Hlaing Info
55.2K subscribers
141K photos
5.85K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့ ။ 💪💪💪

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

မိဘပြည်သူ့များအားလုံး ကောင်းစွာ အိပ်စက်အနားယူနိုင်ပြီး အိမ်မက်လှလှ မက်ပါစေ ❤️❤️❤️

Good night ပါခင်ဗျာ။

#HlaingInfo
76🥰6👍2
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတိုနှင့်ပြည့်စုံပါစေ။

အာဏာရူး ဘေးများမှအမြန်ဆုံးကျော်လွန်လွတ်မြောက်ကြပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

#HlaingInfo
85👍8🥰5
ဝိဘက်ကြမ္မာ ငင်လာ နေ သော မင်းအောင်လှိုင် နှင့် နောက်ဆက်တွဲများ
***

မင်းအောင်လှိုင်သည် သမ္မတ အဖြစ် အရေခွံ လဲနိုင်ရန် မည်မျှပင် စနစ်တကျ ဇာတ်ညွှန်း ရေးသားခဲ့သော် လည်း တတိုင်းပြည်လုံး မိုးမွှန်အောင် အဆဲခံနေရချိန် နှင့် တိုက်ဆိုင်နေသည့်အကုသိုလ် အကျိုးပေး နှင့် ကြုံတွေ့လာရပြီ ဖြစ်သည်။

ထိုသို့ ဆဲဆိုနေကြခြင်းမှာလည်း ၎င်း သမ္မတ ဖြစ်လာ၍ တော့ မဟုတ်၊ ထိုသို့ ဖြစ်လာရန် ကြံစည်နေသည်ကိုလည်း တတိုင်းပြည်လုံး ငါးတန်း ကျောင်းသား ပါမကျန် ကြို သိထားပြီး ဖြစ်၍ မထူးဆန်းတော့။

၎င်းတို့ မည်သို့မျှ မျှော်လင့်မထားသော အီရန် စစ်ပွဲ ကြီး ဖြစ်ပေါ်လာပြီး လောင်စာဆီများ အပါအဝင် အစစ အရာရာ ဈေးနှုန်း များ တဟုန်ထိုး မြင့်တက်သွားပြီး မည်သည့် နိုင်ငံမှ မကြုံဖူးသည့် စုံ-မ စနစ်ဆိုကာ ရွှေဉာဏ်တော် စူးရောက်လာမှု ကြောင့်ပင် ဖြစ်သည်။ ယင်းသည်က လက်ရှိ စီးပွားရေး အကျပ်အတည်း ကြီး ကို လောင်စာဆီ ပြင်းပြင်းထိုးပြီး မီးရှိန် မြှင့်လိုက်သလို ဖြစ်သွားခဲ့ရသည့် ကြမ္မာဆိုး နှင့် ကြုံကြိုက်ခဲ့ရခြင်းပင် ဖြစ်သည်။

နောက်ထပ် ရင်မအေးစရာ ထပ် ဖြစ်လာသည်က မြန်မာ နိုင်ငံတွင်းရှိ ကျားဖြန့် ဂိုဏ်းများကို နိုင်ငံတွင်း သို့ ဝင်ရောက် ချေမှုန်းရန် ဝန်မလေး ဟု အက်ဖ်ဘီအိုင် အကြီးအကဲ က အမေရိကန် လွှတ်တော် ထောက်လှန်းရေး ကော်မတီ ရှေ့မှောက်တွင် တရားဝင် ကြုံးဝါး ပြောဆိုသွားခြင်း ပင် ဖြစ်သည်။

ထိုသို့ ကြုံတွေ့ နေရချိန်တွင် နောက်ထပ် ကာလ ဝိဖက် နောက်ပိုးတက်လာရသည်က အိန္ဒိယ သမားတော်ကြီးများ ပင့်ဖိတ်၍ ခါးရိုး ခွဲစိတ်ကုသမှု ခံယူလိုက်ရခြင်းပင် ဖြစ်သည်၊ နိုင်ငံ ခေါင်းဆောင်၏ ကျန်းမာရေး သတင်းသည် ထိုသို့သော အထိမခံ ဖြစ်နေသည့် အချိန်မျိုးတွင် ပို၍ ပင် လူသိမခံ လျို့ဝှက်ထားရမည့် သတင်းမျိုး ဖြစ်သော်လည်း ကံမကောင်း အကြောင်းမလှစွာ သတင်း ထုတ်ပြန်လိုက်သည်အထိ အမှားမှား အယွင်းယွင်း ဖြစ်သွားခဲ့ရပြန်သည်။

ဤသည်က ဧရာဝတီ သတင်း မှ ဖေါ့်ပြထား‌ သော မင်းအောင်လှိုင် ၏ ကာလဝိပတ် နောက်ပိုးတက်လာရသည့် အကြောင်းများ ဖြစ်သည်။

ယခု အခါ ၎င်းအတွက် စတုတ္ထ မြောက် ကြမ္မာဆိုးကြီးက အင်ဒိုနီရှား မှ ထွက်ပေါ်လာခဲ့ပြန်ပေပြီ၊ ယင်း မှာ ၎င်းအား တရားစွဲဆိုရန် တင်သွင်းလာမှု ကို အင်ဒိုနီရှား ရှေ့နေချုပ် ရုံးက လက်ခံ လိုက်ပြီ ဖြစ်သည်ဟု ဧပြီ ၆ ရက် နေ့တွင် တရားဝင် သတင်း ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူ ရိုဟင်ဂျာအမျိုးသမီး မစ္စက် ယာစမင်အူလာ မှ တရားစွဲ ဆိုလိုက်ခြင်း ဖြစ်သည်၊ သူမအား ပံ့ပိုး ပေးလာသူများထဲတွင် အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းတစ်ဦးနှင့် အကြီးဆုံး မူစလင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မူဟာမ္မဒီယာ ဥက္ကဋ္ဌတို့ အပါအဝင် အထင်ကရ ပုဂ္ဂိုလ် အများ အပြား ပါဝင်လာသည်။

အင်ဒိုနီးရှားနိုင်ငံ၏ Universal Jurisdiction (နယ်နမိတ် မရွေး တရားစီရင်ပိုင်ခွင့်) ကို အသုံးချပြီး အရေးယူပေးရန် တင်သွင်းလာခြင်း ဖြစ်သည်။ ရှေ့နေချုပ်ရုံးက အမှုကို စီစစ်ပြီး အထောက်အထား ခိုင်လုံကြောင်း ဆုံးဖြတ်ပြီး နောက်တွင်တော့ တရားရုံးမှ အမှုကို စတင် ကြားနာ စစ်ဆေးသွားမည် ဖြစ်သည်။

ထူးခြားသည်က အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းကိုယ်တိုင် ပါဝင်နေတာကြောင့် ဥပဒေကြောင်းအရ ပိုမိုလေးနက်သည့် ဖိအားတရပ် ဖြစ်လာပေတော့မည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍5519👏7😁4🥰1
မိန်းမဖြစ်သူ သင်းသင်းအောင်၏ မလျှော်ဩဇာသုံး၍ ဝန်ကြီးဌာန တင်ဒါရယူမှု၊ စစ်တပ်ပိုင်မြေကွက်များနှင့် အခြားမြေကွက်များကို ရောင်းစားမှုတို့ကြောင့် အကြမ်းဖက် ဇော်မင်းထွန်းကို ဗိုလ်ချုပ်ရာထူးနှင့် ပြန်ကြားရေးဒုဝန်ကြီးတာဝန်များမှ ထုတ်ပယ်အနားပေး

ဧပြီလ ၇ ရက်

စစ်အာဏာသိမ်းမှုနှင့် မင်းအောင်လှိုင်ကို ကာကွယ်ပြောဆိုလေ့ရှိသော အကြမ်းဖက် ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်ဘက်နှင့်အရပ်ဘက်ရာထူးတာဝန်များမှ ထုတ်ပယ် အနားပေးလိုက်ခြင်းမှာ ဇော်မင်းထွန်း၏ မိန်းမ သင်းသင်းအောင်က မလျှော်ဩဇာသုံး၍ ဝန်ကြီးဌာန လုပ်ငန်းတင်ဒါ ရယူမှု၊ စစ်တပ်ပိုင်မြေကွက်များကို ရောင်းစားမှုတို့ကြောင့် ဖြစ်ကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။

