Hlaing Info
55.2K subscribers
141K photos
5.85K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
ရေးမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

ဧပြီလ ၆ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်ရာ ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Mon State Revolutionary Force - MSRF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရေးမြို့နယ်၊ ရင်းဒိန်ကျေးရွာနှင့် ရင်းရယ်ကျေးရွာ အကြား၌ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၅ ရက်နေ့ ည ၉ နာရီ ၂၅ မိနစ်ခန့်တွင် ခေါ်ဇာမြို့ အခြေစိုက် အမှတ် ၃၁ ခြေလျင်တပ်ရင်း ခလရ-၃၁ ၏ ကာကင်းစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

"ကင်းလှည့်လာတဲ့ စစ်ခွေးတွေကို တိုက်ခိုက်တာက ဗိုလ် ၁ ကောင် အပါအဝင် ၃ ကောင်သေဆုံးပါတယ်။ စစ်ခွေး ကာကင်းစခန်းကို တိုက်ခိုက်တာကတော့ သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်" ဟု Mon State Revolutionary Force - MSRF မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ညီနောင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ ကံပေါက် ပြည်သူ့ကာကွယ်ရေးတပ်ရင်း/အမှတ် (၈၀၀၂) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#KTM
#HlaingInfo
👏4010👍9😁2🔥1🥰1
6 April 2026 Tokyo Japan
မြန်မာ အကြမ်းဖက် စစ်အာဏာရှင်ကို မိမိတို့ကိုယ်တိုင်တိုက်ယူမှာဖြစ်သော်လည်းအပစ်မဲ့ပြည်သူများထိခိုက်မှုများပြားမည်စိုးရိမ်ရပါသဖြင့် USA 🇺🇸 သမ္မတကြီးမှ ကူညီရှင်းလင်းပေးပါရန် အကူအညီတောင်းခံပွဲ။
ကူညီစီစဉ်သူ
ကိုအောင်အေးဝင်း နှင့် တော်လှန်ရေးရဲဘော်များ-နာဂိုရာမြို့
Khin Aung {NLD} 08010594589
နေ့စဉ်ဆန္ဒပြသူများအဖွဲ့-ဂျပန်

#HlaingInfo
👍4527😁4🥰3🔥1
ဖလမ်းတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ရုပ်အလောင်းများနှင့် ဒဏ်ရာရသူများကို ကလေးမြို့စစ်ဆေးရုံသို့ လျှို့ဝှက်သယ်ဆောင်နေ

ဧပြီလ ၆ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲတွင် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု များပြားနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ဆေးရုံသို့ အဆက်မပြတ် ပို့ဆောင်နေရကြောင်း မြို့ခံများထံမှ သိရသည်။

ဧပြီလ ၄ ရက်နေ့၊ ညနေပိုင်းအချိန် ဖလမ်းမြို့နယ်တွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရသည့် စစ်ကော်မရှင်စစ်ကြောင်းမှ ထိခိုက်ကျဆုံးသူများကို ကလေးမြို့ရှိ ကုတင် (၁၀၀) ဆံ့ စစ်ဆေးရုံသို့ အရပ်သားသုံး မော်တော်ယာဉ်များဖြင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ထိုသို့ သယ်ဆောင်ရာတွင် စစ်ကော်မရှင်တပ်ဘက်မှ သတင်းအမှောင်ချရန် ကြိုးပမ်းသည့်အနေဖြင့် ရုပ်အလောင်းများကို မိုးကာများဖြင့် အထပ်ထပ် ဖုံးအုပ်ထားသော်လည်း တာဟန်းလမ်းမကြီးတစ်လျှောက် ဖြတ်သန်းစဉ် ထွက်ပေါ်လာသော ပုပ်စော်နံသည့် အနံ့အသက်များကြောင့် သိသာထင်ရှားခဲ့ခြင်း ဖြစ်သည်။

"ကားတွေကို မိုးကာတွေနဲ့ သေချာအုပ်ထားပေမဲ့ အနံ့ကတော့ တော်တော်လေး ပြင်းထန်နေတယ်။ ဒါဟာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေ အများအပြား ပါလာတယ်ဆိုတာ သိသာစေတယ်။ ပုံမှန်ဆိုရင် သူတို့က အထိနာတာကို လူမသိအောင် ဖုံးဖုံးဖိဖိ လုပ်တတ်ပေမဲ့ အခုကတော့ အလောင်းအရေအတွက် များလွန်းလို့လားမသိဘူး၊ လူနေရပ်ကွက်တွေထဲကနေ ဒီအတိုင်း ဖြတ်မောင်းနေရတာ" ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖလမ်းမြို့ကို ပြန်လည်စိုးမိုးနိုင်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်များကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ အများအပြား ထိခိုက်ကျဆုံးခဲ့ခြင်း ဖြစ်သည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ စစ်ရေးရှုံးနိမ့်မှုနှင့် အထိနာမှုများကို ဖုံးကွယ်ရန် ကြိုးပမ်းနေသော်လည်း၊ ကလေးမြို့ရှိ စစ်ဆေးရုံသို့ ဒဏ်ရာရသူများနှင့် ရုပ်အလောင်းများ ဆက်တိုက် ရောက်ရှိနေခြင်းသည် ဖလမ်းမြို့နယ်တိုက်ပွဲ မြေပြင်အခြေအနေတွင် ထိခိုက်သေဆုံးမှုများနေသည်ကို ဖော်ပြနေခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ ဖလမ်းမြို့နယ်အတွင်း နှစ်ဖက်စစ်ရေး တင်းမာနေပြီး စစ်ကော်မရှင်ဘက်မှလည်း လိုအပ်သည့် လက်နက်ခဲယမ်းများကို လေကြောင်းမှတစ်ဆင့် ဖြည့်တင်းပေးနေရသလို ကလေးမြို့မှတဆင့် စစ်ကူအင်အားများကိုလည်း အဆက်မပြတ် စေလွှတ်နေကြောင်း သိရသည်။

‌‎#AYAT
#HlaingInfo
44👍22😁6🥰2👎1🔥1
အဝေးပြေး ကားလက်မှတ်တွေဈေးတက်လို့ စက်ရုံဝန်ထမ်းတွေ နေရပ်မပြန်နိုင်

ဧပြီလ ၆ ရက်

စက်သုံးဆီရှားပါးမှုကြောင့် ပြည်တွင်း အဝေးပြေးကားလက်မှတ်များ ဈေးနှုန်းမြင့်တက်လာပြီး သင်္ကြန်အလုပ်ပိတ်ရက် နေရပ်ပြန်မယ့် အထည်ချုပ်စက်ရုံဝန်ထမ်းတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

