အာဏာသိမ်းမှုနှင့် စစ်မှုထမ်းဥပဒေကြောင့် မြန်မာကျောင်းသားများ ထိုင်းသို့ ဦးတည်လာ
မတ်လ ၁၂ ရက်
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ စစ်မှုထမ်းဥပဒေနဲ့ စစ်သားသစ် စုဆောင်းမှုတွေကြောင့် မြန်မာကျောင်းသားတွေဟာ ထိုင်းနိုင်ငံဆီ ဦးတည်ရောက်ရှိလာကြတဲ့အကြောင်း သုတေသန အစီရင်ခံစာတစောင်ကို ကိုးကားပြီး Thai PBS World သတင်းမှာ မတ် ၁၁ ရက်က ဖော်ပြပါတယ်။
သုတေသနပညာရှင်တွေ ဖြစ်ကြတဲ့ ဒေါက်တာ ညီညီကျော်နဲ့ ဒေါက်တာ ဆီရဒါ ခေမန်နိထထိုင်းတို့ရဲ့ “၂၀၂၁ အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ကျောင်းသားများ ရွှေ့ပြောင်းအခြေချမှု” အမည်နဲ့ လေ့လာမှုသုတေသန စစ်တမ်းအရ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံမှာ မြန်မာတက္ကသိုလ်ကျောင်းသား အရေအတွက်ဟာ အာဏာမသိမ်းမီက ၂,၈၀၀ လောက်သာ ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာတော့ ၁၂,၀၀၀ လောက်အထိ မြင့်တက်လာကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါက မြန်မာနိုင်ငံအတွက် “ပညာတတ် ဆုံးရှုံးမှု” ဖြစ်နေသလို ထိုင်းတက္ကသိုလ်တွေအတွက်လည်း အခွင့်အလမ်းသစ်တွေ ဖြစ်ပေါ်နေတဲ့ကြောင်း အစီရင်ခံစာက ဆိုထားသလို အဆိုပါ ကိန်းဂဏန်းတွေဟာ လာမဲ့နှစ်မှာ ၁၇,၀၀၀ လောက်အထိ ရှိလာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ကျောင်းသားအများစုဟာ ဘန်ကောက်မြို့နဲ့ မြို့ပတ်ဝန်းကျင် ပုဂ္ဂလိကတက္ကသိုလ်တွေမှာ ကျောင်းအပ်နှံကြပြီး ဒါဟာ အရင်က မြန်မာကျောင်းသားတွေရဲ့ ထိပ်တန်း အစိုးရတက္ကသိုလ်တွေကိုသာ ရွေးချယ်လေ့ရှိတဲ့ ပုံစံကနေ ပြောင်းလဲသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Hanns Seidel Foundation က ရန်ပုံငွေထောက်ပံ့ထားတဲ့ အဆိုပါအစီရင်ခံစာမှာ ဒီလိုရွှေ့ပြောင်းမှုက ၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုအပြီး နိုင်ငံရေးနဲ့ ပညာရေးဆိုင်ရာ အကြောင်းရင်းတွေ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ အပြောင်းအလဲတခု အဖြစ်လည်း ဖော်ပြထားပါတယ်။
အစီရင်ခံစာထဲမှာတော့ ကျောင်းသားရွှေ့ပြောင်းမှု လှိုင်းသုံးခုရှိကြောင်း ထောက်ပြထားသလို အဲဒီထဲမှာ အာဏာသိမ်းပြီးပြီးချင်း နိုင်ငံရေးဖိနှိပ်မှုတွေကနေ ကျောင်းသားတွေ တိမ်းရှောင်လာကြတာ၊ ပြည်တွင်းပညာရေးစနစ် ပျက်ယွင်းလာတာကြောင့် ကျောင်းသားတွေက ပြည်ပမှာ ဆက်လက်ပညာသင်ကြားဖို့ ကြိုးပမ်းလာကြတာ၊ နောက်ဆုံးလှိုင်းကတော့ စစ်မှုထမ်းဥပဒေကြောင့် ဖြစ်ပြီး လူငယ်များစွာ မဖြစ်မနေ စစ်မှုထမ်းရမဲ့ အခြေအနေကို ရှောင်လွှဲဖို့ နိုင်ငံတွင်းကနေ ထွက်ခွာလာကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေ့ပြောင်းလာသူတွေရဲ့ လူဦးရေ စာရင်းအချက်အလက်တွေအရ မြန်မာနိုင်ငံအတွက် လူသားအရင်းအမြစ် ဆုံးရှုံးမှုကြီးမားနေကြောင်း ပြသနေသလို ကျောင်းသားအများစုမှာ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်ကြားရှိ ထူးချွန်တဲ့ ပညာရေးမှတ်တမ်း ရှိကြသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
သူတို့ထဲက အများအပြားက မြန်မာနိုင်ငံရဲ့ နာမည်ကြီးတက္ကသိုလ်တွေကို စွန့်ခွာခဲ့ပြီး ထိုင်းနိုင်ငံမှာ ပထမနှစ်ကျောင်းသားတွေအဖြစ် ပညာရေးကို အစကနေ ပြန်စခဲ့ကြသလို ဒီဖြစ်စဉ်ကို အစီရင်ခံစာက “အစမှပြန်စခြင်း အကျိုးသက်ရောက်မှု” လို့ ရည်ညွှန်းထားပါတယ်။
ဒီရွေးချယ်မှုတွေမှာတော့ ထိုင်းမှာ ကျောင်းလခနဲ့ နေထိုင်စရိတ် သက်သာတာ၊ ဗီဇာလုပ်ငန်းစဉ်တွေ ရိုးရှင်းတာ၊ ယဉ်ကျေးမှုချင်း နီးစပ်တာတွေကြောင့် ထိုင်းနိုင်ငံက ရွေးချယ်စရာ ပန်းတိုင်တခု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းတက္ကသိုလ်တွေဘက်ကလည်း ခုလို ဝင်ရောက်လာမှုကြောင့် အကျိုးကျေးဇူး ရရှိနေပြီး ကလေးမွေးဖွားနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းကျောင်းအပ်နှံမှု လျော့နည်းနေတာကို အစားထိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လေ့လာမှုမှာ တွေ့ဆုံမေးမြန်းခဲ့တဲ့ ဆရာ၊ ဆရာတွေကတော့ မြန်မာကျောင်းသားတွေဟာ ပညာရေး ထူးချွန်ကြပြီး အင်္ဂလိပ်စာကျွမ်းကျင်မှုနဲ့ စိတ်အားထက်သန်မှု မြင့်မားကြကြောင်းနဲ့ ဒီအချက်တွေက အဲဒီတက္ကသိုလ်တွေရဲ့ နာမည်ဂုဏ်သတင်းကို နိုင်ငံတကာအဆင့်အထိ မြှင့်တင်ပေးရာ ရောက်နေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ကျောင်းသားအများအပြားမှာ ပညာသင်ကြားစဉ်အတွင်း ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရကြောင်း အစီရင်ခံစာက ထောက်ပြထားသလို အဲဒီထဲမှာ ရက်ပေါင်း ၉၀ တိုင်း လူဝင်မှုကြီးကြပ်ရေးဌာနဆီ အစီရင်ခံရတာမျိုးလို အုပ်ချုပ်ရေးဆိုင်ရာ သတ်မှတ်ချက်တွေ၊ အချိန်ပိုင်း အလုပ်လုပ်ခွင့် ပိတ်ပင်ထားတာမျိုးတွေ၊ တက္ကသိုလ်ဝန်ထမ်းတချို့နဲ့ ဘာသာစကား အခက်အခဲ၊ အာဏာပိုင်တချို့ရဲ့ ခွဲခြားဆက်ဆံခံရတာမျိုးတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒီလိုရွှေ့ပြောင်းမှုက မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေးအတွက် ရေရှည် အကျိုးသက်ရောက်မှုတွေ ရှိနိုင်ကြောင်း သုတေသန တွေ့ရှိချက်တွေက ဆိုသလို စစ်တမ်း ကောက်ယူခဲ့တဲ့ ကျောင်းသားတွေရဲ့ ၁၂ ဒသမ ၇ ရာခိုင်နှုန်းကသာ ကျောင်းပြီးပြီးချင်း မြန်မာနိုင်ငံဆီ ပြန်ဖို့ ရည်ရွယ်ထားကြတယ်လို့ ဆိုပါတယ်။
အများစုကတော့ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရရှိဖို့၊ ဆက်နေထိုင်ဖို့၊ ဒါမှမဟုတ် ထိုင်းနိုင်ငံကို ခြေကုပ်ယူပြီး တတိယနိုင်ငံတွေဆီ ဆက်လက်ထွက်ခွာဖို့ စီစဉ်ထားကြတယ်လို့ ဆိုပါတယ်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

