Hlaing Info
54.7K subscribers
141K photos
5.87K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
မလှိုင်မြို့ပေါ်၌ G12 စာမေးပွဲဖြေနေချိန်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးမှုများရှိဟုဆို

မတ်လ ၁၇ ရက်

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်၌ G12 စာမေးပွဲဖြေဆိုနေချိန်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

၂၀၂၆ ခုနှစ်၊ မတ် ၁၇ ရက်၊ နံနက် ၁၁ နာရီ၌ မလှိုင်မြို့အနောက်ဘက်ခြမ်းရှိ စုပေါင်းရုံးအနီးနှင့် ထန်းတောရပ်ကွက်တို့၌ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"ရွေးကောက်ပွဲကော်မရှင်ရုံးနားမှာ ဖြစ်သွားတာ။ ကားနားကို လာပစ်တာ၊ ၁၅ မိနစ်လောက် အပြန်အလှန်ပစ်နေကြတာ။ လက်နက်ကြီးပစ်တာတော့ မပါဘူး၊ သေနတ်သံတွေကတော့ အတော်များတယ်။ အဲ့ဒါပြီးတော့ ထန်းတောဘက်မှာလည်း ပစ်ကြတယ်။ သေဆုံးသူရှိပေမဲ့ အရပ်သားလား၊ တပ်ထဲကလားတော့ အတိအကျမသိရဘူး။ အဲ့ဒီရုံးမှာက စစ်သားသိပ်မရှိပါဘူး" ဟု မလှိုင်မြို့ဒေသခံတစ်ဦးက MPA သို့ ပြောသည်။

အဆိုပါ ရွေးကောက်ပွဲကော်မရှင်ရုံးအနီးဝန်းကျင်၌ စစ်ကော်မရှင်တပ်က ဘန်ကာများတည်ဆောက်ထားသော်လည်း တက္ကသိုလ်ဝင်စာမေးပွဲကာလဖြစ်၍ ဖြုတ်သိမ်းထားကြောင်း သိရသည်။

ထိုကဲ့သို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေ၍ မလှိုင်မြို့ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးဘာသာရပ် ဖြေဆိုနေကြသည့် G12 ကျောင်းသူ၊ ကျောင်းသားများမှာလည်း မွန်းလွဲ ၂ နာရီခန့်မှ စာဖြေခန်းအပြင်သို့ ထွက်လာနိုင်ကြောင်း သိရသည်။

"လမ်းမကြီးပေါ်မှာ ရပ်ဝေး၊ ရပ်နီးက ကျောင်းသားမိဘတွေပဲ ရှိတယ်။ တိုက်ပွဲဖြစ်ပြီး သေနတ်သံကြားတော့ စာဖြေနေတဲ့ ကလေးဇောနဲ့လည်း သေရင်သေပါစေဆိုပြီး ဘယ်မှမရှောင်တော့ဘူး။ နေ့လယ် ၂ နာရီမှ ထွက်လာကြတယ်၊ အခုထိပြန်လို့မရသေးဘူး" ဟု ဝမ်းတွင်းမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

မလှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထက(မလှိုင်)၊ အထက(ပန်းအိုင်)၊ အထက(ဆည်တို)နှင့် အထက(နှောကန်)တို့၌ စာစစ်ဌာန လေးခုရှိပြီး၊ အဆိုပါ စာစစ်ဌာနများမှာ တိုက်ပွဲ မကြာခဏဖြစ်ပွားသော နေရာများလည်း ဖြစ်သည်။

လက်ရှိတွင် မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားထားခြင်းကြောင့် မလှိုင်မြို့နယ်အတွင်း၌ စစ်ကော်မရှင်တပ်၏ ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ငွေညှစ်ခြိမ်းခြောက်ခြင်း၊ သံသယရှိသူများကို ဖမ်းဆီးထောင်ချခြင်းတို့ ပြန်လည်လုပ်ဆောင်လာမည်ကို ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြသည်။

"ရွေးကောက်ပွဲကာလကတည်းက မလှိုင်မှာ ငြိမ်နေတာ။ ပေါ်တာလည်းမဆွဲဘူး။ အခု မြို့ပေါ်ထိ တိုက်ပွဲဖြစ်ထားတော့ အဖမ်းအဆီးများလာမှာကို စိုးရိမ်ရတာပေါ့။ အခုနေ့လယ်လည်း လမ်းပေါ်မှာ ဘာမှမရှိဘူး။ အရင်ကတည်းက ကြောက်လို့ သိပ်မထွက်ကြတာ၊ ခုက ပိုဆိုးပြီ" ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

မလှိုင်မြို့နယ်သည် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည့် တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိနေသည့်အပြင် လေတပ်ဌာနချုပ်ရှိသည့် မိတ္ထီလာမြို့နှင့်လည်း ၂၂ မိုင်သာ ကွာဝေးသည်။

ဓာတ်ပုံ - MOI
ပုံစာ - အထက (မလှိုင်)
#MPA
#HlaingInfo
👍5411😁6😢1
မြင်းခြံ-တောင်သာလမ်းပိုင်းမှာ
ကားတွေ မကြာခဏဓားပြတိုက်ခံနေရ

မတ်လ ၁၇ ရက်

မန္တလေးတိုင်း၊မြင်းခြံ- တောင်သာလမ်းပိုင်း၊စစ်တပ်ထိန်းချုပ်ထားတဲ့နန်းမြင့်တောင်အနီးမှာ ဖြတ်သန်းသွားတဲ့ ခရီးသည်တင်ကားတွေ နဲ့ ကားတချို့ မကြာခဏ ဓားပြတိုက်ခံ နေရတာကြောင့် စုံစမ်းနေတယ်လို့ မြင်းခြံမြို့နယ်ပကဖမှတာဝန်ရှိသူကပြောပါတယ်။

မြင်းခြံ-တောင်သာလမ်းပိုင်းမှာမတ်လ၁၅ရက်နေ့မနက်ပိုင်းကမြင်းခြံ-ရန်ကုန်သွား‌တဲ့ ခရီးသည်တင်ကားတစ်စီးကို မျက်နှာဖုံးတပ်ထားတဲ့လူ၆ဦးခန့်က သေနတ်နဲ့ဓားတွေကိုင်ကာ ခရီးသည် တွေရဲ့ ရွှေ၊ဖုန်းနဲ့ ငွေတွေကိုဓါးပြတိုက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

ဒါ့အပြင် မတ် ၁၅ ရက်မနက်ပိုင်းမှာပဲကုန်တင်ကားတစီးနဲ့ အခြားအိမ်စီးကားတစီးကိုလည်း ဓားပြတိုက်ခံရပါတယ်။

"နန်းမြင့်တောင်နားမှာဖြစ်နေတာ။ခဏခဏရှိပြီ။အဲဒီဘက်ကတော့စကစစိုးမိုးနယ်မြေပါ။ဒါပေမယ့် ဓားပြတိုက်တဲ့အဖွဲ့ကမျက်နှာဖုံးတွေတပ်ထားတော့ဘယ်သူတွေလဲသေချာမပြောနိုင်သေးဘူး။ကျွန်တော်တို့လည်းစုံစမ်း နေပါတယ်"လို့ မြင်းခြံ မြို့နယ်ပကဖသတင်းထောက်လှမ်းရေးနဲ့ ပြန်ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။

ဓါးပြတိုက်တာ မကြာခဏဖြစ်နေတဲ့နေရာဟာ
မြင်းခြံ-တောင်သာလမ်းပိုင်းကနန်းမြင့်တောင်အနီးမှာဖြစ်ပြီး အရင်က တော်လှန်ရေး တပ်တွေစိုးမိုးထားတဲ့ နယ်မြေဖြစ်ပါတယ်။ဒါပေမယ့်၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းမှာဒီနေရာကိုစစ်တပ်ကပြန်လည်ထိန်း
ချုပ်ခဲ့ပြီး ဒီနေ့အထိ ပျူစေထီးနဲ့ စစ်တပ်ကစိုးမိုးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ဒီကိစ္စ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တွေဖြစ်တာကဒီနေရာကို စစ်တပ်ပြန်သိမ်းသွားကတည်းက မကြာခဏဖြစ် နေတာပါ။ဒါပေမယ့်မြင်းခြံမှာကLocalတပ်တွေလည်းပေါတယ်။ပျူတွေလည်းပေါတော့ကျွန်တော်တို့သေချာစုံစမ်း နေပါတယ်"လို့ ပြန်ကြား ရေးတာဝန်ရှိသူကပြောပါတယ်။

အထူးသဖြင့်မြင်းခြံမြို့နယ်မှာသီတာယုမွန်ဦးဆောင်တဲ့ စစ်တပ်လက်အောက်ခံပျူစောထီးတွေက ဖမ်းဆီးလူသတ်တာ ၊ရွာမီးရှို့တာ ၊လုယက်တာ၊ဒေသခံတွေကို အဓမ္မမှုကျူးလွန်တာစတဲ့
ရာဇဝတ်မှုမျိုးစုံကို မကြာခဏကျူးလွန်နေပါတယ်။

အဲဒီနေရာမှာ ဓားပြတိုက်မှုဟာ မတ်လအတွင်းမှာ ပဲ ၄ကြိမ်အထိဖြစ်ထားတယ်လို့ဒေသခံအချို့ကပြောပါတယ်။ မြင်းခြံမြို့နယ်ရဲ့ ၇၀ ရာခိုင်နှုန်းခန့်ကို စစ်တပ်က စစ်ကြောင်းထိုး ပြန်လည်ထိန်းချုပ်ထားပြီး စစ်တပ်ထိန်းချုပ်နယ်မြေမှာ ယခုလို ဓား
ပြတိုက်မှုတွေဖြစ်နေတာလို့ ဒေသခံအချို့ကပြောပါတယ်။

(မြင်းခြံမြို့နယ်က သီတာယုမွန်ဦးဆောင်တဲ
စစ်တပ်လက်အောက်ခံပျူစောထီးတွေ။
ဓါတ်ပုံ-စစ်ကောင်စီ)
#LNO
#HlaingInfo
🤬31👎217👍2😢2🔥1😁1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

