Hlaing Info
55.2K subscribers
141K photos
5.86K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
နွားထိုးကြီးနဲ့ မြင်းခြံမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က ပြည်သူတွေ သတ်ဖြတ်နှိပ်စက်နေ

ဧပြီလ ၁၀ ရက်

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်မှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး ကျေးရွာတွေမီးရှို့ကာ လက်ရှိ မြင်းခြံမြို့နယ်က ပြည်သူ ၈ဦးနဲ့ ရဲဘော် ၃ဦးကို သတ်ဖြတ်ထားတဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ရုပ်သံဖိုင်တွေထွက် ပေါ်လာပါတယ်။

ဒီရုပ်သံဖိုင်ကို မြင်းခြံခရိုင် တပ်ရင်း၄-၁၀ ရဲ့တပ်ရင်းမှူးက ထုတ်ပြန်လာတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်တ‌စ်ဦးရဲ့ ဖုန်းထဲက မှတ်တမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

"တော်လှန်ရေးက ဘာကြောင့်လုပ် နေရသလဲဆိုတဲ့အခြေအနေ တွေကို ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊ရဲဘော်တွေအကုန်လုံးသိ အောင်ချပြခြင်းဖြစ်တယ်"လို့ တပ်ရင်းမှူးက ပြောပါတယ်။

ရုပ်သံဖိုင်မှာတော့ စစ်‌‌သားတွေက ပြည်သူအမျိုးသားနှစ်ဦးကို ဖမ်းဆီးထားကာ ခြေထောက်နဲ့ လက်တွေကို ကြိုးတုပ်ပြီး ကြိုးတုပ်ရက် ‌‌သွားခိုင်းနေတာ တွေ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက " ခုန်ဆွ၊ခုန်ဆွသရဲ တွေ။ဒီညဂန်းသံကြားရင် ကျန်တဲ့ ကောင်တွေ သေမှာပဲ။ တချက်ကြားရင် တယောက်ရှောမယ်"စတဲ့ စကားလုံးတွေနဲ့ ခြိမ်းခြောက် ပြောဆိုပါတယ်။

အဲဒီရဲကွန်မန်ဒိုစစ်ကြောင်းဟာ နွားထိုးကြီးမြို့နယ်က မြဝတီနဲ့ တော်ဝေးကျေးရွာက အမျိုးသမီး ၄ဦးကို အဓမ္မပြုကျင့်ခဲ့သလို ကျေးရွာတွေကို မီး လောင်ဗုံးကြဲ မီးရှို့ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ မြင်းခြံမြို့နယ် နဘူးအိုင်ရွာက နေအိမ်တွေက ပစ္စည်းတွေသယ်ကာ ကျေးရွာကို မီးရှို့ခဲ့သလို ဖက်ပင်အိုင်ကျေးရွာကို ဧပြီ ၅ ရက်က ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၈ ဦးကို သတ်ဖြတ်ကာ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိလည်း စစ်တပ်က မြင်းခြံမြို့နယ်က ဇီးပင်ကန်ရွာ၊ကျောက်ကန်ရွာနဲ့ သစ်ရုံရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ကာစစ်ကြောင်းထပ်ထိုး နေတယ်လို့ သိရပါတယ်။

(နွားထိုးကြီးနဲ့ မြင်းခြံမှာ စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − Screengrab)
#LNO
#HlaingInfo
🤬659👎1👏1😢1
မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်ကိုင်းမြို့ တပ်မ ၃၃ ကို လူအင်အားပို့ဆောင်ရန် ထွက်လာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ဧပြီလ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်ကိုင်းမြို့ တပ်မ ၃၃ ကို လူအင်အားပို့ဆောင်ရန် ထွက်လာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Area71Local People Defense Force Monywa မှ တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ အကြမ်း စစ်သားများ တင်ဆောင်လာသော သံပြားကာကား ၈ စီးပါ ယာဉ်တန်းသည် မုံရွာ-ချောင်းဦး လမ်းပိုင်းကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်း တနေရာ၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းထိမှန်ခဲ့သော စစ်ကားသည် ခေတ္တထိုးရပ်သွားစဉ် ကားပေါ်ပါလာသော စစ်သားများနှင့် လမ်းကင်းယူထားသော စစ်သားများက လက်နက်ငယ်များဖြင့် လမ်းဘေးဝဲယာကို ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

"အဲတိုက်ခိုက်မှုက စစ်ခွေး ကားတန်းမှာပါလာတဲ့ ယာဉ်မောင်း ၁ ကောင်သေတယ်။ ၈ ကောင် ဒဏ်ရာရတယ်။ ပြည်သူတွေ အနေနဲ့ ခရီးသွားလာသည့် အချိန်အတိုင်းအတာတွင်း စစ်တပ် ကားတန်းများနှင့် ပူတွဲလိုက်ပါတာတွေ မပြုလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်"ဟု Area71Local People Defense Force Monywa မှ တာဝန်ခံ ကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Area71LPDF Monywa နှင့် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေး မိုင်းတပ်ဖွဲ့ ၊ တောကျွဲကြီး ပြောက်ကြားတပ်ဖွဲ့ တို့က အတူပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
👍4510👏5😁1
ဖယ်ခုံ – ညောင်ရွှေ နယ်စပ်တွင် ဒေသခံများကို PNO အလှည့်ကျ ဂိတ်စောင့်ခိုင်း

ဧပြီလ ၁၀ ရက်

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ ပုန့်မူကျေးရွာအုပ်စုနှင့် သပြေကုန်းကျေးရွာအုပ်စုအတွင်းမှ ကျေးရွာများရှိ ဒေသခံ အမျိုးသားများကို PNO - ပြည်သူ့စစ်က ဂိတ်စောင့်တာဝန်များ အလှည့်ကျ ထမ်းဆောင်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများကို တစ်ရွာလျှင် ၈ ဦးနှုန်းဖြင့် ရွေးချယ်ကာ PNO ကတ် ပြုလုပ်ခိုင်းပြီး ဖယ်ခုံ – ညောင်ရွှေ နယ်စပ်လမ်းကြောင်းများရှိ ဂိတ်များတွင် စောင့်ကြည့်တာဝန် ထမ်းဆောင်စေခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံများအနေဖြင့် မလိုလားသော်လည်း အလှည့်ကျ တာဝန်ယူရခြင်းဖြစ်ပြီး တစ်ကြိမ် တာဝန်ထမ်းဆောင်ရမည့် ကာလမှာ ၁၀ ရက်ခန့် ကြာမြင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာတွေထဲက လူငယ်တွေကို အလှည့်ကျ ဂိတ်သွားစောင့်ခိုင်းတယ်။ မသွားလည်း မဖြစ်ဘူး။ စာရင်းထဲ ပါသွားပြီဆိုရင် မလွတ်နိုင်ဘူး။ တစ်ခေါက်သွားရင် ၁၀ ရက်လောက် ကြာတယ်” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

