Hlaing Info
54.8K subscribers
141K photos
5.87K videos
5 files
14K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
13 May 2026 Japan Tokyo ဂျပန်နိုင်ငံ တိုကျိုမြို့ တရုတ်သံရုံးရှေ့တွင်
တရုတ်အစိုးရသို့ မြန်မာပြည်သူ အသံ ဖေါ်ထုတ်ပြသပွဲ

#HlaingInfo
72👍10😁5🤯2🥰1
စစ်တပ်အုပ်ချုပ်ရာ ရွှေပြည်သာတွင် ပျောက်ဆုံးနေသော အသက် ၇၀ အရွယ် အငြိမ်းစားကျောင်းအုပ်ကြီး မိမိနေအိမ်၌ပင် အသတ်ခံရ

မတ်လ ၁၃ ရက်

စသ်တပ်အုပ်ချုပ်နေတဲ့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အသက် ၇၀ အရွယ် အငြိမ်းစားပညာရေးဝန်ထမ်း ဦးအောင်သောင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကားနဲ့အတူ ပျောက်ဆုံးသွားခဲ့ရာမှ အခုအခါ ၎င်းရဲ့နေအိမ်အတွင်းမှာပဲ အသတ်ခံထားရလျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်တာနက် လူမှုကွန်ရက်ပေါ်မှာ သတင်းများ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့၊ နေ့လယ် ၃ နာရီခန့်က ဦးအောင်သောင်းဟာ ၎င်းရဲ့နေအိမ်မှ ခဲရောင် Honda Fit (ယာဉ်အမှတ် 3L/5652) ကားနဲ့ ထွက်ခွာသွားခဲ့ပြီးနောက် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မိသားစုဝင်များက ယာဉ်တိုက်မှုစတဲ့ အသေးအမွှားကိစ္စများဖြစ်ပြီး ရဲစခန်းများကို ရောက်နေသလား ဆိုကာ စိုးရိမ်တကြီးနဲ့ လိုက်လံရှာဖွေခဲ့ကြသလို လူမှုကွန်ရက်မှတစ်ဆင့်လည်း သတင်းအစအနရရှိဖို့ အကူအညီတောင်းခံခဲ့ကြပါတယ်။

ဒါပေမယ့်လည်း မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာတော့ သမီးဖြစ်သူက "ဖေဖေ အသတ်ခံရလို့ ဆုံးပါးသွားပါပြီ" လို့ အသိပေးလာခဲ့ပါတယ်။

ပိုမိုထိတ်လန့်ဖွယ်ကောင်းတဲ့ အချက်မှာ ဦးအောင်သောင်းဟာ အပြင်မှာ အသတ်ခံရခြင်းမဟုတ်ဘဲ ၎င်းရဲ့နေအိမ်အတွင်းမှာပဲ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြစ်မှုကျူးလွန်သူများဟာ ရုပ်အလောင်းကို စောင်များနဲ့ပတ်ကာ သစ်သားသေတ္တာအတွင်း ထည့်သွင်းထားခဲ့ကြောင်း မိသားစုနဲ့ နီးစပ်သူတစ်ဦးရဲ့ ပြန်လည်ပြောပြချက်အရ သိရပါတယ်။

အခုဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုကွန်ရက်မှတ်ချက် (Comments) များမှတစ်ဆင့် ထပ်မံသိရှိရတဲ့ အချက်အလက်‌များ ကတော့ အခင်းဖြစ်ပွားတဲ့ နေရာမှာ ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်၊ အမှတ် ၅ ကျောင်း (ယခင် အလက ၄) အနောက်ဘက်လမ်းမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် သေဆုံးသွားသူ ဦးအောင်သောင်းမှာ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦး ဖြစ်ပြီး ဆရာကြီးရဲ့ သမီးလင်မယားမှာ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြကာ နောက်ထပ်သားသမီးတစ်ဦးမှာလည်း နေပြည်တော်မှာ တာဝန်ကျနေတာကြောင့် ၎င်းဟာ အဆိုပါနေအိမ်အတွင်း တစ်ဦးတည်း နေထိုင်နေသူဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အသတ်ခံရသူနဲ့ ရင်းနှီးသူမိတ်ဆွေများရဲ့ သုံးသပ်ချက်အရ လူသတ်သမားများဟာ ဆရာကြီးကို သတ်ဖြတ်ပြီး ကားကိုပါ လုယူသွားခြင်းဖြစ်နိုင်ကြောင်း ယူဆနေကြပါတယ်။

သားသမီးများ အဝေးရောက်နေချိန် အေးချမ်းစွာ နေထိုင်တတ်တဲ့ သက်ကြီးရွယ်အိုတစ်ဦးကို အခုလို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်အပေါ် လူမှုကွန်ရက်အသုံးပြုသူများအကြား များစွာတုန်လှုပ်လျက်ရှိပြီး၊ ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ်အရေးယူနိုင်ဖို့ ဆန္ဒပြုနေကြပါတယ်။

စစ်တပ်အုပ်ချုပ်ရာဒေသတွေမှာ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ဓားမြမှု၊ ခိုးဆိုးလုယက်မှု၊ လူကုန်ကူးမှု အစရှိတဲ့ ရာဇဝတ်မှုတွေဟာမကြာခဏလိုဖြစ်ပွားနေပါတယ်။

#aamij
#HlaingInfo
🤬749😁3😢3🔥2
ရွှေကျင်မြို့နယ် ကွင်းဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်အရာရှိ ၁ ဦး အပါအဝင် ၂ ဦးသေဆုံး

မတ်လ ၁၃ ရက်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ရန်ကုန် ၅၁၀၂ တပ်ရင်းမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်ကျေးရွာကို ခမရ ၅၉၈ မှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နယ်မြေခံမဟာမိတ်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ထိတွေ့တိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်း ဖက် စစ်တပ်ဘက်မှ အထိနာ၍ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိ တော်လှန်ရေးရဲဘော်များက တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်းသို့ ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုတိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး စစ်သား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

"ရန်သူဘက်ကထပ်တိုးကျဆုံးစာရင်းတော့မသိရပေမယ့် သူတို့ပြန်ဆုတ်ပြေးတဲ့အချိန်မှာတော့ ကျဆုံးသူတွေ ဒဏ်ရာရသူတွေကို လှေတွေပေါ် အ သည်းအသန် မတင်ပြီး ရွှေ့သွားကြရတယ်လို့ မျက်မြင်တွေ့ရသူတွေကပြောပါတယ်။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးတိုက်ပွဲမှာလက်နက်ခဲယမ်း သိမ်းမိတာမျိုးတော့မရှိခဲ့ပါဘူး။ ရဲဘော်တွေ ပစ်ကြခတ်ကြတော့ ကျည်မှန်တဲ့ ရန်သူတွေ လဲကျကုန်တာတာတွေ မျက်မြင် မြင်ရတယ်။ နယ်မြေရှင်းလင်းမှုလုပ်တဲ့အချိန် ရှေးဦးသူနာပြုနဲ့အသက်ကယ်ထားတဲ့ပုံစံတွေ အရမ်းကြီးမားတဲ့ သွေးကွက်ကြီးတွေနဲ့ အရာရှိအသုံး အဆောင်တချို့ တွေ့ရတယ်။ မျက်မြင်တွေ့ရသူတွေကတော့ သူတို့ဆုတ်ခွာချိန် လှေပေါ်ကို ကျဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို အသည်းအသန် မ တင်ပြီးရွှေ့ နေကြရတာတွေ့တယ်လို့ ပြောကြတယ်။"ဟု ရန်ကုန် ၅၁၀၂ တပ်ရင်းမှတာဝန်ရှိသူက ပြောဆိုသည်။

ထိုတိုက်ခိုက်မှုကို ရန်ကုန် ၅၁၀၂ တပ်ရင်းနှင့် ရန်ကုန်တပ်ရင်းများ ၊ နယ်မြေခံမဟာမိတ် KNLA ပူးပေါင်းတပ်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်ဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM
#HlaingInfo
🥰32👏23👍134😁2
မန္တလေးမြို့၊ KBZ ဘဏ်(စက်မှုပန်းခြံ)ကို လက်နက်ကိုင်ဆောင်သူ အမျိုးသား ၂ ဦးက ဓားပြတိုက်ပြီး ငွေအိတ် ၂ အိတ် ယူဆောင်သွား၊