မတ်လ ၁၇ ရက်

မြန်မာနိုင်ငံတစ်ဝန်း မတ်လ ၁၇ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
👍429👏9🥰2😁1
ဖခင်ကစစ်တပ်ဆီရောင်းစားခဲ့တဲ့လူငယ်စစ်တပ်ကနှိပ်စက်လို့သေဆုံး၊သတင်းကြားပြီမိခင်ပါကွယ်လွန်

မတ်လ ၁၇ ရက်

ရန်ကုန်မြို့မှာ ဖခင်ဖြစ်သူကစစ်တပ်ဆီရောင်းစားခံရတဲ့လူငယ်တစ်ယောက်ရဲ့ ရုပ်အလောင်းထုတ်
ယူဖို့ အိမ်ကမိခင် ဆီအကြောင်းကြားလာပြီး‌
နောက် မိခင်ဖြစ်သူပါ သားစိတ်နဲ့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နောက်အိမ်ထောင်ပြုထားတဲ့ ဖခင်ဖြစ်သူဟာရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် တညင်းကုန်းမှာရှိတဲ့ စစ်သားစုဆောင်းရေးတပ်ကိုသွားပြီး သားဖြစ်သူကိုကျပ်သိန်း ၅၀ နဲ့ မတ်လဆန်းမှာရောင်းစားခဲ့တာဖြစ်ပါတယ်။သားဖြစ်သူက မိခင်ကိုအဓိကလုပ်ကြွေးနေသူဖြစ်ပြီး အပြင်မှာထားရင် ပျက်စီးမယ်လို့အကြောင်းပြပြီး စစ်တပ်ဆီရောင်းစားခဲ့တာလို့စုံစမ်းသိရပါတယ်။

အဆိုပါ လူငယ်ဟာ စစ်တပ်ကနေ ထွက်ပြေးခဲ့တာကြောင့် စစ်သားတွေကပြန်လည်ဖမ်းဆီးခဲ့ပြီး ရိုက်နှက်နှိပ်စက်ခဲ့ရာမှာသေဆုံးခဲ့တာဖြစ်တယ်လို့ မိခင်ဖြစ်သူ မကွယ်လွန်မီ ဒေသခံတွေကိုပြောပြခဲ့တာဖြစ်ပါတယ်။

"သူ့ကို သူ့ဖအေ ရောင်းစားပြီး သိပ်မကြာဘူး။ ရုပ်အလောင်းလာထုတ်ဖို့အိမ်ကို လာပြောတယ်။ ကျွန်မကမေးတာပေါ့။ သားလေးက ဘာကြောင့် သေရတာလဲပေါ့။ကျွန်မကို မချေမငံရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောသွားတယ်။ထွက်ပြေးလို့ ပညာပေး
လိုက်တာဆိုပြီးပြောတယ်။ ကျွန်မရင်ကျိုးရချည်ရဲ့လို့ပြောတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

သားဖြစ်သူသတင်းကြားပြီး နာရီပိုင်းအကြာမှာပဲ မိခင်ဖြစ်သူပါ ထပ်မံကွယ်လွန်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

"မနက်ကစစ်သားတွေ သူတို့အိမ်ကိုလာတာတွေ့လိုက်တယ်။ သူတို့ပြန်ပြီးမကြာဘူး သတင်းသွားမေးကြတာပေါ့။ ဘာဖြစ်လဲပေါ့။ သူ့သားလေးအလောင်းလာထုတ်ဖို့ လာပြောသွားတာတဲ့။ ကိုယ်တွေလည်းနှစ်သိမ့်ပေးရုံမတတ်နိုင်ဘူး။ ညနေလောက်ကျတော့ နှလုံးကအမောဖောက်ပြီးဆုံးသွားတယ်။သူကနှလုံးရောဂါအခံရှိတယ်။ သူ့သားပါသွားကတည်းက သူလည်းသိပ်နေမကောင်းဘူး" လို့ ဒေသခံတဦးကပြောပါတယ်။

သားဖြစ်သူဟာကွယ်လွန်ချိန်မှာ အသက် ၂၃ နှစ်အရွယ် ကိုရဲမင်းပိုင်ဖြစ်ပြီးမိခင်ဖြစ်သူက အသက် ၅၆ နှစ်အရွယ် ဒေါ်ကြည်ကြည်ဝင်းဖြစ်ပါတယ်။

အဆိုပါ သားအမိနှစ်ယောက်ရဲ့ နာရေးကို စစ်တပ်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ချက်ခြင်းသဂြိုလ်ခိုင်းခဲ့တယ်လို့လည်းသိရပါတယ်။

စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးက စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို စစ်တပ်ထဲဝင်ဖို့မကြာခဏ မဲဆွယ်စည်းရုံးနေတယ်လိုပြည်သူတွေကပြောပါတယ်။
စစ်တပ်ထဲဝင်ရင် လစဉ်ထောက်ပံ့ကြေးအပြင် လစာနဲ့ရိက္ခာတွေကိုပါ မိသားစုဝင်တွေကိုပေးမယ်လို့ ပြောဆိုစည်းရုံး လေ့ရှိပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီး စစ်မှုထမ်း ဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၄ ဧပြီလကစတင်ပြီး စစ်မှုထမ်းခေါ်ယူခဲ့ရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စစ်မှုထမ်းအပတ်စဉ် (၂၂) ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တစ်ကြိမ်လျှင် လူဦးရေ ငါးထောင်နှုန်းနဲ့ စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ် တစ်သိန်းကျော် ရရှိသွားပြီဖြစ်ပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှား
သူများပြားလာတာကြောင့် ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်
ယူပြီးတော့လူစားထိုးမှုတွေလည်းများလာပါတယ်။အခုလို ဖခင်ရင်းကတောင် မိမိရဲ့သားကို ပြန်လည်ရောင်းချတဲ့ အခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ငွေကြေးဖို့ မတက်နိုင်တဲ့ အခြေခံလူတန်းစားတွေက တော့စစ်တပ်က အဓမ္မ ဖိအားပေး စစ်မှုထမ်းခိုင်းတာကိုပေးစရာငွေမရှိတာကြောင့် လိုက်နေကြရပါတယ် ။စစ်တပ်ကလစဥ်စစ်မှုထမ်းခေါ်တာအပြင်လူငယ်တွေကိုအကြောင်းပြချက်မျိုးစုံ
နဲ့ ပေါ်တာဆွဲတာတွေကိုလည်းစစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာလုပ်နေပါတယ်။

စစ်တပ်ကလူငယ်တွေကို စစ်သင်တန်းပို့ပြီး ရှေ့
တန်းကိုစေလွှတ်စစ်တိုက်ခိုင်းတာကြောင့်သေဆုံးဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိနေပါတယ်။နိုင်ငံ့ရဲ့ဒေသအများစုမှာတိုက်
ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်တပ်ကစစ်သားသစ်တွေကိုဆက်တိုက်ခေါ်ယူနေတာဖြစ်ပါတယ် ။

(မန္တလေးမြို့မှာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်တပ်ကလူငယ်တွေစစ်မှုထမ်းရန် မဲနှိုက်ဖို့ ရပ်ကွက်အတွင်းလိုက်လံကြေညာစဥ်။ဓါတ်ပုံ-စစ်ကောင်စီ)
#LNO
#HlaingInfo
🤬7710😢10😁3🔥2👎1
‼️ မတ်လ ၁၇ ရက်နေ့ ၊ နေ့စဉ် သတင်းအကျဉ်းချုပ်‼️

01-ကြံ့ဖွတ်ပါတီအနေဖြင့် အာဏာရပါတီ (Ruling Party) အဖြစ် ရှေ့လာမည့် ၁၅ နှစ်တာကာလအထိ နိုင်ငံတော်ကို ဆက်လက်ဦးဆောင်သွားရန် စီစဉ်ထားပြီး စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ရှားရန် အစီအစဥ်မရှိကြောင်း  အကြမ်းဖက် ဘူးလက်လှဆွေက ပြောကြားလိုက်သည်။

02-မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ မတ်လ ၁၆ ရက်နေ့ကစလို့ ဌာနစုံပါတဲ့ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေက စုံ မ ယာဉ် စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

03-အကြမ်းဖက်စစ်အုပ်စုက ကျင်းပပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲနှင့် ယင်းမှတစ်ဆင့် ပေါ်ပေါက်လာသော တရားမဝင်လွှတ်တော်ကို အပြင်းအထန်ရှုတ်ချကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်သည်သာ ယနေ့တိုင် တရားဝင်မှုရှိနေဆဲဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၆ ရက်နေ့တွင် အဆိုတင်သွင်း အတည်ပြုလိုက်သည်။

04-အရှေ့အလယ်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပြဿနာတွေကြောင့် ဓာတ်မြေဩဇာ ဈေးနှုန်းတွေ မြင့်တက်လာနိုင်လို့  ဈေးနှုန်းတည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ကြဖို့နဲ့ ခွင့်ပြုပေးထားတဲ့ လိုင်စင်လက်ကျန်တွေ အမြန်တင်သွင်းကြဖို့ လိုတယ်လို့ စစ်ကောင်စီ လက်အောက်ခံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှမိုးက ပြောပါတယ်။

05-အနုပညာသစ္စာကို ပြည်သူ့တွေအတွက် အရင်းတည်ထားတဲ့ CDM  အနုပညာရှင်များ က  “မြန်မာဇာတ်ပွဲကြည့်ရအောင်” တော်လှန်ဇာတ်သဘင်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မတ် ၁၈ ရက်(မနက်ဖန်) မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

06-အိန္ဒိယနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် ပူးပေါင်းကြံစည်မှုဖြင့် အမေရိကန်နိုင်ငံ သား ၁ ဦးနှင့် ယူကရိန်းနိုင်ငံသား ၆ ဦး စုစုပေါင်း  နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အိန္ဒိယမှလာသော သတင်းများအရ  သိရှိရသည်။

