Hlaing Info
54.9K subscribers
141K photos
5.87K videos
5 files
14.1K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
မလေးရှားမှာချင်းအမျိုးသမီးငယ်တဦး မိမိကိုယ်ကိုအဆုံးစီရင်

မတ်လ ၁၆ ရက်

မလေးရှားနိုင်ငံရောက် ချင်းလူငယ်အမျိုးသမီးတဦး ယမန်နေ့ မတ်လ ၁၅ ရက်နေ့မှာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့တယ် လို့ မလေးရှားရောက် သတင်းအရင်းအမြစ်များထံကနေ သိရပါတယ်။

ယခုလို အဆုံးစီရင်သူဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇိုဖေရမ်ဒေသ၊ အိုင်ဘူရ်ကျေးရွာ ဒေသခံ မိုင်ဒေါခ့်ခွန်းတီာလ် ( Mai Dawt Khun Tial ) အသက် ၁၈ နှစ်ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသမီးငယ်ဟာ မလေးရှား ၊ Pudu မှာနေထိုင်သူဖြစ်ပြီး လက်ရှိမလေးရှားအခြေအနေ၊ အလုပ်အခြေအနေ နဲ့ မိသားစုအခြေအနေများကြောင့် စိတ်ဖိစီးမှုအလွန်များပြီး အခုလိုအဆုံးစီရင်သွားတာဖြစ်နိုင် တယ်လို့ သတင်းအရင်းအမြစ်က သုံးသပ်ပြောကြားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှားရောက်လူငယ်တဦးက “ သူက Pudu မှာနေထိုင်သူပါ။ အခုတလောသူ စိတ်ဖိစီးမှုအရမ်းများတယ်ပြောကြတယ်။ ဒါကြောင့် ကြိုဆွဲချအဆုံးစီရင်သွားတာပါ။ လူငယ်လေးတဦးအခုလို ဖြစ်သွားတဲ့အပေါ်အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။” လို့ ပြောပါတယ်။

မိုင်ဒေါခ့်ခွန်းတီာလ် ( Mai Dawt Khun Tial ) ရဲ့ရုပ်အလောင်းကို ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာသဂြိုလ်သွားမယ် လို့သိရပါတယ်။

#ZL
#HlaingInfo
😢8211🤔3
တန့်ဆည်၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်ရှိ စစ်ရှောင်တဲများနှင့် ကျေးရွာများကို စစ်တပ်က လေယာဉ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး

မတ်လ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများ နေထိုင်သော နေရာသော တဲများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် တန့်ဆည်မြို့နယ်၊ ရေရှင်ရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သောတဲများကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၃၀၀ ဗုံး ၂ လုံးကျဲချပြီး ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်ပြည်သူ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး နေရာတင် ပွဲချင်ပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့ပြင် လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ရှောင်တဲများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။

"ရေရှင်ရွာနားက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ တောတဲတွေကို စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၁ ဦး သေဆုံးပြီး တဲတွေလည်း ထိခိုက်ပျက်စီးတယ်လို့ သိရတယ်။ အနည်းငယ် ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ သိရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကိုအကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မတ်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ကျောက်ကြီးမြို့နယ်၊ ကန်ကလေးရှိ အကြမ်းဖက်စစ်တပ်က ကညင်ကျွန်းကျေးရွာအတွင်းကို  ဒရုန်းဖြင့် ဗုံး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ကညင်ကျွန်းကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံး ၅ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ရွှေကျင်မြို့နယ်၌ အကြမ်းဖက် စစ်တပ်က ကောက်မဲ့သူကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၃၂ နှစ်အရွယ် ကျော်ဇော်လင်း ဗုံးထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင်ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး ထိုကာလများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ရုံသာမက ရွေးကောက်ပွဲ နောက်ပိုင်း ကာလများတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုကျူးလွန်လျက်ရှိကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

#KTM
#HlaingInfo
🤬55🔥3😁21👍1
နတ်ရေကန်ဗျူဟာကို စစ်ကူပို့သည့် စစ်ကော်မရှင်တပ် အင်အား ၃၀၀ ကျော်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

‎မတ်လ ၁၆ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဗျူဟာကုန်းအား စစ်ကူလာသည့် စစ်ကြောင်းနှင့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့များအကြား အပြန်အလှန် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

လမ်းသစ်ဂုတ်ကြီးနှင့် လမ်းဟောင်းပဇီဘက်သို့ ထွက်ခွာလာသည့် စစ်ကော်မရှင်အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းနှင့် AA တပ်ဖွဲ့များအကြား မတ်လ ၁၄ ရက်နေ့မှစတင်၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

"လမ်းဟောင်းဘက်က စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲက အရမ်းပြင်းထန်နေတာပါ။ ၃ ရက်၊ ၄ ရက်လောက် ရှိပြီ၊ တိုက်ပွဲက ဆက်တိုက် ဖြစ်နေတာပါ" ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ ဆုံကုန်းအမြောက်တပ် (မစခ-၉၀၅) က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးလျက်ရှိပြီး ပဒါန်းတပ်နယ်မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းများနှင့် ရိက္ခာ၊ ခဲယမ်းတင်ကားများမှာလည်း အမြောက်ဌာနချုပ်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

စစ်ကော်မရှင်ဘက်က ဒရုန်းဖြင့် ကင်းထောက်မှုများ ဆက်တိုက်လုပ်ဆောင်နေသလို လေကြောင်းမှတစ်ဆင့်လည်း တိုက်ခိုက်မှုများ ရှိနေကြောင်း သိရသည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ မျှော်စင်နှင့် ကြက်ခြံကုန်းစခန်းများ သိမ်းပိုက်ခံရပြီးနောက် နတ်ရေကန်ဗျူဟာကို လက်လွတ်ရခြင်းမရှိအောင် အပြင်းအထန် ခုခံကာကွယ်နေပြီး စစ်ကူအင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)
#AYAT
#HlaingInfo
👍62🥰52😁2
တောင်သာနှင့် ရေစကြိုမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းများကို ကြားဖြတ်တိုက်ပွဲမှု စစ်သား ၈ ဦးသေဆုံး

မတ်လ ၁၆ ရက်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးရွာအနီးသို့ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Popa Guerilla Force အဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် တောင်သာမြို့နယ်၊ ကျောက်ပန်းတောင်း-မြင်းခြံလမ်းပိုင်းပေါ်ရှိ အေးရွာအနီးသို့ ထွက်လာသော အင်အား ၁၅၀ ဝန်းကျင်ခန့်ပါ ဖောကား ၄ စီးကို ပုပ္ပါးပြောက်ကျားတပ်ဖွဲ့က ကျောက်ပန်းတောင်း - ဝဲလောင် လမ်းပိုင်း တနေရာ၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း မိနစ် ၂၀ ခန့်သာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း၊ ထို့နောက် တိုက်ပွဲဖြစ်ပွားရာနေရာကို ဖောကား ၂ စီးနှင့် စစ်ကူများ ထပ်မံရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

"စစ်ခွေးထပ်တိုးသေဆုံးတာမျိုး ကျွန်တော် ဆက်လက်စုံစမ်းဆဲပါ။ စစ်ခွေးဘက်က လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးကတော့မရှိဘူး။ စစ်ခွေး အင်အားက ၁၅၀ ဝန်းကျင်လောက်ရှိတယ်။ နောက်မှရောက်လာတဲ့ ဖောကား ၂ စီးကလည်း အင်အား ၅၀ကျော်လောက်တော့ရှိမယ်" ဟု Popa Guerilla Force အဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ မြိုင်မြို့သို့ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ညီညွတ်ရေးတပ်ပေါင်းစုမှ ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်း၊ တပ်မ ၁၀၁ လက်အောက်ခံ အကြမ်းဖက် စစ်တပ်၏ ရေစကြိုမြို့ အခြေစိုက်တပ်ရင်း ၂၅၆ နှင့် ၂၅၇ တပ်ရင်းများမှ အင်အား ၁၃၀ ခန့်ဖြင့် မြိုင်မြို့သို့ ထွက်ခွာလာသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲဖြစ်ပွားချိန်သည် ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်ဦးမှုရယူ၍ တိုက်ခိုက်နိုင်ခဲ့သောကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေးတွေဘက်က မျက်စိရှေ့တင်ကျဆုံးသွားတာမြင်တွေ့ရတယ်။ မြိုင် စက်မှု ၂ ကို ပခုက္ကူ တပ်မ ၁၀၁ ကနေ Mi-17 နဲ့ ဒဏ်ရာရလူနာတွေကို လာခေါ်သွားတယ်လို့ ကြားတယ်။ စစ်ခွေးတွေဘက်က သေဆုံးစရင်းကတော့ ထပ်မသိရဘူး။ လက်နက် ခဲယမ်း သိမ်းဆည်း ရမိတာမျိုး မရှိဘူး။ ကျနော်တို့ဘက်က ကျည်အားနည်းလို့ပြန်ဆုတ်ခဲ့ရတာပါ။ အဲ့စစ်ခွေးစစ်ကြောင်းက မြိုင် စက်မှု ၂ ထဲမှာပဲ ရှိနေသေးတယ်။ ကြားဖြတ်တိုက်ခိုက်တာက မြိုင်မြို့နယ် ထနောင်းခလရွာ အနောက်ဘက် ဒေသခေါ် နတ်ဆင်တောရိုးတောတဲတိုက်မှာပါ။ ကျနော်တို့ဘက်ကလဲ ရဲဘော် ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်" ဟု မြိုင်ညီညွတ်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ညီညွတ်ရေးတပ်ပေါင်းစု ၊ မြိုင် ပကဖ ၊ မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့ (MRG) ၊ ပခုက္ကူခရိုင်တပိရင်း ၂ ၊ ၆ ၊ ၁၅ ၊ ၁၇ တို့မှ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် ၄ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
👍4916👏8😁3
ဂျပန်မှာ ကျောင်းတက်ခွင့်ရမယ်လို့ဆိုကာ ကျောင်းသား ၁၀၀ကျော်ဆီက ငွေကျပ်သိန်းနှစ်သောင်းကျော် လိမ်လည်

