အင်ဒိုနီးရှားတွင် မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို အင်ဒိုနီးရှားအာဏာပိုင်များက ဥပဒေသစ်အရ ယနေ့ ပထမဆုံးအကြိမ် လက်ခံ
ဧပြီလ ၆ ရက်
အင်ဒိုနီးရှားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို အင်ဒိုနီးရှားအာဏာပိုင်များက ဥပဒေသစ်အရ ပထမဆုံးအကြိမ် လက်ခံအမှုဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။
ယနေ့ ဧပြီလ ၆ ရက်နေ့ မင်းအောင်လှိုင်ကို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် အရေးယူပေးရန် ရိုဟင်ဂျာ ၁ ဦး နှင့် အင်ဒိုနီးရှားနိုင်ငံမှ ထင်ရှားကျော်ကြားသူလူပုဂ္ဂိုလ် ၁၀ ဦးတို့က အင်ဒိုနီးရှားနိုင်ငံ၏ ရာဇဝတ်ကျင့်ထုံးဥပဒေသစ်အရ တရားဝင်ဖိုင်တွဲ တင်သွင်းတိုင်ကြားမှုကို အင်ဒိုနီးရှားအာဏာပိုင်များက လက်ခံလိုက်ခြင်းဖြစ်သည်။
အဆိုပါတရားစွဲဆိုမှုသည် မင်းအောင်လှိုင်က ၎င်းကိုယ်တိုင် စိတ်ကြိုက်ခြယ်လှယ်ထားသည့် ရွေး ကောက်ပွဲအပြီး ဖွဲ့စည်းလိုက်သော လွှတ်တော်မှတစ်ဆင့် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး ရက်ပိုင်းအတွင်းမှာပင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွင်း အသက်ဘေးမှ လွတ်မြောက်လာသူ Yasmin Ullah က "အင်ဒိုနီးရှားရဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေသစ်အောက်မှာ ကမ္ဘာလုံးဆိုင်ရာ တရား စီရင်ပိုင်ခွင့် (Universal Jurisdiction) နဲ့ တင်သွင်းတဲ့အမှုကို ပထမဆုံးအကြိမ် တရားဝင် လက်ခံလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ တရားမျှတမှုနဲ့ တာဝန်ခံမှုဆီ သွားနေတဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့ ခရီးရှည်မှာ သမိုင်းဝင် မှတ်တိုင်တစ်ခုပါပဲ။ ကျွန်မတို့ လူမျိုးတွေကို သုတ်သင်ဖို့ စီစဉ်ခဲ့တဲ့ သူနဲ့ အခြားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့သူကို ဘာအပြစ်ဒဏ်မှ မခံရဘဲ သမ္မတအိမ်တော်ထဲမှာ သက်သောင့်သက်သာ ထိုင်နေခွင့် မပေးနိုင်ပါဘူး။"ဟု ပြောဆိုသည်။
အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း Marzuki Darusman ကလည်း အဆိုပါအမှုတွဲတွင် ပါဝင်လက်မှတ်ရေးထိုးထားပြီး မင်းအောင်လှိုင်အား တရားစီရင်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ ချက်ချင်းစတင်ရန် အာဏာပိုင်များကို တိုက်တွန်းထားသည်။
၎င်းက "မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာတွေ အဆုံးသတ်ဖို့ အင်ဒိုနီးရှားမှာ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်" ဟု ဆိုသည်။
ယင်းအမှုကို ဦးဆောင်လိုက်ပါမည့် Themis Indonesia မှ ရှေ့နေ Feri Amsari က အင်ဒိုနီးရှားဥပဒေသစ်သည် လူမျိုးတုံးသတ်ဖြတ်မှုကဲ့သို့ ရာဇဝတ်မှုမျိုးအတွက် မည်သည့်နေရာတွင် ကျူးလွန်သည်ဖြစ်စေ၊ မည်သူက ကျူးလွန်သည်ဖြစ်စေ အရေး ယူနိုင်သည့် အခွင့်အာဏာရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။
"ဥပဒေသစ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အင်ဒိုနီးရှားရဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ကျူးလွန်သူ ဒါမှမဟုတ် ခံရသူတွေက အင်ဒိုနီးရှားနိုင်ငံသား မဟုတ်တာ၊ အမှုဖြစ်ပွားတဲ့နေရာက အင်ဒိုနီးရှားမှာ မဟုတ်တာတွေက အရေးမကြီးပါဘူး။ ကျွန်တော်တို့မှာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိပါတယ်။ မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးတွေကို စနစ်တကျ သတ်ဖြတ်၊ မုဒိမ်းကျင့်ဖို့နဲ့ သူတို့ရဲ့ လူနေမှုဘဝတွေကို ဖျက်ဆီးပစ်ဖို့ စစ်တပ်ကို အမိန့်ပေးခဲ့သူ ဖြစ်ပါတယ်။"ဟု ၎င်းက ရှင်းပြသည်။
Myanmar Accountability Project (MAP) ၏ ဒါရိုက်တာ Chris Gunness ကလည်း မြန်မာနိုင်ငံသည် ငွေလိမ်ဂိုဏ်းများ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများ၏ ဗဟိုချက်ဖြစ်လာပြီး ဒေသတွင်း ဒုက္ခသည်ပြဿနာများကိုပါ ဖြစ်ပေါ်စေနေကြောင်း ထောက်ပြသည်။
"အာဆီယံအတွင်းမှာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် ခေတ်ဦး ရောက်လာပါပြီ။ မင်းအောင်လှိုင်ကို အရေးယူဖို့ အမှုတွဲကလည်း အရင်ကထက် ပိုပြီးခိုင်မာနေပါတယ်။ မြန်မာနိုင်ငံဟာ ဒေသတွင်းအတွက် အရှက်ရစရာ ဖြစ်လာနေပြီး အတုအယောင် ရွေးကောက်ပွဲက ပြဿနာတွေကို ပိုပြီး နက်ရှိုင်းစေမှာပါ။ ဒါကြောင့် ချဉ်းကပ်ပုံအသစ်နဲ့ ဆောင်ရွက်ဖို့ အချိန်တန်ပါပြီ။"ဟု သူက ပြောသည်။
ယခုအမှုသည် အာဆီယံဒေသတွင်းတွင် မြန်မာစစ်ခေါင်းဆောင်အား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားဥပဒေအရ အရေးယူရန် ကြိုးပမ်းသည့် အရှိန်အဟုန်အမြင့်ဆုံး ဖြစ်စဉ်တစ်ခုပင်ဖြစ်သည်။
#KTM
#HlaingInfo

👍72❤14😁4🔥3🥰1
ဝေါ်လေဗျုဟာမကျဖို့ စစ်ကောင်စီလေကြောင်းပစ်ကူအားပြုနေရ
ဧပြီလ ၆ ရက်
ကရင်ပြည်နယ် ၊ ထိုင်း - မြန်မာ နယ်စပ် မြဝတီမြို့တောင်ဘက် က ဝေါ်လေမြို့အနီးရှိ ဗျုဟာစခန်းကုန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က လေကြောင်းပစ်ကူနေ့စဉ်နီးပါးပေးနေရတယ်လို့ ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။
ဝေါ်လေဗျုဟာ စခန်းကုန်းကို ပြီးခဲ့တဲ့မတ်လ ၃၁ ရက် ကစပြီး KNU တပ်မဟာ (၆) ဦးဆောင်ကာ PDF တပ်တွေ ပါဝင်တဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ နှစ်ဖက် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေတပ်ပါ သုံးလာရတာပါ။
မတ်လ ၃၁ ရက်ကနေ ဧပြီလ ၆ ရက်အထိ ခုနှစ်ရက်အတွင်း ဝေါလေဗျုဟာအနီးဝန်းကျင်တဝိုက်ကို လေယာဉ်နဲ့ နေရာ ၊ညပါ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၊ ဒရုန်းနဲ့ ဗုံးချတာတွေကြောင့် ဝေါ်လေမြို့ပေါ်ရပ်ကွက်တွေမှာ ပါ ကျရောက်ပေါက်ကွဲတာရှိနေပါတယ်။
ဝေါ်လေဗျုဟာအနီးက ထီးသဲလယ်ရွာ ဟာ ထိခိုက်ပျက်စီးမှု ကြီးမားပြီး ၊ အဲဒီ ဗျုဟာဝန်းကျင်က ထီးညလိ(ရွှေဖရုံသီး)ဘုန်းကြီး ကျောင်းလည်း ဗုံးထိမှန်ပြီး မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။
ထီးသဲလယ်ရွာအပါအဝင် ဒေသခံတွေကတော့ တိုက်ပွဲနဲ့ ဝေးတဲ့နေရာဘက်ဆီ တိမ်းရှောင်နေကြတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။
ဝေါ်လေ ဗျုဟာစခန်းကုန်းကို ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ထားတာကြောင့် အခုရက်ပိုင်းအတွင်း ခဲယမ်း ရိက္ခာ ကို လေယာဉ်နဲ့ စစ်ကောင်စီတပ်က ချပေးနေတယ်လို့ကရင်သတင်းရင်းမြစ်ကအသိပေးပါတယ်။
တဖက်မှာလည်း ဝေါ်လေဗျူဟာဆီ စစ်ကူပေးပို့ဖို့နဲ့ ဖလူးဒေသ ကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် စစ်ကြောင်းထိုးတဲ့ စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့ မြဝတီမြို့ တောင်ဘက် ဖလူးဒေသမှာလည်း ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲဆက်ဖြစ်နေပါတယ်။
#LNO

