Forwarded from Linn Yaung Ni Youth Organization
"တော်လှန်မျိုးဆက် ရန်ကုန်သံချပ်"
Coming soon.....
#yangon4brothers
#စမ်းချောင်းပင်မသပိတ်
#CTUM
#KyimyindaingNetworks
#MayangoneDemocraticFront_MDF
#LinnYaungNiYouthOrganization_LYNYO
#owlcommunity
#ရန်ကုန်သပိတ်အင်အားစု
#တော်လှန်မျိုးဆက်ရန်ကုန်သံချပ်
❤46🥰15👍3😁3👏2
မင်းအောင်လှိုင်၏ အမည်ခံသမ္မတ ကတိသစ္စာပြုပွဲသို့ တရုတ်အထူးကိုယ်စားလှယ် တက်ရောက်မည်
ဧပြီလ ၉ ရက်
နေပြည်တော်၌ ကျင်းပမည့် မင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပွဲသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ် တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (CPPCC) အမျိုးသားကော်မတီ ဒု-ဥက္ကဋ္ဌ ကျန်းရှင်ကျီ (Jiang Xinzhi) တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်အစိုးရ၏ အဆင့်မြင့်ကိုယ်စားလှယ် စေလွှတ်မှုသည် စစ်ကော်မရှင်၏ တရားဝင်မှုကို သံတမန်ရေးအရ အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်ဟု ရှုမြင်နိုင်သော်လည်း မြေပြင်အခြေအနေအရမူ အမည်ခံသမ္မတအဆင့်သာဖြစ်ကြောင်း ဝေဖန်မှုများရှိနေသည်။
င်ငံတကာ သံတမန်ရေးရာ ထုံးတမ်းစဉ်လာများတွင် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲများသို့ နိုင်ငံအကြီးအကဲများ တက်ရောက်လေ့ရှိသော်လည်း ယခုအခါ ကိုယ်စားလှယ်အဆင့်သာ စေလွှတ်ခြင်းအပေါ် လေ့လာသူများက အာရုံစိုက်နေကြသည်။
မဲဆောက်အခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက "တရုတ်က ကိုယ်စားလှယ်လွှတ်တယ်ဆိုတာ သူတို့ကိုယ်တိုင် စိတ်ကြိုက်ခန့်ထားတဲ့လူမို့လို့ လာတက်ပေးတဲ့သဘောပါပဲ၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတမဟုတ်ဘဲ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးမယ့်လူမို့လို့ လာပြီး အားပေးတဲ့သဘောလို့ မြင်တယ်" ဟု မှတ်ချက်ပြုသည်။
၎င်းက ဆက်လက်၍ ဤကျမ်းသစ္စာကျိန်ဆိုပွဲသည် ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်းလည်း ဆိုသည်။
တရုတ်အထူးကိုယ်စားလှယ် ကျန်းရှင်ကျီသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အဖွဲ့အစည်းရေးရာဌာနတွင် အရေးပါသော ဒုတိယခေါင်းဆောင်တစ်ဦး ဖြစ်သဖြင့် ၎င်း၏ တက်ရောက်မှုမှာ သာမန်သံတမန်ရေးထက် ပိုမိုနက်ရှိုင်းသည်ဟု နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ကြသည်။
မင်းအောင်လှိုင်သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရန် ရုန်းကန်နေရချိန်တွင် အိမ်နီးချင်းအင်အားကြီးနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ ထောက်ခံမှုကို ပြသနိုင်ရန် အထူးကြိုးပမ်းခဲ့ပုံရသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကမူ ဤအခမ်းအနားသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် လမ်းစမဟုတ်ဘဲ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် ဟန်ပြလုပ်ရပ်သာဖြစ်ကြောင်း ထောက်ပြကြသည်။
"သမ္မတဆိုတဲ့ ဘွဲ့တံဆိပ်ကို ယူလိုက်ရုံနဲ့ မြေပြင်က စစ်ရှုံးနေတာတွေ၊ စီးပွားရေး ပျက်ကပ်ဆိုက်နေတာတွေကို ကုစားလို့မရနိုင်ဘူး" ဟု ရန်ကုန်အခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်သည်။
ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမည်ခံသမ္မတအဖြစ် ကတိသစ္စာပြုပွဲကို အသိအမှတ်မပြုရန်နှင့် ပြည်သူ့ဆန္ဒကိုသာ အလေးထားရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းလျက်ရှိသည်။
အထူးသဖြင့် အနောက်နိုင်ငံများနှင့် အာဆီယံနိုင်ငံအချို့က ဤအခမ်းအနားကို မည်ကဲ့သို့ တုံ့ပြန်မည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။
စစ်ဘက်ရေးရာ လေ့လာသူတစ်ဦး၏ အဆိုအရ မင်းအောင်လှိုင်သည် နိုင်ငံတကာ စစ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးများ၏ ဖိအားကို ရှောင်ရှားရန်နှင့် နိုင်ငံတော်၏ အထွတ်အထိပ်ရာထူးကို ရယူကာ ခုခံကာကွယ်ရန်အတွက် ဤသမ္မတရာထူးကို အသုံးချခြင်းဖြစ်သည်ဟု ဆိုသည်။
တရုတ်ကိုယ်စားလှယ်၏ တက်ရောက်မှုသည် စစ်ကော်မရှင်အတွက် သံတမန်ရေးရာ အသက်ရှူပေါက် တစ်ခုဖြစ်စေမည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော်လည်း မြေပြင်တော်လှန်ရေး အင်အားစုများဘက်ကမူ ကျမ်းသစ္စာကျိန်ဆိုပွဲကို လုံးဝဂရုမစိုက်ဘဲ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ဖော်ပြောဆိုနေကြသည်။
"သူတို့ဘာသာ ဘယ်နှစ်ကြိမ် ကျိန်ဆိုကျိန်ဆို၊ ပြည်သူတွေရဲ့ နှလုံးသားထဲမှာတော့ သူတို့က ရာဇ ဝတ်ကောင်တွေပဲ" ဟု ရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
တရုတ်-မြန်မာ ဆက်ဆံရေးကို လေ့လာနေသူများကမူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ မည်သည့်အစိုးရတက်တက် ၎င်းတို့၏ စီးပွားရေးစီမံကိန်းများနှင့် နယ်စပ်တည်ငြိမ်ရေးကိုသာ ရှေ့တန်းတင်လေ့ရှိသည်ဟု သုံးသပ်ကြသည်။
ကျမ်းသစ္စာကျိန်ဆိုပွဲတွင် တရုတ်ကိုယ်စားလှယ်အပြင် အခြားမည်သည့်နိုင်ငံများက ကိုယ်စားလှယ်လွှတ်မည်ကိုမူ တိတိကျကျ မသိရသေးသော်လည်း ရုရှားနှင့် မြောက်ကိုရီးယားကဲ့သို့သော နိုင်ငံများ တက်ရောက်နိုင်ခြေရှိကြောင်း ခန့်မှန်းရသည်။
မင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပွဲသည် တရုတ်နိုင်ငံ၏ အဆင့်မြင့်ကိုယ် စားလှယ် တက်ရောက်မှုကြောင့် သံတမန်ရေးအရ ပုံရိပ်ကောင်းတစ်ခု ရရှိရန် ကြိုးပမ်းနိုင်သော်လည်း၊ ပြည်တွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထု၏ အသိအမှတ်ပြုမှုကိုမူ ရရှိနိုင်မည်မဟုတ်ပေ။
ဓာတ်ပုံ-လူမှုကွန်ရက်
#MPA
#HlaingInfo