လိမ်လည်သွားတဲ့ Future သင်တန်း‌ကျောင်း နဲ့ နစ်နာသူတွေ အဆက်အသွယ်မရဖြစ်နေ

မတ်လ ၁၆ ရက်

ဂျပန်မှာ ကျောင်းတက်ခွင့်ရဖို့ အတွက် အလုံးစုံတာဝန်ယူမယ်လို့ဆိုကာ Future ဂျပန်စာသင်တန်း‌ ကျောင်းက ကျောင်းသား အယောက် ၁၀၀ကျော်ဆီကနေ ငွေကျပ်သိန်းနှစ်သောင်းကျော် လိမ်လည်သွားတယ်လို့ နစ်နာသူတွေဆီကစုံစမ်း သိရှိရပါတယ်။

Future ဂျပန်စာသင်တန်းကျောင်းဟာ ရန်ကုန်၊ ထားဝယ်၊ မြိတ်နဲ့ မော်လမြိုင်မြို့တွေ မှာ ဖွင့်လှစ်ထားပြီး ဂျပန်မှာ ပညာသင်ဖို့ အတွက် ကျောင်းလျှောက်ထားပေးမယ်လို့ ကြေညာကာ ကျောင်းသား တစ်ရာနီးပါးထံ က ငွေကြေးတွေ ကြို တင်ကောက်ခံလိမ်လည်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ သင်တန်းကျောင်းဟာ ဂျပန် က တက္ကသိုလ်တွေ၊ ပုဂ္ဂလိကကျောင်းတွေ နဲ့ မြန်မာကျောင်းသားတွေ စေလွှတ်ဖို့ စာချုပ်ချုပ်ဆိုထားတယ်လို့ ကြေညာ စည်းရုံးကာ လိမ်လည်ခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်။

ကျောင်းသားတွေကိုလည်း သင်တန်းစတင်တက်ရောက်စဉ်ကတည်းက စာချုပ်တွေ ချုပ်ဆိုခဲ့ပြီး ကျောင်းဝင်ခွင့်ကြေး၊ စာရွက်စာတမ်းကြေးတွေ နဲ့ ကျောင်းသား ဗီဇာလျှောက်ထားဖို့ နဲ့ ကျောင်းဝင်ခွင့် Show Money တွေလည်း ကြိုတင်တောင်းခံခဲ့တယ်လို့ နစ်နာသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဗီဇာလျှောက်ထားဖို့ နဲ့ ကျောင်းဝင်ခွင့် အတွက် Show Money ပြရမယ်လို့ အကြောင်းပြကာ ကျောင်းသူ၊ကျောင်းသားတွေကို Future ဂျပန်စာသင်တန်းကျောင်းက နေ တခြားဘဏ်အကောင့် တစ်ခုကို ငွေကျပ် သိန်း ၂၀၀ ကနေ သိန်း ၃၀၀ လွှဲပြောင်းခိုင်းခဲ့တယ်လို့ လည်းသိရပါတယ်။

“Show money ကို ကိုယ့် bank account နဲ့ မပြရဘူးပြောတယ်။ပြီးတော့ သူတို့ပြောတဲ့ account ထဲကို သိန်း ၂၀၀ ကနေ ၃၀၀ အထိ လွှဲခိုင်းတယ်။ စာရွက်စာတမ်းကြေးဆိုပြီးလည်း သိန်း ၅၀ ကျော်ပေးရတယ်” လို့ နစ်နာသူတစ်ဦးက Connect Burma ကိုပြောပါတယ်။

ဒါပြင် ကျောင်းဝင်ခွင့် (CoE) ရရှိပြီးဖြစ်ကြောင်း ပြောဆိုကာ ကျောင်းလခများ ထပ်မံပေးသွင်းခိုင်းခဲ့ပြီး နောက်ပိုင်းလုပ်ငန်းစဉ်များကို အကြိမ်ကြိမ် ရွှေ့ဆိုင်းကာကျောင်းတာဝန်ရှိသူတွေ ကိုဆက်သွယ်လို့ မရ တော့ ဘူးလို့ ပြောပါတယ်။

တချို့ကျောင်းသားတွေဟာ ဂျပန်နိုင်ငံကို အမြန်ဆုံးသွားရောက်ခွင့် ရရှိရေးအတွက် Show Money နဲ့ ကျောင်းဝင်ကြေးတွေကို ချေးငှားပေးသွင်းရတာကြောင့် ဆုံးရှုံးမှု ကြီးမားတယ်လို့ လည်း နစ်နာ သူတစ်ဦးက ပြောပြပါတယ်။

ကျောင်းသားတွေလျောက်ထားတဲ့ ပညာသင်နှစ်တွေကို အချိန်တွေ မကြာခဏ ရွှေ့ဆိုင်းတာတွေ လုပ်ဆောင်ခဲ့ပြီးနောက် အခုလို ငွေ သိန်းသောင်းချီ လိမ်လည်သွားတာဖြစ်တယ်လို့ လည်း သိရပါတယ်။

" ကျွန်တော်က စစ်မူထမ်းဥပ‌ဒေကြောင့် ဂျပန်ကို Student အနေနဲ့ပဲ ရရာနည်းလမ်းနဲ့ အမြန်ဆုံးသွားဖို့ ဒီ Future Agency နဲ့ချိတ်ဆက်ခဲ့တာပါ။ ဒီကျောင်းရဲ့ ပိုင်ရှင်ကလည်း ကိုယ်နဲ့ရင်းနှီးတဲ့သူတွေထဲကတစ်ယောက် ဆိုတော့ စိတ်ချယုံကြည်ခဲ့တယ်။ ပြီးတော့ ဒီလိုအခြေအနေတွေဖြစ်သွားတယ်ဗျာ” လို့ Future ဂျပန်စာသင်တန်းကျောင်း လိမ်လည်မှာမှာ နစ်နာခဲ့သူ ထားဝယ်မြို့ခံ လူငယ်တစ်ဦးကပြောပါတယ်။

Future ဂျပန်စာသင်တန်းကျောင်းဟာ ဂျပန်စာတတ်မြောက်ကြောင်းစစ်ဆေးတဲ့ N5, N4, N3 စာမေးပွဲတွေ ဖြေစရာမလိုဘဲ ကျောင်းဝင်ခွင့်ရအောင် လုပ်ဆောင်ပေးမယ်လို့ လိမ်လည်ခဲ့တဲ့ အပြင် တက္ကသိုလ်ဝင်တန်း မအောင်မြင်ထားသူတွေကိုလည်း တခြား Certificate တွေနဲ့ သွားလို့ရအောင် လုပ်ဆောင်ပေးမယ့် စည်းရုံးခဲ့တာကြောင့် ကျောင်းသားလူငယ်အများအပြား လိမ်လည်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့မှာလည်း ကျောင်းသားအများအပြားထံ ကနေ ကြိုတင်ငွေများ ကောက်ခံထားပြီး ၄ လပိုင်း အတွက်ကျောင်းဝင်ခွင့် လျှောက်ထားတာကို နောက်ပိုင်း ၇ လပိုင်းကိုပြောင်းလဲပြီးနောက်အခုလို လိမ်လည်သွားခဲ့တာလို့လည်း သိရပါတယ်။

"ဂျပန်‌အေဂျင်စီလောကလည်းပျက်နေပြီ။ လောလောဆယ်ကတော့ Tiktok မှာကြော်ငြာအားကောင်းတဲ့ ဂျပန်စာသင်ကျောင်းတွေ လူအပြည့်နဲ့ ကောင်းစားနေကြတာပဲ။ ဂျပန်ကိုတရားဝင်လွှတ်ဖို့တော့ သေချာသိကြတာမဟုတ်ဘူး" လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကလည်း ပြောဆိုထားပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ကာ ထိခိုက်နစ်နာသူအချို့က လူမှုကွန်ရက်များမှာ ရေးသားထုတ်ဖော်လာကြသော်လည်း သင်တန်းဘက်မှ တရားစွဲဆိုမယ်လို့ဆိုကာချိန်းခြောက်မှုများ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ထိခိုက်နစ်နာသူများအကြား အချက်အလက်များ စုစည်းနေပြီး လိမ်လည်ခံရသူဦးရေမှာ ၁၀၀ ထက်မကများပြားနိုင်တယ်လို့လည်း သိရပါတယ်။

