Hlaing Info
55.2K subscribers
141K photos
5.85K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
တောင်ကုတ်တွင် ရွှေခိုးယူသည့် အမျိုးသမီး ၁ ဦးကို AA ဖမ်းဆီး

ဧပြီလ ၇ ရက်

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် ရွှေထည်ပစ္စည်းများ ခိုးယူထားသည့် အမျိုးသမီး ၁ ဦးကို ခိုးရာပါပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း အာရက္ခတပ်တော် AA ရဲတပ်ဖွဲ့ (ဒီလပ်ဌာန)မှ ယနေ့ ဧပြီလ ၇ ရက်တွင် ထုတ်ပြန်သည်။

တန်းလွဲရွာမနေ ဒေါ်လှလှအေးနေအိမ်မှ တန်းလွဲရွာမ အမှတ် ၁ ရပ်ကွက်နေ အသက် ၂၀ အရွယ် ဒေါ်မိပြုံးချို ဆိုသူက ရွှေထည်များ ခိုးယူခဲ့ကြောင်း သိရသည်။

ခိုးယူခံရသော ရွှေထည်များမှာ ၁၅ ပဲရည် ၃ ပဲ ကျော် ရွှေဆွဲကြိုးတစ်ပင်၊ ၉ ပဲကျော် ရွှေဆွဲကြိုး တစ်ပင်နှင့် ၄ ပဲခန့်ရှိ လက်ကောက် ၃ ကွင်း ဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ နီးပါး ရှိကြောင်း ဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က ဒေါ်လှလှအေးမှာ ရွာထဲရှိ ရှင်ပြုပွဲသို့ သွားရောက်သည့်အချိန်တွင် ဒေါ်မိပြုံးချိုက နေအိမ်ထဲသို့ ဝင်ရောက် ခိုးယူသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်လှလှအေး တိုင်တန်းချက်အရ အာရက္ခတပ်တော် AA ရဲတပ်ဖွဲ့ဝင်များမှာ တရားခံအား စုံစမ်းရှာဖွေပြီးနောက် ဒေါ်မိပြုံးချိုကို ခိုးရာပါ ရွှေထည်ပစ္စည်းများနှင့်အတူ မတ်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ရွှေထည်ပစ္စည်းများ ခိုးယူမှုဖြင့် ဒေါ်မိပြုံးချိုကို ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အာရက္ခတပ်တော် ရဲတပ်ဖွဲ့ (ဒီလပ်ဌာန) က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်အတွင်းမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ သုံးလအတွင်း ပစ္စည်း ခိုးယူမှု အမှုပေါင်း ၇၀ ရှိခဲ့ကြောင်း အာရက္ခတပ်တော် ရဲတပ်ဖွဲ့က ဆိုသည်။

သူတစ်ပါး ပစ္စည်းများအား ခိုးယူခြင်းသည် ကြီးလေးသော ပြစ်ဒဏ် ကျခံရနိုင်ပြီး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်ပါ ကျခံရနိုင်ကြောင်းလည်း အာရက္ခတပ်တော် ရဲတပ်ဖွဲ့က သတိပေးထားသည်။

ရခိုင်ပြည်အတွင်း လက်ရှိအခြေအနေ အကျပ်အတည်းများကြောင့် ဒေသခံပြည်သူများမှာ စားဝတ်နေရေး အခက်အခဲ အမျိုးမျိုးကို ခံနေကြရသည့်အတွက် သူတစ်ပါးပစ္စည်းများကို ခိုးယူပြီး အခက်အခဲများကို ဖြေရှင်းတတ်ကြကြောင်း သုံးသပ်မိသည်ဟု AA ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်အတွင်း ခိုးမှုများ ပပျောက်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နေ့ညမပြတ် ကင်းလှည့်ဆောင်ရွက်ခြင်းနှင့် ခိုးဆိုးလုနှိုက်တတ်သော သူများကိုလည်း စာရင်းကောက်ခံ မှတ်တမ်းတင်ထားကြောင်း ဆိုသည်။

ခိုးဆိုးလုနှိုက်တတ်သူများကို စောင့်ကြည့်လျက်ရှိနေသည့်အပြင် လောင်းကစားနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲသူများကိုလည်း စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း အာရက္ခတပ်တော် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဒေသခံပြည်သူများအနေဖြင့်လည်း ခိုးဆိုးလုနှိုက်တတ်သူများ၊ လောင်းကစားဝိုင်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲသူတို့ကို တွေ့ရှိ၊ မြင်ရှိပါက သက်ဆိုင်ရာဌာန တာဝန်ရှိသူများထံ ကြိုတင်အသိပေး အကြောင်းကြရန်နှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် အာရက္ခတပ်တော် ရဲတပ်ဖွဲ့မှ တိုက်တွန်းနှိုးဆော်ထားသည်။

#WN
#HlaingInfo
👍5910
ပြည်သူများ အနေဖြင့် စက်သုံးဆီကို အကန့်အသတ်ဖြင့် တန်းစီဝယ်ယူနေရသော်လည်း နိုင်ငံခြားငွေ ဒေါ်လာသန်း ၂၀၀၀ ခန့် သက်သာနေကြောင်း စစ်ကော်မရှင် ကြွားလုံးထုတ်

ဧပြီလ ၇ ရက်

နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီဆိုင်များတွင် ပြည်သူများ နာရီပေါင်းများစွာ အတိဒုက္ခရောက်ကာ တန်းစီ ဝယ်ယူနေရချိန်၌ QR Code စနစ်ဖြင့် အကန့်အသတ်နှင့် ရောင်းချခြင်းကြောင့် စက်သုံးဆီဝယ်ယူစရိတ် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့် လျော့နည်းသက်သာသွားကြောင်း အကြမ်းဖက်စစ်ကော်မရှင်က ကြွားလုံးထုတ် ပြောဆိုထားသည်။

စက်သုံးဆီကို နှစ်စဉ်တန်ချိန် ၅ သန်းခန့် တင်သွင်းနေရပြီး အမေရိကန်ဒေါ်လာ သန်း ၅,၀၀၀ ကျော် သုံးစွဲနေရသော်လည်း ယခုကဲ့သို့ ကန့်သတ်ချက်များဖြင့် ရောင်းချခြင်းကြောင့် နှစ်စဉ် ဒေါ်လာသန်း ၂,၀၀၀ ခန့် လျော့နည်းသက်သာမည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ရန်ကုန်အပါအဝင် မြို့ကြီးများ၌ စက်သုံးဆီဝယ်ယူရန် ၂ နာရီမှ ၃ နာရီကျော်အထိ တန်းစီစောင့်ဆိုင်းနေရပြီး နယ်မြို့များတွင်မူ ရေစက်၊ မီးစက်နှင့် လယ်ယာသုံးစက်ပစ္စည်းများကို ဆီဆိုင်အထိ ကိုယ်တိုင်သယ်ဆောင်ကာ ခက်ခဲစွာ ဖြည့်တင်းနေရခြင်း ဖြစ်သည်။

"စက်သုံးဆီက မြင်နေရတဲ့အတိုင်းပဲ တန်းစီဝယ်နေရတယ်။ အရင်လို သလောက်ဝယ်ဖို့တော့ ရမယ် မထင်သေးဘူး။ ဒီစနစ်တွေကောင်းတယ်ဆိုပြီး သူတို့ကတော့ အကြိုက်တွေ့နေပြီထင်တယ်။ အီရန်စစ်ပွဲ ပြီးသွားရင်တောင် နိုင်ငံခြားငွေသက်သာတယ်ဆိုပြီး နောက်ပိုင်းလည်း ဒီလိုပဲ ဝယ်ရတော့မလား မသိဘူး" ဟု ရန်ကုန်မြို့ခံ ကိုယ်ပိုင်ယာဉ်မောင်း တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိစစ်ကော်မရှင်သတ်မှတ်သောစက်သုံးဆီဈေးနှုန်းသည်  အာရှနိုင်ငံများတွင် မြန်မာနိုင်ငံက ဈေးတက်မှုအမြင့်ဆုံးဖြစ်ပြီး သတ်မှတ်ချက်အတိုင်းသာ ဝယ်ယူနိုင်သည့်အပြင် ဝယ်ယူရာတွင်လည်း အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသည်။