▪️ဓားပြတိုက်ခံရသော ယင်း KBZ ဘဏ်မှာ ဒုတိယအကြိမ် ဓားပြတိုက်ခံရခြင်းဖြစ်

မတ်လ ၁၃ ရက်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကမ္ဘောဇ (KBZ) ဘဏ်ခွဲတစ်ခုကို ယနေ့ နေ့လယ်ပိုင်းတွင် လက်နက်ကိုင်ဆောင်ထားသူ အမျိုးသား ၂ ဦးက ဝင်ရောက်ဓားပြတိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၃ ရက်နေ့၊ ယနေ့ နေ့လယ် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၁၃၄ လမ်းနှင့် ၁၃၅ လမ်းကြား၊ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်တွင် တည်ရှိသော အမှတ် ၄၂ KBZ ဘဏ်ခွဲ (စက်မှုပန်းခြံ) သို့ သေနတ်ကိုင်ဆောင်ထားသူ ၂ ဦး ရောက်ရှိလာပြီး ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

မျက်မြင်သက်သေများ၏ အဆိုအရ ဓားပြတိုက်သူများမှာ Scoopy i အမျိုးအစား ဆိုင်ကယ်အမည်းရောင်ကို စီးနင်းလာပြီး ဂျင်းဘောင်းဘီအပြာရောင်နှင့် ဖလန်ထည်အကျီများ ဝတ်ဆင်ထားကြောင်း၊ ၎င်းတို့သည် ငွေများကို ဆာလာအိတ် ၂ အိတ်ဖြင့် ထည့်သွင်းယူဆောင်ကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

"သေနတ်နှစ်လက် ပါတယ်။ နေ့ခင်းကြောင်တောင်ကြီးကို ရဲရဲတင်းတင်းဓားပြ ဝင်တိုက်သွားတာ။ ဆာ လာအိတ် နှစ်အိတ်နဲ့ ငွေတွေ အပြည့်ယူသွားတာပဲ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါ KBZ ဘဏ်ခွဲ (စက်မှုပန်းခြံ) သည် ယခင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ငွေကျပ် သိန်း ၁၈၀၀ နီးပါး ဓားပြတိုက်ခံခဲ့ရဖူးပြီး ယခုအခါ ဒုတိယအကြိမ်မြောက် ထပ်မံဓားပြတိုက်ခံရခြင်းဖြစ်သည်။

လက်ရှိတွင် ဓားပြတိုက်ခံရမှုနှင့် ပတ်သက်၍ ဆုံးရှုံးသွားသော ငွေကြေးပမာဏ အသေးစိတ်နှင့် ဖြစ်စဉ်အပြည့်အစုံကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

#KTM
#HlaingInfo
🤬52😁144👍4🤔4😢1
ရွှေကျင်၊ ကျောက်ကြီးနှင့် ပုလဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု နေအိမ်များထိခိုက်ပျက်စီးပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

မတ်လ ၁၃ ရက်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

မတ်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၂ မိနစ်ခန့်တွင် ရွှေကျင်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခမရ -၂၀ တပ်ရင်းက အင်ကုန်းကျေးရွာအတွင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လေပိန်၀ဲကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ရေတွင်းကုန်းကျေးရွာ အတွင်းကို လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေးတွေက ကျောက်ကြီးနဲ့ ရွှေကျင်ထဲက ရွာတွေကို ဗုံးကျဲတိုက်ခိုက်တာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေက နေ့တိုင်းနီးပါးကို လုပ်ဆောင်နေတာ ပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်းရှိတယ်။ ရွာထဲမှာ မနေရဲကျလို့ တိမ်းရှောင်နေကြရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ရွှေကျင်မြို့နယ်တွင် မတ်လ ၁၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀ တပ်ရင်းက တက်လာသော စက်တပ်လေထီးက အင်းဗလာကျေးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၄၃ နှစ်အရွယ် မေသွယ်လင်း၊ အသက် ၆ နှစ်အရွယ် ဂေလယ်ဒါး ၊ အသပ် ၂၈ နှစ်အရွယ် ဂျာရီး၊ အသက် ၄၀ နှစ်အရွယ် ဒေါ်မကူ၊ အသက် ၆ နှစ်အရွယ် မနိုစင်လင်း နှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်မူကီကီ တို့ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၉ နှစ် အရွယ် နိုဘယ်လင်း၊ အသက် ၃၈ နှစ်အရွယ် ထွန်းဇော်ဦး၊ အသက် ၅၀ နှစ်အရွယ် နန်းဋ္ဌေးအောင်နှင့် အသက် ၅၀ နှစ်အရွယ် တီးဒါးဖိုး တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က မတ်လ ၅ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်ခန့်တွင် တပ်မ ၇၇ ဦးဆောင်သော အင်အား ၁၀၀ ပါ စစ်ကြောင်း ၄ ကြောင်းက ကာမီကာဇေ ၊ လက်နက်ကြီး၊ ဒရုန်း နှင့်လေယာဉ်များအသုံးပြုကာ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်းနှင့်ကျောင်းကုန်း ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ ၃၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး နှင့် သက်ကြီးရွယ်အိုးများအပါအဝင် အပြစ်မဲ့ပြည်သူ ၄၀ ဦး ကျော်ကို ညှင်းပန်းနှိပ်စက်ခြင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ကျေးရွာများကို လိုက်လံဗုံးကျဲနေ၍ ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ မုံရွာမြို့ အခြေစိုက် နမခ မှ တက်လာသော Gyrocopter ၃ စီးသည် ပုလဲမြို့နယ် အနောက်မြောက်ခြမ်းရှိ ကျေးရွာများကို လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

"ဒီနေ့ နံနက်ပိုင်းမှာ နမခ ကနေ တက်လာတဲ့ စစ်ခွေး Gyrocopter ၃ စီးက ပုလဲမြို့နယ် အနောက်မြောက်ခြမ်းက ရွာတွေကို လေကြောင်း တိုက်ခိုက်နေလို့ ပြည်သူတွေ တိမ်းရှောင်နေရတယ်။ ပြည်သူတွေ ထိခိုက်မှုတော့ မရှိဘူးလို့တော့ သိရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#KTM
#HlaingInfo
🤬58🔥82👍2😢1
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ဟု မင်းအောင်လှိုင်ပြော

▪️စစ်အာဏာသိမ်းပြီးနောက် သဘာ၀ပတ်ဝန်းကျင်ကို အပြင်းအထန် ထိခိုက်စေမည့် ယင်းစက်ရုံစီမံကိန်းကို စစ်တပ်က ပြန်လည်စတင်နေပြီဟုဆို

မတ်လ ၁၃ ရက်

ဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ရကြောင်း အကြမ်းဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သော မြန်မာ့စာမျက်နှာသစ်ဖိုရမ်တွင် အကြမ်း ဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ၏ ကန့်ကွက်မှုများကြောင့် စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွား ရေးဦးပိုင် လီမိတက်က ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့သော ကော့စတစ်ဆိုဒါစက်ရုံစီမံကိန်းကို ဖျက်သိမ်းခဲ့ရကြောင်း၊ သဘာ၀ပတ်ဝန်းကျင်ထိခိုက်မည်ဟုဆိုကာ အပြင်းအထန်ကန့်ကွက်၍ စက်ရုံစီမံကိန်းကို ဖျက်သိမ်းခဲ့ရကြောင်း ၊ စက်ရုံအတွက် စက်များမှာယူထားပြီးဖြစ်၍ စီမံကိန်း ဖျက်သိမ်းလိုက်ရသဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ရပြီး ငွေများ ပြန်မရခဲ့ကြောင်း ၎င်းကဆိုသည်။