အလားတူ ပြည်ပအလုပ်အကိုင်၊ သင်တန်းကျောင်း အမည်နဲ့ ငွေလိမ်လည်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကလည်း ဂျပန်နိုင်ငံ ကိုထိုင်းကတဆင့် ပို့ပေးမယ်လို့ ဆိုကာ လူတစ်ဦးကို ကျပ်သိန်း ၂၀၀ နီးပါးအထိ လိမ်လည်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်မှာ အလုပ်သမား ၁,၀၀၀ နီးပါးဆီက တစ်ဦးကို ငွေကျပ် သိန်း ၂၀၀ ဆီလိမ်လည်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#CB
#HlaingInfo
🤬7220🔥5😢1
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေါ်တာဟာ ပြည်သူ့အပ်နှင်းတဲ့ ဆင့်လွှဲအာဏာကို ထပ်လောင်း အတည်ပြုတာလို့ CRPH ဥက္ကဋ္ဌပြော

▪️စစ်အုပ်စုဖွဲ့မယ့် ဘယ်အဖွဲ့အစည်းမဆို အသိအမှတ်မပြုကြောင်းကြေညာဖို့ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

မတ်လ ၁၆ ရက်

ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးကို မတ်လ ၁၆ရက်မနက်က ကျင်းပခဲ့ရာ ရန်ကုန်ဖက်ဒရယ်ယူနစ်၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်း တင်သွင်းတဲ့ အဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးခဲ့ပြီး စစ်အုပ်စု ဖွဲ့မယ့် ဘယ်အဖွဲ့အစည်းကိုမဆို အသိအမှတ်မပြုကြောင်း လွှတ်တော်က ကြေညာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂၀၅) ဦး(အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေရဲ့  ၇၂ဒသမ၄၄ရာခိုင်နှုန်း) တက်ရောက်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။

မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်းက “အကြမ်းဖက် စစ်အုပ်စုက တရားမဝင် အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော် ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့် အဖွဲ့အစည်းကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်”အဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနဲ့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ (APHR) ရဲ့ ပူးတွဲ ဥက္ကဋ္ဌ မစ္စတာ ချာလ်းစ်ဆန်တီရေဂို (Hon. Charles Santiago) က အမှာစကား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“ဒီကနေ့ ပြည်ထောင်စုလွှတ်တော် နမ၀ အကြိမ် အစည်းအဝေးကို ခေါ်ယူကျင်းပတာဟာ ပြည်သူက အပ်နှင်းထားတဲ့ ဆင့်လွှဲအာဏာကို ထပ်လောင်းအတည်ပြုခြင်းဖြစ်ပါတ်ယ။ဒီမိုကရေစီကိုကာကွယ်ခြင်းဖြစ်ပါတယ်။မိမိတို့ တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲပြီး အာဏာရှင် သက်ဆိုးရှည်စေမယ့် လမ်းကြောင်းကို မိမိတို့ရဲ့ တရားဝင်တဲ့ ပြည်သူ့ဆင့်လွှဲအာဏာနဲ့ တားဆီးနေခြင်းဖြစ်ပါတယ်” လို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
53👍15😁6🔥2
ရန်ကုန်မြို့တွင် တစ်ပတ်တာအတွင်း ပေါ်တာဆွဲဖမ်းဆီးခံရမှု ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပေါ်လာ

မတ်လ ၁၆ ရက်

အခု မတ်လဒုတိယပတ်အတွင်း ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ လမ်းသွားလမ်းလာများနဲ့ နေအိမ်များအတွင်း ဝင်ရောက်ပြီး ပေါ်တာဆွဲဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြန်လည်လုပ်ဆောင်လာကြောင်း Rangoon scout Network နဲ့ Hlaing Info တို့ရဲ့ ဖေါ်ပြချက်များအရ သိရပါတယ်။

အဆိုပါ ဖမ်းဆီးမှုများကို လှိုင်၊ တောင်ဥက္ကလာပ၊ တာမွေနဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်များမှာ အများဆုံးတွေ့ရှိရပြီး ညပိုင်းအချိန် လူပြတ်တဲ့ နေရာများမှာ အိမ်စီးကားများအသုံးပြုကာ အကြမ်းဖက် ဖမ်းဆီးမှုများအထိ ရှိလာနေပါတယ်။

လှိုင်မြို့နယ်အတွင်း နေအိမ်များအထိ ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွား

အထူးသဖြင့် လှိုင်မြို့နယ်အတွင်း ဖမ်းဆီးခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မတ်လ ၁၅ ရက်နေ့ ည ၁၀ နာရီခန့်က လှိုင်မြို့နယ်၊ (၁၁) ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ပြည်သူတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ပါတယ်။

အဲ့ဒါမတိုင်မီ မတ်လ ၁၄ ရက်နေ့ ညပိုင်းကလည်း အင်းစိန်လမ်းမပေါ် (ပါရမီလမ်းဆုံအကျော်)မှာ ရှိနေတဲ့ လူငယ်တစ်ဦးကို ရာအိမ်မှူးအဖွဲ့မှ သုံးဘီးဆိုက်တွဲပေါ် အတင်းအဓမ္မ ဆွဲတင်ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၈ ရက်နေ့နဲ့ ၉ ရက်နေ့များကလည်း လှိုင်မြို့နယ် (၁၆) ရပ်ကွက်၊ မာလာမြိုင် (၄) လမ်းနဲ့ ဦးအေး (၁) လမ်းတို့မှာ ဧည့်စာရင်းစစ်ကာ လူဖမ်းဆီးခြင်းနဲ့ စစ်မှုထမ်းဖို့ဆိုကာ ညတွင်းချင်း နေအိမ်အတွင်း ဝင်ရောက်ခေါ်ဆောင်ခြင်းများကိုပါ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အိမ်စီးကားများဖြင့် တိုက်ခိုက်ဖမ်းဆီးခြင်းနှင့် ငွေညှစ်ခြင်းများပါ ရှိလာ

ဖမ်းဆီးမှုပုံစံများမှာ ပိုမိုကြမ်းတမ်းလာ‌နေပြီး မတ်လ ၁၄ ရက်နေ့ ညပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းပေါ်မှာ စက်ဘီးစီးသွားလာနေတဲ့ (၇) ရပ်ကွက်နေ လူငယ်တစ်ဦးကို လူတစ်စုက အိမ်စီးကားတစ်စီးနဲ့ တိုက်ကာ ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ပါတယ်။

အဆိုပါလူငယ်မှာ မတ်လ ၁၆ ရက်နေ့ရောက်မှ ဘုရင့်နောင်စစ်ကြောရေးကို ရောက်ရှိနေကြောင်း သူ့ရဲ့ဇနီးထံ ဆက်သွယ်အကြောင်းကြားနိုင်ခဲ့ပါတယ်။

အလားတူ တာမွေနဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်များမှာလည်း လမ်းသွားလမ်းလာများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများနဲ့ ငွေညှစ်မှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။

မတ်လ ၅ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာအနီး လူ (၆) ဦး ဖမ်းဆီးခံခဲ့ရပြီး တာမွေရဲစခန်း (၄၀) ကို ခေါ်ဆောင်သွားကာ ငွေနဲ့ပြန်ရွေးခိုင်းမှုများ ရှိခဲ့ပါတယ်။

ဒါ့အပြင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်အတွင်း မတ်လ ၈ ရက်နေ့က လူငယ် (၅) ဦးနဲ့ မတ်လ ၁၀ ရက်နေ့ ညပိုင်းက ဆိုက်ကားဆရာ (၃) ဦးတို့ကို ရဲများက ကင်းလှည့်ရင်း ဖမ်းဆီးသွားခဲ့ပါသေးတယ်။

ဒီဖြစ်စဉ်‌တွေကို ခြုံငုံသုံးသပ်ကြည့်ပါက စစ်ကောင်စီဟာ ညပိုင်းအချိန်များမှာ လမ်းသွားလမ်းလာများ၊ ဆိုက်ကားဆရာများလို သာမန်လုပ်ငန်းခွင်ဝင်သူများနဲ့ နေအိမ်များအထိပါ ပစ်မှတ်ထားကာ ဖမ်းဆီးမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာ‌နေတာဖြစ်ပြီး ပြည်သူများအကြား ညပိုင်းသွားလာဖို့ စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေကြပါတယ်။

#aamij
#HlaingInfo
🤬727😢2
နေပြည်တော်မှာ အင်းအားအနည်းငယ်ရှိ ငလျင်တခုလှုပ်ခတ်

မတ်လ ၁၆ ရက်

နေပြည်တော်အနီး ပျဉ်းမနားမြို့မှ ၄ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုကာ အင်းအား ၂.၉ ရစ်တာစကေးအဆင့်ရှိ ငလျင်တခုလှုပ်ခတ်သွားတယ်လို့ သိရပါတယ်။

မတ်လ ၁၆ ရက် ယနေ့ည ၉ နာရီ ၄၁ စက္ကန့်အချိန်မှာ နေပြည်တော်အနီးတဝိုက် ငလျင်လှုပ်ခတ်သွားခဲ့ပြီး အင်းအားနည်းပေမယ့် သိသိသာသာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