‎ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှ ဧပြီ ၆ ရက်နေ့အထိစာရင်းများအရ နေ့စဉ်ပျှမ်းမျှစက်သုံးဆီသုံးစွဲမှု ၃ ဒသမ ၅၃ ဂါလန်သန်းမှ ၂ ဒသမ ၅ ဂါလန်သန်းသို့ကျဆင်းရာလာသဖြင့် ဆီဂါလံ သုံးစွဲမှု ၁ သန်းကျော်လျော့နည်းသွားကြောင်း စစ်ကော်မရှင်က ဆိုထားသည်။

လက်ရှိတွင် ‎စက်သုံးဆီဖူလုံရေးအတွက် ဓာတ်ဆီရက် ၄၀ နှင့် ဒီဇယ် ရက် ၅၀ ခန့်ရှိပြီး ယခုလအတွင်း သင်္ဘော ၂၆ စင်းထပ်မံတင်သွင်းရန်စီမံထားကြောင်း စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

တစ်နိုင်ငံလုံး၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည် (LPG) နှင့် ရေနံထွက် ပစ္စည်းများမှာ ၂၉ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး ယင်းတို့ကို သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိက အသုံးပြုနေခြင်းဖြစ်ကာ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် လိုအပ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းနေရခြင်းဖြစ်သည်။

စစ်ကော်မရှင်အနေဖြင့် ပြည်သူများအပေါ် စက်သုံးဆီ ကန့်သတ်ရောင်းချခြင်းဖြင့် သက်သာလာသော နိုင်ငံ ခြားငွေများကို အာဏာတည်မြဲရေးအတွက် စစ်လက်နက်နှင့် လေယာဉ်ဆီ ဝယ်ယူမှုများတွင်သာ အသုံးပြုသွားဖွယ်ရှိသည့်ဟု ‎နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်ထောက်ပြထားသည်။

ဓာတ်ပုံ - လူမှုကွန်ရက်
#AYAT
#HlaingInfo
🤬61😁184👏2👍1👎1
အကြမ်းဖက် မင်းအောင်လှိုင်က အစိုးရအဖွဲ့သစ်တွင် လူဟောင်းများနှင့်သစ္စာခံသူ စစ်ဗိုလ်ချုပ်ဟောင်းများကိုသာ ဝန်ကြီးများအဖြစ် အဆိုပြုခန့်အပ်

ဧပြီလ ၇ ရက်

အကြမ်းဖက် မင်းအောင်လှိုင်က အစိုးရအဖွဲ့သစ်တွင် လူဟောင်းများနှင့်သစ္စာခံသူ စစ်ဗိုလ်ချုပ်ဟောင်းများကိုသာ ဝန်ကြီးများအဖြစ် အဆိုပြုခန့်အပ်ထားကြောင်း အကြမ်းဖက် လွှတ်တော်တွင် တင်သွင်းသော အဆိုပြုခန့်အပ်ချက်အရ သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ယနေ့ ဧပြီလ ၇ ရက်နေ့တွင် အကြမ်းဖက် လွှတ်တော်သို့ ဝန်ကြီးဌာန ၃၁ ခုနှင့် ဝန်ကြီး ၃၀ ဦး နာမည်စာရင်းတင်သွင်းအတည်ပြုခဲ့ပြီး ဝန်ကြီး ၃၀ ဦးမှာလည်း လူဟောင်းများ၊ စစ်ဗိုလ်ချုပ်ဟောင်းများနှင့် အကြမ်းဖက် မင်းအောင်လှိုင်ကို သစ္စာခံသူများကိုသာ ပြန်လည် ခန့်အပ်ထားသည်ကို မြင်တွေ့ရသည်။

ထူးခြားချက်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် တရုတ်သံအမတ်ဟောင်း တင်မောင်ဆွေကို ခန့်အပ်ခြင်းဖြစ်ပြီး တင်မောင်ဆွေမှာ အငြိမ်းစားဗိုလ်မှူးချုပ်ဖြစ်ကာ နေပြည်တော်ကောင်စီ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူမှာ ရခိုင်ဝန်ကြီးချုပ်ဟောင်း ထိန်လင်းဖြစ်ပြီး ၎င်းသည် ဗိုလ်မှူးကြီးဟောင်း တစ်ဦးဖြစ်ကာ ရခိုင်ပြည်နယ်နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် အကြမ်းဖက် မင်းအောင်လှိုင်၏ အကြံပေးလည်းဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးအဖြစ် လက်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ခင်မောင်ရီကို ခန့်အပ်ထားသည်။

သမ္မတရုံးဝန်ကြီးအဖြစ် လက်ရှိ ဝန်ကြီးဖြစ်နေသူ အောင်ကျော်ဟိုး၊ ပို့ဆောင်ရေးဝန်ကြီးဖြစ် ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်စန်း၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ဟောင်း မြထွန်းဦး၊ကာကွယ်ရေးဝန်ကြီးအဖြစ် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဒေါက်တာ ကံဇော်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးအဖြစ် သန်းမောင်တို့ကိုလည်းကောင်း ခန့်အပ်ထားသည်။

ဥပဒေရေးရာဝန်ကြီးအဖြစ်ဒေါက်တာ သီတာဦး၊ ပညာရေးဝန်ကြီး ဒေါက်တာ ချောချောစိန်၊သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာ မျိုးသိမ်းကျော်၊ ကျန်းမာ ရေး ဝန်ကြီးအဖြစ် ဒေါက်တာ သက်ခိုင်ဝင်း၊အမျိုးသမီးရေးရာဝန်ကြီးအဖြစ် ဒေါက်တာ သက်သက်ဇင် ၊သာသနာရေးဝန်ကြီး တင်ဦးလွင်၊ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် မင်းနောင်၊ သမဝါယမနှင့် ကျေး လက် ဖွံ့ဖြိုးရေးဝန်ကြီးအဖြစ် မျိုးဇော်သိန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဆန်းဦး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကိုကို လွင်၊ စက်မှုနှင့် အသေးစား၊ အလယ်စားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးအဖြစ် ၊ ဒေါက်တာ ချာလီသန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး မြင့်ကြိုင်၊ အလုပ်သမားဝန်ကြီး ခင်မောင်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထွန်းအုံ၊ အား ကစားရေးရာဝန်ကြီး ရဲမြင့်ထွန်း၊ လူငယ်ရေးရာဝန်ကြီးဒေါက်တာ မောင်သင်း၊ ဆောက်လုပ်ရေးဝန်ကြီး မျိုးသန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ်ဒေါက်တာ စိုးဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးအဖြစ် မောင်မြင့်တို့ကို ခန့်အပ်ထားသည်။

#KTM
#HlaingInfo
😁5913👎4🔥2🤬2👍1👏1
ကော့ကရိတ်မြို့နယ် မြဝတီ-ဘားအံလမ်းပိုင်းရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးတပ်များက ရော့ကတ်ဖြင့် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်

ဧပြီလ ၇ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ မြဝတီ-ဘားအံ လမ်းပိုင်းတကြောတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းများကိုSaw Dragon Drone Force (SDDF) တပ်ရင်းက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၄ ရက်နေ့က စတင်၍ ကော့ကရိတ်မြို့နယ်၊ မြဝတီ-ဘားအံ လမ်းတကြောရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်းများနှင့် ကင်းစခန်း (Point) များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရော့ကတ်များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေး တင်းမာကာ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

Saw Dragon Drone Force (SDDF) မှ တာဝန်ရှိသူတစ်ဦးက “မြဝတီ-ဘားအံလမ်းတကြောလုံးက ရန်သူ့ Point တွေပါ။ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေဆဲပါပဲ။ စစ်ရေးက တင်းမာနေဆဲအချိန်မို့ တည်နေရာ အတိအကျကိုတော့ လုံခြုံရေးအရ မထုတ်ပြန်သေးတာပါ။ အခုလို မစ်ရှင်တွေ အောင်အောင်မြင်မြင် ထပ်လုပ်နိုင်ဖို့ ကျနော်တို့ တပ်ရင်းက လုပ်ဆောင်နေတဲ့ ကမ်ပိန်းလေးကိုလည်း များများလာကူပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ လက်ရှိ စစ်ရေးတင်းမာနေတာကြောင့် သတိထားသွားလာကြဖို့လည်း မိဘပြည်သူတွေကို တိုက်တွန်းချင်ပါတယ်”ဟု ထုတ်ဖော်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Saw Dragon Drone Force (SDDF) တပ်ရင်းမှ ရဲဘော်များက တာဝန်ယူ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ပြည်သူလူထု၏ အားပေးထောက်ပံ့မှုများ ဆက်လက်လိုအပ်နေကြောင်း အသိပေးထားသည်။

