Hlaing Info
55.1K subscribers
141K photos
5.86K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
ပြည်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေပဲကြုံပါစေအမှန်တရားဘက်က ရဲဝင့်စွာဆက်လက်ရပ်တည်နိုင်ဖို အားတင်းထားကြပါစို့ ။ 💪💪💪

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

Good night ပါရှင့်။

Sweet Dreams 💞💞💞

#HlaingInfo
66🥰4👍2🔥1
မင်္ဂလာနံနက်ခင်းပါရှင့်🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် မိဘပြည်သူအပေါင်း ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေ။

အာဏာရူး ဘေးများမှအမြန်ဆုံး ကျော်လွန်လွတ်မြောက်ကြပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို့ Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

#HlaingInfo
73👍7🥰3🔥1
အနှစ်သာရမဲ့ ခေါင်းဆောင် - ပြည်သူ့ဆန္ဒကို ဆန့်ကျင်၍ မည်မျှကြာအောင် အုပ်ချုပ်နိုင်မည်နည်း?
*****

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည်  အရပ်သားအသွင် ပြောင်းကာ ၎င်း ဦးဆောင်မည့် အဖွဲ့အား  ဝန်ကြီးဌာန ၃၁ ခု ဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းတို့ကို ဦးဆောင်ရန် လူ ၃၀ ကို စစ်အုပ်စု လွှတ်တော်သို့ အမည်စာရင်း တင်သွင်းခဲ့သည်။

၎င်းတို့အနက် ၂၀ ဦးခန့်မှာ စစ်တပ်မှ ဖြစ်ပြီး အမည်စာရင်း တင်သွင်းခံရသူများထဲမှ ၁၆ ဦးမှာ လက်ရှိ စစ်အုပ်စု ၏ ဝန်ကြီးများ ဖြစ်‌ နေသည်။ အများစုမှာ အနောက်အုပ်စု၏ အမည်ပျက် စာရင်း တင်သွင်း ခံနေရသူ များ ဖြစ်သည်၊ အာဏာရ ကြံ့ဖွတ် ပါတီ ဒု ခေါင်းဆောင် မျိုးဇော်သိန်းသည် သမဝါယမ ဝန်ကြီး ရာထူး နှင့် ကျေနပ်လိုက်ရပြီ ဖြစ်သည်။

၎င်း တင်သွင်းသူ များသည် ခွေးပဲ ဖြစ်ဖြစ် ပွေးပဲ ဖြစ်ဖြစ် အတည်ပြုခံရဖို့က ‌ကြိမ်းသေ နေပြီ ဖြစ်သည်၊ ထို့အတွက် ၎င်း၏ ကျေးတော်မျိုး ကျွန်တော်မျိုး ဖြစ်သူ များ အား အဘယ်ကြောင့် အရေးတယူ လုပ် အချိန်ကုန်ခံ ရှင်းပြနေလို့ လိုပေဦးမည်နည်း။ ထိုထက်မက အရေးကြိး သည် က သားဖြစ်သူ ၏ ရှော့ပင်း စင်တာ ဖွင့်ပွဲ တက်နိုင်ဖို့ပင် ဖြစ်သည်။

ထိုသို့ အနှစ်သာရ မဲ့ သူ တဦးက ပြည်သူ့ဆန္ဒကို ဆန့်ကျင်၍ မည်မျှကြာအောင် အုပ်ချုပ်နိုင်မည်နည်း ဟု အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး ဦးမိုးဇော်ဦးက ဧရာဝတီ အင်္ဂလိပ် ပိုင်း တွင် ယခုလို ရေးသားလာခဲ့သည်။

ပြီးခဲ့သည့် စနေနေ့က အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် ငြိမ်းချမ်းစွာ ကျင်းပခဲ့ကြသည့် “No Kings” ဆန္ဒပြပွဲများကို ကျွန်ုပ် ကိုယ်တိုင် မြင်တွေ့ခဲ့ရပါသည်။ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ထောက်ခံမှုရရှိရန် ကြိုးပမ်းနေသည့် သံတမန်တစ်ဦး အနေဖြင့် အခြားနိုင်ငံတနိုင်ငံ ၏ ပြည်တွင်းရေးကို တိုက်ရိုက်မှတ်ချက်မပေးလိုသော်လည်း တစ်ခုတော့ ပြောနိုင်ပါသည်။

ယနေ့ကဲ့သို့ အပြန်အလှန် ဆက်နွှယ်နေသော ကမ္ဘာကြီးတွင် တဦးတယောက်ချင်းစီ၏ လုပ်ရပ်သည် နိုင်ငံတနိုင်ငံကိုသာမက တကမ္ဘာလုံးကို သက်ရောက်မှု ပေးနိုင်ပြီး လူသန်းပေါင်းများစွာ (သို့မဟုတ်) ဘီလီယံနှင့်ချီသော ဘဝများကို ကောင်းကျိုး၊ ဆိုးကျိုး တစ်ခုခု ဖြစ်ပေါ်စေရန် ဖန်တီး နိုင်ကြောင်း သတိပြုမိသည်။

ကျွန်ုပ်၏နိုင်ငံတွင် အာဏာမက်မောမှုနှင့် သမ္မတဖြစ်လိုသည့် ပုဂ္ဂိုလ် ရေး ရည်မှန်းချက်
နှင့် မိသားစု ကြီးပွား ရေး နောက်သို့ သာ တစိုက်မတ်မတ် လိုက်နေသော အာဏာရှင်တဦးကြောင့် တစ်နိုင်ငံလုံး အဖတ်ဆယ် မရအောင်  ပျက်စီးယိုယွင်းနေရသည်။

လွန်ခဲ့သော ငါးနှစ်ခန့်က COVID-19 ကပ်ရောဂါ၏ စိန်ခေါ်မှုများ ရှိနေသည့်ကြားမှ မြန်မာနိုင်ငံသည် လူမှုစီးပွားဘဝ တိုးတက်မှုများဆီသို့ ဦးတည်နေပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်၏ အခြေခံအုတ်မြစ်များကို ချမှတ်နေပြီ ဖြစ်ပါသည်။ သို့သော် ထိုသို့ တိုးတက်မှုအားလုံးသည် လူတဦးတစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသော အတ္တဆန်သည့် အိပ်မက်တစ်ခုကြောင့် ရုတ်ချည်း ရပ်တန့်သွားခဲ့ရသည်။

ထို အခြေအနေများ ကြားတွင် ကျွန်ုပ်တို့နိုင်ငံသည် လူလုပ် ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ တစ်ခုပြီးတစ်ခု ကျရောက်ကာ ဆုတ်ယုတ်ပျက်စီးခဲ့ရသည်။ ယခင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရလက်ထက်နှင့် မတူဘဲ ထိရောက်သော ဦးဆောင်မှုမရှိသည့်ကြားမှ COVID-19 ကပ်ရောဂါလှိုင်းများကို အလူးအလဲ ခံစားခဲ့ကြရပါသည်။

ထို့ပြင် မုန်တိုင်းများနှင့် ရေကြီးမှုများကိုလည်း ရင်ဆိုင်ခဲ့ရပြီး၊ ပြီးခဲ့သည့်နှစ်တွင် လူပေါင်းသိန်းချီ သေဆုံးခြင်း (သို့မဟုတ်) အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည့် ပြင်းအား 7.7 အဆင့်ရှိ ပြင်းထန်သော ငလျင်ဒဏ်ကိုလည်း ပြည်သူများ ခံစားခဲ့ရသည်။ ယင်းသို့ ဖြစ်ပွားချိန်တွင် စစ်အုပ်စုသည် နိုင်ငံတကာနှင့် ပြည်တွင်းမှ အကူအညီများကို ငြင်းပယ်ခဲ့သည့်အပြင် မရှိမဖြစ်လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများကို သိမ်းဆည်းခြင်းနှင့် အင်တာနက်ဖြတ်တောက်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍599😁6😢1
မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးနေရာအများစုကို စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီရယူ

ဧပြီလ ၈ ရက်

အာဏာသိမ်း စစ်ကော်မရှင်ရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့သစ် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးနေရာ အများစုကို စစ်တပ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ရယူခဲ့ပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ဧပြီ ၆ ရက်နေ့နဲ့ ဧပြီ ၇ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်ခဲ့တာပါ။

အတည်ပြုခန့်အပ်ခံရတဲ့ ဝန်ကြီး ၁၁ ဦးမှာ မွန်ညီညွှတ်ရေးပါတီက ကိုယ်စားလှယ် နှစ်ဦး၊ ပအိုဝ်းအမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ် တစ်ဦးသာ ပါဝင်ပြီး ကျန်ဝန်ကြီး ရှစ်ဦး နေရာကို စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီက ရယူထားပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေဖြစ်တဲ့ ဗိုလ်မှူးချုပ် အောင်ဝင်းသန်းက မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ရယူထားပါတယ်။

