လှိုင်ကိုယ်ရေးအရာရှိလုပ်ခဲ့သူဖြစ်သည့်အပြင် ယခုအချိန်အထိလည်း မင်းအောင်လှိုင် ကိုးကွယ်သော ၀စီပိတ်ဘုန်း ကြီးအတွက် ဝေယျာ၀္စနှင့် မင်းအောင်လှိုင် ညွှန်ကြားမှုများအတိုင်း လိုက်ပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
လင်းဇော်ထွန်းသည် မဘသ၏ အမာခံဒေါက်တိုင်ဖြစ်ပြီး မဘသနှင့် အမျိုး သားရေးအစွန်းများကို နောက်ကွယ်မှ လိုအပ်သမျှ ငွေကြေးထောက်ပံ့နေသော အမည်မဖော်လိုသော ဒေါက်တိုင် ထောက်ပံ့သူဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ဆိုသည်။
သူသည် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုတွင် လင်းဇော်ထွန်းမှာ အဓိက ကြိုးကိုင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သော် လည်း မည်သည့်အရေး ယူမှုမှ မခံရဘဲ လွတ်မြောက်ခဲ့သည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ရန်ကုန်လေဆိပ်တွင် NLD ပါတီ၏ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို သေနတ်သမားကြည်လင်းက လုပ်ကြံသတ်ဖြတ်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုအပြီး တစ်လအကြာ ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဗိုလ်ကြီးဟောင်းဇေယျာဖြိုး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မိုင်းဖြတ်လွှတ်တော်ကိုယ် စားလှယ် ဦးလင်းဇော်ထွန်း၊ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်တို့ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံခဲ့ပြီး ဦးကိုနီအကြောင်း ပြောဆိုဆွေးနွေးကြရာမှ လေဆိပ်တွင် လုပ်ကြံသည့်အမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ရှေ့နေဦးကိုနီ သတ်ဖြတ်ခံရသည့်အမှုတွင် အဓိက ကြိုးကိုင်ခဲ့သူ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်မှာ လုပ်ကြံမှု မလုပ်ဆောင်ခင် နေပြည် တော်သို့ သွားရောက်ခဲ့ပြီး လင်းဇော်ထွန်းက အောင်ဝင်ခိုင်းကို ငွေကျပ် ၁ဝ သိန်း ချေးငှားခဲ့သော်လည်း လင်းဇော်ထွန်းမှာ ရှေ့နေ ဦးကိုအသတ်ခံရမှုအတွက် တရားစွဲမခံရခဲ့ပေ။
၂၀၂၀ ရွေးကောက်ပွဲတွင် လင်းဇော်ထွန်းမှာ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များက မဲဆန္ဒရှင်များကို ရွာလုံးကျွတ် ကားအကြိုအပို့လုပ်၍ မဲထည့်ခိုင်းမှုများရှိခဲ့သဖြင့် ကန့်ကွက်မှု ခံခဲ့ရသူလည်းဖြစ်သည်။
ယင်းအပြင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့ မဲပေးမှု အပါ အဝင် ကြိုတင်မဲများ ကောက်ယူရာတွင် လင်းဇော်ထွန်းနှင့်ကြံ့ဖွတ်ပါတီက မမှန်မကန် လုပ်ဆောင်ခဲ့၍ SNLD နှင့် NLD ပါတီက ကန့်ကွက်ခဲ့ကြသည်။
ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်တွင် နမ့်ယွန်း ပြည်သူ့စစ်အဖွဲ့ တစ်ခု အခြေ စိုက်လှုပ်ရှားလျက်ရှိပြီး စစ်အရာရှိဟောင်း လင်းဇော်ထွန်းက နမ့်ယွန်းပြည်သူ့စစ်အဖွဲ့အပေါ် အလွန်ဩဇာညောင်းသည်။