👍49❤10🔥4👎2😢1
နိုင်ငံကျော် သက်ငယ်မုဒိန်းမှုတရားခံများ (ဗစ်တိုးရီးယားအမှု)ကို ဖုံးကွယ်ပေးခဲ့သူ ဒုရဲချုပ်ဟောင်း အောင်နိုင်သူ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်လာ
ဧပြီလ ၆ ရက်
တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့တဲ့ ၂၀၁၉ ခုနှစ် နေပြည်တော် Wisdom Hill သက်ငယ်မုဒိန်းမှု (ဗစ်တိုးရီးယားအမှု) မှာ တရားခံတွေဘက်က မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့တဲ့ ဒု-ရဲချုပ်ဟောင်း အောင်နိုင်သူကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်တိုင်းရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ "တိုင်းဝန်ကြီးချုပ်" အဖြစ် ဒီကနေ့ပဲ ခန့်အပ်လိုက်ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ မင်းအောင်လှိုင်က ဦးအောင်နိုင်သူရဲ့ အမည်စာရင်းကို တင်သွင်းခဲ့တာဖြစ်ပြီး၊ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တယ်လို့ စစ်တပ်မီဒီယာတွေက ဖော်ပြပါတယ်။
အရင်အရပ်သားအစိုးရလက်ထက်က ဦးဖြိုးမင်းသိန်း တာဝန်ယူခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် အုပ်ချုပ်ရေးအာဏာကို အခုလို လွှဲပြောင်းပေးလိုက်တာဟာ မင်းအောင်လှိုင်ရဲ့ တိုက်ရိုက်စီစဉ်မှုပဲ ဖြစ်ပါတယ်။
ဦးအောင်နိုင်သူ ဆိုတာ ဘယ်သူလဲ?
သူဟာ ရဲတပ်ဖွဲ့မှာ ရဲမှူးချုပ်ကနေ ဒု-ရဲချုပ်အထိ အဆင့်ဆင့် တက်လှမ်းခဲ့သူဖြစ်ပေမယ့် သူ့ရဲ့ သမိုင်းဆိုးကတော့ ဗစ်တိုးရီးယားအမှုပါပဲ။ ၂၀၁၉ ခုနှစ် သတင်းစာရှင်းလင်းပွဲတွေမှာ "Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးရဲ့ သားနှစ်ဦးနဲ့ လုံးဝမသက်ဆိုင်ဘူး၊ DNA မတူဘူး" ဆိုပြီး လူသိရှင်ကြား ကာကွယ်ပြောဆိုခဲ့သူပါ။
ဒါ့အပြင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၉၆ ကို ချိုးဖောက်ပြီး ကလေးငယ်နဲ့ မိသားစုရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့လို့ ပြည်သူတစ်ရပ်လုံးရဲ့ ဝေဖန်ရှုတ်ချမှုနဲ့ ဆန္ဒပြမှုတွေကို အပြင်းအထန် ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ပစ်မှတ်
မန္တလေးဇာတိဖြစ်တဲ့ ဦးအောင်နိုင်သူဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပြပြောက်ကျားလူငယ်တွေ ဖမ်းဆီးခံရမှုမှာ အဓိကလက်သည်တရားခံဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက သတ်မှတ်ထားပါတယ်။
ဒီလို ပြည်သူကို ဖိနှိပ်တဲ့လုပ်ရပ်တွေကြောင့်ပဲ မန္တလေးက သူ့ရဲ့နေအိမ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဗုံးပစ်တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံနေရတာပါ။
ကလေးသူငယ်အခွင့်အရေးနဲ့ တရားမျှတမှုကို မျက်ကွယ်ပြုခဲ့တဲ့အပြင် ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်နေသူတစ်ဦးကို ရန်ကုန်တိုင်းရဲ့ အမြင့်ဆုံးရာထူး ပေးအပ်လိုက်တာဟာ စစ်အာဏာရှင်ယန္တရားကို ပိုမိုအသက်သွင်းဖို့နဲ့ ရန်ကုန်ပြည်သူတွေအပေါ် အကြမ်းဖက်အုပ်ချုပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာမယ့် လက္ခဏာရပ်အဖြစ် ရှုမြင်သုံးသပ်ရပါတယ်။
#AAMIJ

🤬71👎13❤10😁1😢1
ရွှေဘိုမှာ စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်း စစ်တပ်ဗုံးကြဲ၊ ထိခိုက်မှုများဟုဆို
ဧပြီလ ၆ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဆည်အင်းကျေးရွာက ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားလို့ သံဃာတော်ချို့အပါအဝင်စစ်ဘေးရှောင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့ ဧပြီ ၆ရက် မနက် ၁၁နာရီကျော်မှာ ဗုံးကြဲတာဖြစ်ပြီး လက်ရှိမှာ သေဆုံးသူတွေနဲ့ ထိခိုက်သူတွေကို သယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဘုန်းကြီးကိုပါ ထိသွားတယ်။ အထိအခိုက်များတယ်လို့ပဲ ပြောနိုင်သေးတယ်။ ဒါက တောကျောင်းလို့ ခေါ်တဲ့ စစ်ဘေးရှောင်တွေနေတဲ့နေရာဖြစ်ပါတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က ၎င်းတို့စိတ်တိုင်းကျ ပုံဖော်ထားတဲ့လွှတ်တော်ကတဆင့် သမ္မတနေရာရွေးချယ်တာတွေ၊အစိုးရအဖွဲ့ဖွဲ့စည်းတာတွေ လုပ်ဆောင်နေချိန်မှာ နေပြည်တော်နဲ့ရန်ကုန်ကလွဲလို့ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေတွေ လေကြောင်းကနေတိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။
မတ်လ ၂၀ရက်က ကသာမြို့အမှတ်(၃)ရပ်ကွက်ထဲက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့လေးထပ်ကျောင်းကို ဗုံးကြဲလို့သံဃာတော်အချို့နဲ့အရပ်သား ၈၀ဦးခန့်အထိ သေဆုံးခဲ့ပါတယ်။

🤬69❤3😁2😢1
မင်းဘူးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ရွာပေါင်း ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ
ဧပြီလ ၆ ရက်
မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၅,၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းထံမှ သိရသည်။
မတ်လ ၂၉ ရက်နေ့မှ စတင်၍ မင်းဘူးမြို့နယ်အတွင်း အင်အား ၁၂၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များကို မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ရှော်ဖြူတောကျေးရွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့သည်။
မတ်လ ၃၁ ရက်နေ့တွင်လည်း မုတ္ထောကြီးကျေးရွာမှတစ်ဆင့် မရှက်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် မင်းဘူးခရိုင် အမှတ် ၄၊ ၆ နှင့် ၇ တပ်ရင်းများက ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် စစ်တပ်စစ်ကြောင်း ရှေ့မတိုးနိုင်ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ဧပြီလ ၁ ရက်နေ့တွင် မင်းရွာနှင့် မရှက်ရွာကြား၌ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အထိနာသွားသော စစ်ကောင်စီတပ်က ဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ မရှက်ရွာမှ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြေပြင်တိုက်ပွဲများတွင် အရေးနိမ့်ခဲ့သော အကြမ်းဖက်စစ်တပ်သည် ဧပြီလ ၃ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကြီးကန်ကျေးရွာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် ကြီးကန်ရွာမှ ပြည်သူ ၁ ဦး ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး၊ စပါးကျီ ၁ လုံးနှင့် စာသင်ကျောင်းဆောင် ၁ ခု ထိခိုက်ပျက်စီးခဲ့သည်။
မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက "လက်ရှိ တိုက်ပွဲတွေမှာ စစ်သား ၁၀ ဦးကျော် ဒဏ်ရာရတယ်လို့ သိရပါတယ်။ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးတော့ မရှိဘူး။ မကွေးမြို့ တပ်မ ၈၈ က ထုတ်နှုတ်အင်အားတွေနဲ့ မင်းဘူး (စကု) နယ်က ခလရ ၈၈ နဲ့ နယ်မြေခံ ပျူစောထီးတွေ ပါတဲ့ စစ်ကြောင်းပါ။ ခွေးစစ်ကြောင်းကတော့ မကွေးမြို့ဘက်ကို ပြန်ဆုတ်သွားပါပြီ။"ဟု ပြောဆိုသည်။
စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၄,၀၀၀ နှင့် ၅,၀၀၀ ကြားသည် လက်ရှိတွင် အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကြောင်းတွင် ပါဝင်နေသော စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့ စစ်များကို လွတ်အောင်ပြေးကြရန်နှင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်နှင့် ဝေးရာတွင် နေထိုင်ကြရန် သတိပေးနှိုးဆော်ထားသည်။