အကြမ်းဖက် ဇော်မင်းထွန်း၏ မိန်းမ သင်းသင်းအောင်က စီးပွားရေးသမားတချို့နှင့်ပူးပေါင်း၍ ဝန်ကြီးဌာနတင်ဒါများ ရယူခြင်း၊ စစ်တပ်လက်အောက်ခံ ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးတပ်ဖွဲ့ ပိုင်မြေကွက်များကို  မြေစာရင်းဌာနနှင့်ပူးပေါင်း၍ စာရွက်စာတမ်းများ ထုတ်ယူကာ ရောင်း စားမှုများလုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ လုပ်ဆောင်မှုများကို တိုင်ကြားသဖြင့် စိစစ်အရေးယူရာမှ ဇော်မင်းထွန်းကို စစ်ဘက်ဗိုလ်ချုပ်ရာထူး၊ အရပ်ဘက် ပြန်ကြားရေးဒုဝန်ကြီး ရာထူးများမှ ထုတ်ပယ်အနားပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဗိုလ်ချုပ်ဇော်မင်းထွန်းအဓိက ပြုတ်သွားတာက သူ့အမျိုးသမီး(သင်းသင်းအောင်)နဲ့အလုပ်လုပ်နေတဲ့ စီးပွားရေးသမားသမားပေါ့ သူ့လူပဲပြောပါတော့။ သူက ဝန်ကြီးဌာန တင်ဒါတစ်ခုကို တင်ဒါပြိုင်ဆွဲရင်းရသွားတယ်။ တစ်ဖက်က တင်ဒါ မရလိုက်တဲ့ သူတွေက တပ်ချုပ်ကြီးသား အောင်ပြည့်စုံတို့အဖွဲ့။ ဝန်ကြီးဌာန တင်ဒါ ၁၃ ခုမှာ ၁၂ ခုကို အောင်ပြည့်စုံတို့အဖွဲ့ကရတယ်။ ကျန်တဲ့ ၁ ခုကို ဗိုလ်ချုပ်ဇော်မင်းထွန်းလူရသွားတယ်။ အဲဒီမှာ ဘယ်လိုရသွားလဲ ဘယ်သူရလဲ တစ်ဖက်က လိုက်ပြီး စုံစမ်းတာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းလူဖြစ်နေတာ။ အဲဒါက ပထမ Case " ဟု စီးပွားရေး အသိုင်းအ၀ိုင်းက ပြောဆိုသည်။

ယင်းအပြင် ဇော်မင်းထွန်းမိန်းမ သင်းသင်းအောင်က မြေကွက် အရောင်းအဝယ်လုပ်ရာတွင် မြေစာ ရင်း ဌာနနှင့်ပူးပေါင်း၍  ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးတပ်ဖွဲ့ ၊ တိုက်ပွဲဝင်စည်းရုံးရေးဌာနခွဲတို့၏ မြေကွက်များကို ရောင်းစားခဲ့ကြောင်း၊ အဆိုပါ ရောင်းစားမှုများကိုလည်း နစ်နာသူများ မင်း အောင်လှိုင်ထံသို့ တိုင်ကြားခဲ့ပြီး စိစစ်ရာမှ မှန်ကန်သဖြင့် အရေးယူခံရခြင်းဖြစ်ကြောင်း၊ ထို့ပြင် တောင်ကြီးနှင့်မေမြို့တို့တွင်လည်း ဇော်မင်းထွန်းမိန်းမက မြေကွက်အရောင်းအဝယ်များ လုပ်ရာတွင် ဌာနဆိုင်ရာမြေများပါဝင်ကြောင်း သိရှိရသည်။

"ကကပြည်အောက်မှာရှိတဲ့ တိုက်စည်း ကျောင်းမြေ ၊ တောင်ကြီး၊ မေမြို့ မှာရှိတဲ့ မြေတွေကို ယခင်တပ်ကြပ်ကြီးစာရေး (ယခု အရာခံဗိုလ်) နှင့်ပေါင်းပြီးမြေရောင်းစား၍ တိုင်ကြားခံရခြင်းအပေါ် စစ်ခုံရုံးတင်၍ စစ်ဆေးအရေးယူခံရတယ်။  အဲဒါတွေကို ဗိုလ်ချုပ်ဇော်မင်းထွန်းက မသိဘူးပြောတယ်။ သူ့မိန်းမ လုပ်တာ" ဟု စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

အကြမ်းဖက် ဇော်မင်းထွန်းကို ရာထူးတာဝန်များမှ ထုတ်ပယ်ဖယ်ရှားလိုက်သော်လည်း အသနားခံစာနှင့် ထုချေလွှာ တင်ပြထားသဖြင့် မင်းအောင်လှိုင်က ပြန်လည် ခေါ်ယူမည်၊ မခေါ်ယူမည်ကို မသိရှိရသေးဘဲ စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ယင်းကိစ္စကို အလေးထား စောင့်ကြည့်နေသူများက ပြောဆိုသည်။

အကြမ်းဖက် ဇော်မင်းထွန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်းဖြစ်ပြီး ၎င်း၏ မပီပြင်သော အင်္ဂလိပ်စာ အသံထွက်ဖြင့် မရှက်ရွံ့သော မျက်နှာပြောင်တိုက် လိမ်ညာတတ်မှုများကြောင့် ပြည်သူများနှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများက ဇော်မဲလုံး ဟု ခေါ်ဝေါ် သရော်ခံရသူဖြစ်သည်။

#KTM
#HlaingInfo
😁6827👏5👍2🔥2
ရန်ကုန်သင်္ကြန် မဖြစ်မနေ စည်ကားစေရန် ပွဲတော်စရိတ်အဖြစ် စစ်တပ်နှင့်ထွေ/အုပ်က လုပ်ငန်းရှင်များထံမှ ငွေကျပ်သိန်းပေါင်းများစွာ အဓမ္မအလှူငွေကောက်ခံနေ

ဧပြီလ ၆ ရက်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်နှင့် ခရိုင်အားလုံးတွင် ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကို မဖြစ်မနေ စည် ကားအောင် ကျင်းပရန် ရန်ကုန်တိုင်းအစိုးရက ညွှန်ကြားထားပြီးနောက်၊ နယ်မြေခံ စစ်တပ်နှင့်ဒေသအာဏာပိုင်များက လုပ်ငန်းရှင်များကို ခေါ်ယူကာ သင်္ကြန်မဏ္ဍပ် အသုံးစရိတ်နှင့် စတုဒီသာအလှူအတွက် ငွေကြေးများ အဓမ္မထည့်ဝင်ခိုင်းနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်နှင့် ခရိုင်တိုင်းတွင် ဗဟိုမဏ္ဍပ်များအပြင် လမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေရေးမဏ္ဍပ်များကို အပြိုင်အဆိုင် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။

လူစည်ကားစေရန်အတွက် နေ့စဉ်စတုဒီသာ ကျွေးမွေးရန်ပါ ညွှန်ကြားထားရာ အဆိုပါ ကုန်ကျစရိတ်များအတွက် ရန်ပုံငွေကို နယ်မြေအတွင်းရှိ လုပ်ငန်းရှင်များဆီမှ ကောက်ခံနေခြင်း ဖြစ်သည်။

အထူးသဖြင့် တောင်ဥက္ကလာပမြို့နယ်ရှိ ခရိုင်ရုံးတွင် ခရိုင်ဥက္ကဌကိုယ်တိုင် ဦးဆောင်၍ နယ်မြေအတွင်းရှိ လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံကာ လုပ်ငန်းအကြီးအသေးအလိုက် သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း မဖြစ်မနေ ထည့်ဝင်ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက “ကျွန်တော်တို့ကို ခရိုင်ရုံးက ခေါ်တွေ့တယ်။ လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး ၂ သိန်းကနေ အနည်းဆုံး စကောက်တာ။ ဆိုင်ကြီးရင်ကြီးသလို ၅ သိန်း၊ ၁၀ သိန်းကနေ သိန်း ၂၀၊ ၃၀ အထိ သတ်မှတ်ထားတယ်။ အလှူငွေလို့တော့ ပြောတာပဲ၊ ဒါပေမဲ့ မထည့်လို့မရတဲ့ ပုံစံမျိုးနဲ့ ခေါ်ပြောတာ” ဟု ပြောကြားခဲ့သည်။