👍39❤11😢5🔥2
တမူးခရိုင်အတွင်းရှိ PDF တပ်ရင်းတွေ ထောက်ပို့ယာဥ်အဖြစ် အသုံးပြုဖို့ တပ်ရင်း ၁ ရင်းကို ကား ၁ စီးနှုန်းပေးအပ်
မတ်လ ၁၂ ရက်
စစ်ကိုင်းဒေသ၊ တမူးခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတွေထံကို ထောက်ပို့ယာဥ်အဖြစ် အသုံးပြုနိုင်ရန် တပ်ရင်း ၁ ရင်းကို ကား ၁ စီးနှုန်း ပေးအပ်ခဲ့တယ်လို့ တမူးခရိုင် စစ်ဌာနမှ ဒီနေ့ ထုတ်ပြန်ပါတယ်။
တမူးခရိုင် အမှတ် (၂) တပ်ရင်းမှလည်း ထောက်ပို့ယာဥ်အဖြစ် အသုံးပြုနိုင်ရန် တမူးခရိုင် ကွပ်ကဲရေးအဖွဲ့မှ ကား ၁ စီးကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ မတ်လ ၅ ရက်မှာ အသိပေးခဲ့ပါသေးတယ်။
အခုလို ထောက်ပံ့ပေးခဲ့တဲ့ တမူးခရိုင် ကွပ်ကဲရေးအဖွဲ့ကို အထူးကျေးဇူးတင်ရှိတယ်လို့ ဖော်ပြထားပါတယ်။
#PVTV
#HlaingInfo

❤65👍16🥰1😁1
သရက်ချောင်းမြို့နယ်ရှိ ဝင်းဝစစ်တပ်စခန်းကြီးကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ ၅၀ ကျော် သေဆုံး၊ လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိ
မတ်လ ၁၂ ရက်
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ဝင်းဝ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်၏ထုတ်ပြန်ချက်နှင့် ဒေသတော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်များအရ သိရသည်။
မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီး မင်းဒပ်ကျေးရွာ အတွင်းတွင် နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲထားသော ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုဝင်းဝ စစ်စခန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မှ စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့တွင် အပြီးသိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ထို တိုက်ပွဲများအတွင်း စစ်ကူလာသော စစ်ကြောင်းများကိုပါ တော်လှန်ရေးပူးပေါင်း တပ်များက တိုက်ခိုက်နိုင်ခဲ့ပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
"ဝင်းဝစခန်းက မနေ့က သိမ်းပိုက်နိုင်ခဲ့တာ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုများတယ်။ အရေအတွက်တွေကိုတော့ ကျနော်တို့ စိစစ်နေတုန်းပဲ စစ်ကူ စစ်ကြောင်းတွေကိုပါ တိုက်ခိုက်နိုင်ခဲ့တာပါ။ စစ်ကူစစ်ကြောင်းတင် ထိခိုက်သေဆုံးတာလဲ တော်တော်များတယ်" ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ စစ်တပ်စခန်းသိမ်း တိုက်ပွဲကို ကရင်လွတ်မြောက်ရေးတပ်မတော် ဗျူဟာအမှတ် ၂ ဦးဆောင်မှုဖြင့် KNLA တပ်မဟာ ၄ တပ်ရင်း ၁၂ ၊ တပ်မဟာ ၆ တပ်ရင်း ၂၇ ၊ တပ်မဟာ ၄ ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ ၃၃ လက်အောက်ခံ T(5)တပ်ရင်း နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အဲဒီတပ်စခန်းက စစ်ခွေး ၁၀၀ ကျော်လောက် တပ်စွဲထားတာ။ သေဆုံးတာကတော့ စစ်ခွေး ၅၀ ထက်မနည်းဘူးသေတယ်။ သေဆုံးက အဲဒီထက်ပိုများနိုင်တယ်" ဟု KNLA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
#KTM

❤60👏14👍8🥰1😁1
ဖလမ်းမှာ စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကလေးအပါအဝင် ၂ ဦးသေဆုံး
မတ်လ ၁၂ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးနဲ့မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် မနေ့ မတ်လ ၁၁ ရက်နေ့အတွင်း ကလေးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ မတ်လ ၁၁ ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်မှာ စစ်ကောင်စီတပ်က ဒရုန်းအသုံးပြု၍ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ဖလမ်းမြို့နယ်၊ ဆိမ်ဇောလ်ကျေးရွာရှိ ဦးထန်းလှယ်ရဲ့ နေအိမ်ပေါ်ကို တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
အဲဒီဒရုန်းဗုံးသီးကြောင့် နေအိမ်အတွင်း ရှိနေတဲ့ အသက် ၅၆ နှစ်အရွယ် ဦးထန်းလှယ်ဟာ ဗုံးထိမှန်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
"ဒရုန်းဗုံးသီးက အိမ်ပေါ်တည့်တည့်ကို ကျပေါက်ကွဲတာပါ။ အိမ်မှာရှိနေတဲ့ ဦးထန်းလှယ်က ဗုံးသီးထိမှန်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ နေအိမ်လည်း ပျက်စီးသွားတယ်။"လို့ ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အလားတူ မတ်လ ၁၁ ရက်နေ့မှာ ဖလမ်းမြို့နယ်၊ ရမ်းထလိုကျေးရွာမှာ စစ်ကောင်စီတပ်တွေ အရင်က ပစ်ခတ်ခဲ့စဉ်က မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့တဲ့ လက်နက်ကြီးကျည်ကို ကလေးငယ်တွေ ဆော့ကစားရာမှ ပြင်းထန်စွာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး နေရာတင် သေဆုံးခဲ့ပြီး အသက် ၈နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားတဲ့အပြင် အခြားပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေရပါတယ်။
"ကလေးငယ်တွေက လက်နက်ကြီးကျည်ရဲ့ ထိပ်ဖူးအချွန်ပိုင်းကို ခဲနဲ့ ထုနှက်ဆော့ကစားရာမှ ပေါက်ကွဲခဲ့တာပါ။"လို့ ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဖလမ်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးကျည်တွေ၊ ဒရုန်းတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်လာပြီး အရပ်သားတွေ ဆက်တိုက် ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်၊ ဗုံးသီးတွေဟာ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ ကျန်ရစ်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ - CJ
#SPM

😢35🤬21🔥4❤3
မြစ်ကြီးနားမြို့အနီးရှိ အကျွဲရွာကုန်းတွင် တပ်စွဲထားသော စစ်စခန်းကို KIA ပူးပေါင်းတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်သား တချို့ ထိခိုက်သေဆုံး
မတ်လ ၁၂ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးရှိ အကျွဲရွာကုန်းတွင် တပ်စွဲထားသော စစ်စခန်းကို KIA ပူးပေါင်းတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်သား တချို့ ထိခိုက်သေဆုံးခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၁ ရက်နေ့ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ မြစ်ကြီးနားမြို့အနီးရှိ အကျွဲရွာကုန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို KIA ပူးပေါင်း တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်သား တချို့ ထိခိုက်သေဆုံးမှုရှိကြောင်း၊ ထို စစ်စခန်းသည် အကျဲရွာရှိ အမြင့်ဆုံးတောင်ကုန်းပေါ်တွင် တည်ရှိပြီး မြစ်ကြီးနားနန့်ပေါင် လေဆိပ်အနီးတွင်ရှိကြောင်း သိရှိရသည်။
ယင်း အကြမ်းဖက် စစ်တပ်စခန်းသည် ခရီးသွားပြည်သူများကို ဖမ်းဆီး ငွေညှစ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူငယ်များကိုပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခြင်းကြောင့် အမည်ဆိုးဖြင့် ကျော်ကြားကြောင်း သိရသည်။
"အကျွဲရွာကုန်းမှာ တပ်စွဲထားသော စစ်ခွေး စခန်းကို KIA ပူးပေါင်းတပ်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်လို့ ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်သား တချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရတယ်။ အသေးစိတ် အခြေအနေတော့ မသိရသေးဘူး။ အကျဲရွာက မြစ်ကြီးနား နန့်ပေါင်လေဆိပ် အကျော် ပြည်ထောင်စုလမ်းမပေါ်မှာရှိတာ ရွာရဲ့ အမြင့်ဆုံးကုန်း ပြည်ထောင်စုလမ်းမကြီးဘေးမှာ မေးတင် တပ်ဆွဲထားတာ" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ကချင်ပြည်နယ်၊ ဗန်းမော်၊ ၀ိုင်းမော်၊ ဖားကန့် အပါအဝင် နေရာအနှံ့အပြားတွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များအကြားတိုက်ပွဲများနှင့် ထိတွေ့စစ်ပွဲများ တောက်လျှောက်ဆိုသလို ဖြစ်ပွား လျက်ရှိပြီး စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