"ကျနော်တို့ စက္ကူလုပ်ဖို့ ပျော့ဖတ်လုပ်ဖို့ အထောက်အကူဖြစ်ဖို့အတွက် ကော့စတစ် ဆိုဒါစက်ရုံ ဆောက် ဖို့အတွက် ကျနော်တာဝန်ယူခဲ့တဲ့ ၂၀၁၁ ခုနှစ်လောက်က စပြီး ကြိုးစားခဲ့ပါတယ်။ အောင်လံဘက်မှာ စက်ရုံထောင်ဖို့လုပ်တာပေါ့။ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နဲ့ လုပ်တာ။ ပထမတော့ တော် တော်ကို အခြေအနေပေးလာတယ်။ စက်ရုံက စာချုပ်တွေ ဘာတွေ ချုပ်ပြီးပြီ။ ဒုတိယအစိုးရ(ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရ) တက်လာတော့ ကန့်ကွက်တယ်။ ပထမ အစိုးရ လက်ထက်မှာကတည်း က စကန့်ကွက်ခံရတယ်။ ပထမ ဦးသိန်းစိန်အစိုးရလက်ထက်မှာတင် တစ်ဝက်လောက်ကျမှ ကျနော့်ကို ကန့်ကွက်တယ်။ လုပ်လို့ မရဘူး ဘာ၀ူးညာ၀ူးနဲ့ ဖြစ်တာ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဖြစ်တယ်။ ကျနော်တို့က မျိုးစုံ ညှိနှိုင်းဆွေးနွေးတယ်။ မရဘူး။ ကန့် ကွက်မှုတွေ မျိုးစုံလုပ်တယ်။ ကဲ အဲဒါဆိုရင်လည်း တို့မလုပ်နိုင်ရင် နေရာရွှေ့ကြတာပေါ့ဆိုပြီး အဲဒီမှာ စက်တွေကမှာပြီးနေပြီ။ နောက်ဆုံးတော့ အဲဒီစက်ရုံစီမံကိန်း ဖျက်ပစ်လိုက်ရတယ်။ ဒေါ်လာ သန်း ၂၀ ဖိုးလောက် ဆုံးရှုံးသွားတယ်။ ပိုက်ဆံပြန်မရဘူး" ဟု မင်းအောင်လှိုင်က ဆိုသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
😁61🤬205👍4👎2👏1
မော်တော်ယာဉ်များ QR စနစ်ဖြင့် စက်သုံးဆီဖြည့်ရာတွင် Barcode မှားယွင်းမှုကြောင့် ဆီဖြည့်ခွင့် မရသူများရှိ၊ စက်သုံးဆီဈေး ၆၀၀ ကျော်အထိ မြင့်တက်လာ

မတ်လ ၁၃ ရက်

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီချွေတာရေးအဖြစ် စစ်ကော်မရှင်က အသစ်ကျင့်သုံး လိုက်သည့် QR Code စနစ်ဖြင့်စက်သုံးဆီ ဖြည့်ရာတွင် မော်တော်ယာဉ်အများအပြား၌ wheel Tax ပါ barcode မှားယွင်းမှုများကြောင့် ဆီဖြည့်ခွင့်မရကြောင်း သိရသည်။

စစ်ကော်မရှင်သည် ယမန်နေ့ မတ် ၁၂ ရက်နေ့က barcode စနစ်ဖြင့်ဆီဖြည့်သွင်းရန် ထုတ်ပြန်ပြီးနောက် ယနေ့မှာပင် အခက်အခဲများစွာကြုံတွေ့ရခြင်းဖြစ်သည်။ ယာဉ်ပိုင်ရှင်အချို့မှာ ဆီတစ်ကြိမ်မျှ ဖြည့်တင်းရ ခြင်းမရှိသေးသော်လည်း Barcode ဖတ်ရာတွင် "ဆီဖြည့်ပြီးသား" ဟု အနီရောင်ပြနေခြင်း၊ ယာဉ်နံပါတ် မှားယွင်းနေခြင်းတို့ကြောင့် ဆီဆိုင်များက ရောင်းချပေး၍ မရကြောင်း သိရသည်။

“ ဆီဖြည့်ဖို့ wheel tax ပေးလိုက်တယ်။ barcode ဖတ်ပြီးတော့ အနီရောင်ပြနေတယ်။ ဆီဖြည့် မရဘူး။ ဆီဖြည့်သားပြီးပေါ့။ အဲဒါဆိုင်ကိုပြောတယ်။ အခုမှဆီဖြည့်ရတာဆိုပေမယ့် ဆီဖြည့်ပြီးသား ဆိုပြီး ထပ်ဖြည့်မရတော့ဘူး။ barcode တွေထပ်နေတာလားမသိဘူး။ ကညနရုံးမှာသွားစစ်ဖို့ပဲ ပြောတယ်” ဟု ရန်ကုန်မြို့ခံ ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မော်တော်ယာဉ် wheel tax ပါ ဘားကုတ်ကို လိုင်စင်မဲ့ယာဉ်များအတွက် ပုံတူပွားထားခြင်းဖြစ်နိုင်ပြီး ဘားကုတ်အရည် အသွေးညံ့ဖျင်းမှုကြောင့်လည်း ဖြစ်နိုင်ကြောင်း လုပ်သက်ရင့် ယာဉ်မောင်းများထံမှ သိရသည်။

အဆိုပါ QR စနစ်ကြောင့် လိုင်စင်မရှိသည့် ဆိုင်ကယ် ဘေးတွဲသမားများမှာ ဆီဆိုင်ကြီးများတွင် ဝယ်ယူ၍မရတော့ဘဲ ပြင်ပ တရားမဝင် အရောင်းဆိုင်များတွင် ဈေးကြီးပေးကာ ဝယ်ယူနေရသဖြင့် အခြေခံ လူတန်းစားများအတွက်ပါ အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ပြင် ယနေ့ မတ် ၁၃ ရက်နေ့ စက်သုံးဆီဈေးနှုန်းများသည်လည်း တစ်လီတာလျှင် ကျပ် ၃၀၀ မှ ၆၀၀ ကျော်အထိ သိသာစွာ မြင့်တက်လာခဲ့သည်။

ယနေ့စစ်ကော်မရှင်သတ်မှတ်သောစက်သုံးဆီရည်ညွှန်းဈေးတွင် ၉၂ တစ်လီတာ ၂၈၃၀ ကျပ် ( ၃၀၅ ကျပ်တိုး)၊ ၉၅ တစ်လီတာ ၂၉၃၀ ကျပ်( ၃၃၅ ကျပ်တိုး)၊ ပရီမီယံဒီဇယ် ၃၅၆၀ ( ၆၅၅ ကျပ်တိုး) နှင့် ဒီဇယ်ဆီ ၃၂၀၅ ကျပ် ( ၅၉၅ ကျပ်တိုး) လာကြောင်းသိရသည်။

စစ်ကော်မရှင်သည် စက်သုံးဆီ ချွေတာရန်ဟုဆိုကာ မော်တော်ယာဉ်များကို စုံ/မ ဂဏန်းခွဲ၍ မောင်းနှင်စေခြင်းအပြင် QR Code ဖြင့် လီတာကန့်သတ် ရောင်းချခြင်းများကို အတင်းအကျပ် လုပ်ဆောင်လာခြင်း ဖြစ်သည်။

ဓာတ်ပုံ - လူမှုကွန်ရက်
#AYAT
#HlaingInfo
🤬59🔥83👍2😁2👎1😢1
ရွှေဘိုခရိုင်အတွင်း ပြည်သူများ စိတ်အနှောက်ယှက်ဖြစ်စေမည့် ဂိတ်များ မရှိတော့ဟုဆို

မတ်လ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်စစ်ဌာန နယ်မြေအတွင်း ပြည်သူများ စိတ်အနှောင့်ယှက်ဖြစ်စေမည့် ဂိတ်များအားလုံး မရှိတော့ကြောင်း သိရသည်။

ရွှေဘိုခရိုင်စစ်ဌာနအတွင်းတွင် ဖွင့်လှစ်ထားသည့် ဂိတ်စုစုပေါင်း ၇၅ဂိတ်ရှိခဲ့ပြီး ယင်းအနက် ဂိတ် အများစုသည် အထက်အဆင့်ဆင့်၏ ခွင့်ပြုချက်ရယူထားခြင်းမရှိဘဲ ငွေကြေးများကောက်ခံခြင်းနှင့် စစ်ဆေးရေးပြုလုပ်ရာတွင် စည်းကမ်းမရှိခြင်းတို့ကြောင့် ဒေသတွင်းပြည်သူများ၊ လုပ်ငန်းရှင်များ၊ ခရီးသွားပြည်သူများနှင့် တော်လှန်ရေးအဖွဲ့အစည်းများ ခရီးသွားလာရ နှောင့်နှေးကာ စိတ်အနှောက် အယှက်ဖြစ်ရသဖြင့် ဖေဖော်ဝါရီ ၁၇ရက်နောက်ဆုံးထား၍ ဂိတ်များပိတ်သိမ်းရန် အမှတ်တစ်၊ ရွှေဘိုခရိုင်စစ်ဌာနက ညွှန်ကြားခဲ့သည်။

" ၁၈ ရက်နေ့ကစပြီး ဖွင့်သင့်တဲ့ဂိတ်တွေကိုပြန်စိစစ်ပြီးဖွင့်တာပါ။ အရင်လို ကိုယ်ထင်ရာကိုယ် ဖွင့်မဟုတ်တော့ဘူးပေါ့လေ။ ခရိုင်ကနေပဲ အစီအစဥ်တကျနဲ့ လုပ်တာပါ။ ကိုယ့်ရဲ့စစ်ဆေးရေးလုပ် ငန်းတွေကြောင့် ပြည်သူလူထုလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင်၊ ရန်သူစိမ့်ဝင်မှုလည်းနည်းအောင်၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေလည်းလုပ်နိုင်အောင် မြို့နယ်ချင်းကစလို့ ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်တာပါ" ဟု အမှတ်တစ်၊ ရွှေဘိုခရိုင်စစ်ဌာန မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ပြန်လည်ဖွင့်လှစ်ထားသည့် ဂိတ်များတွင် စစ်ဘက်ဆိုင်ရာလုံခြုံရေးဂိတ်နှင့် အခွန်ကောက်ခံသည့် ဂိတ်များဟူ၍ ၂မျိုးခွဲထားကြောင်းသိရသည်။

