Hlaing Info
54.8K subscribers
141K photos
5.87K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
နတ်မောက်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

ဧပြီလ ၉ ရက်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိ ခိုက်သေဆုံးမှုများရှိကြောင်း အမှတ် ၉၀၂ တပ်ရင်း (People's Defense Force - Natmauk) ထံမှ သိရသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၇) မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာအကြားတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အမှတ် ၉၀၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက "ကပစ ၁၇ မှ ထွက်လာတဲ့ စစ်ခွေး အင်အား ၁၀၀ ဝန်းကျင်ရှိတယ်။ စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်တယ်။ စစ်ခွေး စစ်ကြောင်းက ဘယ် ကို ပြန်ဆုတ်သွားလဲဆိုတော့ လောလောဆယ်တော့ မြို့နယ်ထဲမှာ ပတ်ထိုးနေတုန်းပဲ။ မြို့သစ်မြို့နယ် အစပ်ရွာတွေကို စစ်ကြောင်း ပြန်ထိုးနေတယ်။ စစ်ခွေးတွေဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး မရှိဘူး။ ခွေးအင်အားများပြီး ကိုယ်ဘက်က ခဲယမ်းမပြည့်စုံတော့ ပျောက်ကြားတိုက်ခိုက်မှုပဲ လုပ်နိုင်တယ်"ဟု ရှင်းပြသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေးရဲဘော်များမှာမူ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြသည်။

သို့သော် အဆိုပါ စစ်ကောင်စီစစ်ကြောင်းက အမှတ် ၉၀၂ တပ်ရင်း၏ လုံခြုံရေးကင်းစခန်းတစ်ခုကို မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် ကာလတန်ဖိုး ကျပ်သိန်း ၁၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှုကို အမှတ် ၉၀၂ တပ်ရင်းနှင့် ဗျူဟာအမှတ် ၁၇ လှုပ်ရှားစစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ People's Defense Force - Natmauk အဖွဲ့အနေဖြင့် စီမံမှုအားနည်းချက်များကြောင့် ဆုံးရှုံးခဲ့ရသည်များကို သင်ခန်း စာယူကာ ယခုဆုံးရှုံးမှုအတွက် အားပြန်ဖြည့်၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

#KTM
#HlaingInfo
44👍20🥰3👏3🔥1😁1
စစ်အာဏာသိမ်း (၁၈၉၃)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၆၆) ဦးအထိရှိလာ

ဧပြီလ ၉ ရက်

AAPP ရဲ့ ဧပြီ၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၉၃) ရက်အတွင်း ပြည်သူ (၇၉၆၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၈၃၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာသူကတော့ (၈၆၂၀)ဦး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

ကိုးကား - AAPP
#TLT
#HlaingInfo
🤬46🔥3😢1
မြန်မာနိုင်ငံတွင် လောင်စာဆီနှင့် မြေဩဇာ ပြတ်လပ်မှုများကြောင့် စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာ ထုတ်လုပ်မှု အကျပ်အတည်းဆိုက်ကာ  စီးပွားရေးကိုပါ ခြိမ်းခြောက်လာ

ဧပြီလ ၉ ရက်

အီရန်စစ်ပွဲနောက်ဆက်တွဲ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရမှုကြောင့် ဖြစ်ပေါ်လာသည့် လောင်စာဆီ အကျပ်အတည်းနှင့် မြေဩဇာ ပြတ်လပ်မှုဒဏ်ကို မြန်မာနိုင်ငံ၏ အားနည်းလှသော စီးပွားရေးက ဆိုးဆိုးရွားရွား ခံစားနေရသည်။

ယင်းအခြေအနေသည် စိုက်ပျိုးရာသီ စတင်ချိန်မှာပင် တောင်သူများအနေဖြင့် လယ်ထွန်စက်များအတွက် ဆီမဖြည့်နိုင်ခြင်းနှင့် မြေဩဇာမရရှိခြင်းတို့ကြောင့် စားနပ်ရိက္ခာလုံခြုံမှုကို ခြိမ်းခြောက်နေသည်။

ပြည်တွင်းစစ်နှင့် အဆမတန် ငွေကြေးဖောင်းပွမှုဒဏ်ကို ခံစားနေရသည့်အပြင် လူဦးရေ၏ လေးပုံတစ်ပုံမှာ စားနပ်ရိက္ခာ လုံလောက်မှုမရှိသည့် မြန်မာနိုင်ငံသည် ယခုကဲ့သို့ လောင်စာဆီစျေးနှုန်း ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်မရှိကြောင်း ပညာရှင်များက သတိပေးထားသည်။

အမေရိကန်နှင့် အီရန်တို့ကြား နှစ်ပတ်ကြာ အပစ်ရပ်စဲမှုကြောင့် ရေလက်ကြား ပြန်ပွင့်လာနိုင်သော်လည်း မြန်မာနိုင်ငံတွင် လောင်စာဆီစျေးနှုန်းများ ချက်ချင်းကျဆင်းလာရန် သို့မဟုတ် လိုအပ်နေသည့် မြေဩဇာများကို အလျင်အမြန် တင်သွင်းနိုင်ရန်မှာ မလွယ်ကူလှပေ။

အကြောင်းမှာ နိုင်ငံခြားငွေ အလွန်နည်းပါးနေသော မြန်မာနိုင်ငံသည် အရှေ့အလယ်ပိုင်းမှ စွမ်းအင်နှင့် မြေဩဇာ (ယူရီးယား) ဝယ်ယူရန် ကြိုးပမ်းနေသည့် အာရှနိုင်ငံများအကြားတွင် နောက်ဆုံးတန်း၌သာ ရှိနေသောကြောင့် ဖြစ်သည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ သတိပေးချက်အရ ယခုစိုက်ပျိုးရာသီတွင် မြေဩ ဇာသုံးစွဲမှု ၅၀ ရာခိုင်နှုန်း လျော့ကျသွားပါက စိုက်ပျိုးရေးထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်သည်ဟု ဆိုသည်။

"စားနပ်ရိက္ခာစျေးနှုန်းတွေက ၂၀ ရာခိုင်နှုန်းလောက် ထပ်တက်လာတယ်၊ အထူးသဖြင့် ဆား၊ ဆန်နဲ့ စားအုန်းဆီစျေးတွေပါ။ အခြေအနေက ပိုဆိုးလာနေတယ်၊ လောင်စာဆီ ခွဲတမ်းစနစ်ကြောင့် ပြည်သူတွေအပေါ် ဖိအားတွေ အများကြီး ရှိနေတယ်။ ဆိုင်ကယ်တစ်စီးကို ၂ လီတာ၊ ထရပ်ကားတစ်စီးကို ၁၅ လီတာလောက်ပဲ ကန့်သတ်ပြီး ထည့်ပေးနေရတယ်" ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်- WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Michael Dunford က ပြောသည်။

ကုန်သွယ်ရေးမြို့တော် ရန်ကုန်နှင့် ဝေးလေလေ အခြေအနေက ပိုဆိုးလေလေဖြစ်ပြီး တောင်သူများမှာ လယ်ယာပြင်ဆင်ချိန်တွင် ဆီဆိုင်များ၌ ၄ နာရီခန့် တန်းစီစောင့်ဆိုင်းနေရခြင်းက ကုန်ထုတ်လုပ်မှုကို ထိခိုက်စေသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူပေါင်း ၁၂.၄ သန်းမှာ နေ့စဉ် စားနပ် ရိက္ခာ လုံလောက်မှု မရှိဖြစ်နေပြီး၊ ၃.၅ သန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း WFP က ဆိုသည်။

ကမ္ဘာ့ဘဏ်ကမူ ယခင်က မြန်မာ့စီးပွားရေး ၃ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းခဲ့သော်လည်း လက်ရှိအကျပ်အတည်းများကြောင့် မရေမရာ ဖြစ်နေသည်။

သာမန်ပြည်သူများအတွက် လောင်စာဆီ ပြတ်လပ်နေချိန်တွင် စစ်ကောင်စီသည် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များကို တိုက်ခိုက်ရန်အတွက် ဆီများကို သိုလှောင်ထားပြီး ၎င်းတို့၏ လိုအပ်ချက်ကိုသာ ဦးစားပေးနေသည်ဟု စွပ်စွဲခံထားရသည်။

ဩစတေးလျနိုင်ငံ Curtin တက္ကသိုလ်မှ ပါမောက္ခ ထွေးထွေးသိန်းက "မြန်မာနိုင်ငံဟာ လောင်စာဆီ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပက တင်သွင်းနေရတာဖြစ်ပြီး ပြည်တွင်းမှာ ဆီချက်လုပ်နိုင်စွမ်း လုံးဝမရှိတာကြောင့် အခုအချိန်က အဆိုးဆုံးပါပဲ" ဟု ပြောသည်။

စစ်ကောင်စီသည် လေကြောင်းဆီ အပါအဝင် ရှိသမျှ လောင်စာဆီအရန်များကို စစ်ဆင်ရေးများအတွက် လမ်းကြောင်းလွှဲ အသုံးပြုနေပြီး ပြည်သူများမှာ ဆီရရန် နာရီပေါင်းများစွာ တန်းစီနေရချိန်တွင် အရပ်သားဒေသများကို လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေသည်ဟု သူမက ထောက်ပြသည်။

လက်ရှိတွင် မြေဩဇာစျေးနှုန်းများမှာလည်း နှစ်ဆခန့် မြင့်တက်လာနိုင်ပြီး အလယ်ပိုင်းဒေသမှ ကြက်သွန်စိုက်တောင်သူအချို့မှာ စိုက်ပျိုးရေးကို စွန့်လွှတ်ရန်ပင် စဉ်းစားနေကြသည်။ ထို့ပြင် မီးစက်ကိုသာ အားကိုးနေရသည့် ဆေးရုံများမှာလည်း လောင်စာဆီအခက်အခဲကြောင့် ဝန်ဆောင်မှုပေးရန် ရုန်းကန်နေရသည်။