အဆိုပါ ငွေကောက်ခံမှုတွင် စားသောက်ဆိုင်များ၊ အရက်ဘီယာဆိုင်များ၊ ကာရာအိုကေ (KTV) ဆိုင်များ၊ တည်းခိုခန်းနှင့် ဟိုတယ်များသာမက ကားအရောင်းစင်တာများ၊ ရွှေဆိုင်များ၊ အနှိပ်ခန်း (Massage) များနှင့် ဆန်ဆိုင်၊ ဆီဆိုင်များအထိ လုပ်ငန်းရှင်အားလုံး ပါဝင်နေကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကလည်း “တိုင်းအစိုးရက မြို့နယ်တိုင်းကို မဏ္ဍပ်တွေ ဆောက်ခိုင်းတယ်၊ စတုဒီသာ ကျွေးခိုင်းတယ်။ ဒါပေမဲ့ အစိုးရက ဘတ်ဂျက် အပြည့်အဝ မချပေးတော့ မြို့နယ်နဲ့ ခရိုင်အဆင့် လူကြီးတွေက ဒီလိုပဲ လုပ်ငန်းရှင်တွေကို ခေါ်ညှိပြီး ကောက်ရတာပေါ့။ လူစည်းကားဖို့က သူတို့အတွက် အဓိကပဲ” ဟု ဖွင့်ဟပြောဆိုသည်။

လုပ်ငန်းရှင်များမှာ လက်ရှိ စီးပွားရေး အခြေအနေနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများကြောင့် အခက်အခဲ ဖြစ်ပေါ်နေသော်လည်း နယ်မြေခံ အာဏာပိုင်များ၏ ငြိုငြင်မှုကို မခံလိုသဖြင့် အဆိုပါ ငွေကြေးများကို မတတ်သာသည့်အဆုံး ထည့်ဝင်နေရကြောင်း သိရသည်။

ယခုကဲ့သို့ သင်္ကြန်ပွဲတော်အတွက် အဓမ္မ ငွေကောက်ခံမှုများသည် ရန်ကုန်တိုင်းအတွင်းရှိ အခြားမြို့နယ်များတွင်လည်း ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေပြီး၊ အချို့နေရာများတွင် သင်္ကြန်ပွဲတော်လုံခြုံရေးအကြောင်းပြ၍ လုံခြုံရေးစရိတ်အတွက်ပါ အလှူငွေ ကောက်ခံမှုများပါ ရှိနေကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- ရန်ကုန်တွင် စတင်ဆောက်လုပ်နေသော သင်္ကြန်မဏ္ဍပ်များ။
#KTM
#HlaingInfo
🤬779🔥3👎1👏1😢1
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နဲ့ စစ်ကိုင်းဒေသ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးပြုလုပ်

ဧပြီလ ၇ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နဲ့ စစ်ကိုင်းဒေသမှာရှိတဲ့ ခရိုင် (၄) ခုရဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေးကို ဧပြီ ၆ ရက် ညနေ ၃ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ လူမှုရေးရာ၊ အလုပ်သမားနှင့်လူသားချင်းစာနာ‌ထောက်ထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ရဲ့ ဆွေးနွေးမှုနဲ့ စတင်ခဲ့ပါတယ်။

ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်လုပ်ငန်းများ နဲ့ ပတ်သက်တဲ့ သိရှိလိုတာများကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးရဲ့ တာဝန်ရှိသူတွေက ပြန်လည်‌ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါအစည်းအ‌ဝေးကို အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ စစ်ကိုင်းဒေသရဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန် ထားပါတယ်။


#PVTV
#HlaingInfo
👍55😁53🔥2🥰1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 တွဲ စောင်ကို မြန်မာငွေ 30,000 ကျပ်။  ထိုင်းငွေ 200 ဘတ် 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သော ဘတ် 12 သန်း ထီနံပါတ်များ 🎁                                         

784501
627502
416303
163304
689205
846106
376507
328708
682909 တစောင်ကျန်

203910
476811
633812
790713
947714
895315
203916
053017
028718
578419

735320
892321
392022
793723
636824
479925
523026
311327
836928
186029

433740
569141

403343
158644
043545
390746
489147 Sold out
513748
670749 တစောင်ကျန်

827650
984651
172152
701553
544554
228255
615356
772257
929258
913859

756960
443062
559963
716864
873865
090266
812367
208668
165869

504570
661471
139372
975373
867774
710775
255676
449177 တစ်စောင်ကျန်
606078

919980
340581
317482
403983
452284
550685
707686
864587
016488
170089

664690
507691
495292
652293
098194
966095
876996
720097
250998
439899

168000

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
👍306🔥1😁1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 စောင်ကို မြန်မာငွေ 14,500 ကျပ်။  ထိုင်းဘတ် 100 ပါ။ 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သောထီနံပါတ်များ 🎁                                         

363500
027001
054802
197303
635505
561006
535007
682708
853409

476710
026511
390812
877313
249014
884615
511116
827417

540245
350346
976047
265248
126049

046350
868151
016952
478953
400054
681255
224956
593857
242958
544559

543760
025661
831062
631563
762165
590066
891667
827768
753169

306170
513071
854472
020873
268174
091675
220877
497678
698779
352280
072381
643582
513184
706385
951786
984087
233888
297589

547790
013791
038292
757693
166294
351895
652896
635097
148698

662300
409101
015102
165403
418604
671905
925206
821507
568208
009209

034210
428511
834912
169413
905814
357615
646716
616817
029718
875919

006120
929621
445122
507223
991624
523925
099626
912927
022828
349829

583230
214431
768632
146933
670534
453235
523436
611938
610539

390040
689741
381042
853343
820144
066145
415946
952647
014948
855649

119650
361251
272152
954753
625954
320855
440256
552957
862358
808759

019060
959361
949462
939563
929664
919865
280466
138267
044069

126970
029972
049774
103776
903677
157678
849779

326680
772681
781282
335283
379584
825585
728386
282387
432488
878489

056890
444991
590892
736793
059294
825496
000397
533698
387799

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
30👍13🔥1
စက်သုံးဆီသုံးစွဲမှု ၁ ရက်လျှင် ဂါလန် ၁ သန်းကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ သန်း လျော့ကျသက်သာလာပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့် သက်သာမည်ဟု စစ်တပ်က ထုတ်ပြန်

ဧပြီလ ၇ ရက်

မြန်မာနိုင်ငံတွင် စက်သုံးဆီသုံးစွဲမှုနှုန်းသည် တစ်ရက်လျှင် ဂါလန် ၁ သန်းကျော် သိသာစွာ လျော့ကျလာခဲ့ပြီး၊ ယင်းကြောင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းခန့်နှင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့်အထိ နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေမည်ဟု အကြမ်းဖက်စစ်တပ်က ထုတ်ပြန်လိုက်သည်။

စစ်တပ်က စက်သုံးဆီ သုံးစွဲမှုကို  လျှော့ချနိုင်ခြင်းတို့ကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သိသာစွာ သက်သာလာကြောင်း၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ ယနေ့အထိ စာရင်းများအရ နေ့စဉ်ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုသည် ၃.၅၄ သန်းဂါလန်မှ ၂.၅ သန်းဂါလန်သို့ ကျဆင်းသွားခဲ့ရာ ၂၉ ရာခိုင်နှုန်းခန့်အထိ လျှော့ချနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် ရေနံဓာတ်ငွေ့ရည် (LPG) တို့သည် ၂၉ ရာခိုင်နှုန်း ပါဝင်နေပြီး အဆိုပါစက်သုံးဆီများ၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်း ဖြစ်ကြောင်း၊  နှစ်စဉ် စက်သုံးဆီတန်ချိန် ၅ သန်းခန့် တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၅၀၀၀ သန်းကျော် သုံးစွဲနေရသဖြင့် ယခုကဲ့သို့ စနစ်တကျ ထိန်းကျောင်းသုံးစွဲနိုင်ပါက နှစ်စဉ် ဒေါ်လာ သန်း ၂၀၀၀ ခန့် လျှော့ချနိုင်မည်ဖြစ်ကြောင်း  စစ်တပ်က ဆိုသည်။

လက်ရှိ အီရန်စစ်ပွဲကြောင့်ဟု အကြောင်းပြကာ စစ်တပ်က စက်သုံးဆီခွဲတမ်းများကို လျှော့ချနေပြီး ပြည်သူများမှာ စက်သုံးဆီအရောင်းဆိုင်များတွင် နေ့စဉ် တန်းစီ တိုးဝှေ့ ဝယ်ယူနေကြရသည်။