"အင်အား အရမ်းမပြင်းပေမယ့် လှုပ်တာကတော့ သိသိသာသာပဲ၊ အရင်ကလည်းဖြစ်ခဲ့ဖူးတော့ ကြောက်ပြီး အိမ်ပေါ်ကပြေဆင်းခဲ့တယ်၊ လှုပ်တာကတော့ တချက်ထဲပါပဲ၊ ဘာမှတော့ မဖြစ်သွားပါဘူး၊ ကြောက်တာကတော့ ကြောက်နေတုန်းပဲ" လို့ နေပြည်တော်ဒေသခံတဦးက မြို့တော်ကိုပြောပါတယ်။

ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်ခန့်ကလည်း စစ်ကိုင်းတိုင်းဒေသပြီး ပြောင်းဘုတ်အနီးကို ဗဟိုပြုပြီး အင်းအားအနည်းငယ်ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။

#Myotaw
#HlaingInfo
🥰27👍236🔥5👏4😱2
စစ်တပ်ဒရုန်းနဲ့ ဗုံးကြဲလို့ ထွက်ပြေးနေရတဲ့ ပလောတပို့စစ်ရှောင်တွေဆေးဝါးအကူအညီလိုအပ်နေ

■မင်းလက်ပံ၊ ရသေ့ဂူ ဒေသအနီးမှာတိုက်ပွဲပြင်း
ထန်နေဆဲ၊စစ်တပ်ရှေ့မတိုးနိုင်

မတ်လ ၁၆ ရက်

စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် ထွက်ပြေးနေရတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ပလောတပို့စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေအတွက် ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ စခန်းတာ
ဝန်ခံကပြောပါတယ်။

စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် စစ်ရှောင်စခန်းမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းလည်း ပြောင်းရွှေ့သွားရတဲ့အတွက်စစ်ရှောင်တွေအနေနဲ့ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ဆေးဝါးအကူအညီလိုအပ်နေတာလည်းဖြစ်ပါတယ်။

"ဆေးဝါးအခက်အခဲက ဆေးခန်းက ပြောင်းရပြီဆိုတော့ လုံးဝ ဆေးမရှိတော့တာ။ ဖျားနာတာ၊ ဝမ်းသွားတာ၊ နောက်ပြီးတော့ နာတာရှည်ရောဂါသည်တွေအတွက်ဥပမာ သွေးတိုးဆီးချိုပေါ့ အဲ့လိုအတွက် ပေးစရာဆေးမရှိဘူး။အဲ့လိုအခက်အခဲ ရှိတယ် "လို့စစ်ရှောင်စခန်းတာဝန်ခံကပြောပါတယ်။

မတ်လ ၁၄ ရက် မနက်ပိုင်းမှာ စစ်တပ်က မြဝတီမြို့တောင်ဘက်၊ သောင်ရင်းမြစ်အနီးမှာရှိတဲ့ ပလောတပို့စစ်ရှောင်စခန်းကို ကာမီကာဇေဒရုန်းနဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။စစ်ရှောင်စခန်းက အမျိုး
သားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင်မတ်လ ၁၅ ည ၈ နာရီခွဲအချိန်မှာလည်း စစ်တပ်က ပလောတပို့စစ်ရှောင်စခန်းကို ကာမီကာဇေဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီလိုတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်စခန်းမှာဖွင့်လှစ်ထားတဲ့ ဆေးခန်းပြောင်းရွေ့ခဲ့ရပြီး စစ်ရှောင်တချို့ဟာ ဘေးလွတ်ရာကို ထပ်မံ ထွက်
ပြေးတိမ်းရှောင်နေကြပါတယ်။

ကျန်ရှိနေတဲ့ စစ်ရှောင်တွေဟာ စစ်ရှောင်စခန်းနဲ့ သောင်ရင်းမြစ်အနီးမှာ နေနေကြရပြီး ကျန်းမာ
ရေးစောင့်ရှောက်မှုအပါအဝင် ဆေးဝါးအကူအညီလိုအပ်နေတာလည်းဖြစ်ပါတယ်။

ပလောတပို့စစ်ရှောင်မှာ လေးကေ့ကော်ဒေသအပါအဝင် ဖလူး ၊ မင်းလက်ပံ ၊ ရသေ့ဂူ ၊ မဲ့ထော်သလေး ၊ မယ်ဝါးခီး ဒေသခံတွေခိုလှုံနေကြတာ။
စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီးစစ်ရှောင်ပြည်သူသုံးထောင်ကျော် ခိုလှုံနေကြတာလည်းဖြစ်ပါတယ်။

မတ်လ ၁၃ ရက် မနက်ပိုင်းမှာလည်း မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာအနီးက ကျားဖြန့်ဝင်းထဲကို လက်နက်ကြီးသုံးလုံးကျရောက်ပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။လက်နက်ကြီး ကျရောက်
ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံ သေဆုံးမှုတွေရှိခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ မင်းလက်ပံ၊ ရသေ့ဂူ ဒေသအနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်
ပွဲပြင်းထန်ဖြစ်ပွားနေတာပါ။

လေးကေ့ကော် စွယ်တော်ကုန်း ( အမြောက်ကုန်း ) နဲ့ လက်ခတ်တောင်မှာ တပ်စွဲထားတဲ့ စစ်တပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လက်နက်
ကြီး ပစ်ကူပေးနေတာလည်းဖြစ်ပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက် လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့ ပြီးခဲ့တဲ့နှစ် အောက်
တိုဘာအတွင်းက စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ရေးလှုပ်ရှားခဲ့ပါတယ်။

စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကြောင်းထိုးနေပေ
မယ့်လည်း တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်
ခိုက်မှုတွေကြောင့် စစ်တပ်ဟာ မင်းလက်ပံကျေး
ရွာအနီးကနေ ရှေ့မတိုးနိုင်သေးပါဘူး။

မင်းလက်ပံကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ မင်းလက်ပံကျေးရွာဟာ မြဝတီမြို့တောင်ပိုင်းဒေသအတွက် အဓိက ခံစစ်စည်းတစ်ခု ဖြစ်ပါတယ်။

(ဒရုန်းနဲ့ ဗုံးကြဲခံရပြီးနောက် ဆေခန်းအပါအဝင် စစ်ရှောင်တွေ ပြောင်းရွေ့နေကြတဲ့မြင်ကွင်း။
ဓါတ်ပုံ-ဒလပန်း)
#LNO
#HlaingInfo
😢5211🤬6😁3
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံး

မတ်လ ၁၆ ရက်

မြန်မာနိုင်ငံတစ်ဝန်း မတ်လ ၁၆ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၁ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
👍4313👏11😁3
ချင်းတွင်းမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၅ ဦး ရေနစ်၊ ၃ ဦး ပျောက်ဆုံးနေ

မတ်လ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်ဆိပ်မှာ ဒီကနေ့ညနေပိုင်းက ကလေးတွေရေဆင်းချိုးရာကနေ ၅ ဦးရေနစ်ပြီး ၂ ဦးကယ်နိုင်ခဲ့ကာ ၃ ဦးပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ (မတ်လ ၁၆ ရက်) ညနေ ၆ နာရီခန့်က မုံရွာမြို့ရှိ ချင်းတွင်းမြစ်၊ ဇတ်ဆိပ်အနီးမှာ ရေဆင်းချိုးတဲ့ အသက် ၁၄ နှစ်ဝန်းကျင် ယောက်ျားလေး ၃ဦးနဲ့ မိန်းကလေး ၂ဦး စုစုပေါင်း ၅ ဦး ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ၅ ဦးအနက် ယောကျာ်းလေး ၂ ဦးကိုတော့ စက်လှေသမားတွေက ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သို့သော် ကျန်တဲ့ ယောက်ျားလေး ၁ ဦး၊ မိန်းကလေး ၂ ဦးကိုတော့ ညပိုင်းအထိ ရှာမတွေ့သေးလို့ ရေငုပ်ရှာဖွေနေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး)က အသိပေးပါတယ်။

"မတွေ့သေးတဲ့ ကလေး ၃ ယောက်ထဲက ယောကျာ်းလေးက တစ်ဦးတည်းသော သားလေးလို့ပြောတယ်"လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း မုံရွာမြို့၊ သလ္လာဝတီဆိပ်ကမ်းမှာ အသက် ၇ နှစ်အရွယ် ကလေး ၁ ဦး ရေနစ်ခဲ့ပြီး ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ဘဲ ၂ ရက်အကြာ ၂၆ ရက်နေ့မှ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ပါတယ်။

(ရေနစ်ကလေးငယ်များအား ရှာဖွေနေသော ကယ်ဆယ်ရေးအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး)
#LNO
#HlaingInfo
😢555😱4🔥1
‼️ မတ်လ ၁၆ ရက်နေ့ ၊ နေ့စဉ် သတင်းအကျဉ်းချုပ်‼️

01-၂၀၂၀ ရွေးကောက်ပွဲအရ ရွေးကောက်တင်မြှောက်ထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ-CRPH က ယနေ့ မတ်လ ၁၆ ရက်နေ့တွင်  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ- NUG က တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။

02-စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေတူးနေသည့် ဖောင်များကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲမှု သေဆုံးသူအရေအတွက် များပြားကြောင်း ဒေသသတင်းရင်းမြစ် Infinity Group၏ သတင်းဖော်ပြချက်နှင့် ရွှေမျှောဖောင်များတွင် အလုပ်လုပ်နေသည့် အလုပ်သမားတချို့၏ ပြောဆိုချက်များအရ  သိရှိရသည်။