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးတင်ဇော်ထွန်းက လူမှုရေးဝန်ကြီး၊ ဦးမင်းဇေယျာဦးက လျှပ်စစ်၊စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ဦးမင်းမြင့်မောင်လေးက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး၊ စစ်တပ် သြဇာခံ ဒေါက်တာ အောင်မြတ်ကျော်စိန်က စည်ပင်သာယာရေးဝန်ကြီး နေရာ ရယူထားတာပါ။

ဒါ့အပြင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးမျိုးမင်းလှိုင်က ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ဦးစောအောင်ကျော်သိန်းက ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ရရှိထားပါတယ်။

မွန်ညီညွှတ်ရေးပါတီက ကိုယ်စားလှယ် နှစ်ဦးဖြစ်တဲ့ နိုင်လယိတမက စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး၊ မိလဝီဟန်က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပအိုဝ်းအမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ် ဦးချစ်သိန်းက ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ခန့်အပ်ခံခဲ့ရပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေအဖြစ် ခန့်အပ်ခံရသူတွေဟာ လာမယ့် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ-MOI
#TLT
#HlaingInfo
👎437🔥4👍1👏1
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး လုယူလိုက်မှုကြောင့် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအသစ်များ တိုးမြှင့်လာနိုင်၍ ပြင်ဆင်ရန်  Meyka က သတိ ပေး

ဧပြီလ ၈  ရက်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး လုယူလိုက်မှုကြောင့် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအသစ်များ တိုးမြှင့်လာနိုင်၍ ပြင်ဆင်မှုများ လုပ်ဆောင်ရန်  သြစတြေးလျအခြေစိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒေတာပလက်ဖောင်းတစ်ခုဖြစ်သည့် Meyka AI PTY LTD ၏  Meyka က ဧပြီလ ၆ ရက်နေ့တွင် ဆန်းစစ် သတိပေးချက်ထုတ်ပြန်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာခြင်းကြောင့် အရှေ့တောင်အာရှတွင် ပထဝီနိုင်ငံရေးအရ အဓိကစွန့်စားရမှု တစ်ခု ဖြစ်လာနေပြီဟု ဆိုသည်၊

စစ်တပ်က လွှမ်းမိုးထားသော လွှတ်တော်က  ဧပြီလ ၆ ရက်နေ့ မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်ခဲ့ပြီး၊ မင်းအောင်လှိုင်၏ လူယုံ ရဲဝင်းဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။ 

ယင်းအခြေအနေများကြောင့် မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်း၊ ပြုပြင်ပြောင်းလဲမှု အကန့်အသတ်ရှိခြင်းနှင့် နိုင်ငံတကာ၏ အသိ အမှတ် ပြုမှု ရရှိရန် ကြိုးပမ်းလာခြင်းတို့ကို မြင်တွေ့ရဖွယ် ရှိကြောင်း၊ ယူကေ (UK) ရင်းနှီး မြှုပ်နှံသူများအတွက်မူ  ပိုမိုတင်းကျပ်သော စည်းမျဉ်းလိုက်နာမှုစစ် ဆေးခြင်း (Compliance checks)၊ မတည်ငြိမ်သော ကုန်သွယ်ရေးလမ်း ကြောင်းများနှင့် တရုတ်-မြန်မာ ဆက်ဆံရေးကို ပိုမိုစောင့်ကြည့်ရမည့် အခြေ အနေများ ရှိနိုင်ကြောင်း Meyka  သတိပေးသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုဆိုင်ရာ စွန့်စားရမှုများ၊ ရင်းနှီးမြှုပ်နှံမှုအစုစု (Portfolio) အပေါ် သက်ရောက်မှုများနှင့်  မိမိတို့၏အရင်းအနှီးကို ကာကွယ်ရန် လုပ်ဆောင်ရမည့် အဆင့်များကိုလည်း Meyka က အကြံပြုသည်။

မင်းအောင်လှိုင် သမ္မတ ရာထူး ရယူခြင်းသည် တရားဝင်မှု ရရှိရန်နှင့် လုံခြုံရေးနှင့် နိုင်ငံပိုင်လုပ်ငန်းများအပေါ် အမိန့်ပေးနိုင်စွမ်း ပိုမိုခိုင်မာစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး  လေ့လာဆန်းစစ်သူများကမူ ပဋိပက္ခဖြစ်ပွားမှု ပိုမိုများပြားလာနိုင်ကာ ဆွေးနွေးပွဲများအတွက် အကန့်အသတ်များသာ ရှိတော့မည်ဟု ရှုမြင်ကြသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍56🔥3😁32🤬2🥰1😢1
ကရင်နီပြည်မှာ စစ်ဒေသသတ်မှတ်ပြီး တပ်ရင်းတွေပေါင်းစည်းတော့မယ်

ဧပြီလ ၈ ရက်

ကရင်နီပြည်နယ်မှာ စစ်ဒေသတွေသတ်မှတ်ပြီး တပ်ရင်းတွေ ပေါင်းစည်းတော့မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အမိန့်ပေးစီးဆင်းမှု၊စည်းကမ်းနဲ့ စနစ်တကျဖြစ်မှုတွေကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်တဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်လို့ ဆိုပါတယ်။

"နယ်မြေချင်းဆက်စပ်တဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ကျစ်ကျစ်လှစ်လှစ် ဖွဲ့စည်းပြီး စစ်ဒေသတွေကို ပြန်လည်သတ်မှတ်တဲ့အနေနဲ့ တပ်ရင်းတွေကို ပေါင်းစည်းဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။တပ်ရင်းတွေ စစ်ဒေသတွေ ပြန်လည်ပေါင်းစည်းတုန်းဖြစ်တဲ့အတွက်အရေအတွက်ကို ထုတ်ပြန်ပေးပါမယ်။ စစ်ဒေသကတော့ ၅ခုသတ်မှတ်ထားပါတယ်"လို့ KNDF တာဝန်ရှိသူက စစ်ဒေသဖွဲ့စည်းမယ့် အခြေအနေအပေါ် ရှင်းပြပါတယ်။

လက်ရှိ စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ တပ်ဖွဲ့တွေရဲ့ ဆောင်ရွက်မှုတွေကို ပိုမိုကျစ်လစ်တိကျစေဖို့၊ အရည်အသွေး စွမ်းဆောင်ရည် ပြည့်မီစေဖို့၊လုပ်ငန်းတွေ ထိရောက်စွာအကောင်အထည်ဖော်နိုင်စေဖို့နဲ့ အမိန့်ပေးမှုစနစ်ပိုမိုတိကျခိုင်မာတဲ့တပ်ဖြစ်စေဖို့ KNDF တပ်ရင်းအမှတ် (၈) နဲ့ ပူးပေါင်းညှိနှိုင်းပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ်− ၇ (အမှတ် ၂ စစ်ဒေသ)အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ KNDF တပ်ရင်းအမှတ်(၅)က ဧပြီ ၇ ရက် ညပိုင်းက ကြေညာခဲ့ပါတယ်။

"စစ်ဒေသအောက်မှာ တပ်ရင်းတွေ ဖွဲ့စည်းတာဖြစ်တယ်"လို့ KNDFရဲဘော်တစ်ဦးက ပြောပါတယ်။

ဒေသတွင်း စစ်ဘက်စစ်တမ်းတွေအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁မှာ ဖွဲ့စည်းခဲ့တဲ့ KNDFဟာ တပ်ရင်း ၃၀ကျော်ရှိပြီး ကရင်နီပြည်နယ်တွင်း အင်အား အတောင့်တင်းဆုံးဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုကို ဗျူဟာမြောက်တွန်းလှန်ဖို့ ၂၀၂၅ ဒီဇင်ဘာ ၁၅ ရက်က တော်လှန်ရေးအဖွဲ့ ၁၉ ခုနဲ့ဖွဲ့စည်းခဲ့တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Aillance -SRA မှာ KNDFက ပါဝင်ထားပါတယ်။

ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDPနဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

၂၀၂၄ အောက်တိုဘာနောက်ဆုံးပတ်က ဖွဲ့စည်းခဲ့တဲ့ ကယန်းအမျိုးသားတပ်မတော် KNA ရဲ့ အင်အားကလည်း ၈၀၀ ဝန်းကျင်ရှိလာတယ်လို့လည်း ပြည်တွင်း စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါ့အပြင် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်း ဖွဲ့စည်းထားတာရှိပါတယ်။