07-ဧရာဝတီတိုင်းမှာ နွေစပါးစပေါ်ချိန် စပါးတင်း ၁၀၀ ကို ကျပ် ၁၁ သိန်းအထိ ရုတ်တရက် ကျဆင်းသွားတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။

08-ဧရာဝတီတိုင်း၊ ရေကြည်မြို့ ၊ ထန်းတောကြီးရွာ၊ ဒေါင်မဒေါ့အုပ်စုလို့ မှတ်ပုံတင်မှာ နေရပ်လိပ်စာ ဖော်ပြထားတဲ့ ကိုသိန်းဇော်မင်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မြန်မာနိုင်ငံကိုအပြန် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

09-ညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ တအာင်းတပ်မတော်- PSLF/TNLA နဲ့ ကိုးကန့်တပ်မတော်- MNDAA အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ လောက်ကိုင်မြို့မှာ တွေ့ဆုံနေတယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

10-စစ်တပ်လွှတ်တော်ခေါ်တဲ့နေ့မှာပဲအာဏာသိမ်း
စစ်တပ်စစ်တပ်ကပဲခူးတိုင်းအနောက်ခြမ်း၊နတ်တလင်းမြို့နယ်ကပြည်သူ သုံးဦးကိုသတ်ဖြတ်ပြီးနေအိမ်တွေကိုမီးရှို့ခဲ့တယ်လို့ဒေသခံတွေက
ပြောပါတယ်။

11-ဘောင်းဘီဝတ်မှ လုံချည်ဝတ်သို့ ပြောင်းလဲပြီး မိမိကိုယ်ကို သမ္မတ တင်မြှောက်မည့် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတကာကို လှည့်စား၍ ရမည်မဟုတ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က သတိပေးပြောဆိုလိုက်သည်။

12-အစိုးရသစ်အပြောင်းအလဲ မပြုလုပ်မီ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီတွင် ညွှန်ကြားရေးမှူး စိုင်းထွန်းထွန်းက အဂတိလိုက်စားမှုများ ကျူးလွန်ကာ ၎င်း၏လူယုံများကိုသာ ရာထူးတိုးရရှိစေရန် မသမာသောနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း စည်ပင်အသိုင်းအဝိုင်းက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။

13-မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နှင့်ထီးလင်းမြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ အသက် ၁၅ နှစ်အရွယ်မိန်းကလေးနှင့်မိခင်ဖြစ်သူတို့သေဆုံးပြီး သားအဖနှစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

14-ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း လူစားထိုးခံရသူများအတွက်  ထောက်ပံ့ကြေးမရသဖြင့်   မြို့နယ်စစ်ကော်မရှင်ထံတိုင်ကြားထားကြောင်း ဒေသခံများထံက သတင်းရရှိသည်။

15-မန္တလေးမြို့မှာ သုံးဘီးယာဥ်တွေ တရက်ခြား ဆီ ၄ လီတာသာ ဝယ်ခွင့်ရလို့ အခက်အခဲရှိနေကြောင်း ယာဥ်မောင်းအချို့က ပြောပါတယ်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍3812🔥3
ပြည်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေပဲကြုံပါစေအမှန်တရားဘက်က ရဲဝင့်စွာဆက်လက်ရပ်တည်နိုင်ဖို အားတင်းထားကြပါစို့ ။ 💪💪💪

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

Good night ပါရှင့်။

Sweet Dreams 💞💞💞

#HlaingInfo
73👍5🥰3🔥1
မင်္ဂလာနံနက်ခင်းပါရှင့်🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် မိဘပြည်သူအပေါင်း ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေ။

အာဏာရူး ဘေးများမှအမြန်ဆုံး ကျော်လွန်လွတ်မြောက်ကြပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို့ Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

#HlaingInfo
79👍6🥰6🔥1
ယူကရိန်းက တော်လှန်ရေး အဖွဲ့များ ကို ကူညီ နေပြီလော
****

အိန္ဒိယ ထောက်လှန်းရေး မှ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပြီး တော်လှန်ရေး အဖွဲ့များကို စစ်ရေး လေ့ကျင့် ပေးသည် ဆိုကာ ယူကရိန်း ၆ ဦး နှင့် အမေရိကန် နိုင်ငံသား တဦးကို ဖမ်းဆီး လိုက်ပြီ ဆိုသော သတင်းသည် အိန္ဒိယ သတင်း မီဒီယာများ တွင် ဟိုလေး တကျော် ကျော် ပါရှိလာခဲ့သည်။

နယူးဒေလီ တရားရုံး မှ ၎င်းတို့အား စုံစမ်းစစ်ဆေးနိုင်ဖို့ မတ်လ ၂၇ အထိ ချုပ်နှောင်ထားရန် ရမန် ထုတ်ပေးလိုက်သည်ဟု ဆိုသည်။

ထိုအဖွဲ့သည် နိုင်ငံခြားသားများ တရားဝင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့် မရှိသည့် မီဇိုရမ်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် အိမ်နီးချင်း မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်သွားခဲ့ ကြောင်းနှင့် ထိုနေရာတွင် ၎င်းတို့သည် 'အိန္ဒိယနိုင်ငံရှိ လက်နက်ကိုင် အုပ်စုများနှင့် ဆက်နွှယ်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို သင်တန်းပေးနေခြင်း' များ ပြုလုပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။

ထို့နောက် အိန္ဒိယ သို့ ပြန်လည် ဝင်ရောက်လာသော ယူကရိန်း ၆ ဦးအား နယူးဒေလီ၊ လပ်က‌ နောင်း နှင့် ၊ အမေရိကန် နိုင်ငံသား ကို ကာလကတ္တား လေဆိပ်များ တွင် ၎င်း အသီးသီး ဖမ်းဆီးခဲ့သည်ဟုလည်း သိရသည်။

၎င်းတို့အား အိန္ဒိယ အား အကြမ်းဖက် မှု ကျူးလွန် ရန် ပူးပေါင်း ကြံစည်မှု ဖြင့် စွဲချက် တင်မည်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံအတွင်းမှ အချို့သောအဖွဲ့အစည်းများအပေါ် အိန္ဒိယအစိုးရက ကာလရှည်ကြာ သံသယရှိနေခဲ့ပြီး၊ အကြမ်းဖက်မှုများ ၎င်းတို့နိုင်ငံဘက်သို့ ကူးစက်ပျံ့နှံ့လာမည်ကိုလည်း စိုးရိမ်လျက်ရှိသည်။ အထူးသဖြင့် အိန္ဒိယ နိုင်ငံတွင်း ရှိ လက်နက်ကိုင် အဖွဲ့များ နှင့် ဆက်သွယ်ခဲ့မှု ကြောင့် ဖြစ်သည်။

အနောက်နိုင်ငံသား ကြေးစားစစ်သား ‘ထောင်ပေါင်းများစွာ’ သည် မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်ပြီး မြန်မာ နိုင်ငံသို့ ဝင်ရောက် သွားခဲ့သည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြီးခဲ့သည့်နှစ်တွင် ပြောကြားခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။

၎င်းတို့သည် ဥရောပမှ အိန္ဒိယနိုင်ငံအတွင်းသို့
မြန်မာနိုင်ငံအတွင်း အသုံးပြုရန် ဒရုန်းအမြောက်အမြားကို သယ်ဆောင်လာခဲ့ပြီး မြန်မာဖက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို လေ့ကျင် ပေးနေသည်ဟု အိန္ဒိယ ထောက်လှန်းရေး National Investigation Agency (NIA) က ထုတ်ဖေါ် ပြောဆိုလာသည်။ သို့သော် အဆိုပါ ဒရုန်းများ နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးဟု ယူကရိန်း နိုင်ငံထုတ် ကိဗ် ပို့စ် တွင် ဖေါ်ပြထားသည်။

ယူကရိန်းနိုင်ငံသားများ ဖမ်းဆီးထိန်းသိမ်းခံရမှုကို မတ်လ ၁၃ ရက်နေ့တွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး၊ ၎င်းတို့အား ကောင်စစ်ဝန်မှ တွေ့ဆုံ ခွင့်ရရှိရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ယူကရိန်းနိုင်ငံသားများသည် အိန္ဒိယ သို့မဟုတ် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း တရားမဝင် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် အတည်ပြုနိုင်သော အချက်အလက်များ ယခုအချိန်အထိ မရှိသေးကြောင်း ဝန်ကြီးဌာနက သတင်းထောက်များအား ပြောကြားခဲ့ပြီး၊ ဖြစ်စဉ်အခြေအနေများကို ရှင်းလင်းစွာ သိရှိနိုင်ရန် ယူကရိန်းသံတမန်များက အိန္ဒိယအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ထည့်သွင်းဆိုသွားသည်။

ယူကရိန်း သံရုံ ဝန်ထမ်းများက မတ်လ ၁၆ ရက်နေ့ တရားခွင် သို့ တက်ရောက်ခဲ့သော်လည်း ၎င်းတို့ နိုင်ငံသားများ နှင့် တွေ့ဆုံခွင့် မရခဲ့ဟု သိရသည်။ ဖမ်းဆီးခံရသူများ၏ မိသားစု များ အားလည်း ဆက်သွယ်အကြောင်းကြားပြီး လိုအပ်သည်များ ဆောင်ရွက်ပေး နေသည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
39👍22🤬8🔥3🥰2😁2👏1
CDMများ နှင့် စစ်အာဏာရှင်ဆန့်ကျင်သူများကို ပတ်စ်ပို့ထုတ်မပေးရန် မင်းအောင်လှိုင်က ဥပဒေအသစ် ပြဋ္ဌာန်း

မတ်လ ၁၈ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်သူများ၊ CDM ဝန်ထမ်းများနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိထားသူများကို နိုင်ငံကူးလက်မှတ် (Passport) ထုတ်မပေးရန် တားမြစ်ပိတ်ပင်သည့် "မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ" အသစ်တစ်ရပ်ကို ယမန်နေ့ မတ်လ ၁၇ ရက် ညပိုင်းတွင် ထုတ်ပြန်ပြဋ္ဌာန်းလိုက်သည်။