❤52👍13👏8🔥1🥰1
ARSA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း ALP ပြော
မတ်လ ၁၂ ရက်
ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတွင် AA လုံခြုံရေးစခန်းများနှင့် အရပ်သားပြည်သူများအပေါ် နေ့စဉ် အကြမ်းဖက်မှု ကျူးလွန်နေသော မွတ်ဆလင် စစ်သွေးကြွ ARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း Western News သတင်းဌာနနှင့် ဆက်သွယ်မေးမြန်းခန်းတစ်ခုတွင် ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျမတို့ကတော့ ARSA အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအဖြစ်ပဲ သတ်မှတ်ပါတယ်။ အကြမ်းဖက် အဖွဲ့လို့ပဲ မြင်ပါတယ်။ အခု ဘူးသီးတောင်၊ မောင်တော နယ်စပ်မှာ ဆိုလို့ရှိရင် လူတွေ ကောင်းကောင်းမွန်မွန် သွားလာလို့မရဘူး။ အခုထိ အသတ်ခံနေရတာရှိတယ်။ လူမျိုးနွယ်တွေ အတွက် အင်မတန်မှ အန္တရာယ်ကြီးတယ်" ဟု ဆိုသည်။
ARSA, RSO, ARA စသော မွတ်ဆလင် စစ်သွေးကြွ အကြမ်းဖက်အဖွဲ့အစည်းများမှာ ရခိုင်ပြည်ကို အာရ်ကန်နစ္စတန် ဖြစ်အောင် လုပ်နေသော အဖွဲ့အစည်းများ ဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက ဆက်လက် ပြောကြားခဲ့သည်။
“အဲဒါကြောင့်မို့လို့ သူတို့တွေရဲ့ လှုပ်ရှားမှုတွေဟာဆိုရင် နယ်မြေလုဖို့အတွက် တနည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် မစ္စတာ ခါဆင်းတို့ လက်ထက်က ဖြစ်ခဲ့သလိုပဲ ရခိုင်ပြည်ကို အာရ်ကန်နစ္စတန် ဖြစ်အောင် လုပ်ဖို့အတွက် ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်လို့ပဲ ကျမတို့ သတ်မှတ်တယ်” ဟု ပြောသည်။
ARSA, RSO, ARA စသော အကြမ်းဖက်အဖွဲ့အစည်းများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက်ပြီး ရခိုင်ပြည်ဘက်သို့ စိမ့်ဝင်ကာ အရပ်သားပြည်သူများအပေါ် နေ့စဉ် အကြမ်းဖက်မှုများ ကျူးလွန်နေ၍ ဒေသခံပြည်သူများမှာ စီးပွားရေး၊ လူမှုရေးနှင့် အခြားသော ကိစ္စရပ်များမှာ စိုးရိမ်ဖွယ်ရာ ထိခိုက်ခံစားနေကြရသည်။
ထို့ကြောင့် အကြမ်းဖက် ARSA အဖွဲ့၏ လှုပ်ရှားမှုများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကောင်းကျိုးမပေးသလို ရခိုင်ပြည်အတွက်လည်း အလွန်အန္တရာယ်ကြီးမားသောကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ စစ်ကောင်စီ အပါအဝင် သက်ဆိုင်သော အဖွဲ့အစည်းများအလုံးအနေဖြင့် ARSA အန္တရာယ်ကို ပူးပေါင်း ကာကွယ်ရမည်ဟု ဒေါ်စောမြရာဇာလင်းက ဆက်လက် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၈ ရက် နံနက်ပိုင်းတွင်လည်း ARSA အဖွဲ့ဝင် ၂၀ ခန့်မှာ မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်ကျေးရွာအနီးတွင် အရပ်သားပြည်သူများ ဈေးဝယ်သွားလာနေသော ထော်လာဂျီတစ်စီး မိုင်းခွဲ တိုက်ခိုက်ခဲ့၍ နှစ်ဦးသေဆုံးပြီး ၁ ဦးမှာ ပျောက်ဆုံးနေကြောင်း ဒေသခံပြည်သူများမှ ပြောဆိုထားကြသည်။
အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့များဖြစ်သော ARSA, RSO, ARA တို့ အကြမ်းဖက်မှုများကြောင့် ရခိုင် မြောက်ပိုင်းရှိ ရခိုင်၊ မြို၊ သက်၊ ခူမီး၊ ဒိုင်းနက်၊ ဟိန္ဒူနှင့် မရမာကြီး တို့သည် နေရပ်စွန့်ခွာရမှု၊ ခြိမ်းခြောက်ခံရမှု၊ မလုံခြုံမှုနှင့် စီးပွားရေး ပျက်စီးမှုများကို ခံစားနေရကြောင်း AA ၏ HDCO ရုံးက ပြောသည်။
ARSA, RSO, ARA တို့ သတ်ဖြတ်မှုကြောင့် ရခိုင်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အရပ်သားပြည်သူ ၁၆၂ ဦး သေဆုံးခဲ့ရပြီး ၂၂ ဦးမှာ ဒဏ်ရာရရှိထားကြောင်းနှင့် နောက်ထပ် ၃၀ ဦးမှာ အတင်းအကျပ် ဖမ်းဆီးခံထားရကြောင်းလည်း HDCO မှ မတ်လ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ARSA, RSO, ARA အကြမ်းဖက်အဖွဲ့များကို အချို့က မွတ်ဆလင် လူမှုအသိုင်းအဝိုင်း၏ အကျိုးစီးပွားများကို ကာကွယ်ရန် ခုခံမှုအဖြစ် ပုံဖော်ကြသော်လည်း အထောက်အထားများအရ အမုန်းတရား၊ ဘာသာရေးအစွန်းရောက်မှုနှင့် မွတ်ဆလင်မဟုတ်သော လူဦးရေများကို မောင်းထုတ်ရန် ရွယ်ချက်ရှိကြောင်း HDCO က ပြောသည်။
ယင်းအပြင် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် ဒေသများရှိ ဒေသခံပြည်သူများအား မတရားဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ ဓားမြတိုက်ခိုက်ခြင်းနှင့် ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကို ARSA, RSO, ARA အကြမ်းဖက်အဖွဲ့များမှ နေ့စဉ် ကျူးလွန်နေကြောင်း မောင်တောဒေသခံများက ပြောဆိုထားကြသည်။
(ဓါတ်ပုံ - ALP)
#WN

👍37😁26❤12
ယင်းမာပင် ဖိုလ်ဝင်တောင်ကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲမှု ဘုရားဖူး ပြည်သူ ၂ ဦးသေဆုံး၊
▪️ရွှေကျင်တွင်လည်း စစ်တပ်က ဗုံးကျဲမှု အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး
မတ်လ ၁၂ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်ကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲခြင်းကြောင့် ဘုရားဖူး ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဖိုလ်ဝင်တောင်ကို Gyrocopter ၂ စီးဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ဖိုလ်ဝင်တောင်ကို လာရောက်သည့် ဘုရားဖူး ပြည်သူ ၂ ဦးသေဆုံးခဲ့သည့် အပြင် အစာလာရှာသည့် မျောက်များလည်း သေဆုံးခဲ့ကြောင်း သိရသည်။
"စစ်ခွေးတွေက Gyrocopter ၂ စီးနဲ့ ဗုံးလာကျဲသွားပါတယ်။ ဆိုင်ကယ်စီးနေတဲ့ ခရီးသွား ဘုရားဖူး ၂ ဦး သေဆုံးပါတယ်။ ဒီနေ့ နံနက် ၉ နာရီလောက်မှာ စစ်ခွေးတွေ လာကျဲသွားတာ နောက်ပြီး အစာထွက်ရှာတဲ့ မျောက်တွေလည်း အများကြီးသေပါတယ်" ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
ထို့ပြင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများ ပြောဆိုချက်နှင့် KNU ထုတ်ပြန်ချက်အရ သိရသည်။
မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀ တပ်ရင်းက တက်လာသော စက်တပ်လေထီးသည် ရွှေကျင်မြို့နယ်၊ အင်းဗလာကျေးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထိုဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၄၃ နှစ်အရွယ် မေသွယ်လင်း၊ အသက် ၆ နှစ်အရွယ် ဂေလယ်ဒါး ၊ အသပ် ၂၈ နှစ်အရွယ် ဂျာရီး၊ အသက် ၄၀ နှစ်အရွယ် ဒေါ်မကူ၊ အသက် ၆ နှစ်အရွယ် မနိုစင်လင်း နှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်မူကီကီ တို့ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၉ နှစ် အရွယ် နိုဘယ်လင်း၊ အသက် ၃၈ နှစ်အရွယ် ထွန်းဇော်ဦး၊ အသက် ၅၀ နှစ်အရွယ် နန်းဋ္ဌေးအောင်နှင့် အသက် ၅၀ နှစ်အရွယ် တီးဒါးဖိုး တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

