Hlaing Info
54.9K subscribers
141K photos
5.86K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
Hlaing Info pinned a photo
တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး စက်တပ်လေထီးများကလည်း ၂ ရက်ဆက် ဗုံးကျဲနေ

ဧပြီလ ၅ ရက်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး စက်တပ်လေထီးများကလည်း ၂ ရက်ဆက် ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အောင်သာရွာကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေ‌စမ်းချောင်းရွာပေါ်ကို ဒရုန်းဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၅၈ နှစ် အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ နွား ၂ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများဖြင့် ပန်းပေါင်းရွာပေါ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း၊ အလားတူ ယမန်နေ့ ဧပြီလ ၄ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်ကလည်း မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးက တောင်သာမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကိုလည်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် တောင်သာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က မြေပြင်မှလည်း စစ်ကြောင်းထိုးနေပြီး လေကြောင်းဖြင့်လည်း ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။

"စစ်ခွေးတွေ ဗုံးကျဲတာက ၂ ရက်ဆက်ကို ဗုံးကျဲ တိုက်ခိုက်သွားတာ စက်တပ်လေထီးနဲ့ ဗုံးကျဲတာတော့ကတော့ ထိခိုက်မှုမရှိဘူး။ နေအိမ်တွေ ပျက်စီးတာပဲရှိတယ်။ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာကတော့ ပြည်သူ ၂ ဦး သေဆုံးတယ်။ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ အခုက မြေပြင် စစ်ကြောင်းကော လေကြောင်းနဲ့ပါ ဆက်တိုက်ကို တိုက်ခိုက်နေလို့ ပြည်သူတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် တောင်သာ-ရုံးစည်ကြီး လမ်းပိုင်းတလျှောင်၌ ကင်းပုန်းဝပ်နေပြီး အောင်သာ - ရွှေမန်း - ပန်းပေါင်း လမ်းပိုင်းဂိတ်ကို ခြေကုပ်ယူထားကြောင်း၊ ယင်းစစ်ကြောင်းတွင် အင်အား ၈၀ ခန့်ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ - စစ်ကိုင်းတိုင်း အတွင်းရှိကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)
#KTM
#HlaingInfo
🤬6411👏2😢1
ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများကို နေ့စဉ် တိုက်ခိုက်မှု နေအိမ်များပျက်စီး၊

▪️ပေါက်တွင်လည်း စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

ဧပြီလ ၅ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများကို နေ့စဉ် တိုက်ခိုက်ခြင်းကြောင့် နေအိမ်များပျက်စီးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မွန်းလွဲပိုင်းထိ အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ်၊ နောင်ကိုင်းရွာဘက်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးမှုရှိကြောင်း သိရသည်။

ထို့ပြင် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းကလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကော့ကရိတ်မြို့နယ်၊ သာယာကုန်းရွာကို ဒရုန်းဗုံးများ ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေးတွေက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ခိုက်နေတာကတော့ နေ့တိုင်းနီးပါးပဲ ပြည်သူတွေတော့ ထိခိုက်တာမရှိပါဘူး။ နေအိမ်တွေ ပျက်စီးတာပဲရှိတယ်။ တိုက်ပွဲဖြစ်တာတော့မရှိပါဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်တွင်လည်း ပျူစောထီးကျေးရွာများကို ရိက္ခာပို့ပြီး ပေါက်မြို့ပေါ်သို့ ပြန်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ဖြတ်သန်းသွားရာ လမ်းပိုင်းရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၄ ရက်နေ့တွင် ပေါက်မြို့နယ် တောင်ပိုင်းရှိ ပျူစောထီး ကျေးရွာများကို ရိက္ခာပို့ပြီး ပြန်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇံရွေးခုံရွာနှင့် ကျားပစ်ကန်ရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"အခု စစ်ခွေးစစ်ကြောင်းက ပျူစောထီးရွာတွေကို ရိက္ခာပို့ပြီးတော့ ပေါက်မြို့ပေါ်ကို ပြန်နေတာပေါ့။ သူတို့ ပြန်တဲ့ လမ်းကြောင်းမှာရှိတဲ့ ရွာတွေကို စစ်ခွေးတွေက ဒရုန်းတွေနဲ့ ဆက်တိုက်ကို ဗုံးကျဲနေတာ ပြည်သူ ၅ ဦး ထိခိုက်တယ်လို့တော့ သိရတယ်။ သေဆုံးတာတော့ မရှိပါဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#KTM
#HlaingInfo
🤬586👏2😢2
ငဖဲမြို့ပေါ်ထိ CDF - Asho မှ ရဲဘော်များ ဝင်ရောက်ခဲ့ပြီး မြို့လုံခြုံရေးနှင့် စစ်ဆေးရေးများ လုပ်ဆောင်

ဧပြီလ ၅ ရက်

မကွေးတိုင်း၊ ငဖဲမြို့ပေါ်ထိ CDF - Asho မှ ရဲဘော်များ ဝင်ရောက်ခဲ့ပြီး မြို့လုံခြုံရေးနှင့် စစ်ဆေးရေးများ လုပ်ဆောင်ခဲ့ကြောင်း CDF - Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် ငဖဲမြို့အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးနှင် ကြံ့ဖွတ်ပါတီ ရုံးများကို CDF - Asho မှ စစ်ကြောင်းမှူး မြွေပွေးဦးဆောင်ပြီး မြို့လုံခြုံရေးနှင့် စစ်ဆေးရေးများ ဝင်ရောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ CDF - Asho မှ ရဲဘော်များ မြို့ပေါ် ဝင်ရောက်လာချိန်တွင် အကြမ်းဖက် စစ်သားများ မရှိသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ငဖဲမြို့ တောင်ဘက်ပိုင်း နေရာယူထားခြင်းဖြစ်ပြီး CDF - Asho မှ ရဲဘော်များက မြို့မြောက်ဘက်မှ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"တိုက်ပွဲတော့ မဖြစ်ပါဘူး။ ကျနော်တို့ မြို့ပေါ်ကို တက်ပြီး အင်အားပြတဲ့ သဘောမျိုးပါပဲ။ စစ်ခွေးက မြို့ရဲ့ တောင်ဘက်ပိုင်းမှာ နေရာယူထားတာဆိုတော့ ကျနော်တို့က မြောက်ဘက်ကနေ မြို့ထဲကို ဝင်ရောက်ခဲ့တာပေါ့။ အဓိက ကျနော်တို့ အနေနဲ့ မြို့ပေါ်ထိ ဝင်ပြီး အင်အားပြရတဲ့ ရည်ရွယ်ချက်က ပြည်သူတွေအနေနဲ့ အကြမ်းဖက် သမ္မတသစ်ရဲ့ ဟန်ဆောင်ပြီး ညင်သာပြတဲ့ အုပ်ချုပ်မှုတွေကို မယိမ်းယိုင်သွားဖို့ စစ်ကော်မရှင်အနေနဲ့ အခုထိလည်း ရက်စက်ကြမ်းကြုပ်စွာ ပြည်သူအပေါ် ပြုမူနေတာကို မေ့မသွားကြဖို့ စစ်အစိုးရစနစ်ကို တော်လှန်နေရမယ်ဆိုတာကို ပြောချင်ပါတယ်" ဟု CDF - Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။

အကြမ်းဖက် သမ္မတသစ် မင်းအောင်လှိုင်ကို ပုန်ကန်ကြရန်နှင့် အကြမ်းဖက် မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီချုပ်အသစ်လက်ထက်တွင် ထပ်မံ၍ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို ပြည်သူများမှ မေ့လျှော့ မသွားကြရန် ချင်းကာကွယ်ရေးတပ်-အရှို (CDF_Asho) က ပြောဆိုထားသည်။
#KTM
#HlaingInfo
64👍21👏6🔥1
စစ်ခေါင်းဆောင်အား ဖမ်းဝရမ်းထုတ်ရန် ICC ကို အဆိုပြုသည့် ဗြိတိန်အမတ် ၁၁ ဦးထိရှိလာ

ဧပြီလ ၅ ရက်

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို လက်မှတ်ထိုးအဆိုပြုတဲ့ ဗြိတိန်ပါလီမန်အမတ် ၁၁ ယောက်အထိ ရှိလာပါတယ်။