"ဒါဟာ စွမ်းအင်အကျပ်အတည်း မဟုတ်ပါဘူး၊ နိုင်ငံရေးအကျပ်အတည်း ဖြစ်ပါတယ်" ဟု ပါမောက္ခ ထွေးထွေးသိန်းက မှတ်ချက်ပြု ပြောကြားသည်။

စစ်တပ်နှင့် ၎င်းကို ထောက်တိုင်ပြုထားသော စနစ်သည်သာ ပြဿနာဖြစ်ပြီး လောင်စာဆီ မည်မျှတင်သွင်းပါစေ ယင်းစနစ်က ပြောင်းလဲသွားလိမ့်မည် မဟုတ်ကြောင်း သူမက ဝေဖန်ခဲ့သည်။

ဓာတ်ပုံ- စက်သုံးဆီရရှိရေးအတွက် ရေစုပ်စက်နှင့်ရေတင်စက် မော်တော်များကို သယ်ဆောင်ပြီး ဆီဆိုင်တွင် သွားရောက်တန်းစီ ဝယ်ယူနေရစဉ်။

Photo Credit- CJ။

( South China Morning Postတွင် ဖော်ပြထားသည့် Myanmar’s food security in crisis as fuel, fertilizer shortages threaten fragile economy ကို ဘာသာပြန်ဆိုထားပါသည်။)
#KTM
#HlaingInfo
😢49🔥63😁2🤬2👍1
ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသား‌ ထောင်ချီဝင်လာပြီး DKBA ဗိုလ်အေဝမ်း ခြံများတွင် အဖမ်းအဆီးမရှိ ကျားဖြန့်လုပ်နေ

ဧပြီလ ၉ ရက်

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများ ဆက်တိုက်ဝင်လာနေပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ပိုင်သည့် ခြံများတွင် အွန်လိုင်းကျားဖြန့်လုပ်ငန်း တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြောင်း မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ နှစ်ကုန်ပိုင်းမှ စတင်ကာ ဘုရားသုံးဆူမြို့တွင်းသို့ တရုတ်နိုင်ငံသားများ စတင်ဝင်ရောက်လာခဲ့ပြီးနောက် ယခုနှစ်အစောပိုင်းတွင် အလုံးအရင်းဖြင့် အသုတ်လိုက် ဝင်ရောက်လာခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သော မြို့ခံများက ဆိုသည်။

အဆိုပါ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများသည် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ပိုင်ဆိုင်သော ဥယျာဉ်ခြံမြေများတွင် အဆောက်အဦသစ်များ ဆောက်လုပ်ပြီး ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက MPA ကို ပြောသည်။

“ဒီတရုတ်တွေ စရောက်တုန်းကဆို မြို့ထဲမှာ သောင်းကျန်းနေကြတာပဲ၊ နောက်ပိုင်းကျ လူက (တရုတ်နိုင်ငံသား) များလာတယ်လေ၊ ထောင်ဂဏန်းလောက် ရှိတယ်လေ၊ မြို့ခံတွေပြောတာ များလာတော့ ဒီဇန်နဝါရီ၊ ဖေဖော်ဝါရီလထဲမှာ နည်းနည်းပျောက်သွားတယ်၊ အပြင်ထွက်တာမျိုး နည်းသွားတာပေါ့၊ အခု ထပ်များလာပြန်ပြီ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် မြဝတီမြို့အခြေစိုက် ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများကို တရုတ်၊ မြန်မာ၊ ထိုင်းတို့ ပူးပေါင်းပြီး အရှိန်မြှင့် နှိမ်နင်းခဲ့ချိန်တွင် ဘုရားသုံးဆူမြို့ရှိ DKBA အဖွဲ့ ဗိုလ်အေဝမ်း၏ ဥယျာဉ်ခြံမြေအတွင်း ကျားဖြန့်အဆောက်အဦသစ်များကို ဆောက်လုပ်ခဲ့သည်။

နယ်စပ်တစ်လျှောက် ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများ နှိမ်နင်းနေချိန်တွင် ဘုရားသုံးဆူမြို့ရှိ ကျားဖြန့်လုပ်နေသည့် တရုတ်အပါအဝင် နိုင်ငံခြားသားများ အမြန်ဆုံးထွက်ခွာရန် DKBA က ဟန်ပြစာ ထုတ်ပြန်ခဲ့သည်။

သို့သော် ကျားဖြန့်ဂိုဏ်းမှ တရုတ်နိုင်ငံသားများသည် နယ်စပ်လမ်းအပါအဝင် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဘုရားသုံးဆူမြို့သို့ တဖြည်းဖြည်း ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ပြောဆိုချက်အရ ကန်ချနဘူရီခရိုင်မှတစ်ဆင့် ဘုရားသုံးဆူမြို့သို့ တရားမဝင် ဝင်ရောက်ရန် ကြိုးစားခဲ့သည့် တရုတ်နိုင်ငံသားများကို မကြာခဏ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့မှာ ကျားဖြန့်လုပ်ကိုင်သူများ ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြသည်။

လက်ရှိ ဘုရားသုံးဆူမြို့ပေါ် နေရာအချို့၊ ကြိမ်ချောင်းကျေးရွာနှင့် ဗိုလ်အေဝမ်း ပိုင်ဆိုင်သည့် ချောင်းဆုံ သဘာဝအပန်းဖြေရေတံခွန် (ထီးလောင်ယှူး) ခြံဝင်းအတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်လည်လုပ်ငန်းကို အဓိက လုပ်ကိုင်နေကြောင်း မြို့ခံအချို့က ပြောသည်။

“ချောင်းဆုံရေတံခွန်ခြံမှာ တော်တော်များတယ်၊ အဓိက အဲဒီနေရာမှာပဲ သူတို့တွေ ရိက္ခာတစ်ခါတခါ ထွက်ဝယ်ရင် မနည်းဘူးလေ၊ ပြီးတော့ ဒီအလုပ်ကို ဘယ်သူကမှ လာမစစ်ဆေးဘူး၊ သူတို့ခြံထဲမှာ အေးဆေးပဲ လုပ်နေကြတာ၊ ဘယ်သူမှ ဝင်မပြောရဲဘူး၊ အပြင်ထွက်ရင်တော့ DKBA ရဲဘော်က လုံခြုံရေးယူပေးထားတာလေ၊ ဘယ်လောက်ပိုင်လဲဆိုတာ စဉ်းစားကြည့်တော့” ဟု ဘုရားသုံးဆူမြို့ပေါ်တွင် ဆိုင်ကယ်တက္ကစီ ပြေးဆွဲနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားများသည် ဘုရားသုံးဆူမြို့ပေါ်ရှိ အိမ်ခြံမြေများကို ဈေးအဆမတန်ပေးဝယ်ပြီး အပန်းဖြေနေရာများကဲ့သို့သော ဟိုတယ်၊ KTV၊ စားသောက်ဆိုင်များ အမည်ခံ ဖွင့်လှစ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းတို့ဖွင့်လှစ်ထားသည့် ဆိုင်များတွင် လောင်းကစားဝိုင်းအပါအဝင် မူးယစ်ဆေးဝါးများကို အလွယ် တကူ ဝယ်ယူသုံးစွဲသဖြင့် မြို့ခံပြည်သူများအကြား စိုးရိမ်မှုများ ရှိနေသည်။

“သူတို့ဆိုင်ထဲဝင်ဖို့တော့ မလွယ်ဘူးပေါ့၊ သူတို့မှာလည်း သူတို့အချိတ်အဆက်နဲ့ သွားကြတာလေ၊ သူဌေးတွေ၊ လောင်းကစားသမားတွေပဲ ဝင်လို့ရတာ၊ မူးယစ်ဆေးဝါး လွယ်လွယ်ကူကူ ဝယ်လို့ရနေတော့ မြို့ထဲမှာဆို ဈေးက ထောင်ဂဏန်းပဲ ရှိတယ်၊ လူငယ်တွေ ပျက်စီးလာတယ်၊ လူသတ်မှုတွေ၊ ခိုးမှုတွေ ခဏခဏဖြစ်လာတယ်၊ ခံရတာက ကိုယ့်မြို့ခံတွေပဲ၊ ရေရှည်ဆို မလွယ်ဘူး” ဟု အထက်ပါ ဘုရားသုံးဆူမြို့ခံက ပြောသည်။

အဆိုပါ ကျားဖြန့်လုပ်ငန်းများတွင် စစ်ကော်မရှင်တပ် အရာရှိပိုင်းများက ပါဝင်ပတ်သက်မှု ရှိနေကြပြီး DKBA တပ်နှင့် နီးစပ်သူအချို့ ပြောဆိုချက်အရ ကျားဖြန့်အဆောက်အဦဆောက်လုပ်ခအပါအဝင် လစဉ်ကြေးများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် နယ်မြေခံအရာရှိများကို ပုံမှန်ပေးသွင်းနေရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
🤬605👎3👍1🔥1😱1
သင်္ကြန်ကာလ လိုက်နာရမည့် စည်းကမ်းများ AA ထုတ်ပြန်

ဧပြီလ ၉ ရက်

ရခိုင်ပြည်သူများ သင်္ကြန်ကာလအတွင်း လိုက်နာရမည့် အချက် ၆ ချက်ပါသော စည်းကမ်းချက်များကို အာရက္ခတပ်တော် AA က ယမန်နေ့ ဧပြီလ ၈ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