" စစ်ဘက်ဆိုင်ရာလုံခြုံရေးဂိတ်တွေကတော့ ရန်သူစိမ့်ဝင်လာနိုင်မယ့်နေရာတွေမှာထားတာ။ အဲဒီဂိတ်တွေမှာဆိုရင် ငွေကြေးကောက်ခံတာ၊ အလှူခံတာ၊ အလှူငွေလက်ခံတာကအစ မလုပ်ရ ဘူးပေါ့။ အခွန်ဂိတ်တွေကတော့ ကုန်သွယ်လမ်းတွေနဲ့ သယံဇာတသယ်ဆောင်ရာ လမ်းကြောင်းတွေ မှာရှိတာပါ။ အခွန်ဂိတ်တွေကတော့ ပအဖ ဘက်က အဓိကလုပ်တာပေါ့လေ။ ကျနော်တို့က ဝန်းရံကူ ညီပေးရုံပဲ" ဟု ၎င်းက ဆက်လက်ပြောသည်။

ယခုဖွင့်လှစ်ထားသည့် ဂိတ်များတွင် Local အဖွဲ့များ ပူးပေါင်းပါဝင်ခြင်းမရှိသေးသလို ယခင်က လည်း Local အဖွဲ့များက ဖွင့်လှစ်ထားသည့် ဂိတ်များမရှိကြောင်း သိရသည်။

"အခုထိတော့ Local တွေ မပါဝင်သေးပါဘူး။ ကျနော်တို့ဘက်ကလည်း Local တွေကို အုပ်ချုပ် ထောက်ပံ့မှု ကောင်းကောင်းမပေးနိုင်သေးလို့ပေါ့လေ။ မကြာခင် ပံ့ပိုးနိုင်လာရင်တော့ ဒီနယ်မြေ လုံခြုံရေးတာဝန်တွေကို သူတို့လည်းပူးပေါင်းတာဝန်ယူရမှာပါ" ဟု ၎င်းကဆက်လက် ပြောသည်။

လက်ရှိတွင် မြို့နယ်တစ်ခုချင်းစီအလိုက် ရှိသင့်သည့် အခွန်၊ စည်ပင်နှင့် ကာကွယ်ရေးဂိတ်များကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ အရပ်ဘက်၊ စစ်ဘက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းထားပြီး မလိုက်နာပါက အရေးယူမည့် စနစ်များလည်း တည်ဆောက်ထားကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
#MPA
#HlaingInfo
👍6618😁4🥰2
၇၇ တပ်မမှူး ဗိုလ်မှူးကြီးဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲတွင် သေဆုံးဟု ကနဦး သတင်းရရှိ

မတ်လ ၁၃ ရက်

နောင်ချိုစစ်ဆင်ရေးတွင် နာမည်ကောင်းရပြီး တပ်မမှူးရာထူးတိုးခဲ့သူ ဗိုလ်မှူးကြီးဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲဖြစ်စဉ်၌ သေဆုံးခဲ့ကြောင်း ကနဦး သတင်းရရှိသည်ဟု MDSI က ယနေ့(မတ်၁၃ရက်) သတင်းထုတ်ပြန်သည်။

၎င်းသည် နောင်ချိုတန်ပြန်စစ်ဆင်ရေးတွင် နာမည်ကောင်းရရှိကာ အမှတ်၇၇ ခြေမြန်တပ်မဌာနချုပ် ၏ တပ်မမှူးဖြစ်လာသူဖြစ်ကာ ၎င်း သေဆုံးသည့်သတင်းကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေ ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်သည်။

“ရရှိတဲ့ရင်းမြစ်က သတင်းမှန်လေ့ ရှိတယ်ဗျ။ ဒါပေမယ့် အခြား သတင်းတွေနဲ့ ဆက်စပ်ကြည့်တာ တော့ မရသေးဘူး။ အခြား ထပ်မံအတည်ပြုလို့ ရနိုင်ဖို့ ကြိုးစားနေတုန်းပဲ။ ၇၇ တပ်မမှူး အမည်စာရင်း၊ စစ်ဆင်ရေးခွင် လှုပ်ရှားမှု စတဲ့အချက်အလက်တွေတော့ ချိတ်ဆက်ကြည့်နေဆဲပါပဲ” ဟုMDSI စစ်ဘက်သုတေသန တာဝန်ခံ CDMဗိုလ်မှူး နောင်ရိုးက MPAသို့ ပြောသည်။

ဗိုလ်မှူးကြီးဝင်းမောင်မောင်သည် ပြီးခဲ့သည့်ရက်ပိုင်းက ပခုက္ကူမြို့နယ်အတွင်းတစ်နေရာ၌ ထိခိုက် သေဆုံးခဲ့သည်ဟု သတင်းရင်းမြစ်ထံက သိရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဗိုလ်မှူးကြီးဝင်းမောင်မောင် သေဆုံးခဲ့သည့် သတင်း မှန်ကန်ပါက စစ်မြေပြင်တွင် ထိခိုက်ဆုံးရှုံးသော တပ်မ၇၇၏ ဒုတိယမြောက် တပ်မမှူး ဖြစ်ကြောင်း ယခင် တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးသည် အင်းတော်မြို့နယ်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်တပ်မတော်(PDF)၏ စစ်သုံ့ပန်းအဖြစ် ၂၀၂၅ ခုနှစ် ဧပြီလ ၈ ရက်က ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် တပ်မ၇၇ သည် ချင်းပြည်နယ် မြောက်ပိုင်း၊ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်း နှင့် မကွေးတိုင်းတို့တွင် တပ်ဖြန့်ခွဲ စစ်ဆင်ရေး ဝင်‌ရောက်နေကြောင်း MDSI က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-Awng Dang
ပုံစာ- အင်းတော်မြို့ကို တော်လှန်ရေးအင်အားစု သိမ်းပိုက်ခဲ့ပြီးနောက် တွေ့ရသော မြင်ကွင်း။
#MPA
#HlaingInfo
58👍34👏8😁2🥰1
တောင်တွင်းကြီးတွင် PDF တပ်စခန်းများကို လိုက်လံစုံစမ်းပြီး ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းနေသော စစ်တပ်ဒေါက်တိုင် အောင်မျိုးထွန်း ပစ်ခတ်ခံရပြီး သေဆုံး

မတ်လ ၁၃ ရက်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် PDF တပ်စခန်းများကို လိုက်လံစုံစမ်းပြီး ပြည်သူများကို အကြမ်းဖက် စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းနေသော စစ်တပ်ဒေါက်တိုင် အောင်မျိုးထွန်းပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် အောင်မျိုးထွန်းသည် ရွာပြင်ဘက်ရှိ ပဲခင်းကို လာရောက်စဉ်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော စစ်တပ်ဒေါက်တိုင် အောင်မျိုးထွန်းသည် PDF တပ်စခန်းများကို လိုက်လံ စုံစမ်းပြီး အကြမ်းဖက် စစ်တပ်ထံ ပေးပို့ခြင်း၊ ထို့ပြင် ကျေးရွာနေပြည်သူများကိုလည် တော်လှန်ရေးနှင့် ပတ်သတ်သည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

"အဲကောင်က သူလုပ်ထားတဲ့ အမှားတွေ တော်တော်များတော့ အပြင်မထွက်ကြာပြီ ၁၀ ရက်နေ့ကမှ ပဲခင်းကို ထွက်လာတာကို သိလို့ တော်လှန်ရေးတပ်တွေက သွားရောက် ပစ်ခတ်တာ ပွဲချင်းပြီးသေဆုံးတယ်တဲ့ အဲကောင်ကြောင့် ထောင်ကျနေတဲ့ သူတွေ အဖမ်းခံရသူတွေ ထွက်ပြေးနေရတဲ့သူတွေ အခုထိရွာကိုမပြန်နိုင်သေးပါဘူး။ တော်တော်လေးကို ပြည်သူတွေကို ဒုက္ခပေးနေတဲ့ကောင်ပါ။ အဲ့ကောင်က စစ်ခွေးတွေနဲ့လည်းပေါင်းပြီး တော်လှန်ရေးကာလ အစကတည်းက PDF တွေနေတဲ့ နေရာတွေကို လိုက်ပြတာ စုံစမ်းတာတွေလည်း လုပ်ဆောင်ပါတယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