စစ်ခေါင်းဆောင်ကို သမ္မတအဖြစ် အသိအမှတ်မပြုရေးနဲ့ ဖမ်းဝရမ်းထုတ်ရေးတို့ကို အားစိုက်ဆောင်ရွက်နေတယ်လို့ ဗြိတိန်အခြေစိုက်မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က ဖမ်းဝရမ်းထုတ်ဖို့ ဗြိတိန်လွှတ်တော်အမတ်တွေက ၂၀၂၄ ဒီဇင်ဘာ ၉ ရက်နေ့ကတည်းက လက်မှတ်ရေးထိုး တိုက်တွန်းထားတာပါ။

ဗြိတိန်လွှတ်တော်မှာ (Early Day Motions) အရေးကြီးတဲ့ကိစ္စအဖြစ် လွှတ်တော်အမတ် ၁၀ ယောက်က ကနဦးလက်မှတ်ရေးထိုးပြီး အဆိုပြုချက်တင်ထားတာဖြစ်ပါတယ်။

၂၀၂၆ ဖေဖော်ဝါရီလမှာ နောက်ထပ် လွှတ်တော်အမတ်တယောက် ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် အဆိုပြုချက်မှာပါဝင်သူ စုစုပေါင်း အမတ် ၁၁ ယောက်အထိ ရှိလာပါတယ်။

ဧပြီ ၃ ရက်နေ့၊  စစ်ခေါင်းဆောင်က သမ္မတရာထူးရယူတာနဲ့ တပြိုင်တည်းမှာ ဒီအဆိုပြုချက်ဟာ လူမှုကွန်ရက်စာမျက်နှာတွေအပေါ်မှာ ပြန်လည်ပျံ့နှံ့လာတာဖြစ်ပါတယ်။
ဗြိတိန်အခြေစိုက်မြန်မာရိုဟင်ဂျာအဖွဲ့  (BROUK) မှ ဦးထွန်းခင် က “ယူကေပါလီမန်လွှတ်တော်ကနေတဆင့် လုပ်တဲ့ဟာက ကျနော်တို့အတွက် အရေးကြီးတယ်။ ယူကေရော၊ အီးယူရော၊ ဒီနိုင်ငံတွေကနေတဆင့် လူသားမျိုးနွယ်စုအပေါ်မှာ ရာဇဝတ်မှုကျူးလွန်ခဲ့တာ၊ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် အသိအမှတ်မပြုဖို့၊ ပြီးတော့ ထပ်ပြီးတော့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေချဖို့ တောင်းဆိုနေတာတွေ အများကြီးရှိပါတယ်။ ဆောင်ရွက်နေတာတွေလည်း အများကြီးရှိပါတယ်။ ဒီထက်မက ထပ်ပြီးတော့ လုပ်သွားမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို အသိအမှတ်မပြုရေးနဲ့ သူ့ကိုအရေးယူရေးဆိုတာ ကျနော်တို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ICC ကနေ ဖမ်းဝရမ်းထုတ်ဖို့ဟာကလည်း အခုထိ ကျနော်တို့ စောင့်နေတုန်း၊ ကျနော်ထင်တာတော့ အဲ့ဒါလည်း သိပ်မကြာလောက်ဘူး၊ ထွက်လာမယ်လို့ ယုံကြည်ပါတယ်။ အာဂျင်တီးနားရဲ့ ဖမ်းဝရမ်းကတော့ ၂၀၂၅ ဖေဖော်ဝါရီမှာ ထွက်ခဲ့တာပေါ့။ လူသတ်သမား ရာဇဝတ်သားကတော့ ဘယ်တော့မှ ပြစ်မှုကျူးလွန်တယ်လို့ ဝန်မခံဘူးဗျ။ အဲ့ဒီလိုကြတော့ အခုက ကျနော်တို့က နိုင်ငံတကာဖိအားနဲ့ အင်တာပိုလ်ကို ဖိအားပေးပြီးတော့ အဲဒီဖမ်းဝရမ်းကို အနီရောင်အဆင့် အကြောင်းကြားစာထုတ်ဖို့ ကျနော်တို့ ကြိုးစားနေတာရှိပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာရောက်မြန်မာတွေဟာ စစ်ကောင်စီရဲ့ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုတွေကို အရေးယူနိုင်ဖို့ ရောက်ရှိရာနိုင်ငံတွေရဲ့ အစိုးရနဲ့လွှတ်တော်တွေဆီကို သတင်းစကားတွေ စဉ်ဆက်မပြတ် ပေးပို့နေကြတာပါ။

အမေရိကန်ပြည်ထောင်စုမှာလည်း အစိုးရနဲ့လွှတ်တော်က ရိုဟင်ဂျာအရေးကို အာရုံစိုက်နေပြီး အမေရိကန် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) က မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုတွေကို အရေးယူဖို့ အစိုးရကို တိုက်တွန်းနေပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက်မြန်မာ့အရေးဆောင်ရွက်သူ ကိုရင်အေး က “အာဂျင်တီးနားလည်း တရားစွဲတဲ့ကိစ္စတွေ ဒါတွေကလည်း ဆက်သွားနေတယ်။ တရားရုံးလုပ်ငန်းတွေက အချိန်တော့ယူတာပေါ့နော်၊ ဒါပေမဲ့ ဆက်သွားနေတာရှိတယ်။ နောက်ပြီးလို့ရှိရင် ICJ (အပြည်ပြည်ဆိုင်ရာတရားရုံး) ကိစ္စဆိုလည်း ဆက်သွားနေတာရှိတယ်။ ဒါ့အပြင်ကို တီမောနိုင်ငံကနေပြီးတော့ ချင်း ဘာသာရေးအင်အားစုတွေကနေ တရားစွဲတဲ့ကိစ္စတွေ၊ ဒါတွေက မင်းအောင်လှိုင်အတွက် တကယ့်ဖိအားတွေပါပဲ။ တချိန်တည်းမှာပဲ Scam Center Strike Force ကို FBI နဲ့ ပေါင်းပြီးတော့မှ ထိထိရောက်ရောက်အရေးယူနေတယ်။ ဒါတွေက မင်းအောင်လှိုင် ကြုံကိုကြုံတွေ့ရမယ့် ဖိအားတွေပဲ။ ရိုဟင်ဂျာတွေ၊ တိုင်းရင်းသားတွေဆိုလည်း တိုင်းရင်းသားတွေ၊ သူတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြိုးစားနေကြတယ်၊ တကယ်လို့သာ ICC တို့ဘာတို့က နိုင်ငံတကာရဲတပ်ဖွဲ့တွေကနေ ဖမ်းဝရမ်းဆိုတာမျိုး ထွက်လာခဲ့ပြီဆိုရင်တော့ မင်းအောင်လှိုင်အတွက်တော့ သေချာပေါက် တကယ့်အိပ်မက်ဆိုးပဲပေါ့နော်” လို့ ပြောပါတယ်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
70👍34😁6👎2👏1
ရန်ကုန်တွင် မတ်လအတွင်း လူငယ် ၁၀၀ နီးပါးကို စစ်ကော်မရှင်က အကြမ်းဖက်ဖမ်းဆီး၊ ၁၀ ဦး ထက်မနည်း စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခံရ

ဧပြီလ ၅ ရက်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် လူငယ်အများစုကို စစ်ကော်မရှင်က အကြမ်းဖက် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေရာ ပြီးခဲ့သည့် မတ်လတစ်လအတွင်း၌ပင် ၉၉ ဦးအထိ မတရားဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

စစ်ကော်မရှင်သည် ရန်ကုန်မြို့နယ် ၁၄ ခုမှ ပြည်သူ ၉၉ ဦးကို အကြမ်းဖက်ဖမ်းဆီး၍ ၄၂ ဦးကို အကြောင်းအမျိုးမျိုးဖြင့် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ၁၄ ဦးကိုမူ စစ်မှုထမ်းသင်တန်းကျောင်း များနှင့် အချုပ်ထောင်များသို့ ပို့ဆောင်ခဲ့ကြောင်း Rangoon Scout Network (RSN) ၏ ထုတ်ပြန် ချက်အရ သိရသည်။

ဖမ်းဆီးခံရသူများအနက် သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၁၁ ဦး၊ အကြောင်းရင်းမရှိဘဲ လမ်းပေါ်သွားလာနေစဉ်နှင့် လမ်းဘေးထိုင်နေစဉ် ဆွဲခေါ်ဖမ်းဆီးခံရသူ ၄၈ ဦးအထိ ရှိခဲ့သည်။ ထို့ပြင် ဧည့်စာရင်းစစ်ဆေးရာမှတစ်ဆင့် ဖမ်းဆီးငွေညှစ်ခံရသူ ၃၅ ဦးနှင့် အများပြည်သူသုံး ယာဉ်လိုင်းများ ပေါ်မှ ဆွဲချဖမ်းဆီးခံရသူများလည်း ရှိခဲ့ကြောင်း သိရသည်။