ပြီးခဲ့တဲ့နှစ်ကစပြီး ကရင်နီဒေသမှာ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်တွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးလာပါတယ်။

ရှမ်းတောင်နဲ့ကရင်နီပြည်နယ်က ဟိုပုံး -ဆီဆိုင် ၊ပင်လောင်း-ဆောင်ပြောင်း-ဖယ်ခုံ -မိုးဗြဲ ၊ လွိုင်ကော်၊ဒီးမော့ဆိုမြို့ နဲ့ ဖားဆောင်းမြို့တွေကို စစ်တပ်က ထိန်းချုပ်ခဲ့ပါတယ်။

စစ်တပ်က ဖားဆောင်းမြို့ကနေ ဖားဆောင်း-မော်ချီးလမ်းအတိုင်း စစ်ကြောင်းထိုးဖို့စုဖွဲ့နေပြီး သတ္တုထွက်ရှိတဲ့မော်ချီး ဒေသကိုနေ့စဥ်နီးပါး လေကြောင်းကနေ ဗုံးကြဲတာ၊ကင်းထောက်တာတွေ မကြာခဏရှိနေတယ်လို့ သိရပါတယ်။

ကရင်နီဒေသမှာ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေ ပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသော တပ်မတော် (UKSA)ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ ပြည်သူတွေက တိုက်တွန်းမှုတွေရှိပါတယ်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − KNDF)
#LNO
#HlaingInfo
👍6824🥰6😁3
ယာဉ်ဟောင်းများကို အပ်နှံခိုင်းပြီး လျှပ်စစ်-EV ကားများ အစားထိုး တင်သွင်းခိုင်းမည့် အစီအစဉ် မင်းအောင်လှိုင်မိသားစုကောင်းစားရေးအတွက် လူထုကို နစ်နာစေသည့် ချနင်းသော လုပ်ရပ်ဟုဆို

ဧပြီလ ၈ ရက်

မြန်မာနိုင်ငံအတွင်းရှိ နှစ် ၂၀ သက်တမ်းရှိ ယာဉ်အိုယာဉ်ဟောင်းများကို အပ်နှံခိုင်းပြီး လျှပ်စစ်ကား (EV) များ အစားထိုး တင်သွင်းခိုင်းမည့် စစ်ခေါင်းဆောင်၏ အစီအစဉ်မှာ မင်းအောင်လှိုင်မိသားစု အပါအဝင် EV ကားတင်သွင်းခွင့် ရရှိထားသူများအတွက်သာ အကျိုးအမြတ် ရှိစေမည်ဖြစ်ပြီး ဂျပန်တစ်ပတ်ရစ်ကားများ ပိုင်ထားသော အခြေခံလူထုအတွက်မူ ပိုင်ဆိုင်မှုများ ဆုံးရှုံးနစ်နာစေမည်ဖြစ်ကြောင်း မော်တော်ယာဉ်ဈေးကွက် ကျွမ်းကျင်သူများက ဝေဖန်ထောက်ပြလိုက်သည်။

မြန်မာနိုင်ငံတွင် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံပြီး လျှပ်စစ်ကား (EV) များ အစားထိုးတင်သွင်းခွင့်ခိုင်းမည့် မူဝါဒကြောင့် လက်ရှိစီးပွားရေး အကျပ်အတည်းကာလ ပြည်သူတို့၏ ပိုင်ဆိုင်မှုများ ထိခိုက်နိုင်ခြေ အပေါ် ဝေဖန်စိုးရိမ်မှုများ ထွက်ပေါ်နေသည်။

အကြမ်းဖက် မင်းအောင်လှိုင်က စက်သုံးဆီချွေတာရန်၊ နိုင်ငံခြားငွေ ချွေတာရန် ခေါင်းစဉ်တပ်၍ ယာဉ်အိုယာဉ်ဟောင်းများကို EV ကားများဖြင့် အစားထိုးအပ်နှံရေး အစီအစဉ် လုပ်ဆောင်မည်ဖြစ်ကြောင်း ဧပြီလ ၁ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

လျှပ်စစ်-EV ကားများသည် လောင်စာဆီချွေတာနိုင်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချနိုင်သည်ဟုဆိုသော်လည်း မြန်မာနိုင်ငံအခြေအနေမှာ EV ကားများကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်သော အခြေခံ အဆောက်အအုံ နည်းပါးနေကြောင်း ကားစျေးကွက်ကျွမ်းကျင်သူတချို့က ထောက်ပြသည်။

မြန်မာ့စျေးကွက်တွင် EV ကားများကို ပြုပြင်နိုင်သော ဝပ်ရှော့နှင့် ကျွမ်းကျင်သည့် ပြုပြင်သူ (Technician) နည်းပါးနေကြောင်း၊ EV ကားများအတွက် အပိုပစ္စည်း (Spare Parts) ရှားပါးနေကြောင်း၊ ယင်းအပြင် လျှပ်စစ်ဓာတ်အားပြန်လည် သွင်းနိုင် သော EV Charging Station များမှာလည်း မလုံလောက်ဘဲ လျှပ်စစ်မီးမှာ အချိန်ပိုင်းဖြင့်သာ ရရှိနေကြောင်း ကားတင်သွင်းသူများက ဆိုသည်။

"ပြောမယ်ဆိုရင် EV ကားတွေ တစ်နိုင်ငံလုံး မပြောပါနဲ့ ရန်ကုန်မှာတောင် တွင်တွင်ကျယ်ကျယ်သုံးလို့ရမယ့် အခြေခံ အဆောက် အအုံမရှိဘူး။ အခု EV ကားအားသွင်းဖို့ ကားစီးရေ နည်းတာတောင် လုနေရတယ်။ နောက်တစ်ခုက မီးပေါ့။ လျှပ်စစ်မီး မလာဘူး။ လာရင်လည်း အချိန်ပိုင်းဆိုတော့ EV ကားနဲ့ ဘယ်လို အားသွင်းမလဲ၊ ဘယ်လိုအလုပ်ဖြစ်မလဲ။ ပြီးတော့ ဝပ်ရှော့တွေ EV ကားကို မပြင်တတ်သေးဘူး။ အပိုပစ္စည်း မပေါဘူး။ စျေးကြီးတယ်။ ဂျပန်တစ်ပတ်ရစ်ကားတွေက အပိုပစ္စည်းပေါတယ်။ စျေးသက်သာတယ်။ ဝပ်ရှော့တိုင်း ပြင်တတ်တယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံမှာ ဘာလို့ ဂျပန်တစ်ပတ်ရစ်ကားတွေ အသုံးများလူကြိုက်များလဲဆိုတာက အဲဒါက အဓိကပါပဲ" ဟု ကားဝယ်ရောင်းအကျိုးဆောင်က ရှင်းပြသည်။

တရုတ်နိုင်ငံထုတ် EV ကားများကို တင်သွင်းရာတွင် ဂျပန်တစ်ပတ်ရစ်ကားများကဲ့သို့ တင်သွင်းဝယ်ယူ၍မရဘဲ Battery အရည်အသွေးနှင့် အာမခံချက် (Warranty) ရရှိရန်မှာ အသက်တမျှ အရေး ကြီးကြောင်း ၊Range (မောင်းနှင်နိုင်သည့်အကွာအဝေး) ထက် Battery Quality ကို ပိုမိုဦးစားပေးသင့်ကြောင်း၊ EV ကားဝယ်ယူပြီး နောက်ဆက်တွဲ ပြဿနာများကို ဝပ်ရှော့များက မဖြေရှင်းနိုင်ကြောင်း ထောက်ပြ ပြောဆိုကြသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
🤬51👎133🔥2😢1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 စောင်ကို မြန်မာငွေ 14,500 ကျပ်။  ထိုင်းဘတ် 100 ပါ။ 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သောထီနံပါတ်များ 🎁                                         

363500
054802
197303
635505
561006
535007
682708
853409

026511
390812
877313
249014
884615
511116

540245
350346
976047
126049

046350
868151
016952
478953
400054
224956
593857
242958
544559

543760
025661
831062
631563
590066
891667
827768
753169

306170
854472
020873
268174
091675
220877
497678
698779
352280
072381
643582
513184
706385
984087
297589