🤬50👍5🔥3😢2❤1😁1
ဖားကန့်မှာ စစ်ကောင်စီတပ်က မြို့အဝင်အထွက်ကို ပိတ်ဆို့
ဧပြီလ ၆ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ရှေ့တန်းစခန်းအချို့ ဆုံးရှုံးပြီးနောက် မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတယ်လို့ မြို့ခံအချို့ဆီက သိရပါတယ်။
လက်ရှိ ဧပြီလ လဆန်းပိုင်းက ဖားကန့်မှာရှိတဲ့ စစ်ကောင်စီတပ် ရဲ့ရှေ့တန်းစခန်း ခြောက်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) တို့က သိမ်းယူခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖားကန့်မြို့တွင်းက လမ်းအချို့နဲ့ မြို့အဝင်အထွက်ကို ပါ ပိတ်ထားလိုက်တာလို့မြို့ခံကအသိပေးပါတယ်။
ဖားကန့် ကနေ လုံးခင်း ကိုသွားတဲ့လမ်းပိုင်းက လယ်ပြင်ယမ်းချက်ဂိတ်ကို မနေ့ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်က ပိတ်လိုက်တာကြောင့် ခရီးသယ်ကားတွေ အပါအဝင် ကုန်တင်ကား အစီးရေ အများအပြား ပိတ်မိခဲ့ပါတယ်။
“ ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာတော့ လောလောဆယ်မသ်ိရသေးပါဘူး ၊ကားတွေကတော့ အထက်အဆင်း အကုန်ပိတ်မိနေတယ် “ လို့ ဖားကန့်နယ်ခံ အမျိုးသားတစ်ဦးကပြောပါတယ်။
ဖားကန့်မြို့လယ်မရှီကထောင်ရပ်ကွက်နဲ့ မြို့မရပ်ကွက် ကိုဆက်သွယ်ထားတဲ့ တံတား အပါအဝင် မြို့တွင်းရှိ တံတားအချို့ကိုလည်း စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ဆို့ထားတယ်လို့သိရပါတယ်။
ဓာတ်ပုံ - ဝီကီ

🤬58👏4❤1👎1😢1
မြန်မာနိုင်ငံမှလာသော ဘိန်းဖြူ ရူပီးငွေ ၂ ဒသမ ၁ ကုဋေဖိုး အိန္ဒိယ ဖမ်းမိ
ဧပြီလ ၆ ရက်
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တောင်ပိုင်းမှာ အိန္ဒိယရူပီးငွေ ၂ ဒသမ ၁ ကုဋေ တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကို ဖမ်းဆီးရမိခဲ့ပြီး ဒီမူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံကနေတဆင့် သယ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သံသယရှိတဲ့အကြောင်း The Statesman သတင်းစာမှာ ဖော်ပြပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ပတ်သက်ပြီး လူ ၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး အာဏာပိုင်တွေက ချင်းပြည်နယ်ကနေ မီဇိုရမ်ပြည်နယ်ကိုဖြတ်ပြီး သယ်ဆောင်လာတဲ့ လမ်းကြောင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
အာသံရိုင်ဖယ်နဲ့ အာသံရဲတပ်ဖွဲ့တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးအတွင်း ကာချာခရိုင်၊ ဆေးလ်ချာမြို့နယ်၊ မယ်ဟာပူဒေသမှာ သတင်းအချက်အလက်တွေအရ မော်တော်ယာဉ်တစီးကို တားဆီးစစ်ဆေးခဲ့ချိန်မှာ မူးယစ်ဆေးတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက ရှာဖွေကို ကားကို ချဉ်းကပ်တဲ့အခါ သံသယရှိသူတွေက ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ခဏအကြာ လိုက်လံဖမ်းဆီးပြီးနောက်မှာတော့ သူတို့ရဲ့ကားကို တားဆီးနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မဟင်ဒရာရာဝပ်က ပြောပါတယ်။
ကားကို စစ်ဆေးရာမှာတော့ ဆပ်ပြာခွက် ၃၀ ထဲမှာ ဝှက်ပြီးထည့်ထားတဲ့ ဘိန်းဖြူတွေကို တွေ့ရှိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ စုစုပေါင်း အလေးချိန် ၃၄၉ ဂရမ်လောက်ရှိပြီး ဈေးကွက်တန်ဖိုး ရူပီး ၂ ဒသမ ၁ ကုဋေရှိမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
ဖမ်းဆီးရမိသူတွေကတော့ ထရီပူရာပြည်နယ်ရဲ့ ခရိုင်အသီးသီးမှာ နေထိုင်ကြတဲ့ အာပူးဆာဟာ၊ ပါရီမယ်ဒက်စ်နဲ့ မန်ဂျူး ရာနီ ဘစ်ဝပ်စ်ဒတ်တာတို့ ဖြစ်တယ်ပါတယ်။
သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ၁၉၈၅ အရ အမှုဖွင့်ထားပြီး သူတို့ရဲ့ကွန်ရက်နဲ့ နယ်စပ်ဖြတ်ကျော်မှောင်ခိုကူးမှုတွေနဲ့ ဆက်စပ်မှုကို ဆက်လက်စစ်ဆေးနေပါတယ်။
အာသံရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဒီဘိန်းဖြူတွေဟာ မြန်မာနိုင်ငံကနေ ခိုးသွင်းလာတာလို့ သံသယရှိနေပါတယ်။ စုံစမ်းစစ်ဆေးသူတွေကတော့ မူးယစ်ဆေးဝါးတွေဟာ မီဇိုရမ်ပြည်နယ်ကို ဖြတ်ပြီး အာသံပြည်နယ်တောင်ပိုင်းကို ရောက်မလာခင် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ကနေ စတင်သယ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားပါတယ်။
မြန်မာနိုင်ငံကဝင်လာတဲ့ မူးယစ်ဆေးဝါး၊ လက်နက်၊ ရှားပါးတောရိုင်းတိရစ္ဆာန်နဲ့ နိုင်ငံခြားဖြစ် စီးကရက်တွေလို တရားမဝင်ကုန်စည်တွေကို မီဇိုရမ်ပြည်နယ်ကနေတဆင့် အိန္ဒိယအရှေ့မြောက်ပိုင်းက တခြားပြည်နယ်တွေဆီကို ဖြန့်ဖြူးလေ့ရှိတယ်လို့ သိရပါတယ်။
Photo: IANS
#DVB

👍40❤10😱5🔥2
လောင်းလုံးတွင် စစ်တပ်လှည့်ကင်းကို ဘုန်းကြီးမောင်းနှင်လာသော ကားက ဝင်တိုက်မိသဖြင့် စစ်သား ၂ ဦး ဒဏ်ရာပြင်းထန်ရရှိ၊ စစ်တပ်က ဘုန်းကြီးကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး
ဧပြီလ ၆ ရက်
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဘုန်းကြီးတစ်ပါး မောင်းနှင်လာသော ကားက ဝင်တိုက်မိရာ စစ်သား ၂ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးနောက် စစ်တပ်ဘက်က အဆိုပါဘုန်းကြီးကို သေနတ်ဖြင့်ပစ်ခတ်ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ဧပြီလ ၄ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ အင်းဇောက်ရွာဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးသည် ဆွမ်းစားပင့်ဖိတ်ချက်ရှိသဖြင့် ကိုယ်တိုင်ကားမောင်းကာ လောင်းလုံးမြို့ပေါ်သို့ ကြွရောက်လာခဲ့သည်။
ထိုသို့ကြွလာစဉ် လောင်းလုံးမြို့ ဆေးရုံအနီး၌ ကင်းလှည့်နေသည့် စစ်သားများကို ကားဖြင့်ဝင်တိုက်မိသည့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဝင်တိုက်မိမှုကြောင့် ကင်းလှည့်နေသည့် စစ်သား ၂ ဦးမှာ အရိုးကျိုးခြင်းနှင့် ကွဲပြဲဒဏ်ရာများဖြင့် ပြင်းထန်စွာ ထိခိုက်ခဲ့သဖြင့် ဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူနေရသည်။
တစ်ချိန်တည်းမှာပင် အနီးရှိစစ်သားများက ဘုန်းကြီးမောင်းနှင်လာသည့် ကားကို သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြပြီး၊ ဘုန်းကြီးကိုလည်း ရိုက်နှက်ကာ လောင်းလုံးမြို့ပေါ်ရှိ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
"စစ်ခွေးတွေက သေနတ်နဲ့ ဝိုင်းပစ်ပြီး ဘုန်းကြီးကို ရိုက်နှက်ဖမ်းဆီးသွားတာ။ ခုထိတော့ ပြန်လွှတ်တယ်လို့ မကြားရသေးဘူး။ စစ်သားတွေ ဝိုင်းပစ်တာ အချက်ရေမနည်းဘူး၊ ကားတစ်စီးလုံး ကျည်ဒဏ်ရာတွေချည်းပဲ။ ကံကောင်းတာက ဘုန်းကြီးက ကျည်မထိဘဲ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရတာ။ ဘုန်းကြီးဝင်တိုက်လိုက်လို့ စစ်သား ၂ ယောက်ကတော့ အရိုးကျိုး၊ ကွဲပြဲပြီး ပြင်းထန်ဒဏ်ရာနဲ့ ဆေးရုံရောက်နေတယ်လို့ သိရတယ်။"ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်သည် ဖမ်းဆီးသွားသည့် ဘုန်းကြီးကို လက်ရှိအချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးဘဲ လောင်းလုံးမြို့မရဲစခန်းအတွင်း၌ ရိုက်နှက်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။