မတ်လအတွင်း၌ပင် "အလုပ်ရှိသည်" ဟု လိမ်လည်မျှားခေါ်ကာ ဖမ်းဆီးခံရသူ လေး ဦးရှိခဲ့သလို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ရာနယ်မြေတွင် သွားရောက်ဖျော်ဖြေသည်ဟုဆိုကာ အဆိုတော် လမင်းကဗျာ (ခ) DJ Moon ကိုလည်း စစ်ကော်မရှင်က ဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်မှုထမ်းရန် အဓမ္မစုဆောင်းခံရသူများထဲတွင် စကိတ်စီးလက်ရွေးစင်ဖြစ်ရန် ကြိုးစားနေသည့် လူငယ်တစ်ဦးဖြစ်သူ ကိုဝါဆိုမှာ ပေါ်တာဆွဲခံရပြီး စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံခဲ့ရသည်။ ထို့ပြင် ဒညင်းကုန်း စစ်မှု ထမ်းစုဆောင်းရေးစခန်းမှ ထွက်ပြေးရန် ကြိုးပမ်းသည့် လူငယ်တစ်ဦးမှာလည်း စစ်ကော်မရှင်၏ ရိုက်နှက်နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကော်မရှင်သည် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) ကို မတ်လ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်မှ ဖမ်းဆီးခေါ်ဆောင်သွားသူ ၃၀ ဦးအနက် ၁၃ ဦးကို စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်လိုက်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ကျန်ရှိသူများ၏ နောက်ဆက်တွဲအခြေအနေကိုမူ သိရှိရခြင်း မရှိသေးပေ။

ပုံစာ- ရန်ကုန်တိုင်း စစ်လေ့ကျင့်ရေးကျောင်းတွင်ပြုလုပ်သည့် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) ကိုတွေ့ရစဉ်။
#AYAT
#HlaingInfo
🤬584😢4👎1
နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ဟု အာဏာသိမ်းပြီး သမ္မတရာထူးယူထားသည့် မင်းအောင်လှိုင်ပြော

ဧပြီလ ၅ ရက်

နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် မိမိကိုယ်တိုင် သမ္မတရာထူးရယူထားသည့် မင်းအောင်လှိုင်က ၎င်းတို့၏ ၅ နှစ်တာ သက်တမ်းအတွင်း နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့(ဧပြီ ၅ရက်)တွင် ပြောကြားသည်။

နေပြည်တော်၌ ကျင်းပသည့် ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်ချီးမြှင့်ခြင်း အခမ်းအနားတွင် မင်းအောင်လှိုင်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ မကြာမီရက်ပိုင်းအတွင်း အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးတော့မည်ဟုလည်း ဆိုသည်။

သို့သော်လည်း ဤပြောကြားချက်အပေါ် နိုင်ငံရေးလေ့လာသူများနှင့် တက်ကြွလှုပ်ရှားသူများကမူ လက်တွေ့မြေပြင်အခြေအနေနှင့် များစွာကွာဟနေကြောင်း ဝေဖန်ထောက်ပြလျက်ရှိသည်။

မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးမှုများရှိခဲ့၍ အာဏာသိမ်းခဲ့ရခြင်းမှာ အမှန်တရားဖြစ်ကြောင်းနှင့် ယခုအခါ သင့်တင့်ကောင်းမွန်သည့် အခြေခံများဖြင့် အစိုးရသစ်ကို လွှဲပြောင်းပေးနိုင်သည့် သမိုင်းမော်ကွန်း စိုက်ထူနိုင်ခဲ့ပြီဟု အခမ်းအနားတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ယင်းအပေါ် ဝါရင့်နိုင်ငံရေးလေ့လာသူတစ်ဦးက "သူပြောတဲ့ ဒီမိုကရေစီလမ်းကြောင်းဆိုတာက ပြည်သူက ရွေးချယ်တဲ့လမ်းကြောင်းမဟုတ်ဘဲ သူတို့ဆွဲထားတဲ့ ပုံစံခွက်ထဲ သွတ်သွင်းတာပဲ ဖြစ်ပါတယ်။ ၅ နှစ်အတွင်း တိုင်းပြည်စီးပွားရေးနဲ့ အခြေခံအဆောက်အအုံတွေ ဘယ်လောက်ပျက်စီးသွားလဲဆိုတာ လူတိုင်းအသိပဲ" ဟု သုံးသပ်သည်။

ထို့ပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း "ဒီမိုကရေစီကို ပြန်လွှဲပေးတယ်ဆိုတာက လှည့်စားမှုတစ်ခုသက်သက်ပါ။ တကယ်တော့ ဒါဟာ သူတို့စိတ်ကြိုက်လူတွေနဲ့ ဖွဲ့စည်းမယ့် အရေခွံလဲအစိုးရဆီကိုပဲ အာဏာလက်ဆင့်ကမ်းတာဖြစ်ဖို့များတယ်" ဟု ဝေဖန်သည်။

မင်းအောင်လှိုင်၏ မိန့်ခွန်းတွင် ၎င်းတို့၏ ၅ နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ၊ ဆူပူအကြမ်းဖက်မှုများနှင့် သဘာဝဘေးအန္တရာယ်မျိုးစုံကို ခက်ခဲစွာ ရင်ဆိုင်ခဲ့ရကြောင်းလည်း ထည့်သွင်းပြောဆိုသွားခဲ့သည်။ အဆိုပါအခက်အခဲများကြောင့် နိုင်ငံစီးပွားရေး ကျဆင်းခဲ့ရသည်ဟုလည်း ၎င်းက အကြောင်းပြချက်ပေးခဲ့သည်။

သို့သော်လည်း တက်ကြွလှုပ်ရှားသူများကမူ နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများနှင့် စီးပွားရေးပျက်ကပ်မှာ အာဏာသိမ်းမှု၏ တိုက်ရိုက်နောက်ဆက်တွဲရလဒ်များသာဖြစ်ပြီး၊ သဘာဝဘေးအန္တရာယ်မှာ အဓိကအကြောင်းရင်းမဟုတ်ကြောင်း ထောက်ပြကြသည်။

အဆိုပါအခမ်းအနားသို့ စစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌဟောင်း စိုးဝင်းနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး၊ ၅ နှစ်တာကာလအတွင်း သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့သူများကို သမ္မတအမည်ခံ မင်းအောင်လှိုင်က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးလေ့လာသူများကမူ ဤဂုဏ်ပြုပွဲမှာ အာဏာလွှဲပြောင်းခြင်းမပြုမီ စစ်တပ်အတွင်း စည်းလုံးမှုရှိနေသေးကြောင်း ပြသလိုသည့် ဟန်ပြလုပ်ရပ်တစ်ခုသာ ဖြစ်နိုင်သည်ဟု ယူဆနေကြသည်။

မင်းအောင်လှိုင်ကမူ ၎င်းတို့သည် နိုင်ငံ၏အန္တရာယ်ရန်စွယ်များကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပြီး နိုင်ငံကို မူလရည်မှန်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်တည်မတ်ပေးနိုင်ခဲ့ခြင်းကြောင့် ဝမ်းသာအားရဖြစ်ရကြောင်း ဆိုသည်။

သို့ရာတွင် မြေပြင်၌မူ ပြည်တွင်းစစ်မီးများ ငြိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ၊ ပြည်သူအများစုမှာ စားဝတ်နေရေး အကျပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်
#MPA
#HlaingInfo
😁69🤬248👍3👎1🔥1🥰1
ဖက်ဒရယ်ဦးဆောင်ကောင်စီဖွဲ့စည်းနိုင်မှု
CDM ကျန်းမာရေးကွန်ရက် ကြိုဆို

■နွေဦးတော်လှန်ရေးရဲ့ကြီးမားတဲ့အပြောင်းအလဲ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်းဖော်ပြ

ဧပြီလ ၅ ရက်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ဖွဲ့စည်းနိုင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုမျှော်လင့်ကြောင်း CDM ကျန်းမာရေးကွန်ရက်က ဒီကနေ့မှာထုတ်
ပြန်ကြေညာပါတယ်။