အဆိုပါဥပဒေသစ်၏ ပုဒ်မ ၂၉ တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ငြင်းပယ်နိုင်သည့် အချက်အလက်များကို ထည့်သွင်းထားရာ အထူးသဖြင့် ပုဒ်မခွဲ (စ) ပါ "နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးစီးပွားကို နှောင့် ယှက်ဖျက်ဆီးနိုင်သည်ဟု ယူဆရသူဖြစ်ခြင်း" ဆိုသည့် အချက်မှာ CDM များနှင့် နိုင်ငံရေးအရ ဆန့် ကျင် သူများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်ထဲရေးသတင်းရင်းမြစ်က "အရင်တုန်းကတော့ ဒါတွေကို ညွှန်ကြားချက်အဆင့်နဲ့ပဲ တားမြစ်ခဲ့တာပါ။ အခုကတော့ ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တာဖြစ်တဲ့အတွက် CDM တွေနဲ့ နိုင်ငံရေးပုဒ်မနဲ့ အရေးယူခံထားရသူတွေဟာ ပုဒ်မ ၂၉ (စ) နဲ့ ငြိစွန်းပြီး ပတ်စ်ပို့ထုတ်ယူခွင့် တားမြစ်လိုက်တာ" ဟု ပြောဆိုသည်။

ယင်းဥပဒေတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ စည်းကမ်း သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ရထားသော်လည်း သတ်မှတ်ကာလ မပြည့်သေးသူများ၊နိုင်ငံသားအခွင့်အရေး: နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူများ၊ ပြည်ပမှ ပြန်လည်ပို့ဆောင်ခံရသူများ၊ ပြည်ပနိုင်ငံတစ်ခုခု၏ ဥပဒေကို ဖောက်ဖျက်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် (Deport) ခံရသူများ၊ အမည်ပျက်စာရင်း (Blacklist)၊ ပြည်တွင်း/ပြည်ပတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခံထားရသူများကိုလည်း နိုင်ငံကူးလက်မှတ်ထုတ်မပေးရန် တားမြစ်ထားသည်။

ပြည်ထဲရေး ဒုဝန်ကြီးဦးဆောင်သော နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ပတ်စ်ပို့အသစ်ထုတ်ပေးရန် ငြင်းပယ်နိုင်သည့်အပြင် ထုတ် ပေးပြီးသား ပတ်စ်ပို့များကိုလည်း အချိန်မရွေး ပယ်ဖျက် (Cancel/Revoke) လုပ်ပိုင်ခွင့် အပြည့်အဝရှိကြောင်း ပြဋ္ဌာန်းထားသည်။

ထို့အပြင် နိုင်ငံကူးလက်မှတ်ကို မမှန်ကန်သောနည်းလမ်းဖြင့် လျှောက်ထားခြင်း သို့မဟုတ် အတုပြုလုပ်ခြင်းများအတွက် အနည်းဆုံး ထောင်ဒဏ် ၃ လမှ အများဆုံး ၅ နှစ်အထိ ပြင်းထန်စွာ ချမှတ်သွားမည်ဖြစ်ကြောင်း ဥပဒေအရ သိရှိရသည်။

#KTM
#HlaingInfo
🤬7415👎1🥰1👏1😁1😢1
ရွှေ့ပြောင်းကလေးငယ်များ အခမဲ့ပညာသင်ကြားခွင့်မူဝါဒကို ထိုင်းအမျိုးသားရေးလှူပ်ရှားသူတွေ ကန့်ကွက်

မတ်လ ၁၈ ရက်

ထိုင်းနိုင်ငံသားမဟုတ်သူများနှင့် အိမ်ထောင်စုစာရင်းဝင် မဟုတ်သည့် ကလေးငယ်များအား အခမဲ့ပညာသင်ကြားခွင့်ပေးမည့် မူဝါဒကို ကန့်ကွက်သည့်အနေဖြင့် လူပေါင်း ၈၆,၀၀၀ ကျော်၏ လက်မှတ်များပါဝင်သော အသနားခံစာကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ဖွဲ့က ထိုင်း ပညာရေးဝန်ကြီးဌာနသို့ အင်္ဂါနေ့တွင် တင်သွင်းလိုက်သည်။

အမျိုးသားရေး တက်ကြွလှုပ်ရှားသူ တေးအာချီဝ (Tae Archiwa) ဦးဆောင်သည့် Thai Intolerance Team အမည်ရှိ အဖွဲ့သည် နံနက် ၁၁ နာရီခန့်တွင် ဝန်ကြီးဌာနရုံးရှေ့၌ စုဝေးခဲ့ကြပြီး၊ တရားဝင်အထောက်အထား မရှိသူများကို ကျောင်းအပ်နှံခွင့်ပြုထားသည့် ၂၀၂၅ ခုနှစ် စည်းမျဉ်းစည်းကမ်းအား ဆိုင်းငံ့ပေးရန် တောင်းဆိုခဲ့ကြသည်။

လက်ရှိကျင့်သုံးနေသည့် မူဝါဒသည် ရွှေ့ပြောင်းကလေးငယ်များထက် ထိုင်းနိုင်ငံသား ကလေးငယ်များကိုသာ ဦးစားပေးသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုင်းကလေးငယ် အများအပြားမှာ ယနေ့တိုင် အခမဲ့ပညာသင်ကြားခွင့်ကို အပြည့်အဝ မရရှိသေးဘဲ ဖြစ်နေသောကြောင့်ဖြစ်ကြောင်း တေးအာချီဝက ပြောကြားခဲ့သည်။

ထို့ပြင် အခွန်ထမ်းပြည်သူများ၏ ငွေကြေးဖြစ်သော ဘတ် သန်း ၈၀၀ ကျော်ကို နိုင်ငံခြားသား ကလေးငယ်များအတွက် အသုံးပြုမည့်အပေါ် ၎င်းက မေးခွန်းထုတ်ခဲ့ပြီး၊ အာဏာပိုင်များအနေဖြင့် ထိုင်းကလေးငယ်များအတွက် လုံလောက်သော အခွင့်အလမ်းများ ရရှိစေရန် ဦးစွာ ဆောင်ရွက်ပေးသင့်သည်ဟု ဆိုသည်။

အဆိုပါမူဝါဒကို အလွဲသုံးစားလုပ်ခြင်းဖြင့် နိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ရရန် အခြေအနေမှန်ကို လိမ်လည်တိုင်တန်းသူများ ရှိလာနိုင်ပြီး ယင်းမှာ နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်လာနိုင်ကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဆိုပါအသနားခံစာကို လက်ခံရယူခဲ့ပြီး ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အကယ်၍ ထူးခြားသည့် တိုးတက်မှုတစ်စုံတစ်ရာ မရှိပါက ဤကိစ္စကို ဝန်ကြီးချုပ်ရုံးအထိ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် အဆိုပါမူဝါဒကို အရေးပေါ် ပယ်ဖျက်ပေးရန် တေးအာချီဝက တိုက်တွန်းပြောကြားထားသည်။

Ref : KhaoSod English
ပုံ - အမျိုးသားရေး တက်ကြွလှုပ်ရှားသူ တေးအာချီဝ ( Khaosod)
#TLKN
#HlaingInfo
🤬617👎3👍1👏1
ရှမ်းမြောက်တွင် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

မတ်လ ၁၈ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA နှင့် တအာင်းTNLA တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ ကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ယမန်နေ့ညပိုင်းတွင် တိုက်တွန်းလိုက်သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် တိုက်တွန်းကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းများအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီးနောက် MNDAA နှင့် TNLA ခေါင်းဆောင်များအနေဖြင့် ပြဿနာများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် လက်ရှိတွင် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရှိရသည့် အတွက် များစွာဝမ်းမြောက်မိကြောင်း ယာယီသမ္မတက ဆိုသည်။

ယာယီသမ္မတ ဒူဝါလရှီးလက တော်လှန်ရေးအဖွဲ့အစည်းအသီးသီး၏ ခေါင်း ဆောင်များသည် တော် လှန်ရေး၏ မျက်နှာကို ထောက်ထားငဲ့ညှာကြရန်နှင့် တော်လှန်ရေးအင်အားစုများ၏ ဘုံရည် မှန်းချက်နှင့် အကျိုးစီးပွားကို မထိခိုက်စေမည့် ညှိနှိုင်းဖြေရှင်းမှုမျိုးကို ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

"နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်" ဟု ၎င်း၏ ထုတ်ပြန်ချက်တွင် အထူးပြုဖော်ပြထားကာ လက်ရှိဖြစ်ပွားနေသော တင်းမာမှုများကို အမြန်ဆုံးပြေလည်စေလိုသည့် ဆန္ဒကို NUG ယာယီသမ္မတက ပြသခဲ့သည်။

#KTM
#HlaingInfo
👍52🤬10😁96🥰1🤔1
"နိုင်ငံတော်အတွက် အလွန်အရေးကြီးတဲ့အချိန်ကာလမှာ အခွင့်အခါနဲ့လျော်ညီတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကြီးကို ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယခုကာလအတွင်းမှာ မန္တလေးဒေသလွှတ်တော်၊ပဲခူးဖက်ဒရယ်ယူနစ်လွှတ်တော်၊စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊တနင်္သာရီတိုင်းလွှတ်တော်၊မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် နဲ့ ဧရာဝတီဖက်ဒရယ်ယူနစ်လွှတ်တော်အသီးသီးတို့ဟာ မိမိတို့ဒေသအသီးသီးရဲ့ ရောက်ရှိနေတဲ့နိုင်ငံရေးအခြေအနေများနဲ့အညီ အုပ်ချုပ်ရေးကဏ္ဍ၊ဥပဒေပြုရေးဏ္ဍများအလိုက်ထိရောက်စွာဆောင်ရွက်နိုင်ခဲ့ကြတာအပေါ်လည်း ပြည်ထောင်စုလွှတ်တော်အနေနဲ့လေးစားမှတ်တမ်းတင်သလို ခွန်အားလဲဖြစ်ရပါတယ်။ပြည်သူများမျှော်လင့်တဲ့ နိုင်ငံတော်ရဲ့ အနာဂါတ်အကျိုးအတွက် မတရားဖမ်းဆီးခံထားရတဲ့ နိုင်တော်သမ္မတကြီးဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးအတွက် အဆိုတင်သွင်းဆုံးဖြတ်ခဲ့ကြတဲ့ အချို့သောယူနစ်လွှတ်တော်များရဲ့အဆိုပြုတောင်းဆိုချက်များဟာလည်း ပြည်ထောင်စုလွှတ်တော်ရဲ့ဆန္ဒနဲ့တစ်ထပ်တည်းဖြစ်ပါကြောင်းပြောကြားအပ်ပါတယ်။"