စက်သုံးဆီရှားပါးမှုမဖြစ်ခင်က ရန်ကုန်ကနေ ပခုက္ကူကို ကားခ ၂၈,၀၀၀ ရှိရာမှ အခု ၅၀,၀၀၀ ကနေ ၇၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်သွားတယ်လို့ နေရပ်ကိုမပြန်နိုင်သူ အထည်ချုပ်စက်ရုံဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

"နှစ်တိုင်းအိမ်ပြန်နေကြ၊ ဒီနှစ်ကားခက နှစ်ဆ သုံးဆလောက်တက်သွားတော့ မောင်နှမတွေ အိမ်မပြန်ဖြစ်ဘူး။ ပိုက်ဆံပဲ အိမ်ကို လွှဲပေးလိုက်တယ်။ ကိုယ်တွေလိုပဲ သင်္ကြန်ပိတ်ရက်မပြန်ရတဲ့သူတွေ များတယ်" လို့ ပြောပါတယ်။

ကားလက်မှတ်များ ဈေးကြီးပေမယ့် အလုပ်ပိတ်ရက် မိဘများနဲ့အတူနေထိုင်ချင်တဲ့စိတ်ဖြင့် အိမ်ပြန်ချင်ပေမယ့် အပြန်ကားမရမှာစိုး၍ မပြန်ရသူတွေလည်းရှိတယ်လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

"တောင်တွင်းကြီးကားလက်မှတ်ဆို အရင်က နှစ်သောင်းခွဲ၊ အခု ခုနစ်သောင်း။ ဘယ်လောက်ပဲပေးရရ ပိတ်ရက်မှာ အဖေတို့ အမေတို့နဲ့ ပြန်နေမယ်လို့ ပထမစဉ်းစားတယ်။ နောက်ကျတော့ အပြန်ကားလက်မှတ်မရရင် အလုပ်ပြုတ်မှာစိုးလို့ ဒီနှစ် အိမ်မပြန်ဖြစ်ဘူး" လို့ ပြောပါတယ်။

ကားလက်မှတ်များသာမက တန်ဆာခများမှာလည်း အရင်ကထက် နှစ်ဆနီးပါးတက်သွား၍ ကုန်စည်ပို့ဆောင်ရေးလုပ်သူတွေလည်း ကုန်ပို့ရာမှာ အဆင်မပြေကြောင်း ကုန်ပို့သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

"အရင်က အထုပ်သေးတစ်ထုပ်ကို သုံးထောင်၊ အခု ခုနစ်ထောင် ရှစ်ထောင်၊ အထုပ်ကြီးဆို အခု တစ်သောင်း၊ တစ်သောင်းခွဲကနေ နှစ်သောင်းအထိပေးရတယ်။ ကုန်စည်ပို့ရတာလည်း အဆင်မပြေဘူး" လို့ ပြောပါတယ်။

ကားလက်မှတ်ဈေးတက်လာတာကြောင့် ခရီးသည်တွေဘက် အဆင်မပြေသလို ယာဉ်လိုင်းတွေဘက်ကလည်း စက်သုံးဆီပုံမှန်မရတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ယာဉ်လိုင်းတာဝန်ခံတစ်ဦးက CJ Platform ကို ရှင်းပြပါတယ်။

"ခရီးသည်တွေဘက်က ပြောတာလည်းမမှားဘူး။ ကျနော်တို့ဘက်မှာလည်း ဆီမရလို့ ပြင်ပကနေဝယ်ရတာရှိတယ်။ ဆီတစ်ခါတန်းစီရင် တစ်နေကုန်တာတွေရှိတယ်။ သင်္ကြန်အလုပ်ပိတ်ရက် ကားထွက်မယ် မထွက်ဘူးဆိုတာ အာမခံမခံနိုင်လို့ လက်မှတ်တွေမှာ မထွက်ရင်ငွေပြန်အမ်းမယ်လို့ ရေးထားရတယ်" လို့ ပြောပါတယ်။

ကမ္ဘာ့အရှေ့အလယ်ပိုင်းစစ်ပွဲ ရိုက်ခတ်မှုများကြောင့် စက်သုံးဆီ ရှားပါးခက်ခဲမှုဖြစ်ပေါ်လာပြီး ပြည်တွင်းမှာ ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းအားလုံးနီးပါး ကားလက်မှတ်ဈေးနှုန်းများ နှစ်ဆအထိ မြင့်တက်လာတာဖြစ်ပါတယ်။

သင်္ကြန်ကာလအတွင်း ယာဉ်စီးခ ပိုမိုတောင်းခံခြင်းများ မပြုလုပ်ဖို့ အောင်မင်္ဂလာနဲ့ ဒဂုံဧရာအဝေးပြေးကို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ဧပြီလ ၂ ရက်က ထုတ်ပြန်ထားပါတယ်။

#CJP
#HlaingInfo
😢4215🔥6👍2😁1🤔1
Forwarded from Aung Pwel Info
This media is not supported in your browser
VIEW IN TELEGRAM
"ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လို့ရှိရင် ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေကမှ အထူးအခွင့်အရေး ပေးထားဖို့ မလိုပါဘူး။

ကျွန်မတို့အနေနဲ့ ဘာအထူးအခွင့်အရေးမှ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတာကို မလိုချင်ဘူး။ ပေးထားရင်တောင်မှ ဒါကျွန်မကို စော်ကားတယ်လို့ ကျွန်မမြင်ပါတယ်။

ကျွန်မက ဒီလောက်တောင် ညံ့လို့ ကျွန်မကို အထူးအခွင့်အရေး ပေးထားမှရမှာလားလို့ ကျွန်မပြန်မေးမှာပါ။
ဆိုတော့... မာနလေး ရှိကြစမ်းပါ။ အလုပ်နဲ့တန်တဲ့ မာနလေး ရှိကြစမ်းပါ။ အထူးအခွင့်အရေး မလိုချင်ပါနဲ့။

အထူးအခွင့်အရေး လိုချင်တယ်၊ အထူးအခွင့်အရေးကို လိုတယ်လို့ ထင်ကတည်းက ကိုယ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာလို့ ကျွန်မမြင်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်

#အမ
#dawaungsansuukyi
#Aungpwel
108👍13😁3🥰2🔥1🤬1
မြစ်ကြီးနားမြို့မှာ လူသတ်ပြီး အလောင်းကို ဆာလာအိတ်ထဲထည့် စွန့်ပစ်