စည်းကမ်းချက်များမှာ - လူအရေအတွက် အများအပြား စီးနင်းလိုက်ပါပြီး ကားများဖြင့် မြို့ပေါ်များတွင် လှည့်ပတ်ခြင်း၊ ရေပတ်ကစားခြင်း မပြုလုပ်ရဟု ဆိုသည်။

တစ်မြို့နှင့် တစ်မြို့ တစ်ရွာနှင့် တစ်ရွာ ကားများဖြင့် ကခုန်လှည့်ပတ် သွားလာခြင်း၊ ရေပတ်ကစားခြင်းများ မပြုလုပ်ဟု ပြောသည်။

လူစုလူဝေးဖြစ်စေသော သင်္ကြန်မဏ္ဍများ ပြုလုပ်၍လည်း ရေပတ်ကစားခြင်း မပြုလုပ်ရ အပြင် လူစုလူဝေးဖြစ်စေသော သီချင်းဆိုပွဲ (Show ပွဲ) များ ကျင်းပခြင်း မပြုလုပ်ရဟု ဆိုသည်။

ဆက်လက်ပြီး ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူအတန်းပွဲများ ပြုလုပ်ခြင်းကို လူစုလူဝေး အများအပြားဖြင့် မပြုလုပ်ရဟု ထုတ်ပြန်သည်။

ယင်းအပြင် ပြည်သူများ၏ လုံခြုံရေးကို လေးစားလိုက်နာသောအားဖြင့် မြို့ရွာများအတွင်း ဆောင်းဘောက်စ်ဖွင့် ဆူညံခြင်း မပြုလုပ်ရ၊ လူမှုပတ်ဝန်းကျင်ကို အသံ၊ အပြုအမူများဖြင့် အနှောင့်အယှက်ဖြစ်စေသည့် လုပ်ရပ်များ မပြုလုပ်ရ စသည့် စည်းကမ်းချက်များကို AA က အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ စည်းကမ်းချက်များကို ရခိုင်ပြည်သူများအနေဖြင့် သေချာလိုက်နာရမည်ဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူများ သဘောပေါက် နားလည်စေရန် စိတ်ရှည်စွာဖြင့် ရှင်းပြပေးရမည်ဟု ပြောသည်။

ထုတ်ပြန်ထားသော စည်းကမ်းချက်များကို ပြည်သူများ လိုက်နာမှု ရှိမရှိအပေါ် အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် စောင့်ကြည့် ကြပ်မတ်ပေးရမည်ဟု AA က ညွှန်ကြားထားသည်။

သင်္ကြန်ကာလတွင်း တင်းကျပ်သော စည်းကမ်းချက်များ ထုတ်ပြန်ရခြင်းမှာ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်ကြောင့်ဖြစ်ပြီး ပြည်သူများ ဘေးဒုက္ခ မရောက်စေရန်နှင့် ဘေးကင်းလုံခြုံစေရန်အတွက်ဟု အုပ်ချုပ်ရေးတာဝန်ရှိသူများမှ ပြောဆိုထားကြသည်။

အကြမ်းဖက် စစ်ကောင်စီမှာ လက်ရှိတွင် ရခိုင်ပြည်ကို လေကြောင်းတိုက်ခိုက်ရာတွင် ယခင်ကကဲ့သို့ လေယာဉ် တစ်စီး၊ နှစ်စီးဖြင့် လာရောက် တိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ အနည်းဆုံး ၄ စီးကနေ ၇ စီးအထိ အုပ်စုလိုက် လာရောက် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံပြည်သူများမှ ပြောဆိုကြသည်။

အာရက္ခတပ်တော် AA ထိန်းချုပ်ရာ ဒေသများကို လေယာဉ် အုပ်စုလိုက်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်းမှာ အကြမ်းဖက် မင်းအောင်လှိုင် လွှဲပေးခဲ့သော တပ်ချုပ်သစ် အကြမ်းဖက် ရဲဝင်းဦး လက်ထက်တွင် ပိုမို လုပ်ဆောင်လာကြောင်း သိရသည်။

#WN
#HlaingInfo
👍5513🔥1👏1😁1
နေပြည်တော်နှင့် ရေတာရှည်မြို့နယ် အစပ်သို့ စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းများတွင် စစ်မှုထမ်း တပ်သားသစ်အများအပြားပါဝင်

ဧပြီလ ၉ ရက်

နေပြည်တော်နှင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ် ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားပြီး စစ်မှုထမ်း တပ်သားသစ်များကိုလည်း ထပ်မံ အင်အားဖြည့်တင်းထားနေကြောင်း ဒေသသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်တပ်က နေပြည်တော်နှင့် ရေတာရှည်မြို့နယ် အစပ် ပဲခူးရိုးမဘက်ကို စစ်ကြောင်းထိုးလာသောကြောင့် ကုန်းသာရွာနှင့် ကျိုးအောင်းရွာမှ စတင်ပြီး ရိုးမအစပ် တောက်လျှောက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် စစ်ကြောင်းများ ရှေ့ဆက် တိုးနိုင်ခြင်းမရှိကြောင်း၊ ထိုသို့ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်တွင် စစ်မှုထမ်း တပ်သားသစ် အများအပြားကို အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

"အနောက်ဘက်ခြမ်း ရိုးမဘက်မှာတော့ ထိတွေ့မှု တောက်လျှောက်ဖြစ်နေတယ်။ ကုန်းသာနဲ့ ကျိုးအောင်းကနေ အပေါ်ဘက်ကြော နေပြည်တော်နဲ့ ရေတာရှည်အစပ်တွေမှာ တိုက်ပွဲဖြစ်နေတယ်။ စစ်ခွေးတွေ အထိနာတာက ပြီးခဲ့တဲ့ ၃ ရက်တည်းက အခုလည်း သူတို့ စစ်မှုထမ်း တပ်သားသစ်တွေကို အင်အားဖြည့်ပြီး တိုးမယ့် အခြေအနေရှိတယ်။ တိုက်ပွဲ ဖြစ်စဉ် အသေးစိတ်ကတော့ သက်ဆိုင်ရာ အဖွဲ့တွေ ထုတ်ပြန်မှပဲ သိရမှာပါ" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မတ်လပိုင်းကလည်း ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ နေပြည်တော်အဝင် စစ်တပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်၏ နေပြည်တော် အခြေ စိုက် ခလရ ၄၁၁ တပ်ရင်း၊ ခလရ ၄၁၂ တပ်ရင်းနှင့် ဆွာမြို့ အခြေစိုက် ခမရ ၁၉ တပ်ရင်း၊ ခလရ ၈၄ တပ်ရင်းတို့ ပူးပေါင်းထားသော စစ်ကြောင်းသည် ရေတာရှည်မြို့နယ်၊ ရေနီမြို့ အနီးရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာပြီး ပြည်သူများကို ရွာထဲတွင် ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရှေ့တန်းသို့ ပို့ဆောင်မည့် စစ်မှုထမ်းတပ်သားများကို မြင်တွေ့ရစဉ်။
#KTM
#HlaingInfo
👍44🔥5👎32
သင်္ကြန်ပွဲ အကြောင်းပြပြီး ရခိုင်တွင် ငွေထုတ်ခဈေးနှုန်း ပြန်တက်

ဧပြီလ ၉ ရက်

မကြာမီ ရက်ပိုင်းအတွင်း သင်္ကြန်ကျတော့မည်ဖြစ်၍ ရခိုင်ပြည်တွင် ငွေထုတ်သူများပြားသည်ဟုဆိုကာ ငွေလွှဲငွေထုတ် အေးဂျင့်များမှ ငွေထုတ်ခနှုန်းထားကို မြှင့်တင်ထားကြကြောင်း စုံစမ်းသိရသည်။

ပြည်မနှင့် ပြည်ပရောက် ရခိုင်ပြည်သူများမှာ ပြည်တွင်းရှိ မိသားစုဝင်များအတွက် သင်္ကြန်ကာလ အသုံးပြုနိုင်ရန် ငွေလွှဲပြောင်းပေးမှုများ ရှိနေကြသည်။

ငွေလွှဲငွေထုတ် အေးဂျင့်ဆိုင်များက ငွေထုတ်သူများပြားလာ၍ ငွေသားရှားပါးနေသည်ဟုဆိုကာ ငွေထုတ်ခဈေးနှုန်းကို မြှင့်တင်ထားကြောင်း မြေပုံဒေသခံတစ်ဦးက ပြောသည်။

"မနေ့က သွားထုတ်တာ ကျပ် ၁ သိန်းမှာ ၅၀၀၀ ပေးရတယ်။ တချို့ဆိုင်ဆို ၅၅၀၀ တောင်းတယ်။ ငွေထုတ်သူ များပြီး ငွေသားရှားပါးလာလို့ ပြောတယ်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကနေ ဈေးမြင့်တက်နေတာပါ။ အရင်ကဆို ကျပ် ၁ သိန်းမှာ ၁၀၀၀ နဲ့ ၁၅၀၀ လောက်ပဲ ပေးရပါတယ်။ သင်္ကြန်ကို အကြောင်းပြပြီး ဈေးမြှင့်လိုက်ကြတာပါ” ဟု ပြောသည်။

အာရက္ခတပ်တော် AA က မြို့များသိမ်းပြီး လပိုင်းအတွင်းမှာ ငွေထုတ်ခဈေးနှုန်းမှာ ကျပ် ၁ သိန်းကို ၁၀၀၀၀ ကနေ ၂၅၀၀၀ အထိ ၂၅ ရာခိုင်နှုန်း ပေးခဲ့ရကာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ကြပ်မတ်မှုကြောင့် ကျပ် ၁ သိန်းကို ၁၀၀၀, ၁၅၀၀ အောက်သို့ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