ထို့ပြင် ဂိတ်စောင့်နေရာများမှာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် နေရာများဖြစ်သဖြင့် လုံခြုံရေးအန္တရာယ် ကြီးကြောင်း ဒေသခံများက ဆိုသည်။

“ဂိတ်စောင့်တာက အန္တရာယ်များတယ်။ တိုက်ပွဲဖြစ်လာရင် ပထမဆုံး ထိခိုက်နိုင်တာလည်း ဂိတ်စောင့်နေတဲ့ လူတွေပဲ။ ဂိတ်စောင့်နေရာတွေကလည်း တိုက်ပွဲခဏခဏ ဖြစ်တဲ့နေရာတွေ ဖြစ်တယ်။ ခြုံခိုတိုက်ခိုက်ခံရမလား၊ ဒရုန်းနဲ့ တိုက်ခိုက်ခံရမလားဆိုပြီး အမြဲစိုးရိမ်နေရတယ်” ဟု အခြားဒေသခံ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဒေသခံများကို ဂိတ်စောင့်တာဝန်များ အလှည့်ကျ ခိုင်းစေမှုများကြောင့် ဒေသခံလူထုအတွင်း စိုးရိမ်ပူပန်မှုများ ဆက်လက် မြင့်တက်နေကြောင်း သိရသည်။

#MKN
#HlaingInfo
🤬46👎3👏3👍1
ရွှေကုက္ကိုနဲ့ဆက်စပ်နေတဲ့ တရုတ်ကျားဖြန့်အဓိကခေါင်းဆောင်တစ်ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ဧပြီလ ၁၀ ရက်

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တရားမြို့က ဇိမ်ခံအိမ်ရာတစ်ခုမှာ တရုတ်လူမျိုးတစ်ဦးကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)၊ အထူးစစ်ဆင်ရေးအဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးဗျူရိုတို့ ပူးပေါင်းဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဒီနေ့ ဧပြီ ၁၀ ရက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ စုံစမ်းစစ်ဆေးမှုအချက်အလက်တွေအပေါ် အခြေခံကာ ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် တရုတ်လူမျိုးဟာ နာမည်ဆိုးနဲ့ထင်ရှားတဲ့ ရွှေကုက္ကိုက ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေသူတစ်ဦးလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

သူဟာ အွန်လိုင်းလောင်းကစားမာဖီးယားကွန်ရက်ရဲ့ အဓိကကျတဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး လောင်းကစားပလက်ဖောင်း ၂၃၉ ခုကို ထိန်းချုပ်ကိုင်တွယ်ထားကာ ဒီပလက်ဖောင်းတွေမှာ ကစားနေတဲ့ လောင်းကစားလုပ်သူပေါင်း ၃၃၀,၀၀၀ နဲ့ လည်ပတ်နေတဲ့ ငွေပမာဏ ထိုင်းဘတ် ၁၃ ဒသမ ၁၈ ဘီလီယံကို ထိန်းချုပ်စီမံနေတယ်လို့ သိရပါတယ်။

တရုတ်အစိုးရကလည်း သူ့ကို အလိုရှိနေတာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပြီး သူဟာ ဖမ်းဆီးခံရမှုကို ရှောင်လွှဲနိုင်ဖို့အတွက် မူရင်းနိုင်ငံသားကို ဖျောက်ကာ ကာရေဘီယံပင်လယ်ထဲမှာရှိတဲ့ Saint Kitts and Nevis နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

သူဟာ ဘန်ကောက်က လူကုံထံတွေ နေထိုင်တဲ့ အဆင့်မြင့်အိမ်ရာတစ်ခုမှာ မထင်မရှား နေထိုင်နေတာကြောင့် ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်သလို ပတ္တရားကို ခရီးထွက်မယ်ဆိုတာ ကြိုတင်သတင်းရရှိခဲ့တာကြောင့် စောင့်ကြိုဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျားဖြန့်ခေါင်းဆောင် တရုတ်လူမျိုးကို ထိုင်းအာဏာပိုင်တွေက နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်ရေးနဲ့ လူမှုအသိုင်းအဝိုင်းကို ခြိမ်းခြောက်မှုတွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး တရုတ်အစိုးရဆီ လွှဲပြောင်းပေးဖို့ ပြင်ဆင်နေတာကြောင့် တရုတ်နိုင်ငံရဲ့ ဥပဒေအတိုင်း အရေးယူခံရဖို့ ရှိနေပါတယ်။

ဓာတ်ပုံ - The Nation
#CJP
#HlaingInfo
👍547
စစ်ယူနီဖောင်းချွတ် အဝတ်သစ်လဲ၍ အရပ်သားအယောင်ဆောင်ထားသော အကြမ်းဖက် စစ်အာဏာရှင်ကို နိုင်ငံတကာက တရားဝင်မှု မပေးရန်နှင့် မြန်မာ့အရေး ICC တရားရုံးသို့ လွှဲပြောင်းရန်  SAC-M နှင့် ANFREL ပူးပေါင်းတိုက်တွန်း

ဧပြီလ ၁၀ ရက်

စစ်ယူနီဖောင်းချွတ် အဝတ်သစ်လဲ၍ အရပ်သားအယောင်ဆောင်ထားသော စစ်အာဏာ ရှင်ကို နိုင်ငံတကာက တရားဝင်မှုမပေးရန်နှင့် မြန်မာ့အရေး ICC တရားရုံးသို့ လွှဲပြောင်းရန်  မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နှင့် အာရှလွတ်လပ်သောရွေးကောက်ပွဲဆိုင်ရာကွန်ရက် (ANFREL) တို့က ယနေ့ ပူးတွဲအစီရင်ခံစာတစ်ရပ် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

အကြမ်းဖက်စစ်တပ်က  ၂၀၂၅ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၆ ခုနှစ်အတွင်း အဆင့်ဆင့်ကျင်းပခဲ့သော ရွေးကောက်ပွဲများသည် တရားမဝင်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဤရွေးကောက်ပွဲရလဒ်များကို အပြတ်အသတ်ငြင်းပယ်လိုအပ်ကြောင်း   “Old Generals, New Clothes” ဟု အမည်ပေးထားသည့် အစီရင်ခံစာ ထုတ်ပြန်၍ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ၎င်းတို့၏ အာဏာသိမ်းမှုကို တရားဝင်မှုအယောင်ပြရန် လုပ်ဆောင်ခြင်းသာဖြစ်ပြီး စစ်တပ်ကပင် စည်းမျဉ်းများသတ်မှတ်ကာ ၎င်းတို့စိတ်ကြိုက်ရွေးချယ်ထားသူများဖြင့်သာ ကစားခဲ့သည့် ပွဲတစ်ပွဲဖြစ်ကြောင်း အစီရင်ခံစာက အသေးစိတ်လေ့လာစိစစ်၍ ထောက်ပြထားသည်။