🤬58😢6🔥2❤1👎1😁1
ဖလမ်းတွင် စစ်ကော်မရှင်၏ လက်နက်ကြီးကျည်ဟောင်း ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးကာ တစ်ဦး ခြေထောက်ပြတ်ဒဏ်ရာရ
မတ်လ ၁၂ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ရမ်းထလိုကျေးရွာအတွင်းသို့ စစ်ကော်မရှင်က ပစ်ခတ်ထားသည့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်ဟောင်း ပေါက်ကွဲမှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး သေဆုံးပြီး တစ်ဦး ခြေထောက်ပြတ်ထွက်ကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၁၁ ရက်နေ့က ရမ်းထလိုကျေးရွာရှိ ကလေးငယ်အချို့သည် ယခင်က စစ်ကော်မရှင် ပစ်ခတ်ထားပြီး မပေါက်ကွဲဘဲ ကျန်ရစ်နေသည့် လက်နက်ကြီးကျည်အား ဆော့ကစားကြရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"အရင် စစ်ကော်မရှင် ရွာထဲကို ပစ်ခတ်တဲ့ လက်နက်ကြီးကျည် မပေါက်ကွဲဘဲကျန်နေတာ။ အဲ့ဒီ ကျည်ကို ကလေးတွေက ခဲတွေနဲ့ပစ် ထုနှက်ဆော့ကစားကြတာပါ။ အဲမှာ ပြင်းထန်စွာ ပေါက်ကွဲမှု ဖြစ်ပြီး ကလေးတယောက်က ပွဲချင်းပြီး နေရာလေးတင် ဆုံးသွားတယ်။ တခြားကလေး တစ်ယောက် လည်း ခြေထောက်တစ်ဖက်ပြတ်သွားတယ်"ဟု ဖလမ်းမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပေါက်ကွဲမှုကြောင့် အသက် (၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ခြေထောက်တစ်ဖက် ပြတ်ထွက်သွားသည့်အပြင် အခြားပြင်းထန် ဒဏ်ရာများ ရရှိထားသဖြင့် အရေးပေါ် ဆေးကုသမှုခံယူနေရသည်။
ဖလမ်းမြို့နယ်တွင် စစ်ကြောင်းထိုးသည့် စစ်ကော်မရှင်တပ်သည် တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးကျည်ပစ်ခတ်မှုအပြင် ဒရုန်းဖြင့် တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောငလျက်ရှိသည်။
ထိုသို့ တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည့်အပြင် ကျေးရွာအတွင်း ကျန်ရစ်နေသော မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်နှင့် ဒရုန်းသီးများသည်လည်း ဒေသခံပြည်သူများအတွက် အန္တရာယ်တစ်ခု ဖြစ်လာနေသည်။
#AYAT

😢40🤬12❤2🔥2
ယင်းမာပင် ဖိုလ်ဝင်တောင်ကို စစ်အုပ်စု ဗုံးကြဲလို့ ဘုရားဖူးပြည်သူ သုံးဦး ပွဲချင်းပြီး သေဆုံး၊ ခုနှစ်ဦး ဒဏ်ရာရ၊
▪️ဖိုလ်ဝင်တောင်ကို စစ်အုပ်စုက နှစ်ရက်ဆက် ဗုံးကြဲတာဖြစ်၊
မတ်လ ၁၂ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဖိုလ်ဝင်တောင်ကို အာဏာသိမ်း စစ်အုပ်စုက ဂျိုင်အိုကော်ပရာ (Gyrocopter)နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ ဘုရားဖူးပြည်သူ သုံးဦး နေရာတင်ပွဲချင်းပြီး သေဆုံးကာ ခုနှစ်ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
မတ်လ ၁၂ရက် ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ အာဏာသိမ်း စစ်အုပ်စုက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ က တက်လာတဲ့ ဂျိုင်အိုကော်ပရာနဲ့ ဖိုလ်ဝင်တောင်ရှိ ဘုရားဖူးပြည်သူနဲ့ စျေးသည်တွေကို အဓိက ပစ်မှတ်ထားပြီး နှစ်ကြိမ် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုက ဗုံးကြဲသတ်လို့ သမိုင်းဝင်ဖိုလ်ဝင်တောင် ဘုရားအဝင် မုခ်ပေါက်အနီး လမ်းပေါ်ဆိုင်ကယ်စီးနေတဲ့ သားအမိနှစ်ယောက်နဲ့ စားသောက်ဆိုင်ထဲရှိ ဘုရားဖူးဧည့်သည် အမျိုးသားတစ်ဦးတို့၊ သုံးဦး ပွဲချင်းပြီး သေဆုံးခဲ့တာလို့ ဒေသခံက MFP ကို ပြောပါတယ်။
"ဂျိုင်အိုက ကျော်ပြီးမှ ပြန်ဝိုက်လာပြီး ချတာ၊ စားသောက်ဆိုင်က ဆိုင်ရှင်တွေရော၊ အလုပ်သမားတွေရော ထိတယ်။ သွားလာနေတဲ့ ခရီးသွားတွေလည်း လန့်ပြီး ထွက်ပြေးကုန်ကြတယ်’
ဗုံးဒဏ်ကြောင့် ဘုရားဖူးပြည်သူတွေနဲ့ ဖိုလ်ဝင်တောင်မှာ စျေးရောင်းနေတဲ့ စားသောက်ဆိုင်ပိုင်ရှင်၊ ဆိုင်လုပ်သားတွေ စုစုပေါင်း ခုနှစ်ဦး ဒဏ်ရာရပြီး တချို့က ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ မတ်လ၁၁ရက်ကလည်း ဖိုလ်ဝင်တောင်လမ်းခွဲကို ဂျိုင်အိုကော်ပရာ သုံးစီးနဲ့ ဗုံးကြဲခဲ့ပြီး အဲ့ဒီ ဖြစ်စဉ်မှာတော့ လူသူ ထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။
"တိုက်ပွဲမရှိဘူး အလွတ်ချသွားတာ၊ အရင်နေ့တွေက စစ်တပ်က ယင်းမာပင်နဲ့ ယန်စီကြား နှစ်ရက် တိုက်ခိုက်ခံထားရတာ၊ အဲ့ဒီအငြိုးနဲ့တိုက်တာဖြစ်နိုင်တယ်"လို့ ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။
လက်ရှိမှာ ဖိုလ်ဝင်တောင်ရှိ စျေးဆိုင်တွေ အပါအဝင် ဖိုလ်ဝင်တောင်ကျေးရွာနေ ပြည်သူတွေ ထိတ်လန့်ကာ.ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီလကနေ ဒီဇင်ဘာလထိ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၆ ဦး သေဆုံးကာ ၄၁၄၆ ဦး ထိခိုက်ဒဏ်ရာ ရပြီး နေအိမ် ၃၅၇၆ လုံး၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၂ လုံး၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၆ လုံးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ - NUG က သတင်းထုတ်ပြန်ထားပါတယ်။
ယင်းမာပင်နယ် ဖိုလ်ဝင်တောင်ဒေသကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo - ဒေသခံ၊ MFP
#MFP

🤬58🔥5❤3👎1😢1
ငဖဲမြို့နယ် တိုက်ပွဲနယ်မြေမှ စစ်မှုထမ်းတပ်သား ၂ ဦး ၊
▪️တံတာဦးမှ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းတပ်သားဖြစ်လာသူ မျိုးမြင့်ခေါင်တို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
မတ်လ ၁၂ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ တိုက်ပွဲနယ်မြေအတွင်းသို့ ရောက်ရှိသွားသော စစ်မှုထမ်း တပ်သား ၂ ဦးကို အလင်းဝင်ခဲ့ကြောင်း ထောက်ပို့စစ်သည်တော်မရွှေဂျူးနှင့် ချင်းကာ ကွယ်ရေး တပ် -အရှိုမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းတို့က ရန်ကုန်ခေတ် သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်း ရှေ့တန်းနယ် မြေသို့ ပို့ဆောင်ခံလိုက်ရသော ပခုက္ကူမြို့အခြေစိုက် ခလရ ၂၅၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ချစ် သဲကိုကို အပါအဝင် ၂ ဦးသည် တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လိုကြောင်း ထောက်ပို့ စစ် သည်တော်မရွှေဂျူးထံ ဆက်သွယ်လာသဖြင့် ငဖဲမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ် -အရှို ထံ ဆက်သွယ်၍ အကူအညီတောင်းကာ ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ချစ်သဲကိုကိုက စစ်မှုထမ်းအပတ်စဉ် ၁၅ ဆင်းပါ။ နောက်တစ် ယောက်က စစ်မှုထမ်း အပတ်စဉ် ၁၆ သင်တန်းဆင်း၊ တပ်ရင်းကတော့ နှစ်ယောက်စလုံးက ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၁ တပ်ရင်းကပဲ။ သူတို့မိသားစုတွေက အမ်းဘက်ရောက်နေတာအလင်းဝင်ချင်တယ်။ AA နဲ့ နီးတယ်၊ သူတို့က ဒီအတိုင်းကြီးထွက်မသွားရဲဘူး။ အပစ်ခံရမှာကြောက်လို့ဆိုပြီး ဆက်သွယ်လာလို့ ချင်းကာကွယ်ရေးတပ် -အရှိုအဖွဲ့နဲ့ ဆက်သွယ်ပေးလိုက်တာပါ။ အရင်ကတော့ သူတို့မလုံခြုံလို့ သ တင်းမထုတ်ပြန်ပဲထားတာ၊ အခုကတော့ လုံခြုံသွားပြီဖြစ်လို့ သတင်းထုတ်ပြန်လိုက်တာပါ” ဟု ထောက်ပို့စစ်သည်တော် မရွှေဂျူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အလင်းဝင်ရောက်ခဲ့သည့် စစ်မှုထမ်းတပ်သား ၂ ဦးသည် ၎င်းတို့ကိုင်သော လက်နက်ခဲယမ်းများကို ယူဆောင်လာနိုင်ခဲ့သောကြောင့် ချင်းကာကွယ်ရေးတပ် - အရှိုမှ ဆုကြေးငွေချီးမြှင့်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း စီမံဆောင်ရွက်ပေးထားကြောင်း ချင်းကာကွယ်ရေးတပ် -အရှိုထံမှ သိရသည်။
ငဖဲမြို့နယ်အတွင်းရှိ ရှေ့တန်းစစ်မြေပြင်တွင်ရောက်ရှိနေသော စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ ဝင်များ၊ မတရားပေါ်တာဆွဲဖမ်းဆီးခံရကာ စစ်မှုထမ်းနေရသော စစ်မှုထမ်းတပ်သားများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ချိတ်ဆက်၍ အမြန်ဆုံးအလင်းဝင်ရောက်ကြပါရန် ချင်းကာကွယ်ရေး တပ် - အရှိုက မေတ္တာရပ်ခံထားသည်။
အလားတူ မတ်လ ၂ ရက်နေ့ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် မတရားဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်တွင် စစ်သားစုဆောင်းခံခဲ့ရသည့် စစ်မှုထမ်းတပ်သားသစ် ၁ ဦးက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ ဖြစ်သော လျှပ်စီးတပ်ခွဲ ထံသို့ ဆက်သွယ်ကာ ပြည်သူ့ဘက်သို့ ကူးပြောင်းအလင်းဝင်လာကြောင်း သိရှိရသည်။
အလင်းဝင် စစ်မှုထမ်းတပ်သားသစ် မျိုးမြင့်ခေါင်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ တံတားဦးမြို့နယ်မှ မန္တလေးမြို့သို့ သွားရောက်စဉ် လမ်းခရီး၌ အတင်းအဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း၊ ထို့နောက် ၎င်းကို စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းကာ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ရှိ ပြည်သူစစ်သင်တန်း အပတ်စဉ် ၁၇ သို့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းဆင်းပြီးနောက် မန္တလေးတောင်ခြေရှိ စကမ (BE) တပ်သို့ ပြန်လည်ပို့ဆောင်ခံရစဉ်အတွင်း ကိုမျိုးမြင့်ခေါင် လျှပ်စီးတပ်ခွဲနှင့် ချိတ်ဆက်ကာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ပြည်သူ့ရင်ခွင်သို့ ရဲဝံ့စွာ ကူးပြောင်းခိုလှုံခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