😁46🤬16❤5👎4👍3👏1😱1
KNU ထောင်မှ အကျဉ်းသား ၃၈ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး
ဧပြီလ ၉ ရက်
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၇ ဘားအံခရိုင် အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၅ ယောက်၊ အကျဉ်းသူ ၃ ယောက်တို့ကို ဧပြီ ၆ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။
မိသားစုတွေ ပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် ရည်ရွယ်ကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာဖြစ်ပြီး အကျင့်စာရိတ္တကောင်းမွန်သူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကျန်းမာရေး ချို့တဲ့သူတွေကို ဦးစားပေး စိစစ်ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေကိုလည်း ဘားအံခရိုင်တာဝန်ရှိသူတွေက နောက်နောင် ပြစ်မှုထပ်မံမကျူးလွန်ဖို့ ဆုံးမသြဝါဒပေးတာ၊ လိုအပ်တဲ့ ခရီးစရိတ်နဲ့ စားစရိတ်တွေ ထောက်ပံ့ပေးတာ၊ သက်ဆိုင်ရာ ရပ်ရွာတွေကို ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်ရောက်ရှိနိင်ဖို့ စီစဉ်ပေးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
အခမ်းအနားကို ဘားအံခရိုင်အတွင်းရေးမှူး ပဒိုစောဘာဒီဖိုး၊ ဘားအံခရိုင် ရဲမင်းကြီး စောမောင်ကြည်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
Photo : KNU
#DVB

👍51👏5❤4😁2
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး
ဧပြီလ ၉ ရက်
မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၉ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
#KTM

👍40❤14👏3😁3🥰1😢1
‼️ ဧပြီလ ၉ ရက်နေ့ ၊ နေ့စဉ် သတင်းအကျဉ်းချုပ်‼️
01-အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် တိုင်း ရင်းသားများကို နေရာပေးမည်ဟု မကြာ ခဏ ဆိုသလို ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ယင်းပြောဆိုမှုကို ငြင်းပယ်ပြီး တိုင်း/ပြည်နယ် ဝန်ကြီးချုပ်နေရာများကို ငယ်ကျွန် လက်မရွံ့ သစ္စာရှိသူများကိုသာ ပြန်လည်ခန့်အပ်လိုက်သည်။
02- မွန်ပြည်နယ်မှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်လာပေမယ့် ဒေသတွင်းမှာတော့ လောင်းကစားဝိုင်းတွေကို ဆက်လက်ပြုလုပ်သွားဖို့ ရှိနေတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
03-ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ပူးရပ်ရွာမှာ ရေကန် ၄ ကန်ရှိတဲ့အနက် ၃ ကန်က ရေခမ်းခြောက်သွားပြီ ဖြစ်တဲ့အတွက် ရေအခက်အခဲနဲ့ စတင် ကြုံတွေ့ နေရပြီဖြစ်တယ်လို့ ဆိုပါတယ်။
04-မြန်မာစစ်ခေါင်းဆောင်အပေါ် တရားစွဲဆိုထားသည့် အမှုကို အင်ဒိုနီးရှား ရှေ့နေချုပ်ရုံးက တရားဝင်လက်ခံလိုက်ပြီ ဖြစ်ပြီး ယင်းအမှုကို ကြီးလေးသော ရာဇဝတ်မှုများကို အထူးပြုစစ်ဆေးသည့် ဌာနခွဲသို့ လွှဲပြောင်းပေးကာ စတင်ကိုင်တွယ်နေပြီဖြစ်ကြောင်း ရှေ့နေချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနထံသို့ အတည်ပြု ပြောကြားသည်။
05-အာရက္ခပြည်နယ်အတွင်း စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အရပ်သားများရှိရာ နေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး မင်းပြားမြို့နယ်တွင် လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် APM သတင်းအရ သိရှိရသည်။
06-တပ်ချုပ်သစ်ရဲဝင်းဦးက စိတ်ဓာတ်စစ်ဆင်ရေးကို အရှိန်မြှင့်တင်ရန် ယမန်နေ့( ဧပြီ ၈ရက်)က ကျရောက်သည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး (PRPW) ၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားခဲ့သည်။
08-တပ်ချုပ်သစ်ရဲဝင်းဦးက စိတ်ဓာတ်စစ်ဆင်ရေးကို အရှိန်မြှင့်တင်ရန် ယမန်နေ့( ဧပြီ ၈ရက်)က ကျရောက်သည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး (PRPW) ၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားခဲ့သည်။
09-အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ပြည်ထောင်စုလူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်း (မူကြမ်း) နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ဥပဒေရေးရာကော်မတီ နဲ့ ဧပြီ ၈ ရက်မှာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
10-မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာတွင် စစ်ကောင်စီတပ်က ကျေးရွာနေပြည်သူများနှင့် ကာကွယ်ပေးနေသည့် PDF ရဲဘော် စုစုပေါင်း ၁၁ ဦးကို အစုလိုက် အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
11-စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကမ်းပြူကျေးရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဘုန်းကြီးကျောင်း ၃ကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ ပါး ဒဏ်ရာရရှိပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
12-မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိ ခိုက်သေဆုံးမှုများရှိကြောင်း အမှတ် ၉၀၂ တပ်ရင်း (People's Defense Force - Natmauk) ထံမှ သိရသည်။
13-AAPP ရဲ့ ဧပြီ၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၉၃) ရက်အတွင်း ပြည်သူ (၇၉၆၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။
14-အီရန်စစ်ပွဲနောက်ဆက်တွဲ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရမှုကြောင့် ဖြစ်ပေါ်လာသည့် လောင်စာဆီ အကျပ်အတည်းနှင့် မြေဩဇာ ပြတ်လပ်မှုဒဏ်ကို မြန်မာနိုင်ငံ၏ အားနည်းလှသော စီးပွားရေးက ဆိုးဆိုးရွားရွား ခံစားနေရသည်။
15-ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများ ဆက်တိုက်ဝင်လာနေပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ပိုင်သည့် ခြံများတွင် အွန်လိုင်းကျားဖြန့်လုပ်ငန်း တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြောင်း မြို့ခံများထံမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

👍39❤7🔥3
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့ ။ 💪💪💪
မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏
သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။
မိဘပြည်သူ့များအားလုံး ကောင်းစွာ အိပ်စက်အနားယူနိုင်ပြီး အိမ်မက်လှလှ မက်ပါစေ ❤️❤️❤️
Good night ပါခင်ဗျာ။

❤60👍6🥰4
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏
မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတိုနှင့်ပြည့်စုံပါစေ။
အာဏာရူး ဘေးများမှအမြန်ဆုံးကျော်လွန်လွတ်မြောက်ကြပါစေ။
မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