🤬50❤10👍4👏4🔥2👎1😢1
စစ်မှုထမ်း အမှတ်စဉ် ၁ မှ သင်တန်းသားလူငယ် ၅,၀၀၀ ကျော်အနက် ၂၀၀ ကျော်သာ နေရပ်ပြန်နိုင်
ဧပြီလ ၆ ရက်
ရှေ့တန်းစစ်မျက်နှာပြင်များသို့ အဓမ္မစေလွှတ်ခဲ့သည့် စစ်မှုထမ်းအမှတ်စဉ် (၁) မှ တပ်သားသစ် ၅,၀၀၀ ကျော်အနက် ၂၀၀ ကျော်သာ နေရပ်သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။
စစ်တပ်ထောက်ခံ ဝါဒဖြန့်ချန်နယ်များတွင် စစ်မှုထမ်း အမှတ်စဉ် (၁) မှ သင်တန်းသား ၂၄၆ ဦး နေရပ်ပြန် (အိမ်ပြန်ခွင့်)ရပြီး တာဝန်ထမ်းဆောင်မှု ဂုဏ်ပြုငွေ တစ်သိန်းကျပ်စီချီးမြှင့်ခဲ့ကြောင်း ရေးသားဖော်ပြ ထားသည်ကို တွေ့ရသည်။
စစ်ကော်မရှင်တပ်က ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လူငယ်၊ လူရွယ်များကို အတင်းအဓမ္မ ဖိအားပေး ပေါ်တာဆွဲ၍ အမှတ်စဉ်တစ်ခုလျှင် ဦးရေ ၅,၀၀၀ သတ်မှတ်ကာ ရှေ့တန်းစစ်မျက်နှာ ပြင်များသို့ ပို့ဆောင်ခဲ့ပြီး ယင်းအမှတ်စဉ် (၁) တွင် လူငယ် ၅,၁၅၅ ဦးကို စစ်သင်တန်း ဆင်းခဲ့ခြင်းဖြစ်သည်။
ရှေ့တန်းနယ်မြေများမှ ပြန်လည်ခေါ်ယူခဲ့သည့် စစ်မှုထမ်းသင်တန်းသား ၂၄၆ ဦး ပြန်လည် ရောက်ရှိလာကြောင်း ဖော်ပြထားသည့်အတွက် အမှတ်စဉ် (၁) သင်တန်းဆင်းတပ်သား ၅,၁၅၅ ဦးရှိသည့်အတွက် ကျန်လူငယ် ၄,၉၀၀ ကျော်မှာ စာရင်းပျောက်ဆုံးနေသည်ကို တွေ့ရသည်။
လက်ရှိ ရန်ကုန်တိုင်းအတွင်း၌ပင် လူငယ်အများစုကို စစ်ကော်မရှင်က အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေရာ ပြီးခဲ့သည့် မတ်လတွင် ၉၉ ဦးအထိ မတရားဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
မြို့နယ် ၁၄ ခုမှ ပြည်သူ ၉၉ ဦးကို စစ်ကော်မရှင်က အကြမ်းဖက်ဖမ်းဆီးခဲ့ရာ ၄၂ ဦးကို အကြောင်း အမျိုးမျိုးဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီး ၁၄ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းနှင့် အချုပ်ဆောင် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့သည်ဟု Rangoon Scout Network ထံမှ သိရသည်။
ဓာတ်ပုံ-စုဆောင်းခံရသည့် ပြည်သူ့စစ်မှုထမ်းများ
#AYAT

👍38😁10😢10❤4🤬2👎1
တောင်သာရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီး၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး မြေပြင် စစ်ကြောင်းကလည်း ပြည်သူများကို လိုက်လံ ဖမ်းဆီးနေ
ဧပြီလ ၆ ရက်
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး မြေပြင် စစ်ကြောင်းကလည်း ပြည်သူများကို လိုက်လံ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အောင်သာရွာကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေစမ်းချောင်းရွာပေါ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၅၈ နှစ် အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ယင်းနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီးများက ပန်းပေါင်းရွာကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၆၀ ကျော်အရွယ် လင်မယား ၂ ဦးနှင့် အသက် ၃၂ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး နေအိမ် ၄ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့ ဧပြီလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပန်းပေါင်းရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ကျေးရွာဘုန်းကြီးတွင် တပ်စွဲထားပြီး ပြည်သူများကို လိုက်လံ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
"မနေ့က စစ်ခွေးစစ်ကြောင်းက အောင်သာရွာမှာ တပ်စွဲထားတဲ့ စစ်ခွေး စစ်ကြောင်းက ရွှေစမ်းချောင်းရွာကို ဒရုန်းဗုံးကျဲလို့ အသက် ၆၁ နှစ်နဲ့ အသက် ၅၈ နှစ် အရွယ် အမျိုးသမီးကြီး ၂ ဦးသေဆုံးတယ်။ မွန်းလွဲပိုင်းကလည်း ပန်းပေါင်းကျေးရွာကို စစ်ခွေးတွေက စက်တပ်လေထီးနဲ့ ဗုံးကျဲလို့ အသက် ၆၀ အရွယ် လင်မယား ၂ ဦးနဲ့ အသက် ၃၂ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးတယ်။ နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်ဆီးသွားတယ်။ ဒီနေ့မှာ စစ်ခွေးတွေက ပန်းပေါင်းရွာကို ရောက်ရှိနေတယ်။ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ထားတယ်။ ရွာထဲက ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားပြီး ပြည်သူတွေကို လိုက်လံ ဖမ်းဆီးနေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေသည့် အတွက် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဓာတ်ပုံ - တောင်သာမြို့နယ်အတွင်းရှိ ပဲခင်းကျော်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးထားမှု (ပုံအဟောင်းဖြစ်သည်)

🤬57❤4👏2😁2😢1
MNDAA သိမ်းယူသွားသည့် တအာင်းပြည်ပညာရေးကောင်စီ ဆန်အိတ်များ ပြန်ပေး
ဧပြီလ ၆ ရက်
ကိုးကန့်တပ်ဖွဲ့ - MNDAA က သိမ်းယူသွားသည့် တအာင်းပြည်ပညာရေးကောင်စီ - TLEC ပိုင် ဆန်အိတ် ၃၀၀ နီးပါးအနက် ဆန်အိတ်အချို့ ပြန်လည် ရရှိခဲ့ကြောင်း TLEC နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ပညာရေးဝန်ထမ်းများအား ထောက်ပံ့ရန် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် စုဆောင်းထားသည့် TLEC ပိုင် ဆန်၂၉၈ အိတ်ကို TNLA နှင့်ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း MNDAA က သိမ်းယူသွားပြီး ဒေသခံများကို ဝေငှခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တပ်က ပညာရေးအဖွဲ့အစည်းပိုင် ဆန်ကိုသိမ်းသွားတယ်ဆိုပြီး သတင်း ပေါက်ကြားသွားတာရော TLEC ဘက်ကလည်း အဲဒီဆန်တွေဟာ ဆရာ ဆရာမတွေကို ထောက်ပံ့မယ့်ဆန် ဖြစ်တယ်ဆိုတာကိုရော စာတင်ပြီး ပြန်တောင်းလို့ ကိုးကန့်တပ်က ပြန်လာပေးသွားပြီလို့ သိရတယ်ပေါ့နော်ဟု သတင်းရင်းမြစ်က ပြောသည်။
MNDAA သည် မတ် ၁၄ ရက်တွင် TNLA ထိန်းချုပ်သည့် ကွတ်ခိုင်မြို့ကို စတင်တိုက်ခိုက်သိမ်းပိုက်သည့် အချိန်တွင်ပင် မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်ရှိ TLEC ပိုင် တန်ဖိုးကြီး ပစ္စည်းများနှင့် ဆန်အိတ် ၂၉၈ အိတ်ကိုပါ သိမ်းယူခဲ့သည်။
ယင်းတန်ဖိုးကြီး ပစ္စည်းများနှင့်.ဆန်အိတ်များကို သိမ်းယူပြီးနောက် MNDAA က ပြည်သူအား အဖွဲ့အစည်းက ထောက်ပံ့သည်ဟုဆိုကာ TLEC ပိုင်ဆန်များကို ရွာခံများအား ဝေငှပေးလိုက်သည်ဟု သ တင်းများ ထွက်ပေါ်သကဲ့သို့ မီဒီယာများကလည်း သတင်းဖော်ပြခဲ့ကြသည်။
မီဒီယာပေါ်မှာ ဆရာ ဆရာမတွေ အတွက် ဆန်ကို ကိုးကန့်က သိမ်းသွားတယ်ဆိုပြီး သတင်းတွေ ထွက်သွားတာလည်း ပါမှာပေါ့၊ ဒါကြောင့်ပဲ ဆရာ ဆရာမတွေဆန်မှန်း မသိလို့ပါ ဆိုပြီး ၃ ရက်နေ့မှာ ဆန်တွေကို ပြန်လာပေးသွားတယ်လို့ သိရတယ်။ ပြန်လာပေးတာက ၂၇၂ အိတ်လို့ သိရတယ်ဗျဟု TLEC နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
ယင်းဆန်အိတ်များသည် ဆရာ ဆရာများကို ထောက်ပံ့ပေးရန် TLEC က စုဆောင်းထားသည့် ဆန်ဟု မသိဘဲ TNLA ပိုင် ဆန်အိတ်များ ထင်မှတ်ကာ ကိုးကန့် တပ်ဖွဲ့တပ်ရင်းများက သိမ်းယူသွားခြင်း ဖြစ်ကြောင်း ဆန်အိတ်ပြန်ပေးသည့် MNDAA က ပြောဆိုသည်ဟုလည်း သတင်းရင်းမြစ်ကပြောသည်။
MNDAA သည် ကွတ်ခိုင်မြို့ကို သိမ်းပိုက်ပြီးနောက် ကွတ်ခိုင်မြို့ရှိ TNLA ပိုင် ပစ္စည်းများသာမက တအာင်း အရပ်ဖက်အဖွဲ့အစည်းများ၏ ပစ္စည်းများ၊ ကွတ်ခိုင် သူနာပြုကောလိပ် - ADN ကျောင်းပိုင် ပစ္စည်းများကိုလည်း ယူဆောင်သွားကြသည်။
#MKN