အခုလို NUG၊ CRPHနဲ့ တိုင်းရင်းသားတော်လှန်
ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်တဲ့ ကောင်စီတစ်ခုအနေဖြင့်ဖွဲ့စည်းဖြစ်မြောက် ပေါ်
ပေါက်လာခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ ကြီး
မားသောအပြောင်းအလဲ ဖြစ်လာနိုင်မယ်လို့ မျှော်
လင့်ကြောင်းလည်း CDM ကျန်းမာရေးကွန်ရက်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ဆန္ဒကိုအဓိကထားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံး ညီညွတ်စွာပူးပေါင်းပါဝင်ဆောင်ရွက် အကောင်အထည်ဖော်နိုင်ဖို့နဲ့ စစ်အာဏာရှင်အပြီးတိုင်ကျဆုံးရေးအပါ
အဝင် အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားနိုင်ရေးတို့ကို ဦးစီး ဆောင်ရွက်နိုင်ကြဖို့ အရေးကြီးတဲ့ အ
ချိန်မှာအခုလိုညီညွတ်စွာစုဖွဲ့နိုင်မှုမှာအပေါင်းလက္ခ
ဏာဆောင်တဲ့တော်လှန်ရေးအရွေ့အဖြစ် ယုံ
ကြည်ကြောင်းလည်းဖော်ပြထားပါတယ်။

ဒါ့အပြင်ဖက်ဒရယ်ဦးဆောင်ကောင်စီမှ ချမှတ်သော နိုင်ငံရေးဦးတည်ချက် (၆)ရပ်ဟာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းများကို ကျေလည်စွာ
ဖြေရှင်းနိုင်ဖို့လိုအပ်တဲ့မူဝါဒများဖြစ်လို့ ဝမ်း
မြောက်ဝမ်းသာ ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။

လက်ရှိစုဖွဲ့ ပြီးစီးခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ရဲ့ ပြည်သူ့ညီလာခံရလဒ်များ၊ မူဝါဒများအပေါ် အခြေခံပြီး ကျန်ရှိနေသေးသော တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများနဲ့ ထပ်မံညှိနှိုင်း ပူးပေါင်းဆောင်
ရွက်ပြီး ပြည်သူအများ လိုလားလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းလာစေရေးကြိုးပမ်းဆောင်ရွက်နိုင်ပါစေဟုလည်း CDM
ကျန်းမာရေးကွန်ရက်ရဲ့ ထုတ်ပြန်ချက်မှာ ဆု
တောင်းရေးသားထားပါတယ်။

မတ်လ ၃၀ရက်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်
ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။ဖက်ဒရယ်ဦးဆောင်ကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုး
သားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ကနဦး စတင်ဖွဲ့စည်းခဲ့တာပါ။

ကောင်စီကို ဖက်ဒရယ်ယူနစ်/တိုင်းရင်းသားလက်
နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရဲ့ မဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင် ၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ မဏ္ဍိုင်သုံးရပ်နဲ့ ဖွဲ့စည်း မှာ ဖြစ်ပြီး ပါဝင်သင့်တဲ့ အဖွဲ့တွေ ပါဝင်ဖို့ ဆက်လက်ကြိုးစားမယ်လို့ အသိပေးထားပါတယ်။

တော်လှန်ရေးအရှိန်အဟုန်မြှင့်ဖို့ အောင်ပွဲရယူဖို့ ရည်ရွယ်စုဖွဲ့ခဲ့တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းမှုကို တော်လှန်ရေးအင်အားစုတွေက ကြိုဆိုကြောင်း ထုတ်ပြန် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ဖက်ဒရယ်ဦးဆောင်ကောင်စီဟာ ခေတ်အဆက်ဆက်တော်လှန်ရေးအတွေ့အကြုံတွေ သုံးသပ်ပြီး ဖွဲစည်းမှုဟု မြင်ကြောင်း ပြောကြားထားပါတယ်။ချင်းညီနောင်ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်သူ ကိုဂိဒွန်က အခု ဦးဆောင်ကောင်စီဟာ ခေတ်ရေစီးကြောင်းအရ နိုင်ငံရေးအရ ညှိနှိင်းဖို့အတွက်လည်း လိုအပ်လာလို စုဖွဲခဲ့တာလို မြင်ကြောင်း ပြောပါတယ်။

(ဖက်ဒရယ် ဦးဆောင်ကောင်စီ အဖွဲ့ဝင် တော်လှန်ရေးအဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင်တွေ ။
ဓါတ်ပုံ-အမှတ်(၁)စစ်ဒေသ ၊KNU ၊ CNF ၊KNPP
၊CNF)
#LNO
#HlaingInfo
👍6118🥰3🔥1😁1
စစ်ကိုင်း၊ မန္တလေးနဲ့ မကွေး ဖက်ဒရယ်ယူနစ်တွေမှာ အုပ်ချုပ်ရေးစွမ်းဆောင်ရည်မြှင့်တင်ဖို့ NUG ဆွေးနွေး

ဧပြီလ ၅ ရက်

စစ်ကိုင်း၊ မန္တလေးနှင့် မကွေး ဖက်ဒရယ်ယူနစ်/ဒေသများ၊ CRPH၊ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနနဲ့ ကြားကာလ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ် (ICBP) တို့ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲ သဘောတူညီချက်တွေအပေါ် အခြေခံပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေး ဖက်ဒရယ်ယူနစ်များအတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ပူးပေါင်း လုပ်ငန်းအဖွဲ့မှ လုပ်ငန်းများကို အမြန်ဆုံး စတင်အကောင်အထည်ဖော် သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

အဲဒီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၄ရက်နဲ့ ၅ရက်နေ့တွေမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ဖက်ဒရယ်ယူနစ်အစိုးရ၊ စစ်ကိုင်း၊မကွေးနဲ့ မန္တလေး ဒေသကြားကာအုပ်ချုပ်ရေးကောင်စီ များမှ ဝန်ကြီးချုပ်များနဲ့ သက်ဆိုင်ရာ ဝန်ကြီးများ၊ ဖက်ဒရယ်ယူနစ်စစ်ကိုင်း၊မကွေးနဲ့ မန္တလေးဒေသ လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနဲ့ ကိုယ်စား လှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူများ၊ ကြားကာလ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ် (ICBP) မှ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များနဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အစည်းအဝေးတက်ရောက်လာသူ ကိုယ်စားလှယ်တွေက အုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် ပိုမိုထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် နယ်ပယ်များကို ဖော်ထုတ်ဆွေးနွေးတာ၊ ပြည်သူ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်တင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာမှာ ပါဝင်ကြမယ့် သက်ဆိုင်သူ အစုအဖွဲ့ အသီးသီးရဲ့ အခန်းကဏ္ဍနဲ့ တာဝန်ဝတ္တရားများကို သတ်မှတ်တာ၊ ပူးပေါင်း အကောင်အထည်ဖော်ရေးအဖွဲ့ ဖွဲ့စည်းဖို့ စတာတွေ အဓိက ထား ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အခု ညှိနှိုင်းအစည်းအဝေးမှ ရရှိလာသော သဘောတူညီချက်များအပေါ် အခြေခံပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်သွားမှာ ဖြစ်သလို နောင်ပေါ်ပေါက်လာဖို့ရှိတဲ့ ဖက်ဒရယ်ယူနစ်အစိုးရတွေရဲ့ အုပ်ချုပ်ရေးယန္တယားတွေအတွက်လည်း ညှိနိုင်းအစည်းအဝေးရဲ့ ရလဒ်များ ကို ထည့်သွင်းစဥ်းစားသွားမယ်လို့ ဖော်ပြထားပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးပန်းတိုင်အတွက် ဟန်ချက် ညီညီ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

#KTM
#HlaingInfo
👍5810🥰3🔥1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 စောင်ကို မြန်မာငွေ 14,500 ကျပ်။  ထိုင်းဘတ် 100 ပါ။ 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သောထီနံပါတ်များ 🎁                                         

363500
027001
054802
197303
635505
561006
535007
682708
853409

476710
026511
390812
877313
249014
884615
511116
827417

540245
350346
976047
265248
126049

046350
868151
016952
478953
400054
681255
224956
593857
242958
544559

543760
025661
831062
631563
443264
762165
590066
891667
827768
753169

306170
513071
854472
020873
268174
091675
027376
220877
497678
698779
352280
072381
643582
141983
513184
706385
951786
984087
233888
297589

547790
013791
038292
757693
166294
351895
652896
635097
148698

662300
409101
015102
165403
418604
671905
925206
821507
568208
009209

034210
428511
834912
169413
905814
357615
646716
616817
029718
875919

006120
929621
445122
507223
991624
523925
099626
912927
022828
349829

583230
214431
768632
146933
670534
453235
523436
611938
610539

390040
689741
381042
853343
820144
066145
415946
952647
014948
855649

119650
361251
272152
954753
625954
320855
440256
552957
862358
808759

019060
959361
949462
939563
929664
919865
280466
138267
044069

126970
934471
029972
049774
103776
903677
157678
849779

326680
772681
781282
335283
379584
825585
728386
282387
432488
878489

056890
444991
590892
736793
059294
825496
000397
533698
387799

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
29👍12🔥1
16 April 2026 ထွက်မည့်ဘတ် ၆ သန်း ထိုင်းထီလက်မှတ်များရပါပြီရှင့်