👍44❤9👏8😁1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး
မတ်လ ၁၂ ရက်
စစ်ကော်မရှင် သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံး ဆန်ကြမ်း (ဆန်ကွဲ ပါဝင်မှု ၂၅ ရာခိုင်နှုန်းပါ) ၁ အိတ် (အနိမ့်ဆုံး)- ၄၇၀,၀၀ ကျပ်မှ ၄၉၀၀၀ ကျပ်အတွင်း၊
အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ်(အမြင့်ဆုံး)- ၁၈၀,၀၀၀ ကျပ်မှ ၁၉၀,၀၀၀ ကျပ်အတွင်း၊
ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၂၀,၀၀၀ ကျပ်မှ ၁၃၀,၀၀၀ ကျပ်အတွင်း
ပြင်ပလက်ကား ဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ် အမြင့်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း ဝါးတန်းလမ်းကုန်စည်ဒိုင်အတွင်းရှိ ကုန်သည်များထံက သိရသည်။
စားအုန်းဆီ
စစ်ကော်မရှင်၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၆,၄၃၀ ကျပ်
လက်လီသတ်မှတ်ဈေးမှာ ၆,၀၀၀ ကျော်တွင်ရှိနေ၊
ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၂,၀၀၀ ကျပ်ကျော်တွင်ရှိနေ
ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့်နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။
စက်သုံးဆီ
ဓာတ်ဆီ ၉၂ တလီတာ ၂,၅၂၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၂,၅၉၅ ကျပ်
ဒီဇယ် တလီတာ ၂,၆၁၀ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၂,၉၀၅ ကျပ်
တချို့ စစ်ပွဲဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်းအဆမတန် မြင့်တက်မှုများလည်း ရှိနေသည်။
ရွှေနှင့်ဒေါ်လာ
ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ၄,၀၈၀ ကျပ်ကျော်ရှိ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၉ သိန်းကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၃ သိန်းကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၁၀၇ သိန်းကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၁၀၁ သိန်းကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၅,၁၅၇
ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀ ကျပ်
အချိန်နှင့်အမျှ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်သည်။
#TIR

👍25❤6🔥4😱1😢1
လားရှိုးမှာ ၃ ရက်အတွင်း ပိုင်ရှင်မဲ့ အလောင်း ၃ လောင်းတွေ့ရှိ
မတ်လ ၁၂ ရက်
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ၂ ရက်အတွင်း ပိုင်ရှင်မဲ့ အလောင်း ၃ လောင်းတွေ့ရှိခဲ့တယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက် လားရှိုးမြို့ရှိ ရပ်ကွက် ၁ မှာ ပိုင်ရှင်မဲ့ အလောင်း ၂ လောင်းတွေ့ရှိသလို ဒီနေ့ မတ်လ ၁၁ ရက်လည်း ရပ်ကွက် ၅ မှာ အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
“လားရှိုးမှာက သိတဲ့အတိုင်းပဲ။ အိမ်ရာမဲ့တွေလည်း များလာတယ်။ ရေကန်တောင်ဘက်ဆိုရင် တချို့နေရာတွေမှာ လူတွေ အဲလိုနေနေကြတာ အများကြီးပဲ။ ဆေးသမားတွေလား သူခိုးတွေလားဆိုတာလည်း မခွဲနိုင်ကြဘူးလေ။ အဓိကတော့ အစိုးရက ဘာမှ မလုပ်ပေးဘူးလေ။ သေဆုံးပြီးတဲ့ အလောင်းတွေလောက်ပဲ တွေ့ကြတာလား မသိဘူး။ လမ်းဘေးက ဆေးသမားတွေကိုကြ မမြင်ကြဘူးထင်တယ်လေ”
လားရှိုးမြို့ပေါ် က နေရာတချို့မှာ ဆေးသမားတွေ ပေါ်ပေါ်ထင်ထင်ရှိနေတာကြောင့် ဒီထက် ပိုပြီးလျော့နည်းလာအောင် သက်ဆိုင်ရာဌာနတွေဟာ လုပ်ဆောင်ပေးဖို့ကို ဒေသခံတွေက တောင်းဆိုထားပါတယ်။
စစ်ကောင်စီတပ် ထိန်းချုပ်ဒေသတွေဖြစ်တဲ့ မူဆယ်နဲ့ လားရှိုးမြို့တွေမှာ မူးယစ်ဆေး သုံးစွဲရင်း လမ်းဘေးမှာ သေဆုံးသွားတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ မကြာခဏ တွေ့ရှိရတဲ့မြို့တွေလည်း ဖြစ်ပါတယ်။

🤬31🔥6❤4😢3👎2
ရေကြည်တွင် ရခိုင်စစ်ဘေးရှောင် ၄ ဦး ဖမ်းဆီးခံရ
မတ်လ ၁၂ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ရခိုင်စစ်ဘေးရှောင် ၄ ယောက်ကို စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) ဆီ သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မတ် ၁၀ ရက်က ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေ၊ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ အမ်းမြို့နယ်တို့ကနေ စစ်ဘေးတိမ်းရှောင်လာပြီး ရေကြည်မြို့နယ်၊ မြောက်စမ်းရွာမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၄ ယောက်ကို ဂွ-ငါးသိုင်းချောင်းလမ်းအနီးမှာ အခြေစိုက်ထားတဲ့ အမတ ၃၄၄ အမြောက်တပ်က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “အဖမ်းခံရတာ မှန်တယ်။ မသင်္ကာလို့ဆိုပြီး ဖမ်းတာ။ AA သတင်းပေးတွေဆိုပြီး ဖမ်းတာ။ အဖမ်းခံရတဲ့သူတွေက ဂွနဲ့ အမ်းဘက်က ထွက်ပြေးလာသူတွေလို့ သိရတယ်။ ဘယ်မှာဖမ်းထားတယ် ဆိုတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။
အဲဒီ အဖမ်းခံရတဲ့ စစ်ဘေးရှောင်တွေထဲမှာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီးတယောက် ဖြစ်ပြီး စစ်တွေမြို့နယ်က စစ်ရှောင် ၃ ယောက်နဲ့ အမ်းမြို့က စစ်ရှောင်တယောက် ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ငရုတ်ကောင်းမြို့အနီးမှာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
Photo: CH
#DVB