စစ်ကောင်စီ၏ "ဟန်ပြ" ရွေးကောက်ပွဲနှင့် အဓိကတွေ့ရှိချက်များကို အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြခဲ့ပြီး စစ်တပ်က  ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျောက်ဖျက်ရန်နှင့် မင်းအောင်လှိုင် သမ္မတဖြစ်ရေး ရည်မှန်းချက်အတွက် အဆိုပါရွေးကောက်ပွဲကို အစီအစဉ်တကျ ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
39👍31😁3🔥1
တော်လှန်ရေး ၅ နှစ်အတွင်း CDF-Thantlang ရဲဘော် ၆၈ ဦး ကျဆုံးပြီး ဒေသခံပြည်သူ ၂၀ ကျော် သေဆုံးခဲ့

ဧပြီလ ၁၀ ရက်

ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) နှင့် ထန်တလန်မြို့နယ်ကောင်စီ တည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားကို ဧပြီလ ၆ ရက်နေ့က ထန်တလန်မြို့နယ် တစ်နေရာတွင် ကျင်းပခဲ့ပြီး နယ်မြေအတွင်းရှိ စစ်ကော်မရှင်တပ်စခန်းအားလုံးကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရေး မဟာမိတ်များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယမန်နေ့ ဧပြီ ၉ ရက်တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ၅ နှစ်ပြည့် အခမ်းအနားတွင် တိုက်ပွဲဝင်ထူးချွန်ရဲဘော်များ၊ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသည့် ရဲဘော်များနှင့် ထိခိုက်ဒဏ်ရာရရှိသော်လည်း တော်လှန်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင် နေသူများအား ဂုဏ်ပြုဆုနှင့် စွမ်းဆောင်ရည်ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး ၅ နှစ်တာကာလအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) မှ ရဲဘော် ၆၈ ဦး တိုင်းပြည်အတွက် သက်စွန့်ကြိုးပမ်း ကျဆုံးခဲ့ရပြီး၊ ဒဏ်ရာရရှိသူ ၂၅ ဦးထက်မနည်း ရှိခဲ့သည်။ ထို့ပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့် အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် ထန်တလန်ဒေသခံပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ထန်တလန်မြို့ကို အလုံးစုံမီးရှို့ဖျက်ဆီးခဲ့သဖြင့် လက်ရှိတွင် ဒေသခံပြည်သူများ နေထိုင်ခြင်းမရှိတော့ဘဲ မြို့ပျက် တစ်ခုအဖြစ် ကျန်ရှိနေကာ မြို့ပေါ်နယ်မြေများကို CDF-Thantlang နှင့် စစ်ကောင်စီတပ်တို့က တစ်ဝက်စီ ထိန်းချုပ်ထားသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) အနေဖြင့် ချင်းလူမျိုးစုများအကြား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးနှင့် နယ်မြေအတွင်း ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို အပြီးတိုင် တိုက်ထုတ်နိုင်ရေးအတွက် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအနေဖြင့် အသိဉာဏ်၊ ငွေကြေးနှင့် အင်အားများဖြင့် ဆက်လက်ဝန်းရံပေးကြရန် မေတ္တာရပ်ခံထားပြီး အာဏာရှင်စနစ် ချုပ်ငြိမ်းသည့်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသည်။

ဓာတ်ပုံ- CDF-Thantlang
#AYAT
#HlaingInfo
😢549👍4
ဘူးသီးတောင် တိုက်ပွဲတွင် တပ်ဆုတ်လာသော တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၇ ဦး သေဒဏ် ချမှတ်ခံရ

ဧပြီလ ၁၀ ရက်

ရခိုင်ပြည် ဘူးသီးတောင်တိုက်ပွဲတွင် အာရက္ခတပ်တော် AA ကြောင့် တပ်ဆုတ်လာရသော အကြမ်းဖက် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၇ ဦးမှာ သေဒဏ်ချမှတ်ခံရပြီး စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်ပတ်ကျော်က ကြိုးမိန့် သေဒဏ် ချမှတ်ခံရခြင်းဖြစ်ပြီး တပ်ရင်းမှူး ၁ ဦး၊ ဒုတပ်ရင်းမှူး ၁ ဦး၊ ဗိုလ်မှူးကြီး ၂ ဦးနှင့် တပ်သား ၃ ဦး စုစုပေါင်း ၇ ဦး ပါဝင်ကြောင်း တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"ပြီးခဲ့တဲ့ အပတ်ကပဲ သေဒဏ်ချပြီး စစ်တွေထောင်ကို ပို့လိုက်ပြီ။ ဘူးသီးတောင် တိုက်ပွဲမှာ တပ်ဆုတ်လာလို့ ကြိုးမိန့်ပေးခံရတာ။ အဓိကတော့ အမိန့်မနာခံမှုနဲ့ တပ်မတော်အပေါ်မှာ တာဝန်ပျက်ကွက်မှုကြောင့်လို့ ပြောရမယ်။ ရန်သူကို မတိုက်ခိုက်ဘဲ တပ်ဆုတ်ထွက်ပြေးတာက တပ်မတော်မှာ ကြီးလေးတဲ့ ပြစ်မှု ဖြစ်ပါတယ်” ဟု ပြောသည်။

သေဒဏ် ကြိုးမိန့်ပေးခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးမှာ အသက် ၄၀ မှ ၅၀ အရွယ်ဖြစ်ပြီး  တပ်ရင်းအမည်၊ လူအမည်၊ ရာထူး စသည့် အသေးစိတ်အချက်အလက်များကို သတင်းရင်းမြစ်က ပြောကြားခြင်းမရှိသော်လည်း Western News မှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဘူးသီးတောင်၊ မောင်တော တိုက်ပွဲနှင့် ကျောက်တော်တိုက်ပွဲများအတွင်း သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် ဗျူဟာမှူး၊ တပ်ရင်းမှူး၊ ဗိုလ်မှူးကြီးများ အပါအဝင် ယခင်ကလည်း ၇ ဦးအထိရှိခဲ့ပြီး ယခု ၇ ဦးနှင့် ပေါင်းလျှင် ရခိုင်တိုက်ပွဲအတွင်း သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူ စုစုပေါင်း ၁၄ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။