လက်ရှိတွင် မြဝတီ-ဘားအံ လမ်းပိုင်း၌ စစ်ရေးအခြေအနေမှာ အလွန်စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသဖြင့် ခရီးသွားပြည်သူများအနေဖြင့် အထူးသတိထား သွားလာကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို ဂရုပြုနားစွင့်ကြရန်လည်း တိုက်တွန်းထားသည်။

တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က အခိုင်အမာ ပြောဆိုသည်။

#KTM
#HlaingInfo
55👏12👍6🥰3🔥1😁1
နေပြည်တော်-ရန်ကုန် ကားခဈေးတက်

ဧပြီလ ၆ ရက်

စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော်နဲ့ ရန်ကုန် ပြေးဆွဲနေတဲ့ ခရီသည်တင်ယာဉ်တွေ ယာဉ်စီးခ အဆမတန် ထိုးတက်သွားတာကြောင့် နေရပ်ပြန်မဲ့သူတွေ အခက်တွေ့ နေတယ်လို့ သိရပါတယ်။

နေပြည်တော်-ရန်ကုန် ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေရဲ့ ပုံမှန်လက်မှတ်ခ ဈေးနှုန်းဟာ လူတယောက် ၁ ခုံ ကျပ် ၂,၅၀၀၀ ဖြစ်ပြီး မတ်လ ဒုတိယအပတ်မှာ လူတယောက် ၁ ခုံစာ ကျပ် ၃,၅၀၀၀ အထိ စတင်ဈေးတက်လာတာဖြစ်ပြီး ဧပြီလ ပထမအပတ်မှာ လူတယောက် ၁ ခုံ ကျပ် ၅၅,၀၀၀ အထိ အဆမတန်ဈေးထိုးတက်လာတာလို့ ဆိုပါတယ်။

နေပြည်တော်က ရန်ကုန်ပြန်မဲ့ ခရီသည်ဝန်ထမ်းတယောက်က “သင်္ကြန်ပိတ်လို့ နေရပ်ပြန်ရမှာ ကားခ မတတ်နိုင်လို့ မပြန်ဖြစ်တော့ဘူး။ ရထားနဲ့ပြန်ဖို့ကလည်း သွားစီးရမဲ့ဘူတာက ဝေးတယ်။ ဘူတာရှိတဲ့ဆီ သွားတာနဲ့ဆို ကားစရိတ်နဲ့ အတူတူပဲ။ မပြန်ဖို့ ဆုံးဖြတ်တဲ့သူတွေ မနည်းဘူး” လို့ ပြောပါတယ်။

နေပြည်တော်-ရန်ကုန် ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေအနေနဲ့ ပုံမှန်ဆီဖိုးကျပ် ၁၀ သိန်း အသုံးပြု မောင်းရတဲ့ လမ်းကြောင်းဟာ အခု ဆီဖိုး ကျပ် ၂၅ သိန်းနီးပါးအထိ ဝယ်ယူအသုံးပြု ပြေးဆွဲနေရပြီး စက်သုံးဆီ ဝယ်ယူမှုကို ခရီးသည်တင်ယာဉ်တွေပါ ကန့်သတ်ချက်တွေ ချမှတ်ထားတာကြောင့် လိုသလောက်မရတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။

နေပြည်တော်-ရန်ကုန် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတခုက ယာဉ်မောင်းတယောက်က “ကားခ ဈေးတက်နေတာက စက်သုံးဆီဈေး ထိုးတက်နေတဲ့အတွက်ကြောင့်ပါ။ ဈေးတက်နေပေမဲ့လည်း ဆီက လိုသလောက် ရသလားဆိုတော့ မရဘူး။ သတ်မှတ်ချက်နဲ့ ကန့်သတ်ချက်တွေနဲ့ ဝယ်ပြီး အလှည့်ကျ ပြေးဆွဲနေရတာ။ အခက်အခဲက ပြောမကုန်ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အစိုးရဝန်ထမ်းတွေ အပါအဝင် နေပြည်တော်မှာ အလုပ်လုပ်နေတဲ့သူတွေ အများစုဟာ သင်္ကြန်ပိတ်ရက် ရန်ကုန်ကို ပြန်ကြရဖို့ရှိနေတာဖြစ်ပြီး လိုင်းကားစီးခ ဈေးတက်နေတဲ့အပြင် စင်းလုံးကားကို စုငှားပြန်ရဖို့အတွက်လည်း လိုင်းကား လူတယောက် စီးခနဲ့ ဈေးနှုန်း မကွာခြားတဲ့အတွက် အခက်အခဲရှိနေကြတာလို့ ခရီးသည်တွေက ဆိုပါတယ်။

နေပြည်တော်-ရန်ကုန် ခရီးသည်တင်ယာဉ်စီးခဈေးတွေ တက်လာပေမဲ့ စစ်ကောင်စီရဲ့ စုံ/မ ကန့်သတ်ချက်စနစ်ကြောင့် ခရီးသည်တင်ကားတွေပေါ် လိုက်ပါစီးသူတွေ များပြားနေတယ်လို့ ယာဉ်လိုင်းတွေဆီက သိရပါတယ်။

ဘာဂသီရိကားဝင်းကိုတွေ့ရစဥ်။ (Photos : ဟိန်းမင်းသူ)
#DVB
#HlaingInfo
👍30🤬1910🔥3
ဒီပဲယင်းမြို့နယ် အင်ပင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Suicide Drone ဖြင့် လေကြောင်းတိုက်ခိုက်သဖြင့် နေအိမ်များ ပျက်စီး

ဧပြီလ ၇ ရက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ အင်ပင်ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှနေ၍ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှ တက် လာသော Suicide Drone (အသေခံဒရုန်း) တစ်စီးဖြင့် အင်ပင်ကျေးရွာအတွင်းသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အချို့ ပျက်စီးသွားခဲ့သော်လည်း မြေပြင်အခြေအနေ လုံခြုံရေးအရ ပျက်စီးဆုံးရှုံးမှု အရေအတွက်အတိအကျကိုမူ ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။

မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး "ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးကတော့ အခုတော့ မထုတ်ပြန်နိုင်သေးပါဘူး။ မြေပြင်အခြေ အနေလုံခြုံရေးနှင့် အချက်လက်စိစစ်နေတုန်းမို့ပါ။ ထိခိုက်တာကတော့ ရှိပါတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မသိရသေးဘူး။ နေအိမ်တွေကတော့ ပျက်စီးသွားတယ်လို့ သိရတယ်။ တိုက်ပွဲလည်းမရှိပါ။ စစ်ရေးအခြေအနေအရ လှုပ်ရှားမှုလည်းမရှိပါဘူး။ စစ်ခွေးတွေက ဗုံးသီး ဘယ်နှစ်လုံးကျဲသွားတာလဲဆိုတော့ ဆူဆိုက်ဒုံးလို့ပဲ သိထားပါတယ်။ အတိအကျ မစိစစ်ရသေးတာပဲ ရှိတာပါ။ အထိအခိုက်ကရှိပါတယ်"ဟု ရှင်လင်းပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေ ထီး ၁ စီးက ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ဖူးသည်။

ထိုစဉ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးသည့် သာဓကများလည်း ရှိခဲ့သည်။

လက်ရှိတွင် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် သတိပေးချက်များကို အထူးဂရုပြုကြရန်နှင့် လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရရှိပါက ဘေးကင်းရာနေရာများနှင့် ဗုံးခိုကျင်းများတွင် အမြန်ဆုံး ခိုလှုံနေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

စစ်တပ်က စစ်ရေးလှုပ်ရှားမှု မရှိသည့် ကျေးရွာများကို ပစ်မှတ်ထားကာ လေကြောင်းမှ အကြောင်းမဲ့ တိုက်ခိုက်မှုများ ဆက် တိုက်ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် အထူးသတိရှိကြရန် လိုအပ်လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်ထားသည်။

#KTM
#HlaingInfo
🤬602👎1🔥1👏1😢1
တိုက်ကြီးတွင် စစ်တပ်အသိုင်းအဝိုင်းမှ ခေါ်သွားသည့် KTV ဝန်ထမ်း ပျောက်ဆုံးနေပြီး ရဲကအမှုမဖွင့်ပေး