🤬67❤9👍2👎2👏2
ဖာကန့်ရှိ စစ်တပ် ဗျူဟာကုန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်ကလည်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေ
ဧပြီလ ၁၁ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် ဗျူဟာကုန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်က ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ပြင် စစ်တပ်ကလည်း ဒရုန်းများ အပါအဝင် လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အမှိုက်ပုံရွာ ၊ မရှီကထောင်ရပ်ကွက်ဘက်နှင့် သင်းချိုင်းကုန်းဘက်ကို ဗုံးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ပြန်လည် တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
" ဒရုန်းနဲ့ အပြန်အလှန်ချနေကြတာ ဗျူဟာကုန်း မိန်းနေရာအထိ ဒရုန်းဗုံးတွေ ကွက်တိကိုကျရောက် ပေါက်ကွဲတယ်။ စစ်ခွေးတွေ ဝပ်နေတဲ့ ဗျူဟာကုန်းပေါ်က ကတုတ်ကျင်းထဲပါ ဗုံးတွေ ကျရောက်ပေါက်ကွဲလို့ စစ်ခွေး ထိခိုက်သေဆုံးမှုရှိပါတယ်။ စစ်ခွေးတွေက လေယာဉ်တွေနဲ့ ဗုံးကျဲ တိုက်ခိုက်တာတွေရှိတယ်။ အဲကောင်တွေ အထိနာသွားပုံရတယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့ တို့တွင်လည်း ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဗျူဟာကုန်းပေါ်ကို KIA ပူးပေါင်းတပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဗုံးများကျရောက် ပေါက်ကွဲကာ မီးလောင်ပျက်စီးမှုရှိကြောင်း သိရသည်။

👍60❤6🔥5
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်
🍀
🍃 ထီ 1 စောင်ကို မြန်မာငွေ 14,500 ကျပ်။ ထိုင်းဘတ် 100 ပါ။ 🌿
မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/
🎁 ရရှိနိုင်သောထီနံပါတ်များ 🎁
054802
635505
561006
535007
682708
853409
249014
884615
511116
046350
868151
016952
400054
242958
544559
543760
590066
827768
753169
306170
091675
497678
698779
643582
513184
984087
013791
038292
166294
351895
652896
148698
662300
409101
015102
165403
671905
821507
568208
009209
034210
428511
834912
169413
905814
616817
875919
991624
099626
912927
349829
214431
768632
146933
453235
523436
381042
853343
066145
952647
014948
855649
119650
361251
954753
625954
320855
808759
019060
959361
949462
280466
044069
126970
049774
903677
157678
326680
772681
781282
335283
379584
825585
282387
432488
056890
059294
825496
📱 ဆက်သွယ်ဝယ်ယူရန် 📱
- https://t.me/pyithuaungpwel
- https://t.me/infoAthlaing
Viber ☎️ +66930839386
#ThaiLottery

👍28❤8👎1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်
🍀
🍃 ထီ 1 တွဲ စောင်ကို မြန်မာငွေ 30,000 ကျပ်။ ထိုင်းငွေ 200 ဘတ် 🌿
မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/
🎁 ရရှိနိုင်သော ဘတ် 12 သန်း ထီနံပါတ်များ 🎁
784501
627502
163304
689205
846106
376507
328708
203910
476811
633812
790713
947714
895315
053017
028718
735320
892321
392022
793723
479925
836928
186029
433740
403343
158644
043545
390746
513748 တစောင်ကျန်
827650
984651
172152
228255
615356
929258
913859
559963
716864
873865
090266
812367
208668
661471
867774
606078
919980
403983
452284
550685
707686
864587
016488
170089
664690
495292
652293
098194
876996