ဧပြီလ ၆ ရက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်မှာ မနေ့(ဧပြီလ ၅ ရက်) ညနေပိုင်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်း တစ်လောင်းကိုတွေ့ခဲ့ရတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်။

အေးမြသာယာရပ်ကွက်၊ လမ်းသွယ် (၁၃) မှာ မနေ့ ညနေပိုင်းက လည်ပင်းနဲ့ ဝမ်းဗိုက်တို့မှာ ဓားဒဏ်ရာတွေရထားတဲ့ အမျိုးသားရုပ်အလောင်းကို ဆာလာအိတ်ထဲထည့်ပြီး စွန့်ပစ်ထားတာကိုတွေ့ရတာပါ။

"တခြားနေရာမှာ သတ်ပြီးတော့ အလောင်းကို လာပစ်သွားတဲ့ သဘောမျိုး"လို့မြို့ခံတစ်ဦးကပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဘာကြောင့် သတ်ဖြတ်ခံရတယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။

သေဆုံးသူရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းတစ်ဖွဲ့ က မြစ်ကြီးနားဆေးရုံကြီးဆီ ပို့ဆောင်ထားပါတယ်။ ဒါပေမယ့် သတ်ဖြတ်မှုကျုးလွန်သူတွေကို ဖမ်းမိတဲ့ သတင်းမျိုးမကြားရသေးဘူးလို့မြို့ခံဆီကသိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ အစောပိုင်းတုန်းကလည်း မြစ်ကြီးနားမြို့၊ အေးမြ သာယာရပ်ကွက် သံလမ်းအနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို မြိုခံတွေ တွေ့ခဲ့ရပါသေးတယ်။

မြစ်ကြီးနားမြို့တွင်းတစ်နေရာ (ပုံဟောင်း)
ဓာတ်ပုံ - ဝီကီ
#LNO
#HlaingInfo
👎33🤬10🔥7😱65😢1
မြေသိမ်းမှုနှင့် ရာထူးမှဖယ်ရှားခံခဲ့ရသည့် ဦးအေးကျော်ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်လာ

ဧပြီလ ၆ ရက်

ဦးသိန်းစိန်အစိုးရလက်ထက်တွင် မတရားမြေသိမ်းမှုများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ စစ်ဆေးမှုများကြောင့် ရာထူးမှနုတ်ထွက်ခဲ့ရသူ တိုင်းအတွင်းရေးမှူးဟောင်း ဦးအေးကျော်သည် ယခုအခါ ဧရာဝတီတိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် စစ်ခေါင်းဆောင်က ပြန်လည် ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဦးအေးကျော်သည် ဝန်ကြီးချုပ် ဦးသိန်းအောင်လက်ထက်တွင် "တိုင်းမင်းကြီး" ဟု ခေါ်ဆိုကြသည့် တိုင်းအစိုးရအတွင်းရေးမှူး တာဝန်ယူစဉ်ကတည်းက အာဏာအလွဲသုံးစားလုပ်မှုများကြောင့် နာမည်ကျော်ခဲ့သူဖြစ်သည်။ မတရားမြေသိမ်းမှုကို တိုင်ကြားခံရပြီးနောက် နှုတ်ထွက်သည်ဟုဆိုကာ အနားပေးခံခဲ့ရသူလည်း ဖြစ်သည်။

“၁၄ မျဉ်းစောင်းတွေကတော့ ကျောကော့အောင် ခံရဦးမယ်” ဟု ပုသိမ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို မှတ်ချက်ပြုသည်။

ကြံ့ခိုင်ရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၏ လူယုံတစ်ဦးဖြစ်ခဲ့ပြီး ဂေါ်ရန်ဂျီဒေသအပါအဝင် မြေယာအချို့ကို သိမ်းယူခဲ့သူဖြစ်သည်။

ထို့အပြင် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်သည် NLD အစိုးရကို အာဏာလွှဲသည့်အခါ ဧရာဝတီတိုင်း၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၅ ဒဿမ ၂ ဘီလျံကျော်ကို ၎င်းတို့စိတ်ကြိုက်ဖွဲ့စည်းထားသည့် "ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း" ပြောင်းရွှေ့ကာ အလွဲသုံးရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်တွင်လည်း ဦးအေးကျော်ပါဝင်ပတ်သက်ခဲ့ကြောင်း ပြောဆိုမှုများရှိသည်။

စစ်ခေါင်းဆောင်အနေဖြင့် အာဏာသိမ်းတိုင်းစစ်ကော်မရှင်၏ ဝန်ကြီးချုပ်ဖြစ်သည့် စစ်ဗိုလ်ချုပ်ဟောင်း ဦးတင်မောင်ဝင်းကို ပြန်လည်မရွေးချယ်ပဲ ဦးအေးကျော်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဦးအေးကျော်သည် စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ဆင်းဟုရေးသားပြောဆိုမှူများရှိပြီး ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။

#AYAT
#HlaingInfo
🤬32👎218👍4👏2
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး

ဧပြီလ ၆ ရက်

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၆ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
44👍20👏6🥰4😁3
‼️ ဧပြီလ ၆ ရက်နေ့ ၊ နေ့စဉ် သတင်းအကျဉ်းချုပ်‼️

01-အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် နိုင်ငံကို အရေးပေါ်ကာလ သတ်မှတ်ထားချိန် စိတ်သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မီးလောင်ရာလေပင့် တိုက်ပွဲများ ဖော်ဆောင်ခဲ့ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြစ်တင်ပြောဆိုပါတယ်။

02-စစ်အာဏာသိမ်းမှုနှင့် မင်းအောင်လှိုင်ကို ကာကွယ်ပြောဆိုခဲ့သော အကြမ်းဖက် ဇော်မင်းထွန်း စစ်ဘက်နှင့် အရပ်ဘက် ရာထူးတာဝန်များအားလုံးမှ အနားပေး ခံလိုက်ရပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

03-ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နောင်တောင်းဘုန်းကြီးကျောင်း တောင်ဘက်ရှိ ညောင်ဗက်ကျေးရွာ ဒေသခံများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် -  PNLO တပ်ဖွဲ့ဝင်များဟု PNO လော်ဘီ ပြည်သူ့စစ် ခွန်ဆန်းအောင်၏ ပြောဆိုစွပ်စွဲမှုမှာ မမှန်ကန်ကြောင်း PNLA ပြောခွင့်ရ ခွန်ရိန်းယံက မဲခေါင်သို့ ပြောသည်။