ဦးအောင်ကြည်ညွန့်
ပြည်ထောင်စုလွှတ်တော်နာယက
“ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးတွင်ပြောကြားသော နိဂုံးချုပ်စကားမှ ကောက်နုတ်ချက်”

#PVTV
#HlaingInfo
👍5317😁9🥰1
မြစ်ကြီးနား-ပူတာအိုလမ်း၊ ဆွမ်ပီယံဂိတ်တွင် ဗိုလ်မှူးစောမွန်အောင်က ကုန်ကားနှင့်ခရီးသည်များကို ငွေအကြီးအကျယ်ညှစ်နေပြီး ဘတ်ဟိုး (Backhoe) ၁ စီးလျှင် ငွေသိန်း ၈၀ ပေးရ

မတ်လ ၁၈ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ပူတာအို ကားလမ်းရှိ ဆွမ်ပီယံစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော စစ်တပ်က ခရီးသွားလာနေသည့် ပြည်သူများနှင့် ကုန်တင်ယာဉ်မောင်းများထံမှ ငွေကြေးများကို အဆမတန် တောင်းခံ ငွေညှစ်နေကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါဂိတ်ရှိ စစ်သားများသည် ခရီးသွားကားများကို တားဆီးကာ ၎င်းတို့တောင်းခံသည့် ငွေကြေးပမာဏကို မပေးဆောင်နိုင်ပါက ခရီးဆက်ခွင့်မပြုဘဲ ဂိတ်တွင် ညအိပ်ရပ်နားခိုင်းခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်း များဖြင့် ဖိအားပေးနေကြောင်း၊ အထူးသဖြင့် ဆန်အိတ်နှင့် ဘိလပ်မြေအိတ်ကဲ့သို့သော အခြေခံကုန်စည်များကို အရေအတွက်အလိုက် သတ်မှတ်ကာ အတင်းအကျပ် ငွေကောက်ခံနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဒေသပြည်သူများ၏ ပြောပြချက်အရ အဆိုပါ စစ်တပ်ဂိတ်တွင် တာဝန်ကျနေသည့် စစ်သားအချို့မှာ အရက်သေစာနှင့် မူးယစ်ဆေးဝါးများ သုံးစွဲထားသည့် အခြေအနေဖြင့် ခရီးသွားများကို ရိုင်းပျစွာ ဆက်ဆံနေလေ့ရှိကြောင်း၊ ခရီးသွားလာမှုအပေါ် မူတည်၍ ကောက်ခံနေသည့် ငွေကြေးနှုန်းထားများမှာ သိသိသာသာ မြင့်မားနေပြီး ဘတ်ဟိုး (Backhoe) ယန္တရားကြီး ၁ညစီးလျှင် ကျပ်သိန်း ၈၀ အထိ ပေးဆောင်မှသာ ဖြတ်သန်းခွင့်ရကြောင်း၊ ယာဉ်ငယ်များနှင့် သုံးဘီးများနှင့် သာမန်ခရီးသွားကားငယ်များ၊ သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်များကိုပါ ချန်လှပ်ထားခြင်းမရှိဘဲ ငွေကြေးကောက်ခံနေကြောင်း သိရှိရသည်။

သို့ရာတွင် စစ်တပ်ထံသို့ ငွေကြေး လာဘ်ထိုးထားပြီးသော ကားများ၊ စစ်ဆေးရေးဂိတ်အတွက် လိုအပ်သော မူးယစ်ဆေးဝါးများ ဝယ်ယူပေးရန် မှာကြားခြင်းခံရသည့် ကားများမှာမူ မည်သည့်စစ်ဆေးမှုမျှမရှိဘဲ တန်းစီစောင့်ဆိုင်းစရာမလိုဘဲ ဖြတ်သန်းခွင့်ရနေသည်ဟု သိရှိရသည်။

ဆွမ်ပီယံစစ်ဆေးရေးဂိတ်တွင် ငွေကြေးအဓမ္မကောက်ခံမှုများကို ဦးဆောင်နေသူမှာ မချမ်းဘောအခြေစိုက် ခမရ ၁၃၇ တပ်ရင်းမှ ဗိုလ်မှူး စောမွန်အောင် (DSA 52) ဖြစ်ပြီး အဆိုပါ ဗိုလ်မှူး စောမွန်အောငမှာ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ ဖြစ်သဖြင့် "ဗိုလ်မှူးရေဦး" ဟု လူသိများကြောင်း သိရှိရသည်။

အဆိုပါ ဗိုလ်မှူး စောမွန်အောင်က သက်ဆိုင်ရာ တပ်နယ်တာဝန်ခံများကို ငွေကြေးပေးဆောင်ကာ ခရီးသွားပြည်သူများအပေါ် ငွေညှစ်နေသည်မှာ ၂ လခန့် ရှိပြီဖြစ်ကြောင်း၊ ဆန်အိတ်၊ ဘိလပ်မြေအိတ် စသည့် အခြေခံကုန်စည်များကိုလည်း အရေအတွက်အလိုက် သတ်မှတ်၍ ငွေအတင်းအကျပ် ကောက်ခံကြောင်း ၊ "အထက်လူကြီးများကို ပိုင်သည်" ဟု အကြောင်းပြကာ ယခုကဲ့သို့ စိတ်ထင်တိုင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်တွင် ပြည်သူများကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM
#HlaingInfo
🤬594👏2😢1
ရန်ကုန်မှာ မတ်လနှစ်ပတ်အတွင်း စစ်တပ်ဖမ်းဆီးခံရသူ ၄၀ကျော်ရှိဟု RSN ထုတ်ပြန်

‌မတ်လ ၁၈ ရက်

ရန်ကုန်မြို့မှာ စစ်တပ်က လမ်းမပေါ်ကနေ ဖမ်းဆီးတာများပြားနေပြီး အခုမတ်လအတွင်းမှာ ဖမ်းဆီးခံရသူ ၄၀ကျော်သွားပြီလို့ မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"မတ်လ ပထမ ၂ ပတ်ထဲ လမ်းပေါ် လူလိုက်ဆွဲတာတွေ ခပ်စိပ်စိပ်ဖြစ်လာပါတယ်ဗျ။ ၄၅ ယောက်ခန့်ထိ ဆွဲခံထိထားတာ သိရပါတယ်။ အရင်လတွေမှာ လျော့သွားပြီးတော့ ခုတလောပြန်များလာတာပါ။ ခုရက်ပိုင်းဆို အလုပ်နဲ့မျှားခေါ်သွားတာတွေကော၊ အရက်မူးနေတဲ့သူကို ရောင်းစားတာတွေကော ကြားနေရပါတယ်။ စစ်တိုင်းမှူးအပြောင်းအလဲလုပ်လိုက်တာနဲ့လည်း တိုက်ဆိုင်နေတာ တွေ့ရပါတယ်ဗျ။" လို့ ပြောပါတယ်။

မတ်လ ၁၆ ရက်က တာမွေနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမြိုနယ်တွေမှာ နေအိမ်ရွှေ့ပြောင်းဖို့ အလုပ်သမားခေါ်လို့ လိုက်သွားတဲ့ အမျိုးသားနှစ်ဦး လက်ရှိအချိန်အထိအဆက်အသွယ်ပြတ်တောက်နေတယ်လို့လည်း RSN က ထုတ်ပြန်ထားပါတယ်။

အဲဒီ့ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေက အိမ်ပြောင်းဖို့အလုပ်သမားခေါ်ယူတာကနေ ပျောက်‌ဆုံးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

မတ်လ ၁၃ရက်ကလည်း စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားနားမှာ အရက်မူးနေတဲ့ အသက် ၁၈ နှစ်အရွယ်လူငယ်တစ်ဦးကို လူတစ်စုက ဖမ်းဆီးပြီး စစ်တပ်ဆီရောင်းစားခဲ့တာကြောင့် လူငယ်ရဲ့ အိမ်ကနေ ပိုက်ဆံပေးရွေးခဲ့ရတယ်လို့လည်း RSN က ထုတ်ပြန်ထားပါတယ်။

"လူပြတ်တဲ့နေရာ တယောက်စ နှစ်ယောက်စ သွားလာတာတွေ မလုပ်ဖို့ သတိပေးချင်ပါတယ်။ ညဘက်မှာ လျှောက်သွားတာတွေ လမ်းဘေးထိုင်နေတာတွေလည်း ဖြစ်နိုင်သမျှ ရှောင်စေချင်ပါတယ်။ စစ်မှုထမ်းလူခေါ်တဲ့ကိစ္စကိုလည်း ကိုယ့်ရပ်ကွက်ထဲ အမြဲနားစွင့်ထားပြီး တိုင်ပင် ပြင်ဆင်ထားကြပါလို့ ပြောချင်ပါတယ်ဗျ။" လို့ အထက်ပါတာဝန်ခံက ပြည်သူတွေကို သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာလည်း သင်္ဃန်းကျွန်းမြို့နယ်မှာ အမျိုးသားသုံးဦးကို ပစ္စည်းအပြောင်းအရွှေ့အတွက် ငှားရမ်းခဲ့ကာ စစ်တပ်ဆီကိုရောင်းစားတဲ့ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ RSN ကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၅ မှာလည်း ပြည်သူတွေကို အလုပ်နဲ့ ဆွဲဆောင်ပြီး စစ်တပ်ထံ ရောင်းစားမှူတွေရှိခဲ့ကာ ရောင်းစားခံရသူ ၁၆ ဦးအထိရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မတ်လဆန်းကလည်း တောင်ဥက္ကလာပမြို့နယ်မှာ ဖခင်ဖြစ်သူက သားဖြစ်သူကို စစ်တပ်ထံရောင်းစားခဲ့ပြီး စစ်တပ်ကနှိပ်စက်လို့သားဖြစ်သူသေဆုံးသွားခဲ့တာကြောင့် အဲဒီ့သတင်းကိုကြားချိန်မှာ မိခင်ဖြစ်သူပါ သေဆုံးခဲ့ပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီး ၂၀၂၄ ဧပြီကစတင်ကာ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာပါ။