❤68👍6🥰3
ဟော်မုဒ် ဖွင့်၍လည်း မြန်မာတွင် လောင်စာဆီ ဈေးနှုန်း ကျဆင်းလာဖွယ် မရှိ
**
အင်္ဂါနေ့နှောင်းပိုင်းက အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သည့်အတွက် တီဟီရန်အနေဖြင့် ရေနံတင်သင်္ဘောများနှင့် ကုန်တတင်သင်္ဘောများအတွက် ရေလက်ကြားကို ပြန်လည်ဖွင့်ပေးဖွယ်ရှိသော်လည်း၊ မြန်မာနိုင်ငံတွင်မူ စက်သုံးဆီစျေးနှုန်းများ လျင်မြန်စွာကျဆင်းရန် သို့မဟုတ် အလွန်အမင်းလိုအပ်နေသည့် မြေသြဇာ တင်သွင်းမှုများကို အာမခံချက်ရရှိရန်မှာ မဖြစ်နိုင်သလောက် ရှိနေသည် ဟု ဟောင်ကောင်ထုတ် South China Morning Post သတင်းစာက ယခုလို သုံးသပ်ထားသည်။
နိုင်ငံခြားသုံးငွေ လွန်စွာ ရှားပါးနေသော မြန်မာသည် အရှေ့အလယ်ပိုင်းဒေသမှ စွမ်းအင်နှင့် မြေသြဇာ ကို ရေလက်ကြား ဖွင့်ထားခိုက် အပြိုင် အဆိုင် စုဆောင်းရန် ကြိုးပမ်းနေသည့် အာရှနိုင်ငံများအကြား ဦးစားပေးအဆင့် တွင် နောက်ဆုံးနားသို့ ရောက်ရှိနေမည် ဖြစ်သည်။
မြေသြဇာဈေးနှုန်း မြင့်တက်လာခြင်းနှင့် စက်သုံးဆီ ခွဲတမ်းဖြင့်သာ ရောင်းချပေးခြင်းတို့ကြောင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်စွမ်းအားကို ထိခိုက် နေသော်လည်း၊ မြန်မာနိုင်ငံတွင် ပြန်လည်ဖြည့်တင်းရန်အတွက် အရင်းအနှီး အလွန်နည်းပါးနေသည်။
မြန်မာ၏ အားအင် ကုန်ခန်းနေသော စီးပွားရေးအခြေအနေသည် စက်သုံးဆီအကျပ်အတည်းဒဏ်ကို အပြင်းအထန် ခံစားနေရပြီး၊ စိုက်ပျိုးရာသီ စတင်ချိန်မှာပင် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့် မြေသြဇာပြတ်လပ်မှုနှင့် လယ်ထွန်စက်များအတွက် စက်သုံးဆီ မဖြည့်တင်းနိုင်မှုတို့က နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံမှုကို ခြိမ်းခြောက်လျက်ရှိ နေသည်။
ပြည်တွင်းစစ်ဒဏ်နှင့် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော ငွေဖောင်းပွမှုဒဏ်တို့ကို အလူးအလဲ ခံစားနေရသည့်အပြင် လူဦးရေ၏ လေးပုံတစ်ပုံမှာလည်း စားနပ်ရိက္ခာ အလုံအလောက် မရှိမှုနှင့် ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် စက်သုံးဆီစျေးနှုန်း ရိုက်ခတ်မှုနှင့် ယင်း၏ ဆက်စပ်အကျိုးသက်ရောက်မှုများကို ခံနိုင်ရည်ရှိရေး တွင် အလွန်အားနည်းနေပြီး အာရှတွင် စီးပွားရေး အပျက်စီးလွယ်ဆုံး နိုင်ငံများထဲတွင် ပါဝင်နေကြောင်း ပညာရှင်များက သတိပေးထားကြသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ သတိပေးချက်အရ စတင်ရန် ရှိနေသည့် စိုက်ပျိုးရာသီတွင် မြေသြဇာသုံးစွဲမှု ၅၀ ရာခိုင်နှုန်း လျော့ကျသွားပါက စိုက်ပျိုးရေး ထုတ်ကုန်ထွက်ရှိမှု ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း သိရသည်။
မနှစ်က ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော ငွေဖောင်းပွမှုနှုန်းမှာ ယခုအခါ တစ်ကျော့ပြန် အရှိန်မြင့်လာပြန်ရာ နိုင်ငံအတွင်းရှိ အဆင်းရဲဆုံး လူတန်းစားများအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာနေသည်။
"အခြေခံ စားသောက်ကုန် စရိတ်တွေဟာ ၂၀ ရာခိုင်နှုန်းလောက် မြင့်တက်လာပါတယ်။ အဓိကအားဖြင့် ဆား၊ ဆန်နဲ့ စားအုန်းဆီ ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်ပါတယ်” ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ် ဒန်းဖို့ဒ်က ပြောကြားခဲ့သည်။
“အခြေအနေက ဆိုးရွားနေရာကနေ ပိုလို့တောင် ဆိုးလာနေပါတယ်။ စက်သုံးဆီ ခွဲတမ်းစနစ်ကြောင့် အခြေခံလူထုအပေါ် ဖိအားတွေ အများကြီး သက်ရောက်နေပါတယ်။ တစ်ရက်ခြားမှ ကားမောင်းခွင့်ရှိပြီး တစ်ပတ်ကို တစ်ရက် ဒါမှမဟုတ် နှစ်ရက်ပဲ ဆီဖြည့်လို့ရပါတယ်။ အဲဒီလို ဖြည့်တဲ့အခါမှာလည်း ဆိုင်ကယ်တစ်စီးကို ၂ လီတာခန့်နဲ့ ကုန်တင်ကားတစ်စီးကို ၁၅ လီတာလောက်အထိပဲ ကန့်သတ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
စီးပွားရေးမြို့တော် ရန်ကုန်နှင့် ဝေးကွာလေလေ “အခြေအနေ ပိုဆိုးလေလေ” ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားပြီး၊ ၄ နာရီကြာ တန်းစီရခြင်းမှာ ထုံးစံလိုဖြစ်နေကာ ယင်းက ကုန်ထုတ်စွမ်းအားကို ထိခိုက်စေကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရာသီအတွက် လယ်ယာမြေများ အမီပြင်ဆင်နေကြသည့် တောင်သူများအတွက် ပိုမိုထိခိုက်စေကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ ကံဆိုးမိုးမှောင်ကျမှုများကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျဆင်းလာမှုကို ဖော်ပြနေသည့် ကိန်းဂဏန်းအချက်အလက်များတွင် စိတ်ပျက်ဖွယ်ရာ တွေ့မြင်နေရသည်။
ပြည်သူများအတွက် စက်သုံးဆီ ဆိုးဆိုးရွားရွားပြတ်လပ်လာနေသော်လည်း စစ်တပ်သည် ဆီလက်ကျန်များကို စုဆောင်းထားပြီး ဆင့်ကဲဆင့်ကဲ ပေါ်ပေါက်လာနေသည့် အကျပ်အတည်းများကြောင့် အလူးအလဲခံနေရသည့် ပြည်သူများကို ကူညီပံ့ပိုးမည့်အစား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ပေါင်းစုံကို တိုက်ခိုက်ရမည်ဆိုသည့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ ဦးစားပေးနေသည်။ အဆိုပါပြည်သူများသည် အာဏာသိမ်းမှု၊ ကပ်ရောဂါ၊ မနှစ်က ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ဘေးနှင့် လက်ရှိတွင် ဆီဆိုင်စျေးနှုန်း ၅၀ ရာခိုင်နှုန်းနှင့်အထက် မြင့်တက်သွားစေသည့် စက်သုံးဆီစျေးနှုန်း ရိုက်ခတ်မှုများအထိ အကျပ်အတည်းများကို တစ်ခုပြီးတစ်ခု ရင်ဆိုင်နေရခြင်းဖြစ်သည်။