ကျပ် ၁ သိန်း ထုတ်ယူလျှင် ၁၀၀၀, ၁၅၀၀ ပေးရသည့် နှုန်းထားခမှာ တစ်နှစ်နီးပါးအထိ တည်ငြိမ်မှု ရှိခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်းမှာ ငွေထုတ်ခဈေးနှုန်း ပြန်တက်လာခြင်းဖြစ်သည်။

"ကျနော်တို့ လူမျိုးမှာက သင်္ကြန်လို့မဟုတ်ဘူး ပွဲတစ်ခု ကျပြီဆိုရင် ကုန်ပစ္စည်းတွေကို ဈေးမြှင့်တင် ရောင်းချတာက ရိုးရာတစ်ခုလို ဖြစ်နေပါပြီ။ စီးပွားရေးသမားတွေရဲ့ လုပ်နေကျ လုပ်စားကွက်တွေပါ။ အခုလို အကျပ်အတည်းကာလမှာ ကုန်ဈေးနှုန်းမြှင့်တင်တာတော့၊ ငွေထုတ်ဈေးနှုန်း မြှင့်တင်တာတော့က မလုပ်သင့်ပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ သေချာ ကြပ်မတ်ပေးရပါမယ်။ ကင်ဆာလို အမြစ်တွယ်နေနေတဲ့ စီးပွားရေးသမားတွေရဲ့ အကျင့်ပျက် လုပ်ရပ်တွေကို အမြန်ဆုံး တားဆီးပေးသင့်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့ကလွဲပြီး ကျန်မြို့နယ်များအားလုံးတွင် ဘဏ်လုပ်ငန်းများ ရပ်တန့်သွားပြီဖြစ်၍ ဒေသခံပြည်သူများမှာ ငွေလွှဲငွေထုတ် အေးဂျင့်ဆိုင်များကို အားကိုးနေကြရသည်။

ဘဏ်လုပ်ငန်းများ ရပ်တန့်ပြီးနောက် ရခိုင်ပြည်အတွင်းမှာ ငွေသားရှားပါးသည့် စိန်ခေါ်မှုကို ရင်ဆိုင်နေရပြီး အေးဂျင့်ဆိုင်များမှာလည်း အခက်အခဲရှိနေကြောင်း ငွေလွှဲငွေထုတ် အေးဂျင့်များက ပြောဆိုကြသည်။

"ကျနော်တို့မှာ ပြည်မကနေ ငွေသွားထုတ်ရတဲ့ စိန်ခေါ်မှုကြီး ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေကဆို ရန်ကုန်တော့၊ ပြည်မ တခြားမြို့တွေကနေ ငွေအလုံးအရင်းနဲ့ သောင်းနဲ့ချီပြီး ထုတ်လာကြတယ်။ လမ်းမှာ လုယက်ခံရတာ၊ အဖမ်းခံလိုက်ရတာတွေ ရှိတယ်။ လမ်းစရိတ်ကလည်း ကြီးတယ်။ အခုတော့ အဲအခက်အခဲ နည်းသွားပေမယ့် ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။ ကျနော်တို့မှာလည်း ငွေထုတ်စက် ရှိတာမဟုတ်ဘူး။ ငွေလွှဲငွေထုတ် ဆိုင်တွေမှာလည်း ပြည်မမြို့တွေကနေ သွားထုတ်ရတာပါပဲ။ ပြီးတော့ အခု စတားလင့် အင်တာနက်ဖိုးကလည်း ဈေးကြီးပေးပြီး တပ်ဆင်ထားရတာ။ အကုန်အကျတွေ များပါတယ်။ ဒါကို ပြည်သူတွေဘက်က နားလည်ပေးစေချင်ပါတယ်” ဟု မြောက်ဦးမြို့ရှိ ငွေလွှဲငွေထုတ် အေးဂျင့်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

ငွေထုတ်ခဈေးနှုန်း ပြန်တက်လာခြင်းအပေါ် သဘောမကျကြောင့် ရခိုင်ပြည်သူများက ပြောဆိုနေကြပြီး ငွေသားရှားပါးခြင်း ပြဿနာ အပါအဝင် ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းအပေါ် အာရက္ခတပ်တော် AA မှ ဖြေရှင်းပေးရန် လိုအပ်နေကြောင်း ထောက်ပြနေကြသည်။

လက်ရှိတွင် ရခိုင်ပြည်သည် အခြေခံစားသောက်ကုန်များအပါအဝင် လူသုံးကုန် ပစ္စည်းများအတွက် အိန္ဒိယနှင့် ပြည်မကို အားကိုးနေရဆဲဖြစ်သလို ငွေသားလည်ပတ်ရန်အတွက်လည်း ပြည်မမြို့များကို အားကိုးနေရဆဲဖြစ်ကြောင်း သိရသည်။

#WN
#HlaingInfo
🔥29👎116👏2👍1😢1
BREAKING NEWS - မင်းပြား ပုလဲတောင်ကို လေယာဉ် နှစ်စီးဖြင့် ယနေ့ ထပ်မံ ဗုံးကြဲနေ

ဧပြီလ ၉ ရက်

ယမန့်နေ ဧပြီ ၈ ရက်နေ့က လေကြောင်းကနေ စစ်ကောင်စီ ဗုံးကြဲခဲ့သည့်နေရာကို ယနေ့ ဧပြီ ၉ ရက်နေ့ နေ့လယ်ပိုင်းက ထပ်မံပြီး ဗုံးကြဲတိုက်ခိုက်နေကြောင်း မင်းပြားမြို့နယ် ဒေသခံများက ပြောသည်။

မင်းပြားမြို့နယ် ပုလဲတောင်ကျေးရွာနှင့် အနီးတစ်ဝိုက်ကို စစ်ကောင်စီက ယနေ့ ဧပြီလ ၉ ရက် ၁၂ နာရီကျော်ခန့်တွင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက Western News ကိုပြောသည်။

"၁၂ နာရီ ၁၀ မိနစ်လောက်က ဂျက်ဖိုက်တာ တစ်စီးရယ်၊ Y12 လေယာဉ် တစ်စီးနဲ့ လာကြဲပါတယ်။ ဗုံးလုံအရေအတွက် ၂၀ ကျော်လောက် ရှိပါတယ်။ ဒီနေ့ ပစ်တာမှာလည်း ထိခိုက်မှုတွေ ရှိတယ်လို့ သိရတယ်။ ထိခိုက်မှု အရေအတွက်ကိုတော့ မသိရသေးဘူး"ဟုပြောသည်။

ဧပြီလ ၈ ရက်နေ့က နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ လေယာဉ်နှင့် Y12 လေယာဉ် အနည်းဆုံး ၄ စီးဖြင့် ဗုံးအလုံး ၃၀ ထက်မနည်း ကြဲချမှုကြောင့် အရပ်သားများ ထိခိုက် ဒဏ်ရာ ရရှိမှု ရှိခဲ့သည်။

#WN
#HlaingInfo
🤬62👏21👍1👎1😢1
ဖားကန့်ဗျူဟာကုန်းမှ စစ်တပ်က လုံးခင်းကျေးရွာဘက်သို့ တပ်ဖြန့်နေရာယူလာသဖြင့် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်ပြီး ပြည်သူများ စစ်ဘေးရှောင်

ဧပြီလ ၉ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာဘက်သို့ စစ်တပ်က တပ်ဖြန့်နေရာယူလာသဖြင့် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်ပြီး ဒေသနေပြည်သူများ စစ်ဘေးရှောင်နေကြကြောင်း ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၆ ရက်နေ့ ညနေပိုင်းမှ စတင်၍ ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်ပြီးနောက် ဖားကန့်ဗျူဟာကုန်းမှစစ်သားများ လုံးခင်း ကျေးရွာအတွင်း ဝင်ရောက်လာကာ လုံးခင်းကျောက်ဝိုင်းမိန်းလမ်းမပေါ်ရှိ မြင့်မားသော အ ဆောက်အအုံများပေါ်တွင် တပ်စွဲနေရာခဲ့ကြောင်း၊ ထို့အပြင်လုံးခင်း - မှော်စီဆာ - ဖားကန့် လမ်း ကြောပေါ်ရှိ လုံးခင်းနှင့် လယ်ပြင် ဆက်သွယ်ထားသော တံတား မှ ပြည်သူများကို ဖြတ်သန်းသွား လာ ခွင့်မပေးဘဲ ပိတ်ထားခဲ့ကြောင်း သိရသည်။

“ဗျူဟာကုန်းကို ဧပြီ ၇ ရက်နေ့ညနေပိုင်းလောက်ကတည်းက လုံးခင်း ယမ်းချက်ကနေ လမ်းကြောတလျှောက်ကင်းတွေချပြီး အင်အားဖြည့်ဝင်လာပြီးနောက်မှာ ဒေသခံတွေက စစ်ရေး ပိုဆိုးလာမှာကို စိုးရိမ်ကြတာရှိတယ်။ ဒါ ကြောင့် အချို့တော့ စစ်ဘေးရှောင်နေကြတာရှိပါတယ်” ဟု ဖားကန့်သတင်းရင်းမြစ်က ရန် ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းအပြင် ဖားကန့်ဒေသတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ချိန် စစ်တပ်ကလေ ကြောင်း မှ ဗုံးကျဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် မော်မောင်းဘုမ် (Maw Mau Bum) ကျေးရွာသားများမှာလည်း ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ရန်အတွက် မြစ်ကြီးနားမြို့သို့ ဆင်းလာကြကြောင်း သိရှိရသည်။

လက်ရှိ ဖားကန့်ဒေသ၏ အခြေအနေမှာ တိုက်ပွဲများကြောင့် ပြည်သူများ၏ လုံခြုံရေးမှာ အလွန်စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရှိရသည်။