စစ်မှူထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ ဖေဖော်ဝါရီလမှာ စစ်မှူထမ်း အပတ်စဉ် (၂၂)ရောက်ရှိ ခေါ်ယူနေပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်ယူပြီး လူစားထိုးမှုတွေလည်းများလာပါတယ်။

ငွေပေးဖို့ မတက်နိုင်တဲ့ အခြေခံလူတန်းစားတွေကတော့စစ်တပ်က အဓမ္မဖိအားပေး စစ်မှုထမ်းခိုင်းတာကို ပေးစရာငွေမရှိတာကြောင့် လိုက်နေကြရပါတယ် ။စစ်တပ်က လစဥ်စစ်မှုထမ်းခေါ်တဲ့အပြင်လူငယ်တွေကိုအကြောင်းပြချက်မျိုးစုံ နဲ့ ပေါ်တာဆွဲတာတွေကိုလည်းစစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာလုပ်နေပါတယ်။

စစ်တပ်ကလူငယ်တွေကို စစ်သင်တန်းပို့ပြီး ရှေ့တန်းကိုစေလွှတ်စစ်တိုက်ခိုင်းတာကြောင့်သေဆုံးဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိနေပါတယ်။နိုင်ငံ့ရဲ့ဒေသအများစုမှာတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်တပ်ကစစ်သားသစ်တွေကိုဆက်တိုက်ခေါ်ယူနေတာဖြစ်ပါတယ်။

(စစ်ကောင်စီ အတင်းအဓမ္မခေါ်ယူထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
#LNO
#HlaingInfo
🤬608🔥2👎1😁1😢1
ရှမ်းမြောက် ညီနောင်အချင်းချင်း သေနတ်ပြောင်းလှည့်ခြင်း နောက်ကွယ်

ဆောင်းပါး | သက်ထားမောင်

ယခုအခါ အများကြားသိရသည့်အတိုင်း ယခင်မြောက်ပိုင်းသုံးဖွဲ့အဖွဲ့ဝင်ဟု သိကြသည့် တအာင်း/ပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) စခန်းများနှင့် ထိန်းချုပ်ရာ ကွတ်ခိုင်မြို့၊ နန့်ဖတ်ကာမြို့များကို ယခင်က ညီနောင်ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့က အင်အားအလုံးအရင်းအသုံးပြုကာ ၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။

မကြာသေးမီက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တရုတ်အစိုးရတာဝန်ရှိသူများ တွေ့ဆုံရာတွင် ၂၀၂၆ ခုနှစ် မတ်လအတွင်း တရုတ်နိုင်ငံတွင် အရေးကြီးဆွေးနွေးပွဲများရှိ၍ တရုတ်နယ်စပ်တွင် တိုက်ပွဲများ မဖော်ရန် တောင်းဆိုခဲ့သော်လည်း ယခု တရုတ်နယ်စပ်၌ ကိုးကန့်အဖွဲ့က တိုက်ပွဲဖော်ခြင်းကို တရုတ်က နှုတ်ဆိတ်နေခြင်းသည် အံ့သြဖွယ်ဖြစ်၏။ ဤအချက်က ညွှန်ပြနေခြင်းသည် ကိုးကန့်အဖွဲ့၏ စစ်ဆင်ရေးသည် တရုတ်၏ သဘောတူညီချက်ဖြင့် ပြုလုပ်သည်ဟု ညွှန်ပြနေ၏။ ဤဖြစ်ရပ်၏ နောက်ကွယ်တွင် တရုတ်ရှိနေသည်ကို ညွှန်ပြနေ၏။ တရုတ်သဘောမတူဘဲ ကိုးကန့်အဖွဲ့ လုံးဝ မလုပ်ရဲပေ။

၂၀၂၅ ခုနှစ်အတွင်း ရှမ်းမြောက်၌ တရုတ်က အပစ်ရပ်ခိုင်းချိန်တွင် အပစ်ရပ်ခြင်းမပြုဘဲ တင်းမာနေသည့် တအာင်း/ပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) အား ကြောက်ရွံ့ကျိုးနွံအောင် ဆုံးမရမည်ဟု တရုတ်က သတိပေးသည်ဆိုသည့် သတင်းစကားများကို ပြန်အမှတ်ရစရာဖြစ်၏။

တရုတ်နယ်စပ်လုံခြုံရေးအတွက် TNLA အန္တရာယ်ရှိ

လက်ရှိ ကိုးကန့်ပြုလုပ်နေသည့် စစ်ဆင်ရေးသည် ကွတ်ခိုင်ပြဿနာဖြေရှင်းသည်ထက် ကျော်လွန်၍ TNLA အား မူစယ်၊ လားရှိုး ပြည်ထောင်စုလမ်းမကြီး တလျှောက်မှ ဖယ်ရှားနေခြင်းဖြစ်ရာ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အပြည့်အဝချုပ်ကိုင်ရန် ကြိုးစားနေခြင်းဖြစ်ပြီး ထိုလမ်းကြောင်းကို ခြိမ်းခြောက်နိုင်သည့် ကွတ်ခိုင်၏အနောက်ဘက် လွယ်ဆိုင်ပလောင်ရွာအထိ တက်ရောက်နေရာယူသည်ကို တွေ့ရ၏။ ထို့ပြင် ပြည်ထောင်စုလမ်းမနှင့် မဆိုင်သော နမ့်ခမ်းဘက်သို့ပါ စစ်ဦးတည်နေသည်ဖြစ်ရာ တရုတ်နယ်စပ်တလျှောက် ကပ်လျက်ဒေသများမှ TNLA ကို ဖယ်ရှားရန် ကြိုးစားနေပုံရသည်ဟု သုံးသပ်ကြသည်ကို တွေ့ရ၏။

ဤအချက်သည် ကိုးကန့်၏ နယ်မြေစိုးမိုးလိုစိတ်ထက် တရုတ်တို့က တရုတ်နယ်စပ်မှ TNLA ကို ဖယ်ရှားလိုမှုကြောင့် ဖြစ်ပုံရ၏။ တရုတ်နယ်စပ်ရှိ အဖွဲ့အစည်းများအနက် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA / မိုင်းလား / ကိုးကန့် အဖွဲ့များသည် တရုတ်စကားပြောသော၊ တရုတ်စာသုံးသော၊ တရုတ်ယဉ်ကျေးမှုလွှမ်းသော အဖွဲ့အစည်းများဖြစ်သကဲ့သို့ အဖွဲ့အစည်းတည်ဆောက်ပုံစံမှာ တရုတ်ပုံစံဖြစ်ပြီး တရုတ်သြဇာလွှမ်းသည်။ ဤအချက်များသည် တရုတ်တို့ဘက်က အားထည့်စရာမလိုဘဲ အလိုလိုဖြစ်တည်နေသော အချက်များဖြစ်ရာ တရုတ်တို့အတွက် အားသာချက်ဖြစ်၏။

ထိုအဖွဲ့အစည်းသုံးခုသည် တရုတ်ပုံစံဖြစ်၍ အလိုအလျောက် တရုတ်သြဇာလွှမ်းနေသည့်အပြင် မည်သည့်အနောက်တိုင်း အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်စပ်မှု မရှိပေ။ ထိုအဖွဲ့များတွင် အနောက်တိုင်းပုံစံ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်စသည့် အတွေးအမြင်လှုပ်ရှားမှုများ မရှိပေ။ စိတ်ဝင်စားမှုလည်း မရှိကြပေ။ တရုတ်ကဲ့သို့ပင် ဗဟိုချုပ်ကိုင်မှုဖြင့် ဒေသအား တည်ဆောက်လိုကြသည့် အဖွဲ့များဖြစ်ကြသည်။ ဤကဲ့သို့ ထိုအဖွဲ့သုံးဖွဲ့တွင် အနောက်တိုင်းယဉ်ကျေးမှု၊ အနောက်တိုင်းနိုင်ငံရေးသြဇာ ကင်းလွတ်နေခြင်းသည် တရုတ်အတွက် စိတ်ကျေနပ်စရာ စိတ်အေးစရာဖြစ်၏။

သို့သော် တရုတ်နယ်စပ်ရှိ KIA နှင့် TNLA တို့က ဤသို့မဟုတ်ပေ။ တရုတ်ယဉ်ကျေးမှု၊ တရုတ်စာပေနှင့် တရုတ်သြဇာနှင့် ကင်းလွတ်၏။ အနောက်တိုင်းပုံစံ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်တို့နှင့် နီးစပ်၏။ နိုင်ငံခြားဘာသာကို အင်္ဂလိပ်ဘာသာ အသုံးပြုကြ၏။ TNLA လက်ရှိခေါင်းဆောင်များသည် ထိုင်းနယ်စပ် KNU ဌာနချုပ်တွင် စတင်လှုပ်ရှားခဲ့သူများဖြစ်၏။ အနောက်၏ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ လူ့အခွင့်အရေး စသည့် အနောက်တိုင်းနိုင်ငံရေးနှင့် နီးစပ်၏။ အနောက်၏ နိုင်ငံရေးသြဇာလွှမ်းမိုးသည်ဟု တရုတ်က သတ်မှတ်ဖွယ်ဖြစ်၏။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
🔥3512👍11👎2🤔2😢2🥰1😁1
ကျောက်ဖြူမှာ AA ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်း ပြိုကွဲရုံသာမက အထိုင်ကုန်းစခန်းတစ်ခုပါ အသိမ်းခံရ