🍀
                                                           
🍃 ထီ 1 တွဲ စောင်ကို မြန်မာငွေ 30,000 ကျပ်။  ထိုင်းငွေ 200 ဘတ် 🌿     

မိမိနှစ်သက်ရာ ထီနံပါတ်များရွေးချယ်ရန်လင့် -
https://hlaing.info/lottery/                                        
                                               
🎁 ရရှိနိုင်သော ဘတ် 12 သန်း ထီနံပါတ်များ 🎁                                         

784501
627502
416303
163304
689205
846106
376507
328708

203910
476811
633812
790713
947714
895315
203916
053017
028718
578419

735320
892321
392022
793723
636824
479925
523026
311327
836928
186029

433740
569141
726142
403343
158644
043545
390746
489147
513748

827650
984651
172152
701553
544554
228255
615356
772257
929258
913859

756960
443062
559963
716864
873865
090266
812367
208668
165869

504570
661471
139372
975373
867774
710775
255676
449177
606078

919980
340581
317482
403983
452284
550685
707686
864587
016488
170089

664690
507691
495292
652293
098194
966095
876996
720097
250998
439899

168000

📱  ဆက်သွယ်ဝယ်ယူရန်  📱                                            
                                               
- https://t.me/pyithuaungpwel                                               
- https://t.me/infoAthlaing                                               
Viber   ☎️    +66930839386

#ThaiLottery                                               
#HlaingInfo
31👍10🔥1
သမ္မတလုပ်မည့် စစ်ခေါင်းဆောင်ကို ကြံ့ခိုင်ရေးပါတီ ဂုဏ်မပြုသေး

ဧပြီလ ၅ ရက်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတတက်လုပ်တာနဲ့ ပတ်သက်ပြီး ဝမ်းသာဂုဏ်ပြုတယ်လို့ နိုင်ငံရေးပါတီတချို့က ဖော်ပြနေကြပေမဲ့ စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကတော့ ဧပြီ ၅ ရက် ဒီနေ့အထိ တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

စစ်တပ်ကဦးစီးပြီးလုပ်ခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီဟာ စစ်တပ်က ကူးပြောင်းလာသူ အများအပြားနဲ့ ရွေးကောက်ပွဲဝင်ခဲ့ပြီး နေရာအများစုကို အနိုင်ယူခဲ့တာပါ။

စစ်ခေါင်းဆောင်ကို ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတအဖြစ် ရွေးချယ်တဲ့အပေါ် ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့က ဂုဏ်ပြုကြောင်း ဖော်ပြနေကြပေမဲ့ ကြံ့ခိုင်ရေးပါတီကတော့ ဘာမှ ထုတ်ပြန်တာ မရှိသေးတာပါ။

ကြံ့ခိုင်ရေးပါတီအနေနဲ့ ဥက္ကဋ္ဌ ဦးခင်ရီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတုန်းကတော့ ဂုဏ်ပြုဖော်ပြခဲ့ပါသေးတယ်။

သမ္မတလုပ်မဲ့ စစ်ခေါင်းဆောင်ဟာ ဧပြီ ၆ ရက်မှာလုပ်မဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တက်ရောက်ဖို့ရှိနေပြီး ဝန်ကြီးဌာန ဘယ်နှခု ဖွဲ့စည်းမယ်ဆိုတာနဲ့ ဘယ်သူတွေကို ဝန်ကြီးအဖြစ် ခန့်အပ်မယ်ဆိုတာတွေကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမှာဖြစ်ပါတယ်။

Photo : USDP Yangon
#DVB
#HlaingInfo
😁775👍4🔥2🤯1
ချင်းပြည်နယ်အတွင်း ဧပြီလဆန်းပိုင်း မိုးကြီးပြီး အိန္ဒိယနယ်စပ်တလျှောက် ပိုမိုသတိပြုရန်လိုအပ်ဟုလေ့လာစောင့်ကြည့်သူတွေသတိပေး

ဧပြီလ ၅ ရက်

ချင်းပြည်နယ်အတွင်းရှိ ဒေသအတော်များများ နဲ့ အိန္ဒိယနယ်စပ်တလျှောက်မှာ လာမယ့် ဧပြီလ ၇ ရက် က‌ေန
၁၀ ရက်နေ့အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့မိုးလေဝ သစောင့်ကြည့်လေ့လာသူ ဒေါက်တာ စိုင်းခွန်အာကာ က ၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အထူးသဖြင့် ချင်းပြည်နယ်အတွင်းရှိ ကျီခါး၊ တွန်းဇံ၊ ရိခေါဒါရ်၊တီးတိန်၊ ထန်တလန်၊ ဖလမ်း၊ဟားခါး၊ ရေဇွာ၊ ပလက်ဝ၊ဆမီး၊ မတူပီ၊ ကန်ပက်လက် စတဲ့ နေရာတွေမှာ မိုးကြီးနိုင်တယ်လို့ သတိပေး နှိုးဆော်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ချင်း-အိန္ဒိယ နယ်စပ်တလျှောက်ရှိ ဒေသများမှာလည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်တဲ့အပြင် မိုးသက်လေပြင်းများပါ ကျရောက်နိုင်တဲ့ အခြေအနေရှိနေတယ်လို့ ဖော်ပြထားပါတယ်။

မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မြေပြိုမှုအန္တရာယ်နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို ကြိုတင်ပြင်ဆင်နိုင်ရန် ဒေသခံပြည်သူများအနေနဲ့ မိုးလေဝသသတင်း များကို ဂရုပြုနားစွင့်ကြရန် သူက ထပ်မံ သတိပေးထားပါတယ်။

ဒီကနေ့ ချင်းပြည်နယ် ရိခေါဒါရ် ၊ ရေဇွာ စတဲ့နေရာတွေမှာ မိုးရွာသွန်းတာ ၊ လျှပ်စီးလက်တာ၊မိုးကြိုးပစ်တာတွေ ရှိနေတယ်လို့လည်း သတင်းရရှိပါတယ်။

ဓာတ်ပုံ-လူမှုကွန်ယက်
#ZL
#HlaingInfo
👍507🥰2🔥1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး

ဧပြီလ ၅ ရက်

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၅ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
👍4616👏6😁3🥰1
‼️ ဧပြီလ ၅ ရက်နေ့ ၊ နေ့စဉ် သတင်းအကျဉ်းချုပ်‼️

01-ယာယီသမ္မတ မင်းအောင်လှိုင်ဦးဆောင်သော အစိုးရအဖွဲ့ဟောင်းက  သမ္မတအသစ် မင်းအောင်လှိုင် ဦးဆောင်သော အစိုးရသစ်ထံသို့ အာဏာလွှဲပြောင်းပွဲ ကျင်းပ ပြုလုပ်ရန်စီစဉ်နေကြောင်း နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

02-ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကနောင်မင်းသားကြီးလမ်းပေါ်ရှိ "အာရှနဂါး" (Asia Dragon) အထည်ချုပ်စက်ရုံ၌ ယမန်နေ့ ဧပြီလ ၄ ရက်နေ့၊ လစာထုတ်ရက်တွင် သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးက ဝင်ရောက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အလုပ်သမားများအတွက် ပြင်ဆင်ထားသည့် လစာငွေကျပ် သိန်း ၃၀၀၀ ကျော် ပါသွားကြောင်း စက်ရုံပိုင်ရှင်ဘက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

03-မြန်မာနိုင်ငံ၏ နာမည်ကျော် စီးပွားရေးသမားတစ်ဦးဖြစ်သော ခရိုနီ တေဇနှင့်သားပြည့်ဖြိုးတေဇ အပါအဝင် ထူးကုမ္ပဏီဒါရိုက်တာများကို ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် စစ်တပ်က အမည်ပျက်စာရင်း တွင် ထည့်သွင်းကြေညာသည်။

04-မန္တလေးမြို့၏ စီးပွားရေးအသက်သွေးကြောဖြစ်သော မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အတွင်းရှိ ပျံကျစျေးသည်များထံမှ ကောက်ခံသည့် စျေးကောက်နှုန်းထားများကို ယခင်ထက် ၆ ဆခန့်အထိ စည်ပင်က တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် အခြေခံစျေးသည်များ စားဝတ်နေရေး အကျပ်အတည်းဖြစ်ပေါ်နေကြောင်း သိရသည်။