ယခင်က သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် ၇ ဦးမှာ ခလရ ၂၆၃ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဆန်းကျော်သူ (သေဒဏ်)၊ ခမရ ၃၅၂ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး တိုးဝေမြင့် (ထောင်ဒဏ် နှစ် ၂၀)၊ စကခ ၁၉ မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်သန့် (ထောင်ဒဏ် နှစ် ၂၀)၊ ဒကစ (စစ်တွေ) လက်အောက်ခံ ခလရ ၂၀ မှ ဗိုလ်ကြီး ၁ ဦး (သေဒဏ်)၊ ခလရ ၂၇၀ မှ ဗိုလ်ကြီး ၁ ဦး (သေဒဏ်)၊ မင်းပြားဗျူဟာမှူး ၁ ဦး (သေဒဏ်)နှင့် ဟိုင်းကြီးကျွန်း ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်မှ ရခိုင်ဘက် တာဝန်ကျသည့် ရေတပ် ဗိုလ်ကြီး ၁ ဦး (သေဒဏ်) တို့ဖြစ်ကြသည်။

တပ်မတော်အက်ဥပဒေများတွင် ပါသော ပုဒ်မ ၃၂ (က)၊ ၃၂ (ဎ) စသည့် ပုဒ်မများဖြင့် သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရခြင်းဖြစ်ပြီး ရန်သူနှင့်သက်ဆိုင်သည့် သေဒဏ်ထိုက်သင့်သော ပြစ်မှုများ ဖြစ်ကြောင်း သိရသည်။

သေဒဏ်ချခံရသော ဒုတိယဗိုလ်မှူးကြီး ဆန်းကျော်သူနှင့် ထောင်ဒဏ် နှစ် ၂၀ ချခံရသော ဒုတိယ ဗိုလ်မှူးကြီး တိုးဝေမြင့်နှင့် ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်သန့်တို့်မှာ ဘူးသီးတောင်တိုက်ပွဲအတွင်း AA ဖမ်းဆီးထားသော ဗိုလ်မှူးချုပ် သူရိန်ထွန်း၏ မမှန်မကန်တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရပြီးနောက် ထောင်ဒဏ်၊ သေဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။

"သူတို့သုံးဦးလုံးက ၂၀၂၄ မေလမှာ ဘူးသီးတောင်ကနေ ကမ်းထိုးရေယာဉ်နဲ့ စစ်တွေကို ရောက်ရှိလာတာ ဖြစ်တယ်။ AA နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန် သူရိန်ထွန်းက ကမ်းထိုးရေယာဉ်နဲ့ သူတို့ကို ပို့လိုက်တာ ဖြစ်တယ်။ AA ကို ကြောက်လို့ ထွက်ပြေးလာတဲ့သူတွေ မဟုတ်ဘူး။ အလံဖြူထောင် အညံ့ခံတာမျိုးလည်း မဟုတ်ဘူး။ အခြေအနေအရ ပြန်ဆုတ်လာတာ ဖြစ်တယ်။ ရောက်တာနဲ့ အဖမ်းခံရတာပဲ။ တစ်နှစ်ကျော်ကြာ အချုပ်ခံရပြီးနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က အမိန့်ချမှတ်လိုက်တာဖြစ်တယ်" ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ခလရ ၂၀ မှ ဗိုလ်ကြီး၊ ခလရ ၂၇၀ မှ ဗိုလ်ကြီး၊ မင်းပြားဗျူဟာမှူးနှင့် ဟိုင်းကြီးကျွန်း ရေတပ်ဌာနချုပ်မှ ရေတပ် ဗိုလ်ကြီးတို့ ၄ ဦးမှာ ကျောက်တော်တိုက်ပွဲအတွင်း တပ်ဆုတ်လာမှုဖြင့် ၂၀၂၄ ဇွန်လ ၂၀ ရက်နှင့် ၂၇ ရက်နေ့တို့တွင် အသီးသီး သေဒဏ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းအထဲက ဟိုင်းကြီးကျွန်း ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်မှ ရေတပ် ဗိုလ်ကြီးမှာ ဆိုလျှင် ရာထူးတိုးလျှောက်ထားမှုကို လျစ်လျူရှုပြီး အထက်အရာရှိများမှ ရခိုင်တိုက်ပွဲသို့ ပို့ဆောင်ခဲ့ခြင်းကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
😁4111👍7👏4🔥2👎1
တောင်သာမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို စက်တပ်လေထီး၊ ဒရုန်းများဖြင့် ဗုံးကျဲမှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး ပြည်သူများကိုလည်း လိုက်လံ ဖမ်းဆီးကာ ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီး

ဧပြီလ ၁၀ ရက်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စက်တပ်လေထီး၊ ဒရုန်းများဖြင့် ဗုံးကျဲခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး ပြည်သူများကိုလည်း လိုက်လံ ဖမ်းဆီးကာ ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပန်းပေါင်းရွာဂိတ်၌ တပ်စွဲထားသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပန်းပေါင်းလမ်းမှ တဆင့် ချောင်းဝင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထို့နောက် ပန်းပေါင်းရွာကို ဆက်လက် ဝင်ရောက်ကာ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧပြီလ ၅ ရက်နေ့မှ စတင်ပြီး ရွှေ‌စမ်းချောင်းရွာပေါ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၅၈ နှစ် အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီးများက ပန်းပေါင်းရွာကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၆၀ ကျော်အရွယ် လင်မယား ၂ ဦးနှင့် အသက် ၃၂ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး နေအိမ် ၄ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယင်းစစ်ကြောင်းသည် ဧပြီလ ၆ ရက်နေ့တွင် ပန်းပေါင်းရွာ၊ ဧပြီလ ၈ ရက်နေ့တွင် မဲတောရွာနှင့် ဧပြီလ ၉ ရက်နေ့တွင် သံဘို ကျေးရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ်ကြိုက် ခိုးယူကာ ၁၂ ဘီးကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

"တောင်သာနယ်ထဲမှာ စစ်ခွေးစစ်ကြောင်းက‌တော့ အခုထိ ထိုးနေတုန်းပဲ ဒီနေ့လည်း ပန်းပေါင်းရွာကို ထပ်ပြီးမီးရှို့တယ်။ နေအိမ်ပျက်စီးမှု အခြေအနေကို‌တော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးစစ်ကြောင်းတွေက ရွာတွေ အနားမှာ ပတ်နေတုန်းဆိုတော့ ပြည်သူတွေလည်း ရွာနားကို မကပ်ရဲကျသေးဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ - မန္တလေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် လေယာဉ်ဖြင့် မီးလောင်ဗုံးများ ကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)
#KTM
#HlaingInfo
🤬52👏2👎1😢1
This media is not supported in your browser
VIEW IN TELEGRAM
သီရိမင်္ဂလာဈေးအနီး YBS ယာဉ်တစီး မီးလောင်