❤40👍22🥰4🔥1🤬1😢1
မင်းအောင်လှိုင် လုယူထားသော သမ္မတရာထူး ကျမ်းကျိန်ပွဲသို့ နိုင်ငံပေါင်း ၅၀ ကျော်မှ ခေါင်းဆောင်များကို ဖိတ်ကြားခဲ့ရာတွင် နိုင်ငံပေါင်း ၁၁ ခုမှ ခေါင်း ဆောင်အဆင့်မဟုတ်သော အဆင့်နိမ့်ကိုယ်စားလှယ်များသာ စေလွှတ်
▪️ ဖိတ်ကြားထားသော နိုင်ငံတကာအဖွဲ့ ၂၀ ကျော်အနက် နီပွန်ဖောင်ဒေးရှင်းနှင့်ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းသာ တက်ရောက်ရန် အကြောင်းပြန်
ဧပြီလ ၁၀ ရက်
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လုယူထားသော သမ္မတရာထူး ကျမ်းကျိန်ပွဲသို့ နိုင်ငံပေါင်း ၅၄ ခုမှ ခေါင်း ဆောင်များနှင့် နိုင်ငံတကာအဖွဲ့ ၂၀ ခုကို တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း နိုင်ငံပေါင်း ၁၁ ခုမှ အဆင့်နိမ့်ကိုယ်စားလှယ်များသာ စေလွှတ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
မင်းအောင်လှိုင်က ယနေ့ ဧပြီလ ၁၀ ရက်နေ့ ပြုလုပ်ရန်ရှိနေသော သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် နိုင်ငံတကာခေါင်းဆောင်များနှင့်အဖွဲ့အစည်းများကို ဖိတ် ကြားခဲ့ရာတွင် တရုတ်၊ ရုရှား၊ ကမ္ဘောဒီးယား၊ နီကာရာဂွာ၊ အိန္ဒိယ၊ လာအို၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘယ်လာရုစ်၊ ဗီယက်နမ်၊ ကာဇက်စတန် စုစုပေါင်း နိုင်ငံ ၁၁ ခုမှ ခေါင်းဆောင်အဆင့် မဟုတ်သော အဆင့်နိမ့်ကိုယ်စားလှယ်များသာ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၂၀ ကျော်ကို ဖိတ်ကြားခဲ့ရာတွင်လည်း ဂျပန်အခြေစိုက် နီပွန်ဖောင်ဒေးရှင်းနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းတို့ကသာ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
မင်းအောင်လှိုင် အကြမ်းဖက် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ လာရောက်သော နိုင်ငံ ၁၁ ခုမှ ကိုယ်စားလှယ်များအနက် ထိုင်းနိုင်ငံမှလွဲ၍ ကျန် နိုင်ငံ ၁၀ ခုမှာ သာမန် ခရီးသည်တင် လေယာဉ်များဖြင့် ရန်ကုန်မြို့သို့ လာရောက်ကြပြီး အကြမ်းဖက်စစ်တပ်က အထူးလေ ယာဉ်ဖြင့် ရန်ကုန်-နေပြည်တော် အသွားအပြန် စီစဉ်ပေးနေရကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံကမူ ဧပြီလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် ထိုင်းစစ်တပ်အထူးလေယာဉ်က ဘန်ကောက်မှ နေပြည် တော်သို့ ဆိုက်ရောက်လာမည်ဖြစ်ပြီး မင်းအောင် လှိုင် ကျမ်းကျိန်ပွဲသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီး တက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းနောက် ကျမ်းကျိန်ပွဲ တက်ရောက်ပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းသည် ဧပြီလ ၁၀ ရက်နေ့ ညနေ ၅ နာရီ အချိန် နေပြည်တော်မှ ဘန်ကောက်သို့ ထိုင်းစစ်တပ်အထူးလေယာဉ်ဖြင့် ပြန်လည် ထွက်ခွာမည်ဖြစ်သည်။
နိုင်ငံတကာခေါင်းဆောင်များကို ဖိတ်ကြားမရသည့်အတွက် ရန်ကုန်ရှိ နိုင်ငံ တကာသံရုံးများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများကို မင်းအောင်လှိုင်၏ ကျမ်း ကျိန်ပွဲသို့ တက်ရောက်ရန် စစ်တပ်က အတင်းအကျပ် ဖိတ်ကြားထားကြောင်း သိရှိရသည်။