🤬46👎4❤1👍1🔥1👏1😢1
မွန်မှာ စစ်မှုထမ်း ပေးဖို့ အုပ်ချုပ်ရေးမှူးတွေ ဆက်တိုက်ခြိမ်းခြောက်ခံနေရတယ်လို့ ဆို
မတ်လ ၁၂ ရက်
မွန်ပြည်နယ်မှာ အခုမတ်လအတွင်း ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၃ သင်တန်းအတွက် စစ်မှုထမ်းပေးဖို့ ဆက်တိုက်ခြိမ်းခြောက်ခံနေရတယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ လာမယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၃ သင်တန်းကို မတ်လတတိယအပတ်အတွင်း ဖွင့်လှစ်သွားဖို့ စီစဉ်ထားပြီး အဲဒီသင်တန်းအတွက် အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းတပ်သား စုဆောင်းပေးဖို့ ဖိအာပေးနေတာပါ။
အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ ပြောပြချက်အရ ရပ်ကွက်ကျေးရွာ တစ်ခုလျှင် အနည်းဆုံး စစ်မှုထမ်း တပ်သား ရှစ်ဦးကနေ ၁၀ ဦးအထိ မပေးထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဆက်တိုက်ဖိအားပေးနေတာ ဖြစ်ပါတယ်။
စစ်မှုထမ်း တပ်သား စုဆောင်းပေးဖို့ ဖိအားပေးရာမှာလည်း စစ်မှုထမ်း မပေးနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ရာထူးကနေ ဖြုတ်ချမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ ဖိအားပေးမှုကြောင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူငယ်တွေကို ငွေကျပ်သိန်း ၅၀ ကနေ သိန်း ၈၀ အထိ ပေးပြီး စစ်မှုထမ်းအတွက် လိုက်လံဝယ်ယူနေကြတယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုတွေအရ စစ်ကော်မရှင်ရဲ့ တပ်ရင်းနဲ့ သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ စစ်မှုထမ်းအတွက် တစ်လလျှင် အနည်းဆုံး လူငယ် လေးဦးကနေ ၁၀ ဦးအထိ ဖမ်းဆီးကာ စစ်မှုထမ်းတပ်သားအဖြစ် ကြိုတင်စုဆောင်းခံထားရပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၂ အထိ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် ၄၅၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။
#TLT

🤬31👎9❤3👍1
မိုးကုတ်အနောက်ခြမ်း ကျောက်ဆင်-ဘော်မားဒေသမှာ တိုက်ပွဲတွေပြင်းထန်နေ
မတ်လ ၁၂ ရက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ကျောက်ဆင်–ဘော်မားဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။
မိုးကုတ်မြို့နယ် အနောက်ခြမ်းမှာ ဖေဖော်ဝါရီ ဒုတိယအပတ်က စတင်ပြီး တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေသလို စစ်အုပ်စုဘက်က လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ကျပ်ပြင်ရဲစခန်းကနေ ပစ်ကူပေးနေတယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။
ကျောက်ဆင်-ဘော်မားဒေသဟာ စစ်ရေးအရ အချက်အချာကျပြီး မိုးမိတ်၊ မန္တလေးနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကို ဆက်သွယ်နိုင်တဲ့အတွက် အဲဒီဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်အုပ်စုက တပ်မ ၃၃ နဲ့ တပ်မ ၅၅ ပူးပေါင်းပြီး အရှိန်အဟုန်မြင့် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
“တပ်မ ၃၃ နဲ့ ၅၅ ပူးပေါင်းပြီး ကျောက်နဂါးဘက်ကနေ ကျောက်ဆင်ကို စစ်ကြောင်းထိုးနေပါတယ်။ လက်နက်ကြီးအသံတွေကို အရှေ့ပိုင်းကနေပါ ကြားနေရပါတယ်”လို့ မိုးကုတ်အရှေ့ပိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
ဘော်ဗဒါန်းရွာ ဘုန်းကြီးကျောင်းမှာ စခန်းချထားတဲ့ စစ်အုပ်စုတပ်ဖွဲ့တွေဟာ မတ်လ ၁၂ရက်နေ့မှာ ကျောက်ပုတ်ရွာ ဘုန်းကြီးကျောင်း၊ ကုလားကျောင်းနဲ့ ရွှေလင်းယုန်ကျောင်းဘက်ကို ရွှေ့ပြောင်းသွားကြပြီး အင်အား ၂၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ အဲဒီရွာခံတွေက ခန့်မှန်းထားပါတယ်။
မိုးကုတ်အနောက်ပိုင်းဒေသခံတစ်ဦးကလည်း “မတ် ၈ ရက်နေ့က စစ်အုပ်စုဘက်က အကျများလို့ကြားတယ်။ ဘော်မား PDF စခန်းကို အင်အားအပြည့်နဲ့ ထိုးနေတာပါ။ အပြင်လူတွေ သွားလာရင် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်နေတဲ့အတွက် လူနာတောင် ပို့မရပါဘူး” လို့ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်အုပ်စုဘက်က မြေပြင်စစ်ကူတွေကို ဆက်တိုက် ဖြည့်တင်းနေပြီး မိုးကုတ်အနောက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေရုံသာမက အရှေ့ခြမ်းမှာလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ကျောက်ဆင် - ဘော်မားဒေသဟာ မိုးမိတ်၊ မန္တလေးနဲ့ ရှမ်းပြည်မြောက်ပိုင်းကို ဆက်သွယ်နိုင်တဲ့ စစ်ရေးအရ အရေးပါတဲ့ ဒေသဖြစ်သလို ကျောက်မျက်လုပ်ကွက်တွေ အများအပြား ရှိတဲ့အတွက် စီးပွါးရေးအရလည်း အရေးပါတဲ့ဒေသဖြစ်တာကြောင့် စစ်အုပ်စုက အပြင်းအထန် ထိုးစစ်ဆင်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မတ် ၉ ရက်နေ့တုန်းကလည်း မိုးကုတ်အနောက်ပိုင်း ဂေါင်းဦးဘာရွာထဲကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိပေမယ့် နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် မိုးကုတ်–မိုးမိတ်ဒေသမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လတာအတွင်း တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၂၁ ယောက် သေဆုံးကာ သုံ့ပန်းတချို့ ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ရက်က ထုတ်ပြန်ထားပါတယ်။
အဆိုပါဒေသကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ တအာင်းတပ် - TNLAက စစ်အုပ်စုထံ ပြန်လည်လွှဲပြောင်းခဲ့ရပြီးနောက် NUG က မိုးကုတ်–မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ ဖွဲ့စည်းကာ ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။
NUG အဆိုအရ စစ်ဆင်ရေးတွေထဲမှာ တော်လှန်ရေးရဲဘော်တွေ ထိခိုက်၊ ကျဆုံးမှုတွေ ရှိခဲ့သလို စစ်အုပ်စုကို တိုက်ခိုက်ရုံသာမက ဒေသတွင်း နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေကိုပါ ပူးတွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

👍44❤7🔥7👏3🥰1
အခြားသူ၏ နိုင်ငံကူးလက်မှတ်ကို အသုံးပြုသည်ဆိုပြီး ဒွန်မောင်းလေဆိပ်တွင် မြန်မာနှစ်ဦးဖမ်းဆီးခံရ
မတ်လ ၁၂ ရက်
အခြားသူများ၏ နိုင်ငံကူးလက်မှတ် (ပတ်စ်ပိုစ်) ကို အသုံးပြု၍ လေယာဉ်စီးရန်လာသော မြန်မာနိုင်ငံသားနှစ်ဦးသည် ဘန်ကောက်မြို့ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မတ်လ ၁၁ ရက်က ဒွန်မောင်းလေဆိပ်မှတစ်ဆင့် ထိုင်းတောင်ပိုင်း နရသီဝတ်ခရိုင်သို့ လေယာဉ်စီးရန်လာသော ကိုစောနေနှင့် ကိုစောမန်တို့နှစ်ဦးကို လေဆိပ်အာဏာပိုင်များက မသင်္ကာသဖြင့် စစ်ဆေးခဲ့ကြောင်း ဆိုသည်။
နိုင်ငံကူးလက်မှတ်တွင် ပါရှိသော အချက်အလက်များနှင့် ကိုက်ညီမှု မရှိသလို ရုပ်လည်းကွဲလွဲနေသည်ကို တွေ့ရှိခဲ့သဖြင့် လဝကစုံစမ်းရေးဌာနသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
၎င်းတို့နှစ်ဦးသည် အခြားသူများ၏ နိုင်ငံကူးလက်မှတ်များကို အသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့နှစ်ဦးကလည်း ဝန်ခံခဲ့ထားကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားနှစ်ဦးသည် တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှတစ်ဆင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ဝင်ရောက်လာပြီး ဘန်ကောက်မြို့သို့ ဘတ်စ်ကားဖြင့် ဆက်လက်ထွက်ခွာလာခဲ့ကြောင်း ထွက်ဆိုသည်ဟု ဆိုသည်။
ယင်းနောက် အခြားသူများ၏ နိုင်ငံကူးလက်မှတ်များကို အသုံးပြု၍ လေယာဉ်လက်မှတ်ဖြတ်ပြီး ဒွန်မောင်းလေဆိပ်မှတစ်ဆင့် နာရသီဝတ်ခရိုင်သို့ ဆက်လက်ထွက်ခွာရန် ပြင်ဆင်ထားကြောင်း ဖော်ပြသည်။
ထို့မှတစ်ဆင့် မလေးရှားနိုင်ငံအထိ ခရီးဆက်ရန် ပြင်ဆင်ထားကြကြောင်း ဆိုသည်။
ထို့ကြောင့် နိုင်ငံကူးလက်မှတ်များကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ပြီးနောက် မြန်မာနိုင်ငံသားနှစ်ဦးကို အခြားသူ၏ နိုင်ငံကူးလက်မှတ်ကို တရားမဝင် အသုံးပြုမှုနှင့် တရားမဝင် နေထိုင်မှုများဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Top News, Siam
#DW