ဧပြီလ ၁၀ ရက်

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးအနီး ဘုရင်နောင်လမ်းပေါ်မှာ လိုင်းအမှတ်(၆၀) YBS ယာဉ်တစီး ရုတ်တရက် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၀ ရက် ဒီကနေ့ ညနေ ၄ နာရီ မိနစ်၂၀ ခန့်က မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့တွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ အပြည့်အစုံသိရှိနိုင်ဖို့ မြို့တော်မှ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

#Myotaw
#HlaingInfo
😢33😱14👍51
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 တွဲ စောင်ကို မြန်မာငွေ 30,000 ကျပ်။  ထိုင်းငွေ 200 ဘတ် 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သော ဘတ် 12 သန်း ထီနံပါတ်များ 🎁                                         

784501
627502
163304
689205
846106
376507
328708

203910
476811
633812
790713
947714
895315
053017
028718

735320
892321
392022
793723
479925
836928
186029

433740
403343
158644
043545
390746
513748 တစောင်ကျန်

827650
984651
172152
228255
615356
929258
913859

559963
716864
873865
090266
812367
208668

661471
867774
606078

919980
317482
403983
452284
550685
707686
864587
016488
170089

664690
495292
652293
098194
876996

439899 တစောင်ကျန်

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
👍246🔥3😁1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 စောင်ကို မြန်မာငွေ 14,500 ကျပ်။  ထိုင်းဘတ် 100 ပါ။ 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သောထီနံပါတ်များ 🎁                                         


054802
635505
561006
535007
682708
853409

249014
884615
511116

976047

046350
868151
016952
400054
242958
544559

543760
831062
590066
827768
753169

306170
854472
091675
497678
698779

072381
643582
513184
984087
297589

013791
038292
166294
351895
652896
148698

662300
409101
015102
165403
418604
671905
821507
568208
009209

034210
428511
834912
169413
905814
357615
646716
616817
029718
875919

507223
991624
099626
912927
349829

214431
768632
146933
453235
523436

390040
381042
853343
066145
952647
014948
855649

119650
361251
954753
625954
320855
440256
862358
808759

019060
959361
949462
280466
044069

126970
049774
903677
157678
849779

326680
772681
781282
335283
379584
825585
728386
282387
432488
878489

056890
059294
825496
000397

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
23👍12🔥2😁1
အရာတော်တွင် စစ်တပ်က စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းများ အပါအဝင် နေရာ ၃ ခုကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှု သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာရ

ဧပြီလ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းများ အပါအဝင် နေရာ ၃ ခုကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၈ ရက်နေ့တွင် အရာတော်မြို့နယ်၊ ကမ်းပြူကျေးရွာရှိ အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းများ အပါအဝင် နေရာ ၃ ခုကို အသေခံဒရုန်း ၃ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာရကာ ဘုန်းကြီးကျောင်းများလည်း ပျက်စီးမှုရှိကြောင်း၊ လက်ရှိချိန်တွင် စစ်ဘေးရှောင် ပြည်သူများသည်လည်း ဘေးလွတ်ရာကို ထပ်မံ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

"စစ်ခွေးတွေက အသခံဒရုန်း ၃ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ။ ဘုန်းကြီးကျောင်း တစ်ကျောင်းကတော့ ပြည်သူတွေနေတဲ့နေရာကို ချသွားတာပါ။ ပြည်သူတွေကတော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ သံဃာတော် ၂ ပါးထိတယ်။ အသေခံ ဒရုန်းနဲ့ချသွားတာပါ။ သံဃာတော် ၁ ပါးကတော့ ထိခိုက်ဒဏ်ရာရတာ နည်းတယ်။ ကျန်တဲ့ သံဃာတော် ၁ ပါးကတော့ စိုးရိမ်ရတယ်"ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်နှင့် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် စစ်ဘေးရှောင် ပြည်သူများနေထိုင်သော ဆင်အင်းကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရကာ ဘုန်းကြီးကျောင်းဆောင်များလည်း ပျက်စီးခဲ့ကြောင်းသိရှိရသည်။

#KTM
#HlaingInfo
🤬475😢5🔥1👏1
ပခုက္ကူနှင့် နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ နီးပါ မီးလောင်ပြာကျပြီး ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေ

ဧပြီလ ၁၀ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ညောင်ပင်လှရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို မီးရှို့မှုအတွင်း နေအိမ် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

"ညောင်ပင်လှရွာကို စစ်ခွေးတွေဝင်ရောက် မီးရှို့သွားတာပါ။ နေအိမ် ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည်း ဆက်လက်တိမ်းရှောင်နေရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့တွင် နတ်တလင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ကျောက်ခွက်ရွာနှင့် ကျွန်းလေးပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျောက်ခွက်ရွာမှ နေအိမ် ၂၀ လုံးနှင့် ကျွန်းလေးပင်ရွာမှ နေအိမ် ၁၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေယာဉ်၊ ဒရုန်း၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မကျီးပင်ရွာမှ အသက် ၃၀ ကျော်အရွယ် ကိုထွန်းထွန်းဦး၊ ကျွန်းလေးပင်ရွာမှ အသက် ၃၅ နှစ်အရွယ် ကိုလပြည့်ဝန်းနှင့် ပဲမခမ်းရွာမှ ပြည်သူ ၂ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

"စစ်ခွေးစစ်ကြောင်းက ရွာတွေကိုပါ မီးရှို့နေလို့ နေအိမ်‌ ၄၀ နီးပါး မီးလောင်ပြာကျတယ်။ နောက်ပြီး ရွာထဲကို စက်တပ်လေထီးတွေနဲ့လည်း ဗုံးကျဲချလို့ နေအိမ်တွေလည်း မီးလောင်ပျက်စီးတာတွေရှိတယ်။ မြေပြင် စစ်ကြောင်းက အခုထိ ပြန်မဆုတ်သေးတော့ ရွာထဲက ပျက်စီးမှုအခြေအနေကို အတည်မပြုနိုင်သေးဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ - စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
#KTM
#HlaingInfo
🤬39🔥103👏1😢1
ရခိုင်တစ်ပြည်လုံးနီးပါးသိမ်းပိုက်နိုင်တဲ့ AAကိုဂုဏ်ယူကြောင်းနဲ့ ကူညီမှုများကိုကျေးဇူးတင် အောက်မေ့ကြောင်း MDY PDF ဆို