😁74❤7👍4👎2🤬1
ရန်ကုန်နှင့် နေပြည်တော်တွင် လူငယ်များနှင့် ဆောက်လုပ်ရေးလုပ်သားလူငယ်များ ပေါ်တာဆွဲဖမ်းဆီးခံနေရပြီး ပြန်လည် လွတ်မြောက်ရန် ၁ ဦးလျှင်ငွေကျပ် သိန်း ၁၅၀ တောင်းနေ
ဧပြီလ ၁၀ ရက်
ရန်ကုန်နှင့် နေပြည်တော်ရှိ လူငယ်များနှင့် ဆောက်လုပ်ရေးလုပ်သားလူငယ်များ ပေါ်တာဆွဲဖမ်းဆီးခံနေရပြီး ပြန်လည် လွတ် မြောက်ရန် ၁ ဦးလျှင်ငွေကျပ် သိန်း ၁၅၀ တောင်းနေကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကြို့ကုန်းကျေးရွာနေ အဖ ဦးမောင်မောင်၏သား အသက် ၂၀ အရွယ် မောင်နေဝင်း (ခ) ထွားကြီး နှင့် အဖ ဦးဌေးအောင်၏သား အသက် ၁၉ အရွယ် မောင်ရန်ကြီးအောင် တို့မှာ နေပြည်တော်သို့ အသွား ဒက္ခိဏသီရိမြို့နယ်တွင် ပေါ်တာဆွဲဖမ်းဆီးခြင်း ခံခဲ့ရကြောင်း သိရှိရသည်။
အလားတူ လယ်ဝေမြို့နယ်၊ ကြို့ကုန်းကျေးရွာမှပင် အဖ ဦးညွှန့်တင်နှင့် အမေ ဒေါ်ပြုံးကြည်တို့၏သား အသက် ၁၉ နှစ်အရွယ် မောင်ဝေမိုးလွင် သည်လည်း ပျဉ်းမနားသို့အသွားတွင် ပေါ်တာဆွဲခံခဲ့ရပြီး မိသားစုက ငွေကျပ်သိန်း ၁၅၀ ပေး၍ စစ်တပ်ထံမှ ပြန်ရွေးခဲ့ရကြောင်း သိရှိရသည်။
"လယ်ဝေးမှာ လူငယ်တွေ အတော်များများ ပေါ်တာဆွဲ ခံနေရတယ်။ နေပြည်တော်တက်ရင်း၊ ပျဉ်းမနားသွားရင်း အဖမ်းခံရတာ၊ အလုပ်သွား အလုပ်ပြန် လူငယ်တွေလည်း ပေါ်တာဆွဲခံရတာမနည်းဘူး။ နေပြည်တော်မှာကို ပေါ်တာဆွဲခံရနေတာပါ" ဟု လယ်ဝေးမြို့နယ်မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ရန်ကုန်မြို့တွင်လည်း ဆောက်လုပ်ရေးလုပ်သားများ လမ်းခရီး၌ ပေါ်တာဆွဲခံရကာ ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ လုပ်ငန်းခွင်တစ်ခုမှ မြေတူးအလုပ်သမားနှင့် ပန်းရံဆရာ လူငယ်နှစ်ဦးမှာ မတ်လ ၁၆ ရက်နေ့က အလုပ်မှအိမ်အပြန်လမ်းတွင် ပျောက်ဆုံးသွားခဲ့ပြီး၊ ရက်အနည်းနေ့အကြာတွင်မှ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ စစ်သင် တန်းကျောင်းသို့ ပို့ဆောင်ခံလိုက်ရကြောင်း မိသားစုထံသို့ စစ်တပ်က ဖုန်းဆက်အ ကြောင်း ကြားလာခဲ့သည်ဟု လုပ်ငန်းရှင်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
အလားတူ နေပြည်တော်၊ ရွှေနံသာရပ်ကွက်ရှိ KTK Construction Co, Ltd မှ အလုပ် သမားနှစ်ဦးဖြစ်သော ကိုထက် (ပန်းရံသမား) နှင့် ကိုစိုင်းကိုကိုဝေ (ဆေးသုတ်သမား) တို့သည်လည်း ဧပြီလ ၉ ရက်နေ့ လုပ်ငန်းခွင်အတွင်း ဧည့်စာရင်းစစ်ခံရကာ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း အဆိုပါအလုပ်ပိုင်ရှင်က လူမှုကွန်ရက်မှတစ်ဆင့် အသိပေးဖော်ပြချက်အရ သိရှိရသည်။
အဆိုပါအလုပ်သမား ၂ ဦး တို့မှာ ဧည့်စာရင်းတိုင်ထားသလို မှတ်ပုံတင်လည်း ရှိကြသော်လည်း အုပ်ချုပ်ရေးမှူးက ၎င်းတို့ကို ဥတ္တရရဲစခန်းသို့ ပို့လိုက်ပြီဟုသာ ပြောဆိုခဲ့သည်ဟု သိရှိရသည်။
ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်များနှင့် လုပ်ငန်းခွင်တာဝန်ခံများကမူ နိုင်ငံတည်ဆောက်ရေးတွင် အဓိကကျသည့် အခြေခံလုပ်သားများကို ယခုကဲ့သို့ အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းမှာ လူလူချင်းစာနာမှုကင်းမဲ့သည့် လုပ်ရပ်ဖြစ်ကြောင်းနှင့် ထိုသို့လုပ်သားများမရှိတော့ပါက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုလည်း ရပ်တန့်သွားနိုင်ကြောင်း ဝေဖန်ထောက်ပြထားသည်။

🤬50❤5👍5😁1😱1😢1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်
🍀
🍃 ထီ 1 တွဲ စောင်ကို မြန်မာငွေ 30,000 ကျပ်။ ထိုင်းငွေ 200 ဘတ် 🌿
မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/
🎁 ရရှိနိုင်သော ဘတ် 12 သန်း ထီနံပါတ်များ 🎁
784501
627502
163304
689205
846106
376507
328708
203910
476811
633812
790713
947714
895315
053017
028718
735320
892321
392022
793723
636824
479925
836928
186029
433740
403343
158644
043545
390746
513748 တစောင်ကျန်
827650
984651
172152
228255
615356
929258
913859
559963
716864
873865
090266
812367
208668
661471
867774
606078
919980
317482
403983
452284
550685
707686
864587
016488
170089
664690
495292
652293
098194
876996
439899 တစောင်ကျန်
📱 ဆက်သွယ်ဝယ်ယူရန် 📱
- https://t.me/pyithuaungpwel
- https://t.me/infoAthlaing
Viber ☎️ +66930839386
#ThaiLottery

👍22❤5
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်
🍀
🍃 ထီ 1 စောင်ကို မြန်မာငွေ 14,500 ကျပ်။ ထိုင်းဘတ် 100 ပါ။ 🌿
မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/
🎁 ရရှိနိုင်သောထီနံပါတ်များ 🎁
363500
054802
197303
635505
561006
535007
682708
853409
026511
390812
877313
249014
884615
511116
350346
976047
126049
046350
868151
016952
400054
593857
242958
544559
543760
831062
631563
590066
827768
753169
306170
854472
020873
268174
091675
220877
497678
698779
072381
643582
513184
706385
984087
297589
013791
038292
166294
351895
652896
635097
148698
662300
409101
015102
165403
418604
671905
821507
568208
009209
034210
428511
834912
169413
905814
357615
646716
616817
029718
875919
507223
991624
099626
912927
349829
214431
768632
146933
670534
453235
523436
610539
390040
381042
853343
066145
415946
952647
014948
855649
119650
361251
954753
625954
320855
440256
862358
808759
019060
959361
949462
939563
280466
044069
126970
029972
049774
103776
903677
157678
849779
326680
772681
781282
335283
379584
825585
728386
282387
432488
878489
056890
736793
059294
825496
000397
533698

❤22👍12👎1
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်
ဧပြီလ ၁၀ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၆) ကို ဧပြီ ၉ ရက် ၊ မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ ကြပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ရဲ့ ဆွေးနွေးမှုနဲ့ စတင်ခဲ့ ပါတယ်။
ဆက်လက်ပြီး အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၆) မှာ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ ပြီးစီးမှုအခြေအနေများ ၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်များကို ချပြရှင်းလင်းခဲ့ပါတယ်။
အဲဒီနောက် တက်ရောက်လာတဲ့ ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေက လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က အသိပေးထုတ်ပြန်ထားပါတယ်။
#PVTV