👍39😱5❤4🔥3😢2
စစ်တပ်၏ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အုပ်ချုပ်ရေးအဖွဲ့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန် အသက် သွင်းမည့် နိုင်ငံရေးဆွေးနွေးပွဲများကို လက်မခံဟု မွန်တော်လှန်ရေးအဖွဲ့များပြော
မတ်လ ၁၂ ရက်
စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲမှ တက်လာမည့် အုပ်ချုပ်ရေးအဖွဲ့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် အသက်သွင်းမည့် နိုင်ငံရေးဆွေးနွေးပွဲများကို လက်မခံကြောင်း မွန်တော်လှန်ရေးဖိုရမ် ပြောရေးဆိုခွင့်ရှိသူ မိရော့ချမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယခုနှစ် မတ်လ ၉ ရက်နေ့မှ မတ်လ ၁၁ နေ့အထိ မွန်တော်လှန်ရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရန်၊ စည်းလုံးညီညွတ်မှု မြှင့်တင်ရန် နှင့် မွန်တော်လှန်ရေးဆိုင်ရာ အမြင်ဖလှယ်ပြီး မွန်ပြည်တည်ဆောက် ရေးဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်တစ်ရပ် ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ မွန်တော်လှန်ရေးဖို ရမ်ကို ၃ ရက်ကြာကျင်းပခဲ့ကြောင်း၊ ယင်းဖိုရမ်မှတစ်ဆင့် မွန်တော်လှန်ရေးအဖွဲ့အစည်းများအကြား ဘုံသဘော ထားရပ်တည်ချက်တစ်ရပ်ကို ခိုင်မာစွာ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
“မွန်တော်လှန်ရေးဖိုရမ်မှာတက်ရောက်ကြတဲ့တော်လှန်ရေးအစုအဖွဲ့အားလုံးက ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့် အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်းက မွန်ပြည်ကိုတည်ဆောက်ဖို့ တော် လှန် တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ ဖိုရမ်မှာချမှတ်ခဲ့တဲ့ ဘုံသဘောထားရပ်တည်ချက်တွေထဲမှာ တော် လှန်ရေး ရည်ရွယ်ချက်တွေ၊ ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲကနေထွက်လာတဲ့ အုပ်ချုပ် ရေးအဖွဲ့ကိုတွေ အသိအမှတ်မပြုခြင်းနဲ့ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်တိုက်ပွဲဝင်သွားဖို့အပါအဝင်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်အသက်သွင်းဖို့လုပ်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို လက်မခံဘူးဆိုတဲ့ ဘုံသ ဘောထားတွေပါဝင်ပါတယ်။ တော်လှန်ရေးရဲ့ရည်ရွယ်ချက်တွေမှာတော့ စစ်အာဏာရှင်စနစ် အပါ အဝင် အာဏာ ရှင်အားလုံးတိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်ကို အ ထောက် အကူပြုနေတဲ့ လုပ်ရပ်တွေကို တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ပြည် နယ်နှင့် ဖက်ဒရယ်ယူနစ်များ အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးကို ချဥ်းကပ်တဲ့ နည်း လမ်းနဲ့ တည်ဆောက်သွား ဖို့ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။” ဟု မွန်တော်လှန်ရေးဖိုရမ် ပြောရေး ဆိုခွင့်ရှိသူ မိရော့ချမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ မွန်တော်လှန်ရေးအဖွဲ့အစည်းများအကြား ဘုံသဘောထားရပ်ချက် တစ်ရပ်ကို ခိုင်မာစွာချမှတ် နိုင်ခဲ့သောကြောင့် မွန်တော်လှန်ရေး အရှိန်အဟုန် သည် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ မွန်ပြည် တည်ဆောက်ရေးကို ဦးတည်လျက် မွန် တော်လှန်ရေးအဖွဲ့အစည်းများနှင့် မွန်ပြည်သူတစ် ရပ်လုံး လက်တွဲညီညီ တိုက်ပွဲဝင်သွားကြပါရန် မွန်တော်လှန်ရေးဖိုရမ်က တိုက်တွန်းနှိုးဆော်ထား သည်။
မွန်တော်လှန်ရေးဖိုရမ်တွင် တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စစ်ရေး၊ နိုင်ငံရေးအခြေ အနေများ ကို ဆွေးနွေးသုံးသပ်ခဲ့ကြသည့်အပြင် တော်လှန်ရေးကာလအတွင်း အဖွဲ့အစည်း အသီးသီး၏လုပ်ငန်း ဆောင်ရွက်မှုများကို တင်ပြခဲ့ကြပြီးနောက် ဘုံသဘောထားရပ်တည်ချက်များ နှင့် အနာဂတ်ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်းရှိ မွန်ပြည်တည် ဆောက်ရေးသည် မွန်တော်လှန်ရေးပန်းတိုင်အဖြစ် မွန်တော်လှန်ရေး ဖိုရမ်မှ ချမှတ်နိုင်ခဲ့ပြီး တူညီ သည့် ဘုံရည်ရွယ်ချက် ၅ ချက်၊ ၂၀၂၅ ခုနှစ် အတုအယောင်ရွေး ကောက်ပွဲမှ ပေါ်ထွက်လာမည့် အုပ် ချုပ်ရေးအဖွဲ့နှင့် ပတ်သက်သည့်သဘောထားရပ်တည် ချက် ၂ ချက်နှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု ဆိုင်ရာ ရပ်တည်ချက် ၂ ချက်တို့ကို သဘောတူညီခဲ့ကြောင်း သိရသည်။
၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် မည်သည့်အုပ်ချုပ်ရေးအဖွဲ့ကိုမျှ အသိအ မှတ်မပြုကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ် (NCA) တို့ကို အခြေခံထားသည့် မည်သည့် နိုင်ငံရေးဆွေးနွေးပွဲကိုမျှ လက်မခံ ကြောင်းထုတ်ပြန်ပြောဆိုထားသည်။
ထိုသို့ တူညီသည့် ဘုံသဘောထားရပ်တည်ချက်များကို အခြေခံ၍ တော်လှန်ရေးကာလအတွက် မွန် ပြည် တော်လှန်ရေးပဋိညဉ် (Mon State Revolutionary Charter) ကို ရေးဆွဲသွားမည်ဖြစ်ပြီး အ ဆိုပါ ချာတာရေးဆွဲနေစဉ်ကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းများအကြား လုပ်ငန်းစဉ်များ ပူး ပေါင်းဆောင်ရွက်နိုင်ရန်အတွက် မွန်တော်လှန်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ တစ် ခုကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ မွန်တော်လှန်ရေးဖိုရမ်သို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်သစ်ပါတီ (စစ်အာ ဏာရှင်တိုက်ဖျက်ရေး) (NMSP/AD) ၊ ပြည်ပရောက် မွန်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (OMCC)၊ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC)၊ မွန်အရပ်ဘက်အဖွဲ့အစည်းများ၊ သံဃာတော်များနှင့် လေ့လာသူများအပါအဝင် ကိုယ်စားလှယ် စုစုပေါင်း ၇၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

👍52❤7👏5🔥1😁1
စစ်ကိုင်းမြို့နယ် မြောက်ခြမ်းတိုက်ပွဲဖြစ်ပြီး စစ်သားသေဆုံးမှုများ
■လက်နက်ကြီးပစ်ကူပြီး အလောင်းတွေ သယ်ထုတ်နေ
မတ်လ ၁၂ ရက်
စစ်ကိုင်းမြို့ရဲ့ မြောက်ဘက်ရွာသာယာရွာကို တပ်စွဲထားတဲ့ စစ်တပ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ဆည်လေးတောလမ်းဆုံကို စစ်ကြောင်းထိုးလာတာမို့ တော်လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်အုပ်စုက အလောင်းတွေ သယ်ထုတ်နေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
မတ်လ ၁၁ရက် မနေ့က ညနေပိုင်းမှာ ရွာသာယာရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာမှာ မျက်မြင် ၄ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာတွေရှိတယ်လို့ သိရပါတယ်။
အဲဒီနောက် ဒီနေ့မနက်မှာ အဲဒီစစ်အုပ်စုက အင်အား ၃၀၀ ခန့်နဲ့ မြောက်ဘက်က ဆည်လေးတောလမ်းဆုံကို စစ်ကြောင်းထိုးလာတာမို့ မနက် ၇နာရီကတည်းက ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
"အခုထိတော့ စကစ ကျဆုံးအရေအတွက် မသိရဘူး။ ဒါပေမဲ့ dead body (အလောင်း)တွေ ထမ်းထုတ်နေကြတယ်။ အခုလည်း ၆၀၀၅ အုန်းတောတပ်ကနေ လက်နက်ကြီး ပစ်ကူတွေပေးနေတယ်"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က အင်အား ၃၀၀ကျော်နဲ့ ဝက်လက်နယ်ဘက်အထိ စစ်ကြောင်းထိုးမယ်လို့ ခန့်မှန်းရပြီး ဒီနေ့မှာ စစ်ကြောင်းစထွက်လာတာလို့ သိရပါတယ်။
"အစက ရွာသာယာကနေ တပ်မ၃၃ကို ပြန်ခေါက်မယ်ထင်တာဗျ။ အခုပုံစံက ဝက်လက်ကို ထိုးမယ့်ပုံမို့ ကိုယ့်ဘက်နဲ့အထိ တွေ့ဖြစ်သွားတယ်"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ လက်ရှိမှာ အလောင်းတွေကို ရွာသာယာရွာဘက် သယ်ထုတ်နေတယ်လို့ သိရပါတယ်။
စစ်အုပ်စုက ဒီရက်ပိုင်းမှာ စစ်ကိုင်းမြို့နယ်အတွင်း စစ်ရေးပြင်ဆင်မှုတွေ ရှိနေပြီး ပဒူတိုက်နယ်အတွင်း အထိုင်ချစခန်း ထပ်မံချဖို့ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
(Sagaing PDF တပ်ဖွဲ့ဝင်များကိုတွေ့ရစဥ်။ ဓာတ်ပုံ - Sagaing PDF)
#LNO