04-ကယားပြညနယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁ မှ စစ်မှုထမ်းစစ်သားများကို တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ အိမ်ပြန်ခွင့်ပြုရာတွင်  စစ်မှုထမ်းတပ်သား ၃၈၅ ဦးသာ အိမ်ပြန်နိုင်ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်မှုအရ သိရှိရသည်။

05-ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက သင်္ကြန်ယိမ်းအကအဖွဲ့တွေကို ထောက်ပံ့ဖို့ဆိုပြီး လုပ်ငန်းရှင်တွေဆီက ငွေကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

06-ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)နဲ့ မူး(မုန်း)မြို့နယ်အတွင်း စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။

07-မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ရခိုင်ပြည်နယ်ကိုပို့မဲ့ မူးယစ်ဆေးပြား ကျပ်သန်းပေါင်း ၁၂,၀၀၀ ဖိုးလောက် ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဌာနက ဧပြီ ၅ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

08-မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ အမှတ် ၈ ကားလမ်းမကြီးပေါ်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရာမညမွန်တပ်တော် (RMA) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း RMA-Ramonnya Mon Army အဖွဲ့ထံမှ သိရသည်။

09-ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဝေါလေမြိုင်ရွာအနီး၊ ထီးညလိရွာရှိ ကွယ်လွန်သူ DKBA ဗိုလ်နှုတ်ခမ်းမွှေး နေထိုင်ခဲ့တဲ့ နေအိမ်ကို စစ်ကောင်စီတပ်က YAK 130 တိုက်လေယာဥ်နဲ့  ဧပြီ ၄ ရက် နေ့လယ်က ပေါင် ၅၀၀  ဗုံးသီးတလုံး ကြဲချခဲ့လို့ အိမ်ပျက်စီးသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

10-ရဲချုပ်ဟောင်း အောင်နိုင်သူကို ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ဗိုလ်မှူးချုပ်အောင်ဝင်းသန်းကို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် လက်ရှိ မျိုးအောင်ကို ပြန်ခန့်လိုက်ပြီး အကြမ်းဖက် တိုင်း/ပြည်နယ် ဝန်ကြီးချုပ် နေရာများကို ကြံ့ဖွတ်များ၊ စစ်ဗိုလ်ဟောင်း၊ ရဲအရာရှိဟောင်းများကို အကြမ်းဖက် မင်းအောင်လှိုင် ခန့်အပ်ထားကြောင်း သိရှိရသည်။

11-မကွေးတိုင်း၊ဆောမြို့မှာ သက်ငယ်မုဒိမ်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်ခဲ့သူကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရုံးက သေဒဏ်ချလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

12-တောင်ဥက္ကလာ လိုင်စင်ရုံးနားမှာရှိတဲ့ Max ဆီဆိုင်ကို ဆီဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ အသက် ၄၅ နှစ်အရွယ်ပိုင်း အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုမြင်တွေ့ခဲ့တဲ့ယာဉ်မောင်းတွေကပြောပါတယ်။

13-မန္တလေးမြို့မှာ ဧပြီ၅ရက် ညက ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးကာ လူငယ်ရဲ့ ဆိုင်ကယ်နဲ့ ဖုန်းကို လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

14-ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းအတွင်းမှ ထွက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းများကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့က တပ်ပျက်သည်အထိ တိုက်ခိုက်ထားကြောင်း သိရသည်။

15-ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့၊ လမ်လုကာ ခြောင် (၈) ဒေသရှိ ဆေးသုတ်လုပ်ငန်းတစ်ခုတွင် ပအိုဝ်းတိုင်းရင်းသူ အလုပ်သမားတစ်ဦးအား ထိုင်းလူမျိုး အလုပ်သမားခေါင်းဆောင်တစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံရောက် ပအိုဝ်းတိုင်းရင်းသားများ၏ လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍515🔥2
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့ ။ 💪💪💪

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

မိဘပြည်သူ့များအားလုံး ကောင်းစွာ အိပ်စက်အနားယူနိုင်ပြီး အိမ်မက်လှလှ မက်ပါစေ ❤️❤️❤️

Good night ပါခင်ဗျာ။

#HlaingInfo
76🥰6👍2
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတိုနှင့်ပြည့်စုံပါစေ။

အာဏာရူး ဘေးများမှအမြန်ဆုံးကျော်လွန်လွတ်မြောက်ကြပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

#HlaingInfo
85👍8🥰5
ဝိဘက်ကြမ္မာ ငင်လာ နေ သော မင်းအောင်လှိုင် နှင့် နောက်ဆက်တွဲများ
***

မင်းအောင်လှိုင်သည် သမ္မတ အဖြစ် အရေခွံ လဲနိုင်ရန် မည်မျှပင် စနစ်တကျ ဇာတ်ညွှန်း ရေးသားခဲ့သော် လည်း တတိုင်းပြည်လုံး မိုးမွှန်အောင် အဆဲခံနေရချိန် နှင့် တိုက်ဆိုင်နေသည့်အကုသိုလ် အကျိုးပေး နှင့် ကြုံတွေ့လာရပြီ ဖြစ်သည်။

ထိုသို့ ဆဲဆိုနေကြခြင်းမှာလည်း ၎င်း သမ္မတ ဖြစ်လာ၍ တော့ မဟုတ်၊ ထိုသို့ ဖြစ်လာရန် ကြံစည်နေသည်ကိုလည်း တတိုင်းပြည်လုံး ငါးတန်း ကျောင်းသား ပါမကျန် ကြို သိထားပြီး ဖြစ်၍ မထူးဆန်းတော့။

၎င်းတို့ မည်သို့မျှ မျှော်လင့်မထားသော အီရန် စစ်ပွဲ ကြီး ဖြစ်ပေါ်လာပြီး လောင်စာဆီများ အပါအဝင် အစစ အရာရာ ဈေးနှုန်း များ တဟုန်ထိုး မြင့်တက်သွားပြီး မည်သည့် နိုင်ငံမှ မကြုံဖူးသည့် စုံ-မ စနစ်ဆိုကာ ရွှေဉာဏ်တော် စူးရောက်လာမှု ကြောင့်ပင် ဖြစ်သည်။ ယင်းသည်က လက်ရှိ စီးပွားရေး အကျပ်အတည်း ကြီး ကို လောင်စာဆီ ပြင်းပြင်းထိုးပြီး မီးရှိန် မြှင့်လိုက်သလို ဖြစ်သွားခဲ့ရသည့် ကြမ္မာဆိုး နှင့် ကြုံကြိုက်ခဲ့ရခြင်းပင် ဖြစ်သည်။