👍38😁6❤3🥰1
နတ်မောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ ပျူစောထီး ၂ ဦးကို အသေဖမ်းဆီးပြီး လက်ပစ်ဗုံး ၁လုံးသိမ်းဆည်းရရှိ
ဧပြီလ ၁၀ ရက်
မကွေးဒေသ၊ နတ်မောက်မြို့နယ်၊ ဂွေးချောင်းကျေးရွာ မင်္ဂလာဆောင်ကို ညအိပ်သွားပြီး ပြန်လာကြတဲ့ အကြမ်းဖက်စစ်တပ် လက်ပါးစေ ပျူစောထီး ၂ ဦးကို အသေဖမ်းဆီးလိုက်တယ်လို့ သရက်ခရိုင် အမှတ် - ၃တပ်ရင်း (ငါးပြေမပျောက်ကြားတပ်ဖွဲ့ ) က သတင်းထုတ်ပြန်ပါတယ်။
ပိတောက်ငုတ် ပျူစောထီးကျေးရွာ ကနေ ဂွေးချောင်းရွာ မင်္ဂလာဆောင်ကို ဧပြီ ၇ ရက်က ညအိပ်သွားပြီး ဧပြီ ၈ ရက် မှာ ပြန်လာကြတဲ့ ပျူစောထီးခေါင်းဆောင် ခင်မောင်ဌေးရဲ့ တပည့် ၃ ဦး ထဲ က အောင်ဌေးလွင် နဲ့ အေးဇော်တို့ကို ကြိုတင်သတင်းရယူပြီး ပစ်ခတ်ရှင်းလင်းခဲ့တာပါ။
အဲလို စောင့်ကြို ရှင်းလင်းရာမှာ လက်ပစ်ဗုံးပါလာတဲ့ အသက် (၁၄) နှစ်အရွယ် မောင်ဝေယံဟာ ယင်းရဲ့ လွယ်အိတ်ထဲမှ လက်ပစ်ဗုံး နဲ့ ပြန်လည်ပစ်ခတ်ဖို့ ချိန်ရွယ်စဥ် အချိန်မီ ဖမ်းချုပ်လိုက်တယ်လို့ ဆိုပါတယ်။
အသက်မပြည့်သေးတဲ့ မောင်ဝေယံကို ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းပြီး နောက်နောင် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စု နဲ့ မပူးပေါင်းဖို့ ၊ ငယ်ရွယ်ချိန် ပညာသင်ကြားဖို့ ပြောဆို ဆုံးမပြီး အသက်ချမ်းသာပေးလိုက်တယ်လို့ ငါးပြေမပျောက်ကြားတပ်ဖွဲ့ က ပြောပါတယ်။
ရှင်းလင်းမှု ဖြစ်စဥ်ပြီးတဲ့နောက် ယင်းတို့ထံမှ လက်ပစ်ဗုံး ၁ လုံး ၊ ဖုန်း ၃ လုံး၊ ကွန်ပျူတာ လပ်တော့ အစုတ် ၁ လုံးတို့ သိမ်းဆည်းရမိခဲ့တယ္လို့ သိရပါတယ်။
အောင်ဌေးလွင် နဲ့ အေးဇော်တို့ဟာ နတ်မောက် နဲ့ ဒေသတွင်း မြို့နယ်တွေမှာ အတင်းအဓမ္မ ပေါ်တာ ဆွဲဖမ်းဆီးတာ၊ ငွေညှစ်တာ ၊လက်ထောက်ချတာ ၊ စစ်ကြောင်းထိုးရာမှာ ပူးပေါင်းပါဝင်ပြီး ပြည်သူ့ တွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ ၊ စစ်ကြောင်းအတွင်း အပြစ်မဲ့ ပြည်သူများအား ရက်စက်စွာသတ်ဖြတ်တာ အစတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာပါ။
အကြမ်းဖက်စစ်တပ် နဲ့ ယင်းတို့ ဒေါက်တိုင်၊လက်ပါးစေတွေကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပုန်းကွယ်ရာ နေရာမရှိစေရဘူးလို့ သရက်ခရိုင် အမှတ် - ၃တပ်ရင်း (ငါးပြေမပျောက်ကြားတပ်ဖွဲ့ ) က အသိပေးထုတ်ပြန်ထားပါတယ်။

👍42👏14❤2😁2
95 ဓာတ်ဆီ ၁ လီတာလျှင် ၄၉၃၄ ကျပ်နှင့် ပရီမီယံဒီဇယ် ၁ လီတာ ၇၇၅၅ ကျပ်အထိ စစ်တပ်က စျေးနှုန်းမြှင့်တင်၊
▪️ဆီခွဲတမ်းများကို ထပ်မံ လျော့ချလိုက်သဖြင့် ဆီဆိုင်များ ဆီပြတ်လပ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ
ဧပြီလ ၁၀ ရက်
မြန်မာနိုင်ငံအတွင်း စက်သုံးဆီစျေးနှုန်းများကို စစ်တပ်က ယနေ့ ထပ်မံမြှင့်တင်လိုက်ရာ 95 ဓာတ်ဆီတစ်လီတာလျှင် ၄၉၃၄ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၇၇၅၅ ကျပ်အထိ စံချိန်တင်မြင့်တက်လာခဲ့ပြီး ဆီခွဲတမ်းများ အလွန်အမင်းလျော့ချနေသောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆီပြတ်လပ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဆီဆိုင်လုပ်ငန်းရှင်များထံမှ သိရှိရသည်။
ယနေ့စျေးနှုန်းထုတ်ပြန်ချက်အရ ၉၂ ဓာတ်ဆီမှာ တစ်လီတာလျှင် ၄၇၃၅ ကျပ် (ယခင်စျေးနှုန်းထက် ၁၁၀ ကျပ်တက်)၊ ၉၅ ဓာတ်ဆီမှာ ၄၉၃၄ ကျပ် (၁၆၅ ကျပ်တက်)၊ ဒီဇယ်မှာ ၆၄၈၅ ကျပ် (၈၀၅ ကျပ်တက်) နှင့် ပရီမီယံဒီဇယ်မှာ ၇၇၅၅ ကျပ် (၉၅၀ ကျပ်တက်) အထိ အသီးသီးမြင့်တက်သွားခြင်းဖြစ်ကာ ဒီဇယ်စျေးနှုန်းမှာ သိသိသာသာ ခုန်တက်သွားခြင်းဖြစ်သည်။
စက်သုံးဆီလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ လက်ရှိတွင် စက်သုံးဆီတင်သွင်းသူ (Importer) များက ဆီများကို ထုတ်မပေးဘဲ ထိန်းထားသည့်အပြင် အော်ဒါအဟောင်း (PO) များကိုပါ စျေးနှုန်းအသစ်ဖြင့် တောင်းခံနေသည့်အတွက် ဆီဆိုင်များတွင် ရောင်းချရန် ဆီမရှိတော့သည့် အခြေအနေဖြစ်ပေါ်နေကြောင်း သိရှိရသည်။
စစ်ကောင်စီဘက်ကမူ နိုင်ငံအတွင်း ဆီပြတ်လပ်နေသည်ကို အမှန်အတိုင်းဝန်မခံဘဲ အောက်ခြေမြေပြင်တွင် ဆီဆိုင်များ ဆီထုတ်မရဖြစ်နေသည့် အခက်အခဲကို ဖြေရှင်းပေးနိုင်ခြင်းမရှိသည့်အပြင် အထက်ပိုင်းတာဝန်ရှိသူများကလည်း လက်တွေ့အခြေအနေကို လာရောက်ကြည့်ရှုခြင်းမရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေပါသည်။
လက်ရှိတွင် ဆီဆိုင်များသို့ ချပေးသည့် ဆီခွဲတမ်းများမှာ အလွန်အမင်း လျော့နည်းသွားသဖြင့် ဆီဆိုင်ငယ်အချို့တွင် တစ်ရက်လျှင် လီတာ ၃,၀၀၀ မှ ၄,၀၀၀ ခန့်အထိ လျော့ကျသွားပြီး တစ်ပတ်စာလုံးအတွက်ပင် ဆီလီတာ ၈,၀၀၀ ခန့်သာ ရရှိတော့ကြောင်း သိရပါသည်။
ယင်းကဲ့သို့ ဆီစျေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာပြီး ခွဲတမ်းများလျော့နည်းသွားခြင်းကြောင့် ဆီဆိုင်များတွင် ဆီပြတ်လပ်မှုများ ထပ်မံဖြစ်ပေါ်လာတော့မည်ဖြစ်ကာ ပြည်သူများအနေဖြင့် သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေကုန်ကျစရိတ်များ ပိုမိုမြင့်မားလာမည့်ဒဏ်ကို အပြင်းအထန်ရင်ဆိုင်နေရကြောင်း ဆီဆီုလုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောဆိုသည်။
စစ်တပ်ကမူ ဆီပြတ်လပ်နေသည်ကို အမှန်အတိုင်း ဝန်မခံဘဲ အောက်ခြေတွင် ဆီဆိုင်များ ဆီထုတ်မရဖြစ်နေမှုကို ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း ဝေဖန်နေကြသည်။
"ဆီက မရှိတာလား၊ မထုတ်ပေးတာလား မသိဘူး။ ခွဲတမ်းတွေက အရမ်းလျော့နေတော့ ဘယ်လိုမှ ရောင်းလို့မရတော့ဘူး။ အပေါ်ကလူတွေကတော့ ဘာမှဆင်းမကြည့်ဘူး" ဟု ဆီဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြပြောဆိုသည်။
လက်ရှိအခြေအနေအရ ဆီဆိုင်များတွင် ဆီပြတ်လပ်ပါက စျေးနှုန်းများ မတည်ငြိမ်ဘဲ ဆက်လက်မြင့်တက်နေနိုင်သည့်အတွက် သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုအပေါ် ကြီးမားသော ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း ဆီဆိုင်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းက သုံးသပ်နေကြသည်။