ဧပြီလ ၄ ရက်နေ့ နှင့်ဧပြီ ၃ ရက်နေ့တို့တွင် ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဗျူဟာ ကုန်းကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သော ကြောင့် စစ်တပ်ဘက်မှ ထိခိုက်မှုရှိခဲ့ ပြီး လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖားကန့်မြို့ မှော်ဝမ်း အနီးရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်များက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် မှော်ဝမ်း သင်းချိုင်းအနီးရှိ ကာကင်းစခန်း ၃ ခုကို KIA ပူးပေါင်း တပ်က သိမ်းပိုက်ခဲ့သည်။

ဓာတ်ပုံ- CJ ။
#KTM
#HlaingInfo
20🤬17🔥5👏3😢2👍1👎1
အကြမ်းဖက်စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး နဲ့ သတင်းအချက်အလက်စစ်ဆင်ရေး ယန္တရားများ

By နေဘုန်းလတ်

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူလူထုတရပ်လုံးနဲ့ တော် လှန်ရေး အင်အားစုတွေအားလုံးဆင်နွှဲနေကြတဲ့ ပြည်သူ့နွေဦးတော်လှန် ရေးကို ရင်ဆိုင်တုံ့ပြန်နိုင်ဖို့အတွက် စစ်လက်နက်ပစ္စည်းတွေ၊ စစ်အင်အားတွေ၊ နိုင်ငံ့ဘဏ္ဍာတွေ များစွာကို အသုံး ပြုပြီး ရုပ်ပိုင်းဆိုင်ရာစစ်ဆင်ရေး(Physical Warfare) တခုကို ဆင်နွှဲနေသလိုပဲ စိတ်ဓါတ်စစ်ဆင်ရေး(Psychological Warfare) နဲ့ သတင်းအချက်အလက်စစ်ဆင်ရေး (Information Warfare) တွေကိုလည်း အရှိန်အဟုန်နဲ့ ဆင်နွှဲလာနေတာကို တွေ့ရပါတယ်။

ဒီနေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ စိတ်ဓါတ်စစ်ဆင်ရေးနဲ့ သတင်းအချက် အလက် စစ်ဆင် ရေးတွေအတွက် အဓိက အသုံးပြုနေတဲ့ ယန္တရားတွေများစွာ ထူထောင်ထားပါတယ်။

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး(ကကပြည်)
--------------------------------------------------------------------------

အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်မှာ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး(ကကပြည်)ဆိုတာရှိပါတယ်။ အင်္ဂလိပ်လို the Directorate of Public Relations and Psychological Warfare(DPRPW) လို့ ခေါ်ပါတယ်။ အရင်က ဇော်မင်းထွန်းက အဲဒီ့တပ်ဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဖြစ်ခဲ့ပြီး အခုတော့ အဂတိမှုကြောင့် ဖယ်ရှားခံရတာကြောင့် ရဲရင့်အောင်က ညွှန်ကြားရေးမှူးဖြစ်လာပါတယ်။

အဲဒီ့ ရုံးအောက်မှာ  မြဝတီအသံလွှင့်ဌာန၊ သဇင်အသံလွှင့်ဌာန၊ မြဝတီစာပေတိုက်၊  မြဝတီသတင်းစာတိုက်၊ ရတနာပုံသတင်းစာတိုက်၊ မြဝတီ၊ ငွေတာရီ၊ သုတအလင်း စတဲ့ မဂ္ဂဇင်းတွေနဲ့ နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲတွေရှိတယ်။

ပြောချင်တာက မြန်မာနိုင်ငံမှာ  အကြမ်းဖက်စစ်တပ်ဟာ စစ်ဝါဒကိုကာလရှည်ကြာထူ ထောင်ထားနိုင်ရေး လိုအပ်တဲ့ ဝါဒဖြန့်ချိရေးတွေလုပ်နိုင်ဖို့ ရုပ်သံ၊ FM၊ ပုံနှိပ်ထုတ်ဝေ စတဲ့ ကိုယ်ပိုင်သတင်း ထုတ်လုပ်ဖြန့်ချိမှုအားလုံးကို နိုင်ငံတော်ဘတ်ဂျက်နဲ့ တောက်လျောက် လုပ်နေခဲ့တယ် ဆိုတာပါ။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👎404🔥3🤔1😢1
နေဝင်းထွန်း လက်အောက်ခံ PNO တပ်သားများကို ယာမဆေးပြား ၄ သောင်း နှင့်အတူ ဖမ်းမိ

ဧပြီလ ၉ ရက်

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့ရှိ လိန်းလီတံတားပေါ်တွင် နေဝင်းထွန်း လက်အောက်ခံ PNO တပ်သား ၄ ဦးကို ယာမ စိတ်ကြွရူးသွပ်ဆေးပြား ၄ သောင်းနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၄ ရက် ညနေ ၅ နာရီခန့်က နေဝင်းထွန်း လက်အောက်ခံ တပ်သား ၄ ဦး စီးလာသည့် CROWN ယာဉ်ကို လမ်းပေါ်တွင် ရပ်တန့်စစ်ဆေးရာမှ ယာမဆေးပြား ၄ သောင်းကို သိမ်းဆည်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဲဒီနေရာမှာ စစ်ဆေးရေး တင်းကျပ်နေတာ ကြာပြီ၊ ဒီတစ်ခါတော့ ယာမအများကြီးနဲ့ ဖမ်းမိသွားတာပါ။ သူတို့က လမ်းကြောင်းသုံးပြီး သယ်လာတာထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ နေဝင်းထွန်း လက်အောက် ပင်ခွန်ခြေစိုက် PNO တပ်ရင်း (၇) မှ တပ်သားများဖြစ်သည့် ခွန်မောင်၊ ခွန်ထွန်းချစ်၊ ခွန်ငြိမ်းချမ်း နှင့် ခွန်နေဝင်းထွန်းတို့ ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် လုံးနဂါးပတ်ကျေးရွာ၊ ပင်ခွန်ကျေးရွာနှင့် ပိန္နဲကုန်းကျေးရွာတို့မှ လူငယ်များဖြစ်ကြပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက် PNO ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် ၎င်းတို့သည် ကျေးရွာများအတွင်း မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးနေသူများဖြစ်ကြောင်းလည်း ‌ဒေသခံများက ပြောသည်။

“သူတို့ကြောင့် ရွာကလူငယ်တွေ အရမ်းပျက်စီးတယ်။ ယာမရောင်းပြီး ပြန်ဖမ်းတာ၊ ငွေညစ်တာတွေ လုပ်တယ်။ အခုတော့ သူတို့ကိုယ်တိုင် ပြန်လည်ခံစားနေရတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းတို့ကို ဖမ်းဆီးပြီးနောက် ၎င်းတို့နှင့် ဆက်စပ်သူ လိန်းလီကျေးရွာနေ ကိုလင်းကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးမိသော ယာမဆေးပြားများ၏ တန်ဖိုးမှာ တစ်ပြားလျှင် ကျပ် ၂ ထောင်နှုန်းဖြင့် ခန့်မှန်းကျပ် သိန်း ၈၀၀ ခန့်ရှိကြောင်း သိရပြီး၊ ဖမ်းဆီးခံရသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#MKN
#HlaingInfo
👍4911😁4🔥3👏2
ချင်းပြည်၊ ဖလမ်းမြို့၊ သိုင်းငင်းကျေးရွာတွင် စခန်းချထားသော စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီး အောင်မင်းဦးနှင့်ရဲဘော် ၁ ဦးတို့ သေဆုံး၊

▪️ကလေးမြို့သို့ အလောင်းများ ပြန်ယူလာပြီး ယနေ့ နာရေးသဂြိုလ်

ဧပြီလ ၉ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးနေသော စစ်တပ်စစ်ကြောင်းတစ်ခုက သိုင်းငင်းကျေးရွာတွင် စခန်းချစဉ် အချင်း ချင်း ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီး အောင်မင်းဦးနှင့်ရဲဘော် ၁ ဦးတို့ သေဆုံးသွားကြောင်း ကလေးဒေသသတင်းရင်းမြစ်သော ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အချင်းချင်းပြန်လည် ပစ်ခတ်မှုကြောင့် အမှတ် ၈၉ ခြေလျင်တပ်ရင်း (ခလရ -၈၉ ) မှ ဗိုလ်ကြီး အောင်မင်းဦး၊ စစ်အင်ဂျင်နီယာတပ်ရင်း (BE) ရဲဘော်တစ်ဦးတို့ သေဆုံးသွားခဲ့ပြီး သိုင်းငင်းကျေးရွာမှ အလောင်း ၂ ခုလုံးကို ယမန်နေ့ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် သယ်ယူလာကြောင်း၊ အလောင်း ၂ ခုကို ယမန်နေ့ နံနက်ပိုင်း ၉ နာရီ ၄၂ မိနစ် အချိန် ကလေးမြို့၊ ကုတင် ၁၀၀ ဆံ့စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီ ၃၃ မိနစ်အချိန် သေဆုံးသွားသွားသော ဗိုလ်ကြီးအောင်မင်ဦးနှင့် ရဲဘော်တို့၏ ရုပ်လောင်းများကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) မှ ထွက်ခွာလာသည့် ကားတန်းဖြင့် လာရောက်တင်ဆောင်သွားခဲ့ပြီး ယင်းရုပ်အလောင်းများကို အသုဘအခမ်းအနားပြုလုပ်မည့် ကလေးမြို့ရှိ ခလရ ၂၂၈ တပ်ဝင်းအတွင်းသို့ သယ်ဆောင်သွားသဂြိုလ်လိုက်ကြောင်း သိရှိရသည်။