ဧပြီလ ၇ ရက်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ 9Star KTV မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် (၂၀) အရွယ် အမျိုးသမီးငယ်တစ်ဦးကို စစ်တပ်နဲ့ဆက်နွယ်သူလို့ ယူဆရသူတစ်ဦးက ခေါ်ဆောင်သွားပြီးနောက် မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ပျောက်ဆုံးနေသူမှာ အသက်(၂၀)အရွယ်ရှိ
မသဥ္ဇာအောင် ဖြစ်ပါတယ်။

သူဟာ 9Star KTV မှာ သူငယ်ချင်းဖြစ်သူနဲ့အတူ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက ဆိုင်ကိုလာရောက်သူ "ဗိုလ်ကြီး ကိုဇော်" လို့ခေါ်ဆိုသူက ခေါ်
ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ကနဦး စုံစမ်းသိရှိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မသဥ္ဇာအောင်ရဲ့ မိခင်ဖြစ်သူက KTV မန်နေဂျာထံ ဆက်သွယ်မေးမြန်းခဲ့ရာ ခေါ်ဆောင်သွားသူမှာ စစ်တပ်နဲ့ ဆက်နွယ်နေသူ (အရာရှိတစ်ဦး) ဖြစ်
တာကြောင့် သူတို့အနေနဲ့ ဝင်ရောက်ဖြေရှင်းပေးနိုင်မှာမဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူများထံမှ သိရပါတယ်။

ဒါ့အပြင် ကျန်ရစ်သူမိသားစုက တိုက်ကြီးမြို့မရဲစခန်းနဲ့ ထောက်ကြံ့ရဲစခန်းတို့ကို့ သွားရောက်ကာ လူပျောက်တိုင်ကြား အမှုဖွင့်ဖို့ ကြိုးပမ်းခဲ့ပေမဲ့လည်း ရဲစခန်းများဘက်မှ အမှုလက်ခံဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

လုံခြုံရေးတာဝန်ယူရမယ့် ရဲတပ်ဖွဲ့က အခုလို အမှုဖွင့်ခွင့် ပိတ်ပင်ထားခြင်းမှာ ဥပဒေမဲ့လုပ်ရပ်များကို အားပေးအားမြှောက်ပြုရာ ရောက်နေတယ်လို့ ဒေသခံများက ဝေဖန်နေကြပါတယ်။

လက်ရှိအချိန်မှာ မသဥ္ဇာအောင်ဟာ ဘယ်နေရာကို ရောက်ရှိနေတယ်ဆိုတာ မသိရဘဲ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်နေရတာကြောင့် မိခင်ဖြစ်သူက သမီးဖြစ်သူ ပျောက်ဆုံးနေမှုအပေါ် အမှန်တရားပေါ်ပေါက်စေဖို့နဲ့ ကူညီရှာဖွေပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနဲ့ ပြည်သူလူထုထံကို အကူအညီတောင်းခံနေပါတယ်။

#aamij
#HlaingInfo
🤬725😢1
ထားဝယ်၊ လောင်းလုံးနှင့် သရက်ချောင်းတို့တွင် စစ်တပ်က မြို့ပေါ် စစ်ဘေးရှောင်လာသော လူငယ်အများအပြား ပစ်မှတ်ထား၍ တစ်ရက်လျှင် ၁၀ ဦးနှုန်း ပေါ်တာဆွဲ ဖမ်းဆီးကာ ခလရ ၂၅ တပ်ရင်းထဲ၌ ချုပ်နှောင်ထား

ဧပြီလ ၇ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က မြို့ပေါ် စစ်ဘေးရှောင်လာသော လူငယ်အများအပြား ပစ်မှတ်ထား၍ တစ်ရက်လျှင် ၁၀ ဦးနှုန်း ပေါ်တာဆွဲ ဖမ်းဆီးကာ ခလရ ၂၅ တပ်ရင်းထဲ၌ ချုပ်နှောင်ထားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လကုန်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ထားဝယ်မြို့ ၊ လောင်းလုံးမြို့ နှင့် သရက်ချောင်းမြို့ ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသော လူငယ်များကို ပစ်မှတ်ထားကာ တစ်ရက်လျှင် လူငယ် ၁၀ ဦးနှုန်း ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကမြောကင်းတံတားနှင့် ပေါက်တိုင်းတံတား တို့တွင် အကြမ်းဖက် စစ်သားများက လမ်းသွားလမ်းလာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို အကြမ်းဖက် စစ်တပ်က ထားဝယ်မြို့အ‌ခြေစိုက် ခလရ ၂၅ တပ်ရင်းထဲတွင် ချုပ်နှောင်ထားပြီးနောက် ဧပြီလကုန်ပိုင်းတွင် ပလောက်မြို့အခြေစိုက် အမှတ် ၁၂ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ထားဝယ်မြစ်ကြောင်း အတိုင်း သင်္ဘောများဖြင့် ပို့ဆောင်နိုင်ကြောင်း သိရှိရသည်။

"လောင်းလုံး၊ ထားဝယ်နဲ့ သရက်ချောင်းမှာ စစ်ခွေးတွေ ပေါ်တာဆွဲတာ တော်တော်လေးကို ဆိုးနေတယ်။ တစ်ရက်ကို လူငယ် ၁၀ ဦးလောက်ကို ဆွဲနေတာ ဖမ်းဆီးခံရတဲ့ လူငယ်တွေအကုန်လုံးကို ခလရ ၂၅ တပ်ရင်းထဲမှာ ချုပ်ထားတယ်။ အဲကောင်တွေက မြို့ပေါ်ကို စစ်ရှောင်လာတဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီး ဆွဲနေတာ ညအချိန် ဧည့်စာရင်းစစ်မယ်ဆိုပြီး ဝင်ဝင်ဆွဲနေတာ ငွေနဲ့ ပြန်ရွေးလဲမရဘူး။ သူတို့ လူတော်တော်လိုနေတယ်။ အခုလပိုင်း ပေါ်တာဆွဲ ဖမ်းထားတဲ့ လူငယ်တွေကို သင်တန်းကျောင်း မပို့သေးဘူး။ ခလရ ၂၅ ထဲမှာပဲ ချုပ်ထားတုန်းပဲ လကုန်ရင်တော့ သူတို့ ထားဝယ်မြစ်ကြောင်း အတိုင်း တိုင်းဗဟို ၁၂ ကို သင်္ဘောတွေနဲ့ ပို့မယ်ထင်တယ်" ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် စစ်မှုထမ်း အပတ်စဉ် ၂၄ အတွက် တပ်သားသစ်များ အချိန်မှီ ပို့ဆောင်နိုင်ရေး ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နိုင်သောကြောင့် ထားဝယ်ခရိုင်အတွင်း နေထိုင်သည့် လူငယ်များ အနေဖြင့် အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှု သတင်းများကို သတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုများက အသိပေး ပြောဆိုထားသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသောလူငယ်များကို အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM
#HlaingInfo
🤬633👏2😢1
ပခုက္ကူ စက်မှုဇုန် စစ်အုပ်စု ငွေညှစ်ဂိတ်ကို တိုက်ခိုက်ရာ လေးယောက် သေ၊ လက်နက် သုံးလက်ရ၊

ဧပြီလ ၇ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုန်မှာ ဂိတ်ဖွင့်ထားပြီး ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ အာဏာသိမ်း စစ်အုပ်စုကို ဧပြီ ၆ရက် မနေ့က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု လေးယောက် သေပြီး သေနတ် သုံးလက် သိမ်းဆည်း ရရှိတယ်လို့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ-၂ (မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့ - M.R.G) က သတင်း ထုတ်ပြန်ပါတယ်။

ပခုက္ကူမြို့ စက်မှုဇုန် စစ်အုပ်စုဂိတ်ကို တိုက်ခိုက်ဖို့ သွားရောက်ရာ ဂိတ်မရောက်ခင် လမ်းမှာတင် ကင်းပတ်လာတဲ့ စစ်အုပ်စုနဲ့ ထိပ်တိုက်တွေ့လို့ ကြိုတင်လက်ဦးမူယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲချိန် ၁၅မိနစ်ခန့် ကြာမြင့်ကာ စစ်အုပ်စု လေးယောက် သေ၊ နှစ်ယောက်က ဒဏ်ရာနဲ့ ထွက်ပြေးတယ်လို့ ဆိုပါတယ်။