547790
013791
038292
757693
166294
351895
652896
635097
148698

662300
409101
015102
165403
418604
671905
821507
568208
009209

034210
428511
834912
169413
905814
357615
646716
616817
029718
875919

006120
929621
507223
991624
523925
099626
912927
022828
349829

583230
214431
768632
146933
670534
453235
523436
610539

390040
381042
853343
820144
066145
415946
952647
014948
855649

119650
361251
272152
954753
625954
320855
440256
552957
862358
808759

019060
959361
949462
939563
929664
280466
138267
044069

126970
029972
049774
103776
903677
157678
849779

326680
772681
781282
335283
379584
825585
728386
282387
432488
878489

056890
444991
590892
736793
059294
825496
000397
533698
387799

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
36👍9🔥1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 တွဲ စောင်ကို မြန်မာငွေ 30,000 ကျပ်။  ထိုင်းငွေ 200 ဘတ် 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သော ဘတ် 12 သန်း ထီနံပါတ်များ 🎁                                         

784501
627502
416303
163304
689205
846106
376507
328708
682909 တစောင်ကျန်

203910
476811
633812
790713
947714
895315
203916
053017
028718
578419

735320
892321
392022
793723
636824
479925
523026
311327
836928
186029

433740
569141

403343
158644
043545
390746
513748
670749 တစောင်ကျန်

827650
984651
172152
701553
544554
228255
615356
772257
929258
913859

756960
443062
559963
716864
873865
090266
812367
208668
165869

504570
661471
139372
975373
867774
710775
255676
449177 တစ်စောင်ကျန်
606078

919980
340581
317482
403983
452284
550685
707686
864587
016488
170089

664690
507691
495292
652293
098194
876996
250998 တစောင်ကျန်
439899 တစောင်ကျန်

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
38👍8🔥1
စစ်မှုထမ်းသက်တမ်းပြည့်ပေမယ့် တပ်သားအများစု အိမ်မပြန်နိုင်

ဧပြီလ ၈ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သမ္မတဖြစ်ချင်မှုကို စစ်ရေးအရ ကျားကန်ပေးတဲ့ မြေပြင်တိုက် ခိုက်ရေးအင်အားအတွက် နည်းမျိုးစုံ စုဆောင်းခံခဲ့ရတဲ့ စစ်မှုထမ်းအများစုဟာ အကျဆုံးများခဲ့တယ်လို့ CDM တပ်အသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။

တပ်အင်အားပြုန်းတီးမှုကို ဖြည့်တင်းဖို့ စစ်ခေါင်းဆောင် အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မ စုဆောင်းခဲ့တဲ့ လူငယ်တွေကို တိုင်းနဲ့ပြည်နယ်ရှိ စစ်သင်တန်းကျောင်းတွေမှာ စစ်မှု ထမ်း အပတ်စဉ် ၁ အဖြစ် ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်နေ့မှာ စတင် သင်တန်းပေးခဲ့တာပါ။

သတ်မှတ်ကာလ စစ်မှုထမ်းသက်တမ်း ၂ နှစ် ပြီးမြောက်အောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ အပတ်စဉ် ၁ က တပ်သားတွေကို ကယားပြည်နယ်ကလွဲရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဂုဏ်ပြုအခမ်းအနား လုပ်ဆောင်တာ မတွေ့ရသေးပါဘူး။

ဧပြီ ၃ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) မှာ စစ်မှုထမ်းအပတ်စဉ် ၁ က တပ်သား ၃၈၅ ဦးကို သတ်မှတ်ကာလ ပြီးမြောက်အောင် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် စစ်တပ်က ဂုဏ်ပြုအခမ်းအနားပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ ကယားပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို စွန့်လွှတ်စွန့်စားမှု၊ ပေးဆပ်မှု၊ ရဲရင့်မှုတွေနဲ့ ထမ်းဆောင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းတွေရဲ့ စွမ်းဆောင်မှုတွေကို သမိုင်းတင်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

စစ်မှုထမ်း အပတ်စဉ် တစ်ခုမှာ တပ်သား ၅၀၀၀ နှုန်းခေါ်ယူဖို့ စစ်ကော်မရှင်က ထုတ်ပြောခဲ့ဖူးပေမယ့် ကယားပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တပ်သားအရေအတွက် ဘယ် လောက်ထိ ခေါ်ယူခဲ့လဲဆိုတာ ဒီကနေ့အထိ စာရင်းထုတ်ပြန်တာ မရှိခဲ့ပါဘူး။

CDM ဗိုလ်ကြီး ဇင်ယော်က အပတ်စဉ် ၁ ခေါ်ယူခဲ့ချိန်မှာ ကရင်နီအပါအဝင် ရခိုင်မှာ တိုက်ပွဲပြင်း ထန်တဲ့ ကာလမို့ သင်တန်းဆင်းတွေကို အဲဒီနေရာတွေမှာ အများဆုံးလွှတ်တာဖြစ်လို့ သေဆုံးနှုန်းများတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဲဒီတုန်းက အပတ်စဉ် ၁ တို့ ၂ တို့ ၃ တို့က အဆိုးဆုံးဖြစ်မှာ။ ဘာလို့လဲဆို ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၁၁ လုံး စစ်ဆင်ရေး ပြီးရင် ရခိုင်ဘက်မှာ တိုက်ပွဲပြင်းထန်နေတာဆိုတော့ စစ်မက်ပြင်းထန်တဲ့ နေရာတွေမှာပဲ အများဆုံး လွှတ်လိုက်ရတယ်။ အဲဒီတော့ သေချာတယ် အပတ်စဉ် ၁ ကတော့ တစ်နိုင်ငံလုံး ခြုံလိုက်ရင် ၅၀၀၀ ဝန်းကျင်က ရှိကြတယ်။ သူတို့ မထုတ်ပြန်ပေမယ့် ကျွန်တော်တို့ စောင့်ကြည့်သလောက်ဆို ၅၀၀၀ ဝန်းကျင် ရှိကြတယ်။ ၅၀၀၀ ဝန်းကျင်မှာ အကောင်းပကတိနဲ့ ပြန်ထွက်လာနိုင်တဲ့သူက ၂၀၀၀ ဝန်းကျင်လောက်ပဲ ရှိမယ်။အလွန်ဆုံး ၅၀ ရာခိုင်နှုန်းလောက်က အပတ်စဉ် ၁ ဟာ သေဆုံးသွားတယ်၊ ပြီးရင် ထွက်ပြေးသွားတာလည်း ရှိတာပေါ့။ အဲဒီလိုမျိုး ပြုန်းတီးဖြစ်သွားတယ်လို့ ကျွန်တော်တို့က တွက်ဆလို့ ရပါတယ်”လို့ ဆိုပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၁ အတွက် ကယားပြည်နယ်မှာ ၆၀၀ လောက် ခေါ်ယူခဲ့တာဖြစ်လို့ အခုအခါ သတ်မှတ်ကာလပြီးမြောက်အောင် တာဝန်ထမ်းဆောင်ခဲ့သူ ၃၈၅ ဦးကိုသာ ဂုဏ်ပြုအခမ်းအနား ကျင်းပခဲ့တာ ဖြစ်လို့ သုံးပုံတစ်ပုံဟာ စစ်မြေပြင်မှာ ကျဆုံးခဲ့ရတဲ့ အနေအထားမျိုးလို့ သူက ဆက်ပြောပါတယ်။

နွေဦးတော်လှန်ရေးကို အရှိန်တင်ပေးခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် တပ်အင်အားများစွာ ပြုန်းတီးခဲ့ရတဲ့ စစ်တပ်အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ အသက်သွင်းခဲ့တာပါ။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းအပတ်စဉ် ၁ အတွက် နိုင်ငံတဝန်းမှာ လူငယ် ၄၃၀၀ ကျော်ကို စစ်သားစုဆောင်းပြီး သင်တန်းကျောင်း ၁၅ ကျောင်းသို့ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် ၂၃ အထိ ဖွင့်လှစ်လာနေပြီး တပ်အင်အား တစ်သိန်းကျော်အထိ ရရှိထားတာပါ။ တပ်သားအဖြစ် စုဆောင်းခံရသူတွေကိုတော့ အခြေခံစစ်သင်တန်းကျောင်းတွေမှာ တစ်လကျော်လောက် တက်ရောက်စေခဲ့ပြီး အဲဒီကနေ ‌ရှေ့တန်းစစ်မြေပြင်ကို စေလွှတ်တာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် လူငယ်တွေဟာ အင်အားအလုံးအရင်းနဲ့ ပြည်ပနိုင်ငံတွေကို လမ်းကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာလာနေကြသလို စစ်ကော်မရှင်ကလည်း ဥပဒေတွေ အမိန့်ညွန်ကြားချက်တွေနဲ့ ပြည်ပထွက်ခွာခွင့်တွေကို တားမြစ်ပိတ်ပင်ဖို့ ကြိုးပမ်းနေတာပါ။