"သေတဲ့ဗိုလ်ကြီးကိုလည်း ဒီနေ့ မွန်းလွဲပိုင်းမှာ အသုဘချသွားပါတယ်။ စစ်ကားတွေရော အိမ်စီးကားတွေရော အများကြီးပဲလိုက်ပို့ကြတာ။ ဒကစကနေ ကားတန်းထွက်တယ်။ ကလေးမြို့ ဗိုလ်ချုပ်လမ်းအတိုင်း နာရေးပို့ကြတာ" ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ကလေးမြို့မှ ချင်းပြည်နယ်အတွင်းသို့ တောက်လျှောက် စစ် ကြောင်းထိုးနေသော်လည်း ချင်းတော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာက စစ်ကြောင်းများ မကြာခဏ ပြန် လည် ဆုတ်ခွာနေရပြီး စစ်သားသေဆုံးမှုများ အလွန်များပြားကြောင်း ကလေးမြို့ အခြေစိုက် သတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်မှ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ဗိုလ် ၁ ဦး၏ နာရေးပြင်ဆင်ထားမှု။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM
#HlaingInfo
👏48👍109😁4🥰1
စစ်တွေ အကျဉ်းထောင်အနီး လက်နက်ကြီးကျရောက်၊ ပေါက်ကွဲမှုမဖြစ်ခဲ့၍ လူထိခိုက်မှုမရှိဟု သိရ

ဧပြီလ ၉ ရက်

ရခိုင်ပြည် စစ်တွေအကျဉ်းထောင်အနီး ယမန်နေ့ ဧပြီလ ၈ ရက် နေ့လယ်ပိုင်းတွင် လက်နက်ကြီး တစ်လုံး ကျရောက်မှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု မဖြစ်ပွားခဲ့၍ လူထိခိုက်သေဆုံးမှု မရှိကြောင်း စစ်တွေမြို့ခံများထံမှ သိရသည်။

မည်သည့်အဖွဲ့မှ ပစ်ခတ်လိုက်ခြင်း မသိရသေးသော အမည်မသိ လက်နက်ကြီးတစ်လုံးမှာ ယမန်နေ့ နေ့လယ် ၁ နာရီကျော်အချိန်က အကျဉ်းထောင်အနီးရှိ ခရစ်ယာန်ကျောင်း ခြံဝန်းသို့ ကျရောက်ခဲ့ကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

"လက်နက်ကြီး တစ်လုံး ခရစ်ယာန်ခြံဝန်းသို့ ကျရောက်ခဲ့တယ်။ မြေပြင်သို့ မကျခဲ့ဘူး။ အဲခြံဝန်းရှိ သစ်ပင်တစ်ပင်ပေါ်၌ ညှပ်နေခဲ့တယ်။ ပေါက်ကွဲမှုတော့ မဖြစ်ပွားခဲ့ဘူး။ လူလည်း အထိအခိုက်မရှိဘူး။ ဘယ်အဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဆိုတာ မသိရဘူး” ဟု ပြောသည်။

ယမန်နေ့ ဧပြီလ ၈ ရက်တွင် အကြမ်းဖက် မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော် AA တို့ကြား လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းလည်း နောက်ထပ် စစ်တွေဒေသခံတစ်ဦးက ပြောသည်။

"မနေ့က စစ်တွေမြို့ထဲ လက်နက်ကြီးကျတာ မှန်တယ်။ ပြီးတော့ အပြန်အလှန် ပစ်ခတ်မှုလည်း ရှိခဲ့တယ်။ လက်နက်ကြီးက အကြမ်းဖက် တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးလို့လည်း ပြောနေကြတယ်။ ပွိုင့်ကမ်းခြေရှိ ရေတပ်ထဲကနေ ပစ်ခတ်တဲ့ လက်နက်ကြီးလို့ ပြောတယ်။ ပေါက်ကွဲမှု မရှိခဲ့လို ထိခိုက်သူလည်း မရှိခဲ့ဘူး” ဟု ပြောသည်။

စစ်တွေမြို့အနီးတွင် အာရက္ခတပ်တော် AA နှင့် အကြမ်းဖက် စစ်တပ်တို့ကြား လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုမှာ နေ့စဉ်နီးပါး ဖြစ်ပွားလေ့ရှိပြီး ဒေသခံပြည်သူများမှာ စိုးရိမ်မှု မြင့်တက်လျက်ရှိနေကြသည်။

ယနေ့ ဧပြီလ ၉ ရက် နံနက်ပိုင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီက ပေါက်တောနှင့် မင်းပြားမြို့နယ်တို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နံနက် ၁၁ နာရီက ပေါက်တောမြို့နယ် မြေငူကျွန်းဒေသကို လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခဲ့သလို နေ့လယ် ၁၁ နာရီကျော်အချိန်က မင်းပြားမြို့နယ် ပုလဲတောင်ကျေးရွာအနီးတစ်ဝိုက်ကိုလည်း လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့သည်။

အဆိုပါ လေကြောင်းဗုံးကြဲတိုက််ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ရှိနေပြီး အသေးစိတ်အခြေအနေများကို Western News မှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

မင်းပြားမြို့နယ် ပုလဲတောင်ကျေးရွာအနီးတစ်ဝိုက်ကို ယမန်နေ့ ဧပြီလ ၈ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်ကောင်စီ လေယာဉ် ၄ စီးဖြင့် ဗုံးအများအပြား ကြဲချခဲ့ကြောင်း သိရသည်။

ပုလဲတောင်ကို ယမန်နေ့ ဗုံးကြဲမှုတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးက ရှိခဲ့သည်။

အကြမ်းဖက် စစ်တပ်မှ သူရဲဘောကြောင်၊ အောက်တန်းကျစွာ ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာသောကြောင့် ရခိုင်ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိရှိကြရန် AA က အသိပေးထားသည်။

#WN
#HlaingInfo
👍40👏54😁1
ဖားကန့်ကို စစ်တပ်က ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးကြဲ

ဧပြီလ ၉ ရက်

စစ်ရေးတင်းမာနေတဲ့ ဖားကန့်က နေရာအချို့ကို ဒီနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြိမ်ကြဲခဲ့ပါတယ်။

ဒီနေ့ မွန်းလွဲ ၂နာရီ ၄မိနစ်ကနေ ၂နာရီ၃၀မိနစ်အတွင်း အမှိုက်ပုံကျေးရွာပတ်ဝန်းကျင်ကို ဗုံးကြဲတာဖြစ်ပြီး ဂျက်ဖိုက်တာတွေကို KIA၊ KPDFက ပြန်ပစ်ခတ်တယ်လို့ သိရပါတယ်။

"တော်တော်နိမ့်နိမ့်ကို ဆင်းပစ်တာ။ အောက်ကလည်း ပြန်ပစ်တယ်။ ဗုံးမကြဲခင်က တိုက်ပွဲမဖြစ်ဘူး။ မနက်ကတော့ ပေါက်ကွဲမှုနှစ်ခါဖြစ်တယ်"လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အထိအခိုက်သတင်းကို အတည်မပြုနိုင်သေးပါဘူး။

ဖားကန့်မှာ ဧပြီ ၂ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီရှေ့တန်းစခန်း ၆ခုကို KIA၊KPDFက သိမ်းယူထားပြီး စစ်ရေးဆက်လက်တင်းမာနေတာဖြစ်ပါတယ်။ ဧပြီ ၂ရက်က တိုက်ပွဲစတင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့ လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့အပါအဝင်ဒေသခံ ၆ဦးဒဏ်ရာရခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် လုံးခင်းနဲ့ ဖားကန့်သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့ KIA၊KPDFက သတိပေးထားပြီး စစ်ကောင်စီကလည်း လမ်းပိုင်းအချို့ကို ကန့်သတ်ထားပါတယ်။

လက်ရှိမှာ ဖားကန့်ကို စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်နေပြီး KIA၊KPDFထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကြောင်းထိုးလာနိုင်လို့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သတိပေးချက်တွေရှိပါတယ်။

#LNO
#HlaingInfo
🤬41👏52😢1
ရမည်းသင်းနှင့် နတ်မောက်တွင် ၈ ရက်တာတိုက်ပွဲဖြစ်ပြီး စစ်တပ်၏ ဒရုန်းနှင့် ခဲယမ်းများ သိမ်းဆည်းရမိ

ဧပြီလ ၉ ရက်

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် မကွေးတိုင်း၊နတ်မောက်မြို့နယ်အတွင်း ၈ ရက်ကြာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် လွှစင်ကျေးရွာမှ မတ်လ ၃၀ ရက်နေ့တွင် စတင်ထွက်ခွာလာသော အင်အား ၈၀ ခန့်ပါ အဆိုပါစစ်ကြောင်းကို ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် PLA က ပထမအကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက် ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စစ်တပ်စစ်ကြောင်းကို နတ်မောက်မြို့နယ် ကျောက်အိုးရွာအနီး၌ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့်ကြာ တိုက်ပွဲအတွင်း စစ်သား ၂ ဦးထက်မနည်း ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကာ PLA ရဲဘော်များမှာမူ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်။

ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း နတ်မောက်မြို့နယ် ဒီးဒုတ်ခင်ရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ရန် စောင့်ဆိုင်းနေသော PLA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သော်လည်း PLA ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အဆိုပါတိုက်ခိုက်ရေးဒရုန်းမှာ ပျက်ကျသွားပြီး သိမ်းဆည်းရမိခဲ့သည်။

၈ ရက်တာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ထံမှ တိုက်ခိုက်ရေးဒရုန်း ၁ စင်း၊ ဆေး ဝါးအချို့၊ ခဲယမ်းအနည်းငယ်နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း PLA က သတင်းထုတ်ပြန်ထားသည်။