ဧပြီလ ၁၀ ရက်

ရခိုင်တစ်ပြည်လုံးနီးပါး သိမ်းပိုက်ထားနိုင်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)ကို ဂုဏ်ယူကြောင်းနဲ့ ပံ့ပိုးကူညီမှုများကိုလည်း ကျေးဇူးတင်အောက်မေ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး(အထူးလှုပ်ရှား တပ်မ)MDY-PDF မှ ထုတ်ပြန်ကြေငြာထားပါတယ်။

ဧပြီလ၁၀ရက်နေ့(ဒီနေ့)မှာ ကျရောက်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)ရဲ့ ၁၇နှစ်မြောက် တပ်မွေးနေ့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး(အထူးလှုပ်ရှား တပ်မ) မှ သဝဏ်လွှာပေးပို့ရာမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ယခုနှစ်များအတွင်း ရခိုင်တစ်ပြည်လုံးနီးပါးကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်တဲ့အထိ စစ်ရေးအောင်မြင်မှုရရှိထားသည်ကို များစွာဂုဏ်ယူပြီး အဆိုပါအောင်မြင်မှုတွေဟာ ရခိုင်ပြည်သူတွေအတွက်တင်မက တစ်မျိုးသားလုံး စစ်အာဏညရှင်လက်အောက်က လွတ်မြောက်စေရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတိုက်ပွဲများအတွက်ပါ အကျိုးဖြစ်ထွန်းစေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ULA/AAမှပေးခဲ့တဲ့ ပံ့ပိုးကူညီမှုများကို အစဥ်အောက်မေ့ကျေးဇူးတင်လျက်ရှိပြီး ရုပ်ဝတ္ထုပိုင်းဆိုင်ရာ၊ အကြံဉာဏ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများဝါ တပ်တည်ဆောက်ရေးအတွက်လည်း များစွာအထောက်အပံ့ရစေတယ်လို့ MDY-PDF မှ ဆိုပါတယ်။

တိုင်းပြည်နဲ့ ပြည်သူအပေါ် ဆိုးကျော့သံသရာကျရောက်စေတဲ့ ဘုံရန်သူများကို မျက်မှောက်
ခေတ်မှာ အပြီးချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ ULA/AA တပ်ဖွဲ့နဲ့အတူ MDY -PDF အနေနဲ့ လက်တွဲညီညီ ဆက်လက်တိုက်ပွဲဝင်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့ကျရောက်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)ရဲ့ ၁၇ နှစ်မြောက် မွေးနေ့မှ နောက်နှစ်ပေါင်းများစွာအထိ ရရှိထားတဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ရေရှည်ထိန်းသိမ်းနိုင်ပြီး ဆက်လက်အောင်ပွဲတိုးပွါးပါစေကြောင်း ဆုမွန်ကောင်းတောင်းတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး(အထူးလှုပ်ရှား တပ်မ)MDY-PDF မှ ထုတ်ပြန်ကြေငြာထားပါတယ်။

Photo-MDY-PDF
#BBM
#HlaingInfo
👍5725😁5🥰2
မတ္တရာက ကျေးရွာတချို့ကို စစ်တပ် ပေါ်တာဆွဲ၊ အမျိုးသား၂၀ကျော် ပါသွား

ဧပြီလ ၁၀ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတချို့ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆိးရာ အမျိုးသား၂၀ကျော်ပါသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်းက နတ်ကြီးစင်ရွာနဲ့ ညောင်အုပ်ကျေးရွာကို ဧပြီ ၉ ရက် မနေ့ ဧပြီ ၉ရက် ညပိုင်းမှာ စစ်တပ်က အင်အားအများအပြားနဲ့ နေအိမ်တွေပေါ်အထိတက်ကာ ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ပေါ်တာဆွဲခံရမှုမှာ နတ်ကြီးစင်ကျေးရွာက အမျိုးသား၁၂ဦး ပါသွားပြီး ညောင်အုပ်ရွာကလည်း ၁၀ဦးအထက် ပါသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ကားလမ်းဘေးနားကရွာ တွေတော့စဆွဲ နေပြီ။သေနတ် တွေနဲ့ ထောက်ထားပြီး ခေါ်တာ။ငိုယိုပြီးတားကြတာလည်းမရဘူး။အခုတော့ တခြားရွာတွေလည်း လှုပ်လှုပ်ခတ်ခတ်ဖြစ်ကုန်ကြပြီ"လို့ ဒေသခံတဉီးက ပြောပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်က ကျေးရွာအများစုမှာ တပ်စွဲထားပြီး အဝင်အထွက်ကန့်သတ်ထားတာမို့ ဒေသခံတွေ ထိတ်လန့် နေကြတယ်လို့လည်းဆိုပါတယ်။

မတ္တရာမြို့နယ်ကို ၂၀၂၅ ဩဂုတ်မှာ စစ်တပ်က ထိုးစစ်ဆင်ကာ နိုဝင်ဘာလမှာ အလုံးစုံပြန်လည်ထိန်းချုပ်သွားပြီးနောက် ယခုလို ပေါ်ပေါ်ထင်ထင် ပေါ်တာဆွဲတာ တွေပြုလုပ် နေတာလို့ သိပါတယ်။

အလားတူ သပိတ်ကျင်းမြို့နယ် (၇)မိုင်မှာလည်း စစ်တပ်က ဆက်တိုက် ပေါ်တာဆွဲတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

(ပေါ်တာဆွဲခံရသူတွေအပါအဝင် အဓမ္မ စစ်မှုထမ်းရတော့မယ့် လူငယ်များအား တွေ့ရစဥ်။ ဓါတ်ပုံ-ပသစ)
#LNO
#HlaingInfo
🤬563👎2👏2😢1
10 April 2026 Japan Tokyo ဂျပန်နိုင်ငံ တိုကျိုမြို့ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲ

#HlaingInfo
51👍7😁7
ပုလဲမြို့နယ်တွင် စစ်ကော်မရှင်က အရပ်သား ၃ ဦးကို လူမဆန်စွာ သတ်ဖြတ်ပြီး နွားချေးပုံအောက် မြှုပ်နှံထားခဲ့

ဧပြီလ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် အရပ်သား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လူမဆန်သည့် နည်းလမ်းများဖြင့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရှိရသည်။