စစ်မှုထမ်းဥပဒေအရ အမျိုးသားဖြစ်ရင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဖြစ်ရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း မဖြစ်မနေ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာပါ။ နည်းဥပဒေအရလည်း စစ်မှုထမ်းအကျုံးဝင်သူတွေကို ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့် ပိတ်ပင်ထားပါသေးတယ်။

ဓာတ်ပုံ-MOI
#TLT
#HlaingInfo
👏32😁136🤬6👍4🔥1😢1
ကလေး အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ချင်းလူမျိုးအပါအဝင် ၅ ဦး လွတ်ရက်စေ့ဖြင့် ပြန်လွတ်

ဧပြီလ ၈ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်တွင် အကျဥ်းကျနေသည့် ချင်းလူမျိုး လေးဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ငါးဦး လွတ်ရက်စေ့ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း ထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ လွတ်မြောက်လာသူများသည် တမူးမြို့နယ်၊ ခမ်းပတ်မြို့မှ ချင်းအမျိုးသမီးနှစ်ဦး၊ ချင်းအမျိုးသား နှစ်ဦး အပါအဝင် စုစုပေါင်း ငါးဦးတို့ဖြစ်ပြီး ၎င်းတို့သည် ဧပြီလ ၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

"လွတ်လာကြတဲ့အထဲမှာ အမျိုးသမီး နှစ်ယောက်၊ အမျိုးသား သုံးယောက်ပါတယ်။ သူတို့က လွတ်ရက်စေ့လို့ ကလေးအကျဥ်းထောင်ကနေ ပြန်လည်လွတ်လာကြတာပါ။ အားလုံး ကိုယ့်အိမ်အသီးသီးကို ပြန်ရောက်ကြပါပြီ" ၎င်းမိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်

လွတ်မြောက်လာကြသူများသည် ၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ငါးနှစ်စီ အသီးသီး ချမှတ်ခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

“သူတို့လွတ်မြောက်လာကြတာက အထူးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ကြတာ မဟုတ်ဘူး။ အကျဥ်းထောာင်ရဲ့ လုပ်ထုံးလုပ်နည်းအရ ပုံမှန်လျှော့ရက်ကြောင့်နဲ့ ဥပဒေအရ ခံစားခွင့်ရရှိတဲ့ လွတ်ရက်စေ့ကာလနဲ့ ကိုက်ညီလို့ အခုလို အမြန်လွတ်လာကြတာပါ"ဟု ကလေးအကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြန်လည်လွတ်မြောက်လာသူများသည် အသက် ၂၀ ကျော် အရွယ်နှင့် ၃၀ ဝန်းကျင်အရွယ်ရှိသူများဖြစ်ကြသည်။

မော်လိုက်အကျဉ်းထောင်တွင် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်၍ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည့် အမျိုးသား ၄၀၀ ကျော်နှင့် အမျိုးသမီး ၁၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

#AYAT
#HlaingInfo
39👍27🥰2🔥1
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နဲ့ မြို့နယ်တရားသူကြီးတွေ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

ဧပြီလ ၈ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနန နဲ့ မြို့နယ်တရားသူကြီးတွေ တွေ့ဆုံဆွေးနွေးပွဲ အမှတ်စဉ်(၂/၂၀၂၆) ကို ဧပြီ ၄ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါ်မေပိုး က “တရားရုံးများအနေဖြင့် မိမိတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ပြန်လည်သုံးသပ်ပြီး ပြုပြင်ကြရန် အချိန်တန်လာပြီဖြစ်ကြောင်း၊ နောက်ပိုင်းကာလများမှာ ဖက်ဒရယ်ယူနစ်အလိုက် တရားရုံးများ ခွဲဝေကျင့်သုံးကြရာမှာ ရုံးတစ်ရုံးစီရဲ့ အရည်အချင်းများအပေါ်လိုက်ပြီး ခွဲဝေကျင့် သုံးမယ့် အခြေအနေများ ရှိလာနိုင်ကြောင်း၊ ဒါကြောင့် ရုံးတိုင်းရုံးတိုင်းရှိ တရားသူကြီးများအနေဖြင့် သတ်မှတ်အရည်အချင်းများနဲ့ ပြည့်စုံမှုများရှိစေချင်ကြောင်း၊ မိမိတို့အထဲမှာလည်း လက် ရှိရာထူး များမှာ ရပ်တန့်မနေဘဲ အဆင့် မြင့်ရာထူးများမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်မယ့် အခြေအ နေများရှိလာမှာဖြစ်ရာ ပိုမိုကြိုးစား အားထုတ်ရန်လိုကြောင်း၊ ပလဖ နဲ့ PDF တပ်ရင်းများမှ စွဲဆိုလာတဲ့ အမှုများရှိပါက ချက်ချင်းလက်ခံ ဆောင်ရွက်ခြင်းများမပြုရန် သတိချပ်စေလိုကြောင်း၊ စစ်ဖက်အရပ်ဖက်ဆိုင်ရာ မှုခင်းများရှိလာပါက ကာကွယ်ရေးဝန်ကြီးဌာနထံ အကြောင်းကြားနိုင်ရန် အတွက် သက်ဆိုင်ရာမြို့နယ်ပလဖ၊ ပကဖများနဲ့ ချိတ်ဆက်ပြီး ဝန်ကြီးဌာနကို တင်ပြရန်လိုကြောင်း၊ ဥပဒေအထက်မှာ မည်သူမျှမရှိစေရဆိုတဲ့ စကား နဲ့ အညီ ဥပဒေကို လေးစားလိုက်နာပြီး ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မှသာ အများယုံကြည်ကိုးစားတဲ့ တရားရုံးများပေါ်လာပြီး အများ ယုံကြည်ကိုးစားတဲ့ တရားသူကြီးများဖြစ်လာစေရေး ကြိုးစားကြရန်”အတွက် တိုက်တွန်းပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး မြို့နယ်တရားသူကြီးတွေ မေးမြန်းလာတဲ့ မေးခွန်းများအား ဦးစီးဌာမှ ညွှန်ကြားရေးမှူးချုပ်နဲ့ ညွှန်ကြားရေးမှူးတွေက အသီးသီးပြန်လည် ဖြေကြားပေးခဲ့ကြပါတယ်။
အဲဒီနောက် အစည်းအဝေး ဆွေးနွေးချက်များအပေါ် ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုး က အစည်းအဝေး ဆုံးဖြတ်ချက်များ နဲ့ ရှေ့လုပ်ငန်းစဉ်များ ချမှတ်အတည်ပြုပေးခဲ့ပါတယ်။

အစည်းအဝေးကို ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုး၊ ပြစ်မှုနှင့်တရားမတရားစီရင်ရေးဌာန ညွှန်ကြားရေးမှူး  ဦးကျော်စိုး၊ ဥပဒေလုပ်ထုံးလုပ်နည်း ဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်၊ ရုံးအဖွဲ့မှူးဒေါ်ရွှေနွယ်ရိုး၊ ဦးစီးဌာနမှဝန်ထမ်းများနဲ့ မြို့နယ်တရားရုံး(၃၃) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြတယ် လို့ တရားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။

#PVTV
#HlaingInfo
45👍17🔥1🥰1😁1
"နိုင်ငံရေးပရိယာယ်၊ 
နိုင်ငံရေးပရိယာယ်ဆိုပြီး
ပြောတဲ့ဟာလေးတွေ ရှိ  တယ်။

နိုင်ငံရေးပရိယာယ်ဆိုတာ  တကယ်သေသေချာချာ
ပြန်ကြည့်လိုက်တော့
ကလိမ်ကကျစ်လုပ်တာ  ချည်းပဲ။

ဒီနိုင်ငံရေးပရိယာယ်ဆိုတာ
လည်း အထင်မကြီးနဲ့။
ပရိယာယ်ဆိုတဲ့စကားလုံးကို 
ကျမ မကြိုက်ဘူး။

မှန်မှန်ကန်ကန်လုပ်နိုင်ရ မယ်။

မှန်တာကိုလုပ်တယ်ဆိုရင်
ဘာကိုမဆို ရင်ဆိုင်ရဲရမယ်။   

ဘယ်လိုပြဿနာကိုမဆို
ရင်ဆိုင်ရဲရမယ်။
ကိုယ့်ကိုထိပါးလာရင်လည်း
ခံနိုင်ရည်ရှိရမယ်။

မှန်မှန်ကန်ကန်ပဲ လုပ်ပါ။

နိုင်ငံရေးဆိုတာဟာ တကယ်တော့ အများအကျိုးအတွက် လုပ်တဲ့ကိစ္စပဲ


     ဒေါ်အောင်ဆန်းစုကြည်

နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို
https://t.me/infohlaing အဖွဲ့သားများမှ တင်ပေးလျှက်ရှိပါသည်ရှင့်။