👍29❤8👎1
ပေါက်မြို့နယ်ရှိ ပျူစောထီးကျေးရွာများကို ရိက္ခာလာပို့သော စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ စစ်တပ်ကလည်း ဒရုန်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်တိုက်ခိုက်
ဧပြီလ ၁၁ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပျူစောထီးကျေးရွာများကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်တပ်ကလည်း ဒရုန်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် ပေါက်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ရိက္ခာယာဉ်တန်းသည် ပေါက်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို ရိက္ခာပို့ရန် ထပ်မံဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ထို ယာဉ်တန်းတွင် စစ်သားနှင့် ပျူစောထီးများ ပါဝင်ပြီး အင်အား ၁၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။
အဆိုပါ ရိက္ခာယာဉ်တန်းသည် လက်ရှိချိန်တွင် တယ်ပင်ကန်ရွာအနီး ရောက်ရှိနေပြီး လမ်းတောက်လျှောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခံထားရကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းပိုင်းရှိ ကျေးရွာများကိုလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး ကျေးရွာ ၈ ခုမှ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
"ပေါက်မြို့နယ် တောင်ပိုင်းထဲကို ဝင်လာတဲ့ ရိက္ခာယာဉ်တန်းက ဒီနေ့ ယာကြီးပြင် ပျုစောထီးရွာကို ရောက်နေတယ်။ သွားတုန်းကတော့ ကားက ၉၀ ကျော် ၁၀၀ လောက်ပဲ အခု အပြန်မှာ မြို့ပေါ်ရောက်နေတဲ့ ပျူစောထီးတွေ အကုန်လုံး ပြန်လိုက်လာတယ်။ အခုကား အစီးရေက ၂၀၀ ကျော်နေတယ်။ မိုင်းတွေလည်း တောက်လျှောက်ထိပါတယ်။ စစ်ခွေးတွေ ထိခိုက်တာတော့ရှိနိုင်တယ်။ အခု စစ်ခွေးကားတန်းမှာက ထန်းတပင်ရွာ ပျူစောထီးခေါင်းဆောင် ကျော်မင်းဌေး ကားတွေလည်းပါတယ်" ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်ယာဉ်တန်းသည် ပုသိမ်-မုံရွာ လမ်းပိုင်းမှ ကပစ ၂၂ ဘက်ကို ဆက်လက် ထွက်ခွာရန် ဦးတည်နေပြီး လမ်းပိုင်းတောက်လျှောက်ရှိ ပြည်သူများအနေဖြင့် သတိပြုသွားလာနေထိုင်ကြရန်နှင့် လေကြောင်း အန္တရာယ်ကိုလည်း သတိပြုကြရန် ကိုကျားဇိုးက ဆက်လက်ပြောဆိုသည်။
ထို့ပြင် မတ်လပိုင်းကလည်း ပေါက်မြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကိ တော်လှန်ရေးတပ်ဖွဲ့များက လမ်းတောက်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၁၃ ဦးသေဆုံးကာ လက်နက် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

👍51❤9👎1👏1
နမ့်ဖတ်ကာမှာ ခရီးသည်ကားတစ်စီး တိမ်းမှောက်လို့ ခရီးသည် ၅ဦး ထက်မနည်းသေဆုံး
ဧပြီလ ၁၁ ရက်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်လို့ လူ ၅ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဧပြီလ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ နမ့်ဖတ်ကာကျေးရွာနဲ့ နမ့်အွမ်ကျေးရွာအကြားမှာ ရှိတဲ့ ကုန်းအဆင်းနားမှာ ခရီးသည်ယာဉ်တစ်စီး ဘရိတ်ပေါက်ရာကနေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
" မှောက်တဲ့နေရာမှာ ၃ ယောက်ပွဲချင်းသေတယ်။ လမ်းမှာတစ်ယောက်ထပ်သေတယ်။ ဆေးရုံမှာလည်း ၂ ယောက်ထပ်သေတယ်။ ဒဏ်ရာရသူက ၁၃ ယောက်ရှိမယ်။ ကားဆရာ ဒဏ်ရာရတာလား သေတဲ့အထဲပါသွားတာလား မသိရဘူး။ သူ့ကို မတွေ့ရသေးဘူး။ သူ့တို့စီးလာတဲ့ ကားက ရွှေပေါက္ကံကားဂိတ်က" လို့ ဆိုပါတယ်။
အဆိုပါ ကားထဲမှာ အမျိုးသား ၅ ဦး နဲ့ အမျိုးသမီး ၁၃ ဦးပါဝင်ပြီး ၎င်းတို့က မန္တလေးကနေ မူဆယ်တက်လာတဲ့ ခရီးသည်တွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။
အဲဒီ နမ့်ဖတ်ကာနဲ့ နမ့်အွမ်ကြားမှာရှိတဲ့ ပန်ဂျရောပ်ကျေးရွာအနီး ကုန်းဆင်းတဲ့ နေရာမှာ ယာဉ်တိမ်းမှောက်မှု မကြာခဏ ဖြစ်ပွားနေတယ်လို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။
ဓာတ်ပုံ - Locla
#SPM

😢61😱5❤1🔥1