သတ်ဖြတ်ခံရသူများမှာ အသက် ၂၁ နှစ်အရွယ် မောင်ဝေယံဖြိုး၊ အသက် ၃၂ နှစ်အရွယ် ကိုကျော်သီဟနှင့် အသက် ၃၈ နှစ်အရွယ် ကိုဖိုးတုပ် (ခ) ကိုသန့်ဇင်ဝင်းတို့ ဖြစ်ကြပြီး ၎င်းတို့အားလုံးမှာ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံအရပ်သားများ ဖြစ်ကြသည်။

အဆိုပါဖြစ်စဉ်မှာ လွန်ခဲ့သည့် သုံးရက်ခန့်က စစ်ကော်မရှင်စစ်ကြောင်းသည် ချောင်းကန်ကျေးရွာအတွင်း ဝင်ရောက်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ပြီး၊ စစ်ကြောင်းပြန်လည်ထွက်ခွာသွားပြီးနောက် ချောင်းကန်ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

မြို့နယ် ပလဖ အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ချောင်းကန်ကျေးရွာ၏ မြောက်ဘက်ထိပ်တွင် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများကို စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သတ်ဖြတ်ခံရသည့် ပုံစံများကို စစ်ဆေးချက်အရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ပထမတစ်ဦးကို ဦးခေါင်းနောက်စေ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ဒုတိယတစ်ဦးကိုမူ လည်လှီးကာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည့်အပြင် တတိယတစ်ဦးကိုလည်း ဦးခေါင်းကွဲအက်သည်အထိ သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့ကြောင်း တွေ့ရှိရသည်။

၎င်းပြင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ သတ်ဖြတ်ထားသည့် ရုပ်အလောင်းများကို ဖျောက်ဖျက်ရန်အတွက် ချောင်းကန်ကျေးရွာ အနောက်ဘုန်းကြီးကျောင်း နောက်ဘက်ရှိ နွားချေးပုံအောက်တွင် မြှုပ်နှံဖုံးကွယ်ထားခဲ့ကြသည်။

ယင်းကဲ့သို့ လူမဆန်စွာ သတ်ဖြတ်မြှုပ်နှံထားမှုကို ချောင်းကန် ပအဖ၊ အလယ်ဘုံ ပအဖ နှင့် မြို့နယ် ပလဖ တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ပြန်လည်ဖော်ထုတ်ခဲ့ကြပြီး ယနေ့ (ဧပြီ ၁၀ ရက်) တွင် စနစ်တကျ မီးရှို့သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက "စစ်ကြောင်းက ရွာထဲဝင်လာတော့ သူတို့က မပြေးနိုင်ဘဲ ပိတ်မိပြီး ဖမ်းခံလိုက်ရတာ။ သူတို့က ဘာလက်နက်မှမရှိတဲ့ သာမန်အရပ်သားတွေပါ။ အခုလို ရက်ရက်စက်စက် သတ်ဖြတ်သွားတာက လူမဆန်တဲ့ လုပ်ရပ်ပဲ" ဟု ပြောသည်။

သတ်ဖြတ်ခံရသူများထဲတွင် အငယ်ဆုံးဖြစ်သည့် မောင်ဝေယံဖြိုးမှာ အလယ်ဘုံရွာမှဖြစ်ပြီး ကျန်နှစ်ဦးမှာ ချောင်းကန်နှင့် ရိုးကျေးရွာတို့မှ ဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ အတည်ပြုချက် ရရှိထားသည်။

ဒေသခံတစ်ဦးကလည်း "အခုက ရွာထဲကို စစ်ကြောင်းဝင်လာရင် ဘယ်သူမှ မနေရဲတော့ဘူး။ ဖမ်းမိရင်လည်း အသေပဲဆိုတာ သိနေကြပြီ။ အခု သတ်ခံရတဲ့သူတွေကလည်း ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့သူတွေပါပဲ။ ဒီလိုမျိုး မြင်ရတာ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်" ဟု ပြောသည်။

စစ်ကော်မရှင်သည် ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးစဉ် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းအပြင် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းဖြင့် ပြည်သူများအကြား ထိတ်လန့်ကြောက်ရွံ့မှုဖြစ်အောင် တမင်ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ကြသည်။

ပုလဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ယခုအရပ်သား ၃ ဦး အသတ်ခံရသည့် ဖြစ်စဉ်သည် စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများထဲမှ တစ်ခုဖြစ်ပြီး ကျန်ရှိနေသည့် ဒေသခံများအနေဖြင့်လည်း စစ်ဘေးလုံခြုံရေးအတွက် အထူးသတိပြု နေထိုင်နေကြရသည်။

ဓာတ်ပုံ-ပေးပို၊အသတ်ခံခဲ့ရသည့် ရွာသားများ
#MPA
#HlaingInfo
🤬555👎5👍4🔥1👏1😢1
ရေးမြို့နယ်အခြေစိုက် အမတ ၃၁၆ တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ သံဖြူဇရပ်-မုဒုံ လမ်းပိုင်းတွင်လည်း တိုက်ပွဲထပ်မံဖြစ်ပွား

ဧပြီလ ၁၀ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမတ ၃၁၆ တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မွန်သွေးတပ်တော်က ထုတ်ပြန်ထားသည်။

ဧပြီလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ၃၁၆ အမြောက်တပ်ရင်းကို မွန်သွေးတပ်တော်က လက်နက်ကြီး၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

မွန်သွေးတပ်တော်သည် မွန်လူငယ်အင်အားစုများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ဖွဲစည်းခဲ့ပြီး တပ်တော်၏ နိုင်ငံရေးထက် စစ်ရေးကိစ္စတွေကိုသာ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး တပ်အင်အားများကို ဖြည့်တင်းသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့ပြင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်-မုဒုံ လမ်းပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မုဒုံမြို့နယ်၊ သံဖြူဇရပ်-မုဒုံ လမ်းပိုင်းရှိ ကွမ်လှာရွာနှင့် ရောင်းဒေါင်းရွာအကြားတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲမိနစ်ပိုင်းခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်မှုများရှိကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ ရောက်ရှိလာကာ လမ်းပိုင်းကို ပိတ်ဆို့၍ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

"ဧပြီလ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားတဲ့ နေရာနားမှာပဲ ဒီနေ့ နံနက်ပိုင်း ပစ်ခတ်မှုထပ်ဖြစ်တယ်။ သေနတ်သံတွေတော့ မိနစ်ပိုင်းလောက်ကြာလိုက်ရတယ်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာတော့ ရှိတယ်။ ထိခိုက်မှုတော့မသိဘူး။ စစ်တပ် စစ်ကူတွေက ချက်ခြင်းရောက်လာပြီး လမ်းပိုင်းပိတ်ဆို့ စစ်ဆေးတာတွေတော့ လုပ်ဆောင်သွားတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းကလည်း မုဒုံမြို့နယ်၊ အမှတ် ၈ ကားလမ်းမကြီးပေါ်ရှိ ရောင်းဒေါင်းကျေးရွာနှင့် ကွမ်လှာကျေးရွာအကြားတွင် အကြမ်းဖက် စစ်တပ်နှင့် ရာမညမွန်တပ်တော် (RMA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