လက်ရှိ စက်သုံးဆီစျေးနှုန်းများမှာ 92 ရိုးရိုးဓာတ်ဆီတစ်လီတာ ၄၆၁၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၆၈၀၅ ကျပ်အထိ စစ်တပ်က စျေးနှုန်းမြှင့်တင်ထားသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က ဆီဆိုင်များကို ရောင်းချရာတွင် မောင်းနှင်သွားလာထားသော ခရီးအကွာအဝေးအလိုက်သာ ယာဉ်များကို  ဆီရောင်းချနေပြီး  ယင်းစနစ်ကို ဧပြီလ ၃ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊  Taxi ယာဉ်များ၊ သုံးဘီးယာဉ်များ၊ ကုန်တင်ယာဉ်များကို မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်တွင်သာ မူတည်၍ ဆီရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအပြင်စစ်တပ်က မော်တော်ယာဉ်များ စက်သုံးဆီသုံးစွဲမှုလျှော့ချရေးအတွက် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများအပ်နှံ၍ EV ကားများ ပြန် လည်တင်သွင်းသည့်စနစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၁ ရက်နေ့ နေပြည်တော်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုထားသည်။

#KTM
#HlaingInfo
😁58🤬145👍2🔥1👏1😱1
သာပေါင်းတွင် အရပ်သား ၅ ဦးကို AA တပ်ဖွဲ့ဝင်ဟု စွပ်စွဲပြီး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရ

ဧပြီလ ၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး ဖမ်းဆီးနေရတဲ့ အရပ်သား ၅ ယောက်ကို စစ်ကောင်စီတပ်က အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်က သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာက အရပ်သား ၅ ယောက်ကို စစ်ကောင်စီတပ်က AA တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဧပြီ ၅ ရက်မှာ စစ်ကောင်စီတပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “အဖမ်းခံရသူတွေက အရပ်သားတွေပါ။ စစ်ကောင်စီတပ်က AA တပ်ဖွဲ့ဝင်တွေလို့ ဆိုပြီး ဖမ်းထားတာ။ သာပေါင်းရဲစခန်းမှာ အမှုဖွင့်ခံရတာ၊ အကြမ်းဖက်ဥပဒေနဲ့” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ အရပ်သား ၅ ယောက်ဟာ အသက် ၃၀ နှစ်အရွယ်ကို ကျော်ကျော်၊ ကိုဝင်းသူနဲ့ တခြား လူငယ်ပိုင်းအမျိုးသားတွေ ဖြစ်ပါတယ်။

သာပေါင်းဒေသခံ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “AA တပ်သားတွေဆိုပြီး ဖမ်းခဲ့တာ။ အဖမ်းခံရသူတွေကို အမှုဖွင့်တယ်လို့ပဲသိရပါတယ်။ မိသားစုတွေနဲ့ တွေ့ခွင့်မပေးဘူး” လို့ ပြောပါတယ်။

လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ရေကြည်၊ သာပေါင်းအပါအဝင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ အရပ်သား ဒေသခံတွေကို စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေက အထူးစောင့် ကြည့်စစ်ဆေး ဖမ်းဆီးနေတယ်လို့တပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဒါ့အပြင် လတ်တလောအနေနဲ့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ သာပေါင်းမြို့နယ်ထဲ ရခိုင်ရိုးမအစပ်က ကျေးရွာတချို့မှာ တိုက်ပွဲဖြစ်နေပါတယ်။

သာပေါင်းမြို့။ (Photo: KKL)
#DVB
#HlaingInfo
🤬674🔥1👏1😁1😢1
အကြမ်းဖက် မင်းအောင်လှိုင်က အတင်းလုယူထားသော သမ္မတအဖြစ် ဧပြီလ ၁၀ ရက်နေ့တွင် ကျမ်းကျိန်ဆိုမည်ဖြစ်ပြီး ကျမ်းကျိန်ပွဲသို့ နိုင်ငံတကာမှ ခေါင်းဆောင်များ တက်ရောက်ရန် လိုက်လံဖိတ်ကြားနေ

▪️ ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် အိန္ဒိယနိုင်ငံမှ ဝန်ကြီးအဆင့်သာ တက်မည်ဟု အကြောင်းပြန်

ဧပြီလ ၇ ရက်

အကြမ်းဖက် မင်းအောင်လှိုင်က အတင်းလုယူထားသော သမ္မတအဖြစ် ဧပြီလ ၁၀ ရက်နေ့တွင် ကျမ်း ကျိန်ဆိုမည်ဖြစ်ပြီး မင်းအောင်လှိုင်၏ကျမ်းကျိန်ပွဲသို့ နိုင်ငံတကာမှ ခေါင်းဆောင်များ တက်ရောက်ရန် လိုက်လံဖိတ်ကြားနေကြောင်း စစ်တပ်သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် နိုင်ငံတကာသတင်းများအရ သိရှိရသည်။

မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့ ၎င်း၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ထိုင်း၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက် နမ် အပါအဝင် အာဆီယံ၊ ကုလသမဂ္ဂ နှင့်မိတ်ဖက်နိုင်ငံများမှ ခေါင်း ဆောင်များ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ဧပြီ ၁၀ ရက်နေ့ သမ္မတအဖြစ် ကျမ်းသစ္စာ မကျိန် ဆိုမီ ဝန်ကြီး၊ဒုဝန်ကြီးများ အဆိုပြုခန့်ထားခြင်း၊ တိုင်း/ပြည်နယ်ဝန်ကြီး ချုပ်များ အဆိုပြု ခန့်ထားခြင်း၊ နိုင်ငံအဆင့် အဖွဲ့အစည်းများ ဖွဲ့ စည်းခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

မင်းအောင်လှိုင်၏ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အိန္ဒိယနိုင်ငံဘက်မှ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်၊ တောရိုင်းတိရစ္ဆာန်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာန၏ ဝန်ကြီး (Minister of State) ကာတီဗာဒန်ဆင်း ၊ ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီ ဘဟီဒါနုကရာ (Parnpree Bahiddha-Nukara)တို့ တက်ရောက်ကြမည်ဖြစ် ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရသည်။

#KTM
#HlaingInfo
🤬56😁244👎2👍1👏1
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး။

အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။

မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ 

           ဒေါ်အောင်ဆန်းစုကြည်

နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို
https://t.me/infohlaing အဖွဲ့သားများမှ တင်ပေးလျှက်ရှိပါသည်ရှင့်။

#HlaingInfo
115👍12🥰8😁3🔥1
ဘုတ်ပြင်းတွင် စစ်တပ် စစ်ကြောင်းနှင့် အခြေပြု အထိုင်ချတပ်စွဲထားသော စခန်းများကို တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၀ ဦး သေဆုံး

ဧပြီလ ၇ ရက်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် အခြေပြု အထိုင်ချတပ်စွဲထားသော စခန်းများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အတွင်း ဘုတ်ပြင်းမြို့နယ်၊ လေညာ-ရတနာပုံလမ်းပိုင်း မိုင်တိုင်အမှတ် ၈ အနီးသို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး မိုင်တိုင်အမှတ် ၁ မိုင်ခွဲနေရာတွင် ခံစစ်ပြင်ဆင်အထိုင်ချတပ်စွဲထားသော နေရာများနှင့် အခြေပြုတပ်စွဲထားသော ပြည်ကြီးမဏ္ဍိုင်မြို့နယ် မီးသတ်ဌာန၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ် ရဲစခန်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ တောင်ပေါ်ဘုန်းကြီးကျောင်း၊ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်း၊ ဘန်ဂလိုတာဝါတိုင် စသည့် အကြမ်းဖက် စစ်တပ် အခြေပြုရာနေရာများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ မြေပြင်တွင်လည်း ဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ဘုတ်ပြင်းမြို့အခြေစိုက်  စစ်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရှိရသည်။