03-
စစ်ကိုင်းတိုင်း၊ နာဂကိုယ်အုပ်ချူပ်ခွင့်ရဒေသမှာ လူမှုအခြေပြု CSO လုပ်ငန်းဆောင်ရွက်နေတဲ့ လူငယ်တစ်ဦး စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ အဓ္ဓမဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရသိရပါတယ်။

04-အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည် မြို့ရွာ ဒေသများတွင် ဆေးဝါးကို ကန့်သတ်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားပြီး ရောင်းချခွင့်လိုင်စင်ရှိမှသာ ဆေးဝါး သယ်ယူ တင်သွင်းရောင်းချခွင့် ပြုမည်ဟု အာရက္ခတပ်တော်၏ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာနမှ သိရသည်။

05-မကွေးတိုင်း၊ ထီးလင်းမြို့နယ် တိုက်ပွဲတွင် သေဆုံးခဲ့သော  တပ်မ ၇၇ ခြေမြန်တပ်မဌာနချုပ်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင်ကို ဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီး စစ်အခမ်းအနားဖြင့် သဂြိုလ်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

06-မြန်မာနိုင်ငံ အနောက်မြောက်ဘက်က ရွှေ့လျားလာတဲ့ လေပွေလှိုင်းတွေကြောင့် ယခုတပတ်အတွင်း တိုင်းနဲ့ပြည်နယ် ၁၁ခုမှာ အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်တယ်လို့ လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ 

07-ရန်ကုန်မြို့မှာ မိုးသီးတွေကြွေကျ၊ ကွက်ကျားမိုးရွာပြီး  ပိတောက်ပန်းတွေ ပွင့်နေလို့ တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးရှေ့မှာ ပိတောက်ပန်းတွေ ရောင်းချနေတာ  မြင်တွေ့ရပါတယ်။

08-ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့်တပ် - MNDAA က တအာင်းတပ် - TNLA စခန်းများကို စတင်တိုက်ခိုက်လာရာ ယနေ့နံနက်ပိုင်းတွင် နမ့်ဖတ်ကာနှင့် နမ့်ခမ်းကြားရှိ ၁၂ မိုင်ကုန်းကို ဒရုန်းများဖြင့် တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

09-မင်းအောင်လှိုင် စီမံထားသည့်အတိုင်း အကြမ်းဖက် လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ခင်ရီ ဖြစ်လာပြီး မောင်မောင်အုန်းက အကြမ်းဖက် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဖြစ်လာကြောင်း  အကြမ်းဖက် လွှတ်တော်က ယနေ့ နံနက်ပိုင်းတွင် ကြေ ညာ သည်။

10-မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ စုံ၊မစနစ်ကန့်သတ်ချက်ကြောင့် သွားလာသူနည်းပါးပြီး ဈေးသည်တွေ အရောင်းအဝယ် ကျဆင်းလာခဲ့ကြောင်း  ဈေးသည်တွေက ပြောပါတယ်။

11-တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ ပြည်သူများ သွားလာခြင်း လုံးဝ မပြုလုပ်ရန် အသိပေးလိုကြောင်း ဒေသပြည်သူများနှင့် ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

12-မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဗမာပြည်ကာကွယ်ရေးတပ် (USBA) က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်သား ၂ ဦး နေရာတင် သေဆုံးခဲ့ကြောင်း သိရသည်။

13-ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် (MNDAA)က မတ် ၁၅ ရက် မနေ့ ညနေပိုင်းမှာ အလုံးစုံသိမ်းလိုက်ပြီလို့ MNDAA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

14-တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ ပြည်သူများ သွားလာခြင်း လုံးဝ မပြုလုပ်ရန် အသိပေးလိုကြောင်း ဒေသပြည်သူများနှင့် ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

15-လာမယ့်ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍388🔥4🥰1😁1🤬1
ပြည်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေပဲကြုံပါစေအမှန်တရားဘက်က ရဲဝင့်စွာဆက်လက်ရပ်တည်နိုင်ဖို အားတင်းထားကြပါစို့ ။ 💪💪💪

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

Good night ပါရှင့်။

Sweet Dreams 💞💞💞

#HlaingInfo
74🥰4👍3🤬2🔥1
မင်္ဂလာနံနက်ခင်းပါရှင့်🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် မိဘပြည်သူအပေါင်း ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေ။

အာဏာရူး ဘေးများမှအမြန်ဆုံး ကျော်လွန်လွတ်မြောက်ကြပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို့ Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

#HlaingInfo
80👍9🔥1🥰1
သူရဲ သဘက် တီးလုံး အတိုင်း ကခုန်ကြရပေတော့မည်
******

လူထုက လည်း တစက်မှ မလိုလား၊ ၎င်းတို့ အကျိုးကို တခုတလေမျှ လုပ်ပေးကြမည် မဟုတ်မှန်း သိသိကြီးနှင့် မတတ်သာ၍ မဲထည့် ပေးလိုက်ရသူ များ က ယနေ့ နေပြည်တော်တွင် လာရောက် စုဝေးကြပြီး လွှတ်တော် အဖြစ် စစ်တပ် အလိုကျ အသုံးတော်ခံရန် စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ဤသို့ဖြင့် အမှန်တကယ် အာဏာပိုင် စိုးသူ စစ်တပ်က တင်းကျပ်စွာ ထိန်းချုပ်ထားဆဲဖြစ်သည့် ဒီမိုကရေစီသို့ အမည်ခံ ပြန်လည်ကူးပြောင်းရေး လုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်များထဲမှ တစ်ခုဖြစ်လာခဲ့သည်။

မဲရုံများသို့ လာရောက်မဲပေးသူ နည်းပါးခြင်း၊ အားကောင်းသည့် အတိုက်အခံ မရှိခြင်းတို့ကြားမှ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က လွှမ်းမိုးထားသည့် အဆင့်ဆင့် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

USDP ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ခင်ရီကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ဤသည်မှာလည်း အဆန်းတကြယ်‌ တော့ မဟုတ်၊ ထိုရာထူးအတွက်သာ  လျာထားကြောင်း အစောပိုင်းကတည်းက သတင်း ထွက်ပေါ်ထားခဲ့ပြီး ဖြစ်သည်၊ ၎င်းအား စစ်တပ်၏ မူဝါဒများကို အဓိက နေရာမှ ရှေ့ဆက် အကောင်အထည် ဖေါ်ပေးရမည့် သူအဖြစ် ရှုမြင်ထားကြ ပြီး ဖြစ်သည်။

ပြန်ဝန်‌ ဟောင်း ဗိုလ်ချုပ် မောင်မောင်အုန်းသည် ဒုဥက္ကဌ ဖြစ်လာခဲ့သည်။

အံ့ဩဖို့ကောင်းသည်က ၎င်းတို့ အဆို မဲ အပြတ်အသတ် ဖြင့် အနိုင်ရခဲ့သည့် ပါတီ ခေါင်းဆောင် ကြီးသည် အစဉ်အလာအရ နိုင်‌ငံ၏ အုပ်ချုပ် ရေး အာဏာ ကို ပိုင်စိုးထားသည့် သမ္မတ ဖြစ်မလာခြင်းကပင် ရွေးကောက်ပွဲသည် "လုပ်ပွဲကြီး" ဆိုသည်ကို နိုင်ငံတကာ၏ ယူဆထားသည်များ မှန်ကန်ကြောင်း အတည်ပြု ပေးလိုက်ခြင်းသာ ဖြစ်သည်။

ပြည်သူ အများစုသည် ပြည်တွင်းစစ်နှင့် လူသားချင်း စာနာထောက်ထား စရာ  အကျပ်အတည်း များကြောင့် ဒုက္ခ ပင်လယ်‌ ဝေလျက် ရှိချိန် တွင် ထိုဖြစ်ရပ်သည် ၎င်းတို့နှင့် လားလားမျှ မဆိုင်သည့်အလား ခေါင်းပေါင်းစ တလူလူ နှင့် စုဝေးလာကြပြီး ၎င်းတို့ ကြံစည်ထားသည်များကို ဆက်၍ အကောင်အထည် ဖေါ်ကြ‌ ပေတော့မည်။

အဓိက ရည်ရွယ်ချက်သည်က နိုင်ငံတကာတွင် လူရာ ပြန်ဝင်ရန် တရားဝင် အစိုးရ သဖွယ် ဖန်တီးလို၍ ဖြစ်သည်။ ထိုလွှတ်တော်တွင် စစ်တပ် နှင့် မပတ်သက်သည့် သူ၊ စစ်တပ် အသိုက်အဝန်း မဟုတ်သူ သူ ဟူ၍ ရာခိုင်နှုန်း အနည်းငယ်မျှသာ ပါဝင်လာသည်ကို တွေ့ရမည်သာ ဖြစ်သည်။

ထို့အတွက် ကြောင့်လည်း သမ္မတ ရာထူးကို ရွေးချယ် နိုင်သည့် ပြည်သူ့ အာဏာ သည် စစ်တပ်လက်ထဲသို့ အလိုအလျောက် ရောက်ရှိသွားစေသည့် ကြိုတင်ကြံစည်မှုသာ ဖြစ်သည်။