#HlaingInfo
92👍16🥰3🔥1😁1
မင်းပြား ပုလဲတောင် အနီးတစ်ဝိုက် ဗုံးကြဲခံရ၊ ထိခိုက်မှုကို မသိရသေး

ဧပြီလ ၈ ရက်

ရခိုင်ပြည် မင်းပြားမြို့နယ် ပုလဲတောင်ကျေးရွာနှင့် အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်ကောင်စီက ယနေ့ ဧပြီလ ၈ ရက် နံနက်ပိုင်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ ကနဦး သတင်းရရှိသည်။

ယနေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာ လေယာဉ်နှင့် Y12 လေယာဉ် အနည်းဆုံး ၄ စီးဖြင့် ဗုံးအလုံး ၃၀ ထက်မနည်း ကြဲချခဲ့ကြောင်း မင်းပြားဒေသခံတစ်ဦးက ပြောသည်။

"ကျနော်တို့ ကြားတာက မင်းပြား ပုလဲတောင်ဘက်လို့ သိရပါတယ်။ အနည်းဆုံး လေယာဉ် ၄ စီးလောက်နဲ့ ဗုံးအလုံး ၃၀ ထက်နမည်း ကြဲချသွားတယ်လို့ သိရတယ်။ ဒီနေ့ မနက် ၈ နာရီခွဲလောက်ကပါ။ ပေါက်ကွဲသံတွေကို မင်းပြား၊ မြောက်ဦးမြို့ဘက်တွေကပါ ကြားရတယ်။ တော်တော် ပြင်းထန်ပါတယ်။ ထိခိုက်မှုတွေတော့ ရှိနိုင်ပါတယ်။ အတိအကျ အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါ” ဟု ပြောသည်။

အာရက္ခတပ်တော် AA ဗိုလ်မှူးကြီး ဒေါင်းရံကလည်း မင်းပြားဘက်ကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် Y12 လေယာဉ်တို့ဖြင့် ဗုံးကြဲခဲ့ကြောင်း အတည်ပြုထားပြီး မြို့/ရွာအားလုံး လေကြောင်းသတိပြုကြရန် အသိပေး တိုက်တွန်းထားသည်။

နောက်ထပ် မင်းပြားဒေသခံတစ်ဦးက "လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ကြားလို့ လေးမြို့မြစ်ကမ်းဘက်မှ ရွာတွေက ပြည်သူတွေဟာ အရမ်းစိုးရိမ်နေကြပါတယ်။ ဘေးလွတ်ကင်းရာကို ထွက်ပြေးပုန်းရှောင်နေရသလို ဗုံးခိုကျင်းတွေမှာ ပုန်းနေရပါတယ်” ဟု ပြောသည်။

အကြမ်းဖက် စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာများကို ဦးတည်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

"အကြမ်းဖက် စစ်ကောင်စီရဲ့ ယုတ်မာချက်ကို ပြောစရာ စကားမရှိလောက်အောင် ရွံရှာဖို့ ကောင်းပါတယ်။ စစ်ပွဲမရှိတဲ့ မြို့ရွာတွေကို လေကြောင်းဗုံးကြဲတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာဟာ မဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာပါ။ ဒါကို ကမ္ဘာကြီးက လက်ပစ်ကြည့်နေကြတယ်။ အကြမ်းဖက် ရာဇဝတ်ကောင်တွေကို အမြန်ဆုံး နှိမ်နင်းပေးဖို့ တောင်းဆိုပါတယ်” ဟု ရခိုင်ပြည်သူတစ်ဦးက ပြောသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လွှဲအပ်ခဲ့သော တပ်ချုပ်သစ် အကြမ်းဖက် ခေါင်းဆောင် ရဲဝင်းဦးက ပထမဆုံးသော အစုလိုက်အပြုံလိုက်၊ မိသားစုလိုက် သတ်ဖြတ်မှုကို ရခိုင်ပြည်တွင် ကျူးလွန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည် သံတွဲမြို့နယ် ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်ရင်းဟောင်း ခလရ ၅၅ တပ်ရင်းကို အကြမ်းဖက် မြန်မာစစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုတွင် ခလရ ၅၅ တပ်ရင်းအနီး နေထိုင်နေသော ကလေးငယ်များ အပါအဝင် ၄ ဦး စစ်ဘေးရှောင်မိသားစု တစ်စုလုံး နေရာမှာပင် သေဆုံးသွားခဲ့ရသည်။

အကြမ်းဖက် မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်သစ် ရဲဝင်းဦး၏ ပထမဆုံး ကျူးလွန်သော အစုလိုက်အပြုံလိုက် မိသားစုလိုက် သတ်ဖြတ်မှုဖြစ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။

အကြမ်းဖက်သမား ရဲဝင်းဦးကြောင့် အပြစ်မဲ့အရပ်သား မိသားစု တစ်စုလုံးမှာ နေရာမှာပင် သေဆုံးခဲ့ကြသည့်အပြင် နောက်ထပ်ကလေး ၂ ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

အကြမ်းဖက် စစ်တပ်မှ သူရဲဘောကြောင်၊ အောက်တန်းကျစွာ ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာသောကြောင့် ရခိုင်ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိရှိကြရန် AA က အသိပေးထားသည်။

#WN
#HlaingInfo
🤬29👎2210😢5👍1🔥1👏1
စစ်အာဏာသိမ်း (၁၈၉၂)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၆၆) ဦးအထိရှိလာ

ဧပြီလ ၈ ရက်

AAPP ရဲ့ ဧပြီ၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၉၂) ရက်အတွင်း ပြည်သူ (၇၉၆၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၈၂၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာသူကတော့ (၈၅၉၇)ဦး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

ကိုးကား - AAPP
#TLT
#HlaingInfo
😢28🤬14👍42👎1🔥1
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ကျဉ်းဟောင်း ကိုဘိုဘို ကွယ်လွန်

ဧပြီလ ၈ ရက်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

လူထုခေါင်းဆောင်ရဲ့လုံခြုံရေးတာဝန်နဲ့ အဖွဲ့ချုပ် သတင်းဓါတ်ပုံများစွာရိုက်ကူးခဲ့တဲ့ နိုင်ကျဥ်းဟောင်း အသက်(၅၇)နှစ်အရွယ် ကိုမျိုးဇော်သိန်းဟာ မနေ့က ဧပြီ ၇ ရက် ညနေ ၆ နာရီ ၇မိနစ်မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပဆေးရုံမှာ အသည်းရောဂါကြောင့် ဆေးကုသနေရင်း ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ကိုမျိုးဇော်သိန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် ပါတီညီလာခံမှာ ဗဟိုသတင်းနဲ့ ပြန်ကြားရေးအဖွဲ့ရဲ့ ရုံးအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သလို၊ ပါတီရဲ့ သမိုင်းဝင် သတင်းဓာတ်ပုံများစွာကိုလည်း မှတ်တမ်းတင် ရိုက်ကူးခဲ့သူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ကိုမျိုးဇော်သိန်းဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး ၉၀ ပြည့်လွန်နှစ်များအတွင်း အကျဉ်းထောင်အတွင်း ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတဲ့ နိုင်ကျဉ်းဟောင်းတစ်ဦးလည်း ဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ကိုမျိုးဇော်သိန်းအား ဒီမိုကရေစီအရေး တိုက်ပွဲဝင်ခဲ့တဲ့ ၎င်းရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ မိတ်ဆွေများက နှမြောတသဖြစ်လျက် ရှိကြပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက "အရမ်းကိုခက်ခဲကြမ်းတမ်းတဲ့၉၀လွန်နှစ်တွေကထောင်တွင်းနေထိုင်မှုဘဝကို ရယ်မောနောက်ပြောင်ရင်း ကျော်ဖြတ်ခဲ့တာတွေကိုပြန်အမှတ်ရမိပါတယ်။စိတ်မကောင်းဘူးဗျာ။ကိုဘိုဘိုတစ်ယောက်ကောင်းရာမွန်ရာဘဝမှာအေးချမ်းစွာနားခိုပါစေ။"လို့ လူမှုကွန်ရက်မှာ ရေးသားကာ ဝမ်းနည်းစကားဆိုထားပါတယ်။

ကိုမျိုးဇော်သိန်းရဲ့ ရုပ်အလောင်းကို လာမယ့် ဧပြီ ၁၁ ရက် စနေနေ့မှာ ရေဝေးသုသာန်၌ သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရပါတယ်။