❤33👍27🔥2
လုံးခင်းရွာထဲတိုက်ပွဲပြင်းထန်နေ ၊စစ်သားတွေက KIA ၊KPDF ယူနီဖဖောင်းဝတ်လာလို့ ဒေသခံတွေသတိပေး
ဧပြီလ၆ ရက်
ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ ဒီနေ့ မွန်းလွဲပိုင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်သားတွေက KIA၊KPDF ယူနီဖောင်းတွေဝတ်လာလို့ ဒေသခံတွေသတိပြုကြဖို့ သတိပေးနေကြပါတယ်။
"ဝင်လာတာ PDF တွေထင်လို့ စောင့်ကြည့်နေတာ။ သေနတ်တွေထဖောက်မှ စစ်တပ်မှန်းသိတာ။ အခုတိုက်ပွဲဖြစ်နေပြီ"လို့ဒေသခံတဦးကပြောပါတယ်။
လုံးခင်းယမ်းချက်စက်ရုံကနေ ထွက်လာတဲ့ စစ်
တပ်စစ်ကြောင်းထဲမှာ အချို့စစ်သားတွေက KIA၊KPDF ယူနီဖောင်းတွေ ဝတ်လာလို့ထင်ယောင်
ထင်မှားဖြစ်ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
စစ်သားတွေကလုံးခင်းရွာက ဒေသခံတွေပိုင်ဆိုင်တဲ့အထပ်မြင့်အဆောက်အအုံတွေပေါ်မှာဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသအခြေစိုက်သတင်းဌာနဖြစ်တဲ့ Uru Daily News - ဥရုနေ့စဉ်သတင်းကလည်း ဖော်ပြထားပါတယ်။
စစ်သားတွေက KIA၊KPDF အထိုင်ချတပ်စွဲထားတဲ့ မရှီကထောင်ဆုတောင်းကုန်းကို စစ်ကြောင်းထိုးဖို့ကြိုးစားနေဝာာလို့ ဒေသခံအချို့ကပြောပါတယ်။ လက်ရှိစစ်ရေးအခြေအနေအရဒေသခံတွေ လုံခြုံရေးဂရုစိုက်နေထိုင်ဖို့ KIA၊KPDF ကသတိ
ပေးထားသလိုဒေသခံအချင်းချင်းလည်းသတိပေးနေကြပါတယ်။
ဖားကန့်မှာ ဧပြီလ ၂ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်းစစ်ကောင်စီရှေ့တန်းစခန်း ၆ခုကို KIA၊KPDFကသိမ်းယူထားပြီး စစ်ရေးဆက်လက်တင်းမာနေတာဖြစ်ပါတယ်။
ဧပြီလ ၂ရက်က တိုက်ပွဲစတင်ပြီးနောက်ပိုင်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင်ဒေသခံ၆ဦးဒဏ်ရာရခဲ့ပါတယ်။တိုက်ပွဲတွေကြောင့်လုံးခင်းနဲ့ ဖားကန့်သွားတဲ့လမ်းပိုင်းကို အ
သုံးမပြုကြဖို့ KIA၊KPDFက သတိပေးထားပြီး စစ်တပ်ကလည်းလမ်းပိုင်းအချို့ကိုကန့်သတ်ထားပါတယ်။
(ဧပြီ ၂ ၊ ၃ ရက်ဖြစ်တဲ့တိုက်ပွဲတွေမှာ KIA ၊KPDF တပ်ဖွဲ့ဝင်တွေက စစ်တပ်စခန်းကုန်း ကိုသိမ်းပြီးနောက်တွေ့ရစဥ် ။ဓါတ်ပုံ-Lung Jung La N )

👍39❤8😁5🤬2👎1🔥1😢1
ကမ္ဘာ့အပူဆုံးစာရင်းတွင် မြန်မာ့မြို့ကြီး ၇ မြို့ ပါဝင်လာ၊ လာမည့် ၃ ရက်အတွင်း အပူရှိန် ဆက်လက်မြင့်မားနိုင်
ဧပြီလ ၆ ရက်
နွေရာသီ အပူရှိန် ပြင်းထန်လျက်ရှိရာ ကမ္ဘာ့အပူချိန် အမြင့်ဆုံးမြို့များစာရင်းတွင် မြန်မာနိုင်ငံမှ မြို့ကြီး ခုနစ် မြို့ ပါဝင်နေပြီး လာမည့် ၃ ရက်အတွင်း အပူချိန် ဆက်လက်မြင့်မားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဧပြီ ၆ ရက်တွင် ထုတ်ပြန်သည်။
ကမ္ဘာ့အပူဆုံးစာရင်းတွင် မြန်မာနိုင်ငံမှ ချောက်မြို့ - ၄၃ ဒီဂရီစင်တီဂရိတ်၊ မင်းဘူး၊ မုံရွာ နှင့် မန္တလေးတို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်စီ၊ ရွှေဘို၊ စစ်ကိုင်း နှင့် မကွေး - ၄၁ ဒီဂရီစင်တီဂရိတ်စီဖြင့် အပူချိန်အမြင့်ဆုံးစာရင်းတွင်ပါနေကြောင်း ကမ္ဘာ့မိုးလေဝသစောင့်ကြည့်ရေးအဖွဲ့ Eldorado Weather က ထုတ်ပြန်သည်။
နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင် လာမည့် ဧပြီ ၇ ရက်မှ ၉ ရက်အတွင်း အပူချိန် ၄၁ ဒီဂရီမှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပြီး ရန်ကုန်နှင့် ပဲခူးတိုင်းတို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိ ရှိနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ခရမ်းရောင်အဆင့် အပူရှိန်များ ဆက်လက်တည်ရှိနေမည် ဖြစ်ကာစစ် ကိုင်းတိုင်းအောက်ပိုင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီမှ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုမိုမြင့်တက်နေကြောင်း မိုး/ဇလက သတိပေးထားသည်။
"အပူချိန်မြင့်လာရင် ခရမ်းလွန်ရောင်ခြည်လည်း မြင့်မားလာတတ်တယ်။ အပြင်ထွက်ရင် နေပူ မထိအောင် သေချာကာကွယ်ရမယ်။ အရေပြားကင်ဆာ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်အပူသက်သာ အောင် ရေများများသောက်ပါ။ ဖြစ်နိုင်ရင် နေပူထဲ အပြင်မထွက်တာ အကောင်းဆုံးပဲ" ဟု အရေပြား ဆရာဝန်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အပူရှိန်ပြင်းထန်မှုကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအတွက် အန္တရာယ်ရှိနိုင်ပြီး ပြင်းထန်သည့် နေရောင်ခြည်အောက်တွင် အလုပ်လုပ်သူများအနေဖြင့် အပူကြောင့် လေဖြတ်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်းနှင့် အသားအရေနီမြန်းလာခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
လတ်တလောတွင် ရန်ကုန်မြို၌ လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် အထပ်မြင့်အိမ်ရာများ၌ ဓာတ်လှေကားအသုံးပြု၍မရသဖြင့် လှေကားမှတက်ရာ၌ သက်ကြီးရွယ်အိုတစ်ဦး သေဆုံးမှု ဖြစ်ပွား ခဲ့သလို အမိုးအကာမရှိဘဲ နေပူထဲတွင် စက်သုံးဆီ တန်းစီရင်း သေဆုံးသူများလည်း ရှိလာ ကြောင်း သိရသည်။
ဓာတ်ပုံ - ဧရာဝတီတိုင်းမ်