မတ်လ ၁၈ ရက်

ကျောက်ဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်း တစ်ခုဟာ ထပ်မံ အထိနာခဲ့ရတဲ့အပြင် သူတို့ရဲ့ အထိုင်စခန်းတစ်ခုပါ ထပ်မံဆုံးရှုံးလိုက်ရတယ်လို့ သတင်းရရှိပါတယ်။

ဒီလ ၁၆ ရက်နေ့က အင်အား ၇၀ ခန့်ပါတဲ့ စစ်ကော်မရှင် စစ်ကြောင်း တစ်ခုဟာ မင်းပြင်နဲ့ သိုင်းချောင်းကြားကနေ အာရက္ခတပ်တော်ထိန်းချုပ်တဲ့နေရာတစ်ခုကို ထိုးစစ်ဆင်လာခဲ့တယ်လို့ စစ်မြေပြင် သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောပါတယ်။

ဒီစစ်ကြောင်းကို အာရက္ခစစ်သည်တော်တွေက လက်ဦးမှုရယူကာ ချေမူန်းတိုက်ခိုက်လိုက်တဲ့အတွက် သေဆုံးသူတွေ၊ ဖမ်းဆီးခံရသူတွေနဲ့ စစ်ကြောင်း ပြိုကွဲကာ နောက်ဆုတ်သွားခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။

" ဒီလ ၁၆ ရက် ညနေဖက် ထိုးစစ်ဆင်လာတာပါ။ အင်အား ၇၀ ဝန်းကျင်လောက်ပါတယ်လို့ ခန့်မှန်းရတယ်။ တပ်တော်က သေချာ နေရာယူပြီး လက်ဦးမှုယူ တိုက်ခိုက်တော့ အဲဒီစစ်ကြောင်း အကျဆုံးများပြီး ပြိုကွဲထွက်ပြေးသွားကြတယ်။ တချို့လည်း အဖမ်းခံထိတယ်"လို့ နိရဉ္စရာကို ပြောပါတယ်။

ဒီပြိုကွဲသွားတဲ့ စစ်ကြောင်းကို လိုက်လံရှင်းလင်းရင်းနဲ့ စစ်ကော်မရှင် ခြေကုတ်ယူထားတဲ့ အထိုင်စခန်းတစ်ခုကိုပါ ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"အဲဒီစစ်ကြောင်း ကျသွားပြီး အနီးအနားမှာ ခြေကုတ်ယူထားတဲ့ ကာကင်းကုန်း စခန်းတစ်ခုပါ တချိန်တည်း ထပ်မံသိမ်းဆည်းရမိပါတယ်။ ဒီပွဲကတော့ တပ်တော်အတွက် ထိထိမိမိ အသာစီးရတဲ့ ပွဲပါ။ ပွဲက တော်တော်လှပါတယ်"လို့ သူက ပြောဆိုပါတယ်။

အခု ပြိုကွဲပျက်စီးသွားတဲ့ စစ်ကြောင်းဟာ တပ်မ (၁၁ )ကို အပြောင်းရွှေ့လုပ်ပြီး အဲဒီနေရာမှာ အစားထိုးဝင်ရောက်လာတဲ့ စစ်ရှုံး တောင်ကုတ် စကခ( ၅) က ကျန်ရစ်တဲ့ စစ်သားတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

ပထမဆုံးပွဲဦးထွက် တိုက်ပွဲမှာ AA ဆီမှာ ချေမှုန်းခံလိုက်ရပြီး မရှုမလှ တပ်ပျက်ကာ ထွက်ပြေး နောက်ဆုတ် သွားခဲ့ရတယ်လို့ စစ်မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။

#NJ
#HlaingInfo
56👏29👍8😁6🥰1
စစ်တပ်ဦးစီးချုပ်အဖြစ်မှ အနားယူရန် အလားအလာများနေသည့် မင်းအောင်လှိုင်ကို ထိုင်းစစ်တပ်ခေါင်းဆောင်များ နေပြည်တော်တွင် ယနေ့ နောက်ဆုံး လာရောက်တွေ့ဆုံ

မတ်လ ၁၈ ရက်

အကြမ်းဖက်စစ်တပ်၏ ဦးစီးချုပ်အဖြစ်မှ အနားယူရန် အလားအလာများနေသည့် မင်းအောင်လှိုင်ကို ထိုင်းစစ်တပ်ခေါင်းဆောင်များက ယနေ့ နေပြည်တော်တွင် လာရောက်တွေ့ဆုံကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်း ထိုင်းစစ်တပ်မှ အထူးလေယာဉ်ဖြင့် ထိုင်းစစ်တပ် ကာကွယ် ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ်တို့က နေပြည်တော်သို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် အကြမ်းဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံကာ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

"နှုတ်ဆက်တွေ့ဆုံမှုလို့ သိရတယ်။ ဒီမနက်ပိုင်းမှာ ထိုင်းစစ်တပ် အထူးလေယာဉ်နဲ့လာပြီး မွန်းလွဲပိုင်းမှာ ပြန်မှာပါ။ နေ့ချင်းပြန်ပါ။ တပ်ချုပ်ကို နောက်ဆုံး လာတွေ့ နှုတ်ဆက်တာလို့ သိရတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ဦးစီးချုပ် ရာထူးမှ အနားယူရန် ပြင်ဆင်နေသည်ဆိုသော သတင်းများမှာ စစ်တပ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပြီး စိုးဝင်းကို တပ်ချုပ်ပေးမည်လော၊ ရဲဝင်းဦးကို တပ်ချုပ်ပေးမည်လောဟု မေးခွန်းများစွာ ထွက်ပေါ်နေကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောဆိုကြသည်။

ယခုအခါ အသက် ၇၀ နှစ်ရှိနေပြီဖြစ်သော မင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ်၊ မတ်လ ကတည်းက စစ်တပ်ဦးစီးချုပ်ဖြစ်လာခဲ့ခြင်းဖြစ်ပြီး ယခုအခါ စစ်တပ်ဦးစီးချုပ် တာဝန်ယူခဲ့သည်မှာ ၁၅ နှစ်ရှိလာပြီဖြစ်သည်။

#KTM
#HlaingInfo
🤬46👎196🔥5👍2😁1
ကရင်နီသက္ကရာဇ် ၂၇၆၅ နှစ်မြောက် နှစ်သစ်ကူးအခမ်းအနား KNPP ထိန်းချုပ်နယ်မြေ၌ ကျင်းပ

မတ်လ ၁၈ ရက်

ကရင်နီသက္ကရာဇ် ၂၇၆၅ ခုနှစ်သို့ ကူးပြောင်းသည့် "ကရင်နီနှစ်သစ်ကူးနေ့" အခမ်းအနားကို ယနေ့ မတ်လ ၁၈ ရက်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်ရာနယ်မြေ တစ်နေရာ၌ ကျင်းပခဲ့ကြောင်း ကရင်နီပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ အခမ်းအနားသို့ ကရင်နီပြည်အစိုးရ (IEC) ဒုတိယဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ KNPP မှ တာဝန်ရှိသူများ၊ ကရင်နီတပ်မတော် (KA) မှ အရာရှိများနှင့် ရဲဘော်များအပြင် ဒေသခံပြည်သူများပါ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား အစီအစဉ်အရ ရှေးဦးစွာ ကရင်နီအမျိုးသားအလံတော်နှင့် တော်လှန်ရေးခရီးကြမ်းအတွင်း ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများအား အလေးပြုကြသည်။ ထို့နောက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော နှစ်သစ်ကူးသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

ယခုနှစ် အခမ်းအနားတွင် ကရင်နီနှစ်သစ်ကူးနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို ပြန်လည်ရှင်သန်စေရန် ရှင်းလင်းတင်ပြခဲ့ကြသလို၊ လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍လည်း တာဝန်ရှိသူများက ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကရင်နီပြည်နယ်အတွင်း စစ်ကော်မရှင် (SAC) နှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးတင်းမာမှုများ ရှိနေသည့်ကြားမှပင် မိမိတို့၏ အမျိုးသားရေးနေ့ထူးနေ့မြတ်ကို အစဉ်အလာမပျက် ကျင်းပခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TLKN
#HlaingInfo
49👍12😁2🔥1🥰1
လူထုရဲ့ တော်လှန်စိတ်ကို မှေးမှိန်စေဖို့ ဖျော်ဖြေရေးပလက်ဖောင်းတွေ စစ်တပ်လမ်းဖွင့်ထား

မတ်လ ၁၈ ရက်

စစ်တပ်က လူထုရဲ့ တော်လှန်လိုစိတ်ကို မှေးမှိန်စေဖို့ သတင်းအချက်အလက်နဲ့ အသိပညာပေးတဲ့ ပလက်ဖောင်းတွေကို ပိတ်ဆို့ပြီး ဖျော်ဖြေရေးကိုသာ ဦးစားပေးတဲ့ ပလက်ဖောင်းတွေကို လမ်းဖွင့်ထားတယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

မတ် ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာတွေအပေါ် စစ်တပ်ရဲ့ ပိတ်ဆို့ကန့်သတ်ပုံ အစီရင်ခံစာပါ အချက်အလက်တွေက ဖော်ပြထားတာပါ။

အစီရင်ခံစာအရ အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ စစ်တပ်က အလုံးစုံ အင်တာနက်ဖြတ်တောက်တဲ့ နည်းလမ်းကို အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပစ်မှတ်ထား ရွေးချယ်ပိတ်ဆို့နိုင်တဲ့ ဖြတ်တောက်ရေးနည်းဗျူဟာကို ကျင့်သုံးခဲ့ပါတယ်။

ဦးဆုံးအနေနဲ့ Facebook နဲ့ X အပါအဝင် Instagram စတဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေကို ပိတ်ဆို့ထားသလို ပြည်မအခြေစိုက် သတင်းမီဒီယာဝက်ဘ်ဆိုက်တွေနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ ဒေသတွင်းသတင်းမီဒီယာတွေကိုပါ ဆက်လက် ပိတ်ဆို့ခဲ့တာပါ။