“မစ်ရှင်ကတော့ ဂိတ်သွားပစ်တာ၊ မထင်မှတ်ဘဲ လမ်းမှာတွေ့ပြီး ပစ်ခတ်မှု ဖြစ်သွားတာပါ။ အနီးကပ် ဖြစ်သွားတာပေါ့” လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG တာဝန်ရှိသူ တစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုထံက MA-3 နှစ်လက်နဲ့ MA-1 MK II T1 တစ်လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ချိန် စစ်အုပ်စုက ပခုက္ကူမြို့၊ စက်မှုဇုံ ၆လမ်းဂိတ်ကနေ လက်နက်ကြီး ၆၀ မမ လက်နက်ကြီးတွေ အပါအဝင် ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ အေင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ M.R.G က ဖော်ပြပါတယ်။

အဲ့ဒီ ပခုက္ကူမြို့ စက်မှုဇုန်ရှိ စစ်အုပ်စု ငွေညှစ်ဂိတ်ဟာ အာဏာသိမ်းစကတည်းက ဖွင့်ထားတဲ့ ဂိတ်ဖြစ်ပြီး ဖြတ်သန်းသွားလာတဲ့ ဒေသခံပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ ပေါ်တာဆွဲတာတွေ ကျူးလွန်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့ စက်မှုဇုန်ရိ စစ်အုပ်စု ငွေညှစ်ဂိတ်ကို တိုက်ခိုက်ရာက သိမ်းဆည်း ရရှိတဲ့ လက်နက်တွေ/Photo – မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ M.R.G
#MFP
#HlaingInfo
45👍21👏7😁4
စစ်တပ်မြို့တော် ပြင်ဦးလွင်က စိန်ဆိုင် ဓားပြတိုက်ခံရ

▪️သေနတ်ပစ်ဖောက်ဓားပြတိုက်တဲ့ လူငယ် ၂ဦးအနက် တစ်ဦး ဖမ်းမိထားဟုဆို

ဧပြီလ ၇ ရက်

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က မေစိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ဧပြီ ၇ရက် မနက်က ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ မနက် ၁၁နာရီခွဲလောက်မှာ ပြင်ဦးလွင်မြို့က လူစည်ကားတဲ့ လမ်းတစ်လမ်းဖြစ်တဲ့ ချယ်ရီလမ်းမပေါ်က မေစိန်ရွှေရတနာဆိုင်ကို သေနတ်ကိုင်ဆောင်ထားတဲ့ လူငယ် ၂ဦးက သေနတ်ပစ်ဖောက် ဝင်ရောက်ဓားပြတိုက်သွားတာလို့ မြို့ခံတွေက ပြောပါတယ်။

"ချယ်ရီလမ်းဆိုတာ လူအရမ်စည်တာ။ အဲဒီလမ်းကို တိုက်ခံရတယ်ဆိုတော့မြို့က ဆိုးနေပြီ။ အဲဒီအချိန်လောက်ကလည်း မိုးရွာနေတယ်။ အဲဒါကို အခွင့်ကောင်းယူတိုက်တာ ထင်တယ်"လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။

ဓားပြတိုက်တဲ့ လူငယ် ၂ဦးအနက် တစ်ဦးကို ဖမ်းမိထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်မကြာခဏလာလေ့ရှိတဲ့ စစ်တပ်မြို့တော်တစ်ခုဖြစ်ပြီး လုံခြုံရေးအားကောင်းတဲ့ မြို့အဖြစ် နာမည်ကြီးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၁၂ရက်ကလည်း ပြင်ဦးလွင်မြို့လယ်ခေါင်က အောင်စံပယ်ရွှေဆိုင် ​သေနတ်ကိုင်ထားသူ နှစ်ဦးကဓားပြတိုက်ခံခဲ့ရပါတယ်။

ပြင်ဦးလွင်နဲ့တဆက်တည်းရှိတဲ့ မန္တလေးမြို့မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေပူးပေါင်းကျူးလွန်တဲ့ ရွှေဆိုင်ဓားပြတိုက်မှုတွေမကြာခဏဖြစ်ပွားခဲ့ပါတယ်။

ပြင်ဦးလွင်မြို့မှာ ဆိုင်ကယ်ခိုးယူမှု၊ လုယက်မှုတွေလည်း ဖြစ်နေပြီး တရားဥပဒေစိုးမိုးရေးကို  စစ်ကောင်စီက မကိုင်တွယ်နိုင်ဘူးလို့မြို့ခံအချို့က ပြောပါတယ်။

(ဓားပြတိုက်ခံရတဲ့ မေစိန်ရွှေရတနာဆိုင်ကို တွေ့ရစဉ်။ ဓာတ်ပုံ − CJ)
#LNO
#HlaingInfo
👏398👍7🔥5😱4😁3
စစ်လော်ဘီ ငါးမင်းဆွေကို ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးက လာဖမ်းပြန်၊ အရှင်အဖမ်းမခံဘဲအလောင်းသာ ရမည်ဟု ငါးမင်းဆွေ တုံ့ပြန်

ဧပြီလ ၇ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နေထိုင်သော စစ်လော်ဘီ ငါးမင်းဆွေကို ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးက လာရောက်ဖမ်းဆီးနေပြီး ၎င်းအနေဖြင့် အရှင်အဖမ်းခံတော့မည်မဟုတ်ဘဲ အလောင်း သာ ရမည်ဟု ငါးမင်းဆွေက လူမှုကွန်ရက်မှတစ်ဆင့် Live လွှင့်၍ တုံ့ပြန်ပြောဆိုသည်။

ယနေ့ ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ချိန်မှစတင်၍ ငါးမင်းဆွေက သူ၏ တစ်တော့လူမှုကွန်ရက်စာ မျက်နှာတစ်ဆင့် Live လွှင့်ပြောကြားရာတွင် ၎င်း၏ နေအိမ်လှေကားထိပ်တွင် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲစခန်းမှူးက လာရောက် ဖမ်းဆီးနေကြောင်း၊ ငါးမင်းဆွေ အကောင့်တုမှ တင်သော အကြောင်းအရာများမှာ ၎င်းနှင့်မသက်ဆိုင်ကြောင်း၊ ၂၀၂၄ ခုနှစ် ဖမ်းဆီးခံခဲ့ရစဉ်ကလည်း ငါးမင်းဆွေ လူမှုကွန်ရက်အကောင့်တုက ဆက်ရေးသားနေကြောင်း၊ ငါးမင်းဆွေ အကောင့်တုက ရေးသားမှုများသည် သူနှင့်မသက်ဆိုင်ကြောင်း ပြောဆိုသည်။

"ကျနော်က ပြောပြတယ်။ အရင်တစ်ခါတုန်းကလည်း ကျနော်မဟုတ်ဘဲနဲ့ ကျနော့်ကို လုပ်ပြီးပြီ။ အဲဒီတုန်းကလည်း အဲဒီအကောင့်အတုက ကျနော်ရဲစခန်းမှာ အချုပ်ခံရစဉ်ကလည်း အကောင့်အတုက ဆက်ရေးနေတယ်။ ကျနော်အင်းစိန်ထောင်မှာ အချုပ်ခံရတော့လည်း အကောင့်အတုက ဆက်ရေးနေတယ်။ ဒါအကောင့်တုမှန်းသိသိကြီးလေ။ အဲဒါ မြို့နယ်မှူးတို့ ဖော်ထုတ်ပေါ့။ " ဟု ငါးမင်းဆွေက ရှင်းပြသည်။

ယခင်ကလည်း အကောင့်တုမှန်း သိလျက်နှင့် ဖမ်းဆီးထောင်ချခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင်လည်း အဖမ်းခံလိုက်ပါက ထောင်ချဦးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရှင်အဖမ်းမခံနိုင်ကြောင်း ငါးမင်းဆွေက ဆိုသည်။

"ကျနော့်ကို အရှင်တော့မရဘူး။ ကျနော့်အလောင်းပဲရမယ် မြို့နယ်မှူး။ အလောင်းပဲရမယ်။ ခင်ဗျားတို့ကို ကျနော် မယုံတော့ဘူး။ တစ်ခါ ကျနော့်ကို မဟုတ်ဘဲနဲ့ လုပ်ပြီးပြီ" ဟု ငါးမင်းဆွေက ပြောဆိုသည်။