#KTM
#HlaingInfo
👏73👍25😁3🥰1
မိုးကုတ်မြို့အနောက်ခြမ်းမှာတိုက်ပွဲ
စစ်တပ်အထိနာ

မတ်လ ၁၃ ရက်

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေစိုးမိုးနယ် မြေထဲကျွံဝင်လာတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား၇ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

မတ်လ ၁၂ရက် နေ့၊ မိုးကုတ်မြို့အနောက်ခြမ်းက ကျောက်ဆင်ရွာအထိ စစ်သား၁၅ ယောက်ခန့် ကျွံဝင်လာတာမို့ တော်လှန်ရေးတပ် တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။

"ဒီဘက်က နေဝိုင်းပြီး ပိတ်ဆို့တိုက်ခိုက်တာခံရတဲ့အတွက် သူတို့အနေနဲ့ဒဏ်ရာရ လူနာနဲ့ အလောင်းတွေဆွဲပြီး ထွက်ပြေးသွားရတာ တွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရှိတယ်"လို့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တဦးက ပြောပါတယ်။

အဲဒီနောက် စစ်တပ်က မိုးကုတ် ဆေးရုံကြီးနဲ့ အောင်နန်းရပ်ကွက်က ကုဋေဌေး ဆေးခန်းမှာ ကား တွေနဲ့ ဒဏ်ရာရ သေဆုံး တွေ ဆေးလာကုတာ တွေရှိတယ်လို့ သိရပါတယ်။

"၇ဦး လောက် သေဆုံးမြင်ခဲ့ရတယ်"လို့ မျက်မြင်တွေ့သူတဦးရဲ့ ပြောကြားချက်ကို တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပြပါတယ်။

မတ်၁၃ရက်နေခင်းပိုင်းအထိမိုးကုတ်မြို့ အနောက်
ဘက်မှာ ပစ်ခတ်သံတချို့ မကြာခဏ ကြား နေရပြီး ထိတွေ့ တိုက်ပွဲ တချို့ရှိ နေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

စစ်တပ်က တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ၂၀၂၅
ခုနှစ် နိုဝင်ဘာလ၂၉ ရက်နေ့မှာ TNLAတပ်ဖွဲ့ဆီကနေ မိုးကုတ်မြို့ကို ပြန်လည်လွှဲပြောင်းယူခဲ့တာပါ။

တော်လှန်ရေး တပ်တွေပါ မြို့တွင်းကဆုတ်ပေးခဲ့ရပေမယ့် မြို့အပြင်မှာတော့ နိုဝင်ဘာလ၃၀ ရက်ကတည်းက စစ်တပ်ကို ဆက်တိုက် တိုက်ခိုက်နေတာဖြစ်ပါတယ်။လတ်တလောမှာ မိုးကုတ်မြို့အနောက်ပိုင်းမှာတိုက်ပွဲတွေအဓိကဖြစ်နေတာပါ ။

(မိုးကုတ်-မိုးမိတ်ဒေသတိုက်ပွဲမှာစစ်တပ်ထံမှာသိမ်းဆည်းရရှိခဲ့တဲ့ ကင်းထောက်ဒရုန်းနဲ့ PDF တပ်ဖွဲ့ဝင်တွေ ။ဓါတ်ပုံ-NUG/MOD)
#LNO
#HlaingInfo
👏63👍1614😁4🥰2
ရေတာရှည်မြိုနယ်၊ ဆွာမကြီးကျေးရွာရှိ စစ်တပ် စခန်းမှ ရဲတပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၁ ဦး သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

မတ်လ ၁၃ ရက်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမကြီးကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းမှ ရဲတပ်ကြပ် ၁ ဦး နှင့် ရဲတပ်သား ၁ ဦး သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း PDF - Tatkon "Battalion 803" မှ တပ်ရင်းမှူး ရဲဘော်ရာမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရေတာရှည်မြိုနယ်၊ ဆွာမကြီးကျေးရွာတွင် စခန်းချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းမှ ရဲတပ်ကြပ် ထက်မိုးဟိန်း နှင့် ရဲတပ်သား ကျော်စွာတို့သည် သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး နေပြည်တော် တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် ၈၀၃ ထံသို့ ဆက်သွယ်ချိတ်ဆက်၍ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အလင်းဝင်ရောက်လာသော ရဲတပ်ကြပ် ထက်မိုးဟိန်း နှင့် ရဲတပ်သား ကျော်စွာတို့သည် ၎င်းတို့ ကိုင်ဆောင်သော G3 အမျိုးအစား သေနတ် ၂ လက် ၊ ကျည်ဘောက် ၈ ဘောက်၊ ကျည် ၁၀၀ တောင့်နှင့် ကျည်ကာ ဝတ်စုံ ၂ ခု တို့ကိုလည်း ယူဆောင်လာခဲ့ကြောင်းသိရှိရသည်။

"အလင်းဝင်ရောက်လာတဲ့သူက ဖုန်းနဲ့ပဲ ချိတ်ဆက်ပြီး ဝင်ရောက်လာတာပါ။ အလင်းဝင်ရောက် လာတဲ့သူကို ဂုဏ်ပြုချီးမြင့်တာ မျိုးတော့ မလုပ်ပေးလိုက်ပါဘူး။ တပ်ရင်းအနေနဲ့ အလင်းဝင်ရောက်လာတဲ့ သူတွေကို ဘယ်လို ပုံစံမျိုး ဖြစ်ချင်လဲ ဘယ်ကိုသွားချင်လဲ ဆိုတာတွေ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြစ် အောင်လုပ်ပေးလိုက်ပါတယ်။ အကြမ်းဖက် စစ်တပ်လက်အောက်မှာ ရှိနေသူတွေ အနေနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံလာဖို့အတွက် တိုက်တွန်းလိုပါတယ်"ဟု PDF - Tatkon "Battalion 803" မှ တပ်ရင်းမှူး ရဲဘော်ရာမွန်က ပြောဆိုသည်။

အလင်းဝင်ရောက်လာသော ရဲတပ်သား၂ ဦး ယူဆောင်လာသည့် လက်နက်ခဲယများကို တပ်ရင်း(၈၀၃) မှတဆင့် နေပြည်တော်တိုင်းစစ်ဌာနသို့ စနစ်တကျ အပ်နှံခဲ့ကြောင်း၊ နေပြည်တော်တိုင်းစစ်ဌာန မှ အဆိုပါ ရဲတပ်သား ၂ ဦးကို ပြည်သူ့ရင်ခွင်နှင့် ချိတ်ဆက်ပေးပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ကာ ပြည်ပတွင် အလုပ်အကိုင်ရရှိ နေနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ အလင်းဝင်ရောက်လိုသော စစ်တပ်မှ စစ်သား၊ ရဲများအနေဖြင့် ပြည်သူ့ရင်ခွင်သို့ အလင်းဝင် ရောက်လိုပါလျှင် တပ်ရင်းအမှတ် (၈၀၃) နှင့် ဆက်သွယ်ချိတ်ဆက်နိုင်ပါကြောင်း PDF - Tatkon "Battalion 803" အဖွဲ့မှ အသိပေး ပြောဆိုထားသည်။

#KTM
#HlaingInfo
🥰38👍347😁3
ဗန်းမော်အနီးရှိ ရွှေမှော် လေကြောင်းတိုက်ခိုက်ခံရမှုတွင် ရုပ်အလောင်း ၁၂ ခုရှာဖွေတွေ့ရှိ

မတ်လ ၁၃ ရက်

စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော ဗန်းမော်မြို့နယ်၊ စင်းခန်းတံတားအထက်ပိုင်းရှိ ရွှေလုပ်ကွက်များတွင် ယမန်နေ့က ရုပ်အလောင်း ၁၂ ခု ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

ရွှေဖောင်များ ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိသူ သုံးဆယ်ကျော်ရှိနိုင်ပြီး မြစ်ထဲတွင် သေဆုံးခဲ့သည့် အလောင်း (၁၂) လောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။

“(မတ်လ ၁၂ ရက်နေ့) လူရှစ်ယောက် ဒဏ်ရာရပြီးတော့ လူနှစ်ယောက်ထိတယ်ဆိုပြီး သတင်းပေးလာပါတယ်။ မနေ့က ရေထဲဝင်ပြီးရှာတဲ့အချိန်မှာ အလောင်း ၁၂ လောင်း ပြန်ရှာတွေ့တယ်တဲ့။ ဒဏ်ရာရတဲ့သူတွေလည်း သုံးဆယ်ကျော်တယ်တဲ့ ဒါပေမဲ့ အတည်မပြုရသေးဘူး။ ရွှေဖောင်မှာဆိုတော့ လူအယောက်လေးဆယ်တော့ မရှိလောက်ဘူးလို့ထင်တယ်” ဟုပြောသည်။