❤37👏12👍10🔥2
AA ထိန်းချုပ်ဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းများအား စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ (Data Story)
မတ်လ ၁၂ ရက်
အာရက္ခတပ်တော် (AA) ထိန်းချုပ်တဲ့ ဒေသတွေက စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့ အကျဉ်းစခန်းတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့ဖြစ်စဉ် ၇ ခုထိ ရှိတာကို DVB က စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
AA နဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်တွေအရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၂၆၂ ယောက်ထက်မနည်းရှိပြီး ဒဏ်ရာရသူ ၁၇၇ ယောက်ကျော် ရှိနေပါတယ်။
ဒီဖြစ်စဉ်တွေထဲ ၂၀၂၆ ခုနှစ်၊ မတ် ၈ ရက်က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသက စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ဟာ သေဆုံးမှု အများဆုံး ဖြစ်ပါတယ်။
လက်ရှိသိရတဲ့ အချက်အလက်တွေအရ စစ်သုံ့ပန်း ၁၁၆ ယောက် သေဆုံးပြီး ၃၂ ယောက် ဒဏ်ရာရခဲ့တဲ့အပြင် အသေးစားထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် အသေးစိတ် အချက်အလက်တွေကို ထပ်ပြီး ထုတ်ပြန်ပေးသွားမယ်လို့လည်း AA ဘက်က ဆိုထားပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေသာမက အရပ်သားတွေကိုပါ နေ့စဉ်နဲ့အမျှ ဦးတည်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် နှစ်စကနေ လက်ရှိအထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်တွင်းက အရပ်သားပြည်သူ ၁၇၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း DVB ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
Infographic: DVB

🤬47❤5🔥5😁4👍3👎1😢1
ပွင့်ဖြူမှာ ပျူစောထီးတွေက အမျိုးသား ၈ ဦးကို ပေါ်တာဆွဲ
မတ်လ ၁၂ ရက်
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးတွေက အမျိုးသား ၈ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
မတ် ၁၂ ရက် မနက်ပိုင်းက ပွင့်ဖြူမြို့နယ် သစ်ချိုကုန်း၊ထူးနဲ့ သမန်းရင်းက အမျိုးသား ၈ ဦးကို မျက်နှာဖုံးစွပ်ထားတဲ့ ပျူစောထီးတွေက ဖမ်းဆီးသွားတာပါ။
"ဒီရွာတွေက သူတို့တွေပဲ အဓိကလှုပ်ရှားတဲ့ရွာတွေဖြစ်တယ်။ ပျူစောထီးနဲ့ နီးစပ်သူတချို့တော့ ပြန်လွတ်တယ် ပြောနေပေမယ့် အတိအကျ မသိရသေးဘူး။ ဖမ်းဆီးပြီး ပွင့်ဖြူရဲစခန်းကို ခေါ်ဆောင်သွားတာပါ။"လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူ ၈ ဦးထဲက ပျူစောထီးတွေနဲ့ ရင်းနှီးသူ ၃ ဦးကိုတော့ ပြန်လွှတ်ပေးတယ်လို့ သိရပြီး တခြားသူတွေကိုတော့ ကျပ်သိန်း ၁၀၀ နဲ့လာရွေးဖို့ ပွင့်ဖြူရဲစခန်းက မိသားစုကိုအကြောင်းကြားတယ်လို့ သိရပါတယ်။
ပွင့်ဖြူမြို့နယ်မှာ စစ်ရေးတည်ငြိမ်နေပေမယ့် စစ်ကော်မရှင်တပ် လက်အောက်ခံတွေက ၁၂ တန်း စာမေးပွဲပြီးချိန်မှာ အကြီးအကျယ် ထိုးစစ်ဆင်မယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေကပြောဆိုနေကြပါတယ်။
ပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ စစ်ကြောင်းသတင်းတွေကြောင့် ဘော်ဒါ ထားကြတဲ့ ကျောင်းသားမိဘတွေက စာမေးပွဲပြီးချိန် နေရပ်ပြန်ဖို့ စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း လယ်ကိုင်းကျေးရွာက လဝက ဝန်ထမ်းနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး လယ်ကိုင်း၊ ကျောင်းတော်ရာ၊ သမင်ခြံ စတဲ့ကျေးရွာတွေက အမျိုးသား ၂၀ ဝန်းကျင်ကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Social Media

🤬59❤5👍1👏1😢1
မြန်မာစစ်တပ်၏ ပြည်သူများအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ ရပ်တန့်ရေးအတွက် နိုင်ငံတကာက အပြင်းထန်ဆုံး ပြိုင်တူဖိအားပေးရန် KNU တိုက်တွန်း
မတ်လ ၁၂ ရက်
မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ တိုးမြှင့်ကျူးလွန်နေမှုကို ရပ် တန့်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အာဏာသိမ်းစစ်တပ်ကို အမြန်ဆုံးနှင့် အပြင်းထန်ဆုံး ပြိုင်တူဖိအားပေးကြရန် KNU - ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းတောင်းဆိုလိုက်သည်။
အာဏာသိမ်းစစ်တပ်က ဇန်နဝါရီလကုန်ပိုင်းတွင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီးနောက် ၎င်းတို့ချုပ်ကိုင်ထားသည့် လွှတ်တော်ကို စတင်မည်ဟုဆိုကာ ကော်သူးလေအုပ်ချုပ်ရေးနယ်မြေနှင့် မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူလူထုနှင့် အရပ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထား၍ သာလွန်အင် အားသုံး တိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် လုပ်ဆောင်နေသည့်အပေါ် KNU က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။
လက်ရှိတွင် ကမ္ဘာ့နိုင်ငံများက အီရန်နှင့် အရှေ့အလယ်ပိုင်း တင်းမာမှုများကို အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူကာ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများ၊ ကုန်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော နေရာများကို လေကြောင်းနှင့် လက်နက်ကြီးများသုံး၍ လက်လွတ်စပယ် တိုက်ခိုက်နေကြောင်း သိရသည်။
KNU ၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ကော်သူးလေနယ်မြေအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ကျော် ပြုလုပ်ခဲ့ရာ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အပါအဝင် အရပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး လူပေါင်းထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် ကြီးမားသော မတည် ငြိမ်မှုများ ဖြစ်ပေါ်နေသည်။
အာဆီယံက ချမှတ်ထားသည့် "အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး" အပါအဝင် ဘုံသဘောတူညီချက် ၅ ချက်မှာ ၅ နှစ်ကြာသည်အထိ အရာမထင်ဘဲ ပိုမိုဆိုးရွားလာနေကြောင်း KNU က ထောက်ပြထားသည်။
ထို့ကြောင့် နိုင်ငံတကာအနေဖြင့် စိုးရိမ်ပူပန်ကြောင်း ကြေညာချက်ထုတ်ရုံထက်ကျော်လွန်၍ စစ်ကောင်စီအပေါ် အပြင်းထန်ဆုံးသော ဖိအားများကို တစ်ပြိုင်တည်း ပေးရန်၊ လေယာဉ်ဆီ၊ လက်နက်နှင့် ဘဏ္ဍာငွေစီးဆင်းသည့် လမ်းကြောင်းများကို ထိရောက်စွာ ဖြတ်တောက်ရန်၊ စစ်ရာဇဝတ်မှုများကြောင့် ဒုက္ခရောက်နေသော ပြည်သူများအတွက် ရေရှည်လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးရန် တောင်းဆိုသည်။
ပြည်သူများအပေါ် စစ်တပ်က စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ကို မြင်တွေ့နေပါလျက်နှင့် စစ်ကောင်စီကို သံတမန်အခင်းအကျင်းတွင် ဆက်လက်နေရာပေး ထိတွေ့ဆက်ဆံနေခြင်းသည် ရာဇဝတ်မှုများကို ပိုမိုအားပေးရာရောက်ကြောင်း KNU က သတိပေးထားသည်။
KNU အနေဖြင့် ပြည်သူများကို ကာကွယ်ရန်နှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးအတွက် မဟာ မိတ်များအားလုံးနှင့် ပူးပေါင်းကာ တန်းတူညီမျှမှုရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးကို အခိုင်အမာ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း KNU က ကြေညာသည်။

❤49👍26😁3🔥1🥰1👏1