(ကွယ်လွန်သူ ကိုမျိုးဇော်သိန်းအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
#LNO
#HlaingInfo
😢1027👏2
နိုင်ငံတစ်ဝန်းမှ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးများကို သက်ဆိုင်ရာမြို့နယ်ဥက္ကဋ္ဌ ထွေ/အုပ်မှ အုပ်ချုပ်ရေးမှူး အရာရှိများက မလွန်ဆန်ရဲဘဲ ကြောက်နေရ

ဧပြီလ ၈ ရက်

မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များတွင် အဖွဲ့ဝင်များ အဖြစ် တာဝန်ယူထားသည့် စစ်တပ်မှ ဗိုလ်မှူးများက သက်ဆိုင်ရာ မြို့နယ်လုံခြုံရေးနှင့်အုပ်ချုပ်ရေးခေါင်းဆောင် များဖြစ်လာပြီး သက်ဆိုင်ရာမြို့နယ်ဥက္ကဋ္ဌ ထွေ/အုပ်အုပ်ချုပ်ရေးမှူးအရာရှိများက မလွန် ဆန်ရဲဘဲ ကြောက်နေရကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များတွင် ဥက္ကဋ္ဌအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိများက အုပ်ချုပ်ရေးမှူးများအဖြစ် တာဝန်ယူပြီး စစ်တပ်ဘက်မှ ဗိုလ်မှူးများက အဖွဲ့ဝင်များ အဖြစ် ပါဝင်ရကြောင်း ၊ သို့ရာတွင် ထွေ/အုပ် အရာရှိများက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ ဥက္ကဋ္ဌများဖြစ်သော်လည်း စစ်တပ်ဘက်မှ ဗိုလ်မှူးများကို အရာရာ အသိပေးကာ ကြောက်လန့်နေရခြင်းဖြစ်သည်ဟု သိရှိရသည်။

ယင်းအပြင် အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးများက မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ Focal ခေါင်းဆောင်များအဖြစ် တရားဝင်အာဏာရယူလာကြောင်း၊ စစ်မှုထမ်းဆင့်ခေါ်ရေးတွင် ဗိုလ်မှူးများ ရှေ့တန်းရောက်လာကြောင်း၊ ယခင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များတွင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သော်လည်း၊ ယခုအခါတွင်မူ စစ်တပ်မှခန့်အပ်ထားသည့် အဖွဲ့ဝင် ဗိုလ်မှူးများသာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အဓိကခေါင်းဆောင်များအဖြစ် တာဝန်ယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။

"ထွေ/အုပ်အုပ်ချုပ်ရေးမှူးတွေက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှာ ဥက္ကဋ္ဌဆိုပေမယ့် တကယ် တမ်း လုံခြုံရေးနဲ့ စစ်မှုထမ်းကိစ္စတွေမှာ ဗိုလ်မှူးတွေကို ကျော်လွန်လို့မရဘူး။ ဗိုလ်မှူးတွေက Focal ခေါင်းဆောင်တွေ ဖြစ်ကုန်တာကြောင့် ထွေ/အုပ်အရာရှိတွေက သူတို့ကို မလွန် ဆန်ရဲဘဲ ကြောက်နေရတဲ့ အခြေအနေဖြစ်နေတာ" ဟု ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီ၏ ညွှန်ကြားချက်အမှတ် (၄/၂၀၂၅) အရ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များအားလုံးတွင် စစ်တပ်ကိုယ်စားလှယ် (၁) ဦးကို မဖြစ်မနေ ထည့်သွင်းဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသည်။

အဆိုပါ ညွှန်ကြားချက်ကြောင့် နိုင်ငံတစ်ဝန်းရှိ မြို့နယ်အုပ်ချုပ်ရေးယန္တရားများတွင် နယ် မြေခံ ဗိုလ်မှူးသစ်များက တရားဝင်အုပ်ချုပ်ရေးအရာရှိများအဖြစ် အဓိကအခရာကျသော နေရာများကို ရယူထားကြသည်။

လက်ရှိဖွဲ့စည်းထားသော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များတွင် အဖွဲ့ဝင် (၇) ဦး ပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး (ထွေ/အုပ်)၊ အဖွဲ့ဝင် ၁ အဖြစ် စစ်တပ်ကိုယ်စားလှယ် ဗိုလ်မှူး ၁ ဦး၊ အဖွဲ့ဝင်များအဖြစ် စီမံကိန်းဦးစီးမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်လ၀ကဦးစီးမှူးနှင့် ဥက္ကဋ္ဌမှ တာဝန်ပေးသူ တစ်ဦး၊ အတွင်းရေးမှူးအဖြစ် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က တာဝန်ယူရန် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် အမည်ခံထားသော်လည်း လက်တွေ့တွင် စစ်တပ်မှ စေလွှတ်ထားသည့် ဗိုလ်မှူးများကသာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအားလုံးကို ခြယ်လှယ်အုပ်ချုပ်နေခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစတင်၍ ယနေ့အထိ စစ်တပ်သည် ဗိုလ်မှူးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များအဖြစ် ခန့်အပ်ကာ အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လွှတ်တော်တက်ရောက်နေသည့် စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးများအပါအဝင် စစ်အရာရှိများ။
#KTM
#HlaingInfo
😁48🤬123👍1👎1
မြစ်ကြီးနားတွင် ဆီဂိုဒေါင်ခြံဝန်းမီးလောင်မှုဖြစ်ပွား

ဧပြီလ ၈ ရက်

မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ ဆီဂို‌ဒေါင်ရှိခြံဝန်းတစ်ခုတွင် ယနေ့နံနက် ၈ နာရီခန့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွှေစက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဘုန်းကြီးကျောင်းအနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

"ဘယ်လိုစလောင်လဲတော့မသိဘူး အခု (၁၀ နာရီခန့်) ချိန်ထိလောင်နေတယ်။ အဲ့နေရာ ဆီလှောင်ထားတာတော့သိတယ် ဆီဂိုဒေါင်လိုလုပ်ထားတာ" ဟု ပြောသည်။

နံနက် ဆယ်နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ပစ္စည်းသိုလှောင်ထားသည့် အဆောက်အဦးတစ်လုံးနှင့် ဆီဘောက်ဆာများအပါအဝင် ကားများမီးလောင်ပျက်စီးကြောင်း ကနဦးသိရသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေအသေးစိတ်ကို မသိရှိရသေးပါ။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင်လည်း အေးမြသာယာရပ်ကွက်တွင် သံနှင့် ဗူးခွံအဟောင်းများ ရောင်းဝယ်သည့်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုံ - ၂၀၂၆ ဧပြီ ၈ ရက်နေ့ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာကိုတွေ့ရစဉ်
#T74M
#HlaingInfo
👍32🔥6😱54😢1
၀တပ်ဖွဲ့ ဌာနချုပ် ပန်ဆန်းမြို့ပြင်မှာ ယမ်းသို​လှောင်ထားတဲ့စက်ရုံ မီးလောင်ပေါက်ကွဲ သေဆုံးထိခိုက်များပြား

ဧပြီလ ၈ ရက်

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)ဌာနချုပ်ပန်ဆန်း(ပန်ခမ်း)မြို့အပြင် ၊​ယောင်းပတ်းရွာမှာ တရုတ်နိုင်ငံသားပိုင် ယမ်းချက်စက်ရုံ မီးလောင်ပေါက်ကွဲပြီး သေဆုံးထိခိုက်သူများပြားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ပန်ဆန်းမြို့၊ယောင်းပန်းရွာ ကျေးရွာမှာရှိတဲ့  အဲဒီယမ်းချက်စက်ရုံဟာ မနေ့က ဧပြီ ၇ရက်နေ့ ညနေပိုင်း ၃နာရီခန့်မှာ ကျယ်လောင်တဲ့ပေါက်ကွဲသံတွေနဲ့အတူမီးလောင်တာလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူကပြောပါတယ်။

"လောလောဆယ်ကျတော်တို့ဆီသတင်းရောက်တာ ၁၀၀ကျော်ပေါ့။ ဒါပေမယ့် များတယ်ဗျ။ ၁၇၀ မကဘူး။ ဝရဲတပ်ဖွဲ့ဘက်ကိုတော့ သေချာ မေးနေတယ်။ ဒီဖြစ်စဉ်က တော်တော်လေး အထိ
အခိုက်များတယ်"လို့ အဲဒီသတင်းမြစ်ကပြောပါတယ်။