ထိခိုက်သေဆုံးခဲ့သူများတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများပါဝင်ပြီး မိသားစုတစ်ခုတည်းမှ သေဆုံးခဲ့သူခြောက်ဦးကို ယမန်နေ့ညနေက မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်သေဆုံးသူများနှင့် ရေထဲနစ်မြုပ်သေဆုံးသူများလည်း ရှိခဲ့သောကြောင့် ထိခိုက်သေဆုံးသူအရေအတွက်ကို အတည်ပြုရန် ခက်ခဲကြောင်း ဒေခသံအမျိုးသမီးတစ်ဦးပြောသည်။

“အတိအကျသိဖို့ကတော့ မလွယ်သေးပါဘူးရှင့်၊ ‌ရေထဲမျှောသွားတဲ့သူတွေ၊ မီးလောင်သွားတဲ့သူတွေ၊ မော်တော်နဲ့အတူမြှုပ်နေတဲ့သူတွေဆိုတော့ တစ်ရာနီးပါးရှိမယ်လို့တော့ အနားကမော်တော်သမားတွေက ပြောကြပါတယ်။ အိတ်နဲ့ထုတ်ထားတာက ကလေးအလောင်းမဟုတ်ဘူး၊ ဟိုတစ်စ ဒီတစ်စ လွင့်နေတဲ့ဟာတွေကို တူတဲ့ဟာတွေလို့ထင်တာတွေကို ထုတ်ထားတာဟုတ်တယ်” ဟုပြောသည်။

သေဆုံးသူအရေအတွက် အတိအကျအတည်ပြုနိုင်ခြင်းမရှိသေးဘဲ ထိခိုက်ဒဏ်ရာရရှိခဲ့သူအချို့မှာ လုံခြုံသည့်နေရာတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ညနေ ၃ နာရီနှင့် ၆ နာရီကြား ဗန်းမော်မြို့နယ် ဘူးတောင်း၊ မြလယ်၊ နမ့်ခုတ်ကျေးရွာတို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ရွှေလုပ်ကွက်ရှိ ရွှေဖောင်ခြောက်ခု မီးလောင်ပျက်စီးခဲ့သည့်အပြင် ဆီပေပါများလည်း မီးလာင်ခဲ့ကြောင်း သိရသည်။

ပုံ - ၂၀၂၆ မတ်လ ၁၀ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးခဲ့သည်များကို တွေ့ရစဉ်
#T74M
#HlaingInfo
😢55🤬256👍2👏2🔥1
ပခုက္ကူကထွက်ခွာလာတဲ့ စစ်ယာဉ်တန်းကြောင့် ပေါက်မြို့နယ်က ဒေသခံ ၇,၀၀၀ခန့် တိမ်းရှောင်

မတ်လ ၁၃ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ (၁၀၁)က ထွက်ခွာလာတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကြောင့် ပေါက်မြို့နယ်အတွင်းက ပြည်သူ ၇၀၀၀ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းနေရကြောင်း ဒေသခံများက ပြောပါတယ်။

မတ်လ ၉ ရက်က ပခုက္ကူမြို့ကစတင်ထွက်ခွာလာတဲ့ ယာဉ်အစီးရေ ၁၅၀ ကျော်ပါတဲ့ စစ်တပ် ရိက္ခာတင်ယာဥ်တန်းဟာ ပေါက်-ဆိပ်ဖြူလမ်းပိုင်းကနေ ကပစ (၂၄)လက်နက်စက်ရုံသို့ ဦးတည်သွားနေကြောင်း၊ ရှေ့ပြေးစစ်ကြောင်းတွေနဲ့ လုံခြုံရေးယူလာတဲ့ အဆိုပါယာဉ်တန်းဟာ မတ်လ ၁၁ ရက်မှာ ပေါက်မြို့နယ်၊ ချက်ကန်ကျေးရွာမှာ ညအိပ်ရပ်နားခဲ့ပြီး ဒီကနေ့ အချိန်အထိ စစ်ကြောင်း (၃)ကြောင်းနဲ့ ဖြန့်ကျက်လှုပ်ရှားလျက်ရှိကြောင်း ဒေသခံများက ပြောပါတယ်။

"ရေပြာ၊ မြင်းခြံကုန်း ရှောင်နေပြီ။ ကပစ(၂၄)ကို မနက်ဖြန်လောက်မှာ ထွက်မယ်ထင်တယ်။ ချက်ကန်နားကနေပြီးတော့ စစ်ကြောင်း သုံးကြောင်း ခွဲထွက်တာပြောတယ်"လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

စစ်တပ်ယာဉ်တန်းများကြောင့် လမ်းဘေးတစ်လျှောက်ရှိ ကျေးရွာတွေက အိမ်ထောင်စု (၁,၂၀၀)ကျော်၊ လူဦးရေ (၇,၀၀၀)ခန့်မှာ နေအိမ်တွေကို စွန့်ခွာကာ နီးစပ်ရာ တောတောင်များသို့ ယာယီစစ်ဘေးရှောင်နေရကြောင်း
ပေါက်မြို့နယ် လူသားစာနာဌာန တာဝန်ရှိသူက ပြောပါတယ်။

စစ်ဘေးရှောင်နေရသူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေထိုင်ရေးအတွက် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ပေါက်-ဆိပ်ဖြူ ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများအနေနဲ့လေကြောင်းရန်နဲ့ လက်နက်ကြီးရန်အတွက် အထူးသတိပြုကြဖို့၊ စစ်ကြောင်းသတင်းများကို အချိန်နဲ့တစ်ပြေးညီ နားစွင့်နေကြဖို့နဲ့ စစ်ဘေးရှောင်တိမ်းဖို့ လိုအပ်လာပါက စားနပ်ရိက္ခာနဲ့ အရေးကြီးစာရွက်စာတမ်းတွေကို ကြိုတင်ပြင်ဆင် သိမ်းဆည်းထားကြဖို့ ပေါက်မြို့နယ် လူသားစာနာဌာနက သတိပေးထားပါတယ်။

(တိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓါတ်ပုံ-ပေါက်လူသားစာနာဌာန)
#LNO
#HlaingInfo
🤬69🔥3😁31👏1😢1
အာဏာရှင်တော်လှန်ရေးမှာ ပေးဆပ်ကျဆုံးခဲ့ရသူတွေကို ဦးညွှတ်ဂုဏ်ပြုဟု CRPHနဲ့ NUGက ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်ကျဆုံးမှု နှစ်ပတ်လည်နေ့ သဝဏ်လွှာပို့

မတ်လ ၁၃ ရက်

အာဏာရှင်တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရသူတွေ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့သူတွေကို ဦးညွှတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်ထေင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့က ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့ ဖော်ပြပါတယ်။

မတ်လ ၁၃ ရက်နေ့ဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးနဲ့လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့တောင်းဆိုရင်း အကြမ်းဖက်စစ်တပ်ရဲ့  ရက်စက်ယုတ်မာစွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ကျောင်းသားများဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့  မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့  (၃၈) နှစ်မြောက်နေ့ဖြစ်ပြီး CRPHနဲ့ NUG တို့က သီးခြားစီ သဝဏ်လွှာ ပေးပို့ခဲ့ကြတာပါ။

၁၉၈၈ မတ်လ ၁၃ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ရဲ့ စွန့်လွှတ်စွန့်စားမှုဟာ  ကျောင်းသားပြည်သူတရပ်လုံးရဲ့ နိုင်ငံရေးစိတ်ဓာတ်များကို နိုးကြားစေကာ မြန်မာ့ ဒီမိုကရေစီသမိုင်းရဲ့အထင်ကရမှတ်တိုင်ဖြစ်သော ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ပေါ်ပေါက် လာစေဖို့ အစပျိုးပေးခဲ့တဲ့ တွန်းအားတစ်ရပ်ဖြစ်ခဲ့ပြီး ယင်းနေ့ကို မြန်မာ့လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကာ ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးအင်အားစုတွေနဲ့  ဒီမိုကရေစီအင်အားစု တွေက  အစဉ်တစိုက် အောက်မေ့ ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြတယ်လို့ NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