"ကျနော်တို့မျက်မြင်တော့  စခ ၁၀ ကောင်ကျော်တယ်။ စစ်ရေးအခြေအနေက အခုချိန်ထိ မပြီးပြတ်သေးတဲ့အတွက် သေဆုံးမှုကို အတိအကျတော့ ကျနော်တို့ ထောက်လှမ်းလို့ မရသေးပါဘူး။ စစ် ကြောင်းထိုးပြီး စတင်ဝင်ရောက်လာတဲ့အချိန်က KNLA က ထုတ်ပြန်ခဲ့တဲ့ လက်နက် ၃ လက် ရခဲ့တာပဲ ရှိပါတယ်။ နောက်ထပ်တော့ ရရှိတာ ထပ်မရှိဘူး။ စစ်ခွေးတွေက (၁) မိုင်ခွဲမှာ အထိုင်ချကာကင်းယူထားပြီး (၈) မိုင်အထိ တိုးလာတဲ့အခါ မြေပြင်ကနေလည်း ဝင်တိုက်တယ်။ ဒရုန်းနဲ့ကလည်း သူတို့အထိုင်ချထားတဲ့ နေရာတွေကို ဗုံးကျဲပါတယ်။ မဏ္ဍိုင်ရဲစခန်း၊ မီးသတ်ဌာန၊ တောင်ပေါ်ဘုန်းကြီး ကျောင်း၊ ဆင်နှစ်ကောင်ကျောင်း၊ ဘန်ဂလိုတာဝါတိုင်တို့ဆိုတာ သူတို့ လက်နက်ကြီးအထိုင်ချပြီး လှမ်းထုနေတဲ့ နေရာတွေပါ။ အဲ့ဒီနေရာတွေကိုတော့ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်" ဟု ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို KNLA အမှတ် ၂၀၃ တပ်ရင်း၊ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအမှတ် ၁  တပ်ရင်း၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအမှတ် ၂ တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF DRONE FORCE) နှင့် ပူးပေါင်းတပ်ဖွဲ့များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ရေးအခြေအနေ ပိုမိုပြင်းထန်လာနိုင်သောကြောင့် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်နှင့် လေညာကျေးရွာအနီး ပြည်သူများ အသွားအလာ ဂရုစိုက်ကြရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက စစ်ရေးအခြေအနေကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိရန် သတိပေးတားမြစ်ထားသော အချိန်များကိုလည်း နားလည်စွာ ပူးပေါင်းပါဝင်ပြီး ဘေးကင်းအောင် နေထိုင်ပေးကြဖို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

#KTM
#HlaingInfo
52👍18👏6😁2
နတ်တလင်း၊ ပဲမခမ်းရွာကို စစ်တပ်က ဒရုန်း၊ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး၊ ပြည်သူ ၁၀၀ ကျော်ကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးထား

ဧပြီလ ၇ ရက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ၊ ပဲမခမ်းရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၁၀၀ ကျော်ကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန်သာယာရွာကို အင်အား ၁၀၀ ကျော်ခန့်ဖြင့် စတင် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်းရှိ ထွက်ပြေးတိမ်းရှောင်သူများကို လိုက်လံ ဖမ်းဆီးရာ ပြည်သူ ၁၀၀ ကျော် လူသားဒိုင်း အဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် အနီးအနားရှိ ပဲမခမ်းရွာထဲကို လက်နက်ကြီး ၁၂၀ မမ ဗုံးများဖြင့် အချက်ရေး ၅၀ ကျော်ပစ်ခတ်ခဲ့ကြောင်း၊ အလားတူ ပေါင်းတည်မြို့နယ်အတွင်းရှိ ပေါက်တုန်း တပ်မ ၁၀ မှ အကြမ်းဖက် စစ်သားများကလည်း ၁၂၀ မမ လက်နက်ကြီး များဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ပဲမခမ်းရွာဘက်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း၊ ယင်း နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင်လည်း စစ်တပ်၏ စက်တပ်လေထီး ၃ စီးသည် ပဲမခမ်းရွာထဲကို အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း သိရသည်။

ထိုသို့ ပဲမခမ်းရွာကို လက်နက်ကြီး၊ ဒရုန်း၊ စက်တပ်လေထီးများဖြင့် တိုက်ခိုက်ပြီးနောက် ယနေ့ ဧပြီလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း ရောက်ရှိလာပြီး ပြည်သူပိုင်နေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများကို စိတ်ကြိုက် ခိုးယူနေကြောင်း သိရှိရသည်။

" ၅ ရက်နေ့ နံနက်ပိုင်းကစပြီး ကန်သာယာကျေးရွာကို စစ်ခွေး အင်အား ၁၀၀ ကျော်က စစ်ကြောင်းထိုးပြီး ဝင်ရောက်လာတယ်။ စစ်ခွေးတွေ ရောက်လာတော့ ထွက်ပြေးကျတဲ့ ပြည်သူတွေကို လိုက်လံ ဖမ်းဆီးတာ ပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံရပြီး လူသားဒိုင်း လုပ်ထားတယ်။ အဲနောက်မှာ စစ်ခွေးတွေက ပဲမခမ်းရွာထဲကို လက်နက်ကြီးတွေ၊ ဒရုန်းတွေ၊ စက်တပ်လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်တာ ပြည်သူ ၂ ဦးသေဆုံးတယ်။ အခုမြေပြင် စစ်ခွေးစစ်ကြောင်းက ပဲမခမ်းရွာမှာ အထိုင်ချထားပြီး အိမ်တွေထဲက ပြည်သူပိုင်ပစ္စည်းတွေကို ကားတွေနဲ့ ဖောက်ထွင်း သယ်ထုတ်နေကြတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကန်သာယာရွာ၊ ပဲမခမ်းရွာ၊ ညောင်ဝိုင်းရွာ၊ စံကြီးလောင့်ရွာ၊ ကျောက်စွယ်ရွာ၊ ကျောက်ခွက်ရွာ၊ သရက်ပုဂံရိုးရွာ၊ ကျွန်းလေပင်ရွာ၊ ဆည်းကန်ရွာ၊ ထန်းတောရွာ၊ အိုးဖိုကုန်းရွာ၊ ရေနံကုန်းရွာ၊ လယ်မအင်းရွာ၊ ဘန့်ဘွေးကုန်းရွာ၊ ရှားစေးဖိုရွာ၊ ချောင်းကမ်းကြီးရွာ၊ သာယာကုန်းရွာနှင့် ညောင်ဝိုင်းကျေးရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရသည်။

ဓာတ်ပုံ - နတ်တလင်းမြို့နယ်၊ ဖလံပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
#KTM
#HlaingInfo
🤬706👎1👏1😢1
စစ်အာဏာသိမ်း (၁၈၉၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၆၆) ဦးအထိရှိလာ

ဧပြီလ ၇ ရက်

AAPP ရဲ့ ဧပြီ၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၉၁) ရက်အတွင်း ပြည်သူ (၇၉၆၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၈၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာသူကတော့ (၈၅၆၅)ဦး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

ကိုးကား - AAPP
#TLT
#HlaingInfo
😢29🤬172🔥2
ဗိုလ်ချုပ်ဂွန်မော်ဦးဆောင်တဲ့ KIO အဖွဲ့
ရှမ်းမြောက်သို့ သွားရောက်

■ဒေသခံတွေ၊ မဟာမိတ်တိုင်းရင်းသားတပ်တွေနဲ့ တွေ့ဆုံဟုသတင်းရင်းမြစ်ပြော

ဧပြီလ ၇ ရက်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်း
ဆောင်တဦးဖြစ်တဲ့ကချင်လွတ်လပ်ရေးကောင်
စီ(KIC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် ဦးဆောင်တဲ့ KIO အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေကို သွားရောက်ပြီး ဒေသခံ ကချင်လူထုတွေ၊ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရှမ်းမြောက်ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

KIOခေါင်းဆောင်ရဲ့ ရှမ်းမြောက် ခရီးစဉ်နဲ့ တွေ့
ဆုံမှု ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး KIO/KIA ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် ဒေသခံ သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ ဧပြီ ပထမပတ်အတွင်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်ဟာ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို ကိုးကန့်တပ် MNDAA နဲ့ နမ့်ဖက်ကာမှာ တွေ့ဆုံခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် ရှမ်းတပ် SSPP နဲ့ ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးဒေသမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။အလားတူ နမ့်ခမ်းမြိုကိုလည်းဗိုလ်ချုပ်ဂွန်မော် သွားရောက်ခဲ့ပြီး တအာင်းတပ်မတော်
(TNLA)နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။

ဗိုလ်ချုပ်ဂွန်မော်ရဲ့ ရှမ်းမြောက်ခရီးစဉ်နဲ့ ပတ်
သက်ပြီး KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၊ TNLA ပြောရေး
ဆိုခွင့်ရှိသူ ၊ SSPP ပြောရေးဆိုခွင့်ရှိသူ တို့ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပေမယ့်အဆက်အသွယ်မရသေးပါဘူး။

ရှမ်းသတင်းရင်းမြစ်တဦးကတော့ SSPPနဲ့ KIO တွေ့ဆုံဖို့ရှိပြီး အသေးစိတ် အခြေအနေတွေ မသိ
ရဘူးလို့ ပြောပါတယ်။