ယခု သတင်းဖော်ပြနေချိန် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်မှူး၊ စခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များက ငါးမင်းဆွေ၏ အိမ်ကို တံခါးဖျက်ကာ ငါးမင်းဆွေကို ဝင်ရောက် ဖမ်းဆီးလျက်ရှိသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သရော်ခဲ့သော ငါးမင်းဆွေကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေမှုဖြင့် ဖမ်းဆီး အမှုဖွင့်ခဲ့ကြောင်း၊ ငါးမင်းဆွေက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့သော ငါးမင်းဆွေ Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာနေ ငါးမင်းဆွေ(ခ) ဦးမင်းဆွေကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် လှိုင်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်ခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းနောက် စစ်တပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် ငါးမင်းဆွေကို ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် လွတ်ငြိမ်းဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။

ငါးမင်းဆွေသည် ခေတ်အဆက်ဆက် စစ်တပ်ထောက်ခံသူဖြစ်ပြီး ၂၀၁၈ ခုနှစ် NLD အစိုးရ အာဏာရရှိစဉ်အချိန် ငါးမင်းဆွေက ၂၀၁၈ ခုနှစ်၊ မေလ ၁၆ရက်နေ့က လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည့်တန်ဆာ အမျိုးသမီးထက်ပင် ယုတ်ညံ့သည့်အမျိုးသမီး ဖြစ်သည်ဟု ရေးသားဝေဖန်ခဲ့ကြောင်း၊ တပ်နှင့်ပြည်သူကို သွေးကွဲအောင်လုပ်နေသူ ဖြစ်ကြောင်း ရေးသားခဲ့သည်။

ထိုသို့ ရေးသားပုတ်ခတ်မှုအတွက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဆီးကာ ထောင်ဒဏ် ၇ နှစ် ငွေဒဏ် ၁ သိန်းကျခံစေရန် ရန်ကုန်အနှောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ ယင်းနောက် စစ်အဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း လွတ်ငြိမ်းသက်သာခွင့်ရရှိကာ သူပြန်လွတ်လာခဲ့သည်။

#KTM
#HlaingInfo
😁51🤯1614🔥2🤔2👍1
မိတ္ထီလာမှာ မိုးသက်လေပြင်းကျပြီး သစ်ပင်တွေလဲကျ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး ကားတစ်စီး ပျက်စီး

ဧပြီလ ၇ ရက်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဒီကနေ့ ဧပြီ ၇ရက် နေ့လယ်ပိုင်းက မိုးသက်လေပြင်းကျပြီး သစ်ပင်အချို့ ပြိုလဲလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး မော်တော်ယာဉ်တစ်စီးပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဧပြီ ၇ရက် ညနေ ၃ နာရီဝန်းကျင်က မိတ္ထီလာမြို့မှာ မိုးရောလေပါသည်းထန်ခဲ့ရာ မြို့ပေါ်ရှိ သစ်ပင်တစ်ပင်လုံး အမြစ်မှကျွတ် လဲကျခဲ့ပြီး လမ်းဘေးရပ်ထားတဲ့ Hijetမော်တော်ယာဉ်တစ်စီးပေါ်သို့ ပိမိခဲ့ကြောင်း၊ ကားမှာပျက်စီးသွားခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

"လေကြမ်းမိုးကြမ်း မိုးသီးတွေပါကျတယ်။ အိမ်တွေလည်း အမိုးတွေလန်တယ်။ လေရော မိုးရော မိုးသီးရော ကြောက်စရာကောင်းတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ ဝန်ဇင်းရပ်ကွက်၊ ပန်းသပြေလမ်းမှာလည်း ကုက္ကိုပင်လဲကျကာ နေအိမ်တစ်လုံးပေါ်ပိမိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်တိုင်တွေလည်း ပြိုလဲပြီး လမ်းတွေပိတ်နေကြောင်း သိရပါတယ်။

လက်ရှိ လူမှုကူညီရေးအသင်းတွေက လဲကျနေတဲ့ သစ်ပင်တွေကို ဖယ်ရှားရှင်းလင်းနေကြောင်း သိရပါတယ်။

(မိုးသက်လေပြင်းကျပြီး သစ်ပင်တွေပြိုလဲခဲ့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ)
#LNO
#HlaingInfo
😢51😱83🔥3
အလွှဲသုံးစားလုပ်မှုဖြင့် ပါတီ ဗဟို အလုပ်မှုဆောင် ၅ဦးကို RNP က ထုတ်ပယ်

ဧပြီလ ၇ ရက်

ပါတီလိုဂို၊ တံဆိပ်တုံး၊ ပါတီတည်ထောင်များကို ပုတ်ခတ်စော်ကားမှုဖြင့် ရခိုင်တိုင်းရင်းသားများပါတီ RNP က ဗဟိုအလုပ်မှုဆောင် CEC ၅ဦးကို ထုတ်ပယ်လိုက်ကြောင်း ပါတီ တာဝန်ရှိသူများက ပြောသည်။

ထုတ်ပယ်လိုက်သူများမှာ ရခိုင်တိုင်းရင်းသားများပါတီ RNP က CEC များ ဖြစ်ကြသော ဦးကျော်လှိုင်ထူး၊ ဦးစောကလျာထွန်း၊ ဦးခင်မြင့်အောင်၊ ဦးသန်းလှိုင်ထူး၊ ဦးတိုက်အောင်တို့ကို ပါတီက အပြီးအပိုင် ဖယ်ရှားလိုက်သည်ဟု ဆိုသည်။

ရခိုင်တိုင်းရင်းသားများပါတီ RNP ပြောရေးဆိုခွင့်ရှိသူ ဦးစိုးနိုင်ထွန်းက "သူတို့ ၅ ယောက်ကို ပါတီက အရေးယူထားပါတယ်။ ပါတီ လိုဂိုကို အလွှဲသုံံးစားလုပ်လို့ပါ။ တံဆိပ်တုံးအလွှဲသုံးစားလုပ်တယ်။ ဥက္ကဌကို ပုတ်ခတ်စော်ကားတယ်။ ဒါကြောင့် သူတို့ ၅ဦးကို ပါတီက အပြီးအပိုင် ဖယ်ရှားလိုက်ပါတယ်။ ပါတီမှတော့ ဆက်မရှိတော့ဘူး"ဟုပြောသည်။

ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင်များ ပြင်ဆင်ဖွဲ့စည်းခြင်းကို ပြီးခဲ့သည့် ဧပြီလ ၅ရက်နေ့က ရခိုင်တိုင်းရင်းသားများပါတီ RNP ၏ မျက်နှာစုံညီအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးကို ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အလုပ်အမှုဆောင်များ၊ စည်းရုံးရေးမှူးများ၊ ပြင်ပအကြံပေးများနှင့် လေ့လာသူများ စုစုပေါင်း ၄၀ဦးဖြင့် ပြုလုပ်ခဲ့ကြောင်းဆိုသည်။

လက်ရှိ ရခိုင်တိုင်းရင်းသားများပါတီ RNP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များမှာ ဦးဘရှိန်၊ ဦးတင်ညို၊ ဦးအောင်သိန်း၊ ဦးအောင်ကျော်စော၊ ဦးစိုးနိုင်ထွန်း၊ ဒေါ်ကျော်စုစုဝင်း၊ ဦးကျော်သန်း၊ ဇော်ထွန်း၊ ဦးသိန်းရွှေမိုး၊ ဦးစိန်ရွှေခိုင်၊ ဦးအောင်ကျော်စိန်၊ ဦးသန်းရွှေ၊ ဦးလွမ်းနိုင်၊ ဦးတင်ရွှေ၊ ဒေါ်မကျော့စိန်၊ ဦးဇော်လင်းအောင် တို့ဖြစ်ကြသည်။

ရခိုင်တိုင်းရင်းသားများပါတီ RNP ပြောရေးဆိုခွင့်ရှိသူ ဦးစိုးနိုင်ထွန်းက "အမတ် မဖြစ်လိုက်တဲ့ အုပ်စုတစ်ချို့ က ပူဆာကြတာပါ။ အမတ်မဖြစ်လိုက်တော့ သူတို့ ဒီလို လုပ်ကြတာပါ။ ပါတီဆိုတာ ခွဲထောင်လို့မရတာ။ UEC ခွင့်ပြုချက်လိုတယ်လေ။ သူတို့ ၅ ဦးနဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်ချက်က မနက်ဖြန် ထွက်လာမယ်"ဟုပြောသည်။