လွန်ခဲ့သော ၃၈နှစ်က ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ မျှော်မှန်းခဲ့တဲ့ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေဟာ အခုထိ  ပြည့်ဝစွာ အကောင်အထည် မဖော်နိုင်သေးဘဲ အကြမ်းဖက်စစ်အုပ်ဟာ   တိုင်းပြည် အချုပ်အခြာအာဏာကို လက်နက်အားကိုး ဖြင့် ဗိုလ်ကျပြီး ပြည်သူတွေကို ရက်ရက်စက်စက်  ဖိနှိပ်ညှင်းပန်း သတ်ဖြတ်တာအပါအဝင် စစ်ရာဇဝတ်မှုတွေ  ကျူးလွန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ တဖက်မှာလည်း ပြည်သူလူထုရဲ့ ခုခံတော်လှန်မှုဟာ   ကြံ့ကြံ့ခံနိုင်စွမ်းရှိစွာဖြင့် အရှိန်အဟုန်မပျက် ဆက်လက်ချီတက်လျက် ရှိဟု NUGက အသိပေးပါတယ်။

" အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျဆုံးလေပြီးသော ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ အပါအဝင် ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတွင် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြ သော ကျောင်းသားအာဇာနည်များ၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောင်းသားရဲဘော်များ နှင့် နွေဦးတော်လှန်ရေး သူရဲကောင်းများအားလုံးကို လေးနက်စွာ ဂုဏ်ပြုဦးညွတ်အပ်ပါသည်” လို့ NUG သဝဏ်လွှာမှာ ဖော်ပြပါတယ်။

CRPH ရဲ့ သဝဏ်လွှာမှာလည်း  ကိုဖုန်းမော်နဲ့  ကိုစိုးနိုင်တို့ကဲ့သို့ ခေတ်အဆက် ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော ကျောင်းသားလူငယ် အာဇာနည်သူရဲကောင်း အပေါင်းတို့အား  ဦးညွှတ်အလေးပြုကြောင်း ဖော်ပြပါတယ်။

" ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကဲ့သို့ အဖိုးတန်လှသော ကျောင်းသားလူငယ်များစွာ၏ ပေးဆပ်မှုများ အချည်းနှီးမဖြစ်စေရန်မှာ ခိုင်မာ သောညီညွတ်မှုအပေါ် များစွာမူတည်နေပါသည်။ တော်လှန်ရေးအင်အားစုများအားလုံး အကြား တွင် မတူညီသော အတွေးအမြင်များရှိနိုင်သော်လည်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဘုံရည်မှန်း ချက်ပန်းတိုင်မှာ တူညီကြသည့်အတွက်ကြောင့် မိမိတို့တော်လှန်ရေးအင်အားစုများအားလုံးအနေ ဖြင့် တူညီသော ဘုံရည်မှန်းချက်ပန်းတိုင်ဆီသို့  ခိုင်မာသောညီညွတ်မှုဖြင့် လက်တွဲညီညီ ချီတက် သွားကြစေလိုကြောင်း အလေးအနက် တိုက်တွန်းအပ်ပါသည်” လို့ CRPHရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

တော်လှန်ရေးအင်အားစုများအားလုံးအနေနဲ့အရေးကြီးသော ယနေ့အချိန်အခါမှ  ညီညွတ်မှုကိုအခြေမခံနိုင်ဘဲ တစ်ကွဲတစ်ပြားဖြစ်နေမယ်ဆိုရင်  ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကဲ့သို့ ဖြစ်ရပ်များ များစွာရှိနေဦးမယ်လို့ CRPHက သတိပေးပြီး  နောင်မျိုးဆက်များရဲ့  အသက်၊ ဘဝပေါင်းများစွာသည်လည်း စစ်အာဏာရှင်စနစ်ရဲ့  ဝါးမြိုခြင်းခံကြရဦးမယ်လို့ ရေးသားထားပါတယ်။

ဒါကြေငာ့် ဘုံရန်သူအကြမ်းဖက်စစ်အာဏာရှင်များကို လက်တွဲညီညီဖြင့်တိုက်ထုတ်ကာ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ မျှော်မှန်းခဲ့ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို နောင်လာနောက်သား မျိုးဆက်သစ်များဆီသို့ သမိုင်းအမွေအနှစ်အဖြစ် ချန်ရစ်ခဲ့နိုင်ရေး ကြိုးပမ်းသွားကြဖို့ CRPHက တိုက်တွန်းထားပါတယ်။

(ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ( ၃၈ )နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - KCSSH)
#LNO
#HlaingInfo
👍70😢10😁86🥰1
မိုးကုတ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊

▪️အထက်မင်းလှတွင်လည်း စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများထိခိုက်မှုရှိ

မတ်လ ၁၃ ရက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် မိုးကုတ်မြို့ အနောက်ပိုင်း ဘော်ဗဒါန်းရွာဘက်မှ ကျောက်ဆင်ရွာဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာ နေရာကို မတ်လ ၁၂ ရက်နေ့တွင် မိုးကုတ်မြို့ဘက်မှ ထွက်လာသော စစ်ကား ၂ စီးသည် ဘော်ဗဒါန်းရွာဘက် စစ်ကူရောက်ရှိလာပြီးနောက် စစ်ကြောင်းထပ်ထိုးလာ၍ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ ဘော်ဗဒါန်းရွာဘက်တွင်သာ ရပ်တန့်နေပြီး မိုးကုတ်မြို့ပေါ်ကိုလည်း စစ်ကားများဖြင့် စစ်သားအလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို ဆက်တိုက်ပို့ဆောင်နေကြောင်း သိရသည်။

"မိုးကုတ် အနောက်ပိုင်းကတော့ တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေက နေ့တိုင်းကို ကြားနေရတာ နောက်ပြီး ဒဏ်ရာရစစ်ခွေးတွေကိုလည်း မြို့ပေါ်ကို စစ်ကားတွေနဲ့ ဆက်တိုက်ပို့နေတယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ်ခန့်တွင် အထက်မင်းလှမြို့နယ် ရေနံမရဲစခန်းဘက်မှ ဒီးဒုတိကန်ကျေးရွာဘက်သို့ မောင်းလာသော ကား ၂ စီး ၊ ဆိုင်ကယ် ၃ စီး နှင့် အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို ပြည်စိုးကျေးရွာ လမ်းပေါက်အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုသည် မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားရာ အနီး၀န်းကျင်ရှိ ‌ရွာသာလှနှင့် ခလိုင်း ကျေးရွာများသို့ စစ်ကြောင်းထိုး မွှေနှောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူခြင်း ၊ ဒရုန်ဗုံးများ ၊ ရှော့တိုက်ဒုံးများ ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ခလိုင်းရွာတွင် တစ်ညအိပ်ကာ မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ရေနံမဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

"စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ ကျွန်တော် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်"ဟု ဗမာပြည်ကာကွယ်ရေးတပ် - USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောဆိုသည်။

အထက်မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မတ်လ ၈ ရက်နေ့မှ စတင်ပြီး နွားလဲ ၊ကျောက်ပုံ ၊ နဂါးအိုင် ၊အိုးဘိုကုန်း ၊ရေပေါ် ၊ဓာတ်ကုန်း ကျေးရွာများကို ပိုက်စိတ်တိုက်ပြီး မွှေနှောက် စစ်ကြောင်းထိုးလျှက်ရှိပါ ယင်းစစ်ကြောင်းတွင် ကပစ ၂ ၊ ကပစ ၁၀၊ ကံတုပ်အထိုင်စခန်းနှင့် ရေနံမရဲစခန်းမှ စစ်သားများ ပါဝင်ပြီး အင်အား ၂၀၀ နီးပါးရှိသော ပူးပေါင်းစစ်ကြောင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ကျေးရွာ တစ်ရွာလျှင် အင်အား ၄၀ ၀န်းကျင်ဆီ တပ်ဖြန့်ကာ နွားလဲ ၊ကျောက်ပုံ ၊ နဂါးအိုင် ၊အိုးဘိုကုန်း ၊ရေပေါ် ၊ဓာတ်ကုန်း ကျေးရွာများ၌ တပ်စွဲခဲ့ပြီး လက်ရှိချိန်တွင် ရေနံမ ကျေးရွာဘက်သို့ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
👍6216😁5🥰4
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

မတ်လ ၁၃ ရက်

မြန်မာနိုင်ငံတစ်ဝန်း မတ်လ ၁၃ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
44👍24👏5😁5🥰1
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Hlaing Info ဝိုင်းတော်သားများမှ ကတိပြုပါသည်။

ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတို့တွင် အသက်သွေးချွေးများ စွန့်လွှတ်အနစ်နာခံ၍ ဘဝများ ရင်းနှီးပေးဆပ်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းများ၏ ဝိညာဉ်များကို အောက်မေ့သတိရတိုင်တည်လျက်  လေးနက်စွားကတိသစ္စာပြုအပ်ပါသည်။

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

Good night ပါခင်ဗျာ။

#HlaingInfo
72👍7🥰5🔥2😁2👏1
မင်္ဂလာနံနက်ခင်းပါ....
ကျန်းမာရွှင်လန်းကြပါစေ....