05-စစ်ကိုင်းဒေသ၊ ဒီပဲယင်းမြို့နယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ သင်္ကြန်ကာလအတွင်း လုံခြုံရေး အသိ သတိနဲ့ ဂရုပြုဖြတ်သန်းကြဖို့ ဒီပဲယင်းမြို့နယ် ပအဖ မှ မနေ့က ထုတ်ပြန်ပါတယ်။

06-မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း၊ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ပြည်သူ့နေအိမ် ၁၅ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

07-စစ်တပ်က လေယာဉ်ဆီ မပေးတော့၍ မြန်မာနိုင်ငံသို့ ပျံသန်းနေသည့် နိုင်ငံတကာလေကြောင်းလိုင်းများ  အသွားအပြန်အတွက် ဆီအပြည့်ဖြည့်ပြီးမှ ရန်ကုန်လေဆိပ်သို့ ပျံသန်းနေရကြောင်း သိရှိရသည်။

08-မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ရှမ်းတဲလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၈ ဦးနှင့် ဝန်ထမ်း ၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကားဂိုဒေါင် ၂ လုံးထိမှန်ကာ ကား ၁ စီးမီးလောင်ပျက်စီးခဲ့ကြောင်း လေတပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

09-မြန်မာနိုင်ငံတစ်ဝန်း စိုက်ပျိုးရေးရာသီအတွက် လယ်ယာသုံးစက်ကိရိယာများ၏ စက်သုံးဆီ ရောင်းချရာတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ ထောက်ခံချက်ပါမှသာ ရောင်းချပေးရန် ဆီဆိုင်များကို ညွှန်ကြားထားကြောင်း စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

10-မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်ဆေးရုံတွင် တာဝန်ကျဆရာဝန် ဒေါကတာသက်ထူးအေးအောင်၏ ပေါ့ဆစွာ ဆေးကုသမှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး မိနစ်ပိုင်းအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု မတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးပေးရန် မိသားစုဝင်များက တရားမျှတမှု တောင်းဆိုနေကြသည်။

11-ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ဟိုတယ် 68 အနီး ကျားဖြန့်ရုံတွင် လူသတ်၊ အလောင်းဖျောက် မှုဖြစ်ပွားသဖြင့် သက်ဆိုင်ရာက ဝင်ရောက် ဖမ်းဆီးမှုယမန်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

12-မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ရမ်းသမ်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လာမည့်အတာသင်္ကြန်ကာလတွင် လူစုလူဝေးပွဲလမ်းသဘင်များ မပြုလုပ်ကြရန်နှင့် လေကြောင်းရန်ကို အထူးသတိပြုကြရန် ဒေသအုပ်ချုပ်ရေးအဖွဲ့များက သတိပေးချက်များ ထုတ်ပြန်ထားသည်။

13-မကွေးတိုင်း၊ မြို့သစ်နှင့် နတ်မောက် မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း နတ်မောက်မြို့နယ် ပကဖ က ပြောဆိုသည်။ 

14-မကွေးတိုင်း၊ မြို့သစ်နှင့် နတ်မောက် မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း နတ်မောက်မြို့နယ် ပကဖ က ပြောဆိုသည်။ 

15-ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊မြေနီကုန်းခုံးတံတားပေါ်မှ သက်ကြီးပိုင်းအမျိုးသားတစ်ဦး ပြုတ်ကျ သေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍459🔥4
ပြည်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေပဲကြုံပါစေအမှန်တရားဘက်က ရဲဝင့်စွာဆက်လက်ရပ်တည်နိုင်ဖို အားတင်းထားကြပါစို့ ။ 💪💪💪

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

Good night ပါရှင့်။

Sweet Dreams 💞💞💞

#HlaingInfo
84🥰7👍3🔥1
မင်္ဂလာနံနက်ခင်းပါရှင့်🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် မိဘပြည်သူအပေါင်း ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေ။

အာဏာရူး ဘေးများမှအမြန်ဆုံး ကျော်လွန်လွတ်မြောက်ကြပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို့ Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

#HlaingInfo
91👍8🥰4🔥1
ရှီကျင့်ဖျင်၏ ရက်စက်သော အုပ်ချုပ်ရေးနှင့် အာဏာရှင်လောင်းများအတွက် သင်ခန်းစာများ
****

အာဏာရှင်တစ်ဦး၏ ကိုယ်ကျိုးစီးပွားသည် နိုင်ငံ၏လိုအပ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်လာသောအခါ ဘာဖြစ်လာနိုင်သနည်းဆိုသည်ကို  ရှီကျင့်ဖျင်၏ အုပ်ချုပ်မှုပုံစံက အထူးသဖြင့် ယခုအချိန်တွင် မီးမောင်းထိုးပြနေသည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် ရှီကျင့်ဖျင်သည် အမှန်တကယ် တိုက်ပွဲအတွေ့အကြုံရှိသည့် ရှားရှားပါးပါး တရုတ်အရာရှိကြီးတစ်ဦးဖြစ်သူ ထိပ်တန်းစစ်ဗိုလ်ချုပ် ကျန်းယုံရှ ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ အစိုးရဘက်ကမူ ကျန်းယုံရှသည် ဥပဒေနှင့် စည်းကမ်းဖောက်ဖျက်မှုများအတွက် စုံစမ်းစစ်ဆေးခံနေရသည်ဟုသာ ဆိုသော်လည်း စစ်ဘက်သတင်းစာ ကမူ ဤစုံစမ်းစစ်ဆေးမှုသည် အဂတိလိုက်စားမှုများကို အမြစ်ပြတ်ချေမှုန်းခြင်းဖြင့် စစ်တပ်ကို အင်အားတောင့်တင်းအောင်လုပ်ဆောင်မည့် ပိုမိုကျယ်ပြန့်သော စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အရိပ်အမြွက် ဖော်ပြခဲ့သည်။

တရုတ်အစိုးရ၏ ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ရှီကျင့်ဖျင်၏ ကာလရှည်မဟာမိတ်ဖြစ်သူ ကျန်းယုံရှအပေါ် စွပ်စွဲချက်များမှာ မည်မျှအထိ ခိုင်လုံမှုရှိသည်ကို အကဲဖြတ်ရန် မဖြစ်နိုင်သကဲ့သို့ အချိန်ကာလကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။ သို့သော် ကျန်းယုံရှကို ဖယ်ရှားခြင်းအားဖြင့် ရှီကျင့်ဖျင်သည် ၎င်း၏ ဒေါသနှင့် အမျက်တော်အောက်မှ မည်သူမျှ မလွတ်ကင်းနိုင်ဟု အချက်ပြ လိုက်ခြင်းပင် ဖြစ်သည်။

ဤသည်မှာ ရှီကျင့်ဖျင်၏ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှုပိုင်းကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းသည့် လှုပ်ရှားမှုများအနက် ရိုက်ခတ်မှုအရှိဆုံး လုပ်ရပ်တစ်ခုဖြစ်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အဆင့်မြင့်အရာရှိကြီးပိုင်းများကို ထိရောက်စွာ ရှင်းလင်းဖယ်ရှားလိုက်ခြင်းလည်း ဖြစ်သည်။ ကွန်မြူနစ်ပါတီ၏ ထိပ်သီး ဦးဆောင်မှု‌ ပေးနေသည့် ကောင်စီတွင် ပါဝင်ရန် ရွေးချယ်ခံထားရသည့် အရာရှိ ၄၄ ဦးအနက် ၄၀ ဦးမှာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကတည်းက ရာထူးမှ ဖယ်ရှားခံရခြင်း သို့မဟုတ် ပျောက်ဆုံးနေခြင်းခဲ့ကြောင်း Asia Society Policy Institute ၏ တရုတ်နိုင်ငံလေ့လာဆန်းစစ်ရေးဗဟိုဌာနမှဆိုသည်။

ဤလုပ်ရပ်များသည် ရှီကျင့်ဖျင်၏ အထိန်းအကွပ်မဲ့သော အာဏာစက် တည်ဆောက်လိုမှုက တရုတ်နိုင်ငံ၏ အင်အားကို မှောက်လှန် ပစ်လိုက်ခြင်းဖြစ်၍ မည်မျှအထိ ဆုတ်ယုတ်သွားစေနိုင်ကြောင်း သက်သေပြနေသည်။ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS) ၏ လတ်တလော အစီရင်ခံစာတခုအရ ရှီကျင့်ဖျင်၏ ဖယ်ရှားရှင်းလင်းမှုများကြောင့် ဖြစ်ပေါ်လာသော မတည်ငြိမ်မှုများသည် တရုတ်စစ်တပ်၏ “အသင့်ဖြစ်မှုနှင့် တိုက်ပွဲဝင်စွမ်းရည်” ကို နောင်နှစ်ပေါင်းများစွာအထိ ထိခိုက်လျော့ပါးစေနိုင်ကြောင်း သိရသည်။