စစ်တပ်က မန္တလေးတိုင်းနှင့် မကွေးတိုင်းအတွင်း စစ်ကြောင်းများခွဲ၍ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုများလုပ်ဆောင်နေပြီး တော်လှန်ရေးတပ်များကလည်း စစ်တပ်စစ်ကြောင်းများကို ခုခံကာကွယ်တိုက်ခိုက်လျက်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။

#KTM
#HlaingInfo
37👏23👍5🥰2🔥1😁1
ဆားလင်းကြီးက ဝဲကြီးရွာဆိပ်ကမ်း စစ်တပ် ဗုံးကြဲ၊ ကလေးငယ်နဲ့မိခင် ထိမှန်ဒဏ်ရာရ

ဧပြီလ ၉ ရက်

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က ဝဲကြီးကျေးရွာဆိပ်ကမ်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၈ရက် မနေ့က နေ့ခင်း ၂နာရီခန့်မှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ Paramoter (စက်တပ်လေထီး)နဲ့ ဝဲကြီးရွာဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲခံရမှုအတွင်း တခြားကျေးရွာက စက်လှေပို့တဲ့အလုပ်ကို လာရောက်လုပ်ကိုင်နေတဲ့ အသက် (၃၀‌)အရွယ်မိခင်ဖြစ်သူနဲ့ (၂)လသားအရွယ် သားဖြစ်သူတို့ ထိမှန် ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

"ဒဏ်ရာတွေ ကတော်တော် များတယ်ဗျ။ကလေးကလည်းစိုးရိမ်ရတယ်"လို့ ချင်းတွင်းဒိုင်းနမိုက် ဒေသကာကွယ်‌ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိခင်နဲ့က လေးငယ်ကို ဆေးရုံပို့ထားပြီး နောက်ဆက်တွဲအခြေ‌‌အနေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်သုံးဆီသယ်ယူပို့ ဆောင်နိုင်တဲ့ ဆိပ်ကမ်းနဲ့ နေရာတွေလည်း စစ်တပ်က ဗုံးကြဲတာ တွေလိုက်လံ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်တပ်က မနေ့ကလည်း ရွှေဘိုမြို့နယ်အနောက်ခြမ်းက ငါးဆူကုန်းရွာကို လေယာဉ်နဲ့ ဗုံးကြဲသွားတာမို့ နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

#LNO
#HlaingInfo
🤬46😢62👎1👏1
9 April 2026 Japan Tokyo
တရုတ်သံရုံးရှေ့
မြန်မာ့နိုင်ငံရေးက ဖြေရှင်းလို့မရအောင် ရှုပ်နေလို့ မဟုတ်ဘူး...
ဖြေရှင်းလိုက်ရင် လက်လွတ်ရမယ့် အကျိုးစီးပွားတွေက
ကြီးလွန်းနေလို့ "မလုပ်ရဲ" ကြတာ…
ဒါကြောင့်… မသိချင်ယောင်၊ ရူးချင်ယောင်ဆောင်နေကြတာပဲ။
လူတွေက မြန်မာ့အရေး "အဖြေမရှိဘူး" လို့ ပြောလေ့ရှိတယ်။
အမှန်တော့ အဖြေက ရှိပြီးသားပါ။ ဒါပေမဲ့ အဲ့ဒီအဖြေတိုင်းမှာ “ပေးဆပ်ရမယ့် တန်ဖိုး" က အမြဲကပ်ပါလာတယ်။
အဲ့ဒီတန်ဖိုးကို မပေးချင်ကြလို့ပဲ သမိုင်းက တပတ်ပြီးတပတ်
ပြန်လည်နေတာ။
ပြဿနာက အဖြေရှာမရတာ မဟုတ်ဘူး...
အဖြေကို လက်ခံရဲတဲ့ "သတ္တိ" မရှိကြတာပါ။
Ko Nay
ကူညီစီစဉ်သူ
ကိုအောင်အေးဝင်း နှင့် တော်လှန်ရေးရဲဘော်များ-နာဂိုရာ
Khin Aung {NLD} 08010594589
နေ့စဉ်ဆန္ဒပြသူများအဖွဲ့-ဂျပန်

#HlaingInfo
48👍17😁1
နတ်တလင်းမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁၀၀ ခန့်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဒရုန်း၊ စက်တပ်လေထီးများဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်၍ နေအိမ်များ မီးလောင်ပျက်စီး

ဧပြီလ ၉ ရက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၀၀ ခန့်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဒရုန်း၊ စက်တပ်လေထီးများဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်၍ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် နတ်တလင်းမြို့နယ်၊ ကျွန်းလေးပင်ရွာနှင့် ချောင်းခမ်းကြီးရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကလည်း ပဲမခမ်းရွာမှ သာယာကုန်းရွာဘက်ကို ထပ်မံဝင်ရောက်လာပြီး သာယာကုန်းရွာတွင် ယာယီတပ်စွဲကာ ချောင်းခမ်းကြီးရွာနှင့် ကျွန်းလေးပင်ရွာဘက်ကို လက်နက်ကြီး၊ ဒရုန်း၊ စက်တပ်လေထီးများနှင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်း စစ်တပ် စစ်ကြောင်းမှ စစ်သားတချို့သည်လည်း စံကြီးလောင့်ရွာနှင့် ငုတ်တိုရွာများဘက်ကို တပ်ဖြန့်ထားပြီး ညောင်ဝိုင်းခွေးသေရွာဘက်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း၊ ဧပြီလ ၈ ရက်နေ့ကလည်း ကျွန်းလေးပင်ရွာကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းကြောင့် နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

"ဒီနေ့လည်း စစ်ခွေးတွေက ကျွန်းလေးပင်ရွာနဲ့ ချောင်းခမ်းကြီးရွာတွေကို စက်တပ်လေထီးတွေနဲ့ ဗုံးကျဲသွားတယ်။ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်လာရတာ ရက်ကြာလာတော့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်။ ပြည်သူတွေကိုလည်း စစ်ခွေးတွေက ဖမ်းဆီးထားတယ်။ စစ်ခွေးတွေက ရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်လို့ နေအိမ်အများအပြားပျက်စီးပြီး မီးလောင်ပြာကျတာတွေလည်းရှိတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ပဲမခမ်းရွာ၊ သာယာကုန်းရွာ၊ ကန်သာယာရွာ၊ ချောင်းခမ်းကြီးရွာ၊ ကျွန်းလေးပင်ရွာ၊ စံကြီးလောင့်ရွာ၊ ခွေးသေရွာ၊ သရက်ပုဂံရိုးရွာ၊ ညောင်ဝိုင်းရွာ၊ ဖလံပင်ရွာ၊ ရှားစေးဖိုရွာ၊ ကျောက်စွယ်ရွာ၊ ကျောက်ခွက်ရွာ၊ လယ်မအင်းရွာ၊ မကျီးပင်ရွာ၊ အုန်းဖိုကုန်းရွာ၊ ဘန့်ဘွေးကုန်းရွာနှင့် ခွေးသေသခွတ်ကုန်းရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ရေရှားပါးခြင်းနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ဧပြီလ ၅ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကန်သာယာရွာကို အင်အား ၁၀၀ ကျော်ခန့်ဖြင့် စတင် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်းရှိ ထွက်ပြေးတိမ်းရှောင်သူများကို လိုက်လံ ဖမ်းဆီးရာ ပြည်သူ ၁၀၀ ကျော် လူသားဒိုင်း အဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း၊ ဧပြီလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပဲမခမ်းရွာဘက်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်းသိရှိရသည်။

#KTM
#HlaingInfo
🤬567👏1😢1
အဆိုတော်ဂျက်ဆန်ထွန်း ကွယ်လွန်

ဧပြီလ ၉ ရက်

မနောမြေမှတေးသံသာသီချင်းအဆိုရှင် ဂျက်ဆန်ထွန်းသည် ယနေ့ညနေ ၄ နာရီခန့်က တရုတ်ပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် ကွယ်လွန်သွားကြောင်း သိရသည်။

ဂျက်ဆန်ထွန်း (လထော်ဇော်လွမ်) သည် ဦးနှောက်သွေးကြောပြတ်သည့်ဝေဒနာဖြင့် တရုတ်ပြည်သို့ ဆေးကုသမှုသွားရောက်ခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူအမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“ရာသီဥတုကပူတာနဲ့ မနက် ရေထချိုးပြီး ပန်ကာလေမှုတ်လို့ ဦးနှောက်ရှော့ခ်ဖြစ်ရာကနေစတာ။ သူ့မိသားစုတွေလည်း အကုန်ရောက်မလာလောက်သေးဘူး၊ တရုတ်ပြည်ကိုလိုက်သွားတာလဲ သူ့အပေါင်းအဖော် သုံး၊ လေးယောက်ပဲဟုတ်တယ်” ဟု ပြောသည်။

ဦးလထော်ဇော်လွမ်း (ခ) တေးသံရှင် ဂျက်ဆန်ထွန်းသည် ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က ဦးနှောက်သွေးကြောပြတ်သည့် ဝေဒနာဖြင့် အရေးပေါ်အထူးကြပ်မတ်ဆောင် ICU သို့ ရောက်ရှိခဲ့ပြီးနောက် တရုတ်နိုင်ငံသို့ လွှဲပြောင်းဆေးကုသမှုခံယူခဲ့စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

တေးသံရှင် ဂျက်ဆန်ထွန်းသည် တေးစီးရီးအယ်လ်ဘမ် လေးခုထက်မနည်း ထွက်ရှိထားပြီး မနောမြေမှတေးသံသာသီချင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူသိများကျော်ကြားခဲ့သူဖြစ်သည်။