နောက်ထပ် ရင်မအေးစရာ ထပ် ဖြစ်လာသည်က မြန်မာ နိုင်ငံတွင်းရှိ ကျားဖြန့် ဂိုဏ်းများကို နိုင်ငံတွင်း သို့ ဝင်ရောက် ချေမှုန်းရန် ဝန်မလေး ဟု အက်ဖ်ဘီအိုင် အကြီးအကဲ က အမေရိကန် လွှတ်တော် ထောက်လှန်းရေး ကော်မတီ ရှေ့မှောက်တွင် တရားဝင် ကြုံးဝါး ပြောဆိုသွားခြင်း ပင် ဖြစ်သည်။

ထိုသို့ ကြုံတွေ့ နေရချိန်တွင် နောက်ထပ် ကာလ ဝိဖက် နောက်ပိုးတက်လာရသည်က အိန္ဒိယ သမားတော်ကြီးများ ပင့်ဖိတ်၍ ခါးရိုး ခွဲစိတ်ကုသမှု ခံယူလိုက်ရခြင်းပင် ဖြစ်သည်၊ နိုင်ငံ ခေါင်းဆောင်၏ ကျန်းမာရေး သတင်းသည် ထိုသို့သော အထိမခံ ဖြစ်နေသည့် အချိန်မျိုးတွင် ပို၍ ပင် လူသိမခံ လျို့ဝှက်ထားရမည့် သတင်းမျိုး ဖြစ်သော်လည်း ကံမကောင်း အကြောင်းမလှစွာ သတင်း ထုတ်ပြန်လိုက်သည်အထိ အမှားမှား အယွင်းယွင်း ဖြစ်သွားခဲ့ရပြန်သည်။

ဤသည်က ဧရာဝတီ သတင်း မှ ဖေါ့်ပြထား‌ သော မင်းအောင်လှိုင် ၏ ကာလဝိပတ် နောက်ပိုးတက်လာရသည့် အကြောင်းများ ဖြစ်သည်။

ယခု အခါ ၎င်းအတွက် စတုတ္ထ မြောက် ကြမ္မာဆိုးကြီးက အင်ဒိုနီရှား မှ ထွက်ပေါ်လာခဲ့ပြန်ပေပြီ၊ ယင်း မှာ ၎င်းအား တရားစွဲဆိုရန် တင်သွင်းလာမှု ကို အင်ဒိုနီရှား ရှေ့နေချုပ် ရုံးက လက်ခံ လိုက်ပြီ ဖြစ်သည်ဟု ဧပြီ ၆ ရက် နေ့တွင် တရားဝင် သတင်း ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူ ရိုဟင်ဂျာအမျိုးသမီး မစ္စက် ယာစမင်အူလာ မှ တရားစွဲ ဆိုလိုက်ခြင်း ဖြစ်သည်၊ သူမအား ပံ့ပိုး ပေးလာသူများထဲတွင် အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းတစ်ဦးနှင့် အကြီးဆုံး မူစလင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မူဟာမ္မဒီယာ ဥက္ကဋ္ဌတို့ အပါအဝင် အထင်ကရ ပုဂ္ဂိုလ် အများ အပြား ပါဝင်လာသည်။

အင်ဒိုနီးရှားနိုင်ငံ၏ Universal Jurisdiction (နယ်နမိတ် မရွေး တရားစီရင်ပိုင်ခွင့်) ကို အသုံးချပြီး အရေးယူပေးရန် တင်သွင်းလာခြင်း ဖြစ်သည်။ ရှေ့နေချုပ်ရုံးက အမှုကို စီစစ်ပြီး အထောက်အထား ခိုင်လုံကြောင်း ဆုံးဖြတ်ပြီး နောက်တွင်တော့ တရားရုံးမှ အမှုကို စတင် ကြားနာ စစ်ဆေးသွားမည် ဖြစ်သည်။

ထူးခြားသည်က အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းကိုယ်တိုင် ပါဝင်နေတာကြောင့် ဥပဒေကြောင်းအရ ပိုမိုလေးနက်သည့် ဖိအားတရပ် ဖြစ်လာပေတော့မည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍5519👏7😁4🥰1
မိန်းမဖြစ်သူ သင်းသင်းအောင်၏ မလျှော်ဩဇာသုံး၍ ဝန်ကြီးဌာန တင်ဒါရယူမှု၊ စစ်တပ်ပိုင်မြေကွက်များနှင့် အခြားမြေကွက်များကို ရောင်းစားမှုတို့ကြောင့် အကြမ်းဖက် ဇော်မင်းထွန်းကို ဗိုလ်ချုပ်ရာထူးနှင့် ပြန်ကြားရေးဒုဝန်ကြီးတာဝန်များမှ ထုတ်ပယ်အနားပေး

ဧပြီလ ၇ ရက်

စစ်အာဏာသိမ်းမှုနှင့် မင်းအောင်လှိုင်ကို ကာကွယ်ပြောဆိုလေ့ရှိသော အကြမ်းဖက် ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်ဘက်နှင့်အရပ်ဘက်ရာထူးတာဝန်များမှ ထုတ်ပယ် အနားပေးလိုက်ခြင်းမှာ ဇော်မင်းထွန်း၏ မိန်းမ သင်းသင်းအောင်က မလျှော်ဩဇာသုံး၍ ဝန်ကြီးဌာန လုပ်ငန်းတင်ဒါ ရယူမှု၊ စစ်တပ်ပိုင်မြေကွက်များကို ရောင်းစားမှုတို့ကြောင့် ဖြစ်ကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။