🤬45🔥7❤3👍1😁1😢1
ကျောက်ဖြူ တိုက်ပွဲ ပြန်လည်ပြင်းထန်နေ
ဧပြီလ ၁၀ ရက်
ရက်သတ္တတစ်ပတ်ခန့် ငြိမ်သက်နေခဲ့တဲ့ တရုတ်စီမံကိန်းကြီးတွေတည်ရှိရာ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA)နဲ့ အကြမ်းဖက် စစ်တပ်တို့ အကြား နှစ်ဖက် တိုက်ပွဲပြန်လည် ပြင်းထန် နေသည်လို့ သတင်းရရှိပါတယ်။
ဒေသခံစစ်ရေးသတင်းရင်းမြစ်က "မနေ့က ဧပြီ ၉ ရက် နေ့လယ်ပိုင်း အချိန်ကတည်းက စဖြစ်နေတာပါ။ တိုက်ပွဲကတော့ပြင်းထန်နေတယ်။ တပ်တော်ကလည်း သည်းမခံနိုင်တော့ ဘူးထင်တယ်။ သူတို့ထိန်းချုပ်ထားတဲ့နေရာကနေ ရှေ့ကိုတိုးပြီး တိုက်နေပြီ" လို့ နိရဉ္စရာကို ပြောပါတယ်။
အာရက္ခတပ်တော်ဟာ ကျောက်ဖြူတိုက်ပွဲမှာ တရုတ်အစိုးရရဲ့ ဖိအားကြောင့် အကန့်အသတ်နဲ့ တိုက်ပွဲဝင်နေရတဲ့အပေါ် မြန်မာစစ်တပ်ဘက်က အခွင့်ကောင်းယူပြီး ကြည်း၊ရေ၊ လေပူးပေါင်းကာ ထိုးစစ်ဆင်နေတာကြောင့် မနေ့ကတော့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ့ရတယ်လို့ သူကဆိုပါတယ်။
#NJ

👍51❤8😁6👏2🔥1
အမည်ခံ လွှတ်တော်နာယက၏ ဂါရဝပြုမှုကို မင်းအောင်လှိုင် ပြန်လည်ဂါရဝမပြုဘဲ လျစ်လျူရှုကျော်ဖြတ်
ဧပြီလ ၁၀ ရက်
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အခမ်းအနားတွင် မင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သော်လည်း အခမ်းအနား ဖြစ်စဉ်အတွင်း ပြည်ထောင်စုလွှတ်တော် နာယကအပေါ် ထားရှိသည့် ဆက်ဆံရေးမှာ ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သူ ဦးအောင်လင်းဒွေးက နိုင်ငံတော်သမ္မတအဖြစ် ကျိန်ဆိုမည့် မင်းအောင်လှိုင်အား ဂါရဝပြု ကြိုဆိုခဲ့သော်လည်း မင်းအောင်လှိုင်ဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ဂါရဝပြုခြင်း မရှိဘဲ လျစ်လျူရှု ကျော်ဖြတ်သွားခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
ယင်းကဲ့သို့ ပြုမူမှုသည် နိုင်ငံတော်အဆင့် အခမ်းအနားဆိုင်ရာ ထုံးတမ်းစဉ်လာများနှင့် မဏ္ဍိုင်ကြီးများအကြား အပြန်အလှန် လေးစားမှုရှိရမည့် ကျင့်ဝတ်များအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
မြန်မာ့ယဉ်ကျေးမှုနှင့် နိုင်ငံတကာသံတမန်ရေးရာ စံနှုန်းများအရ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင်အကြီးအကဲများအကြား အပြန်အလှန် ဂါရဝပြုခြင်းမှာ မရှိမဖြစ်လိုအပ်သည့် အစဉ်အလာတစ်ရပ် ဖြစ်သည်။
လေ့လာသူများ၏ သုံးသပ်ချက်အရ ယခုလုပ်ရပ်သည် လွှတ်တော်နာယကအား ဥပဒေပြုရေးမဏ္ဍိုင်၏ အကြီးအကဲအဖြစ်ထက် ၎င်း၏ လက်အောက်ခံ အရာရှိဟောင်းတစ်ဦးကဲ့သို့ သဘောထားခြင်းကို ပြသနေကြောင်း ဆိုကြသည်။
"စစ်တပ်မှာသုံးတဲ့ အထက်လူကြီးနဲ့ လက်အောက်ငယ်သား အမိန့်ပေးစနစ်ကို အရပ်ဘက် အုပ်ချုပ်ရေးယန္တရားထဲမှာပါ သိသိသာသာ ထည့်သုံးလိုက်တာမျိုးလေ၊ သိပ်တော့ အထူးအဆန်းမဟုတ်ပါဘူး။ ခွေးက ပလ္လင်ပေါ်တက်တော့ ဖြစ်တာပါပဲ "ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် နိုင်ငံတော်၏ အမြင့်ဆုံး မဏ္ဍိုင်ကြီးများအကြား တန်းတူညီမျှမှုနှင့် အခြေခံဥပဒေဆိုင်ရာ ဂုဏ်သိက္ခာအပေါ် အလေးထားမှု အားနည်းနေခြင်းကို ပေါ်လွင်စေခဲ့သည်။
အထူးသဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ်တွင် မဏ္ဍိုင်များအကြား အပြန်အလှန် ထိန်းကျောင်းမှုနှင့် လေးစားမှုရှိရန် လိုအပ်သော်လည်း ယခုအခါ အာဏာအကြွင်းမဲ့ ချုပ်ကိုင်လိုသည့် ပုံစံကိုသာ ဦးတည်နေခြင်းဖြစ်သည်။
ဓာတ်ပုံ - ပြည်ထောင်စုလွှတ်တော်