သမ္မတ လုပ်ရန် ဆယ်စုနှစ်တစုမျှ အောင့်အည်းထားရပြီး ရေးပေးထားသော စာကိုပင် လေးလုံးကွဲ ဋ္ဌာန်ကရိုဏ်း ကျအောင် ဖတ်နိုင် ပြောနိုင်ခြင်း မရှိရှာ သည့် ပုဂ္ဂိုလ်က သမ္မတ ဖြစ်လာပေတော့မည်၊ လူထု အတွက်က အနှစ်သာရ ရှိမည့် အပြောင်းအလဲ ဟူ၍ ထွက်ပေါ်လာဖို့ မရှိပေ။ တိုင်းပြည် အကျိုုးကို အမှန်တကယ် စိတ်ရင်းစေတနာ အပြည့်၊ ကိုယ်ကျိုး မဖက် သယ်ပိုးခဲ့‌ သော အသက် ၈၀ ရှိ နိုင်ငံ ခေါင်းဆောင်ကြီး၏ ကံကြမ္မာသည်လည်း ထိုသို့သော လူမျိုးက မှောက်ချင်မှောက် သွန်လိုသွန် ဘဝ ရောက်နေရသည်က လွန်စွာမှ ရင်နာဖို့ ကောင်းလှပေသည်။

အလျင်းသင့်၍ ပြောလိုသည်မှာ နိုဘဲလ် ဆုရှင်တဦး ကွယ်လွန်ပါက သုံးရက် အတွင်း နိုင်ငံတကာ သို့ အသိပေးရမည် ဟူသော "ဂျင်း" မျိုးကို ယုံကြည်မထားကြဖို့ အသိပေးလိုပါသည်။

ယခု အမတ် ၃၇၃ ဦး ပါ လွှတ်တော်သည် မင်း အောင်လှိုင် စီမံထားသည့် အဖွဲ့ဝင် ငါးဦးပါဝင်သော "ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ" ကို  ဖွဲ့စည်း ပေးသွားရမည်ဖြစ်သည်။ မင်းအောင်လှိုင်သည် ထိုအဖွဲ့မှတဆင့် စစ်ဘက် ကိုပါ  ဆက်၍ ဆုပ်ကိုင်ထားနိုင် မည် ဟု ယုံကြည်ထားသော ကြောင့်လည်း ဖြစ်သည်။

အရပ်သားအစိုးရဟု အမည်ခံထားသည့် အစိုးရတစ်ရပ်သို့ အသွင်ကူးပြောင်းရန် ဦးဆောင် စီစဉ် ခဲ့သည့် မင်းအောင်လှိုင်သည် မတ်လကုန်ပိုင်းတွင် သမ္မတရာထူးကို မရယူမီ စစ်တပ်၏ အမြင့်ဆုံးရာထူးအား အသက် ၆၀ ရှိ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လက်လွှဲပေးဖွယ်ရှိကြောင်း ထင်ကြေး ပေးထားပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍4714🔥6🤬5😁2🤔1😢1
ကြံ့ခိုင်ရေးပါတီက အာဏာရပါတီအဖြစ် ၁၅ နှစ် ထပ်မံအုပ်ချုပ်ရန် ရည်မှန်းထားပြီး စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ရှားရန် အစီအစဉ်မရှိဟု အကြမ်းဖက် ဘူးလက်လှဆွေ ပြောကြား

မတ်လ ၁၇ ရက်

ကြံ့ဖွတ်ပါတီအနေဖြင့် အာဏာရပါတီ (Ruling Party) အဖြစ် ရှေ့လာမည့် ၁၅ နှစ်တာကာလအထိ နိုင်ငံတော်ကို ဆက်လက်ဦးဆောင်သွားရန် စီစဉ်ထားပြီး စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ရှားရန် အစီအစဥ်မရှိကြောင်း အကြမ်းဖက် ဘူးလက်လှဆွေက ပြောကြားလိုက်သည်။

ယမန်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လာတက်စဉ် ဘီဘီစီမြန်မာပိုင်းနှင့် VOM သတင်းဌာနတို့ထံသို့ အကြမ်းဖက် ဘူးလက်လှဆွေက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးပါတီအနေဖြင့် ယခု ရွေးကောက်ပွဲသက်တမ်း တစ်ခုတည်းအတွက်သာမကဘဲ ဆယ်စုနှစ်နှင့်ချီ၍ နိုင်ငံကို ဦးဆောင်နိုင်ရန် ပြင်ဆင်ထားကြောင်း ၎င်းက ဆိုသည်။

" ကျနော်ဒီ ၅ နှစ်တင်မက လာမည့် ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် နိုင်ငံကို ဦးဆောင်သွားဖို့ စဉ်းစားထားတယ်။ ပြီးရင် ကျွန်တော်တို့ Ruling Party အဖြစ် ရပ်တည်ပြီးတော့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို စိုက်လိုက်မတ်တပ် လုပ်သွားဖို့ သန္နိဋ္ဌာန်ချထားတယ်" ဟု သူကဆိုသည်။

ထို့ပြင် လွှတ်တော်အတွင်းရှိ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မှုနှင့် ပတ်သက်၍ ၎င်းက လက်ရှိအခြေခံဥပဒေအရ လက်ခံထားပြီးဖြစ်ကြောင်းနှင့် ယင်းကဏ္ဍကို ပျောက်ကွယ်သွားအောင် လုပ်ဆောင်ရန် မလိုအပ်သေးကြောင်း သူက ဆိုသည်။

"တပ်မတော်သားတွေရဲ့ အစုအဖွဲ့ဟာ ၂၅ ရာခိုင်နှုန်း ရှိတယ်လေ။ မြန်မာနိုင်ငံရဲ့ ပေးထားချက်ကိုက ၁၀၀ ရာခိုင်နှုန်း မရှိသေးဘူး။ ၂၅ ရာခိုင်နှုန်းက တပ်မတော်ရဲ့ အငွေ့အသက် ရှိနေဦးမှာပဲ။ ဒါကိုလည်း အခြေခံဥပဒေက လက်ခံထားတယ်။ ကျွန်တော်တို့ကလည်း အားလုံး လက်ခံထားတယ်။ ဒါကို တပ်မတော်သားရဲ့ အငွေ့အသက်ကို လုံးဝ ပျောက်ကွယ်သွားအောင် ဆိုတာက ၂၅ ရာခိုင်နှုန်း မရှိမှ ဖြစ်မယ်လေ။ ဒါဆို အခြေခံဥပဒေကို ပြင်ရမှာ ဖြစ်တယ်လေ။ ဒါတွေဟာ မလိုအပ်သေးဘူးလို့ ထင်ပါတယ်။ အခုအချိန်မှာတော့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက လိုကို လိုအပ်လျက်ရှိပါတယ်" ဟု ဦးလှဆွေက ပြောသည်။

ကြံ့ခိုင်ရေးပါတီအနေဖြင့် လာမည့်သက်တမ်းများတွင် အာဏာရပါတီအဖြစ် ဆက်လက်တည်ရှိနေရန် ပြင်ဆင်နေမှုကို လှဆွေက ထုတ်ဖော်လာခြင်းဖြစ်ပြီး လက်ရှိတည်ဆဲ ၂၀၀၈ အခြေခံဥပဒေပါ စစ်တပ် ၏ နိုင်ငံရေးဦးဆောင်မှုကဏ္ဍကိုလည်း ဆက်လက်ထိန်းသိမ်းထားလိုသည့် သဘောထားကို လွှတ်တော်ပထမဆုံးနေ့တွင်ပင် လှဆွေက ထုတ်ဖော်ပြောဆိလိုက်ခြင်းဖြစ်သည်။

#KTM
#HlaingInfo
😁58🤬209🔥5👎2👍1👏1🤔1
မွန်မှာ စုံမယာဉ်စစ်ဆေးမှုစတင်

မတ်လ ၁၇ ရက်

မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ မတ်လ ၁၆ ရက်နေ့ကစလို့ ဌာနစုံပါတဲ့ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေက စုံ မ ယာဉ် စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ စက်သုံးဆီ ခြိုးခြံချွေတာဖို့နဲ့ စက်သုံးဆီ ဖူလုံမှု ရှိဖို့အတွက်ဆိုကာ လစဉ် စုံရက်တွေမှာ စုံနံပါတ် အက္ခရာ ပါတဲ့ မော်တော်ယာဉ်နဲ့ မရက်တွေမှာ မနံပါတ် အက္ခရာပါတဲ့ မော်တော် ယာဉ်တွေသာ မောင်းနှင်ဖို့ ညွှန်ကြားထားတာပါ။

စုံ၊ မ ယာဉ် မောင်းနှင်ရမယ်စနစ်ကိုတော့ စစ်ကော်မရှင်က ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကနေ မတ်လ ၁၃ ရက်နေ့အထိ ပညာပေးကာလ သတ်မှတ်ထားပြီး မတ်လ ၁၄ ရက်နေ့ကစလို့ စတင်အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။

မွန်ပြည်နယ် ဒေသခံ တစ်ဦးကတော့ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ မော်တော်ယာဉ်တွေကို စုံ၊ မ စစ်ဆေးတာအပြင် စုံ၊ မယာဉ် အကြောင်းပြပြီး တခြား ယာဉ်နဲ့ ပတ်သက်တာတွေကိုပါ စစ်ဆေးနေတယ်လို့ ပြောပါတယ်။