အကြမ်းဖက် ဇော်မင်းထွန်း၏ မိန်းမ သင်းသင်းအောင်က စီးပွားရေးသမားတချို့နှင့်ပူးပေါင်း၍ ဝန်ကြီးဌာနတင်ဒါများ ရယူခြင်း၊ စစ်တပ်လက်အောက်ခံ ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးတပ်ဖွဲ့ ပိုင်မြေကွက်များကို  မြေစာရင်းဌာနနှင့်ပူးပေါင်း၍ စာရွက်စာတမ်းများ ထုတ်ယူကာ ရောင်း စားမှုများလုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ လုပ်ဆောင်မှုများကို တိုင်ကြားသဖြင့် စိစစ်အရေးယူရာမှ ဇော်မင်းထွန်းကို စစ်ဘက်ဗိုလ်ချုပ်ရာထူး၊ အရပ်ဘက် ပြန်ကြားရေးဒုဝန်ကြီး ရာထူးများမှ ထုတ်ပယ်အနားပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဗိုလ်ချုပ်ဇော်မင်းထွန်းအဓိက ပြုတ်သွားတာက သူ့အမျိုးသမီး(သင်းသင်းအောင်)နဲ့အလုပ်လုပ်နေတဲ့ စီးပွားရေးသမားသမားပေါ့ သူ့လူပဲပြောပါတော့။ သူက ဝန်ကြီးဌာန တင်ဒါတစ်ခုကို တင်ဒါပြိုင်ဆွဲရင်းရသွားတယ်။ တစ်ဖက်က တင်ဒါ မရလိုက်တဲ့ သူတွေက တပ်ချုပ်ကြီးသား အောင်ပြည့်စုံတို့အဖွဲ့။ ဝန်ကြီးဌာန တင်ဒါ ၁၃ ခုမှာ ၁၂ ခုကို အောင်ပြည့်စုံတို့အဖွဲ့ကရတယ်။ ကျန်တဲ့ ၁ ခုကို ဗိုလ်ချုပ်ဇော်မင်းထွန်းလူရသွားတယ်။ အဲဒီမှာ ဘယ်လိုရသွားလဲ ဘယ်သူရလဲ တစ်ဖက်က လိုက်ပြီး စုံစမ်းတာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းလူဖြစ်နေတာ။ အဲဒါက ပထမ Case " ဟု စီးပွားရေး အသိုင်းအ၀ိုင်းက ပြောဆိုသည်။

ယင်းအပြင် ဇော်မင်းထွန်းမိန်းမ သင်းသင်းအောင်က မြေကွက် အရောင်းအဝယ်လုပ်ရာတွင် မြေစာ ရင်း ဌာနနှင့်ပူးပေါင်း၍  ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးတပ်ဖွဲ့ ၊ တိုက်ပွဲဝင်စည်းရုံးရေးဌာနခွဲတို့၏ မြေကွက်များကို ရောင်းစားခဲ့ကြောင်း၊ အဆိုပါ ရောင်းစားမှုများကိုလည်း နစ်နာသူများ မင်း အောင်လှိုင်ထံသို့ တိုင်ကြားခဲ့ပြီး စိစစ်ရာမှ မှန်ကန်သဖြင့် အရေးယူခံရခြင်းဖြစ်ကြောင်း၊ ထို့ပြင် တောင်ကြီးနှင့်မေမြို့တို့တွင်လည်း ဇော်မင်းထွန်းမိန်းမက မြေကွက်အရောင်းအဝယ်များ လုပ်ရာတွင် ဌာနဆိုင်ရာမြေများပါဝင်ကြောင်း သိရှိရသည်။

"ကကပြည်အောက်မှာရှိတဲ့ တိုက်စည်း ကျောင်းမြေ ၊ တောင်ကြီး၊ မေမြို့ မှာရှိတဲ့ မြေတွေကို ယခင်တပ်ကြပ်ကြီးစာရေး (ယခု အရာခံဗိုလ်) နှင့်ပေါင်းပြီးမြေရောင်းစား၍ တိုင်ကြားခံရခြင်းအပေါ် စစ်ခုံရုံးတင်၍ စစ်ဆေးအရေးယူခံရတယ်။  အဲဒါတွေကို ဗိုလ်ချုပ်ဇော်မင်းထွန်းက မသိဘူးပြောတယ်။ သူ့မိန်းမ လုပ်တာ" ဟု စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

အကြမ်းဖက် ဇော်မင်းထွန်းကို ရာထူးတာဝန်များမှ ထုတ်ပယ်ဖယ်ရှားလိုက်သော်လည်း အသနားခံစာနှင့် ထုချေလွှာ တင်ပြထားသဖြင့် မင်းအောင်လှိုင်က ပြန်လည် ခေါ်ယူမည်၊ မခေါ်ယူမည်ကို မသိရှိရသေးဘဲ စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ယင်းကိစ္စကို အလေးထား စောင့်ကြည့်နေသူများက ပြောဆိုသည်။

အကြမ်းဖက် ဇော်မင်းထွန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်းဖြစ်ပြီး ၎င်း၏ မပီပြင်သော အင်္ဂလိပ်စာ အသံထွက်ဖြင့် မရှက်ရွံ့သော မျက်နှာပြောင်တိုက် လိမ်ညာတတ်မှုများကြောင့် ပြည်သူများနှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများက ဇော်မဲလုံး ဟု ခေါ်ဝေါ် သရော်ခံရသူဖြစ်သည်။

#KTM
#HlaingInfo
😁6827👏5👍2🔥2
ရန်ကုန်သင်္ကြန် မဖြစ်မနေ စည်ကားစေရန် ပွဲတော်စရိတ်အဖြစ် စစ်တပ်နှင့်ထွေ/အုပ်က လုပ်ငန်းရှင်များထံမှ ငွေကျပ်သိန်းပေါင်းများစွာ အဓမ္မအလှူငွေကောက်ခံနေ

ဧပြီလ ၆ ရက်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်နှင့် ခရိုင်အားလုံးတွင် ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကို မဖြစ်မနေ စည် ကားအောင် ကျင်းပရန် ရန်ကုန်တိုင်းအစိုးရက ညွှန်ကြားထားပြီးနောက်၊ နယ်မြေခံ စစ်တပ်နှင့်ဒေသအာဏာပိုင်များက လုပ်ငန်းရှင်များကို ခေါ်ယူကာ သင်္ကြန်မဏ္ဍပ် အသုံးစရိတ်နှင့် စတုဒီသာအလှူအတွက် ငွေကြေးများ အဓမ္မထည့်ဝင်ခိုင်းနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်နှင့် ခရိုင်တိုင်းတွင် ဗဟိုမဏ္ဍပ်များအပြင် လမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေရေးမဏ္ဍပ်များကို အပြိုင်အဆိုင် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။

လူစည်ကားစေရန်အတွက် နေ့စဉ်စတုဒီသာ ကျွေးမွေးရန်ပါ ညွှန်ကြားထားရာ အဆိုပါ ကုန်ကျစရိတ်များအတွက် ရန်ပုံငွေကို နယ်မြေအတွင်းရှိ လုပ်ငန်းရှင်များဆီမှ ကောက်ခံနေခြင်း ဖြစ်သည်။