😁48🔥12❤10👍3🤬3👎1
နေရပ်ပြန်ရေး အလှမ်းဝေးဆဲ ဗန်းမော်စစ်ရှောင်များ အကူညီလိုအပ်နေ
ဧပြီလ ၁၀ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေသလို စစ်ရှောင်ကာလ တနှစ်ကျော်ရှိလာပြီဖြစ်တဲ့ ဗန်းမော်မြို့က စစ်ရှောင်ပြည်သူတွေလည်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့တွေ လိုအပ်နေကြပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမော်မြို့နယ်ထဲကနေ နေရပ်စွန့်ခွာ ထွက်ပြေးရသူ တသိန်းကျော်အထိ ရှိခဲ့ပါတယ်။
ဗန်းမော်စစ်ရှောင်ပြည်သူတွေဟာ ဗန်းမော်မြို့အနောက်ဘက် ဧရာ၀တီမြစ် တဖက်ကမ်းကူးပြီး ရွှေကူ၊ ကသာ၊ မန္တလေးဘက် ဆင်းကြတဲ့သူတွေနဲ့ မြစ်ကြီးနားဘက် တက်သွားတဲ့သူတွေလည်း အများအပြား ရှိခဲ့ပေမဲ့ အများစုကတော့ ဗန်းမော်မြို့အနီးမှာ တိမ်းရှောင်နေကြတာပါ။
စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အတူ စစ်ရှောင်ပြည်သူတွေဟာ စားဝတ်နေရေးအတွက် အခက်အခဲရှိလာသလို ကျန်းမာရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တယောက်က ပြောပါတယ်။
“ဒီဘက်မှာ စစ်ရှောင်နေတဲ့ ပြည်သူတွေကျတော့ နှစ်ကြာလာတဲ့အမျှ ကိုယ့်ဟာနဲ့ကိုယ် ရုန်းကန် ရှာဖွေ စားသောက်ကြရတာပေါ့။ ခက်ခဲမှုတွေကတော့ တအားများတယ်။ အဓိကတော့ ဒီဘက်က စိုက်ပျိုးရေး လယ်တွေ ဘာတွေလုပ်တယ်။ ဟင်းသီးဟင်းရွက်တွေ စိုက်စားပြီး အဲ့လို ရုန်းကန်နေရတယ်။ ဒါမျိုးတွေပဲ လုပ်ကိုင်တဲ့အခါကျတော့ ခက်ခဲမှုတွေက တအားများတာပေါ့။ လိုအပ်နေတာလည်း အများကြီး။ ဈေးတွေလည်း တခြားနေရာတွေမှာ တအားဝေးတဲ့အခါကျတော့ ကျနော်တို့အတွက် ခက်ခဲမှုတွေ တအားများတယ်။ ကျန်းမာရေးအတွက် တအားခက်ခဲနေတာကို တွေ့နေရတယ်။”
ဗန်းမော်မြို့ လက်မလွတ်ရရေးအတွက် စစ်တပ်က မြို့နဲ့အနီးတဝိုက်ကို လေကြောင်းကနေပါ အပြင်းအထန် ဗုံးကြဲခုခံနေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း စစ်ရှောင်တွေအတွက် လိုအပ်တဲ့အကူအညီကို လုံလောက်စွာ ထောက်ပံ့ဖို့ အခက်အခဲ ကြုံတွေ့နေကြပါတယ်။
ဗန်းမော်ဒေသခံတယောက်က “ဗန်းမော်အခြေအနေကတော့ အရင်အတိုင်းလိုပါပဲ။ လေယာဉ်လည်း နေ့တိုင်းလိုဝဲတယ်။ အသံလည်း နေ့တိုင်းလိုပဲ ကြားနေရတယ်။ ဒီဘက်မှာ ဗန်းမော်နဲ့ တအားနီးတဲ့အခါကျတော့ ကျနော်တို့တွေလည်း သတိဝီရိယနဲ့ ရှိနေတာပေါ့။ ပြီးတော့ ဒီအနီးတဝိုက်မှာ ရှိနေတဲ့အချိန်ကျတော့ တချို့ကူညီထောက်ပံ့မှုပေးတဲ့ NGO အဖွဲ့အစည်းတွေလည်း တအားမလာရဲသေးတဲ့ အခြေအနေလည်း ရှိတယ်” လို့ ပြောပါတယ်။
စစ်ရှောင်အများစုက ဗန်းမော်မြို့ နီးစပ်ရာရွာတွေနဲ့ တော၊ တောင်၊ ယာခင်းတွေထဲ တိမ်းရှောင်နေပြီး စစ်ရှောင်ကလေးငယ်တွေအတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဖွင့်လှစ်ထားပေမဲ့ စစ်ရှောင်ကလေးငယ်တိုင်း ပညာသင်ကြားနိုင်ရေးအတွက် ခက်ခဲနေဆဲလို့ စစ်ရှောင်တယောက်က ပြောပါတယ်။
“ကလေးတွေရဲ့ ပညာရေးကျတော့ မနှစ်ကတည်းကနေ ဒီဘက်မှာ ကျောင်းတော့ ဖွင့်ထားတယ်။ ကျောင်းနဲ့ပတ်သက်ပြီးတော့လည်း ခက်ခဲမှုတွေတော့ တအားများတာပေါ့။ အစိုးရဘက်ကနေလည်း ဒီကျောင်းကို မသိနိုင်တဲ့ အခြေအနေမျိုးပဲ ရှိသေးတယ်။ ပြောရမယ်ဆိုရင် အခု ဒီမှာ ဖွင့်ထားတဲ့ကျောင်းကို ရွာသူရွာသားတွေ ကိုယ်ထူကိုယ်ထကျောင်း ပုံစံလေးနဲ့ ဖွင့်ထားတာ။ အဲဒီခါကျတော့ ခက်ခဲမှုတွေလည်း များတာပေါ့။ ဆရာ၊ ဆရာမတွေကိုလည်း ထောက်ပံ့ကြေး ပြောရမယ်ဆိုရင် လစဉ်ကြေးပေါ့နော် ဘယ်လောက်မှလည်း မထောက်ပံ့နိုင်ဘူး။ ပြီးတော့ ကျောင်းဖွင့်ထားရင်တောင်မှ တချို့ကလေးတွေက ကျောင်းမတက်နိုင်တဲ့ အခြေအနေတွေ ရှိနေသေးတယ်။”
ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ရဲ့ ၉၀ ရာခိုင်နှုန်း ပျက်စီးသွားပြီ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်က ရေကြောင်းကနေ အင်အားတွေ အမြောက်အမြား ပို့ဆောင်နိုင်ခဲ့ပြီးနောက် နှစ်ဖက်တပ်တွေ ရှေ့မတိုးသာ နောက်မဆုတ်သာ အနေအထားမှာရှိနေပြီး ဗန်းမော်စစ်ရှောင်တွေရဲ့ နေရပ်ပြန်နိုင်ရေးက အလှမ်းဝေးနေပါသေးတယ်။
#dvb

❤28😢19🔥2🥰2😁2🤔1