ပူပင်သောကတွေ ကင်းဝေးပီး
ပျော်ရွှင်ချမ်းမြေ့သော
နေ့ရက်လေး ဖြစ်ပါစေ....

စိတ်ဆင်းရဲခြင်း
ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးပီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့်
မိမိတို့၏ ခန္ဓာ့ဝန်ကို လွယ်ကူစွာ
ရွက်ဆောင်နိုင်ကြပါစေ....

ဘေးရန် ရောဂါ ကင်းစင်ကွာ၍
လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ....

Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏
🙏🙏

#HlaingInfo
78👍7🥰6🔥1
ကျားဖြန့် နောက်ကွယ်က တရုတ်၏ ခြေလှမ်းများ ကို ဖွင့်ချ
***

တရုတ်သည် ကျားဖြန့် အရေး တွင် သားကောင် အဖြစ်လည်း ခံယူယုံမက မုဆိုးလည်း ဖြစ်လာခဲ့သည်။ ကျားဖြန့် ကြောင့် နိုင်ငံတွင်း လူထု ၏ ဒေါသ ကို ဆွပေးကာ တရားဥပဒေ စိုးမိုးရေး ဆိုသည်ကို ပို၍ တွန်းအား ပေးလာနိုင်ပြီး တဖက်တွင်လည်း မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီယား တို့တွင် ၎င်းတို့၏ ဩဇာအာဏာ ဖြန့်ကျက် နိုင်အောင်လည်း အသုံးချ လာခဲ့သည်။

အွန်လိုင်း ငွေလိမ်ဂိုဏ်းများ အရေး တွင် တရုတ်၏ ပါဝင် ပတ်သက်မှု သည် ဝိရောဓိ များ ဖြစ်လာနေသည်။ ဘီဂျင်းသည် မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကို ထိုလုပ်ငန်းများ ပိတ်သိမ်းရန် တွန်းအားပေးနေသော်လည်း၊ ယင်းလုပ်ငန်းစုများကို ဦးဆောင်နေသည့် ဂိုဏ်းအများစုမှာ တရုတ်နိုင်ငံတွင် အမြစ်တွယ်နေပြီး တရုတ်နှင့် ဆက်နွှယ်နေသော ကွန်ရက်များနှင့် တရားဝင် သယောင်ပြထားသည့် စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် လည်ပတ်နေခြင်းဖြစ်သည်။

တရုတ်၏ နှိမ်နင်းမှုများသည် တရားဥပဒေစိုးမိုးရေး အတွက် သာမကဘဲ ၎င်းတို့ ပြည်တွင်းရှိ လူထု၏ ပြင်းထန်သော မကျေနပ်မှုများကြောင့်လည်း ဖြစ်နိုင်သည်ဟု လေ့လာဆန်းစစ်သူများက ယူဆကြသည်။ ထို့ပြင် ဘီဂျင်းသည် ငွေလိမ်ဂိုဏ်း ပြဿနာကို အသုံးချ၍ ၎င်းတို့၏ ဩဇာအာဏာကို ချဲ့ထွင်ရန်၊ အင်အား ဖြန့်ကျက် နိုင်စရာ ခြေလှမ်းများကို တိုးမြှင့်ရန်နှင့် ဒေသတွင်း ပထဝီနိုင်ငံရေး အခင်းအကျင်းကို မိမိတို့စိတ်ကြိုက် ပြန်လည်ပုံဖော်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်နိုင်သည်။

အမေရိကန်-တရုတ် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး ကော်မရှင် (USCC) ၏ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ အစီရင်ခံစာတွင် - ကျားဖြန့် နောက်ကွယ်ရှိ တရုတ်ရာဇဝတ်ဂိုဏ်းများသည် 'မျိုးချစ် စကားလုံးများကို အသုံးချခြင်း၊ တရုတ်၏ ခါးပတ်လမ်း စီမံကိန်းကို ထောက်ခံခြင်းနှင့် ပြည်ပနိုင်ငံများတွင် ဘီဂျင်းအစိုးရ လိုလားသော ဝါဒဖြန့်မှုများကို မြှင့်တင်ပေးခြင်းဖြင့် တရုတ်အစိုးရနှင့် ဆက်နွှယ်မှုများ တည်ဆောက်ထားကြသည်' ဟု ဖော်ပြထားသည်။ ထိုဆက်နွှယ်မှုအချို့မှာ ထင်သာမြင်သာရှိပြီး၊ အချို့မှာမူ (လိုအပ်ပါက) အစိုးရနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုနိုင်သည့် အနေအထားမျိုး ဖြစ်သည်ဟု ဆိုသည်။

ရလဒ်အနေဖြင့် - 'တရုတ်ရာဇဝတ်ဂိုဏ်းများသည် တရုတ်အစိုးရ အစိတ်အပိုင်းအချို့၏ အနည်းဆုံး အတိုင်းအတာဖြင့် သွယ်ဝိုက်သော ထောက်ခံမှု ရရှိလာပြီးအရှေ့တောင်အာရှ တစ်လွှားသို့ နယ်ချဲ့လာကြသည်' ဟု အဆိုပါကော်မရှင်က ဆိုသည်။ 'တရုတ်နိုင်ငံသည် အရှေ့တောင်အာရှအစိုးရများအပေါ် ၎င်း၏ ဩဇာအာဏာ လွှမ်းမိုးမှု တိုးမြှင့်ရန်၊ ထောက်လှမ်းရေးနှင့် သြဇာဖြန့်ကျက်မှု လုပ်ငန်းများကို လုပ်ဆောင်ရန်နှင့် မဲခေါင်ဒေသအတွင်း ၎င်းတို့၏ လုံခြုံရေးဆိုင်ရာ ခြေလှမ်းများကို ချဲ့ထွင်ရန်အတွက် ဤငွေလိမ်ဂိုဏ်း ပြဿနာကို အသုံးချနေခြင်းဖြစ်သည်' ဟုလည်း ပြတ်ပြတ်သားသား ထောက်ပြထားသည်။

တရုတ်သည် မြန်မာနိုင်ငံ အတွင်းရှိ စစ်ရေး-နိုင်ငံရေး ပဋိပက္ခများအပေါ် တိုက်ရိုက်လွှမ်းမိုးလာခဲ့သည်။ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအဖွဲ့ (IISS) ၏ အဆိုအရ တရုတ်သည် MNDAA အား ထိုးစစ်ကြီး အရှိန်အဟုန် ပြင်းပြင်းနှင့် စတင်နိုင်ရန်အတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

MNDAA ၏ စစ်ရေးအရ အသာစီးရရှိမှုများသည် စစ်အုပ်စု ပြုတ်ကျ သွား နိုင်သည်အထိ အလားအလာ ရှိလာကြောင်း တရုတ်က သဘောပေါက်သွားသည့်အခါတွင်မူ စစ်အုပ်စုနှင့် အပေးအယူ လုပ်လာခဲ့သည်။

ယင်းမှာ MNDAA နှင့် ၎င်း၏ မဟာမိတ်များကို ရှေ့ဆက် မတိုးအောင် ထိန်းချုပ်ပေးမည်၊ ထို့အတွက် အွန်လိုင်းငွေလိမ်ဂိုဏ်း ပြဿနာကို နှိမ်နင်းရာတွင် စစ်အုပ်စု ဘက်မှ ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဘီဂျင်းက တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြင့် တရုတ်သည် သမိုင်းတစ်လျှောက် ဩဇာလွှမ်းမိုးမှု အနည်းငယ်သာရှိခဲ့ဖူးသော သို့မဟုတ် လုံးဝမရှိခဲ့ဖူးသော ထိုင်းနယ်စပ်တစ်လျှောက်ရှိ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများအထိ ယခုအခါ ၎င်းတို့၏ လုံခြုံရေးဆိုင်ရာ ခြေလှမ်းများကို ချဲ့ထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း IISS က ဆိုသည်။

နိုင်ငံဖြတ်ကျော်  ရာဇဝတ်ဂိုဏ်းများ ဆန့်ကျင်တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း (Global Initiative) ၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ - တရုတ်၏ တုံ့ပြန်ဆောင်ရွက်မှုများသည်ရည်မှန်းချက် နှစ်ခုဖြင့် ပုံဖော်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍6915🔥3🤔1