အာဏာသိမ်းပြီး ၅ နှစ်ကြာသည့်တိုင် အဲဒီ ပိတ်ဆို့မှုတွေဟာ ဆက်လက်တည်ရှိနေပြီး ရွေးကောက်ပွဲကာလမှာလည်း တိုးမြှင့်ပိတ်ဆို့ခဲ့တာကြောင့် အများပြည်သူအကြား အပြန်အလှန်ဆွေးနွေးရမယ့် ရွေးကောက်ပွဲရဲ့ လုပ်ငန်းစဉ်အဆင့်ကို ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဘက်မှာ Tik Tok နဲ့ တယ်လီဂရမ်တို့ကို ပိတ်ဆို့မှုတွေ မပြုလုပ်ထားဘဲ စစ်တပ်ကိုယ်တိုင် ရွေးကောက်ပွဲအပါအဝင် ဝါဒဖြန့်ချိရေးတွေနဲ့ စစ်သားစုဆောင်းမှုတွေအတွက် အဲဒီ ပလက်ဖောင်းတွေကို ပိုမိုလွတ်လပ်စွာ အသုံးပြုခွင့် ရရှိနေကြတာပါ။

Tik Tok လိုမျိုး အက်ပလီကေးရှင်းတွေကို လမ်းဖွင့်ပေးထားတဲ့အနေနဲ့ စစ်တပ်က ပြည်သူတွေကို အနှစ်သာရရှိတဲ့ ပြည်သူ့အရေးလှုပ်ရှားမှုကနေ အာရုံလွှဲဖို့နဲ့ ဝေးကွာသွားစေဖို့ ထိရောက်စွာ တွန်းပို့လိုက်တာ ဖြစ်ပါတယ်။

အခုလို ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း စနစ်တကျ ရွေးချယ်စီမံပေးထားတဲ့ ဖျော်ဖြေရေးမှာသာ အချိန်ကုန်စေတဲ့အနေနဲ့ လူထုရဲ့ တော်လှန်လိုစိတ်ကို မှေးမှိန်လျော့ပါးသွားစေတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဘောင်းဘီချွတ်အစိုးရတက်လာလည်း သတင်းမီဒီယာနဲ့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်တွေကို ဖြေလျှော့ပေးမှာ မဟုတ်ဘဲ ပိတ်ဆို့မှုတွေ ပိုကြုံတွေ့ရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အနည်းဆုံး immediate တစ်နှစ် နှစ်နှစ်အတွင်း အခု သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်တွေကို ဘာမှ ဆက်ရမှာ မဟုတ်သေးဘူး။ အဲဒါနဲ့ တစ်ပြိုင်နက်တည်းပဲ တရုတ်နဲ့ ရုရှားအကူအညီတွေနဲ့ တချို့ မီဒီယာ ဒီဂျစ်တယ်ပလက်ဖောင်းတွေ ပိတ်လို့ ပိတ်ထားမှန်း မသိအောင် ပိတ်ဆို့ထားတာပါ။ ကိုယ့်ရဲ့ သုံးစွဲသူက ဝင်လို့ မရဘူး၊ အင်တာနက်နှေးတယ်။ အဲဒီလိုပဲ ထင်အောင် နည်းပညာအဆင့်မြင့်အနေနဲ့ ပိုလုပ်လာတော့ အဲဒီလို ပိတ်ဆို့မှုတွေက ပိုလို့ ကြုံတွေ့ရမယ်လို့ ပြောပါရစေခင်ဗျ”လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက လာမယ့် အစိုးရသစ်လက်ထက်မှာ သတင်းမီဒီယာနဲ့ပတ်သက်ပြီး ကာကွယ်ရေး ဒုဝန်ကြီး အပါအဝင် စစ်တပ်က အရာရှိတွေ ဦးဆောင်တဲ့ အဖွဲ့အစည်းတစ်ရပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဖွဲ့စည်းထားတာပါ။

သတင်းလွှာထုတ်ပြန်ရေးနဲ့ တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့လို့ နာမည်ပေးထားပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ် အောင်မျိုးသန့်က တာဝန်ယူကာ စစ်ဘက်နဲ့ အရပ်ဘက်က ဌာနဆိုင်ရာ အရာရှိတွေနဲ့အတူ အဖွဲ့ဝင် ၁၂ ဦး ပါဝင်ပါတယ်။

ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေရဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ တုံ့ပြန်ချေဖျက်သွားဖို့နဲ့ အစိုးရကို လက်နက်ကိုင်လမ်းစဉ်နဲ့ ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကို သတင်းအချက်အလက် စစ်ဆင်ရေးပြုလုပ်သွားဖို့ တာဝန်ပေးထားတာပါ။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ကြီးမားကျယ်ပြန့်စွာ ဆင်ဆာဖြတ်တောက်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တဲ့ စစ်တပ်ရဲ့ အင်တာနက်ဖြတ်တောက်မှုဟာ ပြည်သူလူထုနဲ့ အမှန်တရားကြားမှာ ဒစ်ဂျစ်တယ်အတားအဆီးတစ်ခု ဖြစ်ခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ အင်တာနက်ဖြတ်တောက်မှုတွေကို ကျော်လွှားနိုင်ဖို့ VPN ခံပြီး အသုံးပြုနေကြတဲ့အပေါ် စစ်တပ်က လိုက်လံပြီး ဆင်ဆာဖြတ် ပိတ်ဆို့နေတာကြောင့် VPN ကိုလည်း တစ်ခုပြီးတစ်ခု အသစ်သုံးနေကြရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
🤬5612🔥4👎1👏1😁1😢1
အကြမ်းဖက် မင်းအောင်လှိုင် အစီအမံများအရ အောင်လင်းဒွေး ပြိုင်ဘက်မရှိ အကြမ်းဖက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြန်

မတ်လ ၁၈ ရက်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အစီအမံအရ လက်ရှိ ကာ/လုံ ကောင်စီ အမှုဆောင်အရာရှိချုပ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီးဟောင်း အကြမ်းဖက် အောင်လင်းဒွေးမှာ အကြမ်းဖက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသည်။

အောင်လင်းဒွေးသည် ကြံ့ဖွတ်ပါတီ၏ နေပြည်တော်အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ ၏ အချိုးကျကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် စစ်တပ်၏ ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသူလည်းဖြစ်သည်။

အကြမ်းဖက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသည့် အောင်လင်းဒွေးသည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညာလက်ရုံးလူယုံတစ်ဦးလည်းဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက စစ်ကောင်စီအတွင်းရေးမှူး၊ စစ်ကော်မရှင်အဖွဲ့ဝင် ၊ကာလုံအမှုဆောင်အရာရှိချုပ် စသည်ဖြင့် ရာထူးအမျိုးမျိုးရယူကာ အာဏာသိမ်းမှု၏ အဓိက ပါဝင်သူ တစ်ဦးဖြစ်သည်။

အောင်လင်းဒွေးသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး ရာထူးအထိ အဆင့်ဆင့် တိုးမြှင့်ပေးခြင်း ခံခဲ့ရသူလည်းဖြစ်သည်။

အောင်လင်းဒွေးသည် စစ်တပ်တွင် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ် တက္ကသိုလ် ကျောင်းအုပ်ကြီး ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်မှတ်တမ်းရုံး ညွှန်ကြားရေးမှူးချုပ်၊ စစ်ဥပဒေချုပ် ရာထူးတာဝန်များကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။

#KTM
#HlaingInfo
🤬556🔥4👍2👎2😁1
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခိုးဝင် ငါးဖမ်းသမား ၄ ဦးကို AA ဖမ်းမိ

မတ်လ ၁၈ ရက်

ရခိုင်ရေပိုင်နက်အတွင်းကို တရားမဝင်ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၄ ဦးကို အာရက္ခတပ်တော် AA ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့က ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောဒေသခံတွေဆီက သိရပါတယ်။

မနေ့က မတ်လ ၁၇ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခိုးဝင်ငါးဖမ်းသမား ၄ ဦးဟာ ရခိုင်ရေပိုင်နက်အတွင်းရှိ နတ်မြစ်ဝနဲ့ မီတာ (၈၅၀) ခန့်အကွာအဝေးမှာ စက်လှေတစ်စီးနဲ့အတူ ငါးခိုးဖမ်းနေစဥ် အာရက္ခတပ်တော် AA က ဖမ်းမိခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ ဖမ်းမိထားတဲ့ ငါးဖမ်းသမား ၄ ဦးကို အာရက္ခတပ်တော် AA က တရားဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် ထိန်းသိမ်းစစ်ဆေးလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

ရခိုင်ရေပိုင်နက်အတွင်းကို တရားမဝင် ဝင်ရောက်ကာ ရည်ရွယ်ချက်ရှိရှိ ငါးခိုးဖမ်းနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးခိုးဖမ်းသမားတွေကို AA ရဲ့ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့တွေက အချိန်နဲ့တပြေးညီစောင့်ကြည့်ကာ ဖမ်းဆီးလျက်ရှိနေတာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ ခိုးဝင် ငါးဖမ်းသမားတွေကိုလည်း အာရက္ခတပ်တော် AA က တရားဥပဒေနဲ့အညီ တရားစီရင်ပြီး အပြစ်ပေးအရေးယူလျက်ရှိသလို တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ပြည်လည်လွှဲပြောင်းပေးတာရှိတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း အာရက္ခတပ်တော် AA ဟာ ရခိုင်ရေပိုင်နက်အတွင်းကို တရားမဝင်ကျူးကျော်ဝင်ရောက်ကာ ငါးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေလုပ်သား (၇၃) ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ ပြန်လည်လွှဲအပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

AA ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှ ရေပိုင်နက်အတွင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်ကနေ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ကျူးကျော်ဝင်ရောက်လာတဲ့ ငါးဖမ်းသမား ၇၉ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

Photo - APM
#BBM
#HlaingInfo
👍3627😁3🔥2