#KTM
#HlaingInfo
👍437👏3🔥2🥰1😁1
တြိဂံတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးလှိုင် ရဲချုပ်ဖြစ်လာ

ဧပြီလ ၁၀ ရက်

စစ်ကောင်စီအစိုးရတွင် ရဲချုပ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ယခင် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်း စစ်တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်စိုးလှိုင်အား ခန့်အပ်လိုက်ကြောင်း သမ္မတရုံးက ယနေ့ ထုတ်ပြန်သည်။

၂၀၂၅ နှစ်ကုန်ပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်မှ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာထူးတိုးပြီးနောက် အရန်အင်အားသို့ ပို့ဆောင်ခံလိုက်ရသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုအခါ ရဲချုပ်အဖြစ် ပြန်လည် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဗိုလ်ချုပ် စိုးလှိုင်သည် အလုပ် သင်ဗိုလ် သင်တန်းကျောင်း ( တေဇ -၂၁ ) ဆင်းတစ်ဦးဖြစ်ပြီး အမှတ် (၁၂) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးသင်တန်း ကျောင်းအုပ်ကြီး ဖြစ်ခဲ့သလို အာဏာသိမ်း ကာလအတွင်း တပ်မ - ၉၉ တပ်မမှူးမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး စသော တာဝန်များ ထမ်းဆောင်ခဲ့သည်။

"အစောပိုင်းကပဲ အကြမ်းဖက်တိုက်ဖျက်ရေး သင်တန်းတက်ထားသူတွေ အားလုံး ပြန်ခေါ်စုဖွဲ့နေတာ။ ရှေ့တန်းအလှည့်ကျ ပို့လွှတ်ဖို့ ကွန်မန်ဒိုသင်တန်းတွေတက်ခိုင်းဖို့တွေ လုပ်နေတာတွေ ရှိနေတာ။ ရဲချုပ် ထပ်ပြောင်းတော့ ဘာတွေလာဦးမလဲ မသိဘူး"ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခင် ရဲချုပ် ရဲဒုဗိုလ်ချူပ်ကြီး ဝင်းဇော်မိုးမှာမူ အနားပေးခံရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြု၍ မရသေးပေ။

#MKN
#HlaingInfo
😁42👎62🔥2👍1👏1
ချောက်မြို့နယ် ကုန်းကြီးပျူစောထီးရွာကို PDF တိုက်ခိုက်

ဧပြီလ ၁၀ ရက်

မကွေးတိုင်း၊ ချောက်မြို့နယ်က ကုန်းကြီးပျူစောထီးကျေးရွာ တိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင်တွေ သေဆုံးထိခိုက်ရှိပြီး လက်နက် ၂လက်သိမ်းရတယ်လို့ မကွေးခရိုင် အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၉ရက်မနက်အစောမှာ ကုန်းကြီးရွာကို လက်နက်ကြီးတွေ၊ ဒရုန်းဗုံးသီးတွေနဲ့ စတင် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

စစ်ဆင်ရေးကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှု့အောက်ရှိ မကွေးခရိုင်အမှတ်၃တပ်ရင်း (CRA) ၊ မကွေးခရိုင်အမှတ် ၁ တပ်ရင်းတို့ပူးပေါင်း ဖော်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်မှာ PDF ရှေ့ပြေးတပ်က ကုန်းကြီးပျူရွာအတွင်း ဝင်ရောက်နေရာယူပြီး ကင်းပတ်နေတဲ့ ပျူစောထီး ၃ဦးကို အနီးကတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ကုန်းကြီးပျူစောထီးရွာရဲ့ တောင်ဘက်ရှိ ရန်သူရှေ့ကာကင်းပွိုင့်တစ်ခုကိုလည်း စီးနင်းသိမ်းပိုက်နိုင်ခဲ့ဟု အသိပေးထားပါတယ်။

PDF တပ်တွေ ကုန်ကြီးပျူရွာအတွင်း ဝင်ရောက်နိုင်ပြီး စစ်ရေးအသာစီးရရှိခဲ့ပေမယ့် ရန်သူတွေကို လိုက်လံချေမှုန်းချိန် ကျေးရွာနေပြည်သူတွေနဲ့ ရောထွေးနေလို့ စစ်ရေးပစ်မှတ်နဲ့ မသက်ဆိုင်သူတွေ မထိခိုက်စေဖိုပ ပြန်လည်ဆုတ်ခွာခဲ့ရဟု ထုတ်ပြန်ပါတယ်။

တိုက်ပွဲ ၂နာရီခန့် ကြာမြင့်မှုအတွင်း ပျူစောထီး ၃ဦး သေဆုံးကာ အထိအခိုက်များကြောင်း သိရတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လက်နက် ၂လက်သိမ်းရဟု ဓာတ်ပုံမှတ်တမ်းနဲ့အတူ ဖော်ပြပါတယ်။

စစ်ဆင်ရေးအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ကြောင်းလည်း အသိပေးပါတယ်။

မကွေးခရိုင် တပ်ရင်း(၃)ဟာ မတ်လကုန်ပိုင်းက ချောက်မြို့နယ် ဆင်ကရွာ သွေးနက်ရွာ၊ ညောင်ဦးခရိုင် ဗိုလ်ကုန်းရွာတွေကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

မကွေးခရိုင် စစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေ အနေနဲ့ တော်လှန်ရေးအင်အားစုတေါနဲ့ ပေါင်းပြီး စစ်အာဏာရှင် အမြစ်ဖြတ် တိုက်ပွဲတွေ အရှိန်မြှင့်ဖော်ဆောင်နေကြောင်းလည်း မကွေးခရိုင် အမှတ်(၃) တပ်ရင်းက ဧပြီ ၃ရက်မှာ အသိပေးထားပါတယ်။

(ချောက်မြို့နယ်က ကုန်းကြီးပျူစောထီးကျေးရွာ တိုက်ခိုက်မှုအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်း။ ဓာတ်ပုံ − မကွေးခရိုင်အမှတ်-၃ တပ်ရင်း)
#LNO
#HlaingInfo
👏47👍127🥰2😁2
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံး

ဧပြီလ ၁၀ ရက်

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၁၀ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
👍3912🥰2👏2😁2😢1