အထူးသဖြင့် တောင်ဥက္ကလာပမြို့နယ်ရှိ ခရိုင်ရုံးတွင် ခရိုင်ဥက္ကဌကိုယ်တိုင် ဦးဆောင်၍ နယ်မြေအတွင်းရှိ လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံကာ လုပ်ငန်းအကြီးအသေးအလိုက် သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း မဖြစ်မနေ ထည့်ဝင်ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက “ကျွန်တော်တို့ကို ခရိုင်ရုံးက ခေါ်တွေ့တယ်။ လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး ၂ သိန်းကနေ အနည်းဆုံး စကောက်တာ။ ဆိုင်ကြီးရင်ကြီးသလို ၅ သိန်း၊ ၁၀ သိန်းကနေ သိန်း ၂၀၊ ၃၀ အထိ သတ်မှတ်ထားတယ်။ အလှူငွေလို့တော့ ပြောတာပဲ၊ ဒါပေမဲ့ မထည့်လို့မရတဲ့ ပုံစံမျိုးနဲ့ ခေါ်ပြောတာ” ဟု ပြောကြားခဲ့သည်။

အဆိုပါ ငွေကောက်ခံမှုတွင် စားသောက်ဆိုင်များ၊ အရက်ဘီယာဆိုင်များ၊ ကာရာအိုကေ (KTV) ဆိုင်များ၊ တည်းခိုခန်းနှင့် ဟိုတယ်များသာမက ကားအရောင်းစင်တာများ၊ ရွှေဆိုင်များ၊ အနှိပ်ခန်း (Massage) များနှင့် ဆန်ဆိုင်၊ ဆီဆိုင်များအထိ လုပ်ငန်းရှင်အားလုံး ပါဝင်နေကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကလည်း “တိုင်းအစိုးရက မြို့နယ်တိုင်းကို မဏ္ဍပ်တွေ ဆောက်ခိုင်းတယ်၊ စတုဒီသာ ကျွေးခိုင်းတယ်။ ဒါပေမဲ့ အစိုးရက ဘတ်ဂျက် အပြည့်အဝ မချပေးတော့ မြို့နယ်နဲ့ ခရိုင်အဆင့် လူကြီးတွေက ဒီလိုပဲ လုပ်ငန်းရှင်တွေကို ခေါ်ညှိပြီး ကောက်ရတာပေါ့။ လူစည်းကားဖို့က သူတို့အတွက် အဓိကပဲ” ဟု ဖွင့်ဟပြောဆိုသည်။

လုပ်ငန်းရှင်များမှာ လက်ရှိ စီးပွားရေး အခြေအနေနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများကြောင့် အခက်အခဲ ဖြစ်ပေါ်နေသော်လည်း နယ်မြေခံ အာဏာပိုင်များ၏ ငြိုငြင်မှုကို မခံလိုသဖြင့် အဆိုပါ ငွေကြေးများကို မတတ်သာသည့်အဆုံး ထည့်ဝင်နေရကြောင်း သိရသည်။

ယခုကဲ့သို့ သင်္ကြန်ပွဲတော်အတွက် အဓမ္မ ငွေကောက်ခံမှုများသည် ရန်ကုန်တိုင်းအတွင်းရှိ အခြားမြို့နယ်များတွင်လည်း ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေပြီး၊ အချို့နေရာများတွင် သင်္ကြန်ပွဲတော်လုံခြုံရေးအကြောင်းပြ၍ လုံခြုံရေးစရိတ်အတွက်ပါ အလှူငွေ ကောက်ခံမှုများပါ ရှိနေကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- ရန်ကုန်တွင် စတင်ဆောက်လုပ်နေသော သင်္ကြန်မဏ္ဍပ်များ။
#KTM
#HlaingInfo
🤬779🔥3👎1👏1😢1
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နဲ့ စစ်ကိုင်းဒေသ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးပြုလုပ်

ဧပြီလ ၇ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နဲ့ စစ်ကိုင်းဒေသမှာရှိတဲ့ ခရိုင် (၄) ခုရဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေးကို ဧပြီ ၆ ရက် ညနေ ၃ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ လူမှုရေးရာ၊ အလုပ်သမားနှင့်လူသားချင်းစာနာ‌ထောက်ထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ရဲ့ ဆွေးနွေးမှုနဲ့ စတင်ခဲ့ပါတယ်။

ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်လုပ်ငန်းများ နဲ့ ပတ်သက်တဲ့ သိရှိလိုတာများကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးရဲ့ တာဝန်ရှိသူတွေက ပြန်လည်‌ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါအစည်းအ‌ဝေးကို အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ စစ်ကိုင်းဒေသရဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန် ထားပါတယ်။


#PVTV
#HlaingInfo
👍55😁53🔥2🥰1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 တွဲ စောင်ကို မြန်မာငွေ 30,000 ကျပ်။  ထိုင်းငွေ 200 ဘတ် 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သော ဘတ် 12 သန်း ထီနံပါတ်များ 🎁                                         

784501
627502
416303
163304
689205
846106
376507
328708
682909 တစောင်ကျန်

203910
476811
633812
790713
947714
895315
203916
053017
028718
578419

735320
892321
392022
793723
636824
479925
523026
311327
836928
186029

433740
569141

403343
158644
043545
390746
489147 Sold out
513748
670749 တစောင်ကျန်

827650
984651
172152
701553
544554
228255
615356
772257
929258
913859

756960
443062
559963
716864
873865
090266
812367
208668
165869

504570
661471
139372
975373
867774
710775
255676
449177 တစ်စောင်ကျန်
606078

919980
340581
317482
403983
452284
550685
707686
864587
016488
170089

664690
507691
495292
652293
098194
966095
876996
720097
250998
439899

168000

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
👍306🔥1😁1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 စောင်ကို မြန်မာငွေ 14,500 ကျပ်။  ထိုင်းဘတ် 100 ပါ။ 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သောထီနံပါတ်များ 🎁                                         

363500
027001
054802
197303
635505
561006
535007
682708
853409

476710
026511
390812
877313
249014
884615
511116
827417

540245
350346
976047
265248
126049

046350
868151
016952
478953
400054
681255
224956
593857
242958
544559

543760
025661
831062
631563
762165
590066
891667
827768
753169

306170
513071
854472
020873
268174
091675
220877
497678
698779
352280
072381
643582
513184
706385
951786
984087
233888
297589