👍36😢21❤12🔥2
မြန်မာစစ်အုပ်စု လက်အောက်ခံ ဗဟိုဘဏ်နှင့်ဘဏ်များကို စီးပွားရေးဒဏ်ခတ် ပိတ်ဆို့အရေးယူရန် ဩစတြေးလျအထက်လွှတ်တော်က ဩစတြေးလျအစိုးရသို့ တောင်းဆို အကြံပြု
ဧပြီလ ၆ ရက်
မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ငြင်းပယ်ရုံသာမက စစ်တပ် လက်အောက်ခံ ဗဟိုဘဏ်နှင့်ဘဏ်များကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် ဩစတြေးလျအထက်လွှတ်တော်က ဩစတြေးလျအစိုးရသို့ တောင်းဆို အကြံပြုလိုက်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်၏ ရွေးကောက်ပွဲများကို အသိအမှတ်မပြုဘဲ ငြင်းပယ်ရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားသော ဘဏ်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ဩစတြေးလျအထက်လွှတ်တော်၏ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကော်မတီက ဩစတြေးလျအစိုးရသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
အဆိုပါကော်မတီသည် "မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး" (Democracy and human rights in Myanmar) ဆိုင်ရာ အစီရင်ခံစာကို ၂၀၂၆ ခုနှစ်၊ မတ်လ တွင် တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အစီရင်ခံစာတွင် ဩစတြေးလျအစိုးရအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ ပိုမိုပြတ်သားသော မူဝါဒများ ချမှတ်ဆောင်ရွက်ရန် အချက် ၅ ချက်ဖြင့် အကြံပြုထားသည်။
စစ်အုပ်စုက ၎င်းတို့၏ အုပ်ချုပ်ရေးကို 'တရားဝင်မှု' အရေခြုံနိုင်ရန် ကြိုးပမ်းနေသည့် ၂၀၂၅-၂၆ ရွေး ကောက်ပွဲများကို ပြတ်ပြတ်သားသား ငြင်းပယ်ရန် ကော်မတီက အကြံပြုထားသည်။ ထို့အပြင် စစ်အုပ်စုအား သံတမန်ရေးရာ၊ ပါလီမန်ဆိုင်ရာနှင့် ဒေသတွင်း ဖိုရမ်များတွင် လက်ခံခြင်းဖြင့် စစ်အုပ်ချုပ်ရေးကို ပုံမှန်အခြေအနေကဲ့သို့ ဖြစ်အောင် လုပ်ဆောင်မည့် ကြိုးပမ်းမှုမှန်သမျှကို တက်ကြွစွာ ကန့် ကွက်ရန်လည်း ပါရှိသည်။
ကော်မတီ၏ အဓိက အကြံပြုချက်များထဲတွင် စစ်ကောင်စီ၏ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်နိုင်ရန် မြန်မာစစ်တပ်၏ လက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် စစ်အုပ်စုထိန်းချုပ်ထားသော အခြားဘဏ်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ (Sanctions) ချမှတ်ရန်၊ မြန်မာစစ်အုပ်စုထံသို့ လေယာဉ်ဆီ တင်ပို့မှုများကို အနှောင့်အယှက်ပေးရန်နှင့် ဒဏ်ခတ်ပိတ်ဆို့ရန်၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို အမေရိကန်ပြည်ထောင်စုကဲ့သို့သော အဓိကမဟာမိတ်နိုင်ငံများနှင့် တစ်ပြေးညီဖြစ်စေရန် ဆောင်ရွက်ရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခသည် ယခုအခါ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုတစ်ခုသာမကတော့ဘဲ ဒေသတွင်းလုံခြုံရေး၊ ရွှေ့ပြောင်းနေထိုင်မှု ဖိအားများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကွန် ရက်များအထိ ဆက်စပ်နေသော မဟာဗျူဟာမြောက် စိန်ခေါ်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကော်မတီက ထောက်ပြထားသည်။ ထို့ကြောင့် စစ်အုပ်စုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို ရှောင်ရှားရန် မူဝါဒကို ဆက်လက်ထိန်းသိမ်းထားရန်လည်း ဆက်လက်တိုက်တွန်းထားသည်။
အဆိုပါ မြန်မာ့အရေး အကြံပြု အစီရင်ခံစာသည် ဩစတြေးလျအထက်လွှတ်တော်မှ မြန်မာ့အရေးအပေါ် နောက်ဆုံးထုတ်ပြန်လိုက်သည့် အရေးပါသော လမ်းညွှန်ချက်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ အကြမ်းဖက် သန်းသန်းဆွေ။

❤34👍25😁5🔥3
နတ်မောက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး
ဧပြီလ ၆ ရက်
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဧပြီလ ၆ ရက်နေ့တွင် နံနက် ၇ နာရီခန့်တွင် နတ်မောက်မြို့နယ်ရှိ ကျေးရွာများ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရှိသူများပြားခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
"စစ်ခွေး စစ်ကြောင်းက နေပြည်တော် မိတ္ထီလာ တပ်ပေါင်းစုက လာတဲ့ စစ်ခွေးစစ်ကြောင်းပါ။ စစ်ခွေး အင်အားက ၂၀၀ လောက်ရှိတယ်။ နတ်မောက်မြို့နယ်၊ ကန်သာကျေးရွာ ထန်ပင်ကျောင်း ဒီးဒုတ်ခင်ကျောင်း ကျေးရွာကြားထဲတွင် ကျွန်တော်တို့နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးသေစာရင်းကတော့ ခန့် မှန်း ခြေ ၆ ဦး သေဆုံးတယ်လို့ သိရတယ်။ စစ်ခွေးဘက် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိတယ်လို့ သိရတယ်။ စစ်ခွေးဘက် လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုး မရှိပါဘူး"ဟု နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော် ၉၀၃ တပ်ရင်းနှင့် ဝက်လက်မြို့နယ် နန်းတတ်မင်းတော်လှန်ရေးအင်အားစု၊ နေပြည်တော်၈၀၃ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
အလားတူ ဧပြီလ ၄ ရက်နေ့ကလည်း နတ်မောက်မြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကျောက်မိုးကျေးရွာနှင့် လျော်ချောင်းကျေးရွာ အကြားတွင် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး စစ်တပ်က နေပြည်တော်တပ်ရင်း ၉၀၃ တပ်စခန်းကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

👍46❤11👏6😁4
ရွှေဘိုနှင့် ပေါက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ နေရာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါးပျံလွန်တော်မူ
ဧပြီလ ၆ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများနေထိုင်သော ဆင်အင်းကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့မှ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဧပြီလ ၆ ရက်နေ့တွင် စစ်တပ်၏ မိတ္ထီလာလေတပ်နှင့် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် စစ်ဘေးရှောင် ပြည်သူများနေထိုင်သော ဆင်အင်းကျေးရွာဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရကာ ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်းသိရှိရသည်။
"တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ စစ်ရေးလှုပ်ရှားရာ နေရာမဟုတ်ဘူး။ စစ်ရှောင် ကလေးငယ်တွေကို ဆရာတော်က စာသင်ပေးနေတာပါ။ ဆရာတော် ၁ ပါး ပျံလွန်တော်မူသွားတယ်။ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၂ ဦးက အမျိုး သား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးလို့ သိရတယ်။ အသက်အရွယ်တွေကတော့ မသိရသေးဘူး။ စစ်ခွေးတွေက ၇ ကြိမ်လောက် ဗုံးကျဲတာကို ကြားလိုက်ရတယ်။ မကွဲသေးတဲ့ ဗုံးသီးတွေရှိတယ်လို့လည်း သိရတယ်။ အရေအတွက်ကို မသိရသေးဘူး"ဟု ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့မှ တာဝန်ခံ ကိုကြီးဖြိုးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ရေကတောရွာမှ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာကို နေရာကို စစ်တပ်က လေယာဉ် ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးနှင့် မကွေးလေတပ်မှ တက်လာသော လေယာဉ် ၃ စီးသည် ရေကတောရွာမှ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် နေရာကို ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျွဲ၊ နွားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
"ပြည်သူတွေ ထိခိုက်တာတော့မရှိပါဘူး။ ကျွဲ၊ နွားတွေတော့ ထိခိုက်သေဆုံးတာရှိတယ်။ စစ်ခွေးတွေက စစ်ရှောင် ပြည်သူတွေ နေထိုင်တဲ့ နေရာကို ဗုံးကျဲသွားတာ ဘာတိုက်ပွဲမှလည်း ဖြစ်ပွားတာမရှိပါဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