လက်ရှိတွင် ရခိုင်တိုင်းရင်းသားများပါတီ RNP တွင် ဥက္ကဌအဖြစ် ဦးဘရှိန် ဒုတိယ ဥက္ကဌ (၁) အဖြစ် ဦးတင်ညို ဒုတိယဥက္ကဌ (၂) အဖြစ် ဦးအောင်သိန်းဌေး၊ ဒုတိယဥက္ကဌ (၃) အဖြစ် ဦးအောင်ကျော်ဇော်တို့ ရွေးချယ်ထားကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများပါတီ RNP က ထုတ်ပယ်ခံထားရသူ ၅ ဦးကလည်း ကြေညာချက် အသီးသီး ထုတ်ပြန်ထားသည်ကို တွေ့ရပြီး ယင်းထုတ်ပြန်ချက်ထဲတွင် ပါတီဥက္ကဌ ဦးဘရှိန်နှင့် ဒုဥက္ကဋ္ဌ ဦးတင်ညို ကို ပါတီအတွင်းမှာ တာဝန်က ရပ်နားလိုက်ကြောင်း ဆိုသည်။

ရပ်နားလိုက်သည့် နှစ်ဦးနေရာတွင် ဦးလှဝေနှင့် ဦးဦးကျော်သန်းတို့ကို ပါတီဥက္ကဌ- ဒုဥက္ကဋ္ဌ နေရာတွင် အသီးသီး အစားထိုးတာဝန်ပေးအပ်လိုက်ကြောင်းလည်း ဧပြီလ ၄ ရက်နေ့က ထုတ်ပြန်လာသည်။

ရခိုင်တိုင်းရင်းသားများပါတီ RNP က ဖယ်ရှားခံလိုက်ရသည့် ၅ဦးနှင့်ပတ်သက်၍ ကာယကံရှင်များကို Western News က ဆက်သွယ်နေဆဲ ဖြစ်ပြီး နောက်ဆက်တွဲအခြေအနေများကို ဆက်လက် ဖော်ပြပါမည်။

#WN
#HlaingInfo
32👍16😁10🔥2
KIO ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်နှင့်အဖွဲ့ ရှမ်းမြောက်ဒေသသို့ သွားရောက်မှု မှန်ကန်သော်လည်း မဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံမှုကိုမူ မသိရှိဟု ဗိုလ်မှူးကြီးနော်ဘူ ပြောဆို

ဧပြီလ ၇ ရက်

ကချင်လွတ်မြောက်ရေးအဖွဲ့ -KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်နှင့်အဖွဲ့ ရှမ်းမြောက်ဒေသသို့ သွားရောက်ပြီး ယင်းဒေသရှိ KIA တပ်များကို သွားရောက်စစ်ဆေးမှု မှန်ကန်သော်လည်း မဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံမှုကိုမူ မသိရှိကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို

ယခုဧပြီလဆန်းပိုင်းအတွင်း ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်နှင့်အဖွဲ့သည်  ရှမ်းမြောက်ဒေသရှိ KIA တပ်ရင်းများသို့ သွားရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရှိထားကြောင်း၊ TNLA နှင့် MNDAA မဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံသည်ဆိုသော သတင်းများကို အွန်လိုင်းတွင်တွေ့ရှိရသော် လည်း ၎င်းအနေဖြင့် ယင်းသတင်းများကို မသိရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူက ရှင်းပြသည်။

"ရှမ်းမြောက်ပေါ့။ ကျနော်တို့ အခေါ်တော့ တောင်ပိုင်းဘက်မှာရှိတဲ့ တပ်တွေကို သွားရောက်စစ်ဆေးတယ်လို့ သိပါတယ်။ လွန်ခဲ့တဲ့ ၃ ၊ ၄ ရက်လောက်ကပေါ့။ TNLA နဲ့ MNDAA မဟာမိတ်တွေနဲ့ တွေ့တယ်ဆိုတာ ကျနော်တို့လည်း အွန်လိုင်းပေါ်မှာပဲ တွေ့တယ်။ ဒါပေမယ့် အဲဒါကိုတော့ ကျနော်မသိပါဘူး။ ကျနော်သိတာကတော့ တောင်းပိုင်းက တပ်တွေကို သွားစစ်တယ်လို့ပဲ သိပါတယ်" ဟု ဗိုလ်မှူး​ကြီးနော်ဘူက ရှင်းပြသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်တချို့ကမူ ကေအိုင်အို (KIO) ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် (Sumlut Gun Maw) နှင့် စစ်ဘက်ရေးရာ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး လဖိုင်ဇော်ဇော် (Lahpai Zau Zaw) တို့ ဦးဆောင်သောအဖွဲ့က  ၂၀၂၆ ခုနှစ်၊ ဧပြီလဆန်းပိုင်း ရှမ်းမြောက်ဒေသသို့ သွားရောက်ကာ ခရီးစဉ်အတွင်း  မဟာမိတ်တော်လှန်ရေးအဖွဲ့များ ဖြစ်ကြသော ရှမ်း (SSPP/TNLA)၊ ပလောင် (TNLA) နှင့် ကိုးကန့် (MNDAA) အဖွဲ့တို့နှင့် တွေ့ဆုံကာ ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

#KTM
#HlaingInfo
54👍20🤔7😁2
“ကျမတို့ဒီတော်လှန်ရေးကို မြန်မြန်အောင်မြင်ချင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်သမျှနည်းတွေနဲ့ စုစည်းဖို့ ညီညွတ်ဖို့ ကျမတို့ဘက်က ကြိုးစားဆောင်ရွက်နေပါတယ်။”

ဒေါ်ဇင်မာအောင်
ပြည်ထောင်စုဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။

Burma News Network နှင့်တွေ့ဆုံမေးမြန်းခန်းကောက်နုတ်ချက်။
👍8439😁7
မြဝတီမြို့နယ် ဝေါလေဗျူဟာကုန်းတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ ခုခံနေ၊ ကာကင်းစခန်း တချို့ကို တော်လှန်ရေးတပ်က သိမ်းပိုက်ရရှိထား

ဧပြီလ ၇ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဝေါလေဗျူဟာကုန်းတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ ခုခံနေကာ ကာကင်းစခန်း တချို့ကို တော်လှန်ရေးတပ်က သိမ်းပိုက်ရရှိထားကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး ဝေါလေဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF များနှင့် အတူ ဗိုလ်တာဘော ဦးဆောင်၍ စခန်းသိမ်း တိုက်ပွဲ စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ပွဲများသည် လက်ရှိချိန်ထိ ပြင်းထန်နေဆဲဖြစ်ပြီး အကြမ်းဖက် စစ်တပ်ကလည်း ဗျူဟာကုန်း မကျဆုံးရေး လေယာဉ်ဖြင့် အပြင်းအထန် ဗုံးကျဲ ခုခံနေကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံဘက်သို့ ကျည်ကျရောက် ပေါက်ကွဲမှုများရှိပြီး ပြည်သူများ ထိခိုက်မှုရှိသောကြောင့် ထိုင်းအစိုးရက ကန့်ကွက်မှုများကြောင်း၊ ထို့ပြင် နယ်စပ်တွင် နေထိုင်သော ပြည်သူများကိုလည်း ထိုင်းအစိုးရက အရေးပေါ် ရွေ့ပြောင်းပေးခဲ့ရကြောင်း သိရှိရသည်။