“စစ်ဆေးတာတော့ လုပ်နေပြီ။ သူတို့က One Stop Service လို့ ပြောတာပဲ။သူတို့က ပွင့်ပွင့်လင်းလင်းပြောရင် အခု စုံ၊ မ လို့သာ ပြောတာ စုံ၊ မကြီးပဲ စစ်တာ မဟုတ်ဘူး။တခြား ဟာတွေပါ စစ်တယ်။လိုရင် လိုသလို ခေါ်ပြီးတော့ ယာဉ်မောင်း လိုင်စင်တို့ ဝိတက်တို့ တခြားဟာတွေပါ ရောပြီး စစ်တာလေ။ တစ်ခုခု ချို့ယွင်းတာနဲ့ အရေးယူမှာပဲ။ သူတို့က ပိုက်ဆံ ရှာတာကိုး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ စုံ၊ မ ယာဉ်စနစ်ကို အ‌ကြောင်းပြပြီး ယာဉ်မောင်းလိုင်စင်တွေ၊ မော်တော်ယာဉ် လိုင်စင်တွေအပြင် ယာဉ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကအစ စစ်ဆေးပြီး ငွေကြေး တောင်းခံတာကြောင့် ဒေသခံတွေ အနေနဲ့ အချက်အလက် စုံမှသာ သွားလာသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို စစ်ကော်မရှင်က စုံ၊ မ စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ အလုပ်သွား၊ အလုပ်ပြန်တာ၊ ကုန်ပစ္စည်းပို့ဆောင်တာအပြင် ဟိုနားဒီနားသွားလာရတာတွေကအစ အခက်တွေ့ နေရတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မော်တော်ယာဉ်တွေကို စုံ၊ မ စစ်ဆေးဖို့အတွက် စစ်ကော်မရှင် လက်အောက်ခံ ထွေအုပ် ဦးဆောင်ပြီး One Stop Service အဖွဲ့ ဖွဲ့စည်းကာ အရေးယူမှုတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စုံ၊ မ စနစ် အပေါ် လိုက်နာမှုမရှိဘဲ ဖောက်ဖျက် ကျူးလွန်ပါက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ နဲ့ အရေးယူမှာ ဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ အလုပ်မဲ့ ထောင်ဒဏ် တစ်လ၊ ငွေဒဏ် ကျပ်နှစ်သောင်း အပြင် ဒဏ်နှစ်ရပ်လုံး ကျခံရမယ်လို့ ဆိုထားပါတယ်။

မွန်ပြည်နယ်မှာတော့ မော်တော်ယာဉ် သွားလာမှုအပေါ် စုံ၊ မ ယာဉ်စနစ် သတ်မှတ်ချက်ကြောင့် မော်တော်ယာဉ် သွားလာမှုတွေ လျော့ကျလာပေမယ့် စက်သုံးဆီ ရရှိရေးအတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းပြီး အကန့်အသတ်နဲ့ ဝယ်ယူနေရပါတယ်။

ဓာတ်ပုံ-MOI
#TLT
#HlaingInfo
🤬57🔥64👍1😁1
အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော တရားမဝင်လွှတ်တော်ကို ရှုတ်ချပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ် တရားဝင်မှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု

မတ်လ ၁၇ ရက်

အကြမ်းဖက်စစ်အုပ်စုက ကျင်းပပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲနှင့် ယင်းမှတစ်ဆင့် ပေါ်ပေါက်လာသော တရားမဝင်လွှတ်တော်ကို အပြင်းအထန်ရှုတ်ချကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်သည်သာ ယနေ့တိုင် တရားဝင်မှုရှိနေဆဲဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၆ ရက်နေ့တွင် အဆိုတင်သွင်း အတည်ပြုလိုက်သည်။

မတ်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေး၌ ဤဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းဖြစ်ပြီး၊ အချက်အလက်နှင့် ဥပဒေကြောင်းအရ စစ်ကောင်စီ၏ နိုင်ငံရေးအစီအမံများသည် တရားဝင်မှု လုံးဝမရှိကြောင်း ထောက်ပြထားသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၇၁ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့ပြီး နိုင်ငံတကာကလည်း ပြည်သူ့ဆန္ဒထင်ဟပ်သည့် ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုထားကြောင်း၊ ထိုရလဒ်ကြောင့် ရွေးကောက်ခံကိုယ်စားလှယ်များသည်သာ ပြည်သူ့ထံမှ ဆင့်လွှဲအာဏာကို ကိုင်ဆောင်ထားသူများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုသည် ပြည်သူ့အာဏာကို အဓမ္မရယူပြီး ဒီမိုကရေစီလုပ်ငန်းစဉ်ကို ဖျက်ဆီးခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

စစ်အုပ်စုသည် ၎င်းတို့ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ရွေးကောက်ပွဲကို အကြောင်း ပြနေသော်လည်း နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၆၇ မြို့နယ်တွင် လုံးဝကျင်းပနိုင်ခြင်းမရှိဘဲ ကျန်မြို့နယ်များတွင်လည်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၂,၉၀၀ ကျော်တွင် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း အချက်အလက်များဖြင့် ထုတ်ဖော်ထားသည်။

"အကြမ်းဖက် စစ်ကော်မရှင်ဟာ၊ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီး အတုအယောင်လွှတ် တော် ကို ဖန်တီးဖို့ လုပ်နေပါတယ်။ အတုအယောင်ရွေးကောက်ပွဲကနေ အတုအယောင်ကိုယ်စားပြုမှုတွေနဲ့ ပြည်သူ့ကို မျက်လှည့်ပြဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ စစ်ကော်မရှင်ဟာ၊ နိုင်ငံတကာမှာ ရေပန်းစားတဲ့ စကားလုံးတွေကို “ထည်,လဲ” သုံးစွဲဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် အာဏာသိမ်းစစ်ကော်မရှင် ဟာ၊ နိုင်ငံတကာအသိအမှတ်ပြုမှုကို တနည်းမဟုတ် တနည်း ရယူဖို့ ကြိုးစားနေတဲ့ လမ်းစတွေ တွေ့လာရပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ သမားရိုးကျ ဖြစ်ရပ်လို့ မယူဆဘဲ၊ လေးလေးနက်နက် တွေးဆပြီး တန်ပြန်တုံ့ပြန်နိုင်ဖို့ အထူး လိုပါတယ်" ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ယမန်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော်က ဖျက်သိမ်းထားပြီးဖြစ်သဖြင့် ယင်းဥပဒေအရ လုပ်ဆောင်သည့် မည်သည့်နိုင်ငံရေးအစီအမံမှ တရားဝင်မည်မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်က အတိ အလင်း ကြေညာသည်။

ပြည်ထောင်စုလွှတ်တော်အနေဖြင့် နိုင်ငံတကာအသိုက်အဝန်းသို့လည်း တိုက်တွန်းတောင်းဆိုချက်များ ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ၏ တရားမဝင်လွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့ကို အသိအမှတ်မပြုရန်နှင့် သံတမန်ရေးအရ ဆက်ဆံမှုမလုပ်ရန်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေး တက်ကြွစွာ ဆောင်ရွက်ပေးရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးအင်အားစုများကိုသာ မြန်မာနိုင်ငံ၏ တရားဝင်အကျိုးသက်ဆိုင်သူများအဖြစ် အသိအမှတ်ပြု၍ ကူညီပံ့ပိုးပေးရန် တောင်းဆိုသည်။

ယင်းအပြင် ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေသည့် စစ်အုပ်စု၏ ငွေလိမ်လုပ်ငန်းနှင့် ရာဇဝတ်မှုများကို ဟန့်တားနိုင်ရေးအတွက် စီးပွားရေးပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ရန်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မည်သည့်တော်လှန်ရေးအင်အားစုနှင့်မဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး၊ နောင်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ခု ကျင်းပပြီးစီးချိန်မှသာ ပြည်သူ့အာဏာကို ပြည်သူ့ထံ ပြန်လည်အပ်နှင်းသွားမည်ဖြစ်ကြောင်း ယမန်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက သန္နိဋ္ဌာန်ပြု ထုတ်ပြန်သည်။

#KTM
#HlaingInfo
63👏12👍8😁5🔥1🥰1
ပြည်ထောင်စုလွှတ်တော်အနေနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည် ဆောက်ရေးမှာ၊ နောက်ထပ် ခြေလှမ်းသစ်ဖြစ်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ လိုမျိုး ဖြစ်မြောက်လာဖို့၊ အားလုံးဝိုင်းဝန်းပြီး လက်တွဲတည်ဆောက်သွားနိုင်ရန် ပံ့ပိုးကူညီစေလိုကြောင်း လေးနက်စွာ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနေ့ ဒီလိုအချိန်မျိုးမှာ,မှ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးကို ပြတ်ပြတ်သားသား မလုပ်ဆောင်နိုင်ဘူးဆိုရင်၊ နောင်အချိန်တွေမှာ တော်ရုံမျှော်လင့်နိုင်ဖို့ မလွယ်ကူကြောင်း သတိချပ်ကြဖို့ လိုအပ်ကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။