ဗိုလ်ချုပ်ဂွန်မော်ဟာ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသကိုသွားရောက်ပြီး ဒေသခံတွေ နဲ့ တွေ့ဆုံရာမှာပြည်သူတွေကိုနိုင်ငံရေးဆိုင်ရာအသိပေးပြော
ကြားမှုတွေလုပ်ခဲ့တယ်လို့ဒေသခံကပြောပါတယ်။

“ဗိုလ်ချုပ်ဂွန်မော် နမ့်ဖက်ကာ ဒေသခံများကို လာရောက်တွေ့ဆုံတာကို ပြည်သူတွေ ကျေးဇူးတင်နေကြပါတယ်။ ဗိုလ်ချုပ်ဂွန်မော်ရဲ့ ဒီတခေါက် နမ့်ဖက်ကာမှာ ပြည်သူတွေကို နိုင်ငံရေး အသိပညာပေး ပြောကြားလာခြင်း လာရောက်တွေ့ဆုံခြင်းဟာ ပြည်သူတွေနဲ့ မဟာမိတ်တပ်တွေအကြား စည်းလုံးမှု ပိုမိုခိုင်မာလာမယ်ထင်တယ်။ အခုလို KIA တိုက်ခိုက်သိမ်းယူထားတဲ့ နမ့်ဖက်ကာ ရွာမှာ ဗိုလ်ချုပ်ဂွန်မော် ရောက်လာတာဟာ ပြည်သူတွေသာမက စကစကို တော်လှန်နေတဲ့ မဟာမိတ်တပ်တွေအတွက် အင်အားဖြစ်စေမှာပါ” လို့ ဒေသခံက ပြောပါတယ်။

KIAဟာ ၂၀၂၄ ဇန်နဝါရီမှာ နမ့်ဖက်ကာမှာရှိတဲ့စစ်ကောင်စီရဲ့ အမှတ်(၁၂၃)ခြေလျင်တပ်ရင်း
( ခလရ၁၂၃)ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့တိုက်လေ
ယာဉ်တစ်စီးကိုလည်းပစ်ချဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင်ဗိုလ်ချုပ်ဂွန်မော်ဟာ ရှမ်းမြောက်ခရီးစဉ်အတွင်း မဟာမိတ်တပ်တွေနဲ့ အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့တယ်လို့ရှမ်းမြောက်ကသတင်းရင်းမြစ်တွေကပြောပါတယ်။

KIOဟာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီကို ဖွဲ့စည်းကြောင်း မတ်လ ၃၀ရက်မှာ ကြေညာခဲ့ပါတယ်။ အဲဒီစုဖွဲ့မှုမှာ အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေ ပါဝင်ရေး ရက်ပေါင်း ၆၀ အတွင်းဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း ဦးဆောင်ကောင်စီ တာဝန်ရှိသူတွေက အသိပေးထားပါတယ်။

အခု ဗိုလ်ချုပ်ဂွန်မော်ရဲ့ ရှမ်းမြောက် ခရီးစဉ်ဟာ ဦးဆောင်ကောင်စီမှာ တိုင်းရင်းသားတော်လှန်းရေးတပ်တွေ ထပ်မံ ပါဝင်လာရေး ကြိုးပမ်းမှု ဖြစ်နိုင်ကြောင်းလည်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

“ခရီးစဉ်ဟာအပြုသဘောဆောင်ပြီးရလဒ်ကောင်း
ရခဲ့တယ်လို့ မြင်ပါတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

KIA၊ TNLA၊ MNDAA၊ SSPPလေးဖွဲ့စလုံးစစ်ရေး နိုင်ငံရေးပူးပေါင်းဆောင်ရွက်လာပါက မင်းအောင်လှိုင်နဲ့ အာဏာရှင်တွေ ပြုတ်ကျရေးပိုမိုနီးစပ်လာမယ်လို့လည်း ရှမ်းမြောက်က သတင်းရင်းမြစ်တဦးကသူရဲ့အမြင်ကိုပြောပါတယ်။

#LNO
#HlaingInfo
83👍19👏6😁2🔥1🥰1
လောင်းကစားဝန်ကြီးချုပ် လုံးဝပြုတ်ပြီ

ဧပြီလ ၇ ရက်

မွန်ပြည်နယ်ကို လောင်းကစားဇာတ်သွင်းကာ လိုင်းကြေးယူခဲ့သည့် တရားမဝင်ဝန်ကြီးချုပ် အောင် ကြည်သိန်း လုံးဝပြုတ်ပြီဖြစ်ကြောင်း သိရသည်။

လောင်းကစားဝန်ကြီးချုပ် အောင်ကြည်သိန်းက ဝန်ကြီးတစ်နေရာပေးသနားရန် နေပြည်တော်စစ် ဗိုလ်ချုပ်တို့ထံ အသနားခံခဲ့သော်လည်း ယနေ့ ထွက်ပေါ်လာသော တရားမဝင်မွန်ပြည်နယ်အစိုးရ အဖွဲ့စာရင်းတွင် အောင်ကြည်သိန်းအမည်ပါမလာခဲ့ပေ။

“လုံးဝပွဲပြီးသွားပါပြီ။ဝန်ကြီးချုပ်ဘဝတုန်းက ထင်ရာစိုင်းခဲ့တဲ့ကောင် အခု လွှတ်တော်အမတ်ဘဝနဲ့ အိပ်ငိုက်ဖို့ပဲ ရှိတော့တယ်။မွန်ပြည်နယ်မှာ လောင်းကစားဝိုင်းတွေ ထောင်ခဲ့တယ်ဆိုတဲ့ သမိုင်းဆိုးနဲ့ အောင်ကြည်သိန်း ပွဲပြီးသွားပါပြီ”ဟု ဒေသတွင်းပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက MPAသို့ပြောသည်။

ယနေ့ တရားမဝင် မွန်လွှတ်တော်အစည်းအဝေးတွင် မင်းအောင်လှိုင်ခန့် မွန်ပြည်နယ်တရားမဝင်ဝန် ကြီးချုပ် အောင်ဝင်းသန်းက တရားမဝင် မွန်ပြည်နယ်အစိုးရအဖွဲ့စာရင်း တင်ပြခဲ့ရာ ထားရာနေ စေ ရာသွား ပေးတာယူဘဝဖြင့် စစ်အုပ်စုအလိုကျ လိုက်နာဆောင်ရွက်သည့် မွန်ညီညွတ်ရေးပါတီမှ အမတ်၂ဦး ဝန်ကြီးနေရာရရှိခဲ့သည်။

“အောင်ကြည်သိန်းတပည့်တွေက အခုအချိန်ထိ မလျှော့သေးဘူး။ သူတို့အဘ ပြည်ထောင်စုဝန်ကြီး တစ်နေရာ ရဖို့ရှိတယ်ချည်း ပြောနေတုန်းပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

တရားမဝင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များမှာ အောင်ဝင်းသန်း (ဝန်ကြီးချုပ်)၊ကျော်စွာမြင့် (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)၊နိုင်လယိတမ (စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး)၊ တင်ဇော်ထွန်း (လူမှုရေးရာဝန်ကြီး)၊မင်းဇေယျာဦး (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး)၊မင်းမြင့်မောင်လေး (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး)၊ မိလဝီဟန် (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး)၊ ဒေါက်တာအောင်မြတ်ကျော်စိန် (စည်ပင်သာယာရေးဝန်ကြီး)၊မျိုးမင်းလှိုင် (ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ချစ်သိန်း (ပအို့ဝ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)နှင့် စောအောင်ကျော်သိန်း (ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)တို့ဖြစ်သည်။

ဝန်ကြီးချုပ်ပြုတ်အောင်ကြည်သိန်းသည် မွန်ပြည်နယ်ကြံ့ဖွံ့ပါတီဥက္ကဌဖြစ်ပြီး တရားမဝင်ရွေးကောက်ပွဲကို ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်-FPTP)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပွင့်လင်းမြင်သာ မှုမရှိသည့် သံသယဖြစ်ဖွယ် ကြိုတင်မဲဖြင့် အနိုင်ရခဲ့သည်။

ဓာတ်ပုံ- ရာမညမြေ၊ဝန်ကြီးချုပ်ပြုတ် အောင်ကြည်သိန်း
#MPA
#HlaingInfo
😁5821👍2🔥2
တောင်ကုတ်တွင် ရွှေခိုးယူသည့် အမျိုးသမီး ၁ ဦးကို AA ဖမ်းဆီး

ဧပြီလ ၇ ရက်

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် ရွှေထည်ပစ္စည်းများ ခိုးယူထားသည့် အမျိုးသမီး ၁ ဦးကို ခိုးရာပါပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း အာရက္ခတပ်တော် AA ရဲတပ်ဖွဲ့ (ဒီလပ်ဌာန)မှ ယနေ့ ဧပြီလ ၇ ရက်တွင် ထုတ်ပြန်သည်။