547790
013791
038292
757693
166294
351895
652896
635097
148698

662300
409101
015102
165403
418604
671905
925206
821507
568208
009209

034210
428511
834912
169413
905814
357615
646716
616817
029718
875919

006120
929621
445122
507223
991624
523925
099626
912927
022828
349829

583230
214431
768632
146933
670534
453235
523436
611938
610539

390040
689741
381042
853343
820144
066145
415946
952647
014948
855649

119650
361251
272152
954753
625954
320855
440256
552957
862358
808759

019060
959361
949462
939563
929664
919865
280466
138267
044069

126970
029972
049774
103776
903677
157678
849779

326680
772681
781282
335283
379584
825585
728386
282387
432488
878489

056890
444991
590892
736793
059294
825496
000397
533698
387799

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
30👍13🔥1
စက်သုံးဆီသုံးစွဲမှု ၁ ရက်လျှင် ဂါလန် ၁ သန်းကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ သန်း လျော့ကျသက်သာလာပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့် သက်သာမည်ဟု စစ်တပ်က ထုတ်ပြန်

ဧပြီလ ၇ ရက်

မြန်မာနိုင်ငံတွင် စက်သုံးဆီသုံးစွဲမှုနှုန်းသည် တစ်ရက်လျှင် ဂါလန် ၁ သန်းကျော် သိသာစွာ လျော့ကျလာခဲ့ပြီး၊ ယင်းကြောင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းခန့်နှင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့်အထိ နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေမည်ဟု အကြမ်းဖက်စစ်တပ်က ထုတ်ပြန်လိုက်သည်။

စစ်တပ်က စက်သုံးဆီ သုံးစွဲမှုကို  လျှော့ချနိုင်ခြင်းတို့ကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သိသာစွာ သက်သာလာကြောင်း၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ ယနေ့အထိ စာရင်းများအရ နေ့စဉ်ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုသည် ၃.၅၄ သန်းဂါလန်မှ ၂.၅ သန်းဂါလန်သို့ ကျဆင်းသွားခဲ့ရာ ၂၉ ရာခိုင်နှုန်းခန့်အထိ လျှော့ချနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် ရေနံဓာတ်ငွေ့ရည် (LPG) တို့သည် ၂၉ ရာခိုင်နှုန်း ပါဝင်နေပြီး အဆိုပါစက်သုံးဆီများ၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်း ဖြစ်ကြောင်း၊  နှစ်စဉ် စက်သုံးဆီတန်ချိန် ၅ သန်းခန့် တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၅၀၀၀ သန်းကျော် သုံးစွဲနေရသဖြင့် ယခုကဲ့သို့ စနစ်တကျ ထိန်းကျောင်းသုံးစွဲနိုင်ပါက နှစ်စဉ် ဒေါ်လာ သန်း ၂၀၀၀ ခန့် လျှော့ချနိုင်မည်ဖြစ်ကြောင်း  စစ်တပ်က ဆိုသည်။

လက်ရှိ အီရန်စစ်ပွဲကြောင့်ဟု အကြောင်းပြကာ စစ်တပ်က စက်သုံးဆီခွဲတမ်းများကို လျှော့ချနေပြီး ပြည်သူများမှာ စက်သုံးဆီအရောင်းဆိုင်များတွင် နေ့စဉ် တန်းစီ တိုးဝှေ့ ဝယ်ယူနေကြရသည်။

လက်ရှိ စက်သုံးဆီစျေးနှုန်းများမှာ 92 ရိုးရိုးဓာတ်ဆီတစ်လီတာ ၄၆၁၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၆၈၀၅ ကျပ်အထိ စစ်တပ်က စျေးနှုန်းမြှင့်တင်ထားသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က ဆီဆိုင်များကို ရောင်းချရာတွင် မောင်းနှင်သွားလာထားသော ခရီးအကွာအဝေးအလိုက်သာ ယာဉ်များကို  ဆီရောင်းချနေပြီး  ယင်းစနစ်ကို ဧပြီလ ၃ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊  Taxi ယာဉ်များ၊ သုံးဘီးယာဉ်များ၊ ကုန်တင်ယာဉ်များကို မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်တွင်သာ မူတည်၍ ဆီရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအပြင်စစ်တပ်က မော်တော်ယာဉ်များ စက်သုံးဆီသုံးစွဲမှုလျှော့ချရေးအတွက် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများအပ်နှံ၍ EV ကားများ ပြန် လည်တင်သွင်းသည့်စနစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၁ ရက်နေ့ နေပြည်တော်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုထားသည်။

#KTM
#HlaingInfo
😁58🤬145👍2🔥1👏1😱1
သာပေါင်းတွင် အရပ်သား ၅ ဦးကို AA တပ်ဖွဲ့ဝင်ဟု စွပ်စွဲပြီး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရ

ဧပြီလ ၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး ဖမ်းဆီးနေရတဲ့ အရပ်သား ၅ ယောက်ကို စစ်ကောင်စီတပ်က အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်က သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာက အရပ်သား ၅ ယောက်ကို စစ်ကောင်စီတပ်က AA တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဧပြီ ၅ ရက်မှာ စစ်ကောင်စီတပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “အဖမ်းခံရသူတွေက အရပ်သားတွေပါ။ စစ်ကောင်စီတပ်က AA တပ်ဖွဲ့ဝင်တွေလို့ ဆိုပြီး ဖမ်းထားတာ။ သာပေါင်းရဲစခန်းမှာ အမှုဖွင့်ခံရတာ၊ အကြမ်းဖက်ဥပဒေနဲ့” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ အရပ်သား ၅ ယောက်ဟာ အသက် ၃၀ နှစ်အရွယ်ကို ကျော်ကျော်၊ ကိုဝင်းသူနဲ့ တခြား လူငယ်ပိုင်းအမျိုးသားတွေ ဖြစ်ပါတယ်။

သာပေါင်းဒေသခံ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “AA တပ်သားတွေဆိုပြီး ဖမ်းခဲ့တာ။ အဖမ်းခံရသူတွေကို အမှုဖွင့်တယ်လို့ပဲသိရပါတယ်။ မိသားစုတွေနဲ့ တွေ့ခွင့်မပေးဘူး” လို့ ပြောပါတယ်။

လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ရေကြည်၊ သာပေါင်းအပါအဝင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ အရပ်သား ဒေသခံတွေကို စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေက အထူးစောင့် ကြည့်စစ်ဆေး ဖမ်းဆီးနေတယ်လို့တပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဒါ့အပြင် လတ်တလောအနေနဲ့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ သာပေါင်းမြို့နယ်ထဲ ရခိုင်ရိုးမအစပ်က ကျေးရွာတချို့မှာ တိုက်ပွဲဖြစ်နေပါတယ်။

သာပေါင်းမြို့။ (Photo: KKL)
#DVB
#HlaingInfo
🤬674🔥1👏1😁1😢1