ဒီကနေ့ (ဧပြီ ၈)အထိ ကယ်ဆယ်ရေး လုပ်နေရဆဲဖြစိတယ်လို့ အခြား​ဒေသခံတဦးကလည်း​ပြောပါတယ်။

“ယမ်းသိုလှောင်ထားတဲ့ စက်ရုံတခုလို့ သိရပါတယ်။ပန်ဆန်း မြို့ပြင်မှာဖြစ်ပွားခဲ့တာပါ။ မိုးတွေ
ရွာတော့ မီးလောင်တာ ကို ထိန်းနိုင်ခဲ့ပါတယ်။” လို့ အခြားဒေသခံတဦးကလည်းပြောပါတယ်။

မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေ
အတွက် အသေးစိတ် မသိရသေးပေမယ့် ထိခိုက်သူ ၆၀ ကျော်ရှိတယ်လို့ သူကဆက်ပြောပါတယ်။

“လက်ရှိ အချိန်ထိတော့ ထိခိုက်သေဆုံးသူစာရင်း အတိအကျ မသိရသေးပါဘူး။ ထိခိုက်သူ ၆၀ ကျော် ဝန်းကျင်လို့တော့ သိထားရပါတယ်။ သေ
ဆုံးသူကတော့ မသိရသေးပါဘူး။ စက်ရုံတခုလုံးပျက်စီးသွားတာ တွေ့ရတယ်။ ဘာကြောင့် ဘယ်
လိုဆိုတာ မျိုးတော့ မသိရဘူး။ အခုတော့ ကယ်
ဆယ်ရေးတွေ လုပ်နေပါတယ်” လို့ အထက်ပါဒေသခံကပြောပါတယ်။

ပိုင်ရှင်က တရုတ်နိုင်ငံသားဖြစ်ပြီး စက်ရုံမန်နေဂျာဖြစ်တဲ့ တရုတ်နိုင်ငံသားတစ်ဦးကို ဝရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့သိရပါတယ်။

ဒေသခံပြသတဲ့ရုပ်သံထဲမှာ ​အပျက်အစီးများလှတဲ့ပေါက်ကွဲမှုဖြစ်တဲ့နေရာနဲ့  ၀တပ်ဖွဲ့ တာဝန်ရှိသူအချို့သွား​ရောက်ကြည့်ရှူ​နေတာတွေကို တွေ့ရပါတယ်။

ယမ်းချက်စက်ရုံမီးလောင်ပေါက်ကွဲမှုမှာ သေဆုံးသူ ၁၆၀ခန့် ရှိနိုင်တယ်လို့ ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပြီး ဝဒေသတင်းတွေကို ရေးသားနေတဲ့ Wa Land Newsက‌တော့ သေဆုံးသူ၆၀ခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၀တပ်ဖွဲ့ ပြင်ပဆက်ဆံရေးရုံးတာဝန်ရှိသူ တဦးဖြစ်တဲ့  ဦးညီးရန်းထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့နယ်မြေချင်းထိစပ်နေတဲ့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ  တရုတ်နိုင်ငံသားတွေနဲ့ပတ်သက်နေတဲ့ ယမ်းချက်လုပ်ငန်းတွေ၊ သတ္တုတူးဖော် ရေးလုပ်ငန်းတွေအပြင် ကျားဖြန့်နဲ့ လောင်းကစားလုပ်ငန်းတွေလည်းရှိနေပါတယ်။

၀တပ်ဖွဲ့ အနေနဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးတာ၊ တရုတ်နိုင်ငံသားတွေကို တရုတ်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးတာ တွေလည်း ပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်တာတွေလည်းရှိပါတယ်။

#LNO
#HlaingInfo
👍558👏7🔥5
မြန်မာရွှေပြောင်းအခြေချသူ ၃၅ ဦးနဲ့
လက်ခံထားတဲ့ အိမ်ရှင်ကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ဧပြီလ ၈ ရက်

တရားမဝင်ရွှေ့ပြောင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာ ၃၅ဦးနဲ့သူတို့ကို လက်ခံထားတဲ့ မြန်မာအိမ်ရှင်ကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၅ ရက်နေ့က ထိုင်းရဲ့ အမှတ် ၆ အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့ဟာ တိုင်ကြားချက်တွေအရ ကန်ချနာဘူရီ ပြည်နယ်ရဲ့ မွမ်ခရိုင်၊ ပက်ခ်ဖရာရက်ခ်မှာ ရှိနေတဲ့ အိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်း ရှာ
ဖွေခဲ့ပါတယ်။အိမ်တစ်လုံးမှာတရားမဝင် ရွှေ့
ပြောင်း အခြေချ နိုင်ငံခြားသားတွေ အများအပြား စုဝေးပြီးပုန်းအောင်းနေတယ်ဆိုတဲ့တိုင်ကြားချက်တွေကိုလက်ခံရရှိခဲ့လို့အခုစစ်ဆင်ရေးကို အကောင်အထည် ဖော်ခဲ့တာလို့ ရဲတွေကပြောပါတယ်။

ရဲတွေနဲ့အတူ လူဝင်မှု ကြီးကြပ်ရေး၊လုံခြုံရေး၊ စစ်ထောက်လှမ်းရေး ဌာနတွေရဲ့ အရာရှိတွေပါ အဲဒီ စီးနင်းမှုမှာ ပါဝင်ခဲ့ကြပါတယ်။

အိမ်ထဲမှာတော့ နိုင်ငံခြားသား ၃၅ ဦးကို ရှာတွေ့ခဲ့ပြီး တစ်ယောက်မှထိုင်းလိုမပြောတတ်သလို ဘယ်သူကမှလည်းတရားဝင်စာရွက်စာတမ်း အထောက်
အထားတွေ မပြသနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အိမ်ကိုထိန်းသိမ်းထားသူ အသက် ၄၅ နှစ်အရွယ် ဦးမင်းဦးကအဲဒီအဖွဲ့ဟာဧပြီ ၃ ရက်မှာ ဘန်
ကောက်ကို ရောက်လာပြီး မလေးရှားဆီ ခရီးဆက်ဖို့ ရည်ရွယ်ထားကြောင်း ရဲတွေဆီ ဝန်ခံခဲ့ပါတယ်။ Bangkok Post သတင်းစာကတော့ ဦးမင်းဦးကို ဒေသခံ တစ်ဦးလို့ ဖော်ပြထားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဦးမင်းဦးဟာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေကို လက်ခံထားမှု၊ တခြားသူတွေကတော့ တရားမဝင် ဝင်ရောက်လာမှုတွေအတွက် အသီးသီး စွဲချက်တင်ခံရမယ်လို့လည်း သိရပါတယ်။

ကိုးကား- Bangkok Post
ဓါတ်ပုံ-Bankok Post
#LNO
#HlaingInfo
🤬37😢109👍4👎3
မင်းပြားမြို့နယ်သို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်

ဧပြီလ ၈ ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းကို အကြမ်းဖက် စစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်း မင်းပြားမြို့နယ်၊ လေးမြို့မြစ် အရှေ့ဘက် အခြမ်းရှိကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၁၀ လုံးကျော်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက် ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု အခြေအနေများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ လေယာဉ်များသည် ဆက်လက်ဝဲပျံနေဆဲဖြစ်သောကြောင့် ပြည်သူများ ထပ်မံဗုံးကျဲခံရမည့်ကို စိုးရိမ်ထိတ်လန့်နေကြရပြီး ဘေးလွတ်ရာထွက်ပြေးနေကြရကြောင်း သိရရှိသည်။

"စစ်ခွေးတွေ ဗုံးလာကျဲသွားတယ်။ အဖြစ်အပျက်က မှန်တယ်။ ထိခိုက်ဒဏ်ရာ ရတာတော့ မသိရသေးဘူး။ စစ်လေယာဉ်တွေက လေးမြို့မြစ် အရှေ့ဘက် အခြမ်းကို တောက်လျောက် ပစ်ခဲ့တယ်လို့ သိရတယ်။ ဘာစစ်ပွဲမှ မရှိဘူး"ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့ကလည်းစစ်တပ်က သံတွဲမြိုနယ်ကို တိုက်လေယာဉ် ၄ စီးဖြင့် ဗုံးကျဲချခဲ့ရာ ကလေး ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦးသေဆုံးခဲ့ရသည်။

ထို့အတူ မတ်လ ၂၉ ရက်နေ့၊ စစ်တပ်က ပလက်ဝမြို့နယ်အတွင်းရှိ "ကြောင်ချောင်းကျေး ရွာ" ကို တိုက်လေယာဉ် ၂ စီး ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ကြောင်ချောင်းကျေးရွာမှ အသက် ၁၆ နှစ်အောက် ကလေး ၄ ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၇ ဦးသေဆုံးခဲ့ရသည်။

#KTM
#HlaingInfo
🤬64👏43👎1😢1