အထူးသဖြင့် အီရန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့အပေါ် ထရမ့်၏ တိုက်ခိုက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပြီး တရုတ်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို စိန်ခေါ်နေသည့် ယခုလို အချိန်မျိုးတွင် ပို၍ပင် သတိထားရမည် ဖြစ်သည်။

အာဏာလုပွဲများကို နောက်ကွယ်၌သာ အဆုံးအဖြတ်ပေးလေ့ရှိပြီး ရှုံးနိမ့်သူအတွက် သေဒဏ်အထိ ပြစ်ဒဏ်ကျခံရနိုင်သည့် ကွန်မြူနစ် တရုတ်ပြည်၏ နိုင်ငံရေးသည် အမြဲတမ်း လို အန္တရာယ် ရောပြွမ်းနေခဲ့ရသည်။ သို့သော် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ကွန်မြူနစ်ပါတီသည် ပုံမှန်အာဏာလွှဲပြောင်းမှုများကို စနစ်တကျ ဖော်ဆောင်ပေးခြင်း၊ ပြိုင်ဘက်အုပ်စုများအကြား အကျိုးစီးပွားကို ထိန်းညှိပေးခြင်း၊ မူဝါဒဆိုင်ရာ ဆွေးနွေးမှုများကို အားပေးခြင်း မျိုး ပြုလုပ်ခဲ့သည်သာမကစီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ရဲရဲရင့်ရင့် အကောင်အထည်ဖော်သည့် အုပ်ချုပ်ရေးစနစ်တစ်ခုကို တည်ဆောက်ခဲ့သည်။

နည်းပညာနှင့် ကျွမ်းကျင်မှုကို အခြေခံ၍ လက်တွေ့ကျကျ ဆောင်ရွက်တတ်သည်ဟူသော တရုတ်နိုင်ငံ၏ ဂုဏ်သတင်းသည် နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်ခဲ့သည်။ ထိုအချိန်က တရုတ်နိုင်ငံ၏ စီးပွားရေးသည် နောက်ဆုံးတွင် အမေရိကန်ပြည်ထောင်စုကိုပင် ကျော်တက်သွားလိမ့်မည်ဟု ယူဆလာသည် အထိ ဖြစ်လာခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ပါတီကို စတင်ဦးဆောင်ကတည်းက ရှီသည် အာဏာကို ၎င်း လက်ထဲသို့ စုစည်းသိမ်းကျုံးယူခြင်းဖြင့် ဆယ်စုနှစ် သုံးခုစာ တိုးတက်လာသည့် စနစ်ကို တဖြည်းဖြည်းချင်း ဖျက်ဆီးခဲ့သည်။ ၎င်းသည် ပါတီလူကြီးပိုင်းများကို ဘေးဖယ်ခြင်း၊ နိုင်ငံရေးပြိုင်ဘက်များကို ဖယ်ရှားခြင်းနှင့် အခြားအုပ်စုဝင်များကို အရေးမပါအောင် လုပ်ဆောင်ခြင်းတို့ဖြင့် မူဝါဒဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများကို ပိတ်ဆို့ခဲ့ပြီး ၎င်း၏အာဏာအပေါ် ထိန်းကျောင်းတည့်မတ်မှုများကိုလည်း ဖယ်ရှားပစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
36👍26🤔5😢1
နိုင်ငံကို အရေးပေါ်ကာလ သတ်မှတ်ချိန် စိတ်သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မီးလောင်ရာလေပင့် တိုက်ပွဲများ ဖော်ဆောင်ဟု အကြမ်းဖက် မင်းအောင်လှိုင် အပြစ်တင်ပြောဆိုပြန်

ဧပြီလ ၆ ရက်

အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် နိုင်ငံကို အရေးပေါ်ကာလ သတ်မှတ်ထားချိန် စိတ်သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မီးလောင်ရာလေပင့် တိုက်ပွဲများ ဖော်ဆောင်ခဲ့ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြစ်တင်ပြောဆိုပါတယ်။

မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အာဏာသိမ်း ဝန်ကြီးတွေနဲ့ ဗိုလ်ချုပ်တွေကို ဂုဏ်ပြုပွဲမှာ အကြမ်းဖက် မင်းအောင်လှိုင်က အဲဒီလို ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မှုနဲ့ မဲခိုးမှု ရှိခဲ့လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံကို တာဝန်ယူခဲ့တာက အားလုံးသိတဲ့ အမှန်တရားဖြစ်တယ်လို့ သူက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို အရေးပေါ်ကာလ သတ်မှတ်ပြီး စိန်ခေါ်မှု အခက်အခဲမျိုးစုံ ရင်ဆိုင်နေရချိန်မှာ တောမီးလောင် တောင်ကြောင် လက်ခမောင်းခတ် ဆိုသကဲ့သို့ စိတ်သဘောထား မမှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့က မီးလောင်ရာ လေပင့် တိုက်ပွဲတွေ ဖော်ဆောင်လာခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် သဘာ၀ဘေးအန္တရာယ်တွေကြောင့် နိုင်ငံမှာ ပျက်စီးမှုတွေ အများကြီးကြုံပြီး အခြေခံ အဆောက်အအုံအများအပြားလည်း ပျက်စီးသွားခဲ့ရကြောင်း၊ နိုင်ငံ့စီးပွားရေးလည်း ကျဆင်းခဲ့ရကြောင်း၊ သူရဲ့ ဦးဆောင်မှုအောက်မှာ တဝန်ထမ်းဆောင်ခဲ့ကြလို့ နိုင်ငံကို အန္တရာယ် ရန်စွယ် ကျရောက်မယ့် ဘေးက ကာကွယ်စောင့်ရှောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

၅ နှစ်တာကာလအတွင်း တချို့ အကြီးအကဲတွေနဲ့ ခေါင်းဆောင်မှု တာဝန်ယူထားသူတချို့က တိုင်းပြည်နဲ့ လူမျိုးအပေါ် တာဝန်ပျက်ကွက်တာ၊ ပေါ့ဆမှုနဲ့ လုပ်ဆောင်မှု လွဲမှားတာတွေကြောင့် လက်တွဲဖြုတ်ရတာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

မကြာခင်မှာ ပေါ်ပေါက်လာတဲ့ အစိုးရသစ်ထံကို အာဏာလွှဲပြောင်းပေးတော့မှာဖြစ်တယ်လို့ မင်းအောင်လှိုင်က ဆက်လက်ပြောဆိုသွားပါတယ်။

အမှန်တကယ်တော့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မင်းအောင်လှိုင်ဖြစ်ပြီး အစိုးရသစ်မှာ သမ္မတရာထူး အတင်းအကျပ် ရယူထားသူကလည်း မင်းအောင်လှိုင်သာ ဖြစ်ပေမယ့်လည်း မင်းအောင်လှိုင်ကတော့ စစ်တပ်ကနေ အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးတော့မယ်လို့ တဖွဖွ ပြောဆိုနေတာလည်းဖြစ်ပါတယ်။

#KTM
#HlaingInfo
🤬68😁159👍1👎1😢1
စစ်အာဏာသိမ်းမှုနှင့် မင်းအောင်လှိုင်ကို ကာကွယ်ပြောဆိုခဲ့သော အကြမ်းဖက် ဇော်မင်းထွန်းကို စစ်ဘက်နှင့် အရပ်ဘက် ရာထူးတာဝန်များအားလုံးမှ အနားပေး

ဧပြီလ ၆ ရက်

စစ်အာဏာသိမ်းမှုနှင့် မင်းအောင်လှိုင်ကို ကာကွယ်ပြောဆိုခဲ့သော အကြမ်းဖက် ဇော်မင်းထွန်း စစ်ဘက်နှင့် အရပ်ဘက် ရာထူးတာဝန်များအားလုံးမှ အနားပေး ခံလိုက်ရပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယခင်မတ်လအတွင်း အကြမ်းဖက်စစ်တပ်၏ ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူး ဖြစ်သော ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်ဘက်ရာထူးတာဝန်မှ အနားပေးလိုက်သည့်အပြင် ပြန်ကြားရေးဒုဝန်ကြီး တာဝန်မှလည်း အနားပေးလိုက်ကြောင်း၊ လက်ရှိတွင် နေအိမ်တွင်ပင် အကြမ်းဖက် ဇော်မင်းထွန်းရှိနေပြီး ဖမ်းဆီးစစ်ဆေးခြင်းမရှိကြောင်း သိရှိရသည်။