တန်းလွဲရွာမနေ ဒေါ်လှလှအေးနေအိမ်မှ တန်းလွဲရွာမ အမှတ် ၁ ရပ်ကွက်နေ အသက် ၂၀ အရွယ် ဒေါ်မိပြုံးချို ဆိုသူက ရွှေထည်များ ခိုးယူခဲ့ကြောင်း သိရသည်။

ခိုးယူခံရသော ရွှေထည်များမှာ ၁၅ ပဲရည် ၃ ပဲ ကျော် ရွှေဆွဲကြိုးတစ်ပင်၊ ၉ ပဲကျော် ရွှေဆွဲကြိုး တစ်ပင်နှင့် ၄ ပဲခန့်ရှိ လက်ကောက် ၃ ကွင်း ဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ နီးပါး ရှိကြောင်း ဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က ဒေါ်လှလှအေးမှာ ရွာထဲရှိ ရှင်ပြုပွဲသို့ သွားရောက်သည့်အချိန်တွင် ဒေါ်မိပြုံးချိုက နေအိမ်ထဲသို့ ဝင်ရောက် ခိုးယူသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်လှလှအေး တိုင်တန်းချက်အရ အာရက္ခတပ်တော် AA ရဲတပ်ဖွဲ့ဝင်များမှာ တရားခံအား စုံစမ်းရှာဖွေပြီးနောက် ဒေါ်မိပြုံးချိုကို ခိုးရာပါ ရွှေထည်ပစ္စည်းများနှင့်အတူ မတ်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ရွှေထည်ပစ္စည်းများ ခိုးယူမှုဖြင့် ဒေါ်မိပြုံးချိုကို ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အာရက္ခတပ်တော် ရဲတပ်ဖွဲ့ (ဒီလပ်ဌာန) က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်အတွင်းမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ သုံးလအတွင်း ပစ္စည်း ခိုးယူမှု အမှုပေါင်း ၇၀ ရှိခဲ့ကြောင်း အာရက္ခတပ်တော် ရဲတပ်ဖွဲ့က ဆိုသည်။

သူတစ်ပါး ပစ္စည်းများအား ခိုးယူခြင်းသည် ကြီးလေးသော ပြစ်ဒဏ် ကျခံရနိုင်ပြီး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်ပါ ကျခံရနိုင်ကြောင်းလည်း အာရက္ခတပ်တော် ရဲတပ်ဖွဲ့က သတိပေးထားသည်။

ရခိုင်ပြည်အတွင်း လက်ရှိအခြေအနေ အကျပ်အတည်းများကြောင့် ဒေသခံပြည်သူများမှာ စားဝတ်နေရေး အခက်အခဲ အမျိုးမျိုးကို ခံနေကြရသည့်အတွက် သူတစ်ပါးပစ္စည်းများကို ခိုးယူပြီး အခက်အခဲများကို ဖြေရှင်းတတ်ကြကြောင်း သုံးသပ်မိသည်ဟု AA ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်အတွင်း ခိုးမှုများ ပပျောက်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နေ့ညမပြတ် ကင်းလှည့်ဆောင်ရွက်ခြင်းနှင့် ခိုးဆိုးလုနှိုက်တတ်သော သူများကိုလည်း စာရင်းကောက်ခံ မှတ်တမ်းတင်ထားကြောင်း ဆိုသည်။

ခိုးဆိုးလုနှိုက်တတ်သူများကို စောင့်ကြည့်လျက်ရှိနေသည့်အပြင် လောင်းကစားနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲသူများကိုလည်း စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း အာရက္ခတပ်တော် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဒေသခံပြည်သူများအနေဖြင့်လည်း ခိုးဆိုးလုနှိုက်တတ်သူများ၊ လောင်းကစားဝိုင်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲသူတို့ကို တွေ့ရှိ၊ မြင်ရှိပါက သက်ဆိုင်ရာဌာန တာဝန်ရှိသူများထံ ကြိုတင်အသိပေး အကြောင်းကြရန်နှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် အာရက္ခတပ်တော် ရဲတပ်ဖွဲ့မှ တိုက်တွန်းနှိုးဆော်ထားသည်။

#WN
#HlaingInfo
👍5910
ပြည်သူများ အနေဖြင့် စက်သုံးဆီကို အကန့်အသတ်ဖြင့် တန်းစီဝယ်ယူနေရသော်လည်း နိုင်ငံခြားငွေ ဒေါ်လာသန်း ၂၀၀၀ ခန့် သက်သာနေကြောင်း စစ်ကော်မရှင် ကြွားလုံးထုတ်

ဧပြီလ ၇ ရက်

နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီဆိုင်များတွင် ပြည်သူများ နာရီပေါင်းများစွာ အတိဒုက္ခရောက်ကာ တန်းစီ ဝယ်ယူနေရချိန်၌ QR Code စနစ်ဖြင့် အကန့်အသတ်နှင့် ရောင်းချခြင်းကြောင့် စက်သုံးဆီဝယ်ယူစရိတ် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့် လျော့နည်းသက်သာသွားကြောင်း အကြမ်းဖက်စစ်ကော်မရှင်က ကြွားလုံးထုတ် ပြောဆိုထားသည်။

စက်သုံးဆီကို နှစ်စဉ်တန်ချိန် ၅ သန်းခန့် တင်သွင်းနေရပြီး အမေရိကန်ဒေါ်လာ သန်း ၅,၀၀၀ ကျော် သုံးစွဲနေရသော်လည်း ယခုကဲ့သို့ ကန့်သတ်ချက်များဖြင့် ရောင်းချခြင်းကြောင့် နှစ်စဉ် ဒေါ်လာသန်း ၂,၀၀၀ ခန့် လျော့နည်းသက်သာမည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ရန်ကုန်အပါအဝင် မြို့ကြီးများ၌ စက်သုံးဆီဝယ်ယူရန် ၂ နာရီမှ ၃ နာရီကျော်အထိ တန်းစီစောင့်ဆိုင်းနေရပြီး နယ်မြို့များတွင်မူ ရေစက်၊ မီးစက်နှင့် လယ်ယာသုံးစက်ပစ္စည်းများကို ဆီဆိုင်အထိ ကိုယ်တိုင်သယ်ဆောင်ကာ ခက်ခဲစွာ ဖြည့်တင်းနေရခြင်း ဖြစ်သည်။

"စက်သုံးဆီက မြင်နေရတဲ့အတိုင်းပဲ တန်းစီဝယ်နေရတယ်။ အရင်လို သလောက်ဝယ်ဖို့တော့ ရမယ် မထင်သေးဘူး။ ဒီစနစ်တွေကောင်းတယ်ဆိုပြီး သူတို့ကတော့ အကြိုက်တွေ့နေပြီထင်တယ်။ အီရန်စစ်ပွဲ ပြီးသွားရင်တောင် နိုင်ငံခြားငွေသက်သာတယ်ဆိုပြီး နောက်ပိုင်းလည်း ဒီလိုပဲ ဝယ်ရတော့မလား မသိဘူး" ဟု ရန်ကုန်မြို့ခံ ကိုယ်ပိုင်ယာဉ်မောင်း တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိစစ်ကော်မရှင်သတ်မှတ်သောစက်သုံးဆီဈေးနှုန်းသည်  အာရှနိုင်ငံများတွင် မြန်မာနိုင်ငံက ဈေးတက်မှုအမြင့်ဆုံးဖြစ်ပြီး သတ်မှတ်ချက်အတိုင်းသာ ဝယ်ယူနိုင်သည့်အပြင် ဝယ်ယူရာတွင်လည်း အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသည်။

‎ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှ ဧပြီ ၆ ရက်နေ့အထိစာရင်းများအရ နေ့စဉ်ပျှမ်းမျှစက်သုံးဆီသုံးစွဲမှု ၃ ဒသမ ၅၃ ဂါလန်သန်းမှ ၂ ဒသမ ၅ ဂါလန်သန်းသို့ကျဆင်းရာလာသဖြင့် ဆီဂါလံ သုံးစွဲမှု ၁ သန်းကျော်လျော့နည်းသွားကြောင်း စစ်ကော်မရှင်က ဆိုထားသည်။