ဒူဝါလရှီးလ
နိုင်ငံတော်ယာယီသမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
“ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးတွင်ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်”
👏4623😁5👍3🔥1🥰1
အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခကြောင့် ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်လာနိုင်

မတ်လ ၁၇ ရက်

အရှေ့အလယ်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပြဿနာတွေကြောင့် ဓာတ်မြေဩဇာ ဈေးနှုန်းတွေ မြင့်တက်လာနိုင်လို့ ဈေးနှုန်းတည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ကြဖို့နဲ့ ခွင့်ပြုပေးထားတဲ့ လိုင်စင်လက်ကျန်တွေ အမြန်တင်သွင်းကြဖို့ လိုတယ်လို့ စစ်ကောင်စီ လက်အောက်ခံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှမိုးက ပြောပါတယ်။

ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နဲ့ အရောင်းဆိုင် အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှု ရှိ/ မရှိ၊ သွင်းအားစုတွေ သိုလှောင်ဈေးကစားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ဖို့လည်း ဦးလှမိုးက ပြောပါတယ်။

မတ် ၁၃ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာ ဖြစ်ပြီး စစ်ကောင်စီ အရာရှိတွေနဲ့ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့က တာဝန်ရှိသူတွေ တက်ရောက် ပါတယ်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် ဓာတ်မြေဩဇာ တန်ချိန် ၁ ဒသမ ၆ သန်းနဲ့ ပိုးသတ်ဆေးတန်ချိန် ၃၂,၀၀၀ တင်သွင်းဖို့ လျာထားပြီး ဦးဆောင်ကော်မတီအနေနဲ့ ၂၀၂၅ ခုနှစ် ဧပြီလကနေ ၂၀၂၆ ခုနှစ် မတ်လအထိ မြေဩဇာတန်ချိန် ၁ဒသမ ၆၈ သန်း နဲ့ ပိုးသတ်ဆေးတန်ချိန် ၃၂၆၇၆ တန် တင်သွင်းဖို့ ကုမ္ပဏီတွေကို သွင်းကုန်လိုင်စင် ထောက်ခံပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ထောက်ခံချက်ပေးထားတဲ့အထဲက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ မြေဩဇာတန်ချိန် ၁ဒသမ ၁၈ သန်းတင်သွင်းထားပြီး လက်ရှိ အချိန်မှာ မဖြန့်ဖြူးရသေးတဲ့ မြေဩဇာ စုစုပေါင်းတန်ချိန် ၃ သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

လာမဲ့မိုးစပါး စိုက်ရာသီအတွက် ထပ်မံလိုအပ်တဲ့ တန်ချိန်နဲ့ လအလိုက် မြေဩဇာလိုအပ်ချက်ကို တင်ပြဖို့နဲ့ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဘက်ကလည်း မြေဩဇာ အချိန်မီရောက်ရှိရေး အစီအမံတင်ပြဖို့ ဦးလှမိုးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ မြေဩဇာအပါအဝင် စိုက်ပျိုးရေး သွင်းအားစုတွေ ဈေးအဆမတန် တက်လာတာကြောင့် စစ်ကောင်စီဟာ တခြား ကုန်စည်တွေလိုပဲ မြေဩဇာတွေအတွက် ရည်ညွှန်းဈေးနှုန်းထုတ်ပြန် သတ်မှတ်ထားပါတယ်။

မတ်လအတွက် ရည်ညွှန်းဈေးက ယူရီးယားတအိတ်ကို ကျပ် ၉၄,၀၀၀ ကျပ်၊ ကွန်ပေါင်းမြေဩဇာ တအိတ်ကို ကျပ် ၁၁၅,၀၀၀ နှုန်း သတ်မှတ်ထားပါတယ်။ ပြင်ပဈေးကွက်မှာတော့ ရည်ညွှန်းဈေးထက် ကျပ် ၂၀,၀၀၀ ကနေ၊ ၄၀,၀၀၀ လောက် ပိုများပါတယ်။

အီရန်စစ်ပွဲဂယက် အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုကြောင့် ယူရီးယားမြေဩဇာ ထုတ်လုပ်ရာမှာ အဓိကကျတဲ့ သဘာဝဓာတ်ငွေ့နဲ့ လောင်စာဆီဈေးနှုန်းတွေ တက်လာပြီး ထုတ်လုပ်မှုစရိတ် မြင့်တက်လာပါတယ်။

ဒါ့အပြင် အဆိုပါဒေသဟာ ကမ္ဘာ့ဓာတ်မြေဩဇာ အဓိကတင်ပို့ရာ လမ်းကြောင်းဖြစ်တာကြောင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး အခက်အခဲနဲ့ အာမခံကြေး မြင့်မားလာမှုတွေက သွင်းအားစုဈေးနှုန်းကို ပိုမိုထိုးတက်စေတာ ဖြစ်ပါတယ်။

Photo: DVB
#DVB
#HlaingInfo
🔥3710👍2😢2😱1
CDM အနုပညာရှင်များရဲ့ “မြန်မာဇာတ်ပွဲကြည့်ရအောင်” တော်လှန်ဇာတ်သဘင် ပြုလုပ်မယ်

မတ်လ ၁၇ ရက်

အနုပညာသစ္စာကို ပြည်သူ့တွေအတွက် အရင်းတည်ထားတဲ့ CDM အနုပညာရှင်များ က “မြန်မာဇာတ်ပွဲကြည့်ရအောင်” တော်လှန်ဇာတ်သဘင်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မတ် ၁၈ ရက်(မနက်ဖန်) မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

“မြန်မာဇာတ်ပွဲ ကြည့်ရအောင်” တော်လှန်ဇာတ်သဘင်ကို မတ် ၁၈ ရက် မဲဆောက်မှာ အခမဲ့ ကြည့်ရှုရမှာ ဖြစ်ပြီး၊ ဧပြီ ၅ ရက် အွန်လိုင်းမှာ ရန်ပုံငွေအတွက် ပြသဖို့ စီစဥ်ထားပါတယ်။

အွန်လိုင်း လက်မှတ်ရောင်းချမှုမှ ရလာမယ့် ရန်ပုံငွေအားလုံးကို မုံရွာခရိုင် အမှတ် (၁၃) တပ်ရင်း အောင်ဆန်းမျိုးဆက် ရဲဘော်တွေရဲ့ ရှေ့တန်းမှာ လိုအပ်နေတဲ့ ကျည်ကာ၊ ခဲယမ်း၊ ရိက္ခာဖိုးတွေအတွက် ဖြည့်ဆည်းပေးသွားမှာပါ။

အဆိုပါ ပွဲမှာ အမျိုးသားယဉ်ကျေးမှု နဲ့ အနုပညာတက္ကသိုလ် (ရန်ကုန်) ရဲ့ တတိယနှစ် ကျောင်းသူ ဘဝကို စွန့်လွှတ်ပြီး ပြည်သူနဲ့အတူ ရပ်တည်ခဲ့တဲ့ CDM ကျောင်းသူ ရာလေးက မင်းသမီးအဖြစ် ပါဝင်ကပြမှာပါ။

မင်းသမီး ရာလေးဟာ တော်လှန်ရေးအတွင်း ကရင်နီ ဒေသမှာ သူမ တတ်စွမ်းတဲ့ အနုပညာ နဲ့ စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ မင်းသမီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ ကိုပေါက် ရိုက်ကူးပြီး ၊ မင်းမော်ကွန်း ပါဝင်သရုပ်ဆောင်ထားတဲံ “ပြုံးပြုံးလေး” ရုပ်ရှင်ကားမှာလည်း ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

တော်လှန်ရုပ်ရှင် ၊ တော်လှန်သီချင်း၊ တော်လှန်အငြိမ့် တို့ရှိခဲ့ရာမှ အခုဆိုရင် တော်လှန်ဇာတ်သဘင် ကိုပါ ကြည့်ရှု့ရတော့မှာ ဖြစ်ပြီး၊ ရန်ပုံငွေ ဖျော်ဖြေပွဲအတွက် အွန်လိုင်း လက်မှတ်ဝယ်လိုသူများ အနေနဲ့ “မြန်မာဇာတ်ပွဲကြည့်ရအောင်” ပေ့ချ်ဖြစ်တဲ့ https://www.facebook.com/mmzetpwe ကနေ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

“မြန်မာ့ဇာတ်ပွဲ ကြည့်ရအောင်” တော်လှန်ဇာတ်သဘင်မှာ CDM မင်းသား ရန်ငြိမ်းသူ ၊ မင်းသား အောင်မြင်ဗိုလ် ၊ သားအောင်ဆက် ၊ စုမြတ် ၊ အိအိအောင် ၊ သက်ထားခင် ၊ CDM မင်းသမီး စန်းနီလာဝင်း ၊ ဝါဝါလှိုင် ၊ ရာလေး ၊ နှင်းသီရိလွင် ၊ ဆိုင်းဆရာ ရွာစားဖိုးသင်္ကြန် ၊ ဂီတမှူး ကိုဖြိုး(ကီးဘုတ်) ၊ နွေဦးကာရံ ဒေါင်းတို့အားမာန် ၊ ခရေးသင်း တို့ ပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

#PVTV
#HlaingInfo
85👍10😁7🥰3🔥1