🤬44😢10❤4😁3🤔1
စစ်ကော်မရှင်၏အစိုးရသစ် တရားဝင်မှု မရှိဟု BNI ထုတ်ပြန်
ဧပြီလ ၆ ရက်
စစ်ကော်မရှင် ပြုလုပ်ခဲ့သော၂၀၂၅ ရွေးကောက်ပွဲသည် လူပေါင်း ၁၃ သန်းမှာ မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ပြီး ပွင့်လင်းမြင်သာမှုမရှိ၊ လွတ်လပ်မှုမရှိသောကြောင့် ယခု ဖွဲ့စည်းသည့်အစိုးရသစ်မှာလည်း တရားဝင်မှု မရှိဟု နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (Burma News International- BNI) က ယနေ့ ထုတ်ပြန်သည်။
ပြီးခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် လူပေါင်း ၃၇ သန်းမှ ၃၈ သန်းခန့် မဲပေးနိုင်ခဲ့သော်လည်း စစ်ကော်မရှင်ကျင်းပသည့်၂၀၂၅ ရွေးကောက်ပွဲ၌ လူပေါင်း၂၄ သန်းသာ မဲပေးခွင့် ကျန်ရှိတော့ကြောင်း ဆိုထားသည်။
ယင်းကဲ့သို့ ဖြစ်ပွားရခြင်း အဓိကအကြောင်းအရင်းမှာ ပြည်သူများအိုးမဲ့အိမ်မဲ့ဖြစ်ခြင်း၊ ပဋိပက္ခနှင့် အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ရည်ရွယ်ချက်ရှိရှိ မဲပေးခွင့်ကို ဖယ်ကြဉ်ခံရခြင်းတို့ကြောင့်အပါအဝင် စစ်ကော်မရှင်က ရွေးကောက်ပွဲဥပဒေဖြင့် လူပေါင်း ၄၀၀ ကျော်ကို တရားစွဲ ဖမ်းဆီးခဲ့ခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အလွန်အမင်း ကန့်သတ်ထားခြင်း၊ လွတ်လပ်၍ တရားမျှတမှုမရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံရေးပါတီ ၅၇ ခုသည် တရားဝင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ၂၉ ပါတီမှာ တိုင်းရင်းသားများနှင့် ဆက်နွှယ်သော ပါတီများဖြစ်သော် လည်း၂၃ နေရာသာ ရရှိခဲ့ခြင်း၊ အတိုက်ခံပါတီဖြစ်သော NLD နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တို့ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိခဲ့သလို မဲပေးမှုကြောင့်လည်း ပြည်သူများ စိုးရိမ်ပူပန်ခဲ့ခြင်း၊ မဲဆန္ဒနယ်တချို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ကြိုတင်မဲ ၄၀ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခြင်းတို့ကြောင့် ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုမရှိသဖြင့် အစိုးရသစ်သည်လည်း တရားဝင်မှုမရှိကြောင်း ထုတ်ဖော်ထားသည်။
“မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများရှိ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်ရပ်များဆန်းစစ်ခြင်း” အစီရင်ခံစာ မိတ်ဆက်သည့် အခမ်းအနားတွင် BNI ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ မအားမီ က “မဲဆန္ဒနယ် ၃၁ ခုမှာ တယောက်ထဲသော ကိုယ်စားလှယ်တွေ ကပဲ ကြိုတင်မဲတွေ သတ်မှတ်ပြီးတော့ အနိုင်ရသွားတာမျိုး အချက်အလက် ရထားတယ်။ အဲဒီမှာ USDP က ၂၈ နေရာရ တော့ ရာခိုင်နှုန်းနဲ့တွက်ရင် ၉၀ ကျော်အထိ အနိုင်ရခဲ့တာ ဖြစ်တယ်။ ဒါကလည်း မဲဆန္ဒရှင်တွေရဲ့ ရွေးချယ်ခွင့်ကို ပိတ်ပင် လိုက်သလိုဖြစ်ပြီးတော့ ရွေးကောက်ပွဲ မကျင်းပမီကပင် USDP အတွက် အမတ်နေရာတွေ အသာစီးရဖို့အတွက် ဖန်တီးပေး ထားတဲ့ ရုပ်ပြပွဲလို့ပဲ ပြောချင်ပါတယ်” ဟု ရှင်းပြသည်။
လူထုထောက်ခံမှု အများဆုံးရရှိခဲ့သော အင်အားကြီးပါတီဖြစ်သည့် NLD နှင့် SNLD ပါတီများကို စနစ်တကျ ဖယ်ထုတ်ပြီးမှ သာ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပခဲ့ကာ ပါတီဝင် အမတ်ပေါင်း ၁၄၀ ကျော်ကို ဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများသိမ်းဆည်းသည်အထိ ပြင်းပြင်းထန်ထန်လုပ်ခဲ့သည့် အတွက် ရွေးကောက်ပွဲရလဒ်သည် တရားဝင်မှုမရှိကြောင်း ထောက်ပြနေကြောင်း ၎င်းက ပြောသည်။
စစ်ကော်မရှင်အနေဖြင့် စစ်အုပ်ချုပ်ရေးပုံစံကို နောက်ထပ် ပုံစံတမျိုးဖြင့်သာ ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်ကြောင်းလည်း ထောက်ပြထားသည်။
ဓာတ်ပုံ- ၂၀၂၅ ဒီဇင်ဘာ ၂၈ က ကျင်းပသည့် စစ်တပ် ရွေးကောက်ပွဲ၌ စစ်ခေါင်းဆောင် မဲပေးနေစဉ်/MOI
#TIR

👍52❤16😁6🔥1
ထီးချိုင့်ကနေ ကသာနဲ့ အင်းတော်ဘက် ဦးတည်တဲ့ စစ်အုပ်စု တိုက်ခိုက်ခံရကာ ရှေ့ဆက်မတိုးနိုင်၊
ဧပြီလ ၆ ရက်
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ စစ်ရှုံးနယ်မြေတွေ ပြန်သိမ်းယူနိုင်ပြီးနောက် ကသာနဲ့ အင်းတော်မြို့ဘက် ဦးတည်ကာ စစ်ကြောင်းထိုးဖို့ ကြိုးစားတဲ့ အာဏာသိမ်း စစ်အုပ်စုကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်အုပ်စု ရှေ့ဆက်မတိုးနိုင်ဘဲ ထီးချိုင့်နယ်ထဲမှာပဲ ရှိနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာကတဆင့် လေကြောင်းအားကိုး၊ ဒရုန်းအားကိုးနဲ့ ပေါ်တာဆွဲ စစ်သားသစ်တွေကို အသေခံစစ်သားအဖြစ် အသုံးချ ကာ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ မတ်လအတွင်း တကောင်းမြို့နဲ့ ထီးချိုင့် မြို့တွေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
စစ်အုပ်စုဟာ မတ်လ ၃၀ရက်မှာ ထီးချိုင့်မြို့ကို ပြန်ထိန်းချုပ်နိုင်ပြီးနောက် ကသာနဲ့ အင်းတော်မြို့ဘက်ကို နှစ်ဖွဲ့ခွဲကာ ဆက်လက် စစ်ကြောင်းထိုးဖို့ ကြိုးစားလာတာ ဖြစ်ပြီး တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်လို့ ထီးချိုင့်နယ် တည်တောကျေးရွာနဲ့ ဇီးကုန်းကျေးရွာအနီး တိုက်ပွဲတွေ ဖြစ်ပွားတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ကသာနဲ့ အင်းတော်မြို့ဘက်ကို စစ်အုပ်စုက ထီးချိုင့်မြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ မြတောင်ရွာကနေ စစ်ကြောင်းတစ်ကြောင်း၊ ဧရာဝတီအနောက်ဘက်ကမ်း ထီးချိုင့်မြို့တဆင့် စစ်ကြောင်းတစ်ကြောင်းနဲ့ နှစ်ဖွဲ့ခွဲကာ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ ထီးချိုင့်နယ်ထဲမှာပဲ စစ်အုပ်စု ရှိနေသေးတယ်လို့ ဆိုပါတယ်။
“အင်းတော်ထိ မရောက်သေးဘူး။ စစ်ကြောင်းက နှစ်ကြောင်းထိုးတာပါ။ တောင်ကြားတွေမှာ တိုက်လို့ လမ်းမှာပဲ ရှိသေးတယ်။ ရှေ့မတိုးနိုင်သေးပါဘူး “ လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ထီးချိုင့်မြို့ပေါ်ကနေ အင်းတော်မြို့ဘက် စစ်ကြောင်းထိုးဖို့ ကြိုးစားတဲ့ စစ်အုပ်စုဟာ ထီးချိုင့်နယ် တည်တောရွာအနီး ရောက်ရှိပြီး တိုက်ပွဲဖြစ်ကာ ရှေ့ဆက်မတိုးနိုင်တာကြောင့် မြို့ထဲပြန်ဝင်လိုက်၊ ပြန်ထွက်လာလိုက် လုပ်နေတယ်လို့ Indaw Revolution (IR) အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စစ်တပ်က အင်းတော်မြို့နား ရောက်လာတာ မရှိသေးပါဘူး။ ထီးချိုင့်ထဲမှာပဲ ရှိပါတယ်။ ထီးချိုင့်ကို တည်တောထိ ထွက်လာတယ်။ ထွက်ပြီးတော့မှ သူတို့ ပြန်ဝင်သွားတယ်။ အင်းတော်မြို့နား ရောက်လာတာ မရှိပါဘူး“
အဲ့ဒီလို အင်းတော်နယ် စစ်ကြောင်းထိုးဖို့ ကြိုးစားတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထီးချိုင့်နယ် ကြက်သွန်ခင်းကျေးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကသာမြို့ပေါ် တိုက်ပွဲ ဖြစ်ပွားချိန် ထီးချိုင့်နယ် မြတောင်ကနေ ကသာဘက် စစ်ကြောင်းထိုးဖို့ ကြိုးစားတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေလည်း တိုက်ပွဲ ဖြစ်ပြီး စစ်အုပ်စုက လေကြောင်းနဲ့ ဧရာဝတီမြစ် ရေကြောင်းကတဆင့် စစ်လက်နက်နဲ့ ရိက္ခာတွေ ပို့ဆောင်တာ ရှိတယ်လို့ ထီးချိုင့်နယ်ခံ တစ်ဦးက ပြောပါတယ်။
“ကသာတိုက်ပွဲဖြစ်တော့ ထီးချိုင့်က မောင်းကုန်းဘက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ကြတယ်။ ကသာနဲ့ ထီးချိုင့်က ဆိုင်ကယ်နဲ့ သွားရင် သုံးနာရီလောက် မောင်းရတာ၊ ထီးချိုင့်ဘက်ကို လေကြောင်းက ရိက္ခာတွေ ချတာ ရှိတယ်”
ဒါ့အပြင် စစ်အုပ်စုဟာ သပိတ်ကျင်းနဲ့ ထီးချိုင့်နယ်အစပ်ရှိ တရုတ်ပိုင် တကောင်းတောင် နီကယ်စက်ရုံ အနီးရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ ကင်းလှည့်တာ၊ လူသတ်လုယက်၊ မီးရှို့တာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် စစ်အုပ်စု လက်ထဲ ပြန်ပါသွားပြီဖြစ်တဲ့ မန္တလေး -ထီးချိုင့် ကားလမ်းတလျှောက်ရှိ ကျေးရွာတွေ အပါအဝင် ထီးချိုင့်မြို့ရဲ့ အထက်ဘက် မြစ်ရိုးတလျှောက် ကျေးရွာတွေက ထောင်သောင်းချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးကာ တောတောင်အတွင်း ခိုလှုံနေထိုင်ကြရပြီး အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ထီးချိုင့်နယ် မောင်းကုန်းကျေးရွာ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဆီတွေက ပြတ်၊ လမ်းတွေက သွားလို့မရတော့ ဆေးတွေက ပြတ်နေတယ်။ တချို့လည်း ကချင်ဘက် ပြေးကြတယ်။ မန္တလေးဘက်က မလွယ်တော့။ အများစုကတော့ တောထဲမှာပဲ နေကြတယ်”
၂၀၂၄ နှစ်လယ်ပိုင်းကတည်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ တကောင်းမြို့နဲ့ ထီးချိုင့်နယ် မြတောင်၊ မောင်းကုန်း စတဲ့ မြို့၊ရွာတွေကို စစ်အုပ်စုက ပြန်သိမ်းယူပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားဆဲ ဖြစ်တဲ့ အင်းတော်နယ်ဘက် ဆက်လက် စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ထီးချိုင့်မြို့ကို ပြန်ထိန်းချုပ်နိုင်ပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo - စစ်အုပ်စု
#MFP