"စစ်ဘက်ရာထူးရော၊ အရပ်ဘက်ရာထူးရော သူ( အကြမ်းဖက်ဇော်မင်းထွန်း) မရှိတော့ဘူး။ Case ကတော့ တိုင်ကြားစာ တက်တာလို့ သိရတယ်။ ဘာကိစ္စ တိုင်ကြားစာလဲတော့မသိဘူး" ဟု နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုသည်။

ထိုသို့ စစ်ဘက်နှင့်အရပ်ဘက်ရာထူးတာဝန်များမှ ဇော်မင်းထွန်းကို အနားပေးလိုက်သော်လည်း စစ်တပ်က အမိန့်နှင့် ပြန်တမ်းများကို အများပြည်သူသို့ တရားဝင် ထုတ်ပြန်ခြင်းမရှိကြောင်း သိရှိရသည်။

အကြမ်းဖက် ဇော်မင်းထွန်းသည် ပြန်ကြားရေးဝန်ကြီးလည်းဖြစ်၊ ယခု အကြမ်းဖက်ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ မောင်မောင်အုန်းနှင့်လည်း ဆက်ဆံရေး မပြေလည်ကြောင်း သိရှိရသည်။

အကြမ်းဖက်ဇော်မင်းထွန်း၏ စစ်ဘက်ရာထူးဖြစ်သော ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူး အဖြစ် ဗိုလ်မှူးချုပ် ရဲရင့်အောင် အစားထိုးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က သမ္မတအဖြစ် တာဝန်ယူပြီး ပြန်လည် ဖွဲ့စည်းမည့် အစိုးရသစ်တွင် ဇော်မင်းထွန်း ပြန်မပါရန် သေချာသလောက် ရှိသော်လည်း ဇော်မင်းထွန်းက အသနားခံစာနှင့် ထု ချေလွှာ တင်သွင်းထားကြောင်း၊ အကယ်၍ မင်းအောင်လှိုင်က ဇော်မင်းထွန်း၏ အသနားခံစာနှင့် ထုချေလွှာကို လက်ခံပါက အစိုးရအဖွဲ့သစ်တွင် ပြန်လည် ပါဝင်နိုင်ဖွယ်ရှိကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

#KTM
#HlaingInfo
😁7910👏4👍3🔥2😢1
ညောင်ဗက်ရွာခံများကို PNLO တပ်ဖွဲ့ဝင်ဟု PNO စွပ်စွဲမှု မမှန်ကြောင်း PNLA ငြင်းဆို

ဧပြီလ ၆ ရက်

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နောင်တောင်းဘုန်းကြီးကျောင်း တောင်ဘက်ရှိ ညောင်ဗက်ကျေးရွာ ဒေသခံများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် -  PNLO တပ်ဖွဲ့ဝင်များဟု PNO လော်ဘီ ပြည်သူ့စစ် ခွန်ဆန်းအောင်၏ ပြောဆိုစွပ်စွဲမှုမှာ မမှန်ကန်ကြောင်း PNLA ပြောခွင့်ရ ခွန်ရိန်းယံက မဲခေါင်သို့ ပြောသည်။

ထို့ပြင် ယင်းရွာသားများသည် မဲနယ်တောင်တိုက်ပွဲအတွင်း လက်နက် သယ်ဆောင်ပေးသူများ ဖြစ်ကြောင်း ခွန်ဆန်းအောင်က ပြီးခဲ့သည့် ဧပြီ ၁ ရက်တွင် ပြောဆို စွပ်စွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခု ဖြစ်နေသည့် ညောင်ဗက်ရွာ မြေယာပြဿနာသည် အွန်လိုင်းပေါ်မှ အဖျက်သမားများကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး ကျေးရွာအတွင်း PNLO တပ်ဖွဲ့ဝင် ဗိုလ်မှူးတစ်ဦး၏ နေအိမ်ရှိနေသည်ဟု ခွန်ဆန်းအောင်က စွပ်စွဲခဲ့ကြောင်း သိရသည်။

"PNO လော်ဘီတွေရဲ့ သတင်းတု သတင်းအမှားတွေကို ပြတ်ပြတ်သားသား ငြင်းဆိုပါတယ်။ ပြည်သူ့ရန်သူ အစစ်အမှန် စစ်ကောင်စီဆိုတာ ပြည်သူတွေ မသိစေအောင် လက်အောက်ခံ ပြည်သူ့စစ်အနေနဲ့ သတင်းအမှားတွေနဲ့ ဖုံးကွယ်နေတာပါ။ ပြည်သူ့မြေယာတွေကို အဓမ္မသိမ်းတာက PNO ပြည်သူ့စစ်တွေပါ'ဟု PNLA ပြောရေး ဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြန်လည် ငြင်းဆိုခဲ့သည်။

ညောင်ပင်ရွာသားများသို့ PNO က ပြန်ချပေးသည့် ပေ ၅၀ ပေ၂၀ ကို ကျပ်သိန်း၅၀ ပေးနေရမည် ဖြစ်သလို လယ်ယာများ အသိမ်းခံရသည့်အတွက် တောင်သူများ၏ ဘဝကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ယင်းမြေယာနေရာကို မြို့ပြစီမံကိန်းအတွက် အသုံးပြုမည်ဖြစ်ပြီး အစားထိုးမြေများ ပြန်လည်ပေးအပ်မည်ဟု ခွန်ဆန်းအောင်က ပြောဆိုပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကာ ရုပ်သံမှတ်တမ်းများ ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။

ပြီးခဲ့သည့်မတ် ၃၀ ရက် ညပိုင်းက PNO  မြေပွဲစားများဖြစ်သော ဦးခွန်အုန်း၊ ခွန်လကျော်၊ ခွန်မောင်ဟန်၊ ခွန်စင်ခံထွက်ပေ၊ ခွန်မောင်နီနှင့် ခွန်မောင်မြတို့က စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များနှင့် PNO ပြည်သူ့စစ်များကို ခေါ်ဆောင်လာကာ ညောင်ဗက်ကျေးရွာမှ ရွာသူကြီးအပါအဝင် ဒေသခံ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးပြီးနောက် ရွာလုံးကျွတ် ဖျက်သိမ်းရန် လက်မှတ်ထိုးပေးမှသာ ပြန်လွှတ်ပေးမည်ဟု ဖိအားပေးခဲ့သဖြင့် ဒေသခံ ၆၀ ကျော်က လက်မှတ်ရေးထိုးခဲ့ပေးခဲ့ပြီး ဖြစ်သော်လည်း ဖမ်းဆီးခံထားရသော ရွာသူကြီးအပါအဝင် ၁၀ ဦးကို ယနေ့အချိန်အထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ညောင်ဗက်ကျေးရွာ၏ မြေယာအရေးနှင့် ပတ်သက်၍ ဒေသခံများက အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း စစ်တပ်ဘက်က ယင်းမြေဧရိယာသည် တပ်နှင့် မသက်ဆိုင်တော့ကြောင်းနှင့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်မှတဆင့် ဒေသခံများထံ ပြန်လည်ပေးအပ်ရန် ခွန်စံလွင်၏ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ထံ လွှဲပြောင်းပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံများက ဆိုသည်။

စစ်တပ်က ၁၉၉၂ ခုနှစ်တွင်ဟိုပုံး - လွိုင်လင် ကားလမ်းမကြီး မြောက်ဘက်ရှိ မြေဧက ၁၄၀၀၀ ကျော်ကို  သိမ်းယူခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော်မှတဆင့် ဒေသခံများထံ ပြန်လည် အပ်နှံခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေသခံများ လက်ဝယ်အရောက် ပြန်ပေးရန် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို တာဝန်ပေးအပ်ခဲ့ရာ PNO ဥက္ကဌ ခွန်စံလွင် ခေါင်းဆောင်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ဒေသခံများကို မြေပြန်မပေးဘဲ မြို့ရပ်ကွက် တိုးချဲ့မည်ဟုဆိုကာ PNO ကို ပြန်ချပေးပြီး မတရား သိမ်းဆည်းခဲ့သည့်မြေ ဖြစ်ကြောင်း သိရသည်။

#MKN
#HlaingInfo
👍517🔥2🤔1