"လက်ရှိမှာတော့ တိုက်ပွဲပြင်းထန်နေတယ်။ အဲ့ဒီ ဝေါလေဗျူဟာကို တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ KNLA ၊ PDF တပ်တွေက ဗိုလ်တာဘော ဦးဆောင်ပြီးတော့ စစ်ခွေးတွေရဲ့ ဗျူဟာကုန်းရဖို့ တက်သိမ်းနေတာ။ ကာကင်းကုန်းတွေ၊ ကာကင်းစခန်းတွေတော့ ရထားပြီးပြီ။ ပင်မဗျူဟာကုန်းတွေ၊ ဗဟိုကင်းတွေတော့ မရသေးဘူး။ စစ်ခွေးတွေဘက်က တောက်လျှောက် Y-12 တွေရော၊ လက်နက်ကြီးပစ်ကူတွေရော၊ လေကြောင်းပစ်ကူတွေရောပေးပြီးတော့ သူတို့ကတော့ အပြင်းအထန် ခုခံနေရတာပဲ။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တက်လုံးနေတော့ တိုက်ပွဲက ပြင်းထန်နေတယ်လို့ ပြောရမယ်။ စစ်ခွေးတွေဘက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်တာတွေက တောက်လျှောက်ပစ်နေတာ ထိုင်းဘက်ခြမ်းကို ရောက်လို့ ထိုင်းဘက်ကလည်း မကျေနပ်လို့ ကန့်ကွက်တာတွေရှိတယ်" ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ ဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်ပိုင်းက စတင်ကာ ပိတ်ဆို့ထားခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ဗျူဟာကုန်းပေါ်ရှိ အကြမ်းဖက် စစ်သားများလည်း ပိတ်မိနေပြီး ရိက္ခာခဲယမ်းများကို လေယာဉ်ဖြင့် ကျဲချ ပို့ဆောင်ပေးနေကြောင်း သိရသည်။

"၂၀၂၅ ခုနှစ်ထဲက အဲ့ဒီဗျူဟာကုန်းကို ဝိုင်းထားတာကြာပြီ။ ထိုးစစ်ပြန်ဆင်တာတော့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး အပြင်းအထန် ပြန်ထိုးစစ်ဆင်တာ။ အဲလိုပိတ်ဆို့ထားတော့ ဗျူဟာကုန်းပေါ်က စစ်ခွေးတွေက ရေတောင်ဆင်းခပ်လို့ မရဘူး။ ဗျူဟာကုန်းရဲ့ အောက်ကိုတောင် သူတို့ မဆင်းရဲလောက်တဲ့ အခြေအနေပါ။ စစ်ကူတွေ၊ ရိက္ခာတွေကို သူတို့ Y-12 နဲ့ပဲ လာချနေရတာ။ ဝေါလေရွာထဲကို မဆင်းရဲဘူး။ ကာကင်းတွေ သိမ်းပိုက်ရရှိတုန်းကတော့ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးတာတော့ ရှိတယ်။ တိုက်ပွဲကတော့ လက်ရှိမှာ ပြင်းထန်နေတယ်လို့ပဲ ပြောလို့ရမယ်" ဟု စစ်ရေးသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

#KTM
#HlaingInfo
59👍25😁4🥰3👏1
7 April 2026 Japan Tokyo တိုကျိုမြို့
တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ

#HlaingInfo
👍6325😁4🥰1
တောင်သာ၊ ပန်းပေါင်းရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး နေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

ဧပြီလ ၇ ရက်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပန်းပေါင်းရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး နေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီးများက ပန်းပေါင်းရွာကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အသက် ၆၀ ကျော်အရွယ် ဦးကြည်လှိုင်၊ ဒေါ်မြကြည် တို့ ဇနီးမောင်နှံနှင့် သမီးဖြစ်သူ ကိုယ်ဝန်ဆောင် အမျိုးသမီး အသက် ၃၂ နှစ်အရွယ် မထားထားဦး တို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၆ ရက်နေ့တွင် မြေပြင် စစ်ကြောင်းသည် ပန်းပေါင်းရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများအပါအဝင် ကျေးရွာဘုန်းကြီးရှိ ဆရာတော်များ၏ ဖုန်းများပါ ခိုးယူသွားကြောင်း သိရှိရသည်။

"ကျွန်တော်တို့ရွာကို စစ်ကြောင်းထိုးလာပြီး မီးရှိုးသွားတာ အိမ်ခြေ ၇၀၀ လောက်ရှိတာ ၆၀ လောက်ပဲကျန်တယ်။ စက်တပ်လေထီးတွေနဲ့လည်း ရွာထဲကို ဗုံးကျဲလို့ ပြည်သူ ၃ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ မနေ့က မြေပြင်ကနေ စစ်ခွေး စစ်ကြောင်း ဝင်လာပြီး ရွာထဲက နေအိမ်တွေကို မီးရှို့တာသွားတာ ရွှေ၊ ငွေ ပစ္စည်း ဥစ္စာ ဆိုင်ကယ်တွေ အကုန်ယူသွားတယ်။ ရွာဦးဘုန်းကြီးကျောင်းက ဘုန်းကြီးတွေရဲ့ ဖုန်းတွေလဲယူသွားတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းကလည်း ရွှေ‌စမ်းချောင်းရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၅၈ နှစ် အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

#KTM
#HlaingInfo
🤬67🔥4👏1😁1😢1
ပုလောနှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်များ မီးလောင်ပြာကျ

ဧပြီလ ၇ ရက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ချက် ထုတ်ပြန်ထားသည်။

ဧပြီလ ၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပုလောမြို့နယ်၊ ပြည်ခြားကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၈၀ အ‌မြောက်တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ ပြည်သူ ၂ ဦး သေဆုံးကာ နေအိမ် ၃ လုံးလ်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Karen Peace Support Network က ထုတ်ပြန်ထားသည်။

ဧပြီလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ တိုက်လေယာဉ် ၁ စီးသည် ဘီးလင်းမြို့နယ်၊ ဘုရားရော်ကျေးရွာအုပ်စု၊ လေးကေးကျေးရွာအတွင်းကို ပေါင် ၃၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ကြောင်း၊ ယင်းနေ့တွင် တာပေါကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် Y-12 လေယာဉ်ကလည်း လေးကေးကျေးရွာအတွင်းကို ဗုံး ၆ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး ၃၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၃ လုံး ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ဧပြီလ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဘုရားရော်ကျေးရွာအုပ်စုရှိ ကျိုက်ထီးရိုးဘုရား ဓမ္မာရုံပေါ်ကို ဗုံး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့တွင် ဘုရားရော်ကျေးရွာအုပ်စုရှိ စစ်ဘေးရှောင် ပြည်သူများ ခိုလှုံရာ နေရာကို အကြမ်းဖက် စစ်တပ်က ဗုံး ၈ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ယာယီတဲများ ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

#KTM
#HlaingInfo
🤬657👏1😢1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 စောင်ကို မြန်မာငွေ 14,500 ကျပ်။  ထိုင်းဘတ် 100 ပါ။ 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သောထီနံပါတ်များ 🎁                                         

363500
054802
197303
635505
561006
535007
682708
853409

026511
390812
877313
249014
884615
511116

540245
350346
976047
126049

046350
868151
016952
478953
400054
681255
224956
593857
242958
544559

543760
025661
831062
631563
590066
891667
827768
753169

306170
513071
854472
020873
268174
091675
220877
497678
698779
352280
072381
643582
513184
706385
984087
233888
297589

547790
013791
038292
757693
166294
351895
652896
635097
148698

662300
409101
015102
165403
418604
671905
821507
568208
009209

034210
428511
834912
169413
905814
357615
646716
616817
029718
875919

006120
929621
507223
991624
523925
099626
912927
022828
349829

583230
214431
768632
146933
670534
453235
523436
610539

390040
381042
853343
820144
066145
415946
952647
014948
855649

119650
361251
272152
954753
625954
320855
440256
552957
862358
808759

019060
959361
949462
939563
929664
280466
138267
044069

126970
029972
049774
103776
903677
157678
849779

326680
772681
781282
335283
379584
825585
728386
282387
432488
878489

056890
444991
590892
736793
059294
825496
000397
533698
387799

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
28👍8🥰1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 တွဲ စောင်ကို မြန်မာငွေ 30,000 ကျပ်။  ထိုင်းငွေ 200 ဘတ် 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သော ဘတ် 12 သန်း ထီနံပါတ်များ 🎁                                         

784501
627502
416303
163304
689205
846106
376507
328708
682909 တစောင်ကျန်

203910
476811
633812
790713
947714
895315
203916
053017
028718
578419

735320
892321
392022
793723
636824
479925
523026
311327
836928
186029

433740
569141

403343
158644
043545
390746
513748
670749 တစောင်ကျန်

827650
984651
172152
701553
544554
228255
615356
772257
929258
913859

756960
443062
559963
716864
873865
090266
812367
208668
165869

504570
661471
139372
975373
867774
710775
255676
449177 တစ်စောင်ကျန်
606078

919980
340581
317482
403983
452284
550685
707686
864587
016488
170089

664690
507691
495292
652293
098194
876996
250998
439899

168000

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
32👍9