#ZL
#HlaingInfo
😢888😱6👍3
အကြမ်းဖက်အစိုးရသစ်နှင့်ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် နိုင်ငံရေးရာထူးများ မရရှိခြင်း နှင့် နေရာ ပေးမခံရခြင်းတို့ကြောင့် ကြံ့ဖွတ်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ နှင့် ဗဟိုကော်မတီ အတွင်း မင်းအောင်လှိုင်အပေါ် မကျေနပ်မှုများ ဖြစ်ပေါ်နေ

ဧပြီလ ၉ ရက်

မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက် အစိုးရအသစ် နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် နိုင်ငံရေး ရာထူးများ မရရှိခြင်း နှင့် နေရာ ပေးမခံရခြင်းတို့ကြောင့် ကြံ့ဖွတ်ပါတီ ဗဟိုအလုပ် အမှုဆောင်နှင့် ဗဟိုကော်မတီအတွင်း မင်းအောင်လှိုင်အပေါ် မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော် (Lower House)တွင် အမတ်နေရာ ၂၃၁ နေရာ၊ အမျိုးသားလွှတ်တော် (Upper House)တွင် ၁၀၈ နေရာ စုစုပေါင်း ၃၃၉ နေရာ အနိုင်ရရှိခဲ့သော်လည်း သမ္မတနေရာမရှိသည့်အပြင် အစိုးရအဖွဲ့အတွင်း နိုင်ငံရေးရာထူးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များက ပါဝင်ခွင့်မရရှိကြောင်း၊ အနိုင်ရပါတီတစ်ရပ်အနေဖြင့် အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် ပါဝင်ခွင့်ရရှိသည့်အရေအတွက်မှာ ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာရှိကြောင်း ပြောဆိုသည်။

"အစိုးရအဖွဲ့ရော၊ ပြည်ထောင်စုအဆင့်မှာရော အဖွဲ့တွေမှာရော ပြည်ခိုင်ဖြိုးက နေရာရရှိတာက ၁၀ ရာခိုင်နှုန်းအောက်ပဲရပါတယ်။ တကယ်တော်တဲ့ တကယ် အရည်အချင်းရှိတဲ့ လူပုဂ္ဂိုလ်တွေ ခေါင်းဆောင်တွေကို နေရာလည်းမပေးဘူး။ ချန်ထားခဲ့တာ။ ဒီအပေါ်မှာတော့ စိတ်မကောင်းလည်းဖြစ်ကြတယ်။ ဒေါသလည်းဖြစ်ကြတယ်။ ဒုတိယဥက္ကဋ္ဌကြီး ဦးမြတ်ဟိန်း၊ နောက်ဒုတိယဥက္ကဋ္ဌကြီး ဦးလှထွန်း၊ ပါတီအတွင်းရေးမှူးကြီး ဦးသောင်းအေးတို့ဆိုတာ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ သမ္ဘာရင့် ဝါရင့်ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ပေမယ့်လည်း တပ်ချုပ်က သူ့လူဖြစ်တဲ့ ဦးမျိုးဇော်သိန်း(သမဝါယမဝန်ကြီးအဖြစ်ခန့်အပ်) ကိုပဲ ပြန်ဆွဲခေါ်သွားတယ်။ ပြည်ခိုင်ဖြိုးပါတီထဲမှာ တကယ်တော်တဲ့ တကယ်အရည်အချင်းရှိတဲ့သူတွေ အများကြီးပေမယ့် အစိုးရအဖွဲ့မှာ ၂ ဦး၊ ၃ ဦးကလွဲရင် ပါဝင်ခွင့် မရကြဘူး" ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရှင်းပြသည်။

မင်းအောင်လှိုင်က ကြံ့ဖွတ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ခင်မောင်စိုး၊ မောင်မြင့်၊ ဒေါက်တာမောင်သင်းတို့ ၃ ဦးကိုသာ အစိုးရအဖွဲ့အတွင်း ဝန်ကြီးအဖြစ် ခေါ်ယူခဲ့ပြီး တာဝန်ပေးအပ်သည့် ဝန်ကြီးဌာနမှာ ခင်မောင်စိုးကို အလုပ်သမားဝန်ကြီး၊ မောင်မြင့်ကို ဟိုတယ်/ခရီး၊ယဉ်ကျေး မှုဝန်ကြီးနှင့် ဒေါက်တာမောင်သင်းကို လူငယ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း၊ အရေးမပါသော ဝန်ကြီးဌာနတွင်သာ ဝန်ကြီးများအဖြစ် ခန့် အပ်ခဲ့ကြောင်း ဝေဖန်သုံးသပ်ကြသည်။

"ဦးခင်မောင်စိုးဆိုရင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ လျှပ်စစ်ဝန်ကြီးလုပ်ခဲ့တယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် တစ်လျှောက်လုံးလုပ်ခဲ့တယ်။ သူ့ကိုဆိုရင် လျှပ်စစ်စွမ်းအားဝန်ကြီးအဖြစ်ပေးသင့်ပေမယ့်လည်း မပေးဘဲ အရေးမပါတဲ့ အလုပ်သမားဝန်ကြီးဌာနကို ကိုင်ခိုင်းတယ်။ ဆရာဦးမောင်မြင့်ဆိုရင် ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ စက်မှုဝန်ကြီး၊ အလုပ်သမားဝန်ကြီးအဖြစ်လုပ်ခဲ့တာ။ အခု အစိုး ရအဖွဲ့သစ်မှာ ဟိုတယ်/ခရီး ဝန်ကြီး အဖြစ်ပဲပေးတယ်။ ဆရာကြီး ဒေါက်တာမောင်သင်းဆိုရင် ပါမောက္ခချုပ်လည်းဖြစ်တယ်၊ ပညာရေးကဏ္ဍမှာ အသိဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ ပညာရေးဝန်ကြီးမပေးဘူး။ လူငယ်ရေးရာဝန်ကြီးဆိုပြီးပေးတယ်။ သူ့ကျွမ်းကျင်တဲ့ ပညာရပ်ပိုင်းနယ်ပယ်မှာ ဝန်ကြီးရာထူးမပေးဘူး။ မည်ကာမတ္တ ခေါ်တာမျိုး။မကောင်းတတ်လို့ ခေါ်တာမျိုးလို့ ဖြစ်တယ်လို့ ပါတီအတွင်းမှာ ဝေဖန်ကြတယ်" ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ကြံ့ဖွတ်ပါတီအတွင်းမှ ဝန်ကြီးဟောင်းများနှင့် ဗိုလ်ချုပ်ဟောင်းများကို ခေါ်ယူရန် လက်တွန့်နေခြင်းမှာ အစိုးရဖွဲ့အသစ်အတွင်း ၎င်း၏ ဩ ဇာတည်ဆောက်မှု အပေါ် စိန်ခေါ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်သည်ဟု ကြံ့ဖွတ်ပါတီအတွင်း ဝေဖန်သုံးသပ်ကြသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
😁55🔥54👎1
နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်သည့် Blue Shirt ကမ်ပိန်းကို ၁၂ ရက်တာ ပြုလုပ်မည်

ဧပြီလ ၉ ရက်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးကိုတောင်းဆိုရန် လာမည့် ဧပြီ ၁၀ ရက်နေ့မှစတင်ကာ ၁၂ ရက်တာ Blue Shirtကမ်ပိန်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။

Blue shirt campaign ကို အွန်လိုင်းမှသာမက မြေပြင်တွင်ပါ လုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်ထားပြီး ပြည်သူလူထုအားလုံး အတူတကွပါဝင်နိုင်ပြီး အန္တရာယ်အကင်းဆုံးဖြစ််မည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

အွန်လိုင်းမှ ပါဝင်ရမည့်နည်းလမ်းများထဲတွင် အပြာရောင်ရှပ်အင်္ကျီဝတ်ဆင်ခြင်း၊ စာသားရေးထားသည့်ပုံများကိုတင်ခြင်း၊ ကမ်ပိန်းအတွက်ပြုလုပ်ထားသည့်ပုံကို လူမှုကွန်ရက်ပရိုဖိုင်ပုံတွင် တင်ခြင်း အစရှိသည်ဖြင့် ပါဝင်ကြောင်း သိရသည်။

"လှုပ်ရှားမှုကပြည်တွင်းသာမက ပြည်ပနိုင်ငံတွေမှာပါတပြိုင်နက် စည်းလုံးညီညွတ်စွာနဲ့ဆောင်ရွက်ကြမဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကနေ တိုင်းပြည်လွတ်မြောက်ရေးအထိ ဆောင်ရွက်ကြမဲ့လှုပ်ရှားမှုဖြစ်တယ်" PPNM အဖွဲ့အစည်း ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ယခုကမ်ပိန်းပြုလုပ်ရခြင်းမှာ စစ်တပ်၏မြန်မာပြည်သူများအပေါ် မတရားဖမ်း‌ဆီးအကျဉ်းချထားခြင်းအပေါ် နိုင်ငံတကာမှသိရှိနိုင်ရန်၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများကို ရပ်တန့်နိုင်ရန်၊ နိုင်ငံရေးအကျဉ်းသားများကြုံတွေ့နေရသည့်အခြေအနေကို နိုင်ငံတကာသို့ အသိပေးရန်တို့ကို ရည်ရွယ်ကြောင်းလည်း သိရသည်။

Blue Shirt ကမ်ပိန်းကို PPNMအဖွဲ့အစည်းအပြင် မြေပြင်သပိတ်အဖွဲ့များ၊ နိုင်ငံတကာရှိအရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအပြင် ကမ္ဘာတဝန်းရှိနိုင်ငံများတွင် လူထုလှုပ်ရှားမှု သပိတ်များဖြင့်ဆင်နွှဲသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ - PPNM၊ လူမှုကွန်ရက်
#AYAT
#HlaingInfo
48👍23😁5🥰1