👍45❤16😁5👎1🔥1🥰1👏1😢1
ဖားကန့်၊ လုံးခင်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ကျေးရွာအတွင်း နေရာယူထား၍ ပြည်သူများ ပိတ်မိနေ
ဧပြီလ ၆ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း နေရာယူထား၍ ပြည်သူများ ပိတ်မိနေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၆ ရက်နေ့ ညနေပိုင်းမှ စတင်၍ ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကျယ်လောင်စွာ ကြားနေရကြောင်း၊ ထို့ပြင် စစ်တပ်သည် လုံးခင်းရွာအတွင်း နေရာယူထားသောကြောင့် ပြည်သူများ ပိတ်မိနေကြောင်း သိရသည်။
"လုံးခင်းရွာထဲမှာ တိုက်ပွဲက တော်တော်ကြမ်းနေတယ်။ စစ်ခွေးတွေက ရွာထဲမှာနေရာယူထားပြီး ပြန်ပစ်နေတော့ ပြည်သူတွေ ထွက်မရဘဲ ပိတ်မိနေတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆူညံနေတာပဲ" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ဧပြီလ ၄ ရက်နေ့ နှင့် ၃ ရက်နေ့ကလည်း ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ်ဘက်မှ ထိခိုက်မှုရှိခဲ့ပြီး လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ဧပြီလ ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖားကန့်မြို့ မှော်ဝမ်းအနီးရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်များက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် မှော်ဝမ်း သင်းချိုင်းအနီးရှိ ကာကင်းစခန်း ၃ ခုကို KIA ပူးပေါင်း တပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

👍37❤5🔥4😁2🥰1👏1😢1
မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးမှာ ကျပ် ၁၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ
ဧပြီလ ၆ ရက်
မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲမှာ မူးယစ်ဆေးဝါး သယ်ယူနေတဲ့အဖွဲ့တွေကို စစ်အုပ်စု လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးပမာဏဟာ ကာလတန်ဖိုး ၁၃ ဒသမ ၂၅ ဘီလီယံကျော်ရှိတယ်လို့ မနေ့ ဧပြီ ၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
အခု ဧပြီ ၄ ရက်ကလည်း မန္တလေးတိုင်း ရမည်းသင်းမြို့ကနေ မကွေးတိုင်း ပဒါန်းမြို့ကို သယ်ဆောင်လာတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေကို နတ်မောက်မြို့နယ် ရွာတော်စစ်ဆေးရေးဂိတ်နဲ့ စိုင်ကောင်းရွာအနီးတို့မှာ ဖမ်းဆီးရမိခဲ့ပြီး ဆာလာအိတ် ၃၉ အိတ်နဲ့ ထည့်လာတဲ့ စိတ်ကြွဆေးပြားပေါင်း ၇၈ သိန်း (ကာလတန်ဖိုးကျပ် ၁၁ ဒသမ ၇ ဘီလီယံခန့်) ကို ယာဉ်မောင်း ၃ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်ကလည်း မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ၂၆ လမ်း (၅၇ လမ်းနဲ့ ၅၈ လမ်းကြား) နေအိမ်မှာ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ၀၂၅ တန်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ ဒသမ ၈ တန် စုစုပေါင်း ၄ ဒသမ ၈၂၅ တန် (ကာလတန်ဖိုး ကျပ် ၁ ဒသမ ၅၅ ဘီလီယံ) တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က မနေ့ ဧပြီ ၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း စုစုပေါင်း ၄ တန်ကျော် သိမ်းဆည်းရမိမှုထဲမှာ ကဖင်း သယ်ယူပို့ဆောင်သူတွေအပါအဝင် စီစဉ်ညွှန်ကြားသူ စုစုပေါင်း ၁၀ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါဒါရ်ကနေ ကဖင်းတင်သွင်းခဲ့သူ ၂ ဦး လွတ်မြောက်နေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ဖော်ပြချက်အရ သိရပါတယ်။
နတ်မောက်မြို့နယ်အတွင်း သိမ်းဆည်းရမိခဲ့တဲ့ စိတ်ကြွဆေးပြားတွေကို သယ်ဆောင်လာသူတွေရဲ့ ထွက်ဆိုချက်အရ စိတ်ကြွဆေးပြားတွေကို ရမည်းသင်းမြို့ကနေ ပဒါန်းမြို့ကို သယ်ဆောင်လာပြီး ရခိုင်ပြည် အမ်းမြို့နယ်အတွင်းက အာရက္ခတပ်တော် (AA) တပ်ဖွဲ့ထံ ပို့ဆောင်ရမှာဖြစ်တယ်လို့ စစ်ကော်မရှင်က ဖော်ပြထားသလို မူးယစ်ဆေးဝါး သိမ်းဆည်းရမိချိန်တိုင်း AA အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ကော်မရှင်က မကြာခဏ စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။
ဓာတ်ပုံ - Pro-SAC
#CJP

👍22😁15👎4🔥3❤2🥰1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်
🍀
🍃 ထီ 1 စောင်ကို မြန်မာငွေ 14,500 ကျပ်။ ထိုင်းဘတ် 100 ပါ။ 🌿
မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/
🎁 ရရှိနိုင်သောထီနံပါတ်များ 🎁
363500
027001 OUT
054802
197303
635505
561006
535007
682708
853409
476710 OUT
026511
390812
877313
249014
884615
511116
827417 OUT
540245
350346
976047
265248
126049
046350
868151
016952
478953
400054
681255
224956
593857
242958
544559
543760
025661
831062
631563
443264 OUT
762165
590066
891667
827768
753169
306170
513071
854472
020873
268174
091675
027376
220877
497678
698779
352280
072381
643582
141983
513184
706385
951786 OUT
984087
233888
297589
547790
013791
038292
757693
166294
351895
652896
635097
148698
662300
409101
015102
165403
418604
671905
925206 OUT
821507
568208
009209
034210
428511
834912
169413
905814
357615
646716
616817
029718
875919
006120
929621
445122
507223
991624
523925
099626
912927
022828
349829
583230
214431
768632
146933
670534
453235
523436
611938 OUT
610539
390040
689741 OUT
381042
853343
820144
066145
415946
952647
014948
855649
119650
361251
272152
954753
625954
320855
440256
552957
862358
808759
019060
959361
949462
939563
929664
919865
280466
138267
044069
126970
029972
049774
103776
903677
157678
849779
326680
772681
781282
335283
379584
825585
728386
282387
432488
878489
056890
444991
590892
736793
059294
825496
000397
533698
387799
📱 ဆက်သွယ်ဝယ်ယူရန် 📱
- https://t.me/pyithuaungpwel
- https://t.me/infoAthlaing
Viber ☎️ +66930839386
#ThaiLottery

👍25❤11👎1🔥1