လက်ရှိတွင် ‎စက်သုံးဆီဖူလုံရေးအတွက် ဓာတ်ဆီရက် ၄၀ နှင့် ဒီဇယ် ရက် ၅၀ ခန့်ရှိပြီး ယခုလအတွင်း သင်္ဘော ၂၆ စင်းထပ်မံတင်သွင်းရန်စီမံထားကြောင်း စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

တစ်နိုင်ငံလုံး၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည် (LPG) နှင့် ရေနံထွက် ပစ္စည်းများမှာ ၂၉ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး ယင်းတို့ကို သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိက အသုံးပြုနေခြင်းဖြစ်ကာ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် လိုအပ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းနေရခြင်းဖြစ်သည်။

စစ်ကော်မရှင်အနေဖြင့် ပြည်သူများအပေါ် စက်သုံးဆီ ကန့်သတ်ရောင်းချခြင်းဖြင့် သက်သာလာသော နိုင်ငံ ခြားငွေများကို အာဏာတည်မြဲရေးအတွက် စစ်လက်နက်နှင့် လေယာဉ်ဆီ ဝယ်ယူမှုများတွင်သာ အသုံးပြုသွားဖွယ်ရှိသည့်ဟု ‎နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်ထောက်ပြထားသည်။

ဓာတ်ပုံ - လူမှုကွန်ရက်
#AYAT
#HlaingInfo
🤬61😁184👏2👍1👎1
အကြမ်းဖက် မင်းအောင်လှိုင်က အစိုးရအဖွဲ့သစ်တွင် လူဟောင်းများနှင့်သစ္စာခံသူ စစ်ဗိုလ်ချုပ်ဟောင်းများကိုသာ ဝန်ကြီးများအဖြစ် အဆိုပြုခန့်အပ်

ဧပြီလ ၇ ရက်

အကြမ်းဖက် မင်းအောင်လှိုင်က အစိုးရအဖွဲ့သစ်တွင် လူဟောင်းများနှင့်သစ္စာခံသူ စစ်ဗိုလ်ချုပ်ဟောင်းများကိုသာ ဝန်ကြီးများအဖြစ် အဆိုပြုခန့်အပ်ထားကြောင်း အကြမ်းဖက် လွှတ်တော်တွင် တင်သွင်းသော အဆိုပြုခန့်အပ်ချက်အရ သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ယနေ့ ဧပြီလ ၇ ရက်နေ့တွင် အကြမ်းဖက် လွှတ်တော်သို့ ဝန်ကြီးဌာန ၃၁ ခုနှင့် ဝန်ကြီး ၃၀ ဦး နာမည်စာရင်းတင်သွင်းအတည်ပြုခဲ့ပြီး ဝန်ကြီး ၃၀ ဦးမှာလည်း လူဟောင်းများ၊ စစ်ဗိုလ်ချုပ်ဟောင်းများနှင့် အကြမ်းဖက် မင်းအောင်လှိုင်ကို သစ္စာခံသူများကိုသာ ပြန်လည် ခန့်အပ်ထားသည်ကို မြင်တွေ့ရသည်။

ထူးခြားချက်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် တရုတ်သံအမတ်ဟောင်း တင်မောင်ဆွေကို ခန့်အပ်ခြင်းဖြစ်ပြီး တင်မောင်ဆွေမှာ အငြိမ်းစားဗိုလ်မှူးချုပ်ဖြစ်ကာ နေပြည်တော်ကောင်စီ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူမှာ ရခိုင်ဝန်ကြီးချုပ်ဟောင်း ထိန်လင်းဖြစ်ပြီး ၎င်းသည် ဗိုလ်မှူးကြီးဟောင်း တစ်ဦးဖြစ်ကာ ရခိုင်ပြည်နယ်နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် အကြမ်းဖက် မင်းအောင်လှိုင်၏ အကြံပေးလည်းဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးအဖြစ် လက်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ခင်မောင်ရီကို ခန့်အပ်ထားသည်။

သမ္မတရုံးဝန်ကြီးအဖြစ် လက်ရှိ ဝန်ကြီးဖြစ်နေသူ အောင်ကျော်ဟိုး၊ ပို့ဆောင်ရေးဝန်ကြီးဖြစ် ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်စန်း၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ဟောင်း မြထွန်းဦး၊ကာကွယ်ရေးဝန်ကြီးအဖြစ် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဒေါက်တာ ကံဇော်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးအဖြစ် သန်းမောင်တို့ကိုလည်းကောင်း ခန့်အပ်ထားသည်။

ဥပဒေရေးရာဝန်ကြီးအဖြစ်ဒေါက်တာ သီတာဦး၊ ပညာရေးဝန်ကြီး ဒေါက်တာ ချောချောစိန်၊သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာ မျိုးသိမ်းကျော်၊ ကျန်းမာ ရေး ဝန်ကြီးအဖြစ် ဒေါက်တာ သက်ခိုင်ဝင်း၊အမျိုးသမီးရေးရာဝန်ကြီးအဖြစ် ဒေါက်တာ သက်သက်ဇင် ၊သာသနာရေးဝန်ကြီး တင်ဦးလွင်၊ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် မင်းနောင်၊ သမဝါယမနှင့် ကျေး လက် ဖွံ့ဖြိုးရေးဝန်ကြီးအဖြစ် မျိုးဇော်သိန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဆန်းဦး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကိုကို လွင်၊ စက်မှုနှင့် အသေးစား၊ အလယ်စားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးအဖြစ် ၊ ဒေါက်တာ ချာလီသန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး မြင့်ကြိုင်၊ အလုပ်သမားဝန်ကြီး ခင်မောင်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထွန်းအုံ၊ အား ကစားရေးရာဝန်ကြီး ရဲမြင့်ထွန်း၊ လူငယ်ရေးရာဝန်ကြီးဒေါက်တာ မောင်သင်း၊ ဆောက်လုပ်ရေးဝန်ကြီး မျိုးသန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ်ဒေါက်တာ စိုးဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးအဖြစ် မောင်မြင့်တို့ကို ခန့်အပ်ထားသည်။

#KTM
#HlaingInfo
😁5913👎4🔥2🤬2👍1👏1
ကော့ကရိတ်မြို့နယ် မြဝတီ-ဘားအံလမ်းပိုင်းရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးတပ်များက ရော့ကတ်ဖြင့် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်

ဧပြီလ ၇ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ မြဝတီ-ဘားအံ လမ်းပိုင်းတကြောတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းများကိုSaw Dragon Drone Force (SDDF) တပ်ရင်းက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၄ ရက်နေ့က စတင်၍ ကော့ကရိတ်မြို့နယ်၊ မြဝတီ-ဘားအံ လမ်းတကြောရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်းများနှင့် ကင်းစခန်း (Point) များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရော့ကတ်များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေး တင်းမာကာ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

Saw Dragon Drone Force (SDDF) မှ တာဝန်ရှိသူတစ်ဦးက “မြဝတီ-ဘားအံလမ်းတကြောလုံးက ရန်သူ့ Point တွေပါ။ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေဆဲပါပဲ။ စစ်ရေးက တင်းမာနေဆဲအချိန်မို့ တည်နေရာ အတိအကျကိုတော့ လုံခြုံရေးအရ မထုတ်ပြန်သေးတာပါ။ အခုလို မစ်ရှင်တွေ အောင်အောင်မြင်မြင် ထပ်လုပ်နိုင်ဖို့ ကျနော်တို့ တပ်ရင်းက လုပ်ဆောင်နေတဲ့ ကမ်ပိန်းလေးကိုလည်း များများလာကူပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ လက်ရှိ စစ်ရေးတင်းမာနေတာကြောင့် သတိထားသွားလာကြဖို့လည်း မိဘပြည်သူတွေကို တိုက်တွန်းချင်ပါတယ်”ဟု ထုတ်ဖော်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Saw Dragon Drone Force (SDDF) တပ်ရင်းမှ ရဲဘော်များက တာဝန်ယူ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ပြည်သူလူထု၏ အားပေးထောက်ပံ့မှုများ ဆက်လက်လိုအပ်နေကြောင်း အသိပေးထားသည်။

လက်ရှိတွင် မြဝတီ-ဘားအံ လမ်းပိုင်း၌ စစ်ရေးအခြေအနေမှာ အလွန်စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသဖြင့် ခရီးသွားပြည်သူများအနေဖြင့် အထူးသတိထား သွားလာကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို ဂရုပြုနားစွင့်ကြရန်လည်း တိုက်တွန်းထားသည်။

တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က အခိုင်အမာ ပြောဆိုသည်။

#KTM
#HlaingInfo
55👏12👍6🥰3🔥1😁1